Monday, May 17, 2010

17 May 2010 ဒိုင်ယာရီ

17 may 2010 yeyintnge Diary.doc 4.776 MB
17may 2010 Yeyintnge Diary

ဆံပင်ဆေးမဆိုးရ..ဘောင်းဘီတိုမ၀တ်ရ..တဲ့သဘောင်္သားတွေ့ဖူးလား..

ကန့်ကွက်ကြပါအုံး(ဒေါင်းပုံမပါရင်ပါတီဖွဲ့မဖြစ်တဲ့ကျီးကန်းတွေကို)


capture19-1.jpg picture by demowaiyen

ဒေါင်းယောင်ဆောင်သော ကျီးများမှ (အလံနှင့် တံဆိပ်)ကို ကန့်ကွက်နိုင်ကြောင်း ကြေငြာပြန်...


၈၈မျိုးဆက်ယုတ် ကျီးသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ကျီးရဲထွန်းနဲ့ ကျီးအေးလွင်တို့ အဖွဲ့မှ ပြီးခဲ့တဲ့ မေလ(၁)ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ထံသို့ သမိုင်းဝင် ခွပ်ဒေါင်းအလံကို ပါတီအလံအဖြစ် သုံးစွဲခွင်ပြုမှုနှင့် ပတ်သတ်၍ ကန့်ကွက်နိုင်ကြောင်း အစိုးရပိုင် သတင်းဋ္ဌာနများမှ ကြေငြာခဲ့ပါတယ်။ ထိုသို့ ကြေငြာပြီး မကြာခင်မှာပဲ ပြည်တွင်းပြည်ပနှင့် မြန်မာပြည်တွင်းမှ ဒဂုံတာရာ၊ လူထုစိန်ဝင်း၊ မောင်ဝံသ အပါအဝင် အနုပညာရှင်၊ စာပေစာနယ်ဇင်း အသိုင်းအဝိုင်းနှင့် ကျောင်သားပြည်သူ ပုဂ္ဂိုလ်၉၂ဦးမှ ကန့်ကွက်စာကို စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြသဖြင့် ရွေးကောက်ပွဲကော်မရှင်မှ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်။

ယနေ့စနေနေ့ထုတ် သတင်းစာတွေမှာတော့ ကြယ် ၁၄လုံးနဲ့ ခွပ်ဒေါင်းပုံ အသွင်တစ်မျိုးနဲ့ ကန့်ကွက်နိုင်ကြောင်း ကြေငြာချက် ထွက်ပေါ်လာပြန်ပါတယ်။ ပြည်တွင်းမှာ " စစ်အစိုးရရဲ့ သတင်းတွေကို အမှန်အတိုင်း ပြည်သူသိအောင် ဖော်ထုတ်ပေးနေတဲ့ ရဲရဲတောက် ဘာမားပါပါရာဇီကတော့ အေးလွင်တို့အဖွဲ့ဟာ စက်မှုဝန်ကြီး ဦးအောင်သောင်းရဲ့ လက်ကိုင်တုတ်တွေ ဖြစ်တဲ့ အတွက် သူတို့လုပ်ရပ်တွေကို သတိထားစေလိုကြောင်း ပြောဆိုပါတယ်။." .

နောက်ထပ် ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူ ကိုကောင်းစုလင်း ပြောသွားတာကတော့ လူထုကို လှည့်လိုက်တာပေါ့ အချင်းချင်းလဲ အိုးမဲသုတ်လိုက်သေး ဒီမိုကရေစီအခွင့်အရေး ရသယောင်ယောင်နဲ့ ကန့်ကွက်ရင် ရတယ်ပေါ့ ကော်မရှင်က အရေးယူ ဆောင်ရွက်ပေးတယ်ပေါ့ဗျာ .. တကယ်တော့ ၈၈ မျိုးဆက်သစ် ရဲထွန်း၊ အေးလွင်တို့လဲ ဘုရားပြီးငြမ်းဖျက် ရွေးကောက်ပွဲပြီး ပါတီပျက်ပဲဖြစ်မှာပါပဲ "ဟုသူ့အမြင်ကို ပြောပြသွားပါတယ်။

ခွပ်ဒေါင်းအလံသုံးစွဲမှုနဲ့ ပတ်သတ်ပြီး ဧရာဝတီသတင်းဋ္ဌာနရဲ့ မေးမြန်းခန်းမှာ ကျီးရဲထွန်းက " ခွပ်ဒေါင်းအလံကို မြန်မာပြည်မှာ ခွပ်ဒေါင်းလို သင်္ကေတမျိုးက လူထုကြားထဲမှာ တရားဝင် သိက္ခာရှိရှိ မရပ်တည်ချင်ဘူးလား၊ ၀ိုင်းဖျက်ချင်ကြတာလား” ဟု သိက္ခာမရှိတဲ့လူက သိက္ခာဆိုတဲ့ စကားကို ကျီးပါးစပ်က လဒ စကားထွက်ပြီး... ပြောသွားသလို... Burmatoday ရဲ့မေးမြန်းခန်းတစ်ခုမှာတော့ ကျီးအေးလွင်က မသူတော်တွေ လက်ထဲရောက်သွားမှာ ဆိုးလို့ ထိမ်းထားရတာ ဖြစ်ကြောင်း သူတို့ထက် တန်ဖိုးထားသူ မရှိကြောင်း ကြောင်သူတော် ဒေါင်းသူခိုးမှ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာပြောဆိုသွားပါတယ်။

ဘာပဲပြောပြော သမိုင်းဝင်ခွပ်ဒေါင်းအလံကို သိက္ခာမရှိတဲ့ မသမာသူ ကျီးယုတ်တွေ လက်ထဲရောက် မသွားနိုင်အောင် သိက္ခာမရှိတဲ့ စစ်အာဏာရှင် အပေါင်းအပါတွေရဲ့ ရွေးကောက်ပွဲ ဥပဒေအောက် ရောက်မသွားနိုင်အောင် အားလုံးရဲ့ ညီညွတ်မှုနဲ့ ကန့်ကွက်နိုင်ခဲ့ကြတာ ကျွန်တော်တို့ အားလုံးရဲ့ အောင်မြင်မှုပါပဲ။

http://www.demowaiyan.co.cc/2010/05/blog-post_2639.html

ကမ်းဘဲလ်နှင့်ဆွေးနွေးစဉ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်ပျောက်သွား...

ko pyaut.pdf 0.691 MBko pyaut

ညီလာခံသို့ တက်ရောက်မည့် ရဲဘော်များအတွက် (Buffalo) မြို့ သို့ ( Direction ) လိပ်စာ ။

Direction Address of Buffalo Conference

ခေါင်းစဉ်မရှိ

# ခေါင်းစဉ်မရှိ #

အရာအားလုံး မပြီးဆုံးခင်မှာ
ငါ့ကိုစကားနည်းနည်း ပြောခွင့်ပေးပါ။

ငါဘာမှ မပြောရသေးခင်မှာ
အမှား/အမှန်တွေ မဆုံးဖြတ်ပါနဲ.။
ငါစကားပြောရတဲ့အခါ
စည်းကမ်းတွေ မသတ်မှတ်ပါနဲ.။

ငါ့ဆင်ခြင်တုံတရားမှာ ဘက်တွေရှိတယ်။
ငါ့ကိုယ်ကျင့်တရားက သီလကိုသိတယ်။

တရားခြင်းဆိုတာ မရှိခဲ့ရင်တောင်
မတရားခြင်းကို ငြင်းပယ်တာ
ငါ့လောကပါလဖြစ်တယ်။



ဒါ့ကြောင့် ...
ငါမရှိတော့တဲ့အခါ
ငါ့သမိုင်းတွေ ထားခဲ့ချင်တယ် ...

ကျော်ဇွ
၁၇ မေ ၂၀၁၀

သုမောင် - လူချွန်လူကောင်း

အသွင်ကူးပြောင်းရေးနှင့် အနာဂါတ်မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေး သုံးသပ်ချက်များစာတမ်း

စင်ပြိုင်အစိုးရဖွဲ့စည်းရေးသို့မဟုတ် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ပြုလုပ်နိုင်မည့် အခြေခံဆွေးနွေးခြင်း။။
အသွင်ကူးပြောင်းရေးနှင့် အနာဂါတ်မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေး သုံးသပ်ချက်များစာတမ်း

စင်ပြိုင်အစိုးရဖွဲ့စည်းရေးသို့

တိတိကျကျ ပြောရလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီမှ တာဝန်ရှိပုဂ္ဂိုလ်တဦးနှင့် ဆွေးနွေးဖြစ်သည်။ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မူများ ပုံပန်းသဏ္ဍန်များကို ပုံဖေါ်ဆွေးနွေးကြည့်ကြခြင်းနှင့် မေလ ၄ ရက်နေ့မှာ နောက်ဆုံး လူစုံတက်စုံ ရောက်ရှိနေမည့် အချိန်တွင် မြင်တွေ့နိုင်သည့် ပုံပန်းသဏ္ဍန်များကို ဆွေးနွေးကြည့်ကြခြင်းဖြစ်သည်။ သည်အခါ ယင်းနေ့၌ ဖြစ်ချင်လိုသည့် ဆန္ဒ၊ ဖြစ်သင့်သည့် အခြေအနေများကို ဆွေးနွေးဖြစ်သည်။ ရေဒီယိုမှ ထုတ်လွှင့်မည့် အင်တာဗျူးများလည်း မဟုတ်သလို လူသိရှင်ကြားလည်း အသိပေးလိုသည့် ဆွေးနွေးချက်များ မဟုတ်။ အလွတ်သဘော ဆွေးနွေးကြခြင်းမို့ လွပ်လွပ်လပ်လပ် ပြောဆိုကြခြင်းဖြစ်သည်။ စင်စစ် အတိတ်တွင်ကျန်ရစ်နေခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးကြခြင်း မဟုတ်သောကြောင့် ပို၍စကားလက်ဆုံ ပြောနိုင်ခဲ့ကြပါသည်။
မေလ ၄ ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီဝင်များ နောက်ဆုံးတွေ့ဆုံပွဲ ရှိသည်ဟုလည်း ယင်းနေ့တွင် ပြောဆိုသောကြောင့် မေလ ၄ ရက်နေ့မှာ လူထုတိုက်ပွဲကို ဖေါ်ဆောင်ကြရန် ကျွန်တော်တို့ တပ်လှန့်သံပေးခဲ့ကြသည်။ အကြောင်းမှာ ယင်းနေ့မှ တပါး လူစုံတက်စုံနေ့များ နောက်ထပ် မရှိနိုင်တော့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ယင်းနေ့တွင် စင်ပြိုင်အစိုးရကို သို့မဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းခွင့်ရအောင် ကြိုးစားစေလိုသည်။ စင်ပြိုင်အစိုးရဖွဲ့လျှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန်ဖြစ်ပြီး ကြားဖြတ်အစိုးရဖွဲ့လျှင် ထင်ရှားသော နိုင်ငံရေးသမားများ ပါဝင်ဖွဲ့စည်းပေးရန်လိုအပ်သည်ဟု ဆွေးနွေးဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီမှ ပုဂ္ဂိုလ်များကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှသာ ဆောင်ရွက်နိုင်မည် ဆိုလျှင် သူတို့အနေဖြင့် လက်တွဲဆောင်ရွက်မည်ဟု ပြောဆိုသည်။ ခက်နေသည်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး မတင်ရေးပြသနာကို ဆွေးနွေးကြရာတွင် စိတ်ဝမ်းကွဲပြားကြပြီး နှစ်ခြမ်းကွဲသွားသောကြောင့် ဤအကြောင်းအရာများမှာ မဖြစ်နိုင်တော့ဟု ထောက်ပြကြသည်။
ဒုတိယအချက်အနေဖြင့် သက်ကြီးရွယ်အို ဇရာပိုင်းတွင် ရောက်ရှိနေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များ၏စိတ်အားထက်သန်မူများကိုလည်း ဆွေးနွေးကြည့်ဖြစ်သည်။ လူကြီးသူမများအနေဖြင့် အသက်အရွယ်အရ လူငယ်များနှင့် မတူညီတတ်မူကို တွက်ဆကြဖြစ်သည်။ လွန်ခဲ့သော ၁၉၈၈ ခုနှစ်တွင် ဦးဆောင်ပါဝင်ခဲ့ကြသော နိုင်ငံရေးသမားတို့မှာ ထက်မြက်ကြသည်။ သန်မာကြသေးသည်။ တုံးဆိုတိုက်နိုင်သေးသည်။ ဥပမာ ဦးကြည်မောင် တို့လိုဖြစ်သည်။၂၀၁၀ ကာလတွင်မူ အဘိုးကြီးအိုဖြစ်နေကြပြီ။ ထိုင်ရာမှနေပြီး ထ၍လမ်းမလျေက်နိုင်သော ပုဂ္ဂိုလ်များအနေဖြင့် မည်သို့မျှ နိုင်ငံရေးပြသနာကို ရှေ့ဆောင်ရှေ့ရွက် မပြုနိုင်ကြတော့။ သည်အခါ ပြည်သူတွေနှင့် သဟဇါတ ဖြစ်လာစရာအကြောင်း မရှိနိုင်၊
လူငယ်များနှင့် မတူညီနိုင်သောအကြောင်းကြောင့် ဤအချက်ကိုလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်လာကြရသည်။
နောက်ဆုံးမှာ ကျွန်တော့်အနေဖြင့် မေလ ၄ ရက်နေ့သည်သာ စင်ပြိုင်အစိုးရ ဖွဲ့စည်းရေးသို့မဟုတ် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီမှ တာဝန်ရှိပုဂ္ဂိုလ်များအား တင်ပြပြောဆိုနိုင်ခဲ့သည်။
သို့သော် ပြည်တွင်း၏နိုင်ငံရေးပထ၀ီသည် လှပသာယာနေခြင်းမရှိသည်ကိုလည်း သိရှိထားသည်။ မည်သူမျလည်း လိုက်ပါဆောင်ရွက်နိုင်စွမ်း ရှိမည်မဟုတ်ဟုလည်း သံသယမဖြစ်ခဲ့။ အကယ်၍ ယင်းသို့သောအခြေအနေများတွင် ပိုးစိုးပက်စက် ဖမ်းဆီးမည် ဆိုလျင်တောင်မှ လူ့အသက်များ သေကြေပျက်စီးခြင်းဖြင့် အဖမ်းဆီးခံရမည်ဟု မထင်ကြောင်းကိုတော့ ပြောဖြစ်ပါသေးသည်။ ကျွန်တော်က ပြည်ပတွင်နေပြီး ယင်းသို့တိုက်တွန်းပြောဆိုခြင်းမှာ သူတို့၏အခြေအနေကို မသိ၍မဟုတ်။ သို့သော် မတတ်နိုင်။ ကျွန်တော်က စစ်အစိုးရကို ဖြုတ်ချချင်သည်။ စစ်အစိုးရမရှီလျှင် ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာမည်။ ယင်းဆန္ဒကြောင့် တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
သူတို့ပြောသောစကားထဲတွင် အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်သာ ညီညွတ်ခဲ့လျှင် ဆိုသောစကားတခွန်းပါခဲ့သည်။ မှန်ပါသည်။ အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်သာ ယင်းအချိန်က ညီညွတ်ခဲ့လျင် တမျိုးတဖုံ တိုက်ပွဲပုံသဏ္ဍန် ပြောင်းလဲကောင်းပြောင်းလဲ သွားနိုင်သည်။ တချိန်တည်းမှာပင် ကျွန်တော်ကလည်းမည်သည့်အာမခံချက်ကိုမျှ မပေးနိုင်ခဲ့၊ ထို့ကြောင့် တိုက်ပွဲသဏ္ဍန်များမှာ သိလျက်နှင့် မထူးခြားနားဖြစ်သည်ဟု ယေဘူယျသုံးသပ်နိုင်ပါသည်။
အသွင်ကူးပြောင်းသွားစေနိုင်သောနည်းလမ်းများ
တခါက မိတ်ဆွေတဦးက မေးဖူးပါသည်။ စစ်အစိုးရကို ၈၈ ခုနှစ်တွင် ဖြုတ်ချနိုင်ခဲ့ပါလျှက် ဒိမိုကရေစီအစိုးရ မည်သည့်အတွက်ကြောင့် မဖြစ်ပေါ်ခဲ့ရသလဲဟု မေးခြင်းဖြစ်ပါသည်။ ကျွန်တော်က စစ်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီအစိုးရကို မဖွဲ့စည်းနိုင်ခဲ့လို့ဟု ဖြေဆိုခဲ့ပါသည်။ ယင်းမိတ်ဆွေမှာ နှစ်ပေါင်း ၃၀ ကျော်မျှ ကြာမြင့်နေပြီဖြစ်သော တော်လှန်ရေးရဲဘော်တဦးဖြစ်သည်။ ကျွန်တော်၏အဖြေကို သူလက်ခံခဲ့ပါသည်။ စစ်အစိုးရအုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေး တနည်းအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွက် ယေဘူယျနည်းလမ်းတခုကို ပြောဆိုခဲ့ကြောင်းဖြစ်သည်ကို သူကောင်းစွာ သဘောပေါက်ပါသည်။ အကြောင်းမှာ စနစ်တခုမှ တခုသို့ အသွင် ကူးပြောင်းရေးနည်းလမ်းများမှာ နိုင်ငံအလိုက် နိုင်ငံရေးပထ၀ီများ ကွာခြားချက် ရှိပါသည်။
ပထမဦးစွာမြန်မာနိုင်ငံ၏ နိုင်ငံရေးရာသီဥတု ပြောင်းလဲသွားစေနိုင်မည့်အချက်တချက်မှာ လူထုအုံကြွမူများမှ ဖြစ်ပေါ်လာခြင်းလည်းတချက် အကျုံးပါဝင်ပါသည်။ ဤအချက်သည်ပင် ဖြစ်ပွါးမူနုံးများလွန်းနေ၍ တခါတခါ နိုင်ငံရေးပါတီများ နိုင်ငံရးသမားများက ရောထွေးပြီး သိက္ခာများ အလိုအလျောက် ကျဆင်းကြရပါသည်။ ယင်းမှာလူထု၏ရှေ့ဆောင် ရှေ့ရွက်ပြုရမည့် နိုင်ငံရေးပါတီများက ရှေ့တန်းမှ မပါဝင်ကြောင့်ဟု ဆိုကာ လူထုမှ အမြင်သက်ရောက်တတ်ကြခြင်းဖြစ်သည်။ စစ်အစိုးရ၏ ဖိနှိပ်မူများကြောင့် အရေးအခင်းများသည် ကံဆိုးစွာရှုံးနိမ့်သွားတတ်ရသည်။ ကံအားလျော်စွာ စစ်အစိုးရကလည်း သက်ဆိုးရှည်သွားစေပါသည်။ စစ်အစိုးရ၏ လက်သံပြောင်မူကလည်း ကမ်းကုန်စေပါသည်။ နောက်ဆုံးမှာ ရဟန်းသင်္ဃာတော်များကိုပင် ပစ်သတ်ပြသည်.။ ခေါင်းရိုက်ခွဲပြသည်။ ဖနောင့်နှင့် ကန်ကျောက်ပေါက်ပြသည်။ လူထုအုံကြွမူကို ဘုန်းကြီးများနှင့် နောက်ဆုံးပညာပေးထားလိုက်ခြင်းဖြစ်ရာ ဤအချက်မှာ လူထုအုံကြွမူကို နောက်ထပ်ဖြစ်ပေါ်လာနိုင်စေရန် အကြောင်းမမြင်သေးချေ။
ဒုတိယအချက်အနဖြင့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များ၏ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်မူကြောင့် ပြည်တွင်းစစ်မှ အသွင်ကူးပြောင်းရေးနည်းလမ်းများ ရှိနိုင်ပါသည်ဟု တွက်ဆနိုင်စရာ ရှိပါသည်။ သို့သော် ဤအချက်မှာ ကိုးစား၍မရနိုင်သော အချက်အလက်ဖြစ်သည်။ ယခုတောင်မှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအနေဖြင့် တချို့ မှာ ဖွဲ့စည်းနေကြပြီ။ သူတို့လက်ထဲတွင် ပေါက်ကွဲစေတတ်သော လူသတ်လက်နက်များ ရှိသည်ဆိုခြင်းမှာ မှန်သော်လည်း လက်တွေ့ကျသော ပြည်တွင်းစစ်အခြေအနေများကိုမူ ဖန်တီး၍ မရနိုင်။
တတိယအချက်တခုမှာ တပ်မတော်အတွင်း ပြိုကွဲခြင်းများမှ ဖြစ်ပေါ်လာနိုင်စရာ ရှိနိုင်ပါသည်။ အသွင်ကူးပြောင်းရေးနည်းလမ်းမှာ လက်နက်ကိုင်ပဋိပက္ခများမှ သဘောထားကွဲလှွှဲကာ တပ်တွင်းပုန်ကန်မူများ ဖြစ်ပေါ်တတ်ပါသည်။ သို့သော် စစ်အစိုးရသည် ဤအချက်ကို လွယ်လွယ်နှင့် လျော့တွက်ထားသူများမဟုတ်ကြောင်း နေပြည်တော်သို့ ပြောင်းရွှေ့နေထိုင်မူက သက်သေပြနေပါသည်။ မြန်မာနိုင်ငံတ၀ှမ်းတွင် မည်သည့်နေရာဒေသတွင်မဆို ဆူပူသောင်းကျန်းမူများဖြစ်နေသည့်တိုင် နေပြည်တော်နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း သူတို့ကောင်းစွာနားလည်ထားပါသည်။ တချိန်တည်းမှာပင် တပ်မတော်အတွင်း သဘောထားကွဲပြဲရအောင် ကျွန်တော်တို့ကကော မည်သို့သော အတိုင်းအတာတခုအနေဖြင့် တပ်တွင်းစည်းရုံးမူမျိုးကို လုပ်ပြီးပြီနည်း ဆိုသောအချက်ကလည်း ပြသနာတရပ်ဖြစ်နေပါသည်။ ပကတိမျက်မှောက်ကာလတွင်မူ ဤအချက်သည် ကျွန်တော်တို့ကိုယ်တိုင် ခပ်ညံ့ညံ့ဖြစ်နေ၍ကြောင့်၎င်း၊ စစ်အစိုးရ၏ တင်းကြပ်သောစည်းမျှဉ်းစည်းကမ်းများ၊ မက်လုံပေးမူများ၊ အခွင့်ထူးခံပေးမူများတို့ကြောင့် ဖြစ်ပေါ်လာနိုင်စရာအကြောင်း မရှိသေး။
စတုတ္တအချက်တခုမှာ နိုင်ငံတကာအစိုးရများမှ အကူအညီအထောက်အပံ့မူများကြောင့် အသွင်ကူးပြောင်းနိုင်သည်။ ၈၈ခုနှစ်ကာလမှသည် ယခုအချိန်ကာလထိ နိုင်ငံတကာအစိုးရများသည်၎င်း၊ ကုလသမဂ္ဂသည်ပင်လျင် အကူအညီထောက်ပံ့ပေးနေသည်မှာ မျက်မြင်ဖြစ်ကြပါသည်။ လက်တွေ့ခံစားနေကြရပါသေးသည်။ သိုသော် နိုင်ငံတကာအစိုးရများသည် မြန်မာနိုင်ငံအသွင် ကူးပြောင်းရေးအတွက် မည်သို့မျ မစွမ်းဆောင်နိုင်ကြ။ ယခုအချိန်ထိ အဖြေရှာဖွေနေကြတုံးဖြစ်သည်။ သို့ဆိုလျှင် လက်တွေ့မကျသော နိုင်ငံတကာ အကူအညီထောက်ပံ့မူမျိုးကို ကျွန်တော်တို့က လက်တွေကျအောင် အကူအညီတောင်းခံ ဖူးပြီလား ဆိုသည်ကို ဆန်းစစ်စရာဖြစ်လာသည်။ မဆန်းစစ်၍သာ အသွင်ကူးပြောင်းမူကာလမှာ နှစ်ပေါင်း၂၀ ကျော်လာသည်အထိ ကြာမြင့်ခဲ့ရပြီ။
ထို့ကြောင့် အသွင်ကူးပြောင်းရေးအတွက် သေသေချာချာ စဉ်းစားရမည့်အချိန်ကာလဖြစ်ပါသည်။ အတိတ်ကအကြောင်းများကို ရေနူးပြီး လွမ်းဆွတ်ခံစားကာ စာဖွဲ့ပြီး နေဖို့ထက် လက်ရှိကာလမှာ ကျွန်တော်တို့ အဖြေရှာကြဖို့လိုသည်။
အချက်အလက်များမှ အဖြေရှာကြည့်ခြင်း
အထက်က တင်ပြခဲ့သောအချက်အလက်ထဲမှ အချက်အလက်များမှာ တညီတညွတ်တည်း ဖြစ်ပေါ်ခဲ့မူများ နိုင်ငံတကာ၌ ရှိခဲ့ဖူးပါသည်။ ထို့ကြောင့် စနစ်တခုမှ စနစ်တခုသို့ ပြောင်းလဲသွားနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်မူ နည်းလမ်းတခုအဖြစ် ပေါ်ပေါက်လာသည့်တိုင် စစ်အစိုး၏ အကြမ်းဖက် ဖြိုခွဲပစ်ခတ် ရမ်းကားမူကြောင့် လူပေါင်းများစွာ သေကြေကြရပြီး နောက်ဆုံးမှာ သွေးစွန်းသောအရေးအခင်းအဖြစ် ဆုံးရှုံးသွားရသည်။ ထို့ကြောင့် ဟန်ချက်မညီ၍ အသွင်ကူးပြောင်းမူကာလကို မဖြတ်ကျော်နိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။
လူထုအုံကြွမူလည်း မဖြစ်နိုင်၊ ငြိမ်းချမ်းရေးအဖွဲ့လည်း ပြည်တွင်းစစ်အခြေအနေကို မဖန်တီးနိုင်၊ စစ်တပ်အတွင်း ပြိုကွဲမူလည်း မဖြစ်နိုင်သောအခါ ပြည်သူ့အားသည် ပြည်တွင်းမှာ မရှိနိုင်တော့ကြောင်း တွက်ဆနိုင်ပြီဖြစ်သည်။
သို့ဆိုလျှင် နိုင်ငံတကာအစိုးရများနှင့် လက်တွေ့အကူအညီ အထောက်အပံ့ပေးရေးမူကို ကျင့်သုံးစရာဘဲ ရှိလာသည်။ နှစ်ပေါင်း ၂၀ ကာလအတွင်း မြနမ်ာနိုင်ငံဒိမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အားပေးထောက်ခံနေသော နိုင်ငံများကို ကျွန်တော်တို့ ယခုအချိန်တွင် အစွမ်းကုန် အကူအညီတောင်းခံစရာသာရှိသည်။
အချက်အလက်တခုကို အကောင်အထည်ဖေါ်ဆောင်ရန်အတွက် လေ့လာကြည့်သောအခါ လက်ရှိမျက်မှောက်ကာလ နိုင်ငံရေးအခင်းအကျင်းများကို သတိထားမိသည်။ ထိုင်းနိုင်ငံမဲဆောက်တွင်၎င်း၊ မလေးရှားနိုင်ငံတွင်၎င်း၊ လူထုတိုက်ပွဲ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ညီလာခံများကို ပြုလုပ်ခဲ့ကြသည်။ သူတို့မှာ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေးမှသည် စစ်အစိုးရဖြုချရေး၊ ပြည်သူ့အစိုးရပေါ်ထွန်းရေးအထိ ရည်မှန်းချက်များဖြင့် ညမအိပ် နေ့မအိပ် လှုပ်ရှားဆောင်ရွက်နေကြသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ပြည်ပရှိအဝေးရောက်အစိုးရကော ၊ပြည်ပရှိအမျိုးသားကောင်စီဆိုတာတွေရော မပါဝင်ကြမှန်း သတိထားမိသည်။ တနည်းအားဖြင့် သူတို့တွေနှင့် မည်သည့်အတွက်ကြောင့် မပူးပေါင်းမဆောင်ရွက်ခြင်းကို နားမလည်၊
မဲဆောက်တွင် ပြုလုပ်သောသူတို့ကော ၊မလေးရှားမှာ ညီလာခံပြုလုပ်သောသူတို့ပါ စစ်အစိုးရကို ဆန့်ကျင်တော်လှန်သောသူများဖြစ်ကြောင်း တခုတည်းနှင့် ကျွန်တော်တို့ လက်ခံကြရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရကိုဖြုတ်ချပြီး ပြည်သူ့အစိုးရပေါ်ထွန်းရေးအတွက် သူတို့ အဖြေရှာနေကြသည်။ သူတို့မတွေ့သေးသောအဖြေကို တွေ့ရှိသူများက နည်းနာများရှာကြံကာ ပေးဖို့လိုသည်။ ခုတော့ သူတို့မပါ၍ စိတ်မကောင်းစရာများဖြစ်ရပါသည်။ အကြောင်းမှာ သူတို့ပါလျင် တစွန်းတစအကြံများ ပေးနိုင်ကြမည်ထင်သည်၊ကျွန်တော်သည်ပင် အဖြေရှာဖွေသူမို့ အမြန်ဆုံးကြိုးစားရှာနေတတ်သည်။ မည်သို့ပင်ဆိုစေ လက်တွေ့ကျသော အဖြေများကို ကျွန်တော်တို့ ရှာဖွေတတ်မှဖြစ်မည်၊
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ယခုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရုံးခမ်းမရှိသည်နှင့်ပင် ရပ်တန့်သွားခြင်းမဟုတ်ပေ၊ အမေရိကန်အစိုးရ၊ ဥရောပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများက လာရောက်တွေ့ဆုံနေပါသည်။ တဖက်မှ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ရန် စစ်အစိုးရမှ စိုင်းပြင်းနေပါသည်။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရကို အတည်မပြုရအောင် ခုကတည်းက ပြည်သူ့အစိုးရတရပ်ကိုဖေါ်ဆောင်ရန်ကြိုးစားရန်လိုပါသည်၊
နိုင်ငံတကာအစိုးရများနှင့် ပူးပေါင်းအဖြေရှာခြင်း
မြန်မာနိုင်ငံ၏ နိုင်ငံရေး ပဋိပက္ခများမှာ ကမ္ဘာကိုကိုင်လှုပ်စေခဲ့ပါသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ အင်မတန်ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရ၏ အဓိကရန်သူကြီးဖြစ်နေပါသည်။ ယင်းအချက်ကို နိုင်ငံတကာအစိုးရမှ အထူးသတိထားမိကြပါသည်။ စစ်အစိုးရသည် လက်နက်ဆို၍ ဘာဆိုဘာမျ မကိုင်စွဲသော ဒေါ်အောင်ဆန်းစုကြည်အား အညံ့ခံလက်မြောက်ရမည့်နေ့ကို အထူးသတိထားကာ ရှောင်လွှဲနေနိုင်အောင် ကြိုးစားနေကြရပါသည်။ နိုင်ငံရးပညာဆိုသည်မှာ ကြွေတလက်ကြက်တခုန် ဖြစ်သည်မို့ အမှားတချက်မျ မခံရအောင် သတိထားကြပါသည်။ သို့သော် ဒီမိုကရေစီအတိုက်အခံများမှ မှားလေသလား၊ ညံ့လေသလား မပြောတတ်။ ယခုအချိန်ထိ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖေါ်ဆောင်နိုင်ခြင်းမှာ ပြောစရာဖြစ်ပါသည်။
မြန်မာနိုင်ငံ၏နိုင်ငံရေးအသွင်ကူးပြောင်းရေးတွင် နိုင်ငံတကာမှ ဖိအားမှာ အထူးအရေးကြီးသည်။ တခါတရံတွင် နိုင်ငံရေးအကျဉ်းသားများ လွပ်မြောက်လာတတ်ပါသည်။ ယင်းအခါ နိုင်ငံတကာမှ ဖိအားကြောင့် လွပ်မြောက်လာသည်ဟု ပြောသံကြားရပါသည်။ ကျွန်တော်ကမူ ယင်းသို့ယုံကြည်မူမရှိ။ လွပ်မြောက်လာခြင်းသည် သူတို့၏ ကံတရားကြောင့်ဟုသာ ထင်မြင်ယူဆပါသည်။ အကယ်၍ အမေရိကန်နိုင်ငံသားဆိုလျှင် လွပ်မြောက်လာသည်ဟု ပြောလျှင်လည်း အနဲဆုံးအရိုက်အနှက်ခံ၊ အဆဲအဆိုခံ၊ စိတ်ဓါတ်ရေးရာအရ ဖိနှိပ်ညှင်းပမ်းမူပြီးမှ လွှပ်ပေးလိုက်မူကတော့ ရှိပါသည်။
နိုင်ငံတကာမှ ဖိအားမှာ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် အမှန်တကယ် လိုအပ်ပါသည်။ ထောက်ခံကြသောနိုင်ငံများကိုကလည်း အမှန်တကယ်ပင် ထောက်ခံနေကြတုံး ရှိနေပါသည်။ ဤနေရာ၌ ကျွန်တော်တို့မှာ အချက်နှစ်ချက်ဖြင့် နိုင်ငံတကာနှင့် စကားပြောစရာ ရှိသည်ဟုထင်သည်။ ယင်းမှာကမ္ဘာ့ဒီမိုကရေစီတည်ထွန်းရပ်တည်ရေးနှင့် မြန်မာနိုင်ငံဒီမိုကရေစီအသွင် ကူးပြောင်းရေးကို မီးမောင်းထိုးပြနိုင်ရန်လိုပါသည်။ ဒုတိယအချက်မှာ ရင်းနှီးမြုပ်နှံမှူဆိုင်ရာ စီးပွးရေးစာချုပ်များကို အသိအမှတ်မပြုရေး ပြောဆိုတင်ပြရန်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ကမ္ဘာကြီးသည် တဦးတည်းနေ၍ မရသော ကမ္ဘာ့ရွာအဖြစ်သို့ ( Globalization ) ပြောင်းလဲလာနေသော ဦးတည်နေသည့် ကာလဖြစ်ပါသည်။
ဤအခြေအနေများအောက်တွင် တဦးအပေါ်တဦးက ဖေးမကူညီခြင်းများနှင့် နိုင်ငံတနိုင်ငံမှ နိုင်ငံတနိုင်ငံသို့ ဖေးမကူညီထောက်ပံ့ခြင်းကို ရှိစေရန်သာဖြစ်ပါသည်။ ယင်းခြေလှမ်းများကို ယူရန်ကြိုးစားနေကြသောနိုင်ငံများသည် လက်တွေ့ကျသော ကူညီယိုင်းပင်းမူမျိုးကို ဆောင်ရွက်သင့်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ပဋိပက္ခများထဲမှ သေအံ့မူးမူးဖြစ်နေသော လူသားများ၏ ကံကြမ္မာဆိုးဖြစ်နေပါသည်။ ယင်းလူသားများမှာ တဖက်သတ်အကျည်းတန်စွာ ဆက်ဆံခံနေကြရပါသည်။ နိုင်ငံတနိုင်ငံ၏ နယ်ချဲ့ကျူးကျော်မူအောက်တွင် ကိုလိုနီဖြစ်နေသော နိုင်ငံဆိုလျှင် ယနေ့ကမ္ဘာကြီးမှ အရေးယူဆောင်ရွက်ပေးနိုင်ကြလိမ့်မည်ထင်ပါသည်။
သို့လင့်ကစား မြန်မာနိုင်ငံမှာမူ မိမိလူမျိုးအချင်းချင်း သတ်ဖြတ်နှိပ်စက်နေရာ စစ်အာဏာရှင်တို့သည် ရက်စက်မူများစွာဖြင့် နိုင်ငံကို အုပ်ချုပ်နေခြင်းဖြစ်ပါသည်။ ယင်းစနစ်ဆိုးကို ပြည်သူတရပ်လုံးမှာခါးစည်းခံစားနေကြရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကမ္ဘာသူကမ္ဘာသားတို့နှင့်အတူ တန်းတူညီမျှခံစားလိုကြပါသည်။ ကမ္ဘာကြီး၏ မေ့လျှော့မူကို ခံနေကြရသော မြန်မာနိုင်ငံသားတို့သည် ဒီမိုကရေစီကို လိုချင်သောကြောင့် လက်ကမ်းမျှော်လင့်တောင့်တ နေကြပါသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာတို့သည် ပါးစပ်မှပြောနေရုံကလွှဲပြီး လက်တွေ့ကျသော အကူအညီထောက်ပံ့မူမျိုးကို ယခုအချိန်တွင် ပေးဆောင်ရတော့မည်ဖြစ်ပါသည်။
အမေရိကန်အစိုးရသည် လက်တွေ့ကျသော အကူအညီမျိုးကို ပေးဆောင်နိုင်ရန်အထူးကြိုးစားနေသောနိုင်ငံဖြစ်ပါသည်။ တချိန်တည်းမှာပင် ဥရောပနိုင်ငံများမှလည်း အသွင်ကူးပြောင်းရေးတွင် ပူးပေါင်းဆောင်ရွက်ကြမည့်နိုင်ငံဖြစ်သည်ဟု ယုံကြည်နိုင်ပါသည်။ ယင်းနိုင်ငံနှစ်ခုစလုံးသည် အာဆီယံနိုင်ငံအဖွဲ့ဝင်များနှင့် တောင်အာရှနိင်ငံအဖွဲ့ဝင်များကို ရှေ့ဆောင်ပြောကြား ဖိအားပေးနိုင်သည့်နိုင်ငံများလည်း ဖြစ်နေနိုင်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီအတိုက်အခံများမှ ဤနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် ယခင်နှင့်မတူသော ချဉ်းကပ်မူများကို နည်းဗျူဟာများပြောင်းလဲကာ ကျင့်သုံးဆောင်ရွက်ရန်လိုပါသည်။
ရင်းနှီးမြုပ်နှံမူဆိုင်ရာ စီးပွါးရေးစာချုပ်စာတမ်းများ ပယ်ဖျက်ခြင်း
စစ်အစိုးရ၏ သက်ဆိုးရှည်မူအတိုင်းအတာကို လေ့လာကြသောအခါ သူတို့အား ကြောထောက်နောက်ခံ အကောင်းဆုံးလက်နက်မှာ ရင်းနှီးမြုပ်နှံမူဆိုင်ရာ စီးပွါးရေးဖြစ်ကြောင်း တွေ့ရှိကြပါသည်။ ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူချိန်က ဘဏ္ဍာရေးငွေကြေး အကျပ်အတည်း ရှိနေသော စစ်အစိုးရသည် ယခုအချိန်တွင် သန်းကြွယ်သူဌေးအဆင့်ဖြစ်နေပါသည်။ ရေနံနှင့်သဘာဝ ဓါတ်ငွေ့တူးဖေါ်ရေးမှ ရရှိသော ငွေကြေးပမာဏသည် အမေရိကန်ဒေါ်လာငွေ သန်းထောင်ပေါင်းများစွာ ရှိနေပါသည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမူငွေကြေးအများဆုံးကိုေ၇နံနှင့် သဘာဝဓါတ်ငွေ့က ရရှိပြီး ဒုတိယအများဆုံးရရှိသော ငွေကြေးမှာ သစ်တောမှဖြစ်ပါသည်။
ရေနံနှင့်သဘာဝဓါတ်ငွေ့များမှ ရရှိသော အမေရိကန်ဒေါ်လာငွေများမှာ နောင်နှစ်ပေါင်း ၄၀ အထိ ရှိနေမည့်ငွေကြေးများဖြစ်ရာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ ပိုငွေသာရှိနေပါသည်။ ၄င်းမှရရှိသောငွေကြေးတပြားတချပ်ကိုမျှ ပြည်သူတရပ်လုံးမှာ ခံစားပိုင်ခွင့် မရှိကြရကြောင်း ဆင်းရဲမွဲတေနေသော ပြည်သူများ၏ နေ့တဓူဝ ဘ၀ရုပ်ပုံများက သက်သေထူနေကြပါသည်။ ထို့ကြောင့် ၄င်းငွေကြေးများ အထူးသဖြင့် အမေရိကန်သုံးဒေါ်လာငွေများမှာ စစ်အစိုးရအုပ်စု၏ ကိုယ်ပိုင်ငွေကြေးများအဖြစ် နိုင်ငံခြားဘဏ်များတွင် သိမ်းဆည်းအပ်နှံထားလျှက် ရှိနေပါသည်။
ေ၇ွှဂါစ်စီမံကိန်းနှင့် ရတနာရဲမန် စီမံကိန်းများမှ တွက်ချက်မူအရ စစ်အစိုးရ၏ နောင်နှစ်ပေါင်း ၄၀ ခန့်အထိ ငွေကြေးခိုင်မာမူမှာ စစ်အစိုးရအပေါ် သက်ဆိုးရှည်စေမည့် အကြောင်းအရာတခုဟု ဖေါ်ပြထားပါသည်။ ထို့ကြောင့် စစ်အစိုးရအား ဖြုတ်ချရမည့်နည်းလမ်းမှာ ရင်းနှီးမြုပ်နှံမူဆိုင်ရာ စီးပွါးရေးပိတ်ဆို့မူကဏ္ဍမှာ အလွံန်အရေးကြီးပါသည်။ တချိန်တည်းမှာပင် စီးပွါးရေးပိတ်ဆို့ရေးအတွက် ပြုလုပ်ထားသော အမေရိကန်နိုင်ငံအပါအ၀င် ဥရောပနိုင်ငံများအားချဉ်းကပ် ပြောဆိုရာ၌ ဒီမိုကရေစီအတိုက်အခံများက လက်တွေ့ကျသော နည်းဗျူဟာများကို ချမှတ်ဆောင်ရွက်ရန်လိုပါသည်။ သို့အတူ စစ်အစိုးရနှင့် ရင်းနှီးမြုပ်နှံမူဆိုင်ရာ စီးပွါးရေးစာချုပ်များချုပ်ဆိုပြီး အကျိုးတူနှစ်နိုင်ငံဆောင်ရွက်နေသော နိုင်ငံများသို့ ပြတ်သားသော ဆုံးဖြတ်ချက်များကို ပြောဆိုရပါတော့မည်။ ယင်းမှာ စီးပွါးရေးကို ပြုလုပ်နေခြင်းအား ကန့်ကွက်ရှုတ်ချနေခြင်းမဟုတ်ဘဲ အရေးယူဆောင်ရွက်ခြင်းနှင့် မက်လုံးပေးဆောင်ရွက်ခြင်းကို ကြေညာပေးရန်ဖြစ်ပါသည်။
အရေးယူဆောင်ရွက်ခြင်းဆိုရာ၌ စစ်အစိုးရနှင့် ယခုအချိန်တွင် ပြုလုပ်နေသော ရွှေဂါစ်သဘာဝဓါတ်ငွေ့စီမံကိန်းနှင့် ရတနာရဲမန်သဘာဝဓါတ်ငွေ့ရှာဖွေရေး စီမံကိန်းပြုလုပ်နေသော နိုင်ငံများအား နောင်ကာလတွင် ဖြစ်ပေါ်လာသည့် အရပ်သားဒီမိုကရေစီအစိုးရ ( ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ ) မှ မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြုကြောင်း ရှင်းလင်းစွာ ကြေညာထားရန်လိုပါသည်။ ယင်းမှာ စစ်အစိုးရနှင့် ပြုလုပ်ထားသော တရုပ်နိုင်ငံအပါအ၀င် တောင်ကိုးရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အား တိုက်ရိုက်အကျိုးသက်ရောက်မူများ ဖြစ်ပေါ်လာနိုင်သော အကြောင်းအရာဖြစ်ပါသည်။ ယခုအချိန်တွင် ပြုလုပ်ထားသော စီးပွါးရေးစာချုပ်များအား လုံးဝအသိအမှတ်မပြု၊ တရားမ၀င်ကြောင်း ကြေညာထားလိုက်မှသာ ၄င်းနိုင်ငံများ၏ ရေရှည်အကျိုးစီးပွါးတွင် မည်မျထိခိုက်မူရှိမည်ကို ချက်ချင်းနားလည်မည်ဖြစ်ပါသည်။ ထိုသို့ကြေညာထားလိုက်လျှင် သူတို့၏ ကျားကန်ပေးမူများမှာ လျော့ပါးကျဆင်းနိုင်စရာ အသွင်လက္ခဏာဖြစ်ပေါ်နိုင်ပါသည်။
သို့အတူ မက်လုံးပေးခြင်းဆိုင်ရာ စီးပွါးရေးစာချုပ်များကို ချုပ်ဆိုရန်လည်း အထူးစဉ်းစားစရာဖြစ်နေပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတကာများမှ မြန်မာနိုင်ငံအား လက်တွေ့ကျသော အကူအညီထောက်ပံ့မူများကို စွန့်လွှတ်စွန့်စား မပေးသောအခြေအနေတခုမှာ မြန်မာနိုင်ငံက ရစရာမရှိ၍ဟု ဆိုကြပြောကြပါသေးသည်။ ယင်းအချက်ကို ဖြေပျောက်စေသော အထင်ကရ နည်းလမ်းမှာ သဘာဝဓါတ်ငွေ့စီမံကိန်းသည် နိုင်ငံတကာများအဖို့ အထူးအာရုံစိုက်စရာ စီးပွါးရေးနယ်ချဲ့မူတရပ်ဖြစ်နေခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် အရပ်သားဒီမိုကရေစီအစိုးရ ( ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီပြည်သူ့အစိုးရ ) ဖြစ်ပေါ်လာသောအခါတွင် စီးပွါးရေးစာချုပ်များကို ချုပ်ဆိုပြီး ၄င်းနိုင်ငံများအား နှစ်နိုင်ငံအကျိုးတူ စီးပွါးရေးရင်းနှီးမြုပ်နှံမူများကို ပြုလုပ်မည်ဟု ကြေညာထားရန်လိုအပ်နေပါသည်။ ဤသည်မှာ မက်လုံးပေး စီးပွါးရေးစာချုပ်ချုပ်ဆိုခြင်း ဖြစ်ပါသည်။
နှစ်နိုင်ငံ အာမခံချက်များဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး အနာဂါတ်မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး
နိုင်ငံတနိုင်ငံ၏ အသွင်ကူးပြောင်းရေးအတွက် အခြေအနေအရပ်ရပ်တွင် ကွဲပြားခြားနားမူများစွာရှိကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ ကြောက်ရံွ့လန့်ဖြတ်ကုန်သည်ဟု ပြောသော်လည်း ဖိလစ်ပိုင်နိုင်ငံမှာလို လမ်းပေါ်ထွက်ကာ မစ္စကိုရာဇန်အကွိနိုကဲ့သို့ အာဏာလွှဲပြောင်း ရယူ၍မဖြစ်ပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အာမခံချက်သည် ဤနေရာတွင် အထူးအရေးကြီးနေပါသည်။ ပြည်သူတရပ်လုံးက လိုအပ်နေသော ပြည်သူ့အစိုးရကို ဖေါ်ဆောင်ရန် နိုင်ငံတကာများမှ အာမခံချက်တခုကို ကျွန်တော်တို့ ရရှိရန် အထူးအရေးကြီးနေပါသည်။ သို့ဖြစ်၍ ပြည်တွင်းပြည်ပနှင့် တက်ညီလက်ညီ ရှိနေဖို့လိုပါသည်။
ဤအကြောင်းအရာထဲတွင် ပြည်တွင်းနှင့် ပြည်ပတက်ညီလက်ညီ ဆိုသော စကားကို အသုံးပြုရခြင်းမှာ အမှန်တကယ် လိုအပ်နေ၍ဖြစ်ပါသည်။ ပြည်တွင်းမှ လိုအပ်ချက်များက မည်သို့ရှိသည် ၊ ပြည်ပမှလိုအချက်က မည်သို့ဖြစ်သည်ကို ကျွန်တော်တို့ အတူကတွ ဆွေးနွေးမူ မရှိခဲ့မူက သက်သေပြနေပါသည်။ ပြည်ပမှ ရေးသားနေကြသော ဆောင်းပါးများ နှင့် ပြည်ပမှပြောကြားနေသော ရေဒီယိုဆွေးနွေးချက်များသည် တခါတရံမက ပြည်တွင်းနှင့် အထူးကွဲပြားနေတတ်ပါသည်။ ထပ်တူကျသော ဆွေးနွေးချက်များကို မတွေ့ဆုံဖြစ်ကြ၍ ဤမျှအဖြေရှာမတွေ့ခြင်းဖြစ်ပါသည်
နိုင်ငံတကာမှာရောက်နေသော ပြည်ပရှိအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၏ တခါတရံပြောကြားချက်များမှာ နိုင်ငံတကာအစိုးရများ၏ သတင်းထုတ်ပြန်ချက်များကို ဘာသာပြန်ပြောကြားချက်များအဖြစ် တွေ့မြင်နေရပါသည်။ ကြားလိုက်ရသောအဖွဲ့နာမည်မှာမူ မျိုမကျနိုင်လောက်အောင် ကြီးမားသောအဖွဲ့ကြီးဖြစ်ပါသည်။ ယခုအချိန်ထိ ယင်းအဖွဲ့မှ ပုဂ္ဂိုလ်များမှာ ရေဒီယိုများမှ ပြောကြားနေတုံးဖြစ်ရာ ရှက်စရာဖြစ်နေသည်ကို သူတို့ ဖြစ်လို့မို့ မခံစားတတ်ကြသော်လည်း ကြားရသူများက ရှက်နေမိပါသည်။ အထက်ပိုင်းတွင် ပြောကြားခဲ့သလို ထိုင်းနိုင်ငံ မဲဆောက်တွင်၎င်း၊ မလေးရှားနိုင်ငံတွင်၎င်း အဖွဲ့ပေါင်းစုံမှ ပုဂ္ဂိုလ်များက လိုလိုချင်ချင် တက်ရောက်ပါဝင် ဆွေးနွေးကြဖြစ်လျင် တခွန်းသောစကား ၊တခုသောအကြံများကို ရရှိကြမည် ဟု ယုံကြည်မိပါသည်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ပြည်တွင်းမှလိုအပ်ချက်ကို ပြည်ပရောက် ပုဂ္ဂိုလ်များက ၊ တနည်းအားဖြင့် အဖွဲ့အစည်းများက ဆိုးတိုင်ပင် ကောင်းတိုင်ပင် ပြုလုပ်ကြရန်အထူးလိုအပ်နေပေသည်။ အဘယ့်ကြောင့် ဆိုသော် နိုင်ငံနှင့်ချီသော အာမခံချက်တခုကို အပြင်းအထန်ကြိုးစားမှ ၂၀၁၀ ရွေးကောက်ပွဲပျက်စီး ရပ်တန့်သွားမည်ဖြစ်သည်။
လူထုတိုက်ပွဲ ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်မည့် အကြောင်းအရာတခုတွင် ကျွန်တော်တို့အဖို့ နိုင်ငံတကာမှ အာမခံချက်သည် အထူးအရေးကြီးပါသည်။ ယင်းအာမခံချက်ရရှိရေးအတွက် ခေါင်းဆောင်ကောင်းများ အထူးလိုအပ်နေပါသည်။ ရှင်ရိုသေ လူရိုသေပုဂ္ဂိုလ်များ အထူးလိုအပ်နေပါသည်။
ကျွန်တော်တို့သည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖေါ်ဆောင်ရန် တိုက်တွန်းနေသူများဖြစ်သည်။၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းရေးဖြစ်သည်။ ဤသည်မှာအန္တိမရည်မှန်းချက်ဖြစ်သည်။ သို့သော် စစ်အစိုးရမှ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို အတည်ပြုကာ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ကျင်းပမည်ဖြစ်သည်။ ၄င်း၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်သည့်အခါ ပါတီပေါင်းစုံပါဝင်ရေး၊ နိုင်ငံရေးအကျဉ်းသားများပါဝင်ရေး အတွက် ကုလသမဂ္ဂမှကော အမေရိကန်အစိုးရ ပါမကျန် ဥရောပနိုင်ငံများအထိ တောင်းဆိုပြောဆိုနေကြပါသည်။ ဤသည်မှာ ကျွန်တော်တို့၏ နိုင်ငံရေးရပ်တည်ချက်နှင့် လုံးဝကွဲပြားခြားနားချက်ဖြစ်သွားပါသည်။
ထို့ကြောင့် ကုလသမဂ္ဂကိုကော အမေရိကန်အစိုးရကိုကော အခြားနိုင်ငံတကာကိုပါ ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ကြောင်း ပြောဆိုအသိပေးရန်လိုအပ်နေပါသည်။ မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် ရေစီးကြောင်းနှစ်ခုအပေါ်ဖြတ်သန်းနေရာ ယင်းရေစီးနှစ်ခု၏ ကွဲပြားနေမူကို သိသာမြင်သာရှိအောင် လုပ်ပြရန်လိုပါသည်။ ကျွန်တော်တို့၏ ရေစီးကြောင်းမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အကောင်အထည်ဖေါ်ရေးဖြစ်ပါသည်။ စစ်အစိုးရဖြုတ်ချရေးဖြစ်ပါသည်။ အခြားမည်သို့မျှမရှိ၊
သည်တော့ နိုင်ငံတကာအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ပြတ်သားစွာပြောဆိုရပါတော့မည်။ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုသောနိုင်ငံထဲတွင် မည်သည့်နိုင်ငံက ပါဝင်နေပါသနည်းဟု ဆန်းစစ်ရန်လိုပါသည်။ ဥပမာအနေဖြင့် အမေရိကန်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲအပေါ် စိတ်ပျက်နေပါသည်၊ ကန့်ကွက်နေပါသည်ဟု ဆိုနေလျှင် အသိအမှတ်မပြုရေးဆီသို့ ကျွန်တော်တို့က ဆွေးနွေးပွဲစားပွဲဝိုင်းကို ရအောင်ပြုလုပ်ရန်ခြေလှမ်း လှမ်းရန်လိုအပ်ပါသည်။ အမေရိကန်အစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များသည် သူတို့၏အစိုးရအပေါ် မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်လျှင် ဥပဒေအသစ်ရေးဆွဲကာ တင်ပြရဲသော ပုဂ္ဂိုလ်များဖြစ်ပါသည်။ သူတို့က ဥပဒေရေးဆွဲကာထုတ်ပြန်နိုင်အောင် အာမခံချက်ကို ကျွန်တော်တို့ကလည်း ပေးနိုင်ရန်လိုအပ်သလို အမေရိကန်အစိုးရမှလည်း ပေးနိုင်ရန် ကြိုးစားရန်လိုအပ်ပါသည်။
အမေရိကန်အစိုးရသည် စီးပွါးရေးပိတ်ဆို့မူဆိုင်ရာ ဥပဒေကို သက်တမ်းတနျစ်တိုးလိုက်ပြီးပြီဖြစ်ပါသည်။ တချိန်ထဲမှာပင် မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်ပြီး အထူးစိတ်ပျက်နေသောသူများဖြစ်ပါသည်၊ သူတို့နှင့် သံခင်းတမ်ခင်းစကားပြောရန် ကျွန်တော်တို့ လူစုရပါတော့မည်။ လူညီရပါတော့မည်။ ယင်းမှာ ကျွန်တော်နှင့် ဆွေးနွေးဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီဝင်များနှင့် ဆွေးနွေးချက်များမှ ကောက်ချက်များဖြစ်ပါသည်။ ကျွန်တော်တို့ဆွေးနွေးချက်သည် ရေဒီယိုအင်တာဗျူး မဟုတ်သလို ဆောင်းပါးရေးရန် သတင်းအချက်အလက် ရှာဖွေစကားပြောခြင်းမဟုတ်မှန်း ပြောလိုပါသည်။ ယင်းဆွေးနွေးပြောဆိုချက်များကို အသိပေးခြင်းဖြစ်ပါသည်။
အကယ်၍ အမေရိကန်အစိုးရမှ ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အစိုးရကို အသိအမှတ်မပြုဟု ဆိုလျင် ကျွန်တော်တို့မှာ မေးမြန်းစရာသာရှိပါတော့သည်။
( ၁ ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသော အရပ်သားအစိုးရ သို့မဟုတ် ထင်ရှာေးသာနိုင်ငံရေးသမားများပါဝင်သော ကြားဖြတ်အစိုးရဖွဲ့စည်းလျင် အမေရိကန်အစိုးရမှ အသိအမှတ်ပြုရေး။
( ၂ ) အမေရိကန်အစိုးရမှ အသိအမှတ်ပြုမည်ဆိုလျှင် အခြားနိုင်ငံများမှလည်း အသိအမှတ်ပြုမည်ဖြစ်သောကြောင့် လိုအပ်သောအကူအညီများ ပေးရေး ။
( ၃ ) အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရကို ဖွဲ့စည်းပြီးသည်နှင့် ရင်းနှီးမြုပ်နှံမူဆိုင်ရာ စီးပွါးရေးစာချုပ်များကို တရားမ၀င်ကြောင်းနှင့် အမေရိကန်နိုင်ငံမှ ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီများအား စီးပွါးရေးစာချုပ်ချုပ်ဆိုခွင့်ပေးရေး။
ဤအချက်များပါသော ဂတိအာမခံချက်များကို အမေရိကန်အစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်၎င်း။ အခြားသောနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်၎င်း ၊ ယခုအချိန်မှာ သံခင်းတမန်ခင်း တိုက်ရိုက်ထိတွေ့ ဆက်ဆံစကားပြောဆိုသည့်အခါ မေးရုံသာ ရှိပါသည်။
၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက် ညီလာခံများမှ ကိုယ်စားလှယ်များအား ရွေးချယ်ခြင်း
မြန်မာနိုင်ငံ၏နိုင်ငံရေးပြသနာသည် ယခုအချိန်တွင် အလွန်အရေးကြီးနေပါသည်။ မည်သို့နည်းနှင့်မျှ လက်ပိုက်ကြည့်နေ၍ ရကောင်းသော အခြေအနေတွင် မရှိဖြစ်နေပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် ပြုလုပ်သော ညီလာခံကိုယ်စားလှယ်များသည်၎င်း၊ မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော ညီလာခံကိုယ်စားလှယ်များသည်၎င်း၊ အမေရိကန်နိုင်ငံတွင်ပြုလုပ်မည့် ညီလာခံကိုယ်စားလှယ်များသည်၎င်း လက်တွေ့ကျသော ဆုံးဖြတ်ချက်များ( ပြည်ပနှင့် စပ်လျဉ်းပြီး) ကို ချမှတ်ရန်အထူးလိုအပ်နေပါသည်။ ကမ္ဘာကြီးသည် ဒီမိုကရေစီမြတ်နိုးကြသည်ဟု ဆိုလျင် ဤအချက်ကို လက်လွတ်စပယ် ခေါင်းရှောင်နိုင်မည်ဟု မထင်မှတ်ချေ။ အကြောင်းမှာ နောက်ဆုံးတောင်းဆိုချက်ဖြစ်ကြောင်း သူတို့ကိုယ်တိုင် သိရှိနေကြပါလိမ့်မည်။ အကယ်၍ သူတို့က ဥပက္ခာပြုသွားလျှင် ယင်းကမ္ဘာကြီးသည် ကျွန်တော်တို့နှင့် မထိုက်တန်သော ကမ္ဘာဖြစ်ကြောင်း ပြောဆိုရုံဘဲ ရှိပါသည်။
ပါးစက်ဖြင့် စိတ်ပျက်ပါသည်ဟု မြန်မာနိုင်ငံရေးပြသနာကို ယေဘူယျပြောရုံနှင့် မြန်မာနိုင်ငံအရေးကို ထောက်ခံနေသည်ဟု ပြော၍ လက်ခံနိုင်စရာအကြောင်းမဟုတ်တော့ချေ။ တိကျသော လက်တွေ့လုပ်ဆောင်ချက်များကို တောင်းဆိုရပါလိမ့်မည်။ အဘယ့်ကြောာင့်ဆိုသော် ကျွန်တော်တို့ထက် စစ်အစိုးရအတွက် ပြောပေးရေးပေး လိုက်လုပ်ပေးနေသော အမေရိကန်နိုင်ငံသားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းစာဆရာများက ရှိနေခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် စစ်အစိုးရကိုဖြုတ်ချပေးရေးအတွက် နားဝင်အောင် အမေရိကန်အစိုးရနှင့် သတင်းစာဆရာများကြားမှာ တော်တော် ပြောရဆိုရအုံးမည်ဖြစ်ပါသည်။ ယခုအချိန်၌ အဖြူအမဲ သဲကွဲစွာမေးမြန်းရမည့် တောင်းဆိုရမည့် အာဂတော်လှန်ရေး သမားများလိုအပ်နေပါသည်။ အမေရိကန်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်၎င်း၊ အခြားနိုင်ငံများမှ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့်၎င်း တွေ့ဆုံမေးမြန်းမူသည် YES OR NO သာဖြစ်ပါသည်၊ အခြားနိုင်ငံရေးသဘောတရားဆွေးနွေးချက်များ၊ နိုင်ငံရေးပညာပေးမူများမဟုတ်ဘဲ ကျွန်တော်တို့၏ အာဘော် ၊ဆန္ဒ၊ သဘောတရားများသာဖြစ်ရန်အရေးကြီးပါသည်။ ကျွန်တော်တို့မှာ ယင်းသို့တောင်းဆိုသော ကိုယ်စားလှယ်တော်များ ရွေးချယ်တာဝန်ပေးအပ်ရပါတော့မည်။ ပြည်ပတွင်နေထိုင်ပြီး ပြည်တွင်းမှ ပုဂ္ဂိုလ်များ၏ ဆန္ဒများကို တခုတည်းသော ဖြည့်ဆည်းပေးမူမှာ နိုင်ငံတကာထောက်ပံ့မူများဖြစ်ပါသည်။ သူတို့၏အကူအညီများစွာ လိုအပ်နေပါသည်။
သူတို့ထံမှ တခုတည်းသော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အရပ်သားအစိုးရကို အသိအမှတ်ပြုပါဟု တောင်းဆိုမည့် ပြည်သူ့ဘက်တော်သားလူစားမျိုးကို ကျွန်တော်တို့ ရွေးချယ်ကြပါစို့။။။
နိုင်ငံတကာမှ ပြည်သူ့အစိုးရဖွဲ့စည်းရေးကို အသိအမှတ်ပြုပါသည်ဟု ဆိုသော အာမခံချက်ကို ပြည်တွင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ထင်ရှာေးသာ နိုင်ငံရေးသမားများဆီသို့ အမြန်ဆုံးပေးရန်ကြိုးစားကြပါစို့။။။။။။။
ပြည်သူတို့နှင့်ထိုက်တန်သော ပြည်သူ့အစိုးရကို ကျွန်တော်တို့၏လက်နှင့် ပေးကမ်းကြပါစို့။။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

၈၈၈၈ ပြည်သူ့ သတင်းစဉ် ၂၀၁၀ခုနှစ် ၊မေလ၊ အတွဲ (၅ )-အမှတ် (၆)

8888 People Power Mya 16 20101

“ရဲချုပ်ခင်ရီရဲ့ထွက်ပေါက်ရှာဖန်တီးဇတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”


“ရဲချုပ်ခင်ရီရဲ့ထွက်ပေါက်ရှာဖန်တီးဇတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

မောင်ချင့်ချိန်

ရန်ကုန်တိုင်းအမှတ်(၄)စစ်ဒေသမှုးဗိုလ်မှုးကြီးအုန်းချိုအပါအ၀င် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဌဦးကျော်ငြိမ်း ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး ဗိုလ်ကြီးသန့်ဇင်သိန်း ၊ ရဲမှုးများ ၊ ဒုရဲအုပ်များ ၊ ရယကများ ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေအများအပြားသေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီး ပြည်သူလူထုတွေပါထိခိုက်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲလို့ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါစိတ်ဝင်တစားရှိခဲ့ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးကိုစစ်တပ်ကအာဏာသိမ်းခဲ့ပြီး ကျောင်းသားလူငယ်လေးတွေကအစ သေနတ်ကိုင်ပြန်တိုက်တဲ့ခေတ်(၂၂နှစ်ကာလ)မှာ ဗမာပြည်မှာဗုံးကွဲတာအကြိမ်သုံးရာကျော်ပြီလို့ စစ်အစိုးရရဲ့ထုတ်ပြန်ချက်တွေမှာဖေါ်ပြထားပါတယ် ၊ တနှစ်ကိုဆယ့်ငါးကြိမ် ပျမ်းမျှ တစ်လတစ်ကြိမ် နှုန်းလောက်ကွဲနေသလိုမို့ ဗမာပြည်သူတွေရော ၊ နိုင်ငံတကာကပါယဉ်ပါးနေပြီး ဗုံးကွဲတယ်ဆိုတာကို သိပ်စိတ်ဝင်တစားမရှိကြတော့တာ ကြာပါပြီ ၊ တိုင်းပြည်မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ခွဲတာနေမှာပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ် ၊ ခု ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော ၊ လူအများ အပြားထိခိုက်တာကြောင့်ရော ၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီးမားမားပုဂ္ဂိုလ် များနဲ့ အာဏာပိုင်အသိုင်းအ၀ိုင်းကြားထိခိုက်မှုများတာကြောင့်ရော ၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင်လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့ အမျိုးမျိုးပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါစိတ်ဝင်တစားရှိခဲ့တာပါ ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်ကဗုံးတွေနဲ့မတူပဲ သေဆုံးဒါဏ်ရာရစာရင်းတွေကိုချက်ခြင်း ထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ်တွေကနေလဲ (အာဏာပိုင်အဖွဲ့စည်းဝင်တွေထိပုံတွေနဲ့ အကြောင်းရာ ကလွဲရင်) ဓါတ်ပုံတွေနဲ့တကွဖေါ်ပြခွင့်ပေးခဲ့ပါတယ် ၊ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်းပေးမယ်လို့ တယကကြေငြာချက်ထုတ်ပြန်ပြီး ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာလမ်းဆုံလမ်းခွတွေ ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါတယ် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဌက ဗုံးပစ်လိုက် တာကို မြင်လိုက်ပြီးဝပ်လို့အော်လိုက်ကြောင်း ၊ ဗုံးပစ်သူတယောက်ကိုနေရာမှာတင်ဖမ်းမိကြောင်း စစ်အစိုးရစာပေစီစစ်ရေးကခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလဲ ဖေါ်ပြထားခဲ့ပါတယ် ။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးသုံးပါတ်အကြာမှာတော့ အားလုံးသိပြီးတဲ့အတိုင်း ရဲချုပ်ခင်ရီက အလွဲလွဲအချော် ချော်သတင်းစာရှင်းပွဲလုပ်ပါတယ် ၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူတယောက်ကို ဖမ်းမိ ထားတယ်ပြောပြီး VBSW , ABSDF , DAB , NCUB , KNU စတဲ့အဖွဲ့များစွာကိုလဲစွပ်စွဲလိုက်ပါတယ် ။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီအလွဲလွဲအချော်ချော်သတင်းစာရှင်းပွဲကို သေချာလေ့လာပြီးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူလို့စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန် တကယ်ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ ၊ စဉ်းစားစရာဖြစ်လာပါတယ် ။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရပြောတာတွေမို့လို့ လို့ ၊ စိတ်အခံကြောင့်လက်မခံ တာမျိုးမဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ဇတ်လမ်းဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီဆက်စပ်ပြနေတဲ့အလွဲ တွေကနေကို တွေးမိခဲ့တာပါ ။ အဲဒီမှာ ဘာကြောင့်လုပ်ကြံဇတ်ထွင်ရသလဲဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့်တရားခံအဖြစ်ပြခံရလဲဆိုတာ ပြောစရာရှိလာပါတယ် ။

အဓိကလုပ်ကြံဇတ်ထွင်ရတဲ့အကြောင်းက သူ့တပ်သူထိမ်းဘို့ပါ ၊ စစ်အစိုးရဟာ ဘယ်ပြည်သူဘာပြော ပြော ၊ ကမ္ဘာကဘာပြောပြော ဘယ်တုံးကမှဂရုမစိုက်ပါဘူး ၊ ကမ္ဘာနဲ့ပြည်သူတွေ ကိုလိမ်ဘို့ဆိုတာ ထက် သူ့တပ်ထဲမှာဖြစ်လာတဲ့ပြဿနာတွေကိုရှင်းဘို့ ၊ အာဏာရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ်အသိုင်းအ၀ိုင်းကိုပြန်လိမ်တာပါ ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များရဲ့သားသမီးတွေစုဝေးရာဖြစ်ပြီး ဗိုလ်ချုပ် မှုးကြီးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့်ခေါ်နေရွှေသွေးအောင်ပါ လာသွားနေခဲ့ပါတယ် ၊ အမှတ်(၄)စစ်ဒေသမှုးဗိုလ်မှုးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေသမဟုတ်ပဲ ဖိုးလပြည့်နဲ့ VIP သားသမီး များလုံခြုံရေးအတွက် သီးသန့်လာစောင့်ပေးနေရတာပါ ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ၀င်ထွက်ခွင့် တံဆိပ်ပါကားတွေရပ်ထားပြီး ဗိုလ်မှုးကြီးကိုယ်တိုင်လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှုးနဲ့မယကဥက္ကဌအပါအ၀င် လုံခြုံရေးများစွာရှိနေတဲ့ကြားမှာကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ် ၊ ဖိုးလပြည့်ကိုမကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း ၊ တခြား VIP သားသမီးတချို့ကိုမကြည်တဲ့တပ်တွင်းအသိုင်းအ၀ိုင်း ၊ ဗိုလ်မှုးကြီးအုန်းချိုကိုမကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း တခုခုကလုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ အမျိုးမျိုးဖြစ်လာခဲ့တာပါ ၊ ၂၀၁၀ ဇန္န၀ါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ် ၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှုး ဗိုလ်မှုးချုပ်ဝေလွင်နေအိမ်နဲ့ နယ်စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှုးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ် ၊ (သုံးလကျော်ကြာပြီးမှ ခု သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ ) ၊ ထောက်လှမ်းရေးအသိုင်းအ၀ိုင်းနဲ့ အရာရှိကြီးတွေသာသိခဲ့ပြီး ချယ်ရီဥယာဉ်အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ၀န်ထမ်းတွေနဲ့အလုပ်သမားတွေကိုတောင် အဲဒီဝန်းထဲမှာပဲကျိတ်ပြီးစစ်ခဲ့ပါတယ် ၊ တယောက်နဲ့ တယောက်လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့ ၊ အမိန့်အာဏာတွေကပေါ်နေ ပါတ်သက်နေ ကြတဲ့ အသိုင်းဝိုင်းဖြစ်တာကြောင့် ၊ သတင်းလုံခြုံမှုမရှိပဲ ပေါက်ထွက်လာပြီး ပြည်ပသတင်းဌာနတွေကနေ ပြောမှသိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား ၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာပိုကြီးစေခဲ့ပါတယ် ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပါအ၀င် ဗိုလ်ချုပ်ကြီးတွေ ကြားမှာမလုံမခြုံဖြစ်လာပြီး ဗုံးပေါက်ကွဲပြီးမကြာမှီ အဆင့်မြင့်အရာရှိတွေ နေပြည်တော်သွားလာခွင့် ကန့်သတ်လိုက်တာ ၊ လူအင်အား လက်နက် အင်အားစာရင်း ကြိုသတင်းပို့ရမှာတွေဖြစ်လာပါတယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကိုထိမ်းဘို့ ၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီးသန်းရွှေကိုနှစ်သိမ့်နိုင်ဘို့ ၊ စောက်သုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ထောက်လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဘို့ ၊ ပြည်သူတွေကြားမှာပြောနေတဲ့ စစ်အစိုးရကိုယ်တိုင်ခွဲတာပါကွာဆိုတာကို ရှင်းပြီးသားဖြစ်အောင်လို့ ၊ အတိုက်အခံတွေကို နိုင်ငံရေးအရထိုးနှက်ရအောင်လို့ စသဖြင့်အကြောင်း ရာတွေကြောင့် လုပ်ကြံဇတ်ထွင်ရခြင်းဖြစ်ပါတယ် ။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင်ဖြစ်ခဲ့ရ တာက ကိုဖြိုးဝေအောင်ပါ ၊ ဘာကြောင့်ကိုဖြိုးဝေအောင်က တရားခံအဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်း ဖန်တီးလွယ်မဲ့ဆက်စပ်မှုမှာရှိနေလို့ပါ ၊ ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ဇန္န၀ါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှုးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာအဖြစ် လုပ်ခဲ့ ဘူးသူတယောက်ဖြစ်ပြီး သံသယဖြစ်ဘို့ကောင်းသူတွေနဲ့ တချိန်ကတရင်းတနှီးနေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဘူးသူ ၊ ထောက်လှမ်းရေးတွင်ခံဝန်လုပ်ထားရသူဖြစ်ပါတယ် ၊ သင်္ကြန်အပြီး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာအားလုံးကိုဖမ်းတာမှာ ပြန်အဖမ်းခံခဲ့ရတာဖြစ်ပါတယ် ။

ပထမအကြိမ် ချယ်ရီဥယျာဉ်အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေရှေ့မှာစစ်ဆေးတာမျိုးမဟုတ်ပဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်စက်မှုမျိုးစုံနဲ့စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်ကနိုင်ငံရေးလုပ်ခဲ့တာ တွေ ၊ နိုင်ငံရေးနယ်ပါယ်ကသူတွေနဲ့ပါတ်သက်ခဲ့တာတွေကိုပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ် ၊ ( ဥပမာ) ၁၉၉၉ ခုက တောင်ကြီးမြို့ ၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံးအရေးအခင်းတွက်စာဖြန့်တယ် ဆိုပြီး ဌာနမှုးနဲ့ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီးကောင်းမွန်စွာနေထိုင်ကျောင်းတက်ပါမည် ဟု ၀န်ခံလက်မှတ်ထိုးဘူးကြောင်း ၊ ၂၀၀၇ သြဂုတ်လကုန်က ရှစ်လေးလုံးအရေးတော်ပုံ၁၉နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူးကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း ၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်းစာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင်ရေးသားဖြန့်ဝေခဲ့ကြောင်း ၊ တောင်ဥက္ကလာ ငွေကြာယံဘုန်ကြီးကျောင်းကို ထရန်စဖေါ်မာဆင်ပေးနေချိန်ဖြစ်၍ ၄င်းသံဃာတော် များနှင့်အတူ လမ်းလျှောက်စဉ်လိုက်ပါခဲ့ကြောင်း ၊ အတူလုပ်ခဲ့သူများမှာ ၂၀၀၇ ပြီးနောက်တွင် ထိုင်း နိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ် ။

မူလထဲက လက်တွေ့ကျူးလွန်သူတွေကိုမဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံအစားထိုးဘို့ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေးအုပ်စုဟာ ဖြိုးဝေအောင်နဲ့တခြားစွပ်ဆွဲသူတွေကို ဇွတ်ဆက်စပ်ရပါ တော့တယ် ၊ တခြားစွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာပါဝင်ပါတ်သက်တာဟုတ်မဟုတ် ဘယ်သူမှမပြော နိုင်ပေမဲ့ ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကထဲကအတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန် တွင်းအပြီးလုပ်ပေးမယ်လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီး နေ့/ည လုပ်နေကြောင်း ၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က တနေ့လုံးရန်ကင်းစင်တာမှာပဲရှိနေတယ်ဆိုတာ ကိုမျိုးကြီး ၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှတာဝန်ကျဝန်ထမ်းများ ၊ လုံခြုံရေးများလဲသိကြောင်း ၊ လာဖမ်း သွားပြီးနောက်နေ့တွင် ကိုမျိုးကြီးကမေးသဖြင့် သင်္ကြန်ဗုံးကိစ္စစစ်မေးရန်ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူရှိနေတာပဲ ၊ သူနဲ့မှမဆိုင်တာ ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ပြောကြောင်း ၊ ကျွန်မအမျိုး သားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကိုပြောသွားတာတွေ့ရပါတယ် ။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာချုပ်နှောင်ထားပြီး ၊ ၁၁.၅.၂၀၁၀ အင်္ဂါနေ့ က မိခင်ဒေါ်မာမာဆွေနဲ့ ညီဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅မိနစ်တွေ့ခွင့်ရခဲ့ပါတယ် ၊ ဒေါက်တာထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုမျိုးလုပ်ခံထားရပုံပေါ် နေပြီး တွေ့ခွင့်ရခဲ့တဲ့၁၅မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ် ၊ အဓိကကတော့ သူမတရားခံရတာဖြစ်ကြောင်း ၊ လုံးဝမပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့သိရပါတယ် ၊ ဇနီးဖြစ်သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီး ကိုယ်စား လှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကိုသွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့တွေ့ခွင့်မရခဲ့ပဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်ကလက်မှတ်ထိုးလုပ်ပေးရမဲ့ဟာလုပ်ပေးထားပြီးပြီ ၊ SB က ခွင့် မပြုသေးလို့ဟုပြောကြောင်း ၊ သူ့အမှုလိုက်သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြောသွားတာလဲ ကြားရပါတယ် ။

အဖြေကရှင်းပါတယ် ၊ ရှေ့နေပါဝါလွှဲခွင့်ပေးလိုက်ရင် ပုဒ်မတခုခုတပ်ထားတာပြောရတော့မယ် ၊ ထောင်ပို့ပြီဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ ၊ ခုကမိသားစုတောင် ဘာပုဒ်မနဲ့တရားစွဲမယ်မှန်း မသိခဲ့ရဘူးပြောပါတယ် ၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ)နဲ့ပါတ်သက်ပုံကိုမေးလို့ ကိုဖြိုးဝေအောင်ဆီကအဖြစ်မှန်သိရတဲ့အခါ ရှေ့နေက သက်သေပြလို့ရတဲ့သူတွေကိုလိုက် ဆွေးနွေး မယ် ၊ ကိုမျိုးကြီးခေါ်ကိုမျိုးမြင့်အောင်(BE.Civil)နဲ့ဆောက်လုပ်ရေးအလုပ်သမားတွေ ၊ ရန်ကင်းစင်တာ က ၀န်ထမ်းတွေနဲ့လုံခြုံရေးတွေသက်သေဖြစ်လာရင် လုပ်ကြံဇတ်လမ်းသတင်းစာရှင်းပွဲဆိုတာ ထင် ရှားသွားမယ် ၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး ၊ သက်သေပြခွင့်မပေး ၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုပဲ ဥပဒေမဲ့ တဘက်သတ်မတရားထောင်ချမယ်ဆိုတာ သေချာပါတယ် ။

အာဏာရှင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေကိုဖြေရှင်းချက်ပေးဘို့နဲ့ ထုံးစံအတိုင်းပြည်သူတွေကိုလိမ်ညာလှည့် ဖြားဘို့ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင်လက်အောက်မှာ လူတိုင်း အချိန်မရွေးသားကောင်ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်း ရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းဝန်းတိုက်ဖျက်ကြပါစို့ ။


Gamanii ပေးပို့ပါသည်