Tuesday, June 1, 2010

1 June 2010 ဒိုင်ယာရီ

1 June2010 yeyintnge Diary.doc 3.836 MB
1 June2010 Yeyintnge Diary

နအဖရဲ့ရွေးကောက်ပွဲကြီး ရောက်လာတော့မယ်တဲ့လား

ရဲဘော် ဖိုးသံချောင်း / ၀၁ ဇွန် ၂၀၁၀

ဒီတလောလုပ်နေတဲ့ နအဖစစ်ထိပ်သီးတွေရဲ့ လေးလပတ်အစည်းအဝေးပြီးရင် သူတို့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပိုမို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိလာရမယ်လို့ ယူဆရပါတယ်။ တိုင်းမှူးအသီးသီးဟာ ကိုယ့်နယ်မြေအတွင်း ရွေးကောက်ပွဲအတွင် ပြင်ဆင်မှုအခြေအနေတွေ၊ သူတို့ရဲ့ကြံ့ဖွံ့ပါတီအနိုင်ရနိုင်မှုအခြေအနေ၊ တခြားအင်အားတွေရဲ့အခြေအနေ စတာတွေကို တင်ပြ ဆွေးနွေးကြမယ်လို့လည်း ယူဆရပါတယ်။ ဒီအထဲမှာ တခြားဘယ်ပါတီတွေကို တည်ထောင်ခွင့်ပေးမယ်၊ မပေးဘူးဆိုတာတွေလည်း ပါဝင်မှာမုချပါပဲ။ တဆက်တည်း ဒီအချက်တွေအပေါ်မူတည်ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာမယ့်သဘောရှိပါတယ်။

လောလောဆယ်မှာတော့ နအဖဟာ ပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ရှိခွင့် လျှောက်ထားသူတွေထဲက ကချင် ပြည်နယ်တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီနဲ့ ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ကို တည်ထောင်ခွင့် မပေးသေးဘဲ ထစ်ထားတာ တွေ့နေရပါတယ်။ ဒါဟာ အဲဒီတိုင်းရင်းသားနယ်မြေတွေမှာ သူတို့ကြံ့ဖွံ့အနေနဲ့ ဘယ်လောက်ပဲညစ်ညစ် မနိုင်မှန်းသေချာနေလို့ ညစ်ထားတာ။ လျှောက်လွှာတင်ထားသူတွေ စိတ်ပျက်ပြီး ပြန်ရုပ်သိမ်းသွားအောင် စောင့်နေတာပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး အဲဒီပါတီထောင်ခွင့် လျှောက်ထားတာတွေကို ပယ်ဖျက်နိုင်ဖို့ အကြောင်းပြစရာရှာနေ၊ စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဲဒီအဖွဲ့တွေ စိတ်ပျက်မပျက် မသိရပေမယ့် နဂိုက ရွေးကောက်ပွဲဝင်မဟဲ့လို့ ခါးတောင်းကျိုက်၊ လက်မောင်းပင့်စောင့်နေကြတဲ့ တချို့ပါတီတွေနဲ့ လူတွေကတော့ ဗိုလ်သိန်းစိန်နဲ့ကြံ့ဖွံ့ထွက်လာကတည်းက ခေါင်းငိုက်စိုက်ကျသွားကြတာ တွေ့ရပါတယ်။ သူတို့ဟာ ရှုံးမှာသေချာနေတဲ့ ရွေးကောက်ပွဲအတွက် ငွေတွေအများကြီးသုံးရမှာကို လက်နှေးနေကြပါတယ်။ ဒါ့အပြင် စပေ့စ်ဆိုတဲ့ အသံတွေလည်း အပြောနည်းသွားတာ သတိထားမိပါတယ်။ ဒီအခြေအနေတွေအတိုင်းဆိုရင် ကြံ့ဖွံ့က ပြိုင်ဘက်မရှိ အနိုင်ရမယ့် နေရာတွေ အများကြီးတွေ့လာရဖို့ရှိပါတယ်။

ဒါတွေနဲ့တဆက်တည်း အခုတလော အပြောများလို့ အကြားများရတာကတော့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဘာခြားနားသလဲဆိုတဲ့ကိစ္စပါပဲ။ ဒီအထဲမှာ အခုလုပ်မယ့် ရွေးကောက်ပွဲက ပိုကောင်းတယ်၊ ပိုလွတ်လပ်ပွင့်လင်းမယ်လို့ ပြောတဲ့အသံ မကြားရသလောက်ပါပဲ။ ဒီရွေးကောက်ပွဲကို ရှေ့နေလိုက်ချင်သူတွေတောင်မှ ကောက်ကောက်ထဲက ကွေးကွေးရှာဆိုတဲ့အပြောမျိုး ပြောနေတာကို သတိထားမိကြမှာပါ။

နှိုင်းစရာမလိုတဲ့ ကိစ္စနှစ်ခုကို နှိုင်းတယ်ဆိုတာ သိနေပေမယ့် ပြောတဲ့သူတွေ ပြောနေကြတော့ အချက်အလက်တချို့ ထောက်ပြချင်လာမိပါတယ်။

ဒီရွေးကောက်ပွဲနှစ်ခုဟာ အခြားနားကြီးခြားနားပါတယ်ဆိုတာကို ထောက်ပြစရာအချက်တွေ အများကြီးရှိတဲ့ထဲက အဓိက အကျဆုံးအချက်ကို ထောက်ပြရရင် နအဖ ရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံပါပဲ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲပြီးလို့ နိုင်ခဲ့ရင် ကိုယ့်ဟာကိုယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြမယ်ဆိုတဲ့ (ဗိုလ်စောမောင်ပြောတဲ့စကား) မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲမှာကျတော့ နိုင်တဲ့လူတွေဟာ နအဖစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ လှောင်ချိုင့်ထဲကို ခုန်ဝင်ကြရမှာဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံရဲ့ ကျေးကျွန်ဖြစ်ရုံမက သမိုင်းတရားခံလည်း ဖြစ်မှာပါ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်မှာ အကန့်အသတ်တွေ ကြေညာထားတာ မရှိပါဘူး။ ဒါပေမယ့် ဒီတခါ ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာတော့ နအဖရဲ့ဖွဲ့စည်းပုံ ဥပဒေက ထူးခတ်သလို ခတ်ထားပါတယ်။

အရေးကြီးတဲ့ နောက်ခြားနားချက်တခုကတော့ ၁၉၉ဝ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့တိုက်ပွဲအရှိန်၊ အောင်ပွဲအသီးအပွင့် အဖြစ်နဲ့ ကျင်းပတာဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ ကျင်းပလိုစိတ်မရှိဘဲ ကျင်းပရတာ ဖြစ်ပါတယ်။ လူထုကြီးဟာ ဘာမှထပ်စည်းရုံးဖို့ မလိုလောက်အောင် စည်းလုံးညီညွတ်နေပါတယ်။ နိုင်ငံရေးပါတီတွေဟာဆိုရင်လည်း တစညကို အနိုင်ရရင်ပြီးရောဆိုပြီး မဲမကွဲအောင် အနစ်နာခံ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ အခု ဒီတခါ ရွေးကောက်ပွဲကျတော့ နအဖက သူ့စိတ်ကြိုက်ပြင်ဆင်ပြီး သူ့ဆန္ဒနဲ့သူ ကျင်းပတာဖြစ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ တက်ကြွမှုဆိုတာ သုညအောက်ရောက်နေပြီး အတိုက်အခံတွေကိုလည်း သွေးကွဲအောင် လုပ်ထားပါတယ်။

နောက်တခုက ကြံ့ဖွံ့ပါတီဝင်ပြိုင်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ကြံ့ဖွံ့နဲ့ ၁၉၉ဝ တုန်းက တစညကို တတန်းတည်းထားလို့ မဖြစ် ပါဘူး။ ဟိုတုန်းက တစညဟာ နန်းကျသွားတဲ့ စစ်အုပ်စုကို ကိုယ်စားပြုတာဖြစ်ပါတယ် (ဗမာပြည်က စစ်အုပ်စုတွေရဲ့ သမိုင်းအရဆိုရင် အာဏာနဲ့ကင်းကွာသွားတဲ့ အရင်စစ်အုပ်စုထိပ်သီးဆိုသူတွေဟာ ဘာမှအာဏာမရှိကြရုံမက အာဏာရစစ်အုပ်စုက ရမ်းတဲ့အခါ ကိုယ့်ကိုယမ်းချေးမပန်းအောင် ရှောင်နေရတာပါ)။ သူတို့ရဲ့ လက်ထဲမှာရှိနေတာဟာ မဆလပါတီဆီက အမွေရထားတဲ့ ဥစ္စာ ပစ္စည်းနဲ့ လူထုမုန်းတီးမှုသာ ဖြစ်ပါတယ်။ အာဏာအခွင့်အရေးမရှိပါဘူး။ ဒီနေ့ နအဖရဲ့ ကြံ့ဖွံ့ကျတော့ နအဖက ပုံပေးထားတဲ့ ဓနနဲ့ ရုပ်ဝတ္ထုအပြင် ဝန်ကြီးချုပ်အာဏာကိုင်ထားသူ ကိုယ်တိုင်က ပါဝင်တဲ့အပြင် နောက်ကွယ်မှာ ကြံ့ဖွံ့ အနိုင်ရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ နအဖအစိုးရတဖွဲ့လုံးနဲ့ စစ်တပ်ကြီးရှိနေပါတယ်။

၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ရှစ်လေးလုံးတိုက်ပွဲကြီးရဲ့ အရှိန်အဝါတွေ တဟုန်းဟုန်းတောက်နေဆဲဖြစ်တဲ့အလျောက် ဒီမိုကရေစီ လေထုဟာ လူထူအကြားမှာ ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အဲဒီတုန်းက အမျိုးသားဒီမိုကရေစီအပါအဝင် နိုင်ငံရေးအင်အားစုတွေကို စော်ကားမော်ကားပြောရဲတာ၊ နဝတအစိုးရကို ကာကွယ်ရေးသားပြောဆိုတယ် ဆိုတာတွေဟာ မရှိသလောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သစ္စာဖောက်-ခြံကူးပေါင်းစုံအပြင် အကျိုးအမျိုးမျိုးကို မျှော်ကိုးနေသူတွေဟာ နအဖဘက်ကနေ သဘောတရား ခင်းပေးတာ၊ ဆင်ခြေဆင်လက်ရှာပေးတာ၊ နအဖက မကြိုက်သူတွေကို ဆဲရေးတိုက်ခိုက်တာတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် ၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ပြည်ပနိုင်ငံတွေ၊ အစိုးရတွေဆီက အယူအဆရှုပ်ထွေးစရာ ပြောဆိုလုပ်ကိုင်တာတွေ မတွေ့ရသလောက်ဖြစ်ပြီး အခုတော့ အန်ဂျီအိုအမျိုးမျိုးက အယူအဆအမျိုးမျိုး ပြောနေတာတွေ ရှိသလို နိုင်ငံခြားရေးဝန်ကြီးပေါင်းးစုံ၊ အမတ်ပေါင်းစုံကလည်း သဘောထားတွေ အမျိုးမျိုးဖော်ပြနေကြပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ တကောင်ထဲပြိုင်တဲ့ မြင်းလိုဖြစ်မယ့် ကြံ့ဖွံ့ပါတီအဖို့ မဆလလိုလွှတ်တော်ထဲမှာ လွှမ်းမိုးဖို့ ဆိုတာ ဘာမှမခက်ပါဘူး။ သူတို့မျက်နှာထူရင်ထူသလောက် အမတ်နေရာရယူလို့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်၊ ရွေးကောက်ပွဲရလဒ် စတာတွေနဲ့ပတ်သက်လို့ ဘာမှစိတ်ဝင်စားစရာမလို၊ ဂရုစိုက်စရာမလိုပါဘူး။ မဆလခေတ်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုပြီး နောက်မှ အလုပ်သမားတွေကို သတ်တာ၊ ဦးသန့်အရေးအခင်းလိုရမ်းကားတာ စတာတွေပေါ်လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ စိတ်နေသဘောထားကို အရပ်ဝတ်လဲလိုက်တာနဲ့ ပြောင်းသွားလိမ့်မယ်ထင်တဲ့ လူလောက် နုံအတာ လောကမှာ မရှိတော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် တိုက်ပွဲဂွင် (ခွင်) မဟုတ်ပါဘူး။ ဒင်းတို့ရဲ့ စားခွက်လုပွဲသက်သက်သာဖြစ်ပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=1804

အာရှဓနဘဏ် ဦးအိုက်ထွန်းရဲ့ သားMRTV 3 အာ:ကျပ်သန်း တစ်သောင်းသုံးထောင်ဖြင့် အပြီးအပြတ် ၀ယ်ယူ


Money Laundering လုပ်တယ်လို့ ကျော်ကြားခဲ့တဲ့ အာရှဓနဘဏ် ဦးအိုက်ထွန်းရဲ့ သားရွှေတောင် ကုမ္ပဏီက MRTV 3 New Studio Complex မြေနှင့် အဆောက်အအုံအာ:ကျပ်သန်း တစ်သောင်းသုံးထောင်ဖြင့် အပြီးအပြတ် ၀ယ်ယူ

ရန်ကုန်မြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက် အအုံနှင့် မြေနေရာအား ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက် ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ သဘောတူ ခွင့်ပြုချက်ဖြင့် အပြီးအပြတ် ရောင်းချလိုက်ပြီ ဖြစ်သည်ဟု သိရှိရသည်။

ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက်သည် MRTV 3 New Studio Complex အဆောက် အအုံနှင့်မြေနေရာအား ငွေကျပ်သန်း ၁၃ç၀၀၀.၀၀၀ ဖြင့်အပြီးအပြတ်ဝယ် ယူခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ယင်းအတွက် Down payment ကျပ်သန်း ၂ç၀၀၀.၀၀ကို ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် ပေးသွင်းခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ ရွှေတောင် ကုမ္ပဏီအနေဖြင့် ငွေကျပ် သန်း ၄ç၅၀၀ ကို နှစ်နှစ်အတွင်း ပေးသွင်း ခွင့်ရမည်ဖြစ်ကာ ငွေကျန် ကျပ်သန်း ၆ç၅၀၀ ကို သုံးနှစ်အတွင်း ခြောက်ရစ်ခွဲ၍ ပေးသွင်းခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။

MRTV-3 New Studio Complex အဆောက်အအုံနှင့် မြေနေရာ အား ရွှေတောင်ကုမ္ပဏီအနေဖြင့် ငွေအပြီးသတ်ပေးချေပြီးပါက ပြန်ကြားရေးဝန်ကြီးဌာနက စနစ်တကျ လွှဲပြောင်းပေးသွားမည် ဖြစ်သည်။

ယင်းအဆောက်အအုံနှင့်မြေကို အပြီးအပြတ် အမည်ပေါက်ဝယ်ယူထားသူ ၀ဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင် (အုပ်ချုပ်မှုဒါရိုက်တာ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်) အား မြေဂရမ် ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူရမည်ဖြစ်သည်ဟု သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အအုံနှင့် မြေနေရာအပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရတနာပုံရုပ်ရှင်ရုံ မြေနေရာနှင့် အဆောက်အအုံကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးအား ငွေကျပ် ၉၂၀.၇၁၀ သန်းဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် နိုင်ငံပိုင် ၀န်ကြီးဌာန အဆောက်အအုံများအား ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများသို့ အပြီးအပြတ် ရောင်းချရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထိန်းသိမ်းထားသည့် အဆောက်အအုံပေါင်း ၂၀ ကျော်ရှိပြီး ယင်းတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာနစုပေါင်း ရုံးများ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုပေါင်းရုံး များ၊ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးရုံး၊ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန(သိမ်ဖြူ)ရုံး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန(ဗိုလ်မြတ်ထွန်းလမ်း နှင့် ကုန်သည်လမ်းထောင့်)၊ ပို့ဆောင်ရေးဝန်ကြီးဌာန (သိမ်ဖြူလမ်း နှင့် ကုန်သည်လမ်းထောင့်)၊စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးရုံး (ပြည်လမ်း)၊ မြန်မာနိုင်ငံ စာစစ်အဖွဲ့(အနော်ရထာလမ်းနှင့် လသာလမ်းထောင့်)၊ သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီးရုံး (ဗိုလ်ချုပ်လမ်း) စသည့် အဆောက်အအုံ များ ပါဝင်သည်ဟု သိရှိရသည်။
http://www.baymyanmar.com/2010/06/money-laundering-mrtv-3-new-studio.html

This Mansion is belongs to: The Senior General of Myanmar



























This Mansion is in Naypyidaw, the new capital of Burma and belongs to:

The Senior General of Myanmar ( Burma ) -

while his people starve, and die because of no medical help....
and we are asked to help his people over and over again...
he and his family live like this.......his GREED kills his people.....

If you send this to everyone you know, they can send it to everyone they know;
soon the whole world will know what this man is doing to his people.

Update on hunger strike to push for ICC


I informed you about the hunger strike staged by a Burmese Canadian activist, Ko Aung Moe @ Myo Lwin Aung in front of the White House in DC, starting from Monday. He requested US and the world leaders to support the establishment of inquiry commission to investigate war crimes and crime against humanity in Burma committed by the junta.

Burmese American activists and supporters join him daily. He received wide range of support including US Campaign, NCGUB Prime Minister Dr. Sein Win (Burmese exiled government); also received many media interviews / coverages. He and supporters also staged a bigger demonstrations during American Memorial Day long weekend coincide with 20 year anniversary of NLD election victory on May 17, 1990. His strike was successfully ended this evening. He is coming back to Canada end of this week.

Thanks for your support.
zaw.w.kyaw@gmail.com

Canada Meeting - DASSK birthday, G8 / G20


I would like to invite you to attend the following meeting:

Date: Sat June 5, 2010
Time: 3 PM
Place: Burmese Python Soccer Club
bloor & lansdown
Toronto

Tentative Topics to discuss:
- Vigil to honour DASSK's birthday
- Offer soon (lunch) to the monks for DASSK's birthday
- Burma issue at G8: the Vigil is also part of our efforts to persuade the Government of Canada to include the Burma elections on the G-8 agenda.
- Participating at the G8/G20 People Summit

Thank you.

ဒီပဲယင်း(၇) နှစ်မြောက် Nagoya လှုပ်ရှားမှု



(Japan)နိုင်ငံ(Nagoya) မြို့ ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ (၃၀.၀၅.၂၀၁၀) နေ့တွင်
(၇) နှစ်မြောက် ဒီပဲယင်း ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် (၂၀၁၀ ) ရွေးကောက်ပွဲအား
ဆန့်ကျင်သောလက်မှတ်ရေးထိုးတောင်းဆိုဆန္နပြပွဲအားအောင်မြင်စွာကျင်းပခဲ့ကြပါသည်...။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( အမေရိကန် ) ဌာနခွဲ ဒုတိယအကြိမ်မြောက် ညီလာခံ မှ သဘောထားထုတ်ပြန်ကြေငြာချက်နှင့်ေ၇ွးကောက်ပွဲသတင်းထုတ်ပြန်ချက်

Press Release of the NLD
Nld Election

Woman's mouth-shaped 'kisses' urinal flushed out of Hamilton eatery after outcry

Woman's mouth-shaped 'kisses' urinal flushed out of Hamilton eatery after outcry


PAT HEWITT
May 31, 2010 5:34 p.m.
A urinal shaped like a woman's wide-open mouth has been flushed out of the men's room of a Hamilton eatery following a nearly year-long public outcry.

The glossy, red-lipped loo at The Honest Lawyer restaurant sparked a letter writing campaign that attracted almost 1,100 people, including Ontario's NDP leader and Hamilton's mayor.

Some people argued the "Kisses! urinal" — manufactured by Bathroom Mania! in the Netherlands — was art or just a joke.

The Woman Abuse Working Group, a coalition of 24 organizations, disagreed and led efforts to oust what it considered to be an offensive water closet.

Lenore Lukasik-Foss, chairwoman of the group, said Monday she's "shocked, excited and thrilled" that it's gone.

"It's not a joke to pee into a woman's mouth," she said.

The group was concerned about women's safety and the message the urinal, which had been there since the restaurant opened in February 2007, sent to men in the bar.

"They're drinking and maybe hoping to connect with a special person and then they're going to the bathroom and peeing into a woman's mouth," said Lukasik-Foss, who's also director of the Sex Assault Centre.

"Granted it's sort of a cartoonish version, but still it's clearly a woman's mouth."

Ontario NDP Leader Andrea Horwath, who had sent a letter to owner Greg Sandwell asking him to consider the outcry from women's groups, said she was pleased it had been removed.

"It was something that was causing a great deal of concern around the Hamilton area," said Horwath, who represents the riding in which the restaurant is located.

"I've been to the Honest Lawyer with many different people, including men, and nobody ever gave me the heads up."

Sandwell could not immediately be reached for comment.

On its website, the manufacturer says "'Kisses!' transforms a daily event into a blushing experience."

It also adds: "This is one target men will never miss."

Meike van Schijndel said in an email from Holland that she devised the design for an art school project, and lots of men and women like the "cartoonish looking mouth."

"The thought that this urinal only represents a man peeing in a woman's mouth never even occurred to me while making it," said van Schijndel, who added interpretation of her work lies in people's imaginations.

"Luckily for all those women who feel offended, they will never run into a 'Kisses' at a restroom."

While the designer defends the urinals as sensual art, a complaint led a McDonald's outlet in The Netherlands to remove them in 2006. The complainant was an American who saw her work in a magazine, not in real life, said van Schijndel.

The designer said a "bad" copy of her work was removed from a public washroom near Austria's national opera in Vienna in 2006 after complaints from politicians.

In 2004, Virgin Airways apologized and ditched plans to install a pair at its lounge at New York's John F. Kennedy airport after the National Organization for Women called them "degrading."
http://www.metronews.ca