Monday, June 7, 2010

ကနေဒါမှ G-8....G-20 အစီအစဉ်များ


Deerhurst Resort Huntsville. Ont., တွင် 2010 G8 Summit ကို June 25 & 262010တွင်ကျင်းပပြီးG20 summit ကို Toronto Convention Centre တွင် June 25 and 26, 2010.မှာကျင်းပမည်ဖြစ်သည်။
တချိန်တည်းမှာပင်ကမ္ဘာတလွှမ်းမှပါဝင်သောPeopleSummitကို၎င်းတို့နှင့်အပြိုင်ကျင်းပမည်ဖြစ်ရာ
CanadianCampaign for Free Burma(CC4FB)အနေဖြင့်RyersonUniversity.တွင်
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့June19နေ့လည်တွင်အချိန်တနာ၇ီခွဲခန့်မြန်မာနိုင်ငံအတွက်ရှင်းလင်းတင်
ပြခွင့်ရမည်ဖြစ်သည်။အောက်တွင်PeopleSummitပြုလုပ်မည့်အစီအစဉ်များပါရှိပါသည်။
Canadian Campaign for Free Burma (CC4FB) အနေုဖြင့်descriptionsပေးပို့ထားခြင်းမရှိသေးပါ။
ပြီးခဲ့သည့်စနေနေ့ကပြုလုပ်သည့်အစည်းအဝေးတွင်Video presentationမိနစ်၂၀စာတင်ပြရန်
လျာထားခဲ့ကြသည်။တင်ပြရန်..အောက်ပါအတိုင်းလျာထားပြီးအဆိုပါအချက်အလက်နှင့်အံဝင်မည့်Video Clipsများလိုအပ်နေပါသည်။ မိနစ်၂၀စာအပြည့်ဖြစ်စေ..Section အလိုက်ဖြစ်စေ yeyintcanada@gmail.comသို့ပေးပို့ရန်အကူအညီတောင်းခံအပ်ပါသည်။ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
June 19 တွင်မဟာဓမ္မိကကျောင်းတွင်နေ့လည်ဆွမ်းမွေးနေ့အလှုပြုလုပ်ပြီးRyerson Universityသို့တန်းသွားကြမည်ဟုစီစဉ်ထားပါသည်။ထိုတပတ်လုံ; Queen park Perlimentတွင်ဆန္ဒပြသူများနှင့်လည်းစည်ကားမည်ဖြစ်၍ Prime Minister Stephen Harper Governmentအနေဖြင့်G8-20Summitအတွက်1.2ဘီလီလျံသုံးစွဲမည်ဖြစ်သဖြင့်ကနေဒါပြည်သူများ
ပွစိပွစိဖြစ်နေကြသည်။

Video presentation..
Burma has been under oppressive military rule since 1962.The military regime has a human rights record which Human Rights Watch calls “deplorable”. Forced labour, summary executions, rape, torture, religious persecution, the use of human minesweepers and the recruitment of child soldiers are routine. The UN Special Rapporteur on human rights in Burma, Tomás Ojea Quintana, has recommended in his March 2010 report that the UN should consider establishing a Commission of Inquiry into war crimes and crimes against humanity by the Burmese government.

In 1988, mass street protests demanding democracy and human rights ended with the massacre of thousands, and the arrest and torture of many more. Responding to increasing pressure, the regime conducted elections in 1990. Aung San Suu Kyi and her National League for Democracy (NLD) won the vote by a landslide. Instead of honouring the national vote, the regime put Suu Kyi under house arrest, imprisoned her supporters and fellow politicians and then embarked on their own ‘roadmap to democracy.’

The Saffron Revolution in September 2007, saw hundreds of thousands of civilians joining Buddhist monks in daily peaceful marches, calling for democracy. On 26 September the regime answered their calls by opening fire, raiding monasteries and arresting hundreds, many of who remain in prison. Records of the numbers killed vary greatly. Sadly, due to secret nighttime cremations conducted by the regime, the true death toll of the Saffron Revolution will never be known.

One step in the regime’s roadmap was the drafting of a new constitution. In 2007, 14 years after the drafting committee was formed, the constitution was declared completed. The regime conducted their sham constitution referendum a few days after the devastating cyclone Nargis in May 2008 that caused the loss of 150,000 lives and affected 3 million people. The United Nations’ request for international observers to monitor this vote was denied by the military regime.

This constitution, which reserves 25% of parliamentary seats for the military and ensures that the most powerful new institution, the National Security Council, will be completely controlled by the generals, is not available for the population to read – they were asked to vote on a document they did not know. Anyone found speaking out against this constitution is automatically sentenced to a minimum of three years in Burma’s prisons – notorious for torture.

In March 2010, the junta announced unjust new electoral laws in preparation for the elections planned for later this year. The election laws prohibit Suu Kyi and political prisoners from being members in political parties. This is clearly another step in the wrong direction taken by the military authorities. The political party registration law makes a mockery of the democratic process and ensures that the upcoming elections will be devoid of credibility.

The SPDC has ignored numerous demands from the UN and world leaders to release all political prisoners including Suu Kyi and ethnic leaders, work towards national reconciliation and hold an all inclusive, credible election which would create a democratic Burma. We cannot allow the loss of yet another generation to this oppressive rule.

Canadians are united in our condemnation of the military regime that has ruled Burma for 48 years. The Canadian Campaign for Free Burma deplores the Burmese military's history of human rights violations and their arrogant refusal to recognize the result of the free and fair election they themselves conducted in 1990 and was won in a landslide by Suu Kyi’s party, the National League for Democracy, now defunct by the junta’s 2010 election law.

Prog and Log Sheet1


SCHED - Prog and Log Sheet1

Workshop Descriptions
Workshop Descriptions

7 May 2010 ဒိုင်ယာရီ

7 June 2010 yeyintnge Diary.doc 4.497 MB
7 June 2010 Yeyintnge Diary

Voice of Burma Issue No.765

http://ifile.it/jkg9h0n
VOB765KK

“နေပြည်တော် လမ်းဆုံ”


မောင်တောမြို့မှ ပြည့်တံဆာတန်းကို ပြည်သူများက “နေပြည်တော် လမ်းဆုံ” အမည်ပေး

ရခိုင်ပြည်နယ် မောင်တောမြို့မှ မကောင်းမူ လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်နေသည့် လမ်းဆုံ တခုကို ဒေသခံ ပြည်သူများက “ နေပြည်တော် လမ်းဆုံ” ဟု အမည်ပေးထားကြောင်း ဒေသခံ ပြည်သူ တဦးက ပြောသည်။

“ဘယ်သူက စပေးလိုက်သလဲဆိုတာတော့ ပြောရခက်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းဆုံကို လူတိုင်းက နေပြည်တော် လမ်းဆုံ ဆိုပြီး ခေါ်နေကြပါတယ်။ အဲဒီလမ်းဆုံမှာ ဘီယာဆိုင်၊ အရက်ဆိုင်၊ ဗွီဒီယိုရုံတွေနဲ့ ဖါခန်းတွေပါ ရှိနေပီး ညနေပိုင်းကျရင် အထူးစည်ကားပါတယ်။ လူတွေက အဲဒီနေရာကို နေပြည်တော် လမ်းဆုံဆိုပီး ခေါ်ကြပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ မကောင်းမူ ဒုစရိုက် လုပ်ကိုင်နေသော ပြည့်တံဆာတန်း တခုကို မြန်မာ နိုင်ငံ၏ အစိုးရ ရုံးစိုက်ရာ မြို့တော် တခုဖြစ်သော “ နေပြည်တော်” နာမည်အား လူထုများက ပေးထားခြင်းမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အနေဖြင့် အဆိုပါ လုပ်ငန်းများတွင် ပါဝင်ပတ်သက်မူ ရှိနေပြီး တချို့ ရဲအရာရှိများမှာ အဆိုပါ လုပ်ငန်းမှ လာဒ်ငွေများ ယူနေကြသည့် အပေါ် မကျေနပ်ရာမှ ဒေသခံများက နေပြည်တော် လမ်းဆုံဟု အမည်ပေးထားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခု ပြည်သူများ အမည်ပေးထားသော နေပြည်တော် လမ်းဆုံမှာ မောင်တောမြို့ ညောင်ချောင်း ကျေးရွာ လမ်းဆုံ ဖြစ်ပြီး ရွှေရင်အေး နတလ စံပြကျေးရွာနှင့် ကပ်ရပ် ဖြစ်သည်။

“အဲဒီနေရာမှာ မကောင်းမူလုပ်ငန်းတွေက စည်းမဲ့ ကမ်းမဲ့ ဖြစ်နေပါတယ်။ အတားအဆီး မရှိ ဖြစ်နေပါတယ်။ ညဆိုရင် ကာရာအိုကေတွေနဲ့ ပိုပီး အခြေအနေ ဆိုးပါတယ်။ သက်ဆိုင်ရာ ခယကနဲ့ မယက တာဝန်ရှိသူတွေကလည်း ဘာမှ အရေးယူ ဆောင်ရွက်တာ မရှိပါဘူး။ အားတော့နာပါတယ်။ ကြိုက်တဲ့ အချိန်မှာ ပြည့်တံဆာမတွေနဲ့ ခေါ်အိပ်လို့ ရပါတယ်။ လမ်းသွားလမ်းလာတွေနဲ့ အနီးအနားက ပြည်သူတွေအတွက် အထူး ထိခိုက်နေပါတယ်” ဟု သူက ဆက်ပြောသည်။

တခြားမြို့ခံ တဦးကလည်း နေပြည်တော် လမ်းဆုံ ဆိုရင် လူတိုင်း သိကြောင်းနှင့် နေ့စဉ် စစ်တွေမှ တဆင့် မကောင်းမူလုပ်ငန်းများ လုပ်ကိုင်သူ အမျိုးသမီးများ သင်္ဘောဖြင့် ရောက်ရှိနေကြောင်း သူက ယခုကဲ့သို့ ပြောသည်။

“မိန်းခလေးတွေက အသက် ၁၄ နှစ် အရွယ်၊ ၁၅ နှစ် အရွယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဆင်းရဲ ကျပ်တည်းတဲ့ အတွက် ရခိုင်ပြည်နယ် အနှံ့ကလာပြီး လာရောက် လုပ်ကိုင် ကြတာပါ။ ခေါင်းတွေက သူတို့ကို ရခိုင်ပြည်အနှံ့ နေရာတွေက လိုက်ရှာပီး သင်္ဘောနဲ့ စစ်တွေက ဘူးသီးတောင်ကို ယူလာပါတယ်။ ဘူးသီးတောင်က တဆင့် မောင်တောကို ပို့ပီး ခုလို လုပ်ကိုင် စားသောက်နေကြတာ ဖြစ်ပါတယ်။ တနေ့ကလည်း ကောင်မလေး ၄ ဦး သင်္ဘောနဲ့ အသစ် ရောက်လာတယ်ဆိုပီး ကြားရပါတယ်” ဟု ပြောသည်။

ယခုအခါ ကမ္ဘာ့ဖလားပွဲ အတွက် ဘော်လုံး လောင်းမည့် လောင်းကစားဒိုင် အများအပြားကို ရဲတပ်ဖွဲ့က မောင်တောတွင် ဖွင့်လှစ်ခွင့် ပြုထားရာ ဘော်လုံးလောင်းသူများ ပျော်ပါးရန်အတွက် ဘော်လုံး ဒိုင်များ၊ ကရာအိုကေ ဆိုင်များနှင့် ဖါခန်းများမှ ပြည့်တံဆာ အသစ်များကို အနယ်နယ် အရပ်ရပ်မှ ခေါ်ယူ စုဆောင်းထားကြောင်း သတင်း ရရှိသည်။

အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ

အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဇွန် ၆၊ ၂၀၁၀
ဒေါ်စု ၆၅၊ အင်န်အယ်ဒီ မိတ်ဆွေများ နဲ့ အာဏာရှင်နိုင်ငံရေး

မေလရဲ့ အထင်ကရ နေ့တွေဖြစ်တဲ့ မေ ၂၇ - ၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်၊ မေ ၃၀ - ဒီပဲယင်း လုပ်ကြံမှုကြီး နှစ်ပတ်လည် ရက်တွေဝန်းကျင်မှာ မြန်မာပြည်တွင်းကို အနောက်နိုင်ငံက အစိုးရဧည့်သည်တော်များ၊ ကိုယ်စားလှယ်များ ၀င်ထွက်သွားလာနေခဲ့ကြပါတယ်။ အင်န်အယ်ဒီရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ခြင်း မရှိဘူး၊ အဲသည် ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို အနောက်နိုင်ငံများက အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က နားလည်ကြောင်း၊ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
အဲသည်နောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့ နူကလီယားစီမံကိန်းပေါက်ကြားခြင်း၊ တရုတ်ခေါင်းဆောင် လည်ပတ်ခြင်းနဲ့ အမေရိကန်ရဲ့ စေ့စပ်ရေးသမား ဂျင်ဝက်ခရီးစဉ် ဖျက်သိမ်းခြင်းတို့ ဖြစ်ပွားလာခဲ့ပါတယ်။ ဒါ့အပြင် လာမည့် ဇွန် ၁၉၊ ၂၀ ရက်သတ္တပတ်မှာ တိုင်းပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲတွေ နိုင်ငံတကာက တခဲနက် ကျင်းပကြဖို့လည်း တာစူပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အဲသည် အချက်အလက်တွေပေါ်မှာ အခြေခံပြီး ဦးဝင်းတင်နဲ့ မေးခွန်းများ မေးဖြစ်ပါတယ်။
ပထမဦးဆုံးအမေးကတော့ လာမည့် ဇွန် ၁၉၊ ၂၀ ရက်တွေမှာ ပြည်ပက မြန်မာအသိုင်းအ၀ိုင်းတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာမိသားစုတွေက “ထုံးစံအတိုင်း” ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားတွေ လွတ်လွတ်လပ်လပ်နဲ့ ကျင်းပကြဦးမယ် ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာကတော့ ယခင်တုန်းက ပါတီဌာနချုပ်မှာ မွေးနေ့အခမ်းအနားကို စစ်တပ်နဲ့ ကြံ့ဖွံ့အင်အားစုတွေ ၀ိုင်းယံကန့်သတ်မှုတွေရဲ့ အလည်ခေါင်မှာ အင်န်အယ်ဒီပါတီအင်အားစုချည်း ထီးထီးနဲ့ ကျင်းပလေ့ရှိရာကနေ ယခုနှစ်မှာ ဘယ်လိုမျိုး ကျင်းပဦးမှာလဲ ဆိုတာ ဖြစ်ပါတယ်။
“ဂျပန်တို့ သြစတြေးလျတို့မှာ ကျင်းပကြမယ့် အခမ်းအနားတွေအတွက် ကျနော်ကို စကားလက်ဆောင် ပြောခိုင်းကြတယ်။ ကျနော် ပြောပေးဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ပြည်ပက မြန်မာမိသားစုတွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကလည်း ဒီနှစ် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ် မွေးနေ့ ကျင်းပကြတဲ့ နေရာမယ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာမက၊ သူဦးဆောင်တဲ့ အင်န်အယ်ဒီပါတီတရပ်လုံးကိုပါ နိုင်ငံရေးအရ ၀ိုင်းဝန်း ထောက်ခံ အားပေးကြတဲ့ အထိမ်းအမှတ်မျိုးတွေ ပြကြ၊ လုပ်ကြလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”
အဲသည်မှာ ၀င်မေးမိတာတခုက ဆန်ဖရန်စစ္စကိုက မြန်မာအရေးလှုပ်ရှားသူများ၊ အဖွဲ့အစည်းများကနေပြီး မေလ ၂၇ အထိမ်းအမှတ်မှာ ၉၀ ရွေးကောက်ပွဲကို ဆက်လက်အသိအမှတ်ပြုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီရဲ့ ဦးဆောင်မှုကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ပြီးတော့ အဲသည်ရဲ့ လှုပ်ရှားမှုကွန်ယက်ကို “အင်န်အယ်ဒီမိတ်ဆွေများ” လို့ ထုတ်ဖော်လိုက်တယ်။ အဲသည်လိုမျိုး မြန်မာမိသားစုတွေ အသိုင်းအ၀ိုင်းတွေက ထုတ်ဖော် ပြသမှုတွေကို ကြိုဆိုပါသလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ဒါကို ကျနော်တို့က သဘောကျပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ မြန်မာပြည်မိတ်ဆွေများတို့၊ ဒေါ်အောင်ဆန်းစုကြည်မိတ်ဆွေများ တို့ စသည်ဖြင့် ပြောဆို ဆောင်ရွက်ကြတာတွေ ရှိတော့ မြန်မာတွေကြားထဲမှာလည်း အခုလို အင်န်အယ်ဒီမိတ်ဆွေများ ဆိုတာက ရင်းနှီးတဲ့ ကောင်းမွန်တဲ့ သဘောကို ပြတယ်လို့ မြင်ပါတယ်။ ဆက်ပြီး တိုးတက်လာမယ်လို့လည်း မျှော်လင့်ပါတယ်။
ဒေါ်စုဟာ တိုင်းပြည်ခေါင်းဆောင်ဖြစ်တယ်။ ပြည်သူတွေရဲ့ ခေါင်းဆောင်ဖြစ်တယ်။ အဲသည်လိုပဲ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ အခုအင်န်အယ်ဒီရဲ့ ရပ်တည်ချက်နဲ့ ဒေါ်စုရဲ့ ရပ်တည်ချက်ဆိုတာကလည်း တသဘောတည်း၊ တသားတည်း ဖြစ်နေတယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ကျင်းပပြီးတော့ ဂုဏ်ပြုကြတဲ့နေရာမယ်၊ ဒေါ်စုနဲ့ အင်န်အယ်ဒီကို အတူတူ တွဲပြီး၊ ထောက်ခံတယ်။ In solidarity ရှိနေတယ် ဆိုတာကို အများက ၀ိုင်းပြီး ပြသကြဖို့ တိုက်တွန်းတဲ့ သဘောပါပဲ။”
အဲသည်မှာ ပြန်ပြီး အစကောက်တဲ့ မေးခွန်းကတော့ ပြည်တွင်းက အင်န်အယ်ဒီပါတီက မည်ကဲ့သို့သော မွေးနေ့အထိမ်းအမှတ်ပွဲကို ဆောင်ရွက်ကြမလဲ ဆိုတာပါပဲ။ စစ်တပ်က သာမန်ပြည်သူအများ ၀င်ထွက်သွားလာမှုခက်ခဲအောင် ကန့်သတ်ပိတ်ဆို့ဖြတ်တောက်ထားလို့ သီးခြား အထီးကျန်နေတဲ့ ပါတီဌာနချုပ်တွင်းမှာ အခမ်းအနားလုပ်ကြဦးမှာလား ဆိုတာ ဖြစ်ပါတယ်။
“ဒီနှစ်ကတော့ ပါတီဌာနချုပ်မှာ မွေးနေ့ပွဲတွေ ဘာတွေ လုပ်ဖို့တော့ မဖြစ်တော့ဘူးကွ။ အခု အင်န်အယ်ဒီပါတီရဲ့ အမျိုးသမီးခေါင်းဆောင်တဦးရဲ့ နေအိမ်မှာ အခမ်းအနား ကျင်းပကြမယ်။ ရပ်ကွက်တွေထဲ၊ လူထုကြားထဲမှာ လူငယ်တွေက နေရာအတော်များများမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီဟာ အတူတူ တသားတည်း ရှိနေတယ်၊ လူတွေကြားထဲမှာ အားလုံး ရှိနေကြတယ်ဆိုတဲ့ သဘောမျိုးကို ထုတ်ဖော်တဲ့ မွေးနေ့ပွဲတွေပဲ ဖြစ်မယ်လို့ ပြောချင်ပါတယ်။”
အဲဒီနောက် ဆရာဦးဝင်းတင်ကို လက်ရှိ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးကိစ္စများအပေါ် သဘောထားကို မေးဖြစ်ပါတယ်။ ဇွန်လမတိုင်ခင်မှာ အနောက်နိုင်ငံများက (အမေရိကန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံများ) အင်န်အယ်ဒီပါတီရဲ့ ရပ်တည်ချက်ကို လေးစားတယ်၊ အင်န်အယ်ဒီပါတီကို ဆက်လက်ထောက်ခံသွားမယ် စသည်ဖြင့် ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဇွန်လဆန်းမှာတော့ တရုတ်ပြည်က ၀န်ကြီးချုပ် ၀န်ကြားပေါင်က လာရောက်လည်ပတ်တယ်။ ၂ နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးကြတယ်လို့ ဆိုတယ်။ အဲသည်မှာ အနောက်အုပ်စုနိုင်ငံများကဲ့သို့ အင်န်အယ်ဒီနဲ့ လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခြင်း၊ သဘောထားထုတ်ဖော်ခြင်း မရှိဘူး ဆိုတာကို မေးမြန်းပါတယ်။
“အရင်ကလည်း မရှိပါဘူး။ တရုတ်နိုင်ငံက အဓိက စိတ်ဝင်စားတာက မြန်မာနိုင်ငံရေးလည်း မဟုတ်ဘူး။ ဒေသဆိုင်ရာ နိုင်ငံရေးလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံနဲ့ သူအနေနဲ့ အဓိက အာရုံရှိနေတာက သူနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်မှု ရှိရေးပဲ ဖြစ်ပါတယ်။ ဒါကို အခုခရီးစဉ်ကို ကြည့်လိုက်ရင် ထင်ရှားပါတယ်။ သေချာထပ်ကြည့်ပြီးပြောရင် - သူတို့ပြောတဲ့ Political Stability ဆိုတာက မြန်မာပြည်ရဲ့တိုင်းရင်းသားတွေရဲ့ အရေးတောင်မှ မဟုတ်တော့ဘူး။ သူတို့စိတ်ဝင်စားတာက နယ်စပ် Stability ပဲ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ သူတို့က မြန်မာပြည်နဲ့ ပတ်သက်ရင် National Interest လည်း မရှိဘူး၊ Political Interest လည်း မဟုတ်ဘူး။ ဒါက Border Interest ပဲ ရှိတယ်လို့ ပြောချင်ပါတယ်။”
အဲသည်အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်မှာပဲ အနောက်အုပ်စုဖက်က မြန်မာပြည်ရဲ့ အနုမြူစီမံကိန်းတွေ ကို ရေးကြီးခွင်ကျယ် ထုတ်ဖော် ပြောဆိုလာတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ အမေရိကန်ရဲ့ စေ့စပ်ရေးသမား (လို့ နာမည်ထွက်သူ) ဂျင်ဝက်ဘ်က မြန်မာခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ အဲသည်အခြေအနေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လမ်းကြောင်းအတွက် ဘယ်လိုမျိုး သက်ရောက်သလဲ။ အကောင်းလား၊ အဆိုးလား ဆိုတာ ဖြစ်ပါတယ်။
“ ဂျင်ဝက်ဘ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောရရင်တော့ သူက စစ်အစိုးရနဲ့ ဒေါ်စုကို စေ့စပ်ဆွေးနွေးပေးနိုင်တဲ့သူ၊ နားလည်မှု ယူပေးနိုင်တဲ့သူလို့ ဂုဏ်ဖော်ထားသူ ဖြစ်တယ်။ ဒါပေမယ့် အယင်ခရီးစဉ်မှာ ဒေါ်စုပြောတဲ့ နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုသဘောထားကို (Sanction) အပြင်ကို ပြန်ပြောတဲ့နေရာမှာ လွဲနေတာတွေပါလာတယ်။ သူ မပြောတဲ့ဟာတွေ ဂျင်ဝက်က ပြောတယ်ပေါ့ကွာ။
အခုဒီတခါတွေ့ကြရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်ဒီဖက်က လူငယ် ၂ ဦးကို စကားဝိုင်းမှာ သက်သေအနေနဲ့ အတူရှိရအောင်လို့ တောင်းဆိုထားတာ ရှိတယ်။ ဒါကိုလည်း စစ်အစိုးရက ခွင့်ပြုမလား မသိရသေးဘူးပေါ့ကွာ။ အခုကျတော့ ဂျင်ဝက်ဘ်က ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ် ဆိုတော့ ဒါတွေက အကောင်အထည် ပေါ်မလာတော့ဘူးပေါ့။
သို့သော် ကျနော်တဦးတည်းရဲ့ သဘောထားပြောရရင်တော့ နိုင်ငံတကာက ထောက်ထားစာနာမှုတွေ ရှိအောင်၊ နားလည်မှုတွေ ရအောင်ကတော့ လာတွေ့ချင်တဲ့သူတွေကို ကျနော်တို့က လက်ခံတွေ့ဆုံရမှာပဲ ဖြစ်တယ်။ ကြိုတင်ပြီး ငြင်းနေလို့တော့ မရဘူး။ အခုလို ဂျင်ဝက်ဘ်လိုလူမျိုးကို ကျနော်တို့ဖက်က သံသယရှိတယ်ဆိုတာကို ပြချင်တယ်ဆိုရင်လည်း ဥပမာ တခြားအင်န်အယ်ဒီခေါင်းဆောင်တွေ တွေ့ကြ၊ ကျနော်ကတော့ မတွေ့ဘဲနေမယ် ဆိုတာမျိုးတော့ လုပ်နိုင်တယ်။
နောက်ပြီး ပြောနိုင်တာကတော့ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယုံကြည်မှုတည်ဆောက်ရေးကိစ္စက ဟိုတုန်းကတည်းက ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ဆိုတာ ရှိခဲ့ပြီးပြီပဲ။ တခြား ကြားလူတွေ မလိုပါဘူး။ အဲဒီအဆင့်ကနေ ဆက်သွားချင်ရင် နိုင်ငံရေးကိစ္စတွေ ဖြစ်တဲ့ ရွေးကောက်ပွဲတို့၊ အခြေခံဥပဒေတို့၊ တိုင်းရင်းသားအရေးတို့၊ နိုင်ငံရေးအကျဉ်းသားတို့ စတာတွေကို ဆက်လက် ဆွေးနွေး ညှိနှိုင်းလို့ ရနေတာပဲလို့ မြင်တယ်လေ။ အခုဟာက သူတို့ဖက်က (စစ်အစိုးရဖက်က) တဖက်သတ် တံခါးပိတ်သော့ခတ်ထားတဲ့ အခြေအနေဆိုတာကို မြင်စေ့ချင်တယ်။ ဘယ်လို ကြားလူတွေမှ မလိုပါဘူး။ တိုက်ရိုက် ဆွေးနွေးလို့ ရနေတဲ့ အခြေခံ ရှိနေပြီးသား ဆိုတာကို နားလည်ကြစေချင်တယ်။”
အဲသည်မှာ စကားကို ပြန်ဆက်ကြရတာကတော့ အနုမြူကိစ္စ ဖြစ်ပါတယ်။
“အဲသည်မှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝါဒအရ အခုလိုမျိုး အနုမြူကိစ္စပေါ်လာပြီ ဆိုရင် သူတို့ဖက်က ကိုယ်စားလှယ်တွေ၊ ကွန်ဂရက်တို့ ဆီးနိတ်တို့က အမတ်တွေက ရှေ့ဆက်တိုးလို့ မရတော့ဘူး လို့ နားလည်တယ်။ အဲသည်လို အနုမြူလက်နက်ကိုင်ချင်တဲ့ နိုင်ငံကို ဆက်ဆံတဲ့နေရာမယ် သူတို့ အမတ်တွေ၊ သံတမန်တွေက စကားတွေ၊ ကတိတွေ မကျွံသွားအောင်၊ မလွန်သွားအောင် ဂရုစိုက်ဖို့ လိုတဲ့အတွက် ဘယ်သူပဲ ဖြစ်ဖြစ် သံတမန်ခရီးစဉ်တွေကို ဖျက်သိမ်းပြီး ပြန်ကြရတယ်လို့ သဘောပေါက်တယ်။ သူတို့ဖက်က အဲသည်လိုနိုင်ငံမျိုးအပေါ် နိုင်ငံခြားရေးမူဝါဒ သီးခြား ပြန်စဉ်းစားရတော့မယ်လို့ ထင်တယ်။
တရုတ်နိုင်ငံအနေနဲ့ကလည်း မြောက်ကိုရီးယား အနုမြူကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခပ်ရမ်းရမ်း လုပ်လာတာကို အိမ်နီးချင်းတွေနဲ့ ဂျပန်တို့၊ တောင်ကိုရီးယားနဲ့ လိုက်ပြီး ဖြေရှင်းနေရတာကနေ၊ မြန်မာကလည်း အနုမြူကိစ္စ ဖြစ်လာရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာဖက်ကနေပြီး အာဆီယံတို့ အမေရိကန်တို့ကို လိုက်လံ ဖြေရှင်းရတဲ့ အမှုတွေက ရှေ့တန်းရောက်လာမယ် လို့ မြင်ပါတယ်။
အဲသည်လိုမျိုး အနုမြူကိစ္စ ရှေ့တန်းရောက်လာရင် အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပင်မနိုင်ငံရေးကိစ္စတွေ ဖြစ်တဲ့ ဒီမိုကရေစီအရေး၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေ အရေးနဲ့ အတိုက်အခံနိုင်ငံရေးကိစ္စတွေက နောက်တန်းကို ရောက်သွားပြီး မှေးမှိန်ကုန်ကြလိမ့်မယ် လို့ ပြောချင်ပါတယ်။”
အဲသည်မှာ မေးတဲ့မေးခွန်းကတော့ - အနုမြူအရေးက ရှေ့တန်းရောက်လာရင် မြန်မာပြည်ရဲ့ လက်ရှိ အများပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကိစ္စတွေက နောက်ရောက်သွားခဲ့ရင် ဒါဟာ စစ်အစိုးရ အကြိုက်လား၊ ဘယ်သူ့ အကြိုက် ဖြစ်သွားသလဲ ဆိုတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ငြိမ်းချမ်းရေးကို လိုလားသူ အစိုးရများ၊ အဖွဲ့အစည်းများအတွက် မြန်မာစစ်အစိုးရကို အရေးယူဆုံးမဖို့အတွက် အကြိုက်ကော မဖြစ်သွားနိုင်ဘူးလား။
“ ပြောရရင်တော့ ဒါဟာ စစ်အစိုးရရဲ့ အကြိုက် ဖြစ်သွားတယ်လို့ ဆိုနိုင်တယ်။ တိုင်းပြည်ရဲ့ အဓိက အရေးကိစ္စတွေဖြစ်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုရေးရေး ကျန်းမာရေး ပညာရေး အကြပ်အတည်း အခက်အခဲတွေက နိုင်ငံတကာရဲ့ အာရုံမှာ မှိန်သွားတာက အရင် ဖြစ်တယ်။
နောက်ပြီးတော့ အဲသည် အနုမြူကိစ္စဆိုတာကလည်း သမိုင်းအရကြည့်လိုက်ရင် ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဘယ်နိုင်ငံအစိုးရကမှ အခြားနိုင်ငံကို အနုမြူသုံးတိုက်တယ်ဆိုတာ မရှိဘူး။ အာဏာရှင်နိုင်ငံတွေက နိုင်ငံတကာအသိုင်းအ၀ိုင်းအပေါ်မှာ အင်အားပြ ခြိန်းခြောက်ရန် သုံးစွဲတဲ့ နိုင်ငံရေးလက်နက်တခု လို့ပဲ မြင်ပါတယ်။ အဲသည်အနုမြူဆိုတာကြီးကို ဟန်ရေး တပြပြလုပ်ပြီးတော့ နိုင်ငံတကာမှာ လူရာဝင်လာမယ်၊ တိုင်းသူပြည်သားတွေကို ပြန်ပေးဆွဲ ဓားစာခံထားပြီးတော့ ကမ္ဘာကြီးကို ဈေးဆစ်မယ်။ လူတွေ ဒုက္ခရောက်နေတာ၊ ငတ်ပြတ်နေတာတွေက အရေးမကြီးတော့ဘူး။ သူတို့လက်နက်ပြ ခြိန်းခြောက်တာတွေကို လိုက်လံဖြေရှင်းရတာတွေ ရှေ့တန်းရောက်လာတယ်။
ဒါကို ကျနော်ကတော့ အီရန်တို့ မြောက်ကိုရီးယားတို့ကို နမူနာကြည့်ရင် သိနိုင်တယ်။ ခြိမ်းခြောက်တဲ့ အဆင့်၊ ဈေးဆစ်နိုင်တဲ့ အဆင့်ဖြစ်နေတာကို တွေ့နိုင်တယ်။ နှစ်ပေါင်းများစွာ ကြာညောင်းအောင် အာဏာရှင်တွေက နေရာတွေ ရနေကြတယ်။ အီရန်က ရွေးကောက်ပွဲတို့၊ လူတွေ ဆန္ဒပြနေတာတွေက ရှေ့မရောက်လာတော့ဘူး။ မြောက်ကိုရီးယားမှာဆိုရင် ပြည်သူတွေ ငတ်ပြတ်နေတာ၊ တိုင်းပြည်က ထွက်ပြေးနေရတာတွေ လူတွေက မသိကြတော့ဘူး။ ပြည်သူတွေရဲ့ နိုင်ငံရေးက အမှောင်ကျသွားပြီးတော့ အာဏာရှင်နိုင်ငံရေးက ပိုမိုလင်းလက် တောက်ပပြီး မီးမောင်းထိုးခံလာရတော့မယ် လို့ ထင်ပါတယ်။”
ယမန်နေ့က ပြောဆိုဖြစ်ခဲ့သမျှကို သည်မှာပဲ ခေတ္တရပ်နားပါမယ်။
အာဏာရှင်နိုင်ငံရေးကို လက်မလွှတ်တဲ့ စစ်အုပ်စုကို ရင်ဆိုင်တဲ့ နေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး နဲ့ သင်ပုန်းချေပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတာတွေအပြင် အခြား မည်သည့် အချက်အလက်တွေ၊ ပြင်ဆင်မှုတွေ၊ တည်ဆောက်မှုတွေ လိုအပ်လာမည်လဲ ဆိုတာကို ဆက်လက်မေးမြန်းပါဦးမယ်။
(ဓာတ်ပုံ အင်တာနက်၊ ဦးဝင်းတင်၊ မေ ၂၇၊ ၂၀၁၀)
http://www.moemaka.com/

နျူကလီးယား ကကြီး ခခွေး

ဂါမဏိ / ၀၇ ဇွန် ၂၀၁၀

အခုအခါ ဖက်ဆစ် စစ်ဝါဒီတွေဖြစ်တဲ့ နအဖစစ်အုပ်စုဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားနေတာကို ပြည်တွင်းပြည်ပမှာ သိနေကြပါပြီ။ ဒါကြောင့် အောက်ခြေတပ်မတော်သားတွေအပါအဝင် မြန်မာပြည်သူတွေအနေနဲ့ နျူကလီးယားနည်းပညာကို တစုံတရာ သိနားလည်လာဖို့ လိုအပ်နေပါတယ်။ အခုဆောင်းပါးက အဲဒီကွက်လပ်ကို ဖြည့်ဖို့ ရည်ရွယ်ပါတယ်။

၁။ သတ္တုတူးဖော်ခြင်း

အရပ်ဘက်နျူကလီးယားဖြစ်စေ၊ စစ်ဘက်နျူကလီးယားဖြစ်စေ အခြေခံကုန်ကြမ်းက ယူရေနီယမ် ဖြစ်ပါတယ်။ ဒီ ယူရေနီယမ် သတ္တုကို မြေကြီးထဲက တူးယူရပါတယ်။ ကမ္ဘာမှာ ယူရေနီယမ် အဓိကထွက်တဲ့ နိုင်ငံတွေက သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ နမီးဘီးယား၊ နိုင်ဂျာ၊ ရုရှား၊ ဥဇဘက်ကစ္စတန်တို့ဖြစ်ပြီး မြန်မာပြည်မှာတော့ ပင်းပက်၊ သပိတ်ကျဉ်း၊ ပုံတောင်ပုံညာ၊ ဖားကန့်၊ တနိုင်း၊ မိုးမိတ်တို့မှာ ထွက်ပါတယ်။

ယူရေနီယမ် အနုမြူတချို့ကို ဆက်တိုက်ခွဲစိတ်တဲ့အခါ စွမ်းအင် ထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို နျူကလီးယား ခွဲစိတ်မှု nuclear fission လို့ ခေါ်ပါတယ်။ နျူကလီးယားဓာတ်အားပေးစက်ရုံ (ဓာတ်ပေါင်းဖို) မှာ ခွဲစိတ်မှုက ဖြည်းဖြည်းလေးဖြစ်ပျက်နေပြီး နျူကလီးယားလက်နက်မှာတော့ တဟုန်ထိုးမြန်မြန်ဆန်ဆန် ဖြစ်ပျက်ပါတယ်။ နှစ်မျိုးစလုံးမှာတော့ ဒီခွဲစိတ်မှုကို သေသေချာချာဂရုတစိုက် ထိန်းချုပ်ဖို့လိုပါတယ်။

နျူကလီးယားခွဲစိတ်မှုအတွက် ယူရေနီယမ် (၂၃၅) လို့ခေါ်တဲ့ ယူရေနီယမ်အိုင်ဆိုတုပ်ကိုသုံးရင် အကောင်းဆုံးဖြစ်ပါတယ်။ (အိုင်ဆိုတုပ် ဆိုတာ ပရိုတွန် အရေအတွက်တူပြီး နျူထရွန် အရေအတွက်မတူတဲ့ မျိုးတူဒြပ်စင် ဖြစ်ပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ ယူရေနီယမ်က ယူရေနီယမ် (၂၃၈) ဖြစ်ပါတယ်။) ယူရေနီယမ် (၂၃၅) အစား ပလူတိုနီယမ် (၂၃၉) ကို သုံးရင်လည်း ထိရောက်မှုကောင်းပါတယ်။ ယူရေနီယမ် ၂၃၅ (ယူ-၂၃၅) ဟာ ဆက်တိုက် ဆင့်ကဲ ဆင့်ကဲ ခွဲစိတ်မှုဖြစ်တတ်ပြီး စွမ်းအင်အဖြစ် အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။

ယူရေနီယမ် (၂၃၅) အနုမြူ ကွဲထွက်တဲ့အခါ နျူထရွန် (၂) လုံး (၃) လုံး လွှတ်ထုတ်ပါတယ်။ ဘေးမှာ တခြားယူ-၂၃၅ အနုမြူတွေရှိနေရင် အဲဒီနျူထရွန်တွေက ဝင်တိုက်ပြီး အတိုက်ခံရတဲ့ အနုမြူတွေကို ကွဲထွက်စေပါတယ်။ ဒါကြောင့် နျူထရွန်တွေ ပိုများများ ထပ်ထွက်လာပါတယ်။ အခုလိုမျိုး သူ့ဖာသာသူ ကွင်းဆက်ဓာတ်ပြုနိုင်ဖို့ ယူ-၂၃၅ အနုမြူ အလုံအလောက်ရှိနေရင် နျူကလီးယားတုံ့ပြန်မှု ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ အနုမြူ အရေအတွက်ကို “အခြေပြောင်းဒြပ်ထု” critical mass လို့ခေါ်ပါတယ်။

ဒါပေမယ့် သဘာဝအတိုင်းတွေ့ရတဲ့ အနုမြူဒြပ်စင်မှာ အနုမြူ အလုံး (၁,၀၀၀) မှာ ယူ-၂၃၅ က (၇) လုံးပဲပါပြီး ကျန်တဲ့ အနုမြူ (၉၉၃) လုံးက ယူ-၂၃၈ ဖြစ်နေပါတယ်။

၂။ ဓာတ်ပြောင်းခြင်း

ယူရေနီယမ်သတ္တုရိုင်းကို တူးယူပြီးရင် စက်နဲ့ အမှုန့်ကြိတ်ပစ်ရပါတယ်။ ဒီအမှုန့်တွေကို ဓာတုဗေဒနည်းနဲ့ သန့်စင်ပစ်ပြီး “အဝါရောင်ကိတ်မုန့်” yellow cake လို့ခေါ်တဲ့ ယူရေနီယမ်အခဲ ပြန်လုပ်ရပါတယ်။ ဒီအဝါရောင်ကိတ်မုန့်မှာ ယူရေနီယမ် (၆၀-၇၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဒီယိုသတ္တိကြွအန္တရာယ်ရှိနေပါပြီ။

ဒီနေရာမှာ နျူကလီးယားပညာရှင်တွေရဲ့ အဓိကအလုပ်က ရထားတဲ့ယူရေနီယမ်ထုထဲမှာ ယူ-၂၃၅ အနုမြူ ပမာဏတိုးလာအောင် လုပ်ဖို့ဖြစ်ပါတယ်။ ဒါကို ယူရေနီယမ်သန့်စင်မှု enrichment လို့ခေါ်ပါတယ်။ သန့်စင်ဖို့အတွက် အဝါရောင်ကိတ်မုန့်ကို နိုက်ထရစ်အက်ဆစ်နဲ့ ဖျော်ပြီး ဓာတုဗေဒနည်းနဲ့ ပြုပြင်ရပါတယ်။ ဒီ့နောက်မှာ အပူပေးပြီး ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ် ဓာတ်ငွေ့ဖြစ်လာစေပါတယ်။

ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ဟာ ထိတဲ့ပစ္စည်းတွေကို လောင်တတ် စားတတ်တဲ့အတွက် အင်မတန် သတိထားကိုင်တွယ်ရပါတယ်။ ဒီဓာတ်ငွေ့ထုတ်လုပ်တဲ့စက်ရုံက ပိုက်လိုင်းတွေ မော်တာစက်တွေကို ခံနိုင်ရည်ရှိတဲ့ အလျူမီနီယမ်-နီကယ်သတ္တုစပ်တွေနဲ့ အထူးတည်ဆောက်ရပါတယ်။ ဒါ့အပြင် ဒီဓာတ်ငွေ့ကို ဆီအမျိုးမျိုး၊ အမဲဆီ၊ အင်ဂျင်ဝိုင် စတာတွေနဲ့ မထိတွေ့အောင်လည်း ထားရပါတယ်။ နို့မဟုတ်ရင် မတော်တဆ ဓာတုတုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။

၃။ သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုမှာသုံးမယ့် ယူရေနီယမ်ကို ယူ-၂၃၅ (၂-၃) ရာခိုင်နှုန်းပါအောင် သန့်စင်ယူရပါတယ်။ လက်နက်အတွက်ဆိုရင်တော့ ယူ-၂၃၅ (၉၀) ရာခိုင်နှုန်းပါတဲ့အထိ သန့်စင်ပစ်ဖို့လိုပါတယ်။

အများဆုံးသုံးတဲ့ သန့်စင်နည်းကတော့ gas centrifuge ဓာတ်ငွေ့ ဗဟိုခွာအားနည်းဖြစ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ကို ပြွန်လုံးရှည်ထဲထည့်ပြီး အရှိန်မြင့်လှည့်ပေးတဲ့အခါ ပိုလေးတဲ့ ယူ-၂၃၈ အိုင်ဆိုတုပ်က ဘေးမှာလာစုပါတယ်။ ဒီ ယူ-၂၃၈ ကို ပြွန်အောက်ဘက်ကနေ ထုတ်ယူပြီး အလယ်မှာစုနေတဲ့ ယူ-၂၃၅ များတဲ့ ဓာတ်ငွေ့ကို သီးသန့်ထုတ်ယူပါတယ်။ ဒီ ယူ-၂၃၅ ဓာတ်ငွေ့ကို နောက်ထပ်ဗဟိုခွာအားစက်ထဲပို့ပြီး ထပ်'ကျင်' ရပါတယ်။ ဒီလို ထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင်ထားရပါတယ်။ ရေဒီယိုသတ္တိကြွမှု နည်းနည်းရှိတဲ့ လက်ကျန် ယူ-၂၃၈ တွေကိုတော့ အားပျော့ယူရေနီယမ် depleted uranium လို့ခေါ်ပြီး သံချပ်ကာဖောက် အမြောက်ဆန်တွေ၊ ကျည်ဆန်တွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

နောက်ထပ်သန့်စင်နည်းကတော့ စိမ့်ထွက်နည်း diffusion လို့ခေါ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာ ဖလိုရိုက်ဒ်ဓာတ်ငွေ့ကို အမှေးပါးတခုကို ဖြတ်သန်းခိုင်းတဲ့အခါ ပိုပေါ့တဲ့ ယူ-၂၃၅ က အမှေးပါးဇကာကို ပိုမြန်မြန်ဖြတ် နိုင်တဲ့အတွက် ခွဲထုတ်ယူလို့ရပါတယ်။ ဗဟိုခွာအားနည်းလိုပဲ ဒီနည်းမှာလည်း အမှေးပါးဖြတ်တာကို ထပ်တလဲလဲ လုပ်ရပါတယ်။

၎။ ဓာတ်ပေါင်းဖို

ရလာတဲ့ ယူ-၂၃၅ ကို နျူကလီးယားဓာတ်ပေါင်းဖိုမှာဖြစ်စေ၊ နျူကလီးယားလက်နက်မှာဖြစ်စေ သုံးနိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာ နျူကလီးယားခွဲစိတ်ခြင်းက ထွက်လာတဲ့အပူဓာတ်ကို ထိန်းချုပ်ပြီး ရေနွေးငွေ့ထွက်အောင်လုပ်၊ တာဘိုင်တွေကိုလည်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ပါတယ်။
သာမန်နျူကလီးယားဓာတ်ပေါင်းဖိုမှာ (၂-၃) ရာခိုင်နှုန်းသန့်စင်ပြီး ယူရေနီယမ်ကို လောင်စာအခဲလေးတွေပုံစံနဲ့ သုံးပါတယ်။ ဒီအခဲလေးတွေက ကျပ်လုံးလောက်ရှိပြီး တလက်မရှည်ပါတယ်။ ဒါလေးတွေကို အချောင်းရှည်တွေဖြစ်အောင် စုထပ်ပြီး အပူကာနံရံထူတဲ့ အလုံပိတ်အခန်းထဲ ထည့်ထားပါတယ်။ ဓာတ်ပေါင်းဖို တော်တော်များများမှာ လောင်စာချောင်းအထုပ်တွေကို အေးအောင်လို့ ရေအောက်မှာမြှုပ်ထားပါတယ်။ တချို့ဓာတ်ပေါင်းဖိုတွေမှာတော့ အေးအောင် ကာဘွန်ဒိုင်အောက်ဆိုက် သို့မဟုတ် သတ္တုအရည် သုံးပါတယ်။

ခွဲစိတ်တုံ့ပြန်မှုနဲ့ အပူထွက်နိုင်ဖို့အတွက် ယူရေနီယမ်လောင်စာအနှစ်သားဟာ 'အခြေပြောင်း' အနေအထားမှာ ရှိရပါမယ်။ ဆိုလိုတာက ယူရေနီယမ်ဟာ ကိုယ့်ဖာသာကိုယ် ကွင်းဆက်တုံ့ပြန်မှု ဖြစ်နိုင်မယ့် အလုံအလောက် သန့်စင်မှု ရှိရပါမယ်။

နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ထိန်းချုပ်တံတွေကို ဓာတ်ပေါင်းဖိုအခန်းထဲ မြှုပ် သွင်းထားပါတယ်။ ဒီထိန်းချုပ်တံတွေကို နျူထရွန်တွေစုပ်ယူနိုင်တဲ့ ဓာတ်ပစ္စည်း၊ ဥပမာ ကက်ဒ်မီယမ်နဲ့ လုပ်ထားပါတယ်။ နျူထရွန်တွေကို စုပ်ယူလိုက်လို့ နျူထရွန်အရေအတွက်နည်းသွားရင် ကွင်းဆက်တုံ့ပြန်မှု နည်းသွားတဲ့အတွက် ခွဲစိတ်မှုဖြစ်စဉ် နှေးကွေးသွားပါတယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ နျူကလီးယားဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ (၁၇) ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပါတယ်။ ဒါတင်မက နျူကလီးယားဓာတ်ပေါင်းဖိုသုံးပြီးသွားတဲ့ သင်္ဘောနဲ့ ရေငုပ်သင်္ဘော တွေလည်း ရှိနေပါတယ်။

၅။ ယူရေနီယမ် နျူကလီးယားဗုံး

နျူကလီးယားဗုံးထုတ်လုပ်တဲ့အခါ ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်စေပြီး အပူဓာတ်အများကြီး ဒလကြမ်းထုတ်လွှတ်မယ့် မဟာ့မဟာအခြေပြောင်းဒြပ်ထု ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ရပါတယ်။ အလွယ်ဆုံးပုံစံတခုက 'သေနတ်' ပုံစံလို့ ခေါ်တဲ့ဟာဖြစ်ပါတယ်။ ဒီပုံစံမှာ အခြေပြောင်းရောက်ခါနီး ယူရေနီယမ်ဒြပ်ထု အလုံးငယ်တခုကို ယူရေနီယမ်ဒြပ်ထု အလုံးကြီးတခုဆီ ပြေးဆောင့်ခိုင်းတဲ့အခါ အလုံးနှစ်ခုပေါင်းပြီး မဟာ့မဟာအခြေပြောင်းအဆင့် ရောက်သွားတဲ့အတွက် နျူကလီးယားပေါက်ကွဲမှု ဖြစ်သွားပါတယ်။ ဒီလိုဖြစ်ဖို့အချိန်က တစက္ကန့်တောင်မရှိပါဘူး။

အလွန်အမင်းသန့်စင်ထားတဲ့ (၉၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့) ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ကို ယူရေနီယမ်အောက် ဆိုက်အဖြစ် အရင်ဓာတ်ပြောင်းပြီးနောက် ယူရေနီယမ်သတ္တုတုံးတွေအဖြစ် ပုံသွင်းလိုက်ရင် ယူရေနီယမ်အနုမြူဗုံးအတွက် လိုအပ်တဲ့လောင်စာ ရပါတယ်။ ဒီလုပ်ငန်းကို အတော်လေးလွယ်ကူတဲ့ ဓာတုဗေဒနည်း၊ အတော်လေး လွယ်ကူတဲ့ အင်ဂျင်နီယာနည်းတွေနဲ့ လုပ်နိုင်ပါတယ်။

အင်အားအကောင်းဆုံး အခြေခံနျူကလီးယားခွဲစိတ်လက်နက် သို့မဟုတ် အနုမြူဗုံးဟာ ပေါက်ကွဲအား ကီလိုတန် (၅၀) ရှိပါတယ်။ ဒီပေါက်ကွဲအားကို နျူကလီးယားပေါင်းစည်းမှု nuclear fusion သတ္တိ အသုံးချပြီး တိုးမြှင့်ပေးနိုင်ပါတယ်။ ပေါင်းစည်းမှုဆိုတာက ဟိုက်ဒြိုဂျင်အနုမြူအိုက်ဆိုတုပ်ရဲ့ နျူးကလီးယပ်စ်တွေကို ပေါင်းစည်းပေးပြီး ဟီလီယမ်နျူးကလီးယပ်စ် ဖြစ်အောင် လုပ်တာဖြစ်တယ်။ ဒီလိုဖြစ်ဖို့ ဟိုက်ဒြိုဂျင်နျူးကလီးယပ်စ်တွေကို အင်မတန် မြင့်မားတဲ့ အပူချိန်နဲ့ဖိအား ပေးရတယ်။ ဒီလို အပူချိန်နဲ့ဖိအား အများကြီးရဖို့ အနုမြူဗုံးကနေ ယူရပါတယ်။

နျူကလီးယားပေါင်းစည်းမှုကနေ ခွဲစိတ်တုံ့ပြန်မှုထဲကို ပိုအားပြင်းတဲ့ နျူထရွန်တွေ သွင်းပေးတဲ့အတွက် ပေါက်ကွဲအား ပိုကြီးသွားစေပါတယ်။ အဲသလို ခွဲစိတ်-ပေါင်းစည်းကိရိယာတွေကို ဟိုက်ဒြိုဂျင်ဗုံး သို့မဟုတ် သာမို နျူကလီးယားလက်နက်လို့ ခေါ်ကြပါတယ်။

၆။ တကျော့ပြန်သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုကထွက်တဲ့ အညစ်အကြေးတွေကနေ ဓာတုဗေဒနည်းနဲ့ အသုံးဝင်တဲ့လောင်စာ ခွဲထုတ် ရီဆိုင်ကယ်လုပ် ပြန်အသုံးချတာကို တကျော့ပြန်သန့်စင်မှု reprocessing လို့ခေါ်ပါတယ်။ သုံးပြီးသား လောင်စာချောင်းတွေကို အပြင်ကသတ္တုအခွံခွာပြီးတော့ အပူပေးထားတဲ့ နိုက်ထရစ်အက်ဆစ်ထဲမှာ ဖျော်ပစ်လိုက်ရင် ဓာတ်ပေါင်းဖိုမှာ ပြန်သုံးနိုင်တဲ့ ယူရေနီယမ်က (၉၆) ရာခိုင်နှုန်း၊ အလွန်အမင်းရေဒီယိုဓာတ်ကြွအညစ်အကြေးက (၃) ရာခိုင်နှုန်း၊ ပလူတိုနီယမ်က (၁) ရာခိုင်နှုန်း ရပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုအားလုံးက ပလူတိုနီယမ်ထွက်ပါတယ်။ ဒါပေမယ့် စစ်ရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေက ပိုပြီး ထိထိရောက်ရောက်ထုတ်လုပ်နိုင်ပါတယ်။

ပလူတိုနီယမ်ထုတ်လုပ်ဖို့အတွက် နျူကလီးယားဓာတ်ပေါင်းဖိုတခုနဲ့ တကျော့ပြန်သန့်စင်စက်ကို သာမန် အဆောက်အဦတခုတည်းမှာပဲ လူမသိသူမသိ တပ်ဆင်ထားလို့ရပါတယ်။ ဒါကြောင့် လျှို့ဝှက်လက်နက်လုပ်ငန်း လုပ်ချင်တဲ့ နိုင်ငံတွေအတွက် အခုလို တကျော့ပြန်သန့်စင်နည်းနဲ့ ပလူတိုနီယမ်ထုတ်ရတာက တွက်ခြေကိုက်ပြီး ဖုံးကွယ်နိုင်မှုလည်းရှိလို့ သဘောကျကြပါတယ်။

၇။ ပလူတိုနီယမ် နျူကလီးယားဗုံး

နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ ပလူတိုနီယမ်နဲ့ လုပ်တာက ယူရေနီယမ်နဲ့လုပ်တာထက် အားသာချက်တွေ အတော်များများရှိပါတယ်။ သာလွန်ချက်တခုက ပလူတိုနီယမ်က ပမာဏနည်းနည်းနဲ့ ပိုအားပြင်းတဲ့ဗုံး လုပ်လို့ ရတာဖြစ်ပါတယ်။ ကီလိုတန် (၂၀) ပေါက်ကွဲအားရှိတဲ့ဗုံး လုပ်ဖို့ ပလူတိုနီယမ် (၄) ကီလိုပဲလိုပါတယ်။ တနှစ်ကို ပလူတိုနီယမ် (၁၂) ကီလို ထုတ်လုပ်နိုင်ဖို့အတွက် တကျော့ပြန်သန့်စင်ရေးစက်ရုံ ခတ်သေးသေးရှိရင်ရပါတယ်။

ပလူတိုနီယမ်ဗုံးတခုမှာ ပလူတိုနီယမ်အလုံးတလုံးကို ဘယ်ရီလီယမ်အခွံနဲ့ ဖုံးထားပါတယ်။ ဒီအခွံက နျူထရွန်တွေကို ခွဲစိတ်ဖြစ်စဉ်ထဲ ပြန်ရိုက်ခတ်စေဖို့ဖြစ်ပါတယ်။ ဒါကြောင့် အခြေပြောင်းဒြပ်ထု ဖြစ်လာပြီး ကိုယ့်ဖာသာ ဆက်တိုက် ခွဲစိတ်တုံ့ပြန်မှုဖြစ်ဖို့ ပလူတိုနီယမ်ပမာဏ နည်းနည်းပဲလိုတာဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့တဖွဲ့ ဒါမှမဟုတ် ဆိုးသွမ်းနိုင်ငံတခုဟာ နျူကလီးယားဗုံးလုပ်ဖို့အတွက် ယူရေနီယမ်ကို သန့်စင် ပြီးလုပ်တာထက် ကမ္ဘာအနှံ့က အရပ်ဘက်သုံးနျူကလီးယားဓာတ်ပေါင်းဖိုတွေကနေ ပလူတိုနီယမ် ရယူလုပ်တာက ပိုလွယ်နိုင်ပါတယ်။

ပလူတိုနီယမ်ဗုံး အကြမ်းစားတခုကို အကြမ်းဖက်သမားတွေ လုပ်နိုင်ဖို့ဆိုတာ အရင်တခါ ဂျပန်မှာ အဆိပ်ငွေ့နဲ့ အကြမ်းဖက်သွားတဲ့ ဥုံ ဂိုဏ်း အဆင့်လောက်ကတတ်တဲ့ ကျွမ်းကျင်မှုအရည်အချင်းနဲ့ တည်ဆောက်နိုင်တယ်လို့ ပါရဂူ တွေကဆိုပါတယ်။ အဲသလို နျူကလီးယားဗုံးဟာ ပေါက်ကွဲအား တီအင်တီယမ်းတန်ချိန် (၁၀၀) နဲ့ ညီမျှပါလိမ့်မယ်။

၈။ ဓာတ်ရောင်ခြည်သင့်ရောဂါ

ရေဒီယိုသတ္တိကြွပစ္စည်းတွေဖြစ်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်တွေကို ကိုင်တွယ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ တပ်မတော်သားတွေဟာ နျူကလီးယားဓာတ်ရောင်ခြည်သင့်မှု အန္တရာယ် ကျရောက်နေပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါ လက္ခဏာတွေကတော့ ဓာတ်ရောင်ခြည်ပမာဏပေါ်မူတည်ပြီး ပြင်းထန်မှုရှိပါတယ်။ အများဆုံး (၆) နာရီကြာမှ စပေါ်တာရှိသလို များရင်တော့ ချက်ချင်းလက္ခဏာပြပါတယ်။

ဖြစ်တတ်တာတွေက ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အဖျားတက်ခြင်း၊ အရေပြား ရောင်ရမ်းပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အကြောဆွဲခြင်း၊ အားနည်းခြင်း၊ ခြေတုန် လက်တုန်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျ သွေးလန့်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ အင်္ဂါမစုံ ကလေးမွေးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ရောဂါပိုးအမျိုးမျိုးဝင်ခြင်း၊ သွေးကင်ဆာနဲ့ တခြားကင်ဆာများဖြစ်ခြင်း၊ သေဆုံးခြင်း တို့ဖြစ်တတ်ပါတယ်။

အရင်က ရုရှနိုင်ငံမှာ ချာနိုဘိုင်း နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ကြောင့် လူ (၃၁) ယောက် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။ အခုလည်း မြန်မာနိုင်ငံမှာ အရည်အချင်းညံ့ဖျင်းပြီး ဖြစ်ကတတ်ဆန်းနဲ့ လဘော်သရေကျလှတဲ့ နအဖစစ်တပ်ရဲ့ လျှို့ဝှက်နျူကလီးယားစီမံကိန်းကြောင့် အရပ်သားပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ တပ်မတော်သားတွေ ဓာတ်ရောင်ခြည်သင့်ရောဂါရပြီး ဆေးရုံတက်ရတဲ့သတင်းတွေ ကြားနေရပါပြီ။

ဓာတ်ရောင်ခြည်သင့်မှုကနေ ကာကွယ်ဖို့ဆိုရင် အချိန်ကြာထိတွေ့မှု မပြုဖို့၊ အနီးကပ် မကိုင်တွယ်ဘဲ ညှပ်ရှည်ရှည်တွေသုံး ကိုင်တွယ်ဖို့၊ ခဲသုတ်ထားတဲ့ဝတ်ရုံတွေ ဝတ်ဖို့လိုပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါအတွက် ဆေးမရှိပါ။ သက်သာရုံပဲ တတ်နိုင်ပါတယ်။

ရည်ညွှန်း။ BBC မှ The Nuclear Fuel Cycle ဆောင်းပါး
http://www.khitpyaing.org/index.php?route=detail&id=1977


NU ABCD.pdf 0.131 MB
NU ABCD

Myanmar rebuts nuclear talk

my07-002-0-mya.pdf 0.103 MBmy07-002-0-mya

“ Myanmar's military ambitions (full video) ” download file

Myanmar's military ambitions - Part 1
http://www.mirrorcreator.com/files/1IF8ONZS/Myanmar_s_military_ambitions_-_Part_1.flv_links
Myanmar's military ambitions - Part 2
http://www.mirrorcreator.com/files/0SQM456G/Myanmar_s_military_ambitions_-_Part_2_0.flv_links
Myanmar's military ambitions - Part 3
http://www.mirrorcreator.com/files/0JZFTDGO/Myanmar_s_military_ambitions_-_Part_3_1.flv_links
Myanmar's military ambitions - Part 4
http://www.mirrorcreator.com/files/OXHAJXC0/Myanmar_s_military_ambitions_-_Part_4.flv_links

mediafire
Myanmar's military ambitions - Part 1
http://www.mediafire.com/?nij2btymmg5
Myanmar's military ambitions - Part 2
http://www.mediafire.com/?mzkwy0zmwym
Myanmar's military ambitions - Part 3
http://www.mediafire.com/?lojndgxjjmj
Myanmar's military ambitions - Part 4
http://www.mediafire.com/?kybmzgdtvwy

youtube
http://www.youtube.com/watch?v=oUa_OODAjNQ&feature=player_embedded
http://www.youtube.com/watch?v=7gQK5R-EefY&feature=player_embedded
http://www.youtube.com/watch?v=hTs3egj-G44&feature=player_embedded
http://www.youtube.com/watch?v=S28WtjCCN-c&feature=player_embedded

ဒို့ ရဲ့ ရန်သူဖြစ်တဲ့ စစ်အစိုးရရဲ့  ရန်သူဟာ ဒို့ရဲ့မိတ်ဆွေဖြစ်တယ်


မည်သို့ပင်ဆိုစေ ရှင်းသွားပြီ။ လိပ်ပတ်လည်သွားပြီ။ သူရဲတစ္ဆေမှန်း သိသွားလောက်ပြီထင်ရသည်။ မကောင်းဆိုးဝါးမှန်း သိတော့ လန့်ဖြတ်သွားသည်ဟု ထင်ရသည်။ ဟိုတခါကတည်းက အိမ်ဖြူတော်နားက ဆီးနိတ်လွှတ်တော် ခန်းမထဲမှာ ညူကီးယားကိစ္စကို ပြောထားပြီးဖြစ်သည်။ သို့သော် ဂရုမစိုက်ခဲ့။ မစ္စတာဂျင်ဝပ်ကိုယ်တိုင် ဒိုင်လူကြီးပမာ ကြားနာခဲ့သည်။ ပြီေးတာ့ သူကိုယ်တိုင် အဆုံးအဖြတ်ကို ဘက်လိုက်ပြီး နေခဲ့သည်။ စီးပွါးရေးပိတ်ဆို့မှူကို မလုပ်သင့်တော့ဟု ပြောဆိုခဲ့သည်မှာ ကွယ်ရာမှာ မဟုတ်။ ဗြောင်ကြေညာခဲ့သည်။ မစ္စတာအိုဘားမားကလည်း ဝေ့လည်လည်ဖြစ်သွားသေးသည်။ သည်တော့ ဆက်ဆံရေးနှင့် ပိတ်ဆို့ရေးကို တွဲလုပ်ကြည့်ခိုင်းပြန်သည်။ လျှော့ရမလိုလို ခြောက်ရမလိုလိုနှင့် မြောက်ပင့်ပြောတာမျိုး ခြိမ်းခြောက်ပြောတာမျိုးတွေ အားလုံးနည်းဗျူဟာတွေနှင့် သုံးကြည့်သည်။ အရာမထင်။
စစ်အုပ်စုက ချိုးကပ်နေပြီ။ ဘာမျှဂရုမစိုက်။ သိတာတခုရှိသည်။ တနေ့ညူကလီးယားလက်နက်ပိုင်သော စစ်အာဏာရှင် ဖြစ်ရေးပင်။ ခက်နေသည်က သဘာဝဓါတ်ငွေ့မှ ရရှိသော နိုင်ငံခြားဒေါ်လာငွေများ မည်သို့နေရာကို ရောက်ရှိသွားသလဲဟု ရှာဖွေဆန်းစစ်နေသည်များအား သူမေ့နေသည်။ ပြည်သူတွေက ဆင်းရဲငတ်မွတ်နေသည်။ ထို့ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဟု အဖြစ် သတ်မှတ်ထားသည်။ အစားအစာမစားသောက်ဘဲ သေဆုံးရသော ပြည်သူများ ရှိနေသကဲ့သို့ သောက်ရေမသောက်ရသောကြောင့် သေဆုံးရသော ပြည်သူများ ရှိနေသည်ကို နိုင်ငံတကာမှ သိနေကြသည်။ နေစရာမရှိ၍ သဘာဝဘေးအန္တရယ်ကြောင့် သေဆုံးရသော ပြည်သူများရှိနေခြင်းကြောင့် နိုင်ငံတကာမှ အကူအညီစောင့်ရှောက်မှူ ပေးနေရသည်။ လက်နက်ကိုင်ထားသော စစ်သားများ၏ ပစ်ခတ်သတ်ဖြတ်မှူကြောင့် အပြစ်မဲ့ပြည်သူ့များ သေဆုံးနေရသည်။ သို့သော် အုပ်ချုပ်သူလူတန်းစားဖြစ်သော စစ်အုပ်စုမှာ အလွန်အေးချမ်းသာယာစွာဖြင့် နေထိုင်ချမ်းသာကြီးပွါးနေကြပါသည်။
မလွယ်လှပါ။ ကမ္ဘာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်အစိုးရကို နိုင်ငံတကာမှ မည်သို့မျှ အရေးယူနိုင်စွမ်း မရှိသေးပါ။ လုံခြုံရေးကောင်စီအထိ တက်ပြီးဆွေးနွေးကြပြီးပါပြီ။ တရုပ်နိုင်ငံ၊ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချကြပါသည်။ လူမစွမ်းသာ နတ်မစွမ်းသာဖြစ်ရသည်။ ကျွန်တော်တို့သည် နှစ်ပေါင်း ၂၀ တိုင်တိုင် စစ်အစိုးရကို ဖြုတ်ချရန် အစည်းအဝေးတွေ မကြာခဏ ထိုင်ကြသည်။ ဆန္ဒပြပွဲတွေ မကြာခဏ ပြုလုပ်ကြပါသည်။ ကန့်ကွက်ဆန္ဒပြခြင်းကြောင့် စစ်အစိုးရသည်လည်း ရာဇပလ္လင်ပေါ်တွင် ဖင်ထိုင်ခုံလှုပ်လွန်းမက လှူပ်နေမှူကြောင့် ထိုင်ခုံမြဲအောင် ကြိုးစားနေရပါသည်။
ယခုတခေါက်မှာမူ စစ်အစိုးရအဘို့ အထိနာလှသော သံတမန်ဆက်ဆံရေးဖြစ်သည်။ မစ္စတာဂျင်ဝပ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပင် လက်ခံတွေ့ဆုံခြင်းခံရသော အမေရိကန်နိုင်ငံမှ ဆီးနိတ်လွှတ်တော် တဦးဖြစ်သည်။ အတိုက်အခံ ဒီမိုကရေစီအင်အားစုများ၏ ယုံကြည်လေးစားမှူကို မရရှိသော အမေရိကန်နိုင်ငံ၏ တယောက်တည်းသော လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါသည်။ သူ့ကို မစ္စတာအိုဘားမားက ခန့်အပ်ထားပေး၍ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်လျှင် သူကဆရာကြီးဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအရေးကိစ္စတွင် ရေပန်းစားသူလည်းဖြစ်ပါသည်။ သို့သော် ယခုတော့ အနီးကပ်စစ်အစိုးရအရှိုက်ကို အလဲထိုးလိုက်ပါပြီ။ အကယ်၍ သူသာအလဲမထိုးလိုက်လျှင် သူ့ကိုအလှဲထိုးရန် ကျွန်တော်တို့က အနီးကပ်စောင့်ကြည်နေကြပြီးပါပြီ။ ကြိုးဝိုင်းထဲမှ ကျွန်တော်တို့ ထောင့်လေးထောင့်တွင် နေရာယူကာ စောင့်ကြည့်နေကြပါပြီ။
အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်ဖြစ်သော မစ္စတာဂျင်ဝပ်သည် ဤအချိန်တွင် နိုင်ငံရေးကစားကွက်တခုမှ ရုန်းကန်ထွက်ပေါက် ရှာသွားခဲ့ပါသည်။ အကြောင်းမှာ တရုပ်နိုင်ငံဝန်ကြီးချုပ် ၀န်ကျားပေါင်နှင့် သူ၏ခရီးစဉ်သည် ထပ်တူထပ်မျှ ဖြစ်သွားလျှင် သူ့အတွက် နာမည်ပျက်သွားနိုင်သည်။ သို့မဟုတ် တရုပ်နှင့် ဆန့်ကျင်ဖက်ဖြစ်သော စကားကို ပြောဖြစ်လျင် နအဖစစ်အစိုးရနှင့် လမ်းကြောင်းများပြောင်းလဲ သွားနိုင်ပါသည်။ ဒီမိုကရေစီနိုင်ငံဖြစ်သောနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်တသီးဖြစ်သော မစ္စတာဂျင်ဝပ်သည် သူ၏မြန်မာနိုင်ငံခရီးစဉ်အား တွက်ချက်မှူများအတွက် မြောက်ကိုးရီးယားနှင့် ပူးတွဲလုပ်ကိုင်နေသော ညူကလီးယားစက်ရုံ တည်ဆောက်ရေးပြသနာကို လက်ညိုးထိုးကာ အဖြေထုတ်ပေးလိုက်ပါသည်။
မြောက်ကိုးရီးယားနှင့် ညူကလီးယားစက်ရုံ တည်ဆောက်ရေး ပြသနာကို ယခုမှ သူသိရှိခြင်းမဟုတ်။ သို့သော် အဖြေတခုကို ပေးရန် အကောင်းဆုံးပြုလုပ်ခြင်းမှာ ဤအချက်မှ အခြားမရှိတော့။ ထို့ကြောင့် အနီးကပ်ဆက်ဆံထိတွေ့ရေး ဆိုသော မူနှင့် ခပ်ဝေးဝေးဖြစ်သွားပါသည်။ စစ်အစိုးရနှင့် ထိတွေ့မှူဝေးလေလေ ကျွန်တော်တို့နှင့် နီးကပ်လေလေ ဖြစ်နိုင်ရမည်ထင်ပါသည်။ ကျွန်တော်တို့၏ ရန်သူဖြစ်သော စစ်အစိုးရ၏ ရန်သူမှာ ကျွန်တော်တို့၏ မိတ်ဆွေဖြစ်ရပါလိမ့်မည်။ ယင်းမှာ သဘာဝဖြစ်သည်။ သည်တော့ ယင်းသဘာဝကို လက်လွပ်မခံ ရယူနိုင်ရန် ပြုလုပ်ဆောင်ရွက်ရန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။ သမိုင်းပေးတာဝန်ဖြစ်သော ယင်းအချက်ကို ပေါ်လီစီအရ ကျင့်သုံးစရာသာ ရှိပါသည်။
ဝန်ခံစရာရှိသည်ကို ၀န်ခံရန်လိုသည်။ ယင်းမှာမစ္စတာဂျင်ဝပ်၏ ခရီးစဉ်ဖျက်သိမ်းခြင်းအပေါ် ကြိုဆိုကြောင်း မည်သည့်အတိုက်အခံများကမျှ ကြေညာချက်မထုတ်ပြန်သေးခြင်းကို မှားသည်ဟု ထောက်ပြချင်သည်။ ယင်းအမှားကို ၀န်ခံဖို့လိုသည်။ နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ကြိုးစားနေကြသော လူထုတိုက်ပွဲညီလာခံများကို ထိုင်းနိုင်ငံ။ မလေးရှားနိုင်ငံ။ အမေ၇ိကန်နိုင်ငံတို့မှ ပြုလုပ်ကျင်းပခဲ့သည်မှာ ပူပူနွေးနွေးဘဲ ရှိသေးသည်။ သူတို့အဖွဲ့ထဲမှ တဖွဲ့ချင်းဖြစ်စေ စုပေါင်းဖြစ်စေ အမေရိကန်အစိုးရ၏ ဆီးနိတ်လွှတ်တော်အမတ်မစ္စတာဂျင်ဝပ်၏ ခရီးစဉ်အား ဖျက်သိမ်းခြင်းအပေါ် အားရကြေနပ်မိကြောင်း စုပေါင်းကြေညာချက် ထုတ်ပြန်သင့်သည်ဟုမြင်သည်။
ယခုအချိန်တွင် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် စစ်အစိုးရ ကြော ထောက် နောက်ခံပြုထားသော ကိုယ်စားလှယ်လောင်းများသည် မြန်မာငွေသိန်းတထောင်မျ အကုန်အကျခံကာ စည်းရုံးရေးဆင်းကာ ပြုလုပ်နေကြသည်။ ကျွန်တော်တို့ ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ရန် ဆောင်ရွက်နေကြသော အဖွဲ့အစည်းတို့မှာ ငွေကိုလုံလုံလောက်လောက် မရှိကြ။ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားရေးအတွက် မည်သည့်ပုဂ္ဂိုလ်ကိုမျှ တပြားတချပ်မျှ မထောက်ပံ့နိုင်သေး။ ယု့တ်စွအဆုံး သပိတ်မှောက်ကြ ဆိုသော လက်ကမ်းစာစောင် ပိုစတာလေးကိုမျှ ရေးပြီး ပြည်နယ်တိုင်းမြို့ နယ်တိုင်းမှာ ဖြန့်ဝေချင်သော ကပ်ချင်ကြသော သူတို့မှာ လက်ယားနေကြပါသည်။ သို့သော် ကျွန်တော်တို့မှာ တပြားတချပ်မျှ အကူအညီ မပေးနိုင်။
ပြည်တွင်းလှုပ်ရှားရေးအတွက် မည်သို့မျှ အကူအညီမပေးနိုင်ကြလျှင် ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက် စီမံကိန်းကျဆုံးမည်ထင်ပါသည်။ အမေရိကန်အခြေစိုက် NGOs တခုမှ ပြည်ပတွင် ဆန္ဒပြပွဲပြုလုပ်ရန် ဒေါ်လာ ၁၀၀၀ ထောက်ပံ့လိုက်သည်ဟု ကြားရသည်။ တကြိမ်အတွက် ပေးသည်လား နှစ်ကြိမ်အတွက် ပေးသည်လား မပြောတတ်။ ။တပွဲတော့ပြပြီးကြပါပြီ။ သို့သော် ယင်းအဖွဲ့တို့မှာ မကြာသေးမှီက ပြုလုပ်ကြပြီးသော ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ။ အမေရိကန်နိုင်ငံတို့မှ ဖွဲ့စည်းပြီးကြသော လုထုတိုက်ပွဲကော်မီတီတော့မဟုတ်။ ဆိုရလျှင် NGOs နှင့် ဆက်စပ်နေသူများသာ ဆန္ဒပြပွဲပြုလုပ်ရန် ဒေါ်လာငွေရရှိနေခြင်းဖြစ်ပြီး အခြားမည်သည့်အဖွဲ့အစည်းများမှ ငွေမရှိ၍ မပြုလုပ်နိုင်ခြင်းမှာ တခုခုမှားယွင်းနေသည်ဟုထင်သည်။ သို့မဟုတ်တခုခု လိုအပ်နေသည်ဟုထင်သည်။
တော်လှန်ရေးသမားတဦးနှင့် ဆွေးနွေးပြောခဲ့သော စကားကို အမှတ်ရ၍ ပြောပြချင်ပါသည်။ ကျွန်တော်တို့၏ တော်လှန်ရေးခေတ်ကောင်းနေချိန်တွင် NGOs က ငွေထုပ်ပိုက်ကာ နောက်ကလိုက်လါခြင်း ကြုံဖူးပါသည်ဟု ပြောသံကြားခဲ့ရပါသည်။ နောက်တော့ အဖြွ့အစည်းတွေ မှိုလိုပေါက်ပြီး ခေတ်ပျက်သွားသောအခါတွင် နိုင်ငံရေးသမားများက နောက်လိုက်များသာ ဖြစ်သွားပါသည်ဟု ၀မ်းနည်းယူကြုံးမရစွာနှင့် ပြောဖူးပါသည်။ ယင်းမှာလည်း ပြသနာတရပ်ဖြစ်သည်။ ထို့ကြောင့် တချို့ က သူတို့နှင့် ဝေးရာက နိုင်ငံရေးကို လုပ်ချင်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် NGOs တပည့်ဖြစ်သွားတတ်ကြသည်ဟု သုံးသပ်ပြကြသည်။ သို့ပေမင့် တကယ်တမ်းတွင် လက်တွေ့မှာ သူတို့အကူအညီကို ယူရန်လိုသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀ က ရင်းနှီးနေခဲ့သော အတွေ့အကြုံများမှာ ယခုအချိန်တွင် အကောင်းဆုံးသင်ခဏ်းစာများဖြစ်ကြပါပြီ။ ထို့ကြောင့် မည်သူမဆို အရိပ်ကော အကောင်ပါ မြင်တတ်ကြပါသည်။ လွယ်လွယ်နှင့် ပညာပြကစား၍ မရ။ လမ်းချော်ကျသွားနိုင်သည်။ တခုတော့ရှိပါသည်။ ပြည်ပတွင် ဖွဲ့စည်းထားကြသော လူထုတိုက်ပွဲကော်မီတီ များမှာ နာမည်ပျက်ရှိသူများ( အထူးသဖြင့် ငွေနှင့် ပါတ်သက်၍ ) မဟုတ်သူများဖြစ်ကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ လူထုတိုက်ပွဲကော်မီတီကို တညီတညွတ်တည်း ဖွဲ့စည်းရန် လိုနေပြီ။ တယောက်တပေါက်နှင့် ထလုပ်နေလို့ကတော့ အလုပ်ကမဖြစ်။ ခိုင်မာတောင့်တင်းသော စစ်အစိုး၏ ပေါ်လီစီကို ဖြိုချရန်အတွက် ကမ္ဘာကြီးကို ရောက်ရှိနေကြသော အတိုက်အခံဒီမိုကရေစီ အဖွဲ့အစည်းများမှာ ယခုအချိန်တွင် စုစည်းရန်လိုသည်။ မိမိတို့ဖက်က ခိုင်မာဖို့ လိုနေသည်။
စုစည်းရန်ဆိုသည်မှာ ညီညွတ်ရေးတရား ဟောနေခြင်းမဟုတ်။ ညီညီညွတ်ညွတ်လုပ်ကြရန် လိုနေချိန်ဖြစ်သည်ဟု ပြောချင်သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတို့မှ ဒီမိုကရေစီအင်အားစုများမှာ နိုင်ငံရေးအခမ်းအနား နှင့် ဆန္ဒပြပွဲတွေကို အမြဲပြုလုပ်နေကြဖြစ်သည်။ သူတို့မှာ မည်သည့်ငွေကြေးတပြားတချပ်မျှမရှိ။ ကမ္ဘာကြီးမှ သူတို့အား အထောက်အကူ ပေးရန်လောက်ကိုပင် မေ့လျော့ခြင်းခံနေရသည်။ တနေ့ကဆန္ဒပြပွဲပြုလုပ်သံကိုလည်း ကြားလိုက်ရသည်။
ဘင်္ဂလားဒေရှ်နိုင်ငံမှ အခမ်းအနားပြုလုပ်သောသူတို့မှာ ရေဒီယိုများမှ အသံကိုထွက်ပေါ်ချင်၍ လုပ်ကြသူများမဟုတ်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုလိုကြ၍ ပြုလုပ်ကြခြင်းဖြစ်ရာ သူတို့၏အခမ်းအနားများပြုလုပ်တိုင်း ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာ တင်ပြတတ်ကြပါသည်။ အခမ်းအနားမလုပ်သော သူတို့မှာမူ ဓါတ်ပုံများမတင်ပြနိုင်ကြချေ။ ကျွန်တော်ပြောချင်သည်မှာ နာမည်ကြီးရန် သူတို့တွေမှာ ပြုလုပ်နေကြသည် မဟုတ်မှန်း ပြောလိုခြင်းဖြစ်သည်။ ဘင်္ဂလားဒေရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ဒီမိုကရေစီအင်အားစုများမှာ တက်ကြွသူများဖြစ်သလို နိုင်ငံရေးခံယူချက်များ ပြင်းထန်သူများဖြစ်သည်။ သူတို့၏လှုပ်ရှားမှူများကြောင့် စစ်အစိုးရမှာ ယင်းနိုင်ငံနှင့် ဆက်ဆံရေးတွင် ကသိကအောက် ဖြစ်နေရသည်ကိုတော့ ပြော၍ရသည်။ သူတို့လိုနယ်စပ်မှ အင်အားစုမျိုးကို ကျွန်တော်တို့ အထူးကူညီပေးရန်လိုသည်။ တခုတော့ ရှိသည် ။ သူတို့ကို NGOs များကမသိ။ မသိသော်လည်း သူတို့မှာ ဆက်တိုက်ဆန္ဒပြပွဲကိုတော့ လုပ်မြဲ လုပ်ဆဲ လုပ်နေမည့် လူစားမျိုးတွေဖြစ်သည်။
သည်တော့ ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ဘင်္ဂလားဒေရှ်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ အင်အားစုများကို စုစည်းပူးပေါင်းရန် လုပ်စရာသာ ရှိတော့သည်။ တသံတည်းထွက်ရန်လိုသည်။ တဖွဲ့တည်းပြုလုပ်ကြရန်အထူးလိုနေပြီ။ မည်သည့်အတွက်ဆိုလျှင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရေးအတွက် တက်ညီလက်ညီပြုလုပ်လိုလျင် ကိုယ့်လူတွေ ညီနေဖို့လိုသည်။ တကွဲတပြားလုပ်၍မရ။ စစ်အစိုးရကတောင့်တင်းသည်။ သူတို့မှာပေါ်လီစီတွေ ခိုင်မာနေသည်။ စီမံကိန်းတွေ အပြည့်အ၀ရှိသည်။ သူတို့၏ပေါ်လီစီတွေကို တခုချင်းတိုက်ဖျက်ဖို့အတွက် ကျွန်တော်တို့က လျော့ရည်းရည်း လုပ်၍မဖြစ်။ သူတို့၏စီမံကိန်းတွေကို ရိုက်ချိုးဖျက်ဆီးဖို့ ရေတို၊ရေရျည်စီမံကိန်းတွေနှင့် ရိုက်ချိုးရမည်ဖြစ်သည်။
နှစ်ပေါင်း ၂၀ အတွင်း လုပ်ချင်တိုင်းလုပ်နေခဲ့ကြသော ဖြစ်ချင်တိုင်းဖြစ်နေခဲ့ကြသော နိုင်ငံရေးရေစီးကြောင်းမှာ ဇိမ်ခံသင်္ဘောကြီးများနှင့် ရွက်လှင့်သွားနေသူများ၊ တက်မရှိဘဲ ရွက်လွှင့်၍သွားနေရသူများ၊ တက်ကျိုး၍ လက်နှင့် လှော်သွားနေသူများ၊ နောက်လိုက်မရှိဘဲ တဦးတည်းဗိုလ်လုပ်လိုက် ၊ ဥက္ကဌလုပ်လိုက်နှင့် တပည့်မရှိသော ခေါင်းဆောင်ကြီးအဖြစ် လုပ်နေရသူများ၊ ခြေလျင် လျောက်ပြီး နိုင်ငံရေးကို ဇေါက်ချလုပ်နေကြသူများ၊ဖျာခင်းရောထိုင်မည့်သူများအနေဖြင့် ယခုအချိန်မှာ နိုင်ငံရေးအဆုံးအဖြတ်ကို ခံယူရတော့မည်။ စစ်အစိုးရ၏ သက်ဆိုးရှည်နေမှူများကို တိုက်ဖျက်ရိုက်ချိုးရာ၌ ကိုယ်ကခပ်ညံ့ညံ့ ဖြစ်နေလို့ကတော့ ရှေ့ဆက်ခရီးမှာ မသွားသင့် မလျှောက်သင့်ထင်သည်။ ကိုယ်ညံ့၍သာ စစ်အစိုးရက ပန်းပန်လျက် ရှိနေဆဲဆိုသည်ကို မမေ့သင့်။
၂၀၁၀ ရွေးကောက်ပွဲဆိုသည်မှာမဝေးလှတော့။ စစ်အစိုးရက မကြေညာသည့်တိုင်အောင် သူတို့ဖက်က ခြံလုံပြီဆိုသည်နှင့် စိန်ခေါ်ရန်အသင့်လုပ်ထားသည်။ အကွက်ချစီမံထားသည်မှာ စနစ်တကျရှိနေသည်။ ထို့ကြောင့်လည်း မြန်မာငွေ သိန်းပေါင်းတထောင်ကို သူတို့တွေက ရွေးကောက်ပွဲဝင်မည့်မြို့ နယ် တွေမှာ လှူတာတွေ ကျောင်းဆောက်နေတာတွေ ကြားနေမြင်နေရပါသည်။ သူတို့၏အရှင်သခင်ဖြစ်သော စစ်အစိုးရကသာ ပြည်သူတွေ၏ဘ၀လုံခြုံရေး၊ ပညာရေး၊ကျန်းမာရေး၊ သာသနာရေးတို့ကို အစဉ်တစိုက်ြ့ပုလုပ်ခဲ့ကြလျှင် စစ်အစိုးရကို ပြည်သူတွေ ချစ်ခင်လေးစားကြမည်ထင်သည်။ ယင်းကြောင့်လည်း ယခုအချိန်တွင် သူတို့တွေက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသောသဘောနှင့် ပေးကမ်းနေခြင်းကို ပြည်သူတို့မှာ သိထားနေကြသည်ဟု ပြောဆိုနေကြပါသည်။ စင်စစ်ပြည်သူတွေမှာ သူတို့ထင်သလိုမညံ့ကြကြောင်း စစ်အစိုးရ၏ လက်ကိုင်တုပ်များအကြောင်းကို နောကြေနေကြပြီဖြစ်ကြောင်း ပြောဆိုသံများ ကြားနေရပါသည်။
တလောက အနှေးယဉ်ဆိုက္ကားသမားများကို ကြံ့ဖွံ့ပါတီများမှ အဖွဲ့ဝင်များမှ စည်းရုံးနေသည်ဟု ကြားရသည်။ ၈ လေးလုံးဒီမိုကရေစီအရေးအခင်းကာလတွင် အနှေးယဉ်ဆိုက္ကားသမားများ သမဂ္ဂအဖွဲ့မှာ ပြည်နယ်တိုင်းတွင် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်။ ယင်းကို အခွင့်ကောင်းယူကာ စစ်အစိုးရက လက်ဦးမှူယူကာ အနှေးယဉ် ဆိုက္ကားသမားအဖွဲ့အား ကြံ့ဖွံ့တွင် ထည့်ထားကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ရန်ကုန်၌ အလုပ်သမား သမဂ္ဂအဖွဲ့ ပေါ်ပေါက်လာကြပြီဖြစ်ရာ ပြည်နယ်များ ၊ မြို့နယ်များ မှာ ပညာရေးအလုပ်သမားသမဂ္ဂ၊ ဆက်သွယ်ရေးအလုပ်သမဂ္ဂ၊ စသည်ဖြင့် သက်ဆိုင်ရာပြည်နယ်အသီးသီးတွင် ဖွဲ့စည်းရန် လူထုတိုက်ပွဲကော်မီတီမှ နိုးဆော်ရုံသာ ရှိတော့သည်။ ယင်းသမဂ္ဂများမှာ ရွေးကောက်ပွဲကို ဖျက်ဆီးနိုင်သော အင်အားစုကြီးများဖြစ်ပါသည်။ သမဂ္ဂများမှာ မဲမပေးရေး တအိမ်တက်ဆင်း စည်းရုံးလှုံ့ ဆော် နိုင်သည့် အခွင့်အရေး ရှိနေပါသည်။ တိကျစွာပြောရလျှင် ရွေးကောက်ပွဲသည် မဲပေးရေးနှင့် မဲမပေးရေး ဆိုသော ပြသနာကို နားလည်အောင် ရှင်းပြခွင့် ရှိနိုင်ပါသည်။
သို့အတူလူထုတိုက်ပွဲကော်မီတီမှာ ကမ္ဘာ့နိုင်ငံပေါင်းစုံမှ လူပုဂ္ဂိုလ်များ ပါဝင်သော တခုတည်းသော အဖွဲ့အစည်းဖြစ်ဖို့လိုသည်။ တခုတည်းသောအဖွဲ့အစည်းဖြစ်မှ နိုင်ငံတကာအစိုးရျားအား ကြေညာချက်ထုတ်ပြန်သည့်အခါ လေးစားသမှူခံရနိုင်သည်။ အသိအမှတ်ပြုခြင်းခံရနိုင်သည်။ ကြေညာချက်တစောင်မျှ မထုတ်ပြန်နိုင်ပါဘဲ မည်သည့်နိုင်ငံတကာမှ အစိုးရများနှင့် ထင်ရှားသော နိုင်ငံခေါင်းဆောင်များတို့အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲ မပြုလုပ်တတ်ကြောင်းကိုတော့ နားလည်ဖို့လိုပါသည်။ စင်စစ်မိမိတို့က ညီညွတ်ပြထားမှ နိုင်ငံတကာက အသိအမှတ်ပြုကြမည်ဖြစ်သလို မိမိတို့ အသိုင်းအ၀န်းမှာလည်း အသိအမှတ်ပြုကြမည်ဖြစ်သည်။
တချိန်တည်းမှာပင် ပြည်တွင်းမှ လှုပ်ရှားဆောင်ရွက်သူများကလည်း တက်ညီလက်ညီဆောင်ရွက် လှုပ်ရှားဆာင်၇ွက်နိုင်ရန် ပံ့ပိုးကူညီနိုင်ကြမည်ဖြစ်သည်။ ပြည်တွင်းမှာ ပြည်သူတွေက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ချင်ကြသည်မှာ အမှန်ဖြစ်သည်။ သူတို့မှာ ဦးဆောင်တိုက်ပွဲဝင်မည့်သူများကို ရှာဖွေတောင်းဆိုနေကြသည်။ သူတို့၏တိုက်ပွဲဝင်စီမံကိန်းများကို အကောင်းဆုံးထောက်ပံ့ ကူညီနိုင်မည့်သူများမှာ ပြည်ပမှ လူထုတိုက်ပွဲကော်မီတီများသာဖြစ်သည်။ သူတို့လိုချင်သည်မှာ ကျွန်တော်တို့ထံမှ အာမခံချက်များဖြစ်သည်။ အကြံညာဏ်များဖြစ်သည်။ နည်းလမ်းကောင်းများဖြစ်သည်။ အားကိုးနိုင်လောက်သော အကူအညီများဖြစ်သည်။ သူတို့မှာစည်းရုံးညီညွတ်နေကြပါသည်။
ကျွန်တော်တို့မှာ စည်းရုံးရေးအားပျော့နေမှန်း ပြည်တွင်းမှ ပြည်သူများ နားလည်နေကြပါပြီ။ ဦးဆောင်နိုင်စွမ်း မရှိမှန်း သိသာနေကြပါပြီ။ အသံကောင်းဟစ်၍ အော်နေလို့လည်း ပြည်သူတို့မှာ လက်မခံ၊ မယုံကြည်ကြတော့။ ရေဒီယိုများမှလည်း လိမ်ညာပြီး အင်တာဗျူး ပြောနေလို့လည်း မယုံကြ။ ပြည်တွင်းမှ လူတွေ မယုံကြည်ခြင်းက အကြောင်းမဟုတ်။ ပြည်ပမှ လူများကတော့ လှောင်နေကြပြီ ဆိုသည်ကို သိထားကြဖို့လိုပါသည်။ ထို့ကြောင့် ကျွန်တော်တို့မှာ မိမိအရိပ်ကို မိမိတို့ ရှက်တတ်ဖို့လိုပါသည်။ သမိုင်းဆိုသည်မှာ နောင်ခါမှ ဖြစ်လာမည်ဆိုသော်လည်း မိမိကြောင့် ဒီမိုကရေစီရရှိရေး ခရီးလမ်းမှာနှောင့်နှေး ဖင့်နွှဲသွားမည်ဆိုလျှင် လက်သင့်မခံနိုင်။ ယင်းကဲ့သို့ဖြစ်လာမည်ဆိုလျင် ကျော်တက်မည့်သူများကို လမ်းဖယ်ပေးလိုက်ရန် လိုနေသောအချိန်ဖြစ်ပါသည်။ နိုင်ငံရေးခရီးရှည်ကြီး တခုမှာ အဆင်းအတက်များရှိရာ အကွေ့အကောက်များတွင် တိမ်းချော်ထိုးကျသွားနိုင်သော ကွေ့များလည်း ရှိတတ်မှန်း လူတိုင်းသိနားလည်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့မှာ နိုင်ငံရေးစာမျက်နှာများကို အသစ်ပြန်ဖွင့်လှစ်ရန်လိုပါပြီ။
တချိန်တည်းမှာပင် လက်နက်ကိုင်အဖွဲ့အစည်းများမှာလည်း တဖွဲ့တည်း တပါတီတည်း ပြည်ထောင်စုတပ်မတော်ဖြစ်အောင် ပြုလုပ်ရန် အချိန်က တောင်းဆိုနေပါပြီ။ ရှမ်းကတဖုံ၊ ကရင်ကတမျိုး၊ ချင်းကတမှောင့် ၊ရခိုင်ကတသွယ်နှင့် မွန်ကတလီ လက်နက်ကိုင်အဖွဲ့တွေက မှိုလိုပေါက်ကာ အရောင်အမျိုးမျိုးနှင့် ရှိလေလေ ရန်သူက တိုက်ခိုက်ရာမှာ ရန်ဖက်နည်းလေလေ ဖြစ်နေပါသည်။ ပြန့်ကြဲနေသော ရန်သူကို စုစည်းခိုင်မာသော နအဖစစ်တပ်သည် အမြဲတမ်းစစ်ရေး၌ အသာစီးရနေခြင်းမှာ ယင်းအချက်ကြောင့်ဖြစ်ပါသည်။ ပြည်ထောင်စုတပ်မတော်သာ တခုတည်းရှိပြီး ကြေးစားစစ်တပ်ကို ၀ိုင်းအုံတိုက်ခိုက်ပါက ရန်သူစစ်အစိုးရမှာ ပြသနာများဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုတပ်ဖွဲ့ပါက အားနည်းသောတပ်ဖွဲ့ဟူ၍ မရှိတော့ဘဲ ရန်သူစစ်ကြောင်းနှင့် လက်ရည်တူတိုက်ခိုက်နိုင်သည်ဆိုလျှင် စစ်ရေးအခြေအနေ အားသာချက်များ ရရှိနိုင်မည်ဖြစ်သည်။
သည်တော့ ကျွန်တော်ပြောချင်သည်မှာ နိုင်ငံရေးအရ အကြမ်းမဖက်နိုင်ငံရေးအဖွဲ့အစည်းများက စုစည်းညီညွတ်စွာဖြင့် ရှိနေဖို့လိုသည်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းဖို့လိုသည်။ ပြည်ထောင်စုတပ်မတော်ကို ထိမ်းသိမ်းကွပ်ကဲဖို့ ပြည်ထောင်စုအစိုရဆိုသည်မှာလည်း ပြည်နယ်အခြေခံသော လူမျိုးစုကိုယ်စားလှယ်များမှ ရွေးချေယ်တင်မြှောက်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းပြီး ဒီမိုကရေစီအစိုးရတရပ်ကို ဖွဲ့ထားသင့်ချိန်ဖြစ်သည်။ ခုအချိန်မှာ နိုင်ငံရေးချိန်ခွင်လျှာက ကျွန်တော်တို့ဖက် ရောက်နေပါသည်။ ပြည်ပနိုင်ငံရေးမှာ သံခင်းတမန်ခင်းအရေးက ကောင်းနေပါပြီ။
ပြည်တွင်းသို့သွားနှင့်ကြသော နိုင်ငံတကာမှ သံခင်းတမန်ခင်းများသည် ကျွန်တော်တို့နှင့် လက်တကမ်းအကွာမှာ ရှိနေပါသည်။ ကျွန်တော်တို့လိုချင်သော အကြောင်းအရာများကို ပြောနိုင်ဖို့ ၀လုံးရေးဖို့ ညီလေးထိုင်ဖို့ စာလုံးစီဖို့အချိန်ရောက်နေပါပြီ။ ဤအချက်ကို ယုံကြည်ဖို့လိုပါသည်။
ယခုကြည့်လိုက်လျှင်ပင် သိသာနိုင်သည်။ တချိန်လုံး စစ်အစိုးရအား စီးပွါးရေးပိတ်ဆို့ထားမှူများမှာ မကောင်းဟု စစ်အစိုးရဖက်က ရပ်တည်နေသော အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် မစ္စတာဂျင်ဝပ်မှာ ခြေမကျွံမိစေရန် သတိထားပြီး ခြေဦးပြန်လှည့်ခဲ့ပါပြီ။ မကောင်းဆိုးဝါးတကောင်မှန်း သူကောင်းကောင်းသိသွားပြီ။ စစ်ရာဇ၀တ်ကောင်များအဖြစ် မကြာခင် တွေ့မြင်ရမည့် စစ်အာဏာရှင်တွေမှန်း နားလည်သွားပါပြီ။ သူမြန်မာနိုင်ငံခရီးစဉ်ကို ဖျက်ခဲ့ခြင်းသည် ကျွန်တော်တို့အဖို့ ကောင်းသောလက္ခဏာဖြစ်ပါသည်။ အားရစရာကောင်းလှပါသည်။ သူ့ကို ကျွန်တော်တို့ ထောက်ခံလိုက်ကြရတော့မည်။ သူနှင့် ပါတ်သက်၍ အမေရိကန်အစိုးရကိုလည်း ထောက်ခံစာရေးသားပေးပို့ရတော့မည်။ ကြေညာချက်တွေ ပလူပျံအောင် ပို့ရတော့မည်။ ပြီးတော့ ဆက်လက်စီးပွါးရေးပိတ်ဆို့ရန် တောင်းဆိုရအုံးမည်။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရအား အသိအမှတ်မပြုကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် တောင်းဆိုရအုံးမည်။ အမေရိကန်အစိုးရနှင့် အခြားသောနိုင်ငံများမှ အသိအမှတ် မြ့ပုဟုဆိုလျှင် ကျွန်တော်တို့ လုပ်ငန်းတွေ အောင်မြင်သည်။ တချိန်တည်းမှာပင် ကွှန်တော်တို့ မျော်လင့်နေသော စင်ပြိုင်အစိုးရကို ပြည်တွင်းမှာ ဖွဲ့စည်းဖြစ်လျှင် အသိအမှတ်ပြုမည်လား ဆိုသော မေးခွန်းကို မေးရပေအုံးမည်။ သည်အခါ ကျွန်တော်ထင်ပါသည်။ သူချည်းလည်းမဟုတ်၊ အခြားသောသူများကိုပါ မေးရတော့မည်။ အခြားသောသူများဆိုသည်မှာ ကျွန်တော်တို့ကို ထောက်ခံသော နိုင်ငံများကို ဆိုလိုခြင်းဖြစ်သည်။
ကျွန်တော်တို့၏ ရန်သူဖြစ်သော နအဖစစ်အစိုးရ၏ ရန်သူသည် ကျွန်တော်တို့၏ မိတ်ဆွေဖြစ်သည်။ ဟုတ်ကဲ့။ ကျွန်တော်တို့၏ မိတ်ဆွေသည် အမေရိကန်အစိုးရနှင့်အခြားနိုင်ငံများမှ ဖြစ်သည်။မိတ်ဆွေဖြစ်သူသည် ရန်သူထက် ကူညီတတ်ပါသည်။ ကူညီတတ်သော မိတ်ဆွေများထံမှသမိုင်းကောင်းသော ကျွန်တော်တို့ တခုခုတော့ တောင်းကြည့်ဖို့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် အတူတူလက်တွဲကြဖို့ တဖွဲ့တည်းလုပ်ဖို့လိုသည်ဟုထင်သည်။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

နအဖ ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် တကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု့ ( ကိုရီးယား ) ဒုတိယအကြိမ်




လေးစားစွာဖြင့်

http://flyingpeacock.blogspot.com/

ABMA ဂျာနယ် အတွဲ (၁) အမှတ် (၉)

ABMA Journal Volume 1 No 9.pdf 4.462 MBABMA Journal Volume 1 No 9

လမ်းမှန်ကိုပြနိုင်ကြပါစေ


မြန်မာနိုင်ငံစာနယ်ဇင်း ( ၀ါ ) သတင်းအမှောင်ချရေးကော်မတီဝင်များခင်ဗျာ
စာနယ်ဇင်းသမားဆိုသည်မှာ တိုင်းသူပြည်သားများ အလင်းပြသူများဖြစ်ပါတယ်။ ယနေ့မြန်မာနိုင်ငံမှစာနယ်ဇင်းသမားတို့သည် အဆိပ်နှင့်တူသောမဟုတ်မမှန် သတင်းများကို ဖြန့်ချီ ၍ ပြည်သူများ၏ မျက်လုံးကန်းအောင် ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။စာပေသမားဟူသည် မိမိရေးသောစာပေါ်တွင် သစ္စာတရားရှိရသည်ဟု စာပေပညာရှင်များပြောကြားလေ့ ရှိသသည်ကိုပညာရှင်များထံ ကြားနာခဲ့ဘူးပါသည်။
ယနေ့တွင် တိုင်းသူပြည်သူများအတွက် အရေးပါ၍စစ်မှန်သော သတင်းများကို သာ ဖော်ပြရမည့်အစားပြည်သူများအားမဟုတ်မမှန်လုပ်ကြံသတင်းများသာ သင်တို့၏စာနယ်ဇင်းဂျာနယ်များပေါ်တွင် ဖော်ပြထားသည်မှာလည်း သင်တို့အသိဆုံးပင်ဖြစ်ပါသည်။သင်တို့၏ သတင်းစာ ၊ ဂျာနယ်များပေါ်တွင်တိုင်းပြည်တိုးတက်နေပါသော်လည်းလက်ရှိပြင်ပတွင် ၉၀% သောပြည်သူများသည်စားဝတ်နေရေး အတွက် လွန်စွာ ရုန်းကန်နေရသည်ကို သင်တို့လည်းသိပါပေသည်။ သတင်းစာကိုင်လျှင်ဓါတ်လိုက်နိုင်သည်ဟု အများပြောဆိုသည်မှာ လည်း လွန်သည်ဟု မဆိုသာ။
တိုင်းပြည်အတွက် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းများ အကြောင်းကို ဖော်ပြထားကြသည်မှာအားတက်စရာကောင်းလှသော်လည်းအကယ်အဖြစ်အပျက်တွင်ကား ထိုစီမံကိန်းများမှ၁၀%ခန့်ပင် လျှပ်စစ်ဓါတ်အား မထုတ်လုပ်နိုင်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။လက်ရှိအစိုးရ၏ အဓိက စီမံကိန်းမှာ နူးကလီးယား ထုတ်လုပ်ရေးမှန်းစာပေပညာရှင်များ ကိုအသာထား လမ်းဘေးကဆိုက်ကားသမား ပင်သိသာပါသည်။
ထိုစီမံကိန်းကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေများမှာ ပြည်သူများအတွက် အသုံးမချနိုင်ဘဲအကျိုးမရှိကုန်ဆုံးခဲ့ကြသည်။ထိုသို့သော သတင်းများကို ဖုံးကွယ်၍ အစိုးရ အလိုကျ မဟုတ်မမှန်လုပ်ကြံ သတင်းများကို သာ ဖော်ပြနေသည်မှာလည်း ပြည်သူအားလုံးအသိပင်ဖြစ်သည်။မြန်မာပြည်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်သောအရင်းအမြစ်များစွာရှိပါသည်။ လက်ရှိအစိုးသည် နူးကလီးယား စီမံကိန်းမှ ၃၀%သောကုန်ကျစရိတ်များကို အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည်ဆိုပါက တနိုင်ငံလုံး မှ ပြည်သူများစိတ်ချမ်းသာရမည် ဖြစ်သည်။ကျွန်ူပ်တို့တိုင်းပြည်၏အခြေခံလိုအပ်ချက်များ ကို အုပ်ချုပ်သူအစိုးရများအား ကလောင်စွမ်းအားဖြင့်ဖော်ထုတ်ရန် ကြိုစားသင့်ပေသည်။
ယခုလက်တလော ဖြစ်ပွားနေသာ အခြေနေကိုကြည့်လျှင် လွန်စွာသိသာလှပါသည်။ကိုကျော်သူသည အများပြည်သူများ၏ ဒုက္ခကို သူတတ်နိုင်သည့်ဘက်မှ ကူညီဖြေရှင်းနေသောသူဖြစ်ပါသည်။မထက်ထက်မိုးဦးသည်လည်း နိုင်ငံကျော် ရုပ်ရှင်မင်းသမီးဖြစ်ပါ၏။သို့သော မည်သူ၏ သတင်းကို ဖော်ပြလျှင် ပြည်သူများ အကျိုးရှိမည် ထင်ပါသနည်း။စာပေပညာရှင်ဟု အမည်တတ်ကာ ကလောင်ကိုင်၍ အသက်မွေးနေသူများ အတွက်အထူးအထွေ စဉ်းစားစရာပင် မလိုပါ။
ကျွန်ူပ်သည် မည်သူ၏ဘက်မှ လိုက်ခြင်းမဟုတ် ။ မှန်ရာကိုဆိုရလျှင် မထက်ထက်မိုးဦး သတင်းသည်အထူးအထွေ ဖော်ပြရန်ပင် မလို။လူတိုင်း၌ အမှားရှိကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ မထက်ထက်မိုးဦးကို သတင်းထောက်များ မေးသောမွေးခွန်းများ သည် လွန်စွာရိုင်းလွန်းအားကြီးကြသည်။ ရင်သွေးလိုချင်၍ အသက်နှင့်ရင်းကာ ကိုယ်ဝန်ဆောင်ထား သော မိန်းမတယောက်၏ မိခင်မတ္တာကို စော်ကားခြင်းပင်ဖြစ်သည်။ မိမိတို့၏ မိဘမတ္တာကို စော်ကား ခံရလျှင်လည်း လူတိုင်းဒေါသထွက်ကြမည်ဟုကျွန်ူပ်ယုံကြည်မိပါသည်။
ထင်ပေါ်ကျော်ကြားသော အနုပညာရှင်ဖြစ်သော်လည်း လူသားမိန်းကလေးတစ်ယောက်ဖြစ်သောကြောင့်စာနာစိတ်များဖြင့် မေးမြန်းကာ ရေးသားဖော်ပြသင့်သည်။
ကိုကျော်သူသည် နာရေးကူညီမှု အသင်းကိုဖွဲ့ကာ ဒုက္ခရောက်နေသော သူများကို ကူညီနေသောလူကောင်းတစ်ဦးပင်ဖြစ်သည်။သူ၏စိတ်ဓါတ်နှင့်လုပ်ရပ်များသည် လူတိုင်းအားကျအတုယူစရာကောင်းလှသည်။ ပြည်သူများ၏ အားကျကာ စံနမူနာ ယူသင့်သည့် လူတော်လူကောင်းတစ်ယောက်အကြောင်းကို ဝေေ၀ဆာဆာ ဖော်ပြသင့်သည်။သို့မှသာတကယ်ဒုက္ခေ၇ာက်နေသူများကို ကူညီရာတွင် လုပ်အားငွေကြေးအစရှိသည်တို့ကို အများပြည်သူနှင့်လက်တွဲကာ ပိုမိုထိရောက်သော နည်းလမ်းများနှင့် ကူညီဖြေရှင်းနိုင်မည်ဖြစ်သည်။ ပြည်သူများ၏ဒါနကို တကယ်လိုအပ်သော နေရာများတွင် ကိုယ်ကျိုးမဖက် တိုင်းပြည်အကျိုးအတွက်လုပ်ဆောင်နေသည်မှာ လည်း အားလုံးအသိပင်ဖြစ်သည်။သို့သော မည်သည့်သတင်းစာ ၊ဂျာနယ် ၊မဂ္ဂဇင်းများပေါ်တွင်မှ မဖော်ပြကြသည်ကို ကြည့်ခြင်းဖြင့် စာပေပညာရှင်များအဖွဲ့၏လုပ်ဆောင်ချက်ကား သိသာထင်ရှားလှသည်။
ဘာသာရေးဘက်က ကြည့်ပြန်လျှင်လည်း မြန်မာလူမျိုးတို့ တကယ်တန်ဖိုးထားဗုဒ္ဓဘာသာကွယ်ပျောက်မည့်အရေးကိုစိုးရိမ်သောကြောင့် တနိုင်ငံလုံးလှည့်လည်ကာစစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ပေါ်ထွန်းရေးအတွက် အားသွန်ခွန်စိုက်ကြိုးစားနေရှာသော သာသနာ့အာဇာနည် ဆရာတော် ဦးသုမင်္ဂလ အကြောင်းကိုမည်သူတစ်ဦးတစ်ယောက် ရေးသားဖော်ပြခြင်းမရှိကြပေ။ ဆရာတော် သည် မြန်မာလူမျိုးတို့အရိုးစွဲနေပြီဖြစ်သော မှားယွင်းသော အထုံဓလေ့များ ကိုအမှန်ပြင်နိုင်ရန်တနိုင်ငံလုံးလှည့်လည်၍ တရားပြနေရရှာသည်။ဆရာတော်၏ ဟောပြောချက်များသည်အလွန်ရိုးရှင်းကာပွင့်လင်းစွာ မှန်ရာကို ပြောဆိုခြင်းကြောင့် လူအများကလေးစားမြတ်နိုးကာ စစ်မှန်သော သာသနာတရပ် ပေါ်ထွန်းလာအောင် စွမ်းဆောင်မည့် သာသနာ့အာဇာနည် တပါးအနေနှင့် ရေးသားဖော်ပြသင့်ပေသည်။ သို့သော် လက်ရှိအစိုးရသည်ပြည်သူများ အမြင်မှန်ရမည်ကို လွန်စွာစိုးရိမ်လျှက် ဆရာတော်၏ တရားပွဲများကိုလိုက်လံပိတ်ပင်နှောက်ယှက်လျှက်ရှိသည်။
မဟုတ်တာ၊မမှန်တာ များနှင့်ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ နိုင်ငံတော် ဘဏ္ဍာငွေများကိုကိုယ်ကျိုးစီးပွားအတွက် အသုံးချကာအာဏာယစ်မူးနေသော လက်ရှိစစ်အစိုးအတွက်တော့အမှန်တရားကိုပြောကြားခြင်းသည် နိုင်ငံရေးဟုပင် ထင်မှတ်နေပေလိမ့်မည်။ယခုလည်း စစ်ဝတ်နှင့်နှိပ်စက်ရတာ အားမရသောကြောင့်အရပ်ဝတ်နှင့်ထပ်မံနှိပ်စက်ရန် အသွင်ကူးပြောင်းနိုင်ရေးကိုကြိုးစားလျှက်ရှိသည်။ဌင်းတို့သည်တိုင်းပြည်ဘဏ္ဍာငွေများကို အကျိုးမရှိသောရင်းနှီးမြုပ်နှံမှုများတွင် အသုံးပြုနေသည်ကိုပြည်သူများသိအောင်ထုတ်ဖော်ရေးသားသင့်ပေသည်။

ပြည်သူများ၏ဒုက္ခကို သုခ နှင့်လိုအပ်ချက်ကို သိပါလျှက် မဖော်ပြခြင်းသည် စာပေတာဝန် မကျွေပြွန်ပေ။ထို့ကြောင့် စာပေသမားဟု မယူဆနိုင်။ တိုင်းသူပြည်သားများအား ကလောင်စွမ်းဖြင့်ဒုက္ခပေးရက်ကြသော သင်တို့အား စာပေပညာရှင်များဟုကိုယ်ကိုကိုယ်သမုတ်ထားကြသည်မှာလည်း ရှက်ဖွယ်ကောင်းလှသည်။မိန်းမတစ်ယောက်၏ အိမ်တွင်းရေး စော်ကားဝေဖန်ကာ ၀ိုင်းဝန်းပုတ်ခတ်ကြသောစာပေပညာရှင်များ ကကောအဘယ်မျှလောက် ကိုယ်ကျင့်သိက္ခာ တည်ကြည်ကြပါသနည်း။ထိုသို့အရှက်မရှိ ကိုယ်ကျင့်သိက္ခာမကောင်းသော အဖွဲ့အစည်းမှ မိမိကိုယ်မိမိစာပေ ပညာရှင်များဟု ထင်မှတ်ကာလက်ရှိအစိုးရ၏ ပါးစပ်တွင်း ဥပဒေများကို အဖိုးတန်သော စာရွက်များပေါ်တွင်ရေးသားရိုက်နှိပ်ထုတ်ဝေခြင်းမှာ လွန်စွာ နှမြောစရာကောင်းလှပေသည်။ပြည်သူများအတွက် အဆိပ်အတောက် အကျိုးမရှိအတင်းအဖြင်း စာပေများရေးသားထုတ်ဝေမည့်အစား ထိုစာရွက်များ၏အရင်းမူလ ၀ါးပင်လေးကိုသဘာဝအတိုင်းထားသည်ကမှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ တိုင်းပြည်အတွက်ပိုမိုအကျိုးရှိနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ အမှားကို သိ၍အမှန်ကိုပြင်ကာ တိုင်းပြည်အကျိုး သယ်ပိုးဆောင်ရွက်နိုင်သောစာပေပညာရှင်များ အဖြစ်ပြည်လည်မြင်တွေ့နိုင်ပါစေလို့မျှော်လင့်လျှက်

ညဏ်လင်းထက်

မေးလ်ဖြင့်ပေးပို့သောဗမာ့သွေးအားကျေးဇူးတင်ရှိပါသည်။