Tuesday, June 8, 2010

ပီတာညွှန့်မောင်ထံသို့ ဂျပန်ကုမ္ပဏီမှ အကြွေးတောင်းစာ

ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ ယောက်ဖ ဟာမိုနီဆားဗစ်ဆက်ကုမ္ပဏီရဲ့Managing Director ဦးပီတာညွှန့်မောင်ထံသို့ ဂျပန်ကုမ္ပဏီမှ အကြွေးတောင်းစာ မြန်မာ၊ဂျပန်....

မြန်မာပြည်မှာ မတန်တဆဈေးနဲ့ ငွေတွေလက်ခံပြီး ယူပါတယ်။ ဦးပီတာညွန်မောင်တို့က အလုပ်သင် Visa နဲ့ ဂျပန်သွားမယ့် သူတွေကို အကျိုးဆောင်ခလည်း ယူသလို ထွက်ပြေးရင် သိန်း၃၀ပေးရမယ် .. ဆိုပြီး စာချုပ်ချုပ်ပါတယ်။ အခု ဂျပန်ကုမ္ပဏီက Train Visa နဲ့လာသူ(၁၄)ဦး မြေလျှိုးပြီး မိုးပျံ ပျောက်ဆုံးသွားလို့ ဆုံးရှုံးခ ငွေတွေ ပြန်တောင်းနေပါပြီ။ ဂျပန်ကုမ္ပဏီက အစစအရာရာ အကုန်ခံပြီးခေါ်ရတာလေ.. မြန်မာပြည်မှာလိုတော့ ဗိုလ်ချုပ်နဲ့ ဆွေမျိုးတော်တယ်ဆိုပြီး ပါဝါအာဏာပြလို့ မရပါ...။
....peter nyunt mgpeter nyunt mg2
ဥပဒေရဲ့ အထက်မှာ ဗိုလ်ချုပ်တွေပဲရှိရမယ်...
ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်းရဲ့ သားတစ်ယောက်မှ လူတစ်ယောက်ကို ကားမတော်တဆတိုက်မြိပီး သေဆုံးစေခဲ့တာ သိကြမယ် ထင်ပါတယ်။ အဲဒီအချိန်တုန်းက သူတို့ မိသားစုတွေဟာ သူတို့ရဲ့ ဆွေမျိုး ဟာမိုနီ သိန်းထွန်း မှတဆင့် အနော်ရထာလမ်းက ရွှေဆိုင်မှာ အမေရိကန် ဒေါ်လာတွေ ရောင်းခဲ့ပါတယ်။ သူ့မိသားစုဟာ ကွယ်လွန်သူ မိသားစုတွေအတွက် အခန်းတစ်ခန်း နှင့် ငွေအချို့ပေးခဲပါ့တယ်။ ဒါကြောင့်ဘဲ ဒီကားတိုက်သေဆုံးမှု ဟာပျောက်ကွယ်ခဲ့ရပြီး ကားတိုက်မှုဖြစ်တဲ့ ဒီ Mark 2 ကားကိုလည်း လဲခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ဆိုတဲ့ ပါဝါ နဲ့ ငွေ ကြောင့် ကားတိုက်မှု ဖြစ်တဲ့ လူသတ်တရားခံနဲ့ ဥပဒေ ပျောက်ကွယ်နေရပါပြီ။

ပေးပို့လာသူ အတွင်းသိ အားကျေးဇူးတင်ပါသည်။
http://www.demowaiyan.co.cc/2010/06/managing-director_08.html

ယခင်သတင်း
ပီတာညွှန့်မောင်နှင့်ဖိုးလပြည့်

Freedom Vigil to honour Aung San Suu Kyi and human rights defenders

invitation flyer for the Freedom Vigil to honour DASSK, all women and victims of human rights violations.


What: Women’s Freedom Vigil

When: June 17, 2010, 6:45 pm - 8:00 pm

Where: Church of the Holy Trinity

10 Trinity Square, Toronto (near Eaton's Center)


https://mail.google.com/mail/?ui=2&ik=ead8f986c4&view=att&th=129192a4b4e81cfc&attid=0.1&disp=inline&realattid=f_ga75luwo0&zw

8 May 2010 ဒိုင်ယာရီ

8 June 2010 yeyintnge Diary.doc( MS work)8 June 2010 Yeyintnge Diary

မလိမ့်တပတ်ဥပဒေနဲ့ ကြံ့ဖွတ်ကရေစီ

မလိမ့်တပတ်ဥပဒေနဲ့ ကြံ့ဖွတ်ကရေစီ

အောင်ကျော်ခင် / ၀၈ ဇွန် ၂၀၁၀


ကြံ့ဖွံ့သန်းရွှေအုပ်စုဟာ နေရာတကာ လွှမ်းမိုးချင်ပါတယ်။ ပါးစပ်က ဘုရားဘုရား လက်ကကားယားကားယားဆိုတာ သူတို့ပဲ။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိပေမယ့် သူတို့မတရားလုပ်တာကို ဒီမိုကရေစီအစစ်အမှန်လို့ ပြောနေပြန်ပြီ။ အနှစ် (၂၀) ကျော် ထင်သလိုအနိုင်ကျင့်ပြီး အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်မှာ ရွေးကောက်တင်မြှောက်တဲ့အစိုးရ ပေါ်ထွက်လာမယ်ဆိုတော့ တော်သေးတာပေါ့လို့ မြင်သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခြေခံဥပဒေ အခန်း (၁) မှာ ဖော်ပြတဲ့ နိုင်ငံတော် အခြေခံမူတွေဟာ တခုနဲ့တခု ဆန့်ကျင်ဘက်ဖြစ်နေတာကို နိုင်ငံခြားအစိုးရတွေ သတိမထားမိကြဘူးထင်တယ်။

တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးနဲ့ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ဦးဆောင်ရေးကို အစဉ်တစိုက်ဦးတည်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်လို့ အခြေခံမူမှာ ဖော်ပြထားတယ်။ စစ်တပ်ကြီးစိုးရေးနဲ့ လောကပါလတရား ထွန်းကားရေးဟာ ဆန့်ကျင်ဘက်အယူအဆ ဖြစ်နေတာကို လောဘဇောတိုက်နေတဲ့ စစ်အုပ်စုက သတိထားမိပုံမရဘူး။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားနဲ့ စစ်ဗိုလ်ကြီးစိုးရေးကို ရောမွှေလိုက်ရင် စစ်ဗိုလ်ကြီးစိုးရေးကို လက်ခံလာလိမ့်မယ်လို့ လွယ်လွယ်နဲ့ တွက်ထားပုံရတယ်။ ဒါကြောင့် နအဖအခြေခံဥပဒေ အခန်း (၁) ကို ကြည့်တာနဲ့ မလိမ့်တပတ်လုပ်ထားတာ ထင်ရှားနေတယ်။

ကိုယ်သုံးတဲ့ နိုင်ငံရေးစနစ်ကို စစ်မှန်ပြီး စည်းကမ်းပြည့်တဲ့ ဒီမိုကရေစီဆိုပြီး ၀ိသေသနတွေ တတ်ထားတာဟာ ၀ါဒဖြန့်တာပဲ။ ဒီမိုကရေစီ စစ်တယ်မစစ်ဘူးဆိုတာ အခြေခံဥပဒေက ပြမှာပါ။ အခုလို ကြော်ငြာနေစရာ မလိုပါဘူး။ စစ်ဗိုလ်ကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီလို့ ပြောရဲတာဟာ ဘာမဆို လုပ်ရဲတယ်ဆိုတာကို ပြတာပဲ။ ဆိုရှယ်လစ်ဆိုတဲ့ ဝေါဟာရကို ဗိုလ်နေ၀င်းက နာမည်ဖျက်ခဲ့သလို ဒီမိုကရေစီကို ဗိုလ်သန်းရွှေက နာမည်ဖျက်တာပါပဲ။ ကြံ့ဖွံ့သန်းရွှေတီထွင်တဲ့ ဒီမိုကရေစီဖြစ်လို့ ကြံ့ဖွတ်ကရေစီလို့ခေါ်မှ သဘာဝကျမယ်။ အင်္ဂလိပ်လိုတော့ Kleptocracy ပေါ့။ သူခိုးလက်ထဲ အာဏာအပ်တဲ့ နိုင်ငံရေးစနစ်ဖြစ်တယ်။

မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်ကို ပီပြင်စွာကျင့်သုံးနိုင်ခြင်း မရှိတဲ့အတွက် ၁၉၇၄ မှာ တပါတီဆိုရှယ်လစ်ဒီမိုကရေစီကို တည်ဆောက်ခဲ့ကြောင်း၊ ဒါပေမယ့် ၁၉၈၈ မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် ဆိုရှယ်လစ်အခြေခံဥပဒေလည်း ရပ်ဆိုင်းသွားရတယ်လို့ နိဒါန်းမှာ ရေးထားတယ်။ ၁၉၄၇ အခြေခံဥပဒေဟာ ခြောက်ပြစ်ကင်း မဟုတ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲပြီး လွတ်လပ်ရေးကို ရယူထားတဲ့ မူလဥပဒေဖြစ်တာမို့ ဒီဥပဒေကို ပြင်ဆင်သုံးစွဲတာဟာ ဒီမိုကရေစီနည်းဖြစ်ပြီး ဗုဒ္ဓဘာသာတရားနဲ့လည်း ကိုက်ညီတယ်။ အရင်က ပြဋ္ဌာန်းခဲ့တဲ့ တရားဥပဒေ ဓလေ့ထုံးစံနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ပြီး ထင်သလိုဥပဒေမပြုဖို့ ဗုဒ္ဓဘာသာကျမ်းတွေမှာပါတဲ့ ‘အပရဟာနိယ’ တရားက ညွှန်ကြားထားတယ်။ ဒီတရားကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့လို့ အနောက်တိုင်းသားတွေ တိုးတက်တာလို့လည်း ဆိုတယ်။

နအဖအခြေခံဥပဒေပါ လွှတ်တော် (၄) မျိုးစလုံးမှာ စစ်တပ်ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်းပါရှိနေတာဟာ နိုင်ငံရေးအာဏာရဲ့ အခြေခံဟာ ပြည်သူ့ဆန္ဒသာ ဖြစ်ရမယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၁) ကို ဆန့်ကျင်တယ်။ တစ္ဆေမှင်စာ၊ ဘီလူးသရဲနဲ့ နာနာဘ၀ကို ယုံကြည်သူတွေကသာ နအဖအစိုးရ ပြဋ္ဌာန်းတဲ့ ဒီမိုကရေစီကို ယုံကြည်လိမ့်မယ်လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပင်ညဲရိုးက ၂၀၀၈ မတ်လ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောသွားတယ်။ သိပ်မှန်တာပေါ့။ ကြပ်ပြေးသန်းရွှေဟာ ဘုရားတည်၊ ယတြာချေ၊ နတ်တင်တဲ့နေရာမှာ နံပါတ် (၁) ပဲ။ တန်းခိုးရှိတယ်လို့ ယုံကြည်ကြတဲ့ မြနန်းနွယ် (ခေါ်) သိုက်နန်းရှင် (ခေါ်) အမတော်ဆိုတဲ့ နတ်ရုပ်ကို ကြပ်ပြေးသန်းရွှေအမိန့်နဲ့ ညတိုင်း လက်ထိတ်ခတ်နေတာ ကြာပြီဆိုပဲ။

နိုင်ငံတော်အကြီးအကဲမှာ ရှိရမယ့် အရည်အချင်းကို ဖော်ပြရာမှာ ခင်ပွန်း (သို့မဟုတ်) ဇနီးက နိုင်ငံခြားသားဖြစ်ရင် လုပ်ပိုင်ခွင့် မရှိဘူး။ သားသမီး (သို့မဟုတ်) သားသမီးရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းက နိုင်ငံခြားသားဖြစ်ရင်လည်း လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖော်ပြတယ်။ ၁၉၈၉ ရွေးကောက်ပွဲဥပဒေမှာလည်း ဒီပုံစံအတိုင်း ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာလို့ မြင်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းပါဝင်ရေးဆွဲတဲ့ ၁၉၄၇ အခြေခံဥပဒေမှာလည်း ဒီလိုပဲ ပြဋ္ဌာန်းတယ်လို့ နအဖဗိုလ်ချုပ်တွေ ပြောလေ့ရှိတယ်။ ဒါပေမယ့် ၁၉၄၇ အခြေခံဥပဒေပုဒ်မ (၇၄) အပိုဒ် (၁) မှာ နိုင်ငံခြားသားအဖြစ် ခံယူသူဟာ ရွေးကောက်ပွဲဝင်ခွင့် မရှိဘူးလို့သာ ရေးထားတာပါ။ ခင်ပွန်း (သို့မဟုတ်) ဇနီး၊ သား (သို့မဟုတ်) ချွေးမက နိုင်ငံခြားသားဖြစ်နေရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ နအဖစစ်အစိုးရ ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို မပါနိုင်အောင် တမင်ရည်ရွယ်ပြီး ရေးထားသလို ဖြစ်နေတယ်။ ဒေါ်စုဟာ အင်္ဂလန်မှာ အမြဲတမ်း နေထိုင်ခွင့်ရဖူးတဲ့ မြန်မာနိုင်ငံသူသာဖြစ်ခဲ့တယ်။ ဒါပေမယ့် (၂) နှစ်အတွင်း အင်္ဂလန်ကို ပြန်မလာရင် အမြဲတမ်းနေထိုင်ခွင့် ပျက်ပြယ်တာမို့ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီအခွင့်အရေး ဆုံးရှုံးနေတာ ကြာပြီ။ အီတလီနိုင်ငံသူနဲ့ လက်ထပ်ထိမ်းမြားထားတဲ့ ရာဂျစ်ဂန္ဒီ အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာတာကသာ စစ်မှန်တဲ့ ဒီမိုကရေစီသဘောတရားကို ပြသတာလို့ မြင်ကြတယ်။

အခြေခံဥပဒေ ရေးဆွဲပုံရေးဆွဲနည်းဟာ အခြေခံဖွဲ့စည်းပုံဥပဒေလိုပဲ အရေးကြီးတယ်လို့ ဆိုရိုးရှိတယ်။ အခြေခံဥပဒေရေးဆွဲရာမှာ လူတန်းစားအသီးသီးနဲ့ တိုင်ပင်နှီးနှောတာမျိုးမလုပ်ဘဲ ဟန်ပြညီလာခံကျင်းပပြီး စစ်တပ်က တဖက်သတ်ရေးဆွဲတာကြောင့် ထွက်ပေါ်လာတဲ့ အခြေခံဥပဒေဟာလည်း စစ်တပ်ကို မတရားလုပ်ပိုင်ခွင့် ပေးထားတယ်။ ပြည်သူ့ဆန္ဒမဲနဲ့ အတည်ပြုရမယ့် အခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးပွဲမတိုင်မီ ရက်သတ္တ (၅) ပတ်ရောက်မှ ထုတ်ပြန်တယ်။ မြန်မာစာနဲ့သာ ရေးထားတာကြောင့် မြန်မာစာမတတ်တဲ့ တိုင်းရင်းသားတွေ မသိကြဘူး။ ရန်ကုန်ကဆိုင်တွေမှာ တစောင် (၁,၀၀၀) နဲ့ ရောင်းတာမို့ နိုင်ငံသားအများစုဟာ ဘာမှန်းမသိလိုက်ဘူး။ လေ့လာမိတဲ့ လူနည်းစုဟာ ဝေဖန်ဆွေးနွေးနိုင်ခွင့် မရှိဘူး။ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ် (၄၇)၊ နိုင်ငံခြားရောက် မြန်မာ၊ သံဃာစတာတွေ မဲဆန္ဒပေးခွင့်မရဘူး။ ဒါပေမယ့် နအဖအစိုးရကတော့ မဲပေးခွင့်ရှိသူ (၉၆) ရာခိုင်နှုန်း မဲဆန္ဒရတယ်လို့ ဆိုတယ်။

“အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ” ဆိုတာဟာ နအဖအုပ်စု မတရားလုပ်ထားတာတွေကို အရေးယူခွင့်နဲ့ တရားစွဲခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာပဲ။ နအဖအဖွဲ့ဝင်တဦးဦး (သို့မဟုတ်) အစိုးရအဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်ကို တရားစွဲခွင့်နဲ့ အရေးယူခွင့်မရှိဘူးလို့ ပုဒ်မ (၄၄၅) က ဆိုတယ်။ ဒါပေမယ့် ICTJ - Internationa Center for Transitional Justice က ၂၀၀၉ စက်တင်ဘာမှာ ထုတ်ဝေတဲ့ (၄၅) မျက်နှာစာတမ်းမှာတော့ နအဖလုပ်သမျှကို အခြေခံဥပဒေက မကာကွယ်နိုင်ဘူးလို့ဆိုတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာမျိုးဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အပြစ်ရှိတဲ့အတွက် အခြေခံဥပဒေက မကာကွယ်နိုင်ဘူးလို့ဆိုတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုးကို အရေးယူဖို့နဲ့ ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ၁၉၅၆ နဲ့ ၁၉၉၂ ဂျနီဗာသဘောတူချက်ကို ဗမာအစိုးရ အတည်ပြုပြီးဖြစ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ နအဖအခြေခံဥပဒေ ပဋိပက္ခဖြစ်နေတယ်။

တချို့ကလည်း နအဖရဲ့အစီအစဉ်မှာ ၀င်ရောပြီး တဖြည်းဖြည်းချင်း အခြေခံဥပဒေကို ပြင်ယူမယ်လို့ စိတ်ကူးတယ်။ နအဖအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်လို့ ဖော်ပြထားတယ်။ နောက်တော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမယ်လို့ဆိုတယ်။ ကြံ့ဖွံ့၊ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားကိုယ်စားလှယ်စုစုပေါင်းက (၇၅) ရာခိုင်နှုန်းသာ ရှိတာမို့ ဒါကို ကျော်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ (၂၅) ရာခိုင်နှုန်းဟာ စစ်တပ်ကိုယ်စားလှယ်ဖြစ်နေတာကြောင့် အထဲဝင်ပြီး အခြေခံဥပဒေကို ပြင်ယူမယ်ဆိုတာဟာ စိတ်ကူးယဉ်အိပ်မက်သဘောပဲဖြစ်နေတယ်။ တွေးကြည့်ရင် သိနိုင်ပါတယ် ပြေးကြည့်စရာ မလိုပါဘူး။ အစိုးရပုံစံပြောင်းသွားပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကတော့ မစနိုင်သေးပါဘူး။
http://www.khitpyaing.org/index.php?route=detail&id=2072

ဂျင်မ် ၀က်ဘ် သဘောထားမပြောင်း


ဧရာဝတီ Tuesday, June 08, 2010

အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ၀က်ဘ် အနေနှင့်သူ၏ မြန်မာပြည် ခရီးစဉ်ကို အဘယ်ကြောင့် ရုတ်တရက် ဖျက်သိမ်း လိုက်ရပါသနည်း။ နိုင်ငံရပ်ခြားတွင် နေထိုင်လျက် ရှိသော မြန်မာနိုင်ငံသား တချို့က ဂျင်မ် ၀က်ဘ် တယောက် မြန်မာပြည် အပြောင်းအလဲနှင့်ပတ်သက်၍ ပိုကောင်းသော အဖြေကို ရှာတွေ့သွားသောကြောင့် ၎င်း၏ စဉ်းစားပုံများ ပြောင်းလဲ သွားပြီလားဟု အင်တာနက် စာမျက်နှာများတွင် မေးမြန်းဆွေးနွေးလျက် ရှိကြသည်။ ဤမေးခွန်းများအား မဟုတ်ပါဟု ဖြေရပေလိမ့်မည်။

မြန်မာစစ်အစိုးရက နျူကလီးယားအစီအစဉ် အကောင်အထည်ဖော်ရန် မြောက်ကိုရီးယားနိုင်ငံနှင့် လုပ်ငန်း ပူးပေါင်း ဆောင်ရွက် မှုများ ရှိနေသည်ဟု စွပ်စွဲထားသော သတင်းအချက်အလက်များ ထပ်မံရရှိသောကြောင့် မြန်မာပြည် ခရီးစဉ်ကို ဖျက်သိမ်းရခြင်း ဖြစ်သည်ဟု ဂျင်မ် ၀က်ဘ်၏ ၀ါရှင်တန်ရုံးက တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

ယုံကြည် စိတ်ချရသော ဘန်ကောက်အခြေစိုက် သတင်းဌာနများ၏ အဆိုအရ ဂျင်မ် ၀က်ဘ် လက်ခံရရှိခဲ့သည့် သတင်း အချက် အလက် များသည် ဒီမိုကရက်တစ် မြန်မာ့အသံက ရိုက်ကူး၍ အယ်လ်ဂျာဇီးယား ရုပ်သံလွှင့် အစီအစဉ်မှ ဇွန် ၄ ရက်နေ့က တင်ဆက်သွားသော စစ်အစိုးရ၏ “နျူကလီးယားရမ္မက်” အမည်ရှိ သတင်းမှတ်တမ်း ရုပ်ရှင်နှင့် ဆက်စပ်မှုရှိသည်ဟု သိရသည်။

ဂျင်မ် ၀က်ဘ် အနေနှင့် ယင်း သတင်းမှတ်တမ်းရုပ်ရှင် အကြောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ ကြာသာပတေးနေ့ နေလယ်စာ စားနေချိန်တွင် သိရခြင်းဖြစ်ကြောင်း၊ စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ ၎င်း၌ နောက်ခံအချက် အလက် အနည်းငယ်သာ ရှိသဖြင့် ၀န်ထမ်းများကို လိုအပ်သလို ဆက်လက် စုံစမ်းမှုများပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း အထက်ပါ သတင်းဌာနများက ဆိုသည်။

ထိုသို့ သိရှိရပြီးနောက် ဂျင်မ် ၀က်ဘ်က ၄ ရက်နေ့၌ စတင်ရမည့် ၎င်း၏ မြန်မာပြည်ခရီးစဉ်ကို ချက်ချင်း ရုပ်သိမ်းခဲ့သည်။ ၎င်း၏ ၀ါရှင်တန်ရုံး ထုတ်ပြန်ကြေညာချက်ထဲတွင် မြန်မာပြည် နျူကလီးယားကိစ္စကို ယခုထက်ပို၍ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ပါက ထိုခရီးစဉ်သည် အမြော်အမြင်မဲ့၍ အကျိုးမရှိသော ခရီးစဉ်သာ ဖြစ်လိမ့်မည်ဟု ဂျင်မ် ၀က်ဘ်က ထည့်သွင်းပြောကြားခဲ့သည်။

“ဇွန်လ ၃ ရက်နေ့ထုတ် သတင်း အစီရင်ခံစာများတွင် နျူကလီးယားအစီအစဉ် အကောင်အထည်ဖော်ရန် မြန်မာစစ်အစိုးရက မြောက်ကိုရီးယားနိုင်ငံနှင့် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟု စွပ်စွဲထားသော အချက်အလက်များ ထပ်မံပါရှိသည်။ ယင်းတို့နှင့် ပတ်သက်၍ မြန်မာစစ်တပ်ဘက်မှ ဘက်ပြောင်းလာသည့် အရာရှိတဦးက အခိုင်အမာ သိထားသည့်အပြင် ၎င်း၌ အထောက်အထားများလည်း အပြည့်အစုံရှိနေသည်ကို တွေ့ရသည်” ဟု ဂျင်မ် ၀က်ဘ်က ဆိုသည်။

၎င်းက ဆက်လက်၍ “ယင်း စွပ်စွဲချက်များသည် မည်မျှအခြေအမြစ် ရှိ၍ မှန်ကန်သည်ကိုမူ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ သံသယဖြစ်ဖွယ် စစ်လက်နက်ပစ္စည်း တင်ပို့မှုနှင့်ပတ်သက်၍ လက်ထောက် နိုင်ငံ ခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က မြန်မာ စစ်အစိုးရအနေနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချိုးဖောက်သည်ဟု မကြာသေးခင်က စွပ်စွဲခဲ့သဖြင့် ယခုအချိန်၌ ယင်းနှစ်နိုင်ငံနှင့် သက်ဆိုင်သည့် မဖြေရှင်းရသေးသော အရေးကြီး ကိစ္စရပ် နှစ်ခု ရှိနေပါသည်။ ထိုကိစ္စများအား ယခုထက်ပို၍ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ပါက ဤခရီးစဉ်သည် အမြော်အမြင်မဲ့၍ အကျိုးမရှိသော ခရီးစဉ်သာ ဖြစ်မည်ဟု ကျွန်ုပ်ယူဆသည်” ဟု ပြောထားသည်။

တချိန် တည်းမှာပင် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ကိစ္စတစုံလုံးကို ကိုင်တွယ် ဆောင်ရွက်နိုင်ရန် အတွက် အထူး ကိုယ်စားလှယ်တဦး ခန့်အပ်ရန်ကိုလည်း ဂျင်မ် ၀က်ဘ်က သမ္မတ ဘားရက် အိုဘားမားကို တိုက်တွန်းခဲ့သည်။ ဤသို့ ဆောင်ရွက်မှုကြောင့် ဂျင်မ် ၀က်ဘ်အနေနှင့် ၎င်း မြန်မာနိုင်ငံအပေါ်ထားရှိသည့်သဘောထား ပြောင်းသွားပြီဟု ဆိုနိုင် ပါသလား။ မဟုတ်ပါ၊ ဂျင်မ် ၀က်ဘ်အနေနှင့် သူ့ကိုယ်သူ အဖတ်ဆယ်ခြင်းသာ ဖြစ်နိုင်ပါသည်။

ဂျင်မ် ၀က်ဘ်သည် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုများအား ဆန့်ကျင်သူဖြစ်ပြီး မြန်မာ စစ်အစိုးရဘက်ကို ယိမ်းနေသူဟု ဆိုနိုင်သည်။ ၎င်းအပါအ၀င် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှ - ပစိဖိတ်ရေးရာ ဆိုင်ရာ အရာရှိကြီးများ၏ လုပ်ငန်း ဆောင်တာများနှင့် ပတ်သက်၍လည်း ပြစ်တင်ဝေဖန်မှုများ သို့လော၊ သို့လော ထွက်ပေါ်လျက်ရှိသည်။

ဂျင်မ် ၀က်ဘ်သည် မြန်မာ အတိုက်အခံ အင်အားစုများအတွင်းတွင်လည်း ရေပန်းစားလှသူ မဟုတ်ပေ။ ၎င်းနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို လက်မခံနိုင်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးဝင်းတင်က ထုတ်ဖော်ပြောဆို ခဲ့ဖူးသည်။

“ဂျင်မ် ၀က်ဘ်ဟာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် စာနာထောက်ထားမှု မရှိဘူး” ဟု ဦးဝင်းတင်က တဲ့တိုး ပြောဆိုခဲ့သည်။

ဂျင်မ် ၀က်ဘ်သည် အမေရိကန် အထက်လွှတ်တော်အတွင်း၌ ဆန္ဒမဲ တမဲသာ ဖြစ်ကြောင်း၊ ၎င်း တယောက်တည်းနှင့် အမေရိကန် အစိုးရအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် အပြောင်းအလဲ လုပ်ရန် လုံလောက်သည့် အင်အား အရှိန်အ၀ါ မရှိနိုင်ကြောင်း မြန်မာ့ အရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပါတ်လည်နေ့က အထက်လွှတ်တော် အမတ်များ ဖြစ်သော မစ်ခ်ျမက်ကော်နယ်၊ ဂျိုးလီဘာမင်း၊ ဒိုင်ယန်ဖင်းစတိန်း၊ ဂျတ်ဂရက်ဂ်၊ ဂျွန်မက်ကိန်း နှင့် ဆမ်ဘရောင်းဘက် တို့က ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အတိုက်အခံ ပါတီကို အာဏာလွှဲပြောင်းမှု မရှိခြင်းနှင့် ယခုနှစ် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တခြား ဒီမိုကရေစီ အင်အားစုများ ပါဝင်မှုမရှိဘဲ ကျင်းပမည့်အတွက် မြန်မာစစ်အစိုးရအား ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ထိုသို့ ရှုတ်ချသည့် အမေရိကန် အထက်လွှတ်တော်အမတ်များထဲတွင် ဂျင်မ် ၀က်ဘ် မပါဝင်ပေ။

အမေရိကန် အစိုးရက မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် မူဝါဒအသစ် ချမှတ်ပြီးမကြာမီ ၂၀၀၉ ခုနှစ် သြဂုတ်လတွင် ဂျင်မ် ၀က်ဘ် မြန်မာပြည်သို့ အလည်အပတ် သွားရောက်ခဲ့သည်။ ၎င်း၏ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ကို တွေ့ဆုံခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်း တိတ်တဆိတ် ၀င်ရောက်မှုနှင့် ပြစ်ဒဏ် ချမှတ်ခံရသော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော လွတ်မြောက်ရန်လည်း ဆောင်ရွက်နိုင်ခဲ့သည်။

ယင်းခရီးစဉ်နောက်ပိုင်း နယူးယောက် တိုင်းမ်စ် သတင်းစာ၌ ဆောင်းပါးရေးသားရာတွင် ဂျင်မ် ၀က်ဘ်က အမေရိကန် စီးပွားရေး သမား တဦး ဖိတ်ကြားသဖြင့် ၎င်း မြန်မာနိုင်ငံသို့ ၂၀၀၀ ပြည့်နှစ်တွင် ကိုယ်ပိုင် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ဖူးကြောင်း ထုတ်ဖော် ခဲ့သည်။ မည်သူက ဖိတ်ကြားသည် ဆိုသည်ကိုမူ မဖော်ပြခဲ့ပေ။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဂျင်မ် ၀က်ဘ်နှင့် ထပ်မံတွေ့ဆုံရန် ဆုံးဖြတ်ချက် ချခြင်းသည် အမေရိကန် အစိုးရက မြန်မာစစ်အစိုးရကို ထိတွေ့ ဆက်ဆံလာစေရန်နှင့် မြန်မာပြည် အပြောင်းအလဲအတွက် တခြားနည်းလမ်းများ စဉ်းစားရန် ဖြစ်နိုင်သည်။

“ကျနော်တို့ အနေနဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ခြင်းအားဖြင့် သင့်တင့် လျောက်ပတ်တဲ့ သံခင်း တမန်ခင်း အခြေအနေတွေကို မဖြစ်ပေါ်လာနိုင်ပါဘူး။ မြန်မာခေါင်းဆောင်တွေနဲ့ ကျနော်တို့ စကား ပြောကို ပြောရမှာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ လွတ်လပ် ပွင့်လင်းတဲ့ မြန်မာ့ လူ့အဖွဲ့အစည်း ပေါ်ထွန်းလာဖို့ဆိုတဲ့ ကျနော်တို့ရဲ့ ဆန္ဒကို စွန့်လွှတ်လိုက်ပါလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျနော်တို့ ရည်မှန်းချက်ကို ပြတ်သားတဲ့ မူဝါဒ မဟုတ်တဲ့ တခြား နည်းလမ်းတွေက တဆင့်သာ ရောက်ရှိနိုင်ပါလိမ့်မယ်” ဟု ဂျင်မ်ဝက်ဘ်က နယူးယောက် တိုင်းမ်စ် သတင်းစာ၌ ရေးသားခဲ့သည်။

မြန်မာ စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုများသည် ဒေသတွင်းတည်ငြိမ်ရေးကို အန္တရာယ်ရှိနိုင်သည်ဟုလည်း ဂျင်မ် ၀က်ဘ်က စောဒက တက်ခဲ့သေးသည်။ “အနောက်နိုင်ငံ အစိုးရတွေက မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ တခြား နိုင်ငံတွေနဲ့ အထူးသဖြင့် ရုရှ၊ တရုတ်တို့နဲ့ သဟဇာတ မဖြစ်ပါဘူး။ ဒီလိုဆောင်ရွက်မှုတွေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုကို သိသိသာသာ တိုးတက်အောင် ခွင့်ပြုပေးသလို ဖြစ်နေပါတယ်။ ဒီအခြေအနေက ဒေသတွင်း မဟာဗျူဟာ ချိန်ခွင်လျှာကို ပိုပြီး မညီမမျှ ဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။

ဒဏ်ခတ် အရေးယူမှုကို ဆန့်ကျင်သည့် အုပ်စုများနှင့် သြဇာကြီးမားသော စီးပွားရေး လုပ်ငန်းရှင်များသည် ဂျင်မ် ၀က်ဘ်၏ ပထမအကြိမ် မြန်မာပြည်ခရီစဉ်အား နောက်ကွယ်မှ ပံ့ပိုးကူညီမှုရှိခဲ့သည်ဟု မြန်မာ့အရေး သုံးသပ်သူများက ယူဆကြသည်။ ဂျင်မ် ၀က်ဘ်၏ တရုတ်ဆန့်ကျင်ရေးမူသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို အကြီးအကျယ် ခံနေရသည်ဟု အမြင်ခံရသည့် မြန်မာနိုင်ငံ အတွက် အကျိုး ရှိသည်ဟုလည်း တချို့က သုံးသပ်သည်။

ဂျင်မ် ၀က်ဘ်နှင့် တွေ့ဆုံခွင့်ရခဲ့သည့် မြန်မာ့အရေး သုံးသပ်သူများက မြန်မာနိုင်ငံအပေါ် ၎င်း၏ နားလည်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။

စစ်အစိုးရက အမေရိကန်နိုင်ငံသား ကျော်ဇောလွင် ခေါ် ညီညီအောင်ကို မတ်လတွင် လွှတ်ပေးလိုက်ပြီးနောက်ပိုင်း ဂျင်မ် ၀က်ဘ် ထုတ်ပြန်ခဲ့သည့် ကြောညာချက်ကို တိုက်ရိုက်ကိုးကားလာသောကြောင့် မြန်မာ့အရေး သုံးသပ်သူများက ယင်းသို့ မေးခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်ုပ်၏ ၂၀၀၉ ခုနှစ် သြဂုတ်လ မြန်မာပြည်ခရီးစဉ် နောက်ပိုင်းမှစ၍ မြန်မာစစ်အစိုးရသည် အပြောင်းအလဲကို ရှေးရှုသည့် ထိရောက်သော ဆောင်ရွက်ချက်များကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် ယင်းသို့ ဆောင်ရွက်ချက်များကို နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန် အခွင့်အလမ်းများအဖြစ် အသေအချာ ထည့်သွင်း စဉ်းစားသင့်သည်” ဟူ၍ ဂျင်မ်ဝက်ဘ်က ၎င်း၏ ကြောညာချက်တွင် ထည့်သွင်းရေးသားခဲ့သည်။

ဂျင်မ် ၀က်ဘ်ပြောသော “စစ်အစိုးရ၏ အပြောင်းအလဲကို ရှေးရှုသည့် ထိရောက်သော ဆောင်ရွက်ချက်များ” ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါတော့သည်။

Webb's Change of Plans Means No Change of Heart ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
http://www.irrawaddy.org/bur/

အင်န်အယ်ဒီ နာမည်ပါရင် လူရိုသေမလားလို့....

ဝံသာနု အင်န်အယ်ဒီ တစ်နိုင်ငံလုံး ၀င်ပြိုင်ရန်ဆုံးဖြတ်


မန္တလေးမြို့ အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သော ၀ံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီသည် လာမည့် ၂၀၁၀ ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ၌ ယခင်က တိုင်း ဒေသကြီး အတွင်း ၌သာ စည်းရုံးရန် ရည်ရွယ်ခဲ့ သော်လည်း အသင်းသား အားလုံး၏ သဘော တူညီချက်ဖြင့် ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံး မည့် ပါတီ အဖြစ် မှတ်ပုံတင် ခဲ့ကြောင်း သိရသည်။ "အစပိုင်း မှာတော့ မန္တလေးတိုင်း အခြေစိုက် အနေနဲ့ပဲ ပါဝင်ယှဉ်ပြိုင် ဖို့ပါ။ ဒါပေမယ့် အသင်းသား အားလုံးရဲ့ သဘော တူညီချက် နဲ့ တခြား တိုင်းနဲ့ ပြည်နယ်တွေက စိတ်ဝင်စား သူတွေ အဖွဲ့အစည်းတွေ လည်း ပါဝင် နိုင်အောင်၊ ပါတီ အနေနဲ့လည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် နိုင်အောင် ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက် တာပါ" ဟု အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာက ပြောသည်။

ထိုသို့ လွှတ်တော် သုံးရပ် စလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ကို အဓိက ယှဉ်ပြိုင် ရဖွယ် ရှိ ကြောင်း ဒေါ်နန်းရွှေကြာက ဆိုသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်သည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် များကို စိစစ် ခွင့်ပြုပေးလျက် ရှိရာ မေလ ၂၈ ရက်နေ့ အထိ နိုင်ငံရေးပါတီပေါင်း ၂၄ ခုကို မှတ်ပုံတင် ခွင့်ပြုထားခဲ့ပြီး ဖြစ်သည်။

ထို့ပြင် မှတ်ပုံ တင်ခွင့် ရရှိ ပြီးသော နိုင်ငံရေး ပါတီများက သတ်မှတ် ထားသည့် ပါတီဝင် အင်အား စာရင်း ကို ကော်မရှင်သို့ တင်ပြရန် ကြေညာချက် အမှတ် (၆၄ ။၂၀၁၀) ကို မေလ ၂၈ ရက်နေ့က ထုတ်ပြန် ခဲ့သည်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(စ) နှင့် အညီ ပြည်ထောင်စု တစ်ဝန်း လုံးတွင် စည်းရုံးမည့် ပါတီ ဖြစ်ပါက နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြုသည့် နေ့မှ စ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၁,၀၀၀ နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည် နယ် တစ်ခု အတွင်း၌သာ စည်းရုံးမည် ဆိုပါက မှတ်ပုံတင် ခွင့်ပြု သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၅၀၀ ကို ကော်မရှင်သို့ တင်ပြ ရမည် ဖြစ်သည်။ သတ်မှတ်ချက် အတိုင်း တင်ပြ ဆောင်ရွက် နိုင်ခြင်း မပြု နိုင်လျှင် ယင်း ပါတီအား နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်ထား ခြင်းကို ပယ်ဖျက်၍ ပါတီ ကိုလည်း ဖျက်သိမ်း ရမည်ဟု နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ ပုဒ်မ ၁၂ တွင် ပြဌာန်း ထားပြီး ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။


၈ . ၆ . ၂၀၁၀
http://www.htwd.info/2010/06/wuntharnunld.html

ကွက်လပ်ပါတဲ့ မောင်ဝံသ


ဖိုးဇော် ....
မင်းက UMFCCI ကို သွားချင်၊ ငါက ငါးလုပ်ငန်းအဖွဲ့ ချုပ်ကို သွားချင်နဲ့ ညှိမရတဲ့အဆုံး
ကိုယ့်လမ်း ကိုယ်သွားခဲ့တယ်။ ဂျူး ရဲ့  သဘာဝပတ်ဝန်းကျင်ဘာသာရပ်ကလည်း စိတ်ဝင်စားဖို့ 
ကောင်းမှာပါ။ ငါကတော့ မောင်ဝံသ ဆီ ရောက်သွားတယ်။
၁၉၈၅ ခုနှစ်လောက်ကတည်းက အတွေးအမြင် စာစောင်ကို စွဲစွဲလမ်းလမ်းဖတ်ခဲ့ပြီး
မောင်ဝံသ ကို သတိပြုမိပါတယ်။ ဒီမိုကရေစီအုံကြွမှုကြီးအပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ NLD
အမတ်မောင်ဝံသ၊ နောက် ထောင်ထဲရောက်သွားတဲ့ မောင်ဝံသလို့ သိခဲ့ရပါတယ်။
အပြင်ပြန်ရောက်ပြီး NLD နဲ့ မောင်ဝံသ ဝေးခဲ့ပုံရပါတယ်။ စာရေးဆရာ၊ မီဒီယာသမား
အဖြစ် နောက်ပိုင်း ပြန်ပေါ်လာတာ တွေ့ ရတယ်။
သူကတော့ နေရာမှန် ပြန်ရောက်တယ် ပြောပါတယ်။ ၁၀ နှစ်တာ ကာလအတွင်း လူအများ
ရှေ့ စင်မြင့်ထက် ပထမဆုံးပြန်တက်တဲ့ ပွဲ လို့ ဆိုပါတယ်။ ပရိသတ် ၁၇၀ ကျော်လောက် လာကြတာ
တွေ့ ရတယ်။
နိုင်ငံရေးဘက် အလေးကဲပြီး ပြောသွားတာတွေ့ ရသလို မေးကြတာတွေအများစုဟာလည်း
နိုင်ငံရေးနဲ့ နွယ်ယှက်တဲ့ မေးခွန်းတွေပါ။ လာမယ့်ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီး
မီဒီယာလွတ်လပ်ခွင့် ...စတဲ့အမေးတွေကို ထိန်းထိန်းသိမ်းသိမ်း ဖြေသွားပါတယ်။
ဟောပြောပွဲမ စ ခင် ဟောပြောသူရဲ့ ကိုယ်ရေးရာဇ၀င်ဖတ်ပြတဲ့အခါ NLD မှာ ဆောင်ရွက်ခဲ့တဲ့ 
နိုင်ငံရေးဖြတ်သန်းမှုကို မကြားရတာ စိတ်မချမ်းမြေ့ ဖွယ်ကောင်းပါတယ်။
တရားဝင်ပါတီအဖြစ် မရှိတော့တဲ့ NLD ကို မေ့ထားရမယ့်အချိန်မှာမှ စိုးရိမ်စိတ် တထိတ်ထိတ်
ဖြစ်နေကြတာ ငါတော့ နားမလည်နိုင်ဘူး။
ဖိုးဇော်ရေ ....
မိုးကြိုးပစ် ထန်းလက်နဲ့ ကာလို့ မရလောက်အောင် အဘက်ဘက်က အောက်တန်းနောက်တန်း
ကျနေတဲ့ ငါတို့ နိုင်ငံ၊ ငါတို့ လူမျိုးကို ပြန်လည်ဆယ်ယူတွန်းတင်ဖို့ ရာ ငါတို့ မှာ တာဝန်ရှိပါတယ်။
ငါတို့ ဘဲ လုပ်ရမယ်။ လုပ်ချင်လွန်းလို့ လုပ်တာဘဲ ဖြစ်ရမယ်။
ရိုးသားတဲ့မျိုးချစ်စိတ်ကို ဆုတ်ကိုင်ပြီး အမျိုးသားဦးမော့ရေးအတွက် လုပ်ကြကိုင်ကြတဲ့
အခါ ခေါက်ရိုးကျိုးအကျင့်ဟောင်းနဲ့ အရိုးစွဲအကြောက်ဟောင်းတွေကိုမှ ခါ မထုတ်နိုင်ရင်တော့
ရွှေပြည်တော် မျှော်တိုင်းဝေး နေဦးမှာဘဲ။
မြန်မာပြည် ကွန်မြူနစ်ပါတီ မရှိတော့ဘူး။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မရှိတော့ဘူး။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မရှိတော့ဘူး။
ဒါ ...ပကတိ အရှိတရားဘဲ။
နိုင်ငံတည်ဆောက်ရေးနဲ့ အသွင်ပြောင်းရေးအတွက် နေရာပေါင်းစုံ၊ ထောင့်အမျိုးမျိုးကနေ
အသိရှိရှိ ပါဝင်ဆောင်ရွက်ကြမယ့် ပုဂ္ဂိုလ်များရဲ့ ကိုယ်ရေးရာဇ၀င်တွေမှာ ကွက်လပ်တွေ ချန်မထား
သင့်ပါဘူး။
အထူးသဖြင့် အဲဒီ ပါတီ ၃ ခုမှာ ၀င်ရောက်လှုပ်ရှားခဲ့သူတွေ ပိုသတိပြုသင့်ပါတယ်။
ကွက်လပ်တွေပါတဲ့ ကိုယ့် ကိုယ်ရေးမှတ်တမ်းကို ကိုယ် ကိုယ်တိုင်ဖတ်ပြီး ကျေနပ်နေမှတော့
တိုင်းပြည်အတွက် ဘာမှလုပ် မနေပါနဲ့ တော့။
မုန့် ဟင်းခါးသာ ရောင်းစားကြပါတော့ .....။


--
AMT
11-mingalar,sanchaung
yangon
01510698, 092032925
aungmyo tun <8layloneamt@gmail.com>




ကိုအောင်မျိုးထွန်းထံ လိပ်မူပြီး အောက်ပါ ပြန်စာကို ပို့ထားပါတယ်။
ဖတ်ကြည့်ပြီး မိတ်ဆွေများကို ပြောပြလိုက်ပါခင်ဗျား။


ကိုအောင်မျိုးထွန်းရေ
ကျေးဇူးတင်ပါတယ်
ဟောပြောပွဲမှာတုန်းက မေးခွန်းမေးသူတစ်ယောက်က
အလားတူမေးပါတယ်
ကျွန်တော် ရေးပေးတဲ့ ကိုယ်ရေးရာဇ၀င်မှာ အကုန်အစုံပါပါတယ်
သတင်းစာသပိတ်ကို ခေါင်းဆောင်ခဲ့လို့ အလုပ်ပြုတ်ခဲ့တာရော၊
NLD တာဝန်တွေရော၊ ထောင်ကျတာတွေရော၊ အမတ်ရွေးခံရတာရော
စာပေဘက် ပြန်ရောက်တာရော
အားလုံးရေးပေးပါတယ်
အဲဒီမှာ ရုံးအဖွဲ့မှူး ဦးခင်မောင်သန်းက ထပြီး ၀န်ခံသွားပါတယ်
သူ့သဘောနဲ့သူ ဖြတ်တောက်ပစ်တာပါလို့ သူပြောသွားပါတယ်။
ကျွန်တော် ကွက်လပ်ချန်တာ မဟုတ်ပါ
NLD မှာ (၁) ပဲခူးတိုင်း စည်းရုံးရေးမှူး၊ (၂) ဗဟိုကော်မတီဝင်၊ (၃) ဗဟို အလုပ်အမှုဆောင်
(၄) တတ်သိပညာရှင် ဗဟိုအဖွဲ့ဝင် အဖြစ်ထမ်းဆောင်ခဲ့ပါတယ်။
အဲသလို လုပ်ခွင့်ရခဲ့တာကို ဘ၀တစ်သက်တာ ဂုဏ်ယူစရာ အဖြစ်တောင် အောက်မေ့ပါတယ်။ ထိမ်ချန်လိုစိတ်လုံးဝမရှိပါ။ ကျွန်တော် တတိယအကြိမ် ထောင်မှာ ၅နှစ်ကျော်နေခဲ့ရပြီး ၂၀၀၁ ဇွန်လ ၁၃ရက်မှာ လွတ်တယ်။ ဇူလိုင် ၉ ညမှာ ဒေါ်စု (အိမ်အကျယ်ချုပ်နဲ့ ရှိနေဆဲ)က ဒေါက်တာတင်မျိုးဝင်းကို ကျွန်တော့်အိမ်လွှတ်ပြီး NLD မှာ ပြန်လည် တာဝန်ထမ်းဆောင်ဖို့ပြောတယ်။ ဦးလွင်နဲ့ သွားတွေ့ သတင်းပို့ဖို့ မှာပါတယ်။ နောက် ၂ရက်အကြာမှာ ကျွန်တော် ဦးလွင်ဆီကို သွားတွေ့တယ်။
ဦးလွင်နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော် အာရုံသိနဲ့ သိလိုက်တယ်။ အရင်လို ကျွန်တော် ဆက်လုပ်ဖို့ မဖြစ်တော့ဘူးဆိုတာပဲ။ ရုံးကပြန်လာပြီး ဒေါ်စုဆီကို ပုဂိုလ်ရေး စာတစ်စောင်ရေးတယ်။
ကျွန်တော့်ကို ခွင့်ရက်ရှည်လို့ပဲ သဘောထားပါလို့ ရေးလိုက်တယ်။ ဦးလွင်ကတဆင့်ပဲ
အဲဒီစာ ပို့လိုက်တယ်။ စာတွေပဲ ဖိရေးပြီး ပါတီနိုင်ငံရေးက နားနေခဲ့တယ်။
ဦးဝင်းတင်လွတ်လာတော့လဲ ကျွန်တော် အကျိုးအကြောင်းရှင်းပြပြီး ဒီအတိုင်း ဆက်နေခဲ့တယ်။
ပါတီမှာ တာဝန်ယူမလုပ်ပေမယ့် ကျွန်တော် စာတွေရေးနေတာဟာ နိုင်ငံရေးတာဝန်တစ်ခု mission တစ်ခုကို ထမ်းဆောင်နေတာပဲလို့ ကျွန်တော် ယုံကြည်တယ်။ ပါတီရုံးမှာ သွားထိုင်ပြီး တာဝန်ယူနေတာထက် မလျော့ဘူးလို့ ပြောဝံ့တယ်။
ကျွန်တော်ဟာ နိုင်ငံရေးခံယူချက်မှာရော၊ ကိုယ်ကျင့်သီလပိုင်းမှာရော၊ နိုင်ငံရေးသီလပိုင်းမှာရော
ဘယ်တော့မှ ဖောက်လွဲဖောက်ပြန်မဖြစ်စေရဘူးဆိုတာကို ခင်ဗျားတို့ကို တိုင်တည်ပြီး ပြောချင်ပါတယ်။
ကျွန်တော့် ရပ်တည်ချက်ကို ယုံကြည်နိုင်ကြပါတယ်။

မှန်တာပြောသစ္စာ

မောင်ဝံသ

မေလ်းမှရရှိပါသည်...

တံတိုင်းများကို ဖြတ်ကျော်ခြင်း


ငါတို့ရဲ့ 
မနေ့က ဘ၀တွေကြားမှာ
ဇက်ကြိုးမဲ့ မြင်းစီးပြီးတော့
ကဗျာလွတ်အကနဲ့
မတ်တပ်ရပ်လို့မှ မငိုခဲ့ဘူးလေ။။။။။။

ငါတို့ရဲ့ 
လှောင်ချိုင့်စံ ညများထဲမှာ
မာနမဲ့ ရီမောခြင်းတွေနဲ့
အမြင့်ပျံငှက်လို တောင်ပံခတ်ခိုင်းခဲ့တာတောင်မှ
နေရပ်ကို မပြန်ဖြစ်ခဲ့တာလေ။။။။။။။။။။

ငါတို့ရဲ့ 
ခြစားသော စာအုပ်ပုံကြားမှာ
ခွင့်လွှတ်ခြင်း အဘိဓါန်နဲ့
မုန်တိုင်းလို မထန်ဘူးဆိုရင်တောင်မှ
ကဗျာဟာ အံကြိတ်နေသေးသမျှ
ချွေးများရပ်တန့် မနေခဲ့လေ ။။။။။

ငါတို့ရဲ့ 
လမ်းဆုံးချိန် မှတ်တိုင်မဲ့နေရာ
အထီးကျန် ကျော်ဖြတ်ရင်တောင်မှ
အလံကို တယောက်ထဲကိုင်ထားရသမျှ
ခြေဖ၀ါး ကွဲပြဲသွားပါလေ၊

ငါတို့ရဲ့ 
ဥပက္ခာ များစွာမှာ
အောင်ပွဲအတွက် အတိတ်ကို ဖြတ်သန်းခဲ့ပြီမို့
တောရောတောင်ရော မြစ်ရောမကျန်
ဘယ်တံတိုင်းမဆို အနာဂါတ်မှာလဲဘဲ
နံရံပေါင်းများစွာ ဖြိုဖျက်လိုက်ကြရအောင် ။။။။။။။။။

ငါတို့ရဲ့ 
တိုက်ပွဲနေရာ အဆုံးမှာ
ပန်းတကုံးနဲ့ အမျှဝေဖို့
သစ္စာရှိသူများသာ ဦးညွတ်ခဲ့ကြပြီမို့
လောကရီမောနိုင်မှာလေ ။။။။။။။။။။။။။။။။။

ဒီလိုနဲ့
ငါတို့ရဲ့ မနက်ဖန်အတွက်
သွေးစက်တွေကို ရောင်စုံပန်းတွေလို
တံတိုင်းတွေမှာ ဆေးချယ်ထားကြရင်း
ဖြတ်ကျော်သွားလိုက်ကြပါစို့ ။။။။။။။။။။။။


ခိုင်အောင်ကျော် ( နယူးယောက် )

( နိုင်ငံတကာ ကဗျာ နေ့ ဖြစ်သော မတ်လ ၂၁ ရက်နေ့အတွက် ရေးစပ်သီကိုးသည် )