Saturday, June 12, 2010

12 June 2010 ဒိုင်ယာရီ

12 June 2010 yeyintnge Diary.doc
12 June 2010 yeyintnge Diary.pdf
12 June 2010 Yeyintnge Diary

သမိုင်းရိုင်းကို ပိုင်းပိုင်းချိုးဖျက် နိုင်သူများ

စိုးနေလင်း
Saturday, June 12, 2010



မြန်မာနိုင်ငံရေး သမိုင်းစဉ်တလျှောက်လုံးမှာ ဘယ်တုံးကမှ သ မိုင်းမညှိုးခဲ့ဘဲ ဂုဏ်ရောင်ထွန်းပြောင်ခဲ့တာကတော့ ကျောင်း သားတွေပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ အမှန်တရားနဲ့ ပြည်သူလူထုဘက်ကရပ်တည်ခဲ့တဲ့ အမျိုးသားလွတ်မြောက် ရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ဆိုလိုတာ ပါပဲ။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ကို ပထမဆုံးစတင်အာခံ ဆန့် ကျင်တွန်းလှန်ခဲ့တဲ့ ပထမကျောင်းသားသပိတ်ကစလို့ ဒုတိယ ကျောင်းသားသပိတ် တတိယကျောင်းသားသပိတ်နဲ့ နောက် ဆုံး ဖက်ဆစ်တော်လှန်ရေးကာလအထိ၊ တိုင်းပြည်လွတ်လပ် ရေးရပြီး ပြည်တွင်းငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှု တွေအထိ ကျောင်းသားကျောင်းသူတွေဟာ သူတို့တွေရဲ့ အ သက်သွေးချွေး ဘဝတွေကို စွန့်လွှတ်အနစ်နာခံပြီး တာဝန် ကျေပွန်ခဲ့ကြတယ်ဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။

ရရှိထားတဲ့ လွတ်လပ်ရေးနဲ့ ပြည်သူလူထုက တရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ် တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကို မတရားအုပ်ချုပ်ခဲ့တဲ့အချိန်ကစပြီးလည်း ကျောင်သားတွေကပဲ စတင်အာခံဆန့်ကျင်ခဲ့ကြတာပါ ပဲ။ ၆၂၊ ၆၉၊ ၇၄၊ ၇၆ လှုပ်ရှားမှုတွေနဲ့ ၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအား လုံးလိုလိုမှာ ကျောင်းသားတွေဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားခဲ့ကြပြီး ၈၈ နောက်ပိုင်းကနေ ခုချိန်ထိလည်း မပြီးဆုံး သေးတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ လက်နက်ကိုင်တော်လှန်ရေး အပါအဝင် တော်လှန်ရေးပုံ သဏ္ဍန်အမျိုးမျိုးမှာ ရှေ့ဆုံးတန်းက တက်တက်ကြွကြွ ပါဝင်နေကြဆဲပဲဖြစ်ပါတယ်။ အကျအဆုံးအထိအခိုက်အများဆုံး တော်လှန် ဆန့်ကျင်သူတွေဖြစ်ခဲ့ကြတယ်၊ ဖြစ်နေကြဆဲဖြစ်တယ်ဆိုတာလည်း မြင်သာထင်ရှား ဖြစ်ပါတယ်။

ဘယ်လိုအစိုးရပဲဖြစ်ဖြစ် မမှန်ဘူး ပြည်သူလူထုအကျိုးစီးပွားကိုမကြည့်ဘဲ မတရားဖိနှိပ်အုပ်စိုးလာရင် ဆန့်ကျင်တော်လှန်ဖို့ တာဝန်ရှိ တယ်လို့ ခံယူထားတဲ့ ကျောင်းသားစိတ်ဓာတ်ကို အစဉ်အဆက်စွဲစွဲမြဲမြဲထိမ်းသိမ်းထားနိုင်ခဲ့ ထားနေဆဲဖြစ်တဲ့အတွက် ပြည်သူလူထု ရဲ့ ချစ်ခင်လေးစားယုံကြည်မှုကို ရှိခဲ့သလို အားကိုယ်းအားထားပြုခံရတဲ့သူတွေဟာ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ကျောင်းသား တွေ ထူထောင်ခဲ့တဲ့အဖွဲ့အစည်း တပ်ဖွဲ့ နိုင်ငံရေးပါတီ အင်အားစု တွေအားလုံးကိုလည်း ပြည်သူလူထုက ထောက်ခံခဲ့ကြပါတယ်။ ဘယ်သူကဘာပြောပြော ဘယ်လိုပဲ ဝါဒဖြန့်သွေးခွဲပါစေ လူထုရဲ့ယုံကြည်အားပေး ထောက်ခံမှုဟာ ကျဆင်းလျှော့ပါးသွားတယ်ဆို တာ မရှိခဲ့ပါဘူး။ ဘယ်လိုပဲ ရှုံးနိမ့်ကျဆုံးခဲ့ပါစေ ကျောင်းသားလှုပ်ရှားမှုတွေဟာ လုံးဝချုပ်ငြိမ်းကွယ်ပျောက်မသွားခဲ့ပါဘူး။ ဒီအချက် ကို စစ်အာဏာရှင်အစိုးရက မသိလို့မဟုတ်ပါဘူး။ သိသိကြီးနဲ့ကို ငါတို့မှာ လက်နက်ရှိတာပဲ အာဏာရှိတာပဲ ငွေရှိတာပဲဆိုပြီး မိုက်ရူးရဲ အတွေးအခေါ်နဲ့ တွင်းတူးမိုက်ပြီး နှိမ်နှင်းချေမှုန်းဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရဲရင့်မှန်ကန်တဲ့ဆုံးဖြတ်ချက်အရ တကယ်တန်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လူထုကိုအောင်ပွဲရအောင် ဦးဆောင်လမ်းပြရမယ့်တာဝန်ကို တကယ်တန်း ထမ်း ဆောင်ရမယ့်သူတွေဟာ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေပဲ ဖြစ်ပါတယ်။ နောင်တော့် နောင်တော် ကျောင်းသားတွေရဲ့ စိတ် ဓာတ်ကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး ကိုယ့်မိဘပြည်သူလူထု တကယ်တန်းလိုလားနေတဲ့ လွပ်လပ်ငြိမ်းချမ်းတရားမျှတတဲ့ ဒီမိုက ရေစီ ပြည်ထောင်စုနိုင်ငံတခု တည်ဆောက်နိုင်အောင် ကြိုးစားအားထုက်ကြရပါလိမ့်မယ်။ အဲဒီတာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ လို အပ်တဲ့ အတွေးအခေါ်တွေကို စာတွေ့လက်တွေ့လေ့လာဆည်းပူးဖို့၊ မှန်ကန်တဲ့အတွေးအခေါ်ရဲ့ ထိမ်းကြောင်းမှုနဲ့ ပြည်သူလူထုကို စ နစ်တကျ စည်းရုံးပညာပေးဖို့ လိုအပ်သလို ပြည်သူလူထုဆီက သင်ယူတတ်ဖို့လည်းလိုအပ်ပါတယ်။ လူထုနဲ့တသားတည်းကျတဲ့ စည်း ရုံးရေးသမားတွေ အရေးရှိလာတဲ့အခါ ပြည်သူလူထုရှေ့က ရဲရဲရင့်ရင့် ဦးဆောင်မှုပေးနိုင် အကာအကွယ်ပေးနိုင်တဲ့သူတွေ ဖြစ်အောင် ကြိုးစားကြရပါလိမ့်မယ်။

ကိုယ့်တိုင်းပြည်ကို မတရားဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ နည်းပရိယယ်တွေ လိမ်လည်လှည့်စားမှု တွေကို နားလည်အောင် အသေအချာလေ့လာပြီး ပြည်သူထူထုကြားမှာ ဖော်ထုတ်ဖွင့်လှစ်ပြသကြရပါမယ်။ မတရားမှုတွေကို မတရား မှုမှန်းသိလာအောင် အမှန်တရားနဲ့တရားမျှတမှုကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိမှုကိုသိမြင်သဘောပေါက် တာဝန်ယူရဲ လာအောင် စည်းရုံးပြောဆိုကြရပါလိမ့်မယ်။ ဒါတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ တာဝန်ပေးစေခိုင်းမှုကိုမှ စောင့်စရာမလိုပဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် တာဝန်ယူဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရင်းနဲ့ စစ်အာဏာရှုင်စနစ် အမြစ်ပြတ်ချေ မှန်းရေးဆိုတဲ့ အနိမ့်ဆုံးဘုံသဘောတူညီချက် အောက်မှာ တိုင်းပြည်ရဲ့ အင်အားစုကြီးတရပ်ဖြစ်တဲ့ သံဃာတော်တွေ အပါအဝင် အ လုပ်သမား လယ်သမား အခြေခံပြည်သူလူထုတွေရဲ့ ပေါင်းစည်းလို့ရနိုင်သမျှ အင်အားစုတွေနဲ့ ပေါင်းစည်းညီညွတ်မှုရအောင် လုပ်ရ ပါလိမ့်မယ်။

ခုချိန်မှာ ကျနော်တို့တိုင်းပြည်မှာ အဓိကအရေးအကြီးဆုံးလိုအပ်ချက်ကတော့ အတိုက်အခံဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင်အဖွဲ့အစည်းအားလုံးရဲ့ ညီညွတ်စည်းလုံးရေးဖြစ်ပါတယ်။

နောက် အရေးကြီးတဲ့လိုအပ်ချက် တခုကတော့ ဦးဆောင်မှုအခန်းကဏ္ဍ ဖြစ်ပါတယ်။ မှန်ကန်တိုးတက်တဲ့ သဘောတရား တရပ်ကို ကိုင်စွဲထားတဲ့ ပါတီတခုရဲ့ ဦးဆောင်မှု ဖြစ်ပါတယ်။ မှတ်ပုံတင်ထားသည်ဖြစ်စေ မတင်ထားသည်ဖြစ်စေ နိုင်ငံရေးပါတီဟာ နိုင်ငံရေး ပါတီသာဖြစ်ပါတယ်။ ပြည်သူလူထုယုံကြည်အပ်နှံ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ပါတီတရပ်ဟာ ပိုလို့တာဝန်ရှိပါတယ်။ ပြည်သူလူ ထုလိုလားတဲ့ဆန္ဒကို အောင်အောင်မြင်မြင် ဖြည့်ဆည်းပေးနိုင်ဖို့ ပါတီရဲ့အကျိုးစီးပွားထက် ပြည်သူလူထုရဲ့အကျိုးစီးပွားကို အဓိက အ လေးထားပြီး ဆောင်ရွက်ပေးရမယ့် တာဝန်လည်းရှိပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံကြရပါ လိမ့်မယ်။ စစ်အာဏာရှင်တွေ ရွေးချယ် ပေးတဲ့လမ်း လျှောက်စေချင်တဲ့လမ်းထက် ပြည်သူလူထုက လျှောက်စေချင်တဲ့လမ်းကို လျှောက်ရဲရပါလိမ့်မယ်။ ဦးဆောင်မှု အခန်း ကဏ္ဍကို ရဲရဲရင့်ရင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ထက်မြက်တဲ့လူငယ်တွေရဲ့လက်ထဲကို လွှဲအပ်ပေးဖို့လိုအပ်လာရင်လည်း ယုံယုံကြည်ကြည် လွှဲအပ်ရဲရပါလိမ့်မယ်။

မမှားသေးတဲ့ တော်လှန်ရေးသဘောတရားတရပ်ဖြစ်တဲ့ တော်လှန်တိုးတက်တဲ့ ပညာတတ်တွေရဲ့ ဦးဆောင်မှုမရှိပဲ တော်လှန်ရေးတ ရပ်ဟာ အောင်မြင်မှုမရနိုင်ဘူးဆိုတဲ့ အဆိုကို ကျနော်တို့သတိပြုဖို့လည်း အရေးကြီးပါတယ်။ ဒီကနေ့ စစ်အာဏာရှင်တွေ ကိုဆန့်ကျင် အာခံတွန်းလှန်ရာမှာ တိုက်ပွဲတိုင်းရဲ့တပ်ဦးမှာ ပါဝင်ခဲ့ကြတဲ့ ပညာတတ်ကျောင်းသားတွေဟာ တော်လှန်တိုးတက်ပါတယ်။ တော်လှန် တိုးတက်မှုမရှိဘဲ အလွန်ရက်စက်ကြမ်းတမ်းတဲ့ စစ်အစိုးရကို အညံ့မခံအစဉ်တစိုက် ဆန့်ကျင်တွန်းလှန်တိုက်ခိုက်နေနိုင်ကြဖို့ မဖြစ် နိုင်ပါဘူး။

ဆိုလိုရင်းကတော့ ကျောင်းသားတွေအနေနဲ့ သမိုင်းခေတ်ကြီးက ပုခုန်းပေါ်တင်ပေးလာတဲ့ သမိုင်းပေးတာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်ဖို့ ကြိုးစားကြရမှာဖြစ်သလို ပါတီအဖွဲ့အစည်း အင်အားစုအသီးသီးကလည်း တော်လှန်တိုးတက်တဲ့ ကျောင်းသားတွေရဲ့ ဦး ဆောင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုကြရပါလိမ့်မယ်။ နေရာပေးကြရပါလိမ့်မယ်။ မြေအုတ်တို့နေရာမှာ ကျောက်အုတ်တို့ကို အစား ထိုးကြရမယ် မဟုတ်ပါလား။ စစ်အာဏာရှင်အစိုးရရဲ့ နောက်ဆုံးနေ့ရက်တွေဟာ မကြာမတင်ပဲ ရောက်ရှိလာတော့မယ်ဆိုတာ အ သေအချာပဲ ဖြစ်ပါတယ်။ ။

စိုးနေလင်း
http://www.naytthit.com/articals/2010/june10/snl-june12.html

ဆူးမစူးတဲ့ စု




















Friday, 11 June 2010
ဆူးမစူးတဲ့ စု
ဒေါင်းနီ
ဇွန် ၁၂၊ ၂၀၁၀

သက္ကရာဇ်တွေ တစတစကြွေ
ဆူးထောင်တွေ တဖြည်းဖြည်းရစ်
မျှော်လင့်ချက်တွေ တငွေ့ငွေ့ဆင်း
သင်းကွဲလေရိုင်းကြမ်းတွေ
အကြိမ်ကြိမ်ဖြိုလှဲချမရတဲ့ ကောင်းကင်သစ်ပင်၊
ဒုက္ခမီးလှိုင်းဆိုးကြီးတွေ
ခဏခဏ ဝါးမြိုချေမရတဲ့ ဂန္ထဝင်ပန်းပွင့်၊

စူးရှပြင်းထန် စစ်အာဏာသံတွေ
အခါခါဖုံးလွှမ်းမရတဲ့ အပြုံးကြယ်စင်
သောကပင့်သက် နင့်နင့်ကြိတ်ရှိုက်
ဝေးလွင့်ရဲဘော်တွေကို နှုတ်မဆက်လိုက်ရတဲ့ အလင်းရှင်၊

ပိတ်လှောင်နှောင်တည်း တားဆီးမှုတွေ
အလီလီဖဲ့စားချိုးမရတဲ့ သစ္စာဓားတလက်၊

မနက်ဖြန်များစွာ …
တိုက်ပွဲဖော် အားမြှင့်ထပ်ဆင့်တိုး
ကမ်းလင့်ကြိုဆိုသူတွေနဲ့
ကျွမ်းရင့်ညှိုးငယ်သူတွေနဲ့
လမ်းသစ်တိုးဖွင့်သူတွေနဲ့
တမ်းတအာခံ ပုန်ကန်သူတွေနဲ့၊

ယတြာ မန္တာန် မမန်းမှုတ်
ကမ္ဘာ့သမိုင်းစာမျက်နှာ လှုပ်နှိုး
ဒဏ်ရာဝေဒနာ ဆုပ်ကိုင်ထားကာ
ကတိမေတ္တာ ရင်တွင်းလမ်းခင်း
အကျဉ်းစံ ရူးသွပ်ကြေ အမှောင်တိုက်မှာ
ခေါင်းအစ ခြေအဆုံး သွေးချင်းဖုံးပစေ
ဘယ်တော့မှ
ဒူးမထောက် အလံမလှဲခဲ့သူ (အမေ)။ ။

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့အမှတ်တရ

ပန်းချီ - သန်းဌေးမောင်
http://moemaka.com/index.php?option=com_content&task=view&id=6587&Itemid=1

မြန်မာနျူကလီးယားနဲ့ အိုဘားမားအတွက် အခွင့်အလမ်း

ထက်အောင် Saturday, June 12, 2010


ကမ္ဘာကြီးကသာ မြန်မာ စစ်ဗိုလ်ချုပ် တွေကို သူတို့ လုပ်ချင်တဲ့ ရည်ရွယ်ချက် အတိုင်း လွတ်လွတ် လပ်လပ် လုပ်ခွင့်ပြု လိုက်မယ် ဆိုရင်တော့ မြန်မာ ပြည်ဟာ အရှေ့တောင် အာရှမှာ နျူကလီးယား အင်အားရှိတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါလိမ့်မယ်။

နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာဖို့ မြန်မာပြည်ရဲ့လတ်တလော ကြိုးပမ်းဆောင်ရွက်မှုအသေးစိပ်တွေကို ဖေါ်ပြထားတဲ့ မှတ် တမ်းကို အယ်လ်ဂျားဇီးယား သတင်းဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ ထုတ်လွှင့်သွားခဲ့ပါတယ်။ နော်ဝေး အခြေစိုက် ဒီမို ကရက် တစ် မြန်မာ့အသံ(DVB)က ထုတ်လုပ်တဲ့ အဲဒီမှတ်တမ်းထဲမှာ ဥမင်လိုဏ်ခေါင်း၊ နျူကလီးယား အဆောက်အအုံ ဓာတ်ပုံနဲ့ စီမံ ချက်တွေ အပါအ၀င် အချက်အလက် အပြည့်အစုံ ထည့်သွင်း ဖေါ်ပြထားပါတယ်။

နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာတွေကို ရုရှနိုင်ငံမှာ သွားရောက်လေ့လာဆည်းပူးခဲ့ပြီး မြန်မာပြည် နျူကလီးယား အစီအစဉ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ ဖေါ်ပြပါ အရေးကြီးတဲ့ အချက်အလက်တွေနဲ့အတူ ဒီနှစ် အစောပိုင်းမှာ မြန်မာစစ်တပ်ကို စွန့်ခွာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တကယ်အန္တရာယ်ရှိနေပြီဆိုတာကို နိုင်ငံတကာမိသားစုက ဆက်ပြီး လျစ်လျူရှုလို့ မရနိုင်တော့အောင် သူရဲ့အချက်အလက်တွေက ထင်ထင်ရှားရှား သက်သေပြလိုက်တာပါပဲ။

နျူကလီးယား ပိုင်ဆိုင်တဲ့ စစ်အာဏာရှင် နောက်တယောက် ပေါ်ထွက်လာမှုဟာ ကမ္ဘာကြီးအတွက် နောက်ဆုံးလိုအပ်ချက် ဖြစ်ပါ လိမ့်မယ်။ ဒါပေမယ့် အာဆီယံ အတွက်ကတော့ မြန်မာပြည်မှာ နျူကလီးယား ရှိလာခြင်းဟာ နျူကလီးယားလက်နက် ကင်းမဲ့ရေး ဆိုတဲ့ ဒေသတွင်းမှာ ရေရှည်ရှိထားတဲ့ ကတိက၀တ်တွေကို ဖောက်ဖျက်ရာ ရောက်တာမို့ အလွန် စိုးရိမ်စရာကိစ္စ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ခုနှစ်လက စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ အိုဘားမား တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေး တက်ရောက်တဲ့ အာဆီယံ ခေါင်းဆောင်တွေက အိုဘားမားရဲ့ နျူကလီး ယား လက်နက် လျှော့ချရေးအတွက် ကြိုးပမ်းမှုတွေကို ချီးကျူးခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ အမေရိကန်ရဲ့ မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးဆိုတဲ့ မူဝါဒအသစ်ကြောင့် အစည်းအဝေးတက်ခွင့်ရခဲ့တဲ့ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်လည်း ပါဝင် ပါတယ်။

အာဆီယံခေါင်းဆောင်တွေက သူတို့ရဲ့ ပူးတွဲ ကြေညာချက်ထဲမှာ “နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ကမ္ဘာပေါ်တွင် နျူကလီးယား လက် နက် လျှော့ချရေး အပါအ၀င် နိုင်ငံတကာလုံခြုံရေး အတွက် အမေရိကန် သမ္မတ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကျွန်ုပ်တို့က လှိုက်လှဲစွာ ကြိုဆိုသည်”လို့ ဖေါ်ပြခဲ့ပါတယ်။

ဒါ့ပြင် “အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ဇုန် ထူထောင်ခြင်းသည် ကမ္ဘာပေါ်တွင် နျူကလီးယား လျှော့ချရေးနှင့် နျူကလီးယား မပြန့်ပွားရေးတို့အတွက်သာမက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ အထောက်အကူဖြစ်စေသည်ဟု ကျန်ုပ် တို့ အလေးအနက် ယုံကြည်သည်”လို့လည်း ထည့်သွင်း ဖေါ်ပြခဲ့ပါသေးတယ်။

မြန်မာပြည်အနေနဲ့ အာဆီယံ ကြေညာချက်ထဲမှာ ပါသလိုမျိုး ဒေသတွင်းရဲ့ အနာဂတ်အပေါ် အမြော်အမြင်မရှိဘူးဆိုတာ အခုတော့ ရှင်းသွားပါပြီ။ စစ်အစိုးရရဲ့လျှို့ဝှက်ချက်တွေလည်း ပေါက်ကြားလာပြီမို့ ပိုပြီးအန္တရာယ်ရှိလာနေတဲ့ လုံခြုံရေး အခြေ အနေအပေါ် နိုင်ငံတကာမိသားစုအနေနဲ့ လိုအပ်သလို ကိုင်တွယ်ဖြေရှင်းဖို့လည်း အချိန်ကျရောက်လာပါပြီ။

လုံခြုံရေးနဲ့ပတ်သက်ပြီး အဓိက စိုးရိမ်စရာအချက်တခုကတော့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ နာမည်ဆိုး နဲ့ ကျော်ကြားနေတဲ့ ဒီနှစ်နိုင်ငံကြားမှာ မဟာမိတ်ဖွဲ့ထားတာ နှစ်အတော်ကြာနေပါပြီ။ နျူကလီးယား လက်နက် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အခြေခံအကြောင်းရင်းတချက် ဖြစ်တယ်ဆိုတာ အခုဆိုရင် တစထက်တစ ပေါ်လွင်ထင်ရှား လာနေပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျီအော့ဖ်မော်ရဲလ်က အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်ရဲ့“မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းအပေါ်”စိုးရိမ်မိတယ်လို့ အယ်လ်ဂျာဇီးရား က ထုတ်လွှင့်သွားတဲ့ မှတ်တမ်းထဲက အထောက်အထားတွေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယားနဲ့ သက်ဆိုင်တဲ့ မြန်မာစစ်အစိုးရအပေါ် စွပ်စွဲချက်တွေကိုတော့ ဘာမှ ပြောဆိုသွားခြင်း မရှိပါဘူး။

မြောက်ကိုရီးယားနဲ့ လက်နက်ခဲယမ်းကုန်သွယ်မှုကို တားမြစ်ပိတ်ပင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကိုတော့ ဂျီအော့ဖ်မော်ရဲလ်က ပြောသွားတာ တွေ့ရပါတယ်။

“မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေအတိုင်း လိုက်ပါဆောင်ရွက်မှုရှိ မရှိ ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်”လို့ သူက ဆိုပါတယ်။

ဒီကိစ္စက အမေရိကန်ပြည်ထောင်စုအတွက် “စိုးရိမ်မယ်” ဆိုလည်း စိုးရိမ်စရာပါ။ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက် နက်တွေ ပိုင်ဆိုင်မှုက အရှေ့အာရှမှာ တင်းမာမှုတွေကို သိသိသာသာ မြင့်တက်လာစေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြောက် ကိုရီးယားက လက်နက်ခဲယမ်းနဲ့ နည်းပညာတွေ အရှေ့တောင်အာရှဆီ ပြန့်ပွားမှုကို မတားဆီးနိုင်ရင် အဲ့ဒီဒေသ လုံခြုံရေး ကို လည်း အမှန်တကယ် ထိခိုက်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတ အိုဘားမား အစိုးရအနေနဲ့ မြန်မာနိုင်ငံကိစ္စကို အလေးထားပြီး အမေရိကန်အစိုးရရဲ့ အရှေ့တောင်အာရှဆိုင်ရာ မူဝါဒတွေထဲမှာ မြန်မာပြည်ကို ဦးစားပေးအဖြစ်နဲ့ ချမှတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကနဦးအနေနဲ့ စစ်အစိုးရရဲ့ နိုင်ငံတကာစံညွှန်းတွေ ချိုးဖောက်နေမှုနဲ့ပတ်သက်ပြီး အရေးယူဆောင် ရွက်တဲ့အခါမျိုးမှာ အတူပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စစ်အစိုးရဘက်က အမြဲတန်း ခိုင်ခိုင်မာမာ ခုခံ ပေးလေ့ရှိတဲ့ တရုတ်နဲ့ ရုရှားကို အမေရိကန်အစိုးရက တွန်းအားပေးနိုင်ပါတယ်။

အမေရိကန်အစိုးရမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် အဓိကထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ရှိပြီးသားပါ။ ဒီအရာတွေကို လက်တွေ့အကောင်အထည်ဖော်ရာမှာ စစ်အစိုးရဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေနဲ့အတူ အမေရိကန်အစိုးရအနေနဲ့ တခြားနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်လာ
အောင်လည်း အခုထက်ပိုပြီး ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။

သမ္မတ အိုဘာမား အစိုးရအနေနဲ့ မြန်မာစစ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၁၈၇၄ အပေါ် ထင်ထင် ရှားရှား ချိုးဖောက်နေမှုကို အပြစ်ပေးအရေးယူဖို့ အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်။ (မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား လက်နက်စမ်းသပ်တာမို့ ဒီဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့တနှစ်က လုံခြုံရေးကောင်စီမှာ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့တာပါ၊ ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂအဖွဲ့ဝင် ဘယ်နိုင်ငံကမှ မြောက်ကိုရီးယားနိုင်ငံက လက်နက်ခဲယမ်း ၀ယ်ယူခွင့်မရှိပါဘူး) အဲ့ဒီလို မဟုတ်ရင်တော့ အရှေ့တောင်အာရှဒေသဟာ နျူကလီးယားအန္တရာယ်ရင်ဆိုင်ရမယ့် နောက်ဒေသတခု ဖြစ်လာပါလိမ့် မယ်။

Burma's Nuke Ambitions an Opportunity for Obama By Htet Aungကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/3363-2010-06-12-11-28-37

မဟာမြကျွန်းသာ၏လွျှို့ဝှက်ချက်...


Private School တွေဖွင့်တော့ M.sc.MA ရထားတဲ့မိန်းကလေးတော်တော်များများ ဝမ်းသာကြပါတယ်။

Private School တွေက M.Sc M.A ရထားတဲ့သူတွေကို ဆရာမအဖြစ် Study Guide အဖြစ်ခန့်မယ်လို့ seven days news ဂျာနယ်မှာ
အတိအလင်းပြောထားတာကိုဖတ်ခဲ့ရလို့ပါ။ အဲဒီထဲမှာကျွန်မလဲတစ်ယောက်အပါအ၀ငိဖြစ်ခဲ့ပါတယ်။
ကျွန်မကM.Sc ၇ထားတဲံသူကိုး။
မဟာမြကျွန်းသာ(MMAC)ဆိုတဲ့ကျောင်းကM.Sc M.Aတွေကိုဆရာမအဖြစ် study guide အဖြစ်ခေါ်ပါတယ်။ ကျွန်မလဲဝင်လျှောက်ဖြစ်ပါတယ်။
ဆရာမအဖြစ်အရွေးခံရပါတယ်။
အရမ်းနာမည်ကြီးနေတဲ့ကျောင်းမို့အရမ်းအထင်ကြီးပြီးလျှောက်ခဲ့တာပါ။ နေစရာစားစရာပေးပြီးလစာကို45000မှ80000ထိပေးမယ်လို့ပြောခဲ့ပါတယ်။
ကျွန်မတို့လိုပညာသာတတ်ပြီး ကိုယ့်ဝမ်းစာကိုကိုယ့်ဘာသာရှာစားနေရတဲ့မိန်းကလေးတွေ အတွက်တော့မဟာ့မဟာအခွင့်အရေးပါပဲ။
ဒါပေမယ့်ဒါတွေကအိမ်မက်ပဲဖြစ်ခဲ့တာ။
အလုပ်လျှောက်လွှာကိုလက်ခံတဲ့နေရာက ၆မိုင်ခွဲမှာ၇ှိတဲ့မူကြို တစ်ခုမှာပါ။
မူကြို ကလဲစင်ကာပူသင်ရိုးအတိုင်းသင်တဲ့မူကြိုမို့ အထင်ကြီးစရာအင်မတန်ကောင်းပါတယ်။
မူကြိုတောင်ဒီလောက်အဆင့်မြင့်ရင် private school ကပိုတောင်သားနားမယ်လို့ထင်ခဲ့ပါတယ်။
ဒါနဲ့ပဲကျွန်မအရွေးခံ၇ပါတယ်။

အလုပ်အတွက်စာချုပ်ချုပ်ရမယ်လို့ပြောပါတယ်။
တလကို45000နဲ့၃နှစ်စာချူပ်ရပါတယ်။ စာချူပ်ထဲမှာလဲကျောင်းသားတွေနဲ့ ပတ်သက်တဲ့အချက်တွေသာပါပြီးသင်ကြားရေးတာဝန်ခံဆရာမ
ဆိုတဲ့ရာထူးနဲ့ချူပ်တာပါ။ စာချူပ်ချူပိပြီးတာနဲ့မြရိပ်မာလာဆိုတဲ့အဆောင်ကိုခေါ်သွားပါတယ်။
အဲဒီမှာစပြီးတွေ့တာပါပဲ။
ပေ ၁၀၀ ပတ်လည်တောင်မရှိတဲ့ခြံဝင်းထဲမှာနှစ်ထပ်တိုက်၂လုံး ၊ဂိုထောင်လိုလိုအခန်း၂ခန်း၊စာသင်ဆောင်၂ခုနဲ့ရေကန်၁ကန်တွေ့ရပါတယ်။
နှစ်ထပ်တိုက်၂လုံးကတော့ကျောင်းသူတွေနေတဲ့အဆောင်ပါ။ ဂိုထောင်လိုလိုအခန်းကတော့ဆရာမများအတွက်ဖြစ်ပါတယ်။
ဂိုထောင်တခုမှာဆရာမ၄ယောက်နေရပါတယ်။ မိုးတွင်းရောက်ရင်ခုတင်ခြေထောက်ထိရေမြှုပ်တဲ့အခန်းတွေပါ။
ကျွန်မတွေ့ခဲ့ရတဲ့ဖိနှိုပ်မှုနဲ့ချူပ်ချယ်ခံရမှုများကို အောက်မှာဆက်ရေးထားပါတယ်။
(၁) တိုးတက်နေတဲ့ခေတ်ထဲမှာသတင်းစာမဖတ်ရဘူးတဲ့။
(၂) ရေဒီယိုနားမထောင်ရဘူးတဲ့။
(၃) MP3 MP4 လက်ကိုင်ဖုန်းသုံးခွင့်မပြုဘူးတဲ့။
(၄) မိမိမိသားစုအသိုင်းအ၀ိုင်းက မိမိထံသို့ဖုန်းဆက်ခွင့်မရှိပါတဲ့။လာရောက်တွေ့ခွင့်မရှိပါတဲ့။
(၅) သန့်ရှင်းရေးနဲ့ပန်းပင်ရေလောင်းတာကိုအလှည့်ကျလုပ်ရပါတယ်။
(၆) ညဘက်ေ၇တင်တာကိုအလှည့်ကျစောင့်ရပါတယ်။(့ကျောင်းသူများရဲ့ရေချိုးခန်းထဲကိုထည့်တာပါ)
(၇) ကျောင်းသူများရဲ့အခန်းကိုroom service ၀င်ပေးရပါတယ်။
(၈) ဂိတ်ပေါက်စောင့်ရပါတယ်။
(၉) ဆရာမများတနေ့ကိုရေတခါပဲချိုး၇မယ်လို့စည်းကမ်းထုတ်ထားပါတယ်။ရေချိုးရတဲ့နေရာကိုပြောပြပါမယ်။

လူနှစ်ရပ်လောက်ရှိတဲ့ ရေကန်နဲ့ခြံစည်းရိုးအုတ်နံရံကြား လူတကိုယ်ဝင်စာရှိတဲ့နေရာမှာချိုးရတာပါ။
လူနှစ်ရပ်လောက်ရှိတဲ့ ရေကန်မှာရေကတစ်တောင် လောက်ပဲရှိတာကိုပုံးမှာကြိုးတပ်ပြီးငင်ချိုးရတာပါ။
မျက်နှာသစ်ဖို့ရေကအမှိုက်တွေနဲ့သံချေးရေပါ။ တစ်နှစ်ပတ်လုံးမိုးတွင်းကလွဲလို့ကျန်တဲ့ အချိန်တွေမှာဒီလိုပဲသုံးရပါတယ်။
ဒါဟာလိမ်ညာမှုပါပဲ။

ဒါဟာအိမ်ဖော်တွေလုပ်ရတဲ့အလုပ်မျိုးတွေပါ။ ဆရာမဆိုတဲ့နာမည်တပ်ပြိးအိမ်ဖော်လုပ်ခိုင်းတာပါ။
စာချုပ်မှာမပါတဲ့အချက်တွေကိုအခိုင်းခံရပေမယ့် စာချုပ်ဆိုတာကြီးကိုကြောက်လို့မထွက်ရဲတဲ့သူတွေအများကြီးပါ။
မဟာမြကျွန်းသာဆိုတဲ့ဒိ private school ကပညာတတ်အမျိုးသမီးတွေကိုပြင်ပနဲ့အဆက်အသွယ်ဖြတ်တောက်ပြီး
အကျဉ်းချကျွန်ပြုထားတာ ပြည်တွင်းလူကုန်ကူးမှုလို့တောင်ပြောလို့၇ပါတယ်။
တိုးတက်နေတဲ့နည်းပညာခေတ်ကြိးထဲမှာသတင်းစာ မဖတ်ရဆိုတာတော်တော်ဆိုးဝါးတဲ့အချက်ပါ။
စီးပွားရေးအရကြည့်ရင်လဲပိုက်ဆံရစရာရှိတဲ့ကျောင်းသူတွေ ကိုတော့ကောင်းကောင်းထားပြီးပိုက်ဆံပေးရမယ့်ဆရာမ(တနည်းဝန်ထမ်း၊
အလုပ်သမား)ကိုတော့ဖိနှိပ်ထားတာအရင်းရှင်စနစ်ကိုကျင့်သုံးတာပါပဲ။


အရမ်းကောင်းပြီးအဆင့်မြင့်ပါတယ်လို့နာမည်ကြီးနေတဲ့မဟာမြကျွန်းသာ private school ကိုတော့ပညာတတ်မိန်းကလေးများမလျှောက်မိပါစေနဲ့။
အမှားကြီးမှားမှာစိုးရိမ်လို့ပါ။ နီးစပ်ရာသူငယ်ချင်းများကိုပြောပြကြပါလို့အကူအညီတောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။

ရွှေနန္ဒ shwenanda
http://www.shwenanda.com/
ပေးပို့ပါသည်။

ဦးအေးမြင့်(လမ်းပြကြယ်)ပြောတဲ့ကလေးစစ်သား..


Burma Insight: Child Soldier Story (U Aye Myint - Guiding Star) [HQ]

3:20
Please see the story of the child soldier reported by U Aye Myint, who is the Human Rights Lawyer working for protection of children, especially the plight of Burma Child Soldiers.

He said "Junta leaders are claiming that there is no child soldiers in Burma. Even in the state media, they say that there is no child soldiers which is different with reality. It is questionable that junta leaders are ignoring or just openly lying.

U Aye Myint said that "Let me tell you one story about 14 years old boy, Mg Aung Hlaing Phyo from Maw-La-Myaing, who is forcibly recruited as the child soldier, then forced him to work, and charge him since his only crime is he doesn't want to be a soldier".


ဗွီဒီယိုဖိုင်ဒီမှာရယူပါ..
For more information, please visit Burma Democratic Concern (BDC) at

http://www.bdcburma.org/

http://bdc-burma.blogspot.com/

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးညွန့်မောင်ကွယ်လွန်..


ယနေ့ ၁၂ - ၆ ၂၀၁၀ နေ့တွင် ကွယ်လွန်သွားသော ရခိုင်ပြည်က ထင်ရှားသောနိုင်ငံရေးသမားကြီးဖြစ်သူ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့တသီးပုဂ္ဂလပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွန့်မောင် ၏ ကိုယ်ရေးအကျဉ်း

ရခိုင်မျိုးချစ်နိုင်ငံရေးသမားလို့ နာမည်ကျော်ကြားထင်ရှားသူဖြစ်တဲ့ ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမှတ်( ၂ ) မှ တသီးပုဂ္ဂလပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးညွန့်မောင်ဟာ အသက်( ၆၄ ) နှစ်အရွယ်မှာ သွေးတိုးရောဂါဖြင့် လေဖြတ်ခံရကာ ယနေ့ ( အရှေ့ပိုင်း ဂန္ဒီဆေးရုံ ၌ ၁၂ -၆-၂၁၀၁၀ နေ့ နံနက် ၅ နာရီ မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ဦးညွန့်မောင်ဟာ ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက် ဆန်ပြသနာနေ့ အရေးအခင်းဆန္ဒပြပွဲမှာ ဦးခိုင်အောင်ကျော် ခေါင်းဆောင်သော ဆန်ပြသနာနေ့ဆန္ဒပြပွဲမှာ ကျောင်းသားလူငယ် ၁၃ ဦးထဲမှာ တဦးအပါအ၀င်ဖြစ်ပါတယ်။ ဆန်ပြသနာနေ့မှာ မဆလစစ်တပ်က ရက်ရက်စက်စက်သေနတ်နဲ့ ပစ်သတ်ခဲ့သောကြောင့် လူတွေရာနဲ့ချီကာ သေဆုံးခဲ့ရတာကို မကြေနပ်လို့ ရခိုင်အမျိုးသားလွပ်မြောက်ရေးပါတီစခမ်း ရှိရာ ကျော်တော် မြို့နယ် သြရမ တောင်တန်းဆီသို့သွားပြီး တောခိုခဲ့ပါတယ်။ တောမခိုချိန်မှာ ရခိုင်ပြည်နယ်ပြည်တွင်းရေကြောင်း သွားလာရေးဌါနမှာ သင်္ဘောစာရေးကြီးအဖြစ် အမှူထမ်းနေချိန်ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ စစ်တွေမြို့ သို့ လျှို့ ဝှက်ဝင်ရောက်လာပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ နတ်တော်လပြည့်မှာ ရွှေစေတီညောင်ပင်နားမှာ ရဲပတ္တရောင်ကင်းလှည့်သမား ၁၅ ယောက်ထံမှ သေနတ်များကို စစ်တွေမြို့ မှ လူငယ် ၅၀ ခန့်ဖြင့် လူယူခဲ့ပြီး လူငယ်များကို တောခိုကြဖို့ စည်းရုံး ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
မဆလအစိုးရရဲ့ နိုင်ငံရေးစနစ်ကို လုံးဝလက်မခံတဲ့အတွက် တောခိုနေခဲ့ပြီး ၁၉၇၀ မှာ ပြန်လည် ၀င်ေ၇ာက်လာခဲ့သူဖြစ်ပါတယ်။ မဆလပါတီသို့ မည်သည့်အခါမျှ မ၀င်ခဲ့ဘဲ မြေအောက်နိုင်ငံရေးကို ဆောင်ရွက်လှုပ်ရှားနေခဲ့သူဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ ပစ္စတိုသေနတ်တလက်နှင့် ဖမ်းဆီးမိသွားလို့ မောင်တောမြို့ နေ ဦးကျော်ဇေါနှင့် စစ်တွေထောင်မှာ ထောင် ၃ နှစ်ကျခံခဲ့ရပါတယ်။ ရခိုင်ပြည်လွပ်လွပ်ရေးအင်အားစု ( AIF) အဖွဲ့ကို ရခိုင်ပြည်အတွင်းမှာ လျှို့ ဝှက်ဖွဲ့စည်းရာမှာ ဦးဆောင်သူဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းကာလတွင် စစ်တွေမြို့ နယ် သပိတ်ကော်မီတီတွင် ဗဟိုကော်မီတီဝင်တဦးအဖြစ် တက်ကြွစွာပါဝင်ခဲ့၍ စစ်တပ်မှ အာဏာသိမ်းသောအခါ ဘင်္ဂလားဒေရှ်နိုင်ငံသို့ အဖွဲ့ဝင်တချို့ နှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ စစ်တွေမြို့ သပိတ်ကော်မီတီမှ ဗဟိုကော်မီတီတွေဟာ အဖမ်းဆီးခံခဲ့ရပြီး ထောင် ၁၄ နှစ်ကျခံခဲ့ကြရပါတယ်။ ၁၉၈၉ ခုနှစ်ကုန်ပိုင်းမှာ တဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့စဉ် ထောက်လှမ်းရေးမှ ဖမ်းဆီးပြီး ဦးစံကျော် ( ဘောလုံးဂိုးသမား ) နှင့်အတူ ထောင် ၆ လ အပြစ်ပေးခံရပါတယ်။
ရခိုင်ပြည်အတွင်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုပါတီတို့ကို ပူးပေါင်းကြပြီး တပါတီဖြစ်အောင် တိုက်တွန်းနိုးဆော်ခဲ့သူဖြစ်ပါတယ်။ ရခိုင်ပြည်အတွင်းမှာ တပါတီဖြစ်မြောက်အောင် တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ခိုင်းခဲ့ပေမဲ့ ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့အတွက် နိုင်ငံရေးသမားဟာ နိုင်ငံရေးလောကမှာသာ ရှိသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ စစ်တွေမြို့နယ် အမှတ် ( ၂ ) မဲဆန္ဒနယ်မြေက တသီးပုဂ္ဂလပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ NUPA မှ ဗိုလ်ရာဇါဦးဆောင်တဲ့ ရခိုင်တပ်မတော်ကို ခိုင်အောင်ကျော်နှင့် ဦးစံကျော်တို့ ဦးဆောင်တဲ့ မြေအောက်ယူဂျီအဖွဲ့က တော်လှန်ရေးရဲဘော်တွေကို ပူးပေါင်းပို့ဆောင်ရာမှာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့မှူကြောင့် နိုင်ငံရေးသမားအများအပြားတို့နှင့်အတူ ထောင် ၃ နှစ်ကျခံခဲ့ရပါတယ်။ အဲဒီအမှူမှာ ဘောလုံးဂိုးသမားဟောင်း ဦးစံကျော်နှင့် ဆရာတော် ဦးဇေယျသာမိတို့ကို စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ စစ်တွေမြို့ မှာ ကုလားရခိုင်အဓိကရုဏ်းကြောင့် ဦးညွန့်မောင်ရဲ့သားငယ်ဖြစ်သူ ဓည၀ံသဟာ ထောင် ၂ နှစ်ကျခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံရေးသမားအဖြစ် နာမည်ကျော်ကြားတဲ့ ဦးညွန့်မောင်တို့ မိသားစုတွေဟာ စစ်တွေမြို့ မှာ လုံးဝနေထိုင်လို့ မရတော့တဲ့အတွက်ကြောင့် ရန်ကုန် ယုဇနမြို့ သစ်ကို ပြောင်းရွှေ့အခြေစိုက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဇနီးဖြစ်သူဒေါ်သိန်းနုဟာ သွေးတိုးနှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ရပါတယ်။ စည်းလုံးသောတိုင်းရင်းသားညီညွတ်ရေး မဟာမိတ်အဖွဲ့ UNA ကို ဖွဲ့စည်းတဲ့အခါမှာ တသီးပုဂ္ဂလ ရခိုင်နိုင်ငံရေးခေါင်းဆောင်တဦးအဖြစ် ဦးဆောင်ဖွဲ့စည်းခဲ့သူဖြစ်ပါတယ်။
အမေ၇ိကန်နိုင်ငံ အခြေစိုက် ကမ္ဘာရခိုင်ဖေါင်းဒေးရှင်းနဲ့အဆက်အသွယ် ရယူပြီး ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမူများကို အမြဲဆောင်ရွက်ခဲ့သူဖြစ်ပါတယ် ။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ဆရာတော် ဦးဥတ္တမရဲ့ နှစ်ပေါင်း ၁၂ ၁ နှစ်မြောက် မွေးနေ့ အခန်းအနားကို စစ်တွေမြို့ ရှိ ဘုန်းကြီးကျောင်းမှာ လုံခြုံရေးတင်းကပ်စွာ ချထားနေသည့်ကြားက အမေရိကန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ရခိုင်ဖေါင်းဒေးရှင်း ( World Arakan Foundation ) က ငွေကြေးထောက်ပံ့မူနဲ့ လူအင်အား ၁၀၀ ကျော်ဖြင့် မွေးနေ့ကို ဦးညွန့်မောင်က တရားဝင်ကျင်းပခဲ့ပါတယ်။ ယင်းနိုင်ငံရေးအခန်းအနားကြောင့် စစ်ထောက်လှမ်းရေးမှ ခြိမ်းခြောက်လို့ မိခင်ကြီး နေမကောင်းလို့ သွားရောက်စောင့်ရှောက် ပြုစုနေခဲ့ရတဲ့ အချိန်မှာ ရန်ကုန်ကို ပြန်လည် လာခဲ့လို့ တပါတ်အကြာမှာ ဦးညွန့်မောင်ရဲ့မိခင် ကွယ်လွန်သွားခဲ့ပါတယ်။ မိခင်ကြီးရဲ့ ဈာပနကို သွားလိုပေမဲ့ ရခိုင်ကိုရောက်ရင် အဖမ်းဆီးခံရမှာကို သိတဲ့အတွက် နောက်ဆုံးသွားခွင့်မရခဲ့ဘဲ နေခဲ့ရသူဖြစ်ပါတယ်။
လွန်ခဲ့တဲ့အပါတ်က ရန်ကုန်ရာသီဥတု အလွန်ပူပြင်းနေချိန်မှာ သွေးတိုးရောဂါရှိနေတဲ့ ဦးညွန့်မောင် လေရိုက်ပြီး ဥဏှောက်နဲ့အာရုံကြောဆေးရုံမှာ သွားရောက်ကုသနေခဲ့ရပါတယ်။ ဆေးရုံကိုရောက်ချိန်ထိ စကားဗလုံးဗထွေးနဲ့သာ ပြောဆိုနေပြီး မည်သူ့ကိုမျ မမှတ်မိတော့ဘဲ အိပ်ရာထဲ လဲနေခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ ဦးညွန့်မောင်မှာသား သုံးယောက် သမီးတယောက်ကျန်ရစ်ခဲ့ပါတယ်။ သားကြီးရက္ခ၀ံသ၊ သားလတ်ဓည၀ံသ၊၊ သမီးရက္ခိုင်အိန္ဒြာ နှင့် သားထွေး ရက္ခသူရိယ တို့ ကျန်ရစ်ခဲ့ကြပါတယ် ။ ရက္ခ၀ံသနှင့် ဓည၀ံသတို့မှာ မလေးရှားနိုင်ငံတွင် နေထိုင်ကြပြီး သမီးငယ်နှင့် သားထွေးမှာ ယုဇနမြို့ မှာ နေထိုင်ကြပါတယ် ။ သားထွေးဖြစ်သူ မောင်ရက္ခိုင်သူရိယ ဟာ ရန်ကုန်မြို့ မှာ နာမည်ကြီးတဲ့ မြန်မာလိပ်ဘောလုံးအသင်းအငယ်တန်း မှာ ပါဝင်ကစား နေသူဖြစ်ပါတယ်။
ရခိုင်ပြည်က ထင်ရှားတဲ့ နိုင်ငံရေးသမားအဖြစ် နာမည်ကျော်ကြားတဲ့ ဦးညွန့်မောင်ဟာ ရခိုင်ပြည်နိုင်ငံရေးပါတီအတွင်း လူတိုင်းနှင့် တည့်အောင် ပေါင်းသင်းနိုင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သလို ကိုယ်ကျိုးစွန့် အနစ်အနာခံသူတယောက်ဖြစ်လို့
လူတိုင်းချစ်ခင်လေးစားကြပါတယ်။ ပြည်တွင်းနိုင်ငံရေးလောကမှာကော ကျောင်းသားလူငယ်များ အဖွဲ့အစည်းတွေမှာပါ လေးစားကြသလို ပြည်ပရှိတော်လှန်ရေးလက်နက်ကိုင် ရခိုင်အဖွဲ့အစည်းများကလဲဘဲ တရိုတသေ လေးစားချစ်ခင်ကြသူဖြစ်ပါတယ်။ ဦးညွန့်မောင် အခုလိုကွယ်လွန်သွားတာဟာ ရခိုင်နိုင်ငံရေးလောကအတွက် အထူးနစ်နာဆုံးရှုံးမူကြီးတရပ်ဖြစ် သလို ရခိုင်နိုင်ငံရေးသမားတိုင်းကလဲဘဲ ဂုဏ်ပြုကြရမှာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

ခိုင်အောင်ကျော် ( စစ်တွေ )
၀၀၁- ၃၄၇-၃၂၉-၀၆၁၇ အိမ်ဖုံး
၀၀၁-၃၄၇-၉၆၃-၃၀၃၃ လက်ကိုင်ဖုံး