Wednesday, June 16, 2010

တိုရန်တိုတွင်မနက်ဖန်ပြုလုပ်မည့်ဆုတောင်းပွဲသို့ဖိတ်ခေါ်....

http://www.mediafire.com/file/zmoz20dlzzd/CC4FB vigil press release V2.pdf
CC4FB Vigil Press Release V2
invitation flyer for the Freedom Vigil to honour DASSK, all women and victims of human rights violations.


What: Women’s Freedom Vigil

When: June 17, 2010, 6:45 pm - 8:00 pm

Where: Church of the Holy Trinity

10 Trinity Square, Toronto (near Eaton's Center)


https://mail.google.com/mail/?ui=2&ik=ead8f986c4&view=att&th=129192a4b4e81cfc&attid=0.1&disp=inline&realattid=f_ga75luwo0&zw

16 June 2010 ဒိုင်ယာရီ

16 June 2010 yeyintnge Diary.doc file download here
/16 June 2010 yeyintnge Diary.pdf file download here
16 June 2010 Yeyintnge Diary

ရဲများ ရိုက်နှက်မှုကြောင့် ပြည်သူတဦးသေဆုံး


Tuesday, 18 May 2010 18:21 ရိုးမ ၃

ဖမ်းဆီးချုပ်နှောင်ထားစဉ် ရဲအာဏာပိုင်များ ရိုက်နှက်မှုဒဏ်ကြောင့် အရပ်သားပြည်သူတဦး သေဆုံးခဲ့သည်။

ယခုလ (၁၁) ရက်နေ့တွင် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ရဲစခန်းအချုပ်တွင် ရဲဝန်ထမ်းများ ရိုက်နှက်မှုကြောင့် ကိုကြည်လင်းဆိုသူမှာ အသက်ရှုကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ရဲစခန်းက ပြန်ခေါ်လာတဲ့အချိန်မှာ ကိုကြည်လင်းက ပြောတယ်၊ သူ့ကို စခန်းမှာ ရဲတွေက ဝိုင်းကန်တယ်၊ ထိုးတယ်၊ အဲဒါတွေကြောင့် ဒဏ်ရာတွေရလာတယ် ပြောတယ်။ သူကျောပြင်မှာ အညိုအမဲတွေနဲ့ ဘယ်ဘက် ရင်ဘက်မှာလည်း ဒဏ်ရာတွေရလာတယ်။ အဲဒီဒဏ်ရာတွေနဲ့ဘဲ အသက်ရှုကြပ်တယ်ပြောပြီး ဆုံးသွားတာ” ဟု ပြောသည်။

ကိုကြည်လင်းကို အင်္ဂပူမြို့နယ်၊ ဝက်သေအုပ်စု ဆယ်အိမ်မှူး ဦးကျော်ခင်နှင့် ရဲတပ်သားတဦးက မေလ (၆) ရက်နေ့ညတွင် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး (၇) ရက်နေ့တွင် ကိုကြည်လင်း၏ အကိုဖြစ်သူ ကိုမောင်မောင်တူး၊ ကိုအောင်မင်းထွန်းနှင့် ရယက စာရေး မသူဇာအောင်တို့က ရဲစခန်းမှ ပြန်လည်ခေါ်လာခဲ့ကြောင်း ၎င်းမိသားစုဝင်က ဆက်ပြောသည်။

“သူ့ကို ဖမ်းတဲ့အကြောင်းက ကိုကြည်လင်းက သားသမီးတွေကို အော်ဟစ်ဆူပူနေလို့ဆိုပြီး ဖမ်းသွားတာ၊ (၇) ရက်နေ့ ညနေ (၄) နာရီလောက်မှာ သူ့အကိုတွေက သွားပြီးထုတ်လာတာ၊ မသေခင်အထိ အဲဒီရိုက်နှက်ထားတဲ့ ဒဏ်တွေကို တော်တော်ခံရတာ (၁၁) ရက်နေ့ မနက် (၅) နာရီလောက်ကြတော့ ဆုံးသွားတာ” ဟုပြောသည်။

ယင်းကဲ့သို့ ရဲအာဏာပိုင်များ ရိုက်နှက်မှုကြောင့် ကိုကြည်လင်းသေဆုံးခဲ့ခြင်းကို အကိုဖြစ်သူက (၁၅-၅-၂၀၁၀) ရက်နေ့တွင် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း တစုံတရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း မိသားစုဝင်က ဆက်ပြောသည်။

သေဆုံးသူ ကိုကြည်လင်းမှာ အဖ ဦးချစ်ရွှေ၊ အမိဒေါ်ခင်အေးတို့၏ သားဖြစ်ပြီး သေဆုံးချိန်တွင် အသက် (၃၇) နှစ်ရှိကာ ဇနီး မမြင့်မြင့်စိုးနှင့် သားသမီး (၅) ဦး ကျန်ရစ်ခဲ့သည်။
http://www.yoma3.org/

အရေးတော်ပုံမီးလျှံကြားက သူရဲကောင်း

အရေးတော်ပုံမီးလျှံကြားက သူရဲကောင်း

မောင်သြ / ၁၆ ဇွန် ၂၀၁၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုဆောင်းပါး။



ဒီကနေ့ ကမ္ဘာပေါ်က ထင်ရှားကျော်ဇောတဲ့ အမျိုးသမီးခေါင်းဆောင်တွေထဲမှာ မြန်မာနိုင်ငံက လူထုခေါင်းဆောင်လည်းဖြစ်၊ ဒီမိုကရေစီတိုက်ပွဲခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့ မရနိုင်သလို ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကလည်း သူမကို လေးစားယုံကြည် ထောက်ခံလျက်ရှိတာ တွေ့နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်နေ၀င်းရဲ့ (၂၆) နှစ်ကျော်ကြာ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်ကနေ မြန်မာနိုင်ငံ လွတ်မြောက်စေဖို့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုတိုက်ပွဲ အရေးတော်ပုံကြီးအတွင်းမှာ မမျှော်လင့်ဘဲ ပါဝင်ပတ်သက်လာခဲ့သူတဦး ဖြစ်ပါတယ်။ အရေးတော်ပုံကြီးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ တိုင်းရင်းသားအားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ပြီး အခြေခံလူ့အခွင့်အရေးများ အပြည့်အ၀ ခံစားနိုင်ဖို့နဲ့ ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီလိုကြိုးစားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ သတ္တိရှိမှု၊ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်မှု၊ မေတ္တာတရားကြီးမားမှု၊ အကြမ်းမဖက်ဘဲ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာလိုမှု … စတဲ့ အမြော်အမြင်ကြီးမားမှုတွေကြောင့် ၁၉၉၁ ခုနှစ်မှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဆုဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြီးကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒီနောက်မှာလည်း ဆက်တိုက်ဆက်တိုက်ဆိုသလို ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆုတံဆိပ်/ဒေါက်တာဘွဲ့များ အပါအ၀င် ဆုပေါင်း (၉၀) ကျော် ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးသူရဲကောင်းအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ပြုမှတ်တမ်းတင် သမိုင်းမော်ကွန်း ကမ္ပည်းရေးထိုးပေးလိုက်တာပဲဖြစ်ပါတယ်။ အဲဒီလို တိုင်းရင်းသားလူမျိုးပေါင်းစုံ အပါအ၀င် မြန်မာပြည်သူတရပ်လုံး၊ ကမ္ဘာ့ပြည်သူအားလုံးနဲ့ နိုင်ငံတကာခေါင်းဆောင်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစား ထောက်ခံအားပေးလာတဲ့အခါ စစ်အာဏာရှင်ကြီးများဟာ အလိုလို ကမ္ဘာ့အလယ်မှာကော မြန်မာ့အလယ်မှာပါ မျက်နှာငယ်သေးသိမ်၊ ဂုဏ်ရောင်မှိန်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ပါတော့တယ်။ စစ်ခေါင်းဆောင်တွေဟာ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်သာဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကို ရှိန်လာတယ်၊ ရွံ့လာတယ်၊ မနာလို ၀န်တို ဣဿာမစ္ဆရိယစိတ် ကြီးလာတယ်၊ နောက်ဆုံး အာဃာတပါ ကြီးလာတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာသမားဆိုတော့ အာဃာတကြီးသူတွေရဲ့ အကျဉ်းစံဘ၀မှာ နေရတာတောင်မှ သူ့ဂုဏ်ရောင်ဟာ ကမ္ဘာအနှံ့ လင်းပတောက်ပြောင်နေပါတယ်။

လာမယ့် ၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ကိုယ်ကျိုး၊ ကိုယ့်ဆွေမျိုးသားချင်းအကျိုးကို မကြည့်ဘဲ ဘ၀တလျှောက်လုံး စွန့်လွှတ်အနစ်နာခံကာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ အထီးကျန်စွာ ကြံ့ကြံ့ခံ ရပ်တည်ရင်ဆိုင်လာခဲ့တာလည်း နှစ်ပေါင်း (၁၄) နှစ်ကျော်ရှိခဲ့ပါပြီ။ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒူးမထောက် လက်မမြှောက်ခဲ့။ သူ့ယုံကြည်ချက်ကို ခွပ်ဒေါင်းအလံတော်အောက်မှာ လှေခွက်ချည်းကျန် အလံမလှဲ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်အခိုင်အမာနဲ့ သစ္စာရှိစွာ ရပ်တည်ပြနိုင်ခဲ့တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အကြိမ်ကြိမ် ကြေညာချက်ထုတ်ပြီး တောင်းဆိုခဲ့သလို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အီးယူ-ဥရောပအဖွဲ့ချုပ်၊ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့နဲ့ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေကြတာဟာ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အကျပ်တည်း အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ထင်ရှားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဲဒီလို ထဲထဲဝင်ဝင် အလေးထားပြောဆိုနေကြခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာဂုဏ်၊ နိုင်ငံရေးသိက္ခာဂုဏ်၊ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမှု သတ္တိဂုဏ်တို့ကို ယုံကြည်လေးစားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာလည်းဖြစ်၊ တပ်မတော်ဖခင်ကြီးလည်းဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အားလျော်စွာ ဗိုလ်ချုပ်ရဲ့ သွေး၊ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ် အပြည့်ရှိသူဖြစ်ပါတယ်။

တပ်မတော်သားတဦးရဲ့ သွေးရင်းသားရင်း သမီးပီပီ မြန်မာ့တပ်မတော်အပေါ်မှာ အဆိုးမြင်တိုက်ခိုက်မှုတွေ မပြုလုပ်ဘဲ လူတစုရဲ့ အုပ်ချုပ်မှုစစ်ယန္တရားစနစ်ကိုသာ ဝေဖန်ထောက်ပြတာမျိုး ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖစစ်အစိုးရအပေါ်မှာ အာဃာတမထားဘဲ သဘောထားကြီးစွာ ပြုမူပြောဆိုခဲ့တာကို တွေ့ရပါတယ်။ ဥပမာ ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံခံရမှုမှာ အသက်ဘေးကနေ သီသီကလေး လွတ်မြောက်လာပြီးနောက် အင်းစိန်အကျဉ်းထောင်ကို အပို့ခံထားခဲ့ရပါတယ်။ အဲဒီတုန်းက အရိုက်ခံရတဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေက အဖမ်းခံ၊ ထောင်ကျခံခဲ့ရပြီး ရိုက်တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကိုတော့ အရေးယူမှုမရှိတာကို တွေ့ရပါတယ်။ ဒါဟာ အင်မတန်မှ ကြီးလေးတဲ့ ရာဇ၀တ်မှုကြီးတခုကို နအဖစစ်အစိုးရက မျက်ကွယ်ပြုပြီး မတရားလုပ်လိုက်တာပါပဲ။

ဒါကို ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီအစ္စမေးလ်နဲ့ တွေ့ဆုံစဉ်မှာ “ဖြစ်ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။ ပြည်သူလူထုအကျိုးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအကျိုးအတွက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမဘက်က အဆင်သင့်ရှိပါတယ်” လို့ ပြောကြားခဲ့တဲ့အပြင် ၂၀၀၆ ခုနှစ်က ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူး မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံစဉ်မှာလည်း “တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် အားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း” ပြောကြားခဲ့တာကိုကြည့်ရင် စစ်အာဏာရှင်များအပေါ် အာဃာတမထားဘဲ နိုင်ငံနဲ့လူမျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားဖြူစင်မှုကို တွေ့မြင်နိုင်ပါတယ်။

ဒါ့အပြင် ၂၀၀၇ ခုနှစ် နိုဝင်ဘာလက မစ္စတာ ဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားစာတမ်းမှာ “ဒီမိုကရေစီနည်းကျ သွေးစည်းခိုင်မာရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး မရှိမဖြစ် လိုအပ်နေသည့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် အကျယ်ပြန့်နိုင်သမျှ အကျယ်ပြန့်ဆုံးသော နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားစုများ၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၏ အကျိုးစီးပွားနှင့် သဘောထားအမြင်များကို အခိုင်အမာ အလေးအနက် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန်အတွက်လည်း ကျမတွင် တာဝန်ရှိပါသည်” ဟု ပြောကြားသွားခဲ့တာကို ကြည့်ရင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအပေါ်မှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ရပ်တည်ချက်အမှန်ဟာ တိုင်းရင်းသားအားလုံးနဲ့ အေးအတူ ပူအမျှ တသွေးတည်း တသားတည်း နေထိုင်လိုခြင်းသာဖြစ်တယ်ဆိုတာကို အထင်းသား တွေ့မြင်နိုင်ပါတယ်။ အဲဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားသွေးချင်းအားလုံးက ချစ်ခင်လေးစား ယုံကြည်မြတ်နိုး တန်ဖိုးထားခဲ့ကြတာကို တွေ့ရပါတယ်။

၁၉၉၈ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ထံ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တင်ပြခဲ့တဲ့ အကြောင်းအရာတခုမှာ “ဒီမိုကရေစီရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပါတယ်။ မြန်မာပြည်သူများက မိမိတို့ နှစ်သက်တဲ့ အစိုးရကို ရဲဝံ့စွာ ရွေးချယ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေမယ့် ရွေးကောက်ပွဲကို သွားခဲ့ရတဲ့ လမ်းကြောင်းကတော့ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာ မျှော်လင့်နိုင်တဲ့ အခြေအနေ မဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမျိုးမျိုးချုပ်ချယ်ခြင်းခံရပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကျမတို့ကို ရွေးကောက်ပွဲမပြုလုပ်မီ တနှစ်ခန့်က ဖမ်းဆီးခဲ့ပါတယ်။ နှောင့်ယှက်မှု အများအပြားလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူပြည်သားတွေက ကျမတို့ကို တခဲနက်မဲပေးခဲ့ကြတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ ပြည်သူတို့ရဲ့ ၉၀ ခုနှစ်က ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ဆန္ဒကို လေးစားလက်ခံဖို့ လက်ရှိမြန်မာနိုင်ငံအစိုးရကို တောင်းဆိုထားပါတယ်။ နိုင်ငံတကာမိသားစုများကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို အမြန်ထူထောင်နိုင်ဖို့၊ မြန်မာပြည်သူပြည်သားတွေကို ကူညီဖို့ လိုပါတယ်” လို့ တင်ပြသွားတာဟာ ယနေ့လက်ရှိ တွေ့ကြုံခံစားနေရတဲ့ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး … စတဲ့ အကျပ်အတည်း ဒုက္ခအပေါင်းနဲ့ အကြောက်တရားနဲ့ အုပ်ချုပ်ခံနေရလို့ စိတ်ဓာတ်ချွတ်ခြုံကျနေရတဲ့ ပြည်သူတွေ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုကရော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းအားလုံးကပါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ကြားက အမေရိကန်နိုင်ငံသား မစ္စတာယက်တောကို အကြောင်းပြုပြီး ၁၈-၅-၂၀၀၉ နေ့မှာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ (၂၂) အရ အင်းစိန်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ထပ်မံတရားစွဲဆိုကာ ပြစ်ဒဏ်(၃)နှစ် ထပ်ချခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကမ္ဘာ့နိုင်ငံတွေက အဖွဲ့အစည်းတွေကို မျက်ကွယ်ပြု အထင်အရှား ဆန့်ကျင်လိုက်ခြင်းနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိကြောင်း ပြသလိုက်တဲ့သဘော သက်ရောက်စေပါတယ်။

နအဖစစ်အစိုးရဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုပဲ မလိုမုန်းထား၊ အကြောက်တရားများနဲ့ အာဃာတကြီးနေစေကာမူ မန်လည်ဆရာတော်ကြီး ရေးသားခဲ့တဲ့ …

ပြစ်မရှိ ပြစ်ရှာ

လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်နဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။


ဆိုတဲ့ “ပတ္တမြားရွှေဂူ” ကဗျာလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရောင်ကတော့ ထာဝရ ထွန်းလင်းတောက်ပနေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသမိုင်းလမ်းကြောင်းဟာ ဖဲမွေ့ရာ ရွှေကော်ဇောနဲ့ ပန်းခင်းလမ်းလို ချောမွေ့သာယာဖြောင့်ဖြူးခြင်း မရှိခဲ့ပါဘူး။ ဆူးခင်းလမ်းမှာ မုန်တိုင်းကြမ်းကို အဖော်ပြုပြီး သွားနေရတာက များပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ဆူးခင်းလမ်းကိုလည်း မတွန့်၊ မုန်တိုင်းကြမ်းကိုလည်း မရွံ့၊ မိမိအသက်ကိုပင် စွန့်စားဝံ့သူဖြစ်တယ်ဆိုတာ သူရဲ့ တိုင်းနဲ့ပြည်နယ် စည်းရုံးရေးခရီးစဉ်တွေမှာ တွေ့ခဲ့ရပါတယ်။

ဧရာဝတီတိုင်းခရီးစဉ်၊ ဓနုဖြူမြို့မှာ စစ်ဗိုလ်တဦးရဲ့ သေနတ်ပြောင်းဝက ကျည်ဆန်ကို မကြောက်မရွံ့ အာခံနိုင်ခဲ့သလို ၂၀၀၃ ခုနှစ် ဒီပဲယင်းခရီးစဉ်မှာ တုတ်ဓားကိုင်ဆောင် လုပ်ကြံတိုက်ခိုက်ကြတဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင် လက်မရွံ့လူသတ်သမားတွေရဲ့ ဘေးရန်ကိုလည်း ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တယ်။ တရုတ်ပညာရှင်ကြီး တိန်တီးရဲ့“မိမိကိုယ်ကို အနစ်နာခံလျက် ပြည်သူပြည်သားတို့၏ ကောင်းကျိုးကို ဆောင်နိုင်သူသည် ကောင်းမြတ်သော ခေါင်းဆောင်ဖြစ်၏” လို့ ဆိုထားတဲ့ နီတိအရ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ခေါင်းဆောင်ကောင်းပီသတဲ့၊ လူကြီးလူကောင်းပီသတဲ့ အမျိုးသမီးတဦးဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ်။

မိမိအသက်ကိုပင် လုပ်ကြံရန်ရှာခဲ့တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင် လူမိုက်တွေကိုရော၊ အသွားစေခိုင်းသူ အာဏာရှင်တွေအပေါ်မှာပါ သည်းခံခွင့်လွှတ် သဘောထားကြီးပုံတွေဟာ သူမရဲ့မေတ္တာစိတ် ဖြူစင်မြင့်မြတ်ခြင်းကို ဖော်ပြတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်သဘောထား ဖြူစင်သလောက် တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုဆိုတဲ့ လောကပါလတရားကိုလည်း အစဉ်လေးစားမြတ်နိုးသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အန်အယ်လ်ဒီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို သဘောတူလက်ခံခဲ့တယ်။ မဆန့်ကျင်ခဲ့ဘူး။ ပြီးတော့ ၂၉-၃-၂၀၁၀ နေ့က တပြည်လုံးရှိ အန်အယ်လ်ဒီဗဟိုဦးစီးကော်မတီအားလုံးရဲ့ တခဲနက် အများသဘောတူ ဆုံးဖြတ်ချက်ကိုလည်း သဘောတူလက်ခံခဲ့ပါတယ်။ ပြည်တွင်းက ဒီမိုကရေစီအင်အားစုများ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများကလည်း ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် သစ္စာမဖောက်ဘဲ ၀ိုင်းရံထောက်ခံခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာပြည်တွင်းမှာသာမက ကမ္ဘာအနှံ့တိုင်အောင် ပဲ့တင်ရိုက်ခတ်မြည်ဟိန်းသွားပါတော့တယ်။

ဒီမိုကရေစီကျင့်စဉ် စံနှုန်းများနဲ့ မညီညွတ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေမူကြမ်းကို လက်မခံနိုင်ကြောင်းနဲ့ တရားမျှတမှုမရှိဘဲ တဖက်သတ်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ပါတီမှတ်ပုံတင်ရမယ်ဆိုတာကို သူမ လုံးဝလက်မခံဘူး။ ဘယ်တော့မှ မှတ်ပုံတင်မှာမဟုတ်ဘူး။ ဒီဆုံးဖြတ်ချက်အပေါ်မှာ သစ္စာရှိတဲ့ အမာခံ အဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း တစိတ်တည်း ၀န်းရံလက်တွဲလျက်ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ စိတ်ဓာတ်၊ ဇွဲ၊ ဉာဏ်ပညာရှိပုံကို ဟံသာဝတီသတင်းစာဆရာကြီးလည်းဖြစ်၊ အန်အယ်လ်ဒီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်က ကဗျာလေးနဲ့ ဂုဏ်ပြုထားတာ တွေ့ရပါတယ်။

၁၉၈၉ အာဏာဖီဆန်ရေးမှာ
“တာဝန်အရ” လုပ်ဟန်
ဒေါ်စု ညွှန်းခဲ့တယ်။

ခုလည်း “တာဝန်အရ စိတ်ဓာတ်” နဲ့ လုပ်ကြ။
စံနှုန်းကောင်းနဲ့ စည်းကမ်း၊ တာဝန်၊ စိတ်ဓာတ်၊
ဒေါ်စု ကိုင်စွဲတယ်။

“ရဲ … ဇွဲ … ဉာဏ် … စည်း …တာ၊
မကြောက်တရား တေးကဗျာ …
မီးလျှံထဲက ကြာ”


နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတချို့ထဲက “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားသရွေ့ မြန်မာ့နိုင်ငံရေးမှာ တိုးတက်မှု ရှိလာနိုင်မှာမဟုတ်ဘူး။ နိုင်ငံရေးတိုးတက်မှုမရှိရင် နိုင်ငံလည်း တိုးတက်မှာမဟုတ်ဘူး။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ထပ်ရွေးကောက်ပွဲအသစ် ထပ်လုပ်မှာကို လက်ခံနိုင်ဖွယ်မရှိဘူး” ဆိုတဲ့ အမှန်တရားတွေဟာလည်း ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအင်အားစုတွေ အလေးအနက်ထား စဉ်းစားဖို့အတွက် တပ်လှန့်နှိုးဆော်နေသလိုပါပဲ။

ကျနော်တို့အားလုံးရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မွေးနေ့မှသည် နှစ် (၁၂၀) တိုင် ကျန်းကျန်းမာမာနဲ့ တိုင်းပြည်နဲ့လူထုအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်ပါစေသတည်း။ ။
http://www.khitpyaing.org/index.php?route=detail&id=2422

ရာဇဝင်တွင်သော စကားများ

ရာဇဝင်တွင်သော စကားများ



min-han-history-


“စကားတလုံး၊ ပြက်လုံးတကွက်က၊ စစ်ပွဲများ၊ လှုပ်ရှားမှုများ၊ များစွာထက် လူ၏ သဘောထားကို ဖော်ပြတတ်သည်”

(ပလေတို)
(က)

၁၉၃၈ ခုနှစ် သို့မဟုတ် မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်က အရေးတော်ပုံနှစ်ဟု ဆိုရမည်။ ထိုခေတ်ကာလက မြန်မာပြည်တွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၁ဝ၄၈ ရုံ ရှိ၏။ ‘စတီးဘရားသား’၊ ‘ဘလုတ်ဘရားသား’၊ ‘ဘီအိုစီ’၊ ‘ဘီဘီတီစီ’၊ ‘အာရ်အီးတီ’၊ ‘ဧရာဝတီ’ စသည့် အရင်းရှင်ကုမ္ပဏီများမှ ပိုင်ဆိုင်သည့်စက်ရုံ၊ အလုပ်ရုံကြီးများ ဖြစ်၏။ အလုပ်သမားပေါင်း ၂၂၉,ဝဝဝ မျှ ရှိသည့်အနက် မြန်မာပြည်အလုပ်သမားများက ၂၅ % မျှရှိပြီး၊ အိန္ဒိယအလုပ်သမားများက ၇၅ % ရှိ၏။

လစာက တနေ့လျှင် ၇ ပဲမှ တကျပ်အထိ ရကြ၏။ အလုပ်ပိတ်ရက်များတွင်မူ လုပ်ခအား မခံစားကြရ။ ထိုစဉ်က အလုပ်သမားတဦး၏ ပျမ်းမျှဝင်ငွေသည် တလလျှင် ၂ဝ ကျပ်ထက် မပို။ နေမဝင် အင်ပါယာ၏ စက်ရုံအလုပ်ရုံ ဥပဒေများ ရှိသော်လည်း ထိုထိုသော အလုပ်သမား ၂ သိန်း ၂ သောင်း ၉ ထောင်တို့နှင့်ကား အကျုံးမဝင်၊ မခံစားကြရ၊ အလုပ်သမားများတွင် ပင်စင်မရှိ။ သက်သာ ချောင်ချိရေးဟူသည်အား မခံစားရ၊ အဆိုးဆုံးက အလုပ်တည်မြဲရေးအတွက် အာမခံချက် မရှိခြင်း ဖြစ်၏။

၁၉၃၈ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း၌ ရေနံချောင်းနှင့် ချောက်ရေနံမြေ၏ တို့ဗမာအလုပ်သမား အစည်းအရုံးမှ အလုပ်သမားများ အစည်းဝေးပြုလုပ်ပြီး ဘီအိုစီကုမ္ပဏီသို့ တောင်းဆိုချက် ၁၂ ချက်အား ပေးပို့၍ တောင်းဆိုကြ၏။ တောင်းဆိုချက်များက …

၁။ အလုပ်သမား တန်းလျားများ နေသာထိုင်သာရှိအောင် ဆောက်လုပ်ပေးရန်။
၂။ အလုပ်သမား တန်းလျားများနှင့် အလုပ်သမားရပ်ကွက်များတွင် ရေလုံလောက်စွာ ပေးရန်။
၃။ အလုပ်သမား တန်းလျားများကို လျှပ်စစ်မီးတပ်ဆင်ပေးရန်။
၎။ အလုပ်သမား သားသမီးများအတွက် အခမဲ့ ပညာသင်ပေးရန်နှင့် ကျောင်းများ ပြည့်စုံအောင် ဆောက်ပေးရန်။
၅။ အလုပ်သမားများ၏ ကိုယ်ဝန်ဆောင်ဇနီးများအား ဆေးကုသပေးရန်။
၆။ အလုပ်သမားများအား လစာမပျက် ခွင့်ရက်များပေးရန်။
၇။ အလုပ်ဌာနတိုင်း၌ သောက်ရေသုံးရေပေးရန်၊ ထမင်းစားခန်းထားပေးရန်။
၈။ အလုပ်သမားများ အပန်းဖြေရိပ်သာများထားရှိပေးရန်။
၉။ အလုပ်သမားများ မကျန်းမာပါက လစာမပျက်ခွင့်နှင့် ဆေးဝါးကုသပေးရန်။
၁ဝ။ ခွင့်ယူသွားသော အလုပ်သမားများနေရာတွင် အလုပ်ခွင်ရှိ အလုပ်သမားကို ထိုနေရာ၏ လစာအဆင့်အတန်းဖြင့် လုပ်ခွင့်ပေးရန်။
၁၁။ အလုပ်သမားတဦး သေဆုံး၍သော်၌၎င်း၊ နုတ်ထွက်၍သော်၎င်း သွားပါက အပြင်လူမခန့်ဘဲ အလုပ်ခွင်ရှိ အလုပ်သမားများကိုသာ လုပ်သက် အရည်အချင်းအလိုက် ခန့်ထားရန်။
၁၂။ အစည်းအရုံးဝင် အလုပ်သမားများကို မတရားဖိနှိပ်ခြင်း မပြုရန်။

ဘီအိုစီကုမ္ပဏီက အလုပ်သမားတို့၏ တောင်းဆိုချက်များအား မလိုက်လျောသည့်အပြင်၊ အလုပ်သမား ခေါင်းဆောင် သခင်ခင်အား အလုပ်မှ ထုတ်ပယ်ရန်ပင် ပြင်ဆင်ကြ၏။ အဆုံး၌ ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ရေနံမြေအလုပ်သမားတို့ သပိတ်မှောက်လိုက်ကြသည်။ သပိတ်မှောက်အလုပ်သမား ခေါင်းဆောင်ကြီးများက သခင်ဗတင်၊ သခင်ခင်၊ သခင်ဖိုးလှကြီး၊ သခင်လွင်၊ သခင်ဖေသန်း။

ရေနံမြေ အလုပ်သမားသပိတ် တိုက်ပွဲကာလက ၅ လနှင့်ရက်ပေါင်း ၂ဝ ရှိခဲ့ပြီ။ တောင်းဆိုမှုများအား ဘီအိုစီကုမ္ပဏီက မလိုက်လျောသေး။

၁၉၃၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ဘီအိုစီကုမ္ပဏီပိုင် သံလျင်ရေနံချက်စက်ရုံ အလုပ်သမား ၂ဝဝဝ ကျော်သည် တောင်းဆိုချက် ၂၅ ချက်အားတောင်ဆို၍ ရေနံမြေရှိ သပိတ်မှောက်အလုပ်သမားတို့နှင့် အတူပူးပေါင်းကာ သပိတ်တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြ၏။

“ မီးတုတ်-မီးတုတ်ရှို့ ရှို့၊
ရေနံချောင်းကသပိတ်လာ သံလျင်မြို့မှာ အောင်ဘို့ပါပဲ၊
သပိတ်တားများထွက်ဘို့လာ ထောင်ကျမှာကို တို့မကြောက်ဘူး၊
သပိတ်-သပိတ်မှောက် မှောက်”

သံလျင်မြို့အတွင်း စီတန်းလှည့်လည်၍ ဆန္ဒပြကြသည်။


(ကး၁)

မြန်မာ့မြေယာရှိ လယ်သမား ၈ဝ % ကျော်က လယ်သီးစားဘဝ၊ လယ်ယာအလုပ်သမား ကူလီဘဝသို့ ရောက်နေကြရ၏။ ထိုထိုသော လယ်သမားဦးကြီးများက ကြီးလေးသည့် သီးစားခများအား မြေရှင်ကြီးများသို့ ပေး၍ လယ်ယာလုပ်ငန်းအား လုပ်ကိုင်နေကြရ၏။ ‘သီးစားခ’ မပေးနိုင်ပါက လယ်ယာမလုပ်နိုင်ကြတော့။

၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပဲခူးရှိ လယ်သမား ၅ဝဝဝ ကျော်သည် ပဲခူးအရေးပိုင်းရုံးအား ချီတက်၍ ‘သီးစားခ’ တိုက်ပွဲအား ဆင်နွှဲ၏။

၁၉၃၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင်၊ လယ်သမား ၃ဝဝဝ ကျော် တက်ရောက်သည့် ဝေါမြို့နယ်လုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအဝေးကြီးအား ကျင်းပ၍၊ တောင်းဆိုချက်များအား တောင်းဆိုကြ၏။

တောင်းဆိုချက်များက လယ်သမားများ၏ လက်တလော နစ်နာချက်များဖြစ်သည့် ကြွေးမြီပြဿနာ၊ စပါးဝယ်ယူရေးတွင် မတရားခေါင်းပုံဖြတ်မှု၊ သီးစားခ လျော့ပေါ့ကန့်သတ်ရေးမှသည် လယ်မြေဝေငှပေးရေးနှင့် လယ်လုပ်သူ လယ်ယာပိုင်ဆိုင်ရေးဟူသည့် မြေယာတော်လှန်ရေးဆီသို့ ဦးတည်သည့် တောင်းဆိုချက်များ ဖြစ်သည်။

ဝေါနယ် တောင်သူလယ်သမား အစည်းဝေးကြီးမှသည် ဗမာပြည်လုံးဆိုင်ရာ လယ်သမား ကွန်ဖရင့်ကြီးတရပ် ခေါ်ယူနိုင်ရေးအတွက် လယ်သမားခေါင်းဆောင်တို့ ဆွေးနွေးကြ၏၊ ပြင်ဆင်ကြ၏။ ဗမာပြည်လုံးဆိုင်ရာ တောင်သူလယ်သမား ကွန်ဖရင့်ကြီး ဖြစ်မြောက်ရေးအတွက် လယ်သမားကော်မတီတရပ်အား ဖွဲ့စည်းကြ၏။ အဖွဲ့ဝင် ၈ ဦး ပါဝင်သဖြင့် ‘၈’ ဦး ကော်မတီဟုပင် ခေါ်တွင်ကြ၏။ ကော်မတီက ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား ကွန်ဖရင့်ကြီးအား ၁၃ဝဝ ပြည့်၊ နတ်တော်လဆုတ် ၁၃ ရက် (၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့) တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကုန်းတော်၌ ကျင်းပကြမည်ဖြစ်သည်။ ပဲခူး၊ ဟံသာဝတီ၊ အင်းစိန်၊ သာယာဝတီ၊ ဟင်္သာတ၊ ပုသိမ်တို့မှ လယ်သမားကြီးများက ကွန်ဖရင့်သို့ ခြေလျင်ခရီးရှည် ချီတက်၍ ဆန္ဒပြကြမည်။

လယ်သမားထု၏ တိုက်ပွဲက ဆရာစံတော်လှန်ရေးကြီးအပြီး လယ်သမားတို့၏ ဒုတိယတိုက်ပွဲခေါ်သံ။

“သီးစားခ၊ လျှော့ချရေး
လယ်ယာမြေ ဝေခြမ်းရေး
လယ်လုပ်သူ လယ်ပိုင်ရေး”

တူ၊ တံဇဉ်တို့က ၉၁ ဌာနအုပ်ချုပ်ရေးအဖွဲ့နှင့် နေမဝင်အင်ပါယာကြီးအား တိုက်ပွဲခေါ်၍နေလေပြီ။

(ကး၂)

၁၉၃၈ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်၏။ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် ကျောင်းမှ ထွက်၏။ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်းသည် သမဂ္ဂမှထွက်၍ တို့ဗမာအစည်းအရုံးသို့ ဝင်၏။ ကျောင်းသားနိုင်ငံရေးမှ သခင်နိုင်ငံရေးသို့ ကိုအောင်ဆန်းကူး၏။ လစ်လပ်သွားသည့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၏ နေရာတွင် ကိုဗဟိန်းက ဆက်၍တာဝန်ယူဆောင်ရွက်၏။

၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်လွန်သော် ကျောင်းသားသမဂ္ဂသည် တက္ကသိုလ် ပရဝဏ်အားကျော်၍ နိုင်ငံအနှံ့ရှိ အခြေခံပညာကျောင်းများဆီသို့ ပျံ့နှံ့၏။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားနှင့်လယ်သမားများက တူနှင့်တံဇဉ်အား ကိုင်စွဲ၍ အလုပ်သမားနှင့် လယ်သမားအခွင့်အရေးအတွက် တိုက်ပွဲဆင်နွှဲ၏။ ကျောင်းသားတို့က ဒေါင်းအလံအား လွှင့်ထူရင်း ကျောင်းသားအရေးအား တောင်းဆိုကြ၏။ မြန်မာပြည်၏ တနံတလျားတွင်က သပိတ်ငွေ့တို့ဝေ၍ မီးတုတ်သံတို့နှင့် ဆူဆူညံလျက်။

တနှစ်နီးပါးမျှ ကာလကြာမြင့်နေပြီဖြစ်သည့် ရေနံမြေသပိတ်ကြီးအား အပြီးသတ်တိုက်ပွဲဝင်ရန်အတွက် ရန်ကုန်သို့ ခြေလျင်ချီတက်၍ ဆန္ဒပြတောင်းဆိုကြရန် ရေနံမြေအလုပ်သမား ခေါင်းဆောင်များ ဆုံးဖြတ်လိုက်ကြ၏။

ချောက်၊ ရေနံချောင်းမှ ရန်ကုန်ခရီးက မိုင်ပေါင်း ၄ဝဝ ကျော်ခရီး၊ ခရီးက ခရီးရှည်၊ ကြမ်း၏။ လမ်းတွင်ကား မြင်းစီးပုလိပ်များ၏ တိုက်ခိုက်မှု၊ စစ်တပ်၏ လှံစွပ်တပ်နှင့် ကျည်ဆံများက ရှိနေမည်မှာ ဧကန်။ ပြီးလျှင် ရာဇဝတ်ဝန်၏ ပုဒ်မ၂၃၊ ပုဒ်မ ၁၄၄ ၊ ပုဒ်မ ၁ဝ၇/၁ဝ၈၊ ပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၁၅၃ (က) တို့ကလည်း အသင့်၊ မလွယ်၊ ခက်ခဲသောလမ်း။ ကြမ်းတမ်းသည့်ခရီးအား ရေနံမြေအလုပ်သမားတို့ ဖြတ်ကျော်၍ ချီတက်ကြမည်။

“ဓနရှင်အစိုးရ ပျက်စီးပါစေ”
“အလုပ်သမားအရေး-ဖြေရှင်းပေး”
“သခင်မျိုးဟေ့- တို့ဗမာ”
“အရေးတော်ပုံ- အောင်ရမည်”
“မီးတုတ် မီးတုတ် - ရှို့ရှို့”
“သေမြေကြီး - ရှင်ရွှေထီး”
“ဘေးနဲ့ကြုံ - ရဲဂုဏ်ပြ”
“မီးတုတ်ကြီးရဲ့ အလင်းရောင်- ဗမာပြည်ဘောင် ထွန်းပြောင်စေသား”
“မီးတုတ်ကြီးရောက်လေရာ - တိုင်းပြည်ကျေးရွာ အေးပါစေသား”
“အရေးတော်ပုံ အောင်ရမည်”

ရေနံမြေသပိတ်တပ်ကြီး မကွေးသို့ ရောက်၏။

၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မကွေးရာဇဝတ်ဝန် ‘ဘီလ်စတော့ (လ်)’ က ပုဒ်မ ၂၃ နှင့် ပုဒ်မ ၁၄၄ အား ထုတ်ပြန်၏။ သပိတ်ခေါင်းဆောင် သခင်ဗတင်၊ သခင်ဖိုးလှကြီးတို့အား ဖမ်း၏။ ရေနံမြေသပိတ်တပ်သားတို့ မကွေးမှ ဆက်၍ထွက်ခွာရန် ခက်နေသည်။

ဤတွင် ရေနံချောင်း ကျောင်းသားသပိတ်အား စစ်ဆေးရန် ရေနံချောင်းသို့ ရောက်နေကြသည့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ ရေနံချောင်းမှ မကွေးသို့ ကူးလာခဲ့ကြ၏။ မကွေးရှိ ရေနံမြေအလုပ်သမား သပိတ်ခေါင်းဆောင်များနှင့် တွေ့၏၊ ဆွေးနွေး၏။ ကျောင်းသားထုက အလုပ်သမားထုအား ထောက်ခံကြ၏၊ အားပေးကြ၏၊ ကြိုဆိုကြ၏၊ အတူတိုက်ပွဲဝင်ကြမည်။

ကိုဗဟိန်းက မကွေးအရေးပိုင် ထုတ်ထားသည့် ပုဒ်မ ၁၄၄ အား ဆန့်ကျင်၍ အလုပ်သမား သပိတ်တပ်သားထုကြီးအား မကြောက်တရား ဟောပြော၏၊ ကဗျာဆန်၏၊ အလင်္ကာပါ၏၊ သမိုင်းဝင်သော နိုင်ငံရေးလှုံ့ဆော်မှုစကား။

“ မြင်းခွာသံ တချက်ပေါက်လျှင်
တပြည်လုံး
မီးဟုန်းဟုန်း တောက်စေရမယ်”
(ခ)

၁၉၈၈ ခုနှစ် သို့မဟုတ် မြန်မာ့သက္ကရာဇ် ၁၃၅ဝ ပြည့်နှစ်က မြန်မာ့သမိုင်းတွင် အရေးတော်ပုံနှစ်ဟု ဆိုရမည်ပင်။

၁၉၈၇ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းသည် ရေဒီယိုမှတဆင့် တိုင်းပြည်သို့ မိန့်ခွန်းစကား ဆို၏။

၂၅ နှစ်တိုင်တိုင် အာဏာရယူထားခဲ့သည့် မဆလ ၏ လမ်းစဉ်တွင် ‘လုပ်ဟန်’ အမှားထက် ‘လမ်းစဉ်’ ကိုယ်၌ကပင်၊ ချို့ယွင်းမှားယွင်းမှုများ ရှိနေသည်ဟု ဆို၏။ ပြီးလျှင် ပြောင်းလဲနေသည့် အချိန်ကာလနှင့်အညီ ပြောင်းသင့်တာတွေကိုလည်း ပြောင်းလဲရပါမည်ဟု ‘ဂေါ်ဗာဂျော့’ ၏ လေသံ ‘တိန့်ရှောင်ဖိန်’ ၏ ဟန်ပန်တို့နှင့် တိုင်းပြည်သို့ မိချောင်းမျက်ရည်ကျပြ၏။

ရည်ရွယ်ချက်က ကုလသမဂ္ဂ၏ အထွေထွေညီလာခံတွင် ‘မြန်မာပြည်အား ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ’ အဖြစ် အသိအမှတ်ပြုခံရရေး ဖြစ်သည်၊ နိုင်ငံအား ဒေဝါလီခံရေး။

ထိုစဉ်က မဆလ တွင်ရှိသည့် နိုင်ငံခြားငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂ဝ-၃ဝ မျှသာ လက်ကျန်ရှိ၏။ အကြွေးက နိုင်ငံစုစုပေါင်း ကုန်ထုတ်လုပ်မှု GDP ၏ ၅ဝ % ကျော်ရာမှ တိုး၍သာ မြင့်တက်၍နေသည်။ လူထုသည် အထွေထွေအကျပ်အတည်းကြီးအတွင်း၌ နစ်၍နေ၏။

မဆလ သည် နိုင်ငံခြားဝင်ငွေရရှိရန် နိုင်ငံခြားသို့ ဆန်စပါးတင်ပို့မှုအား မြှင့်တင်ရန် လုံ့လထုတ်၏။ လယ်သမားများထံမှ ဆန်းစပါးအား သတ်မှတ်ထားသည့် ဈေးနှုန်းနှင့် အဓမ္မတိုး၍ဝယ်သည်။ သတ်မှတ်ဈေးနှုန်းဟူသည်က ပြင်ပဈေးကွက်ပေါက်ဈေးထက် များစွာနည်းပါး၏။

လယ်သမားဦးကြီးများ၏ စပါးများက စပါးကျီများအတွင်းသို့ပင် မရောက်လိုက်ကြ။ တလင်းအတွင်း ရောက်သည်နှင့် စစ်တပ်၊ ပါတီ၊ ကောင်စီများက ဆင်းပြီး သတ်မှတ်ဈေးဟူသည်နှင့် ငွေပေးချေပြီး စပါးအား သယ်ယူသွားကြ၏။ မဆလ က အကြီးမားဆုံးသော မြေရှင်ကြီး ဖြစ်၍နေသည်။ လယ်သမားများက လယ်လုပ်ရင်း ဆန်မရှိသည့် ဘဝသို့ ရောက်၍နေကြသည်။

၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မဆလ သည် မြန်မာကျပ်ငွေ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန်တို့အား တရားမဝင် ငွေကြေးများအဖြစ် ကြေညာပြန်၏။ မဆလ ၏ တရားမဝင် ငွေကြေးပြုမှုများက လည်ပတ်သုံးစွဲနေသည့် မြန်မာကျပ်ငွေ တန်ဖိုးမှ ၈ဝ % သော ငွေကြေးများအား တန်းဖိုးမဲ့စေခဲ့၏။ ရိုက်ခတ်မှုက လူထုများအားလုံးသို့ ထိ၏။ မိမိပိုင်ဆိုင်သည့် ငွေကြေးမှ ၈ဝ % သည် တန်ဖိုးမဲ့ဖြစ်သွားရ၏၊ ကုန်ဈေးနှုန်းများက ချက်ချင်း မြင့်တက်လာ၏။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ထိုညတွင်ပင် မဆလ အား ဆန့်ကျင်၍ဆန္ဒပြကြ၏။ လူထုသည် အထွေထွေအကျပ်အတည်းအတွင်းမှ ထွက်ပေါက်ရှာကြ၏၊ ဖောက်ထွက်ရန်ကြိုးစားကြ၏။

(ခး၁)

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်၊ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား အရေးတော်ပုံမှစ၍ မဆလ ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများက ဆက်ကာ ဆက်ကာ၊ ကြီးမား၍ လာခဲ့၏။ ရန်ကုန်စက်မှု တက္ကသိုလ်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအနှံ့ သပိတ်သံတို့ ညံနေ၏။

မဆလ ၏ မှားယွင်းသော စီမံအုပ်ချုပ်မှုကြောင့် အရေးတော်ပုံသည် ကြီးထွား၏။ အာဏာပိုင်တို့၏ ရိုက်နှက်ပစ်ခတ်မှုကြောင့် ကျောင်းသားတို့သည် ပိုမို၍ ‘ရဲ’ ၏။ ဖမ်းဆီးညှဉ်းပန်းမှုကြောင့် ဆန္ဒပြသူတို့သည် များပြား၏၊ တံတားဖြူက သွေးရည်လွှမ်း၍နီ၏၊ ကျောင်းတော်သားတို့၏ ဦးခေါင်းများက သွေးတို့နှင့် နီ၏။ သို့သော် ညွှတ်ကား မညွှတ်။

မဆလ က ကျောင်းများအား ပိတ်၏၊ မြို့တော်အား ပုဒ်မ ၁၄၄ ထုတ်ပြန်၏။ ၁၉၈၈ ခုနှစ်၊ မတ်လ နှင့် ဇွန်လ အရေးတော်ပုံအတွင်း ကျောင်းသားအာဇာနည် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးကြ၏။ ဖမ်းဆီးလာစဉ် အချုပ်ကားအတွင်း အသက်ရှူမွန်းကြပ်၍ ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး ကွန်လွန်ခဲ့ရ၏။ မဆလ ၏ အစီရင်ခံစာအရပင်လျှင် ဖမ်းဆီးထိန်းသိမ်းထားသူပေါင်း ၆၂၅ ဦး ရှိသည်ဟု သိရသည်။

နိုင်ငံရေးရာသီဥတုက နိုင်ငံအနှံ့ လေဖိအားနည်း ရပ်ဝန်းကြီးပမာ၊ ငြိမ်နေ၏။ ငြိမ်သက်မှုက ကြောက်မက်ဖွယ်ရာ ငြိမ်သက်မှု။

မဆလ သည် ကျောင်းသားအရေးတော်ပုံမှ ဘာသာရေးကို အခြေခံသည့် လူမျိုးရေးအဓိကရုဏ်းတခုအား ဖန်တီးနိုင်ရန် ကြိုးစား၏။ လူထုအား ဦးတည်ချက်လွှဲရန် ကြံစည်ကြည့်၏၊ မရ။ လူထုသည် ရန်သူအား မျက်ခြေပြတ်မခံတော့။

တောင်ကြီး၊ ပြည်၊ မော်လမြိုင်၊ ပဲခူးတို့တွင် လူထုအရေးတော်ပုံများ ဖြစ်၏၊ ပုဒ်မ ၁၄၄ ထုတ်၏။ စစ်အုပ်ချုပ်ရေး ကြေညာ၏၊ အဖမ်းအဆီးများက အနှံ့အပြား။ မုတ်သုန်သည် အရေးတော်ပုံများ အကြားမှပင် ဝင်ရောက်လာခဲ့၏။

၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ဆရာစံခန်းမ၊ မဆလ ၏ အထူးအရေးပေါ် ပါတီညီလာခံအား ကျင်းပ၏။ ကိုယ်စားလှယ်ပေါင်း ၁,ဝဝဝ ကျော် တက်ရောက်သည့် ညီလာခံ။ ညီလာခံက မတ်တပ်ရပ်၍ ကျင်းပကြသည့် ညီလာခံမျိုး၊ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ညီလာခံတွင် အဖွင့်မိန့်ခွန်းပေး၏။ ဒေါသကြောင့် မိန့်ခွန်းစကားက မာဆတ်ဆတ်၊ မိန့်ခွန်းအား တတ်သုတ်ရိုက်၍ ပြော၏။

“မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများဟာ အစိုးရအဖွဲ့နဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို အယုံအကြည်ကင်းမဲ့နေတာ၊ ထိုရုန်းရင်းဆန်ခတ်တွင် ကိုယ်တိုင်ပါဝင်သူများနဲ့ နောက်မှ အားပေးသူများက ဖော်ပြလိုက်ပါတယ်။ တတိုင်းပြည်လုံး လူထုအနေနဲ့ ဒီအယုံအကြည် ကင်းမဲ့သူဘက်က အများစုလား၊ အနည်းစုလားဆိုတာ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ တပါတီစနစ် (သို့မဟုတ်) ပါတီစုံစနစ်ဆိုတဲ့ စနစ်နှစ်ခုမှာ ဘယ်စနစ်ကို ရွေးပါသလဲလို့ တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပရင် ဆန်းစစ်မှု အဖြေပေါ်နိုင်မည်ဟု ယူဆတာကြောင့် တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပပေးရန် ညီလာခံသို့ တင်ပြပါတယ်”

ပြီးလျှင် ဦးနေဝင်းသည် ဆရာစံ ခန်းမမှနေ၍ မြန်မာပြည်သူလူထုကြီးအား နောက်ဆုံးစကားဆို၏။ ဦးနေဝင်း၏ ဇာတိပြသော စကား၊ လူထုအပေါ် ထားသည့် သဘောထား၊ ခြိမ်းခြောက်မှုများနှင့် …

“နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ဖောက်တာမပါဘူး။ အဲဒါ နောင်ကို ဆူဆူပူပူ လုပ်လို့ရှိရင်တော့ ဆူတဲ့လူတွေ မသက်သာဘူးလို့သာ မှတ်ပေတော့လို့”


ကိုးကား
(၁) ဝမ်းအိုဝမ်းကျော်ဝင်းမောင်၏ “၁၃ဝဝ ရာပြည့် အရေးတော်ပုံမှသည်”
(၂) ဘာတေးလစ်တနာ၏ “ဒေါမာန်ဟုန်”
(၃) တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ)
(၄) ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် (၁၉၂ဝ-၁၉၇ဝ)
http://www.mizzimaburmese.com/

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ ပြည်သူလူထုသို့ပန်ကြားချက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့်မွေးနေ့

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ ပြည်သူလူထုသို့ပန်ကြားချက်

ရက်စွဲ - ၂၀၁၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့

၂၀၁၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံရှိ ပြည်သူတရပ်လုံး ချစ်ခင်အားထားကြပီး ကမ္ဘာတ၀ှမ်း လေးစားတန်ဖိုးထားမှုကို ပိုင်ဆိုင်ထားသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်တင်းတင်းပြည့်သည့် မွေးနေ့ ရက်မြတ်ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်စစ်အစိုးရ၏ မတရားဖိနှိပ်ဖမ်းဆီးမကို နှစ်ပေါင်းများစွာ ခံနေရသော်လည်း မြန်မာနိုင်ငံရှိ ပြည်သူလူထုတရပ်လုံး၏ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်အဖြစ် သတ်မှတ်ခံရမမှာ ပို၍သာ တိုးမြင့်လာခဲ့ပီး အကျယ်ချုပ်ဘ၀နှင့်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူလူထုတရပ်လုံးကို စိတ်ဓာတ်ရေးရာအားဖြင့် ဦးဆောင်လျက်ရှိသည်ကို ထင်ထင်ရှားရှားတွေ့မြင်နေရပေသည်

ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူလူထုဘ၀မှာ စားဝတ်နေရေး လွန်စွာကြပ်တည်းလျက်ရှိပီး စီးပွားရေး၊ လူမရေး၊ အဖက်ဖက်မှ ချွတ်ချုံကျလျက်ရှိသည်။ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်တည်းဟူသော နိုင်ငံရေး လွတ်လပ်ခွင့်များ ဘက်ပေါင်းစုံ ပိတ်ပင်ခံနေရသည့် ဘ၀ဆိုးမှ လွတ်မြောက်ရန် အရေးတကြီးလိုအပ်နေသည်။ စစ်အာဏာရှင်အစိုးရသည် စစ်အင်အားချဲ့ ထွင်ရေးကိုသာ ထာဝစဉ်အလေးထားသည့်နည်းတူ ယခုလည်း တကမ္ဘာလုံးကပင် အာရုံစူးစိုက်ခံလာရသည့် အနုမြူလက်နက် ပိုင်ဆိုင်ရေးတည်းဟူသော ပန်းတိုင်ကိုသာ ရှေ့ လျက်ရှိသည်မှာ ပို၍သိသာထက်ရှားလာပေသည်။ ဆင်းရဲဒုက္ခအ၀၀ဖြင့် ရင်ဆိုင်နေရသော ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်အမြဲ လစ်လျူရလျက် မိမိတို့အာဏာတည်မြဲရေးကိုသာ ဦးစားပေး လျက်ရှိသော နအဖ စစ်အစိုးရသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တစိုက်မတ်မတ်တောင်းဆိုနေသော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုလည်း ကျောခိုင်းထားဆဲရှိနေပြီး ၂၀၁၀ ရွေးကောက်ပွဲကို အဓမ္မ တဖက်သတ် ကျင်းပ ပြုလုပ်ရန်သာ ပြင်ဆင်လျက်ရှိသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တိုင်းပြည်၏ လိုအပ်ချက်ကြီးများဖြစ်သော အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီရေးအတွက် စေတနာမှန်မှန်နှင့် တိုင်းပြည်အကျိုးဦးထိပ်ထားကာ ဦးဆောင်ဖြေရှင်းနိုင်မည့် ခေါင်းဆောင်တဦးအဖြစ် မိမိတို့ လေးနက်စွာယုံကြည်ပါသည်။ ထိုယုံကြည်မှုအရ ယနေ့မှစ၍ ၆၅ နှစ်ပြည့် မွေးနေ့ကျရောက်မည့် ဇွန်လ ၁၉ ရက်အထိ ဘာသာလူမျိုးမရွေး ပြည်သူလူထုတရပ်လုံးအား ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို ရည်စူးလျက် သောက်ရေ အလှူဒါနပြုကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

တိုင်းပြည်အနာဂတ်အေးချမ်းရေးကို ရယူဖန်တီးပေးနိုင်မည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို ရည်စူး၍

၁။ သက်ကြီးရွယ်အိုများ

၂။ မမာမကျန်းဖြစ်နေသူများ (ရပ်ကွက်အတွင်းနှင့် ဆေးရုံးများ၊ ဆေးပေးခန်းများ)

၃။ ဆင်းရဲနွမ်းပါးသူများ

၎။ ခရီးသွားများ၊ လမ်းသွားလမ်းလာများအား မိမိတို့တတ်အားသရွေ့ သောက်ရေအလှူဒါနပြုကြပါရန်နှင့် သင့်တော်မည့် နေရာများတွင် ရေချမ်းစင်များ ဆောက်လုပ်ကြပါရန် လေးနက်စွာ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

ဆက်သွယ်ရန်

မတင်တင်နွယ် - တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) – +၆၆ ၈၇ ၈၄၉ ၉၃၃၂

စောစံငြိမ်းသူ - တွဲဘက်ထွေထွေအတွင်းရေးမှူး (၂) – +၆၆ ၈၀ ၇၉၂ ၀၄၄၅

လှည်းကူးမြို့နယ် ကျေးရွာအာဏာပိုင်ရဲ့ အလွဲသုံးစား မှု

http://burmatoday.net/news2005/2010/201006/100615_bty_bur_villagers_.swf
/100615_bty_bur_villagers.pdf file download here
100615 Bty Bur Villagers

ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူး နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ( ၂၀၁၀ ) ရွေးကောက်ပွဲ ဥပဒေရေးရာဆွေးနွေးပွဲ





ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ အခမ်းအနား ( ကိုရီးယား )




လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

တာဝန်ကိုယ်စီရှိပါတယ်... NO CAMPAIGN GROUP RANGOON,BURMA

သားကောင်ဖြစ်ခဲ့ရသူကိုဖြိုးဝေအောင်
ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသမှုး ဗိုလ်မှုးကြီး အုန်းချို အပါအ၀င်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဌ ဦးကျော်ငြိမ်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှုး ဗိုလ်ကြီး သန့်ဇင်သိန်း၊ ရဲမှုးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေ အများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီး ပြည်သူလူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲလို့ ကမ္ဘာကရော မြန်မာပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစားရှိခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်းခဲ့ပြီး ကျောင်းသား လူငယ်လေးတွေက အစ သေနတ်ကိုင် ပြန်တိုက်တဲ့ခေတ် (၂၂နှစ်ကာလ) မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီလို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှ တစ်လတစ်ကြိမ် နှုန်းလောက် ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီး ဗုံးကွဲတယ်ဆိုတာကို သိပ်စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီ၊ တိုင်းပြည် မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ ခွဲတာနေမှာပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ်၊ ခု ဧပြီလ (၁၅)ရက်၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်း ဖြစ်တာကြောင့်ရော၊ လူအများ အပြား ထိခိုက်တာကြောင့်ရော၊ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီးမားမားပုဂ္ဂိုလ် များနဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းကြား ထိခိုက်မှုများတာကြောင့်ရော၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့မြေး နေရွှေသွေးအောင်လာလို့ စစ်အုပ်စု အချင်းချင်းလုပ်တာလို့ အမျိုးမျိုး ပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစားရှိခဲ့တာပါ။

စစ်အစိုးရ ကိုယ်တိုင်ကလဲ အရင့်အရင်က ဗုံးတွေနဲ့ မတူပဲ သေဆုံးဒါဏ်ရာရ စာရင်းတွေကိုချက်ခြင်း ထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ်တွေကနေလဲ (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာ ကလွဲရင်) ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ်၊ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေ ဆယ်သိန်းပေးမယ်လို့ တယက ကြေငြာချက် ထုတ်ပြန်ပြီး ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါတယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် ဥက္ကဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီး “၀ပ်” လို့ အော်လိုက်ကြောင်း၊ ဗုံးပစ်သူတယောက်ကို နေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရ စာပေစီစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလဲ ဖေါ်ပြထားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး သုံးပါတ်အကြာမှာတော့ အားလုံး သိပြီးတဲ့အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲ လုပ်ပါတယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူတယောက်ကို ဖမ်းမိ ထားတယ်ပြောပြီး VBSW, ABSDF, DAB, NCUB, KNU စတဲ့ အဖွဲ့များစွာကိုလဲ စွပ်စွဲလိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲကို သေချာ လေ့လာပြီးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူလို့ စစ်အစိုးရ ဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ် ကျူးလွန်သူ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့၊ စစ်အစိုးရ ပြောတာတွေမို့လို့ … လို့၊ စိတ်အခံကြောင့် လက်မခံတာမျိုး မဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်း ဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့ အလွဲတွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံဇာတ် ထွင်ရသလဲဆိုတာနဲ့ ကိုဖြိုးဝေအောင်က ဘာကြောင့်တရားခံအဖြစ် ပြခံရလဲ ဆိုတာ ပြောစရာရှိလာပါတယ်။

အဓိက လုပ်ကြံဇာတ် ထွင်ရတဲ့အကြောင်းက သူ့တပ်သူ ထိမ်းဘို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူဘာပြောပြော၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကို လိမ်ဘို့ဆိုတာထက် သူ့တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းဘို့၊ အာဏာရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ် အသိုင်းအ၀ိုင်းကို ပြန်လိမ်တာပါ။

X2O ရေကစား မဏ္ဍပ်ဟာ စစ်အုပ်စု ရာထူးကြီး ပုဂ္ဂိုလ်များရဲ့ သားသမီးတွေ စုဝေးရာ ဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် (ခေါ်) နေရွှေသွေးအောင် ပါလာသွားနေခဲ့ပါတယ်၊ အမှတ်(၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုန်းချိုက သူ့အပိုင် စစ်ဒေသမဟုတ်ပဲ ဖိုးလပြည့်နဲ့ VIP သားသမီးများ လုံခြုံရေးအတွက် သီးသန့် လာစောင့်ပေးနေရတာပါ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ၀င်ထွက်ခွင့် တံဆိပ်ပါ ကားတွေရပ်ထားပြီး ဗိုလ်မှုးကြီးကိုယ်တိုင် လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှုးနဲ့ မယက ဥက္ကဌအပါအ၀င် လုံခြုံရေးများစွာ ရှိနေတဲ့ကြားမှာ ကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့်ကို မကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း၊ တခြား VIP သားသမီးတချို့ကို မကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း၊ ဗိုလ်မှုးကြီး အုန်းချိုကို မကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း တခုခုက လုပ်တာလို့ သူတို့ အချင်းချင်းကြားမှာကို ထင်ကြေးတွေ ယူဆချက်တွေ အမျိုးမျိုးဖြစ်လာခဲ့တာပါ၊ ၂၀၁၀ ဇန္န၀ါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှုး ဗိုလ်မှုးချုပ် ဝေလွင်နေအိမ်နဲ့ နယ်စပ်စည်ပင် ဒုဝန်ကြီး ဗိုလ်မှုးကြီး တင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေ တွေ့ခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးမှ ခု သတင်းစာ ရှင်းပွဲမှ ထုတ်ပြောတာပါ)။

ထောက်လှမ်းရေး အသိုင်းအ၀ိုင်းနဲ့ အရာရှိကြီးတွေသာ သိခဲ့ပြီး ချယ်ရီဥယာဉ် အိမ်ယာကို ဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ၀န်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတောင် အဲဒီ ၀န်းထဲမှာပဲ ကြိတ်ပြီး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက် လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့၊ အမိန့်အာဏာတွေက ပေါ်နေ ပါတ်သက်နေ ကြတဲ့ အသိုင်းဝိုင်းဖြစ်တာကြောင့်၊ သတင်းလုံခြုံမှုမရှိပဲ ပေါက်ထွက်လာပြီး ပြည်ပ သတင်းဌာနတွေကနေ ပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား၊ တယောက်ကို တယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာ ပိုကြီးစေခဲ့ပါတယ်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေအပါအ၀င် ဗိုလ်ချုပ်ကြီးတွေ ကြားမှာ မလုံမခြုံ ဖြစ်လာပြီး ဗုံးပေါက်ကွဲပြီး မကြာမှီ အဆင့်မြင့်အရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက် အင်အားစာရင်း ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါတယ်။

သို့လောသို့လောနဲ့ အချင်းချင်း မယုံမကြည်ဖြစ်လာတဲ့ တပ်တွင်း ပဋိပက္ခကို ထိမ်းဘို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေကို နှစ်သိမ့်နိုင်ဘို့၊ စောက်သုံးမကျသလို ဖြစ်နေတဲ့ ရဲနဲ့ ထောက်လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဘို့၊ ပြည်သူတွေကြားမှာ ပြောနေတဲ့ စစ်အစိုးရကိုယ်တိုင် ခွဲတာပါကွာဆိုတာကို ရှင်းပြီးသားဖြစ်အောင်လို့၊ အတိုက်အခံတွေကို နိုင်ငံရေးအရ ထိုးနှက်ရအောင်လို့ စသဖြင့် အကြောင်းရာတွေကြောင့် လုပ်ကြံဇာတ် ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော် စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံ အဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်း ဖန်တီးလွယ်မဲ့ ဆက်စပ်မှုမှာ ရှိနေလို့ပါ၊ ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ဇန္န၀ါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော် တိုင်းမှုးအိမ်ရှိရာ ချယ်ရီ ဥယျာဉ်အိမ်ယာမှာ လျှပ်စစ် တာဝန်ခံ အင်ဂျင်နီယာအဖြစ် လုပ်ခဲ့ဘူးသူ တယောက်ဖြစ်ပြီး သံသယဖြစ်ဘို့ ကောင်းသူတွေနဲ့ တချိန်က တရင်းတနှီး နေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဘူးသူ၊ ထောက်လှမ်းရေးတွင် ခံဝန် လုပ်ထားရသူ ဖြစ်ပါတယ်၊ သင်္ကြန်အပြီး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာ အားလုံးကိုဖမ်းတာမှာ ပြန်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ် အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေ ရှေ့မှာ စစ်ဆေးတာမျိုး မဟုတ်ပဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်စက်မှု မျိုးစုံနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်က နိုင်ငံရေး လုပ်ခဲ့တာတွေ၊ နိုင်ငံရေး နယ်ပါယ်ကသူတွေနဲ့ ပါတ်သက်ခဲ့တာတွေကို ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်၊ (ဥပမာ) ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာ ဂျီတီအိုင်မှာ ကိုးလေးလုံး အရေးအခင်း အတွက်စာဖြန့်တယ်ဆိုပြီး ဌာနမှုးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီး ကောင်းမွန်စွာ နေထိုင်ကျောင်းတက်ပါမည် ဟု ၀န်ခံ လက်မှတ်ထိုးဘူးကြောင်း၊ ၂၀၀၇ သြဂုတ်လကုန်က ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီ ဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင် ကူးကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း

၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်း စာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင် ရေးသားဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံ ဘုန်ကြီးကျောင်းကို ထရန်စဖေါ်မာ ဆင်ပေးနေချိန်ဖြစ်၍ ၄င်းသံဃာတော် များနှင့်အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့သူများမှာ ၂၀၀၇ ပြီးနောက်တွင် ထိုင်း နိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

မူလထဲက လက်တွေ့ ကျူးလွန်သူတွေကို မဖမ်းနိုင် မဖေါ်ထုတ်နိုင်လို့ တရားခံအစားထိုးဘို့ ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေးအုပ်စုဟာ ဖြိုးဝေအောင်နဲ့ တခြားစွပ်ဆွဲသူတွေကို ဇွတ် ဆက်စပ်ရပါတော့တယ်၊ တခြား စွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာ ပါဝင်ပါတ်သက်တာ ဟုတ်မဟုတ် ဘယ်သူမှမပြော နိုင်ပေမဲ့ ကိုဖြိုးဝေအောင်ရဲ့ ဇနီးကတော့ ဆာကူရာမှာ တုံးကထဲက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး (ခေါ်) ကိုမျိုးမြင့်အောင် (B.E Civil) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီး လုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က တနေ့လုံး ရန်ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ၊ လုံခြုံရေးများလဲ သိကြောင်း၊ လာဖမ်းသွားပြီး နောက်နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံးကိစ္စ စစ်မေးရန် ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူရှိနေတာပဲ၊ သူနဲ့မှမဆိုင်တာ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ ပြောကြောင်း၊ ကျွန်မ အမျိုးသားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကို ပြောသွားတာ တွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင်ထားပြီး၊ ၁၁.၅.၂၀၁၀ အင်္ဂါနေ့က မိခင် ဒေါ်မာမာဆွေနဲ့ ညီဖြစ်သူ ဒေါက်တာ ထက်ဝေအောင်တို့ ၁၅ မိနစ် တွေ့ခွင့်ရခဲ့ပါတယ်၊ ဒေါက်တာ ထက်ဝေအောင်က သူ့ အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ (၁၅)မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ်။

အဓိကကတော့ သူမ တရားခံရတာဖြစ်ကြောင်း၊ လုံးဝမပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ်သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီး ကိုယ်စား လှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကိုသွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့်မရခဲ့ပဲ ထောင် အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးပြီ၊ SB က ခွင့်မပြုသေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက် သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြောသွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့် ပေးလိုက်ရင် ပုဒ်မ တခုခုတပ်ထားတာ ပြောရတော့မယ်၊ ထောင်ပို့ပြီဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူး ပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ)နဲ့ ပါတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန် သိရတဲ့အခါ ရှေ့နေက သက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုးကြီး (ခေါ်) ကိုမျိုးမြင့်အောင်(BE.Civil)နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ ရန်ကင်းစင်တာ က ၀န်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေဖြစ်လာရင် လုပ်ကြံဇာတ်လမ်း သတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး၊ သက်သေပြခွင့်မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုပဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖြေရှင်းချက်ပေးဘို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကို လိမ်ညာလှည့် ဖြားဘို့ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင် လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင်ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်း ရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းဝန်းတိုက်ဖျက်ကြပါစို့။

--------------------------------------------------------------------------------------

( ကွဲသွားတာလား? ခွဲသွားတာလား? ကိုယ်ပွားပါတီလား? မသိ ဖြစ်နေသော ဦးခင်မောင်ဆွေ နှင့် ဒေါက်တာသန်းငြိမ်း တို့ အဖွဲ့ကို ကြီးမိုက်ကြီး ဦးဝင်းတင်က ဒေါင်းယောင်ဆောင်သော ကျီးမိုက်များ ဟု တင်စားလိုက်ကြောင်း မဇ္ဈိမ အင်တာနက် သတင်းစာမျက်နှာ တစ်ခုတွင် ဖတ်လိုက်ရပါသည်။
တဖန် ဦးခင်မောင်ဆွေ က ဖေါ်ပြပါ သတင်းဖြင့် ပြန်လည် ခွန့်တုံ့ပြန်ထားပါသည်။ မညီမညွတ် သော ဒီင်္မိုကရေစီရေး ဖေါ်ဆောင်သူများကို ဘယ်လိုနားလည်ရမလဲလို့ မသိနိုင်အောင် ဖြစ်နေ ပါတယ်။ ဦးဝင်းတင် က လူထုဖက်မျက်နှာမူမယ် ဆိုပြီး ကာလပေါ် တီးလုံးများကို တီးလိုက်၊ ဦးခင်မောင်ဆွေ ကလည်း မပြီးဆုံးသေးသော တာဝန်များကို ထမ်းဆောင်သည့် ဟု ပြောလိုက် ငြင်းခုံကြတာကို ဒီဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်)
အန်အယ်လ်ဒီပါတီသည် တရားဝင်ရပ်တည်မှု မရှိတော့သည့်အတွက် အန်အယ်လ်ဒီ၏ မပြီးဆုံးသေးသည့်တာဝန်ကို တာဝန်သိသိ ဆက်လက် ထမ်းဆောင်ပေးခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ခဲ့သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

၎င်းက “ကျနော်တို့ပါတီက ခွဲထွက်တယ်ဆိုတာ မဟုတ်ဘူး။ ဒေါက်တာစိန်ဝင်းတို့ ဖွဲ့တဲ့ lifeboat ပါတီလိုပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာတော့ ယူဆတယ်။ လက်ခံတာ လက်မခံတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ lifeboat ဆိုတာကတော့ ဒီမိုကရေစီကို သယ်ဆောင်ဖို့အတွက် အဆင်သင့်မရှိတော့တဲ့အချိန်မှာ ဒီမိုကရေစီရေးကို အသက်ကယ်လှေအဖြစ် ထမ်းဆောင်မယ့် သဘောပါ။ အန်အယ်လ်ဒီက မရှိတော့တဲ့အတွက် အန်အယ်လ်ဒီကိုယ်စား လုပ်တာမဟုတ်ဘူး။ မရှိတော့တဲ့အတွက် ကျနော်တို့က ကျနော်တို့တာဝန်တွေကို ဆက်ထမ်းဖို့အတွက် ထမ်းဆောင်တာဖြစ်တယ်။ ခွဲထွက်တာလည်း မဟုတ်ဘူး၊ မရှိတော့တဲ့အတွက် လုပ်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

ဦးခင်မောင်ဆွေသည် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် နိုင်ငံရေးပါတီတခု တည်ထောင်ဖွဲ့စည်းရန် ဦးဆောင်စီစဉ်နေသည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့တွင် တဦးအပါအ၀င်ဖြစ်သည်။

၎င်းတို့အဖွဲ့သည် အန်အယ်လ်ဒီပါတီ ဆက်လက်မှတ်ပုံမတင်တော့သည့် ဆုံးဖြတ်ချက်အပေါ် သဘောမတူခဲ့ကြသူများဖြစ်ပြီး ယခုလ မေ (၆) ရက်တွင် အန်အယ်လ်ဒီ မှတ်ပုံတင်ရန် သက်တမ်းကုန်ဆုံးပြီးနောက် ပါတီသစ်ဖွဲ့စည်းရေးအတွက် ဦးဆောင်လုပ်ကိုင်နေသူများဖြစ်သည်။

“နိုင်ငံရေးတာဝန်တွေ မပြီးဆုံးသေးတဲ့အတွက်ကြောင့်မို့ ပြည်သူတွေကို နိုင်ငံရေးအသက်ကယ်လှေအဖြစ်နဲ့ ကျနော်တို့က စစ်မှန်တဲ့ဒီမိုကရေစီကို သယ်ဆောင်နိုင်မယ့်အုပ်စုလို့ ပြည်သူတွေက စဉ်စားထားတဲ့အတွက်ကြောင့်မို့၊ အန်အယ်လ်ဒီဟာ နှစ်ပေါင်း (၂၀) ကျော်ကြာ ပြည်သူလူထုအကျိုးစီးပွားကို စွမ်းစွမ်းတမံလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ ပြည်သူကို တကယ်တမ်း ဒီမိုကရေစီ စွမ်းအားတွေ ပေးနိုင်မှာက ဒီအဖွဲ့ ဒီလူတွေပဲဖြစ်တယ်။ နောက် ဒီအဖွဲ့ ဒီလူတွေကပဲ ပြန်ပြီးတော့ကာ ပါတီနိုင်ငံရေးမသွားချင်တဲ့သူက မသွားဘူးပေါ့ဗျာ။ သူတို့သဘောပေါ့ဗျာ။ သွားချင်တဲ့ကျနော်တို့ကတော့ ပြည်သူတွေအတွက် lifeboat နိုင်ငံရေး အသက်ကယ်ဆိုတဲ့သဘောနဲ့ ကျနော်တို့ ဆက်ပြီးတော့ သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကမူ စစ်အစိုးရထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အန်အယ်လ်ဒီက ပါတီအဖြစ် ထပ်မံမှတ်ပုံမတင်ရန် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ကြောင်း ပြီးခဲ့သည့်မတ် (၂၉) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အစည်းအဝေးဆုံးဖြတ်ချက်ကို ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင် အစရှိသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့က သဘောမတူဘဲ စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ပါတီသစ် စုစည်းတည်ထောင်နေခြင်းဖြစ်သည်။ ၎င်းတို့ပါတီကို မေ (၂၃) ရက်ထက် နောက်မကျဘဲ မှတ်ပုံတင်မည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

ယင်းသို့ ဦးခင်မောင်ဆွေက အန်အယ်လ်ဒီပါတီ မရှိသည့်အတွက်ဟု ထည့်သွင်းပြောဆိုသွားချက်အပေါ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က အန်အယ်လ်ဒီပါတီမရှိဘူးဟု လက်ခံသူများမှာ ၎င်းတို့အယူအဆသာ ဖြစ်သည်ဟု ပြောဆိုသည်။

“ပါတီမရှိဘူးလို့ လက်ခံတာ သူတို့ရဲ့အယူအဆပဲ။ ကျနော်တို့ကတော့ ဒီနေ့ပါတီရှိနေတယ်။ ဒါကြောင့် ဒီနေ့ကျနော်တို့ နိုင်ငံရေးဆက်လုပ်မယ်လို့ ပြောနေတယ်။ ရပ်တည်နေတယ်။ ပြည်သူကြားမှာ ၀င်ပြီး နိုင်ငံရေးတွေ လုပ်မယ်လို့ ကျနော်တို့ ကြွေးကြော်နေတယ်။ အစိုးရက ဘယ်လိုပဲသဘောထားထား ကျနော်တို့ပါတီက မပျက်ဘူး။ ကျနော်တို့ ထပ်မံ မှတ်ပုံမတင်တာဘဲ ရှိတယ်။ ရှိမြဲရှိနေတယ်လို့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားထဲမှာလည်း ပါပါတယ်။ ဥပဒေတွေ ဘာတွေနဲ့ ဖျက်လို့မရဘူး၊ ပါတီတရပ်ဆိုတာ ပြည်သူလူထုရဲ့ထောက်ခံမှု၊ မူဝါဒတွေ၊ ကမ္ဘာ့ထောက်ခံမှုတွေနဲ့ ရပ်တည်နေတာဟု ဦးဝင်းတင်က ပြောသည်။

ထို့အပြင် ဦးခင်မောင်ဆွေက ၎င်းတို့ဖွဲ့စည်းမည့်ပါတီကို အန်အယ်လ်ဒီ၏ ကိုယ်ပွား (lifeboat) ပါတီဖြစ်သည့် ဒေါက်တာစိန်ဝင်းတို့၏ ပါတီကဲ့သို့ သဘောထားကြောင်း ပြောဆိုခဲ့မှုနှင့်ပတ်သက်၍လည်း ဦးဝင်းတင်က လုံးဝမတူညီကြောင်း ဆက်လက် ရှင်းလင်းပြောဆိုသည်။

၎င်းက “ဘာလို့လဲဆိုတော့ ၁၉၉၀ တုန်းက ကျနော်တို့ lifeboat ပါတီတခု ထောင်ခဲ့တယ်။ ထောင်ရတဲ့အခြေအနေက ကျနော်တို့မှာ နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို စိတ်မချတဲ့အတွက် ကိုယ်ပွားပါတီ သို့မဟုတ် lifeboat ပါတီတခု ထောင်ဖို့လိုတယ်လို့ သဘောရတယ်။ အဲဒီအခါမှာ ဒေါက်တာစိန်ဝင်းတို့ အမျိုးသားဒီမိုကရေစီပါတီကို ပါတီမှတ်ပုံတင်စေခဲ့တယ်။ ရွေးကောက်ပွဲကို ၀င်စေခဲ့တယ်။ ကျနော်တို့ကိုယ်တိုင်လည်း မှတ်ပုံတင်တယ် ရွေးကောက်ပွဲဝင်ခဲ့တယ်။ ကျနော်တို့ ကိုယ်ပွားပါတီကိုလည်း မှတ်ပုံတင်စေခဲ့တယ်၊ ရွေးကောက်ပွဲ ၀င်စေခဲ့တယ်။ အခုဟာက ကျနော်တို့က ရွေးကောက်ပွဲဥပဒေတွေဟာ လုံးဝမတရားဘူး၊ နောက် ရွေးကောက်ပွဲဝင်ရင် ဘာဖြစ်မလဲဆိုတဲ့အခါကျတော့ စစ်အစိုးရသက်ဆိုးရှည်ဖို့အတွက်၊ စစ်အစိုးရကို အလုပ်အကျွေးပြုဖို့အတွက် သူတို့ပြောတဲ့ လွှတ်တော်ထဲဝင်ရမယ်။ ခေါင်းလျှိုဝင်ရမယ်။ ဒူးထောက်ဝင်ရမယ်။ လက်မြှောက်ဝင်ရမယ်။ ၀မ်းလျှားမှောက်ဝင်ရမယ့် အနေအထားမျိုး ဖြစ်နေတဲ့အခါ ကျနော်တို့ ဒါတွေ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ကိုယ်တိုင်လည်း မှတ်ပုံမတင်ဘူး။ ကျနော်တို့ကိုယ်တိုင်လည်း ရွေးကောက်ပွဲမ၀င်ဘူး။ အဲလိုဆိုရင် ကျနော်တို့က အခြားအဖွဲ့အစည်း၊ အခြားလူပုဂ္ဂိုလ်တယောက် အခြားပါတီတခုကို ကျနော်တို့က မှတ်ပုံတင်စေမယ်။ ရွေးကောက်ပွဲဝင်စေမယ်ဆိုတာကတော့ အလွန်ရယ်စရာကောင်းတဲ့ အတွေးအခေါ်ပဲ။ အလွန်ရယ်စရာကောင်းတဲ့ အပြောအဆိုပဲ၊ ပိုပြီးအတိအကျပြောရရင် ဒါမရိုးသားတဲ့ အပြောအဆို အပြုအမူ၊ လူထုကို လှည့်စားတာ၊ လူတွေကိုလိမ်ညာပြီးတော့ သိမ်းသွင်းတာ အဲဒီလိုပဲပြောရမှာပဲ။ နိုင်ငံရေးရိုးသားမှု ရှိရဲ့လားဆိုတာ မေးစရာဖြစ်လာမယ်လို့ ကျနော်တော့ အဲလိုထင်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် မတ် (၂၉) ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အထူးအစည်းအဝေးသို့ မှာကြားချက် (၆) ချက် ပေးပို့ခဲ့ရာတွင် အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

တရားခံရှာနေသူများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီပြန်လည် မှတ်ပုံတင်ခြင်းကို မလုက်တော့ဘူးဆိုတော့ စစ်အစိုးရ ရဲ့ ဥပဒေ အရဆိုရင် တရားဝင်နိုင်ငံရေး ပါတီဘဝကနေ တရားမဝင်ပါတီအဖြစ် ရောက်ရပါတော့မယ်။ ခုထိတော့ ရန်ကုန် က အန်အယ်ဒီ ဆိုင်းပုတ်ကို ဇွတ်အတင်း ဖြုတ်ချနေပြီလို့တော့ မကြားရသေး ပါဘူး။ သို့သော် ရေရှည်မှာတော့ အန်အယ်ဒီဟာ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရဖို့ ဆိုတာကတော့ မသေချာလှပါဘူး။

ကိုင်း အန်အယ်ဒီဟာ တရားဝင်ပါတီအဖြစ် မရှိတော့ဘူး ဆိုပါစို့။ တရားဝင်နိုင်ငံရေး ဇာတ်ခုံကနေ ပျောက်ကွယ် သွားပြီ ဆိုပါစို့။

နှစ်ပေါင်းများစွာ ဒေါ်စုကို မကောင်းပြောခဲ့တဲ့ သူတွေ ဘာဆက်ပြောကြဦးမလဲဆိုတာ နားထောင် ကြည့်ချင်ပါ သေးတယ်။ ဒေါ်စုခေါင်းမာနေလို့ မြန်မာပြည် ဒီမိုကရေစီအရေးဟာ နှောင့်နှေးနေတယ်လို့ ပြောခဲ့တဲ့သူများ ဘာများဆက်ပြောကြပါဦးမလဲ။ သူတို့ပြောတဲ့ ခေါင်းမာသူရဲ့ ပါတီက တရားဝင် နိုင်ငံရေးပါတီ မဟုတ်တော့ ဘူးဆိုရင် အဲသည့်လူများ ဘယ်သူ့ကို အပြစ်တင်ကြဦးမလဲ။ မြန်မာပြည်မှာ ဒီမိုကရေစီ ဖြစ်ထွန်းမှု နှေးကွေးတာ ဒေါ်စုကြောင့်ဆိုပြီး အပြစ်ပုံချနေသူများ အခုတော့ ဘယ်သူ့ကို တရားခံရှာကြဦးမလဲ။

လက်လှမ်းမှီသလောက် ကျနော် နာမည်တွေနဲ့ တပ်ပြောပါ့မယ်။ တလောက ကွယ်လွန်သွားတဲ့ ရန်ကုန်က ဦးရဲထွန်း။ သူဟာ ဦးသုဝေနဲ့လည်း အလွန်နီးစပ်တဲ့ နိုင်ငံရေးသမား တဦးပါ။ နောက် သည်ဗွိုက်စ်ဝိခ်လီး ဂျာနယ်ကို ထုတ်ဝေနေဲ့ ဒေါက်တာ နေဝင်းမောင်တို့နဲ့ သူတိုရဲ့ အီးဂရာ့စ်လို့ခေါ်တဲ့ တတိယလှိုင်း အဖွဲ့၊ ချင်းမိုင် ဘီအမ်အေ ကွန်ဖရင့်ကို လာသွားတဲ့ ဒေါက်တာ ခင်ဇော်ဝင်း၊ ပါမောက္ခ ကျော်ရင်လှိုင် စတဲ့သူများဟာ နိုင်ငံ တကာခရီးစဉ်တွေ၊ ကွန်ဖရင့်တွေ တက်ရောက်နိုင်ခွင့် ရှိတဲ့သူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ထိတွေ့ဖို့ အခွင့်အလမ်း ရှိသူတွေ ဆိုရင်လည်း မမှားပါဘူး။ အဆိုပါ ပုဂ္ဂိုလ်များမှာ သူတို့ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ် အယူအဆတွေ ရှိပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ အခွင့် အရေးဖြစ်ပါတယ်။ ဘယ်သူကမှ ပိတ်ပင်လို့မရပါဘူး။ ပိတ်ပင်လို့လည်း တရားမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ဒေါ်အောင်စုဆန်းစုကြည် အကြားမှာ မတူညီတဲ့ အတွေး အမြင်တွေလည်း ရှိပါလိမ့်မယ်။ မတူတာလည်း ပြဿနာ မဟုတ်ပါဖူး။

ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် မတူညီတဲ့ အတွေးအမြင် အယူအဆတွေ ရှိနေတာဟာ အပြစ်တင် ရမဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာ ဒီမိုကရေစီကို နားလည်သဘောပေါက်သူတိုင်း သိပါတယ်။

သို့သော် အထက်မှာ ကျနော်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်များဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက် လာရင် လူချောင်းရိုက်သလို အလုပ်များ လုပ်တတ်ပါတယ်။ ဒေါ်စုကြောင့် မြန်မာပြည်ကြီး ဒီမိုကရေစီ ရဖို့ နှေးနေ တယ်လို့ သူတို့ပြောကြပါတယ်။ စစ်အာဏာရှင်တွေကြောင့် ဒီမိုကရေစီ ဆိတ်သုဉ်း နေတယ်လို့ သူတို့တခါမှ ထောက်မပြဘူးပါ။ သူတို့ပြောသလို ဒေါ်စုတဦးတည်း မှာသာ တာဝန်ရှိ တယ်ဆိုရင် စစ်အာဏာရှင်တွေက အပြစ်ကင်းစင်သူကြီးတွေလို ဖြစ်နေပါတယ်။ သူတို့အပြောအရ ဆိုရင် အပြစ်ရှိသူက ဒေါ်စုသာ ဖြစ်နေပါတယ်။ သို့သော် အဲသည့် စကားများကို သူတို့က ဒီမိုကရေစီ လိုလားသူများ ရှေ့မှောက်မှာ ပြောခဲပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားများကိုသာ သူတို့က ရင်ဖွင့်လေ့ရှိပါတယ်။ မြန်မာပြည်အကြောင်း ကောင်းကောင်း မသိတဲ့ နိုင်ငံခြားသား တချို့ကတော့ သူတို့အပြောကြောင့် ဒေါ်စုကို ခေါင်းမာသူအဖြစ် မြင်ကြပြန် ပါတယ်။ ဒါတွေက ကျနော်တို့အနေနဲ့ တချို့နိုင်ငံခြားသားတွေဆီက ပြန်ကြားရတာပါ။

ပါမောက္ခ ကျော်ရင်လှိုင်ကတော့ ကျနော့်ကို နှစ်ဦးချင်း မေးခွန်းတခု မေးပါတယ်။ ဒေါ်စုမပါဘဲ စစ်တပ်က ဒီမိုကရေစီပေးရင် ခင်ဗျားတို့ မယူကြတော့ဘူးလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီ အကြောင်းကို ပြောတဲ့နေရာမှာ လူပုဂ္ဂိုလ် ကိုးကွယ်မှု မပါပါဘူး။ ထည့်သွင်းစဉ်းစား ခြင်းလည်း မရှိပါဘူး။ ကျနော့်ကို မေးခွန်းအဲသလို မေးတာကိုက ကျနော်တို့က ဒေါ်စုဘာလုပ်လုပ် မျက်စေ့မှိတ် ထောက်ခံနေတဲ့ သူများဖြစ်လို့ မေးရတယ်ဆိုတဲ့ သဘောမျိုး ပေါက်နေပါတယ်။

စစ်တပ်က ဒေါ်စုမပါရင် တကယ်ဘဲ ဒီမိုကရေစီ ပေးမယ်လို့ ထင်ပါသလား။ မထင်ပါဘူး။ သူတို့ ကတော့ ဒေါ်စုမပါတော့ရင် တရန်အေးတယ်လို့တောင် ပြောကြဦးမှာပါ။ ထားပါတော့။ အကယ်၍၊ ကျနော် အကယ်၍လို့ စကားခံထားပါတယ်။ ဒေါ်စုမပါရင် ခေါင်းဆောင်နေရာကနေ နုတ်ထွက်သွားရင် စစ်တပ်က အမှန်ကတယ် ဒီမိုကရေစီပေးမယ် ဆိုပါတော့။ အဲသလိုသာ တကယ်ဖြစ်မယ်ဆိုရင် ကျနော် ပြောရဲပါတယ်။ ဒေါ်စုက ကျမ ကိုငဲ့မနေပါနဲ့ ကျမမပါဘဲ ဒီမိုကရေစီပေးမယ်ဆိုရင်လည်း ယူလိုက်ပါ။ ကျမ မပါပါဘူးလို့တောင့် သဘောထား ကြီးကြီးနဲ့ ပြောပြီး ခေါင်းဆောင်နေရာက နုတ်ထွက်တောင် ပေးပါလိမ့်မယ်။

ဒီဆောင်းပါးထဲမှာ အခုလို လူနာမည်တွေနဲ့ တပ်ရေးရတာကတော့ ကျနော်လည်း စိတ်မကောင်းပါ။ သို့သော် မျိုးဆက်သစ်တွေ ကြားမှာ နောင်အတွက် ရှုတ်ရှုတ်ထွေးထွေး မဖြစ်ရလေအောင် အခု ကတည်းက ဘွင်းဘွင်းရေးဖို့ အချိန်တန်ပြီလို့ ယူဆပြီး ရေးတာဖြစ်ပါတယ်။ နောက်တချက်လည်း ဒီလိုမှ ပွင့်ပွင့်လင်းလင်း မရေးကြဘူးဆိုရင် နောင်မှာ သည့်ထက်ပိုပြီး ရောင့်တက်လာမှာ စိုးတဲ့ အတွက်လည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ အဝှမ်း ကိုယ့်တိုင်းသူပြည်သားတွေကိုတောင် ရက်ရက် စက်စက် သတ်ဖြတ် အုပ်ချုပ်နေတဲ့ အာဏာရှင်အစိုးရနဲ့ သူတို့နောက်လိုက်တွေကို ရှေ့ရှောက် ဘာကိုမှ ထောက်ထားပြီး အားနာစရာ၊ နုတ်ဆိတ်နေစရာ မလိုတော့ ဘူးလို့ ပြောပါရစေ။

နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အဲန်အယ်ဒီပါတီ တရားဝင်မရှိတော့တဲ့ နောက်ပိုင်း မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေး ဟာ ဆက်ပြီးနှေးကွေးနေတယ်ဆိုရင် ဒီတခါတော့ အဆိုပါပုဂ္ဂိုလ်များ ဘယ်သူဘယ်ဝါကို တရားခံ ရှာကြဦးမလဲ ဆိုတာ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့။ သေချာတာကတော့ စစ်တပ်ကြောင့် ဒီမိုကရေစီရေးဟာ နှေးရပါ တယ်လို့တော့ ဒီလူတွေ ပြောမှာမဟုတ်ပါဘူး။

-------------------------------------------------
ခါတော်မှီ အချောင်နိုင်ငံရေး သမားအေးလွင် ဆိုတာ ကဒီလိုဗျ----

အေးလွင် ဦးစီးသော (88) မျိုးဆက်သစ်ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ)မှ ပါတီများ တည်ထောင်ခွင့် မှတ်ပုံတင်ခွင့် ပြုသော အခါ ကိုအေးလွင်သည် ၄င်း၏ ညီဖြစ်သူ ရဲထွန်း အား ဦးဆောင်စေပြီး (၈၈) မျိုးဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ဟူ၍ လည်းကောင်း ၊ ကိုအေးလွင် က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲချုပ် အဖြစ် လည်း ကောင်း တရားဝင် မှတ်ပုံတင်ခဲ့ပါတယ်။
ကို အေးလွင် ရော ၊ ကိုရဲထွန်း (၈၈) အရေးအခင်းမှာ သူတို့ကပဲ ဦးဆောင်ခဲ့သယောင် ယောင် ပါတီများ နှင့် ပြည်တွင်း ဂျာနယ်များ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားသွားပါတယ်။ သူတို့ကပဲ ဦးဆောင်လို့ မဆလ ပါတီကြီး ပြုတ်ကျသယောင် ဖြေကြားသွားပါတယ်။
ကို အေးလွင် တို့ ညီအကို နှစ်ယောက်စလုံး ပညာအရည်းအချင်း နည်းပါးကျပါတယ်။ ကိုအေးလွင်ဆိုရင် စက်မှု တက္ကသိုလ် တတိယနှစ် နဲ့ ကျောင်းထွက်လာရပါတယ်။ ဆက်ပြီးတော့ ပညာ မသင်တော့ပါဘူး။ ကို ရဲထွန်း ဆိုရင်လည်း BSC (Math) နဲ့ ယောင်တောင်တောင်ဘွဲ့ရပြီး နိုင်ငံတကာရဲ့ နိုင်ငံရေး အတွေ့အကြုံ လည်း မရှိကြတာ သနား စရာ ကောင်းပါတယ်။ ကုန်ကုန်ပြောရရင် နိုင်ငံရပ်ခြားဆိုလို့ ဘန်ကောက်တောင် မရောက်ပါဘူး။
မဲဆောက်တော့ ခိုးသွားဘူးလောက်ပါတယ်။ တရားဝင် သွားရင် မဲဆောက်က မောင်များ သိရင် သတ်မှာစိုးလို့ ဖြစ်မှာပါ။ မဲဆောက်ကို ဘာလို့ခိုးသွားဘူးလည်း ဆိုရင် မော်လမြိုင်ဖက်ကို ကားမှောင်ခို သွားသယ်တုံးက ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းလောက်ပါ။ အဖွဲ့ရံပုံငွေ အတွက်ဆိုပြီး အာဏာပိုင် များ ကို အကူအညီတောင်းပြီး Light Truck များ သယ်ပါတယ်။ နောက် မော်လမြိုင်က သူတို့ အဖွဲ့ဝင် ၂ ဦး ဖြစ်တဲ့ သောင်းညွန့်စိုး ၊ သိန်းညွန့်စိုး ညီအကို နှစ်ယောက်နဲ့ အဝေ မတည်တော့
သောင်းညွန့်စိုး တို့ ညီ အကို နှစ်ယောက်က ၄င်းတို့ အဖွဲ့က ထွက်လိုက်ပါတယ်။
ကို သိန်းတင်အောင် ဆိုရင် လည်း ဒီအတိုင်းပါပဲ ။
ရံပုံငွေ ကိစ္စတွေ့ အရှုတ်အထွေးများခြင်း၊ ညီအကို မောင်နှမ များသာ နေရာ ပေးခြင်း များကြောင့်
ပါတီတည်မြဲရေး မခိုင်မြဲပါဘူး၊ ပါတီစည်းရုံးရေး လုပ်ငန်းများ ကို တိုင်းနှင့် ပြည်နယ်တွေမှာလုပ်ရင် လည်း ပညာမဲ့များပီပီ ဒေါ်အောင်ဆန်းစုကြည် ကို ရှိသမျှ အပြစ်ပုံချပြီး သူတို့ ကောင်းကြောင်း တွေ အမြဲ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို တောင် မကောင်းပြောပြီး ဆိုတော့ မင်းကိုနိုင် တို့ မိုးသီးဇွန် တို့ဆိုတာတော့ ရစရာ မရှိအောင်ပါပဲ။
ဒီတော့ ပြည်တွင်း မှာလည်း သူများမကောင်းကြောင်း ၊ကိုယ့်ကောင်းကြောင်း ပြောပြီး မဲဆွယ်တယ်ဆိုတာ သူတို့ရဲ့ နိုင်ငံရေး အဆင့်အတန်း၊ သူတို့ရဲ့ ပညာအရည်အချင်းကို ခန့်မှန်း နိုင်လောက်ပါတယ်။

ကိုအေးလွင်တို့ နှစ်ပါတီကို မတိုက်ခိုက်ပါ။ မြေပြင် တွေ့ရှိချက်များကို ချရေးခြင်း ဖြစ်ပါတယ်။
တကယ်တော့ ကိုအေးလွင်တို့ တည်ထောင်ထားတဲ့ နှစ်ပါတီ စလုံး အခြေစိုက်ရာ နေရာ ပုလဲ ကွန်ဒို၊ ဗဟန်းမြို့နယ်မှာ တည်ရှိပါတယ်။ အဲဒီအခန်းကလည်း တိုင်းပြည်က လူကြီးတွေကို အသနားခံပြီး
နေစရာ မရှိလို့ တောင်းထားတာဖြစ်ပါတယ်။ အဖွဲ့ရံပုံငွေ အတွက် ငွေရှင်တွေစည်းရုံး တယ်။ ပြီးတော့ ငွေရှင် တွေအခက်အခဲဖြစ်တဲ့ အာဏာပိုင်တွေ ၀င်/ထွက်သွားလာရေး အတွက် သူတို့ အဖွဲ့ က ကြား ၀င် ဆောင်ရွက် ပေးပြီး အခကြေးငွေ ရယူပါတယ်။ဒီတော့ ဘယ်အာဏာပိုင် ကို ပဲ ၀င်တွေ့တွေ့ အာဏာပိုင် တွေထက် မြင့် သူတို့ အားကိုးရာ တိုင်းပြည်က လူကြီး တွေကို အသနား ခံ၊
အဘခင်ဗျား ---
ကျနော့်တို့ အဖွဲ့ရံပုံငွေ အတွက် ကျနော် တို့ အဖွဲ့ဝင် ဦး ------ဘယ်သူရဲ့ အခက်အခဲလေးကို ကူညီပေးပါ။ ဆို ပြီး တောင်းလေ့ရှိပါတယ်။ မြိုးမြိုးမျက်မျက်လေးရတော့ ညီအကို တွေခွဲယူတယ်။ ဒါကို ကိုသိန်းတင်အောင် က သိတော့  လမ်းခွဲတာ မဆန်းပါဘူး။
ဟိုယခင် ပါတီ မထောင်ခင်ကပေါ့။
တကယ်တော့ ကိုအေးလွင် တို့ အဖွဲ့ဟာ ပုလဲကွန်ဒိုက အခန်းကျဉ်းလေးမှာ နေပြီး ရေဒီယို နားထောင်၊ TV ကြည့် အတင်းတုတ်၊ အပုတ်ချ ဒါပဲရှိပါတယ်။ ကွန်ပျုတာ စာစီစာရိုက်ဆိုတာ ယခင်က ရန်ကုန်မြို့ထဲမှာ ရိုက် ၊ ယခုတော့ ကွန်ပျူတာ ၀ယ်နိုင်ပြီ ဆိုတော့ အခန်းကျဉ်းလေးမှာ ပဲရိုက်နေပြီး
Inter Net ဆိုတာ အပြင်ဆိုင်မှာ သွားထိုင်ကြည့်ပြီး နေတဲ့ အဆင့်ပါ။ ကွန်ပျူတာ နဲ့ ပတ် သက် ပြီး အကျွမ်းတ၀င် နည်းပါတယ်။ ကိုယ် ပိုင် အင်တာနက် Link မရှိတော့ နိုင်ငံတကာရေးရာ ဂဃနဏ
မသိ။ လေဖမ်းဒါန်းစီး ရမ်းတုတ် ပြီး ပြည်ပ အသံလွှင့်ဌာန များက လေလှိုင်းက မေးမြန်းရင် ဆရာကြီး လေသံ နှင့် ချီးခြောက်ရေနူးပြီး (၈၈) အကြောင်း ပဲပြောနေတတ်ပါတယ်။
စီပွားရေး ပိတ်ဆို့ မှုဆန့်ကျင်ရေး လှုပ်ရှားမှု ဆိုပြီး အမေရိကန်သံရုံးဟောင်း ရှေ့မှာ သွားရောက်ဆန္ဒပြ တာကိုအကြောင်းပြုပြီး နံမည် ကျော်ကြားလာတဲ့ ကိုအေးလွင် တို့ အဖွဲ့သည် ပြီးခဲ့သော ရက်ပိုင်း က ပြည်ပအသံလွှင့် ဌာနတစ်ခုဖြစ်တဲ့ VOA နဲ့ အင်တာဗျူးမှာ နိုင်ငံတော်အဆင့် အကြီးအကဲများကို ပယ်ပယ်နယ်နယ် အသံကောင်းလွှင့်ပြီး အတင်းတုတ် ဝေဖန်သွားပါတယ်။ အားလုံးသိကြတဲ့အတိုင်း
ဝန်ကြီးချုပ် ဦးစီးပြီး ၀န်ကြီး အဖွဲ့ဝင်များသည် လက်ရှိ အစိုးရ၀န်ထမ်းများ ဖြစ်သည့် အတွက် ရွေးကောက်ပွဲဝင်တာ တရားမ၀င်ပါဘူး၊ ဆိုပြီး ဝေဖန်သွားတာ ----သည် အထက်ကရေူးခဲ့ပြီး တဲ့ အဖွဲ့ရံပုံငွေ ရရှိရေး အတွက် အားပေးကူညီခဲ့တဲ့ လူကြီးမျက်နှာ ကို ပြောင်ပြောင်တင်းတင်း အိုးမဲ သုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ စကားရိုင်းရိုင်း မပြောချင်လို့ပါ --- မြန်မာစကားပုံ တစ်ခုကို အားလုံး သိပါတယ်။ ရေးရရင်တော့ -----မကောင်းပါ။ သူတို့ နိုင်ငံရေး ၀မ်းစာ မပြည့်ပါဘူးလို့ပဲ လစ်လျှူရှုရမလို ဖြစ်နေပါတယ်။
Political Post နဲ့ Government Post ကို ကွဲကွဲပြားပြား ဂဃနဏ မသိလို့ပါ။ သိချင်ရင်တော့ ---
ဒီမိုကရေစီပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေ ဆီ သွားရောက်သင်ကြားသင့်ပါတယ်။
ဒီလို ပြည်ပ အသံလွှင့် ဌာန နဲ့ ပူးပေါင်းပြီး အစိုးရ မကောင်းကြောင်း ပြောခြင်း လုပ်ရပ်သည့် မဲဆန္ဒနယ် များမှ မဲများများရနိုင်မလားဆိုပြီး လုပ်ရပ်သာ ဖြစ်ပါတယ်။
တကယ်တော့ ဟိုလွတ်ဒီလွတ် မြောက်သစ်ကိုင်းလွတ် ဖြစ်သွားမှာ ကို အေးလွင် တို့ အုပ်စု ထည့်မစဉ်းစားနိုင်ခြင်းသည် အထက်တွင် ဆိုခဲ့သည် အတိုင်း နိုင်ငံရေး ၀မ်းစာ မပြည်ဝသူများလို့သာ
ယဉ်ယဉ်ကျေးကျေး အလွတ်သဘော ဝေဖန်လိုက်ပါတယ်။-

ဒေါင်းယောင်ဆောင်ကျီးမိုက်များက
ချောင်ကလောင်ထဲ့က ထထအော်
ပြည်ပကလှော်သမျှ အဟုတ်ထင်
အမိရင်ခွင် ခြေစုံကန်ချင်တဲ့လုပ်ရပ်
တစ်ချိန်မှာတော့----
ငုတ်တုတ်ရပ်ခဲ့မှာပဲ။

------------------------------------------------------------------------------------------------------

တာဝန်ကိုယ်စီရှိပါတယ်
တခါတလေမှာ မတရားလုပ်တဲ့လူတွေကို အပြစ်တင်တာ လက်တွေ့မကျပါဘူး။ မကောင်းတာတွေ. .မတရားတာတွေကို လုပ်နေတာ မြင်တွေ့နေပါလျက် တာဝန်ကင်းမဲ့စွာ လက်ပိုက်ကြည့်နေတဲ့ ပြည်သူလူထုကို အပြစ်တင်သင့်ပါတယ်။ တာဝန်မဲ့တဲ့ လူ့ဘောင်မှာ ဘယ်တော့မှ တရားမျှတစွာ အုပ်ချုပ်တဲ့ အစိုးရကို မရနိုင်ပါဘူး။ တရားမျှတစွာကျင့်ကြံတဲ့ နိုင်ငံရေးသမားတွေ မပေါ်ထွန်းနိုင်ပါဘူး။ အစိုးရနဲ့ နိုင်ငံရေးသမားတွေကို လမ်းမှန်ကိုထောက်ပြတဲ့ မီဒီယာတွေလည်း မပေါ်ထွန်းနိုင်ပါဘူး။ လောကကြီးမှာ ဘယ်အရာမှ အလကားမရဘူးဆိုတာ သိကြပါ။ ခင်ဗျားတို့ သိပ်မုံန်းတဲ့ ကလိမ်ကကျစ်ဗိုလ်ချုပ်တွေကို ဖြုတ်ချချင်ရင် ထိုင်ပြီးဆုတောင်းနေလို့ မရပါဘူး။ ကောင်းတာလိုချင်ရင် ပင်ပန်းတော့ခံရမည်။ တနည်းအားဖြင့် မိမိရဲ့ တာဝန်ကိုသိရမည်။ အုတ်တစ်ချပ်သဲတစ်ပွင့် လုပ်ကိုင်ဖို့လိုပါတယ်။

------------------------------------

ဆက်လက်ဖြန့်ဝေပေးပြီးဒီမိုကရေစီနှုင့်လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ပေးကြပါ

NO CAMPAIGN GROUP RANGOON,BURMA

မေးလ်မှ၇၇ှိပါသည်။

ဗြိတိသျှကောင်စီ IELTS ပညာသင်ဆု


ဗြိတိသျှကောင်စီ စာမေးပွဲများဌာနမှ ၂ဝ၁ဝ ပညာသင်နှစ်တွင် ယူကေနိုင်ငံသို့ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ပညာသင်သွားမည့် IELTS ဖြေဆိုပြီး မြန်မာကျောင်းသားများအား ပညာသင်ဆု ရွေးချယ်ချီးမြှင့်မည့် အစီအစဉ်ကို ဝမ်းမြောက်စွာကြေညာလိုက်ပါသည်။

ပညာသင်ဆုရရှိသူသည် ကျောင်းလခ ဆုကြေးဒေါ်လာ ၃၅ဝဝ ကို တစ်လုံးတစ်ပေါင်းတည်း ရရှိမည်ဖြစ်ပါသည်။ ၂ဝ၁ဝနှစ်အတွက် IELTS ပညာသင်ဆု( ၂ ) ဆု ချီးမြှင့်မည်ဖြစ်ပါသည်။

ပညာသင်ဆုလျှောက်လွှာကို ဇူလိုင် ( ၃၁ )နေ့အထိ လက်ခံမည်ဖြစ်ပြီး ပဏာမရွေးချယ်ခံရသူ ( ၅ ) ဦးကို သြဂုတ်လ ( ၂၃ ) ရက်မှ ( ၂၇ )ရက် အတွင်း လူတွေ့စစ်ဆေးရန်ခေါ်ယူပြီး၊ မဲကျရာ ခေါင်းစဉ်တစ်ခုအား အကျဉ်းချုပ်ရှင်းလင်းတင်ပြရမည်ဖြစ်ပါသည်။ အထက်ပါ ( ၅ ) ဦးအနက် ( ၂ ) ဦးကို အပြီးသတ် ရွေးချယ်မည်ဖြစ်ပါသည်။

ပညာသင်ဆုကို မည်သူလျှောက်ထားနိုင်ပါသလဲ

ပညာသင်ဆုအတွက် အခြေခံလိုအပ်ချက်များမှာ လျှောက်ထားသူသည်

၁ - မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရမည်။
၂- ၂ဝ၁ဝနှစ်အတွင်း ယူကေနိုင်ငံတွင် ဘွဲ့ကြို/ ဘွဲ့လွန် ပညာသင်ရန်ပြင်ဆင်ထားသူဖြစ်ရမည်။
၃- IELTS အမှတ်ဖြင့် ကျောင်းဝင်ခွင့်လက်ခံသော တက္ကသိုလ်၊ ကောလိပ် တစ်ခုခုတွင် ကျောင်းတက်ရန်ပြင်ဆင် သူဖြစ်ရမည်။
၎- လက်ရှိ သက်တမ်းရှိသေးသော IELTS အမှတ်လက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည်။
၎.၁ - IELTSကို ၂ဝဝ၈ စက်တင်ဘာလမှ ယခုအချိန်အတွင်း ဗြိတိသျှကောင်စီတွင် ဖြေဆိုထားသူဖြစ်ရမည်။
၎.၂ - Academic Module ဖြေဆိုထားသူဖြစ်ရမည်။
၎.၃ - ဘွဲ့ကြိုအတွက် ပျှမ်းမျှရမှတ် ( ၆.၅ )၊ ဘွဲ့လွန်အတွက် ပျှမ်းမျှရမှတ် ( ၇.ဝ ) ရရှိထားသူဖြစ်ရမည်။
၅- သက်ဆိုင်ရာ တက္ကသိုလ်၊ကောလိပ်မှ ကျောင်းသားအဖြစ် အသိအမှတ်ပြုလက်ခံစာကို သြဂုတ်လ ၂ဝ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြနိုင်ရမည်။

လျှောက်ထားပုံနှင့် ရွေးချယ်ပုံအဆင့်ဆင့်

၁- ဗြိတိသျှကောင်စီတွင် IELTS စာမေးပွဲဖြေဆိုပြီး အမှတ်စာရင်းလက်မှတ်ရယူပါ။
၂- ဤနေရာ သို့မဟုတ် British Council ဝဘ်ဆိုဒ် တို့တွင် လျှောက်လွှာကို download လုပ်ယူပြီးဖြည့်ပါ။
၃- လျှောက်လွှာကို ဗြိတိသျှကောင်စီစာမေးပွဲများဌာနသို့ ဇူလိုင် ၃၁ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရပါမည်။
၎- လျှောက်ထားသူများမှ ပဏာမ ၅ယောက်ကို ရွေးချယ်မည်။ ပဏာမရွေးချယ်ခံရသူများကို ၂ဝ၁ဝ သြဂုတ် လ ( ၉ )ရက်နေ့တွင် email မှ တစ်ဆင့် အကြောင်းပြန်ပါမည်။
၅- ပဏာမရွေးချယ်ခံရသူများသည် မိမိတို့တက်ရောက်မည့် တက္ကသိုလ်၊ ကောလိပ်မှ ကျောင်းသားအဖြစ် လက်ခံကြောင်း အကြောင်းစာကို သြဂုတ်လ ၂ဝရက်နေ့ နောက်ဆုံးထား၍ တင်ပြရမည်။
၆- အဆိုပါကျောင်းသားအသိအမှတ်ပြုအကြောင်းကြားစာကို သြဂုတ်လ၂ဝရက်နေ့ နောက်ဆုံးထား တင်ပြ နိုင်ခြင်းမရှိပါက၊ပဏာမရွေးချယ်စာရင်းမှ ပယ်ဖျက်ပါမည်။
၇- ပဏာမရွေးချယ်ခံ ကျောင်းသား( ၅ ) ယောက်ကို သြဂုတ်လ ၂၃ ရက်မှ ၂၇ရက်နေ့အတွင်း လူတွေ့ စစ်ဆေးရန် ဖိတ်ခေါ်ပါမည်။ အဆိုပါ အင်တာဗျုးတွင် ဗြိတိသျှကောင်စီမှ ချပေးသော ခေါင်းစဉ်တစ်ခုခုကို အကျဉ်းချုပ်ရှင်းလင်းတင်ပြရမည်ဖြစ်ပါသည်။ အင်တာဗျုးလာရန်ပျက်ကွက်ပါက ပဏာမရွေးချယ်စာရင်းမှ ပယ်ဖျက်ပါလိမ့်မည်။
၈- နောက်ဆုံးရွေးချယ်သူနှစ်ဦးကို ၂ဝ၁ဝ သြဂုတ် ၃၁ ရက်နေ့တွင် ကြေညာပေးပါမည်။

လျှောက်လွှာပေးပို့ရန်

ဖြည့်စွက်ပြီးသော လျှောက်လွှာမူရင်းကို အောက်ပါလိပ်စာသို့ပို့ရမည်။

IELTS Scholarship
British Council Exams Services
78 Kanna Road
Kyauktada Tsp
Yangon

လျှောက်လွှာနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာ သို့မဟုတ် British Council ဝဘ်ဆိုဒ် တို့တွင် Download လုပ်နိုင်ပါသည်။

လျှောက်လွှာပိတ်ရက်မှာ ဇူလိုင်လ ( ၃၁ ) ရက်နေ့ဖြစ်ပါသည်။

British Council IELTS Scholarship Application Form
Download frequently asked questions about British Council IELTS Scholarship

http://www.myanmar-network.net/page/ielts-1

စ ကတည်းက ယဉ်သကို..

၉ရက်နေ့က သံလျှက်စွန်းရေတပ်စခန်း မှာ အကြပ်တပ်သားတွေကို ဆင့်ခေါ်ပြီး ဗိုလ်ကြီး ဦးဦးကျော် ကပြောပါတယ်တဲ့။ ”လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ကို မဲမပေးရင် ထောင်ဒဏ် ၁၅ နှစ်ချမယ်“ လို့ ပြောတဲ့အကြောင်း ရေတပ်ထဲမှ တပ်ကြပ် အဆင့်ရှိတဲ့သူတယောက်က ပြန်ပြောပြပါတယ်။ ပြောလည်းပြောရဲတဲ့လူတွေပါဘဲ။ နအဖ ကတော့ စ ကတည်းက ယဉ်သကို ဆိုသလိုပါပဲ။

(IFBNC) call UNCS for Burma's Secret Nuclear Plan

(IFBNC) call UNCS for Burma's Secret Nuclear Plan / GAB - ရဲဘော်များသို့ ။

အမေ


အမေ

မာနလက်သီး ဆုပ်တွေနဲ့
ကြိုးတုပ်ထားကြ အကျဉ်းသားများ
အားကိုးမဲ့ ဥပက္ခာ လူသားတွေ
ကရုဏာ မျက်ဝန်းနေရာအတွက်
နှိပ်စက်ခံနေကြသတဲ့
သံချေးတက် သံတိုင် ကျစ်ကျစ်ဆုပ်ထားချိန်
မျက်ရည်စီးတဲ့ ပါးပြင် တောကြမ်းခရီးဖြစ်ကာသွား
ဒီနိုင်ငံရဲ့  တနေရာရာ
အမေကြားဖူးပါလေစ ။။။။။။။။။။။။။။။။။။။။။။။။။။။။
ပခုံးလက်နှစ်သစ်
ရင်မှဖြစ်တဲ့ သား မတို့ရက်သလို
နို့မမျက်စေချင် မေတ္တာ ရေစင်တွေဖြန်းလို့
ကမ္ဘာမြေပြင် တုန်ဟီးတဲ့ အချစ်မျိုးနဲ့
အမေ့ ရင်ခွင် ကြီးပြင်းခဲ့ သားများ ။။။။။။။။။။။။။။။။
ဒီနိုင်ငံအတွက်
ကိုယ့်လူမျိုးအတွက် နှိပ်စက်ခံနေ
အမေရဲ့ လူမိုက်မဟုတ်သော သားများ
ဒီနိုင်ငံရဲ့ တနေရာရာမှာ
အမေကြားဖူးပါလေစ ။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြွေသူများရဲ့ ၀ိဥာဉ်
ဝေသူများရဲ့ ကြွေးကြော်သံတွေနဲ့
ဘ၀ဂ်ညံတဲ့ ချန်ခဲ့သူများအားမာန်
အချုပ်ခန်းက တဖက်
ဝန်းကျင်ပြင်ပကတဖက် အတွေးတွေကို
အမေကြားဖူးပါလေစ ။။။။။။။။။။။။။။။။။။။။။။။
သွေးရနံ့ လေညှင်း တဖြတ်ဖြတ်နဲ့
ပေးဆပ်ခဲ့ မာန်ပြင်းတွေ
ရုန်းရှုင်းဆန်ခပ် လမ်းခုလတ်မှာ
တယောက်ပြီး တယောက်
သွေးစက်ပေါက် မြစ်လို
ရှည်လျားမျောစွာ တစ္ဆေအိပ်မက်
အဲဒီအချိန်မက်ဆဲ
သွေးပွက်အိုင်ထဲ မကြည့်ရက်စရာ
အမေကြားဖူးပါလေစ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
" အကျဉ်းထောင်တဲ့ ဒီနိုင်ငံ
ကြိုးတိုင်ကို ပြေးတက် ဟေ့ "
ဘယ်သူတက်သလဲ
မျက်ရည်မကျစေရဘူး ကြွေးကြော်နေ
မုချလွပ်မြောက်မဲ့ စိတ်ဓါတ်အရိပ်တွေ
အံကြိတ်ထားကြ အဓိဌါန်
အမေကြားဖူးပါလေစ ။။။။။။။။။။။။။။။။။။။။။။
မနေ့ကနဲ့
ဒီနေ့ရဲ့ မနက်ဖန်မှာ
တမလွန်အတွက် ပေးဆပ်ခဲ့ရင်း
ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်နေကြ
ကိုယ့်လူမျိုးအချင်းချင်း စွန့်လွှတ်နေရ
ဒါပေမဲ့-အမေရယ်
သင်္ချိုင်းဂူပေါ် မော်ကွန်းစာတမ်း
သူရဲကောင်းအသဲ သွေးနီရဲရဲနဲ့
ကဗ္မည်းတင်ဖို့
တမင်ရင်ကော့ မော့ထားလိုက်ပြီ
အမေ ဂုဏ်ယူပါလေတော့ ။။။။။။။။။။။။။။။။။။။။။။။။။။။။။
ခိုင်အောင်ကျော် (နယူးယောက်)