Thursday, June 17, 2010

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်ရံတော် ဗိုလ်မင်းလွင် ဈာပနအခမ်းအနား



















bo_min_lwin.pdf file downmload
100617_bty_bur_bo_min_lwin

17 June 2010 ဒိုင်ယာရီ

17 June 2010 yeyintnge Diary.pdf file download here
http://17 June 2010 yeyintnge Diary.doc file download here
17 June 2010 Yeyintnge Diary

၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။၆-၁၀

http://8888.pdf8888

နှာစေးနေတဲ့ယုန်ကလေးတွေနဲ့ အတူ တမြေထဲနေ တရေထဲသောက်မိနေပါရဲ့ 



စစ်အစိုးရက ဗိုလ်မှူးစိုင်းသိန်းဝင်းကို အားမနာသတင်းထုတ်ပြန်သည်။ လူလိမ်ဆိုပြီး ထုတ်ပြန်ခြင်းဖြစ်သည်။ ဗိုလ်မှူးမဟုတ်ပါဘဲ လိမ်သည်ဆိုကာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့လည်းယောင်ဝါးဝါးဖြစ်ကုန်ပါသည်။သို့သော်ဒီမိုကရေစီစစ်သည်တော်သူရဲကောင်းဗိုလ်မှူးစိုင်းသိန်းဝင်းကပြန်တမ်းဝင်အရာရှိဖြစ်ကြောင်းခန့်အပ်သည့်အမိန့်စာလက်မှတ်ကို
ကမ္ဘာသိကြေညာပြလိုက်သည်။ သည်တော့ စစ်အစိုးရ၏ ကလိမ်စေ့ငြမ်းဆင်ထားသော ပြသနာမှာ ဘူးပေါ်သလိုပေါ်ခဲ့သည်။ ဒုတိယအချက်မှာ ယခုအချိန်ထိ IAEA ကို ဤကိစ္စအပေါ် စုံစမ်းစစ်ဆေးရန် မခေါ်ယသေူးခြင်းဖြစ်သည်။ သူတို့သတ္တိရှိလျှင် ခေါ်ယူရှင်းလင်း ပြသရပါမည်။ မဟုတ်ကြောင်းကို လူတကာသိအောင် ရှင်းလင်းရပါမည်။ မောင်မင်းကြီးသားတို့ ဤကိစ္စကို မရှင်းလင်းရဲ။ အကြောင်းမှာ ဗိုလ်မှူးစိုင်းသိန်းဝင်း တင်ပြချက်များမှာ မှန်ကန်နေသောကြောင့် ဖြစ်ပါသည်။
နူကလီးယာလက်နက်ထုတ်လုပ်မှူသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် အထူးပါတ်သက်နေပါသည်။ နောင် ၃ နှစ်ကျော်လျှင် နူကလီးယားလက်နက်ကို ထုတ်ယူနိုင်သော အခြေအနေရောက်သွားနိုင်သည်ဟု နူကလီးယားသိပ္ပံပညာရှင်များက တွက်ဆထားပါသည်။ ကံကောင်းထောက်မစွာဖြင့် ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ကျေးဇူးကြောင့် နူကလီးယား၏ လက်နက်ထုတ်လုပ်ရေး စီမံကိန်းမှာ ပျက်ပြားသွားနိုင်စရာ ဖြစ်ပါသည်။ သို့သော် လွယ်လွယ်ကလေးနှင့် ဤပြသနာကို လျော့တွက်၍ မရ။ စစ်အစိုးရသည် ဤကိစ္စကို သဲထဲရေသွန်လုပ်သွားမည့် လူစားမျိုးမဟုတ်။ လူမိသွားသည်ဆိုပြီး ငြိမ်ခံနေမည့်သူမျိုးမထင်။ တခုခုတော့ သူတို့တွက်ချက်ထားပြီးဖြစ်ပါသည်။ လူလိမ်များသည် မည်သည့်အခါမျှ လိမ်နိုင်မည့်အကြောင်းကို မတွေးဘဲ မနေ။ နူကလီးယားလက်နက်စက်ရုံ တည်ဆောက်သည်ဆိုကတည်းက သူတို့မှာဤအချက်ကို တွက်ချက်ထားပြီးဖြစ်ပါသည်။
အကယ်၍ဤသတင်းသာပေါက်ကြားသွားပါက မည်သို့ဖြေရှင်းရမည် ဆိုသည်ကို သူတို့ကြိုတင်စီမံပြီးဖြစ်ပါသည်။ ထို့ကြောင့် ယေဘူယျငြင်းချက်ထုတ်ပြန်ထားပါသည်။ လုံလောက်သည်ဖြစ်စေ မလုံလောက်သည်ဖြစ်စေ သူတို့မှာ စွပ်စွဲချက်များကို ငြင်းချက်ထုတ်ပြီးပါပြီ။ မယုံကြည်သည့်သူများက အရေးယူစစ်ဆေးရန်သာရှိပါသည်။ ထို့ကြောင့် ဤကိစ္စ ဤပြသနာမှာ ပေါ့သေးသေးမဟုတ်။ လွန်စွာမှ သေရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စဖြစ်သည်။ ကျွန်တော်တို့ကတဖက် သူတို့ကတဖက်ဖြစ်နေချိန်မှာ စစ်အစိုးရ၏ဒေါ်လာစားနိုင်ငံခြားသားများမှာ ဤအချက်များကို အခြေခံကာ ရွေးကောက်ပွဲကို ထောက်ခံနေကြပေးပါသည်။
ယင်းသူတို့မှာမြန်မာနိုင်ငံသို့ အချိန်မရွေးသွားလာခွင့် ဗီဇါရရှိထားသူများဖြစ်ကြပါသည်။ နိုင်ငံခြားသားများအပြင် မြန်မာနိုင်ငံသားတို့လည်း ဗီဇါရရှိကာ သွားနေကြရရာ ယင်းပုဂ္ဂိုလ်တို့မှာ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ထောက်ခံနေသူများသာဖြစ်သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်သောမြန်မာနိုင်ငံသားတို့မှာ နိုင်ငံရေးနှင့် မပါတ်သက်သော လူမူရေးအဖွဲ့များ ဆိုသည်တို့ ရှိပါသည်။ နိုင်ငံရေးစကားကို ယောင်လို့တောင်မျှ မပြောကြားရ။ စစ်အစိုးရကို ကြေညာချက်များဖြင့် ကန့်ကွက်ကြောင်းမလုပ်ရ။ ၄င်းတို့အဖွဲ့များအနေဖြင့် စစ်အစိုးရသံရုံးရှေ့မှာ ဆန္ဒမပြရ။ စသည်စသည်တို့ဖြင့် ရည်မှန်းချက်များထုတ်ပြန်ထားရာ ပြည်တော်ပြန်နေသော ၄င်းတို့အဖွဲ့မှ ပုဂ္ဂိုလ်တို့မှာ မည်သို့လူစားမျိုးများဖြစ်နေမည်ကို စဉ်းစား၍ရနိုင်ကြပါသည်။
တနည်းအားဖြင့် လူမူရေးလုပ်ငန်းများကို အကြောင်းပြချက်တခုအနေဖြင့် စစ်အစိုးရမှ ပုဂ္ဂိုလ်များနှင့် အတူတွဲထိုင်ကာ ပညာတော်သင်ဆုများ ပေးနေကြသော မြန်မာနိုင်ငံသားတို့သည်၎င်း၊ နိုင်ငံခြားသားသတင်းထောက်တို့သည်၎င်း စစ်အစိုးရ၏ရွေးကောက်ပွဲ့အတွက် ယခုအချိန်မှာ နိုင်ငံတကာ၌ အထူးလှုပ်ရှားနေကြပါပြီ။ တနေ့က ကနေဒါနိုင်ငံတွင် ပြုလုပ်သော မီဒီယာသမားများနှင့် အစည်းအဝေးမှာ မြန်မာနိုင်ငံသို့ သွားရောက်နိုင်သော နိုင်ငံခြားသားသတင်းထောက်များက ရွေးကောက်ပွဲဝင်ရေးအတွက် အားပေးနေသောသူများဖြစ်ကြောင်း သိရပါသည်။ မိမိတို့၏အခွင့်အရေးတခုအတွက် စစ်အစိုးရကို ထောက်ခံအားပေးနေကြသော မြန်မာနိုင်ငံသားတို့နှင့် နိုင်ငံခြားသားတို့သည်၎င်း ဤအချိန်တွင် အထူးသတိပြုထားကြရမည့် အနေအထားဖြစ်ပါသည်။ တချိန်တည်းမှာပင် ကျွန်တော်တို့အနေဖြင့် ပြည်တွင်းမှ ရွေးကောက်ပွဲဝင်မည်ဟု တကဲကဲပြုနေကြသောသူတို့အား ရာဇသံတွေပေးရမည်ဖြစ်သည်။ သူတို့မှာ ရွေးကောက်ပွဲကို ၀င်မည်ဆိုသော်လည်း တနိုင်ငံလုံးကို မလွှမ်းခြုံနိုင်သော်လည်း အသံကောင်းဟစ်နေပါသေးသည်။
သို့လင်ကစား သူတို့မှာယခုအချိန်ထိ စစ်အစိုးရနှင့် မည်သို့မျယှဉ်ပြိုင်၍ စည်းရုံးရေးလုပ်ခွင့်မရသေး။ ပါတီဆိုင်းဘုတ်တောင်မျှ မထောင်နိုင်ကြသေး။ မဲဆွယ်ရန်စည်းရုံးရန် အခက်အခဲများစွာတွေ့နေကြပါသည်။ ညီးညူသံများကို ကြားနေရပါပြီ။ ကြံ့ဖွဲ့ကလည်း နေပြည်တော်မှာ ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် အသေအချာအစည်းအဝေးတွေထိုင်နေကြသည်။ ပြည်နယ်တွေမှာမူ ကြံ့ဖွံ့ကိုမဲမပေးလျှင် ဖမ်းမည်ဆီးမည် တကဲကဲ လုပ်နေသံများကြားရပါသည်။ စဉ်းစားစရာတခုမှာ နေပြည်တော်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သောပါတီဖြစ်ပြီး ဆိုင်းဘုတ်တင် ရုံးခမ်းဖွင့်နိုင်သော ပါတီမှာ ကြံ့ဖွံ့ဖြစ်ခြင်းက လှလှပပ ထူးခြားနေပါသည်။ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးမည့် စစ်အစိုးရသည် သူတို့အာဏာကို လွှဲပြောင်းယူသွားမည့် သူများအား အနီးကပ်ထားသည်မှာ သူတို့လူမို့ ထားခြင်းဖြစ်ကြောင်း သိသာနိုင်ပါသည်။
သူတို့လူမို့ သူတို့ကိုခန့်မှန်းနိုင်ပါသည်။ ထို့ကြောင့် သူတို့လူကို မည်သူတို့က ယှဉ်ပြိုင်၍ နိုင်ပါမည်နည်း။ ရွေးကောက်ပွဲမှာ သူတို့လူများကို မည်သူမျှ မနိုင်နိုင်မှန်း လူတိုင်းခန့်မှန်းနိုင်ပါသည်။ သည်တော့ မည်သည့်အတွက်ကြောင့် ၀င်ရောက်ယဉ်ပြိုင်ရပါမည်နည်း။ စစ်တပ်က ၂၅ ရာနုံးခန့်မျှမဟုတ်။ ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်များလည်းပါနေရာ စစ်တပ်လွှမ်းခြုံသော သို့မဟုတ် အစိမ်းရောင်လွှတ်တော်ဖြစ်မည်ကို လူတိုင်း ခန့်မှန်းကြပါသည်။ ခက်နေသည်မှာ ၁၀၀ ရာခိုင်နုံး အုပ်ချုပ်နေသော ယခုလိုအချိန်မျိုးထက် ၂၅ ရာနုံးခန့်မျှသာ ရှိနေတော့မှာမို့ ၀င်ပြိုင်ရပါသည်ဟု ပြောတော့ ဖိုးဝင်ချင်များကို အစွဲချွတ်၍ဖြင့် မရတော့။
စစ်အစိုးရ၏ အစိမ်းရောင်လွှတ်တော်ထဲတွင် သူတို့က အခြေခံဥပဒေကို ပြောင်းလဲ ဖြည့်စွက် ပြုပြင်နိုင်ပါသေးသည် ဆိုကာ အိပ်မက်ဆိုးများကို မက်နေတုံးဖြစ်ပါသည်။ အခြေခံဥပဒေကို ထောက်ခံပါသည်ဟု ပြောဆိုလက်မှတ်ထိုးသူများမှာ မည်သို့မျှ ဖြည့်စွက်၍မရခြင်းကို သိလျက်နှင့် ပြောဆိုနေကြခြင်းသာဖြစ်သည်။ စင်စစ် ယင်းသို့သာပြောလို့ကတော့ ၂၀၁၀ လွှတ်တော်ကိုယ်စားလှယ်များအတွက် အကောင်းဆုံးထောင်များကို မည်သည့်နေရာတွင် တည်ဆောက်နေသလဲဟု စဉ်းစားနေလျှင်ပင် သင့်မြတ်မည်ထင်ပါသည်။
စစ်အစိုးရသည် ရွေးကောက်ဥပဒေကို လွှတ်တော်ထဲတွင် ပြန်လည်ပြင်ဆင်နိုင်ကြောင်း တလုံးတပါဒမျ မပြောထား။ ပြီးတော့ အာဏာလွှဲပြောင်းပေးမည်ဟုလည်း မဆို။ နူကလီးယားစွမ်းအင်ဖြင့်၎င်း။ သဘာဝဂါစ်မှ ရရှိသော ဒေါ်လာငွေများဖြင့်၎င်း၊ စစ်အာဏာရှင်တို့သည် မည်သည့်နည်းနှင့်မျှ အာဏာလွှဲပြောင်းပေးမည် မဟုတ်။ ပြီးတော့ သူတို့၏အသက်အိုးအိမ် စည်းစိမ်ချမ်းသာကြွယ်ဝမူများကို ထိခိုက်နစ်နာမည်မှန်း သိလျှက်နှင့်လည်း လည်ပင်းစွပ် ကြိုးတိုင်တက် နေရာဖယ်ပေးမည့်သူများမဟုတ်။ တချိန်တည်းမှာပင် ဤအခြေခံဥပဒေကိုပင် လက်ဆုပ်လက်ကိုင်ထားပြီး နိုင်ငံအတွက် လေးစားလိုက်နာရန် ပြဌန်းထားမည်ဟု မည်သူကမျှ ဖွင့်ဟပြောဆိုခြင်းလည်းမရှိ။ သာဓကအနေဖြင့် မြန်မာနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုသည်မှာက လွပ်လွပ်ရေးရှိပြီးသည့်မှစ၍ ၄ရ -ခုနှစ် ဥပဒေ၊ ရ၄-ခုနှစ် ဥပဒေတို့နှင့်သာ နပမ်းလုံးလိုက် ဖျက်သိမ်းလိုက်နှင့် လုံးချာလည်နေခဲ့ပြီးဖြစ်သည်။သို့ဖြစ်၍ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုသည်မှာ လေးစားရကောင်းမှန်း မသိဖြစ်ကြေပါသည်။
၂၀၁၀ ရွေးကောက်ပွဲ့သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေံဥပဒေဆိုင်ရာ ပြသနာဟု ကျွန်တော်မထင်။ အာဏာလွှဲပြောင်းရယူရေးထက် အသွင်ကူးပြောင်းရေးထက် အာဏာတည်မြဲရေးကို ပြုလုပ်ခြင်းသာဖြစ်သည်။ စစ်အစိုးရ စနစ်တကျ ဆောင်ရွက်နေခြင်းကို ကြည့်၍ သိသာနိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့မှာ တခုခုတော့ လုပ်ပြရတော့မည်ဖြစ်ပါသည်။ ပြည်တွင်းမှာ ၂၀၁၀ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ရမည်ဖြစ်ပါသည်။ ပွဲသိမ်းသွားရန်လိုပါသည်။ ကြံ့ဖွံ့တို့ တစညတို့ကို မလှုပ်ရှားနိုင်အောင် အရှင်ဖြစ်ဖြစ် အသေဖြစ်ဖြစ် ပြုလုပ်ရန်လိုပါသည်။
မည်သည့်နည်းနှင့်မျှ ငြိမ်ခံ၍မရသောအခြေအနေများကို အတိမ်းအစောင်းမခံနိုင်တော့သည့် အနေအထား ရှိနေသည်။ ဂျာနယ်တွေမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကြရန် ပြုကြပါတော့မည်။ သည်အခါ ကျွန်တော်တို့က မီဒီယာလွပ်လွပ်ရေးကို တိုက်ပွဲအဖြစ် အော်ပေးစရာ လုပ်ရမည်လား။ လုံးဝမလိုအပ်ချေ။ အကြောင်းမှာပြည်တွင်းမှ ရွေးကောက်ပွဲအတွက် ဂျာနယ်များ ထုတ်ဝေသည်မှာ နိုင်ငံရေးဂျာနယ်ဆိုသော်လည်း ရွေးကောက်ပွဲဝင်သူများအတွက် ဇေါင်းပေးသော ဂျာနယ်များသာ ဖြစ်သည်။ သူတို့က သူတို့အကြောင်းနှင့် သူတို့ပြောဆိုကြရန် တာစူနေကြပါသည်။
ကျွန်တော်တို့မှာ နူကလီးယားနှင့် ပါတ်သက်၍ နုတ်ဆိတ်နေကြပါသည်။ သဘာဝဓါတ်ငွေ့နှင့် ပါတ်သက်၍ ငြိမ်နေကြပါပြီ။ လူ့အခွင့်အရေးနှင့် ပါတ်သက်၍ တုံဏိဘာဝေ နေကြပါပြီ။ အဆိုးဆုံးမှာ သနားစရာကောင်းသော ဒီမိုကရေစီ စစ်သည်တော် သူရဲကောင်း ဗိုလ်မှူးစိုင်းသိန်းဝင်းကို ဂုဏ်ပြုအခန်းအနားတောင်မျှ မပြုကြ၊ လေးစားသမူမပြုကြသေးခြင်းဖြစ်ပါသည်။ ကျွန်တော်တို့သည် နှာစေးသော ယုန်ကလေးအကြောင်းကို ငယ်စဉ်က ဖတ်ဖူးကြပါသည်။ ကျားပါးစပ်အနီးတွင် နှာစေးနေသော ယုန်ကလေး၏ ဘ၀အခြေအနေနှင့် ကျွန်တော်တို့ တူနေသလား စဉ်းစားမိပါသည်။ သို့သော် ယုန်ကလေးနှင့်မတူမှန်း မိမိကိုယ်ကို ခန့်မှန်းကြည့်လျှင် သိကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ မဟာ ဖြစ်နေကြပါပြီ။
နိုင်ငံတကာမှာနေထိုင်ကြသော မဟာဖြစ်နေသည့် ကျွန်တော်တို့မှာ နှာစေးနေပြီဆိုလျှင် ရွှေပြည်တော် မျော်တိုင်းဝေးသွားရသည်မှာ ကျွန်တော်တို့ကြောင့် ဖြစ်သွားနိုင်ပါသည်။ သည်တော့ နှာစေးသွားသည့် ယုန်ကလေးများနှင့် တရေထဲသောက် တမြေထဲနေကြရသော်လည်း နှာစေးမခံနိုင်သူများကမူ ထုတ်ဖေါ်ပြောဆို ရဲကြဖို့သာလိုပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )