Friday, June 25, 2010

မြန်မာ့အရေးဆန္ဒပြလိုသူများမနက်ဖန်နေလည်၁၂နာရီတွင်စုရုးံကြပါရန်..
မိုးရွာမည်သတိပေးထား၍ထီး၊မိုးကာများဆောင်လာကြပါရန်

G20 Torontoစတုတ္ထနေ့မြင်ကွင်း


Secret law passed by Ontario government gives police special powers during G20

Secret law gives police power to arrest anyone 5m within security fence
The law, which includes penalties of up to two months in jail and a $500 fine, went into effect on Monday. It expires next Monday, after the G20 wraps up in Toronto.


Toronto Mayor David Miller invited the 2,000-or-so foreign journalists covering the G8 and G20 summits to break away from their work in the media centre today and spend money in the city.

The Voice Weekly Journal Vol. 6-32, June 28 - July 4, 2010.

http://www.mediafire.com/?mzmw1drgtym
The Voice 6-32

25 June 2010 ဒိုင်ယာရီ

25 June 2010 yeyintnge Diary.doc file download here

25 June 2010 Yeyintnge Diary

စစ်အစိုးရ သဘာဝဓါတ်ငွေ့  ရောင်းရငွေတွေ ပြည်ပမှာ လျှို့ဝှက်ထားရှိ



2010-06-24

မြန်မာ စစ်အစိုးရဟာ သဘာဝ ဓါတ်ငွေ့ ရောင်းချလို့  ရရှိတဲ့ နိုင်ငံခြားငွေတွေကို လျှို့ဝှက်ထားတဲ့ အပြင် နျူကလီးယား လက်နက်တွေလည်း ထုတ်လုပ်ဖို့  ကြိုးပမ်းနေတယ်လို့  က္ဆွမ်းကျင်သူ ပါရဂူတွေက ပြောကြားလိုက်ပါတယ်။

ဝါရှင်တန် ဒီစီ အခြေစိုက် NED ခေါ် ဒီမိုကရေစီ ဖွံ့ ဖြိုးတိုးတက်ရေး ကူညီ ထောက်ပံ့မှု အဖွဲ့ က ကြီးမှုးပြီး ဗုဒ္ဓဟူးနေ့ က ပြုလုပ်တဲ့ မြန်မာစစ် အစိုးရရဲ့  နျူကလီးယား စီမံကိန်း အကြောင်း ဆွေးနွေးပွဲမှာ၊ သက်ဆိုင်ရာ က္ဆွမ်းကျင်သူ ပါရဂူတွေက အခုလို ပြောလိုက်တာပါ။

Earth Rights International အဖွဲ့ ကြီးရဲ့  ညွှန်ကြားရေးမှုး တစ်ဦးဖြစ်သူ Paul Donowitz ကတော့ အိုင်အမ်အက်ဖ် ခေါ် အပြည်ပြည် ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့ ရဲ့  အဆိုကို ကိုးကား ပြောဆိုရာမှာ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့  ရောင်းချလို့  ရရှိတဲ့ နိုင်ငံခြားငွေရဲ့ အပုံ တရာပုံရင် တစ်ပုံ တောင် ပြည်သူလူထု အတွက် မသုံးစွဲဘူးလို့  ဆိုပါတယ်။

ထိုင်းနိုင်ငံကို သဘာဝ ဓါတ်ငွေ့  ရောင်းချလို့ ရရှိတဲ့ ငွေပမာဏနဲ့  တိုင်းပြည်အတွက် အကျိုးရှိအောင် တကယ် ပြန်အသုံးပြုတဲ့ငွေ ယှဉ်ကြည့်မယ်ဆိုရင် ဧရာမ ကွာခြားမှုရှိပါတယ်လို့  ပြောပြသွားပါတယ်။ အဲ့ဒီလို တိုင်းပြည် အတွက် တစ် ရာခိုင်နှုံးတောင် ပြန်မသုံးပေမဲ့ သဘာဝဓါတ်ငွေ့  ရောင်းချလို့ ရရှိတဲ့ နိုင်ငံခြားငွေရဲ့  ရာခိုင်နှုံး တော်တော် ကြီးကြီးမားမားဟာ စင်ကာပူ ဘဏ်တွေထဲမှာ ထားရှိပါတယ်လို့  ပြောသွားပါတယ်။

အဲ့ဒိ ဆွေးနွေးပွဲမှာပဲ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ ရဲ့  ညွှန်ကြားရေးမှုးဟောင်း တစ်ဦး ဖြစ်သူ Robert Kelly ကလည်း အထောက်အထား ဓါတ်ပုံတွေထဲမှာ တွေ့ မြင်ရတဲ့ အစိတ်အပိုင်း အများအပြား ဟာ အဆင့်နိမ့် ယူရေနီယမ် သတ္တုကုန်ကြမ်းတွေကို နျူကလီးယား ဗုံးထုတ်လုပ်နိုင်တဲ့ အဆင့်မြင့် ကုန်ကြမ်းအဖြစ် ပြောင်းလဲတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ပစ္စည်းတွေဖြစ်တယ် လို့ ပြောဆို သွားပါတယ်။

ဒီဆွေးနွေးပွဲ ကိုတက်ရောက် ခဲ့တဲ့ RFA သတင်းထောက် Richard Finney ရဲ့ သတင်းပေးပို့ ချက် ကို ဦးကိုကိုအောင်က တင်ပြထားပါတယ်။

http://www.rfa.org/burmese/news/Junta_secret_money-06242010144910.html

မြန်မာ့လူပုလေး ဂင်းနစ်မှတ်တမ်းဝင်ပြိုင်လို


http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=221

Government of Canada urged to support "Commission of Inquiry" on Burma

Government of Canada is urged to support “Commission of Inquiry” on Burma

Canadian Friends of Burma

June 25, 2010

Ottawa – While leaders of G20 are meeting in Toronto, Parliamentary Friends of Burma (PFOB) and Canadian Friends of Burma (CFOB) are calling upon the Government of Canada and other world leaders to support an establishment of an UN’s “Commission of Inquiry” on “crimes against humanity” in Burma.

“For years, Burma's military regime has committed grave human rights abuses that rise to the level of crimes against humanity,” said Honorable Larry Bagnell, chair of Parliamentary Friends of Burma (PFOB).

“The regime has destroyed 3000 ethnic minority villages, recruited thousands of child soldiers, used rape as a weapon of war, pressed millions of Burmese into forced labor, and forced at least 1.5 million people to flee as refugees and internally displaced persons,” Mr. Bagnell added.

More than 70 Canadian MPs and Senators (list provided below) have already thrown their support for the formation of the Commission and also called on the government to support it.

The call for “Commission of Inquiry” on Burma is getting momentum in international community with the support of government s from Australian, the United Kingdom, Czech Republic, and Slovakia.

“Being the host of G20 and G8 Summits, the Government of Canada should seize the opportunity to discuss the political and human rights situation in Burma, and ask its counterparts on the possibility of forming the Commission,’ said Tin Maung Htoo, executive director of Canadian Friends of Burma (CFOB).

Meanwhile, Burmese activists and Burma supporters are planning to join G20 protests on June 26 Saturday afternoon at the Ontario Legislative Assembly (Queen’s Park) in Toronto.

-30-

Media contact: 613-297-6835

________________________________________

Parliamentary Friends of Burma consists of Members and Senators from all parties of the Canadian Parliament. The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma.

Canadian Parliamentarians supporting for Commission of Inquiry on Burma

#

Name

Constituency/position

Alan Tonks

York South - Weston

Alexandra Mendés

Brossard-La Prairie

Bernard Bigras

Rosemont-La petite-Patrie

Borys Wrzesnewskyj

Etobicoke Centre

Brad Trost

Saskatoon-Humboldt

Brian Masse

Windsor West

Brian Murphy

Moncton-Riverview-Dieppe

Bruce Hyer

Thunder Bay - Superior North

Bruce Stanton

Simcoe North

Carole Lavalée

St.Bruno-St.Hubert

Christiane Gagnon

Députée de Québec

Claude Bachand

Saint-Jean

Derek Lee

Scarborough - Rouge River

Diane Bourgeois

Terrebonne - Blainville

Francine Lalonde

La Pointe-de-l'Île/Foreign Affairs Critic (Bloc Québécois)

Frank Valeriote

Guelph

Garry Breitkreuz

Yorkton-Melville

Gérard Asselin

Manicouagan

Gilles Duceppe

Leader of Bloc Québécois

Hon. Anita Neville

Winnipeg South Centre

Hon. Bob Rae

Toronto Centre/Foreign Affairs Critic (Liberal Party)

Hon. Carloyn Bennett

St.Paul's

Hon. Geoff Regan

Halifax West

Hon. Hedy Fry

Vancouver Centre

Hon. Irwin Cotler

Mount Royal

Hon. John McKay

Scarborough-Guildwood

Hon. Larry Bagnell

Yukon/Chair of PFOB

Hon. Maria Minna

Beaches - East York

Hon. Marlene Jennings

Notre-Dame-de-Grâce - Lachine

Hon. Peter Kent

Minister of State for Foreign Affairs (Americas)

Hon. Shawn Murphy

Charlottetown

Hon. Wayne Easter

Malapeque

Irene Mathyssen

London-Fanshawe

Jack Harris

St. John's East

Jack Layton

Toronto-Danforth/Leader of NDP

James Bezan

Selkirk-Interlake

Jean Crowder

Nanaimo - Cowichan

Jean Dorion

Longueuil-Pierre-Boucher

Jean-Yves Laforest

Saint-Maurice-Champlain

Josée Beaudin

Saint-Lambert

Judy Foote

Random - Burin - St. George's

Judy Wasylycia-Leis

Winnipeg North

Kevin Sorenson

Crowfoot/Chair - Standing Committee on Foreign Affairs

Libby Davies

Vancouver East

Louis Plamondon

Bas-Richelieu-Nicolet-Bécancour

Malcolm Allen

Welland

Mario Silva

Davenport

Meili Faille

Vaudreuil-Soulanges


...

အရပ်ဝတ် စစ်အစိုးရအကြောင်း သိကောင်းစရာ

By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 23 ဇွန် VOA
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ စစ်အစိုးရအဖွဲ့ဝင်တွေဟာ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားလို ဝတ်လိုက်ရုံနဲ့ အရပ်သားအစိုးရ ဖြစ်လာနိုင်ပါမလား။ ၂၀၁၀ ရွေးကောက်ပွဲနောက် ပေါ်ပေါက်လာမယ့် အစိုးရဟာ ဘယ်လို ပုံသဏ္ဍာန်မျိုး ဖြစ်လာနိုင်မလဲဆိုတာတွေကို ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်၊ စာရေးဆရာ မောင်သာမည တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ လက်ရှိအာဏာယူထားတဲ့ အစိုးရဟာ အခုအခါမှာ စစ်ယူနီဖောင်းကိုချွတ်ပြီးတော့ အရပ်သားအဝတ်အစားကို ဝတ်ဆင်လိုက်ကြပါတယ်။ နောက် သူတို့ဟာ တပ်မတော်အစိုးရ မဟုတ်တော့ဘူး။ တပ်မတော်အစိုးရလို့ ခေါ်ဝေါ်တာကို ရေးသားခြင်းမပြုရဘူးလို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုဆိုရင် ဘယ်လိုအစိုးရလို့ ခေါ်ဆိုရပါမလဲ။ ဧရာဝတီအယ်ဒီတာ ဦးအောင်ဇော် ကို မေးမြန်းချင်ပါတယ်။ သူတို့ကို တပ်မတော်အစိုးရလို့ မခေါ်နဲ့ဆိုရင် ဘယ်လိုခေါ်ရမယ်ဆိုတာကို ထပ်ဆင့်ညွှန်ကြားတာ ကြားရပါသလဲ။

ဦးအောင်ဇော် ။ ။ ဘယ်လိုခေါ်ရမလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ ဖားတပိုင်း ငါးတပိုင်း အစိုးရလို့ ခေါ်ရမလား။ လူပြက်အစိုးရလို့ ခေါ်ရမလား။ ဘာကြောင့်လည်းဆိုတော့ ဧရာဝတီမှာ ကျနော်တို့ နေပြည်တော်ကရတဲ့ ပုံတွေဆိုရင် အားလုံး တိုက်ပုံတွေ၊ ခေါင်းပေါင်းတွေ ဝတ်လာကြတာကို တွေ့ရတယ်ဆိုတော့ ဒီမှာတောင် တချို့ က နောက်ပြောင်ပြောနေတာရှိတယ် ရွှေမန်းတင်မောင် ပြဇာတ်အစိုးရလို့ ခေါ်ရမလား။ ဒါမှမဟုတ် လူပြက်အစိုးရလို့ ခေါ်ရမလားလို့ နောက်ပြောင်ပြောနေတာရှိတယ်။ ကျနော်ထင်တာကတော့ ဒါကတော့ အရပ်သားအစိုးရ အရသာပုံစံမျိုးကို နအဖစစ်အစိုးရက စပြီးတော့ (ကျနော်ကတော့ စစ်အစိုးရလို့ ခေါ်လိုက်တယ်) ပုံဖော်ပြီး ပေးတယ်လို့ ကျနော်ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ အခုနပြောသလို ရွှေမန်းတင်မောင်ပြဇာတ် အစိုးရဆိုလို့ ကျနော်ဆီက စာရေးဆရာမ မေငြိမ်း ကပြောတယ် “အဲဒီလို ဇာတ်ထဲကလူတွေဆိုရင်လည်း ရင်ဖုံးတိုက်ပုံ ခေါင်းပေါင်းနဲ့ဆိုရင် တောင်ရှည်ပုဆိုး ဝတ်ရမယ်။ အခုက သူတို့က ရိုးရိုးကွင်းပုဆိုးဝတ်ထားတော့ သူတို့က ဘိတ်သိက်ဆရာနဲ့ အနီးစပ်ဆုံး ဖြစ်နေတယ်” လို့ပြောတယ်။

ဦးအောင်ဇော် ။ ။ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု ကျနော်မြင်တာက အဲဒီလိုမျိုးဝတ်ထားတယ်။ ပုံမကျပန်းမကျ ဖြစ်နေတယ်။ ဒါအပြင် သတိတွေဆွဲထားတယ်။ ဆိုတော့ သူတို့က စစ်သားတွေက တသက်လုံး ယူနီဖောင်းဝတ်လာတာ အဲဒီလိုမျိုး အရပ်သားအဝတ်အစား ဝတ်ရင်လည်း ကြည့်ကောင်းတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ရန်ကုန်မှာတော့ အဲဒါကို ကြည့်ပြီးတော့ တဟားဟားနဲ့ သဘောကျနေကြတယ်လို့ ကြားမိတယ်။

ဦးကျော်ဇံသာ ။ ။ အနည်းဆုံးတော့ လူတွေ ပျော်ရတာပေါ့။ ဆရာသာမည အနေနဲ့ ဘာကြားမိပါသလဲ။

ဦးသာမည ။ ။ ကျနော်တို့ကလည်း သူ တရားဝင် ဘယ်လိုခေါ်ရမလဲဆိုတာတော့ တိတိကျကျ မကြားရဘူး။ ဒါပေမဲ့ အခုန ကိုအောင်ဇော် ပြောသလို သူတို့ကတော့ သူတို့လိုချင်တဲ့ ပုံစံတခုကို စပြီးတော့ စမ်းသပ်လိုက်တယ်လို့ မြင်တယ်။ ဆိုလိုတာက စစ်တပ်ကနေ တချို့ က အရပ်ဝတ်လှဲမယ် အရပ်ဘက်မှာနေမယ်။ နောက်ကွယ်ကတော့ စစ်တပ်ကဆက်ပြီး အမိန့်ပေးနေမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ကိုအောင်ဇော် မြင်သလို ကျနော်လည်း မြင်တယ်ဆိုတာက အခုနပြောတဲ့ တောင်ရှည်ပုဆိုးတွေ ဝတ်ထားပေမယ့် သတိကလည်း ဆွဲထားတယ်ဆိုတော့ အထဲထဲမှာ စစ်ယူနီဖောင်းတွေများ ရှိနေသေးသလားလို့ ကျနော်က မြင်နေမိတယ်။

ဦးအောင်ဇော် ။ ။ နှလုံးသားထဲမှာတော့ စစ်တပ်က ရှိနေပြီသာလို့ ရှိမှာပေါ့။

ဦးသာမည ။ ။ အဲဒီလို စစ်ယူနီဖောင်းလည်း ဝတ်ထားဆဲပေါ့။ ကျနော်သုံးချင်တာကတော့ အရပ်ဝတ် စစ်အစိုးရလို့ ခေါ်ရင်ကောင်းမလားလို့။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် အနေနဲ့ ဆရာသာမညရဲ့  အခေါ် ‘အရပ်ဝတ် စစ်အစိုးရ’ ဆိုတာကို ဘယ်လိုသဘောရပါသလဲ။

ဦးအောင်ဇော် ။ ။ အရပ်ဝတ် စစ်အစိုးရဆိုတာလေးက ကောင်းပါတယ်။ သူတို့ ဘယ်လိုဘဲဝတ်ဝတ် အင်္ဂလိပ်လိုပြောကြတယ်မဟုတ်လား cosmetic မိတ်ကပ်လိမ်းကြတယ်ပေါ့။ မိတ်ကပ် လိမ်းလိမ်း၊ တောင်ရှည်ပုဆိုးဝတ်ဝတ်၊ ခေါင်းပေါင် ဝတ်ဝတ်၊ ထမီ ဝတ်ဝတ် ဒီလူတွေက ဒီလူတွေဘဲဆိုတော့ မြန်မာလူထုက သိနေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ အဝတ်အစား ပြောင်းရုံနဲ့ အသွင်သဏ္ဍာန်ပြောင်းရုံနဲ့ အနှစ်သာရအားဖြင့် ဘယ်လောက်ပြောင်းမယ့် အခြေအနေရှိပါသလဲ။

ဦးအောင်ဇော် ။ ။ အနှစ်သာရအားဖြင့် ကျနော်ထင်တယ် အခုဆိုရင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ဦးသိန်းစိန် ခေါ်တယ်။ နောက်ပြီးတော့ ဒီနေ့မှာဆိုရင် စိုရိမ်စရာကောင်းတာက လောနိုင်ငံက အစိုးရအဖွဲ့ကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က လက်ခံတွေ့ရှိတယ်။ တွေ့ဆုံတဲ့အခါကြတော့ စစ်ဝတ်စုံတွေနဲ့ စစ်ယူနီဖောင်းတွေနဲ့ တွေ့ဆုံတယ်။ အဲဒီအထဲမှာ ကြီးငါးကြီး က လက်ခံတွေ့ဆုံတာကို တွေ့ရတယ်။ ကြီးငါးကြီး က ဘယ်သူတွေလည်းဆိုတော့ ပြန်ကြည့်တဲ့အခါကြတော့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး နဲ့ သူရဲ့  အထူးလက်ဆွဲတော် ဗိုလ်ချုပ်ကြီး တင်အေး တို့ပါတယ်။ ဒီလူ (၅) ယောက်က စစ်ကောင်စီအဖြစ်နဲ့ ဆက်ပြီးနေမယ်။ နောက်ကွယ်ကနေ ကြိုးကိုင်မယ်ဆိုပြီး သတင်းတွေ ရန်ကုန် နဲ့ နေပြည်တော်မှာ ထွက်နေပါတယ်။ သဘောကတော့ သူတို့ဘာသာ စကပ် ဝတ်ဝတ်၊ တောင်ရှည်ပုဆိုး ဝတ်ဝတ်၊ ဘာဘဲလုပ်ပြလုပ်ပြ နောက်ကွယ်မှာတော့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့အတူ စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ တိုင်းပြည်မှာ ဆက်ပြီး အာဏာယူမယ်ဆိုတာကို ပြတဲ့အတွက်ကြောင့် အနှစ်သာရအားဖြင့် အများကြီးပြောင်းသွားမယ်လို့ မထင်ဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာသာမည က ဘယ်လိုသဘောရပါသလဲ။

ဦးသာမည ။ ။ ဒါကတော့ ကျနော်တို့က သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကြည့်ရင်တောင် ကိုအောင်ဇော် ပြောတဲ့သဘောမျိုး တွေ့ရတာပေါ့။ စစ်ကောင်စီလို့ ပြောတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီကနေ ဆက်ပြီးတော့ သူတို့က အမြင့်ဆုံး အာဏာပိုင်အဖွဲ့ထဲမှာ အမြင့်ဆုံးနေရာကို ယူထားမယ်ဆိုတာကို တွေ့ရတယ်။ ဒီနေ့သတင်းမှာဆိုရင်လည်း နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီ အဖွဲ့က စစ်တပ်က ကြီး (၅) ကြီးနဲ့သာ လက်ခံတွေ့ဆုံတယ်ဆိုတော့ အဲဒီသဘောက ဆက်သွားလိမ့်မယ်လို့ ထင်တယ်။ ကျနော်တို့သုံးနှုန်းတဲ့ နအဖ စစ်အစိုးရဆိုတာကလည်း သိပ်ပြီးတော့ သဘောတရားအရလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ အနှစ်သာရအားဖြင့်လည်း ပြောင်းလဲမှာမဟုတ်ဘူး။ နိုင်ငံတော်အေးချမ်းသာယာရေးဆိုတာကိုလည်း ဆက်ပြီးသုံးနေတယ်။ စစ်ကောင်စီကတော့ ဆက်ရှိနေတယ်။ နောက်ပိုင်းမှာတော့ တပ်မတော်ပိုင်းမှာ အသုံးအနှုန်းတွေ ပြောင်းသွားမလာတော့ မသိဘူး။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာမျိုးနဲ့ နေရာတခု ယူလာပြီး သတင်းစာမျက်နှာပြင်ပေါ်မှာလည်း ပါလာအုန်းမယ်လို့ ကျနော်ထင်တယ်။ အဲဒီတော့ အခုလက်ရှိပုံစံ အရပ်ဘက်ပြောင်းလိုက်တဲ့ပုံစံက ရွေးကောက်ပွဲပြီးရင်လည်း မြင်ရမယ့်ပုံစံတခု နမူနာအားဖြင့် ထုတ်ပြနေတယ်လို့ ကျနော်ကတော့ ယူဆချင်တယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ နံမည်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရ ပြည်ခိုင်ဖြိုးအစိုးရ တို့ဘာတို့ လုပ်လေမလား။

ဦးအောင်ဇော် ။ ။ အဲဒါတော့ အများကြီးဖြစ်နိုင်ပါတယ်။ သူများတွေ တွက်ကြတာတော့ အင်ဒိုနီးရှား ဂိုလ်ခါ (Golkar) ပါတီ၊ စင်္ကာပူ အစိုးရပုံစံမျိုး အာဏာရှင် ဒါပေမဲ့ တချိန်တည်းမှာ အရပ်သား အစိုးရပုံစံမျိုး ဆက်ပြီးသွားမယ်လို့ သူတို့က တွက်ကြတယ်။ ဒါပေမဲ့ တကယ့်တကယ် အနှစ်ချုပ်ကို ပြန်ကြည့်ရင် အခုန ကိုသာမည ပြောသလိုပဲ တိုင်းပြည်မှာဖြစ်နေတဲ့ တကယ့်နိုင်ငံရေး ပြဿနာတွေ၊ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ တိုင်းရင်းသားတွေကိစ္စတွေကို မဖြေရှင်းသေးသ၍ ဘာတွေဘဲဝတ်ဝတ်၊ ဘယ်လိုဒီဇိုင်းနဲ့လုပ်လုပ် ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး။ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ အဲဒီတော့ အခြေခံကျတဲ့ အပြောင်းအလဲမှုတွေလုပ်နိုင်မှ ဒီအစိုးရကို စစ်အစိုးရခေါ်ခေါ် အရပ်သားအစိုးရခေါ်ခေါ် ကြိုက်သလိုခေါ်ခေါ် အဲဒါကြမှ ပြည်သူလူထုက လက်ခံလိမ့်မယ်လို့ ထင်တယ်။ ဒါအပြင် စီးပွားရေးပြောင်းလဲမှုတွေပါ လုပ်ပေးနိုင်မယ်ဆိုရင်တော့ ဘာဘဲဖြစ်ဖြစ် ဒီအစိုးရကို အထဲမှာရှိတဲ့လူထုက အစိုးရသစ်ကို အများစုက လက်ခံကြိုဆိုမယ့်သဘော ရှိတယ်။ သူတို့က အဲဒီလိုလုပ်မယ့် ပုံစံမျိုးကို မတွေ့ရသေးဘူး။

ဦးကျော်ဇံသာ ။ ။ ၁၉၇၄ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်းကနေ ဦးနေဝင်း ကို အာဏာလွှဲပြီးနောက်ပိုင်းမှာတော့ ယူနီဖောင်းတွေ သိပ်မတွေ့ရတော့ဘူး။ အခုကြတော့ စစ်ကောင်စီက နိုင်ငံခြားကလာတဲ့ နိုင်ငံတော်အကြီးအဲတွေ၊ အစိုးရအဖွဲ့ အကြီးအကဲတွေကို သူတို့က ဦးဆောင်တွေ့နေတယ်ဆိုတော့ ၇၄ နောက်ပိုင်း အစိုးရထက် စစ်တပ်ရဲ့  လွှမ်းမိုးမှု ပိုမိုတွေ့နေရမယ့် သဘောလား။

ဦးသာမည ။ ။ အဲဒီလိုပဲ ပြောရမှာပေါ့။ ၇၄ နှစ်မှာတော့ ထိပ်ပိုင်းအကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်း ကိုယ်တိုင်က တိတိလင်းလင်း အရပ်ဝတ်ပြောင်းလိုက်တယ်။ အခု ကျနော်တို့ အကဲခတ်နေသလောက်ဆိုရင် ဗိုလ်ချုပ်ကြီးသန်းရွှေ က သူနဲ့ စစ်ကောင်စီလုပ်မယ့် အဖွဲ့ဝင်တခုလုံးကတော့ စစ်သားယူနီဖောင်းကို ချွတ်မယ့်ပုံစံတော့ မရှိဘူး။ နောက်တခုက ဖွဲ့စည်းပုံအခြေခံကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်ကလွတ်တဲ့ လူတွေကတော့ စစ်တပ်တာဝန်ကို ထမ်းဆောင်နေအုန်းမယ်။ အဲဒါကိုကြည့်တော့ စစ်တပ်ကိုတော့ လက်မလွှတ်သေးဘူး။ အစောပိုင်းက ကိုအောင်ဇော်ပြောတဲ့ ဖားတပိုင်း ငါးတပိုင်း အစိုးရဆိုတာ အဲဒါမှာ တကယ့်ပေါ်လာမယ်လို့ ထင်တယ်။ စစ်တပ်ထဲကနေ အရပ်ဘက်ဝင်လုပ်သလို အရပ်နဲ့ စစ်နဲ့ပေါင်းထားတဲ့ အရပ်ကဆိုတာ မည်ကာမတ္တ နည်းနည်းပဲ ပါလိမ့်မယ်။ အခုန ကြံ့ဖွံ့အစိုးရ ဖြစ်မလားဆိုတာမျိုး။ ကြံ့ဖွံ့ပါတီက မဲဆန္ဒတွေ တော်တော်များများ အကုန်လုံးလောက်ကို ဝင်နိုင်မှာ။ ကျန်တဲ့ပါတီတွေကတော့ ဝင်နိုင်တဲ့ပုံ မရှိတဲ့အခါကြတော့ ကြံ့ဖွံ့မှာ ဖားတပိုင်း ငါးတပိုင်း စစ်တပ်တဖြစ်လည်း အရပ်သားတွေက ဝင်ပြီးတော့ နေရာယူမယ်။ နောက်တခါ စစ်တပ်ထဲကနေ စေလွှတ်တဲ့ စစ်သား၊ စစ်တပ်တာဝန်ကို ထမ်းဆောင်ဆဲ။ အရပ်ဘက်မှာလည်း အမတ်လာလုပ်နေတဲ့ လူမျိုးတွေလည်းရှိတယ်ဆိုတော့ စစ်တပ်ကပဲ အများဆုံး လွှမ်းမိုးမယ့် အနေအထားတော့ တွေ့ရတာပေါ့။ ၇၄ ခုနှစ်ဖြစ်တုန်းကဆိုရင်တော့ ရှေ့ ပိုင်း ရွေးကောက်ပွဲတွေမှာဆိုရင် အရပ်သားတွေပါတာကို တွေ့ရတယ်။ အခုကတော့ အရပ်သားတွေအနေနဲ့ တော်တော်ကြီး ရုန်းကန်ရမယ့်သဘောကို တွေ့နေရတယ်။

ဦးကျော်ဇံသာ ။ ။ ဒေသန္တရအစိုးရ အဆင့်မှာ ကြံ့ဖွံ့ရဲ့  လွှမ်းမိုးမှုက ပိုများပြီးတော့ စစ်တပ်က စစ်ဗိုလ်တွေပါဝင်တာထက် အရပ်သားကြံ့ဖွံ့တွေ ပိုပြီးပါလာနိုင်မလား။ အောက်ခြေ ပြည်နယ်တိုင်းအဆင့်မှာပေါ့။

ဦးအောင်ဇော် ။ ။ ကိုကျော်ဇံသာ ထောက်ပြတာကောင်းပါတယ်။ ၁၉၇၄ နောက်ပိုင်းမှာ ဖြစ်တဲ့ကိစ္စပေါ့။ အဲဒီမှာ အရပ်သားတွေ ပါလာခဲ့တယ်။ ဒေသန္တရအစိုးရထဲမှာ။ ဒါပေမဲ့ အများစုက အစိုးရနဲ့ ပုလင်းတူဘူးစို့တွေ များနေတာကို တွေ့ရတယ်။ ဒါပေမဲ့ တချိန်တည်းမှာ တိုင်းရင်းသားတွေတချို့ ကလည်း မြင်တာက သူတို့နယ်တွေထဲမှာ ပိုပြီးတော့ အခွင့်အရေးအာဏာတွေ ပိုရှိလာမယ်လို့ တချို့ က တွက်ကြတာရှိတယ်။ ဒါကိုတော့ အစိတ်အပိုင်းတခုအနေနဲ့ စောင့်ကြည့်ရမယ်လို့ ထင်တယ်။ ဒါပေမဲ့ တချိန်တည်းမှာဘဲ မြန်မာနအဖ စစ်အစိုးရအနေနဲ့ ဗမာလူမျိုးတွေ အများစုက အာဏာယူထားတာဖြစ်ပါတယ်။ တိုင်းရင်းသားတွေကို သူတို့က အလွယ်တကူနဲ့ နယ်တွေ၊ တိုင်းတွေမှာ အာဏာကို အလွယ်တကူပေးမယ်၊ အစိုးရအဆင့်မှာ ပေးမယ်လို့ မထင်ဘူး။ သူတို့ကတော့ ပုံစံအမျိုးမျိုးနဲ့ ချုပ်ကိုင်ဖို့ ကြိုးစားမယ်လို့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆက်လက်ပြီးတော့ ကိုအောင်ဇော် နည်းနည်း ဆွေးနွေးပေးပါ။ ၇၄ နောက်ပိုင်း အစိုးရနဲ့ အခု ၂၀၁၀ နောက်ပိုင်း အစိုးရတို့ရဲ့  အားသာချက် အားနည်းချက်ကို အကျဉ်းချုံပြောရင် ဘယ်လိုပြောမလဲ။ ဘယ်ဘက်က ပိုကောင်းမလဲ။

ဦးအောင်ဇော် ။ ။ ပြောရခက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုနောက်ပိုင်း ထွက်လာမယ့် အစိုးရက ကျနော်အနေနဲ့ ပိုအဆိုးမြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံဥပဒေကို ပြန်ကြည့်မယ်ဆိုရင် ဒီစစ်အစိုးရအနေနဲ့က စစ်ဗိုလ် တမတ်သား ယူထားတာကို တွေ့ရတယ်။ နောက် နိုင်ငံတော်ကိစ္စတွေမှာဆိုရင်၊ တကယ့် အရေးကြီးတဲ့ cabinet ကိစ္စတွေမှာ သူတို့က အားလုံးအာဏာ ယူဖို့ ပြင်ထားတာကို တွေ့ရတယ်ဆိုတော့ သူတို့ဆက်ပြီး အာဏာတည်မြဲရေး၊ တရားဝင် အာဏာတည်မြဲရေးအတွက် ကြိုးစားတဲ့ ခြေလှမ်းကွက်လို့ မြင်တယ်။ ဦးနေဝင်း အစိုးရလက်ထက်ထက် ပိုပြီး ဆိုးနိုင်တယ်လို့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသာမညရဲ့  နောက်ဆုံးမှတ်ချက်လေး ကြားချင်ပါတယ်။ ၇၄ နောက်ပိုင်း အစိုးရနဲ့ ၂၀၁၀ နောက်ပိုင်း အစိုးရတို့ကို နှိုင်းယှဉ်ပြပါ။



ဦးသာမည ။ ။ ၇၄ အစိုးရကတော့ ဆိုရှယ်လစ်စံနစ်အတိုင်း တပါတီ ကြီးစိုးပြီးတော့ လုပ်သွားတာ။ အဲဒါက ထင်သာမြင်သာ ရှိတယ်။ အခုဟာက ဒီမိုကရေစီစံနစ်ဆိုပြီးတော့ ဒီမိုကရေစီပုံစံလည်း မလာဘူးဆိုတဲ့အခါကြတော့ ကျနော်မျက်စီထဲမှာက နည်းနည်းမြင်နေတာက ကြံ့ဖွံ့ကိုလည်း သေသေချာချာ စံနစ်တကျနဲ့ နေရာယူနေပြီဆိုတော့ မြောက်ကိုရီးယားလို တကယ် စစ်နိုင်ငံတခုလို ဖြစ်သွားလေမလားပေါ့။ အဲဒီလောက်အထိ ကျနော်ကတော့ မြင်နေတယ်။ ဗမာနိုင်ငံသားတွေရဲ့  ကံကြမ္မာက တကယ်ပဲ သူတို့ ရုန်းနိုင်ကန်နိုင်တာ မရှိဘူးဆိုရင်တော့ တအိအိနဲ့ စစ်နိုင်ငံအဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်လို့ မြင်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလိုနဲ့ပဲ ၁၉၆၂ ခုနှစ်က စတင် အသွင်ပြောင်း၊ နံမည်ပြောင်းရုံမက လူတွေပါ ပြောင်းလဲလာခဲ့ပေမယ့် စံနစ်က မပြောင်းခဲ့လေတော့ မြန်မာပြည်သူလူထု အဆက်ဆက်ကလည်း ဒုက္ခပင်လယ်ဝေရပြီး တိုင်းပြည်လည်း မီးတောင်မလင်းနိုင်တဲ့ အဆင့်အထိ ဆုတ်ယုတ်ကျဆင်းလာခဲ့တာကိုတော့ သံဝေဂ ယူသင့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လမ်းပြကြယ် ဦးအေးမြင့် ဆိုသည်မှာ


Friday, June 25, 2010
အစဉ်အလာအားဖြင့် ကျေးလက်တောရွာနေ ပြည်သူလူထုအများစုမှာ ရုံးပြင်ကန္ဒား ကိစ္စရပ်များအတွက် စိုးရိမ်ပူပန်မှုများပြားတတ်ကြပြီး၊ အကျိုးဆောင်ရှေ့ နေများ ငှားရမ်းရန် အတွက်လည်း ငွေကြေးပြည့်စုံလုံလောက်မှုမရှိ ကြပါ။ ဤအားနည်းချက်ကို အခွင့်အရေးယူပြီး အချို့ သော အာဏာပိုင်အဖွဲ့အစည်းများ၏ ဥပဒေမဲ့ မတရားမှုများကို တိုက်ဖျက်ရန်၊ ချို့ တဲ့ သော ကျေးလက်နေ လူထုကို အကူအညီပေး အကျိုးဆောင်နိုင်ရန် လမ်းပြကြယ်အဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခဲ့ခြင်း ဖြစ်ပါတယ်။

ဦးအေးမြင့်ဟာ- ပြည်သူတွေအနေနဲ့ မိမိတို့ အခွင့်အရေးတွေ ဆုံးရှုံးနေမှုများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) သို့ တိုင်ကြားနိုင်ကြောင်း၊ အဲဒီလို တိုင်ကြားခြင်းအတွက် အရေးမယူဖို့ကို လက်ရှိအစိုးရက တရားဝင်လက်မှတ်ရေးထိုးထားကြောင်း၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ အားငယ်ကြောက်ရွံ့ စရာမလိုဘဲ အမှန်တရားအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ကြဖို့ လမ်းပြကူညီခဲ့တဲ့ လမ်းပြကြယ်အဖွဲ့ရဲ့ ခေါင်းဆောင်လဲဖြစ်ပါတယ်။

ဦးအေးမြင့်ကို ၁၉၅၁ ခုနှစ်မှာ ပဲခူးတိုင်း ကျောက်ဖူးကုန်း(က) ရပ်ကွက်နေ တောင်သူလယ်သမား မိဘများက မွေးဖွားခဲ့ပါတယ်။ ၁၉၈၀ပြည့်နှစ်မှာ ဥပဒေဘွဲ့ကိုရရှိခဲ့ပြီး ၁၉၈၁ခုနှစ်မှာ ရှေ့ နေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ် ။


ဦးအေးမြင့်ဟာ - အောင်လံနယ်က လယ်သမားများ မြေယာအသိမ်းခံရတဲ့ကိစ္စ၊ စိမ်းစိုရွာက လယ်ယာမြေဧက ပေါင်းများစွာကို စစ်တပ်ပိုင်သကြားစက်ကနေ သိမ်းဆီးခဲ့တဲ့ကိစ္စ၊ ပဲခူးတိုင်း ဒိုက်ဦးနှင့် ကျောက်တံခါးမြို့နယ်တို့တွင် အဓမ္မလုပ်အားပေးစေခိုင်းမှုကြော င့် ဒေသခံကျေးရွာသား သုံးဦး အသက်ဆုံးရှုံးခဲ့ရသည့်ကိစ္စ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်တပ်အတွင်းဆွဲသွင်းခြင်းစတဲ့ ဆင်းရဲသား တောင်သူလယ်သမားတွေ မတရားပြုမူခံနေရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အခကြေးငွေမယူဘဲ ဥပဒေအရကူညီဆောင်ရွက်ပေးခဲ့ ပါတယ်။

၂၀၀၁ခုနှစ် ပဲခူးတိုင်းက တောင်သူလယ်သမားတွေကို အစည်းအဝေးပွဲဆိုပြီးလိမ်ညာခေါ်ေ ဆာင်ကာ တိုက်ပွဲတွေဖြစ်နေတဲ့ ရှေ့ တန်းသို့ ပေါ်တာအထမ်းသမားများအဖြစ်ပို့ခဲ့ တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ် ILO ကိုတိုင်ကြားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော် ပုန်ကန်မှုစွဲချက်နဲ့ ၂၀၀၃ခုနှစ်မှာ သေဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂ များရဲ့ ဖိအားပေးတောင်းဆိုမှုများကြောင့် ၂၀၀၅ခုနှစ် ဇန်နဝါရီလမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဦးအေးမြင့်ရဲ့ ရှေ့ နေလိုက်ခွင့်လိုင်စင်ကိုတော့ ပိတ်သိမ်းခြင်း ခံခဲ့ရပါတယ်။

ရှစ်လအကြာမှာတော့ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာမှ မြေယာများ အဓ္ဓမအသိမ်းခံခဲ့ရတဲ့ တောင်သူလယ်သမားများကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ရုံးသို့ ခေါ်ဆောင်တိုင်တမ်းခဲ့မှုနဲ့ ထောင်ဒဏ် ၇နှစ်ထပ်မံချမှတ်ခြင်းခံခဲ့ရပြန်ပါတယ်။ အိုင်အယ်လ်အိုရဲ့ ကူညီဆောင်ရွက်ပေးမှုကြောင့် တနှစ်နီးပါးအကြာမှာ ထပ်မံလွတ်မြောက်လာခဲ့ပြန်ပါတယ်။

သေဒဏ်၊ ထောင်ဒဏ်တွေဟာ ဦးအေးမြင့်ရဲ့ ခံယူချက်ကို ဝေဝါးမှိုင်းမှုန်သွားအောင်မတတ် နိုင်ခဲ့ပါဘူး။ ဦးအေးမြင့်ဟာ ရှေ့ နေလိုက်ခွင့်လိုင်စင် မရှိတော့ပေမယ့် ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေနဲ့ နှိပ်စက်နေခြင်းကို အမှန်တရားမြတ်နိုးတဲ့ စီနီယာ၊ ဂျူနီယာရှေ့ နေများ၊ တပည့်များနဲ့အတူ ပူးပေါင်းတရားစွဲဆိုနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ဘယ်လိုခြိမ်းခြောက်ဟန့်တားမှုမျိုးကိုမဆို ရင်ဆိုင်ရင်း တောင်သူလယ်သမားတွေနဲ့ မရှိဆင်းရဲသားတွေရဲ့ အကျိုးကို ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ ဦးအေးမြင့်ဟာ ၂၀၀၇ခုနှစ် ဖေဖေါ်ဝါရီလ ၂ရက်နေ့မှာ
လမ်းပြကြယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ တောင်သူလယ်သမားများ အလုပ်သမားများရဲ့ လူမှုရေးကိစ္စများကို အဖက်ဖက်က ကူညီဆောင်ရွက်ပေးခြင်းနဲ့အတူ လမ်းပြကြယ်အဖွဲ့ကြီးဟာ တိုင်းနဲ့ပြည်နယ်အသီးသီးက အဖွဲ့ဝင်အင်အား ငါးသောင်းကျော်အထိတိုးပွား အားကောင်းလာခဲ့ပါတယ်။

လမ်းပြကြယ်အဖွဲ့ဟာ “ကိုယ့်ရှေ့ မှာ မတရားတာတွေ့ရင်၊ ဥပဒေအရနှိပ်စက်နေမယ်၊ အာဏာအရ နှိပ်စက်နေမယ်၊ ရာထူးအရနှိပ်စက်နေမယ်ဆိုရင် တွေ့ရှိတဲ့သူကနေ အကြောင်းကြားပေးဖို့” နဲ့ ငွေကြေးတပြားတချပ်မှမယူ စေတနာနဲ့ ဆောင်ရွက်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။ ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ လုပ်ဆောင်နေကြတဲ့အဖွဲ့ဖြစ်ပါတယ် ။

ရှေ့ နေတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကအစ ပါဝင်တဲ့ လမ်းပြကြယ်အဖွဲ့ကြီးမှာ ဦးအေးမြင့်ဟာ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူထားပြီး ခံစရာရှိရင်ရှေ့ ကနေခံမယ်လို့ ဆိုပါတယ်။ ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်ရာမှာ အခြားသူတွေလို ငွေကြေးအင်အားမရှိရှာဘဲ တတ်ထားတဲ့ ပညာ၊ တခြားသူများတတ်ထားတဲ့ပညာတွေကို ပေါင်းစည်းပြီး အခမဲ့ကူညီခြင်းသာ ဖြစ်ပါတယ်။

ရှေ့ နေလိုက်ခွင့်လိုင်စင်ရုတ်သိမ်း ခံထားရတဲ့ ဦးအေးမြင့်ဟာ အခြားစီးပွားရေးလုပ်ငန်းများမရှိဘဲ ကုန်စိမ်းရောင်းတဲ့ဇနီးသည်ရဲ့ ဝင်ငွေနဲ့ နေထိုင်စားသောက်ပြီး ပြည်သူ့အကျိုးကို သယ်ပိုးနေပါတယ်။

အလုပ်သမားများရဲ့အခွင့်အရေးဆုံးရှုံးခြင်းများ၊ အလုပ်ခွင်ထိခိုက်ဒဏ်ရာရရှိမှုများ၊ အဓမ္မလုပ်အားပေး စေခိုင်းခံရသူများ၊ လယ်ယာမြေများကို ဥပဒေမဲ့သိမ်းဆည်းခံရမှုများ၊ အရွယ်မရောက်သေးသူများကို စစ်တပ်အတွင်းဆွဲသွင်းခြင်းကိစ္စ ရပ်များမှာ ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဒေသဆိုင်ရာအာဏာပိုင်များ၊ ငွေရှင်ကြေးရှင်များနဲ့ ပူးပေါင်းပြီး ဓါးမဦးချ လုပ်ကိုင်စားသောက်လာခဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ မြေယာတွေကို လက်လွှတ်ဆုံးရှုံးရာမှ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဦးအေးမြင့်(လမ်းပြကြယ်) ဟာ သူ့ရဲ့ ဆောင်ရွက်မှုကနေ ပေါ်ထွက်လာတဲ့အသီးအပွင့်တချို့ ကို အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်တို့က ဥပဒေသမားတွေဆိုတော့ ဥပဒေဘောင်အတွင်းက လုပ်တာပါ။ ရှေ့ ကနေ ရဲရဲတင်းတင်း ဆောင်ရွက်ခဲ့တယ်။ ကလေးစစ်သားကိစ္စမှာ မိဘတွေက တိုင်ရဲလာတယ်။ တဖွဲဖွဲနဲ့ ဆက်သွယ်တယ်။ အခုဆို ကျေးရွာတွေ နယ်တွေမှာ အဓ္ဓမလုပ်အားပေးတွေ ပ ပျောက်လာတယ်၊ ပြည်သူတွေအနေနဲ့ မှန်တာလုပ်တယ်၊ ဥပဒေဘောင်ထဲကနေလုပ်တယ်၊ လူညီညွတ်ရင် ဒုက္ခမရောက်ဘူးဆိုတာ သိလာတယ်။”

ဆက်လက်ပြီးတော့လဲ ဦးအေးမြင့်က
“ပညာတတ်တွေက ရှေ့ က ဦးမဆောင်ရင်၊ အနစ်နာမခံရင်၊ ဘာမှ နားမလည်ဘဲ သမားရိုးကျ လယ်လုပ်၊ အချိန်တန် လှူရပြီးရော နောက်တခါ လယ်ထဲပြန်ဆင်းဆိုတဲ့ ဆင်းရဲသားတောင်သူလယ်သမားတွေ အလုပ်သမားတွေ ဘယ်လိုမှ နားမျက်စိပွင့်နိုင်မှာ မဟုတ်ဘူး။ ပညာတတ်တွေ တကိုယ်ကောင်း မဆန်ကြပါနဲ့၊ အသိဥာဏ်ဖွင့်ဖြိုးတဲ့ စာတတ်၊ ပေတတ်၊ ပညာတတ်တွေ ပါဝင်လာရင် ပိုအောင်မြင်လာမယ်”
လို့ ပြောပြခဲ့ပါတယ်။

တကယ်တော့ ဦးအေးမြင့်ဟာ အားကိုးရာမဲ့ ဆင်းရဲသား ပြည်သူလူထုရှေ့ က မားမားရပ်လို့ အာဏာပိုင်တွေကို ဥပဒေကြောင်းအရရင်ဆိုင်ခဲ့တဲ့၊ လူမွဲတွေအတွက် အခမဲ့အကျိုးဆောင်ခဲ့တဲ့ မြန်မာ့ရှေ့ နေလောကရဲ့ ဂုဏ်ထူးဆောင် ရှေ့ နေကြီး တဦးဖြစ်ပါတယ်လို့ ဆိုပါရစေ။
http://www.lanpyakye.org/2010/06/blog-post_3356.html