Friday, July 2, 2010

အထက်တန်းကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံနေရ

Jul 2, 2010
လွန်းဒင်။ ဇူလိုင် ၂၊ ၂၀၁၀

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အ.ထ.က (၂) ကျောင်းရှိ ကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်များတွင် အရပ်သားများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခံရမှုများ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အပေါင်းအသင်းများနှင့် အစ်ကိုတွေကို ပြန်ပြောရာမှ ကျောင်းသားတွေကို အရပ်သားများက အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

မနက်ပိုင်းကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာ ကျောင်းသားအချင်းချင်းရန်ဖြစ်ပြီး ရိုက်ပွဲတွေဖြစ်နေတာ ခဏခဏဘဲ ကျောင်းထဲမှာ ဖြစ်သွားတဲ့ ကျောင်းသားအချင်းချင်းပြဿနာကို အပြင်မှာရှိတဲ့ အကိုတွေ အပေါင်းသင်းတွေကို ပြန်ပြောကြတော့ အပြင်ကနေ အုပ်စုလိုက်ဖွဲ့ပြီး ကျောင်းကခလေးတွေကို အသေရိုက်ကြတယ်။ တချို့ဆို လူမှားအရိုက်ခံရတာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကဆိုရင် အထက်တန်းကျောင်းသားတစ်ယောက်ဆို ၀ိုင်းရိုက်လို့ ပုဆိုးတောင်ကျွတ်ပြီး ပြေးရတဲ့အဆင့်ထိ ရုပ်ပျက်ဆင်းပျက် နိုင်သွားတယ်လေ။

တချို့က အတန်းထဲတွင် စာတော်သည့်ကလေးကို အချင်းချင်းမနာလိုဖြစ်ပြီး အပြင်မှ သူငယ်ချင်းတွေကို ရန်တိုက်ပေးပြီး ရိုက်ခိုင်းတာတွေလည်းရှိကြောင်းနှင့် ကျောင်းသားများ ရိုက်နှက်ခံရသည့် အမှုများ ကျောင်းရှေ့တွင် ဖြစ်ပွားနေသော်လည်း တာဝန်ရှိသူများက ဖြေရှင်းပေးတာမျိုး မရှိကြောင်းကိုလည်း အဆိုပါလူက ဆက်ပြောသည်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆယ်တန်းကျောင်းသားကောင်လေးတစ်ယောက်ဆိုရင် စာအရမ်းတော်တယ် အချင်းချင်းမနာလိုတဲ့သူက လူမိုက်တွေကို ထောင်ပေးလိုက်တော့ ခလေးကျောင်းအပြန်မှာ လူသုံးယောက်က အဲဒီခလေးကို ၀ိုင်းရိုက်တာခံရတယ်။ ရိုက်တဲ့လူတွေက ကျောင်းဆင်းကျောင်းတက်ချိန်တွေမှာ ကားတွေပေါ်က ဆင်းလာပြီး ကျောင်းသားလေးတွေကို ၀ိုင်းရိုက်ပြီး ကားပေါ်ပြေးတက်သွားကြတယ်လေ။ ဆရာ/မတွေကို တိုင်တော့လည်း သူတို့နဲ့မဆိုင်ဘူးဆိုတော့ ဘယ်သူ့ကို သွားတိုင်ရမှန်းကို မသိဘူး။ တနေ့ထက်တနေ့ ပိုဆိုးလာတယ်၊

ကျောင်းသားမိဘများအနေဖြင့် မိမိကလေးကို ကျောင်းကြိုကျောင်းပို့လုပ်ရနှင့် အလုပ်ရှုပ်ပြီး ကလေးများ၏ ပညာရေးထိခိုက်မှာကို စိုးရိမ်ပူပန်နေကြရကြောင်းနှင့် ဆရာ/မတွေက ကလေးတွေစီမှ ကျောင်းသားကဒ်လုပ်ရန် ရန်ပုံငွေအဖြစ် ငွေကြေးကောက်ခံပြီး ကျောင်းသားတွေရဲ့ အန္တရာယ်ကို ဂရုတစိုက် ကာကွယ်ပေးတာမျိုး လုပ်မပေးသည့်အတွက်ကြောင့် မကျေမနပ်ဖြစ်နေသည်။

“ကျောင်သားကဒ်လုပ်ဖို့ဆိုပြီး (၁၆၀၀) တောင်ကောက်တယ်၊ အမှန်ဆိုရင် ကျောင်းသားကဒ်က ကျောင်းကလုပ်ပေးရမှာ စားမေးပွဲကြေးဆိုပြီးတော့လည်း (၁၂၀၀)ကောက်တယ်၊ အဲဒီလို ကလေးတွေဆီက ရန်ပုံငွေရှာဖို့တော့ သိကြတယ်။ ကလေးတွေရဲ့ အန္တာရာယ်ကိုတော့ မကာကွယ်ပေးချင်ဘူး” ဟု ၎င်းမြို့ခံက ပြောသည်။

ယင်းအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးဌေးအောင်က တာဝန်ယူနေပြီး အခုထက်ထိ ရန်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။
http://www.yoma3.org/

ခမောက်တံဆိပ် ဆင်တူယိုးမှား ပြုသည့်ကိစ္စ အဖွဲ့ချုပ်မှ လာမည့် တနင်္လာနေ့ နေပြည်တော်သို့ သွားရောက် ကန့်ကွက်မည်။


Kamauk
ဇွန်လ(၃၀)ရက်နေ့ သတင်းစာပါ .. ကန့်ကွက်နိုင်ကြောင်း ကြေငြာချက်

ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ပုံအား အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် CEC အဖွဲ့ဝင်အချို့ ဖွဲ့စည်းထားတဲ့ (အမျိုးသားဒီမိုကရေစီအင်အားစု) NDF ပါတီမှ ၎င်းတို့ပါတီ၏ အမှတ်တံဆိပ် တစ်ခုအနေဖြင့် သုံးစွဲမည့် အပေါ်မှာ ကန့်ကွက်နိုင်ကြောင်း အစိုးရသတင်းစာများမှာ ပါရှိလာပါတယ်။ အဆိုပါအမှတ်တံဆိပ်နှင့် ပတ်သတ်ပြီး အဖွဲ့ချုပ်မှ တာဝန်ပေးထားသည့် အမျိုးသမီး(၂)ဦးမှ လာမည့် တနလာင်္နေ့မှာ နေပြည်တော်သို့ သွားရောက် ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်။

အန်ကယ်တို့ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အနိုင်ရ အမှတ်တံဆိပ်ဖြစ်တဲ့ ခမောက်တံဆိပ်ကို NDF ပါတီကသုံးစွဲမှု အပေါ် ကန့်ကွက်ဖို့ အတွက် အဖွဲ့ချုပ်က ECနဲ့CCတွေရော CC မဟုတ်တဲ့ သူတွေရော အားလုံး(၁၅)ဦးရဲ့ လက်မှတ်တွေကိုယူပြီး မနက်ဖြန် မှာနေပြည်တော်ကို အဖွဲ့ချုပ်က တာဝန်ပေးထားတဲ့ အမျိုးသမီး(၂)ဦး သွားရောက် ကန့်ကွက်ပါမယ်။ အန်ကယ်တို့ အဲ့ဒီနေ့က အစည်းအဝေးမှာ ရှိတဲ့ (၁၅)ဦးရဲ့ လက်မှတ်တွေပါ. ..။ မနေ့က ကြာသာပတေးနေ့ကပေါ့... လက်မှတ်တွေ ထိုးတာ။

ကြယ်နှစ်လုံး အပိုပါတဲ့ NDF အဖွဲ့ရဲ့ ခမောက်တံဆိပ်

ဒီခမောက်ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် .. ဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ကသင်္ကေတ. ဒါကိုလည်း ဟိုတုန်းက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ စာရွက်စာတမ်းတွေကို ပြန်ထုတ်ထားတယ်။ နောက်တစ်ခုက ဒါအတုလုပ်တာ... အတုလုပ်တယ်လို့ ပြောတာကလည်း ဒါဥပဒေအရပြောတာ ပြစ်မှုဆိုင်ရာ ဥပဒေဥပုဒ်မထဲမှာ အတုဆိုတာ ဘာလဲလို့ပါတယ်။ အဓိကကတော့ ထပ်တူဖို့ မလိုဘူး တုပါတယ်လို့ ထင်တာ မြင်သာရှိရင် ဒီဥစ္စာတုပတာပါပဲ... အဲ့ဒီအချက်(၂)ချက်ပေါ်မူတည်ပြီး ဒါကိုကန့်ကွက်မှာ..။ နောက်တစ်ခု အရေးကြီးတာက အခုလိုကန့်ကွက်တဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကန့်ကွက်မှာ မဟုတ်ဘူး ပုဂ္ဂိုလ်အနေနဲ့ ကန့်ကွက်မှာပါ။ မနက်ဖြန်နေပြည်တော် သွားပြီး တနလာင်္နေ့မှာ တင်မှာပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုသွားပါတယ်။

Ka Mauk
အဖွဲ့ချုပ်ရုံးရှေ့ အခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ ခမောက်ဆောင်းထားတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်များ(AP)

ခမောက်ပုံ အမှတ်တံဆိပ်ဟာ ၁၉၈၈ခုနှစ် စက်တင်ဘာလ စစ်အာဏာသိမ်းပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုစဉ် ကာလက ယခင် မဆလ တစ်ဖြစ်လဲ တစညမှ စပါးနှံပုံ တံဆိပ်နဲ့ မြန်မာပြည်မှာ လူဦးရေအများဆုံးဖြစ်တဲ့ လယ်သမားထုကို ကိုယ်စားပြုသယောင် ပြုလုပ်ခဲ့စဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လယ်သမားတွေ လယ်ထဲဆင်းချိန်မှာ နေပူဒဏ်၊ မိုးဒဏ် ကာကွယ်ပေးတဲ့ ခမောက်ပုံ တံဆိပ်ပြုလုပ်ခဲ့တဲ့ အတွက် ပြည်သူတွေ အထူးနှစ်ခြိုက်ပြီး ရေပန်းစားခဲ့ပါတယ်။ စပါးနှံ ကိုလက်ကကိုင်သွားလို့ မရပေမယ့် ခမောက်ကို ဆောင်းသွား ပြုသွားလို့ရခဲ့တယ့် အတွက် အထူးရေပန်းစားခဲ့ပြီး ခမောက်ဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ အမှတ်အသား ဖြစ်ကြောင်း ပြည်သူလူထုက နားလည် သဘောပေါက်ခဲ့ပါတယ်..။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခွဲထွက် သွားတဲ့ NDF အဖွဲ့မှ ခမောက်ပုံ တံဆိပ်အား ကြယ်နှစ်လုံး တပ်ပြီး ယခင် NLD ပါတီအား ကိုယ်စားပြုသယောင် ပြုလုပ်ခြင်းဟာ မသိနားမလည်တဲ့ ပြည်သူတွေအား ထင်ယောင် ထင်မှားဖြစ်စေကြောင်း လေ့လာသူများမှ သုံးသပ် ပြောဆိုနေကြပါတယ်။

ဒီမိုဝေယံ
http://www.demowaiyan.co.cc/2010/07/blog-post_03.html

စစ်မိစ္ဆာနှင့် လူ့တိရိစ္ဆာန်များ


စစ်မိစ္ဆာနှင့် လူ့တိရိစ္ဆာန်များ

By abma | July 2, 2010


ပြည်သူလူထုအပေါင်းတို့………..

သင်တို့ရဲ့ ကိုယ်အား ဥာဏ်အားတို့ဖြင့် နဖူးကချွေး ခြေမ ကျအောင်လုပ်ထားရသည့် လုပ်အားထဲမှ

အကြောင်းအမျိုးမျိုးဖြင့် ရယူထားသော သင်တို့၏ဘဏ္ဍာအခွန်ငွေများနှင့်

တိုင်းပြည်သယံဇာတတို့ကို တိုင်းပြည်နှင့် လူမျိုး၊ဘာသာ၊သာသနာကောင်းကျိုးအတွက်

အသုံးမချပဲ လူသားမျိုးနွယ်အန္တရာယ်ဖြစ်စေမည့် လုပ်ငန်းများတွင်အသုံးချကာ

တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာတော်ကို ဖျက်ဆီးနေကြသော

မိစ္ဆာစစ်ခေါင်းဆောင်များနှင့် လူ့တိရိစ္ဆာန်များစာရင်းကို Dictator Watchအဖွဲ့မှ

စာရင်းများကို စုစည်းတင်ပြထားပါသည်။

Dictators & Burma’s Traitors


http://allburmamonksalliance.com/