Saturday, July 3, 2010

8888-People Power Vol- 5 No-9 July 2010

8888-People Power Vol- 5 No-9 July 2010

မိစ္ဆာစစ်ခေါင်းဆောင်များနှင့် လူ့တိရိစ္ဆာန်များစာရင်း

ပြည်သူလူထုအပေါင်းတို့………..

သင်တို့ရဲ့ ကိုယ်အား ဥာဏ်အားတို့ဖြင့် နဖူးကချွေး ခြေမ ကျအောင်လုပ်ထားရသည့် လုပ်အားထဲမှ

အကြောင်းအမျိုးမျိုးဖြင့် ရယူထားသော သင်တို့၏ဘဏ္ဍာအခွန်ငွေများနှင့်

တိုင်းပြည်သယံဇာတတို့ကို တိုင်းပြည်နှင့် လူမျိုး၊ဘာသာ၊သာသနာကောင်းကျိုးအတွက်

အသုံးမချပဲ လူသားမျိုးနွယ်အန္တရာယ်ဖြစ်စေမည့် လုပ်ငန်းများတွင်အသုံးချကာ

တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာတော်ကို ဖျက်ဆီးနေကြသော

မိစ္ဆာစစ်ခေါင်းဆောင်များနှင့် လူ့တိရိစ္ဆာန်များစာရင်းကို Dictator Watchအဖွဲ့မှ

စာရင်းများကို စုစည်းတင်ပြထားပါသည်။
Dictators & Burma_s Traitors

တရားမျှတမှုမရှိသည့်အပေါ်ဖိအားပေးကြပါရန်...

Joint Statement for Internanional Senction and Against 2010 Election

ဘဘဦးဝင်းတင် ဘဘဦးတင်ဦး တို့မှ နိုင်ငံရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ အားပေး


ဒီနေ့ ၂.၇.၂၀၁၀ သောကြာနေ့မှာ ဘဘဦးဝင်းတင် ဘဘဦးတင်ဦး တို့မှ နိုင်ငံရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ အားပေးစကားပြောပါတယ်။ပထမ သွားရောက်တွေ့ဆုံ အားပေးစကားပြောတဲ့ အိမ်က တော့ ရန်ကန်း မှ ကိုဇာဂန အိမ်ဖြစ်ပါတယ် ။ ကိုဇာဂန အိမ်မှာ ပဲ ကိုအံ့ဘွယ်ကျော် အမေကိုလည်းဖိတ်ထားတဲ့အတွက် လာေ၇ာက်တာ တွေ့ရပါတယ် ဘဘ ဦးဝင်းတင် က ၉ နာရီမထိုးခင်ကတည်းက ၁ ယောက်ထဲအရင်ရောက်ရှိလာပါတယ် ၉ ခွဲခန့်တွင် ဘဘဦးတင်ဦး တို့ရောက်ရှိလာပြီး ကိုဇာဂနာ မိသားစုနဲ့ ကိုအံ့ဘွယ်ကျော် အမေတို့ကို အားပေးစကားပြောပြီး အကျဉ်းကျနေတဲ့ ကိုဇာဂနာနဲ့ ကိုအံ့ဘွယ်ကျော်တို့အတွက် ပစ္စည်းများပေးအပ်ပါတယ် ထို့နောက် ကိုဇာဂန အဖေ ဦနန်းညွန့်ဆွေအားဘဘဦးတင်ဦး ဘဘဦးဝင်းတင် တို့နှင့် လာေ၇ာက်အားပေးသော NLD လူငယ်များမှ ကန်တော့ ကြပါတယ်။ထိုမှ ဆက်၍ ကိုပြုံးချို အိမ်ရှိရာ တာမွေလေး သို့ ၁၀နာရီ ၂၀ ခန့်တွင် ထွက်ခွာခဲ့ကြပါတယ် ကိုပြုံးချိုအိမ်တွင် ကိုပြုံးချိုမိသားစု မမီးမီး အမျိုးသား ကိုလှမိုး ဗကသမှ ဟန်နီဦးအဖေ ဦးထွန်းဦး တို့နဲ့တွေ့ဆုံ အားပေးစကားပြောကြားပါတယ် ရာဟု(ခ)ကျော်ကိုကို အဖေ ကိုလည်း ဖိတ်ထားပေမယ့်ရောက်မလာပါဘူး(ဘာကြောင့်ဆိုတာမသိပါ စုံစမ်းပေးပါ့မယ်)အားပေးစကားပြောကြားပြီး အကျဉ်းကျ သူများအတွက် ပစ္စည်းများပေးအပ်၍ နေ့လည် ၁၁ ခွဲခန့်တွင် NLD ရုံးသို့ပြန်လည်ထွက်ခွာကြပါသည်။






ရွှေနန္ဒ shwenanda
http://www.shwenanda.com/