Thursday, July 8, 2010

ကနေဒါမှာ ဝေဒနာကို ကြေညာခဲ့ရလေသလား

ကျောက်မဲအကျဉ်းသားရုပ်ရှင်ကားမှာ ကွယ်လွန်သူဝင်းဦးက ဇတ်ဝင်ခန်းမှာ ပြောခဲ့သည့် စကားတခွန်း သတိရမိသည်။်။ ဒုဌ၀တီမြစ်ကို ရောက်ဖူးသူတိုင်း နောက်တခါ ဒုဌ၀တီမြစ်ကို ရောက်တတ်ကြသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်သည်လားတော့ မပြောတတ်။ ကမ္ဘာကျော်နိုင်ယာဂယာရေတံခွန်ကို ကုန်ခဲ့သော ၁ လ ကျော်က ကျွန်တော်ရောက်ခဲ့သည်။ အမေရိကန်နိုင်ငံဖက်က ကြည့်ခဲ့ရသောအခါ ရေတံခွန်အနီးထိ သဘောင်္ာကလေးများဖြင့် ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါသွားနေသည်ကို မြင်ခဲ့ရသည်။ ယင်းအချိန်က ယင်းသို့သွားချင်ခဲ့ပါသည်။ သို့သော် အချိန်တွေကို မပေးနိုင်ခဲ့။ သိချင်သော မြင်သော လေ့လာချင်သော ရေတံခွန်သည် ကျွန်တော့်ရင်မှာ တလှပ်လှပ် ခုန်နေစေခဲ့သည်။
ခုတော့ဒုတိယအကြိမ်အဖြစ် သွားရောက်ရန်အကြောင်းပေါ်လာသည်။ မိသားစုတခုလုံး ကနေဒါနိုင်ငံတ၀ှမ်း ကမ္ဘာလှည့်ခရီးလှည့်ချင်ကြသည်ဟု ပြောဖြစ်လာကြသည်။ ကားလက်မှတ်ဝယ် အစီအစဉ်လုပ်ယင်း ခရီးစဉ်ကို စတင်ကြဖြစ်သည်။ နယူးယောက်ပြည်နယ် အထက်ပိုင်းမှာရှိသော ဘာဖန်လိုမြို့ သည် ကျွန်တော်ကုန်ခဲ့သောလက ညီလာခံတက်ရောက်ခဲ့သော မြို့ ဖြစ်သည်။ ထိုအချိန်က ညဖက်မှာထွက်သော ကားနှင့် ၈ နာရီသွားခဲ့ရသည်။ တိတိကျကျ ဆိုလျှင် ည ၁၀ နာရီမှာကားကထွက်ပြီး မနက် ၆ နာရီလောက်မှာ ဘာဖန်လိုမြို့ သို့ ရောက်ခဲ့သည်။ ညခရီးမို့လမ်းမှာ ဘာမှမတွေ့မမြင်ခဲ့။ စားသောက်ဆိုင်များတွင် အပေါ့အလေးသွားရန် ကားကို ရပ်တန့်ပေးသည်မှအပ မည်သည့်အဆောက်အဦးတွေကိုလည်း မမြင်ဖူးခဲ့။
ယခုဒုတိယအကြိမ်မှာမူ မနက်၈ နာရီမှာထွက်သောကားမို့ ပတ်ဝန်းကျင်လမ်းတလျှောက် မြင်တွေ့ရသည်။ ကျွန်တော်တို့၏ ခရီးစဉ်မှာ ဘာဖန်လိုမြို့ မှသည် နိုင်ယာဂယာရေတံခွန်၊ပြီးတော့ တိုရန်တိုမြို့ ၊ အက်တ၀ါ မြို့ နှင့် နောက်ဆုံးမှာ မွန်ထရီယယ်မြို့ မှ တိုက်ရိုက် နယူးယောက်မြို့ သို့ ပြန်မည့်ခရီးစဉ်ဖြစ်သည်။ ကမ္ဘာလည့်ခရီးသည်များမှာ တန်ဇန်နီးယားလူမျိုးမိသားစု ၊ အိန္ဒိယလူမျိုးမိသားစု၊ တောင်အာဖရိကနိုင်ငံမှ မိသားစု။ ပြီးတော့ တရုပ်စကားပြောသောတရုပ်လူမျိုးများနှင့် ကျွန်တော်တို့မိသားစုအပါအ၀င် ခရီးသည် ၅၀ ဖြစ်သည်။ ခရီးသွားအေဂျင်စီမှ တရုပ်လူမျိုး မိန်းခလေးမှာ များသောအားဖြင့် တရုပ်စကားနှင့် တလှည့် အင်္ဂလိပ်စကားဖြင့်တလှည့် ခရီးစဉ်အကြောင်းများကို ပြောပြသည်။ ကားထွက်သည်နှင့် မည်သည့်နေရာ ၊ မည်သည့်အချိန် ၊ မည်သည့်အကြောင်းအရာများအား လေ့လာရမည်ဆိုခြင်းကို ပြောပြတတ်သည်။
ဘာဖန်လိုမြို့ မ၀င်ခင်မှာ မှန်စက်ရုံတခုတွင် လေ့လာကြရသည်။ ရှေးခေတ်က မှန်ကိုချက်ပြီး မီးအိမ်များ၊ မှန်ဖြင့်ပြုလုပ်သော ရေကရားများ။ ပုံစံအမျိုးအမျိုးဖြင့် မှန်နှင့်ပြုလုပ်ထားပုံများကို အလုပ်သမားတွေက ပြုလုပ်နေပုံများကို ဆလိုက်ထိုးပြီးပြသည်။ မှန်ရေဖလားများ။ သောက်ရေအိုးများနှင့် အလှပြ မှန်ထည်ပစ္စည်းများမှာ မှန်ဘီရိုထဲတွင် လှပလွန်းသည်။ ယင်းမှန်ဖြင့်ပြုလုပ်ခဲ့ကြသည့် ယခင်က အလုပ်သမားများ၏ တီထွင်လုပ်ဆောင်ခဲ့မူများမှာ စိတ်ဝင်စားစရာဖြစ်သည်။ ပြီးတော့ လက်တွေ့လုပ်ပြသည်။ ရှေးခတ်ကလုပ်နေကြသော သရုပ်ပြရုပ်ရှင်မှာ ခေတ်မမှီတော့သော လုပ်ငန်းများဖြစ်သည်။ လက်တွေ့ပြနေသော မှန်မီးအိမ်တလုံးလုပ်ပြနေသည်မှာ ဘာမျှမကြာလိုက်။ စက်ပစ္စည်းတွေ ဆန်းပြားလာခြင်းနှင့် မီးကို အသုံးချခြင်း၊ လျှပ်စစ်ကိုအသုံးချခြင်းတို့ကြောင့် ခေတ်မှီပြီး မြန်ဆန်လွန်း လှပလွန်းလှသော မှန်ချပ်များ ၊ မှန်ဖြင့်အလှကုန်ပစ္စည်းများ ပြုလုပ်ပြသထားသည်မှာ ရှူမ၀အောင် စက်ရုံတွင်းမှာ ခန်းလုံးပြည့်ရှိနေပါသည်။
အစပိုင်းတွင် ဘာဖန်လိုမြို့ မှနေပြီး ရေတံခွန်ကို ကြည့်ရှူရမည်ထင်ခဲ့သည်။ သို့သော် အေဂျင်စီမှ မိန်းခလေးက ကနေဒါနိုင်ငံဖက်ကိုကူးပြီး နိုင်ယာဂယာရေတံခွန်ဖက်မှာ ညအိပ်ရပ်နားမည်ဟု ဆိုသည်။ ကျွန်တော်တို့ဗီဇါယူနေချိန်မှာ ညဖက်ရောက်နေပါပြီ။ ထို့ကြောင့် ရေတံခွန်အနီးသို့ သဘောင်္ာဖြင့် သွားရောက်မည့်အစီအစဉ်မှာ မနက်မှရှိသည်ဟု အသိပေးသည်။ ညဖက်တွင် မီးရှူးမီးပန်းဖေါက်ပြီး ရေတံခွန်၏အလှကို ပုံဖေါ်ပေးသည်။ ကမ္ဘာလှည့်ခရီးသည်များမှာ ရောင်စုံပန်းမီးပွါးအလှများနှင့် နိုင်ယာဂယာရေတံခွန် အလှကို သူ့ထက်ငါဓါတ်ပုံလုပြီး ရိုက်နေကြသည်မှာ ပျော်စရာဖြစ်သည်။ စင်စစ်ရေတံခွန်ဆိုသည်မှာ တောင်ပေါ်မှသာရှိပြီး တောင်ထိပ်မှ ရေစီးအားပြင်းပြင်းဖြင့် ကျနေသော ရေကို ရေတံခွန်ဟု ခေါ်ကြသည်။ ယခုနိုင်ယာဂယာရေတံခွန်မှာ ယင်းသို့မဟုတ်။ တောင်ပေါ်မှ စီးကျနေသော ရေတံခွန်မဟုတ်။ ထို့ကြောင့် ကမ္ဘာကျော်သော ရေတံခွန်ဟု ပြောစမှတ်ဖြစ်နေရသည်။ ယင်းမှာထူးလည်းထူးခြားနေသည်။ အံ့သြစရာလည်းဖြစ်သည်။
ခရီးစဉ်လေးရက်၏ ပထမညကို နိုင်ယာဂယာ ရေတံခွန်အနီးရှိ ဟိုတယ်တွင် ကုန်ဆုံးဖြစ်ကြသည်။ မနက်ပိုင်းတွင် နိုင်ယာဂယာမျှော်စင်သို့ သွားရောက်ကြသည်။ မျှော်စင်မှာ မြင့်လွန်းအားကြီး၍ အမြင့်ကိုကြောက်သော ကျွန်တော့်မှာ တော်တော်နှင့် မျက်စိကိုမဖွင့်ဝံ့။ ရေမြေတဆုံးမြင်ရသောကြောင့် အဝေးကြီးကိုဘဲ လှမ်းမျှော်ကြည့်ဖြစ်သည်။ မျှော်စင်တွင် ပတ်ဝန်းကျင်ကိုကြည့်ရှူနိုင်သော ပထမအဆင့် ။ဒုတိယအဆင့် တတိယအဆင့် ဆိုပြီးရှိသည်။ ထမင်းစားအဆင့်တွင် ကျွန်တော်တို့ နေ့လည်စာကို စားဖြစ်ကြပါသည်။ စားယင်းသောက်ယင်း ကနေဒါနိုင်ငံ၏ မြင်ကွင်းများကို ကြည့်ကြရသည်။ တိုရန်တိုမြို့ မှာ မျှော်စင်၏ ဘယ်ဖက်မှာ ရှိနေသောကြောင့် ထမင်းစားပွဲခုံမှ မမြင်ရ။
ဟိုတယ်မှ အစားအသောက်များမှာ စံချိန်မှီပါသည်။ ဟင်းလျှာပွဲလာချပေးသောသူတို့မှာ အချိန်ကြာတတ်သည်ကလွဲ၍ စားရသောက်ရသည်မှာ အားလုံးစိတ်ချမ်းမြေ့စရာ ဖြစ်ပါသည်။ ဟိုတယ်တွင် မနက်စာကို မကျွေး၍ ကိုယ့်အစီအစဉ်နှင့် စတိုးဆိုင်တွင် ကော်ဖီဝယ်သောက်ခဲ့ရသည်။ခရီးသွားအေဂျင်စီအဖွဲ့မှာ နေ့လည်စာကို မျှော်စင်မှာကျွေးမည်ဟု ဆိုခြင်းကြောင့် မနက်စာကို မကျွေးခြင်းဖြစ်သည်။
နေ့လည်စာကို ဗိုက်တင်းအောင် ချလာပေးသမျှ စားနေရသောကြောင့် အိမ်သာတက်ကြရသည်။ ကနေဒါနိုင်ငံ၏ ကမ္ဘာ၏ခရီးသည်များအတွက် အကောင်းဆုံးအစီအစဉ်တခုဖြစ်သော အိမ်သာရှိသည်ဟု လမ်းညွှန်ထားပြသည့် လူရုပ်ပုံကလေးမှာ အထူးအဆင်ပြေစေသည်။ရောက်လေသမျှ နေရာတိုင်းမှာ ယင်းလူရုပ်ပုံကလေးတွေကိုဘဲ အဓိကလိုက်ရှာဖြစ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် တနေကုန်ကားစီးလာကြသော သူတို့မှာ ကားရပ်သည်ဆိုလျှင် အိမ်သာကိုဘဲ တန်းပြေးရသည်။ အေဂျင်စီတရုပ်မလေးကလည်း အိမ်သာကိုတက်ကြဖို့ သတိပေးသည်။ ကားပေါ်တွင် အိမ်သာပါသော်လည်း လူများပြီးသုံးလာလျင် အနံ့က ထွက်လာတတ်သည်။ ထို့ကြောင့် ကားပေါ်ရှိအိမ်သာကို အသုံးမပြုကြရအောင် သတိပေးထားရသည်။
မျှော်စင်တွင် နေ့လည်စာစားပြီးနောက် ရေတံခွန်အကြောင်းကိုပြသမည့် စတူဒီယို အဆောက်အဦတခုကို ၀င်ကြရသည်။ ယင်းအဆောက်အဦမှာ ရေတံခွန်အကြောင်းနှင့် ပါတ်သက်၍ ကမ္ဘာလှည့်ခရီးသည်များကို ပြသသောခမ်းမဖြစ်သည်။ ခမ်းမ၏ပြင်ပတွင် ပြသထားသောစာအုပ်စာတမ်းများ ၊ ဓါတ်ပုံကားချပ်များကို ကျွန်တော်တို့ လေ့လာကြရပြီးမှ ရုပ်ရှင်ခမ်းမထဲသို့ ၀င်ကြသည်။ ရေတံခွန်ရုပ်ရှင်ကားကို ရုပ်ရှင်ကုမဏီ ခုနှစ်ခုမှ ပူးပေါင်းရိုက်ကူးထားခြင်းဖြစ်သည်။ 3D ဖြင့်ရိုက်ကူးထားသည်မို့ ကြည့်ရသည်မှာ တမျိုးဖြစ်နေသည်။ ရုပ်ရှင်ပြသည်နှင့် နောက်ခံတီးလုံးနှင့် ဂီတသံမှာ ကြောက်လန့်စရာ အသံများဖြင့် ကြားနေရသည်။ မိုးချုန်းသံများမှာ ရေတံခွန်၏ ရေစီးကျသံများနှင့် ရောထွေးပါနေသည်။ ရေစီးများ၊ရေလုံးများ ၊ ရေမှုံများသည် ရေတံခွန်မြင်ကွင်းကို မန်စွယ်ထနေသော နဂါးတကောင်လို အသွင်ဖြစ်ပေါ်စေနေသည်။
နိုင်ယာဂယာ၏ရေတံခွန်သမိုင်းမှာ ဆွတ်ပျံ့ဖွယ်ဖြစ်သည် ။ လွမ်းစရာပုံပြင် ဖြစ်နေသည်။ ရှိုက်ကြီးတငင်ငိုကြွေးနေသော မိန်းမလှတဦ၏ အလွမ်းဇတ်လမ်းတပုဒ်သည် ဤနိုင်ယာဂယာ ရေတံခွန်နှင့်အတူ ကမ္ဘာလှည့်ခရီးသည်များ၏ ရင်ကို နာကြင်စေပါသည်။ သူ့အလှ သူ့ဘ၀နှင့် လုံးလုံးမျှ မဟပ်စပ်သော မိန်းခလေး၏ ကံကြမ္မာသည် ရေတံခွန်၏မျက်ရည်များကို စိုစွတ်စေနေသည်ဟု ရုပ်ရှင်ပြသော သမိုင်းကိုမှတ်တမ်းတင်သူများက ဖွဲ့နွဲ့ပြောဆိုကြပါသည်။ မှန်သည်။ နိုင်ယာဂယာသည် ငိုရိုက်သံများ၊ နာကျဉ်းသံများ၊ ကျိန်စာများနှင့် မုန်တိုင်းတိုက်ခတ်နေသော လှိုင်းဝဲဂယက်တို့အလယ် ကျိန်စာသင့်နေသည့် မိန်းမလှအမုန်း၏ လောကကိုသရော်ပြနေသည်နှင့် တူနေလွန်းလှသည်။ လွမ်းဆွတ်နာကျင်ဘွယ် ဇတ်လမ်းမှာ ဤသို့ဖြစ်သည်။
လွန်ခဲ့သောကာလက တောအုပ်တောတန်း တနေရာတွင် နတ်ကိုးကွယ်သော လူရိုင်းများရှိသည်။ ယင်းလူရိုင်းကြီးများမှာ အနီးတ၀ိုက်မှ မိန်ူခလေးလှလှလေးများကို သစ်သားအကျဉ်းထောင်ထဲတွင် ချုပ်နှောင်ထားလေ့ရှိနေသည်။ လူရိုင်းကြီးများသည် မိန်းမပျိုကလေးများအား အလိုမတူဘဲ လက်ထပ်ပေါင်းသင်းကြသည်။ နတ်ကိုးကွယ်ပြီး နတ်များကိုပူဇေါ်ပသကာ ရိုးရာဘာသာဓလေ့များဖြင့် သူတို့မှာ ဆုတောင်းကြတတ်သည်။
နိုင်ယာဂယာ နတ်မိန်းခလေးငယ်ဖြစ်လာမည့် မိန်းမပျိုကလေးမှာ လှပလွန်းနေသည်။ ထို့ကြောင့် သူမျအား လူရိုင်းတို့၏ အရှင်သခင်တပါးဖြစ်သူ အဖိုးအိုတယောက်က လက်ထပ်ပွဲကျင်းပရန်စီစဉ်သည်။ ရှည်လျှားပြီး ကော့ပျံကျနေသော ရွှေဝါရောင် ဆံပင်အလှပိုင်ရှင် မိန်းခလေးမှာ အဖိုးအို၏ ဆင်ယင်ပေးအပ်သော သရဖူကိုဆောင်းရသည်။ မိန်းခလေး၏မျက်နှာမှာ လူရိုင်းကြီး၏ တော်ဝင်ကောက်ခံရသော မိဖုရားငယ်တပါးဖြစ်ရသော်လည်း သူမခမြာ မင်္ဂလာဆောင်ပွဲကို ရွှေလည်တွဲလို့ ပျော်သူမဟုတ်မှန်း သူမ၏မျက်နှာကိုကြည့်က သိသာနိုင်သည်။
တူရိယာတီးမှုတ်သံများဖြင့် ထိမ်းမြားလက်ထပ် မင်္ဂလာဆောင်ပွဲသည် တောလုံးညံကာ ရှိနေခဲ့သည်။ များမကြာခင်မှာပင် မိန်းခလေးငယ်သည် ခေါင်းမှာဆောင်းထားသော ရွှေသရဖူကို ယူပြီး အဖိုးအိုအားလှမ်းပေးလိုက်သည်။ သူမမှာတလှမ်းချင်းတလှမ်းချင်း လက်ထပ်မင်္ဂလာပွဲအခန်းအနားမှ ထွက်ခွါလာဖြစ်သည်။ တူရိယာများမှ ဂီတသံတို့သည် သူမ၏နောက်မှ တစ္ဆေငရဲသံများပမာ ပြေးလိုက်လာကြသလို ခံစားနေရသည်။ သစ်သားအချုပ်ခန်းများမှ အကူအညီတောင်းခံနေကြသော မိန်းခလေးငယ်များ၏ လက်ချောင်းများကို လမ်းလျောက်ယင်း ထိတွေ့နုတ်ဆက်လိုက်သည်။ သည့်ထက်ပို၍ သူမမှာ ဘာမျ လုပ်၍မရ။ အကယ်၍သူမကသာ လက်မထပ်ဖြစ်ခဲ့လျှင် သူတို့လို အကျဉ်းကျခံနေရမည်ဖြစ်သည်။ သူမမှာ ဥပ္ပါယ်တမျှဉ်ဖြင့် လပ်ထပ်မည်ဆိုသောဂတိဖြင့် အကျဉ်းကျခံနေရာမှ လွပ်မြောက်လာသူဖြစ်သည်။ အကျဉ်းစခမ်းမှ တလှမ်းချင်းထွက်လာသော မိန်းခလေးနောက်မှ မည်သူမျှ နောက်ယောင်ံ၍ မလိုက်ကြ။
လူရိုင်းအဖိုးကြီး၏ မိန်းမဖြစ်သွားသောသူမမှာ ယခုအချိန်တွင် မိဖုရားတပါးဖြစ်နေပြီ။ သူမကိုမည်သူမျှ နှောင့်ယှက်၍မရတော့။ ထို့ကြောင့် သူမက အကျဉ်းထောင်အတွင်း တလှမ်းချင်း လမ်းလျောက်သွားနေခြင်းဖြစ်သည်။ မင်္ဂလာဆောင်ပွဲမှ တူရီယာဂီတသံများမှာ သောသောညံနေသည်။ မိန်းမလှလေးမှာ အကျဉ်းထောင်လမ်းကြားကလေးထဲတွင် ကာထားသောသစ်သားတိုင်များကြားမှ အကျဉ်းကျသူလက်များကိုကိုင်ယင်း သွားနေတော့သည်။ နောက်ဆုံးမှာ တံခါးပေါက်တခုကို ပိတ်ထားကြာင်း တွေ့ရသည်။ ယင်းတံခါးကို မိန်းမလှလေးက အသာအယာဖွင့်လိုက်သည်။ သူမမှာ ကြောက်ကြောက်လန့်လန့်နှင့် ပြေး၍လွှား၍ လှုပ်ရှားသူမဟုတ်။ တံခါးဖွင့်သည့်အခါ၌ပင် အေးဆေးငြိမ်သက်စွာ ဖွင့်လိုက်ခြင်းဖြစ်သည်။ တံခါး၏အပြင်ဖက်ရောက်သွားချိန်တွင်မူ သူမ၏ခြေလှမ်းများမှာ သွက်လက်လာသည်။ မကြာခင် သုတ်ခြေတင်၍ပြေးတော့သည်။ ဤအဖိုးကြီး၏ လက်မှ သူမထွက်ပြေးခြင်းမှာ သူမအတွက် ဘ၀ကိုအဆုံးမသတ်စေချင်၍ဖြစ်သည်။
ငယ်ရွယ်နုပျိုသော သူမ၏ဘ၀သည် ရွတအိုမင်းမစွမ်းဖြစ်နေသာ အဖိုးကြီး၏ ရင်ခွင်ထဲတွင် မည်သို့မျှ အဆုံးအရှုံးမခံနိုင်။ ထို့ကြောင့် သူမမှာ သူတို့၏လက်မှလွပ်မြောက်ရေးအတွက် တောလမ်းအတိုင်း ထွက်ပြေးလာခြင်းဖြစ်သည်။ သူမထွက်ပြေးသွားခြင်းကို မင်္ဂလာဆောင်သတိုးသား အဖိုးအိုက နောက်ပိုင်းတွင် သိသွားသည်။ ထို့ကြောင့် သူ၏ထွက်ပြေးရာလမ်းကြောင်းအတိုင်း လိုက်လာကြသည်။ သူတို့၏စိတ်ထဲတွင် သူမမှာမင်္ဂလာဆောင်ခြင်းကို ကြောက်၍ထွက်ပြေးခြင်းမျှသာဟု ထင်နေသည်။ မိန်းခလေးငယ်မှာမူ ယင်းသို့မဟုတ်။ အဖိုးအိုအား လုံးဝလပ်မထပ်လိုခြင်းကြောင်း ထွက်ပြေးနေခြင်းဖြစ်သည်။ ချောင်းနားစပ်တခုတွင် လှေကလေးတစီးကို တွေ့သည်။ ယင်းလှေကလေးကို မိန်းခလေးငယ်က ကျွမ်းကျင်စွာ လှော်ခတ်ပြီး ရေစီးအတိုင်းသွားနေလိုက်သည်။ သူမနောက်မှလိုက်လာသော လူရိုင်းအုပ်ကြီးတို့မှာ သူမအားခြေရာခံ၍မရလိုက်ကြ.။
ရေစီးအတိုင်းမျောပါလိုက်လာနေသည်။ မိန်းခလေးငယ်သည် လှေကိုကျွမ်းကျင်စွာ လှော်ခတ်နိုင်သည်။ လှေဦးကို တည့်မတ်အောင် တက်ကိုင်ပေးနိုင်သည်။ လှေကလေးသည် ရေစီးအတိုင်း အရှိန်အဟုန်ပြင်းစွာ မျှောပါလာသည်။ လူရိုင်းအုပ်ကြီးတို့၏လက်မှ လွပ်မြောက်ရန်အတွက် လှေကို ရောက်ရာပေါက်ရာ လှော်ခတ်လာသည်။ သူမမှာ ဤနေရာဒေသနှင့် အကျွမ်းဝင်သူမဟုတ်။ ထို့ကြောင့် လူရိုင်အုပ်ကြီးတို့လက်ထဲမှ မလွပ်မြောက်သေးသောအထင်ဖြင့် လှေကလေးကို လှော်ခတ်လာခဲ့ခြင်းဖြစ်သည်။ တောအုပ် ဘေးနားမှ ရေစီးကြောင်းသည် မြစ်ကဲ့သို့ဖြစ်နေသည်ကို သူမမသိ။ သူမထင်နေသည်မှာ သာမန်ရေစီးဆင်းနေသော ချောင်းကလေးတခုလို့ ထင်နေသည်။ ချောင်းကလေးဆိုတော့စီးဆင်းနေသောရေစီးကြောင်းအတိုင်း လှေကိုလှော်ခတ်နေလို့ကတော့ မည်သို့မျမဖြစ်။
မိန်မလှလေး၏ ဘ၀ကံကြမ္မာမှာ လှေကလေး၏ ခေါ်ဆောင်ရာနောက်ကို လိုက်ပါလာခဲ့သည်။ ကမ္ဘာကြီးသည် တခါတခါ လူသားတို့အား ရက်စက်စွာ လိမ်ညာကောက်ကျစ်ခြင်းကို သူမခမြာမသိရှိခဲ့။ သူမ၏အသိမှာ နောက်ကျခဲ့ရပါပြီ။ မည်သို့မျှ မထင်မှတ်သော ရေစီးကြောင်းသည် သဘာဝအတိုင်းမဟုတ်မှန်း အသိနောက်ကျသွားပြီ။ လှေကလေးသည် ဒလိမ့်ခေါက်ကွေးကျကာ လူမှာလည်း လှေပေါ်မှ လွင့်စင်သွားသည်။ သူမမှာ ရေကူး၍ရမည်ဟုလည်း ထင်နေခဲ့သည်။ မရတော့။ ရေစီးသည် ထင်သည်ထက် အရှိန်ပြင်းသည်။ အတင်းရုန်းကန်ပြီး လက်ပစ်ကူးနေသော်လည်း ရေစီးက ဆွဲယူသွားသည်။ နောက်ဆုံးမှာ ရေစီး၏အဆုံးဖြစ်နေသော နေရာမှ ချောက်ကမ္ပါးကြီးတခုသို့ ထိုးကျသွားသည်။ ယင်းချောက်ကြီးသည် နိုင်ယာဂယာ ရေတံခွန်ဖြစ်သည်။ ကမ္ဘာ့ပထ၀ီ၏ သဘာဝအရ ငလျှင်များတုန်ခတ်လှုတ်ရှားမှူကြောင့် မြေပြင်တို့သည် လှိုင်းတွန့်သွားသလိုဖြစ်သွားတတ်သည်။ တချို့ နေရာတွင် ချိုင့်ဝှမ်းဖြစ်သွားကြသည်။ ပင်လယ်များသည် တခါတရံတွင် ကုန်းမြေများဖြစ်သွားကြသည်။ ကုန်းမြေများသည် ပင်လယ်ပြင်များ ဖြစ်သွားကြသည်။ ကမ္ဘာကြီး မာယာကို မသိခဲ့သော မိန်မလှလေး၏မာယာမှာ နိုင်ယာဂယာရေအောက်အတွင်း ထိုးကျသွားသည်။
ယခုအချိန်ထိ မိန်းမလှလေး၏၀ိဥာဉ်သည် နိုင်ယာဂယာရေတံခွန်တွင် လူသားတို့၏ ကောင်းကျိုးအတွက် အသက်ကိုစောင့်ရှောက်ပေးနေသည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ သူတို့မှာ နတ်မိမယ်ကလေးတပါးအဖြစ် ယခုတိုင် ယုံကြည်နေကြဆဲ။ ယင်းမှာ နိုင်ယာဂယာ၏ ရေတံခွန်အကြောင်းကို ဖွဲ့နွဲ့ပြသော လွမ်းဆွတ်ဖွယ်ဇတ်လမ်းလေးဖြစ်သည်။ အမေရိကန်နိုင်ငံ၏ တဖက်နှင့် ကနေဒါနိုင်ငံ၏တဖက်ကြားတွင် မြစ်ကဲ့သို့ ရှိနေသည်မှာ နိုင်ယာဂယာရေတံခွန်ဖြစ်သည်။ တချိန်က ဤနှစ်နိုင်ငံသည် မြေပြင်ဆက်စပ်နေခဲ့ကြလိမ့်မည်ထင်သည်။ မြေငလျှင်လှုပ်ခဲ့မူကြောင့် မြေပြင်မှာ ချောက်ကမ္ပါးကြီးဖြစ်သွားသည် ။ တောင်ပေါ်မဟုတ်ပါဘဲ ရေစီးကြောင်းဖြစ်နေသော မြစ်ကလေးသည် ယင်းချောက်ကမ်းပါးတွင် ရေစီးသန်သွားစေသည်။ အမြင့်ပေ ရာကျော်ခန့်ရှိသော ယင်းချောက်ကမ်းပါးကြီးသည် လူကိုသဲကွဲစွာမမြင်ရ။
မိသားစုသုံးယောက် အပျော်စီးလှေကလေးနှင့် လာကြရာ တားမြစ်ထားသော နေရာအရောက်တွင် စက်ပျက်သွားသည်။ စက်ကိုနိုးယင်း ရေစီးရာသို့ ပါသွားပြီး ရေတံခွန်နှင့် ပါသွားသည်။ ရေတံခွန်တွင် မျောပါသွားသော မိန်းမဖြစ်သူနှင့် သားဖြစ်သူကို ဆယ်ယူရသောအခါ နတ်မိမယ်ကလေးက ဆုတောင်းပေးနေပုံကို ပြသပေးသည်။ နတ်မိမယ်ကလေးသည် လူသားများကို ကယ်တင်စောင့်ရှောက်ပေးနေသည်ဆိုသော အချက်ကို ပြခြင်းဖြစ်သည်။
ပြီးတော့ ချောက်ကမ်းပါးကြီးတဖက်တချက်မှ ကြိုးတမ်းလျောက်ပြသော လူစွမ်းကောင်းများကလည်း သရုပ်ဆောင် ပြသကြသေးသည်။ ရေစည်ဗုံးတွင် ၀င်၍လိုက်ပါလာသော အမျိုးသမီးတဦးမှာ ရေတံခွန်အတိုင်း စီးမျောလာသည်ကိုလည်း ပြသသည်။ သဘောက နတ်မိမယ်ကလေးမှာ လူသားများကို ဘေးအန္တရယ် မကျရောက်စေရန်ဖေးမကူညီနေခြင်းကို ပြသခြင်းပင်။
နိုင်ယာဂယာဇတ်လမ်းကိုကြည့်ကြပြီးနောက် သဘောင်္ာဖြင့်အနီးကပ်လေ့လာရန် ကမ်းနားသို့ လာခဲ့ကြသည်။ ညတုံးကအမြင်နှင့် နေ့ပိုင်းမှာမြင်ရသော သဘာဝအလှတို့သည် ခြားနားနေပြီ။ မိုးကာအင်္ကျီတွေကို ခေါင်းစွပ်အထိခြုံပြီး သဘောင်္ာပေါ်မှာ နေရာယူကြရသည်။ သဘောင်္ာအပေါ်ထပ်သို့ တချို့ ကတက်သွားသလို ကျွန်တော်တို့မိသားစုမှာ ၀မ်းဗိုက်အတွင်းမှာ နေရာယူကြသည်။ သဘောင်္မှာ နှစ်ထပ်ဖြစ်ပြီး လူ၁၀၀ကျော်လောက် လိုက်ပါလာသည်ဟုထင်ရသည်။ ရေတံခွန်အထိ သွားနေချိန် အနီးဆုံးနေရာသို့ ရောက်လာသောအခါ ရေးမှုံရေမွှားတို့မှာ သဘောင်္ပေါ်သို့ ကျလာလေသည်။ ထို့ကြောင့် မိုးကာဝတ်ရခြင်းကို သဘောပေါက်လာသည်။ ရေတံခွန်၏အနီးထိတိုင် တိုး၍သွားနေသည်မှာ ကြောက်လန့်စရာ ။ နောက်ဆုံးတွင် သတ်မှတ်ထားသော နေရာရောက်လျင် ရှေ့ကို မသွားတော့ဘဲ ကွေ့၍ပြည်လှည့်လာသည်။ ကနေဒါဖက်မှ ကျွန်တော်တို့မှာ ပြန်၍ကွေ့လာချိန် အမေရိကန်ဖက်နားမှ ကပ်၍ဦးတည်ခုတ်မောင်းလာသည်။ ကျွန်တော့်ဆန္ဒပြည်ပခဲ့ပြီကော။
ကမ္ဘာလှည့်ခရီးသည်အဖြစ် နိုင်ယာဂယာအလွမ်းဇတ်လမ်းတပုဒ်ကို ကြေကွဲစွာနှင့် ရင်မှာခံစားယင်း တိုရန်တိုမြို့ ကို ထွက်လာခဲ့ကြဖြစ်သည်။ တိုရန်တိုမြို့ သည် စင်စစ်မှာ ကျွန်တော်နှင့် မစိမ်း။ အိန္ဒိယမှ သွားကြသော ပုဂ္ဂိုလ်များ ရှိကြသည်။ သို့သော် ဘယ်ရောက်လို့ ဘယ်ပျောက်သွားကြသည်မှန်းမသိ။ တလောက ဘာဖန်လိုညီလာခံမှာ အတူတူတက်ဖြစ်ခဲ့သော ဒါရိုက်တာအဖွဲ့ဝင် ဦးဇေါ်ဇေါ်ကို သတိရလာသည်။ လွန်ခဲ့သော နှစ်ကုန်ပိုင်းလောက်က နယူးယောက်မြို့ ရှိ ကုလသမဂ္ဂတွင် အမျိုးသမီးများအကြမ်းဖက်မူကို ကြားနာစစ်ဆေးပွဲတခုပြုလုပ်ခဲ့သည်။ ယင်းအချိန်က ကနေဒါနိုင်ငံ တိုရန်တိုမြို့ မှာနေထိုင်သော ဦးကျော်ဇေါဝေတို့ ဇနီးမောင်နှံနှင့် ဆုံဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့ထံမှ တယ်လီဖုံးနံပါတ်များကို တောင်းထားခဲ့သည်။ ဦးကျော်ဇေါဝေမှ ဖုံးနံပါတ်ပေးသည်။ ဘန်ကူးပါးမှ ဦးစိန်အောင်သန်းကလည်း ကနေဒါရောက်လျင် ဖုံးဆက်ပါဆိုပြီး ဖုံးနံပါတ်တွေ ပေးထားသည်။ သေသေချာချာပင် ဖုံးစာအုပ်မှာ ရေးမှတ်ထားလိုက်ပါသည်။
တိုရန်တိုမြို့ ကို သွားခါနီး ပစ္စည်းများကို သေသေချာချာ ပြန်လည်စစ်ဆေးကြည့်ကြရသည်။ အ၀တ်အစားများကို စစ်ဆေးရသည်။ ပျောက်ကျသည်များ ရှိမရှိ စစ်ဆေးကြည့်သည်။ အားလုံးပြည့်စုံစွာစစ်ဆေးပြီးပါပြီ။ သို့သော် ဖုံးစာအုပ်ကလေးမှာ ရှာ၍မရတော့။ ပျောက်ချက်သားကောင်းနေသည်။ တော်တော်ကြီးစဉ်းစားယူပြီးမှ ဗီဒီယိုကမ်မရာအိတ်ကို သတိရလာသည်။ ကျွန်တော့်မှာ လွယ်အိပ်နှစ်လုံးကို တာဝန်ခံသယ်ဆောင်ရသည်။ တလုံးကိုလွယ်ပြီး တလုံးကို ပခုံးမှာဆွဲရသည်။ ထို့ကြောင့် ဗီဒီယိုကမ်မရာ အိတ်ကို မယူလိုတော့ ။ အိတ်သုံးလုံးမို့ ပြသနာတက်နေသည်။ ဗီဒီယိုကမ်မရာကိုသာ ယူလိုက်သည်။ အိတ်ကိုထားခဲ့သည်။
နိုင်ယာဂယာရေတံခွန် မီးရှူးမီးပန်းပြသနေစဉ် တော်တော်စိတ်ချမ်းသာခဲ့ပါသည်။ ရိုက်လိုက်ရသည်မှာ ပီဘိခလေးတယောက်လိုပင် ခံစားမိသည်။ ခုတော့ ယင်းအပျော်တို့ နိုင်ယာဂယာမှ မထွက်ခင်မှာပင် ဘယ်လိုပျောက်ကွယ်သွားသည်မသိ။ အပျော်တွေ မရှိတော့။ ကျွန်တော်လာခဲ့သောခရီးမှာ အဓိပ္ပါယ်မရှိတော့ပြီကို ခန့်မှန်းကြည့်မိသည်။ ဘာဖန်လိုမြို့ မှာ နေထိုင်သော ဦးမင်းနိုင်ထံသို့ အကျိုးအကြောင်းပြောယူရသည်။ ကိုထွန်းအောင်ကျော် နှင့် ဒေါက်တာခင်စိန်ပါမကျန် ရှိသမျှ သိသမျှလူများကို ကူပါကယ်ပါ လုပ်ယူရသည်။ သူတို့ကလည်း အကူအညီပေးကြပါသည်။
သည်လိုနှင့် တိုရန်တိုမြို့ ကို ရောက်လာဖြစ်ကြသည်။ ခရီးသွားအေဂျင်စီတို့မှာ တိုရန်တိုမြို့ ကို မြစ်ပြင်ကသဘောင်္ာနှင့် ပြတတ်သည်ထင်သည်။ ကျွန်တော်တို့မှာ သဘောင်္ာစီးပြီး မြစ်ပြင်တွင် တိုရန်တိုမြို့ အလှကို ကြည့်ရသည်။ ကနေဒါသားများမှာ ကမ်းနားလမ်းတလျှောက်တွင် အပမ်းဖြေ လမ်းလျောက်နေကြသည်။ တချို့ မှာ ရေကူးနေကြသည်။ နေပူစာလှုံသည်လား ၊ အပမ်းဖြေသည်လား မပြောတတ်။ အားလုံးပျော်ပွဲစားထွက်နေသည့်ပုံစံနှင့် မြင်ရသည်။ မီးနှင့် ဒီဇယ်နှင့် မသွားဘဲ ရွက်လွှင့်ပြီးသွာေးသာ ရှေ့ခေတ် လှေသမ္ဗန်ကြီးမျာျးနှင့် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်နေသည်ကိုလည်း တွေ့ရသည်။ မြစ်ပြင်မှ မြင်ရသော တိုရန်တိုမြို့ ၏အလှသည် တကယ့်ပန်းချီကားချပ်တခုပမာ မြင်နေရသည်မှာ မျက်စိပသာဒဖြစ်စေပါသည်။
ခ၇ီးသွားအေဂျင်စီမှ တရုပ်မလေးကိုလည်း ကျွန်တော့်နာမည်နှင့် ဖုံးလာလျှင် ပြောပါဆိုပြီး မှာထားရသေးသည်။ စိတ်ထဲမှာတော့မထင်တော့။ ကျွန်တော်တို့မှာ တိုရန်တိုမြို့ ကမ်းနားလမ်းတွင် တည်းသည်မဟုတ်။ နည်းနည်း အလှမ်းဝေးသည်ဟု ထင်ရသည်။ အဝေးပြေးကားလမ်းမှာရှိသော အဆင့်မြင်ဟိုတယ်ဖြစ်သည်။ တိုရန်တိုမြို့သားများသည် ကျွန်တော်ရှိရာအရပ်သို့ လာလိုကြမည်မထင်။ သူတို့မလာသည်က အကြောင်းမဟုတ်။ ကျွန်တော်ပြောချင်သော စကားကို မကြားဖြစ်ကြရသည်မှာ ပြသနာကြီးတခုဖြစ်သည်။ သူတို့ကို ပြောပြချင်သည်။ သူတို့သိစေချင်သည်။
နောက်တရက်အထိ ကျွန်တော်စောင့်စားနေမိပါသေးသည်။ ခရီးစဉ်က နှစ်ရက်တိတိကုန်ဆုံးခဲ့ပါပြီ။ မည်သည့်သတင်းကိုလည်း မကြားရတော့။ ပြည်တွင်းမှာဘာများဖြစ်နေသနည်း ဆိုသည်ကိုလည်း မသိတော့။ အဆိုးဆုံးမှာ သတင်းပြတ်တောက်မူဖြစ်သွားခြင်းဖြစ်သည်။ ခရီးကပမ်းလာသည့်အခါ ဟိုတယ်များတွင် ကွန်ပြူတာရှေ့မှာ မထိုင်ချင်တော့။ စောင့်ပြီး ကွန်ပြူတာကို ဖွင့်ရမည့်ကိစ္စမှာ အလုပ်မဟုတ်။ သို့သော် ဤပုံစံမျိုးကျခါမှ ဟိုတယ်ကကွန်ပြူတာကို ခလေးတွေလို စောင့်ဆိုင်းပြီး ဖွင့်ရမည်မှာ သဘာဝမကျလှ။
ခရီးစဉ်နှစ်ရက်မြောက်နေ့မှာ အက်တ၀ါမြို့သို့ ထွက်ခွါဖြစ်ကြသည်။ ကနေဒါနိုင်ငံသည် မြစ်ကျွန်းစုများ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ မြေကွက်များတွင် စားပင်သီးပင်များကို လမ်းတလျှောက်လုံးစိုက်ပျိုးထားသည်။ မြေကွက်လပ်ဟူ၍မတွေ့ဖြစ်။ လူသူဆို၍အသွားအလာများကို တောတန်းလမ်းတွင်လည်း မတွေ့။ မြို့ ထဲရောက်တော့လည်း မတွေ့။ ကားတွေကိုတော်တော်အသုံြးု့ပုသောနိုင်ငံဖြစ်သည်။ လမ်းလျောက်သွားနေသည့်သူတွေ များများစားစား မမြင် ။ အက်တ၀ါမြို့ မှာ သဘောင်္စီးပြီး ကျွန်းစုကလေးများကို လိုက်လံပြသသည်။ ကမ္ဘာလှည့်ခရီးသည်များမှာ သဘောင်္ာစီးပြီး အလှည့်ကျထွက်ခွါသည့် အစီအစဉ်အရ လိုက်ပါရသည်။ ဗမာစကားပြောသော ရန်ကုန်မွေးတရုပ်လူမျိုး ဇနီးမောင်နှံ နှစ်ယောက်ကို တွေ့ရသည်။ သဘောင်္ပေါ်မှဆင်းတော့ နောက်ထပ် တရုပ်ဇနီးမောင်နှံနှစ်ဦးကို တွေ့ရပါသေးသည်။
ကျွန်တော်တို့မှာ သဘောင်္ာပေါ်၌ နေ့လည်စာကျွေးသောအစီအစဉ်ရှိသည်။ တခြားခရီးသည် များမှာ အစီအစဉ်မရှိ၍ မစားသောက်ရ။ နေ့လည်စာကိုစားပြီး ကျွန်းစုလေးတွေကို ကြည့်ပြီးသွားရသည်မှာ အရသာရှိလှသည်။ ထမင်းစားမြိန်လှပါသည်။ ကျွန်းကလေးပေါ်မှာ တိုက်ကလေးတလုံးတည်း ရှိသော ကွှန်းတလုံးကိုလည်း မြင်တွေ့ရသည်။ ကျွန်းပေါင်း ၁၀၀၀ ခန့်ရှိသည်ဟု စာရေးထားသည်ကို မြင်ရသည်။ အပျော်စီးသဘောင်္ကလေးနှင့် သွားလည်နေကြသော်လည်း တကြိမ်တွင် သဘောင်္ကြီးတစင်းဝင်လာသည်ကို တွေ့ရသည်။ ရှည်လိုက်သည်မှာ မလွယ်။ ပင်လယ်ကူးသင်္ဘောကြီး တစီးဖြစ်သည်။ ကျွန်တော်တို့က ကျွန်းကလေးတွေသာရှိသောကြောင့် ရေစူးမနက်ဟု ထင်ခဲ့သည်။ တက်တက်စင်လွှဲမှားမှန်း သဘောင်္ာကြီးဝင်လာမှ သိသည်။
ကျွန်းကလေးမှအပြန် အက်တ၀ါမြို၏ ပါလီမန်အဆောက်အဦကို လည်ကြရပြီ။ ကျွန်တော်၏မိသားစုတို့မှာ ပါလီမန်အဆောက်အဦထဲသို့ ၀င်ရောက်လည်ပတ်ကြသည်။
ကျွန်တော်ဝင်ရန် စိတ်ဆန္ဒမရှိ။ ကမ္ဘာလှည့်ခရီးသည်ဖြစ်သော ကျွန်တော်သည် နိုင်ငံရေးသမားတယောက်ဖြစ်သည်။ ဤပါလီမန်အဆောက်အဦသည်လည်း ကနေဒါနိုင်ငံမှ နိုင်ငံရေးသမားတို့၏ နိုင်ငံရေးစင်မြင့်ဖြစ်သည်။ တနည်းဆိုရသော် ကျွန်တော်နှင့် ပါလီမန်မှ လွှတ်တော်အမတ်တို့သည် တတန်းစားတည်းသာဖြစ်သည်။ သူတို့လည်းနိုင်ငံရေးသမား ကျွန်တော်လည်း နိုင်ငံရေးသမား။ သည်တော့ သူတို့ထိုင်သောထိုင်ခုံတွေ စားပွဲခုံတွေကို ငေးငေးမောမော ကြည့်ရှူရန်မလိုအပ်ဟု ထင်သည်။
ဇနီးဖြစ်သူအား ဤသို့ပြောဖြစ်ပါသေးသည်။
" တနေ့မှာ ကနေဒါဆီးနိတ်လွှတ်တော်အမတ်တွေဟာ ဒီနေရာမှာ ကိုယ်တို့ကို ဧည့်ခံကျွေးမွေးလာရမယ်။ အဲဒီတနေ့မှာ ကိုယ်တို့ရဲ့  ပြောဆိုဆွေးနွေးတာဟူသမျှကို yes လို့ ပြောကြရလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့ဟာ ကိုယ်တို့ကို အသေအချာ ထောက်ခံနေလို့ဘဲ ဖြစ်တယ်။ သူတို့ရဲ့ ပါးစပ်က yes ဆိုတဲ့စကားတလုံးကိုရဖို့ ကိုယ်တို့ရဲ့ ကြိုးစားမူတွေဟာ သိပ်ကိုနီးစပ်နေပြီဖြစ်တယ်။ အခုဆိုရင် ကိုယ်ဟာကနေဒါနိုင်ငံရဲ့ ပါလီမန်အဆောက်အဦနားကို ရောက်လာခဲ့ပြီဖြစ်တယ်။ မကြာတော့တဲ့အချိန်မှာ ဖိတ်ကြားခြင်းခံရတဲ့ဧည့်သည်တော်အဖြစ် ပြန်လာမဲ့ နိုင်ငံရေးသမားတယောက်ဖြစ်တယ်။ ဒါဟာကိုယ့်ရဲ့ အိပ်မက်ဖြစ်တယ်။ အဲဒီအချိန်မှာ ကိုယ်တို့ပြောမဲ့စကားတွေကို သူတို့တွေဟာ လက်ခုပ်လက်ဝါးတီးပြီး အားပေးကြရမှာ မြင်ယောင်သေးတယ် ။ ကနေဒါမှာ ဝေဒနာကို ကြေညာခဲ့တယ်ဆိုပေမဲ့ ဒါဟာ အမှန်တရားဖြစ်တယ် "
ကျွန်တော်ယင်းသို့ ပြောဆိုခဲ့သည်မှာ အကြောင်းရှိပါသည်။ တိုရန်တိုမြို့ မှ မိတ်ဆွေနိုင်ငံရေးသမားများကို မပြောခဲ့ရ၍ ယင်းသို့လည်း နာနာကျည်းကျည်း ပြောဆိုရင်ဖွင့်ခဲ့ခြင်းလည်းဖြစ်နိုင်ပါသည်။ စင်စစ် ကျွန်တော်သည် ဤကိစ္စကို အသေးအမွှားအဖြစ် မသတ်မှတ်။ သေသေချာချာ တွက်ချက်ထားပြီးမှ မိမိကိုယ်ကို ယုံကြည်ချက်အပြည့်နှင့် နားလည်နေခြင်းဖြစ်ပါသည်။ အက်တ၀ါမြို့ မှ မွန်ထရီယယ် မြို့ သို့ ထွက်လာကြသောအခါ ကမ္ဘာ့အိုလံပစ် အဆောက်အဦကို လေ့လာကြရသည်။ ကောင်းကင်ပေါ်သို့ တက်သွားသော လျှပ်စစ်ကားနှင့် တက်ကြရာတွင် မွန်ထရီယယ်မြို့ ကို မြင်ရသည်မှာ အသဲယားစရာဖြစ်သည်။ တာဝါ၏ အမြင့်ဆုံးပိုင်းတွင် မွန်ထရီယယ်မြို့ ကို မြင်ရသော ရှုခင်းများတွေ့ရပါသည်။ ယင်းနေရာမှာပင် မှန်ချပ်များအောက်မှ မြေကြီးထိမြင်ရအောင် ပြုလုပ်ထားသော မှန်များကိုခင်းထားပါသည်။ သတ္တိကောင်းသော ခလေးတွေ များမှာ ယင်းမှန်ချပ်ပေါ်မှကြည့်ပြီး ပျော်နေကြပါသေးသည်။
ကံကောင်းသည်ဟု ဆိုရလေမလားမသိ ။ ကျွန်တော်တို့ ရောက်ရှိနေစဉ် ရေကူးပြိုင်ပွဲတခုကို ကျင်းပနေပါသည်။ ရေကူးပြိုင်ပွဲကို ကြည့်ကြရပြီး အပြန်တွင် မွန်ထရီယယ်မြို့ ရှိ တရုပ်စားသောက်ဆိုင်တွင် ညနေစာကို ၀င်စားဖြစ်ကြပါသည်။ လူတဦးလျှင် ၁၈ ဒေါ်လာပေးရသော ယင်းဆိုင်မှာ မိမိကြိုက်သော အစားအသောက်မျိုးစုံကို မိမိဘာသာ ပုဂံတွင် ထည့်ယူရပါသည်။ စားကောင်းသော်လည်း ဈေးကြီးသောကြောင့် မလွယ်လှပါ။
မွန်ထရီယယ်မြို့ မှ မနက် ၅ နာရီ ၃၀ တွင် ကားဖြင့်ထွက်ခွါလာခဲ့ကြပါသည်။ အပြန်လမ်းသည် လာခဲ့သောလမ်းမဟုတ်။ မွန်ထရီယယ်မှ နယူးယောက်မြို့သို့ တရက်တည်းနှင့် အရောက်လာသော ခရီးဖြစ်သည်။ မွန်ဖရီယယ်မြို့ မှ ထွက်လာပြီး ကြောခင် ကျောက်နံရံတွင် ဆင်ဦးခေါင်းနှင့် ပုံပေါ်နေသော နေရာသို့ ရောက်လာကြသည်။ ယင်းနေရာကို တောင်ပေါ်မှ ကြည့်ရသည်။ ပြီးတော့ တောင်ကမ်းပါးယံအတိုင်း ပါတ်ပြီးတည်ဆောက်ထားသော လမ်းကလေးအတိုင်း သွားရသည်။ ရေတံခွန်လေးတခုကို အပေါ်မှ မြင်ရသည်။ ယင်းရေတံခွန်လေးကို တောင်လမ်းကြားအတိုင်းချွေးဒီးဒီးကျအောင် သွားပြီး လျောက်လိုက်ကြရသည်။ ယင်းကတဆင့် ကားဖြင့် ဆက်တိုက်ထွက်လာကြတော့သည်။ ညနေ ၇ နာရီတွင် နယူးယောက်မြို့ သို့ ရောက်သည်။ မမှောင်သေး။ အိမ်ကိုရောက်တော့ ၉ နာရီထိုးနေပြီ။ ကျွန်တော်၏စိတ်မှာ ကမ္ဘာလှည့်ခရီးစဉ်တလျောက် တွေ့ ကြုံရသော အကြောင်းအရာများကို သေသေချာချာ ရေးပြရတော့မည်ဟု ထင်ခဲ့သည်။ သို့သော် စိတ်ကူးနှင့် လက်တွေ့မှာ တလွှဲစီဖြစ်နေသည်။
ရာသီက အရမ်းပူပြင်းနေသည်။ စာရေးချစ်စိတ်မရှိ။
သို့သော် ဆောင်းပါးတပုဒ်ကို ရေးပြီး မိတ်ဆွေအပေါင်းအသင်းများထံသို့ ပို့လိုက်သည်။ ယင်းဆောင်းပါးမှာ ဘလော့တွေ ၊ ၀ပ်ဆိုက်တွေမှာမတင် ၊လူသိအောင် ရေးလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ ကနေဒါမှာ ဝေဒနာကို ကြေညာခဲ့ရလေသည့် အကြောင်းကြောင့် ဖြစ်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

တိုင်းရင်းသားများအပေါ် မြန်မာစစ်အစိုးရ နှိပ်ကွပ်မှု ဗြိတိန် လုံခြုံရေးကောင်စီမှာ ဆွေးနွေး



By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 07 ဇူလိုင် 2010

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လူနည်းစု အရပ်သားတွေ အပေါ်မှာ စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်ရှိနေတုန်းပဲလို့ ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က ဒုက္ခသည်တွေ ပြဿနာနဲ့ လူတွေ ဆင်းရဲဒုက္ခ ရောက်မှုကို အကာအကွယ် ပေးနိုင်ဖို့ အကောင်းဆုံးနည်းဟာ အရပ်သားတွေကို အကာအကွယ် ပေးသွားဖို့ ဖြစ်တယ်လို့လည်း ဗြိတိန်နိုင်ငံက ပြောခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေအပေါ် အကာအကွယ်ပေးမှု ဆိုင်ရာ ဆွေးနွေးပွဲ အတွင်းမှာ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် မိမိတိုင်းပြည် အတွင်းမှာပဲ ရွာပုန်းရွာရှောင် ထွက်ပြေးနေရတဲ့ အရေအတွက်ဟာ ပိုပြီး များလာတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှနိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဖိလစ် ပါဟမ်း (Phillip Parham) က လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။

၂၀၀၉ ခုနှစ် အတွင်းမှာပဲ တကမ္ဘာလုံး IDP အရေအတွက်ဟာ ၂၇ သန်းအထိ တိုးများလာတယ်လို့လည်း ထောက်ပြပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံကို ဥပမာပြပြီး အခုလို ဒုက္ခသည်တွေ လျော့ပါးသွားဖို့ရာ အရပ်သားတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ဖို့ လိုမယ်လို့ ဗြိတိသျှ ကိုယ်စားလှယ်က ပြောပါတယ်။

“ဒါဟာ အတော်လေးကို စိုးရိမ်ရတဲ့ ပြဿနာပါ။ ဥပမာ မြန်မာနိုင်ငံကို ကြည့်ပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ တိုးတက်မှု မရှိတဲ့ အပေါ်မှာ ဗြိတိန်အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မိပါတယ်။ မြန်မာစစ်အစိုးရဟာ အရပ်သားတွေ၊ အထူးသဖြင့်ဆိုရင် တိုင်းရင်းသား လူနည်းစု ဒေသမှာရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်နေတုန်းပါပဲ။

“အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေတုန်းပါပဲ။ စစ်တပ်အတွက် ကလေးစစ်သားတွေ စုဆောင်းတာ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းတာတွေ ရှိနေတုန်းပါ။ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ ဆင်းရဲဒုက္ခ ရောက်မှုတွေကို အကာအကွယ် ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ဘယ်သူ့ကိုမဆို၊ ဘယ်မှာမဆို၊ အရပ်သားတွေကို အကာအကွယ် ပေးသွားဖို့ပဲ ဖြစ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှနိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဖိလစ် ပါဟမ်း ပြောပြသွားတာ ဖြစ်ပါတယ်။

မနေ့ကလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား အကြမ်းဖက်မှုတွေကိစ္စ ဘယ်လို ဖြေရှင်း ကိုင်တွယ်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြတဲ့ပွဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် တတ်ရောက်ခဲ့သလို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) နဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုရုံး အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်း (John Holmes) တို့လည်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ကမ္ဘာအနှံ့ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးနိုင်ဖို့ လုပ်ငန်း ဒါမှမဟုတ် စနစ်တခုကို ကုလသမဂ္ဂ ဖွဲ့စည်းမှုထဲမှာ ထားရှိဖို့ မစ္စတာဟုမ်းက အကြံပြုခဲ့ပါတယ်။ မစ်စ် ပီလေးကတော့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ဆိုရင် ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူတာမျိုးဟာ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့် အရပ်သားတွေ အကာအကွယ်ပေးနိုင်ဖို့ လုံခြုံရေးကောင်စီ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက် စုံစမ်းစစ်ဆေးနိုင်မယ့် ကော်မရှင်တွေ ထားရှိဖို့ ကိစ္စကို မစ်စ် ပီလေးကလည်း သဘောတူခဲ့ပါတယ်။

တဘက်မှာလည်း အခုလို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကနဦး စုံစမ်းစစ်ဆေး အရေးယူ ကိုင်တွယ်ဖို့ရာ နိုင်ငံတွေမှာ အဓိက တာဝန်ရှိတယ်လို့လည်း ထောက်ပြပါတယ်။ ဒါကြောင့် နိုင်ငံအချို့က အရပ်သားတွေအပေါ် ကျူးလွန်ကြတဲ့ စစ်ရာဇ၀တ်မှုတွေကို မိမိဘာသာ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့ပြီး ကိုင်တွယ်တာကိုလည်း မစ်စ် ပီလေးက ချီးကျူးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အများစု ဆွေးနွေးကြတာကတော့ သီရိလင်္ကာ၊ ကွန်ဂို အခြေအနေတွေ များပါတယ်။ မြန်မာကိစ္စကိုတော့ ဗြိတိသျှ ကိုယ်စားလှယ်ကပဲ ဥပမာပေး ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း အခုလို လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ဖို့ လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Quintana) က အစီရင်ခံစာထဲမှာ ထည့်သွင်း အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ကိုတော့ ဗြိတိန်၊ သြစတြေးလျ၊ ချက်၊ စလိုဗက်ကီးယား နိုင်ငံတို့က ထောက်ခံထားပြီး အမေရိကန် ပြည်ထောင်စု ဘက်ကတော့ ထည့်သွင်း စဉ်းစားနေတုန်းလို့ သိရပါတယ်။
http://www1.voanews.com/burmese/news/burma/myanmar-uk-unsc-97990454.html


အရပ်သားများအား မြန်မာအစိုးရ တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဗြိတိန်ပြောကြား
2010-07-08

မြန်မာစစ်အစိုးရဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ၇ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ညီလာခံမှာ ဗြိတိန်နိုင်ငံက ပြောကြား လိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြားက အရပ်သား ပြည်သူတွေအပေါ် စောင့်ရှောက် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

မြန်မာစစ်အစိုးရဟာ အထူးသဖြင့် တိုင်းရင်းသား အရပ်သားတွေအပေါ်မှာ ပစ်မှတ်ထား ကျူးလွန် နေဆဲဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်တာတွေနဲ့ အကြမ်းဖက်တာတွေဟာ စိုးရိမ်စရာ ဖြစ်ပွားနေဆဲရှိပြီး ကလေးစစ်သားနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေဟာလည်း ကျူးလွန်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအရာရှိ Philip Pharham က ပြောကြားပါတယ်။
လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာကို ဗြိတိန်အစိုးရက အခုလို တင်ပြဆွေးနွေးတာဟာ လုံခြုံရေးကောင်စီ သက်တမ်းမှာ ပထမဆုံး ဖြစ်ပြီး ကြိုဆိုရမဲ့ ခြေလှမ်းဖြစ်ပါတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK က ထုတ်ဖော် ပြောဆိုပါတယ်။
http://www.rfa.org/burmese/news/regime_continues_targeting_on_civilians-07082010135256.html

ဂျပန်ကုမ္ပဏီမှ မြန်မာအလုပ်သမား ဝန်ကြီးဋ္ဌာနသို့ (ဒု)ဗိုလ်ချူပ်ကြီး မြတ်ဟိန်း၏ ယောက်ဖ ဦးပီတာညွှန့်မောင် ကုမ္ပဏီအား တိုင်ကြားစာ...

(ဒု)ဗိုလ်ချုပ်ကြီး မြတ်ဟိန်းရဲ့ ယောက်ဖ ဟာမိုနီကုမ္ပဏီ ဒါရိုက်တာ ဦးပီတာညွန့်မောင်
Ministry of Labor MYanmarMinistry of Labor MYanmar2သတင်းများ ဆက်လက် ဖော်ပြပေးပါမည်.... မြန်မာအလုပ်သမား ဝန်ကြီးဋ္ဌာနမှ (ဒု)ဗိုလ်ချူပ်ကြီး မြတ်ဟိန်း၏ အရှိန်အဝါ နဲ့ မည်သို့မျှ အရေးယူ တုန်ပြန့်ပေးခြင်း မရှိကြောင်း သိရှိရပါတယ်။


Bogyoke Aung San NaingGanYay

No11NDFBulletinJune2010

No11NDFBulletinJune2010