Friday, July 9, 2010

ပြင်းထန်စွာနှိပ်စက်ခံရသည့် အယ်ဒီတာက သက်ဆိုင်ရာတိုင်ကြား

2010-07-09

အကျဉ်းကျခံနေရတဲ့ မဂ္ဂဇင်း အယ်ဒီတာဟောင်းတဦး၊ စစ်ကြောရေးမှာ အနှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားပေမဲ့ ဘာထူးခြားမှုမှ မရှိတာကြောင့် ထပ်ပြီးတိုင်ဖို့ အမှုသည်က ညွှန်ကြားတယ်လို့ တရားခံရဲ့ ရှေ့နေကပြောပါတယ်။

ဂန္ဓာရဝတီ သတင်းဂျာနယ် အယ်ဒီတာဟောင်း ဦးညီညီထွန်းကို ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလက ရန်ကုန်တိုင်း ပြည်သူရဲ၊ ထောက်လှမ်းရေးနဲ့ နိုင်ငံရေးဌာနစိတ်က ဖောက်ခွဲရေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားစဉ် ၆ ရက်အတွင်း နှိပ်စက် စစ်ဆေးမှုတွေ လုပ်ခဲ့တာကြောင့် ဦးညီညီထွန်းက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တာပါ။ ဦးညီညီထွန်းရဲ့ ရှေ့နေ ဦးကျော်ဟိုးက ခုလိုပြောပြပါတယ်။

'ကျောက်ခဲတွေပေါ်မှာ ဒူးထောက်ခိုင်းတာတို့ ဘာတို့ပေါ့။ နည်းပေါင်းစုံနဲ့ နှိပ်စက်တယ်၊ နောက်ဆုံး ဘယ်လောက်ထိ လုပ်လဲဆိုတော့တဲ့၊ သူ့ကို စအိုထဲကို ရဲနံပါတ်တုတ်နဲ့ ထိုးသွင်းတဲ့အထိ လုပ်တယ်ပေါ့။ အဲဒါကို သူ့ညီမက ပြီးခဲ့တဲ့ တလကျော်လောက်က တိုင်လိုက်တယ်။ တိုင်လိုက်တာကို ခုထက်ထိတော့ ပြန်ပြီးတော့ ဘာမှ အကြောင်းမထူးတော့၊ ထပ်ပြီးတော့ စာတင်ခိုင်းတယ်လေ။'

ရန်ကုန်တိုင်းရဲက ၆ ရက် ထိန်းသိမ်းထားပြီး အောင်သပြေရှိ အထူးရဲတပ်ဖွဲ့ကို လွှဲပြောင်းစဉ် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိတာကြောင့် အထူးရဲတပ်ဖွဲ့က ဆေးကုသပေးပြီး ဒဏ်ရာတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။

'အက်စ်ဘီကို လွှဲတဲ့အခါကျတော့ အောင်သပြေ အက်စ်ဘီက အရာရှိတွေက သူ့ဒဏ်ရာဒဏ်ချက်တွေကို ဓာတ်ပုံရိုက်တယ်ပေါ့လေ။ ဓာတ်ပုံရိုက်တယ်၊ မှတ်တမ်းတင်တယ်၊ နောက် ဆရာဝန်ခေါ်ပြီးတော့ စစ်တယ်၊ ပြီးတော့ ဆေးတွေဘာတွေ ကုပေးတယ်ပေါ့။ အဲဒီ မှတ်တမ်းမှတ်ရာတွေလည်း အကုန်ရှိတယ်။ အဲဒါကိုလည်းပဲ အက်စ်ဘီ ရဲအရာရှိက သက်သေ ပါတာကိုး အမှုမှာ။ အဲဒီ ရဲတယောက်က အဲဒါနဲ့ ပတ်သက်လို့ သူတို့ဆီမှာ တရားဝင် မှတ်တမ်းမှတ်ရာ အကုန်ရှိပါတယ်တဲ့။ အဲဒီတော့ ရုံးရှေ့မှာ ထွက်ထားတာလည်း ရှိတယ်လေ။'

ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတာ ထူးခြားမှု မရှိတာကြောင့် မနေ့က ထပ်ပြီးတိုင်ကြားဖို့ ဦးညီညီထွန်းက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဦးညီညီထွန်းကို မနှစ်က အောက်တိုဘာလ ၁၄ရက်နေ့က ဟပ်ကြီးရေကာတာ ဗုံးခွဲရန်ကြံစည်မှု၊ တရားမဝင် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ အီလက်ထရောနစ် အက်ဥပဒေအပြင်၊ လဝက ပုဒ်မ ၁၃-၁ စတဲ့ အမှုပေါင်း လေးမှုနဲ့ ဆိပ်ကမ်းမြို့နယ် တရားသူကြီးထိုင်တဲ့ အင်စိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

ဦးညီညီထွန်း နှိပ်စက် ညှဉ်းပန်းခံရပုံနဲ့ ပတ်သက်ပြီး ရှေ့နေဦးကျော်ဟိုးကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
http://www.rfa.org/burmese/news/severely_tortured_editor_filed_complaint-07092010161224.html

တရုတ်မဟာဗျူဟာနဲ့မြန်မာ


တရုတ်မဟာဗျူဟာနဲ့မြန်မာ

ဦးအောင်ခင် / ၀၉ ဇူလိုင် ၂၀၁၀


မြန်မာတပြည်လုံးအတိုင်းအတာနဲ့ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေဟာ ပြည်ပမှာ မြစ်ဖျားခံတာများတယ်။ တရုတ်ပြည် ဂန်စုဒေသမှာ နေထိုင်တယ်လို့ ယူဆရတဲ့မြန်မာတွေ ကျောက်ဆည်နယ်ကို ၀င်ရောက်လာချိန်ကစပြီး မြန်မာပြည်တွင်းမှာ အခြေအနေတွေ ပြောင်းလဲခဲ့ပုံကို ခေတ်ဟောင်းသမိုင်းဆရာတွေဖြစ်တဲ့ ဆရာလူ့စ်၊ ဆရာသန်းထွန်း၊ ဆရာဘရှင်တို့က သုတေသန လုပ်ခဲ့ကြတယ်။ ဒါပေမယ့် (၁၃) ရာစုနှောင်းပိုင်း မွန်ဂိုတရုတ်တပ်တွေ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံခေတ် နိဂုံးချုပ်သွားတာကို လူသိများတယ်။ (၁၃) ရာစု မြန်မာနိုင်ငံမြောက်ပိုင်းကို တရုတ်ပိုင် ‘ချင်မြန်’ ပြည်နယ်အဖြစ် ကြေညာပြီး ပုဂံကို သိမ်းပိုက်ပြီးတဲ့အခါမှာ မြန်မာပြည်အလယ်ပိုင်းကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်အဖြစ် သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်က မြန်ချွန်ပြည်နယ်ကို တိုက်ရိုက်မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ ဒေသခံမင်းတွေကိုသာ အုပ်ချုပ်ခိုင်းတယ်။

တရုတ် ‘မင်’ မင်းဆက်ကို မန်ချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည်ရောက်တရုတ်တွေ စခန်းထကြတဲ့အတွက် တိုင်းရေးပြည်ရာ အလွန်ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်းလိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီးအပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသမှာ အခြေစိုက်နေထိုင်တဲ့အတွက် ကိုးကန့်တရုတ်ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။

၁၉ ရာစုမှာ ပန်းသေးတရုတ် မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့အခါမှာလည်း ပန်းသေးတရုတ် အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာရှိသလို ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ဆင်းသွားသူတွေလည်း ရှိတယ်။ နယ်ချဲ့ဝါဒီအင်္ဂလိပ်နဲ့ အဆင်ပြေအောင် မဆက်ဆံတတ်တဲ့ ကုန်းဘောင်မင်းဆက်နဲ့အတူ ဗမာမင်းအုပ်ချုပ်ရေးစနစ် ၁၈၈၅ မှာ နိဂုံးချုပ်တယ်။ လက်ရှိမြန်မာနိုင်ငံ နယ်နိမိတ်ဟာ အင်္ဂလိပ်ရေးဆွဲခဲ့တဲ့ နယ်နိမိတ်ဖြစ်တယ်။ ကုန်းဘောင်ခေတ်ရဲ့ အရှေ့ဘက်အစွန်ဆုံးဒေသဟာ ကျိုင်းတုံပဲ။ ၁၉၆၈ က ထုတ်ဝေတဲ့ ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့်ရာဇ၀င်ပထမတွဲမှာ ကျိုင်းတုံကို ဗမာမင်းလက်ထက်က အလံဦးကင်းဖျား (သို့မဟုတ်) ကင်းဦးလံဖျားလို့ ခေါ်ကြောင်း ဖော်ပြတယ်။ အဓိပ္ပာယ်က မြန်မာ့အလံတော်ကို အသိအမှတ်ပြုရာအရပ်ရဲ့ အစွန်ဆုံးဒေသပဲ။

မြန်မာပြည်ကို တရုတ်လက်အောက်က အင်္ဂလိပ်က လုယူသွားတာလို့ ခေတ်သစ်တရုတ်ခေါင်းဆောင်တွေက ယူဆတယ်။ တရုတ်သမ္မတနိုင်ငံကို တည်ထောင်သူ ဆွန်ယက်စင် ၁၉၂၄ က ရေးသားတဲ့ စာထမ်းမှာ မြန်မာပြည်ကို တရုတ်လက်အောက်ခံ နယ်ပယ်အဖြစ်ဖော်ပြတယ်။ မော်စီတုန်း ၁၉၃၉ မှာ ထုတ်ဝေတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်တော်လှန်ရေးဆိုတဲ့စာတမ်းမှာ မြန်မာ၊ ဘူတန်နဲ့ နီပေါကို တရုတ်ပိုင်ပြည်နယ်တွေအဖြစ် ဖော်ပြတယ်။ ၁၉၅၃ မှာ တရုတ်အစိုးရ ထုတ်ဝေတဲ့ မြေပုံမှာလည်း မြစ်ကြီးနားမြောက်ဘက်ပိုင်းကို တရုတ်ပြည်ထဲထည့်ထားတယ်။ ၁၉၅၄ မှာ ထုတ်ဝေတဲ့ မြေပုံမှာ မြစ်ကြီးနားမြောက်ပိုင်း တင်မကဘဲ ရှမ်းပြည်နဲ့ ‘၀’ နယ်ကိုပါ တရုတ်ပိုင်နယ်မြေအဖြစ် ဖော်ပြထားတယ်။

တရုတ်ကွန်မြူနစ် အာဏာရလာတဲ့အခါမှာ အရေးနိမ့်သွားတဲ့ ကေအမ်တီတရုတ်ဖြူတပ်ရင်းအချို့ဟာ မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံကြတယ်။ မြန်မာပြည်မှာ ခြေကုပ်ယူပြီး ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးပမ်းတာပါပဲ။ ကေအမ်တီတပ်ရဲ့ ဘိန်းကုန်ကူးပြီး ရန်ပုံငွေရှိတဲ့နည်းကို ရှမ်းပြည်က လက်နက်ကိုင်အဖွဲ့က ဆက်လက်ကျင့်သုံးတယ်။ ကေအမ်တီတရုတ်ဖြူကို တိုက်ထုတ်ဖို့ကြိုးစားရင်း ဗမာစစ်တပ် အင်အားကြီးမားလာတာမို့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ပေါ်ထွက်လာအောင် တရုတ်ပြည်တွင်းစစ်က သွယ်ဝိုက်တဲ့နည်းနဲ့ ကူညီခဲ့သလို ဖြစ်သွားတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အိန္ဒိယနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍဟာ ကြီးမားခဲ့တယ်။

အာဏာရလာတဲ့ တရုတ်ကွန်မြူနစ်ရဲ့ နိုင်ငံခြားရေးလမ်းစဉ်ဟာ ကွန်မြူနစ်တော်လှန်ရေးတွေ အောင်မြင်ဖို့ ဦးတည်ထားတယ်။ မြန်မာပြည်ဟာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲတဲ့ ဗကပ (ခေါ်) ဗမာကွန်မြူနစ်ပါတီကို ထောက်ခံအားပေးတဲ့အပြင် မြန်မာပြည်ထဲအထိ တရုတ်တပ်တွေ ၀င်ရောက်တိုက်ခိုက်လေ့ရှိတာကြောင့် တရုတ်ဒဏ်ကို ဗမာစစ်တပ် လှိမ့်ခံခဲ့ရတယ်။ နယ်ချဲ့အရင်းရှင်နဲ့ ကွန်မြူနစ်အကြားမှာ ကြားနေတဲ့လမ်းစဉ်ကို ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက ရှုတ်ချတယ်။ တရုတ်နိုင်ငံခြားရေးလမ်းစဉ်မှာ တော်လှန်ရေးကြွေးကြော်သံနဲ့ အခိုင်အမာ တောင်းဆိုသံတွေ ပဲ့တင်ထပ်နေတာမို့ အိမ်နီးချင်းတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ရုရှတို့နဲ့လည်း စစ်ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် ဈေးကွက်စနစ်ကို စတင်ကျင့်သုံးပြီး ကမ္ဘာ့ဈေးကွက်နဲ့ ဆက်သွယ်ချိန်ကစပြီး ကွန်မြူနစ်တော်လှန်ရေးနဲ့ လူတန်းစားတိုက်ပွဲ ကြွေးကြော်သံတွေ ပျောက်ကွယ်သွားပြီး လက်တွေ့အကျိုးစီးပွား မြှင့်ရေးကိုသာ အဓိကထားတယ်။ တရုတ်ဈေးကွက်လမ်းစဉ်ဟာ ဗမာပြည်ကို ဂယက်ရိုက်လာတယ်။ ချွတ်ခြုံကျတဲ့ မဆလစစ်အစိုးရဟာ ၁၉၈၇ ကတည်းက နယ်စပ်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ပေးရတယ်။ ၁၉၈၉ အောက်တိုဘာလမှာ ဗိုလ်သန်းရွှေနဲ့ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်ခေါင်းဆောင်တဲ့ ဗမာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်မှာ (၁၂) ရက်နေထိုင်ပြီး အကူအညီတောင်းချိန်ကစပြီး တရုတ်အစိုးရကို မှီခိုလာတယ်လို့ ပြောနိုင်တယ်။ တရုတ်ကွန်မြူနစ်ကို ဗကပကရော ဗမာစစ်အစိုးရကရော မှီခိုနေရတဲ့ သဘောပဲဖြစ်တယ်။

အခုဆိုရင် တရုတ်ပြည်မှာ ဈေးကွက်စနစ်ကျင့်သုံးတာ အနှစ် (၃၀) ကျော်သွားပြီ။ ဒါပေမယ့် အရင်းရှင်ဈေးကွက်ခရီးစဉ်မှာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ကျန်းမာရေးထိခိုက်မှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ အဂတိလိုက်စားမှု စတဲ့ ပြဿနာတွေရှိတာမို့ အနာဂတ်ရေးဟာ မရေမရာဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ အင်အားကြီးနိုင်ငံမဟုတ်ဘဲ တိုးတက်ဖွဲ့ဖြိုးနေတဲ့ နိုင်ငံသာဖြစ်တယ်လို့ ၀န်ကြီးချုပ် ၀မ်ကြားပေါင်က ၂၀၀၈ က Fareed Zakaria ကို CNN မှာ ပြောပြသွားတယ်။ လူဦးရေ သန်း (၁,၃၀၀) မှာ ဆင်းရဲသား လယ်သမားက သန်း (၈၀၀) ရှိတယ်။ အစိုးရထောက်ပံ့ကြေး ထိုင်စားနေရသူက သန်း (၆၀) ရှိတယ်လို့ ဆိုတယ်။ နှစ်စဉ် မြို့တက်ပြီးအလုပ်ရှာတဲ့ လယ်သမားက သန်း (၂၀၀) လောက်ရှိတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း မြန်မာပြည်ကို နည်းမျိုးစုံနဲ့ ၀င်ရောက်လာကြတဲ့ တရုတ်ဦးရေဟာ (၁) သန်းကျော်နေပြီလို့ ခန့်မှန်းကြတယ်။

ဈေးကွက်စီးပွားရေး စတင်ကျင့်သုံးကတည်းက တရုတ်နိုင်ငံခြားရေးလမ်းစဉ်လည်း ပြောင်းလဲလာတယ်။ ငြိမ်းချမ်းစွာ တိုးတက်ဖွံ့ဖြိုးရေးတွက် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူဝါဒဟာ အရေးကြီးတယ်လို့ ယူဆတယ်။ ဒီရည်ရွယ်ချက် အကောင်အထည်ဖော်နိုင်အောင် နိုင်ငံအားလုံး အထူးသဖြင့် အင်အားကြီးနိုင်ငံတွေနဲ့ အဆင်ပြေဖို့ ကြိုးစားတယ်။ နိုင်ငံတကာအဖွဲ့အစည်းနဲ့ ဒေသဆိုင်ရာ အသင်းအဖွဲ့မှာ တရုတ်ပါဝင်နေတာဟာ ဆက်ဆံရေးအဆင်ပြေဖို့နဲ့ ကိုယ်ကျိုးစီးပွားမြှင့်တင်ဖို့ပါပဲ။ ဒါကြောင့် အရင်ကလို အင်အားသုံး အကျပ်ကိုင်တဲ့နည်းကို တရုတ်က မသုံးတော့ဘူး။ ဥပမာ အိန္ဒိယနယ်စပ် ပြဿနာမှာလို စေ့စပ်ဆွေးနွေးပြီး ဖြေရှင်းနိုင်ဖို့ အလားအလာမရှိဘူးဆိုရင် ပြဿနာဖြေရှင်းဖို့ မကြိုးပမ်းဘဲ အချိန်အကန့်အသတ်မရှိ လိပ်ခဲတည်းလည်း လုပ်ထားတယ်။ ခေါင်းဆောင်နိုင်တဲ့ အင်အားကြီးနိုင်ငံအဆင့်ကို မရောက်မချင်း တရုတ်ဟာ ဒီနည်းကိုပဲ ဆက်လက်ကျင့်သုံးဖွယ်ရှိတယ်။

အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမှသာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးနိုင်မှာကို တရုတ်ကွန်မြူနစ်က သဘောပေါက်တယ်။ အမေရိကန်ဈေးကွက် ၀င်ခွင့်ရလို့သာ တရုတ်စီးပွားရေး တိုးတက်နေတာ မဟုတ်ပါလား။ ဒါပေမယ့် အမေရိကန်တဦးတည်းကိုသာ မှီခိုနေရတဲ့အဖြစ် မရောက်အောင် အခြားအင်အားကြီးနိုင်ငံတွေနဲ့လည်း အဆင်ပြေအောင် တရုတ်ကွန်မြူနစ်က ကြိုးစားတယ်။ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပါဝင်ပေမယ့် ဒီအဖွဲ့အစည်းရဲ့ ဦးတည်ချက်နဲ့ အခြေခံသဘောတရားတွေကို တရုတ်ကွန်မြူနစ်က ယုံကြည်တာမဟုတ်ပါဘူး။

ဒါပေမယ့် ဆန့်ကျင်ဖို့လည်း စိတ်ကူးပုံမရပါဘူး။ မိမိရရှိနိုင်မယ့် အကျိုးအမြတ်ကိုတွက်ပြီး နိုင်ငံတကာအဖွဲ့တွေထဲ ပါဝင်လာတာပါ။ ဥပမာ ဒေသဆိုင်ရာ အဖွဲ့ထဲမှာပါဝင်ဖို့ ပထ၀ီအနေအထားအရ ဘောင်မ၀င်တဲ့ တောင်အာရှနိုင်ငံများအဖွဲ့ (SAARC) မှာ လေ့လာသူအဖြစ် တရုတ်ပါဝင်လာတာဟာ မိမိအကျိုးစီးပွားကို ဆန့်ကျင်တာမျိုးတွေ မလုပ်နိုင်အောင် ဟန့်တားတဲ့ သဘောပါပဲ။ ကွန်မြူနစ်အာဏာရှင်စနစ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ နိုင်ငံရေးလွတ်လပ်မှု၊ ပုဂ္ဂလိကလွတ်လပ်မှု၊ လူ့အခွင့်အရေးမြှင့်တင်မှု စတာတွေကို တရုတ်က အားမပေးပါဘူး။ နောက်ပြီးတော့ စည်းကမ်းသေ၀ပ်မှုဟာ ပုဂ္ဂလိကလွတ်လပ်မှုထက် ပိုပြီး အရေးကြီးတယ်လို့ တရုတ်က ယူဆတယ်။

ဒါကိုအတုခိုးပြီး ဗမာစစ်အစိုးရကလည်း ‘စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ’ ကို တည်ဆောက်မယ်လို့ ကြွေးကြော်လာတာ ဖြစ်ပုံရတယ်။ နိုင်ငံခြားဆက်ဆံရေး မတည်မငြိမ်ဖြစ်လာရင် စီးပွားရေးပါ ထိခိုက်နိုင်တာမို့ လိုက်လျောညီထွေလုပ်တဲ့ လက်ရှိမဟာဗျူဟာကိုပဲ တရုတ်က ဆက်လက်ကျင့်သုံးဖွယ်ရှိတယ်။ တရုတ်ရဲ့ မဟာဗျူဟာ ပြောင်းလဲမှုကြောင့် မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေမှာ တရုတ်နဲ့ တရုတ်အနွယ်ဝင်တွေ ကြီးစိုးတဲ့အဖြစ်ကို ရောက်ရှိလာတာဖြစ်တယ်။ ဗမာစစ်အုပ်စုကတော့ အာဏာရှိဖို့နဲ့ ငွေရဖို့သာ အဓိကထားနေတော့ သူတို့လိုချင်တာ တရုတ်ဆီက ရနေရင်ပြီးတာပဲ။

တရုတ်-မြန်မာစင်္ကြံလမ်းလို့ နအဖသတင်းစာတွေမှာ ဖော်ပြတဲ့ ကျောက်ဖြူ-ရွှေလီ ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းဟာ ‘၀’ နယ်မြေကို မရောက်ဘဲ မူဆယ်မှာ တရုတ်ပြည်ထဲဝင်မှာမို့ ဗမာစစ်အစိုးရဟာ ‘၀’ နဲ့မိုင်းလားတပ်ဖွဲ့တွေကို ထိုးစစ်ဆင်နိုင်တယ်။ ဒီလိုဆိုရင် တရုတ်ဘယ်ဘက်က ရပ်မှာလည်းလို့ စဉ်းစားကြတာတွေရှိတယ်။ ‘၀’ တပ်ဖွဲ့ဟာ တရုတ်ကွန်မြူနစ်တွေ ဦးစီးပြီး တည်ထောင်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ယူနန်မှာလည်း ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိတယ်။ တရုတ်ဟာ ဗမာစစ်အစိုးရနဲ့လည်း ဆတက်ထမ်းပိုးတိုးပြီး ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါကြောင့် နယ်စပ်စစ်ပွဲဖြစ်ပွားပြီဆိုရင် တရုတ်ဟာ ဘယ်ဘက်ကမှပါမှာမဟုတ်ဘဲ နှစ်ဘက်စလုံးက လိုချင်တဲ့ လက်နက်ပစ္စည်းကို ထောက်ပံ့ပြီး အပစ်အခတ်ရပ်စဲဖို့ နောက်ပိုင်းကနေ ကြိုးစားနိုင်တယ်လို့ သုံးသပ်ကြတယ်။

မိမိအကျိုးစီးပွား ထိခိုက်နိုင်တယ်လို့ ယူဆရင် အသွင်မတူတာကို ပြောင်းလဲဖို့ တရုတ်က မကြိုးစားပါဘူး။ ဒီသဘောတရားကို ဟောင်ကောင်ကိစ္စမှာ အထင်အရှားတွေ့မြင်နိုင်တယ်။ တနိုင်ငံ စနစ် (၂) မျိုး မူကိုချမှတ်ပြီး ဟောင်ကောင်ကို အထိုက်အလျောက် လွတ်လပ်မှု ပေးထားတယ်။ အဲဒီလိုပဲ မြန်မာပြည်မှာလည်း ဗကပ တဖြစ်လဲ ‘၀’ တပ်ဖွဲ့ကိုရော နအဖတပ်ဖွဲ့ကိုရော နည်းမျိုးစုံသုံးပြီး ဆက်ဆံလိမ့်မယ်လို့ ယူဆရပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=3028

BGF ဖွဲ့စည်းပုံ



BGF ဖွဲ့စည်းပုံ


DKBAL


ရဲရင့်ရင့် ဆုံးဖြတ်ရင်ဆိုင်ရမယ့် ကိစ္စ



ရဲရင့်ရင့် ဆုံးဖြတ်ရင်ဆိုင်ရမယ့် ကိစ္စ



yeyeyintyint


ရွေးကောက်ပွဲ ဥပဒေ၊ လွှတ်တော် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ပြီး နောက်ပိုင်း၊ စစ်ဗိုလ်တွေ လူအရေခွံလဲ၊ ကြံ့ဖွံ့လို့ခေါ်တဲ့ စစ်အစိုးရလက်ကိုင်တုတ် လက်မရွံ့အဖွဲ့ကြီးကို နိုင်ငံရေးပါတီအဖြစ် ပြောင်းပြီးနောက်ပိုင်းမှာလည်း လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ဘာမှထူးထူးခြားခြား ပြောင်းလဲကောင်းမွန်လာတာ မတွေ့ရသလို ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက်လည်း ဘာတခုမှ ပြင်ဆင်လုပ်ကိုင်လာတာ မတွေ့ရပါဘူး။

မှတ်ပုံတင်ပြီးဖြစ်ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့်၊ စုဝေးခွင့်၊ ဟောပြောခွင့်၊ စာရွက်စာတမ်း ရိုက်နှိပ်ဖြန့်ဝေခွင့် စတဲ့ အရေးကြီးတဲ့ အခွင့်အရေးတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ဒါ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ပြီး ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတိုင်းကိုလား ဆိုတော့လည်း မဟုတ်ပါဘူး။ သူတို့အနိုင်ရစေချင်တဲ့ ကြံ့ဖွံ့ပါတီရဲ့လူထုတွင်း မဲဆွယ်စည်းရုံးမှုကိုတော့ ခွင့်ပြုထားရုံမကဘဲ စစ်တိုင်းမှူးတွေကိုပါ ကြံ့ဖွံ့ပါတီအနိုင်ရရေးအတွက် အထောက်အကူပြုကြဖို့ ညွှန်ကြားထားပြီး ကြံ့ဖွံ့ပါတီဝင်ဖြစ်တဲ့ လောလောဆယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဝန်ကလေးတွေ အပါအဝင် အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေက ပြောင်ပြောင်တင်းတင်းရော၊ မသိမသာရော လူထုကိုစည်းရုံး ခြိမ်းခြောက်နေကြပါပြီ။

ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံမယ့် ကိုယ်စားလှယ်တယောက် လိုက်နာရမယ့် သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို သူတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြတာ အများပြည်သူတွေ အထင်အရှား တွေ့နေရပါပြီ။ တချို့က ထောက်ပြကန့်ကွက်တာမျိုး ရှိပေမယ့် နိုင်ငံရေး ပါတီတွေ အားလုံးက တညီတညွတ်တည်း တိုင်တန်းကန့်ကွက်တာမျိုး မရှိသေးပါဘူး။ မကျေနပ်ချက်ကို အလွတ်သဘော ညည်းတွားပြောဆိုတာမျိုးတွေကိုပဲ ကြားနေ ဖတ်နေရပါတယ်။

ဒီလို လက်ရှိ အာဏာကိုင်စွဲထားတဲ့ အစိုးရက သူတို့လုပ်ချင်ရာကို ဇွတ်အတင်း အာဏာသုံး မတရားလုပ်နေတာမျိုးကို တရားဝင် မှတ်ပုံတင်ထားပြီး ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ တညီတညွတ်တည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းကို တိုင်ကြားကန့်ကွက်ဖို့လိုအပ်သလို ကန့်ကွက်တိုင်ကြားမှုကို တစုံတရာ တုံ့ပြန်တာမျိုး၊ အရေးယူဆောင်ရွက်တာမျိုး မလုပ်ဘူးဆိုရင်လည်း နိုင်ငံရေးပါတီတွေအနေနဲ့ ဘာလုပ်ရလိမ့်မယ်၊ ရွေးကောက်ပွဲမဝင်တော့ဘဲ ကန့်ကွက်သပိတ်မှောက်ရလိမ့်မယ်ဆိုတာမျိုး လုပ်ရပါလိမ့်မယ်။ အဲဒီလိုမလုပ်ဘဲ ဘာတတ်နိုင်မှာလဲ၊ ခွင့်ပြုသလောက်ပဲလုပ်ရမှာပေါ့ဆိုတဲ့ အတွေးအခေါ်မျိုးကို ကိုင်စွဲပြီး ငြိမ်နေကြမယ်ဆိုရင်တော့ စစ်အစိုးရအကြိုက် ဖြစ်သွားမှာ အသေအချာပါပဲ။ စစ်အစိုးရက သံဖနောင့်နဲ့ ဆက်ပြီး ဖိဖိစီးစီး နင်းသွားမှာပဲဖြစ်ပါတယ်။

တကယ်တော့ အာဏာရှင်စနစ်တခုအောက်မှာ ကျရောက်နေတဲ့ တိုင်းပြည်တခုက ပြည်သူလူထုအနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ဖိနှိပ်မှုကို တကယ်တမ်း ခံစားနေကြရတဲ့သူတွေ၊ ချမှတ်ထားတဲ့ မှားယွင်းတဲ့ နိုင်ငံရေး စီးပွားရေးစနစ်တွေကြောင့် ဖြစ်ပေါ်သက်ရောက်လာတဲ့ ဆိုးကျိုးတွေကို တိုက်ရိုက်ခံစားနေကြရတဲ့သူတွေ ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်က စစ်အာဏာရှင်အစိုးရဆိုရင် သူတို့လူတစု ကောင်းစားရေးသက်သက်အတွက် အာဏာကို ထာဝရရယူပြီး ပြည်သူလူထုကို ကျွန်ပြုဖို့ ကြိုးစားနေတာကို ထင်ထင်ရှားရှား တွေ့နေရပြီဖြစ်တဲ့အတွက် နိုင်ငံရေးပညာရေးရှိကြတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ အစိုးရက အဲဒီလို လုပ်လို့မရအောင် ကာကွယ်ပေးဖို့ တာဝန်ရှိသလို အဲဒီလို မတရားကျွန်ပြုခံကြရမယ့် အခြေအနေက လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေကို လမ်းညွှန်ပြသပေးဖို့၊ ကိုယ်တိုင်ဦးဆောင်ဦးရွက်ပြု လှုပ်ရှားဆောင်ရွက်ပေးကြဖို့လည်း တာဝန်ရှိပါတယ်။

ပြည်သူလူထုကို အကျိုးပြုဖို့ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေ၊ ပါတီကိုယ်စားပြု အရွေးခံကြမယ့် ကိုယ်စားလှယ်လောင်းတွေ အပါအဝင် တသီးပုဂ္ဂလ ဝင်ရောက်အရွေးခံပြီး ပြည်သူ့အကျိုးပြုဖို့ ကြိုးစားနေကြသူတွေအနေနဲ့ ဆိုရင်တော့ ပိုလို့တောင် တာဝန်ရှိတယ်လို့ ပြောရမှာပါပဲ။ အစိုးရပြဋ္ဌာန်း သတ်မှတ်တဲ့ ဥပဒေတွေဟာ တရားမျှတ မှန်ကန်ရဲ့လား၊ အစိုးရကိုယ်တိုင်ကရော သူချမှတ်ထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို လိုက်နာမှုရှိရဲ့လား ဆိုတာကို အသေအချာ စောင့်ကြည့်လေ့လာဖို့ တာဝန်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေဟာ တရားမျှတ မှန်ကန်မှုလည်း မရှိဘူး၊ အစိုးရကိုယ်တိုင်ကလည်း လိုက်နာမှု မရှိဘူးဆိုတာ တွေ့ရပြီဆိုရင်လည်း ပြည်သူလူထု သိမြင်နားလည်အောင် ဖွင့်ထုတ်တင်ပြပေးဖို့ လိုသလို နိုင်ငံရေးပါတီတွေ၊ ပါတီကိုယ်စားလှယ်တွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကလည်း အစိုးရကို ကန့်ကွက်ပြောဆိုရပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲမပေးဘူး။ အရေးယူဆောင်ရွက်မှု မရှိဘူးဆိုရင်လည်း အစိုးရကို ရာဇသံပေးပြီး ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက် ကြရပါမယ်။

ပြောလိုရင်းကတော့ လက်မြှောက်အရှုံးပေးရေး (Capitulation) အတွေးအခေါ်ကို မိမိတို့ဦးခေါင်းထဲကနေ ဖယ်ထုတ်ပစ်ကြဖို့ပါ။ ဆိတ်ငြိမ်နေခြင်းသည် သဘောတူခြင်း (Silence is consent) ဖြစ်သည်ဆိုတဲ့ ဆိုရိုးစကားကို သတိထားသင့်ကြပါတယ်။ မတရားမှုတိုင်းကို ဆန့်ကျင်ကန့်ကွက်ကြဖို့၊ မတရားတဲ့ အမိန့်အာဏာတိုင်းကို ဆန့်ကျင်ကန့်ကွက်ကြဖို့ မိမိတို့ကိုယ်တိုင်မှာ တာဝန်ရှိသလို ပြည်သူလူထုကြီး တရပ်လုံးမှာလည်း တာဝန်ရှိတဲ့အကြောင်း ပြောဆိုစည်းရုံးကြရပါလိမ့်မယ်။

အခုဆိုရင် စစ်အစိုးရဟာ ပြောင်ပြောင်တင်းတင်းကို သူ့ရဲ့လက်ကိုင်တုတ် လက်မရွံ့ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီကို လူထုက ထောက်ခံမဲပေးဖို့ ရေလှူတဲ့ ကိစ္စမျိုးတွေသာ မဟုတ်တော့ဘဲ မြို့ပြစည်ပင်သာယာရေးလို မြို့တော်စည်ပင်သာယာရေး အဖွဲ့က လုပ်ဆောင်ရမယ့် အလုပ်တွေကို ကြံ့ဖွံ့အဖွဲ့နာမည်ခံပြီး လုပ်တော့မယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောဆိုလာတာ တွေ့နေရပါပြီ။ ဒါဟာ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် သူတွေကိုသာ မဟုတ်တော့ဘဲ ပြည်သူလူထုတရပ်လုံးကို တို့ကတော့ ကြံ့ဖွံ့အဖွဲ့ကို အနိုင်မရ,ရအောင် လုပ်တော့မယ်၊ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ဘာပြောပြော ကြံ့ဖွံ့ပါတီကို လူထုက မဲပေးအောင် အတင်းအခွင့်အာဏာသုံးပြီး လုပ်သွားတော့မယ်လို့ စိန်ခေါ်လိုက်တာပါပဲ။ မခန့်လေးစား လုပ်လိုက်တာပါပဲ။

ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေ ပါတီကိုယ်စားပြု တက်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလ ဝင်အရွေးခံကြမယ့် သူတွေက ဘယ်တတ်နိုင်မလဲ လုပ်ခွင့်ရသမျှပဲ လုပ်ရမှာပေါ့ဆိုတဲ့ လက်မြှောက်အရှုံးပေးရေး အတွေးအခေါ်နဲ့ ငြိမ်ခံနေကြမယ်၊ ပြည်သူလူထုကြီးကလည်း အစိုးရကိုယ်တိုင်က ဘက်လိုက်နေပြီပဲ၊ တို့ကဘာလုပ်လို့ရမှာလဲ၊ ပေးဆိုလည်း ပေးလိုက်ကြတာပေါ့ဆိုတဲ့ အညံ့ခံအရှုံးပေးရေး အတွေးအခေါ်နဲ့ လက်လျှော့လိုက်ကြမယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာဟာ မတွေးရဲစရာ ဖြစ်သွားတော့မှာပါပဲ။

ဒီလိုမတရားမှုတွေ ဖိနှိပ်မှုတွေ မတရားတဲ့ အမိန့်အာဏာတွေကို တို့လက်မခံနိုင်ဘူး၊ ဆန့်ကျင်ရမှာပဲ၊ ပြောင်းလဲပြုပြင်ပေးမလား၊ မပေးဘူးလား မပေးရင် တို့ ပြည်သူလူထုကြီးတရပ်လုံးက မင်းတို့လုပ်မယ့် ရွေးကောက်ပွဲ ဆိုတာကို သပိတ်မှောက်ရလိမ့်မယ်၊ မဲလုံးဝမပေးနိုင်ဘူးဆိုတဲ့ ရာဇသံမျိုး ပေးရဲကြရပါလိမ့်မယ်။ နိုင်ငံရေးအာဏာဟာ ပြည်သူလူထုဆီမှာပဲ ရှိပါတယ်။ ပြည်သူလူထုပိုင်ပစ္စည်း ဖြစ်ပါတယ်။

ကျနော်တို့အားလုံး ခေါင်းခါငြင်းဆန် အာခံကြရအောင်ပါ။ အမှန်တရားဟာ အောင်ပွဲရရမှာပါ။
http://www.mizzimaburmese.com/edop/songpa/5679-2010-07-09-08-38-41.html

တော်လှန်ရေးအခွင့်အခါကောင်းအား အမိအရဖမ်းယူဆုပ်ကိုင်ခြင်း

“အာဏာရှင်စနစ်ဆိုး လက်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသော ပြည်သူလူထုသည် ဖိနှိပ်သူ အစိုးရ၏ ဖိအားများ လျော့နည်းလာသည်နှင့် တပြိုင်နက် တော်လှန်ပုန်ကန်ခြင်းကို ပြုလုပ်လေ့ရှိသည်"

-----Tocqueville (၁၉၅၅)


အထက်မှာ ဖော်ပြထားတဲ့ Alexis de Tocqueville ရဲ့ အဆိုအမိန့်ဟာ ပြင်သစ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်နှစ်ခုကို အခြေခံထားခဲ့တာ ဖြစ်ပါတယ်။ ပထမတချက်က အာဏာရှင်အစိုးရတွေက သူတို့အာဏာတည်မြဲရေးကို အထောက်အကူဖြစ်စေဖို့အတွက် ပြုပြင်ပြောင်းလဲရေးအချို့လုပ်ဖို့ ဖိအားတွေ လျှော့ချလာတဲ့ အချိန်အခါကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ အဖိနှိပ်ခံ ပြည်သူလူထုကြီးကနေ ဒီအခြေအနေကို တော်လှန်ရေး အခွင့်အခါကောင်းအဖြစ် သတ်မှတ်ပြီး အခွင့်ကောင်းကို အမိအရ ဖမ်းယူဆုပ်ကိုင်အသုံးချနိုင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို structural opportunities (အစိုးရဖိအားများ ခေတ္တလျှော့ချထားစဉ် အခွင့်အလမ်းများ) နဲ့ perceived opportunities (တော်လှန်ရေးအောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်မည့် အခွင့်အခါကောင်းဖြစ်ကြောင်း လူထုမှ သိရှိလက်ခံသည့် တော်လှန်ရေးနိုးကြားမှု အခွင့်အလမ်းများ) ပေါင်းဆုံသွားတဲ့အခါ လူထုတော်လှန်ရေးကြီးတွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် Tocqueville ရဲ့ လူထုလှုပ်ရှားမှု သီအိုရီအရ တော်လှန်ရေးတွေကို ပေါ်ပေါက်လာစေတဲ့ အဓိက အကြောင်းရင်းနှစ်ချက်ဟာ ဖိနှိပ်သူအစိုးရရဲ့ structural weakness နဲ့ လူထုရဲ့ တော်လှန်ရေးအခွင့်အခါကောင်းကို အမိအရ ဖမ်းယူဆုပ်ကိုင်နိုင်ခြင်းတို့ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။


Tocqueville ရဲ့ လူထုလှုပ်ရှားမှုသီအိုရီကို ပညာရှင်ပေါင်းများစွာက သဏ္ဍာန်မျိုးစုံနဲ့ လေ့လာ ဆန်းစစ်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လူထုလှုပ်ရှားမှု သီအိုရီလေ့လာမှု နယ်ပယ်မှာ ကျော်ကြားတဲ့ စာအုပ်တအုပ်ဖြစ်တဲ့ Political Process and the Development of Black Insurgency ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ McAdam ဆိုသူက နိုင်ငံရေးလှုပ်ရှားမှုကြီးကို အကောင်အထည်ဖော်ပေးနိုင်တဲ့ အရေးပါဆုံး အချက်နှစ်ခုဟာ structural opportunities နဲ့ အဖွဲ့အစည်းအင်အား (organization strength) တို့ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အာဏာရှင်သက်တမ်း ရှည်ကြာလာတဲ့အခါမှာ ရေရှည်အာဏာတည်တံ့ခိုင်မြဲရေးကို မျှော်ကိုးပြီး အာဏာရှင်တွေဘက်ကနေ ပြုပြင်ပြောင်းလဲမှု အချို့ကို စတင်လုပ်လာလေ့ရှိပါတယ်။ အဲဒီအချိန်အခါမှာ စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်မှု သဘောတရားပေါ်မှာ အခြေခံတဲ့ တော်လှန်ရေးအဖွဲ့အစည်း အင်အားတွေသာ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း တည်ရှိနေမယ်ဆိုရင် လူထုတော်လှန်ရေး တရပ်ကို အကောင်အထည်ဖော်နိုင်ကြောင်း McAdam က ရေးသားထားခဲ့ပါတယ်။


သူ့ရဲ့သီအိုရီအရ အစိုးရရဲ့ ဖိအားလျော့ကျလာတဲ့ structural opportunities တွေဟာ တော်လှန်ရေးလှုပ်ရှားမှုကြီးကို သူ့ဘာသာသူ အလိုအလျောက် ပေါ်ပေါက်သွားစေတာ မဟုတ်ဘူးဆိုတာ အထင်အရှားတွေ့မြင်နိုင်ပါတယ်။ တော်လှန်ရေးအခွင့်အခါကောင်းကို အမိအရ ဖမ်းယူဆုပ်ကိုင်ပြီး အဆုံးသတ်အောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်မယ့် cognitive liberation (တော်လှန်ရေးအပေါ် စိတ်ဓာတ်ကျဆင်းပြီး အဆိုးမြင်နေသည့် အတွေးအခေါ်များနှင့် ငြိမ်သက်တိတ်ဆိတ်မှု သဏ္ဍာန်များကို ဖြိုခွင်း၍ အောင်ပွဲကို ဦးတည်သည့် ခြေလှမ်းများကို စတင်အကောင်အထည်ဖော်နိုင်သော အဖိနှိပ်ခံ ပြည်သူတို့၏ စွမ်းရည်သတ္တိ) လိုအပ်ပါတယ်။ ဒီအတွက် တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လက်တွဲချိတ်ဆက်မှု၊ လူထုနဲ့ တသားတည်းဖြစ်နေမှု တွေက အလွန်အရေးကြီးပါတယ်။ Tocqueville ရဲ့ သီအိုရီနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ စကားလုံးအသုံးအနှုန်းနဲ့ ဆန်းစစ်မှုသဏ္ဍာန်တွေ အနည်းငယ်ကွဲပြားပေမယ့် လူမည်း လှုပ်ရှားမှုပေါ်မှာ အခြေခံပြီး ဆန်းစစ်ထားခဲ့တဲ့ သူ့ရဲ့သီအိုရီဟာလဲ perceived opportunities နဲ့ structural opportunities အကြားက ဆက်နွယ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်းတင်ပြထားခဲ့ပါတယ်။


လူထုလှုပ်ရှားမှု သံသရာစက်ဝန်းကို လေ့လာခဲ့တဲ့ Tarrow ကလဲ တခါတရံမှာ လူထုလှုပ်ရှားမှုကို ကနဦးအစပျိုး အကောင်အထည်ဖော်သူတွေ (early risers) တွေကြောင့် structural conditions တွေ ပြောင်းလဲသွားတတ်ပေမယ့် လူထုလှုပ်ရှားမှုအများစုမှာတော့ လှုပ်ရှားမှုအစနဲ့ အဆုံးမှာ perceptions က ယှဉ်တွဲပါနေကြောင်း ဆိုထားခဲ့ပါတယ်။ ၁၇ ရာစုနဲ့ ၁၈ ရာစု ကာလတွေက တော်လှန်ရေးလှုပ်ရှားမှုတွေကို လေ့လာခဲ့တဲ့ Goldstone ဆိုသူကလဲ တော်လှန်ရေးကာလတွေမှာ အစိုးရနဲ့ အစိုးရဒေါက်တိုင်တွေ ပြိုလဲသွားမှုဟာ အများပြည်သူရဲ့ နိုင်ငံတော်အစိုးရအပေါ် အယုံအကြည်ကင်းမဲ့မှု ပေါ်မှာ အခြေတည်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။


တော်လှန်ရေးတရပ်ပေါ်ပေါက်လာခြင်းရဲ့ အခြေခံအကြောင်းရင်းနှစ်ချက်ဟာ perceived opportunities နဲ့ structural opportunities တို့ဖြစ်ပေမယ့် structural opportunities တွေ ရှိနေချိန်မှာ လူထုဘက်ကနေ တော်လှန်ရေးအခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင် အသုံးပြုနိုင်ခြင်း မရှိတဲ့ အခြေအနေနဲ့ structural opportunities မရှိပဲ လူထုဘက်ကနေ တော်လှန်ရေးနိုးကြားခြင်း ရှိနေတဲ့ အခြေအနေတွေလဲ ရှိနိုင်ပါသေးတယ်။ ပထမအခြေအနေဖြစ်လာတဲ့အခါ လူထုအကြားမှာ တော်လှန်ရေးအတွေးအခေါ်တွေ ပျံ့နှံ့သွားအောင် ဖြန့်ဖြူးခြင်း၊ လူထု၏ တော်လှန်ရေးအပေါ် အာရုံစိုက်မှု ကြီးထွားလာရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ပြောက်ကျားလှုပ်ရှားမှုများ အကောင်အထည်ဖော်ခြင်း စတာတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဘ၀ဟစ်တိုင်လှုပ်ရှားမှုများ အကောင်အထည်ဖော်ပြီး လူထုအကြားမှာ တော်လှန်ရေးအသိများ နိုးကြားလာစေဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ လက်ဝဲတော်လှန်ရေး စာပေတွေမှာ ပထမအခြေအနေကနေ တော်လှန်ရေးတရပ် ပေါ်ထွက်လာအောင် ကြိုးပမ်းလှုပ်ရှားမှုဆိုင်ရာ သီအိုရီအမြောက်အမြားကို ပညာရှင်တွေနဲ့ တော်လှန်ရေးသမားတွေက ရေးသားပညာပေးထားခဲ့ကြပါတယ်။


ဒုတိယအခြေအနေမှာ တော်လှန်ရေးနိုးကြားမှုတွေကနေတဆင့် တော်လှန်ရေးလှုပ်ရှားမှုများ ပေါ်ထွက်လာစေရေးကိုတော့ critical-mass approach နဲ့ resource-mobilization theory များ ဖော်ထုတ်ပြီး၊ ပညာပေးထားခဲ့ကြပါတယ်။ critical-mass approach အရ လူအများစုဟာ အခွင့်အလမ်းတွေကိုသာ ထည့်သွင်းစဉ်းစားပြီး၊ အစိုးရရဲ့ structural conditions ကို ထည့်သွင်းစဉ်းစားမှု နည်းပါးတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် နိုင်ငံရေးအတိုက်အခံလှုပ်ရှားမှုမှာ လူအများပါဝင်လာခြင်းတဲ့အခါမှာ အင်အားစုတွေအကြားက ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လာစေပါတယ်။ လူမှုဖွဲ့စည်းပုံသဏ္ဍာန် အပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ အင်အားကောင်းလာတာနဲ့အမျှ လူအများပါဝင်မှုကလဲ တစတစ ပိုပြီး မြင့်တက်လာပါတယ်။ Klandermans နဲ့ Opp တို့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ လှုပ်ရှားမှု အင်အားကြီးလာလေလေ၊ လူထုရဲ့ ပူးပေါင်းလာနိုင်မှု ရေချိန် မြင့်မားလာလေလေ ဖြစ်ကြောင်း တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။


နိုင်ငံရေးလေ့လာသူအများစုကတော့ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကို ဒီရှုထောင့်ကနေ သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ အီရန်တော်လှန်ရေးမတိုင်ခင်ကာလတွေမှာ အစိုးရဘက်ကနေ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ structural opportunities တွေ သိပ်မရှိခဲ့ပေမယ့် တော်လှန်ရေးတရပ် ပေါ်ပေါက်သွားခဲ့ပါတယ်။ ဒီလိုပေါ်ပေါက်လာရမှုဟာ အင်အားစုများအကြားက ချိန်ခွင်လျှာ အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ တော်လှန်ရေးအပေါ် လူထုရဲ့ ထောက်ခံမှု အင်အားကြီးထွားလာရာကနေ တော်လှန်ရေးနိုးကြားမှု ရေချိန်မြင့်တက်လာပါတယ်။ အဲဒီကနေ လှုပ်ရှားမှုလေးတွေကတဆင့် အလွှာပေါင်းစုံ လူထုပူးပေါင်းပါဝင်မှုနှုန်း မြင့်တက်လာပြီး တော်လှန်ရေးကြီး ဖြစ်ပွားသွားခဲ့တာပါ။ Resource Mobilization theory ကတော့ အတိုက်အခံ တော်လှန်ရေးအင်အားစုတွေရဲ့ အရင်းအမြစ်၊ ခြေကုပ်ရယူနိုင်မှု၊ အင်အားတောင့်တင်းမှု အပြောင်းအလဲပေါ်မှာ မူတည်တဲ့ ချိန်ခွင်လျှာ အပြောင်းအလဲကို ဆိုထားတာ ဖြစ်ပါတယ်။ တခြားမူကွဲသီအိုရီတွေလဲ အများအပြားရှိပါသေးတယ်။ တော်လှန်ရေးတရပ်ပေါ်ပေါက်လာရခြင်းမှာ structural opportunities နဲ့ perceived opportunities တို့ဟာ အရေးကြီးဆုံးနှစ်ချက်ဖြစ်တာကြောင့် ဒါတွေနဲ့ ပတ်သက်တဲ့ သီအိုရီပေါင်းမြောက်မြားစွာကို ပညာရှင်များစွာက လေ့လာဆန်းစစ်ခဲ့ကြပါတယ်။


တော်လှန်ရေးသီအိုရီ ဆန်းစစ်ချက်စာတမ်းတစောင် မဟုတ်တဲ့အတွက် အသေးစိတ် ရေးသားဖော်ပြခြင်း မပြုပါဘူး။ တော်လှန်ရေးတရပ် ပေါ်ထွက်လာခြင်းအတွက် structural opportunities နဲ့ perceived opportunities တို့ ပေါင်းဆုံရန် လိုအပ်ချက်ကိုသာ ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ထွက်လာခဲ့တာဟာ လူထုအတွင်းမှာ တော်လှန်ရေး စိတ်ဓာတ်များ နိုးကြားနေမှု၊ လူထုနဲ့ တော်လှန်ရေး ရေချိန် တသားတည်းရှိနေမှု၊ နိုင်ငံရေးတိုက်ပွဲဦးဆောင်အဖွဲ့အစည်းကြီးမှ မြေအောက်ကေဒါများ၏ လူထုစည်းရုံးရေးစွမ်းပကား စတဲ့ cognitive liberation တည်ဆောက်ထားမှုဆိုင်ရာ အခြေခံ အကြောင်းရင်းတွေမှာ ဖုန်းမော်အရေးအခင်းက အစပြုခဲ့တဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုက early riser ဖြစ်သွားပြီး၊ structural conditions အပြောင်းအလဲကို trigger လုပ်နိုင်သွားခဲ့ပါတယ်။ အဲဒီမှာ ပြည်တွင်းပြည်ပနိုင်ငံရေးရေချိန် အပြောင်းအလဲပေါ် မူတည်ပြီး ထွက်ပေါ်လာတဲ့ structural opportunities တွေ ရှိလာခဲ့ပါတယ်။ ဒါကို မြေပေါ်မြေအောက် တော်လှန်ရေးအဖွဲ့အစည်းတွေက တွေ့မြင်ပြီး cognitive liberation တွေ မြင့်မားလာအောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ တော်လှန်ရေးအခွင့်အခါကောင်းကို အမိအရ ဆုပ်ကိုင်ပြီး အသုံးပြုနိုင်ခဲ့ပါတယ်။ Organization Strength ဆိုင်ရာ အချက်တခုဖြစ်တဲ့ ပူးပေါင်းညှိနှိုင်းဆုံးဖြတ်လုပ်ကိုင်မှုမှာ အားနည်းသွားခြင်းကြောင့်သာ ကြားဖြတ်အစိုးရ မပေါ်ပေါက်ပဲ တော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲကို မရရှိခဲ့တာ ဖြစ်ပါတယ်။


ရှစ်လေးလုံးတော်လှန်ရေးကြီးရဲ့ နောက်ပိုင်းကာလတွေမှာကျတော့ မြေပေါ်မြေအောက်လှုပ်ရှားမှုတွေ ဆက်ပြီး ပေါ်ပေါက်ခဲ့ပေမယ့် Structural opportunities က မရှိခဲ့ပါဘူး။ Perceived opportunities ပေါ်မှာ အခြေခံပြီးတော့လဲ အင်အားချိန်ခွင်လျှာ အပြောင်းအလဲကိုလဲ အတိုက်အခံနိုင်ငံရေး အင်အားစုတွေက မပြုလုပ်နိုင်ခဲ့ကြပါဘူး။ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ထွက်လာချိန်မှာ Perceived opportunities တွေ အနည်းငယ်ရှိလာခဲ့ပေမယ့် လူထုလူတန်းစား အလွှာအသီးသီး ပါဝင်လာတဲ့ တော်လှန်ရေးကြီးအဖြစ် အသွင်ကူးပြောင်းနိုင်မယ့် cognitive liberation မြင့်တက်လာအောင် လုပ်ဆောင်နိုင်မယ့် လူထုနဲ့ တော်လှန်ရေးတသားတည်း ရှိနေမှု အခြေအနေကို ပြင်ဆင်တည်ဆောက်ထားခြင်း အားနည်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ structural opportunities ကလဲ မရှိသလောက် ဖြစ်ခဲ့ပါတယ်။ ဒီလို အားနည်းချက်တွေကြောင့် ရွှေဝါရောင်တော်လှန်ရေးကြီးက အချိန်အနည်းငယ်အတွင်းမှာပဲ တော်လှန်ရေး ခါးဆက် ခေတ္တပြတ်တောက်သွားခဲ့တာပါ။


အခုလက်ရှိအခြေအနေမှာကျတော့ နအဖစစ်အုပ်စုဟာ နိုင်ငံတကာဖိအားနဲ့ တပ်တွင်းစည်းလုံးမှု ပြိုကွဲရေးကို ထိန်းကျောင်းနိုင်ရေး၊ ဒီမိုကရေစီတောင်းဆိုသော ပြည်သူလူထုကို ရွှေရည်စိမ်ဒီမိုကရေစီဖြင့် လှည့်စားနိုင်ရေး တို့အတွက် စစ်အာဏာရှင်စနစ်ပေါ်အခြေခံတဲ့ အာဏာရှင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေးဖိအားဖြေလျှော့မှု အနည်းငယ်ကို ပြုလုပ်လာကြရပါတယ်။ ဒါတွေထဲမှာ တော်လှန်ရေးအင်အားစုတွေဘက်ကနေ structural opportunities ရရှိစေနိုင်မယ့် နိုင်ငံရေး လစ်ဟာမှုတွေ အမြောက်အမြား ပါဝင်လာပါတယ်။ ရွေးကောက်ပွဲမတိုင်မီကာလနဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းရဲ့ နိုင်ငံရေးကျားကွက်ရွှေ့ရမှုတိုင်းမှာ စစ်အုပ်စုဘက်က လစ်ဟာမှုတွေ ပေါ်ထွက်နေနိုင်ပါတယ်။ ဒီလစ်ဟာမှုတွေကနေ Structural opportunities တွေကို ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး အခွင့်အခါကောင်းအနေနဲ့ အမိအရ ဆုပ်ကိုင်သွားမှာကို နအဖစစ်အုပ်စုအနေနဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေ ရှိနေကြောင်း ခြေလှမ်းအတိုးအဆုပ်တွေကနေ သိသာထင်ရှားနေပါတယ်။ ဒါကြောင့်လဲ လူထုနဲ့ တော်လှန်ရေးတသားတည်း မပေါင်းစပ်သွားအောင် ခွဲခြားတဲ့ လုပ်ရပ်တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားရင် စစ်အုပ်စုကပဲ အနိုင်ရသွားပြီး၊ တော်လှန်ရေးကြီး ပြီးဆုံးသွားတော့မယောင် ၀ါဒဖြန့်ချိရေးတွေကို စနစ်တကျ ပြုလုပ်နေကြပါတယ်။ ဒါတွေဟာ perceived opportunities ထွက်ပေါ်လာခြင်း မရှိအောင် ကြိုတင်စီမံ လုပ်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာက စစ်အာဏာရှင်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူး။ ၂၀၁၀ အလွန်ကာလမှာ ရရှိလာမယ့် မြန်မာပြည်ရဲ့ ဒီမိုကရေစီကလဲ ရွှေရည်စိမ်ဒီမိုကရေစီပဲ ဖြစ်နေပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒါကြောင့် ၂၀၁၀ ဟာ လမ်းဆုံး မဟုတ်ပါဘူး။ ရွေးကောက်ပွဲမတိုင်မီကာလနဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ ပေါ်ထွက်လာမယ့် structural opportunities တွေကို perceived opportunities နဲ့ ပေါင်းစပ်မှုကနေ လူထုတော်လှန်ရေးကြီးကို အရှိန်အဟုန်မြှင့် ဆင်နွှဲဖော်ဆောင်ဖို့ တော်လှန်ရေး အခွင့်အခါကောင်းကြီးသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ရွေးကောက်ပွဲကြီးကို ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်ရင်း cognitive liberation မြင့်တက်လာအောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။


ဒါကြောင့် တော်လှန်ရေးအင်အားစုများအနေနဲ့ ကွန်ယက်ချိတ်ဆက်မှုများ ပြုလုပ်ခြင်း၊ အတွေးအခေါ်၊ လုပ်ဟန်နဲ့ အဖွဲ့အစည်း စုဖွဲ့မှုသဏ္ဍာန်များ ညှိနှိုင်းခြင်း၊ တပ်ပေါင်းစုများ အကောင်အထည်ဖော်ခြင်း၊ အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်များ ချမှတ်ခြင်းစတာတွေနဲ့ Organization Strength မြင့်မားလာအောင် ကြိုးပမ်းပြုလုပ်ကြဖို့ လိုအပ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ပြန့်ကျဲနေတဲ့ ကေဒါတွေကို စုစည်းပြီး ပြည်တွင်းမှာ Cognitive Liberation မြင့်မားလာအောင် စည်းရုံး၊ ပြင်ဆင်၊ မြှုပ်နှံ၊ တည်ဆောက်၊ လှုပ်ရှား စတဲ့ သဏ္ဍာန်မျိုးစုံနဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီကနေတဆင့် ရွေးကောက်ပွဲမတိုက်မီနဲ့ ရွေးကောက်ပွဲ အလွန်ကာလတွေမှာ ပေါ်ထွက်လာမယ့် Structural opportunities တွေကို တော်လှန်ရေးအခွင့်အလမ်းကောင်းအနေနဲ့ ပြည်သူလူထုတရပ်လုံးက အမိအရ ဆုပ်ကိုင်အသုံးပြုတဲ့ perceived opportunities တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးအခွင့်အခါကောင်းအား အမိအရ ဖမ်းယူဆုပ်ကိုင်နိုင်ရေးအတွက် ပြင်ဆင်ကြိုးပမ်းကြပါစို့။


ခင်မမမျိုး (၇၊၇၊ ၂၀၁၀)


စာကိုးစာရင်း။ ။


Abrahamian, E (1982) Iran Between Two revolutions, Princeton, NJ: Princeton University Press


Goldstone, J. (1991) Ideology, Cultural Frameworks and the Process of Revolution, Theory and Society, Vol.20, pp. 405-53


Gramsci, A. (1971) Selections from the Prison Notebooks, Translated by Hoare, Q & Smith, G. N, New York: International Publishers


Hirsch, E. (1986) 'The Creation of Political Solidarity in Social Movement Organizations', The Sociological Quarterly, 27, pp. 373-87


Klandermans, B. (1904) 'Mobilization and Participation: Social-Psychological Expansions of Resource Mobilization Theory, American Sociological Review, Vol. 49, pp. 583-600


Kuran, T. (1989) 'Sparks and Prairie Fires: A Theory of Unanticipated Political Revolution', Public Choice, Vol. 61, pp. 41-74


Marwell, G. & Pamela, O. (1993) The Critical Mass in Collective Action: A Micro-social theory, Cambridge, UK: Cambridge University Press


McAdam, D. (1982) Political Process and the Development of Black Insurgency, 1980-1970, Chicago, IL: University of Chicago Press


Opp, K. (1988) 'Community Integration and Incentives for Political protest', International Social Movement Research, Vol.1, pp.83-101


Tarrow, S. (1994) Power in Movement: Social Movements, Collective Action and Politics, Cambridge, UK: Cambridge University Press


Tocqueville, A. (1955) The Old Regime and the French Revolution, Translated by Gilbert, S., Garden City, NY: Doubleday Anchor

အလင်းအိမ် မဂဇင်း အမှတ် ၄ အတွဲ ၆

Luminary Magazine 4of6

Ivanhoe Mines claims stake in Monywa not sold, refuses to show any proof

Canadian Friends of Burma

July 8, 2010

Ivanhoe Mines claims stake in Monywa not sold, refuses to show any proof

Ottawa - In a tersely worded statement posted on the firm's website, Ivanhoe Mines claimed its 50% stake in the Myanmar Ivanhoe Copper Company (MICCL), a joint venture it created with the Burmese regime to run the Monywa Copper project, was not sold.

Ivanhoe's statement claimed that a CFOB press release which reported that the MICCL stake was sold to junta cronies in collaboration with Chinese weapons firms Norinco was "part of a discredited, long-running disinformation campaign by the Canadian Friends of Burma non-governmental organization, assisted once again by the India-based Mizzima News Agency". Although the statement was dated June 30th, it wasn't posted on the firm's website till July 6th.

Ivanhoe's statement also said that the "independent trust" the firm established in February 2007 to divest its Burmese assists still holds Ivanhoe's 50% stake in MICCL. Despite repeated requests Ivanhoe has refused to say who is behind the trust.


CFOB executive director Tin Maung Htoo believes that Ivanhoe Mines is using the allegedly "independent trust" to hide the fact that a sale of Ivanhoe's Burmese assets have taken place, "I find it truly disturbing that Ivanhoe has been allowed to get away with the sale of its Burmese assets to cronies of General Than Shwe acting as middle men for a Chinese weapons firm, we need an investigation from the Canadian government immediately".

Both CFOB's press release and Mizzima's articles about the sale of the MICCL stake were preceded by a press release on the website of Chinese Weapon's maker Nornico's announcing that it had struck a deal with the Burmese regime to secure copper from Monywa. The Wall Street Journal first broke news of the Norinco press release and the firm's Monywa copper deal with Burma's generals.

CFOB executive director Tin Maung Htoo disputes Ivanhoe's claim that his organization is part of a "disinformation campaign" responding that "CFOB had nothing to do with Nornico's press release announcing their Monywa copper deal with the junta, nor did we have anything to do with the Wall Street Journal reporting on it. Ivanhoe's assertion that we're running a disinformation campaign is totally ridiculous."

That Ivanhoe chose to title its statement "Attempts by anti-Myanmar activists to link Ivanhoe Mines with reported Monywa Copper Mine developments are dishonest and nonsensical" is yet more evidence of the extremely belligerent attitude that Ivanhoe has towards anyone who stands in the way of the firm's drive to make profit.

CFOB's executive director Tin Maung Htoo finds the anti Burmese smear particularly hurtful, "Burma's armed forces have long sought to portray those who favor democracy, transparency and human rights as anti-Burmese, that Ivanhoe resorts to using this kind of language for the headline of their press release is a clear sign of their hate filled mentality."

Background on Ivanhoe's so called "Independent Trust"
In October 2006 Ivanhoe's partner in the controversial Oyu Tolgoi Mongolia copper and gold mine, Rio Tinto acquired a stake in Ivanhoe Mines that eventually became 30%. Rio Tinto publicly stated at the time that it was buying into Ivanhoe on the condition the firm would withdraw from Burma.

In February 2007, Ivanhoe announced that it had "sold" its 50% stake in MICCL operator of Burma's largest mine to an "independent third party trust" in return for a guarantee that when the trust sells the stake Ivanhoe will then be paid. After more than three and half years Ivanhoe continues to refuse to disclose the identity of the members of the blind trust, its structure or its activities. The Burmese military regime continues to own the other 50% of MICCL.

In May of 2009 Burma's pro-military business weekly the Myanmar Times, reported MICCL managing director Glenn Ford boasting that the Monywa mine was "one of the lowest-cost production mines in the world".

Despite the fact the mine was functioning at the end of 2007 Ivanhoe, citing a lack of knowledge about what was occurring at the Monywa copper mine, claimed that it was "prudent to record a $134.3 million write-down" in the value of their 50% holding in MICCL thus reducing its value to zero. How a mine that is officially valued at zero by Ivanhoe's accountants could still continue to produce highly valued copper remains a question that Ivanhoe refuses to explain.

-30-

Media contact: 613-297-6835

-----------------------------------------------------------------------

The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org