Monday, July 12, 2010

12 July 2010 ဒိုင်ယာရီ

12 July 2010 yeyintnge Diary.doc file here
12 July 2010 Yeyintnge Diary

ရာဇ၀တ်ဘေးက ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံကရာဇ၀တ်ကောင်တွေကို အရေးယူအပြစ်ပေးကြပါစို့

ဖိုးဇော် (ဘာသာပြန်) / ၁၂ ဇူလိုင် ၂၀၁၀


ပြီးခဲ့တဲ့လက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်ကင်တာနာက မြန်မာနိုင်ငံစစ်အစိုးရဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်တဲ့ရာဇ၀တ်မှုတွေ ကျူးလွန်ဖွယ်ရာ ရှိနေတဲ့အကြောင်းနဲ့ အဲဒီလို နိုင်ငံတကာဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါကို ကျနော်သဘောတူပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်အတွင်းလောက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ ချိုးဖောက်ကျူလွန်မှုတွေအပေါ် ကမ္ဘာကြီးက ယခင့်ယခင်နဲ့ မတူအောင် အာရုံစိုက်လာခဲ့ပါတယ်။ မြန်မာစစ်အာဏာရှင် သန်းရွှေကတော့ ဒါတွေကို ကမ္ဘာကြီးက မကြာခင် မေ့ပျောက်သွားစေဖို့ ရည်ရွယ်မျှော်လင့်ပြီး သူ့ရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်အောင် အရောင်တင်ပေးမယ့် ဟန်ပြရွေးကောက်ပွဲတရပ်ကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေရဲ့ ရဲစွမ်းသတ္တိရှိစွာ ဦးဆောင်ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်။ ဂျပန်ဓာတ်ပုံ သတင်းထောက် ကင်ဂျိနာဂါအိကို သတ်ဖြတ်ခဲ့မှုအပါအ၀င် အဲဒီ ဆန္ဒပြပွဲတွေအပေါ် မြန်မာစစ်အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွင်းမှုတွေက သူ့ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်အခါတုန်းကနဲ့မှ မတူအောင် ရှင်းရှင်းလင်းလင်း ပွင့်ကျသွားစေခဲ့တယ်။

နောက်ရှစ်လအကြာမှာတော့ နာဂစ်မုန်တိုင်းကြီးက မြန်မာပြည်ကို ဖြတ်သန်းတိုက်ခတ် ချေမွပစ်ခဲ့တယ်။ ဒီမုန်တိုင်းကြောင့် အသက်အိုးအိမ် စည်းစိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လူပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။ အဲဒီ မုန်တိုင်းဘေးဒုက္ခသည်တွေအပေါ် နိုင်ငံတကာရဲ့ စာနာထောက်ထားကူညီမှုတွေကို မြန်မာစစ်အစိုးရက စောစောပိုင်းကာလမှာ လက်ခံဖို့ ငြင်းပယ်ခဲ့တယ်။ ဒါဟာ ဒီစစ်အစိုးရရဲ့ လူသားမဆန်မှုကို ထင်ထင်ရှားရှား သက်သေပြခဲ့တာပဲဖြစ်တယ်။

တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ ဒေသတွေ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသမှာ မြန်မာစစ်အစိုးရက ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေတယ်။ ထင်ရှားအရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင် အနည်းဆုံးတဦးလောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အခြားခေါင်းဆောင်တွေကိုလည်း အလားတူလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်။ ချင်းပြည်နယ်မှာ လူတွေအငတ်ဘေးဆိုက်ပြီး အတိဒုက္ခရောက်နေမှုအပေါ် အကြင်နာတရားကင်းမဲ့စွာ ဥပက္ခာပြုထားခဲ့တယ်။ ဒါတွေအားလုံးဟာ တိုင်းရင်းသားလူနည်းစု တွေကို ရှင်းလင်းသုတ်သင်ပစ်ဖို့ ဒီအစိုးရမှာ အစီအစဉ်ရှိနေတယ်ဆိုတာ ဖော်ထုတ်ပြသနေတာပဲဖြစ်တယ်။

ဒီအစိုးရက အခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်မျိုးမှာ ကမ္ဘာကြီးအနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နောက်ခံအခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ မမေ့သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဟားဗတ် ဥပဒေကျောင်းတော်ကြီးက “မြန်မာနိုင်ငံတွင်းက ရာဇ၀တ်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တယ်။

အမေရိကန်တရားသူကြီး ပက်ထရီရှာဝဲလ်ဒ်၊ မွန်ဂိုးလီးယားက ဂန်ဇိုရစ်ဂွန်ဘိုဆူရင်၊ အင်္ဂလန်က ဆာဂျက်ဖရီနိုက်စ်ကျူစီ၊ တောင်အာဖရိကက တရားသူကြီး ရစ်ချက်ဂိုးလ်စတုန်းနဲ့ ဗင်နီဇွဲလားက တရားသူကြီး ပီထရို နစ်ကင်းန်တို့ အပါအ၀င် ကမ္ဘာတလွှားက ထင်ရှားအရေးပါတဲ့ ဥပဒေပညာရှင်အချို့ တာဝန်ယူကြီးကြပ်ပြုစုထုတ်ဝေခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်ဖောက်ဖျက် ကျူးလွန်တဲ့ အတိုင်းအတာအထိ ရှိနိုင်ကြောင်းနဲ့ အဲဒီ ကျူးလွန်ဖောက်ဖျက်မှုတွေကို ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စုံစမ်းစစ်ဆေးသင့်ကြောင်း သုံးသပ်ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း တယောက်အနေနဲ့ ကျနော် ဒါကို သဘောတူပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကျနော် တာဝန်ယူခဲ့စဉ်ကာလက အဓမ္မအလုပ်စေခိုင်းမှု၊ အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မုဒိန်းကျင့်မှုကို စစ်လက်နက်တခုသဖွယ် အသုံးချမှု စတာတွေကို မြန်မာနိုင်ငံတ၀ှမ်းမှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တယ်ဆိုတဲ့ အငြင်းပွားစရာမလိုတဲ့ အထောက်အထားတွေ ကျနော်ရရှိခဲ့တယ်။ အဲဒီအချိန်ကစလို့ နောက်ထပ်ရရှိတဲ့ အထောက်ထားတွေက ခိုင်မာသထက် ခိုင်မာလာနေပါပြီ။ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရေးအဖွဲ့ရဲ့ အဆိုအရ ၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းဒေသတွေမှာ ကျေးရွာပေါင်း (၃,၅၀၀) လောက် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျေးရွာသားတွေကိုလည်း လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးချခဲ့ကြတယ်လို့ ဆိုတယ်။ စစ်ရေး လိုအပ်ချက်အရ မိုင်းကွင်းတွေကို ရှင်းလင်းဖို့အတွက် မြေမြှုပ်မိုင်းတွေ မြှုပ်နှံထားရာ မိုင်းကွင်းတွေအတွင်း ကျေးရွာသားတွေကို ရှေ့ကနေ အတင်းအဓမ္မဖြတ်လျှောက်ခိုင်းပြီး လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခဲ့ကြလို့ မကြာခဏဆိုသလို ကျေးရွာသားတွေ အသက်ဆုံးရှုံးခဲ့ရတာတွေ ခြေတွေ လက်တွေ ပြတ်ခဲ့ရတာတွေ ရှိခဲ့တယ်။

ကျနော် မြန်မာပြည်ကထောင်တွေ တော်တော်များများကို ရောက်ခဲ့တယ်။ နှိပ်စက်ညှဉ်းပန်းမှုပုံစံမျိုးစုံကိုလည်း ကြားနာသိရှိခဲ့ရတယ်။ ယခုအချိန်မှာ နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကျော်လောက် မြန်မာအကျဉ်းထောင်တွေထဲမှာ ရှိနေတယ်လို့ ယုံကြည်ရပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ရှိနေဆဲပါပဲ။ သူမဟာ လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်းမှာ (၁၄) နှစ်ကျော်မျှ အထိန်းသိမ်းခံဘ၀နဲ့ နေနေရသူပါ။

မြန်မာနိုင်ငံမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာပါ။ မြန်မာစစ်အစိုးရဟာ မြန်မာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင် လူနည်းစုတွေအပေါ် ညှာတာထောက်ထားမှု လုံးဝမရှိပါဘူး။ ချင်းလူမျိုးနဲ့ ကချင်လူမျိုး တိုင်းရင်းသားအများစုပါဝင်တဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အလားတူ ကရင်နဲ့ ကရင်နီလူမျိုး ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားရှိခိုးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးခံရမှုအပါအ၀င် ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ ကန့်သတ်ချုပ်ချယ်မှုနဲ့ ဖိနှိပ်မှုတွေခံနေရတယ်။ ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ် လက်ဝါးကပ်တိုင်တွေကို အတင်းဖြိုချ ဖယ်ရှားခိုင်းပြီး အဲဒီနေရာမှာ ဗုဒ္ဓဘာသာဘုရားပုထိုး စေတီတွေ တည်ခိုင်းတယ်။ ဒါတွေကို သေနတ်နဲ့ချိန်ပြီး အတင်းအဓမ္မ လုပ်ခိုင်းနေတာပါ။ မွတ်စလင် ရိုဟင်ဂျာတွေလည်း အလားတူ ဖိနှိပ်ခံနေရပြီး မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ပိုင်းမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြပေမယ့် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံသားဖြစ်ခွင့်မရဘဲ ငြင်းပယ်ခံနေကြရတယ်။ ဒီလို ငြင်းပယ်ခံရတာကြောင့် သူတို့ဟာ သွားလာလှုပ်ရှားမှုနဲ့ လက်ထပ်ထိမ်းမြားမှုတွေမှာ အကြီးအကျယ် ကန့်သတ်ထိန်းချုပ်ခံနေရပြီး ပညာသင်ကြားရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ဆုံးရှုံးနေရတယ်။

ဒီရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကုလသမဂ္ဂအဖွဲ့ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီးသားပါ။ ကျနော့်မိတ်ဆွေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ရာဇူးမားလားလားက ဒီကျူးလွန်ဖောက်ဖျက်မှုတွေဟာ “နိုင်ငံရေးအရရော ဥပဒေအရပါ တာဝန်ရှိတဲ့ အမြင့်ဆုံး အာဏာပိုင်အဆင့်က ချမှတ်ထားတဲ့ မူဝါဒ၊ ပေါ်လစီတွေကြောင့်သာဖြစ်တယ်” ဆိုတာကို ၁၉၉၆ ခုနှစ်ကတည်းက သုံးသပ်ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ နိုင်ငံတကာဥပဒေ ချိုးဖောက်နေမှုတွေကို ရပ်ဆိုင်းပစ်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်းတောင်းဆိုထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံကို လူသားမျိုးတုံး သုတ်သင်မှု ရှိမရှိ စောင့်ကြည့်ရမယ့် နိုင်ငံတနိုင်ငံအဖြစ် စာရင်းသွင်းထားပြီး လူသားမျိုးတုံးသုတ်သင်မှု အန္တရာယ်ညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံကို ဆူဒန်နိုင်ငံနဲ့အတူ အန္တရာယ်အရှိဆုံး နိုင်ငံနှစ်နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အလားတူပဲ သုံးသပ်အကဲဖြတ်ကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရရဲ့ ကျူးလွန်မှုတွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအဖြစ် သတ်မှတ်ဖော်ပြထားပြီး လူနည်းစု အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကလည်း တိုင်းရင်းသားလူနည်းစုတွေအပေါ် အန္တရာယ်ပြုခြိမ်းခြောက်ခံနေရဆုံးနိုင်ငံ (၅) နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ထားပါတယ်။ ဖရီးဒမ်းဟောက်စ်အဖွဲ့ကတော့ မြန်မာနိုင်ငံကို “အဆိုးတကာ့ အဆိုးဆုံး” နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ နိုင်ငံတကာအသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့တို့ကလည်း အလားတူ သုံးသပ်ဖော်ပြခဲ့ကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ “ရွေးကောက်ပွဲကိစ္စတွေ” နေရာယူလွှမ်းမိုးနေမှုနဲ့အတူ သူ့ရဲ့စိုးမိုးအုပ်ချုပ်မှုအပေါ် တိုင်းရင်းသားလူနည်းစုတွေရဲ့ ဆန့်ကျင်တွန်းလှန်မှုမှန်သမျှကို လက်စတုံးချေမှုန်းပစ်ရေးဆိုတဲ့ သန်းရွှေရဲ့လုပ်ရပ်ကြောင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေ ပျံ့နှံ့တိုးပွားလာနေတဲ့အချိန်အခါပါ။ ခုလိုအချိန်အခါမျိုးမှာ နောက်ထပ်အသက်တွေ မဆုံးရှုံးရခင်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက စုစုစည်းစည်း ညီညီညွတ်ညွတ် အရေးယူဆောင်ရွက်ဖို့လိုနေပါပြီ။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအပေါ် အရေးယူအပြစ်ပေးမခံရဘဲ လွတ်ကင်းမှုတွေ နေရာအနှံ့ရှိနေပါတယ်။ ဒီရာဇ၀တ်မှုတွေကို ပပျောက်သွားစေမယ့် အရေးယူဆောင်ရွက်မှုတွေလည်း ဘာတမှုမှမရှိပါဘူး။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ မကြာသေးမီက ထောက်ခံတင်ပြထားချက်အပေါ် တုံ့ပြန်ဆောင်ရွက်ဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်စုအပေါ် ဖောက်ဖျက်ကျူးလွန်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ရတဲ့ အကြောင်းရင်းပါပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာစစ်အစိုးရအပေါ် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကို နိုင်ငံအားလုံးက လိုက်နာဆောင်ရွက်စေမယ့် အရေးယူပိတ်ဆို့မှုမျိုး ချမှတ်ဆောင်ရွက်ဖို့လိုပါတယ်။

မြန်မာစစ်အစိုးရဟာ ဒီရာဇ၀တ်မှုတွေကို ကျူးလွန်ခွင့်ရရှိနေခဲ့တာ နှစ်ကာလအလွန် ကြာညောင်းခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး ဘာတခုမှ အရေးယူ အပြစ်ပေးမခံရဘဲ ရာဇ၀တ်မှုတွေ ဆက်လက်ကျူးလွန်နေမယ့် အခြေအနေမျိုးကိုတော့ ကျွန်တော်တို့ လက်ပိုက်ကြည့်မနေသင့်တော့ပါဘူး။

မှတ်ချက်။ ။
၂၀၁၀ ခု ဇူလိုင် (၆) ရက်ထုတ် The Jakarta Post သတင်းစာပါ Yozo Yokota ၏ Challenge impunity in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

စာရေးသူ Yozo Yokota သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးရသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကုလသမဂ္ဂကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်အဖြစ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။
http://www.khitpyaing.org/index.php?route=detail&id=3053

လူဆိုးကြီးများရဲ့ ဖက်ရှင်


လူဆိုးကြီးများရဲ့ ဖက်ရှင်

ပုံကို ကြည့်ရတာ စစ်သွေးကြွ ဗိုလ်ချုပ်ကြီး တွေရဲ့ ရှုတည်တည် ဖက်ရှင်ပြပွဲကို ကြည့်နေရ သလိုပါပဲ။ မြန်မာ ပြည်သူ တွေဟာ သူတို့ကို ကုပ်သွေး စုတ်နေတဲ့ ဗိုလ်ချုပ်ကြီး တွေက ဇာတ်ပွဲ လူပြက်တွေ ဖျော်ဖြေ နေသလိုမျိုး မြင်တွေ့ခဲ့ကြရတာပါ။ ဒီပုံကိုကြည့်ပြီး ပြုံးတဲ့သူလည်း ပြုံးကြ၊ ၀ါးလုံးကွဲ ရယ်တဲ့သူလည်း ရယ်ကြပေါ့။

ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် စစ်အစိုးရ ဝန်ကြီးများ လာအိုဝန်ကြီးချုပ်ကို အရပ်သား ဝတ်စုံဖြင့် သတိဆွဲ၍ ကြိုဆိုနေကြစဉ်

အဲဒီ ပုံကတော့ ဇွန်လ ကုန်ပိုင်းမှာ မြန်မာပြည်ကို အလည် လာခဲ့တဲ့ လာအိုနိုင်ငံ ၀န်ကြီးချုပ် ဘိုဝါဆွန် ဘုဖာဝမ်းကို စစ်အစိုးရ ၀န်ကြီးတွေက နေပြည်တော်မှာ ကြိုဆို နှုတ်ဆက် နေတဲ့ ပုံပဲ ဖြစ်ပါတယ်။ ပုံထဲမှာ ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တခြား ၀န်ကြီးတွေ အပါအ၀င် ၀န်ကြီး ၁၁ ဦးက ရောင်စုံ ကြိုးကြီးချိတ် ပုဆိုးနဲ့ အဖြူရောင် တိုက်ပုံတွေ ၀တ်ပြီး ခေါင်းပေါင်း ဆင်တူပေါင်းလို့ တလက်မ အထူ ကတ္တီပါဖိနပ် ကိုယ်စီ စီးထား တာကို တွေ့ရပါတယ်။

လက်ရှိ စစ်အစိုးရက အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်းမှာ အခုလို အ၀တ်အစားမျိုးနဲ့ စစ်အစိုးရ အဖွဲ့ဝင်တွေကို ဘယ်သူကမှ အစုလိုက် မတွေ့ဖူးပါဘူး။ သူတို့အရင် အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဆိုရှယ်လစ် အစိုးရလက်ထက် ၁၉၇၄ – ၈၈ ကာလတုန်းကတော့ အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်ထဲမှာ ဒီလို အ၀တ်အစားမျိုး ၀တ်ခဲ့ကြဖူးပါတယ်။

မြန်မာပြည်မှာ အခုလို စစ်အစိုးရ၀န်ကြီးတွေ ၀တ်တဲ့အ၀တ်အစားမျိုးကို ဇာတ်ပွဲမှာ လူရွှင်တော်တွေ ၀တ်တာကလွဲလို့ နေ့စဉ် မတွေ့နိုင်ပါဘူး။ ဒါကြောင့်မို့ ၀န်ကြီးတွေ ၀တ်တာကို တွေ့တဲ့အခါ ပြည်သူတွေရဲ့ မျက်လုံးထဲမှာ တကယ့်ကို ရယ်စရာကောင်းနေပါတော့တယ်။ ဒီလိုအ၀တ်အစားနဲ့ လူတွေဟာ လူပြက်တွေပဲဆိုတာကို သူတို့ ချက်ချင်းပဲ သဘောပေါက်ကြပါတယ်။

ဝန်ကြီးတွေ တလျောက်လုံးဝတ်လာခဲ့တဲ့ စစ်ဝတ်စုံထက်စာရင် အခု အ၀တ်အစားက ပြည်သူတွေကို ပိုပြီး ရင်သပ်ရှုမော ဖြစ်စေပါတယ်။ ပြီးတော့ ပုံထဲမှာ သူတို့ ရပ်နေပုံကလည်း အရပ်သား အ၀တ်အစား ၀တ်ထားပေမယ့် စစ်သားလို တောင့်တောင့်ကြီး သတိဆွဲပြီး ရပ်နေတာမို့ မြင်ရသူအဖို့ ပြုံးစရာပါ။ အရပ်သားလို ဘယ်လိုမျိုး မတ်တပ်ရပ်ရမယ်ဆိုတာကို သူတို့ မေ့သွားတာလည်း ဖြစ်နိုင်ပါတယ်။

ကျနော်တို့ ဧရာဝတီမဂ္ဂဇင်း မြန်မာပိုင်းနဲ့ အင်္ဂလိပ်ပိုင်း အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ ဒီဓာတ်ပုံကို မြင်ရသူတွေက ပုံနဲ့ပတ်သက်တဲ့ သူတို့ အမြင်တွေကို ရေးသားပေးပို့ခဲ့ကြပါတယ်။ ကျနော်တို့ လက်ခံရရှိခဲ့တဲ့ ထင်မြင်ချက် ၁၀၀ ကျော်ကို မြန်မာ နဲ့ အင်္ဂလိပ် အင်တာနက် စာမျက်နှာတွေမှာ ဖတ်ကြည့်နိုင်ပါတယ်။

ဗိုလ်ချုပ်ကြီးတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထူထောင်ဖို့ ဧပြီလတုန်းက ရာထူးက နုတ်ထွက်ပြီး စစ်ဝတ်စုံတွေ ချွတ်လဲခဲ့ကြတာပါ။

စာဖတ်သူတယောက်က ဒီပုံနဲ့ပတ်သက်ပြီး “သိပ်ကောင်းတဲ့ ဖက်ရှင်ပဲ။ ဒီဇိုင်နာက ဘယ်သူလဲ” လို့တောင် နောက်ပြောင်ပြီး မေးခွန်း ထုတ်လိုက်ပါသေးတယ်။

တကယ်တမ်းပြောရင် သူ့မေးခွန်းက အလေးအနက်ထား စဉ်းစားသင့်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ၀တ်ပုံစားပုံက အစ ဗိုလ်ချုပ်ကြီးတွေလုပ်တဲ့ အရာတိုင်းဟာ နိုင်ငံရေးနဲ့ နွှယ်နေလို့ပါပဲ။ သူတို့ အခုလို ၀တ်စားတာဟာ သူတို့ရဲ့ တကယ့် နိုင်ငံရေးဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဒီဇိုင်နာကတော့ အားလုံးကို စီမံချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါပဲ။

ဝတ်စုံလဲတာက မြန်မာ့နိုင်ငံရေးမှာ တရားဝင်ဖြစ်ဖို့ ကြိုးပမ်းတဲ့ စစ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေထဲက အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ စစ်ဝတ်စုံတွေ ၀တ်ထားရင် ပြည်သူလူထုက သူတို့အပေါ် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ပြန်မြင်ယောင်နေမှာမို့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ သူတို့ကို ပြည်သူက ဗိုလ်ချုပ်ကြီးတွေထက်စာရင် “သာမန်ပြည်သူတွေ” လို့ မြင်စေချင်တာပါ။ ရွေးကောက်ပွဲ နိုင်ငံရေးစင်မြင့်ပေါ် မတက်ခင်မှာ သူတို့ရဲ့ သွေးစွန်းနေတဲ့ လက်တွေကို စင်အောင် ဆေးကြောနေပုံ ရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေက အ၀တ်အစား ပြောင်းလိုက်တာတခုတည်းနဲ့ မဲဆန္ဒရှင်တွေကို အယုံသွင်းလို့ရပြီလို့ ယူဆနေကြပါတယ်။ ဒါပေမယ့် သူတို့အပေါ်ထားတဲ့ မြန်မာနဲ့ နိုင်ငံတကာ ပြည်သူလူထုရဲ့ သဘောထားကတော့ ပြောင်းမှာ မဟုတ်ပါဘူး။ လူဆိုးဟာ လူဆိုးပါပဲ။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံခြားရေးမူဝါဒ (Foreign Policy) မဂ္ဂဇင်းရဲ့ ဇူလိုင်/သြဂုတ် စာစောင်ကို “လူဆိုးကြီးများအကြောင်း (The Bad Guys Issue)” လို့ အမည်ပေးထားတဲ့အပြင် မဂ္ဂဇင်း အဖုံးမှာလည်း ကမ္ဘာပေါ်က အဆိုးဆုံး အာဏာရှင်တွေကို ရည်ညွှန်းပြီး “ကမ္ဘာဖျက်မည့် ကော်မတီ (The Committee to Destroy the World)” လို့ ခေါင်းစဉ်တပ်ထားပါတယ်။

“လူဆိုးကြီးများအကြောင်း” စာစောင်ထဲမှာ “အဆိုးတကာ့ အဆိုးဆုံးများ (The Worst of the Worst)” လို့ အမည်ရတဲ့ ဆောင်းပါးတပုဒ် ပါရှိပါတယ်။ အဲဒီဆောင်းပါက “ယနေ့ ကမ္ဘာတဝန်း၌ အနည်းဆုံး အာဏာရှင် ၄၀ ဦး ရှိသည်။ ပြည်သူ သန်းပေါင်း ၁၉၀၀ ခန့်မှာ ယခုစာရင်းပြုစုထားသော အာဏာရှင် ၂၃ ဦး၏ သက်ဦးဆံပိုင် အုပ်ချုပ်ရေး စနစ်အောက်တွင် နေထိုင်လျက် ရှိကြသည်” လို့ ဆိုပါတယ်။

အဆိုးတကာ့ အဆိုးဆုံးထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တတိယအဆိုးဆုံးလို့ သတ်မှတ်ထားပါတယ်။ ပထမက မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအီးလ် ဖြစ်ပြီး ဒုတိယကတော့ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော်အာဏာကို သိမ်းပိုက်ထားတာ ၁၈ နှစ် ရှိပြီး ကင်မ်ဂျုံအီးလ်နဲ့ ရောဘတ်မူဂါဘီ တို့က ၁၆ နှစ်နဲ့ အနှစ် ၃၀ စီ အသီးသီး ရှိကြပါတယ်။

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို “အာဏာမှလွဲ၍ ခေါင်းထဲတွင် မည်သည့်အရာမျှ မရှိသည့် နှလုံးမဲ့ စစ်သား” လို့ ဆောင်းပါးထဲမှာ ခေါ်ဝေါ်သုံးစွဲထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် “ဖမ်းဆီးထောင်ချခြင်းများဖြင့် အတိုက်အခံအင်အားစုကို ချေမှုန်းခဲ့သည်။ ၂၀၀၈ ဆိုက်ကလုန်း နာဂစ် ဒုက္ခသည်များထံပေးမည့် လူသားချင်းစာနာသော အကူအညီများကို ငြင်းဆန်ခဲ့သည်။ သဘာဝဓာတ်ငွေ့ တင်ပို့မှု မှောင်ခိုဈေးကွက်မှတဆင့် ကြီးပွားချမ်းသာခဲ့သည်” လို့လည်း ဆောင်းပါးထဲမှာ ရေးသားထားပါသေးတယ်။

“ဤ မာနထောင်လွန်းသော ဗိုလ်ချုပ်ကြီးသည် ကိုယ့်ကိုယ်ကိုယ် ပေးအပ်ထားသော ဆုတံဆိပ်များဖြင့် တန်ဆာဆင်ထားသည့် ၀တ်စုံကို ၀တ်၍ ထောင်ထောင်ထောင်ထောင် လုပ်နေသော်လည်း မဲပုံးကို မျက်နှာချင်းဆိုင်ရန် လွန်စွာ သူရဲဘောကြောင်နေသူ ဖြစ်သည်” လို့လည်း ဆောင်းပါးက ဆိုပါတယ်။

ဒါ အရမ်းကို မှန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘယ်တော့မှ မဲပုံးကို မျက်နှာချင်း မဆိုင်ခဲ့တဲ့အပြင် နိုင်ငံတကာ ဒါမှမဟုတ်လည်း ပြည်တွင်း သတင်းဌာနတွေနဲ့ ဘယ်တော့မှ မတွေ့ခဲ့ဖူးပါဘူး (သူ့အရင် အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်က နိုင်ငံတကာ သတင်းဌာနတွေနဲ့ အကြိမ်အတော်များများ ဆုံဖူးပါတယ်)။ သူဟာ ဘယ်တော့မှ ပြည်သူလူထုနဲ့ လမ်းပေါ်မှာ မတွေ့ခဲ့ဖူးတဲ့အပြင် လူထုကိုလည်း ဘယ်သောအခါကမှ ရုပ်မြင်သံကြား ဒါမှမဟုတ်လည်း ရေဒီယိုကနေတဆင့် စကားမပြောဖူးပါဘူး။ ဒါအပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ထိပ်သီး အစည်းအဝေးတွေကိုလည်း ရံဖန်ရံခါ ဆိုသလောက်ပဲ တက်ရောက်သူ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်နေနေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတယောက် မပြီးသေးတဲ့ သူ့ရဲ့ ဒီဇိုင်နာအလုပ်ကို ဆက်လုပ်နေမှာဖြစ်ပါတယ်။ အခုဆိုရင် သူဟာ သူ့ရဲ့ ၀န်ကြီးတွေကို ရွေးကောက်ပွဲဝင်ဖို့ အမိန့်ပေးပြီး အနာဂတ် အစိုးရသစ်ကို ပုံဖော်နေပါတယ်။ အခုဓာတ်ပုံထဲမှာ သူတို့ရဲ့ လုံချည်အသစ်တွေကို ကြွားနေတဲ့ ၀န်ကြီးတွေထဲက အများစုကို လာမယ့်ရွေးကောက်ပွဲပြီးလို့ ခန့်အပ်မယ့် အစိုးရအဖွဲ့ အသစ်ထဲမှာလည်း ကျနော်တို့ တွေ့ကြရဖို့ များပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ရွေးကောက်ပွဲပြီးရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် စစ်ဝတ်စုံပဲ ဆက်ဝတ်မလား ဒါမှမဟုတ် အရပ်သားဝတ်စုံ ပြောင်းဝတ်မလား ဆိုတာပါပဲ။ စစ်ဝတ်စုံ ၀တ်ရင်တော့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး အရပ်သားဝတ်စုံ ၀တ်ရင်တော့ သမ္မတ ဖြစ်ပါလိမ့်မယ်။ ဘာပဲဝတ်ဝတ် သူက အကြွင်းမဲ့ အာဏာရှင် အဖြစ် ဆက်ရှိနေပါလိမ့်မယ်။

ရွေးကောက်ပွဲအပြီး မြန်မာ့ လူဆိုးကြီးရဲ့ ဖက်ရှင်ကို စောင့်ကြည့်ကြပါစို့။

A Fashion Show and the 'Bad Guys' by Kyaw Zwa Moe ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/3609-2010-07-12-10-47-02

Voice of Burma Information Group Issue No.770, July 11, 2010

VOB770KK

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အစိုးရဖွဲ့စည်းရန်

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အစိုးရဖွဲ့စည်းရန် အထူးသံကိုယ်စားလှယ်များ ပါဝင်သော အစိုးရဖွဲ့စည်းရေးဖြစ်မြောက်မူကော်မီတီ ဖွဲ့စည်းမှသာလျှင်

မြန်မာ့နိုင်ငံရေးပြသနာကို ဒီမိုကရေစီအတိုက်အခံများက တော်တော်ကြီး နားလည်ကြပါသည်။ သို့အတူ နိုင်ငံတကာမှ သမတတွေ အစိုးရတွေက ပိုသိကြသည်။ နောက်ဆုံးမှာ လုံခြုံရေးကောင်စီထိတိုင် ရောက်သွားပြီ ။ ဗီတိုအာဏာဖြင့် ပယ်ချသောကြောင့် တရုပ်နှင့် ရုရှားနှစ်နိုင်ငံစလုံးအကြောင်းကိုလည်း နောကြေနေကြပါပြီ။ ထို့ကြောင့် နိုင်ငံတကာဖိအားများကို လုပ်စရာမလိုတော့ပြီဟု တချို့ က ယေဘူယျ သတ်မှတ်ကြပါသည်။ ပြည်တွင်းမှ ပြသနာများကို ပြည်တွင်းမှပင် ရှင်းကြရန်လိုသည်ဟု သိနားလည်ကြသေးသည်။ စင်စစ်ပြည်သူ့အားသည် ပြည်တွင်းမှာပင် ရှိသည်ဟု ဆိုကြပါသည်။
ကျွန်တော်တို့သည် နိုင်ငံတကာအပြင်တွင် ရောက်ရှိနေထိုင်ကြပါသည်။ အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး လှုပ်ရှားကြပြီးပါပြီ။ တချို့ မှာ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး လှုပ်ရှားကြပါသည်။ တချို့ က ကုလသမဂ္ဂမှ ဖယ်ရှားရန် စစ်အစိုးရကို နှင်ထုတ်နိုင်ရန် ကြိုးစားကြပြီးပါပြီ။ နောက်ဆုံးမှာ နိုင်ငံတကာစစ်ရာဇ၀တ်ရုံးမှာ စစ်ရာဇ၀တ်ကောင်အဖြစ် တရားစွဲဆိုနိုင်ရန် တောင်းဆိုကြပါပြီ။ အားလုံးသောပြသနာမှာ စစ်အစိုးရကို ဖြုတ်ချရေးဖြစ်ပါသည်။ ကံတရားသည် ကျွန်တော်တို့အပေါ် မျက်နှာသာ မပေးလာသေးပါ။
တခုတော့ရှိပါသည်။ မည်သူမျှ ထိုင်၍မနေကြသည်မှာတော့ သိသာနိုင်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အပြင်းအထန်ကြိုးစားနေကြပါသည်။ နိုင်ငံတကာမှ မသိအမှတ်မပြုဟု ဆိုသောအသံတွေကိုလည်း ကြားနေရပြီ။ ကျွန်တော်တို့မှာ ယခုမှမဟုတ် ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သပိတ်မှောက်ကြသူများဖြစ်သည်။ ခုတော့လည်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ကြိုးစားသူများဖြစ်ပါသည်။ တနေ့က အင်တာနတ်ပေးပို့သော သတင်းတခုမှာ အဖွဲ့အစည်းတခုကို ရည်ရွယ်ပြီး တိုက်ခိုက်ရေးသားလာသော စာတပုဒ်ကို ဖတ်မိပါသည်။ အောက်တန်းကျလှသော ယင်းစာရေးသူကို ပြန်၍ မချေပချင်ပါ။ သို့သော် ဒီမိုကရေစီအတိုက်အခံများသည် နည်းလမ်းပေါင်းစုံဖြင့် စစ်အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းနေခြင်းအပေါ် မည်သည့်အတွက်နှင့် တိုက်ခိုက်ဝေဖန် နေရသနည်းဟု စဉ်းစားမိပါသည်။
ပြည်တွင်းမှ ပုဂ္ဂိုလ်များက ရွေးကောက်ပွဲနှင့် ပါတ်သက်၍၄င်း၊ စစ်အစိုးရကို ဖြုတ်ချရေးနှင့် ၄င်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား စစ်ရာဇ၀တ်ကောင်အဖြစ် ခုံရုံးတင်စစ်ဆေးရန်ကြိုးပမ်းနေခြင်းရှိပါက ပြန်လှန်ချေပ ရေးသားနိုင်ကြပါသည်။ ယခုမူ ပြည်ပမှာနေထိုင်ပြီး ဒီမိုကရေစီအတိုက်အခံများအား ဝေဖန်ပုတ်ခတ်ရေးသားနေခြင်းမှာ လွန်လွန်းလှပါပြီ။ ထို့ကြောင့်လည်း ကျွန်တော့်မှာ ဆောင်းပါးများကို ရေးသားပြီး ဘလော့တွေ ၀ပ်ဆိုက်တွေမှာ မရေးသားချင်တော့။ ရန်သူစစ်အစိုးရသိသွားရအောင် ပြည်ပကသတင်းပေးတွေ အများကြီး ရှိနေကြပါပြီ။
၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးရေးနည်းလမ်းထဲက တခုမှာ နိုင်ငံရေးပေါ်လီစီ တခုကို အလျှင်အမြန်အကောင်အထည် ချမှတ်ရေးဖြစ်ပါသည်။ ယင်းနည်းလမ်းမှာ သည်သို့ဖြစ်သည်။

( ၁ ) ဒီမိုကရေစီအတိုက်အခံများထဲမှ မြန်မာနိုင်ငံဆိုင်ရာအထူး သံတမန်ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်ခန့်ထားရေး ။
( ၂ ) အထူးသံကိုယ်စားလှယ်များပါဝင်သော စင်ပြိုင်သို့မဟုတ် ကြားဖြတ်အစိုးရ ဖွဲ့စည်းဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရေး။
( ၃ ) ယင်းကိုယ်စားလှယ်များအဖွဲ့မှ သက်ဆိုင်ရာနိုင်ငံများမှ တက်ကြွသူများနှင့် ပူးပေါင်းဆောင်ရွက်သွားရေး ။
( ၄ ) အထူးသံတမန်ကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များမှာ အမြန်ဆုံး ( ၃ ) လအတွင်း အကောင်အထည်ဖေါ်ရေး။

ရှင်းလင်းချက်များ

ဒီမိုကရေစီအတိုက်အခံများမှ သံတမန်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခန့်အပ်ခြင်းကို မိမိတို့နိုင်ငံမှ လူအများယုံကြည်ထောက်ခံသော ပုဂ္ဂိုလ်များအား ရွေးချယ်ဆုံးဖြတ်ပေးရန်လိုပါသည်။ အဓိကမှာ နိုင်ငံရေးရေစီးကြောင်း
ကောင်းမွန်သော တနည်းအားဖြင့် နိုင်ငံတကာအစိုးရများမှ သိရှိကြသော တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များကို ခန့်အပ်ရန်လိုသည်။ ယင်းပုဂ္ဂိုလ်များ၏ လုပ်ငန်းစဉ်မှာ စင်ပြိုင် အစိုးရဖွဲ့စည်းရေး
သို့မဟုတ် ကြားဖြတ်အစိုးရဖွဲ့စည်းရေး ဖြစ်ပါသည်။ ထိုသို့ဖွဲ့စည်းနိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရန်လိုပါသည်။ ဖြစ်မြောက်ရေးကော်မီတီက တာဝန်များကို ထမ်းဆောင်နိုင်မှသာ စင်ပြိုင်သို့မဟုတ် ကြားဖြတ်
အစိုးရဖွဲ့စည်းနိုင်မည်ဖြစ်ပါသည်။

အထူးသံတမန်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာနိုင်ငံများတွင် တက်ကြွသူများနှင့် ပူးပေါင်းဆောင်ရွက်ထားရန်လိုသည်။ သံကွင်းဆက်ပမာ လှုပ်ရှားနိုင်ရေးအတွက် လှို့ ဝှက်ဖွဲ့စည်းရန်ဖြစ်ပါသည်။ ဤသို့ဖွဲ့
စည်းခြင်းကို မည်သူတဦးတယောက်ကိုမျှ အသိပေး အကြောင်းကြားရန် မလိုအပ်ချေ။ မီဒီယာ သမားများထံသို့လည်း အသိပေးရန်မလိုချေ။
သို့သော် သက်ဆိုင်ရာနိုင်ငံများ၏ လွှတ်တော်အမတ်များ။ သမတများ။ အစိုးရအဖွဲ့ဝင်များ။ အတိုက်အခံပါတီများမှ လှါတ်တော်ကိုယ်စားလှယ်များထံတွင် တွေ့ဆုံဆွေးနွေးရန် တင်ပြစဉ် မိမိတို့ကိုယ်ရေးအကျဉ်း
များကို ပြုစုပြီး သက်ဆိုင်သူများ သိရှိစေရန် ပေးပို့ထားရမည်ဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံတကာ သံခင်းတမန်ခင်း လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပါသည်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်မှာ ( ၃ ) လအတွင်းသာ ဖြစ်ပါသည်။

အစိုးရဖွဲ့စည်းဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရခြင်းအကြောင်း ။ ။။။။
×××××××××××××××××××××××××××××××××××××××--

ကျွန်တော်တို့မှာ အခါခပ်သိမ်း အရပ်သားအစိုးရဖွဲ့စည်းရေးကို တောင်းဆိုဆန္ဒပြကြပြီးဖြစ်ပါသည်။ သို့သော် အရာမထင်ခဲ့။ ထို့ကြောင့် ကျွန်တော်တို့၏ မြန်မာနိုင်ငံအရေးကို ပိုမိုသိရှိကြသော အစိုးရများကို ပြောစရာစကား မရှိတော့။ တခုသာရှိသည် ။ ကျွန်တော်တို့ တိုက်ပွဲကို အရှိန်အဟုန်မြှင့်မြှင့် ဆောင်ရွက်ရန်လိုပါသည်။
ကမ္ဘာ့ကုလသမဂ္ဂနှင့် ပြောစရာမလိုတော့။ လုံခြုံရေးကောင်စီနှင့် ပြောစရာမလိုတော့ ။
အဓိက လိုအပ်သည်မှာ ကျွန်တော်တို့ သက်လုံကောင်းဖို့ လိုပါသည်။
သတ္တိရှိဖို့ လိုပါသည်။ ရဲရင့်ဖို့ လိုပါသည်။
ပြတ်သားဖို့လိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိန်အစိုးရနှင့် စကားပြောစဉ် တနှစ်အတွင်း လွပ်လွပ်ရေးပေးရမည် ဆိုသော စကားနှင့် စပါသည်။ ရရင်ရ မရရင်ချ ဆိုသောစကားသည် နိုင်ငံရေဒစကားဖြစ်ပါသည်။
ယခုလည်း ကျွန်တော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရမှ ပြုလုပ်ပြီး အစိုးရဖွဲ့လျှင် နိုင်ငံတကာမှ အသိအမှတ်မပြုဟု ပြောဆိုနေကြပါသည်။
ယင်းမှာ ကျွန်တော်တို့၏ အထူးသံတမန်များက ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါသည်။
( ၁ )
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်စားအစိုးရကို အသိအမှတ်မပြုဆိုလျှင်
( ၂ ) ဒီမိုကရေစီအတိုက်အခံများမှ ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရ သို့မဟုတ် ကြားဖြတ်အစိုးရကို အသိအမှတ်ပြုမည်လားဟု မေးစရာသာ ရှိပါသည်။ အသိအမှတ်ပြုမည်ဟု ပြောသောစကားကို ပြည်တွင်းသို့ ကျွန်တော်တို့က
စင်ပြိုင်သို့မဟုတ် ကြားဖြတ်အစိုးရတွင် ပါဝင်မည့်သူများအား လှို့ ဝှက် သတင်းပေးပို့ရုံသာ ရှိပါသည်။

ထို့ကြောင့် အမေရိကန်အစိုးရအပါအ၀င် နိုင်ငံတကာများနှင့် ထိတွေ့ဆက်ဆံဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကိုယ်စားလှယ်များ အဖွဲ့ကို အမြန်ဆုံးခန့်အပ်ရွေးချယ်ကြရန်လိုပါပြီ။

ဤသည်မှာ ကျွန်တော်တို့၏ နိုင်ငံရေးပေါ်လီစီတခုဖြစ်ပါသည်။ ဤ ပေါ်လီစီကိုကျင့်သုံးသည့်အခါ မည်သူမျှ အာဏာရာထူး အကျိုးခံစားရရှိမည် မဟုတ်။
တချိန်တည်းမှာ ယုံကြည်သူများက ပူးပေါင်းဆောင်ရွက်နိုင်ကြပြီး မယုံကြည်သူများက မိမိတို့၏ ပေါ်လီစီများနှင့် အမြန်ဆုံးမြန်မာနိုင်ငံကို ဒီမိုကရေစီရရှိအောင် ဆောင်ရွက်နိုင်ကြပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )
၇- ၇- ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ အခမ်းအနား ( ကိုရီးယား )





လေးစားစွာဖြင့်

http://flyingpeacock.blogspot.com/

http://www.facebook.com/flyingpeacock

ညနေစောင်းနွံမှာ နစ်သည့်ကြာ နှင့်အမေရိကန်သံရုံး

ညနေစောင်းနွံမှာ နစ်သည့်ကြာ ဇတ်ကားရိုက်ကူးရန် ဒါရိုက်တာ တင်သန်းဦးကို တိုက်တွန်းရတော့မှာမို့

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအသွင် ကူးပြောင်းရေးအတွက် ခြေလှမ်းတရပ်မဟုတ်။ ခွေးကတက်မဟုတ်။ တဆင့်နီးစပ်သည့် နိုင်ငံရေးလမ်း မဟုတ်။ ဗြောင်လိမ်ထားသော လုပ်ကြံမှူသက်သက်။ မြန်မာနိုင်ငံမှာ စစ်အစိုးရက ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ တကြိမ်လုပ်ခဲ့ပြီးပြီ။ ယင်းရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပြီ။ ပြည်သူတွေက လွပ်လွပ်စွာမဲပေး၍ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သမိုင်းအမှန်ဖြစ်သည်။ ယခု၂၀၁၀ ခုနှစ် ရွေးကော်ပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။ ထို့ကြောင့် ဤရွေးကောက်ပွဲသည် ခွေးကတက်မဟုတ်။ လမ်းစမဟုတ်ကြောင်း ပြောဆိုရခြင်းဖြစ်သည်။ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ဒါရိုက်တာတင်သန်းဦးရိုက်ကူးသည့် အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇတ်ကားထဲက ခန့်စည်သူပြောသောစကားမှာ စစချင်း လူတိုင်းရင်ကို ဆောက်နှင့်ထွင်းလိုက်သည်။ ယင်းမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေကို တခဲနက် ထောက်ခံမဲပေးခဲ့ကြသည်ဟု ပြောခြင်းဖြစ်သည်။ ၁၉၇၄ ခုနှစ်သည် မဆလပါတီ၏ အဆိုးရွားဆုံး တပါတီအာဏာရှင်စံနစ်ကို ကျင့်သုံးနေချိန်ဖြစ်သည်။ဒါရိုက်တာတင်သန်းဦး နေထိုင်သောပြည်နယ် မြို့ နယ်တွင် မည်သူက ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသည်ကိုမျှ သူကိုယ်တိုင်ပင် မသိရှိခဲ့သူဖြစ်သည်.။ လူတိုင်းလူတိုင်းသည် မည်သူမှန်းမသိသော လွှတ်တော်ကိုယ်စားလှယ်ကို မြူသည်မဲသည် မသိ ။ ယင်းအချိန်က ကျွန်တော်တို့ မှာ ဘာမျှမသိဘဲ မမြင်ဖူးပါဘဲ မဲပေးခဲ့ရသည်။ ၄င်းမှာ စစ်အစိုးရကို ကြောက်၍ မဲပေးခဲ့ရခြင်းဖြစ်သည်။ ဤသည်ကို ဒါရိုက်တာတင်သန်းဦးက တနိုင်ငံလုံးက မဲကိုကြိုက်၍ တခဲနက်ထောက်ခံ ပေးခဲ့ကြသည် ဆိုရာ သမိုင်းကို အတိအကျ လိမ်ခြင်းဖြစ်သည်။
ဗိုလ်နေ၀င်းရှုပ်သမျှ စာအုပ်ကျတော့ မဖတ်ရဆိုပြီး အကွဲအပြဲစာအုပ်ကတော့ ဖတ်ကြည့်ခိုင်းသော ဇတ်ဝင်ခန်းမှာမူ ဟာသဖြစ်နေသည်။ တော်ပါသေးသည်။ ပြည်ပမှထုတ်ဝေနေသော စာအုပ်စာတမ်းများကို နအဖစစ်အုပ်စုက သူတို့လက်ထဲတွင် ယင်းစာအုပ်များကို ၇ရှိထားပါသည်ဟု ဖေါ်ပြခြင်းကို ၀မ်းမြောက်စွာ ကြိုဆိုလိုက်ရသည်။ မိုးလုံးပြည့်မုသားဝါဒ စာအုပ်များကိုလည်း သူတို့မှာ သေသေချာချာ ပုံနှိပ်ထုတ်ဝေခဲ့သည်ကိုလည်း ကျေးဇူးတင်ရပါသေးသည်။ ချည်မျှင်နှင့့်် အထည်စက်ရုံမှ အလုပ်သမားများမှာ ရေဒီယိုနားထောင်ပြီး သတင်းများရေးသားကူးယူကာ ထောက်လှမ်းရေးဌါနသို့ ပေးပို့နေရသည်မှာ ယခုထိတိုင်အောင် လုပ်နေရပါသည်ဟု မကြာသေးခင်က ပုဂ္ဂိုလ်တဦးပြောပြပါသည်။
ယင်းစာအုပ်များကို ရေးသားကြခြင်းအား မီဒီယာသမားတွေက ၀ါဒဖြန့်ချီနေသည်ဟု ဆိုထားပြန်သည်။ စင်စစ်တင်သန်းဦးသည် ငါ့စကားနွားရလုပ်လိုက်ခြင်းဖြစ်သည်။ ရုပ်ရှင်ဒါရိုက်တာကောင်းတဦးအနေနှင့် ရိုက်ပြနေခြင်းမဟုတ်ဘဲ စစ်အစိုးရအတွက် မီဒီယာလက်နက်ကို တိကျစွာအသုံးချခြင်းဖြစ်သည်။ရဲများအတွက် ပြသနာတခုမှာ ပြည်သူ့ရဲကို ကျီးကန်းဟု နာမည်ပေးလိုက်သေးသည်။ ကျီးကန်းဆိုသည်မှာ သူခိုးမျက်စိဖြင့် လူကို စောင်းကြည့်နေတတ်သည်ကို သူခိုးကျင့်သူခိုးကြံရှိသည်ဟု ခိုင်းနိုင်းပြောဆိုလိုက်သည်။ ထို့ကြောင့် ဒါရိုက်တာတင်သန်းဦးက ရဲများကို ကျီးကန်းဟု နာမည်ဘွဲ့တလုံးပေးလိုက်သည်မှာ ရဲတဖွဲ့လုံးကို စော်ကားလိုက်သလိုဖြစ်ပြန်သည်။
ပြီးတော့ ခိုင်သင်းကြည်ပြောသလို အများနည်းတူလိုက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးလို့ မဲအနိုင်ရရှိခြင်းမဟုတ်။ ယင်းတုံးက မဲပေးသော ခိုင်သင်းကြည်သည် ဘာကြောင့် မဲပေးသည်ကို ကနေ့ပြည်သူတွေအား ၀န်ခံ ထုတ်ဖေါ်ပြောဆိုရန်လိုသည်။ သမိုင်းကိုလိမ်မှန်းသိရဲ့ သားနှင့် ပြည်သူချစ်သော အနုပညာသည်များက ဤသို့ပြောဆိုကြလျင် ထမင်းရှင်မျက်နှာကို မထောက်သော လူတန်းစားမျိုးဖြစ်သည်။ ခွေးတိရစ္တာန်များတောင်မှ သခင်ကိုသိကြသည်။ ထို့ကြောင့် ခွေးထက်အသိညာဏ်ရှိသော ခိုင်သင်းကြည်သည် ၁၉၉၀ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရခြင်းအကြောင်းအား ပြတ်သားစွာ ရှင်းလင်းပေးရန်လိုသည်။ ဒါရိုက်တာ တင်သန်းဦးမှာ မဲပေး၍ အာဏာမရရှိခဲ့မူအကြောင်းကို သို့မဟုတ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖေါ်ပေး၍ ခုအချိန်ထိ ပြသနာဖြစ်နေသည်ကို ရေငုံနုတ်ပိတ်ထားလိုက်သည်။ သမိုင်းအမှန်ပြနေပါလျှက် ဘာတခုမျ ဇတ်ဝင်ခန်းအတွင်း ထည့်မပြောခဲ့။
ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းသောအခါ သမတစပ်ရွှေသိုက်အိမ်တွင် သေနတ်ဖြင့် ပစ်သတ်၍ ဖမ်းဆီးမှူကြောင့် သမတ၏သားမှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ အာဏာသိမ်းပြီး ၅ လအကြာ ဇူလိုင်ရ ရက်နေ့တွင် ကျောင်းသားများကို ရက်ရက်စက်စက် တက္ကသိုလ်ကျောင်းဝင်းအတွင်း သတ်ဖြတ်သည်။ ညဉ့်သန်ခေါင်တွင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ကျောင်းသားများ ပုန်းအောင်းနေသည့်အထင်ဖြင့် ဒိုင်းနမိုက်နှင့် ဖြိုခွဲပစ်ဖေါက်လိုက်သည်။ ဒါရိုက်တာတင်သန်းဦးသည် ဘာကြောင့်များ သမိုင်းဖြစ်ရပ်အမှန် ဆိုပြီး ယင်းအကြောင်းများကို ခန့်စည်သူအား သရုပ်ဆောင်ရန် မပြောကြားခဲ့ပါသနည်း။ သမိုင်းဆိုသည်မှာ လိမ်၍ညာ၍မရ။ ၄င်းပြသနာတို့မှာ မကြာသေးသောအချိန်များကသာဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ် ၂ ရက်အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာ ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဆန်ပြသနာအရေးအခင်းဖြစ်ခဲ့သည်။ ယင်းနေ့တွင် ဆန်ကိုရောင်းချပေးပါဆိုသော ကျွန်တော်တို့ ရခိုင်လူမျိုးများအား ရာကျော်ပစ်သတ်ခဲ့သည်။ သြဂုတ် ၁၃ ရက်နေ့သည် ကျွန်တော်ပြုလုပ်သော ဆန်ပြသနာ ဖြေရှင်းပါ- ရခိုင့်အရေးတော်ပုံအောင်ရမည် ဆိုသော - ပိုစတာဆိုင်းဘုတ်ဖြင့် စတင်ချီတက်ဆန္ဒပြခဲ့သောနေ့ဖြစ်သည်။ ယင်းနေ့တွင် လူပေါင်းများစွာ သေဆုံးခဲ့ကြသည်။ ဤအကြောင်းကို သမိုင်းဖြစ်ရပ်မှန်ဇတ်လမ်းဆိုပြီး ဒါရိုက်တာလုပ်ပြီး ပြနေသော တင်သန်းဦးသည် ဘာကြောင့်များ ထိမ်ချန်ပြီး ထားခဲ့ပါသနည်း။
၈၈ အရေးအခင်းသည် ဦးနေ၀င်း၏ စစ်တပ်ဆိုတာ လူကိုတည့်တည့်မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး ဆိုပြီး အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခိုင်းခဲ့သောကြောင့် သွေးစွန်းခဲ့ရသော နေ့ရက်များဖြစ်သည်။ ယင်းကာလက စစ်တပ်သည် ပြည်သူပေါင်းများစွာကို ထောင်နှင့် ချီ၍ ပစ်သတ်ခဲ့သည်။ ပြည်သူတို့မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးရသည်။ တိုင်းတပါးများသို့
ဒုက္ခသည်များအဖြစ် ရောက်ရှိနေသော မြန်မာနိုင်ငံသား ဒုက္ခသည်များကို အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုပြီး ရိုက်ခြင်းထက် ညနေစောင်းမှာ နွံနစ်သည့်ကြာ ဆိုပြီး ရိုက်လျင် မိန်းခလေးများ၏ ဘ၀သည် မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ပီပြင်စွာ သရုပ်ဆောင်ပြသကြမည်ဖြစ်သည်။ ၈၈ မှသည် ယခုအချိန်ထိ ပြည်ပနိုင်ငံခြားတွင် မြန်မာနိုင်ငံသားတို့မှာ ဒုက္ခသည်ဖြစ်နေကြရသည်မှာ သန်းနှင့်ချီ၍ ရှိနေပါပြီ။ ယင်းဒုက္ခသည်တို့မှာ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မူကြောင့် ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံရေးသမားတွေကြောင့် တော့ မဟုတ်တန်ရာ။ အဘယ့်ကြောင့် သမိုင်းဖြစ်ရပ်မှန်ကို ဒါရိုက်တာတင်သန်းဦးမှာ မျက်မှောက်ကာလ၌ ပြည်သူတွေ ခံစားနေကြသည်ကို မရိုက်ပြရဲပါသနည်း။၁၈ နှစ်ပြည်လျင် မဲပေး၍ရပြီဟု ပြောနေသည်မှာ ယင်းဇတ်ကား၏ အနှစ်သာရထင်သည်။ ပါဝင်သူတိုင်း ပြောနေကြသည်။ မည်သူ့ကို မဲပေးချင်သည်ကို သားသမီးများအား မိဘများက ပြောဆိုခန်းမပါ။ မြန်မာနိုင်ငံရေးသမိုင်းအကြောင်းကို ရှင်းလင်းပြနေသော ခန့်စည်သူနှင့် ခိုင်သင်းကြည်မှာ ကြ့ဖွံ့ကိုလည်း မဲပေးရန် မပြော။ တစညကိုလည်း မဲပေးရန်မပြော။ မည်သည့်နေ့မှာ ရွေးကောက်ပွဲပြုလုပ်ရန်လည်း မပြောမဆို။ သည်တော့ ၀ါဒဖြန့်ချီရာ၌ပင် ကွက်လပ်တွေက ဟာနေသည်။ စစ်အစိုးရကြိုက်အောင် အသက် ၁၈ နှစ်ပြည့်ပြီ ဆိုလျှင် ပင် လုံလောက်နေပြီဟု ထင်သည်။ သို့သော် ဤနေရာ၌ ဒါရိုက်တာတင်သန်းဦး အမှားကြီး မှားသွားပြီဖြစ်သည်။ ဗီဒီယိုရုပ်ရှင်ကြည့် ပရိတ်သတ်တို့သည် မဲပေးရန် ၁၈ နှစ်ပြည့်ပြီ ဆိုသောစကားကို ကြည့်နေချိန်အတွင်းမှာပင် ရယ်ကြသည်။
အကြောင်းမှာ ၁၈ နှစ်ပြည့်ပြီဆိုသော သူတို့မှာ ဘယ်တော့မဲပေးရမှာလဲ ဆိုသောမေးခွန်းကို မပြောကြ၍ဖြစ်သည်။ မဲပေးမည်ဟုပြောသောသူတို့မှာလည်း ဘယ်သူ့ကို မဲပေးချင်သည်ဟု ထုတ်မပြော။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို မ၀င်။ မှတ်ပုံမတင်။ သပိတ်မှောက်ထားသည်။ ထို့ကြောင့် အခြားပါတီများကို မဲပေးချင်သည်ဟု ပြောဆိုဆွေးနွေးခြင်းမျိုးမတွေ့ရ။ ဒါရိုက်တာတင်သန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်နာမည်အား ယင်းကား၌ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဟု ခန့်စည်သူအား သရုပ်ဆောင်ခိုင်းရာ၌ ထည့်သွင်းပြောဆိုခိုင်းရမည်ဖြစ်သည်။ သို့သော် မခိုင်းခဲ့။ သမိုင်းကို ဗြောင်လိမ်ပြီး စစ်အစိုးရအကြိုက် လိုက်ရသော ဤဒါရိုက်တာတင်သန်းဦးမှာ သန်းရွှေထက်ပင် ကြောက်စရာကောင်းသော မီဒီယာလူသတ်သမားဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ အပြစ်မဲ့ပြည်သူကို သူအာဏာရရှိရေးအတွက် လူဦးရေအလိုက်သတ်သည်။ ယခုဒါရိုက်တာ တင်သန်းဦးမှာ ငယ်ရွယ်နုပျိုသော မြန်မာနိုင်ငံသားလူမျိုးတမျိုးလုံးအား သမိုင်းအမှားကို နောင်မျိုးဆက်ပေါင်းများစွာ အမှတ်မှား အသိမှားဖြစ်အောင် ဥဏှောက်ဖျက်ဆီးသမားဖြစ်သည်။
ယခုအချိန်သည် ဗကပ၏ နေ၀င်ချိန်မဟုတ်။ နအဖစစ်အစိုးရ၏ နေ၀င်ချိန်ဖြစ်သည်။ ဗကပမှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ရှိခဲ့သည်ကို ငြင်းဆိုသံမကြားဖူး။ တကယ်ဖြစ်ပျက်ခဲ့သော သူတို့ပါတီ၏ အကြောင်းကို မည်သည့်အတွက်ကြောင့် ယင်းကား၌ ပြသနေရသနည်းမသိ။ တခုတော့ရှိသည်။ လွပ်လွပ်ရေးမှာ အတုအယောင်ဘဲ ဆိုသောစကားသည် ယင်းကား၌ အကောင်းဆုံးပြောင်မြောက်သော စကားဖြစ်သည်။ မည်သို့ပင်ဆိုစေ အာဏာရှင် ဦးနေ၀င်းအကြောင်းကိုလည်း မကောင်းမပြော။ လက်ရှိလူသတ်သမားဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းကိုလည်း ဆိုးဆိုးကောင်းကောင်း မပြောသည်မှာတော့ သမိုင်းဖြစ်ရပ်မှန်မဟုတ်။
ဗိုလ်ချုက်မှူးကြီးစောမောင်တို့ ဗိုလ်ချုပ်ချင်ညွန့် အကျယ်ချုပ်နှင့် အဖမ်းဆီးခံနေရပုံတွေကို ရိုက်ပြမှ သင့်တော်မည်ဖြစ်သည်။ သို့သော် ယခုပြသောကားမှာ လူငယ်မောင်မယ်များနှင့် ပြည်သူတို့အား မြန်မာနိုင်ငံရေးသမိုင်းဖြစ်ရပ်မှန်ကို ပြသသောဇတ်ကားမဟုတ်ချေ။ တနည်းအားဖြင့် ဖျော်ဖြေရေးပြသော ကားမဟုတ်ပြန်သောကြောင့် မီဒီယာဝါဒဖြန့်ချီရေးကားသာဖြစ်သည်။ ဆိုရလျင် ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက လုပ်ချင်နေသည်။ လူတွေကို မဲပေးစေချင်သည်။ ကြံ့ဖွံ့ကို မဲပေးရန်အထူးလိုလားနေသည်။ ကြ့ဖွံ့နျင့် တစညတို့သည် စစ်အစိုးရ၏ ပါတီဖြစ်သည်။ မသိနားမလည်သောသူများက ကြံ့ဖွံ့ကိုမပေးချင်ပြီး တစညကို မဲပေးလျင်လည်း စစ်အစိုးရကို မဲပေးခြင်းဖြစ်သည်။ သူတို့မှာ တွက်ချက်ထားကြပြီးဖြစ်သည်။
ယခုလက်ရှိဝန်ကြီးချုပ်သိန်းစိန်သည် နယူးယောက်မြို့ မှာ ဖိနပ်စာမိသွားသူဖြစ်သည်။ ကုလသမဂ္ဂညီလာခံကို တက်ရောက်ရန်လာကြစဉ် သိန်းစိန်ကော ညာဏ်ဝင်းပါ ဖိနပ်ဖြင့် ပစ်ပေါက်ခံသွားရ၍ အမေရိကန်ရဲများက တင်းကြပ်စွာခေါ်သွားရပြီး ကားဖြင့်နောက်ဖေးဘက်က လှည့်ပါတ်ထွက်ပြေးခဲ့ရသူဖြစ်သည်။ ယင်းဖိနပ်သိန်းစိန်မှာ ကြံ့ဖွဲ့ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ တွေးကြည့်က သိနိုင်သည်။ စင်စစ်မှာ ရွေးကောက်ပွဲကို ပြုလုပ်ချင်နေသောသူတို့မှာ ဗကပသည် အဖျက်သမားများဟု ပြောလိုသည်လားမပြောတတ်။ မျက်မှောက်ကာလမှာမူ ဗကပနှင့် နအဖစစ်စစ်အစိုးရတို့ ပြသနာမဟုတ်ချေ။ ဗကပကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မပြိုင်။ အသိအမှတ်လည်းမပြု။
ဦနုအစိုးရခေတ်နှင့် တပါတည်းဖြစ်ခဲ့သော ပြည်တွင်းစစ်ပြသနာများကို ပြနေသည်မှာ ဘာကြောင့်များမှန်းတော့မသိ။ သို့သော် သူတို့ပြောနေသောစကားတခွန်းမှာ နိုင်ငံရေးသမားတွေက နိုင်ငံရေးလုပ်စား၍ နိုင်ငံပျက်စီးသွားရခြင်းဟု ပြသနေခြင်းမှာ တမျိုးဖြစ်နေသည်။ တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတက်လာသည်ကို တခွန်းသာပြောပြီး အပြစ်မဲ့ပြည်သူများအား သတ်ခဲ့ရခြင်းကို ဘာမျ မပြောချေ။ ငြိမ်းချမ်းရေးအတွက် ၁၉၆၃ ခုနှစ်မှာ လာခဲ့ကြသည်ကိုလည်း ပြသထားသည်ကိုကတပ်မတော်အစိုးရက ငြိမ်းချမ်းရေးကိုပင် လိုချင်၍ တော်တော်ကြီး လုပ်ခဲ့ရသလိုပင်ဖြစ်သည်။ ၈၈ ခုနှစ်အရေးအခင်းကာလကို ပြသသည့်အခါမှာလည်း ခေါင်းဖြတ်သောသတင်းကိုပြလိုက်သေးသည်။ စစ်တပ်မှ လူသတ်သည့်အကြောင်းအရာများ တစက်မျ မပါ။ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပုံများမပါ။ တချိန်တည်းမှာ ဦးနုက စင်ပြိုင်အစိုးရဖွဲ့အစည်းအကြောင်းကို မပြသ။ အထုသဖြင့် ရွေးကောက်ပွဲပြုလုပ်သောအခါ အရွေးမမှားဖို့ ၊ဥဏှောက်နှင့် အသိတရားနှင့် ယှဉ်ပြီးစဉ်းစားပြီး မဲထည့်ပေးဖို့ ခန့်စည်သူကြေ့ပသွားသည်။ သည်တော့ အရွေးမှန်အောင် ဘယ်သူ့ကိုများ မဲပေးရမှာလဲဆိုသောစကားကို ဒါရိုက်တာတင်သန်းဦးက ဘာကြောင့်များ မပြောဝံ့သနည်း ။ နောက်ဆုံးမှာ ၀ါဒဖြန့်ကားသက်သက်ဖြစ်ကြောင်း နအဖစစ်ဗိုလ်ချုပ်လူသတ်သမားတွေ၏ ပုံတွေကိုဘဲ ပြနေသည်။ လူတွေစီးပွါးရေးကျဆင်းလို့ ချွတ်ချုံကျနေသည်ကို တခွန်းမျှမပြောဘဲ တံထားတွေ ဆောက်။ တိုက်တွေ ဆောက်ခြင်းများ အဖက်လုပ်ပြီး ပြောနေသည်မှာ ရီစရာဖြစ်နေပါသည်။
ပြည်တွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြသနာဖြစ်နေသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ပေး၍ နအဖစစ်အစိုးရမှာ ဖင်ပူနေရသည်။ ရာဇပလ္လင်မြဲအောင် မနဲကြိုးစားနေရပါသည်။ တနေ့ကံဆိုးသောနေ့တွင်မူ အ၀ီစီချောက်ထဲထိုးကျလျင်တောင်မူ ချက်ချင်းပေးလွှတ်ကြမည် မဟုတ်။ လည်ပင်းကြိုးကွင်းစွပ်ပြီး မသေမချင်းရုံးတင်တရားစွဲဆိုကြအုံးမည်ဖြစ်ပါသည်။ ယင်းမှာသမိုင်းဖြစ်ရပ်မှန်ဖြစ်သည်။ ဤသည်မှာ မျိုးဆက်သစ်လူငယ်များ သိသင့်သိထိုက်သော သမိုင်းအစစ်အမှန်ဖြစ်သည်။ ဒုတိယပြသနာမှာ ကျောင်းသားများဖြစ်သည်။ ၈၈ အရေးအခင်းတွင် ကျောင်းသားများစွာ ထောင်ထဲရောက်ကုန်သည်။တက္ကသိုလ်ကျောင်းသားများ တောထဲတောင်ထဲမှာ သေဆုံးကုန်ကြရသည်။ ပြည်ပမှာကျောင်းသားတို့ လက်နက်ကိုင် တော်လှန်ရေးလုပ်နေကြသည်။ တတိယပြသနာမှာ ၂၀၀၇ ခုနှစ် ရွေဝါရောင်အရေးအခင်းမှ ရဟန်းသင်္ဃာများဖြစ်သည်။
နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးကြရန် အထူးကြိုးစားနေသည်ကိုတွေ့ရသည်။ သေချာပြီဆိုလျင် မဲပေးရမည့်နေ့ကို ကောက်ကာငင်ကာ ကြေညာမည့်သူများဖြစ်သည်။ စစ်အစိုးရကို ဖါး၍ရွေးကောက်ပွဲကိုဝင်မည့် ပါတီများမှာ အရိုးများသည်။ ချေးများသည်ဆိုပြီး စကားပြောနေပါသည်။ နိုင်ငံခြားတိုင်းပြည်များသို့ပင်ထွက်ပြီး ရွေးကောက်ပွဲဝင်ရေးကို အားရပါးရြေ့ပာဆိုကြပါသေးသည်။ ခုတော့မူ ယင်းငဖါးပါတီများသည် ညီးညူသည်တောင်မှ အဖျားဆွတ်ပြီး ညီးညူနေပြသေးသည်။ သူတို့အားပြည်သူတို့သည် တစက်ကလေးမျှ ယုံကြည်ရန်အကြောင်းမရှိချေ။ သနားစရာလည်း မလိုပေ။
ပြည်တွင်းကပုဂ္ဂိုလ်များအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို တိတိကျကျ ဖျက်ဆီးရပ်တန့်ရေးမှာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရေးအတွက် အားပေးရေးဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဆိုသည်မှာ အစိုးရဖွဲ့စည်းရေးဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခုအချိန်တွင် တရားဝင်ရပ်တည်နေရသော နိုင်ငံရေးပါတီမဟုတ်ချေ။ သို့သော် လူထုကြားမှာအမြဲရှိနေပါသည်။ တချိန်တည်းမှာပင် နိုင်ငံတကာအစိုးရများမှလည်း ၂၀၁၀ ရွေးကောက်ပွဲမပြုလုပ်ခင် မည်သို့ပြုလုပ်ချင်သနည်းဆိုသော မေးခွန်းမျိုးကို မေးမြန်းနေပါသည်။ ပြည်တွင်း၏နိုင်ငံရေးအခြေအနေအရ ပစက္ခကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တခုတည်းသော ပြောနိုင်သောစကားမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးသာဖြစ်ပါသည်။
ဤနေရာ၌ ပြည်တွင်းမှကော ပြည်ပမှပါ မျိုးဆက်သစ်လူငယ်များသည်၎င်း။ နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများသည်၎င်း ရွေးကောက်ပွဲရလဒ် ဆိုသည်မှာ ဘာလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိထားရန်လိုပါသည်။ ယင်းမှာ အစိုးရဖွဲ့စည်းရေးဖြစ်ပါသည်။ နအဖစစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အရပ်သားအစိုးရအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုပြီး လုပ်ပေးစရာမရှိ။ သည်တော့ ကိုယ့်ဘာသာကိုယ်ဘဲ လုပ်စရာရှိပါသည်။ ပြည်တွင်းမှာလူထုအစိုးရဖွဲ့လျင် အန္တရယ်ရှိနိုင်ပါသည်။ သို့သော် ရင်ဆိုင်ရပါလိမ့်မည်။ ထို့ကြောင့် လူထုအစိုးရဖွဲ့စည်းသောအခါ ပိုးစိုးပက်စက်မဖြစ်ရအောင် ပြင်ဆင်မူများပြုလုပ်ရန်လိုပါသည်။
ထို့ကြောင့် ပြည်တွင်းမှပုဂ္ဂိုလ်များ။မျိုးဆက်သစ်လူငယ်များသည် ပြည်ပရှိနိုင်ငံရေးသမားများအား လူထုအစိုးရဖွဲ့စည်းရေးအတွက် ဖြစ်မြောက်ရေးကော်မီတီတခုကို ဖွဲ့စည်းကြရန်တိုက်တွန်းနိုးဆော်ရန်လိုနေပြီ။ ယခုအချိန်တွင် ပြည်ပမှအဖွဲ့အစည်းတချို့ မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း နိုင်ငံတကာများသို့ ထွက်ခွါကြေညာပြောဆိုနေကြပါပြီ။ ကျွန်တော်တို့၏ နိုင်ငံရေးရေစီးကြောင်းသည် နှစ်လမ်းသွားဖြစ်နေကြောင်းကို ကျွန်တော့်မှာ မကြာမကြာ ပြောဆိုရေးသားနေဖြစ်ပါသည်။ အကြောင်းမှာ ကျွန်တော်တို့က သပိတ်မှောက်ပါသည်ဟု ပြောဆိုသည့်တိုင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများသည် ၂၀၁၀ ရွေးကောက်ပွဲကို လူတိုင်းပါဝင်ခွင့်ရရှိရေးဆိုပြီး တိုက်တွန်းပြောဆိုနေပါသည်။ ယင်းမှာလုံးဝမှားယွင်းသော ပြသနာဖြစ်ပါသည်။ ကျွန်တော်တို့နှင့် တယောက်တလမ်းဖြစ်နေပါသည်။
ကျွန်တော်တို့မှာယခုအချိန်တွင် ယင်းထက်ပို၍ တဆင့်တက်ကာ ပြုလုပ်ရတော့မည်ဖြစ်ပါသည်။ လူထုအစိုးရဖွဲ့စည်းရေးအတွက် ဖြစ်မြောက်ရေးကော်မီတီဖွဲ့စည်းနိုင်လျင် သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရုံဘဲ ရှိပါသည်။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရန်ဖြစ်သောကြောင့် လူထုအစိုးရဖွဲ့လျင် နိုင်ငံတကာမှ အသိအမှတ်ပြုရန်လိုပါသည်။ ပြည်တွင်းတွင် လူထုအစိုးရဖွဲ့လျင် အသိအမှတ်ပြုသည်ဟုဆိုပါက နိုင်ငံတကာငြိမ်းချမ်းရေးတပ်ကို ခေါ်၍ရပါပြီ။ အစိုးရအဖွဲ့တွင် ပါဝင်သောပုဂ္ဂိုလ်တို့မှာ ပိုးစိုးပက်စက်မဖြစ်။ ချက်ချင်းပြည်သူတရပ်လုံး၏ အသက်စည်းစိမ်ချမ်းသာတို့ကို ကူညီစောင့်ရှောက်ရန် အရပ်သားလူထုအစိုးရက ဖိတ်ကြားလိုက်လျင် အခြေအနေတို့သည် ကိုယ့်ဘက်မှာ ရှိလာပါလိမ့်မည်။
အမေရိကန်။ကနေဒါ။ဂျပန် ၊ဥရောပ နိုင်ငံများမှာ နေထိုင်ကြသော ဒီမိုကရေစီအင်အားစုများမှာ မိမိတို့သက်ဆိုင်ရာနိုင်ငံများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် အခုအချိန်မှာ အထူးအရေးကြီးနေပြီဖြစ်ပါသည်။ ယင်းသို့တွေ့ဆုံနိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မီတီကို အမြန်ဆုံးဖွဲ့စည်းပြီး လူထုအစိုးရဖွဲ့က အသိအမှတ်ပြုပါမည့်အကြောင်း ဆွေးနွေးမှသာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဖျက်ဆီးခံရပြီးဖြစ်သွားပါလိမ့်မည်။
ဤသည်မှာ ကျွန်တော်တို့၏ နိုင်ငံရေးတိုက်ကွက်နောက်ဆုံးဖြစ်ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )

ခိုင်သင်းကြည်၊ ခန့် စည်သူ၊ တင်သန်းဦးတို့ အားစုံစမ်းစစ်ဆေးအရေးယူ မည့် အကြောင်း အမေရိကန် သံရုံးက အကြောင်းပြန်စာ
Dear Khaing Kyaw,

Thank you for your recent email and information. We have forwarded it to our Fraud Prevention Unit for their information and action.



Sincerely yours,
Consular Section
U.S. Embassy Rangoon
110 University Avenue
Rangoon, Burma
http://komoethee.blogspot.com/