Wednesday, July 14, 2010

14 July 2010 ဒိုင်ယာရီ

14 July 2010 yeyintnge Diary.doc14 July 2010 Yeyintnge Diary

ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တွန်းခဲ့

Jul 14, 2010
ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တွန်းခဲ့
ရိုးမ ၃။ ဇူလိုင် ၁၄၊ ၂၀၁၀

ပညာရေး ဒုဝန်ကြီး၏ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွင် The Voice ဂျာနယ်ဖတ်ရန် တိုက်တွန်းသွားပြီး အခြားစည်းရုံးမည့်ပါတီများကို မယုံကြရန် ပြောဆိုခဲ့ကြောင်း ကျောင်းသားတဦးက ပြောသည်။

ယခုလ (၈) ရက်နေ့က မိတ္ထီလာ စီပွားရေးတက္ကသိုလ်သို့ ပညာရေး ဒုဝန်ကြီး အောင်မျိုးမင်းရောက်ရှိကာ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးသင့်သည်ကို ပြောဆိုသွားခြင်း ဖြစ်သည်။

“ဝန်ကြီးက The Voice ဂျာနယ်ကိုဖတ်ကြပါလို့ တိုက်တွန်းတယ်၊ သူပြောတာက အခုလို တိုက်တွန်းပေမဲ့ သူထုတ်ဝေတဲ့ ဂျာနယ်မဟုတ်ဘူးပေါ့၊ ဂျာနယ်ကို လက်က ကိုင်ပြီး ထောင်ပြတယ်၊ မကြာခင်ဆိုရင် မြို့ရွာတွေမှာ ပါတီတွေလာပြီးတော့ စည်းရုံးရေး ဆင်းတော့မယ်၊ အဲဒါ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုရင် ပြောတိုင်း မယုံနဲ့၊ ပါတီတွေက ဆုံးဖြတ်ခွင့်ရှိမှာ မဟုတ်ဘူး၊ လွှတ်တော်ကဘဲ ဆုံးဖြတ်သွားမှာလို့ ပြောသွားတယ်” ဟု ကျောင်းသားတဦးက ပြောသည်။

ယင်းအစည်းအဝေးပွဲတွင် ကျောင်းသားများက လှောင်ပြောင်ရယ်မောခဲ့သည့်အတွက် ဝန်ကြီးက ပါမောက္ခချုပ်ကို အပြစ်တင်ပြောဆိုခဲ့ကြောင်း ၎င်းကျောင်းသားက ဆက်ပြောသည်။

“ပြောသွားတာ အရှည်ကြီးဘဲ၊ အဲဒီမှာ ကျောင်းသားတွေက အောင်မျိုးမင်း ပြောနေတုန်း တယောက်တပေါက် နောက်ပြောင်နေကြတာ၊ အစည်းအဝေးပြီးခါနီးမှာ အားလုံးလိုလို ဝိုင်းရယ်ကြတော့ ဝန်ကြီးလည်း တော်တော်စိတ်ဆိုးသွားတယ်၊ ပြီးတော့ ပါချုပ်ကို ငေါက်ငမ်းပြီး ထွက်သွားတယ်” ဟု ပြောသည်။

အဆိုပါ အစည်းအဝေးတက်ရောက်ရန်အတွက် မိတ္ထီလာ စီပွားရေးတက္ကသိုလ်မှ ကျောင်းသား/သူ၊ ဆရာ/မ (၃၀၀) ကို မဖြစ်မနေ တက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“တခန်းကို ကျောင်းသား (၁၀) ယောက် မတက်မနေရခေါ်တယ်၊ ဆရာ/မ၊ ကျောင်းသား/သူ အားလုံး ၃၀၀ လောက်တက်ရတာ၊ ကျောင်းသားကတော့ (၂၀၀) လောက်ရှိတယ်” ဟု ဆက်ပြောသည်။

ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ စစ်အစိုးရ ဝန်ကြီးများသည် သက်ဆိုင်ရာ၊ နေရာဒေသအလိုက် စည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်နေလျှက်ရှိပြီး သစ်တောဝန်ကြီး ဦးသိန်းအောင်သည်လည်း ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ဝင်ရောက်ရွေးချယ်ခံရန် အစွမ်းကုန် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိသည်။
http://www.yoma3.org/

ပါရာဒိုင်းအသစ် စစ်အာဏာကာကွယ်ရေးလွှတ်တော်နှင့် သတင်းမီဒီယာတာဝန်


ပါရာဒိုင်းအသစ် စစ်အာဏာကာကွယ်ရေးလွှတ်တော်နှင့် သတင်းမီဒီယာတာဝန်

ဇင်လင်း / ၁၄ ဇူလိုင် ၂၀၁၀


ယခုတလော ပြည်တွင်းထုတ်ဂျာနယ်တချို့တွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲအား မစားရ ၀ခမန်း အမွှမ်းတင်လာကြသည်ကို တွေ့ရ၏။ စစ်အာဏာပိုင်တို့ လက်သပ်မွေးထားသည့် အခွင့်ထူးရ မီဒီယာများကဆိုလျှင် သခင်အားရ ကျွန်ပါးဝ ပိုလုပ်လာကြသည်။ “ရွေးကောက်ပွဲ သပိတ်မှောက်ရေးသည် အိုင်ဒီယာကောင်းမဟုတ်” ဟူသော ဆောင်းပါးမျိုး၊ “ရွေးကောက်ပွဲ မ၀င်ခြင်းကို အဘယ်ကြောင့် လမ်းလွဲဟု ခေါ်နိုင်သနည်း” ဟူသော ဆောင်းပါးမျိုးဖြင့် စစ်အာဏာရှင်တို့ ခင်းကျင်းထားသည့် ကျုံးထဲသို့ ဇွတ်အတင်း မောင်းသွင်းနေသည်။ ထိုထိုသော ဂျာနယ်မျိုးများအနက် The Voice ဂျာနယ်မှာ အကဲဆုံးဖြစ်သည်။

နိုင်ငံရေးပါတီမှန်လျှင် ရွေးကောက်ပွဲနှင့် မကင်းရ။ ရွေးကောက်ပွဲကို ဖြတ်သန်း၍ လွှတ်တော်ထဲဝင်ရမည်။ နိုင်ငံရေးပါတီတိုင်း ဆက်လက်ရှင်သန်လိုလျှင် လွှတ်တော်နိုင်ငံရေးဇာတ်ခုံပေါ် မဖြစ်မနေ တက်ရမည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ပါလီမန်လွှတ်တော်နိုင်ငံရေးသည်သာ ဗဟိုချက်ဖြစ်သည် … စသည် စသည်ဖြင့် The Voice က စစ်တပ်အကြိုက် ၀ါဒဖြန့်ပေးနေသည်။ The Voice ၏ ပင်တိုင်ဆောင်းပါးဆရာများက Academic တို့၏ စာအုပ်များကို ကိုးကားလျက် စစ်အစိုးရ၏ ရွေးကောက်ပွဲကို အားပေးထောက်ခံရေးသားနေကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ သပိတ်မှောက်သည့် ဆုံးဖြတ်ချက်အား အမြော်အမြင်မရှိသယောင် ဝေဖန်ပြစ်တင်နေကြသည်။ သို့သော် ပေါက်ပင် ဘာကြောင့်ကိုင်းရသည် ဆိုသည့်အချက်ကိုတော့ ထိုဆောင်းပါးဆရာတို့ စိုးစဉ်းမျှ ဖော်ပြရေးသားခြင်း မပြုကြ။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရသော်လည်း NLD အဖို့ ရွေးကောက်ပွဲဝင်ခြင်းသည်သာ အကောင်းဆုံးဟု ဆောင်းပါးဆရာတို့က တယူသန် ညွှန်းဆိုနေကြသည်။ ထိုမျှမက NLD မှ ပဲ့ထွက်လာသော NDF ကို ထောက်ခံအားပေးရန်ပင် တိုက်တွန်းလိုက်သေးသည်။ ဆောင်းပါးဆရာတို့သည် လက်ငင်းအခြေအနေအမှန်တို့ကို မသိ၍လား၊ သိလျက်နှင့် NLD အပေါ် လူထုအမြင်ေ၀၀ါးသွားအောင် ၀ါဒဖြန့်နေခြင်းလားဟု ထင်စရာဖြစ်သည်။

ယင်းသို့ တဖက်စောင်းနင်း ရေးသားချက်များ အသားပေးဖော်ပြနေသည်ကို ထောက်ရှု၍ ထိုအမျိုးအစား ဂျာနယ် မီဒီယာများအား စစ်တပ်လက်ဝေခံဟု ဆိုရခြင်းဖြစ်သည်။ NLD ကို အပြစ်မရှိ အပြစ်ရှာ ထိုးနှက်နေခြင်း၊ လူထုမယုံကြည်သော ရွေးကောက်ပွဲကို အတင်းစန်းတင်နေခြင်း၊ လူထုအရေးတော်ပုံများကို လမ်းပေါ်နိုင်ငံရေးဟု သမုတ်ခြင်း စသည်တို့ကို ထောက်ရှုလျှင် ထိုစာစောင် ထိုဂျာနယ်များသည် စတုတ္ထမဏ္ဍိုင်တာဝန်ကို ပျက်ကွက်ရုံမျှမက စစ်အာဏာ၏ ဒေါက်တိုင်တာဝန်ကို သိသိကြီးနှင့် ယူနေသည်ဟု ဆိုရန်သာရှိပေသည်။

သတင်းမီဒီယာသမားတို့တာဝန်မှာ လူထုအကျိုးကို မျက်နှာမူရေး၊ အမှန်တရားကို မျက်နှာမူရေးဖြစ်သည်။ NLD သည် လူထုအရေးတော်ပုံအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်ဆိုသည့်အချက်ကို သတင်းစာဆရာ ဆောင်းပါးဆရာတို့ မျက်ကွယ်မပြုသင့်။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် (၃၉၂) နေရာ၊ အချိုးအစားအားဖြင့် လွှတ်တော်တခုလုံး၏ (၈၂) ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ အာဏာရှင့် အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က NLD ကို အသိအမှတ်မပြုခဲ့။ အာဏာရှင် အသိအမှတ်မပြုရုံမျှနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ် မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်ပေသည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience) ဖြစ်သည်။ သမားရိုးကျလမ်းမှ ဖောက်ထွက်လိုက်သည့် နိုင်ငံရေးလှုပ်ရှားမှုတခု၏ သမိုင်းအစသာဖြစ်သည်။ သို့သော် ဆောင်းပါးဆရာတို့က ရွေးကောက်ပွဲသပိတ်မှောက်ခြင်း၏ အကျိုးကြောင့် NLD သည် နိုင်ငံရေးဇာတ်ခုံပေါ်မှ ဘေးရောက်သွားခြင်းသာ အဖတ်တင်သည်။ လာမည့် လွှတ်တော်တွင် မပါဝင်နိုင်ရုံမက ပါတီ တရားဝင်ရပ်တည်ခွင့်ကိုပါ လက်လွှတ်လိုက်ရပြီဟု အဆုံးစွန်ထိ သုံးသပ်ထားသည်။

NLD ရွေးကောက်ပွဲ မ၀င်သည့် အဓိကအကြောင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ဆက်လက် ထိန်းသိမ်းခြင်း ဖြစ်သည် ဆိုသည့်အချက်ကို ဆောင်းပါးဆရာတို့ သတိမူမိပုံမရ။ ထို့ပြင် ဒီမိုကရေစီကို သွေဖည်သည့် ၂၀၀၈ ဖွဲ့စည်းပုံအား သစ္စာမခံနိုင်ခြင်းကြောင့်ဖြစ်သည်ကိုလည်း နားလည်သင့်သည်။ NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ Mandate ကို ရရှိခဲ့သည်။ သို့သော် အနှစ် (၂၀) လုံးလုံး ဒီမိုကရေစီထွန်းကားရေးကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်းအတွက် တိုင်းပြည်လူထုအား လူသိရှင်ကြား တောင်းပန်ခဲ့သည်။ အမှန်မှာ NLD အား လူထုကိုယ်တိုင်က လူထုကိုယ်စား နိုင်ငံ့အချုပ်အခြာအာဏာ (၃) ရပ်ကို လွှဲအပ်ခဲ့သော်လည်း စစ်အာဏာရှင်က အာဏာကို လွှဲအပ်ရန် ငြင်းဆန်နေခဲ့သဖြင့် NLD အနေဖြင့် ဒီမိုကရေစီရေးဆောင်ရွက်ခွင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

သို့သော် ၁၉၉၀ ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သော ပြည်သူလူထု၏ဆန္ဒ Mandate ကို စစ်တပ်က တဖက်သတ် ဖျက်သိမ်းနိုင်ခွင့်မရှိ။ မြန်မာနိုင်ငံ ပြည်သူလူထုတွင်လည်း ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်။ အထူးသဖြင့် ပြည်သူ့မျက်စိ၊ ပြည်သူ့နားဟု ဆိုရမည့် သတင်းစာဆရာ ဆောင်းပါးဆရာတို့ အနေဖြင့်လည်း ပြည်သူလူထု၏ဆန္ဒ Mandate ကို တန်ဖိုးထား ကာကွယ်သင့်ကြသည်။ သတင်းစာဆရာ၊ ဆောင်းပါးဆရာတို့သည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မကာကွယ်နိုင်သည့်တိုင် တန်ဖိုးမဲ့အောင် ဝေဖန်သုံးသပ်မှု မပြုသင့်။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို လုံးဝပစ်ပယ်ကာ ၂၀၁၀ တွင် နောက်ထပ် ရွေးကောက်ပွဲတခု လုပ်ဦးမည်ဆိုသည်မှာ လူထုဆန္ဒမဲများကို သရော်မော်ကား လုပ်ရာကျသည်။ လွှတ်တော်ကိုယ်စားလှယ် (၄၈၅) နေရာ အနက် (၃၉၂) နေရာ အနိုင်ရရှိခဲ့သည့် (NLD) က နအဖ၏ ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပေဒေတွင် ဒီမိုကရေစီမကျသည့် အချက်များအား ပြန်လည်သုံးသပ် ပြင်ဆင်ရန်လိုသည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ၌ အကြံပြုခဲ့သည်။ (၂၃) နေရာရခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ကို ထောက်ခံခဲ့သည်။ NLD ၏ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ကို ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများကလည်း ထောက်ခံခဲ့ကြသည်။ ထိုအချက်ကို နအဖက မသိကျိုးကျွံပြုခဲ့သည်။

စင်စစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် ရွေးကောက်ပွဲအသစ်တခုဖြင့် အဖြေထုတ်ရမည့် အဆင့်မဟုတ်။ လက်ငင်းရှာရမည့်အဖြေမှာ တိုင်းရင်းသားပြည်သူလူထုအများစုကြီးက သဘောတူလက်ခံနိုင်မည့် “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ” တရပ် ပေါ်ထွန်းရေးဖြစ်သည်။ ထို့ကြောင့်လည်း NLD နှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများက ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် ဆော်သြနေကြခြင်းဖြစ်သည်။ ဤဆော်သြချက်မှာ ‘နိုင်ငံရေးဈေးဆစ်ခြင်း’ မဟုတ်။ တိုင်းပြည်ငြိမ်းချမ်းရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ စည်ပင်သာယာရန်နှင့် ပြည်သူလူထုဆင်းရဲခြင်း ကင်းစေရန် စေတနာသန့်သန့် ကမ်းလှမ်းချက်ဖြစ်သည်။

ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံသားတဦးချင်းစီ၏ ရွေးချယ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးသည့် အစီအစဉ်ဖြစ်သဖြင့် ကောင်းသည်ဟု ယေဘုယျဆိုနိုင်သော်လည်း လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား၊ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာအကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ်ကျင်းပသည့် ရွေးကောက်ပွဲလား … စသည်ဖြင့် မဆန်းစစ်ဘဲ ‘ကောင်းသည်’ ဟု မျက်စိမှိတ်မဆိုသင့်ပေ။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး အစရှိသည့် အမြင်မတူသူ နိုင်ငံရေးသမား ၂၀၀၀ ကျော်အား ထောင်သွင်းအကျဉ်းချထားသည်။ လူထုထောက်ခံမှုရှိသည့် ဒေါက်တာတူးဂျာ၏ KSPP ကဲ့သို့သော ပါတီများအား ပါဝင်ခွင့်မပြုသေးဘဲ ဟန့်တားထားသည်။

နိုင်ငံရေးပါတီများ၏ မွေးရာပါအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ဟောပြောခွင့်၊ စည်းရုံးခွင့်၊ စာရွက်စာတမ်း ထုတ်ဝေခွင့်များလည်း ခွင့်မပြုသေး။ သို့သော် စစ်တပ်ပိုင် ကြံ့ဖွံ့ပါတီကိုမူ လုပ်ပိုင်ခွင့်အပြည့်၊ ငွေကြေးအင်အားအပြည့်၊ စည်းရုံးလှုပ်ရှား ဟောပြောခွင့်အပြည့် ပေးထားရုံမက နိုင်ငံပိုင် အဆောက်အဦ၊ ယာဉ်၊ မီဒီယာများကို စိတ်ကြိုက် အသုံးပြုခွင့်ပေးထားသည်။ သတင်းစာလွတ်လပ်ခွင့်လည်း မရှိ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများလည်း ခွင့်မပြု။ ထိုထိုသော နိုင်ငံရေးရာသီဥတုအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား The Voice ၏ ပင်တိုင်ဆောင်းပါးဆရာက ပါရာဒိုင်းအသစ်ဖြစ်သဖြင့် ဈေးမဆစ်ဘဲ ၀င်ပါရမည်ဟု ဆိုသည်။ Military က Sponsor လုပ်သည့် ‘ပါရာဒိုင်းအသစ် ဒီမိုကရေစီ’ ဟုပင် ညွှန်းလိုက်သေးသည်။ အရှိကိုအရှိအတိုင်း သုံးသပ်လက်ခံနိုင်ရမည်ဟုပင် ကွန့်လိုက်သေးသည်။

တကယ့်အရှိတရားမှာ စစ်တပ်က အကျိုးစီးပွား၊ အခွင့်အရေး၊ အာဏာ အရာရာကို လက်ဝါးကြီးအုပ်ထားခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲ၏ ရည်ရွယ်ချက်မှာလည်း စစ်တပ်က အာဏာကို တရားဝင်ချုပ်ကိုင်နိုင်ဖို့ဖြစ်သည်။ အရပ်သားစစ်စစ် ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်းပင် ပါလာဖို့မမြင်။ ဒီမိုကရေစီဖြစ်စဉ်တွင် ‘ရွေးကောက်ပွဲ’ သည် ပဓာနကျသော်လည်း ရွေးကောက်ပွဲဂုဏ်အင် မပြည့်စုံသော၊ ပြည်သူလူထု၏ လိုအင်ဆန္ဒကို အကောင်အထည် မဖော်နိုင်သော Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ် ရွေးကောက်ပွဲမျိုးသည် သမိုင်းတွင် အချည်းနှီးသာဖြစ်လိမ့်မည်ကို ဆောင်းပါးဆရာတို့ သတိပြုဖို့ကောင်းသည်။

ဆောင်းပါးဆရာတို့သည် လက်တွေ့မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် လက်ငင်းဖြစ်ပျက်နေသည့် အကြောင်းချင်းရာတို့ကိုလည်း မျက်ခြည်ပြတ်နေပုံပေါ်သည်။ စစ်တပ်ကိုယ်စားပြု ကြံ့ဖွံ့ပါတီက လွတ်လွတ်လပ်လပ် စည်းရုံးရေးလုပ်ခွင့်ရနေသော်လည်း အခြားပါတီများမှာ အာဏာပိုင်တို့ အနှောက်အယှက်ပေးမှုကို ခံနေရသည်။ နိုင်ငံရေးပါတီများ၏ စည်းရုံးရေးခရီးစဉ်များ၊ ပြည်သူလူထုနှင့် တွေ့ဆုံပွဲများတွင် ဒေသဆိုင်ရာ အာဏာပိုင်များက နောက်မှ တကောက်ကောက် လိုက်ပါစောင့်ကြပ် မှတ်တမ်းတင်မှုကြောင့် ရွေးကောက်ပွဲ အကြိုကာလတွင် နိုင်ငံရေးပါတီများမှ စည်းရုံးရေးမှူးများနှင့် ပြည်သူလူထု လွတ်လွတ်လပ်လပ် မဆွေးနွေးရဲဘဲ ဖြစ်နေပြီး ပါတီများ စည်းရုံးရန် ခက်ခဲနေသည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ထောက်ပြသည်။

တဖန် မြောက်ဥက္ကလာဈေးများ၌ ရန်ပုံငွေ အလှူခံမိသော နိုင်ငံရေးပါတီအား စည်ပင်သာယာက တရားစွဲသည်ဟုဆိုသည်။ စစ်တပ်ကိုယ်စားပြု ကြံ့ဖွံ့ပါတီက လမ်းပြင်ရန် အကြောင်းပြ၍ လူထုအား ငွေကြေးခွဲတမ်းချကာ အလှူငွေ မထည့်မနေရ ထည့်ခိုင်းနေခြင်းများနှင့် နိုင်းယှဉ်ကြည့်သင့်လှသည်။ အခြားပါတီများကို ပါတီဝင်အသစ် စည်းရုံးမှုလုပ်ရာ၌ ခက်ခဲအောင် ကန့်သတ်ထားသော်လည်း ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးသိန်းစိန်ကိုယ်တိုင် အစိုးရအာဏာ၊ ငွေကြေးနှင့် အခွင့်အရေး မက်လုံးများပေးကာ စည်းရုံးရေးလုပ်နေသည်။ ဤဖြစ်စဉ်များကိုပင် The Voice ၏ ပင်တိုင်ဆောင်းပါးဆရာက Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ်ဟု ဆိုလိုသည်လားမသိ။

ဤပုံအတိုင်းသာဆိုလျှင် စစ်အာဏာရှင်စနစ်၏ ‘ပါရာဒိုင်းအသစ်’ အောက်တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်တွင်းသတင်းမီဒီယာသမားများ အလွန်တာဝန်ကြီးပါလိမ့်မည်။ ရွေးကောက်ပွဲ ဖြစ်မည်လား၊ ပျက်မည်လား မသေချာသေးသော်ငြား သတင်းလွတ်လပ်ခွင့်မရှိသည့် ‘ပါရာဒိုင်းအသစ်’ အောက်တွင် သတင်းအမှန်ရအောင် ယူရမည့်အလုပ်ကား ခက်ခဲမှာ သေချာပါသည်။ ထို့ပြင် ရွေးကောက်ပွဲတွင် စစ်အာဏာရှင် ကိုယ်စားပြုပါတီလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်၍ မဲလိမ်မှု၊ မဲမသမာမှုများ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ဖြင့် ဖြစ်ပေါ်လာရန် သေချာသလောက်ရှိသည်။ နောက်တချက်မှာ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်အဖွဲ့များ၊ နိုင်ငံခြားသတင်းထောက်များကိုလည်း ခွင့်ပြုမည့်အလားအလာ အလွန်နည်းသည်။ ထို့ကြောင့် ပြည်တွင်း သတင်းမီဒီယာသမားများကိုသာ ပြည်သူလူထုနှင့် နိုင်ငံတကာက အဓိက အားကိုးရမည်ဖြစ်သည်။

ပြည်တွင်းသတင်းမီဒီယာသမားများ စောင့်ကြည့်ရမည့် အခြေအနေ (၃) ရပ်ရှိသည်။ (၁) ရွေးကောက်ပွဲမတိုင်မီ၊ (၂) ရွေးကောက်ပွဲနေ့၊ (၃) ရွေးကောက်ပွဲပြီးနောက် ဆိုသည့် အခြေအနေများဖြစ်သည်။ Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျမည် မဟုတ်သည်က သေချာသည်။ ထို့ကြောင့် သတင်းအမှန် သိနိုင်ရန်ကိစ္စတွင် သတင်းမီဒီယာသမားများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါသည်။ ထိုအချက်ကို သတင်းသမားများကိုယ်တိုင် သဘောပေါက်နေဖို့လိုသည်။ ရွေးကောက်ပွဲမတိုင်မီကာလတွင် မီဒီယာက လူထုကို သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ပေးဖို့လိုသည်။ ရွေးကောက်ပွဲဥပဒေများအကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် ပါတီများနှင့် ကိုယ်စားလှယ်များအကြောင်း၊ ပါတီမူဝါဒနှင့် ပါတီခေါင်းဆောင်များ၏ နောက်ခံကိုယ်ရေးသမိုင်းများ၊ သူတို့၏ သီးခြားပြောဆိုချက် အမြင်အယူအဆများ … စသဖြင့် လူထုစဉ်းစားချိန်ဆနိုင်ရန် မီဒီယာက သတင်းအချက်အလက်များ ပေးနိုင်ရမည်။ ဂျာနည်တစောင် မီဒီယာတခုသည် စစ်အစိုးရ၏ လက်ကိုင်တုတ်သော်လည်းကောင်း၊ အခြားပါတီတခုခု၏ လက်ကိုင်တုတ်သော်လည်းကောင်း မဖြစ်အပ်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အကြောင်းလည်း လူထုသိအောင် မီဒီယာက သတင်းပေးရမည်ဖြစ်သည်။ လွတ်လပ်သော ကော်မရှင် ဟုတ် မဟုတ်၊ ကော်မရှင်နောက်ကွယ်တွင် အာဏာပိုင်တို့ စွက်ဖက်မှုရှိ မရှိ၊ မဲဆန္ဒရှင် မှတ်ပုံတင်စာရင်းများ၊ ကိုယ်စားလှယ်စာရင်းများ၊ စနစ်တကျ ပြုစုဆောင်ရွက်ထားမှု ရှိ မရှိ၊ အဂတိလိုက်စား၍ ပါတီတခု လူပုဂ္ဂိုလ်တဦးတယောက်ကို မျက်နှာသာပေးမှု ရှိ မရှိ၊ ကော်မရှင်ဝန်ထမ်းများ ကျွမ်းကျင်မှု ရှိ မရှိ။ ရွေးကောက်ပွဲအတွက် လိုအပ်သော ပစ္စည်းပစ္စယများ အချိန်မီ အလုံအလောက် ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ မရှိ … စသည့် ကိစ္စရပ်များကိုလည်း မီဒီယာက စောင့်ကြည့်သတင်းပေးရမည်ဖြစ်သည်။

ရွေးကောက်ပွဲနေ့၌ မဲစတင်မပေးမီ မဲပုံးများ အလွတ်ဖြစ်နေရဲ့လား၊ မဲရုံထားရှိမှု စနစ်ကျရဲ့လား၊ မဲစာရွက် အလုံအလောက်ရှိရဲ့လား၊ မဲရုံတာဝန်ကျ ပုဂ္ဂိုလ်များ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်ရဲ့လား၊ မဲရုံပတ်ဝန်းကျင်မှာ မဲဆွယ်မှု၊ မဲဝယ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ခြိမ်းခြောက်မှု၊ နှောက်ယှက်မှု ရှိ မရှိ စသည်တို့ကို မီဒီယာက စောင့်ကြည့်ရမည်။ အရေးအကြီးဆုံးကား မဲရေတွက်ချိန်တွင် စည်းမျဉ်းဥပဒေနှင့်အညီ မှန်မှန်ကန်ကန် တိတိကျကျ ပွင့်လင်းမြင်သာမှုရှိရှိ မဲရေတွက်မှု လုပ် မလုပ် မီဒီယာက စောင့်ကြည့် သတင်းပေးရမည်။ ရွေးကောက်ပွဲပြီးသည့်နောက်တွင် ပါတီကိုယ်စားလှယ်များ၏ အနိုင်အရှုံးစာရင်း သတင်းကြေညာမှု၊ လွှတ်တော် မည်သည့်အချိန်တွင်ခေါ်မည်၊ အစိုးရ မည်သို့ဖွဲ့မည် ဆိုသောသတင်းများ လူထုသိသာရန် ပို့ပေးရမည်။ အရေးကြီးသည်မှာ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲနေ့ ဖြစ်စဉ်များကို ပြည်တွင်းမီဒီယာသမားများ မိမိရရ မှတ်တမ်းတင်နိုင်ရန် အားထုတ်ရမည်။ စစ်တပ်က အာဏာဆက်ချုပ်ကိုင်နိုင်အောင် မသမာမှုမျိုးစုံ လုပ်လာမည့် အလားအလာများ ယခုကပင် မြင်နေရသည်။

The Voice ၏ ပင်တိုင်ဆောင်းပါးဆရာကတော့ ‘ကိန်းသေလေးပါး’ နှင့် ‘ဖြစ်နိုင်ခြေသုံးပါး’ ပေါ်လာ၍ အနာဂတ်ကို မှန်းရလွယ်သွားသည်ဟုဆိုသည်။ ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’၊ ‘စစ်ဘက်ပါဝင်သော နိုင်ငံရေး’၊ ‘ပါတီစုံစနစ်’ နှင့် ‘လွှတ်တော်သုံးရပ်’ သည် စိုးမိုးသော ပါရာဒိုင်းဖြစ်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲပြီးလျှင် ယင်းပါရာဒိုင်း လှုပ်ရှားလာမည်ဆိုသည်။ လွှတ်တော်နိုင်ငံရေးသုံးမျိုးမှ ‘တပါတီကြီးစိုးသည့် လွှတ်တော်သုံးရပ်’ ‘နှစ်ပါတီ သုံးပါတီ ကြီးစိုးသည့် လွှတ်တော်သုံးရပ်’နှင့် ‘ပါတီအများ မျှခြေဖြစ်နေမည့် လွှတ်တော်သုံးရပ်’ တခုခုပေါ်လာမည်ဟု ဆိုထားသည်။

ဤသည်ကိုပင် Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ်ဟု ဆိုကာ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ၀င်ပါရမည်။ ဈေးဆစ်လျှင် ပါရာဒိုင်းအပြင်မှာ ကျန်ခဲ့မည်ဆိုသည်။ အနှစ်ချုပ်အားဖြင့် ‘လွှတ်တော်နိုင်ငံရေး’ ပေါ်လာမည်ဟု ဆောင်းပါးဆရာက ဆိုလိုခြင်းဖြစ်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ရွေးကောက်ပွဲပြီးသည့်တိုင် အာဏာက နအဖ လက်ထဲမှာပဲရှိနေသည်။ အခြေခံဥပဒေပုဒ်မ (၁၂၃၊ ၁၂၄) တို့ အလိုအရ စစ်တပ်စိတ်တိုင်းကျ ရွေးကောက်ပွဲရလဒ် ထွက်လာမှ နအဖက လွှတ်တော်ခေါ်ပေးမည့် သဘောဖြစ်သည်။ The Voice ဆောင်းပါးဆရာက ပြဿနာများကို လွှတ်တော်အတွင်းမှာ ရှင်းရမည်။ လမ်းပေါ်ထွက်နိုင်ငံရေးကို ရှောင်ရမည်ဟု Interview ကဏ္ဍတွင် ဆိုထားသေးသည်။ သို့သော် သူပြောသည့် လွှတ်တော်သည် ‘အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ’ ၏ လက်အောက်ခံလွှတ်တော် ဖြစ်နေသည့်အချက်ကို သူသိမည်ထင်ပါသည်။ ဒီမိုကရေစီလွှတ်တော် ပေါ်မလာနိုင်။ စစ်ကောင်စီအောက်က စစ်အာဏာကာကွယ်ရေး လွှတ်တော်သာ ပေါ်လာမည်ဖြစ်သည်။

ထို့ကြောင့် ပါရာဒိုင်းအသစ်အတွင်း၌ ဥပဒေချိုးဖောက်မှု၊ အာဏာအလွဲသုံးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ သတင်းလွတ်လပ်ခွင့် ပိတ်ပင်တားမြစ်မှု၊ မဲလိမ် မဲခိုးမှု အစရှိသည့် ဖြစ်ရပ်များ မလွဲမသွေ ဖြစ်လာဖို့ရှိသည်။ သမိုင်းတွင် အရေးကြီးသည့် ဖြစ်စဉ်များကို ပြည်တွင်းမီဒီယာ သတင်းသမားများက အမိအရ မှတ်တမ်းတင်နိုင်အောင် ကြိုးစားရမည်။ သတင်းအမှန်များ အဆက်မပြတ် စီးဆင်းနေလျှင် Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ်အတွင်းမှာပင် “ရွေးကောက်ပွဲ သပိတ်မှောက်မှုများ” လည်း ပေါ်လာနိုင်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က (၇) ဇူလိုင် (၄၈) ကြိမ်မြောက်မှစ၍ ရွေးကောက်ပွဲသပိတ်မှောက်ရေး လှုံ့ဆော်မှုများ တက်ကြွစွာ လုပ်နေသည်။ အခြားလူငယ်အင်အားစုများ၊ အလုပ်သမားအင်အားစုများ၊ လယ်သမားအင်အားစုများ၊ ရဟန်းပျိုများကလည်း သပိတ်မှောက်လှုပ်ရှားမှုကို ထောက်ခံနေကြသည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့မှာပင် သပိတ်စုံ သူပုန်ထမှုများ ပေါ်မလာဟု မည်သူမျှမပြောနိုင်။ ယနေ့တိုင် ရွေးကောက်ပွဲရက် မကြေညာနိုင်ခြင်းမှာ သပိတ်သမားများ၏ အင်အားကို တွက်ဆနေ၍လည်း ဖြစ်နိုင်သည်။

ရွေးကောက်ပွဲ ဖြစ်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ၊ သပိတ်တိုက်ပွဲ ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သတင်းအများစုကို ပြည်တွင်းသတင်းဂျာနယ်စာမျက်နှာများ၊ ပြည်တွင်းအင်တာနက်သတင်းစာမျက်နှာများပေါ်၌ တင်ပြခွင့်ရမည် မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့် Bloggers နှင့် Civilian Journalists များ အပါအ၀င် ပြည်တွင်း သတင်းမီဒီယာသမားများသည် ပြည်ပသတင်းဌာနများ၊ နိုင်ငံတကာသတင်းအေဂျင်စီများ၊ ပြည်ပရေဒီယိုဌာနများနှင့် စနစ်တကျ ချိတ်ဆက်၍ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းမှန် ပေးနိုင်အောင် အထူးဝါယမ စိုက်ထုတ်ကြရမည် ဖြစ်သည်။ ပါရာဒိုင်းအသစ်အောက်တွင် လွတ်လပ်မှုမရှိ၊ တရားမျှတမှုမရှိသော ၂၀၁၀ ရွေးကောက်ပွဲ သမိုင်းအမှန်ကို ပြည်တွင်းသတင်းမီဒီယာသမားများက ပြည်ပသတင်းမီဒီယာများမှတဆင့် ပြည်သူကို အမှန်အတိုင်း ပြောပြရပေမည်။ The Voice ဂျာနယ်ကဲ့သို့ ပြည်သူကို စစ်ကောင်စီလက်အောက်ခံ ‘လွှတ်တော်ပါရာဒိုင်း’ ထဲ ဇွတ်တွန်းမပို့မိအောင် သတိချပ်ကြရပေမည်။ ။
http://www.khitpyaing.org/index.php?route=detail&id=3127

Foreign investment in Myanmar tumbles... နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ပုံ ၂ ပုံ ကျဆင်း..


Foreign investment in Myanmar tumbles

AP posted: 6:13 AM 07/14/10

YANGON, Myanmar -Foreign investment in Myanmar, one of the world's poorest and most authoritarian countries, dropped more than two thirds last fiscal year as Chinese investment tailed off and economic sanctions on the military-ruled nation continued, according to government figures.

A statistical report from the country's Ministry of National Planning and Development that was seen Wednesday said foreign investment in the 12 months through March 2010 fell 68 percent to $315 million from $985 million the previous year.

The main reason for the drastic drop was because of China's unprecedented investment in Myanmar in 2008-2009. It spent $855.9 million in the mining sector, accounting for 87 percent of total foreign investment. China signed an agreement with resource-rich Myanmar for nickel-production in 2008.

Up-to-date information on Myanmar's economy is difficult to come by and the few official figures that become available are often regarded as unreliable. Though a substantial gas exporter, the revenues barely register in the government's accounts, suggesting the cash is diverted into projects favored by its ruling generals, according to Burma Economic Watch, a group based at Australia's Macquarie University that studies Myanmar's economy.

Myanmar, also known as Burma, saw seven new foreign investments during 12 months, four of which were in its oil and gas sector. These resource extraction investments — three from Malaysia and one from the United Arab Emirates — were worth $278.6 million and accounted for more than 88 percent of the total investment during the fiscal year.

Thailand spent $15.25 million in the hotel and tourism sector, China put $15 million into the mining sector and Hong Kong added $6 million to the manufacturing sector during 2009-2010, the government report said.

The United States and the European Union have imposed economic sanctions against Myanmar to pressure the military government to improve human rights and release detained pro-democracy leader Aung San Suu Kyi. Sanctions, including banning U.S. companies from investing in Myanmar and banning Myanmar exports to the United States, were first imposed in 1997.

Since Myanmar liberalized its investment code in 1988, it has attracted large investments in hydroelectric power, oil and gas and mining — mainly from neighboring countries such as Thailand.

Meanwhile, Myanmar's exports rose 12 percent to $7.6 billion in year through March from $6.78 billion the previous year, according to the report. Imports dropped 8 percent to $4.18 billion from $4.54 billion.

The government report said that natural gas exports, which accounted for about 38 percent of all export revenue, increased 9 percent to $2.56 billion from $2.35 billion. Myanmar gas exports go to neighboring Thailand.

Myanmar is believed to have a large amount of unmeasured trade, mostly goods smuggled across its land borders, especially with eastern neighbor Thailand and northeastern neighbor China.

Copyright 2010 The Associated Press. All rights reserved. This material may not be published, broadcast, rewritten or redistributed.
2010-07-14 06:13:46

http://www.dailyfinance.com/article/foreign-investment-in-myanmar-tumbles/1163265/


မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ပုံ ၂ ပုံ ကျဆင်း
2010-07-14

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စီးပွားရေး ပိတ်ဆို့ အရေးယူခံထားရတဲ့ ပြီးခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံခြားက လာရောက် ရင်းနှီးမြှုပ်နှံမှုဟာ ၃ ပုံ ၂ ပုံ ကျဆင်းခဲ့တယ်လို့ ဇူလိုင် ၁၄ ရက် ဒီကနေ့မှာ ထွက်ပေါ်လာတဲ့ မြန်မာစစ်အစိုးရ စီမံကိန်းနဲ့ ဖွံ့ဖြိုးရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

(Photo: AFP)

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနေခြင်းကို မြန်မာနိုင်ငံမှ တိုင်းရင်းသားများ အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့တွင် ၂ဝဝ၉ အောက်တိုဘာ ၂၈ ရက်နေ့က ဆန့်ကျင်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)

၂ဝဝ၉ မတ်လကနေ အခုနှစ်မတ်လအထိ ၁၂ လတာ ကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁ ထောင်နီးပါးကနေ သန်း ၃ဝဝ ကျော်အထိ ကျဆင်းခဲ့ပါတယ်။

အခုလို ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းရတာဟာ ၂ဝဝ၈-၂ဝဝ၉ ခုနှစ် ကာလအတွင်း တရုတ်လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၂ဝဝ၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံရဲ့ သတ္တုတွင်းလုပ်ငန်းမှာ သန်း ၉ဝဝ နီးပါး ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ရင်းနှီးမြှုပ်နှံတဲ့ ကဏ္ဍတွေကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နဲ့ မလေးရှားနိုင်ငံတွေက အမေရိကန်ဒေါ်လာ သန်း ၂၈ဝ နီးပါး ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/foreign_investment_down_in_burma-07142010160612.html

ပန်းဖြူ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်ဆင့်တတ်ဖို့ လုပ်နေ


မင်းသမီးတွေ အမှုဇြစ်နေကြတဲ့ခေတ်မှာ မင်းသမီး ပန်းဖြူ ရဲ့အမှု့အကြောင်းသတင်းကြားပြီးပြီလား။ သူ့အပေါ်ယုတ်မာ ရက်စက်မိုက်ရိုင်းသွားတဲ့ကိုဇော်ဝင်းရှိန် ဆိုတဲ့သူကို ပြစ်မှု့ပုဒ်မ ၄၁၇ နဲ့ တရားစွဲထားတာတဲ့လေ။ဇော်ဝင်းရှိန် ဆိုတာသိလား ?။ ဟိုတစ်လောက DVB မှာ ပေါ်ပြူလာဖြစ်တဲ့၊ကမ္ဘာအေးဘုရားလမ်းပေါ် က နံမည်၈လုံးနဲ့လူကြီးသား နဲ့ ရှယ်ယာစပ်တူဖွင့်ပြီး၊ကမန်းကတန်း ပြန်ဖျက်လိုက်တဲ့၊ 7 LEKKER COFFEE SHOP ပိုင်ရှင်၊ DELTAUNITED ဘောလုံးအသင်း ရဲ့ ဥက္ကဌ ဟောင်း ၊ဧရာဟင်္သာ ကုမ္ပဏီ ပိုင်ရှင်ဆိုတဲ့လူတစ်ယောက်နဲ့ ၂၀၀၂ ခုမှာ စတင်ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတယ်တဲ့။ ၂၀၀၃ခုနှစ်ထဲလည်းရောက်ရော ဇော်ဝင်းရှိန်ရဲ့ လက်ထပ်ကြမယ် ဆိုတဲ့ စကားကိုယုံကြည်ပြီး အတူအိပ်ဖြစ်ကြရောတဲ့။ အဒီအချိန်တုန်းက ဇော်ဝင်းရှိန်က လမ်း၂၀၊ အမှတ် ၁၂၃ ဆိုတဲ့ တိုက်ခန်းကျဉ်းကျဉ်း စုတ်စုတ်လေးထဲမှာ မောင်နှမတွေအများကြီးနဲ့ တိုးဝှေ့နေရတာ။အဲဒီတော့ပန်းဖြူနဲ့ဇော်ဝင်းရှိန်တို့ဟာ နှစ်ယောက်အတူအမြန်နေရဖို့၊ ပိုက်ဆံစုကြတယ်တဲ့။ သိပ်တောင်မကြာလိုက်ပါဘူး။ဇော်ဝင်းရှိန် ချမ်းသာလာတယ်တဲ့။ပိုက်ဆံတွေအများကြီးစုမိလာတယ်တဲ့။ဘယ်လိုကြောင့် ချမ်းသာလာသလဲဆိုရင်ဇော်ဝင်းရှိန်က တရားမ၀င်တဲ့တင်သွင်းမှုတွေ၊ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတွေကိုနယ်စပ်က
နေခိုးသွင်းလာတာရယ်၊သူ့အဖေဦးသန်းစိန်ကဟင်္သာတမြို့မှာရှိတဲ့ ရွာလေးတစ်ရွာက ရိုးသားတဲ့သူတွေဆီက ရွှေတွေကို ကလိမ်ကကျစ်လိမ်ယူပြီး၊ ရန်ကုန်မှာရှောင်ပုန်းရင်း ကြာဆံစက်တွေလုပ်တာကြောင့်တဲ့။ တို့ မြန်မာလူမျိုးတွေကအရာရာကို ခွင့်လွတ်စိတ်၊သူ့အကုသိုလ်သူ ခံလိမ့်မယ်ဆိုတဲ့ စိတ်တွေနဲ့တရားမစွဲခဲ့ကြဘူးပေါ့။ဇော်ဝင်းရှိန်တို့က မြန်မာတွေမဟုတ်ဘူး။ တရုတ်ပြည် ၊ ဖုကျန့်ပြည်နယ်ကနေ
သူ့မိဘတွေကို လိမ်လည်မှုနဲ့ လိုက်ဖမ်းလို့ မြန်မာပြည်ထဲဝင်ပြီးပြေးပုန်းနေတဲ့ တရုတ်တွေ။ အဲဒီတော့ လုပ်ရဲကိုင်ရဲနဲ့ငရဲမကြောက်တာ မဆန်းဘူးပေါ့။ နောက်တော့ဇော်ဝင်းရှိန်ဟာ မြန်မာပြည်ရဲ့အချမ်းသာဆုံး (၁၀)ဦး စာရင်းဝင် ဖြစ်သွားရော။ ဒီတခါကြီးပွားပုံကတော့နည်းနည်းဆန်းတယ် ပြောရမလားပဲ။ မြန်မာပြည်က အခွင့်အာဏာရှိတဲ့လူကြီးတွေဆီကို လက်ဆောင်ပဏ္ဍာတွေပေး၊ လူကြီးတွေသွားမဲ့ လမ်းကြောင်းတွေမှာသူကကြိုရောက်ပြီး ရေ၊မီးအစုံ စီစဉ်ပေးတယ်တဲ့။ တစ်လောကနာမည်ရှစ်လုံးနဲ့အာဏာရှိတဲ့လူကြီး စင်ကာပူမှာဆေးသွားကုတော့ လေဆိပ်မှာမက်စ်အချိုရည်ပိုင်ရှင် ဦးဇော်ဇော်နဲ့ ဇော်ဝင်းရှိန်တို့ဟာနာမည်ရှစ်လုံးနဲ့ လူကြီးရဲ့ အ၀တ်ထုတ်ကို သူဆွဲမယ်၊ ငါဆွဲမယ်နဲ့လုဆွဲနေကြတာ ဣနြေ္ဒပျက်လွန်းလို့စင်ကာပူလေဆိပ်မှာတွေ့လိုက်ရတဲ့ ဗမာတွေခင်မျာ သူတို့ကိုအင်မတန်လိမ်မာပြီး၊လူကြီးရိုသေလိုက်ကြတာလို့သာဓုခေါ်မယ်မှမကြံသေးဘူး၊ ဇော်ဝင်းရှိန်ဆိုတဲ့လူက သူ့မိခင်ကိုလူရှေ့သူရှေ့မှာတောင်ဆဲဆိုနေကြပဲဆိုတာ သိလိုက်ရပြန်ရော (ကိုယ်မိခင်ကို ခုနလူကြီးတွေရဲ့
(၁၀)ပုံ(၁)ပုံပဲ ကောင်းပါဦးလားနော်)။
သူပိုင်တဲ့ ဧရာဟင်္သာကုမ္ပဏီမှာဆိုရင်လည်း ခုနကလူကြီးသားတွေ၊
ဝန်ကြီးသားတွေ၊ရန်ကုန်တိုင်းအတွင်းရေးမှူးရဲ့သားတွေကို ရှယ်ယာတွေ အလကားပေး၊(တစ်ခုခုတော့
ပြန်ရမှာပေါ့လေ)၊ ဒါရိုက်တာနေရာတွေပေးနဲ့ပေါ့။ ကုမ္ပဏီကို စာရင်းစစ်တွေလာစစ်တော့မယ့် သတင်းကြားရင်
ကုမ္ပဏီရဲ့ကွန်ပျူတာတွေကို ဟက်ဒစ်တွေ အလုံးလိုက်ချိန်းပစ်လိုက်ရောတဲ့။ ဆေးရုံတွေဆောက်၊ ဈေးတွေဆောက်နဲ့ဟော အခုလဲ ဟင်္သာတမြို့မှာ ရှော့ပင်းစင်တာပါတဲ့ကားအဝေးပြေးကွင်းဆောက်မလို့တဲ့။ သိန်းပေါင်းသုံးသောင်းကျော်တန် ဆိုပဲ။ တကယ်တော့ အဲဒီမြေနေရာတွေဟာ လယ်သမားတွေဆီက လယ်ယာမြေတွေကို အခွင့်အာဏာရှိတဲ့ ခုနက ပုဂ္ဂိုလ်တွေ တိုင်းမှူးတွေရဲ့အာဏာကိုယူသုံးပြီး၊ မတန်တဆဈေးနှိမ်လို့ ၀ယ်ထားတာတွေလေ။ ရိုးသားတဲ့တောသူတောင်သားတွေဟာ မျက်ရည်စက်လက်နဲ့ကြည့်နေရတော့တယ်တဲ့။

ပန်းဖြူကတော့ ဒီအကြောင်းတွေကို အစက မသိခဲ့ဘူးလေ။ ရိုးသားတဲ့
ဖိုးသခွားလို့ပဲထင်ခဲ့တာ။ ပိုက်ဆံအဆင်ပြေလို့ လက်ထပ်မယ်လည်းဆိုရော ဇော်ဝင်းရှိန်ကမယူနိုင်ဘူးဖြစ်ရော။ သူငယ်ချင်းအပေါင်းအသင်းတွေက အဲဒီကျမှ ဖွင့်ပြောလို့ အကြောင်းစုံကို သိလိုက်ရတယ်တဲ့။အဆင်မပြေခင်တုန်းကတော့ ပန်းဖြူဆီကနေ ဇော်ဝင်းရှိန် ကလူကိုတင်မဟုတ်ဘူး ။ ယူသွားတာတွေ ရှိသေးတယ်တဲ့။(ချူစားတာနေမှာပေါ့)။ စီးပွားရေးအဆင်ပြေသွားတော့၊ကန်ထုတ်ပြီလေ။
အစောပိုင်းတုန်းကပန်းဖြူကလည်း သည်းခံပါတယ်။ဖူးစာမပါလို့မပေါင်းရဘူးလို့ မှတ်တယ်တဲ့။ ဒါပေမယ့်
သည်းခံခွင့်လွှတ်တတ်တဲ့သူတွေ ကို ခေါင်းပေါ်တတ်နင်းနေတာဟာဇော်ဝင်းရှိန်ရဲ့ထုံးစံဖြစ်နေပြီဆိုတော့၊ ပန်းဖြူကို ယုတ်မာရိုင်းစိုင်းတဲ့စကားတွေနဲ့ကျေးဇူးတွေကိုမေ့၊ ပါးစပ်အရသာခံပြီး၊သူ့ပတ်ဝန်းကျင်မှာမဟုတ်တာတွေပြောပါရောလား။ ဒါကိုပန်းဖြူ ပြန်ကြားတော့၊ဖုန်းဆက်ပြီး၊ဆက်မပြောဖို့၊ရပ်ဖို့ပြောတယ်တဲ့။ ဒါပေမယ့်သကောင့်သား က မရပ်ဘဲ၊ ပို ပိုဆိုးပြီးပြောတော့၊ပန်းဖြူကသည်းမခံနိုင်တဲ့အဆုံး၊ ဆက်ပြီး မိုက်ရိုင်းတဲ့အပြုအမှူတွေ၊ အပြောအဆိုတွေ ထပ်လုပ်နေမယ်ဆိုရင် တရားစွဲတော့မယ်လို့ပြောလိုက်တယ်တဲ့။သူတို့လိုငွေရှင်၊ ဓနရှင်တွေကပြောရင်၊ သူ့တို့ပတ်ဝန်းကျင်ကလက်ခံယုံကြည်ကြတာမို့လို့တဲ့လေ။ အဲဒီမှာ ဇော်ဝင်းရှိန် ကဘာပြန်ပြောသလဲ ဆိုရင်၊
တရားစွဲချင်လည်းစွဲပေါ့တဲ့။ငါကတော့ဂရုမစိုက်ဘူးတဲ့။ ငါ့မှာ ကူညီပေးမယ့် အာဏာရှိတဲ့ ပုဂ္ဂါလ်တွေအများကြီးရှိတယ်။ပါးပါးမလုပ်နဲ့၊ထူထူလုပ်။ငါပိုင်တဲ့ လူကြီးတွေက ပေါ့သေးသေးမဟုတ်ဘူးတဲ့။ အဲဒီတော့ ပန်းဖြူကပြန်ပြောတယ်။ အမှန်တရားကိုဘယ်သူ့မှ မျက်ကွယ်ပြုလို့ မရဘူး။ အမှားကိုအမှန်လုပ်လို့
မရဘူး။တရားဥပဒေဆိုတာရှိတယ် ဆိုပြီးပြန်ပြောလိုက်တယ်တဲ့။ ဒါပေမယ့် ပန်းဖြူခမျာ သူ့ထင်မြင်ချက်တွေလွဲမှားတယ်ဆိုတာ တကယ် တရားရင်ဆိုင်ရတော့မှသိသွားရတယ်လေ။ တရားဥပဒေအပေါ်မှာ အာဏာရှိတဲ့ပုဂ္ဂါလ်တွေအများကြီးတတ်ထိုင်နေကြတာဘဲလေ။ဇော်ဝင်းရှိန် ဘက်ကပန်းဖြူနဲ့ ကာမလည်းမဆက်ဆံဖူးဘူး။ရည်းစားလည်း မဟုတ်ဘူး။ဘယ်တုန်းကမှ ဘယ်လိုအကြောင်းနဲ့မှမပတ်သတ်ဖူးဘူးလို့ငြင်းတယ်လေ။ နောက်တော့မြို့နယ်တရားသူကြီးက ပန်းဖြူ ကိုသူ့ရုံးခန်းထဲ ခေါ်ပြောတယ်တဲ့။ နစ်နာကြေးဆိုပြီးတောင်းပြီး၊ကျေအေးလိုက်ပါလားတဲ့။အမှု့ကို စစ်ကြည့်ပြီးတဲ့အခါမှာ၊ ပန်းဖြူဘက်ကမှန်ကန်တယ်။ သက်သေပြည့်စုံတယ်ဆိုတာ သိတယ်တဲ့။ဒါပေမယ့် သူတို့မှာမလွန်ဆန် နိုင်တဲ့ဖိအားတွေရှိတယ်တဲ့။ သူတို့ရာထူးလေး ပြုတ်သွားမှာစိုးလို့၊ အမှန်တရားဘက်ကနေရပ်တည်မပေးနိုင်တဲ့အတွက်စိတ်မကောင်းဖြစ်ရတယ်တဲ့။ ပန်းဖြူကပြန်ပြောလိုက်တယ်၊ပိုက်ဆံလိုချင်လို့စွဲတာမဟုတ်ဘူး၊ ဥပဒေမဲ့စိတ်ထင်တိုင်းယုတ်မာနေတဲ့ သူတစ်ယောက်ကိုတရားဥပဒေနဲ့ အညီ အမှန်တရားအတိုင်းအပြစ်ပေးစေချင်တာပါလို့ပြန်ပြောလိုက်တယ်တဲ့။
နောက်တော့အဲဒီ မြို့နယ်တရားသူကြီး ကစွဲချက်တင်သင့်၊မတင်သင့်အမိန့်ကို ဘယ်လိုကောက်ချက်ချသလဲဆိုတော့၊ နှစ်ယောက်သားချစ်သူဘာဝဖက်လှဲတကင်းရိုက်ထားတဲ့ဓါတ်ပုံတွေကိုရိုးရိုးသားသားခင်မင်မှုပုံစံတဲ့ (ဟုတ်၊မဟုတ်စဉ်းစားလို့ရအောင် ဓါတ်ပုံတွေပါကြိုးစားရှာပြီးတင်ထားတယ်)၊ဟိုတယ်မှာ နှစ်ယောက်အတူ တစ်ခန်းတည်း၊ နေတာကို တွေ့တဲ့လူသက်သေ ကိုလည်း၊ တစ်ခန်းတည်းနေတာကိုတွေ့တာဘဲရှိတာတဲ့၊ sexual လုပ်တာကို တွေ့တာမဟုတ်ဘူးတဲ့။(ချစ်သူတွေ၊ စိတ်မထိန်းနိုင်လို့ အတူနေမယ်ဆိုရင်၊ ပတ်ဝန်းကျင်ကို Live Showပြထားရမယ်ထင်တယ်နော်)။ အဆိုးဆုံးကမရိုသေ့စကား၊ ဇော်ဝင်းရှိန် ရဲ့ ဖွားဖက်တော် က အမှတ်အသားကိုပြောတာကိုလည်း၊ ထည့်သွင်းမသုံးသပ်ဘူး။ (ကြည့်ရတာ ဇော်ဝင်းရှိန် က လူတကာကို သူ့ဖွားဖက်တော်လှန်ပြနေကျထင်တယ်။)နောက်ဆုံးမှာတော့ မြို့နယ်တရားရုံး ကစွဲချက်မတင်သင့်ဆိုပြီး၊ကောက်ချက်ချသွားတယ်လေ။ အခုပန်းဖြူ ကခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်ဆင့်တတ်ဖို့ လုပ်နေတယ်တဲ့။တရားဥပဒေဆိုတာအမှန်တရားဘက်ကနေ အမြဲရပ်တည်တယ်ဆိုတဲ့ ၊ယုံကြည်မှု့ တွေရှိနေသေးတယ်တဲ့လေ။အဲဒီတော့တရားဥပဒေကအမှန်တရားဘက်မှာရှိသလား။
အာဏာရှင်၊ငွေရှင်တွေဆီမှာရှိသလားဆိုတာထပ်ရလာမဲ့သတင်းတွေကို ဆက်လက်ဖေါ်ပြပေးမှာဖြစ်သလိ၊ုဇော်ဝင်းရှိန်ရဲု့ပေးကမ်းရက်ရောမှု့ တွေကိုလည်းတစ်ပေါင်းတည်းပြောပြမယ်နော်။ ကျွန်တော့်အနေနဲ့ ဒီသတင်းကြားပြီးတဲ့အခါမှာတစ်ခုဘဲ၊ အကြံ
ပြုချင်တယ်။
ဒီလို တရားရေးကို လုပ်ချင်တိုင်း၊လုပ်ခွင့်ရနေမယ်ဆိုရင်“တရားရုံးတွေကို ဓါတ်ဆီဆိုင်
တွေလိုပဲ ပုပ္ပလိကပြောင်းပေးလိုက်သင့်ပြီ” ဟုအကြံပေးလိုက်ချင်ပါတော့တယ်။







မေးလ်မှရရှိပါသည်။စဉ်းစားဆင်ခြင်နိုင်ဖို့ပါ။

မင်းသမီး ပန်းဖြူ ရည်းစားဟောင်းကို တရားစွဲ


ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် ရန်ကုန်တိုင်း တရားရုံးတွင် တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။

ပန်းဖြူက “တရားစွဲတယ်ဆိုတာက သူနဲ့ ပန်းဖြူ လက်ထပ်ဖို့ ရည်ရွယ်ပြီးတော့မှ အတူ နေခဲ့ကြတယ်။ ပြီးတော့ သူက လက် ထပ် ဖို့ ပျက်ကွက်ပြီး လမ်းခွဲသွားပြီးနောက် သူက တော်တော်ကို မိုက်မိုက်ရိုင်းရိုင်းကို ပြောတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တရားစွဲဖြစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ

ဦးဇော်ဝင်းရှိန်ကို ပုဒ်မ ၄၁၇ ဖြင့် ၂၀၀၉ ခုနှစ်က စတင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းအမှုကို ပယ်ချခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁၇ သည် ငွေကြေး လိမ်လည်မှု၊ ပစ္စည်း လိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည် မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ရန်ကုန်တိုင်း တရားရုံးသို့ အမှုကို တင်ထားပြီး ကြာသပတေးနေ့တွင် အကြောင်းပြန်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုင်းတရားရုံး က ပလပ်ခဲ့ပါက ဗဟိုတရားရုံးသို့ ဆက်လက် တက်ရောက်မည် ဖြစ်ကြောင်း ပန်းဖြူက ဆက်လက် ပြောဆိုသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘ၀သို့ ရောက်ရှိ ခဲ့ကြောင်း၊ ယင်းအချိန်က ၂ ဦးစလုံးသည် လက်ရှိအခြေအနေကဲ့သို့ အောင်မြင်မှုကို မရရှိသေးသည့်အတွက် လက်ထပ်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်သည် ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၀၉ ခု နှစ် တွင် တာဝန်ယူခဲ့ဖူးသည်။ သို့သော် မြန်မာ နေရှင်နယ် လိဂ် မစမီ ၂၀၀၉ တွင်ပင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

“ဒီအမှုကို ပြီးဆုံးအောင်လုပ်မှလည်း ကျခဲ့ရတဲ့ သိက္ခာတွေက အနည်းငယ် ပြန်တက်လာမှာပါ။ ဒီလိုမျိုး ဒီအတိုင်း ရပ်လိုက်ရင် သူတို့ပြောသလို ထင်သလိုကြီးက ဟုတ်တယ်ဆိုတာကြီး ဖြစ်သွားမှာ။ အဲဒီတော့ ပြီးဆုံးအောင် ဆက်လုပ်မှာပါ”ဟုလည်း ပန်းဖြူက ပြောသည်။

ယခုရက်ပိုင်းအတွင်း၌ အင်တာနက် အီးမေးလ်များမှတဆင့် ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူ၊ ဦးဇော်ဝင်းရှိန် တို့နှင့် ပတ်သက် သော သတင်းများ ပျံ့နှံ့လျက် ရှိသည်။

အီးမေးလ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ တချို့သော အချက်အလက်များ မှန်ကန်မှုရှိသော်လည်း တချို့သော အချက်အလက်များမှာ မှားယွင်းနေကြောင်း ပန်းဖြူက ဆိုသည်။

“လျော်ကြေးပေးလည်း ယူမှာ မဟုတ်ပါဘူး။ သူ့ဘက်ကလည်း အဲဒါမျိုးတွေနဲ့ ညှိတာ ဘာညာလည်း မလုပ်ပါဘူး”ဟု ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်ကို ဤကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။

“တရား စစွဲတုန်းကလည်း မဖြစ်မနေမို့သာ စွဲလိုက်ရတာ။ အခုကျတော့ အဲသလိုမျိုး သတင်းတွေ အရမ်းပြန့်သွားတာ စိတ်ထဲ မှာ မကောင်းဘူးဖြစ်ရတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုယ့်ဘာသာ ကိုယ်မသိတော့ဘူး”ဟုလည်း ပန်းဖြူ က ပြောသည်။

၁၉၉၇ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် ပန်းဖြူသည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့ သည်။
http://www.irrawaddy.org/bur/index.php/news/1-news/3629-2010-07-14-12-06-10

သင်္ကြန်ရက်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ပါတ်သက်သည့် နောက်ဆက်တွဲ ရှင်းလင်းတင်ပြချက်

ရဲဘော်များ။ မိတ်ဆွေများခင်ဗျား

သင်္ကြန်ရက်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ပါတ်သက်ပြီး မိမိတို့ အဖွဲ့ မှ
ထပ်မံသိရှိရသည့် သတင်းအချက်အလက်များအား မြန်မာနိုင်ငံသား ပြည်သူများထံ
ထပ်မံပြီး ဖြန့် ဝေလိုက်ပါသည်၊

လက်ဆင့်ကမ်းဖြန့် ဝေပေးစေချင်ပါသည်၊


ဗဟိုပြန်ကြားရေးဌာန
ဗမာနိုင်ငံလုံးဆိုင်ရာပူးပေါင်းတော်လှန်ရေးအင်အားစု

explain for people (July 13).pdf file here
Explain for People (July 13)

၁၉၉၀မှ၂၀၁၀ရွေးကောက်ပွဲသို့(အောင်လင်းထွဋ်)

From 1990 Elections To 2010 Elections By Aung Linn Htut.pdf
From 1990 Elections to 2010 Elections by Aung Linn Htut

ဂန္ထ၀င်မြောက်အနုပညာရှင် ထူးအိမ်သင် အား ချစ်မြတ်နိုးသော တေးချစ်သူများသို့..


ဂန္ထ၀င်မြောက်အနုပညာရှင် ထူးအိမ်သင် အား ချစ်မြတ်နိုးသော တေးချစ်သူများခင်ဗျား.........
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထူးအိမ်သင်အားချစ်မြတ်နိုးသောကျွန်ုပ်တို့ညီအကိုမောင်နှမများမှ
ထူးအိမ်သင်၏နောက်ဆုံးချန်ရစ်ခဲ့သောချစ်ခြင်းအားဖြင့်(MTV/DVD) တေးအယ်(လ်)ဘန်အား
NEW VERSION DVD အဖြစ်စီစဉ်၍ပြန်လည်ဖြန့်ချီနေပြီဖြစ်ပါသည်။
တာဝန်ခံဖြန့်ချီနေသူများထံတွင်တိုက်ရိုက်သော်၎င်း၊ အင်တာနက်စာမျက်နှာ http://www.aungwin.com/htoo.html မှတဆင့် Paypal/ Credit Crad အသုံးပြု၍၄င်း မှာယူအားပေးနိုင်ပြီဖြစ်ပါသည်။
ရရှိမည့်အကျိုးအမြတ်အားလုံးအား ထူးအိမ်သင်၏တဦးတည်းသောချစ်သမီး မိကွန်းထော
အား ပေးအပ်နိုင်ရန် ရည်ရွယ်ပါသည်။
သို့ဖြစ်ပါ၍ တေးချစ်သူ ထူးအိမ်သင်ပရိသတ်များမှလည်းချစ်ခြင်းအားဖြင့်မှာယူအားပေးကြပါရန် ကျွန်ုပ်တို့
ထူးအိမ်သင်အားချစ်မြတ်နိုးသော ညီအကိုမောင်နှမများမှလေးစားစွာ ချစ်ခြင်းအားဖြင့်တိုက်တွန်းအပ်ပါသည်ခင်ဗျာ။

-ချစ်ခြင်းအားဖြင့်.....
*ထူးအိမ်သင် အားချစ်မြတ်နိုးသော ညီအကိုမောင်နှမများ*

* မှာယူအားပေးရန် *
~~~~~~~~~~~~~
PHILLIP AUNG WIN
Digi Product Online, Inc
101 4th Ave Suite 2R
Brooklyn, NY 11217
(718) 398-9277, b2bclass@gmail.com
http://www.aungwin.com/htoo.html

MA CHAW SU (718) 335-5214

KO WAI LA (646) 462-9017, (718) 505-0080

MOE CHO THIN (626) 480-8118, chowunna@gmail.com

KHIN THIRI NANDAR SOE (650) 758-1290, khinthirinandarsoe@gmail.com

CHO TOO (260) 420-1023

KYAW THET (MON) (260) 494-0789

KO MYOE (917) 832-6887, komyoedesign@gmail.com
-ချစ်ခြင်းအားဖြင့်.....
ထူးအိမ်သင်