Thursday, July 15, 2010

15 July 2010 ဒိုင်ယာရီ

15 july yeyintnge's diary.doc
15 July Yeyintnge's Diary

သခင်တင်မြ ပြောပြတဲ့ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစု ရာတွင် အဆင့်ဆင့် ပြောင်းလဲ လာပုံ

သခင်တင်မြ ပြောပြတဲ့ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစု ရာတွင် အဆင့်ဆင့် ပြောင်းလဲ လာပုံ


၁။ (၂ဝဝ၄) ခုနှစ်၊ မေလ (၁) ရက် နေ့တွင် ဗိုလ်မှူး ရဲထွဋ် (ရဲဘော် သုံးကျိပ်) ၊ သခင် တင်မြ ၊ ဦးအေးမောင် (သမ ဝါယမ) ၊ ဒေါက်တာ ခင်မောင်ကလေး ( စိတ် အထူးကု ) တို့ကို ရဲဘော် ဘခက်က နံနက်စာ ဖိတ်ခေါ် ကျွေးမွေး ပါသည်။ ဗိုလ်မှူး ရဲထွဋ် က မောင်မြဦး မြန်မာ ပြန်သည့် ဗိုလ်ချုပ် အောင်ဆန်း ၏ 'စိန်ခေါ်သံ' စာအုပ်ပါ အချက်များ အကြောင်း ပြောကြရင်း ဗိုလ်မှူး ရဲထွဋ်က လွတ်လပ်ရေး၏ ထိပ်ဆုံး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ကို ပြည့်ပြည့် စုံစုံ ဖော်ပြ ထားသည့် စာအုပ် မရှိသေး ကြောင်း ပြောပါသည်။ မြန်မာ့ လွတ်လပ်ရေး အတွက် ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံရေး ဆောင်ရွက်မှု၊ စီးပွားရေး နှင့် ပတ်သက်၍ လမ်းညွှန်မှု၊ စစ်ရေး နှင့် ပတ်သက်၍ စွမ်းဆောင် နိုင်မှု၊ လူမှုရေး နှင့် ပတ်သက်၍ လမ်းပြမှု၊ အကျင့် သိက္ခာ နှင့် စပ်လျှဉ်း၍ သန့်ရှင်း စင်ကြယ်မှု၊ တိုင်းရင်းသား များ၏ လေးစား ယုံကြည်မှု၊ နိုင်ငံသူ၊ နိုင်ငံသား အများစုကြီး ၏ ချစ်ခင် လေးစား တန်ဖိုးထား ဂုဏ်ပြုခြင်း ခံရမှု တို့ကြောင့် မြန်မာ့ လွတ်လပ်ရေး ရရှိအောင် စွမ်းဆောင် ရာတွင် ဗိုလ်ချုပ် အောင်ဆန်းသည် 'တုလွတ်ကင်း' သည့် ခေါင်းဆောင်ဟု ယုံကြည် ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစု ရာတွင် ပြည့်စုံနိုင် သမျှ ပြည့်စုံရန် မိမိတို့ ဆန္ဒ ရှိကြ ပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ၏ ထူးချွန်သည့် ဆောင်ရွက် မှုများ၊ ဗိုလ်ချုပ် အောင်ဆန်း ၏ စရိုက် နှင့် ထူခြားသည့် အပြု အမူ ဖြစ်ရပ် များကို အများ ပြည်သူတို့ သိရှိ စေလိုရင်း ဖြစ်ပါသည်။

၂။ ထို့ကြောင့် ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း စာမူများ ရရှိရန် ယခု အချိန်တွင် သက်ရှိ ထင်ရှား ရှိနေ သေးသည့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင် ဆင်နွှဲ ခဲ့ကြသည့် လုပ်ဖော် ကိုင်ဖက်များ ထံမှ ပြောပြ ချက်များ၊ အဖြစ် အပျက်များ၊ စာများ၊ အမှတ်တရ ဓာတ်ပုံများ၊ ရုပ်ပုံများ၊ စသည် တို့ကို စုဆောင်းရန် နှင့် အကြံပေးချက် များကို ရယူရန် ဖြစ်ပါသည်။

၃။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ ပြုစုရေး အဖွဲ့တွင် ပါဝင် သူတို့မှာ

ကမကထပြုသူများ

၁။ ဗိုလ်မှူးရဲထွဋ်
၂။ သခင်တင်မြ
၃။ ရဲဘော်ဘခက်
၎။ ကိုတင်ဝင်းမြင့်(ဗိသုကာ)
၅။ ကိုကျော်အောင်(ရွှေပြည်တန်စာပေ)


ကူညီပံ့ပိုးသူများနှင့် စာမူစိစစ်မည့်သူများ

၁။ သခင်အုန်းမြင့်
၂။ သခင်သိန်းမောင်(ဝါးခယ်မ)
၃။ ဒေါ်ခင်ကြည်ကြည်
၎။ သခင်လှကွန်း
၅။ ဦးချစ်လှိုင်(ယခု ကိုကိုမောင်ကြီး)
၆။ မြန်မာ့အလင်း ဦးသန်းညွန့်
၇။ ဗိုလ်ထိန်လင်း (ဗိုလ်တထောင် သတင်းစာ၊ အယ်ဒီတာချုပ်ဟောင်း)
၈။ တက္ကသိုလ်စိန်တင်
၉။ မောင်ဝံသ
၁ဝ။ ကိုသိန်းလွင်(ဦးစာပေ)
၁၁။ ကိုမော်လင်း(စာအုပ်ဈေး)


၎။ မေးမြန်းခြင်း၊ စုဆောင်းခြင်း တို့ကို (၂ဝဝ၄) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ မှ စတင်၍ ပြုကြရန် သဘောတူကြ ပါသည်။

၅။ ပြောပြချက်များ၊ စာမူများ၊ ဓာတ်ပုံများ၊ ရုပ်ပုံများကို စုစည်း ထုတ်ဝေရန် ပြုစုပြီး ပါက အကူ အညီ ပေးသူ ကာယကံရှင် များ၏ သဘောတူ ခွင့်ပြုချက် ရယူပြီး မှသာ ပုံနှိပ် ထုတ်ဝေရန် ဖြစ်ပါသည်။ ယင်း ပြုစု ပြီးသည့် 'ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း' စာမူကို သက်ဆိုင်ရာ အစိုးရ၏ ခွင့်ပြုချက် ရရှိပြီး ပါက ပုံနှိပ် ထုတ်ဝေ ဖြန့်ချိရန် ဖြစ်ကြောင်း အားလုံး သဘောတူခဲ့ ကြပါသည်။ နောက် (၉) ရက်အကြာ (၂ဝဝ၄) ခုနှစ်၊ မေလ (၉) ရက် နေ့တွင် ရဲဘော် ဘခက် နေအိမ် ၌ပင် ဗိုလ်မှူး ရဲထွဋ်၊ သခင် တင်မြ၊ သခင်လှကွန်း နှင့် ရဲဘော်ဘခက်တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။ 'ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း' နှင့် ပတ်သက်၍ လေ့လာ တွေ့ရှိချက် များကို သခင်တင်မြက ပြောပြ ဆွေးနွေး ခဲ့သည်။

(၁၉၅၁) ခုနှစ်၊ နိုဝင်ဘာလက ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည် ၏ တိုက်တွန်း မှုဖြင့် နတ်မောက် ဘုန်းကျော်၊ ဗိုလ်မှူး မောင်ဘို၊ အလင်းဝင် ဦးမေအောင် (ဗိုလ်ချုပ် နှင့် ဆွေမျိုးတော်တူ) သုံးဦး စုဆောင်း ပြုစု ထားသည့် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ကို ဗိုလ်သိန်းဆွေ (ကွယ်လွန်) ကမကထ လုပ်၍ ထုတ်ဝေခဲ့ ပါသည်။

(၁၉၈၈) ခုနှစ ခန့်တွင် ဗိုလ်ချုပ်ကြီး စန်းယု နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး လက်ထက်တွင် သမိုင်း ကော်မရှင် နှင့် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနမှ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိကို တာဝန်ခံ ပြုစုခဲ့ရာ စာမူ အဖြစ် ပြီးစီး နေပြီ ဖြစ်သော်လည်း ဘာကြောင့်မှန်း မသိ၊ စာအုပ် အဖြစ် ရိုက်နှိပ် ထုတ်ဝေခြင်း မပြုဘဲ၊ လက်နှိပ်စက် စာမူ အဖြစ်သာ ရှိနေသည်ကို တွေ့ရ ပါသည်။ ဤ စာအုပ်ကို ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနမှ ပညာရှင် (၆) ဦး စုပေါင်း၍ အပိုင်းလိုက် တာဝန်ယူ ပြုစု ခဲ့ခြင်း ဖြစ်ပါသည်။ ဤစာမူကို (၂ဝဝ၅) ခုနှစ်တွင် ဒေါက်တာ ခင်လှဟန်ထံ မှ သခင်တင်မြ တွေ့ခဲ့ သဖြင့် ခေတ္တငှားပြီး လက်နှိပ်စက် စာမူကို အဖွဲ့ အတွက် မိတ္တူကူးယူခဲ့ ပါသည်။

အထက်ပါ သမိုင်း ကော်မရှင် နှင့် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာန တို့က ပြုစု ခဲ့သော ''ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ'' သည် အဘယ်မျှ ပြီးပြည့်စုံ သည်ကို မိမိ အနေဖြင့် မဖတ်ရ သေးသဖြင့် မသိရှိ သေးကြောင်း သခင် တင်မြ က ရှင်းပြသည်။ မည်သူ့ပင် ဖြစ်စေ လက်နှိပ်စက် စာမူ အဖြစ်သို့ ရောက်နေပြီး ဖြစ်သဖြင့် အခွင့်သာ ပါက ယင်း စာမူကို ကျွမ်းကျင်သည့် သမိုင်း ပညာရှင်များ၊ လေ့လာ ဖတ်ရှု ပြီးပြည့်စုံသည် ထက် ပြည့်စုံသည့် အထိ ထပ်မံ ကြိုးပမ်း ကြမည် ဆိုပါက ခိုင်လုံ ပြည့်စုံသည့် '' ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ'' ပုံနှိပ်ပြီး စာအုပ် အဖြစ် ထွက်ပေါ် လာမည်ဟု မျှော်လင့်ရ ပါသည်။


(၂ဝဝ၄) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် ကမကထ လုပ်သူများ တွေ့ဆုံ ပွဲတွင် ဗိုလ်မှူး ရဲထွဋ်၏ ပြောကြား ချက်

(၁) ''ဒီနေ့ ဗိုလ်ချုပ် အောင်ဆန်း နှင့် ပတ်သက်လို့ ကျွန်တော့် ယုံကြည်မှုကို ပြောလို ပါတယ်။ (၁၈၈၅) ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့က သီပေါ ဘုရင်ကို နန်းချပြီး မြန်မာနိုင်ငံ ကို နယ်ချဲ့အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ နယ်ချဲ့အင်္ဂလိပ် တို့ရဲ့ ကျွန်နိုင်ငံ ဖြစ်သွား ပါတယ်။ (၁၉၄၈) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ကျမှ လွတ်လပ် တဲ့ မြန်မာ နိုင်ငံ လွတ်လပ်တဲ့ မြန်မာ လူမျိုး ဘဝ ပြန်ရောက် ခဲ့ရတယ်။

(၂) လွတ်လပ်တဲ့ မြန်မာ နိုင်ငံ ပေါ်ထွန်း လာအောင် ရဲရဲ ဝံ့ဝံ့ တိုက်ပွဲဝင် ခဲ့ကြတဲ့ သူရဲကောင်းတွေ၊ အသက် စွန့်လွှတ်ဖို့ ဝန်မလေးတဲ့ အာဇာနည် တွေ အဲဒီ သူရဲကောင်း အာဇာနည် တွေဟာ မြန်မာ့ သမိုင်းမှာ အမြောက် အမြား ရှိခဲ့ ပါတယ်။

(၃) လွတ်လပ်ရေး တိုက်ပွဲ အတွင်း မှာ ကျွန်တော် လေးလေး စားစား ရှိခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင် (၁၄) ဦးခန့် ရှိခဲ့ ပါတယ်။ ကျွန်တော် နှင့် တွေ့ဆုံ ဆံဆက်ခြင်း မရှိဘူးတဲ့ ခေါင်းဆောင် တွေလည်း ရှိပါတယ်။


အဲဒီ ခေါင်းဆောင်တွေ ထဲမှ ဗိုလ်ချုပ် အောင်ဆန်း ကတော့

(က) လွတ်လပ်ရေး ရရှိအောင် မှန်ကန်တဲ့ နိုင်ငံရေး လမ်းစဉ် နှင့် စည်းရုံး နိုင်မှု။

(ခ) လွတ်လပ်ရေး အတွက် စစ်ရေး နှင့် ပတ်သက်လို့ တပ်မတော်ကို ခေါင်းဆောင် ဖွဲ့စည်းနိုင်ရုံသာ မက ကမ္ဘာ့ပတ် ဝန်းကျင် အခြေ အနေနှင့် ဆက်စပ်ကာ မှန်ကန်တဲ့ တိုက်ပွဲ ပုံစံ နည်းဗျူဟာ ချမှတ်ပြီး စစ်ပွဲ ဆင်နွှဲနိုင်မှု။

(ဂ) လွတ်လပ်ရေး ရရှိအောင် တိုင်းရင်းသား လူမျိုးများ ကို စည်းလုံး ညီညွတ်မှု ရရှိအောင် စည်းရုံး နိုင်မှု နှင့် တိုင်းရင်းသား လူမျိုး များ၏ လေးစား ချစ်ကြည် ခံရမှု။

(ဃ) ခေါင်းဆောင်တွေ အတွက် အထူး လိုအပ်တဲ့ ကိုယ်ကျင့် သိက္ခာ အပြည့် အဝရှိမှု၊ အထူး သဖြင့် ပြည်သူ လူထုကြီး ၏ ချစ်ကြည် လေးစားမှု ရရှိရုံသာ မက ရန်သူများ ကပင် လေးစား ခံရမှု စသည့် စွမ်းဆောင်မှု အရည် အချင်းတွေ ရှိသည်ဟု ကျွန်တော် ယုံကြည် ပါတယ်။


ကျွန်တော့် အမြင် သဘောထား ကတော့ မြန်မာ နိုင်ငံကို ကျွန်နိုင်ငံ၊ ကျွန် ဘဝကနေ လွတ်လပ်တဲ့ လူမျိုး ဘဝ ရောက်လာအောင် ဗိုလ်ချုပ် အောင်ဆန်း ကြိုးပမ်း ဆောင်ရွက် နိုင်ခဲ့တယ်။ ကုန်ကုန် ပြောရမယ် ဆိုရင် ဗိုလ်ချုပ် အောင်ဆန်း ဟာ သူ့ အသက် သွေးနဲ့ လဲပြီး မြန်မာ တစ်မျိုးသားလုံး လွတ်လပ်တဲ့ လူမျိုး ဘဝ ရောက်အောင် သွေးလမ်း ခင်းပေး ခဲ့တယ်။ ဒါ ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဟာ '' တုလွတ် ကင်းတဲ့ ခေါင်းဆောင်'' ဖြစ်တယ်လို့ ကျွန်တော် စွဲစွဲ မြဲမြဲ ခံယူထား ပါတယ်။ ယနေ့ထက် ထိလဲ အဲဒီ ယုံကြည်ချက် အတိုင်းပါဘဲ။ ဒါကြောင့် ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ်အောင်ဆန်း'' အတ္ထုပ္ပတ္တိ စာမူများကို စုဆောင်း ဖြန့်ဝေဖို့ ဆန္ဒ ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော် သိရ သလောက်၊ ကျွန်တော့် အမြင်၊ သဘောထားကို ပြောပါ ရစေ။ ကျွန်တော် သိရ သလောက်၊ အတ္ထုပ္ပတ္တိ၊ ဝတ္ထု၊ ဆောင်းပါး၊ မှတ်တမ်း ဝေဖန်ရေး စာတမ်း စသည်ဖြင့် ရေးသား ပုံနှိပ် ဖြန်ချိ နေကြ တာတွေဟာ သမိုင်း မှတ်တမ်းတင် ကျန် ရှိလို တာကြောင့် လူတွေ အသိတရား ရစေ လိုတာကြောင့် လွဲမှားစွာ ဖော်ပြထား တာကို အမှန် ဖြစ်စေ လိုတာကြောင့် တာဝန် အရ ရေးရ တာကြောင့် အချို့ကျတော့ မိမိကိုယ်ကို ထင်ပေါ် စေလို တာကြောင့် အခ ငွေကြေး ရလို တာကြောင့် စတဲ့ အမျိုးမျိုးသော အကြောင်း တွေ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခု ပြုစုမဲ့ စာမူ ကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကာယကံမြောက် အလုပ် အကျွေးပြု ကျေးဇူးဆပ်မယ့် အလုပ်ပါ။ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးစား ရအောင်ပါ။

စုန်ရေ နှင့် ဆန်ရေ

ဗိုလ်ချုပ် အောင်ဆန်းက ကျွန်တော် အပါ အဝင် မြန်မာ တစ်မျိုးသားလုံး ကို ကျွန် ဘဝက လွတ်လပ်တဲ့ ဘဝ ရောက်အောင် လုပ်ပေးခဲ့ တာဟာ ဘယ်သူမှ ယှဉ် မရနိုင်တဲ့ မိဘရဲ့ စုန်ရေ တာဝန်ကို ဆောင်ရွက်ခဲ့ တာပါ။ သား သမီး တွေရဲ့စားဝတ် နေရေး အတွက် ပင်ပင် ပန်းပန်း လုပ်လုပ် ကြရတာက ရေဆန်ပါ။ အခု ကျွန်တော် တို့က ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း'' စာမူများ ရရှိ လာအောင် ကြိုးစား ရတာ ကလဲ ဗိုလ်ချုပ် အောင်ဆန်း အတွက် သားသမီး တွေ ဖြစ်တဲ့ ကျွန်တော်တို့ တစ်တွေက အလုပ် အကြွေး ပြုတာဟာ ဆန်ရေ ပါ။ စုန်ရေ မဟုတ်ပါ။ ကြိုးစား ရအောင်ပါ။ ကျွန်တော် တို့တစ်တွေ သားသမီးတွေ အတွက် စုန်ရေရော ဆန်ရေပါ လုပ်ခဲ့ ကြသူတွေ ပါ။ အခု ကတော့ သခင် ဗိုလ်ချုပ် အတွက် ဆန်ရေ တာဝန်ကို ထမ်းဆောင် ကြပါစို့'' ဟု ဗိုလ်မှူး ရဲထွဋ် ပြောကြား ခဲ့ပါသည်။

(၂ဝဝ၄) ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ တွေ့ဆုံ ပွဲတွင် သခင် တင်မြက အောက်ပါ စာတမ်းငယ် နှစ်စောင်ကို တင်ပြခဲ့ ပါသည်။

(၁) စာမူစိစစ်ရာတွင် အထောက် အကူ ဖြစ်စေရန်

ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိကို ပုံနှိပ် ထုတ်ဝေ ထားသည့် စာအုပ်များ ရှိပါသည်။ ထုတ်ဝေ ပြီးသော စာအုပ် များထက် တတ်နိုင် သမျှ ပိုမို ပြည့်စုံသည့် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ဖြစ်စေရန် ကျွန်တော်တို့ အားလုံး ဆန္ဒ ရှိကြ ပါသည်။ ယင်းဆန္ဒကို ဖြည့်ဆည်း ပေးနိုင် သူများမှာ ဗိုလ်ချုပ် အောင်ဆန်း နှင့် တစ်ချိန်က ကိုယ်တိုင် ကိုယ်ကျ ထိတွေ့ဆက်ဆံဖူး ကြသည့် သက်ရှင် ထင်ရှား ရှိနေသေးသည့် ပုဂ္ဂိုလ် များသာ ဖြစ်ပါသည်။

ထို့ကြောင့် ယင်း ပုဂ္ဂိုလ်များ ထံမှ - လွတ်လပ်သည့် နိုင်ငံ၊ လွတ်လပ်သည့် လူမျိုး ဖြစ်လာ စေရန် ဗိုလ်ချုပ် နှင့် အတူ ဆောင်ရွက်ခဲ့သူ များသည်-

ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံရေး အရ ခေါင်းဆောင်မှု၊
စီးပွားရေး နှင့် ပတ်သက်၍ လမ်းညွှန်မှု။
စစ်ရေး အရ စွမ်းဆောင် နိုင်မှု။
လူမှုရေး နှင့် ပတ်သက်၍ မှန်ကန်စွာ ကျင့်သုံးမှု
အကျင့် သိက္ခာ နှင့်ပတ်သက်၍ သန့်ရှင်း စင်ကြယ်မှု
တိုင်းရင်းသား လူမျိုး များ၏ ယုံကြည် လေးစား ခံရမှု
နိုင်ငံသူ နိုင်ငံသား အများစု ကြီး၏ ချစ်ခင် လေးစား ယုံကြည် အားထား ဂုဏ်ပြု ခံရမှု


စသည် တို့နှင့် ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်း ၏ ထူးခြားသော ဆောင်ရွက် မှုများ၊ မိန့်ခွန်းများ၊ မှတ်စု မှတ်တမ်း များကို စုဆောင်းရန်။ ယင်း စာမူများ ရရှိရန် အတွက် ဗိုလ်ချုပ် အောင်ဆန်း နှင့် လွတ်လပ်ရေး နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲ များတွင် အတူ တကွ ပါဝင်ခဲ့ သူများ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ထိတွေ့ ဆက်ဆံ ခဲ့ပြီး ယနေ့တိုင် သက်ရှင် ထင်ရှား ရှိနေကြသည့် ပုဂ္ဂိုလ် များထံ သွားရောက် မေးမြန်း စုဆောင်း ပါမည်။

စာမူ စိစစ်ရေး ပုဂ္ဂိုလ်များ မေးမြန်း စုဆောင်း ရရှိသည့် မှတ်တမ်းနှင့် စာမူ များကို

(က) ဗိုလ်ချုပ် အောင်ဆန်း အား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ ဂုဏ်သိက္ခာ ထိခိုက် စေမည့် အချက် အလက် များကို ပယ်ဖျက် ပစ်ရန်။

(ခ) မိမိ သိရှိ ထားသည့် အချက် အလက် များသည် အဖြစ်မှန် နှင့် ကွဲလွဲ နေပါက မှားသည့် အရာ များကို ပယ်ဖျက်ပြီ အမှန် ကိုသာ ဖော်ပြရန်။

(ဂ) အကြောင်း အရာ မှန်သော်လည်း မပြည့်စုံ ပါက ဖြည့်စွက် ပေးရန်။ စိစစ်ပြီး စာမူ များကို ပုံနှိပ် ထုတ်ဝေ နိုင်ရန် အတွက် စာမူရှင်၏ သဘောတူညီမှုကို ရယူပါမည်။ စာမူရှင်၏ သဘော တူညီမှု ရရှိပြီး ပါက စာအုပ် အဖြစ် စုစည်း၍ သက်ဆိုင်ရာ အစိုးရ ဌာန၏ ခွင့်ပြု မှုကို ရယူ ပါမည်။


ခွင့်ပြုမှု ရရှိ ပါက စာအုပ် အဖြစ် ပုံနှိပ် ပါမည်။ ပုံနှိပ်ပြီး ပါက ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ်အောင်ဆန်း'' စာအုပ်ကို

(၁) ပြည့်စုံနိုင် သမျှ ပြည့်စုံသော ဗိုလ်ချုပ် အောင်ဆန်း စာအုပ် ဖြစ်ပေါ် လာရေး အတွက် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနသို့ ပေးပို့ရန်။

(၂) စာမူ များကို စာအုပ် အဖြစ် ပုံနှိပ်နိုင်ရေး အတွက် လိုအပ်သည့် ငွေကြေး ကို ခေတ္တ စိုက်ထုတ် ပေးသည့် ပုဂ္ဂိုလ် များအား ပြန်လည် ပေးဆပ်ရန်။ ယနေ့ အထိ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ အတွက် ခေတ္တ ငွေချေးငှားခြင်း မပြုခဲ့ ရပါ။ ကုန်ကျ စရိတ် များကို ကမကထ ပြုသူများ တစ်ခါ ထည့်ဝင်လျှင် ကျပ် ၁ဝဝဝဝိ/- ၊ ၂ဝဝဝဝိ/ - လစဉ် ထည့်ဝင် ခဲ့ခြင်း စေတနာ ရှိသူ များက လည်း ကျပ်ငွေ ၁ဝဝဝဝဝိ/-စီ ထည့်ဝင် ကြခြင်းများ ရှိခဲ့ ပါသည်။

(၃) ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ကို ဈေးအသက်သာဆုံး နှုန်းဖြင့် ရောင်းချရန်။


''ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း'' စာအုပ် ပြည့်စုံ ပြီးမြောက်စေရန် အတွက် စာမူ စိစစ်သူ ပုဂ္ဂိုလ်များ အနေဖြင့် အကြံပေး ပါရန် နှင့် တတ်နိုင် ပါက ငွေအား ပစ္စည်းအား တို့ဖြင့် ကူညီကြပါရန် အသိပေး တိုက်တွန်း ပါသည်ဟု ဗိုလ်မှူးရဲထွဋ်က ပြောခဲ့ ပါသည်။




သခင်တင်မြ ၁၉/၆/၂ဝ၁ဝ ( လျှပ်တပြက် )
၁၅ . ၇ . ၂၀၁၀
http://www.htwd.info/2010/07/15072010_15.html

‘arms-for-copper’ deal, Burma’s nuclear ambition and others

Canadian Friends of Burma – July 15, 2010

Excerpt from G8 Declaration, Muskoka, Canada:

“We urge the Government of [Burma] to take the steps necessary to allow for free and fair elections. Full and inclusive democratic participation is essential to this. We urge the Government to release without delay all political prisoners, including Aung San Suu Kyi, and ….” Further reading here

……………………………………………………

Excerpt of Ambassador Ron Hoffman at 65th birthday of Aung San Suu Kyi:

"Today we reaffirm our commitment to carry this collective struggle forward. The Government of Canada will do its part to ensure that Canadian actions match our words." Further reading here

……………………………………………………



Burmese mine still producing:

Ivanhoe Mines claims stake in Monywa not sold, refuses to show any proof

Straightgoods.ca July 12, 2010

In a tersely worded statement posted on the firm's website, Ivanhoe Mines claimed its 50 percent stake in the Myanmar Ivanhoe Copper Company (MICCL) — a joint venture it created with the Burmese regime to run the Monywa Copper project — was not sold. http://www.straightgoods.ca/2010/ViewArticle.cfm?Ref=662&Cookies=yes



Canada urged to probe Ivanhoe over ‘arms-for-copper’ deal

By Thomas Maung Shwe, Mizzima News, 30 June 2010

The Canadian Friends of Burma has called on the Government of Canada to investigate reports that Vancouver-based Ivanhoe Mines violated Canadian sanctions by allowing its 50 per cent stake in Burma’s largest mine to be sold to junta cronies closely connected with Chinese business interests late last year. http://www.mizzima.com/news/world/4069-canada-urged-to-probe-ivanhoe-over-arms-for-copper-deal.html
China weapons giant to mine Burma

By Francis Wade, Democratic Voice of Burma (DVB), 24 June 2010

One of China’s biggest weapons manufacturers is to begin developing a copper mine in central Burma after agreeing to terms with the Burmese government earlier this month. http://www.dvb.no/news/china-weapons-giant-to-mine-burma/10433



Canada Free Press: Burma’s Nuclear Mystery

By Scott Johnson Tuesday, July 6, 2010

Allegations of Burma’s nuclear ambitions hit the newswires on June 3rd with a report by a former U.N. nuclear expert claiming the military regime is seeking to develop an atomic bomb. http://canadafreepress.com/index.php/article/25055



Aung San Suu Kyi’s unhappy birthday

By Irwin Cotler, Globe and Mail, ‎Jun 22, 2010‎

In an important – though largely unacknowledged decision – the United Nations Working Group on Arbitrary Detention has declared unequivocally that the ongoing detention of democracy leader and Nobel Peace Prize laureate Aung San Suu Kyi is “in violation of international law.” http://www.theglobeandmail.com/news/opinions/aung-san-suu-kyis-unhappy-birthday/article1612375/



Lonely celebration for Suu Kyi at 65

By Olivia Ward, Toronto Star, June 18, 2010

It’s a day of worldwide celebration, with parties, plays and protests from Scotland to Singapore. But the guest of honour will be absent. http://www.thestar.com/news/world/article/825867--lonely-celebration-for-suu-kyi-at-65



G8 Calls on Burmese Regime to Release Political Prisoners

VOA News, 09 July 2009

Major industrialized nations have issued a call for Burma to free all political prisoners, including pro-democracy leader Aung San Suu Kyi.

http://www1.voanews.com/english/news/a-13-2009-07-09-voa24-68819862.html



Ottawa Citizen: Forgotten warriors of a forgotten war fade away

By Dave Brown, June 14, 2010

Canadians who served in Burma prepare for 'the laying up of the colours'

There was no fanfare as forgotten warriors of a forgotten war gathered at the Rideau River near Manotick recently. http://www.ottawacitizen.com/Forgotten+warriors+forgotten+fade+away/3150658/story.html#ixzz0t0BKzvOn



Groups call on Cannon to expel diplomat

13 organizations want Chinese official declared persona non grata

By Matthew Little, Epoch Times July 15, 2010

TORONTO—A Chinese diplomat in Ottawa has ignited a chorus of voices calling for his expulsion from Canada following the release of a tape that catches him directing Chinese students to battle against Chinese Canadians. http://www.theepochtimes.com/n2/content/view/39245/



The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org

ဇာဂနာ ကိုယ်စား ပေးဆပ်မှုများ


နိုင်ငံကျော် လူရွှင်တော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် ကိုဇာဂနာ (ခ) ကိုသူရ၏ ဖခင် စာရေးဆရာမကြီး (ဒေါ်ကြည်ဦး)၏ ခင်ပွန်း ဦးအောင်သိန်း (ခ) စာရေးဆရာ နန်းညွှန့်ဆွေ အသက် (၈၇) နှစ်သည် ၁၄.၇.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ ညနေ (၅း၀၀) နာရီအချိန်တွင် ကွယ်လွန်သွားပါ၍ ၁၅.၇.၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီတွင် ရန်ကင်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ တိုက် (၂၁၆)၊ အခန်း (၆) နေအိမ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်သယ်ဆောင်၍ ရေဝေးသုဿန်တွင် သံဃာတော်များ၊ စာနယ်ဇင်း ဆရာများ၊ အနုပညာရှင်များ၊ ဧည့်ပရိသတ်များစွာနှင့် စည်ကားသိုက်မြိုက်စွာဖြင့် မီးသင်္ဂြိုလ် ပြီးစီးခဲ့ပါသည်။

ကျန်ရစ်သူ သားဖြစ်သူ ဦးတေဇ၊ ဦးသူရ(ခ) ဇာဂနာ၊ ဒေါ်သွင်မာဦးနှင့် မြေးဖြစ်သူ မောင်မြတ်ကောင်း၊ မငယ်ဦးမွန်တို့ ကိုယ်စား ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှုဆောင်များ၊ အသင်းသူ/သားများမှ လွမ်းသူပန်းခြင်းများ ပို့ဆောင်ခြင်းနှင့် ဈာပနကိစ္စ အ၀၀တို့အား လိုလေသေးမရှိ ပံ့ပိုးကူညီ ဖေးမဆောင်ရွက် ခဲ့ပါသည်။














စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုဖြုတ်ချ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုဖြုတ်ချ။ နအဖတဖွဲ့လုံး ရာထူးမှအမြန်ဆုံးနုတ်ထွက်ကြတော့

ကျုပ်ကတော့ ရှင်းရှင်း။ သူများတွေလို တွေ့ဆုံဆွေးနွေးပွဲကို မတောင်း။ နိုင်ငံရေးအကျဉ်းသားကို လွှတ်ပေးပါလို့ မပြောတော့။ ပြောလို့မှမရခြင်း။ တော်တော့။ ဤအကြောင်းတွေ ပါးစပ်သနသည်။ ခုတော့ နားလည်ပါပြီ။ သူလဲနားလည်ဖို့လိုသည်။ သူဆိုသည်မှာ အဓိက သန်းရွှေကိုပြောခြင်းပါ့။ ပြီးတော့ နအဖစစ်အုပ်စု တခုလုံး။ မှန်သည်။ ကျုပ်ကနားလည်သမှ ဟိုဘက်လွန်။ သည်တော့ ဒင်းလဲ သေသေချာချာ နားလည်လွန်း။ ပုလင်းတူ ဘူးဆို့အချင်းချင်းကိုး။ ကျုပ်ကနိုင်ငံရေးသမား။သူတို့ကမတရားအာဏာသိမ်းထားသူ။ ခက်သည်က ကျုပ်မဟုတ်။ ကျုပ်လူတွေ။ မည်သို့ပင်ဆိုစေ ငြိမ်ပြီဟေ့ ဆို။ ဘာမျှမလှုပ်တော့။ ဟော ။ နေ့ရက်ကလေးတွေများ တိုက်ဆိုင်လာလိုက်။ အခမ်းအနားလုပ်ပြီး ပြောမှ ရေးမှ ။ နိုင်ငံရေးက သည်လိုကိုး။
တခါကကျုပ် တော်တော် ဟောပြောဖူးပါတယ်။ တော်တော် ဆိုတာ တကြိမ်မဟုတ်။ ရေတွက်မရတော့။ ဆယ်စုနှစ် တခုထက်ကျော်ခဲ့ပြီ။ အခမ်းအနားတွေမှာ ကျုပ်တို့က မပါမှဖြင့် ။ အဲသည် ပွဲမစည်။ အဆောက်အဦထဲ လုပ်တော့လဲ ကျုပ်တို့ကိုဘဲ သိသည်။ လမ်းမပေါ်မှာ ကျုပ်တို့ပြောရမလား ။ လက်ခုပ်သံတွေ အပြုံးတွေနဲ့။ မည်သို့ပင်ဆိုစေ အခမ်းအနားတွေ ဆန္ဒပြပွဲတွေ စည်ကားခဲ့သည်မှာအမှန်။ ဓါတ်ပုံတောင်ရိုက်ကြသည်မှာ ကိုယ်လူတွေလား မပြောနှင့်။ နေ့စဉ်ထုတ်သတင်းစာတွေက သတင်းထောက်တွေ ရိုက်လိုက်သမှ ရှေ့ကကော နောက်ကပါ။
တခါတခါ ချက်ချင်း အပြေးသွားကူး ချက်ချင်းရောင်းသည့် သတင်းထောက်တွေနဲ့ ဆူညံနေသည်။ ထိုင်းကခေတ်ပြိုင်ကို သတင်းဓါတ်ပုံတွေ မပို့ရသေး။ သူတို့က ဓါတ်ပုံတွေကို တခါထဲ ကူးပြီး ပေးလာတတ်သည်။ သည်တော့အလုပ်သက်သာသွားပြီ။ ကျုပ်ကအဲသည်ဓါတ်ပုံတွေကို ထိုင်းကိုပို့။ စာပို့ခကုန်။ ခေတ်ပြိုင်မှာပါလာတော့ လူတွေပျော်လိုက်ကြခြင်းများ။ ခေတ်ပြိုင်မှာ ကျုပ်ကဆောင်းပါးနဲ့သတင်းဓါတ်ပုံတွေ ပို့ပို့နေသည်များ သူများပြောယူရပါသည်။ လစဉ်လဲ ပါနေသည်။ အဲသည်တုံးက ကွန်ပြူတာတွေကို သိပ်မသုံးသေး။ လက်နဲ့ရေး စာအိတ်နဲ့ပို့။ ကျုပ်ပြောပါသော်ကော။ ရှူးလိုက်ပုံများနှယ်။ သို့သော် ငွေတပြားမျှ မည်သူ့ထံကမျှ မည်သည့်ဂျာနယ်ကမျှ မရဖူးခဲ့ချေ။
ခုတော့သိပြီ။ ကျုပ်သိတာလဲ ကြာခဲ့ပါပြီ။ သို့ပေမင့် ကျုပ်ကလဲကျုပ် အထာနဲ့ ။ ပိုးကအဖျားလေးတင် ၀င်လို့ကတော့ ဘာမှမပြောတော့ ။ တရေးနိုး ထပြီးလိုက်သွားလို့ ရသည်။ ကျုပ်ရင်ထဲပိုးက စူးနေအောင်စိုက်သည့်မျှားထက် ၀င်နေသည့်ပိုး။ စူးနေအောင် ၀င်နေလို့ဖြင့် နုတ်ရဲပါသည် ။ ခုတော့ နိုင်ငံရေးပိုး ။ အခမ်းဖေါ်သူငယ်ချင်းက ဆရာဝန်ဖြစ်သွားသည်။ ညွှန်ကြားရေးမှူးဖြစ်သွားသည်။ စစ်ဗိုလ်ကြီးတွေ များမှများ။ ကဗျာဆရာတွေ စာရေးဆရာတွေ ဖြစ်သွားကြသည်မှာဖြင့် နဲနဲနောနောမဟုတ်။ ကျုပ်ကော ငယ်ငယ်လေးထဲက တောခိုဖို့ တတ်နေခဲ့ပြီ ။ ပစ္စည်းမဲ့လူတန်းစားတွေရဲ့ ပြသနာကို ရှာနေခဲ့ပြီ။ အရင်းကျမ်းကို ဖတ်နေပြီ။ ကွန်မြူနစ်ဝါဒသည်သာလျှင် ဘာကြောင့်လဲ ဆိုသောစာအုပ်က လက်ထဲကမျဖြစ်။ ရန်ကုန်ဘဆွေရေးသော ချစ်ဇနီးသို့ စာအုပ်က အမြဲလွယ်အိက်ထဲမှာ။ တဂိုး၏ခံစားရမူကဗျာများစာအုပ်ကို ခေါင်းခုအိပ်နေတတ်ပြီ။
သည်တော့ ကျုပ်ကဘာသားနဲ့ ထုထားလို့ ခံနေမှာတုံး။ ပြီးတော့ အခုဟာက ပြည်ပမှာ ။ ကျုပ်တပြားတချပ် မရလဲ နေပါ့လေစေ။ ကံကောင်းလို့ ရေဒီယိုမှာ ဇတ်လမ်းပမာ အသံလွှင့်လေးတွေရေးတော့ စာမူခရသည်။ ဖြေသာနေခဲ့သည်ဆိုလို့ ဤတခုဘဲလို့ ရင်ကော့ပြောရမည်။ မှန်ပါသည်။ အပါတ်စဉ် စနေနေ့တိုင်း ဒီဗွီဘီက ရေဒီယိုဇတ်လမ်းပမာ လွှင့်တော့ ကျုပ်တို့က ကိုယ်တိုင်သရုပ်ဆောင် ကိုယ်တိုင်ဇတ်လမ်းရေးနဲ့ အပျော်များ ပြောချင်သည်။ နိုင်ငံရေးကိစ္စဆိုလျင် မည်သည့်အချိန်ဖြစ်ဖြစ် ကျုပ်တို့က မပါသည့်နေရာမှမှ မရှိခဲ့ခြင်းများလေ။ သည်တော့ ကျုပ်တို့ အခမ်းအနားတွေပါသည်။ ဆန္ဒပြပွဲတွေလိုက်သည်။ ပွဲတိုင်းကျော်တွေ ဖြစ်သည်။ သို့ပေမင့် ငွေတပြားတချပ်မျှ မရဖူး။မခံစားဖူး။ NGOs ကိုလဲ ကျုပ်မသိ။ NGOs ကလဲ ကျုပ်တို့ကို မသိ။
ဓါတ်ပုံတွေမှာတော့ မြင်ဖူးကြမှာအမှန်။ အင်တာဗျူးတွေမှာ ကျုပ်တို့အသံတွေ ကြားဖူးမှာ တကယ်။ ကျုပ်တို့ကိုယ်စားပြုတဲ့အဖွဲ့နာမည်တွေ သိမှာ အစစ်။ ယင်းပုံများ ယင်းအကြောင်းများကိုပြ၍ သကာလ NGOs တွင် အစီရင်ခံတင်ပြရသည်ကို ကျုပ်မသိခဲ့ရိုး အမှန်လို့ သစ္စာဆိုကာ ပြောချင်သည်။ သို့ကြောင့် ကျုပ်ကလူအ ဖြစ်သွားရဲ့လား။ မအ ခဲ့တာတော့အမှန်ပါ။ သို့သော်လည်း လုပ်စားသူများက ကြီးပွါးပြီး ကျုပ်တို့က ဒုံရင်းမှာနေခဲ့ကြပါသည်။ မည်သို့မျှ မပြောလိုဘဲ ငြိမ်နေခဲ့သည်မှာ ကြာခဲ့ပါပြီ။ သည်အတတ်ပညာများကို လူတွေနားလည်ကြပါပြီ။ တခုတော့ရှိသည်။ လူတွေမညီးခင် ဒင်းတို့လည်း ငွေပြတ်သွားသည်။ NGO က တသက်လုံး မထောက်မပံ့။ မိဘဘိုးဘွားတွေမှ မဟုတ်လေခြင်း။ နောက်ဆုံးယခင်က တိုက်ကြီးနှင့်နေခဲ့သူ ယခုအိမ်ခန်းကလေးမှာ ငှားနေ။ ဆန္ဒပြပွဲလည်း မလုပ်တော့။ကောင်းရော့လဟယ်။
ကျုပ်ပြောပါသည်။ NGOs က နိုင်ငံရေးသမားတွေမှ မဟုတ်။ တော်လှန်ရေးသမားတွေလည်းမဟုတ်။ သင်းတို့လည်း သင်းတို့နိုင်ငံမှာ မှတ်ပုံတင်ပြီး ထောက်ပံ့ကြေးတောင်းယူနေသည့်သူတွေချည်း။ အနှစ်နှစ်ဆယ်ကျော်လာပြီ။ ဘယ်အစိုးရကများ ခံနိုင်မှာတုံး။ ပြောရလျင် ခုလောက်ကလေး ကြာကြာနေခဲ့သည်ကိုက ထာဝရဘုရားသခင်ကို ထိုင်ပြီး နေ့စဉ်ရှိခိုးနေသင့်သည်။ ဘာက်ုမျှ အလုပ်မဖြစ်ခဲ့သည်ကိုး ။ ပြောပါသော်ကော။ NGOs တွေအကြောင်းကို ။ ကိုယ့်လူတွေက မလုပ်တတ်လျင် သူတို့က နည်းဗျူဟာတွေချပေး။ မဟာဗျူဟာချပေး။ ခုတော့ဘာမှမမြောက်ခဲ့။ ဒင်းတို့က အကြံအဖန်သမားတွေကိုး ။
မဟာဗျူဟာအစည်းအဝေးက မပြီးခင် သတင်းပေါက်ကြားသတဲ့။ အဖွဲ့က ဖွဲ့ပြီးသည်နှင့် နှစ်ခြမ်း ဖြစ်သွားသည်တဲ့။ သေရော။ တိုင်းရင်းသားလူမျိုးများအဖွဲ့ ဆိုတာမှာလည်း အဖွဲ့အစည်းလုပ်ထားကြသည်များ ခုတော့ အစီရင်ခံ ထွက်လာမှ လူတွေ ဆူလာကြပြီ။ EBO ဒါရိုက်တာ ငလိမ်တောင် ဟန်ညောင်ရွှေ ဤတကြိမ်ပြေးပေတော့။ ကမ္ဘာကြေသရွေ့ ပြေးနိုင်မှ လွတ်ပေတော့။ သူ့မှာတော်တော် အပြစ်တွေ ရှိနေသည်။ သူရှုပ်ထားသမျှ အားလုံးခံနေရသည်။ နဲနဲကလေးရှုပ်ထားသည်မဟုတ်။ ဗာရာဏသီချဲ့ပြီး ပြောယူရမည့်ကိန်း။ တကယ့်လောကမှာ အရှင်လတ်လတ် ငရဲကို ခံစားစေရမည့်သူ။
နိုင်ငံရေးက မလွယ်အောင် ဘယ်သူလုပ်ခဲ့လေသနည်း။ ဟန်ညောင်ရွှေဘဲ လုပ်ခဲ့သည်။ ရွေးကောက်ပွဲကိုဝင်ရန် သူဘဲ ထောက်ခံခဲ့သည်။ ပြီးတော့ အဖွဲ့အနေနှင့် ကန့်ကွက်ပါသည်ချည်းပြောသည်။ သူနေသောနိုင်ငံမှာ ပြောသည်မဟုတ်။ နိုင်ငံပေါင်းများစွာမှာ ပြောသည်။ ကမ္ဘာ့ကုလသမဂ္ဂပလည်း သူတို့ပြောသောစကားကို အတည်ပြုသွားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် လူပေါင်းစုံပါဝင်ရေး ဆိုသည်။ တိုင်းရင်းသားတွေ ရွေးကောက်ပွဲ ၀င်ပြီ။ ပြည်ပကအတိုက်အခံတွေ ကန့်ကွက်နေချိန် သပိတ်မှောက်သည်ဟု ပြောနေချိန်
ဒင်းက ရွေးကောက်ပွဲဝင်ရေးပြောနေသည်။ သူပြောစရာမလို။ ပြည်တွင်းက လူတွေ သူတို့အခြေအနေပိုသိသည်။ သူ့ထက်ပိုနားလည်သည်။ သူကဘာကြောင့် ပို၍ပူန်ကြောင်းကြ ပြနေရသနည်း။
၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ ၀င်ကြမည်မို့ ငွေကြေးများထောက်ပံ့ရေးရလျှင် သူကထောက်ပံ့သွားမည်။ ရှင်းပါပြီ။ သူထောက်ပံ့နေပါသလား။ မည်သည့်အတွက်များ နိုင်ငံတကာမှာ သူ့ရုံးခမ်းကို ဖွင့်နေရပါသနည်း။ နားလည်သူများက ရှင်းလင်းရတော့မည်။ သူ့ကို တိုင်းရင်းသားတွေက နားလည်နေကြပြီ။ သူ့ကိုမည်သို့မျှ အစာမကြေကြတော့။ ခုကြည့်။ နိုင်ငံရေးရေစီးကြောင်းက နှစ်မျိုး။ တမျိုးက သပိတ်မှောက် ရေစီးကြောင်း။ နောက်ရေစီးကြောင်းက ရွေးကောက်ပွဲ ၀င်ရေးအတွက် ပြည်ပက ထောက်ခံပေးရေး။ ရှင်းပါပြီလား ။ ပြည်ပက ဆိုသည်မှာ ကုလသမဂ္ဂကို ပြောပါသည်။ လုံခြုံရေးကောင်စီကို ပြောပါသည်။ အာဆီယံကို ပြောပါသည် ။ အမေရိကန်အစိုးရကို ပြောပါသည်။ ကနေဒါအစိုးရကို ပြောပါသည်။ ဥရောပသမဂ္ဂကို ပြောပါသည်။
ကျုပ်တို့အတွက် ပြောရကတ်သတ်သွားပြီ။ မည်သို့ ကျုပ်တို့ ပြောရပါမည်နည်း။ ပြည်ပမှာရှိသော အတိုက်အခံသမားတွေက ရွေးကော်ပွဲဝင်ရေးကို ပြောနေသည်။ ပြောခိုင်းနေသူက ဟန်ညောင်ရွှေ ။ လိုက်လုပ်နေသူက တိုင်းရင်းသားလူမျိုးများ သူတောင်းစားတွေ။ နာခံနေသူက ကုလသမဂ္ဂနှင့် အမေရိကန်အစိုးရနှင့် အခြားအနောက်နိုင်ငံတွေ။
ကြည့်ပါလား ။ ပါတီပေါင်းစုံ ပါဝင်ရေး ။ နိုင်ငံရေးအကျဉ်းသားပါဝင်ရေး။ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရေး။ တရားမျှတရေး ။ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂက ကြီးကြပ်ရေးဆိုကြသည်။ မည်သို့နည်းနှင့်မျှ စစ်အစိုးရက မလိုက်လျော ။ စစ်အစိုးရက မလိုက်လျောလို့ မည်သူဝမ်းနည်းနေပါသနည်း။ မည်သူမျ ၀မ်းမနည်းပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်တွင် အနိုင်ရထားသည်။ အစိုးရဖြစ်ရမည့်သူများသာဖြစ်သည်။ တခြားဘာကိုမျှ စဉ်းစားစရာမလို ။
တချိန်တည်းမှာ စစ်အစိုးရက ရွေးကောက်ပွဲကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ သို့သော် ဘယ်နေ့မပြော။ ရုပ်ရှင် သရုပ်ဆောင် တပုံကြီးနှင့် ရုပ်ရှင်ရိုက်ပြသည်။ အာရုဏ်ဦးမှာ ဖူးသည့်ကြာ။ ကျုပ်က ညနေစောင်းနွံမှာ နစ်သည့်ကြာ အမည်ပြောင်းပြီး ဆောင်းပါးရေးလိုက်သည်။ သည်တော့ ကျုပ်အဖြေတခုထုတ်သည်။ မီဒီယာကို သုံးသာစစ်အစိုးရသည် ဒီမိုကရေစီအတိုက်အခံများကို စော်ကားပြီ။ အဖြေထုတ်သည်မှာ မကြာ။ ယင်းကားတွင် သရုပ်ဆောငိ ခန့်စည်သူ ။ ခိုင်သင်းကြည်။ ဒါရိုက်တာတင်သန်းဦးတို့ သုံးဦးကို ဗီဇါပိတ်ပေးပေါ့။ ချက်ချင်းသံရုံးက အကြောင်းပြန်သည်။ ဗီဇါပိတ်ဖို့အရေးကို ဆောင်ရွက်ပါမည်တဲ့။ ကောင်းရော့။ ဒီမိုကရေစီသမားတွေကို စော်ကားလို့ကတော့ ဂလဲ့စားချေခံရမည့်အချိန်ရောက်ပြီ။
သည်တော့မီဒီယာသမားတွေနှင့် ရုပ်ရှင်နှင့် ဗီဒီယိုနှင့် တိုက်လာနေပြီ။ နောက်ဆိုအောက်ကြောင်းက တိုက်တော့မည်။ ခုလည်းကြည့်လေ။ အေးလွင်တို့ကို တရားစွဲနေပြီ။
မကြာပါ။ ဟိုက တရားမ၀င် အဖွဲ့နှင့် အဆက်အသွယ် ရှိသည် ဆိုပြီး ဒေါက်တာတူးဂျာကို လက်စွမ်း ပြထားသည်။ သည်တော့အခြားသူတွေ သတိထားကြတော့။ ဘယ်တော့ရွေးကောက်ပွဲ ခေါ်မည်မသိ။ ဖွဲ့စည်းပုံကို ပြင်မည်ဟု တကဲကဲနေသော သူတွေ ညီးနေကြပြီ။ အာဏာက ကိုယ်ရမှာလား မသိ။ ပြောချင်နေပြီ။ အစိုးရအဖွဲ့ထဲပါဖို့ ၀န်ကြီးဖြစ်မလား မျှော်နေပုံများ ရှက်စရာကြီး ။ ဘယ်နိုင်ငံတကာကလဲ အသိအမှတ်မပြုလို့ ပြောနေခြင်းများ နားမလည်ကြ။
ခုတောင်မှ နိုင်ငံတကာတွေကို ပါးစပ်ပြောနှင့် မရလို့ မျက်စေ့ပစ်နေကြပြီ။ လက်တို့နေကြပြီ။ သက်ဆိုင်ရာနိုင်ငံတွေက ထုတ်ဖေါ်ပြောရတော့မည်။ ရောချလို့မရ။ ခံသွားနိုင်သည်။ နောက်တခုက စစ်အစိုးရက ဖွဲ့စည်းပေးမည့် အစိုးရကို လက်မခံဆိုလျင် ။ သည်လိုနှင့် ကျုပ်တို့က ရပ်နေမလား။ စောစောက ပြောခဲ့သားဘဲ။ ကျုပ်က လူအမှမဟုတ်တာ။ သို့အတူဘဲ။ ကျုပ်နဲ့မှပေါင်းမှတော့ ကျုပ်လူတွေလဲ လူအလို့ အဖြစ်မခံနိုင် ။
ကျုပ်အမေရိကန်မှာနေသည်။ အမေရိကန်အစိုးရက ဆီးနိတ်တာများနှင့် တနေ့တွေ့မည်။ မြို့ တော်ဝန်တွေနှင့် တွေ့မည်။ ကျုပ်လူတွေနှင့် ကျုပ်တို့ ကော်ဇေါနီခင်းထားတဲ့အခမ်းမှာ တနေ့သွားထိုင်ကြမည်။ ကျုပ်တို့ဘာပြောမှာနည်း ။ ရှင်းရှင်းလင်းဘဲ ပြောပါမည်။ စစ်အစိုးရရဲ့ တကယ်လို့ ပြည်သူ့လွှတ်တော်ဖြစ်လာရင် အစိုးရဖွဲ့လာမည်။ ကျုပ်ပြောတာရှင်းပါသည်နော်။ တကယ်လို့ ပြည်သူ့လွှတ်တော် ခေါ်ဖြစ်ခဲ့ရင် စကားပြောတာပါ ။ စစ်ဗိုလ်တွေ တိုက်ပုံဝတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လုပ်နေသည်ကို လူတိုင်းသိပါသည်။ သို့ပေမင့် အရပ်သားအစိုးရဖွဲ့သည်ဟု ပြောမည်။ အမေရိကန်အစိုးရက လက်ခံပါသလား။ ရောသမမွှေလို့ကတော့ ကျုပ်ကလက်မခံ။ နိုင်ငံတကာက လက်မခံ ဆိုသော စကားမပြောနှင့် ။ အမေရိကန်အစိုးရက လက်မခံကြောင်း ပြောတော့ ။
ကောင်းပြီ ။ သည်လိုဆိုလျင် လက်မခံဟု ဗြောင်ပြောပြီ ဆိုပါစို့ ။ သည်လိုဖြင့် ကျုပ်တို့အောင်ပွဲနီးသွားပြီ ။ ဟုတ်သည်။ ဒုတိယ စကားကို ပြောမည် ။ ဒုတိယမေးခွန်းကို မေးမည်။ သည်လိုဖြင့် ကျုပ်တို့က အရပ်သားအစိုးရဖွဲ့စည်းကြမည် ဆိုလျှင် အမေ၇ိကန်အစိုးရက လက်ခံမည်လား ဆိုသော မေးခွန်း။ ရှင်းပါသည်။ ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အရပ်သားစင်ပြိုင်အစိုးရကို ဖွဲ့မည်ဆိုခြင်းကို ပြောခြင်းဖြစ်သည်။ စင်ပြိုင်အစိုးရဆိုသည်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သော ပြည်သူ့လွှတော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းမည်ဖြစ်သည်။ ကျုပ်ကတော့ သိပ်မထင်။ သည်တော့ ကြားဖြတ်အစိုးရဖွဲ့မှ ဖြစ်မည်။ ဘာကြောင့် ဆို အခြားနိုင်ငံရေးသမားတွေ လူရိုသေ ရှင်ရိုသေ ပါဝင်နိုင်သည်။
ယင်းသို့ ဖြစ်နိုင်ရေးအတွက် အစိုးရဖွဲ့စည်းရေးကော်မီတီကို ကျုပ်ကဖွဲ့စည်းရန်ကြိုးစားနေဆဲ ၊ ဖြစ်သွားပြီဆိုက အဲသည်လိုမေးခွန်းကို မေးပေတော့။ ကျုပ်ထင်သည် ။ သူတိ့တွေ စဉ်းစားကြမည်။ လွယ်လွယ်နှင့် yes or no ကို ပေးမည်မဟုတ် ။ အဘယ့်ကြောင့်ဆိုသော် ကျုပ်တို့ကလည်း အကောင်ကြီးကြီးတွေချည်း ။ ရာဇ၀င်နှင့် သမိုင်းနှင့် ပုဂ္ဂိုလ်တွေမို့ သွေးကြောင်သူများမဟုတ်။ စကားတချက်အပြောမှားလျင် အရှက်သိက္ခာတွေ ချောင်းရေထဲ မျှောရုံမဟုတ် ။ ပစိဖိတ်သမုဒ္ဒရာထဲ မျောပါသွားမည့် အခြေအနေ။ ပစိဖိတ်သမုဒ္ဒရာဆိုသည်က နယူးယောက်မြို့ ရဲ့ အောက်ဘက်ပိုင်းမှာ ရှိနေသည်ဘဲ ။ ကျုပ်က နယူးယောက်မြို့ မှာနေသည်ကိုး ။ သည်တော့ သည်လိုမေးခွန်းမှာ ကျုပ်တို့အတွက် အင်အားတွေအပြည့်ရှိနေဆဲ ။
တခုတော့ရှိသည် ။ ကျုပ်က နိုင်ငံတကာတွေ အထူးသဖြင့် အမေရိကန်အစိုးရက တာဝန်ရှိပုဂ္ဂိုလ်တွေနှင့် မတွေ့ခင် နအဖစစ်အုပ်စုကို တပ်မတော်ထဲက အရာရှိတွေကို ရဲဘော်အကြပ်တပ်သားတွေကို သတိပေးလိုက်ချင်သေးသည် ။ သတိပေး၍ နားမလည်လျင် ခံနိုင်သူ့မှာ ခံကြတော့ ။ hကျုပ်ကိုမပြောမဆိုခဲ့ဟု သမိုင်းမှာ မပြောခဲ့ကြရအောင်။ ဟုတ်သည်။ ကျုပ်ကသည်လိုပြောခဲ့ပါသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖြုတ်ချကြ ၊ နအဖ တဖွဲ့လုံး စစ်ရာထူးမှ အမ်ြနုတ်ထွက်ကြတော့ ဟု ။ ပြီးမှ ကျုပ်အလုပ်ဆက်လုပ်မည် ။

ခိုင်အောင်ကျော် ( နယူးယောက် )