Thursday, July 22, 2010

22 July 2010 ဒိုင်ယာရီ

22 July Yeyintnge's Diary

"ခွင်"အသစ်

စာရေးသူအာဘော်သာဖြစ်ပါသည်။
USA Yoke Gasoe

NO ONE ALIVE TODAY WILL EVER SEE THIS AGAIN

lots of things will be happening in the sky next month an unusual happening that will take place in the sky.

Mars

1 TO 5 =>

ဝေ့လည်လည် မြန်မာ့နိုင်ငံရေး

ခုချိန်ကျမှဘဲ ဝေလည်လည် ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေးပြကြရတော့မှာလား
တခုခုကတော့ လွှဲနေပါပြီ ။ ကိုယ်ကဘဲ မှားနေသလား ။ သူတို့ကဘဲ မှားနေသလား မသိ။ ကောက်ချက်ချလျှင်လည်း သူ့အမြင် ကိုယ့်အမြင် ၊ ယေဘူယျ ကွဲပြဲနေသည်။
အာဆီယံညီလာခံကို ဗီယက်နာမ် နိုင်ငံ ဟနွိုင်းမှာ ကျင်းပပြီးပြီ။။ နိုင်ငံခြားဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါပြီ။ မေးစရာတွေ မေး၍ ပြောစရာတွေလဲ ပြောကြပြီးပါပြီ။ အာဆီယံက ရှေ့ဆက်ရမဲ့ ကိစ္စ ရင်ဆိုင်ရမဲ့ ကိစ္စတွေကို ပြောလိုက်ကြပြီ။ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့ စစ်အစိုးရကို အချိန်ဘယ်လောက်ထိ ဆက်ပြီးစောင့်နေရအုံးမှာလဲ ဆိုတာတွေ ပြောလိုက်ကြပြီ။ သည်တော့ မလိုက်နာလျင် အာဆီယံက ဘာလုပ်မှာလဲ ဆိုသောမေးခွန်းက တပါတည်းရှိလာနေပြီဟု မေးခွန်းထုတ်လာကြပြီ။ ASEAN - Inter+Parliamentary Myanmar Caucus ( AIPMC ) မှ ဒါရိုက်တာ ရိုရှန် ဂျေဆန်က မေးခွန်းထုတ်သွားခြင်းဖြစ်သည်။
သူပြောသည့်စကားမှာ ထူးခြားမူတွေရှိနေသည်။ သတိမထား၍မရ။ ယခုအချိန်မှာ အလွန်ဂရုပြုရမည့် အချိန်ဖြစ်နေသည်။ မလိုက်နာလျှင် ဘာလုပ်မည်နည်း ဆိုသော မေးခွန်းမှာ စစ်အစိုးရအဖို ငယ်ထိပ်မြွှေပေါက်သလို ဖြစ်မည့် ကိန်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးညာဏ်ဝင်းကမူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ယခုထက်ထိ မြန်မာနိုင်ငံရေးကို သိပုံမပေါ်သေးဟု ကောက်ချက်ချလိုက်သည်။ သည်တော့ ကျွန်တော်တို့ စဉ်းစားရကြပ်သွားပါပြီ။ အဟုတ်ကြီးဟုတ်နေခဲ့သော ကျွန်တော်တို့မှာ ဦးးညာဏ်ဝင်း ပြောသလို အာဆီယံသိအောင်ပင် မစွမ်းဆောင်နိုင်ခဲ့ခြင်းများ ရှိပါသေးသလားဟု ဆန်းစစ်ရမည့် အခြေအနေကို ဆိုက်ရောက်သွားပါပြီ။ နှစ်ပေါင်းနှစ်ဆယ်ကာလသည် တော်တော်ခရီးမဟုတ်။ လူသားတယောက်အနေဖြင့်ဆိုလျှင် လူပျိုပေါက်အရွယ် ရောက်သည့်အချိန်ကာလဖြစ်သည်။
တော်ပါသေးသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလာ ဂါဝါက မြန်မာနိုင်ငံသူ နိုင်ငံသားတွေက ရွေးကောက်ပွဲပေါ် မည်သို့သဘောထားသနည်း ဆိုသည်ကို လေ့လာဖို့အရေးကြီးသည်ဟု ဆိုထားသည်။သို့ဖြစ်၍ ကျွန်တော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ပြည်တွင်းမှာပါ ပြည်ပမှာပါ ဆန္ဒတွေ ရှိသည်ဟု ထုတ်ဖေါ်လှုပ်ရှားရန် အခွင့်အရေး ရှိနေပါသေးသည်။ အချိန်မနှောင်းသေးဟုလည်းး ထင်သည်။ ကျွန်တော်တို့မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ရန်သူတွေ များလှပါသည်။ စစ်အစိုးရတခုတည်းသာဆှိုပါက ခုလောက်ဆို အောင်ပွဲရလောက်ပြီဟုထင်သည်။ ယခုက စစ်အစိုးရတဦးတည်းမဟုတ်။ သူ၏ခြံပေါက်ကြက်နှင် ငယ်တော်ကွန်များဖြစ်သောကြံ့ဖွံ့များ။ မဆလပြုတ် တစညများ။ ၀န်ထမ်းများ။ စစ်တပ်အတွင်းမှ တပ်မတော်သားများ။ ဗဟိုသင်္ဃာ့နာယာက မှ ရဟန်းသင်္ဃာများ အပြင် နိုင်ငံရေးမလုပ်ရလျင် ခေါင်းကိုက်တတ်သော ခါတော်မှီ သမားများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခြေတော်ရာတိုင်းချင်ကြသော ၀န်ကြီးသားသမီးများမှာ နံပါတ်စဉ်အလိုက် တန်းစီနေပါသည်။
ပြည်ပမှာကြည့်လျှင် အာဆီယံနိုင်ငံများနှင့် တရုပ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့နှင့် ဆက်ဆံရေးမပြေပြစ်သော နိုင်ငံများလည်း ရှိနေသေးသည်။ ပြည်ပမှာကျတော့ မီဒီယာတွေက အလွန်အရေးပါသည်မို့ နအဖစစ်အစိုးရသည် မီဒီယာသမားများကို ကြေးကြီးပေး၍ ငှားထားသည်။ ပြောရလျှင် ကုလသမဂ္ဂအထဲတွင်၎င်း၊ အမေရိကန်အစိုးရအထဲတွင်၎င်း နအဖစစ်အစိုးရအတွက် ပြောပေး ရေးပေးသူများရှိသည်။ အမေ၇ိကန်နိုင်ငံထုတ်သတင်းစာများတွင် စီနီယာသတင်းစာဆ၇ာများသည် နအဖစစ်အစိုးရအတွက် အကောင်းဆုံးကော်လံစား သတင်းများကို ရေးသားနိုင်ကြသူများဖြစ်သည်။ တခါက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း လုပ်ခဲ့သူ ဦးသန့်၏ မြေး ဒေါက်တာသန်းမြင့်ဦးသည် အမေရိကန် ဆီးနိတ်လွှတ်တော်ထဲမှာပင် မြန်မာနိုင်ငံရေးနှင့် ပါတ်သက်၍ ဆွေးနွေးခွင့်ရရှိသူဖြစ်ပြီး စစ်အစိုးရအတွက် အကောင်းဆုံးဝါဒဖြန့်ချီနေသူဖြစ်သည်။
တခါတခါ ဥရောပမှ ဟန်ညောင်ရွှေတို့ ဆလိုင်းလျှံမှုန်းတို့အုပ်စုသည်။ နိုင်ငံတကာတွေမှာ လှည့်လည်ပြီး ရွေးကောက်ပွဲကို ၀င်သင့်ကြောင်း ပြောဆိုနေကြသေးသည်။ အိန္ဒိယနိုင်ငံအခြေစိုက် NCGUB မှ ဒေါက်တာတင့်ဆွေက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင့်း ဆွေးနွေးနေရစဉ် ယင်းအခန်းအနားမှာ ဟန်ညောင်ရွှေတို့က ရွေးကောက်ပွဲကို ၀င်သင့်ကြောင်း ဆွေးနွေးတင်ပြသည်ကို သိရှိရသည် ။ ပြီးတော့ နယူးဒေလီမှာ ရုံးခမ်းတောင် သေသေချာချာ ဖွင့်လှစ်ထားလိုက်သေးသည်။ EBO ရုံးခမ်းအဖြစ် ဖွင့်လှစ်ထားသော ယင်းရုံးခမ်းမှာ နယူးဒေလီ၌ လုံးဝမလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီအင်အားစုများသည် နယူးဒေလီ၌ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်သင့်ခံကြသူများမဟုတ်။ ပြီးတော့ မြန်မာ့နိုင်ငံအရေးနှင့် ပါတ်သက်၍ ယင်း EBO ရုံးခမ်းနှင့် မည်သူမျှ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိ။ ထို့ကြောင့် ဟန်ညောင်ရွှေ ဘာလုပ်နေသနည်း ဆိုသည်ကို သိသာနိုင်ပါသည်။
ဤရွေးကောက်ပွဲမှပင် မြန်မာနိုင်ငံမှာ ဒီမိုကရစီအခြေခံ အဆောက်အအုံတခုကို ဖန်တီးသွားမည်ဟု ဦးဖြိုးမင်းသိန်းတို့က ပြောနေသေးသည်။ မာရှယ်လောမရှိတော့ဟုလည်း ဆိုသည်။ ပါလီမန်အတွင်းတွင် ဒီမိုကရေစီရှိလာမည်ဟုလည်း မျှော်တော်မူ ရွှေရည်စိမ်ဒီမိုကရေစီကို မှန်းဆပြောနေပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရျွေသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူမဟုတ် ။ သို့သော် ယခုထက်ထိ မည်သူ့မှာ အာဏာအရှိဆုံးဟု ပြေးကြည့်လျှင် သူ့ကိုဘဲ ပြောစရာဖြစ်သည်။ သည်လိုဆိုလျင် သူအာဏာစွန့်မည်ထင်ပါသလား။ တနည်းအားဖြင့် သမတနေ၇ာကိုလည်း သူရရှိနိုင်သလို စစ်ဗိုလ်ချုပ်မှူးကြီး ရာထူကိုလည်း သူစွန့်မည်မဟုတ်။ သည်တော့ စစ်အာဏာရှင်စနစ် ပပျေက်သွားမည်လား။ မာရှယ်လောပပျေက်သွားမည်လား ။ ဗိုလ်သန်းရွှေရှိနေသမျှ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မည်သည့်အခါမျ မဖြစ်။ အရိပ်အေ၇ာင်လည်း မသန်း။ အာရုဏ်ဦးလည်း မပေါ်လာနိုင်ချ ။
မောင်စူးစမ်း၊ နေ၀င်းမောင် ၊ တို့က နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကို ၀င်သင့်ကြောင်း ဆောင်းပါးတွေရေးနေကြသည်။ သူတို့ဆောင်းပါးတွေရေးလို့များ နအဖက သူတို့ကြောင့် ရွေးကောက်ပွဲ ဖြစ်မြောက်သွားသည်ဟု ထင်ချင်ထင်သွားလေမည်လား မပြောတတ်။ ကျွန်တော်တို့ကတော့ ယင်းသို့မဟုတ်။ ပြည်တွင်းမှာ မည်သူတွေက မည်သို့ပင် ရေးနေသားနေ သူတို့ကြောင့် ရွေးကောက်ပွဲကို သိကြသည်ဟုမထင်။ အကြောင်းမှာ စစ်အစိုးရသည် လက်နက်အားကိုးဖြင့် မဲကိုရအောင်ယူမည့် အစီအစဉ်များပြုလုပ်ထားပြီး ဖြစ်နေသည်ချည်း။ အကယ်၍ ဦးသုဝေတို့ကသာ ပြော၍ ပြည်ပမှာရွေးကောက်ပွဲကိုဝင်ကြရန် မဲဆွယ်စည်းရုံးပြောကြားသည့်အပေါ် ကျေးဇူးများတင်နေသည်ဆိုလျင် သူတို့ပါတီအနေအထားမှာ ယခုလောက် အကျဉ်းအကြပ်တွေ့မည် မဟုတ်ချေ။ လွပ်လွပ်လပ်လပ် အခွင့်အရေးတခုခုတော့ ရရှိနေမည်ဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရသည် မည်သူ့ကိုမျ ကျေးဇူးတော်ခံ သစ္စာခံ သွေးသောက်စိတ် ရှိသူမဟုတ်မှန်း ခန့်မှန်းသိသာနိုင်သည်။ ဦးသုဝေ ၊ ဦးဖြိုးမင်းသိန်း ၊ ဦးအေးလွင် ၊ ဦးနေမျိုးဝေ တို့သည် မကြာခင် ကောက်စားခံရပါက သူတို့အား နိုင်ငံရေးအကျဉ်းသားလို့တော့ မည်သူကမျှ လွပ်မြောက်ရေးတောင်းဆိုကြမည်မထင်။
သို့သော် ဟန်ညောင်ရွှေတို့၏ လုပ်ရပ်သည် ကုလသမဂ္ဂထိပင် ထိုးဖေါက်ဝင်ရောက် နေရာယူသွားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးအကျဉ်းသားများပါဝင်ရေး။ ပါတီပေါင်းစုံပါဝင်ရေးဆိုသည်မှာ ဟန်ညောင်ရွှေတို့အုပ်စုကောင်းမူကြောင့် ဖြစ်သွားရပြီ။ ပြည်တွင်းမှာရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွှေဂုံတိုင်ကြေညာချက်မထုတ်ပြန်ခင်မှာပင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါတိပေါင်းစုံ ပါဝင်ရေးဆိုသည်မှာ နိုင်ငံတကာ၌ အသံဗလံထွက်သွားပြီ။ အဆိုးဆုံးမှာ ပြည်တွင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြတ်သားသော ကြေညာချက်များ မရှိခဲ့ဘဲ ရွေးကောက်ပွဲကို ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံဥပဒေနှင့် ရောထွေးလိုက်သေးသည်။ စင်စစ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ရလဒ်ကို အကောင်အထည်ဖေါ်ရန်သာ တောင်းဆိုနေမည်ဆိုပါက ယခုလောက်ဇတ်က ရှုပ်လာမည်မထင်။
တဖက်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လက်ကိုင်ပြုထားပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာထားလျင် ပြည်သူတွေကိုလည်း ပြတ်သားစွာ
ပြောမှဖြစ်မည်ထင်သည်။ အပြောနောက်ကျသွားသောအခါ အလုပ်တွေက နောက်ကျသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည်က မဲမပေးလျှင်လည်း ရပါသည်ဟု ပြောသောစကားမှာ ပြည်သူများစွာကို ပြောရမှာ လက်ဝင်လှပါသည်။ သပိတ်မှောက်သည်ဟု ပြောလိုက်လျှင် ပွဲကပြတ်နေပါသည်။ တချိန်တည်းမှာပင် ပြည်ပမှာလည်း စကားကို တန်ဆာမဆင်ဘဲ သပိတ်မှောက်သည်ဟု အသံထွက်ပေးလိုက်က ရှင်းနေပါသည်။ အတိုက်အခံအင်အားစုများရှိနေသော နိုင်ငံများတွင် ရွေးကောက်ပွဲကို ၀င်မည်ဟုပြောသော သူတို့အားလုံးဝဆန့်ကျင်ကြရမည်ဖြစ်ပါသည်။ တိုက်ဖျက်ပစ်ရမည်ဖြစ်သည်။ နှင်ထုတ်ရမည်ဖြစ်သည်။
ယခုအချိန်တွင် မီဒီယိသမားတွေကော ဂျာနယ်များကကော ရွေးကောက်ပွဲဝင်မည့်သူများအား အင်တာဗျူးလုပ်နေကြခြင်း၊ သတင်းများအဖြစ်ရေးသားနေကြခြင်းမှာ နေ့စဉ်မြင်တွေ့ ကြားသိနေရသည်။ နောက်ဆုံးမှာအတိုက်အခံတို့ဖက်က မီဒီယာကို အသုံးမချနိုင်ဖြစ်ကာ ငုံ့ခံနားထောင် တန်ပြန်မရေးသားကြဘဲ ရင်ထုမနာဖြစ်နေကြရခြင်းသာ အဖတ်တင်နေကြရသည်။ စင်စစ်အားဖြင့် စစ်အစိုးရ၏ မီဒီယာကို တန်ပြန်ရေးသား တိုက်ခိုက်၇န် အထူးအာရုဏ်စိုက်ရန်လိုပါပြီ။ လောလောဆယ်မှာ နအဖ မီဒီယာများမှ မဲဆွယ်စည်းရုံးရေး သီချင်းများ ထုတ်လွှင့်ရန် အစီအစဉ်များ ရှိနေသည်။ ယင်းမှာ ၁၉၇၄ ခုနှစ်က မဆလပါတီ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထောက်ခဲမဲပေးကြရန် မဲဆွယ်စည်းရုံးရေး သီချင်းများ လွှင့်ထုတ်ခဲ့ကြသည်။ ယင်းအချိန်က စတီရီယို အဆိုကျော် အောင်ကိုလတ်တို့ကို စည်းရုံးသိမ်းသွင်း ဆိုခိုင်းခဲ့ကြသည်။ ယခုလည်း သူတို့တွေက ပြည်သူချစ်သော အနုပညာသည်တွေကို အသုံးချကြတော့မည်ဖြစ်သည်။
ကမ္ဘာကြီးတွင် မြန်မာနိုင်ငံ့အရေးကို အမှန်တကယ် မသိကြခြင်းလား ဆိုသောပြသနာကို ဆန်းစစ်ကြည့်ရန်လိုလာကြပါပြီ။ သို့အတူ အာဆီယံနိုင်ငံများမှလည်း အမှန်တကယ် မြန်မာနိုင်ငံအကြောင်းကို တိတိကျကျ မသိကြခြင်းလားဆိုသည်မှာ ပဟေဌိဖြစ်နေပြီ။ မီဒီယာများမှ ကျွန်တော်တို့အကြောင်းကို မသိကြခြင်းမှာ ဟုတ်ပါရဲ့လား ဆိုသည်ကို တွေးတောကြည့်ရန်လိုလာသည်။ အမေရိကန်နိုင်တွင် ကျွန်တော်တို့ကို မသိသူများစွာ ရှိပါသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ သမတနှင့် နာမည်ချင်း ခပ်ဆင်ဆင် တူနေသောကြောင့် ဖြေရှင်းရ လွယ်ကူနေသည်။ သို့မဟုတ်က မြေပုံကားချပ်ကိုချကာ တနေကုန်ရှင်းပြရမည်ထင်သည်။ ကျွန်တော်ပြောချင်သည်မှာ သာမန်ပြည်သူတို့သည်ပင် ကျွန်တော်တို့နိုင်ငံကို မည်သူမျ မသိကြဟု ဆိုလျင် နိုင်ငံရေးသမားတွေကကော မသိကြပေဘူးလားဟု စဉ်းစားစရာ ဖြစ်နေသည်။
သို့သော် အနှစ် နှစ်ဆယ်ကာလအတွင်း ကျွန်တော်တို့နိုင်ငံမှာ မည်သို့မျ အပြောင်းအလဲ မရှိခဲ့။ တဖက်တွင် အာဆီယံနိုင်ငံများတွင် လေးနှစ်တကြိမ်ကျစီ သမတတွေ ၀န်ကြီးချုပ်တွေ ပြောင်းလဲသွားကြသောအခါ မြန်မာ့နိုင်ငံ့ရေးသည် သူတို့၏ အပြောင်းအလဲများနှင့် ကပ်ပါသွားသည်ဟုထင်သည်။ သည်တော့ စစ်အစိုးရနှင့် အလွမ်းသင့်သူများက စစ်အစိုးရကို ထောက်ခံသွားကြသော နိုင်ငံရေးသီဝရီ။ အမျိုးသားဒီမိုကရေစီကို ထောက်ခံသောသူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသော သီဝရီတွေနှင့်ပင် အာဆီယံနိုင်ငံများ၏ အြောပင်းအလဲများတွင် အရောင်မျိုးစုံဖြင့် ပြောင်းပါသွားသည်။ ဆိုရလျှင် တသမတ်တည်း ရှိနေသော အနေအထားမဟုတ်။ အခြားတဖက်မှာ ကျွန်တော်တို့သည် အာဆီယံနိုင်ငံများကြားတွင် ထိုးဖေါက်နိုင်စွမ်း မရှိကြောင်း သိသာနိုင်သည်။ ဦးညာဏ်ဝင်း၏ ကောက်ချက်ချသော စကးအတိုင်းကိုကြည့်လျှင် အာဆီယံနိုင်ငံများနှင့် ပါတ်သက်၍ ကျွန်တော်တို့မှာ သတ်သတ်မှတ်မှတ် တင်ပြနေသော ခိုင်မာသည့်အဖွဲ့အစည်း မရှိချေ။
အာဆီယံနိုင်ငံတွေကို ပြောဆိုဖို့ ကျွန်တော်တို့မှာ ရာဇသံပေးနိုင်သောသူတွေ လိုလာပြီ။ အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရကမလိုက်နာလျင် ဘာလုပ်မှာလဲ ဆိုသော မေးခွန်းကို အာဆီယံအဖွဲ့ကြီးအား မေးခွန်းထုတ်နေပြီဖြစ်သည်။ သည်အခါ ကျွန်တော်တို့က ပြင်းထန်သော ရာဇါသံတွေနှင့် မေးခွန်း ထုတ်မနေသင့်ပေဘူးလားဟု စဉ်းစားရမည်ဖြစ်တော့သည်။ ညောင်ညာညာအသံတွေနှင့် ပြော၍ နေမည့်အချိန် မဟုတ်တော့။ အဆိုကျော်တွေက သီချင်းတွေဆိုပြီး မဲမပေးရေးနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရေး ဆိုကြဖို့ အချိန်ကျရောက်နေပြီ။ ကမ္ဘာမှာရောက်ရှိနေကြသော နိုင်ငံရေးသမားတွေက ကမ္ဘာကြီးက ဘာလုပ်မှာလဲ ဆိုသော မေးခွန်းကိုပါ တိတိကျကျ မေးရတော့မည်လည်း ဖြစ်သည်။
အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြပါဟု ပြောသောနိုင်ငံများကို မြန်မာနိုင်ငံရေးအကြောင်းများနှင့် ပါတ်သက်၍ ရှင်းပြစရာမလိုတော့ ။ ခုအချိန်ကျမှဘဲ ဝေ့လည်လည် မြန်မာနိုင်ငံရေးကို ဆွေးနွေးပြစရာမလိုတော့ ။ မိမိတို့လိုချင်သောတိုက်ပွဲအတွက်သာ တိုက်ပွဲဝင်ရန်သာ ရှိတော့သည်။ အာဆီယံနိုင်ငံများကလည်း ယခုအချိန်ထိ မြန်မာနိုင်ငံအကြောင်းကို မသိကြသေးဟု သံသယရှိနေကြသည်ဆိုလျှင် လူထုတိုက်ပွဲကော်မီတီများမှ အမြန်ဆုံးဖွဲ့စည်းပြီး အရေးယူဆောင်ရွက်သင့်သည်။်ယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးညာဏ်ဝင်း၏ သတိပေးသောစကားကို အခြခံခြင်းအဖြစ် ပြောဆိုရခြင်းဖြစ်သည်။ တနည်းအားဖြင့် အာဆီယံနိုင်ငံတွေကိုကော နိုင်ငံတကာတွေကိုရော စစ်အစိုးရမှ တောင်းဆိုထားကြသမျှ မလိုက်နာကြလျှင် ဘာများလုပ်ကြမည်နည်း ဆိုသော မေးခွန်းကို အဖြေရှာဖို့ လုပ်ပြရတော့မည်ဖြစ်သည်။ စစ်အစိုးရမှ တောင်းဆိုနေခြင်းများကို မလိုက်နာလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများက တောင်းဆိုထားခြင်းကို အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက လိုက်နာရန် တခုသာရှိသည်။ ယင်းသို့လုပ်မှသာ ၂၀၁၀ ရွေးကောက်ပွဲသည် မုချပျက်စီးစေမည့် နည်းလမ်းတခုဖြစ်ကြောင်း သိသာနိုင်ပါသည်။ သေသေချာချာ ပြောရလျှင်တော့ ဤသည်မှာ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြည်သူ့အစိုးရပေါ်ထွန်းရေးကို ဦးတည်စေခြင်းလည်းဖြစ်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၂)

ABMA Journal Volume 1 No. 12 (2)

စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါက်တာနေ၀င်းမောင် ထောက်ခံသလား



လှတောသား





ဇူလိုင် ၁၂ ၇က်ထုတ် The Voice ဂျာနယ်မှာ ဒေါက်တာနေ၀င်းမောင်ရဲ့ ကလောင်ခွဲ အောင်ထွဋ်ရေးတဲ့ ဖွဲ့စည်းပုံကို ဝေဖန်တဲ့ ဆောင်းပါးပါပီးမကြာခင် The Voice ၈ျာနယ်ကို ၂ ပတ် အပိတ်ခံရတယ်လို့ ကြားရပါတယ်



ဒီနေရာမှာ မှတ်ရလွယ်အောင် ဆောင်းပါးရှင်ကို ဒေါက်တာနေ၀င်းမောင်လို့ဘဲ ညွှန်းပါရစေ။ စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံသူ၊ စစ်အစိုးရနဲ့ နီးစပ်သူလို့ အများက အသမုတ်ခံနေရတဲ့ ဒေါက်တာနေ၀င်းမောင် ဘာကြောင့် Concept နဲ့ Process ဆောင်းပါးမျိုး ရေးသလဲဆိုတာ စိတ်ဝင်စားဘို့ကောင်းပါတယ်



သူ့ဆောင်းပါးကို အနှစ်ချုပ်ကြည့်ရင် -စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ မှာ သမတကို ဗီတိုအာဏာပေးမထားပေမဲ့ သမတ မကြိုက်တဲ့ ဥပဒေကြမ်းတခုခုကို လွှတ်တော် ၂ ရပ်က တင်သွင်းလာရင် ၂၅ ရာနှုန်း စစ်ဗိုလ်အမတ် ၁၆၆ ဦးက ကန့်ကွက်မဲပေးကြမှာဖြစ်တယ် ဒါကြောင့် သမတလက်မခံတဲ့ ဥပဒေကြမ်းမျိုး ပြင်ချင်သပဆိုရင် အရပ်သားအမတ် ၄၉၈ ဦးထဲက အနည်းဆုံး ၃၃၃ ဦး ထောက်ခံမှဖြစ်မယ်ဆိုတာ (မဖြစ်နိုင်အောင် လုပ်ထားတာမို့) ဖွဲ့စည်းပုံမှာ ရေးမထားတဲ့ သမတရဲ့ ဗီတိုအာဏာဖြစ်တယ်လို့ ရေးခဲ့တာပါ။



ဒီနေရာမှာ စာရေးဆရာ ဒေါက်တာနေ၀င်းမောင်က ရွေးကောက်ပွဲအပီး ပထမဆုံးအရွေးခံရမဲ့ သမတကို စစ်တပ်က ခေါင်းခေါက်ရွေးတဲ့ စစ်သားသမတ မုချဧကန်ဖြစ်ရမယ်လို့ တထစ်ချယူဆပီး ရေးထားတာကြောင့် စစ်အစိုးရ၀ှက်ဖဲကို ထုတ်ပြသလို ဖြစ်သွားတဲ့အတွက် စစ်အစိုးရကို နားရွက် တံတွေးဆွတ်သလို ဖြစ်သွားပုံရပါတယ်။ တနည်းပြောရရင် သမတ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သဘောမကျတဲ့ ဥပဒေကြမ်းမျိုးကို စစ်ဗိုလ်အမတ် ၁၆၆ ဦးက လက်ခံမှာမဟုတ်ဘူးလို့ ဒေါက်တာနေ၀င်းမောင် မပြောရုံတမယ်ရှိတာမို့ နအဖဘက်က ပိုပီး စိတ်ခုသွားပုံရပါတယ်။



ဒါကြောင့် စစ်ဗိုလ်အမတ် ၁၆၆ ဦးရဲ့ ကန့်ကွက်မဲကို သမတရဲ့ ရေးမထားတဲ့ ဗီတို (Default Veto) လို့သုံးထားတာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဘို့နေနေသာသာ စစ်တပ်ကဘဲ ကြိုးကိုင်ထားမှာမို့ သာမန် ဥပဒေကြမ်းမျိုး ပြင်ဘို့တောင် စစ်တပ်သဘောမတုရင် မဖြစ်ဘူးဆိုတဲ့ သဘောဆောင်သွားပါတယ် ဒီမှာတင် စစ်အစိုးရအနေနဲ့ အနာပေါ် တုတ်ကျ ဖြစ်သွားပုံရပါတယ်



နောက်တချက်က သမတလက်မခံတဲ့ ဥပဒေကြမ်းမျိုး ပြင်ချင်သပဆိုရင် အရပ်သားအမတ် ၄၉၈ ဦးထဲက အနည်းဆုံး ၃၃၃ ဦး ထောက်ခံမှဖြစ်မယ်ဆိုတာဟာ အရပ်သားအမတ်စုစုပေါင်းရဲ့ သုံးပုံ၂ ပုံထောက်ခံဘို့ မဖြစ်နိုင်ဘူး-လက်တွေ့မှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီနဲ့ တစညလို ပါတီတွေက အမတ်တွေ စစ်အစိုးရကျောထောက်နောက်ခံပေးထားတဲ့ မဟာမိတ်ပါတီအမတ်တွေက အရပ်သားအမတ် အများစုဖြစ်နေမှာမို့ ပြည်သူလူထုအကျိုးလိုလားတဲ့ အရပ်သားအမတ် ၃၃၃ ဦးလိုတယ်လို့ ဒေါက်တာနေ၀င်းမောင် ဥပယ်တမျည်နဲ့ ထောက်ပြတာကို စစ်အစိုးရက မျက်ထောင့်နီသွားတာ ဖြစ်နိုင်ပါတယ်



ပိုပီး စာဖတ်သူတွေ ရှင်းသွားအောင် ပြည်သူနဲ့နိုင်ငံရေးပါတီတွေ သာမန်ထက်ပိုပီး ညီညွတ်ကြမယ်ဆိုရင် အပြန်အလှန်ထိန်းကျောင်းမှုရှိတဲ့ နိုင်ငံရေးစနစ်တခုကို အသေအချာ ခံစားရပါလိမ့်မယ်လို့ ဒေါက်တာနေ၀င်းမောင် မှတ်ချက်ချတာဟာ လူထုကနေ ပြည်သူလူထုအကျိုးလိုလားတဲ့ အရပ်သားအမတ် ၃၃၃ ဦးရအောင် စစ်အစိုးရ မထောက်ခံတဲ့ပါတီတွေကို မဲဖိပေးရင် ကိုယ်လိုချင်တာ ရနိုင်တယ်လို့ ဆိုလိုရာရောက်နေတာမို့ ဒေါက်တာနေ၀င်းမောင်ကို မဖမ်းတာဘဲ တော်လှပီလို့ ဆိုရမလို ဖြစ်နေပါတယ်



ဒီမှာတင် ဒေါက်တာနေ၀င်းမောင်ရေးတာတွေ လွဲနေပါတယ်ဆိုပီး ပိတောက်မြေလို စစ်အစိုးရ ဘောင်းတော်ညိတ် ဘလော့ဆိုက်တွေက အူယားဖားယား လိုက်ရှင်းရတဲ့အဖြစ် ရောက်သွားပါတယ်။



တကယ်တော့ ဒေါက်တာနေ၀င်းမောင်ရဲ့ ဒီဆောင်းပါးဟာ ပြည်တွင်းမှာနေပီး ဖွဲ့စည်းပုံရဲ့ အပြစ်အနာအဆာကို ဥပယ်တမျည်နဲ့ ထောက်ပြရုံမက လူထုကိုပါ လွှတ်တော်မှာ ပြည်သူ့အကျိုး လိုလားတဲ့ပါတီတွေကို ထောက်ခံမဲ အပြတ်ပေးပါဆိုတဲ့ သဘောရောက်စေတဲ့ ဆောာင်းပါးမျိုးရေးတာမို့ ကြီးလေးတဲ့ အပြစ်ဒဏ်ခံရနိုင်တဲ့အတွက် သတ္တိကို ချီးကျူးထိုက်ပါတယ်



တဘက်ကလဲ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ကို ကာကွယ်ထားတဲ့ ပုဒ်မ ၁၀၀နီးပါးကို ၂၅ ရာနှုန်း စစ်ဗိုလ်တွေရဲ့ ထောက်ခံမှုမရဘဲ ပြင်လို့မရတာသာရှိပါတယ်-သာမန် ဥပဒေကြမ်းမျိုးကို ထက်ဝက်ကျော်မဲနဲ့ပြင်နိုင်ပါတယ်လို့ ၀ါဒဖြန့်နေသူတွေအားလုံးကို ဒေါက်တာနေ၀င်းမောင်ပေးတဲ့ မက်ဆေ့က စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သာမန်ဥပဒေကြမ်းမျိုးတောင် ပြင်ဘို့မဖြစ်နိုင်ဘူးလို့ သွယ်ဝိုက်ပြောရာ ရောက်နေပါတယ်။



ဒီအချက်ကို ပိုပီး ပီပြင်စေဘို့အတွက် နောင်ကို ပညာရှင်အမျိုးမျိုးက စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှုထောင့်အမျိုးမျိုးက သုံးသပ်ရာမှာ ဒီကိစ္စကို သူအရင်ဆုံး မှတ်တမ်းတင်ခဲ့တာ သိစေချင်လို့ ရေးတာပါလို့ ဒေါက်တာနေ၀င်းမောင်က ဆောင်းပါး နိဂုံးမှာ ရဲရဲတင်တင်း ရေးထားပါတယ်။



တကယ်တော့ စစ်အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေကို အလကားပါလို့ ပြောသူတွေ ပြည်တွင်းပြည်ပမှာ မရေတွက်နိုင်ပေမဲ့ ဘယ်အချက်တွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်ဖြစ်တယ် စစ်ခေါင်းဆောင်တွေနဲ့စစ်တပ်အကျိုးကို ဘယ်လိုကာကွယ်ထားသလဲဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာပီး လူထုကို အသိပေးနိုင်သူက အတော်နည်းပါတယ်။



ဒေါက်တာနေ၀င်းမောင်ဟာ တကယ်ဘဲ စစ်အစိုးရနဲ့နီးစပ်သူလား-တကယ်ဘဲ အခြေခံဥပဒေ ၂၀၀၈ ကို သဘောကျ ယုံကြည်သူလားဆိုတာ ကျန်တော် မသိပါ။ ဒေါက်တာနေ၀င်းမောင်ကိုလဲ မမြင်ဘူးပါ။



ဒါပေမဲ့ The Voice ဂျာနယ်ပါ အောင်ထွဋ် ဆောင်းပါးကတော့ စစ်အစိုးရ ဖွဲ့စည်းပုံကို ယုံကြည်သူလို့ ဒေါက်တာနေ၀င်းမောင်ခံယူထားတာဟာ ပြည်တွင်းကနေ စစ်အစိုးရကို ပူးသတ်မဲ့ ကတ္တီပါ လက်အိတ်စွပ်ထားတဲ့ သံလက်သီးလားလို့တောင် မေးစရာဖြစ်နေပါတယ်