Tuesday, July 27, 2010

Burmese Food Fair & Picnic

Burmese Food Fair & Picnic

Time အချိန် : : 10:00 AM to 7 :00 PM

Date နေ့ ရက် : : July 31, 2010 ( Saturday )

Place နေရာ : : High Park # Area - 4

Toronto
(Just across High Park subway station.)

The Burma Canadian Association of Ontario is hosting a food fair to raise
funds for the Association as well as to meet old and new friends.
We hope you can come out and join us for some fresh air, try our delicious
Burmese food and participate in the games with the young ones.

For more information.....

http://burmacanadianassociation.com/



27 July 2010 ဒိုင်ယာရီ

27 July 2010 yeyintnge Diary.docx file download here
27 July 2010 Yeyintnge Diary

ကြောက်ရသူတယောက်တိုး...သန်းရွှေ.....................။


http://burmese.dvb.no/news.php?id=11666

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထိုးစစ်မှာ စစ်အစိုးရတပ်က ရွာတွေမီးရှို့

2010-07-27

ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန်ခရိုင်အတွင်းမှာ စစ်အစိုးရ ခြေမြန်တပ်ရင်း ၃၇ဝ နဲ့ ၃၆၁ တပ်ရင်း၂ ရင်းက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ကရင်ရွာသား ၉ဝဝ ကျော် တောတွေထဲ ထွက်ပြေး ပုန်းရှောင်နေရတယ်လို့  သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အဲဒီ စစ်အစိုးရ တပ်ရင်း၂ ရင်းဟာ ဖာပွန်ခရိုင်အတွင်းက သဲဒါဒါးရွာအတွင်းကို မော်တာ လက်နက်ကြီးအလုံးရေ ၄ဝ လောက် ပစ်ခတ်ခဲ့တဲအတွက် ရွာသားတွေ စတင် ထွက်ပြေးခဲ့ရပါတယ်။

အဲဒီနေ့ နေ့လည် ၂ နာရီအချိန်လောက်မှာတော့ တပ်ရင်းတရင်းက ရွာထဲဝင်ပြီး ကျန် တပ်ရင်းတရင်းက တောင်ပေါ်မှာ တပ်စွဲထားခဲ့ပါတယ်။ သဲဒါဒါးရွာထဲ ဝင်တဲ့ တပ်ရင်းက ရွာထဲက ရှိသမျှ ပစ္စည်းတွေ လုယက်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီ သဲဒါဒါးရွာက ရွာသား ၆ဝဝ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံလိုက်ရတဲ့အပြင် ရွာသားတွေဟာ နီးစပ်ရာ တောတွေထဲမှာ ပုန်းရှောင်နေရဆဲ ဖြစ်ပါတယ်။ အဲဒီ သဲဒါဒါးရွာက ရွာသားတွေအပြင် အနီးအနား ကျေးရွာတွေက ထွက်ပြေးလာသူတွေနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ၁,ဝဝဝ နီးပါးတောတွေထဲမှာ ပုန်းရှောင်နေကြရပါတယ်။

တနင်္ဂနွေနေ့ကလည်း ကရင်ပြည်နယ် အရှေ့ဖက်ခြမ်းမှာ စစ်အစိုးရတပ်တွေက DKBA ကရင်တပ်တချို့ကို ထိုးစစ်ဆင်မယ်ဆိုလို့ ရွာသူရွာသား ၈ဝဝ ကျော် ၉ဝဝ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်က ဖော့ဖရာမြို့နယ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ ကရင်ပြန်ကြားရေးအဖွဲ့ ဝင် နန့်ဖောဂေက ခုလို ပြောပြပါတယ်။

'က္ဆွန်မ မနေ့ညနေက ထိုင်းနိုင်ငံပေါ့နော်၊ တပ်ခ်ခရိုင်၊ ဖော့ဖရားမြို့နယ်ထဲက မိုးကထရွာ စာသင်ကျောင်းကို က္ဆွန်မ ရောက်သွားတယ်လေ။ ရောက်သွားတော့ အဲဒီမှာ ရွာသားတွေ အများကြီး ရောက်နေတာ တွေ့တယ်။ များသောအားဖြင့်၊ အမျိုးသမီးနဲ့ ကလေးတွေတော့ များပါတယ်။ ရွာသုံးရွာက အိမ်ထောင်စု ၃၈ စု၊ လူဦးရေက နှစ်ရာနဲ့ ဆယ့်ရှစ်ယောက်ပေါ့၊ အဲဒါ က္ဆွန်မ ရောက်တဲ့အချိန်မှာနော်။ ထိုင်းစစ်တပ်တွေကလည်း ရောက်ရှိလာတဲ့ ရွာသူရွာသားတွေရဲ့ စာရင်းတွေကို ကောက်နေတာ တွေ့တယ်။ ပြီးတော့ ဓာတ်ပုံတွေ ဘာတွေလည်း ရိုက်တယ်၊ မှတ်တမ်းတွေလည်း ရိုက်တာ အဲဒါမျိုး တွေ့ရတာပေါ့။ ဒါပေမဲ့ ညနက်ပိုင်းအထိက ထပ်ရောက်လာတဲ့လူ ရှိတယ်လို့ သတင်းကြားတယ်လေ။ ဒီမနက်ပြန်ပြီးတော့ စုံစမ်းကြည့်တာ ၉ဝဝ ကျော်လောက် ရှိလာတယ်။'
http://www.rfa.org/burmese/news/army_offensive_launched_in_karen_region-07272010130713.html

မြောက်ကိုရီးယား စစ်ပစ္စည်းများကို တရုတ်သင်္ဘောများဖြင့် မြန်မာပြည်ပို့နေ


2010-07-27
မြောက်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့နေတဲ့ နျူကလီယား ဆက်စပ်ပစ္စည်းတွေနဲ့ စစ်လက်နက် ပစ္စည်းတွေကို အရင်ကလို မြောက်ကိုရီးယား သင်္ဘောတွေနဲ့ အသုံးမပြုတော့ပဲ တရုတ်နိုင်ငံက သင်္ဘောတွေကို အသုံးပြု တင်ပို့နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံအတွက် နျူကလီးယားနဲ့ တခြား စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်းဟာ ဇူလိုင်လ ၂၄ ရက်နေ့ညက တရုတ်ရေပိုင်နက်အတွင်း ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီသင်္ဘောပေါ်မှာ ပါလာတဲ့ ကုန်ပစ္စည်းတွေကို တရုတ်သင်္ဘော တစင်းပေါ် ပြောင်းတင်ပြီး မြန်မာနိုင်ငံကို ထွက်ခွာမှာ ဖြစ်ကြောင်း၊ အဲဒီတရုတ်သင်္ဘောဟာ ရန်ကုန် သီလဝါဆိပ်ကမ်းကို အခုရက်ပိုင်းအတွင်း ဝင်ရောက်ဆိုက်ဖို့ ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က သိရပါတယ်။ ရန်ကုန် သီလဝါဆိပ်ကမ်းမှာတော့ လုံခြုံရေးတင်းကျပ် ထားတယ်လို့ ဆိပ်ကမ်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေကို မြန်မာနိုင်ငံကို တင်ပို့ရာမှာ တရုတ်သင်္ဘောတွေ ပြောင်းလဲ သုံးစွဲလာတာဟာ နိုင်ငံတကာ ရေတပ်သင်္ဘောတွေရဲ့ ခြေရာခံ ဖော်ထုတ်မှုတွေကို ရှောင်ကွင်းနိုင်အောင် ဖြစ်တယ်လို့ မြန်မာ့စစ်ရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်ပါတယ်။

'အခုလို အရေးကြီးတဲ့ ဒီ စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေကို ဒီ မြောက်ကိုရီးယား သင်္ဘောတွေနဲ့ တင်ပို့နေတယ်ဆိုတဲ့ ကိစ္စတွေက ဒီ နိုင်ငံတကာကနေပြီးတော့ ဖိပြီးတော့ အမြဲတမ်း ဒီ အာရုံစိုက်နေတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီတော့ အဲလိုအနေအထားမျိုးတွေအရ ဆိုလို့ရှိရင် ဒီမြောက်ကိုရီးယား အနေနဲ့ပေါ့လေ၊ ဒီ မြန်မာနိုင်ငံနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ ဒီ စစ်ပစ္စည်းတွေကို ပေးပို့ဖို့ နေရာမှာ အဲ သူတို့ သင်္ဘောတွေကို သုံးပြီးတော့ ပေးပို့ဖို့ အခက်အခဲ ရှိနိုင်တဲ့ အနေအထား တွေ့ရပါတယ်။ အဲဒါကြောင့်၊ မြောက်ကိုရီးယား အနေနဲ့ပေါ့လေ၊ ဒီ နိုင်ငံတကာကနေပြီးတော့ အာရုံမစိုက်နိုင်တဲ့ ဒီ တရုတ်သင်္ဘောတွေကို ကြားခံ အလွှဲအပြောင်း လုပ်တယ်လို့ ယူဆရင်လည်း ယူဆနိုင်ပါတယ်။'

လွန်ခဲ့တဲ့နှစ်တွေအတွင်း Kang Nam သင်္ဘောအပါအဝင် စစ်လက်နက်ပစ္စည်းတွေ သယ်ယူတင်ဆောင် လာတဲ့ မြောက်ကိုရီးယားသင်္ဘောတွေ မြန်မာနိုင်ငံကို အဝင်အထွက် ရှိခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ် ဇူလိုင်လအတွင်းလည်း မြန်မာနိုင်ငံကို ဦးတည်ထွက်ခွာလာတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်းကို အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်ခဲ့တဲ့အတွက် အဲဒီသင်္ဘောဟာ မြန်မာနိုင်ငံကို ဝင်ရောက် ဆိုက်ကပ်ခြင်း မပြုပဲ လှည့်ပြန်သွားခဲ့ပါတယ်။

မြန်မာ-မြောက်ကိုရီးယား စစ်ရေး၊ နိုင်ငံရေးဆက်ဆံမှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဌေးအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်တင်ပြထားပါတယ်။
http://www.rfa.org/burmese/news/nuclear_equipments_transporting_by_chinese_ships-07272010165830.html

မှတ်တယ်...သိတယ်..ရိုက်တယ်..သတ်တယ်..သေကုန်ပြီ..


http://3.bp.blogspot.com/_9wCCVa8-Ojk/TE6jjOy-_FI/AAAAAAAALrA/WAloEJRgvrI/s1600/Thanshwe(411).jpg

နိုင်ငံရေး၊ စီးပွားရေး အလားအလာများ


နိုင်ငံရေး၊ စီးပွားရေး အလားအလာများ

အောင်ကျော်ခင် / ၂၇ ဇူလိုင် ၂၀၁၀


လွန်ခဲ့တဲ့ မေလက ၀ါရှင်တန်အခြေစိုက် ငြိမ်းချမ်းရေးသုတေသနဌာနက မြန်မာ့စီးပွားရေးအထူးအစီရင်ခံစာကို ထုတ်ဝေပြီး ဇွန်လရောက်တော့ သြစတြေးလျနိုင်ငံ ဆစ်ဒနီ Macquarie တက္ကသိုလ် ဘောဂဗေဒပါမောက္ခ Sean Turnell က မြန်မာ့စီးပွားရေးရာ အချက်အလက်တွေကို ခွဲစိတ်စစ်ဆေးထားတဲ့ Dissecting the Data ဆိုတဲ့ စာမျက်နှာ (၂၀) ကျော်စာတမ်းကို ထုတ်ဝေလိုက်တယ်။ အခု ဇူလိုင်လမှာ လန်ဒန်အခြေစိုက် Economic Intelligence Unit ဆိုတဲ့ သုတေသနအဖွဲ့က (၂၄) မျက်နှာ အစီရင်ခံစာကို ထုတ်ဝေလိုက်တယ်။ ဒီနှစ်ရဲ့ ရှေ့နှစ်မှာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အလားအလာ ဘယ်လိုရှိနိုင်တယ်ဆိုတာကို သုံးသပ်ထားတာပါပဲ။ မြန်မာ့အခြေအနေ သုံးသပ်ချက် (၃) ခု ဆက်တိုက်ထွက်လာတာဟာ ထူးခြားပါတယ်။

The Economist မဂ္ဂဇင်းအတွက် သုတေသနလုပ်ပေးဖို့ ၁၉၄၆ မှာ Economist Intelligence Unit တည်ထောင်တာမို့ သက်တမ်း (၆၄) နှစ်ရှိသွားပြီ။ အခုတော့ Economist မဂ္ဂဇင်းအတွက် သုတေသန လုပ်ပေးရုံတင်မကဘဲ သီးသန့်အကြံပေးအဖွဲ့အနေနဲ့လည်း လုပ်ကိုင်ဆောင်ရွက်နေတယ်။ ရုံးခွဲပေါင်း (၄၀) ကမ္ဘာမှာ ဖွင့်လှစ်ပြီး ဒေသဆိုင်ရာ အခြေအနေကို လေ့လာနေတယ်။ မြန်မာပြည်ကိုလည်း လေ့လာထားတာမို့ သူတို့ရဲ့ သုံးသပ်ချက်ကို ကြားလူရဲ့ အမြင်အနေနဲ့ အကျဉ်းချုံး တင်ပြလိုပါတယ်။

ရွေးကောက်ပွဲကျင်းပတာကြောင့် နိုင်ငံရေးအာဏာချုပ်ကိုင်မှုမှာ အပြောင်းအလဲဖြစ်ဖို့ အလားအလာမရှိပါဘူး။ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်တဲ့ ဖြစ်စဉ်ပါပဲ။ ကွဲပြားတဲ့ သဘောထားကို ဖိနှိပ်ကာ စည်းကမ်းရှိဖို့ အဓိကထားပြီး တဖက်သတ်ထင်သလို စည်းကမ်းသတ်မှတ်တာကို မတရားဘူးလို့ ယူဆတဲ့အတွက် အန်အယ်လ်ဒီအဖွဲ့ချုပ်ပါတီ မှတ်ပုံမတင်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့အုပ်စုနဲ့ ရွေးကောက်ပွဲဝင်မယ့်အုပ်စုဆိုပြီး အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းမှာ နှစ်ခြမ်းကွဲသွားတယ်။ ရွေးကောက်ပွဲဝင်ရင် ရွေးကောက်ပွဲနဲ့ စစ်အစိုးရကို တရားဝင်ကြောင်း ပြသရာရောက်တာမို့ နိုင်ငံရေးပြုပြင်မှု လုပ်တော့မှာမဟုတ်ဘူးလို့ သပိတ်မှောက်သူတွေက မြင်တယ်။ သပိတ်မမှောက်သူတွေကတော့ တရားဝင် နိုင်ငံရေးလုပ်နိုင်ဖို့ ရွေးကောက်ပွဲဝင်ရတာလို့ ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီရဲ့ အမှတ်သင်္ကေတအဖြစ် ပြည်တွင်းပြည်ပမှာ ရိုသေလေးစားနေကြမှာပါပဲ။ အန်အယ်လ်ဒီ ပါတီဝင်တွေကတော့ အကြမ်းမဖက်နည်းနဲ့ ဆက်လုပ်သွားမယ်လို့ဆိုတယ်။ တချို့ကလည်း လျှို့ဝှက်လုပ်ကိုင်မယ်လို့ ဆိုတယ်။ အန်အယ်လ်ဒီခေါင်းဆောင်အချို့ဟာ အမျိုးသားဒီမုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကိုတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ပါလိမ့်မယ်။ အန်ဒီအက်ဖ်ပါတီ ရွေးကောက်ပွဲဝင်လို့ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရသွားမယ်ဆိုရင် အန်အယ်လ်ဒီရဲ့ အရေးပါမှုဟာလည်း လျော့နည်းသွားဖွယ်ရာရှိပါတယ်။ တကယ်တော့ အန်အယ်လ်ဒီ သပိတ်မမှောက်ခင်ကတည်းက တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ တွက်ထားကြတယ်။ လွတ်လပ်စွာ စည်းရုံးရေး မဆင်းနိုင်တဲ့အတွက် နိုင်ငံရေးပါတီလေးတွေ အခက်အခဲတွေ့နေပုံကို ဖော်ပြတယ်။ ပါတီမှတ်ပုံတင်ခ (၃) သိန်းပေးရပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူတဦးကို (၅) သိန်းပေးရမှာဖြစ်လို့ ငွေကြေးအခက်အခဲရှိနိုင်တယ်။ နိုင်ငံရေးပါတီလေးတွေ စုပေါင်းလိုက်ရင်တောင် ငွေအင်အား လူအင်အားမှာ နအဖတည်ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီကို မယှဉ်နိုင်ဘူးတဲ့။ ဘယ်လိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပမှာလည်း ဆိုတာကိုလည်း မသိနိုင်သေးဘူး။

ဝန်ကြီးချုပ် သိန်းစိန် စစ်တပ်ကထွက်ပြီး ကြံ့ဖွံ့ပါတီတည်ထောင်တာဟာ ရွေးကောက်တင်မြှောက်ရမယ့် လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းမှာ စစ်ဗိုလ်လူထွက်တွေ လက်ဝါးကြီးအုပ်ဖို့ ကြိုးစားတာပါပဲ။ ဒါပေမယ့် စီးပွားရေးကျပ်တည်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာနိုင်တယ်။ နယ်စပ်မှာ ပြဿနာမဖြစ်လိုတဲ့အတွက် နအဖက အလျှော့ပေးထားပုံရတယ်။ နအဖရဲ့ အကြီးဆုံးအန္တရာယ်ဟာ နအဖအဖွဲ့အတွင်း ပြိုင်ဆိုင်မှုပဲဖြစ်တယ်။ အခုအချိန်ထိတော့ သန်းရွှေကို ရွှေမန်းက ဆက်ခံလိမ့်မယ်လို့ ယူဆနေကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးလို့ ဝေစုမတည့်ရင် ပြဿနာ ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲကျင်းပတဲ့ နည်းလမ်းကို အပြည်ပြည်ဆိုင်ရာက ဝေဖန်နေပေမယ့် နအဖက ဂရုမစိုက်ဘူး။ ဒီလို တဖက်သတ်အနိုင်ကျင့်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲကို အပြည်ပြည်ဆိုင်ရာက တရားဝင်အသိအမှတ်ပြုမပြု မသိရသေးဘူး။ ရွေးကောက်ပွဲပြင်ဆင်ပုံဟာ မှားယွင်းနေတယ်လို့ နိုင်ငံခြားအစိုးရတွေက ဝေဖန်ကြတယ်။ ဒါကြောင့် သိသာမြင်သာ ယုံကြည်လောက်စရာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လေ့လာရေးအဖွဲ့တွေ နိုင်ငံခြားက စေလွှတ်ချင်ပေမယ့် မြန်မာစစ်အစိုးရက လက်မခံဘူး။

ရွေးကောက်ပွဲကို မကျေမနပ်ဖြစ်နေတုန်း အဏုမြူလက်နက်ထုတ်လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းနဲ့ မြောက်ကိုရီးယားရဲ့ အကူအညီရယူတယ်ဆိုတဲ့သတင်းကြောင့် မြန်မာစစ်အစိုးရကို မယုံသင်္ကာဖြစ်လာကြတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်း ယူဆောင်လာတဲ့ အထောက်အထားတွေကို အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအားအေဂျင်စီ (IAEA) က စစ်ဆေးနေတုန်းပဲလို့ ယူဆရပေမယ့် ထုတ်ပြန်ကြေညာတာမျိုး မလုပ်သေးပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် (၁၈၇၄) အရ မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအ၀ယ်မလုပ်ဖို့ ပိတ်ပင်ထားတာကို နအဖ သဘောတူထားတယ်။ ဒါပေမယ့် ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးတဲ့အခါမှာ မြန်မာအပါအ၀င် နိုင်ငံအချို့ဟာ ပိတ်ပင်ထားတဲ့ပစ္စည်းကို မြောက်ကိုရီးယားဆီက ရယူနေကြောင်း သိရတယ်။ ရုရှားလုပ်အဏုမြူဓာတ်ပေါင်းဖို အသေးစားတခု ၀ယ်ယူဖို့နဲ့ မြန်မာသိပ္ပံပညာရှင်တွေကို သင်တန်းပေးဖို့ ၂၀၀၇ မှာ ရုရှားနဲ့ သဘောတူခဲ့တယ်။ IAEA ညွှန်ကြားချက်အတိုင်း လိုက်နာမယ်လို့ ရုရှားက ဆိုပေမယ့် IAEA ကို စစ်ဆေးခွင့်ပြုတဲ့စာချုပ်ကို နအဖ က လက်မှတ်မထိုးရသေးဘူး။

ကမ္ဘာ့စီးပွားရေးကျဆင်းနေလို့ မိမိစီးပွားရေးရှင်သန်အောင် အားသစ်လောင်းတာမျိုး အာရှနိုင်ငံတွေမှာ လုပ်ကြပေမယ့် နအဖကတော့ ဘာမှမလုပ်ပါဘူး။ အစိုးရအသုံးစရိတ်မှာ လိုငွေပြနေဦးမှာပါပဲ။ အစိုးရလိုငွေကို ဗဟိုဘဏ်က ငွေစက္ကူရိုက်ထုတ်ပြီး ဖြည့်ဆည်းနေရတယ်။ သူများနိုင်ငံက ဗဟိုဘဏ်တွေလို မြန်မာ့ဗဟိုဘဏ်မှာ လုပ်ပိုင်ခွင့်မရှိဘဲ နအဖခိုင်းသမျှ လိုက်လျောနေရတယ်။ ကမ္ဘာ့စီးပွားရေး ထူထူထောင်ထောင်ဖြစ်လာပေမယ့် မြန်မာ့စီးပွားရေးဟာ နှေးကွေးနေတုန်းပဲလို့ သုံးသပ်တယ်။ စက်မှုလုပ်ငန်းတိုးတက်မှုကို ခန့်မှန်းရာမှာ လျှပ်စစ်ဓာတ်သုံးစွဲမှုနှုန်းနဲ့ တိုင်းတာလေ့ရှိတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တဖြည်းဖြည်းလျော့နည်းလာတာကိုကြည့်ပြီး မြန်မာ့စက်မှုလုပ်ငန်းကဏ္ဍမှာ တိုးတက်မှုမရှိဘူးလို့ဆိုတယ်။ ဘိလပ်မြေနဲ့ အုတ်ထုတ်လုပ်မှု ကျဆင်းလာတာဟာ ဆောက်လုပ်ရေးကဏ္ဍမှာ အနိုင်နိုင်ရုန်းကန်နေရတာ ပြသတာဖြစ်တယ်။

ပဲမျိုးစုံနဲ့ ဆန်ရောင်းရတာကြောင့် စိုက်ပျိုးလယ်ယာကဏ္ဍဟာ ရှင်သန်နေပုံရတယ်။ နောက်ဆုံးရ စာရင်းဇယားအရ လွန်ခဲ့တဲ့နှစ်က ဆန်တန်ချိန် (၈) သိန်းနီးပါး တင်ပို့တာသိရတယ်။ တန်ချိန် (၄) သိန်းလောက် ပိုများလာတဲ့ သဘောပဲ။ ပဲမျိုးစုံတင်ပို့ရာမှာ တင်ပို့တဲ့ပမာဏမှာ (၁၀) ရာခိုင်နှုန်းလောက် နည်းသွားပေမယ့် ၀င်ငွေ (၃၀) ရာခိုင်နှုန်းလောက် တိုးပွားလာတယ်။ လောင်စာစွမ်းအင်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးပွားလာတယ်။ စိုက်ပျိုးလယ်ယာရှင်သန်လာမှသာ တိုင်းပြည်စီးပွားရေး နာလန်ထမှာဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်း ပေါ်ပေါက်လာတာကို ကောင်းမွန်တဲ့ အလားအလာအဖြစ် Christian Science Monitor သတင်းစာက ဇူလိုင်လ (၆) ရက်နေ့က ဖော်ပြတယ်။

ဒီသတင်းကို ဇူလိုင် (၁၂-၁၈) ထုတ် The Voice စာစောင်မှာလည်း ဖော်ပြတယ်။ အသင်းဥက္ကဋ္ဌဟာ အစိုးရခန့်ဖြစ်ပြီး ဗဟိုကနေ အောက်ခြေကို ဖွဲ့စည်းထားတာဖြစ်ပေမယ့် (၂) နှစ်ကြာတဲ့အခါမှာ မြို့နယ်နဲ့တိုင်းအဆင့် အမှုဆောင်တွေကို အများစုဆန္ဒအရ ရွေးချယ်သွားမယ်လို့ ဆိုတယ်။ ဒီအသင်းဟာ လယ်သမားလုပ်ငန်း အဆင်ပြေအောင် ဘက်ပေါင်းစုံက ထောက်ပံ့နေတယ်လို့ဆိုတယ်။ ဆန်စပါးကုန်သည်များအသင်း၊ ဆန်းစပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနဲ့ ဆန်စပါးအထူးပြုကုမ္ပဏီကိုယ်စားလှယ်များစုပေါင်းပြီး ဆန်စပါးအသင်းကို ဖွဲ့စည်းထားတာဖြစ်တယ်။

နအဖအစိုးရဟာ နေပြည်တော်တည်ဆောက်ရေးနဲ့ စစ်အင်အားတိုးချဲ့ရေးကိုသာ ဦးစားပေးပြီး ကျန်းမာရေးနဲ့ ပညာရေးကို ဂရုမစိုက်တာမို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးရည်မှန်းချက် (၈) ခုကို အကောင်အထည်ဖော်ဖို့ ခက်ခဲနေတယ်လို့ ဆိုတယ်။ အလွန်အမင်း ဆင်းရဲမှုပပျောက်ရေး၊ ကလေးသေဆုံးမှုနှုန်း ကျဆင်းရေး၊ မိခင်ကျန်းမာရေး၊ ကလေးတိုင်း မူလတန်းပညာသင်ကြားနိုင်ရေး၊ အမျိုးသမီးလုပ်ပိုင်ခွင့်ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ HIV-AIDS တိုက်ဖျက်ရေး၊ ဖွံ့ဖြိးရေးအတွက် ပူးတွဲဆောင်ရွက်ရေး စတာတွေကို ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂက ရည်မှန်းပေမယ့် နအဖအစိုးရဟာ တခုမှ ဆောင်ရွက်နိုင်မှာမဟုတ်ဘူးတဲ့။

၂၀၀၉ ခုနှစ် UNDP လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေးအစီရင်ခံစာမှာ နအဖအသုံးစရိတ်ရဲ့ (၂) ရာခိုင်နှုန်းဟာ ကျန်းမာရေးစရိတ်ဖြစ်နေပြီး အာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှနှုန်း ကျန်းမာရေးစရိတ်ဟာ အသုံးစရိတ်ရဲ့ (၇) ရာခိုင်နှုန်းဖြစ်တယ်။ ဒါကြောင့်မို့ အာဆီယံနိုင်ငံထဲမှာ မြန်မာပြည်ရဲ့ လူမှုဖွံ့ဖြိုးမှုဟာ အနိမ့်ကျဆုံးဖြစ်တယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗိယက်နမ်ဟာ မြန်မာထက် အများကြီးသာတယ်။ မြန်မာ့ပျမ်းမျှကြေး လူ့သက်တမ်းဟာ (၆၀) အာဆီယံသက်တမ်းက (၇၀) ဖြစ်တယ်။ အနာဂတ် မြန်မာပြည်သားဖြစ်တဲ့ အသက် (၅) နှစ်အောက် ကလေးထဲမှာ (၃၂) ရာခိုင်နှုန်းဟာ အာဟာရဓာတ် ချို့တဲ့နေတယ်။ အသက် (၅) နှစ်အောက်ကလေး (၁,၀၀၀) မှာ (၆၆) ယောက် သေဆုံးနေကြောင်း သိရတယ်။ ဒါကြောင့် တိုင်းပြည်မှာ စစ်ဗိုလ်ကြီးစိုးနေသမျှကာလပတ်လုံး နိုင်ငံသားတွေ လူညွန့်တုံးနေမှာ သေချာပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=3290

အသွင်ကူးပြောင်းရေးကို ရွေးကောက်ပွဲက လုပ်လို့မရ ။ အတိုက်အခံတွေက လုပ်လို့ရသည်


ခပ်တိုတိုဘဲ ပြောစတမ်းဆိုက မြန်မာနိုင်ငံဘယ်တော့ ဒီမိုကရေစီရမှာလဲ မေးခွန်းကို ဖြေရမှာဖြစ်သည်။ အဖြေမှာ နှစ်မျိုးရှိပါသည်။ ပထမအဖြေက စစ်အစိုးရ ရှိနေသမျှ ကာလပတ်ပုံး ဒီမိုကရေစီ မရရှိနိုင်ခြင်း ဖြစ်သည်။ ဒုတိယ အဖြေမှာ ပြည်သူတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရကို ထောက်ခံပေးလျှင် ရရှိနိုင်ခြင်း ဖြစ်သည်။ ကျွန်တော်ပြောချင်သည်မှာ ယင်းသို့ဖြစ်သည်။ ဦးစွာ ရှေ့နေကြီးလမ်းပြကြယ်ဦးအေးမြင့်နှင့် တွေ့ဆုံဆွေးနွေးရင်း သူမေးသော စကားတခွန်းကို ဖေါက်သည်ချချင်သည်။ ၄င်းမှာ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အုပ်စုမှ အမှန်တကယ် လုပ်ဖြစ်မည်ဟု ထင်ပါသလား ဆိုသော မေးခွန်းဖြစ်သည်။ အဓိပ္ပါယ်ရှိလွန်းသော သူ့မေးခွန်းကို ကျွန်တော် ချက်ချင်း မဖြေဖြစ်ပါ။ အကြောင်းမှာ ပြည်ပနိုင်ငံတွင် နေထိုင်သော ကျွန်တော့်အနေဖြင့် လက်လွပ်စပယ် အဖြေမျိုးကို မပေးချင်၍ ဖြစ်သည်။ သို့သော် သူနားလည်အောင် တခုတည်းသော အဖြေတခုကိုတော့ ပြောရဲခဲ့ပါသေးသည်။ ကျွန်တော်၏အဖြေကို ဦးအေးမြင့် လက်ခံသည် မခံသည်ကို ကျွန်တော် မသိ။ ကျွန်တော်၏အဖြေမှာ စစ်အုပ်စုက သူတို့အာဏာတည်တန့်ခိုင်မြဲဖို့အတွက် သေနတ်ဖြင့် ခြိမ်းခြောက်ပြီး အနိုင်ရရှိမည်ဟု ထင်လျင် ကျိန်းသေရွေးကောက်ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။
လွပ်လွပ်ပြီးတရားမျှတမှူရှိသည် မရှိသည်ကို စစ်အုပ်စုမှ ဂရုစိုက်စရာမရှိ။ ကမ္ဘာင်္ကြးတခုလုံးက မည်သို့ပင် ဆိုနေပြောနေ ဘာမျှဂရုစိုက်စရာမလိုဟု သူတို့ထင်ထားသည်။ သူတို့သိသည်မှာ သူတို့၏အာဏာတည်တန့်ခိုင်မြဲရေးဖြစ်သည်။ သူတို့တွင် အဓိကရန်သူမှာ အမေရိကန်နိုင်ငံမဟုတ်။ ဥရောပနိုင်ငံမဟုတ်။ လုံခြုံရေးကောင်စီမဟုတ်။ သူတို့၏အဓိကရန်သူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ သူတို့ဂရုစိုက်သည်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ လွှင့်ပစ်၍လည်းမရ ၊ နှင်ထုတ်လို့လည်းမဖြစ် ၊ အကျဉ်းထောင်ထဲထားလို့လည်း မလွယ်ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်ကား သူတို့အဘို့ တကယ့်ပြသနာကောင်ဖြစ်သည်။ သို့သော် သူတို့ကြောက်သော အသည်းတုန်သော ဒေါ်အောင်ဆန်းစုကြည်မှာ သာမန်မိန်းမသားမျိုးမဟုတ်မှန်း သူတို့ကောင်းကောင်းကြီးနားလည်ပါသည်။ တနေ့တွင် သူတို့အာဏာလွှဲပြောင်းပေးရမည်ကိုလည်း သူတို့နားလည်ထားပါသည်။ ယင်းအချိန်ခါတွင် စစ်အုပ်စုအဖို့ အခံရသက်သာအောင် စီမံထားမှူများရှိသည်ဟုလည်း သတင်းများက ဆိုပါသည်။ မှန်သည်မှားသည်ကို မပြောတတ်သော်လည်း စစ်အုပ်စုသည် အခါခပ်သိမ်း သူတို့ပြုတ်ကျသွားမည့် အရေးကို ထာဝရ တွေးတောပူပန်နေကြသူများဖြစ်သည်။
အကယ်၍ယခုအချိန်တွင် နေပြည်တော်၌ စစ်အုပ်စုအဘို့ လူအင်အားနည်းနေချိန် အာဏာသိမ်းမှုများ မဖြစ်ပေါ်နိုင်ဟု မည်သူမျှခန့်မှန်းပြော၍ မရနိုင်သည့်အခြေဖြစ်နေသည်။ စစ်အုပ်စုတွင် ပညာတတ်အရာရှိ အရာခံစစ်ဗိုလ်များမှာ အာဏာရှင် စစ်မိန့်စစ်ဥပဒေများကို မကြိုက်နှစ်သူများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ နူကလီးယားလက်နက်စက်ရုံနှင့် ပါတ်သက်၍ ထုတ်ဖေါ်ခဲ့သော ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် ဗိုလ်မှူးအောင်လင်းထွဋ်တို့အဆိုအရ တပ်မတော်အတွင်း ပေါက်ကွဲမူများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းပြောဆိုသံများ ထွက်ပေါ်နေသည်။ ၁၉၆၂ ခုနှစ်ကပင် ၁၉၈၈ ခုနှစ်ထိ အာဏာရှင်အဖြစ် အုပ်ချုပ်နေခဲ့သာ ဦးနေ၀င်းမှာ တကယ့်သက်ဦးဆံပိုင် အာဏာရှင်တဦးဖြစ်ပါသည်။ နောက်ဆုံးမှာ အာဏာရှင် ဦးနေ၀င်းအားလည်း ဖြုတ်ချခဲ့ကြသည်မှာ သင်္ခမ်းစာတရပ်ဖြစ်သည်။ လေ့လာစရာဖြစ်သည်။ အတုခိုးစရာဖြစ်သည်။ စစ်တပ်အတွင်းမှ စစ်ဗိုလ် စစ်သားတို့သည် အိန္ဒိယနိုင်ငံသို့ ၅ ရက်တာခရီးသွားသော မိစ္ဆာကောင်သန်းရွှေမရှိခင် အာဏာသိမ်းမှုများကို အမြန်ဆုံးပြုလုပ်နိုင်ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် တက်ရောက်နေသော ထိုင်းနိုင်ငံ ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို ထိုင်းနိုင်ငံရေးပါတီက အာဏာသိမ်းလိုက်သည်မှာ မကြာသေးချေ။
အာဏာရှင်ဆိုသည်မှာ ဖြုတ်ချလိုက်ပြီဆိုသည်နှင့် ကြံရာမရဖြစ်သွားတတ်ပါသည်။ နဂါးဖြစ်နေရာမှ အဆိပ်မဲ့မြွေတကောင်လိုဖြစ်သွားရပါသည်။ ဤအချက်ကို ပြည်သူများက အထူးနိုင်ငံရေးအသိပညာများဖြင့် သိနားလည်ရန်လိုပါသည်။ အာဏာသိမ်းမည့် သတင်းများကို ပြည်တွင်းတွင် လုံးဝဖြန့်ချီရမည့်အချိန်ဖြစ်နေပါပြီ။ နိုင်ငံရေးဆိုသည်မှာ ကျားကွက်ရွှေ့သလို ကစားရတတ်ပါသည်။ အသေချည်းကစား ပြနေလျှင် စစ်အုပ်စုသည် ထာဝရ အနိုင်ယူကစားသွားမည် ဖြစ်ပါသည်။ သူလှုပ်မှ ကိုယ်ကနောက်ကနေပြီး ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ဓါတ်ပုံရိုက်နိုင်ငံရေးအခန်းအနားပြုလုပ်ခြင်းတို့ကို လုပ်နေလို့ကတော့ နှစ်ပေါင်း ၂၂ နှစ်မဟုတ်၊ စစ်ကျွန်ဘ၀ကို နောက်ထပ် နှစ်ပေါင်း ၂၂၀ ထိ ကြာမြင့်သွားနိုင်ပါသည်။ ကျွန်တ်ာတို့မှာ တခါတခါ ကိုယ်ကဦးအောင် စစ်မျှားကို ချွန်ထုတ်သုံးရန်လိုသည်။ ယခုအချိန်တွင် စစ်တပ်အတွင်း ပေါက်ကွဲနိုင်သော အခြေအနေများစွာရှိသည်ဟု သတင်းကြားနေရသည်။ တပ်မတော်ပြိုကွဲအောင် လုပ်ရန်လိုအပ်ပါသလားဟု တွေးတောကြည့်မှ ဖြစ်တော့မည်ထင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်မှာ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားနေပါသည်။
ယခုအခါ ယင်းတပ်မတော်ကို ဗိုလ်သန်းရွှေဦးဆောင်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းကို သူလေးစားသမှုမရှိကြောင်း သူ၏လုပ်ရပ်များက ကောင်းစွာ သက်သေပြနေပါသည်။ တပ်မတော်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသော စစ်ဗိုလ်စစ်သားများစွာ ရှိကြသည်ဟု ဆိုကြပါသည်။ သည်တော့ တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်အတိုင်း မကျင့်သုံးသော ခါးပိုက်ဆောင်အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ကို ပြိုကွဲအောင် ပြုလုပ်ရန်မှာ တပ်မတော်သားများသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ကံကြမ္မာကို ကယ်တင်ရန်မှာ တပ်မတော်သားများသာဖြစ်သည်။ ဒီမိုကရေစီခေါင်းဆောင်များအဖြစ် တပ်မတော်မှ စစ်ဗိုလ် စစ်သားများကို ပြည်သူတရပ်လုံးမှ မျှော်လင့်တောင့်တနေကြပါသည်။ ရီဝေနေသောမျက်လုံးတို့ဖြင့် ကမ်းမမြင် လမ်းမမြင်ဖြစ်နေသော ပြည်သူတရပ်လုံး၏ဘ၀သည် တပ်မတော်မျိုးချစ် ဒီမိုကရေစီခေါင်းဆောင်များ၏ လက်ထဲတွင် ကံကြမ္မာတခုလုံးကို ၀ကွက်အပ်နှံထားသလိုဖြစ်နေပါသည်။
ကရင်ပြည်နယ်ဘက်တွင် ကရင်လူမျိုးများကို အကြမ်းဖက်တိုက်ခိုက်နေသော နအဖတပ်မတော်ထဲမှ ရခိုင်လူမျိုး၊ချင်းလူမျိုး၊ ဗမာလူမျိုးတို့မှာ ကရင်လူမျိုးများကို ဒုက္ခကြီးငယ်ညှင်းပမ်းနှိပ်စက်နေမှုအား ရပ်ဆိုင်းသင့်ပါပြီ။
အဘယ့်ကြောင့်ဆိုသော် ကရင်လူမျိုးများဖြစ်သော နအဖစစ်သားများသည် ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ်၊ အခြားပြည်နယ်များတွင် ရမ်းကားနှိပ်စက်၍ ယင်းပြည်နယ်ရှိပြည်သူများမှာ အတိဒုက္ခရောက်နေကြပါသည်။ သည်တော့ ကိုယ်ကအနောက်ဖက်မှာ ပြည်သူတွေကို မုဒိမ်းကျင့်နေချိန် အရှေ့ဖက်မှာ ကျန်နေခဲ့သော မိမိ၏ ဆွေမျိုး ။ မိဘ ၊ ညီအမတို့မှာ တပ်မတော်ထဲမှ မိမိတို့၏ ဘ၀တူ စစ်သားစစ်ဗိုလ်များ၏ မုဒိမ်းကျင့်ခြင်း ခံနေရသည်ကို နားလည်ဖို့ လိုနေပါပြီ။ ရှေ့တန်းထွက်တိုက်နေကြသော စစ်သားများ၏ သားသမီးတို့မှာ နိုင်ငံခြားတွင် ကျောင်းတက်နေသည်ဟု တခါမျှ မကြားဖူးသေးပါ။ သို့သော် ဗိုလ်ချုပ် ဗိုလ်မှူးကြီးသားသမီးများမှာ နိုင်ငံခြားတွင် ပညာသင်ကြားနေကြပါသည်။ သူတို့၏ဆွေမျိုးများမှာ တိုက်ကြီးဖြင့် ဇိမ်နှင့် အကျအန နေထိုင်ကြပါသည်။ စစ်သားများ၏ မိသားစုများမှာ မည်ကဲ့သို့ နေထိုင်ရသည်ကို ပြန်လည်ကြည့်တတ်ဖို့ လိုပါသည်။ ကြားရသော သတင်းများအရ စစ်သားများ၏ မယားနှင့် သမီးများမှာ လစာငွေနည်းပါး၍ ပြည့်တန်ဆာဘ၀ရောက်ကာ ညငှက်ဘ၀ဖြင့် ခန္ဒာကိုယ်ကို ရင်းနှီးလုပ်ကိုင် စားသောက်နေကြရသည်ဟု သတင်းများ ထွက်ပေါ်နေကြပါပြီ။ ယင်းသို့ရောက်အောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စီစဉ်ထားခြင်းဖြစ်သည်။
ပြသနာကား စစ်သားများမှာ ပြည်သူတွေကို နှိပ်စက်နေလေလေ မိမိတို့သားသမီး လူလုံးမလှဖြစ်ကြရသည်ကို နားမလည်ဘဲ ရှိနေကြခြင်းဖြစ်သည်။ မိမိတို့က အပင်ပမ်းခံကာ သေနတ်ကိုင်ပြီး ပြည်သူတွေကို နှိပ်စက်နေချိန် ဗိုလ်ချုပ်ကြီးတို့မှာ စည်းစိမ်ချမ်းသာ ဇိမ်နှင့် နေထိုင်နေရခြင်းဖြစ်သည်။ သူတို့မှာ လူကဲ့သို့ လူသားတဦးပီပီ စည်းစိမ်ဥစ္စာနှင့် နေထိုင်ကြရပြီး အရာရှိအရာခံ အကြပ်တပ်သားများမှာ လူသားဖြစ်ပါလျက် လူနှင့် မတူဘဲ ခိုင်းသမျှ အမိန့်ကို လိုက်လုပ်ပေးနေရသော နွားလိုဖြစ်နေသည်။ ခွေးတိရစ္ဆာန်လိုလို ဖြစ်နေသော စစ်သားတို့မှာ ယခုအချိန်တွင် ပြည်သူတွေနှင့် တသားတည်းကျရန် အချိန်လည်းဖြစ်သည်။ သန်းပေါင်း ၅၀ ကျော်လူဦးရေသည် သေနတ်ကိုင်ထားသော စစ်သားများ၏ လက်ထဲတွင် ဆိုးသွမ်းသောကံကြမ္မာဖြင့် ကျရောက်နေသည်။ ထို့ကြောင့် တပ်မတော်ထဲမှ ပြည်သူ့ရင်ခွင်ဘက်သို့ ကူးပြောင်းလာချိန်သည် ကမ္ဘာ့မြေပုံတွင် မြန်မာနိုင်ငံပြောင်းလဲသွားသော နေ့ဖြစ်သည်။ စီးပွါးရေးချွတ်ချုံကျနေသော မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရနှင့်သာ အနာဂါတ်ကို ကျော်ဖြတ်ရမည်ဆိုလျင် ချက်ချင်းပြောင်းလဲသွားနိုင်သော အခြေအနေရှိပါသည်။ တံထားဆောက်၊ တိုက်ဆောက်ခြင်းသည် နိုင်ငံတနိုင်ငံ၏ အလွန်အရေးကြီးသော အခြေအနေမဟုတ်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အခြေခံကျကျ တည်ဆောက်နိုင်ပြီ ဆိုလျင်လူသားတိုင်းသည် မွေးရာပါအခွင့်အရေးအရ လွပ်လွပ်စွာ ထုတ်ဖေါ်ခွင့် ၊လွပ်လွပ်စွာရေးသားခွင့်၊ လွပ်လွပ်စွာသက်မွေးဝမ်းကျောင်းခွင့် နှင့် လွပ်လွပ်စွာအသင်းအပင်းဖွဲ့စည်းပိုင်ခွင့် များ ရရှိသွားမည်ဖြစ်သည်။ ယင်းမှာ ပကတိအခြေအနေအရ မြန်မာနိုင်ငံ၏ အဓိကအရေးတကြီး လိုအပ်နေခြင်းများဖြစ်ပါသည်။
လွန်ခဲ့သော ၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံမှသည် ယနေ့ထက်ထိ နှစ်ပေါင်း ၂၂ နှစ်တာကာလအတွင်း ကျွန်တော်တို့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းနေခဲ့ကြသူ၊ ကြိုးပမ်းနေကြသူ၊ ကြိုးပမ်းနေကြဆဲသူများဖြစ်သည်။ သို့သော် ပန်းတိုင်နှင့် ကပ်လွှဲလွဲနေပါသေးသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးသမားတို့၏ ရည်မှန်းချက်အတိုင်း တနေ့မုချအောင်ပွဲခံရမည်ဟု စိတ်ထဲတွင် ကိန်းအောင်းကြသူများသာဖြစ်သည်။ ပကတိမျက်မှောက်ကာလတွင် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးသည် ပြည်တွင်းရှိနိုင်ငံရေးပါတီများနှင့် ပြည်ပရှိနိုင်ငံရေးအဖွဲ့အစည်းများ၏ အခြေအနေပေါ်တွင် ကောင်းစွာအကျိုးသက်ရောက်စေပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မှတ်ပုံမတင်၍ တရားဝင် ပါတီအဖြစ် ရပ်တည်၍ မရဖြစ်နေသည်။ သို့သော် နိုင်ငံတကာအစိုးရများမှ ယခုထက်ထိ နေ့စဉ်လိုလို သွားရောက်တွေ့ဆုံနေသည် ။ ယင်းမှာကောင်းသောလက္ခဏာဖြစ်ပါသည်။ တနည်းအားဖြင့် ဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများကို ပြောဆိုနေရခြင်းကြောင့် စစ်အစိုးရအဖို့ ကံမကောင်းလှပါ။ သို့အတူ ပြည်ပရှိနိုင်ငံရေါးတီအဖွဲ့အစည်းများကလည်း ကုန်ခဲ့သောနှစ်က ကုလသမဂ္ဂမှပင် ထုတ်ပယ်ရေးအထိကို ကန့်ကွက်ခဲ့ကြပါသေးသည်။ နောက်ဆုံးနိုင်ငံတကာတရားရုံးအထိ ရာဇ၀တ်ကောင်အဖြစ် တရားစွဲရန် ကြိုးပမ်းခဲ့ကြပြီးပါပြီ။
စစ်အစိုးကခြိမ်းခြောက်ထားသော ၂၀၁၀ ရွေးကောက်ပွဲသည် မကြာခင်ပင် ကျင်းပလာမည်လားဟု မေးခွန်းများဖြစ်ပေါ်နေပါသည်။ နိုင်ငံတကာမှ အသိအမှတ်မပြု၍ ရွေးကောက်ပွဲကို မကျင်းပသေးဟု ဆိုကာ ရွှေ့ပြောင်းနိုင်သည်ဟုလည်း ပြောသူများရှိလါပါပြီ။ မည်သို့ပင်ဆိုစေ သူတို့သည် သူတို့၏ဆင်ဖဲကို သူတို့၏လက်နှင့် ကစားမည့်သူများသာဖြစ်သည်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့၏လက်နှင့် ၀ှက်ဖဲများကို ထုတ်သုံးပြီး နိုင်ငံရေးကစားကွက်ကို ရွှေ့ကစားရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်တွင်းတွင် ရွေးကောက်ပွဲနှင့် ပါတ်သက်၍ မေးစမ်းနေသော နိုင်ငံများစွာ ရရှိပါသည်။ ယင်းမေးခွန်းကို ပြည်ပရှိနိုင်ငံရေးအဖွဲ့အစည်းများက ဖြေဆိုနိုင်ရဲရန် အခွင့်အရေးရရှိနေဖို့ လိုပါသည်။ ယင်းမှာ နိုင်ငံကာက အသိအမှတ်မပြုဆိုသောအဆင့်သည် သက်ဆိုင်ရာနိုင်ငံများနှင့် မပါတ်သက်ဘဲ ရှိနေကြောင်း ခန့်မှန်းဖို့လိုသည်။ ကာယကံရှင် နိုင်ငံကသာ ပြောမှတရားဝင်ပြီး အဓိပ္ပါယ်လည်း ရှိမည်ဖြစ်သည်။
သည်အခါ နိုင်ငံတကာရှိနေသောအဖွဲ့အစည်းများအနေဖြင့် ခိုင်မာကျစ်လစ်သော အဖွဲ့အစည်းတခုဖြစ်ရန် လိုအပ်နေသည်။ နှစ်ပေါင်းနှစ်ဆယ်အတွင်း အဖွဲ့အစည်းများက ထူးမခြားနားဖြစ်နေသောကြောင့် ကျွန်တော်တို့အမေရိကန်ရှိ အင်အားစုတွေက နိုင်ငံတကာမြန်မာနိုင်ငံအမျိုးသားဖေါင်းဒေးရှင်းကွန်ဂရက်အဖွဲ့ကို ဖွဲ့စည်းထားလိုက်ကြပြီးပြီ။ ၂ လသားရှိသော အဖွဲ့အစည်းမှာ ခိုင်မာမူမရှိသေး။ ငွေကြေးရံပုံငွေ တပြားတချပ်မျ မရရှိသေး။ တနည်းအားဖြင့် လုပ်ငန်းအစီအစဉ်တွေ မချမှတ်ကြရသေးချေ။ လွန်ခဲ့သောနေ့က အိန္ဒိယနိုင်ငံနယူးဒေလီမြို့ တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာရောက်ခဲ့သည်ကို ကန့်ကွက်ဆန္ဒပြရန် ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ ရဲဘော်ကိုကျော်သန်း၏
လှုပ်ရှားမှူကတော့ ၂ လသားအဖွဲ့အစည်း၏ လှုပ်ရှားမှူဖြစ်ကြောင်း ပြော၍ရသည်။ အခြားသောပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေနှင့် ဆက်သွယ်ဆောင်ရွက်ရန် တာစူနေခြင်းကမူ ရှိနေသည်။ ကျွန်တော်ပြောချင်သည်မှာ မည်သည့်အဖွဲ့အစည်းမဆို လတ်တလောပေါ်လီစီချပြခြင်းနှင့် ရေရှည်ပေါ်လီစီကျင့်သုံးခြင်းဆိုသည်ကို လုပ်ဆောင်ရန်သာဖြစ်ပါသည်။
လောလောဆယ်အားဖြင့် ကျွန်တော်တို့မှာ အတိတ်က သင်ခမ်းစာကို ရထားခဲ့ကြပြီးဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံများတွင်လည်း အတိုက်အခံကောင်းများပီပီ တိုက်ပွဲဝင်နေကြသည်။ ပြောတော့လည်း ဘုံရန်သူကိုတိုက်ရန်ဟု ပြောဆိုကြသည်။ လက်တွေ့တွင် အကွဲကွဲအပြဲပြဲ။ သည်လိုတော့ဖြင့် မဖြစ်သင့်တော့။ စောစောကရေးခဲ့ထားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံတကာက ပြည်တွင်းမှာ မေးခွန်းတွေ ထုတ်နေပြီ။ မနေ့ကတော့ ဦးဝင်းတင်က ပြည်သူတွေကို သပိတ်မှောက်ရန် လှလှပပပြောလိုက်ပါပြီ။ အလွန်တရာအကြပ်အတည်းကြားမှ သူတို့တွေ၏ နိုင်ငံရေးလှုပ်ရှားနေမှူကို ကိုယ်ချင်းစာကြည့်မိပါသည်။ သူတို့ပြောချင်သောစကား၊ သူတို့ဖြစ်ချင်သော ဆန္ဒတွေကို ကျွန်တော်တို့ တတ်နိုင်သမျှ ပြုလုပ်ပေးရန်လိုနေသည်။ မကြာခင် ဆွီဒင်နိုင်ငံမှာ ညီလာခံ၊ ထိုင်းနိုင်ငံမှာ DAB ညီလာခံ စသည်ဖြင့် တခဲနက်ကျင်းပကြမည်ဖြစ်သည်။ သည်တော့ ကျင်းပကြသည်နှင့် ပြီးဆုံးသွားသည်အထိ ဆုံးဖြတ်ချတွေချမှတ်ပြီး ရေစံမျောကြေညာချက်မျိုးကို မလုပ်မိဖို့ သတိထားပေးရန်လိုပါသည်။ အကြောင်းမှာပြည်သူတွေက ရိုးအီနေသောဇတ်လမ်းမျိုးကို မဖတ်ချင်ကြတော့ချေ။
တခုတော့ရှိပါသည် ။ ရွေးကောက်ပွဲဖြင့် အသွင်ကူးပြောင်းရေးကာလကို ပြုလုပ်၍မရ။ အတိုက်အခံဒီမိုကရေစီအင်အားစုများက ညီညွတ်ကြပြီဆိုလျင် နိုင်ငံတကာအစိုးရများနှင့် ကျွန်တော်တို့၏ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအရပ်သားအစိုးရကို ဖွဲ့စည်းက အသိအမှတ်ပြုပေးပါမည်လားဟု မေးရန်သာရှိပါသည်။ နိုင်ငံတကာမှ လက်သင့်ခံပြီဆိုလျင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အတိုက်အခံများမှ ပြုလုပ်၍ ရသည်ဖြစ်ကြောင်း နားလည်သဘောပေါက်မည်ဟု ပြောပြချင်ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )

ဖားတွေအားလုံး...



ရုပ်ပျက် ဆင်းပျက်ဆိုတာ ဒါကိုခေါ်တာ


Ghost?????
http://www.demowaiyan.co.cc/