Tuesday, August 3, 2010

3 August 2010 ဒိုင်ယာရီ

3 August 2010 yeyintnge's Diary.docx file here
3 August 2010 Yeyintnge's Diary

ရွှေရတုစာစောင်...

ရွှေရတုစာစောင်..

ရမ္မာဝတီ-အသျှင် ပညာစာရ၏နောက်ဆက်တွဲသတင်း


ရမ္မာဝတီ-အသျှင် ပညာစာရ၏နောက်ဆက်တွဲသတင်း

8/2/2010


----------------------------------------
သတင်း စုဆောင်း ပေးပို့သူ ခိုင်သူရိန်
----------------------------------------
(၂-၈-၁၀နေ့ ၂၀း၃၀ နာရီထိ)
၁-၈-၁၀နေ့ ညနေ ၄း၃၀တွင်မင်းဂံရပ်ကွက်နေ၊ မဟာမုနိဗုဒ္ဓ၀ိဟာရ ကျောင်းတွင်အခမဲ့စာသင်ပေးနေသော ဆရာဦးခိုင်ပြည်စိုး နှင့် မဟာမုနိဝိဟာရကျောင်းမှမိဘမဲ့ကျောင်းသား ဖြစ်သူ စစ်တွေတက္ကသိုလ် တတိယနှစ် ဥပဒေကျောင်းသား မောင်ကျော်ကျော်သန်း တို့  နှစ်ဦးအား SB များက အမှတ်(၁)ရဲစခန်းသို့  ဆိုင်ကယ်များဖြင့် တင်ခေါ်သွားသည်။ရဲစခန်းတွင် ဦးးပညာစာရ ရှေ့ မှောက်၌ သူတို့ ၂ဦးကို စစ်ဆေးခဲ့သည်။

အဓိက မေးမြန်းခဲ့သည်မှာ ပြည်ပနိုင်ငံများရှိ ရခိုင်များ၏ နိုင်ငံရေးလှုပ်ရှား မှုများ၊ လူမှုရေးလှုပ်ရှားမှုများကို ရိုက်ကူးထားသည့် ဗီဒီယိုခွေများနှင့် ၂၀၀၃ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှတ်တမ်းခွေများ ကိစ္စ မေးမြန်းသည်။ ထိုသို့ ၆ နာရီကြာ စစ်မေးပြီး ည၁၀း၃၀နာရီတွင် ပြန်လွှတ်လိုက်သည်။

၎င်းတို့ အမြင်အရ ဦးပညာ စာရသည် မျက်နှာညိုမဲနေပြီး၊ မြင်ရက်စရာမရှိလောက်အောင် အလွန်ပိန်ချုံးနေကြောင်း၊ စကားပြောစဉ်တွင်ပင် အလွန် အားနည်းနေကြောင်း သိရသည်။ရဲတပ်ဖွဲ့ ဝင်တချို့  ပြောကြားချက်အရ နေ့ မအိပ်ရ၊ ညမအိပ်ရ စစ်ဆေးနေ ပြီး အစာမပေး ရေမပေးကြောင်းသိရသည်။ အစာငတ်ခံဆန္ဒပြနေသည်ဟုလည်း ပြင်ပတွင် ပြောနေကြသည်။

၃၁-၇-၁၀နေ့ က နပခတိုင်းမှူး တင်ခေါ်သွားသည့် ကလေး ၄၅ ယောက်ကို စစ်တွေ ဦးဥတ္တမပန်းခြံရှိ လူမှုဝန်ထမ်းဌာ န တွင် ထိန်းသိမ်းထားပြီး ယနေ့ ၂-၈-၁၀ နေ့ညနေပိုင်းတွင်ရန်ကုန်သို့  Express အမြန်ယာဉ်ဖြင့် ခေါ်ဆောင်မည်ဟု သိရသည်။

ယနေ့ စစ်တွေလုံခြုံရေးမှာ မဟာမုနိကျောင်းနှင့် ကျောင်းဝန်းကျင်၊ ဦးဥတ္တမပန်းခြံတို့ မှာ အပြည့်နေရာယူထား သည်။

ဦပညာစာရအား အဓိကတိုင်တန်းသူ ၂ ဦးမှာ မာတေဇာ အင်ဂျီအိုမှ အောင်ဝင်းကျော်နှင့် ထွန်းသိန်း တို့  ၂ ဦးဖြစ် ကြောင်း ရဲအသိုင်းအ၀ိုင်းက ဆိုသည်။ တချို့က ရဲမင်းကြီးထံမှ ငွေ၁၀သိန်း ရယူပြီးမှ လုပ်ဆောင်ကြောင်းပြောသည်။

ဦးပညာစာရအား ရဟန်းအဖြစ်မှ လူအဖြစ်သို့ သိက္ခာချသူများမှာ စစ်တွေမြို့  မဏိရတနာကျောင်းတိုက် ဆရာတော်နှင့် ဓမ္မသုခကျောင်း ဆရာတော် တို့ ဖြစ်သည် ဟုသိရသည်။

ယနေ့ စစ်တွေ လူထုသဘောထားမှာ ဆရာတော်အား ပိုမိုလေးစားလာကြပြီး ဆရာတော်အား ဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့သူများကို ပိုမုန်းလာကြ သည်ကို တွေ့ ရသည်။ တချို့ က ဆရာတော်၏ သမိုင်းသုတေသန လုပ်ဆောင်ချက်များ၊ ပရဟိတဆောင်ရွက်ချက် များ ကိုလက်ကမ်းစာစောင်များ ပြုလုပ်ဖြန့်  ဝေသည်ကိုလည်း တွေ့ လာရသည်။ စာစောင်တွင် ဗမာလူမျိုးကြီး ၀ါဒကို ကိုင်စွဲသော နအဖ စစ်ဝါဒီ တို့ သည် ရခိုင်သမိုင်းပညာရှင်များကို ထောင်ချသည်၊ သတ်ပစ်သည်။ ရခိုင်သမိုင်း အမွေအနှစ်များကိုသိမ်းယူသည်။ နောက်ဆုံး ရခိုင်ကလေးငယ်များကိုပါ သိမ်းယူသည်…စသည်ဖြင့် ရေးသားပါရှိကြောင်းသိရသည်။

(၁၄း၁၀) နာရီ ၀င်လာသောသတင်းအရ- ရခိုင် ရဟန်းတော်နှင့် လူငယ် ကျောင်းသားများက ရခိုင်ကလေးငယ်များ အားဗမာပြည် မယူရေး လက်မှတ်ထိုး တောင်းဆိုရန် အစည်းအဝေး လုပ်နေကြောင်းသိရသည်။

ဆရာတော်အား စွပ်စွဲထားချက်များနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ခုခံချေပရန် ပုသိမ်ကျောင်းမှ သံဃာ တော်များ နှင့် စစ်တွေသံဃာတော်များက စီစဉ်နေကြသည်။

(၂၀း၀၀)နာရီ ၀င်လာသော သတင်းအရ-ယနေ့ ညနေ ၃နာရီခန့် တွင် မဟာမုနိဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ကျောင်း မှမိဘမဲ့ ကျောင်းသား အားလုံးနှင့် ၀န်ထမ်းအားလုံးအား ဖယ်ရှားလိုက်ပြီး ကျောင်းကို ချိတ်ပိတ်လိုက်ပြီ။ ကျောင်းသား အများစုကို အမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းထားပြီး။ တချို့မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ခိုင်လုံသော သတင်းရှိသည်။


http://www.narinjara.com/detailsbur.asp?id=2647

“တမျိုး ပြောင်းလိုက်ကြဦးစို့ရဲ့ ”


“တမျိုး ပြောင်းလိုက်ကြဦးစို့ရဲ့ ”
မုန်းအောင်
သြဂုတ် ၃၊ ၂၀၁၀
အင်တာနက် သတင်းတွေ မှာ ၀န်ကြီးချုပ် ဦးသိန်းစိန်ရဲ့  ၀န်ကြီး အဖွဲ့ကို ဖျက် ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့် ဆွေ ၀န်ကြီးချုပ် လုပ်မယ့် ၀န်ကြီးအဖွဲ့သစ် တခု ပေါ်လာဦးမယ် ဆိုတဲ့ သတင်းတွေ ပေါ်လာတယ်။ ဒါဟာ ဖြစ်နိုင်တယ်။ အတော် ဖြစ်နိုင်ချေ ရှိတယ်။ အတွင်း သတင်းတွေ ရလို့ ပြောတာ မဟုတ်ပါဘူး။ ဒီလို ဒီလို အကြောင်းကြောင်းတွေ ကြောင့်ပါ။
၁။

ဗိုလ်ချုပ်ကြီး သိန်းစိန်က နေ ချက်ချင်း ဦးသိန်းစိန် ဖြစ်။ နောက်တနေ့ မှာဘဲ ဦးသိန်းစိန် ပါ (၂၄) ဦးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ကြံ့ ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေးပါတီ တည်ထောင်ခွင့် တင်။ နောက်တနေ့က စ ပြီး ဦးသိန်းစိန်က ၀န်ကြီးချုပ် အနေနဲ့ မဲဆွယ် တရား ဟောတာတွေ လုပ်တော့ တော်တော်ပွဲဆူသွားတယ်။ ၀န်ထမ်း ပါတီ မထောင် ရ သို့မဟုတ် ပါတီမှာ ၀န်ထမ်းတွေ မပါရ။ ဆို ပြီး ၀န်ကြီးချုပ် ဆိုတဲ့ နိုင်ငံ့  ၀န်ထမ်းကြီးက ဒီလို လုပ် နေ တာ ကောင်းရဲ့  လား ပေါ့။ မှတ်ပုံတင် ထားတဲ့ ပါတီတွေကလည်း မရဲ တရဲ ပြော ဆို ကြ။ အ မျိုးသား ဒီမိုကရေစီ အင်အား စုက -- ကော့ကရိတ် ဦးသိန်းညွ န့် ကလည်း ၀န်ထမ်း ဆိုတာကို ဥပဒေ ကြောင်း အရ ရှင်းလင်း ပြီး ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ ဦးဌေးဦးတို့ ဦးမောင်ဦးတို့ ဦးကျော်ဆန်း တို့တွေဟာ ၀န်ထမ်းတွေပဲလို့ ထောက် ပြ ပြီး နိုင်ငံရေး ပါတီ ထောင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

ကြံ့ ခိုင်ဖွံ့ ဖြိုး ရေး ပါတီက တာဝန်ရှိသူကလည်း ၀န်ကြီးချုပ် တို့ ၀န်ကြီး တို့ ဒုဝန်ကြီး တို့ ဆိုတာ နိုင်ငံ့  ၀န်ထမ်း မဟုတ်ဘူး။ နိုင်ငံရေး တာဝန် များကို ထမ်းဆောင် နေ တာသာ ဖြစ်တယ်။ ညွှန် ကြား ရေး မှူး အဆင့်က စလို့ ၀န် ထမ်း လို့ ခေါ် နိုင်တယ်။ နိုင်ငံ တကာ မှာလည်း ဒီလိုပဲ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေဟာ သက်ဆိုင်ရာ ပါတီတွေ မှာ ပါ ကြ တာပဲ၊ ဦးဆောင် ကြတာပဲ လို့ ပြန် ဆွေးနွေး ကြ ပြန်တယ်။ သူ့ဟာ နဲ့  သူကတော့ ဟုတ်နေသလို။ ဒါ ပေမယ့် ဘ၀င်တော့ မကျလှဘူး။ ဒီအထဲ မှာ ၀ါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက - ၀န်ကြီးချုပ် ဦးသိန်းစိန်က ကြံ့  ဖွတ် ပါတီ ခေါင်းဆောင် ဆို တော့ ကျန်တဲ့ ပါတီတွေထက် တပန်း သာ နေ တာ ပေါ့။ကျန်တဲ့ ပါတီတွေက ဘာမှတောင် မလုပ်ရသေးဘူး (လုပတဲ့ ပါတီ အချို့  လည်း အတား ခံ နေ ရတယ်)

ဦးသိန်းစိန်က တော့ ၀န်ကြီးချုပ် အနေ နဲ့ နယ်လှည့် မဲ ဆွယ် နေတယ်။ သူတို့ အစိုးရ ရဲ့  လူထု အကျိုး ပြု လုပ် ငန်းတွေကို နိုင်ငံပိုင် သတင်းစာတွေ မှာ မျက်နှာဖုံးက ဖော်ပြနေတယ် ဆိုတော့ တရား မျှတတဲ့ ရွေး ကောက်ပွဲ ဖြစ် ဖို့ တော့ စဉ်းစား ရ ခက်တယ်´ လို့ ပြောလာပြန်တယ်။

ဒီ့ ပြင် ဟိုတုန်းက ( မ ဆလ) တဖြစ် လဲ (တ စ ည) ပါ တီ ရဲ့  ခေါင်း ဆောင် ဦးချစ်လှိုင်က လည်း လက်ရှိ ၀န်ကြီးချုပ်က ပါတီ တခု ထောင် ထားတာတော့ သိပ် မကောင်း လှဘူးပေါ့ဗျာ လို့ ပြောလာ ပြန်တယ်။ ဒီတော့ လုပ်နေ ရတဲ့ ဦးသိန်းစိန် တို့ လည်း နဲနဲ တော့ မျက်နှာ မပူ တောင် နွေး တေး တေး တော့ဖြစ် ကြ မပေါ့ ။ ဗမာ့  ယဉ်ကျေး မှု အရ လည်း ဥပဒေ ပြဌာန်း မထား ပေမယ့် မလုပ် ကောင်းတဲ့ အရာတွေက ခပ်များများ မဟုတ်လား။

ဒါပေမယ့်  လည်း စေသည့်ကန် ထွန်သည့် နွားပဲလေ။ လုပ် ဆို တော့လည်း လုပ် နေရ တာ ပေါ့။
၂။

ရှေ့  တဆင့် လှမ်း ကြ ရ တော့မယ်။
ရွေးကောက်ပွဲ ရက်ကတော့ မကြေ ညာနိုင် သေးဘူး။ ရက် ကြေညာ ပြီး ရင်တော့ မဲဆန္ဒ နယ် အသီးသီး အတွက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း ဒေသကြီး (သို့ မဟုတ်) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လောင်း များ အမည် စာရင်း တင် သွင်း ရမယ့်  နေ့တွေ အချိန်တွေ ကြေညာရတော့မယ်။

ပါတီ အသီးသီးကလည်း လွှတ်တော် အဆင့်ဆင့် အတွက် ကိုယ်စားလှယ်လောင်း စာရင်းတွေ တင်သွင်း ရတော့မယ်။ ဘယ်သူတွေကို တင်သွင်းရမလဲ။ တင်သွင်းနိုင်မလဲ။

လွှတ်တော် ၃ မျိုး ရဲ့  ဥပဒေ ၃ မျိုး စ လုံး မှာ [အခန်း (၅) ရွေးကောက် တင်မြှောက် ခံ ပိုင် ခွင့် ရှိသူ များ နှင့် ဆက်လက် ရပ်တည် ပိုင် ခွင့် မရှိ သူ များ ပုဒ် မ (၁၀) အောက်ပါ ပုဂ္ဂိုလ်များသည် ရွေး ကောက် တင် မြှောက် ခံ ပိုင် ခွင့် မရှိစေ ရ။] ဆို တာ ရဲ့  အောက် မှာ ရှိတဲ့ အပိုဒ်ခွဲတွေ ထဲ မှာ အပိုဒ် (ဋ) နိုင်ငံ ၀န်ထမ်း တဲ့။ လာပြန် ပါ ပြီ။ အရွေးခံ ပိုင် ခွင့် မရှိ သူ များ ထဲ မှာ “နိုင်ငံ့  ၀န်ထမ်း ပါ နေ ပြန် ပါ ပြီ။ ဒီတခါ တော့ အရင် ပါ တီ တည် ထောင် ခွင့် တုန်းက ကိုးကား ခဲ့တဲ့ “နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေ” မှာ လို “နိုင် ငံ ၀န် ထမ်း” စကားရပ် အ တွက် အထူး ဖော်ပြ ချက် မ ပါ လို့ ဟို လို လို ဒီလိုလို၊ ဟိုဖက်က တမျိုး ဒီဖက်က တမျိုး ပြောစရာ မလိုတော့ပါဘူး။ `နိုင်ငံ့  ၀န်ထမ်း ´ ဆိုတဲ့ စာ ကြောင်း အောက်က `ခြွင်း ချက် ´က ဒီလို ဆိုပါတယ်။

“ယင်း စကား ရပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့ စည်းသော လွှတ်တော်များတွင် ရွေးချယ် ခန့်အပ်ခြင်း ခံ ရ သော တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ်များ နှင့် လည်းကောင်း၊ လွှတ်တော်များ ရှိ အ ဖွဲ့အစည်း များ တွင် ရွေး ချယ် ခန့်အပ်ခြင်း ခံရသည့် နိုင်ငံ့  ၀န်ထမ်းများ နှင့် လည်းကောင်း မသက် ဆိုင် စေရ

ဦးသိန်းစိန် လည်း ဘယ်လွှတ် တော် အဖွဲ့အစည်း က မှ ခန့်အပ် ခံ ရတဲ့ ၀န်ကြီးချုပ် မဟုတ်။ ထို့ နည်း တူ စွာ ဦးအောင်သောင်း၊ ဦးမောင် ဦး၊ ဦးကျော် ဆန်း တို့ လည်း ဘယ် လွှတ်တော်က မှ ခန့် အပ် ခံ ရတဲ့ ၀န်ကြီးများ မဟုတ်ပေဘူး။ ဗိုလ်ချုပ်မှူးကြီးကသာ ခန့် အပ်တဲ့ ၀န်ထမ်းများ ဖြစ် တာကြောင့် မို့ လို့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ တိုင်း ဒေသကြီး (သို့) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ သုံး မျိုး စ လုံး မှာ ပါတဲ့ အ ခန်း (၅) ဥပဒေ ပုဒ် မ (၉)။ ပုဒ် မခွဲ (ဋ) ရဲ့  ခြွင်း ချက်ကို ခံ စား ခွင့် မရနိုင် တော့ ပါဘူး။

ဒီ တော့မှ ယူ နီ ဖောင်းတွေ ချွတ်။ အရပ်ဝတ် နဲ့ ဘဲ ၀န်ကြီး ချုပ်၊ ၀န်ကြီး၊ ဒု ၀န်ကြီး ဘ၀နဲ့ ပါတီ ထောင်ပြီး` တို့ကို မဲ ပေး ကြ ´ လို့ မဲ ဆွယ် ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီး များ ခမျာ ပြည်သူ့ ကိုယ်စားလှယ်လောင်း ( အမတ် လောင်း ) တောင် ဖြစ် ခွင့်မရတဲ့ ဘ၀ ကြုံ ကြ ရ တော့မှာပါ လား။ ဘယ့်နှယ် လုပ် ရ ပါ့ ။
၃။

အခုမှတော့ ဒီ ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန် လိုက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဒီလို မလွတ် မကျွတ် ရေး ရပါ့မလား လို့ အပြစ်တင် မနေနဲ့ တော့။

သူတို့ ခမျာ လည်း ၂၀၁၀ ပြည့် နှစ် မတ် လ (၁၁) ရက်နေ့ ဖွဲ့ စည်းပြီး မတ်လ (၁၇) ရက် နေ့မှာ နိုင်ငံရေး ပါတီ များ မှတ်ပုံတင် ဥပဒေ၊ ရွေး ကောက်ပွဲ ဥပဒေတွေကို (၇) ရက် အတွင်း ကြေ ညာ ရတာ။ ကိုယ် တိုင် လည်း ရေးချိန် မရ လောက် ပါဘူး။ သူများ ရေး ပြီး သား ကောက် ကြေညာ ရ တာ နေ မှာ။

တချို့  ကော်မရှင် အဖွဲ့ဝင်တွေ ဟာ မတ် လ(၁၀ ) ရက် နေ့ အထိ ရန်ကုန် မှာ ဌာနကြီး တခု ရဲ့  ညွှန်ကြားရေး မှူး ဘ ၀ကနေ အရှင် လတ် လတ် ` နေပြည် တော်လာ ခဲ့´့ ဆိုပြီး ဘာမှန်းညာမှန်း မသိ ကော်မရှင် အဖွဲ့ဝင် ဖြစ်သွားခဲ့ရတာ ဒီလောက်တော့ ရှိမှာပေါ့။ သူတို့တောင် ကော် မရှင်ဖြစ်ပြီးမှ ၀န်ထမ်း လစာ ထုတ်ခဲ့ ကြရသေးတာ ( ကော် မရှင် ဥပဒေ ကတော့ လစာ၊ စရိတ်၊ ကြေး ငွေ ရ သော အခြား မည်သည့် ရာထူးကိုမျှ လက်ခံ ခြင်း မပြုသူ ဖြစ်ရ မည် လို့ ပါတော့ ပါ တာပေါ့ လေ။ )
၎။
ဒီတော့ ဘာမှ ပြောမနေနဲ့တော့။ အခု အတိုင်း တော့ မဖြစ် သေးဘူးဟေ့။ တ မျိုး ပြောင်းကြဦးမယ် ရွေး ကောက်ပွဲ ရက်တွေ မကြေညာနဲ့ဦး။ ကြား ဖြတ် အစိုး ရဖွဲ့ ကြဦးစို့ ရဲ့ ။ တကယ် ၀န်ကြီး လုပ်မယ့် သူတွေ မပါစေ နဲ့ဟ။ ဒါ့ ကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ၀န်ကြီးချုပ် လုပ်မယ့် ၀န်ကြီး အဖွဲ့ တဖွဲ့ ပြောင်း ဦးမယ် ဆိုတာ အလွန်ပဲ ဖြစ်နိုင်ချေ ရှိနေပါတယ်။ ။
http://moemaka.com/index.php?option=com_content&task=view&id=6894&Itemid=1

အရုဏ်ဦးမှာ ဖူးသည့်ကြာနှင့် ပတ်သက်၍ တင်သန်းဦး၏ ရင်ဖွင့်စကား


အရုဏ်ဦးမှာ ဖူးသည့်ကြာနှင့် ပတ်သက်၍ တင်သန်းဦး၏ ရင်ဖွင့်စကား


လတ်တလော ရေပန်းအစားဆုံး စူပါစတားများ အပါအဝင် သရုပ်ဆောင် ၆၈ ဦး အသုံးပြုထားသော ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လုပ်သည့်”အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်နှင့် ပတ်သက်၍ စစ်အစိုးရ ဝါဒဖြန့်ချိရေး ရုပ်ရှင်ကားအဖြစ် ဝေဖန်သံများစွာ ပေါ်ထွက်နေသည်။

ပါဝင်သရုပ်ဆောင်ခဲ့သူ နေတိုးနှင့်အဖွဲ့ကို အင်္ဂလန်နိုင်ငံရှိ မြန်မာများက တနင်္လာနေ့က ကန့်ကွက် ဆန္ဒပြမှုများလည်း ရှိနေပြီး နိုင်ငံခြား တိုင်းပြည်များက ပြည်ဝင်ခွင့် ဗီဇာပိတ်ရန် လှုံ့ဆော်မှုများလည်း ရှိနေသည်။

ဒီရုပ်ရှင်ကြောင့် ပြစ်တင်ပြောဆိုခြင်း ခံရသူများတွင် ထိပ်ဆုံးမှ ခံရသူကတော့ ဒါရိုက်တာအဖြစ် တာဝန်ယူရသည့် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးတွင် နှစ် ၂ဝ အမှုထမ်းခဲ့သော ဒုဗိုလ်မှူးကြီးဟောင်း တင်သန်းဦး ဖြစ်သည်။

ဇာတ်ကားကြောင့် ဘယ်သူတွေ အကျိုးအမြတ် ဖြစ်ထွန်းလဲ၊ ကန့်လန်ကာ နောက်ကွယ်မှ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဒါရိုက်တာ တင်သန်းဦးကို မဇ္ဈိမက သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားသည်။


  • ဒီဇာတ်ကားရိုက်ဖို့အတွက် ဘယ်လိုကနေ လုပ်ဖြစ်သွားတာလဲ။ အန်ကယ်ရဲ့ ကိုယ်တိုင် ဇာတ်ညွန်းလား။ ဒါမှမဟုတ် အထက်ကခိုင်းလို့ လုပ်ပေးရတာလား။
  • ကျနော်က မနှစ်က မက်လမှ နှလုံးခွဲထားတာ။ ဒုတိယအကြိမ်ခွဲတာဆိုတော့ ဘာမှလဲ လုပ်လို့ မရဘူးပေါ့နော်။ ရင်ဘက်ကလဲ ဒီမှာဒဏ်ရာကြီးနဲ့ပဲ။ ခွဲပြီးခါစ ဒီလိုမိုးတွင်းပေါ့ အဲဒီအချိန်မှာ ပြန်ကြားရေးက ဖိတ်တာပေါ့လေ။

ရိုတ်ဖို့က ပြန်ကြားရေးက သူတို့ဘာသူတို့ စီစဉ်နေတာ။ ရေးတာက ငြိမ်းမင်းနဲ့ လှိုင်အောင်နဲ့ရေးတာ။ ရေးပြီး သူတို့ရေးတဲ့ ဟာတွေကို သုံးသပ်ပေးပါဆိုလို့ အကြံပေးတဲ့ အနေနဲ့ ကျနော်တို့ကိုဖိတ်တာ။ သူတို့ နှစ်ယောက် ရေးတာကို ပေါင်းပေးပါဆိုပြီးတော့ ကျနော့်ကို အကူအညီတောင်းတာ။ ရိုက်ခိုင်းသေးတာ မဟုတ်ဘူး။
killhisfater
ကျနော်ကတော့ ပြောလိုက်တယ်။ ကျနော်တော့ နေမကောင်းဘူးလို့ ကျနော့်ကို ချမ်းသာပေးပါလို့ ကျနော်က ပြောပြီးတော့ အဲဒီမှာ ပြင်ကြ ဆင်ကြတာပေါ့လေ။ ပြင်ကြ ဆင်ကြရင်းနဲ့ပဲ ဘာပြောလာလဲ ဆိုတော့ ငြိမ်းမင်းရေးတာနဲ့ လှိုင်အောင် ရေးတာနဲ့ ပေါင်းပေးပါတဲ့။ အဲဒါကိုကြည့်လိုက်တဲ့ အချိန်ကျတော့ ရွာလည်နေရော။

ပေါင်းဆိုလို့သာ ပေါင်းပေးလိုက်တာ အချိုးတော့ မပြေဘူးဗျ။ ကျနော့်စိတ်ကြိုက် မဟုတ်ဘူးပေါ့ဗျာ။ ကျနော်က ပြန်ပြောလိုက်တယ်။ လွတ်လပ်ရေးမရခင် ဟိုးစစ် မဖြစ်ခင်ကနေစပြီးဆိုတော့ ဒီဟာကြီးက ဘယ်တော့ ဆုံးမလဲ။

ဆုံးမှာလည်း မဟုတ်ဘူးဆိုပြီး အဲဒီလွတ်လပ်ရေး မရခင်ကဟာတွေကို ဖြုတ်ပေးပါ။ ဒါလေးနဲ့တော့ ရိုက်လို့မရဘူး။ အဲဒီတော့ သမိုင်းကြောင်းကို ပြန်စိစစ်ပေးပါဆိုတော့ အဲဒီမှာတခါ ထပ်ဖိတ်တာပေါ့လေ။ တက္ကသိုလ်မြတ်သူတို့၊ ချစ်နိုင် စိတ်ပညာတို့၊ ပြန်ကြားရေးဘက်က လူကြီးတွေနဲ့ ဝိုင်းဆွေးနွေးကြ။
လုပ်ရင်းနဲ့ စာမျက်နှာက ၆ဝ လောက် ဖြစ်သွားတယ်။ ဒါတွေ အကုန်ထည့်မှာလားဆိုတော့ အဲဒါတွေ အကုန်ပါအောင် ထည့်မယ်တဲ့။ ဒါဆိုရင် ဒီကားက တကားထဲတော့ပြီးမှာ မဟုတ်ဘူး။ ဒါနဲ့ အဲဒီဇာတ်ကားက ၁ ပိုင်းကို ၁ နာရီ ၄၅ မိနစ်နဲ့ ၃ ပိုင်း ဖြစ်သွားတယ်။

  • ဇာတ်ကားမှာလည်း နာမည်ကြီး မင်းသားမင်းသမီး သရုပ်ဆောင်တွေ အများကြီး အသုံးပြုထား ဆိုတော့ ဒီဇာတ်ကားမှာ ကုန်ကျငွေ တော်တော်များလား။
သူတို့ကို အစိုးရက လုပ်ပေးထားတာ ရှိတယ်လေ။ သူတို့ Income tax တွေ ဆိုလို့ရှိရင် ရာခိုင်နှုန်း ၅ဝ လျှော့ပေးထားတာ ပဲ။ အဲဒီကြားထဲက များတယ်ထင်ရင် ထပ်တင်- တင်သလောက်ကို လျှော့ပေးထား တာပဲ။

အဲဒီလောက် မကုန်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဇာတ်ကားသွားရိုက်တဲ့ နေရာမှာရှိတဲ့ ဒေသခံ တိုင်းတို့ဘာတို့က အကျွေးအမွေးကိစ္စတွေ တာဝန်ယူတာဆိုတော့ ပြန်ကြားရေးဘက်က သိန်း ၈ဝဝ လောက်ပဲ ကုန်ပါတယ်။ သရုပ်ဆောင်ကြေးတွေကို နှုန်းအပြည့် မပေးရဘူး။ ပေးများပေးရရင် သိန်း ၅ဝဝဝ လောက် ကုန်သွားမလား မသိဘူး။

  • ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ မင်းသား/မင်းသမီးတွေကို သရုပ်ဆောင်ကြေး ဘယ်လိုပေးရလဲ။

အဲဒါ တယောက်နဲ့တယောက် တူမှာမဟုတ်ဘူး။ သူတို့ နှုန်းတိုင်း အပြည့်တော့ မပေးရဘူး။ ဒါကတော့ သူတို့လည်း သဘောပေါက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို အစိုးရက လုပ်ပေးထားတာ ရှိတယ်လေ။

သူတို့ Income tax တွေဆိုလို့ရှိရင် ရာခိုင်နှုန်း ၅ဝ လျှော့ပေးထားတာပဲ။ အဲဒီကြားထဲက များတယ်ထင်ရင် ထပ်တင်- တင်သလောက်ကို လျှော့ပေးထားတာပဲ။ အဲသလိုမျိုးပေါ့ သူတို့လိုချင်သလောက်ကို လုပ်ပေးထားတာ ရှိတာပေါ့။
moe-vs-melodi
ဒါက ပြန်ကြားရေးနဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ ညှိပြီးတော့ သူတို့ကို ခေါ်တာ။ ခေါ်ပြီးတော့ သူတို့ကို ပေးတာတွေတော့ ရှိတယ်။ နောက်ညစာစားပွဲ ဖိတ်ပြီးတော့ ဆုချီးမြှင့်တာတွေလည်း ရှိတယ်။

ကျနော်တို့ကိုလည်း ချီးမြှင့်ပါတယ်။ ကျနော့်ကိုဆိုရင် ၄ သိန်းလားမသိဘူး။ ချီးမြှင့်တယ်။ ဒီလောက်ပါပဲ ကျနော်တို့က များများစားစားလည်း မယူပါဘူး။ ဘာမှလည်း သူတို့ဆီက အခွင့်အရေးလည်း မတောင်းဘူး။

  • စောစောကပြောတာ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းက ကိုယ်ပိုင်ဇာတ်ညွန်း မဟုတ်ဘူး။ သူများရေးတဲ့ ဇာတ်ညွန်းတွေဆိုတော့ ပြည့်စုံမှုရှိလား။ တကယ် အလုပ်လုပ်ရတဲ့အခါမှာ စိတ်ကြိုက်တွေ့လား။

ကျနော့စိတ်ကြိုက်ဆိုလို့ရှိရင် ဒါလောက်အရှည်ကြီးမရိုက်ဘူး။ ဦးတည်ချက်က ဘာကိုဆိုလိုချင်တာလဲ။ ဦးတည်ချက် တချက်ပဲပေး။ ရုပ်ရှင်ကားက ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲ ပေးရမှာ။ ဥပမာ ရာဇဝတ်ဘေး ပြေးမလွတ်၊ ဆေးလိပ်သောက်တာ မကောင်းဘူး၊ အရက်မူးရင် ဘာဖြစ်တယ် ညာဖြစ်တယ်။ ဒီလိုမျိုးတချက်ပဲဝင်မှာ။ ဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို အဲဒါမျိုးဆိုရင် အဲဒီကားတွေက ရှည်ပြီ။

  • သရုပ်ဆောင်တွေနဲ့ အရင်တုန်းက ခေတ်မှာရှိခဲ့တဲ့ လူတွေရဲ့ ဇာတ်ကောင်စရိုက်မှာရော အခက်အခဲတွေ ရှိလား။

ဦးနုနဲ့ တူတဲ့လူကို သရုပ်ဆောင်ရှာပြီး မရိုက်နိုင်ဘူး။ ဦးနုနဲ့ တူတဲ့လူက သရုပ်ဆောင်ရှာဖို့ ဆိုတာ အင်မတန် ခဲယဉ်းတယ်။ ဦးနုလို ဥပဓိရုပ်မျိုးနဲ့ ဘာနဲ့ညာနဲ့ ဒီသရုပ်ဆောင်တွေနဲ့ ဘယ်လိုမှ မကိုက်ဘူး။ ဦးကျော်ငြိမ်းလည်း ဒီအတိုင်းပဲ။ ဦးဗဆွေလည်း ဒီအတိုင်းပဲ။ သူတို့က အင်မတန်မှ တကယ့်ကို နိုင်ငံရေး သမားကြီးတွေလေ။ ဂုဏ်သိက္ခာရှိတဲ့ လူကြီးတွေ။ သူတို့ပုံစံမျိုးတွေကို ဒီသရုပ်ဆောင်တွေ မရဘူး။

  • ဒီဇာတ်ကားမျိုးကိုရော ဆင်ဆာဘုတ်က ဆင်ဆာ ဖြတ်တာရှိသေးလား။ ရှိရင် ဘယ်လို အခန်းမျိုးတွေကို ဖြတ်လဲ။

ရှိပါတယ်။ ကြီးကြီးမားမား အခန်းမျိုးတွေတော့ မဟုတ်ပါဘူး။ ကျနော်တို့ကတော့ သမိုင်းအတိုင်း ရိုက်တာပေါ့နော်။ ဥပမာပြောရမယ် ဆိုလို့ရှိရင် ၁၉၅၈ ခုနှစ် အကွဲအပြဲ ဇာတ်လမ်းပေါ့။ ဦးဗဆွေက ပြောတယ်။ ရဲဘော်တွေကတဲ့ အရင်တုန်းက ငါ့ကို ကျားကြီးဗဆွေ လို့ခေါ်တယ်တဲ့။ အလုပ်လုပ်တာ ပြတ်သားလို့။

အခုကြတော့ ငါ့ကို နွားကြီးဗဆွေလို့ခေါ်ကုန်ပြီတဲ့ ပြတ်သားသားမလုပ်တော့လို့တဲ့။ သဘောကတော့ ဦးနုနဲ့ သူတို့အုပ်စုနဲ့ တိုက်တဲ့နေရာမှာ မပြတ်သားလို့ အောက်ကမကျေနပ်ဘူးဆိုပြီး ပြောတာကို သူကိုယ်တိုင်ပြောတဲ့ စကားပေမယ့် ဒါတော့ရင့်သီးတယ်ဆိုပြီး ဖြုတ်တယ်။

  • ဒီဇာတ်ကားက စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာလို့ တချို့က ဝေဖန်နေကြတယ်။ အန်ကယ် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အန်ကယ် အနေနဲ့ ဘယ်လိုပြောချင်လဲ။
ပရိသတ်တွေကြိုက်မယ့် ဟာကို ၈ဝ ရာခိုင်နှုန်းလောက်ထည့်ပေးရ မယ်။ ဟာသတွေပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ ရာခိုင်နှုန်းလောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက်ဖြစ်တယ်။

ကျနော်က စိတ်ဓါတ်စစ်ဆင်ရေး ရုံးမှာ အနှစ် ၂ဝ လုပ်လာတာ။ ကျနော် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိ လုပ်လာတာ အကြာကြီးပဲ။ ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ရင် ဒါမျိုးမလုပ်ဘူး။ သူက နဲနဲလေး ဒဲ့ဒိုး ဆန်တာပေါ့။ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာ ဒဲ့ဒိုးမဟုတ်ဘူး။ လုပ်လို့လုပ်လိုက်မှန်း မသိအောင် လုပ်တာ။ ကျနော်တို့ အများကြီး လုပ်ခဲ့ဘူးပါတယ်။ အတွေ့အကြုံတွေလည်း ရှိတယ်။

အခုဟာ ဇာတ်လမ်းဇာတ်ညွှန်းတွေက ကျနော်စိတ်ကြိုက် မဟုတ်ဘူး။ သူတို့ ချပေးတဲ့အတိုင်း သဘောတူတဲ့အတိုင်း ကျနော်က ရိုက်တာ။

  • အန်ကယ်အနေနဲ့ ကိုယ်တိုင် ဇာတ်ညွန်းရေးပြီး စိတ်ဓါတ်စစ်ဆင်ရေး ဇာတ်ကားရိုက်မယ်ဆိုရင် ဘယ်လို ပုံစံမျိုး ရိုက်မလဲ။

ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေး ဇာတ်ကားရိုက်ရင် ဘယ်လိုကားမျိုး ရိုက်ပြမလဲဆိုရင် ဥပမာပြောရရင် မင်းသားတွေ အများကြီးနဲ့ မဲသဝေါတိုက်ပွဲကို THE LONGEST DAY လိုဇာတ်လမ်းမျိုး ရိုက်မှာပေါ့။ THE LONGEST DAY မှာဆိုရင် ဂျာမန်ကို ထိုးနှက် သွားတာပဲ။

ရမ်ဘိုလိုဟာမျိုးဆိုရင်တော့ ပေါပါတယ်။ သူတယောက်တည်းနဲ့ လူအများကြီးကို လျှောက်ချနေတဲ့ ဟာမျိုးတွေ။ နောက် Platoon လိုဟာမျိုးတွေ အဲဒါတွေက တကယ့်ဖြစ်ရပ်မှန်။

အဲဒီလို ဇာတ်ကားမျိုးတွေကျတော့ လူတွေက လက်ခံတယ်လေ။ အဲဒါမျိုးပေါ့။

စိတ်ဓါတ်စစ်ဆင်ရေးမှာ မူဝါဒ တခုရှိပါတယ်။ သီအိုရီပါပဲ။ ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ ပရိသတ်တွေ အားလုံး ကြိုက်အောင် လုပ်မှာပဲ။ ပရိသတ်တွေ ကြိုက်မယ့်ဟာကို ၈ဝ ရာခိုင်နှုန်းလောက် ထည့်ပေးရမယ်။ ဟာသတွေပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ ရာခိုင်နှုန်းလောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက် ဖြစ်တယ်။

  • အရုဏ်ဦးမှာ ဖူးသည့်ကြာဇာတ်ကိုက သမိုင်းကြောင်းတွေကို ပြောင်းပြန်လုပ်ပြီး ရိုတ်ထားတယ်လို့ ဝေဖန်သံတွေ အများကြီး ထွက်နေတယ်။ ဒါကိုရော အန်ကယ် ဘယ်လိုမြင်လဲ။

အဲလိုဝေဖန်တာတွေကို အင်တာနက်ထဲမှာလည်း အများကြီးတွေ့တယ်။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သမိုင်းကြောင်း အထောက်အထားနဲ့ ပတ်သက်ပြီး တာဝန်ခံ စစ်ပေးမယ့်လူတွေ ရှိတယ်။ ဥပမာ ၁၉၄၈ ခုနှစ် ဗိုလ်ချုပ်နေဝင်းက အာဏာမရခင်မှာ ကာကွယ်ရေး ဦးစီးချုပ် မဟုတ်ဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီးစမစ်ဒွန်း သူက ကရင်။ သူ့ကိုဘယ်သူမှတောင် မသိဘူး။ လွတ်လပ်ရေးရတဲ့အချိန်မှာ သူက စစ်ဦးစီးချုပ်။

လေတပ်ဗိုလ်ချုပ်က စောရှီးရှိုး ကရင်။ အဲလိုဖြစ်နေတဲ့အချိန်မှာ ဦးနုနဲ့ သူတို့နဲ့ ကေအန်ယူ သောင်းကျန်းမှု ဘာညာ လုပ်နေတဲ့အချိန်မှာ နောက်ဆုံးကျ ဦးနုက မနိုင်ဘူး။ မနိုင်ဘူးဆိုတာ သူလျှော့ပေးနေတာကိုး။ နောက်ကျတော့ သူပြောလို့မရတော့ ကွန်မြူနစ် ဦးသိန်းဖေမြင့်တို့က ဖိအားပေးတာလည်း ပါတယ်။

ဦးဗဆွေတို့ ဦးကျော်ငြိမ်းတို့ကလည်း ဖိအားပေးတာပါတယ်။ ကဲအဲဒါဆို ကရင်အရာရှိတွေ ထုတ်ပစ်ဆိုပြီး သူတို့က စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းကို အနားပေးပစ်လိုက်တယ်။ လေတပ်ဗိုလ်ချုပ်ကို အနားပေးတယ်။ ပြီးတော့ ဗိုလ်ချုပ်နေဝင်းကိုခေါ်ပြီး စစ်ဦးစီးချုပ် ခန့်လိုက်တယ်။ ခန့်လိုက်တဲ့အချိန်မှာ အဲဒီမှာ ကေအန်ယူက အဲဒါမကျေနပ်ပြီးတော့ စတာပဲ။ ကေအန်ယူ တော်လှန်ရေးတွေ ဖြစ်ကုန်တယ်ဆိုတာ အဲဒါပဲ။

  • အန်ကယ်က ဖြစ်ရပ်မှန်တွေကို ပြန်ရိုက်တယ်ဆိုတော့ ၁၉၈၈ အရေးတော်ပုံလို ဟာမျိုးကိုရော အန်ကယ် အနေနဲ့ ပြန်ရိုက်ပြဖို့ ရှိလား။
ဒါရိုက်တာက သေဆိုသေ ရှင်ဆိုရှင် ဘယ် ဟုတ်မလဲ။ ကျနော်တို့က မရိုက်ခင်လည်း on paper အစစ်ခံရတယ်။ ရိုက်ပြီးရင်လည်း ဟိုက မှန်ဘီလူးနဲ့ ကြည့်မှာပဲ။

မရှိပါဘူး။ အဲဒီအကြောင်းကို ရေးတော့ရေးဘူးတယ်။ အဲဒီတုန်းက ခွင့်မပြုဘူး။ စာမူကလည်း ပျောက်သွားတယ်။ ကျောင်းသားတွေ အကြောင်းပဲ ရေးတာပါ။ ပြန်လာတဲ့ ကျောင်းသားတွေကို အင်တာဗျူး အကုန်လုပ်ပြီးတော့မှ ရေးထားတာပါ။ အဲဒီတုန်းကတော့ တပ်မှာကိုက သတင်းထုတ်ပြန်ရေး အဖွဲ့ဆိုပြီး တဖွဲ့ရှိသေးတာ။ စာပေစိစစ်ရေးထက် မြင့်တဲ့အဖွဲ့ပေါ့။ အဲဒီအဖွဲ့က ခွင့်မပြုဘူးလည်း မပြောဘူး။ ဆိုင်းငံ့လို့ ပြောထားပြီး စာမူက ပျောက်သွားတာ။ စာမူက လက်ရေးမူပါ ပျောက်သွားတော့ အဲဒါနဲ့ ပြန်လည်း မရေးနိုင်တော့ဘူး။

  • အန်ကယ့်အနေနဲ့ရော ကြံ့ဖွံ့ကိုယ်စားပြု ဇာတ်ကားမျိုးတွေရော ရိုက်ဖို့ရှိလား။ သူတို့ကရော ဇာတ်ကားရိုက်ဖို့ ပြောလာတာမျိုးရှိလား။

အဲဒါတော့ မရိုက်နိုင်ဘူးလို့ပဲ ပြောလိုက်တယ်။ သူတို့ကလည်း ရိုက်ချင်တယ်လို့သာ ပြောတာ၊ ဘာမှမရှိဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတော့ ဘယ်လိုမှ လုပ်မနေနဲ့လို့ ပြောလိုက်တယ်။ ရိုက်ချင်တယ်။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ။ ဘာလဲဆိုပြီး စကားတော့စလာတယ်။ ငါတော့ လာမခိုင်းပါနဲ့လို့ ကျန်းမာရေး မကောင်းဘူးလို့။ အဲဒီ အာရုံဦးမှာ ဖူးသည့်ကြာ ရိုက်ပြီးကတည်းက အိမ်မှာ ၂ လလောက်က လဲနေတာ ထတောင်မထနိုင်ဘူး။ ကျနော့် နှလုံးက ၂ ခါခွဲပြီးပြီ။ အဲဒီဇာတ်ကား ရိုက်တုန်းက အနာတောင် မကျက်သေးဘူး။ မနှစ်ကတည်းက ရိုက်နေတာလေ။ ရိုက်ကူးတဲ့ရက်က ခရီးသွားရက်မပါ ၂၉ ရက် ကြာတယ်။

  • အန်ကယ်အနေနဲ့ ဒီလို ပေါ်လစီ ဇာတ်ကားမျိုးတွေ ရိုက်တဲ့အတွက် ပရိတ်သတ်က မုန်းမယ် ဆိုတာမျိုးရော ထည့်တွက်ခဲ့ဘူးလား။

တချို့ နားလည်တဲ့ လူကလည်း နားလည်ပါတယ်။ နားမလည်တဲ့ လူကလည်း ဆဲသွားမှာပေါ့ဗျာ။ ဒါကတော့ ကိုယ်လုပ်တဲ့ အလုပ် ကိုယ့်နာမည်ကြီး စာတမ်းထိုးလိုက်ရင် ကိုယ်ကတော့ တာဝန်ယူရမှာပဲ။ မရှောင်ပါဘူး။ ဟာ ဒီဥစ္စာကြီး ကျနော်မသိဘူး။ မသိလို့ လုပ်လိုက်ရတာပါလို့ ကျနော်မပြောဘူး။ သဘောကတော့ ကျနော် အတင်းဆေးရုံတက် ပြေးရင်ရတာပဲ။ ဒါပေမယ့် သြော်.. ကိုယ့်ကို တာဝန်ပေးပြီ ဆိုမှတော့ တာဝန်ကျေအောင် လုပ်ရတော့မှာပဲဆိုပြီး လုပ်လိုက်တာပါ။

  • အန်ကယ်က အရင်တုန်းက တပ်မတော်သား တယောက်ပေါ့လေ။ အဲဒီကနေပြီးမှတဆင့် စာတွေရေး၊ ရုပ်ရှင်တွေ ရိုက်ဆိုတဲ့ လိုင်းဘက် ဘယ်လိုကူးခဲ့တာလဲ။

အရင်တုန်းကတော့ ကျနော်က ခြေလျင်စစ်သားပဲ။ ခြေလျင်စစ်သားကနေပြီးတော့ တပ်မတော် စာစဉ်မှာ စာရေးတဲ့ လူမရှိဘူးလို့ဆိုပြီး ကျနော့်ကို ခေါ်တဲ့အချိန်မှာ ကျနော်က ငြင်းနေတာပေါ့နော်။ နောက်ဆုံး လူမရှိလို့ဆိုပြီး ကျနော့်ကို အတင်းဆွဲခေါ်တော့ ကျနော် ခြေလျင်စစ်သားကနေ ရောက်လာတယ်။ ရောက်လာပြီး စာအုပ်ထုတ်ခိုင်း။

အဲဒီကနေ တခါ စစ်ရုံးကိုခေါ်။ ခေါ်ပြီးတခါ ရုပ်ရှင်မှာလုပ်မယ့်လူ မရှိဘူး သွားလုပ်ဆိုတော့ ရုပ်ရှင်က ကိုယ်လည်း မတတ်ဘူး။ မတတ်တော့ ပြန်လေ့လာရတယ်။ သင်တန်းတက်ရတယ်။ အဲဒါတွေ လုပ်ပြီးတော့မှ လုပ်တာပေါ့ဗျာ။

အဲသလို ကျနော်တို့က လုပ်ခဲ့တာ လုပ်ခဲ့ပြီးတော့မှ ခိုင်းရော။ ခိုင်းတဲ့အခါကျတော့ စိတ်ဓာတ် စစ်ဆင်ရေးဆိုတာ ရုပ်ရှင်ရိုက်တာ စာရေးတာ ၂ ခုတည်း မဟုတ်ဘူး။ တခြားဟာတွေ အများကြီး ရှိပါတယ်။ လေယာဉ်ပျံပေါ်ကနေပြီး စာရွတ်တွေ သွားပြီးကြဲချရတာတို့ ဘာတို့ အများကြီးပဲ။

၈၈ ဆူပူနေတုန်းကလည်း မြောက်ဥက္ကလာမှာ လေယာဉ်နဲ့ ဆူပူနေရင် တပ်ကဝင်လိမ့်မယ် ဘာညာနဲ့ အဲဒီစာတွေ သွားကြဲချရတာပဲ။ နောက်တခါ ကျောင်းသားတွေသွားတော့ ပြန်ခေါ်တဲ့စာလည်း နယ်စပ်တွေမှာ သွားပြီးတော့ လိုက်ကြဲတယ် ဒါက စိတ်ဓာတ် စစ်ဆင်ရေးတွေပဲ။

အဲတော့ ဒီရုပ်ရှင်ရိုက်တာ ဘာညာကျတော့ အများကသိလာတယ်။ တကယ့် စိတ်ဓာတ် စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီး လုပ်တယ်။ ဘယ်သူလုပ်မှန်း မသိဘူး ပေါ့နော်။ စာရေးရင်တမျိုး၊ အသံလွှင့်နေရင်လည်း ဘယ်က လွှင့်နေမှန်း မသိဘူး ဒါမျိုးတွေက စိတ်ဓာတ် စစ်ဆင်ရေး စနစ်ပေါ့။
ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ ရာခိုင်နှုန်းလောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက်ဖြစ်တယ်။

နောက်တမျိုးက အထင်ကရလုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လူသိရှင်ကြား ဗြောင်ကြီးလုပ်တဲ့ စစ်ဆင်ရေး။ လုပ်တဲ့လူက နာမည်ခံရတော့မှာ။ အဲဒီတော့ ကျနော်တို့က ဘာဖြစ်လဲဆိုတော့ ရှေ့က ပြန်ကြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန ဘယ်ဌာနမှ ရိုက်ကူးပါသည်လို့သာ ထိုးထားတာ ထိုးလိုက်တာကို ဒါရိုက်တာက ခံရတာပဲ။

အဲဒီတော့ ကောင်းကျိုးဆိုးကျိုးကို ဒါရိုက်တာက ခံရတာပဲ။ ကျနော်တို့ နိုင်ငံမှာ လူထုရဲ့အသိကိုက ဒါရိုက်တာ သဘောပဲ ဆိုပြီး ဒါရိုက်တာကိုပဲ မြင်တာလေ။ ဒါရိုက်တာက သေဆိုသေ ရှင်ဆိုရှင် ဘယ်ဟုတ်မလဲ။ ကျနော်တို့က မရိုက်ခင်လည်း on paper အစစ်ခံရတယ်။ ရိုက်ပြီးရင်လည်း ဟိုက မှန်ဘီလူးနဲ့ ကြည့်မှာပဲ။ မကျေနပ်ရင် ပြန်ရိုက်ခိုင်းမယ့် ပုံစံရှိတာကိုးဗျ။

  • အန်ကယ်က တပ်မတော်ကနေ အနားယူလိုက်တာရော ဘာကြောင့်လဲ။ နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက်တွေများ ရှိလို့လား။

ကျနော်က အရင်ကစစ်သားဟောင်းပါပဲ။ ၂ဝဝ၇ ခုနှစ်တုန်းက ကျနော် ထွက်လိုက်တာပါ ဆေးနဲ့။ ကျနော်က ကျန်းမာရေး မကောင်းလို့ ထွက်တာ။ ကျနော်နားတော့ ဦးစီးအရာရှိ ပထမတန်းပါ။ ဒုဗိုလ်မှူးကြီးပေါ့။ နိုင်ငံရေး လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ရည်ရွယ်ချက်လည်း မရှိပါဘူး။
http://www.mizzimaburmese.com/interview/5799-2010-08-03-12-55-32.html

မျက်မှောက် တပ်တွင်း အခြေအနေများ


(ပြည်တွင်းမှ ပေးပို့လာခြင်းဖြစ်ပါသည်။)
နေပြည်တော်အာဏာသိမ်းပွဲကို ထောက်ခံတဲ့ ရဲမွန်ခံတပ်၊ ဗိုလ်ချုပ်ပုံပါတဲ့နေ့မှာဘဲ နေပြည်တော်က သိန်းစိန်ကို ၀န်ကြီးချုပ်ရာထူးကဖြုတ်ချလိုက်ပြီ။
ဗိုလ်ချုပ်အောင်ဆန်းပုံကို မနေ့က ထုတ်ဝေတဲ့ မော်နီတာဂျာနယ်မှာ ပါလာတာကြောင့် မင်္ဂလာဒုံ တပ်နယ်ဈေးမှာ အထူးအလုအယက်ဝယ်ကြတယ်လို့ သိရတယ်။ မင်္ဂလာဒုံဆိုတာက လက်နက်ကိုင် တပ်ပေါင်းစုံရာ အခြေကျတဲ့မြို့ဖြစ်ပေမဲ့ ပညာတတ်လက်နက်ကိုင် စစ်သည်တွေ ပေါများတယ်. ။ အခုလဲ မြောက်ဥက္ကလာမှာ ၈၈ အရေးအခင်းက လက်နက်မဲ့ပြည်သူတွေကို စစ်တပ်ကအကြမ်းဖက် ဖြိုခွဲဖို့ လုပ်လို့ လေတပ်က လေယဉ်နဲ့ဗုံးကြဲဖို့အထိ ကြေညာပေးခဲ့ရတယ်။ အခုလဲ ငတ်လို့မသေ တိုက်လို့ အသေခံမယ် ဆိုတဲ့ ရဲမွန်ခံတပ် ( ၈ ) ရင်းက ရဲဘော်တွေဟာ ဘယ်လက်နက်ကိုင်ကိုမှ အ၀င်မခံဘဲ ကြံ့ ကြံ့ခံနေကြတာ အခုဆိုရင် တပါတ်၇ှိနေပြီ။ ကျိုက်က္ကလဲ့စေတီနဲ့ လေတပ်နဲ့ ကပ်ရက်နေတဲ့ အနမ်းပင်ရွာမှာ ရဲမွန်ခံတပ်ကို ကယ်တင်ကြဆိုပြီး စာတွေကပ်ထားနေကြတယ်။ ဗိုလ်ချုပ်ပုံနဲ့ တွဲလို့ ကပ်ထားတာဖြစ်တယ်။ အနမ်းပင်ရွာ ဆိုတာ လေတပ်ထဲက အိမ်ထောင်သည်ရဲဘော်တွေ နေကြတဲ့ ရပ်ကွက်ဖြစ်တယ်။
ပဲခူးဘက်က ဆင်းလာတဲ့ ထောက်ကြံ့လမ်းဆုံ ဈေးထိပ်မှာလဲ ရဲမွန်ခံတပ်မှာ အမိမြေအတွက် အငတ်မခံသူများအတွက် လေတပ်မှ ကယ်တင်ပေးပါ ဆြို့ပီး ပိုစတာတွေ ကပ်ထားတယ်။ ရဲမွန် တပ်၇င်းတွေထဲမှာ သူတို့ခင်ပွန်းများအတွက် ကယ်တင်မဲ့သူမရှိကြဘူးလားဆိုပြီး ထောက်ကြံ့ဈေးမှာ စာတွေ နေရာအနှံ့ကပ်ထားကြတယ်။ အစပိုင်းမှာ အင်အား ၄၀၀ လောက်နဲ့ ၀ိုင်းထားပေမဲ့ ရဲမွန်ခံတပ်က လက်နက်မချလို့ အခုဆိုရင် ရ၀၀ လောက်နဲ့ ၀ိုင်းထားတယ်။ နေပြည်တော်အထူးတပ်ရင်း။ အထူး ထောက်လှမ်းရေးတပ်နဲ့ ရန်ကုန်တိုင်းတပ်တွေက ၀ိုင်းထားတာဖြစ်တယ်။ မင်္ဂလာဒုံဈေးတပ်နယ်ဈေးမှာ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံပါတဲ့အတွက် အဲဒီဂျာနယ်ကို ထောက်ကြံ့ကနေတဆင့် အင်းတိုင်အထိ လိုက်လံ ဝေငှနေကြတယ်လို့ သိရတယ်။
ရဲမွန်ခံတပ်ကရဲဘော်တွေဟာ ဘဏ်စု ငွေက တဆင့် အရေးအခင်းဖြစ်လာခဲ့ရင် ဒီမိုကရေစီအရေးထိ တိုက်ပွဲဝင်သွားမယ် ။ ပြည်သူတွေအတွက် အသက်ကိုအသေခံသွားတာမြတ်တယ် ဆိုပြီး ဇနီးဖြစ်သူများကို ပြောပြကြတယ်လို့ သိရတယ်။ အခုဆိုရင် လေတပ်က အိမ်ထောင်သည်များရှိရာ အနမ်းပင်ရွာမှာလဲ ရဲမွန်ခံတပ်က ရဲဘော်တွေကို ၈၈ အရေးတော်ပုံကလို ကယ်တင်ဖို့ အရေးပေါ်အစည်းအဝေးတွေ လုပ်နေကြရပြီလို့ ပြောသံတွေထွက်နေတယ်။လေတပ်ကိုအကူအညီတောင်းခံစာတွေ ကပ်ထားကြတဲ့ အတွက် ပြုပြင်ထိမ်းသိမ်းစခမ်းထဲမှာရှိတဲ့ ဂိုဒေါင်ထဲက လေယဉ်တွေကို အထူးလုံခြုံရေးတွေ ချထားရတယ် လို့ သိရတယ်။
အိန္ဒိယနိုင်ငံက မကြာခင်ကပြန်လည်ရောက်ရှိလာတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလဲ နေပြည်တော်မှာ အရေးပေါ်အစည်းအဝေးကို ခေါ်ယူပါတယ်။ စက်တင်ဘာလမှာ ၄ လပတ်အစည်းအဝေးရှိပေမဲ့ ဗိုလ်ချုက်မှူးကြီးသန်းရွှေကို အာဏာသိမ်းမှူတွေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဖြစ်ရပ်တွေကြောင့် ချက်ချင်းခေါ်ယူရတာဖြစ်တယ်လို့ နေပြည်တော်က လာတဲ့သတင်းအရ သိရတယ်။ အဲဒီအစည်းအဝေးမှာ နအဖ စစ်ကောင်စီဝင်များ၊ စစ်ဆင်ရေးကွက်ကွဲမူးများ၊ ဌါနချုပ်မှူးများ၊ဒေသကွပ်ကွဲမှူးများ၊ စစ်ဌါနချုပ်မှူးများ၊ တပ်မမှူးများ၊ စစ်ဘက်ညွှန်ကြားရေးမှူးများ၊ စစ်ကျောင်းများမှ ကျောင်းအုပ်များနဲ့ ကက်ဘိနက် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်။ အဲဒီအစည်းအဝေးမှာ အာဏာသိမ်းမှူမှာပါဝင်တဲ့ ဗိုလ်မှူးချုပ်ဝေလွင်နဲ့ အခြားအရာရှိ ၁၂ ဦး- စုစုပေါင်း ၁၃ ဦးတို့ကို ဖမ်းဆီးထားခြင်းနဲ့ ပါတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချပေးတယ် လို့ သိရတယ်။ အခုဆိုရင် အဲဒီဗိုလ်မှူးချုပ်ဝေလွင်နဲ့ အပေါင်းပါတွေဟာ သေဒဏ်ပေးခံရပြီ ၊ဒါမှမဟုတ် ကွက်မျက်ခံရပြီဆိုတာ မသိရသေးဘူးလို့ ပြောဆိုနေကြတယ်။
၁၉၇၆ ခုနှစ်က ကာကွယ်ရေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင် ခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ မဆလအာဏာရှင် ဦးနေ၀င်းကိုလုပ်ကြံပြီး အာဏာသိမ်းရန်ကြံ့စည်မှူနဲ့ သေဒဏ်ပေးခံခဲ့ရတယ်။ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်မှူးကြီးသူရရွှေမန်းတို့ရဲ့ လှို့ ဝှက်အစီရင်ခံစာတွေကို အင်တာနတ်ကနေပြီး တဆင့် ပေါက်ကြားသွားတာနဲ့ ဗိုလ်မှူးဝင်းနိုင်ကျော် ကို သေဒဏ်နဲ့ ထောင်ဒဏ် ၂၀ နှစ်၊ နိုင်ငံခြားရေးရုံး ဥရောပရေးရာ ဌါနက ကိုသူရကျော်ခေါ် ကိုအောင်အောင် ကို သေဒဏ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ၊ အရပ်သား ဂိုစိန်ပျံခေါ် အစီးကို ထောင်ဒဏ် ၁၅ နှစ်ချထားတာရှိတယ်။ အခုလဲဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာသိမ်းရန်ကြံစည်တဲ့ ဗိုလ်မှူးချုပ်ဝေလွင်နဲ့ အပေါင်းပါတွေကိုလဲ အဲဒီအစည်းအဝေးမှာ သေဒဏ်ပေးမှာသေချာတယ်လို့ ပြောနေကြတယ်။
ရဲမွန်ခံတပ်ကို စစ်ဆင်ရေးလုပ်ရာမှာ စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သာအေး နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က ကွပ်ကဲကြတယ်။ နေပြည်တော်စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က တာဝန်ယူဆောင်ရွက်တယ်။ ရန်ကုန်တိုင်းတပ်ရင်းတွေက တာဝန်ယူရပေမဲ့ နေပြည်တော်ကဘဲ ကိုင်တွယ်တယ်။ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသာအေးဟာ ကချင်ပြည်နယ်။စစ်ကိုင်းတိုင်း၊မနျွှလေးတိုင်းတို့ကိုတာဝန်ယူထားသူဖြစ်တယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်ကတော့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကိုတာဝန်ယူထားရသူဖြစ်တယ်။ ဒါပေမဲ့ နေပြည်တော်ကနေ တိုက်ရိုက်ကိုင်တွယ် ရတဲ့အတွက်ကြောင့် ရဲမွန်ခံတပ်ဟာ ဗကပတွေ ရှိနေတယ်ဆိုပြီး နကန်းတလုံးမှ မသိတဲ့ စစ်သားတွေကို တောထဲက ဆွဲထုတ်လာတာဖြစ်တယ်။ ဒါဟာ ၈၈ အရေးအခင်းတုံးက ရန်ကုန်မှာ ဗကပတွေ ဆန္ဒပြနေတယ် ဆိုပြီး ပစ်သတ်ခိုင်းတာနဲ့ တူအောင် လုပ်အောင်လုပ်ရမယ်လို့ ဆွေးနွေးကြတယ်လို့ နေပြည်တော်က လာတဲ့ သတင်းအရသိရတယ်။
၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ၀န်ကြီးချုပ်သိန်းစိန်ကို ရာထူးကဖြုတ်ချလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေးဟာ ဗိုလ်မှူးချုပ်ဝေလွင်ကို သေဒဏ်ပေးတာနဲ့ဘဲ ဆွေးနွေးနေကြတာမို့ သိန်းစိန်ကို ရာထူးကဖြုတ်ချလိုက်တာ မထွက်နိုင်သေးဘူးဖြစ်နေတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ကလဲဘဲ ၀န်ကြီးချုပ်ရာထူးကို ရသွားတဲ့ ဒုတိယ၀န်ကြီးချုပ်မြင့်ဆွေကို ကြားဖြတ်အစိုးရမှာ ၀န်ကြီးချုပ်အဖြစ် ဦးဆောင်မယ်ဆိုရင် နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ထုတ်ပယ်လိုက်ပါဆိုပြီး အိပ်ဖွင့်ပေးစာတစောင် ထုတ်ပြန်တယ်။ ရန်ကုန်ဘူတာကြီးတ၀ိုက်မှာ သန်းရွှေကို ဖြုတ်ချ ကြားဖြတ်အစိုးရဖွဲ့ ဆိုတဲ့ စာတွေကို နေရာအနှံ့ကပ်ထားတာရှိနေတယ်။ သမတရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ဖို့လာတဲ့သူတွေဟာ သူတို့ လက်ခံရရှိသွားတဲ့ စာရွက်တွေကို ခါတိုင်းလို လူမြင်ကွင်းမှာ ဖတ်မနေကြဘဲ အိတ်ထဲမှာ ထည့်ယူသွားကြတယ်။
(လေ့လာသူ တစ်ဦး)
Posted by saffrontoward
http://saffrontoward.blogspot.com/2010/08/blog-post_03.html