Monday, August 9, 2010

သြဂုတ်လ ( ၁၃ ) ဆန်ပြသနာနေ့ အရေးအခင်းဖြစ်ရပ်မှန်သမိုင်း


အကယ်၍....
ကံကောင်းသည်ဟု ဆိုသောစကားသည် သူများနှင့်သာ သက်ဆိုင်သည်ဟု ထင်သည်။ ၀န်ခံစွာဖြင့်ဆိုလျင် မပြည့်စုံသေးလို့ တွေးမိသည်။ ဘေးအန္တရယ်မကျရောက်ခြင်းကို ကံကောင်းခြင်းဟု ပြောဆိုတတ်ကြပါသည်။ လူတိုင်းလိုလိုလည်း ယင်းအချက်ကို လက်ခံကြသည်လည်းဖြစ်သည်။ သို့လင့်ကစား ဤစကားရပ်ကို ကျွန်တော်လက်မခံနိုင်။ ဤအသုံအနှုံးကို ဘ၀င်မကျ။ မလုံလောက်သော စကားဟုထင်မှတ်သည်။ နောက်အရာရာတိုင်းကို မကျေနပ်ချင်ဖြစ်မိသည်။ စင်စစ်အားဖြင့် လူ့ဘ၀တသက်တာ တလျှောက်၌ ရင်ဆိုင်တွေ့ကြုံခဲ့ရသော ဤအကြောင်းအရာများကို မှတ်တမ်းတင်ပြောကြားနိုင်အောင် ဘေးမသီရန်မခ ရပ်တည်ရသည့် ဤအခြေအနေကိုပင် ယေဘူယျသာ လက်ခံနှစ်သက်မိသည်။ အခြားမည်သည့်အကြောင်းအရာများနှ

င့်မှ သဘောမကျ။ လက်မခံ။ မိမိကိုယ်ကိုပင် မိမိခွင့်မလွှတ်နိုင်သော အဖြစ်မျိုးဟု တခါတရံထင်မိသည်။ ဤသည်မှာ မိမိအပြစ်တွေလားဟုလည်း မိမိစိတ်ထဲမှာတွေးမိသည်။ ဤသည်မှာမိမိ၏အမှန်တရားတွေလားဟုလည်း တွေးမိသည်။ သမိုင်းကအဖြေပေးလာလိမ့်မည်ထင်သည်။ အဖြေပေး၍လည်း ယခုအချိန်မှာ ရမည်မဟုတ်။ တခုသာရှိသည်။ ယင်းကားလွန်ခဲ့သော( ၄၃ ) နှစ်တာကာလက မဆလအစိုးရသည် ငြိမ်ချမ်းစွာ ဆန္ဒပြခဲ့ကြသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ မှ မြို့ သူမြို့ သူများအား ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ဆန္ဒပြသူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့သည်။ မသေဘဲပျောက်ဆုံးသူများလည်း ရှိသည်။ ဒဏ်ရာရသူများလည်း ၁၀၀ ကျော်သည်။ ယင်းကဲ့သို့ ရက်ရက်စက်စက်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရသောနေ့သည် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ဖြစ်သည်။ ယခုဆိုလျှင် ၄၃ နှစ်ပြည့်မြောက်ခဲ့ပြီ။ထိုနေ့ထိုရက်မှ ယခုအချိန်ထိ ဤအကြောင်းအရာများကို ပြည်တွင်းမှာ စာတလုံးပေတလုံး မှတ်တမ်းမရေးသားရဘဲ ထားရခြင်းသည် လွပ်လွပ်စွာရေးသားခွင့်မရှိ၍ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမရှိ။ သို့အတွက်ကြောင့် ဤအရေးအခင်းနှင့် ပါတ်သက်၍ ယင်းအချိန်က နေ့စဉ်ထုတ်သတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သော အကြောင်းအရာတို့သည် အမှန်တရားကို ထုတ်ဖေါ်ရေးသားခြင်းမဟုတ်။ ၁၃ သြဂုတ် ဆန်ပြသနာနှင့် ပါတ်သက်၍ ရေးသားရာတွင် အမှန်ဆုံးအကြောင်းအရာကို ထုတ်ဖေါ်ရေးသားပြောဆိုနိုင်သည့်သူမှာ တဦးတည်းသာရှိသည်။ ယင်းတဦးတည်းသောသူမှာ အစုလိုက်အပြုံလိုက်အသတ်ခံရာတွင် အသက်မသေဘဲကျန်ရစ်ခဲ့သူဖြစ်သည်။ ယင်းသူကား ကျွန်တော်ပင်ဖြစ်သည်။ရှင်းရှင်းပြောရလျှင် ဆန္ဒပြလူအုပ် ရှေ့ဆုံးမှလူများ၏နောက်တန်းမှ လူများသည် သေနတ်ဖြင့်ပစ်သတ်ခြင်း ခံရသည်။ ယင်းလူအုပ်ထဲတွင် အသက်မသေဘဲ လွပ်မြောက်ခဲ့သူဖြစ်သည်။
လူအုပ်နှင့်ရော၍ မသေဆုံးဘဲ လွပ်မြောက်ရခြင်းကို ကံကောင်းသည်ဟုလည်း လက်မခံသူဖြစ်သည်။ ဤသည်မှာကျွန်တော့်ခံယူချက်ဖြစ်သည်။
မည်သည့်အတွက်ဆိုလျင် ဤအကြောင်းအရာများကို ဖတ်ရှုသိရှိလာပြီးသည့်နောက်တွင် ရှင်းလင်းစွာ သိရှိကြပါလိမ့်မည်။ နာမည်ကြီးလို၍ မုသားစကားများဖြင့် လိမ်ညာသောအဖြစ်အပျက်များကို တန်ဆာဆင်ပြီး ပြောဆိုခြင်းမဟုတ်။ ၄၃ နှစ်တိုင်တိုင် ရေငုံနုတ်ပိတ်ပြီးနေခဲ့သော အကြောင်းအရာများကို ဖွင့်အံပြောပြရာ၌ အမှန်တရားကိုသာ ပြောပြမည်ဖြစ်သည်။ သမိုင်းဆိုသည်မှာလိမ်၍မရ။ ပြည်တွင်းမှာမူ ဤအကြောင်းအရာကို ပြောလျင် အန္တရယ်ရှိပါသည်။ ထို့ကြောင့် မည်သို့မျှမပြောပြခဲ့ကြ။ မိမိ၏အပေါင်းအသင်းအချို့ နိုင်ငံရေးအ၀ိုင်းအ၀န်းများမှလွဲ၍ မည်သို့လှုပ်ရှားဆောင်ရွက်ခဲ့သြည်ကို သိရှိသူနည်းပါးပါသည်။ ယခုပြည်ပတွင် ရောက်ရှိနေပြီ။ မည်သို့မျှ စဉ်းစားရန်မလိုတော့။ အကယ်၍မပြောမဆိုဘဲ နေခဲ့လျင် သမိုင်းအမှန်ကို နောင်လာနောက်သားတို့ သိရှိကြမည်မဟုတ်။ ဆယ်စုနှစ် သုံးနှစ်ကြာမြင့်သည့်တိုင် မပြောပြနိုင်ခဲ့။ နှစ်ပေါင်းများစွာ ချုပ်တည်းပြီးနေခြင်းမှာ စောစောကတင်ပြသကဲ့သို့ လွပ်လွပ်စွာထုတ်ဖေါ် ရေးသားခွင့်မရ၍ဖြစ်သည်။ ထုတ်ဖေါ်ပြောဆိုမည် ရေးသားမည်ဆိုပါက မဆလအစိုးရသည် အကျဉ်းထောင်ထဲတွင် တသက်တကျွန်းပို့ထားမည်ဖြစ်သည်။ဤသို့ကြောင့် မဆလအစိုးရကို ကြောက်ရွံ့၍ မပြောမဆိုခဲ့။ န၀တအစိုးရလက်ထက်တွင်လည်း မပြောမဆိုမရေးသားဝံ့ခဲ့။ သို့သော် အာအက်ဖေ ရေဒီယိုအသံလွှင့်ဌါနက ၁၉၉၇ ခုနှစ်တွင် အသံလွှင့်လာသည်။ ထို့ကြောင့် ကျွန်တော့်မှာ မနေနိုင်တော့ ။ ၁၃ သြဂုတ်ဆန်ပြသနာအရေးအခင်းကို အာအက်ဖေ ရေဒီယိုမှ ဆောင်းပါးလွှင့်ထုတ်ရန် ပေးပို့လိုက်သည်။ အာအတ်ဖေမှလည်း လွှင့်ထုတ်ခဲ့ပါသည် ။ ယခုတော့ပြည်ပမှာရောက်နေပြီ။သည်တော့ သမိုင်းပေးတာဝန်ဖြစ်လာသည်။်ခေတ်အဆက်ဆက် မြန်မာနိုင်ငံစစ်အစိုးရတို့၏ လူ့အခွင့်အရေးချိုးဖေါက်ခံရမှူများကို စာအုပ်စာတမ်းများ စာစောင်များ ရေဒီယိုအသံလွှင့်ဌါနများမှ ရေးသားထုတ်လွှင့်နေကြပြီ။မြန်မာနိုင်ငံတ၀ှမ်းနှင့်
ကမ္ဘာတ၀ှမ်းမှ သိရှိရအောင် ရေးသားရပြီ။ ထိုင်းနိုင်ငံထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဆန်ပြသနာ ၁၃ သြဂုတ်အရေးအခင်းကို ဆောင်းပါးရေးပြီး သမိုင်းဖြစ်ရပ်မှန်အား တင်ပြခဲ့သည်။
ကျွန်တော်အားမရနိုင်သေးပါ။ လူတကာသိအောင်ပို၍ရေးချင်သေးသည်။ သည်တော့ စာအုပ်တအုပ်အဖြစ်ထုတ်ဝေသည့်အခါ ဤအကြောင်းကို ရေးသားတင်ပြချင်သည်။ ၁၉၉၉ ခုနှစ်တွင် ရခိုင်ပြည်မှ လူ့အခွင့်အရေးချိုးဖေါက်ခံရမှူများစာအုပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှနေပြီး ရေသားထုတ်ဝေခဲ့သည်။ အခြားသောဘလော့များ ၊ ၀ပ်ဆိုက်များတွင်လည်း တင်ဖြစ်သည်။ ယခုဤဆောင်းပါးသည် ရခိုင်ပ်ြမှလူ့အခွင့်အရေးချိုးဖေါက်ခံမှူအဖြစ်အပျက်များစာအုပ်မှ ရေးသားချက်ကို ဖေါ်ထုတ်ရေးသား တင်ပြပေးလိုက်ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းအမှန်ကို နောင်လာနောက်သားတို့ သိစေချင်သသည်။ ရခိုင်လူမျိုးတို့အတွက် အင်မတန်မှအရေးကြီးသော ဤသမိုင်းအရေးအခင်းသည် အလွန်အရေးကြီးပါသည် ။ယခုဆိုလျင် ဘင်္ဂလားဒေရှ့်နိုင်ငံထုတ် နရိန်ဇရာဝပ်ဆိုက်တွင် ၁၃ သြဂုတ်ဆန္ဒပြပွဲ၌ ကိုယ်တိုင်ပါဝင်သူဆိုပြီး မသိဘဲနဲ့ လျောက်ပြောနေခြင်းများကို တင်ထားသည်။ သည်တော့ သမိုင်းအမှန်ကို လူငယ်တွေ မျိုးဆက်သစ်တွေ မှားယွင်းစွာ မှတ်တမ်းတင်နေကြပြီဆိုလျှင် ပြသနာဖြစ်ပြီ။ ထို့ကြောင့် ဤအဖြစ်မျိုးကို ကျွန်တော်မလိုလား။ မှားနေသည်ဟုတော့ နရီန်ဇရာကို ပြောလိုက်သေးသည် ။ သို့သော် သူတို့က ဘာမျှ မပြုပြင် ။ မဖျက် ။ ကိုယ်တိုင်ပါင်ခဲ့သူဦးမောင်အေးချမ်းသည် ဘင်္ဂလားဒေရှ့နိုင်ငံတွင် နေထိုင်ပြီး ယင်းအရေးအခင်း၌ တဦးတည်းသာ ပါဝင်ခဲ့သူဖြစ်သည်ဟု ပြောဆိုသည်။ ရခိုင်ပြည်မှ ယင်းကဲ့သို့ သြဂုတ် ၁၃ နေ့တွင် ဆန္ဒပြပွဲကို လိုက်ပါခဲ့သောသူများမှာ ပြည်တွင်း၌ လွန်စွာရှိနေသည်။ တချို့ မှာ သမိုင်းအချက်အလက်များဖြင့် ရေးမှတ်ထားကြ မှတ်တမ်းတင်ထားကြသည်။ ကျောင်းဆရာဦးမြသိန်းဆိုလျင် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့နှင့် အခြားနေ့စဉ်ထုတ် သတင်းစာများကို တရိုတသေစုဆောင်းထားသည်။ သမိုင်းအချက်အလက်ကို ပြောချင်တိုင်း ပြောလို့မရ။ စစ်တွေမြို့ တွင် လူပေါင်းများစွာ အတုလမာရဇိန်ဘုရားကြီးမှ စတင်ဆန္ဒပြရန်ထွက်ခွါခဲ့ကြသည်ကို လူတိုင်းသိသည်။ ပြီးတော့ ကျွန်တော်က ရှိနေသည်။ ကျွန်တော်မသေသေးပါ။ ကျွန်တော်သည် ၁၃ သြဂုတ်အကြောင်းကို တိကျခိုင်မာစွာပြောနိုင်သူတယောက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၁၃ သြဂုတ် ဆန်ပြသနာနေ့ခေါင်းဆောင်မှာ ကျွန်တော်ဖြစ်သည်။ တိကျစွာပြောရလျင် ဆန်ပြသနာဖြေ၇ှင်းပါ - ရခိုင့်အရေးတော်ပုံအောင်ရမည် ဆိုသော တခုတည်းသော ဆိုင်းဘုတ်မှာ ကျွန်တော်ရေးဆွဲယူလာသော ပိုစတာဖြစ်သည်။ ယင်းပိုစတာမှာ တခုတည်းသောပိုစတာဖြစ်သည်။ ယင်းပိုစတာဆိုင်းဘုတ်ဖြင့် ကျွန်တော်သည် ဘုရားကြီးမှ ဆန်ပြသနာအရေးအခင်းကို ဖြစ်ပေါ်ရန်အတွက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင် အခြားမြို့သူမြိုသူများကဲ့သို့ နောက်မှလိုက်ပါခဲ့သူမဟုတ်။ ဦးမောင်အေးချမ်းလို နောက်မှလိုက်ပြီးအော်ခဲ့သူမဟုတ်။ ဆန္ဒပြပွဲကို ဦးစီးဆောင်ရွက်ခဲ့သော ခေါင်းဆောင်ဖြစ်သည်။ သည်တော့ကျွန်တော်ပြောသော သွေးစွန်းသောသြဂုတ် ၁၃ နေ့သည် လုံးဝသမိုင်းအမှန်ဖြစ်ကြောင်း မျိုးဆက်သစ်လူငယ်များ။ သမိုင်းသုတေသီများနှင့် နိုင်ငံရေးသမားများတို့က ခန့်မှန်းနိုင်ကြပါလိမ့်မည်။
===== ========= ========= ======== ======== ======== =========

ကံကောင်းသည်ဟုပြောသောစကားကို မိမိလက်မခံခြင်းမှာအကြောင်းတရားရှိသည်။ ယင်းစကားသည် မိမိနှင့်မပါတ်သက်။ မသက်ဆိုင်။ မိမိမှာပြောဆိုပိုင်ခွင့်လည်းမရှိ။ ပြောလျင်လည်း တရားနည်းလမ်းကျမည်မဟုတ်။ တခြားသူများသာ ပြော၍ဆို၍ရမည်ဖြစ်သည်။ သို့အတွက်ကြောင့်မိမိမှာ ယေဘူယျသာလက်ခံခြင်းဖြစ်သည်။ စင်စစ်ကျွန်တော်သည်ဤသြဂုတ်လ ၁၃ ရက်နေ့တွင် သာမန်ပြည်သူများကဲ့သို့ ဆန်ပြသနာဆန္ဒပြပွဲ၌ ပါဝင်လှုပ်ရှားခဲ့ရသူမဟုတ်ချေ။ ပကတိလိုအပ်နေသော ကာလတခုတွင် ကျောင်းသား ၁၃ ဦးနှင့် စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲကို ကျွန်တော်ခေါင်းဆောင်၍ လှုပ်ရှားဆန္ဒပြခဲ့ရာ ယင်းနေ့၌ဖြစ်ပွါးခဲ့သော အကြောင်းများတွင် တာဝန်အရှိဆုံးမှာ ကျွန်တော်သာလျင် ဖြစ်မည်။ ယင်းသို့လည်း မိမိကိုယ်ကို ခံယူထားသည်။ ရခိုင်ပြည်သည် ဆန်စပါး၊ကျွန်းသစ်၊သားငါးပုဇွန်၊ ပေါများကြွယ်ဝသော ပြည်ဖြစ်သည်။ တနှစ်လျင် မိုးရေချိန်လက္မ ( ၂၀၀ ) ကျော် ရွာသွန်းသောကြောင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းသည်။ မြေသြဇါကောင်းသည်။ နိုင်ငံတော်အစိုးရအတွက် လယ်ယာတောင်သူများသည် ပိုလျှံစပါးကိုပင် ရောင်းချနိုင်ခဲ့ကြသည်။ ရခိုင်ပြည်တွင်းတွင် ထွက်ရှိသောစပါးများကို ပြည်မသို့သဘောင်္ာကြီးများဖြင့် နှစ်စဉ်ပင်သယ်ယူကြရသည်။ ရှေးယခင်ကပင် ရခိုင်ပြည်သည် ရခိုင်လူမျိုးတို့၏ ဓည၀တီနိုင်ငံဖြစ်ခဲ့သည်။ ဓည၀တီဆိုသည်မှာ ဆန်ရေစပါး ပေါကြွယ်ဝသည်ဆိုသည့် ပါဌိအားဖြင့် အဓိပ္ပါယ်ရသည်။ ဓည၀တီရခိုင်ပြည်သည် မည်သည့်အချိန်တွင်မျှ ဆန်ရေစပါးရှားပါးမှူမဖြစ်နိုင်။ မဆလလက်ထက်တွင်မူ လက်တွေ့ခံစားလာကြရသောအခါ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်လာရသည်။ ဆန်ရှားပါးမှူဖြစ်လာသောကြောင့် ဆန်ဈေးများကြီးမြင့်လာသည်။ ဆန်ဈေးကြီးမြင့်လာသလို သားငါးဈေးကလည်း လိုက်၍ကြီးမြင့်လာသည်။ ဆန်တပြည်ကို ၁၅ ကျပ်အထိ ဈေးတက်လာသည်။ ထို့ကြောင့် ပြည်သူတို့သည် ဆန်ဈေးကြီးမြင့်ဒဏ်ကို ရင်ဆိုင်လာရသည်။ ဤပြသနာကို မဆလ၏လယ်သမားအစည်းအရုံးမှ ပါတိကေဒါများသည် မည်သို့မျှ ရှင်းလင်းနိုင်ခြင်းမရှိ။
ကျောင်းသားများသည် မ၀ရေစာစားသောက်၍ ကျောင်းတက်လာရတော့သည်။ မိမိတို့စားသောက်၍ ကျောင်းတက်လာရသော်လည်း အိမ်မှာကျန်ရစ်ခဲ့သော မိသားစုတို့မှာ စားသောက်ချင်မှစားသောက်ရပပေလိမ့်မည်။ တနေ့တွင်နှစ်နပ်စားသောက်ရသော ဘ၀မှ တနပ်စာသာ စားသောက်လာရသည်ကို ကျောင်းစာသင်ခန်းအတွင်းတွင် ပြောဖြစ်လာကြရသည်။ ကျွန်တော်တို့အထက်တန်းကျောင်းသား ဘ၀အတွင်းသို့ ရောက်လာကြသည့် သတင်းအတိုင်းအတာအရ နိုင်ငံရေးကို ခန့်မှန်းတွက်ဆလာကြသည်။
မြို့ထဲတွင်သတင်းများ သဲ့သဲ့ကြားလာရသည်။ ဆန်ပြုတ်သောက်နေကြရသည့်သတင်းများ၊ ဆန်မ၀ယ်နိုင်၍ လုယက်သောသတင်းများကြားရသည်။ အဆပ်သောက်ပြီး အသက်ကိုအဆုံး သေကြောင်းကြံသည့်သတင်ျးားကြားရသည်။ လုယက်မှူများ၊ ဓါးပြမှူများသည် စစ်တွေမြို့နှင့် အနီးတ၀ိုက်ကျေးရွာများတွင်ဖြစ်ပွါးလားသည်။ စစ်တွေမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။ နိုင်ငံခြားမှ သဘောင်္ာကြီးများဝင်ထွက်သွားလာသောမြို့တော်ဖြစ်သည်။ ကုလားတန်မြစ်လယ်တွင် ကျောက်ချရပ်နားနေသည့် ဆန်များကိုသယ်ယူရန် မီးတထိန်ထိန်ဖြင့်မြင်ရသော နိုင်ငံခြားသဘောင်္ာကြီးများကို ငယ်ငယ်တုံးက ကြည့်၍ပျော်မြူးခဲ့ရသည်။ မြစ်လယ်တွင် မီးရောင်စုံဖြင့် သဘောင်္ာကြီးများသည် အလွန်ပဏာတင့်စွာ လှပလွန်းနေသည်။ ယခုတော့ ဤသဘောင်္ာကြီးများကို ရင်နင့်စွာစိုက်ကြည့်လာဖြစ်ပြီ။ ဤသဘောင်္ာကြီးများသည် ကျွန်တော်တို့၏ပြည်နယ်မှ ဆန်များကို သယ်ယူခြင်းကြောင့် ဆန်စပါးရှားပါးရခြင်းဖြစ်သည်ဆိုသော အသိတရားသည် ကျွန်တာ့်နှလုံးသားတွင် ဆူးစုးသကဲ့သို့ ခံစားလာခဲ့တတ်သည်။ဤအကြောင်းအရာတွေကိုပင် သူငယ်ချင်းများနှင့် တွေ့ဆုံပြီးစကားပြောဖြစ်ကြသည်။ မြစ်လယ်တွင်မီးတထိန်ထိန်ဖြင့် မြင်ရသော ပင်လယ်ကူးနိုင်ငံခြားသဘောင်္ကြီးများ။ထမင်းငတ်၍အသက်ကိုအဆုံးစီရင်သွားသူများ။ဓါးပြတိုက်ပြီး ဆန်လုယက်သူများ၊ မဆလပါတီစကားများပြောပြီး လေလုံးကြွားဝါနေကြသူများ၊ ထမင်းကျန်ပေးပါဆိုသော တောင်းရမ်းနေကြသည့်အသံများ၊ ဤအနိဌါရုံအသံများသည် ကျွန်တော်နေ့စဉ်တွေ့မြင်နေရသည်။ ဤသို့မြင်တွေ့ရလေလေ ရင်ခုန်မူသည်မြန်လေလေဖြစ်နေသည်။ ရင်ထဲတွင် နာကျင်နေသည်။
============= ========== ============== ===============
၁၉၆၇ ခုနှစ် သြဂုတ်လ ( ၁၁ ) ရက်နေ့
ဤနေ့သည်ဆန်ပြသနာကိုဖြေရှင်းရန်အတွက် တာစူသောနေ့ဖြစ်သည်။ နေ့တဓူဝဖြစ်ပျက်နေသောအခြေအနေဆိုး၏ နောက်ဆုံးရက်များ၌ စစ်တွေမြို့ ၏ ဆန်ပြသနာဒီရေသည် အရှိန်အဟုန်မြှင့်တက်လာသည်။ ယင်းနေ့သည် မိုးဖွဲဖွဲရွာနေသော နေ့ဖြစ်ကြောင်း ကောင်းစွာအမှတ်ရနေမိသည်။ အမှန်ကိုဆိုရလျင် မဆလတိုင်းခွဲ (၁၃ ) ရုံးရှိရာသို့သာသွားရောက်ကြရမည်ဖြစ်သည်။ တိုင်းခွဲ(၁၃ )သည် ဘဏ်ရုံးအဆောက်အဦ၏အပေါ်ထပ်တွင်ရှိသည်။ ယင်းရုံးတွင် တိုင်းခွဲ (၁၃ ) ဥက္ကဌအဖြစ် ဗိုလ်ချုပ်သူရစောဖြူ(လေ ) မှာ ပြည်နယ်၏လူမှူရေး၊စီးပွါးရေး၊ နိုင်ငံရေးပြသနာအ၀၀ကို ကိုင်တွယ်ဖြေရှင်းရန် ဖွင့်ထားသောရုံးဖြစ်သည်။ သို့ပေမင့် ပြည်သူတို့သည် ယင်းရုံးသို့ခြေဦးးမလှည့်ခဲ့ကြ။ ခလကရုံးသို့သာ စုဝေးရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ အကြောင်းမှာ ခလကရုံးသည် ဆန်ပြသနာအတွက် တာဝန်ရှိသည်ဟု သူတို့နားလည်သဘောပေါက်ထားကြသည်။ ယင်းအချိန်က ခလက ဥက္ကဌမှာဗိုလ်မှူးတင့်လွင်ဖြစ်သည်။
ခလကရုံးရှေ့ရှိ လမ်းဘေးတဘက်တချက်တွင် မိုးရေတဖွဲဖွဲကြားထဲ၌ တယောက်တပေါက်ပြောဆိုနေကြသည်။ ကျွန်တော်တို့ကျောင်းသားအနည်းငယ်များမှအပ တခြားသောသူတို့မှာ လူကြီးသူမများဖြစ်သည်။ ဆင်းရဲနွမ်းပါးသောမိန်းမကြီးများကို တွေ့မြင်ရသည်။ လူမမယ်ခလေးသူငယ်များကို ချီပိုး၍နေသော သားသည်မိခင်များကိုလည်း တွေ့ရသည်။ ညနေစောင်းသည်အထိ ကျွန်တော်တို့သည် ဆန်ကိစ္စကို ခလကရုံးမှ ဖြေရှင်းပေးမည်လားဆိုပြီး အနေအထားကို စောင့်ဆိုင်းနေခဲ့ကြသည်။ ညနေ (၆ ) နာရီခန့်တွင် ခလကရုံးမှ တာဝန်ရှိသူများဟု ထင်ရသည့်လူနှစ်ယောက်က လမ်းပေါ်သို့ထွက်လာပြီး အိမ်ပြန်ကြရန်ပြောလာသည်။ ကျွန်တော်တို့လူစုအား အိမ်ပြန်ရန်ပြောကြသောအခါ အော်ကြီးဟစ်ကျယ်ဖြစ်ကြပါတော့သည်။ သို့သော်လည်းနောက်ပိုင်းတွင် မည်သို့မျှအကြောင်းမထူးမှန်းသိသြည်။ ကျွန်တော်တို့အနေနှင့် ဤကိစ္စကိုမည်သို့ဖြေရှင်းရမည်ကို ချက်ချင်းဆုံးဖြတ်ကြသည်။ ဆတ်ရိုးကျဆိပ်ကမ်းရှိ ဆန်ဂိုဒေါင်များမှ ဆန်များးကို ဖေါက်ဖျက်ယူကြရန်ဆိုသော ဆုံးဖြတ်ချက်ဖြစ်သည်။ `ဤသည်မှာလက်ငင်းဓိဌဖြေရှင်းနိုင်သော ပြသနာဖြစ်သည်။ ဆန်ဂိုဒေါင်မှဆန်များကို နိုင်ငံခြားသို့တင်ပို့ရန် ယင်းဆန်များကို ဂိုဒေါင်များတွင်သိုလှောင်ထားသည်။ နိုင်ငံခြားပင်လယ်ကူးသဘောင်္သုံးစင်းသည် ကုလားတန်ဖြစ်လယ်တွင် ကျောက်ချရပ်နားလျှက်ရှိသည်။ ကျွန်တော်တို့က ၀မ်းဟောင်းလောင်းဖြစ်နေသောအခါ နိုင်ငံခြားသို့တင်ပို့မည့် မဆလအစိုးရ၏၏လုပ်ရပ်ကို လက်မခံနိုင်။ ယခုမဆလအစိုးရသည် ရခိုင်ပြည်တွင် ထမင်းငတ်၍သေသော်လည်း ဂရုမစိုက်။ နိုင်ငံခြားသို့ဆန်စပါးများကို တင်ပို့ေ၇ာင်းချပြီး ပြည်သူများကို သတ်ဖြတ်မည့် လူသတ်လက်နက်ဖြစ်သော သေနတ်များကိုဝယ်မည်။ သည့်နောက်သူတို့သက်ဆိုးရှည်အောင် လက်နက်ဖြင့်အုပ်ချုပ်မည်။ ဤသည်မှာယင်းအချိန်က ကျွန်တော်တို့အမြင်ဖြစ်သည်။ ငတ်၍အသေခံမည် မခံမည်ဆိုသည်မှာ ကျွန်တော်တို့အလုပ်ဖြစ်သည်။ ထို့ကြောင့်ကျွန်တော်တို့သည် လုပ်နိုင်သည့်အလုပ်ကို လုပ်ကြရန်တီးတိုးပြောကြပြီး လူစုခွဲလာကြသည်။ လူစုမခွဲလာလျှင် မဆလအစိုးရသည်စစ်တပ်များဖြင့် ဂိုဒေါင်များတွင် စောင့်ဆိုင်းနိုင်ပေလိမ့်မည်။ ကျွန်တ်ာတို့သည် မင်းဘာကြီးလမ်းအတိုင်း ရှေ့နောက်လူခွဲ၍လာခဲ့ကြရာ ဆင်ကူးလမ်း၊အုန်းတပင်ရပ်ကွက်ရှိ ဆန်ဂိုဒေါင်များရှိရာသို့ လာခဲ့ကြသည်။ ကုန်သွယ်ရေး( ၁ ) ရုံးသည်ဆတ်ရိုးကျချောင်းနံဘေးတွင် ရုံးဖွင့်လျှက်ရှိသည်။ ယင်းရုံးနှင့်မလှမ်းမကမ်းတွင် ဆန်ဂိုဒေါင်များရှိသည်။။ ဆန်စက်များက ချောင်းနံဘေးတွင် ရှိနေခြင်းကြောင့် ဆန်ဂိုဒေါင်များကို အနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့ဆန်ဂိုဒေါင်ရှိရာသို့ရောက်လာကြသောအခါ ဂိုဒေါင်ခြံပေါက်ဝတွင် ရဲအစောင့်တဦးကို တွေ့ရသည်။ လူအုပ်ကိုမြင်သောအခါ သူသည်နားလည်ဟန်တူပါသည်။
" တံခါးကိုဖွင့်ပေးပါ။ ကျွန်တော်တို့ဂိုဒေါင်ထဲက ဆန်တွေကို ယူကြရတော့မယ်။ အငတ်မခံနိုင်ကြတော့ဘူးဗျို့  "
ကျွန်တော်တို့က ခြံပေါက်ဝမှအော်ပြောသည်။ ဂိုဒေါင်စောင့်လုံခြုံရေးရဲသားမှာ အံ့သြစွာကြည့်နေပြီး ပြန်ပြောသည်။
" ခြံတံခါးကို ဖွင့်မပးနိုင်ပါဘူးဗျာ၊ ကျနော်က လုံခြုံရေးအတွက် စောင့်နေရသူပါ။ ဒီလိုဖေါက်ဖျက်ယူလို့ရမှာမဟုတ်ပါဘူး"
လုံခြုံရေးရဲသားက သူ့မှာတာဝန်ရှိသလောက် ပြောမှန်းသိသည်။ ကျွန်တော်တို့သည် ပြောဆိုပြီးသားစကားကို နောက်ထပ်ပြောဆိုရန် အချိန်မပေးနိုင် ထပ်မပြောနိုင်။ ရဲသားလက်ထဲတွင် သေနတ်ကိုင်ဆောင်ထားသည်ကိုမြင်ရသည်။ ချက်ချင်းခြံပေါက်ဝကို ကျွန်တော်တို့ရိုက်ချိုးဖေါက်ဖျက်လိုက်သည်။ ရဲသားသည် ဂိုဒေါင်နောက်ဖက်သို့ ပြေးလွှားပျောက်ကွယ်သွားသည်။ ကြောက်လန့်၍ထွက်ပြေးသွားခြင်းဖြစ်သည်။ကျွန်တော်တို့သည် ဆန်ဂိုဒေါင်၏တံခါးဝကိုကြည့်လိုက်သည်။ ဂိုဒေါင်ထဲ၌ ဆန်အိတ်များကို စုပုံထားသည်မှာ ဂိုဒေါင်အမိုး ထိလုနီးနီးဖြစ်သည်။ ဂိုဒေါင်တခုလုံးဆန်တွေအပြည့်မြင်ရသည်။
" လာကြပါဗျို့  "
ကျွန်တော်က အော်ပြောလိုက်သည်။ ဆန်ယူရန်လာကြသောလူအုပ်သည် အမှန်တကယ်ဆန်ယူရမည်ဆိုသောအခါ တုန့်ဆိုင်းနေကြသည်။ အသက်(၆၀ ) ကျော် အမေအိုကြီးတဦးက တုန်တုန်ရီရီနှင့် လှေခါးကိုတက်လိုက်သည်။ ဂိုဒေါင်လှေခါးသည် လေးထစ်သာရှိသည်။ ယင်းလှေခါးထစ်လေးထစ်ကို ကျော်တက်ပြီး အမေအိုကြီးမှာ ဂိုဒေါင်ထဲသို့ တဦးထဲ၀၀်သွားသည်။ မည်သူမျကပ်၍လိုက်မသွားကြ။ ခဏအကြာတွင် အမေအိုကြီးမှာ ဂိုဒေါင်တံခါးဝသို့ ပြန်လည်ထွက်လာသည်။ ခေါင်းပေါ်တွင် လုံခြုံစုတ်ဖြင့် ထုတ်ထားသော ဆန်ထုပ်ကိုရွက်ပြီး ထွက်လာခြင်းဖြစ်သည်။ အမေအိုကြီးလှေခါးပေါ်မှ ဆင်းပြီးနောက် အောက်သို့ရောက်သောအခါ လူအုပ်မှာလက်ခုပ်လက်ဝါးတီးပြီး သြဘာပေးကြသည်။ အမေအိုကြီးမှာ အလွန်ဆုံးဆန်တွေကို ခေါင်းပေါ်တွင် ရွက်ယူလာနိုင်သည်ဆိုသော်လည်း ၁၀ ပြည်ခန့်တောင်ပါမည် မထင်ရချေ။ သို့သော် ယနေ့အဖို့တွင် အမေအိုတို့မိသားစုထမင်းးမငတ်ကြတော့ပြီ။
" ဖျောင်း --- ဖျောင်း ----ဖျောင်း ---ဖျောင်း -×- "
သည့်နောက်တွင် ဆန်ဂိုဒေါင်ထဲမှ ဆန်များကိုလူတွေသယ်ယူကြတော့သည်။ ဂိုဒေါင်သုံးလုံးသည် ချက်ချင်းပင်ကုန်စင်အောင် ယူသွားခံရသည်ဟု နောက်ပိုင်းတွင် သိရသည်။ကျွန်တော်ထင်ပါသည်။ လက်ငင်းဖြေရှင်းရမည့် တာဝန်တရပ်ကို ပြည်သူတွေအတွက် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်ဟုသုံးသပ်မိသည်။
======= ========== =========== ========== ======== =========
၁၉၆၇ ခုနှစ် -သြဂုတ်လ ၁၂ ရက်နေ့
ယမန်နေ့က ဆန်ဂိုဒေါင်ဖွင့်ပြီး ဆန်ယူသွားသော သတင်းသည် မြို့ ထဲတွင် နေရာအနှံ့အပြား ပြောဆိုသံများကြားရသည်။ လူတိုင်း၏ပါးစပ်ဖျားတွင် ယင်းအကြောင်းများကိုသာ ပြောဆိုဖြစ်နေကြသည်။ ဆန်ဂိုဒေါင်ကိုဖေါက်ယူခြင်းနှင့် ပါတ်သက်၍ ရဲများကလိုက်လံ ဖမ်းဆီးခြင်းလည်းမရှိ။ မဆလတိုင်းခွဲ(၁၃ )သည်ပင်ဤကိစ္စကိုအရေးယူဆောင်ရွက်ခြင်းမရှိ။ မဆလ၏အုပ်ချုပ်ရေးယန္တယားသည် ပြည်နယ်တွင်းဖြစ်ပျက်နေမူများကို မည်သို့မျှမသိရှိလားမသိ။ ဖြစ်နေကြည့် လူထုများ၏ အခြေအနေများကို အောက်ခြေအဆင့်မှ မည်သို့တင်ပြ အစီရင်ခံသည်မသိ။ ဆန်ဂိုဒေါင်ဖေါက်ထွင်းမူနှင့် ပါတ်သက်၍ မည်သူမျှ တရားခံအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းမရှိ။ နေ့လည်ဘက်တွင်မူ ဆန်ကိစ္စနှင့်ပါတ်သက်၍ အစည်းအဝေးလုပ်သည်ဟုကြားရသည်။ ကျွန်တော်တို့သူငယ်ချင်းတစုသည် ဤအစည်းအဝေးနှင့်ပါတ်သက်၍ သတင်းများကို စုံစမ်းလေ့လာကြသည်။ ယင်းအချိန်က ကျွန်တော်တို့၏စုရပ်သည် မြရုပ်ရှင်ရုံဘေးနားမှ ကိုရွှေဘခေါ် ကိုသာနို့ ကွမ်းယာဆိုင်ဖြစ်သည်။ ကွမ်းယာဆိုင်မှာတနေကုန်ထိုင်ပြီး လူငယ်များစွာ စုရုံးတတ်ကြပါသည်။ ပါဒလိပ်ချိတ်ရပ်ကွက်မှာ ကျွန်တော်နေသော်လည်း မိုးလင်းမှနေ၀င်အထိ လမ်းမကြီးမှာသာ အနေများသည်။ မည်သို့ဆိုလျင် စစ်တွေမြို့ တောင်ပိုင်းမှာ နေထိုင်သောသူတို့သည်သာ စစ်တွေမြို့ တွင်း၌ ဖွင့်လှစ်ထားသောကျောင်းများ၌ အနေများကြပါသည် တရားသီးစုရပ်ကွက်သည်ပင် လမ်းမတော်ရပ်ကွက်၌ဖွင့်လှစ်ထားသောကျောင်းများမှာ အနေများကြသည်မို့ မြို့ တွင်းမှ လူငယ်များနှင့် မိတ်ဆွေ သူငယ်ချင်းဖြစ်ရန် အကြောင်းမရှိကြ။ ပြီးတော့ စစ်တွေမြို့ တောင်ပိုင်းနှင့်လည်း အဆက်အသွယ်မရှိကြချေ။ တနည်းအားဖြင့် ဘောလုံးအားကစားသမားများသာ ထူးချွန်ကြသူများဖြစ်ပါက မြို့ တွင်းမှ လူငယ်ကျောင်းသားများနှင့် မိတိဆွေရင်းချာဖြစ်တတ်ကြပါသည်။ သို့သော်လည်း နည်းပါးလှပါသည်။ ကိုရွှေဘ ဆိုင်အနီးတွင် ကိုသာထွန်းအောင် တို့အိမ်ရှိပါသည် ။ နွားသာထွန်းအောင်လို့လည်း ခေါ်ပါသည်။ ကျွန်တော်တို့သည် ကိုသာထွန်းအောင်နှင့် အတူ အမြဲတမ်းစကားစမည်ပြောရင်း မဆလအစိုးရ၏ လုပ်ရပ်များကို ဝေဖန်တတ်နေကြသည်။ ယခုလည်း ဆန်အကြောင်းနှင့်ပါတ်သက်၍ အစည်းအဝေးမှ ထွက်ပေါ်လာသော သတင်းကို နားထောင်ကြပါသည်။ ထွက်လာသောသတင်းသည် ကျွန်တော်တို့လိုချင်သော သတင်းမဟုတ်။ ဆန်အစည်းအဝေးတွင် တက်ရောက်ခဲ့ကြသော လူသုံးဦးအမည်ကို ကြားရသည်။ ၄င်းတို့မှာ ဦးမောင်ဦးကျော် ဖြစ်သည်။ ဦးမောင်ဦးကျော်၏အိမ်သည် ကျွန်တော်တို့ထိုင်နေသော ကိုရွှေဘ၏အိမ်ဘေးနားမှ ဖြစ်သည်။ နောက်ကျောင်းဆရာဦးဘခင်ဖြစ်သည်။ သူကား ကျွန်တော်တို့၏အလယ်တန်းပြဆရာဖြစ်သည်။ အမှတ်(၂ ) အစိုးရအထက်တန်းတွင် ၅ တန်းမှ ရ တန်းအထိ ကျွန်တော်တို့ကို စာပြခဲ့သောဆရာတဦးဖြစ်သည်။ မြရုပ်ရုံနောက်ဘက် အိုးတန်းရပ်ကွက်နေထိုင်သူဖြစ်သည်။ နောက်ကားပိုင်ရှင် ဦးကျော်မောင်ဖြစ်သည်။ သူကားလောင်းကစားမှာ နာမည်ကြီးသူဖြစ်ပြီး ယင်းငွေကြောင့် ဟိန္ဒူတိုက်ကိုဝယ်ထားသလိုလို ကားပွဲစားကြောင့် ချမ်းသာ၍ ကျေးပင်ကြီးရပ်ကွက်ရှိ တိုက်ကြီးတလုံးကို ၀ယ်ပြီးနေသူဖြစ်သည်။
သို့ဖြစ်၍ ကျွန်တော်တို့သည် ညနေ ၈ နာရီခန့်တွင် လူစုကြကာ ပထမဆုံးကိုရွှေဘအိမ်နားက လမ်းထောင့်မှာရှိသော မြူနီစပ္ပါယ်လူကြီးဦးမောင်ဦးကျော်အိမ်ကို ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက်ကြသည်။ တနာရီခန့်မျှပစ်ပေါက်ကြခြင်းဖြစ်သည်။ တအိမ်လုံးရစရာမရှိအောင် ပြိုကျသွားအောင်ထိ ပစ်ပေါက်ကြခြင်းဖြစ်သည်။ စစ်တွေမြို့ အမှတ် (၁ ) ရဲစခမ်းသည် ကျွန်ောတ်တို့ပစ်ပေါက်သောနေရာနှင့် လမ်းခွဆုံနှစ်ခွဆုံသာကွာဝေးသည်။ လမ်းလျာက်လျင် ၅ မိနစ်ခန့်သာ လျောက်ရပေလိမ့်မည်။ သို့သော် မည်သည့်ရဲမှ လာရောက်ခြင်းမရှိချေ။ သည့်နောက် ဆရာဦးဘခင်အိမ်သို့သွားကြပါသည်။ ဦးမောင်ဦးကျော်အိမ်နောက်မှ လျောက်သွားလိုက်လျင် ၅ မိနစ်တောင်မကြာ။ ဦးဘခင်အိမ်ရှေ့ရောက်သည်နှင့် ဆက်လက်ပစ်ပေါက်ကြပါသည်။ အနည်းဆုံးတနာရီခန့်ကြာမည်ထင်သည်။ ယင်းမှပြီးလျင် ကျေးပင်ကြီးရှိ ဦးကျော်မောင်အိမ်သို့ ညာသဲပေး၍ လျှောက်လာကြသည်။ ဦးကျော်မောင်အိမ်သို့လာရာတွင် စစ်တွေမြို့ အမှတ် (၁ ) ရဲစခမ်းနောက်မှ သွားရခြင်းဖြစ်ပါသည်။ သို့သော်ရဲများထွက်လိုက်လာခြင်းမရှိ ။ သည်လိုနှင့် ကျေးပင်ကြီးသမ၀ါယမဆိုင်ရှေ့ ကားပွဲစားဦးကျော်မောင် တိုက်ကို ခဲများပစ်ပေါက်ကြပါသည်။ အခြားသောသူတို့မှာ ပျဉ်ကာဓနိမိုးအိမ်များဖြစ်၍ အပျက်အစီးများနိုင်သည်။ ဦးကျော်မောင်တိုက်ခကားအုဌ်နှင့် ဆောက်လုပ်ထားသည်မို့ ကျွန်ောတ်တို့မှာ ထင်သလောက် ခဲနှင့်ပစ်ပေါက်ရသည်မှာ စိတ်မပါလှ။ ခဲများနှင့်ပစ်ပေါက်နေသည့်အချိန်အတွင်း ကျွန်တော်တို့၏လုပ်ရပ်ကို မည်သူမျှ ဟန့်တားမှူမရှိကြ။ အကြောင်းမှာကျွန်တော်တို့၏လုပ်ရပ်သည် တမြို့ လုံးသားလုံး အရေးဖြစ်နေသောကြောင့်ဖြစ်သည်။ အပြန်လမ်းတွင် လူစုခွဲခါနီးကျွန်တော်စကားပြောလိုက်သည်။ ကျွန်တော့်စကားကို လူအုပ်ကလက်ခံကြသည်။ ကျွန်တော်ပြောသောစကားမှာ ရှင်းလွန်းမက ရှင်းလွန်းနေသည်။ ပြတ်သားလွန်းမက ပြတ်သားလွန်းနေသည်။
" မနက်ဖန်ခါ ဆန်ပြသနာကို ပြေလည်အောင် မလုပ်ပေးရင် ဆန္ဒပြမယ်။ ဘုရားကြီးမှာ နေ့လည် ၁၂ နာ၇ီမှာ လူစုမယ် "
======= ================ ============= ========== ======== ============
၁၉၆၇ ခုနှစ် သြဂုတ် ၁၃ ရက် ဆန်ပြသနာနေ့
ကျွန်တော်သည်တညလုံးမိမိအိမ်ထဲတွင် ပိတ်ဖြူပေါ်တွင် ပိုစတာရေးနေဖြစ်သည်။ ပိုစတာမှာ မနက်ဖန်ဆန္ဒပြပွဲ၌ တခုတည်းသော ဆိုင်းဘုတ်ဖြစ်သည်။ လက်ရေးမလှသော်လည်း ကျွန်တော့်မှာကြိုးစားရေးရသည်။ ပန်းချီဆရာလည်း မဟုတ်သောကြောင့် လှလှပပမရေးချယ်နိုင်သော်လည်း အဆင်တော့ပြေမည်ထင်သည်။ ပြီးတော့ မည်သူ့ကိုမျှမသိစေချင်သည့်
အကြောင်းကလည်းပါပါသည်။ ပိုစတာစာလုံးများကို ရေးပြီးသောအခါ သန်ခေါင်ကျော်နေပြီ။ တညလုံးအိမ်များကို ခဲများနှင့် ပစ်ပေါက်နေခဲ့ပြီးမှ ပိုစတာကိုရေးနေချိန်၌ အချိန်မည်မျရှိနေခဲ့ပြီကို သတိမထားခဲ့။ ကျွန်တော်ရေးဆွဲထားသောပိုစတာဆိုင်းဘုတ်ကို စိတ်တိုင်းကျမကျ ကြည့်ဖြစ်နေမိသည်။ အလျှားပေ (၁၀)ပေရှိပြီး အနံ (၆ ) ပေရှိသောပိတ်ဖြူတွင် ရေးထားသည်မှာ ဘာဘဲဖြစ်ဖြစ် ကျေနပ်နေသည်။
" ဆန်ပြသနာဖြေရှင်းပါ×++++ ရခိုင့်အရေးတော်ပုံ အောင်ရမည် '
စာလုံးကြီးကြီးဖြင့် ရေးသားပါရှိသောပိုစတာဆိုင်းဘုတ်ကို သေသျေခာချာလိပ်၍ အင်ကျီအတွင်းဖက်တွင် ထည့်ဝှက်ယူလာခဲ့သည်။ ကျွန်တော်အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးသို့ ရောက်သွားသောအခါ တချို့ကျောင်းသားလူငယ်တွေကို တွေ့ရသည်။ အားလုံးမှာကျွန်တော့သူငယ်ချင်းများဖြစ်သည်။ ၁၂ ယောက်ခန့်ရှိသည်။ ကျွန်တော်၏ညီဖြစ်သူမောင်သာထွန်းလည်း ပါသည်။ ဘုရားကြီးရင်ပြင်တွင် ပုတီးစိတ်ပြီး တရားထိုင်နေသောပုဂ္ဂိုလ်နှစ်ဦးကို တွေ့မြင်ရသည်။ ၀ဲယာသို့ကြည့်မိသည်။ ဤသို့ကြည့်ရသည်မှာ အကြောင်းရှိသည်။ မဆလတွင် သတင်းပေးသူများမှိုလိုပေါက်နေသည်။ သုံးကျပ်ဆယ့်ငါးပြားစားသတင်းပေးများဖြစ်သည်။ တကြိမ်သတင်းပေးလျင် သုံးကျပ်ဆယ့်ငါးးပြားရသည်ဟု ပြောသံကိုကြားဖူးသည်။ ထို့ကြောင့်ဘုရားကြီးရင်ပြင်တွင် သတင်းပေးများရောက်ရှိနေမူ ရှိမရှိကို ကြည့်ရှူရခြင်းဖြစ်သည်။ စိတ်ချလက်ချဖြစ်သောအခါ ကျွန်တော်တို့စုဝေးထိုင်လိုက်ကြပြီး တိုတိုတုတ်တုတ်နှင့်လိုရင်းဖြစ်သည်။ကျွန်တော်က စတင်ပြောလိုက်သည်။
" ဒီကနေ့ဆန္ဒပြဖို့အတွက် ပိုစတာကို ကျွန်တော်ရေးလို့ယူလာခဲ့ပြီ။ မဆခအစိုးရဟာ ဆန်ပြသနာကို လုံးဝမဖြေရှင်းဘူး။ ကျွန်တော်တို့ဟာ အငတ်ခံပြီး အသေမခံနိုင်ဘူး။ အေင်ပွဲတခုခုကို ရရှိဖို့အတွက် တိုက်ပဲါတခုခုကို လုပ်ကိုလုပ်ရမယ်။ ဒီပိုစတာကို သေသေချာချာချည်နှောင်ပြီး မြို့ တွင်းကိုပတ်ပြီး ဆန္ဒပြမယ်။ "
တယောက်မျှကန့်ကွက်သူမရှိ။ ကျွန်တော့်ကိုယ်တွင်းမှ ၀ှက်ယူလာသောပိုစတာကို ထုတ်ယူလိုက်သည်။ နောက်ဝါးလုံးနှစ်လုံးကို ရှာဖွေယူပြီး ကြိုးများနှင့် ချည်နှောင်ကြရသည် ပိုစတာဆိုင်းဘုတ်ကြီးသည် ခိုင်မာစွာဖြင့် ရှိနေပြီ။ ဘုရားကြီးမှထွက်သည့်အခါ ကျွန်တော့ညီဖြစ်သူ မောင်သာထွန်းက တဖက်က ဆိုင်းဘုတ်ကိုကိုင်ပြီး စထွက်သည်။ ဘုရားကြီးရင်ပြင်မှ ဘယ်ဖက်သို့ စထွက်လိုက်ကြသည်။ အကြောင်းမှာ လမ်းမကြီးသို့သာ ခြေဦးလှည့်လိုက်လျှင် စစ်တွေတမြို့ လုံးက လူတွေပါနိုင်ကြမည်မဟုတ် ။ မြို့ကိုပတ်၍ သွားရန်အရေးကြီးသည် ။ ထို့ကြောင့် ဘယ်ဖက်လှည့်ပြီး ဒိုးဝန်းရွာ ယခုရွာကြီးတောင်ရပ်ကွက်မှ စတင်ဆန္ဒပြကြရန် ထွက်လိုက်ခြင်းဖြစ်သည်။ ထွက်သည်နှင့် ကျွန်တော်က အသံမာမာဖြင့် ကြွေးကြော်အော်ဟစ်လိုက်သည်။
" ဆန်ပြသနာ ဖြေရှင်းပါ - ရခိုင့်အရေးတော်ပုံ အောင်ရမည် "
" ဆန်ပြသနာ ဖြေရှင်းပါ- ရခိုင့်အရေးတော်ပုံ အောင်ရမည် "
နောက်မှကြွေးကြော်သံများသည် ကျယ်လောင်စွာထွက်ပေါ်လာသည်။
" ဆန်ပြသနာ ဖြေရှင်းပါ--ရခိုင့်အရေးတော်ပုံ အောင်ရမည် "
" ဆန်ပြသနာ ဖြေရှင်းပါ - ရခိုင့်အရေးတော်ပုံ အောင်ရမည် "
ဒိုးဝန်းရွာကိုဝင်သည့်နှင့် မြောက်ဘက်အတိုင်းဆက်လျှောက်ကြသည်။ အားရပါးရ ကြွေးကြော်လာကြသည်။ ကျွန်တော်တို့၏ ကြွေးကြော်သံများကို ကြားကြသောဒိုးဝန်းရွာသားတို့သည် အိမ်ထဲမှ ထွက်လိုက်လာကြသလို စာဘတ်အသင်းရှေ့ စင်ပေါ်တွင် ထိုင်နေသူများကလည်း လိုက်ပါလာကြသည်။ တန်းစီပြီးသွားနေသောလူတွေ၏နောက်ကို သူတို့မှာ နောက်ကကပ်ပြီး လိုက်ပါလာကြခြင်းဖြစ်သည်။တရပ်ကွက်ပြီးတရပ်ကွက်ပြီး လိုက်ပါလာကြခြင်းဖြစ်သည်။ ဒိုးဝန်းရွာ၊ ဆင်ကူးလမ်း ။ အုန်းတပင်။ သဘောင်္ဆိပ်။ လမ်းမတော် စသည်ဖြင့်ယင်းရပ်ကွက်မှာနေထိုင်သူများမှာမိန်းမ ယောက်ျား ခလေးသူငယ်တွေ ပါလာကြသည်။ လမ်းမတော်လမ်းဆုံရောက်သောအခါ လူတွေကြွေးကြော်သံ မစဲတော့။
" မဆလအစိုးရ အလိုမရှိ- နေ၀င်းအစိုးရအလိုမရှိ "
" နှာခေါင်းပိုင်း နေ၀င်းအစိုးရ အလိုမရှိ- နေ၀င်းအစိုးရအလိုမရှိ "
" ပြုတ်ဆန်မစား ရခိုင်သား - ဆန်ပြုတ်မစားရခိုင်သား "
ကျွန်တော်တို့၏ ကြွေးကြော်သံများမှာ မဆလအစိုးရကို ချက်ချင်းစိန်ခေါ်လာသည်။ လူတန်းရှည်ကြီးသည် ကြည့်၍မဆုံးဖြစ်နေပြီ။ လမ်းမတော်တောင်ပိုင်းသို့ရောက်သောအခါ မဆလတိုင်းခွဲ(၁၃ ) ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်စောဖြူ (လေ ) သည်ကားတစီးဖြင့် စောင့်နေသည်ကိုတွေ့ရသည်။ ရှေ့ဆုံးမှ ဆန္ဒပြလာကြသော ကျွန်တော်တို့နှင့်ဆုံလာသောအခါ တန့်ရပ်စေပြီး စကားပြောသည်။
" ခင်ဗျားတို့ ဆန္ဒမပြကြပါနဲ့ - အိမ်ကိုသာ ပြန်ကြပါ "
သူ့စကားကို ကျွန်တော်တို့လက်မခံနိုင်ပါ။ လက်ခံနိုင်လောက်အောင်လည်း သူ့စကားကဓိပ္ပါယ်မရှိ။
" ကျွန်တော်တို့ဆန္ဒပြတာက ဆန်ကိုလုံလောက်အောင် ရောင်းချပးဖို့အတွက် ဆန္ဒပြတာဖြစ်တယ်။ ပအခုမဆလအစိုးရက ဒီဆန်ပြသနာကို ဘာမျှမဖြေရှင်းဘူး။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ ဆန္ဒပြတာဖြစ်တယ်။ အိမ်ကိုမပြန်နိုင်ကြဘူး "
ကျွန်တော်တို့လူအုပ်မှ ပြန်ပြောလိုက်သောစကားဖြစ်သည်။ သူမည်သို့မျ ဟန့်တားနိုင်စွမ်းမရှိသည်ကိုသိရှိမည်ထင်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သော ဦးလူဖြူ၏အိမ်ရှေ့လမ်းပေါ်မှာ ပြောဆိုနေကြခြင်းဖြစ်သည်။ နောက်တွင် ဗိုလ်ချုပ်စောဖြူ နားလည်သွားသည်။ ကားဖြင့်ထွက်ခွါသွားသည်။ ကျွန်တော်တို့ တရားသိစုလမ်းအတိုင်းဆက်လျောက်လာကြသည်။ ပြီးတော့ ပါဒလိပ်ချိတ်။ လမ်းမကြီး။ ဆေးရုံကွင်း နှင့် ထောင်ကြီးနားကိုရောက်တော့ ထောင်ဗူးဝကို ကျောက်ခဲတွေဖြင့်ပစ်ပေါက်ကြသည်။ ဆရာအေးကျော်နှင့် မောင်ရွှေဝင်း တို့နှစ်ဦးအား အမြန်ဆုံးလွှတ်ပေး၇န် ခဲများဖြင့် ပစ်ပေါက်ုပြီး ဆန္ဒပြကြသေးသည်။ ဆရာအေးကျော်နှင့် မောင်ရျွေဝင်းမှာ နှစ်ဦးစလုံး ပညာရေးဌါနကဖြစ်ပြီး ကိုမောင်ရွှေဝင်းမှာ ကျောင်းစာရေးကြီးဖြစ်သည်။ ဆရာအေးကျော်မှာ ၈၈၈၈ အထွေထွေသပိတ်ဖြစ်ပေါ်လာသောအခါ စစ်တွေမြို့ သပိတ်ကော်မီတီဥက္ကဌဖြစ်ပြီး န၀တမှ အာဏာသိမ်းသောအခါ ထောင်ဒဏ် ၁၄ နှစ်ကို ကျခံခဲ့ရသူဖြစ်သည်။ သည်လိုနှင့် ထောင်ရှေ့မှ လူအုပ်စုကို ထိမ်းသိမ်းပြီးခေါ်ဆောင်လာခဲ့ကြပြီးနောက် ( ယခုရဲနွယ်စုရပ်ကွက် )ပုလုပ်တောင်လမ်းအတိုင်းလာခဲ့သည်။ လူအုပ်ကြီးမှာ စစ်တွေတမြို့ လုံးလိုလိုဖြစ်နေ၍ မျက်စိတဆုံးဖြစ်နေသည်။ လူပင်လယ်ကြီးဖြစ်နေသည်။ မီးစက်ခွဆုံရောက်လာသည်။ မြို့တွင်းဝင်သည့် နာဇီလမ်း ( ယခုတို့ချဲ့ လမ်း) အတိုင်းဝင်လာပြီး ကုန်တန်းလမ်းအတိုင်းလာခဲ့ကြသည်။ ကသဲရွာထဲရှိ မြဆန်စက်အရှေ့သို့ရောက်သောအခါ သံဆူးကြိုးကာထားပြီး အတားအဆီးချထားသည်ကို တွေ့သည်။ မြဆန်စက်၏အရှေ့ဘက်မြေကွက်တွင် ဆန်စက်လုံခြုံရေးမီးကင်းမျှော်စင်ရှိသည်။ ယင်းမီးကင်မျှော်စင်တွင် စစ်သားမျာက သေနတ်ဖြင့်ချိန်ရွယ်ထားသည်ကို မြင်ရသည်။ မြဆန်စက်ခြံဘေးမှ လမ်းကြားလေးတခုရှိရာ ယင်းလမ်းကြားမှာ ကသဲရွာသို့သွားသောလမ်းကြားဖြစ်သည်။ သံဆူးကြိုးကာထားသော နေရာ၏အနောက်ဘက်တွင် ဟီးနိုးကားကြီးများတန်းစီ၍ ရ့ပ်ထားသည်။ ဟီးးနိုးကားကြီးများသည် မြဆန်စက်၏ အရှေ့ဘက်လမ်းပေါ်တွင်ရှိသည်။ ကျွန်တော်တို့နှင့် ဆိုလျင် ဘယ်ဖက်ဖြစ်သည်။ ကျွန်တော်တို့သည် ဟီးနိုးကားကြီးနှင့် စစ်သားများ၏ အကြားတွင်ရှိသော လမ်းမကြီးတလျှောက်သွားရမည်ဖြစ်သည်။ သို့သော် လမ်းမကြီးကို မသွားနိုင်အောင် သံဆူးကြိုးအကာအဆီးများ ကာရံထားပြီ။ လူအုပ်များမှ ကြွေးကြော်သံများသည် ဘ၀ဂ်ညံနေလောက်အောင် ကြားရသည်။ မရှေးမနှောင်းတွင် ဗိုလ်ချုပ်စောဖြူမှာ ကားဖြင့်ရောက်လာသည်။ နောက်ကျွန်တော်တို့ရှေ့သို့လျှောက်လာသည်။ ယခုသည်မှာဘက်တွင် ကျွန်တော်တို့က ရှိနေပြီး ဟိုဘက်မှ စစ်သားများက သေနတ်များဖြင့် ချိန်ရွယ်ထားနေသည့် စစ်သားများ၏အလယ်၌ ဗိုလ်ချုပ်စောဖြူ ရှိနေပြီ။
' အိမ်ကိုပြန်ကြပါဗျာ-- ဆန္ဒပြဖို့မလိုအပ်ပါဘူး- ကျွန်တော်တို့စီစဉ်နေပါတယ်။ "
သူပြောပြီးသည်နှင့် လူအုပ်ထဲမှ အသံများထွက်ပေါ်လာသည်ကိုကြားရသည်
" ဆန်ပြသနာကို ဖြေရှင်းပေးပါ- ကျွန်တော်တို့အိမ်ကိုမပြန်နိုင်ဘူးဗျို့  "
သည်အခါ ဗိုလ်ချုပ်စောဖြူမှ စကားဆက်ပြီးပြောလာသည်။
" ဒါဖြင့်ရင် ခေါင်းဆောင်တဦးဦးထွက်လာပါ။ကျနော်နဲ့စကားပြောရအောင် "
ကျွန်တော်က ချက်ချင်းပင်ငြင်းဆန်လိုက်ပါသည်
" ဒီအထဲမှာခေါင်းဆောင်မပါဘူးဗျ။ လူတိုင်းလိုလို ထမင်းငတ်လို့လာပြီး ဆန္ဒပြဖို့လာကြတာဖြစ်တယ်။ ဒီ့အပြင်တခြားဘာမှ ဆွေးနွေးစရာ အကြောင်းမရှိဘူးဗျ -ကျွန်တော်တို့က ဘုရားကြီးရောက်ရင် ဆန္ဒပြပွဲပြီးပြီလေ။ ဒါကြောင့်ကျွန်တော်တို့ကို ဘုရားကြီးသွားခွင့်ပေးပါ "
သူ့မှာဘုရားကြီးထိသွားခွင့်ပေးရန် အမိန်အာဏာမပါပါ။ ဘုရားကြီးမှာအလွန်ဆုံးသွားရလျှင် ၁၅ မိနစ်ခန့်သာလျှောက်ရမည်ထင်ပါသည်
ဗိုလ်ချုပ်စောဖြူအနေနှင့် မည်သို့မျ ဖြေရှင်းရန် အလားအလာမတတ်နိုင်တော့ကြောင်း သူသဘောပေါက်သွားပါသည်။
" ကျွန်တော့်မှာ အမိန့်စာပါလာပါတယ်။ လူထုကိုဖတ်ပြဖို့ တယောက်ယောက်ကိုကို လွှတ်ပေးစမ်းပါ "
ယင်းကြောင့် ကျွန်တော်တို့ ချက်ချင်းဆွေးနွေးလိုက်ကြပါသည်။ မဆလအစိုးရ၏ ကောက်ကျစ်မှူကိုလည်း သိရှိထားပြီးဖြစ်ရာ မည်သူမျ အဖမ်းအဆီးမခံရအောင်လည်း ကျွန်တော်တို့မှာ သိုသိပ်စွာပြုလုပ်နေရသည်။ မြဆန်စက်အနီးရှိ တံထားပေါင်တွင် တချို့ မှာ မတ်တပ်ရပ်၍ နေကြသည်ကို တွေ့ရသည်။ နောက်ကကပ်ပြီးနေကြသော ကျွန်တော်တို့၏လူအုပ်သည် ရှေ့မှ သေနတ်ဖြင့် ချိန်ရွယ်ထားသည်ကို ဂရုမစိုက်အားချေ။ သူတို့မှာကြွေးကြော်သံများကို အော်ကောင်းတုံး ဆိုကြတုံး ။
ကျွန်တော်တို့အနားမှ သူငယ်ချင်းဖြစ်သူမောင်ရွှေသိန်းကို လွှတ်လိုက်ရသည်။ သူက ဗိုလ်ချုပ်စောဖြူစီးလာသောကားပေါ်မှ စာဖတ်ပြသောအခါ ပုဒ်မ (၁၄၄) ဖြစ်နေပါသည်။ သို့နှင့် ကားပေါ်မှ သူ့ကိုဆင်းးခိုင်းစေပြီး ကျွန်တော်တို့ရှိရာသို့ ပြန်လာစေသည်။ ခုတော့ ကျွန်တော်တို့ကို ပုဒ်မ ( ၁၄၄ ) ထုတ်ပြန်လိုက်ပြီ။ ရှေ့ဆက်သွား၍ မရတော့။ ဆန္ဒပြ၍မရတော့။ လူငါးဦးထက်ပို၍ စုဝေးနေ၍မရတော့။ ရှေ့ဆက်သွားပြီး လမ်းမဖွင့်မပေးလျှင် သည်အတိုင်းရပ်ပြီး ဆက်လက်ဆန္ဒပြမည်ဟုဆိုသော အသံတွေထွက်လာသည်။ ကြွေးကြော်သံများကလည်း ထွက်နေသည်။ ကျွန်တော်တို့မှာ လူအုပ်ကို မည်သို့နည်းနှင့်မျ နောက်ကြောင်းပြန်လှည့်ရန် ပြော၍မရ ။ ပြောလို့လည်းမဖြစ်။ နာရီဝက်ခန့်ကြာသောအခါ ဗိုလ်ချုပ်စောဖြူသည် သံဆူးကြိုးကို ဖွင့်ခိုင်းပြီးကျွန်တော်တို့လူအုပ်အားသွားခွင့်ပြုခဲ့သည်။ ဤနေရာမှာ စောစောက ကျွန်တော်တို့ပြောသောစကားတွေရှိခဲ့သည်။ ယင်းမှာဘုရားကြီးရောက်လျင် လူစုခွဲပါမည် ဆိုသော စကားပြောဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့်လည်း သူကဖွင့်ခိုင်းခြင်းလားမပြောတတ်။ ကျွန်တော်တို့ကမူ အတင်းဖွင့်ပြီးသွားခြင်းမဟုတ်။ သံဆူးကြိုးကို ဖယ်ရှားပြီး သွားခြင်းမဟုတ်။ ပြီးတော့ စစ်သားတွေကလည်း သေနတ်လုပြီး အတင်းသွားခြင်းမဟုတ်။ စစ်သားများကို ခဲနှင့် တုတ်နှင့် ပစ်ပြီး သံဆူးကြိုးကိုလည်း မည်သူမျဖယ်ရှားပြီး မသွားခဲ့ကြ။ ရှေ့ကသေနတ်နှင့်ချိန်ထားသောစစ်သားတွေမှာ သံဆူးကြိုး၏တဖက်တွင် ၈ ယောက်လောက်တန်းစီ စောင့်ဆိုင်းပြီး တည့်တည့်ချိန်နေခြင်းကြောင့်လည်း မည်သူမျှ သံဆူးကြိုးကို ဖဖဖယ်ရှး၍ မသွားနိုင်ကြချေ။ သည်တော့ ပုဒ်မ (၁၄၄ ) အမိန့်ကိုလည်း ဖီဆန်ဖေါက်ဖျက်ခြင်းမရှိခဲ့။
နောက်တခုမှာ ဗိုလ်ချုပ်စောဖြူပြောဆိုခဲ့သော စကားတခွန်းသတိရလာသည်။ စောစောကခေါင်းဆောင်တဦးဦးထွက်လာပါ ဆိုသောစကးကို စိုးရိမ်လာသည်။ သူတို့သည် ခေါင်းဆောင်ဟုထင်မှတ်ယုံကြည်သူများကို ဖမ်းဆီးလိမ့်မည်ဟုကျွန်တော်ထင်သည်။ သူငယ်ချင်းများကို လှည့်ပြီးသတိထားဖို့ ပြောကြားရန် နောက်သို့ပြန်လှည့်လိုက်သည်။ နောက်သို့လှည့်လိုက်သည်နှင့် လူအုပ်မှာ အတင်းတိုးဝှေ့လာသည်။ သံဆူးကြိုးမှာ ဖွင့်ပြီးဖြစ်နေသောကြောင့် လူအုပ်မှာဝမ်းသာအားရ ကြွေးကြော်ပီးသွားကြသည်။ အတားအဆီးဖွင့်လိုက်၍ လူအုပ်သည် ရှေ့သို့ငါ ပြေးသွားကြသည်။ အလုအယက်တိုးဝှေ့သွားကြခြင်းဖြစ်သည်။ ကျွန်တော်သည်ရှေ့သို့တိုးဝှေ့လာသောသောလူအုပ်ကြားထဲသို့ သူငယ်ချင်းများကို ကြည့်ယင်း လူအုပ်အတွင်းမျောပါသွားသည်။ ငါးမိနစ်ခန့််ကြာမည်ထင်သည်။
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
အဆက်မပြတ်သေနတ်သံများကို ချက်ချင်းကြားရသည်။သေနတ်သံကြား၍ လှဲချသွားခြင်းလား၊လူအုပ်များမှ တိုးဝှေ့တွန်းတိုက်၍ မှောက်လျက်ကျသွားခြင်းလားမပြောတတ်။ ကျွန်တော်သည် မြေကြီးပေါ်မှာ မှောက်ရက်သားဖြစ်နေသည်။
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
သေနတ်သံတို့သည် ညံမစဲဖြစ်နေသည်။ ညီးညူသံများ၊ နာကျင်စွာအော်နေသံများ၊ ငိုယိုနေသံများ၊သည် ကမ္ဘာပျက်သည့်အလားကြားနေရသည်။ လက်တကမ်းအကွာတွင်းဟီးနိုးကားကြီး ရပ်ထားလျက်ရှိနေသည်။ ချက်ချင်းကားအောက်ကို လှိမ့်ဝင်လိုက်သည်။
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
သေနတ်သံမှာ ကျွန်တော်တို့ကားအနီးမှ မဟုတ်။ လမ်းတလျောက်ရှိသော လူတန်းရှည်ကြီးကို ပစ်ခတ်နေရာမှ ကြားရခြင်းဖြစ်သည်။ ကားအောက်တွင် လူတွေ တပုံကြီးရှိနေရာ ကားအောက်သို့ ပစ်ထည့်လိုက်မည်ဆိုပါက တန်းးစီထပ်၍ သေသွားမည်ဖြစ်သည်။ ဟီးနိုးကားကြီး၏ ညာဖက်တွင် ချောင်းရှိသည် ။ ယင်းချောင်းကို ကုန်တန်းချောင်းသို့မဟုတ် ဂေါ်ဒူဘင်းဂါ ချောင်းဟုလည်းခေါ်သည်။ ကျွန်တော်တို့သည် ယင်းချောင်းသို့ခုန်ဆင်းလိုက်ကြသည်။ ချောင်းကို ဆင်းသည့်အခါ ရဲများနှင့် ကြုံနေရပြန်သည်။ သို့သော် ရဲများက သေနတ်ကိုယ်စီဖြင့် ရှိနေသော်လည်း မပစ်ခတ်ချေ။ ရဲသားများရှေ့မှပင် ချောင်းထဲသို့ ခုန်ဆင်းကြရခြင်းဖြစ်သည်။ ချောင်းမှာမီတာ( ၅၀ )ခန့်ရှိမည်ထင်သည်။ ရေကူးနေစဉ် ကျွန်တော့်အနီးမှ ကူးလာသူတဦးက အော်ပြောသည်။
" ကျွန်တော့်ပေါင်တဖက်ခြမ်းမှာ ကျဉ်ထိနေပြီဗျာ ။ ကျွန်တော့်ကို တွဲကူပေးပါအုံး "
" ကောင်းပြီလေ - ဒီလိုဆိုရင် ကျွန်တော့်လက်ကိုကိုင်ပြီး ရေကူးပြီးလိုက်ပေတော့ "
ပြောရင်း ကျွန်တော်က သူ့ကို လက်ကမ်းပြီး ရေကူးလာသည်။ကမ်းပေါ်သို့ရောက်တော့ တော့ သူ့ဒဏ်ရာကို ကြည့်ရသည်။ ညာဖက်ပေါင်ခြမ်းမှာ သွေးသံရဲရဲနှင့် အသားစများမှာ အကွင်းလကိုထွက်ကျနေသည်။ တထက်ကကမ်းမှနေပြီး ဆန္ဒပြနေခဲ့သောနေရာကို ကြည့်လိုက်သည်။ သေနတ်သံများမှာစဲသွားပြီ။ဟီးနိုးကားကြီးပေါ်တွင် လူများကို စစ်သားများက ဆွဲငင်ယူဆောင်တင်သည်ကိုမြင်ရသည်။ သေဆုံးသူရော ဒဏ်ရာရသူများကိုရော စုပုံရောနှောကာ ဆွဲယူတင်ဆောင်နေကြခြင်းဖြစ်သည်။ လမ်းတလျှောက်တွင် သွေးသဲရဲရဲဖြင့် မှောက်ရက်လှဲနေသူ။ ပက်လက်လန်ပြီး သေဆုံးနေသူတွေ ၊ မြင်နေရသည်။ ဒဏ်ရာရ၍ လူးလှိမ့်နေသူများကို မြင်ရသည်။
နောက်နှစ်ရက်တွင် ရင်ခွဲရုံ၌ အလောင်း( ၇ ) လောင်းသာ မဏ္ဍပ်ထိုးပြီးတန်းစီချထားသည်။ ယင်းအချိန်ကရင်ခွဲရုံမှာ ကြေးနန်းရုံးရှေ့မှာဖြစ်သည်။ သဘောက ဆန္ဒပြပွဲ၌ လူပေါင်း
( ရ ) ယောက်သာသေဆုံးကြခြင်းဖြစ်သည်ဟု ကြေညာခြင်းဖြစ်သည်။ ယင်းနေ့ထုတ် သတင်းစာများတွင် သေဆုံးသူ (၇ ) ဦးသာရှိပြီး ဒဏ်ရာရသူမှာ (၂၃ ) ယောက်သာရှိသည်ဟု ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေကြောင်း သတင်းစာများမှာဖေါ်ပြသည်။ ရင်ခွဲရုံတွင် အလောင်း ( ၇) လောင်းကို ထားရာ ကျွန်တော်တို့သွားရောက်ရသည် ။ အကြောင်းမှာ ကျွန်တော်၏တူတော်သူ မောင်စံသိန်း သေဆုံးသွား၍ဖြစ်သည်။ မောင်စံသိန်း၏ဖခင်မှာ အငြိမ်းစားရဲစခမ်းမှူးဦးလှထွန်းဖြူဖြစ်သည်။ မောင်စံသိန်းအတွက် သေတမ်းစာကို ကိုယ်ခန္ဒာပေါ်တွင်တင်ထားသည်။ ယင်းစာမှာ ဤကဲ့သို့သေဆုံးရခြင်းမှာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ရသောကြောင့် ဖခင်တယောက်အနေနှင့် ဂုဏ်ယူကြောင်း ရေးသားဖေါ်ပြထားသည်။ ၄င်းသေဆုံသူ ရ ဦး၏ အလောင်းကို ရင်ခွဲရုံတွင်ပြသထားရာ လမ်းသစ်ရပ်ကွက်မှ ဒေါ်အေးမေ ။ မောင်စံသိန်း ( ပါဒလိပ်ချိတ် ) မောင်သိန်းနု ( ရွှေပြား၊) ။ ကိုသာအေး ( မြောက်ဦး ) ။ ကိုထွန်းဝင်း ၊( တရားသိစု ၊ မောင်နု ( မောလိပ်) နှင့် အခြားတယောက်ကိုမမှတ်မိတော့။စစ်တွေမြို့  တရာသိစုရပ်ကွက် ဗုဒ္ဒပြတိုက်ရှေ့အိမ်မှ ဦးမြသိန်းထံတွင် ယင်းနေ့က ထုတ်ဝေခဲ့သောသတင်းစာများကို ယခုအချိန်ထိ သိမ်းဆည်းထား၍ သြဂုတ်(၁၃ ) အရေးတော်ပုံကို သမိုင်းသုတေသီများက လေ့လာနိုင်ကြပါသေးသည်။ သမိုင်းဆိုသည်မှာ လိမ်၍မရ။ညာ၍မရ။ ဘုရားကြီးအနီးရှိ ဒိုးဝန်းရွာမှ တရပ်ကွက်လုံးရှိ အသက် ( ၆၀ ) ၀န်းကျင်ရှိသောလူတိုင်းသည် သြဂုတ်လ (၁၃ ) ရက်နေ့က ဆန္ဒပြပွဲကို ဘုရားကြီးမှ စတင်ထွက်ခွါခဲ့ချိန်၌ လိုက်ပါသူများဖြစ်သည်။ သို့အတူစစ်တွေမြို့သားတိုင်းမှာ ယင်းအကြောင်းကို အားလုံးသေသေချာချာ သိရှိထားကြသူများဖြစ်သည်။ နရိန်ဇရာဝပ်ဆိုက်မှာ တခုကိုမျှမသိပါဘဲ လမ်းမတော်မှ စတင်ဆန္ဒပြပွဲပြုလုပ်ကြသည်ဟု သမိုင်းကို လိမ်ညာရေးသားတင်ထားရာ ဤကိစ္စမှာရခိုင်လူမျိုးအဖို့ အင်မတန်မှ လက်မခံစရာဖြစ်သည်။ တချိန်တည်းမှာပင် ဤဖြစ်ရပ်တွင်အဓိကကျွန်တော်က ပါဝင်ပါတ်သက်နေသူဖြစ်ရာ လုံးဝလက်မခံသလို နရိန်ဇရာဝပ်ဆိုက်မှာပါသောသမိုင်းလိမ်အား နောင်လာနောက်သားရခိုင်မျိုးဆက်သစ်လူငယ်များ သမိုင်းသုတေသီများက လုံးဝအသိအမှတ်မပြု အရေးမစိုက် ကြပါရန် ပြောကြားလိုပါသည်။
ကျွန်တော်တို့နောက်ဆုံးသိရှိထားရသောဝမ်းနည်းဘွယ်ရာ သတင်းများမှာ အိမ်ကိုပြန်၍ မရောက်လာကြသောသူများ၏သတင်းဖြစ်သည်။ သို့ဆိုလျင် ၄င်းသူတို့မည်သည့်နေရာတွင်ရှိသည်ကို စုံစမ်းကြည့်ကြသည်။ မသေဆုံးဘဲ ဒဏ်ရာရသူများကို ဟီးနိုးကားကြီးပေါ်တွင် တင်ဆောင်၍ သေဆုံးသူများနှင့် ပင်လယ်ကမ်းနားရှိ အုန်းတောတွင် မြုပ်နှံကြောင်းသိရှိရသည်။ သေဆုံးသူများသည် ( ၂၀၀ ) ကျော်ရှိသည်ဟု သိရသည်။ ဒဏ်ရာရသူ(၁၀၀ ) ကျော်သည်ဟု ကြားရသည်။ နာဇီရပ်ကွက်တွင်နေသူ နှင့် ကုန်တန်းရပ်ကွက်တွင် နေထိုင်ကြသူမူဆလင်ကုလားအများစုမှာ တယောက်မျှ ဆန္ဒပြရာ၌လည်းမပါသလို သေဆုံးသူများစာရင်း ၊ဒဏ်ရာရသူများစာရင်းတွင်လည်း မပါကြောင်း သိရှိရသည်။ ဒဏ်ရာရသူများစာရင်းတွင် ပါဝင်ပြီး စစ်တွေဆေးရုံတွင် ၀မ်းဗိုက်ကိုသေနတ်ကျည်ဆံထိမှန်ကာ တက်ရောက်ကုသခဲ့သူ သန်းမောင်မှာ ကျွန်တော်၏အိမ်ရှေ့မှဖြစ်သည်။ သူလည်းဆန္ဒပြရာတွင် ဘုရားကြီးရှေ့မှ စတင်ထွက်ခွါစဉ် ကျွန်တော်၏ညီအရင်းဖြစ်သူမောင်သာထွန်းနှင့်အတူ ဦးဆောင်ပါခဲ့သူဖြစ်သည်။ သန်းမောင်မှာဝမ်းဗိုက်မှ ဒဏ်ရာကောင်းသည်နှင့် မဆလအစိုးရကို လက်နက်ကိုင်တော်လှန်ရေး မှတပါးအခြားမရှိဆိုကာ ဆေးရုံးကဆင်းဆင်းချင်း တောခိုသွားသည် ။ နှစ်ပေါင်း ၂၀ အကြာ တောခိုပြီးနောက် ၁၉၉၇ ခုနှစ်တွင် ဗကပပါတီမှ ဘင်္ဂလားဒေရှ့်နိုင်ငံနယ်စပ်တွင် ဆက်လက်မရပ်တည်တော့သောကြောင့် လက်နက်ချအလင်းဝင်ခဲ့သည်။ ကျွန်တော်၏ညီဖြစ်သူမှာ ယခုအချိန်တွင် နိုင်ငံရေးသမားအကျဉ်းသားဘ၀ဖြင့် ဘူးသီးတောင်ထောင်၌ ထောင်ဒဏ်( ၅ ) နှစ်ကျခံနေရသည်။ ကျွန်တော်နှင့်အတူ သြဂုတ်(၁၃ ) ရက်နေ့များမှ လွန်ခဲ့သော နှစ်လလောက်က ကွယ်လွန်ခဲ့သော မျိုးချစ်ရခိုင့်နိုင်ငံရေးသမားကြီးဦးညွန့်မောင်မှာ ဘုရားကြီးမှ စတင်ထွက်လာသော ၁၃သြဂုတ်ခေါင်းဆောင်တဦးဖြစ်သည်
ဆန်ပြသနာနေ့မှာကျွန်တော်မသေခဲ့ပါ။ တချိန်တည်းမှာပင် ဤပြသနာကို ဖြေရှင်းရန်အတွက် သေကံမရောက်သက်မပျောက်ခဲ့ဟု ဆိုနိုင်ပါသည်။ ထို့အတွက်ကြောင့် ယေဘူယျကျေနပ်နှစ်သိမ့်ခြင်းသာဖြစ်သည်။ တိတိကျကျပြောရလျင် တနေ့နေ့တချိန်ချိန်တွင် ၁၉၆၇ ခုနှစ် သြဂုတ်လ (၁၃ ) ဆန်ပြသနာနေ့၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော လူများအား အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်မှူကြီးကို အမိန့်ပေးစေခိုင်းခဲ့သော မဆလအစိုးရ၏ တာဝန်ရှိသူများကို ဖြေရှင်းရန် တာဝန် ကျွန်တော့မှာ ရှိနေပါသည်။
ယင်းတာဝန်မှာသမိုင်းပေးတာဝန်ဖြစ်ပါသည်။ ဤတာဝ်ကို ကျွန်တော့်အနေနှင့် ကျေပြွန်အောင် ထမ်းဆောင်ရလိမ့်မည်ဟုလည်း ခံယူထားပါသည်။ ဤဆန်ပြသနာအရေးအခင်းသည် အိပ်မက်များမဟုတ်ချေ။ အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများဖြစ်ပါသည်။ လွန်ခဲ့သော ( ၄၃ ) နှစ်ကာလက ဆန်ပြသနာအရေးအခင်းအတွက် တာဝန်တရပ်အဖြစ်ဖြင့် ကျွန်တော်ပြုလုပ်လိုပါသည် ။ ဤသည်ကိုအမှန်တရားဟုလည်း ထင်မြင်ယုဆထားပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )
( ဆန်ပြသနာ ဖြေရှင်းပါ- ရခိုင့်အရေးတော်ပုံ အောင်ရမည် )
ပိုစတာဆိုင်းဘုတ်ရေးသားပြီး သြဂုတ်(၁၃ ) ဆန်ပြသနာနေ့ကိုခေါင်းဆောင်ဦးစီးခဲ့သူ

ရန်ကုန်မြို့  ၈၈၈၈ အထိမ်းအမှတ်အခမ်းအနား









http://www.baymyanmar.com/2010/08/video.html

9 August 2010 ဒိုင်ယာရီ

9 August 2010 yeyintnge's Diary.doc

9 August 2010 Yeyintnge's Diary

မြန်မာပြည်သားစာစောင် (အတွဲ ၇ - အမှတ် ၄၊ သြ ဂုတ်လ - ၂၀၁၀ ခုနှစ်)

Aug (2010) Journal

အလင်းအိမ် (အတွဲ ၄ အမှတ် ၇)

အလင်းအိမ် အတွဲ ၄ အမှတ် ၇

သုံးလောင်းပြိုင် လူသတ်မှု ကနေဒါရောက် ကရင်မိသားစုတွင် ဖြစ်ပွား


သုံးလောင်းပြိုင် လူသတ်မှု ကနေဒါရောက် ကရင်မိသားစုတွင် ဖြစ်ပွား

Submitted by Karen Information Center on Monday, 9 August 2010
သြဂုတ်လ ၉ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)

ကနေဒါနိုင်ငံ REGINA မြို့မြောက်ပိုင်းရှိ ကရင်ဒုက္ခသည်မိသားတစုတွင် ပြီးခဲ့သည့်အပတ်က သုံးလောင်းပြိုင် လူသတ်မှု ဖြစ် ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဒေသဆိုင်ရာရဲများက စစ်ဆေးစုံစမ်းလျှက်ရှိကြောင်း သိရသည်။

အခင်းဖြစ်တဲ့နေအိမ်ကို ရဲများ စစ်ဆေးနေစဉ်

သေဆုံးသူများသည် မြန်မာပြည်မှ ကရင်ဒုက္ခသည်တစ်ဦးဖြစ်ပြီး အမျိုးသားမှာ Crown Shred & Recycling Company တွင် ၂နှစ်ခန့် အလုပ်လုပ်နေသူဖြစ်ကြောင်း ၎င်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး Jack Shaw က ထိုမြို့ရှိ Leader Post သတင်းဌာနကို ပြောပြသည်။

သူက “ဒီလူက ကရင်ဒုက္ခသည်လေ။ သူက ခင်ဖို့လည်းကောင်းသလို အလုပ်ကြိုးစားသူလည်း ဟုတ်တယ်။ သူက အလုပ်မှာ ခွင့်တစ်ပတ်ယူထားပြီး အင်္ဂါနေ့မှာ အလုပ်ပြန်ဆင်းတာ မတွေ့ဘူး။ ဒါနဲ့ သူ့ကို အလုပ်ပြန်ဝင်ဖို့ ဆက်သွယ်ပေမဲ့ မရဘူး။ အခု လို မထင်မှတ်ဘဲ ဖြစ်သွားလိမ့်မယ်လို့လည်း မထင်ထားမိဘူး။ သူက လူကောင်းတစ်ယောက်ပါ။”ဟု ပြောသည်။

အိမ်နီးချင်းတစ်ဦးက အသတ်ခံရသူများ၏ အိမ်မှ အပုပ်နံ့ဆိုးဆိုး ထွက်ရှိလာသည့်အတွက် ပြီးခဲ့သည့် သောကြာနေ့တွင် သွား ရောက်ကြည့်ရှုရာ ၎င်းတို့ကို ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိပြီး ရဲကို တိုင်ကြားရာမှ လူသတ်မှု ပေါ်ပေါက်သွား ခြင်း ဖြစ်သည်။

ထိုအမှုကို စစ်ဆေးနေဆဲဖြစ်သည့် REGINA ရဲများက သေဆုံးသူများသည် မည်သူမည်ဝါဖြစ်ကြောင်း မပြောနိုင်သော်လည်း ၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှ ၂၀၀၈ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ထွက်ခွာသွားကြသည့် စော နေကော်မူး ၃၆နှစ်၊ ဇနီး နော်မော် ၂၃နှစ်နှင့် သားငယ် စောဆဲဗင်းဂျူး ၃နှစ်တို့ဖြစ်ကြသည်ဟု ထိုသူများနှင့် ရင်းနှီးခဲ့သူတစ်ဦး ဖြစ်သည့် စောအယ်ဒိုဝါးက ပြောသည်။

“စောနေကော်မူးက နယ်စပ်မှာတုန်းက ကျနော်နဲ့ အရမ်းခင်တယ်။ သူတို့ကို ဗုဒ္ဓဟူးနေ့မှာ ဓားနဲ့ထိုးပြီး သွားလုပ်ကြံတယ်လို့ သိရတယ်။ ဖြစ်ဖြစ်ချင်းတော့ ဘယ်သူမှ မသိလိုက်ဘူး။ ဒါပေမဲ့ အိမ်ဘေးနားက အင်္ဂလိပ်တစ်ယောက်က ယင်ကောင်တွေ ပျံ တယ်။ အနံ့လည်း မကောင်းဘူး။ အနံ့ဆိုးတော့ ပုလိပ်ဆီကို တိုင်တယ်။ အဲတော့ သောကြာနေ့ညမှာ ပုလိပ်တွေက အိမ်ကိုဝင် ပြီး သွားကြည့်လိုက်တော့ သူ့မိန်းမကော၊ သူ့ကလေးကော အကုန်လုံး အသတ်ခံရတာပါ။ သူ့မိန်းမမှာ ကိုယ်ဝန်ရှိတယ်။”ဟု ဆက်လက် ပြောဆိုသည်။

သေဆုံးသူများသည် REGINA မြို့၊ Oakview Drive အိမ်ဂေဟာတွင် နေထိုင်သူဖြစ်ပြီး အိမ်ရှင်အမျိုးသားမှာ အပြင်မထွက်ခင် ၎င်း၏နေအိမ်တံခါးကို အသေအချာပိတ်ကာ အပြန်ပြန်စစ်ဆေးပြီးမှ သွားလေ့ရှိကြောင်းနှင့် ၎င်းတို့တွင် တစုံတရာကို ကာ ကွယ်ရမည့် စိုးရိမ်စရာ အကြောင်းအရာ ရှိနိုင်ကြောင်း အမည်မဖော်လိုသည့် အိမ်နီးချင်း အမျိုးသမီးက ရဲကို ပြောသည်။

စောအယ်ဒိုဝါးက “ကျနော် သိရသလောက်က သူတို့သွားနေတဲ့မြို့က ကရင်လူမျိုးတွေ မရှိဘူး။ များသောအားဖြင့် နိုင်ငံခြား သားတွေနဲ့ လူမည်းတွေပဲ များတယ်လို့ ကနေဒါက သူငယ်ချင်းတွေက ပြောပြတယ်။ နောက်ပြီး သူတို့က ကျန်တဲ့ကရင်လူမျိုး တွေနဲ့လည်း အဆက်အသွယ် မလုပ်တော့ အလှမ်းဝေးတာပေါ့။”ဟု ဆိုသည်။

ယင်းသို့ဖြစ်ပွားခဲ့မှုအပေါ် မဲဆောက်မြို့ရှိ စောနေကော်မူး၏ ညီအစ်ကို တဝမ်းကွဲတော်သူက “သူတို့မိသားစု ဒီလိုလုပ်ကြံခံရ တယ်ကြားတော့ ကျနော်လည်း စိတ်မကောင်းဖြစ်တာအမှန်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က နိုင်ငံခြားရောက်နေပေမဲ့ ဒီ ဘက်မှာကျန်ခဲ့တဲ့ မိသားစုကို တတ်နိုင်သလောက် ပြန်ပြီး ကူညီတယ်လေ။ ဒီလိုဖြစ်တာ ဆွေမျိုးတစ်ယောက်အနေနဲ့ တကယ် စိတ်မကောင်းဘူး။ ဝမ်းနည်းမိတာအမှန်ပဲ။”ဟု ပြောသည်။

ယခုအချိန်တွင် သေဆုံးသူများ၏ အလောင်းများကို REGINA မြို့မှ ရဲများက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မနက်ဖြန်တွင် ကနေ ဒါရောက် ကရင်လူမှုအသိုင်းအ၀ိုင်းထံ အပ်နှံကာ ၎င်းတို့အတွက် ၀တ်ပြုဆုတောင်းကာ သင်္ဂြိုလ်သွားမည်ဟု သိရသည်။

http://www.kicnews.org/?p=3435

၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ဆီသို့ အရွေ့များ


ဦးဝင်းတင်နဲ့ မေးခွန်းများ
၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ဆီသို့ အရွေ့များ
မိုးမခ
သြဂုတ် ၉ ၊ ၂၀၁၀

ဖြိုးမင်းသိန်းတို့ ပါတီထောင်တာနဲ့ ပတ်သက်ပြီး
၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်မှတ်ပုံတင်ကြမယ် ဆိုပြီး လူငယ်တွေက အရင်တုန်းကတည်းက အများကြီး လာရောက် ဆွေးနွေးဖူးတယ်။ သူတို့နဲ့ ပတ်သက်ပြီး ထင်မြင်ချက်ပေးခဲ့တာတွေကို အခု ပြန်ပြောပြမယ်။
ကျောင်းသားတွေ လူငယ်တွေ ဆိုတာ နိုင်ငံရေးမှာ လှုပ်ရှားတဲ့ အင်အားစုဖြစ်တယ်၊ သူတို့တွေက ပါတီနိုင်ငံရေးလှုပ်ရှားမှု တခုကို ထူထောင်တာ မဟုတ်ဘဲ၊ ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး လူငယ် ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတရပ်ကို ဆောင်ရွက်ကြတယ်လို့ မြင်တယ်။
သို့သော် ပါတီ အဖွဲ့အစည်းတရပ်ကို ထောင်ပြီးတော့ လှုပ်ရှားကြတဲ့နေရာမယ် မင်းတို့ရှေ့က ဖြတ်သန်းသွားခဲ့ဖူးတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေလို ပါတီနိုင်ငံရေးကို ငဲ့ရ၊ ပါတီရပ်တည်ရေးတို့ ပါတီအကျိုးစီးပွားတို့ကို ငဲ့ရနဲ့ လှုပ်ရှား ဆောင်ရွက်လာရတဲ့ အဖြစ်ကို ရောက်လာကြရင် မင်းတို့တတွေဟာ လူငယ်တွေ ကျောင်းသားတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတခု အဖြစ်ကနေ သမားရိုးကျနိုင်ငံရေးပါတီလိုပဲ ဖြစ်သွားမှာပဲ၊ အဲသလို သာမန်နိုင်ငံရေးသမားတဦးပဲ ဖြစ်သွားမှာပဲ လို့ ပြောခဲ့ဖူးတယ်။
သို့သော် မင်းတို့တတွေက နိုင်ငံရေးပါတီကို ထူထောင်ခဲ့သော်လည်း ခေတ်ကို ပြုပြင်တဲ့ မဟုတ်မမှန်တာကို တွန်းဖြိုမယ့် လူငယ်တွေ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုမျိုးကို ဆောင်ရွက်လာနိုင်တယ် ဆိုရင်တော့ တမျိုးတဖုံဖြစ်လာမယ် လို့ ပြောဖူးတယ်။ ဒါပေမယ့်လည်း အဲသည်ပါတီထဲကို ၀င်ရောက်လှုပ်ရှားခဲ့သော်လည်း တနေ့တချိန်ချိန်မှာ အစက ရည်ရွယ်ချက်တွေ မလုပ်နိုင်တော့အောင်၊ အတားအဆီး အပိတ်အပင်တွေ ကြုံတွေ့လာရတဲ့ အချိန်ရောက်လာရင်၊ အခြေအနေကို ရင်ဆိုင်ရတဲ့ ရောက်လာရင်တော့ ပါတီကို ဖျက်သိမ်းပြီးတော့ ထွက်ရတော့မှာပဲ၊ အဲသည်လိုမျိုး လုပ်ရတော့မှာပဲလို့ ငါ ထင်တယ်လို့ ပြောခဲ့ဖူးတယ်။

၂၀၁၀ ရွေးကောက်ပွဲအကြို စည်ကားလာတဲ့ စာနယ်ဇင်းမျက်နှာစာများ အပေါ်
အခုဆိုရင်လည်း စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဂျာနယ်တွေ ထုတ်ခွင့်ရကြတယ်။ စာရေးသားခွင့်တွေလည်း အထိုက်အလျောက် ရကြတယ်။ အဲသည်မှာလည်း ကျနော်က သူတို့ကို ပြောဖူးတယ်။
ခင်ဗျားတို့တတွေကို အခု သူတို့က ခွင့်ပြုထားတာကနေပြီး ပိတ်ပင်တာတွေ၊ တားဆီးတာတွေ လုပ်လာမယ်။ သူတို့မကြိုက်တာတွေကို မလုပ်ရ၊ မပြောရ၊ မရေးရ ဆိုပြီး လွတ်လပ်တဲ့ စာနယ်ဇင်းတွေ အဖြစ်ကနေပြီး သူတို့အလိုကျ သမားရိုးကျ မဂ္ဂဇင်း ဂျာနယ်တစောင်လို၊ သမားရိုးကျ စာရေးသူတဦးအဖြစ်ကို ဆောင်ရွက်လာတဲ့ တနေ့ကျရင် ဒါမျိုးကို အဖြစ်မခံဘဲနဲ့ ဂျာနယ်ကို ကိုယ့်ဖာသာကို ပိတ်လိုက်နိုင်ရဲတဲ့ သတ္တိမျိုး ရှိရလိမ့်မယ် လို့ ပြောဖူးတယ်။

ယခု ဖြိုးမင်းသိန်း ပါတီဥက္ကဋ္ဌရာထူးက နုတ်ထွက်လိုက်ပြီ ဆိုတော့ …
ဒါဟာ နိုင်ငံရေးအရ သူ့အနေနဲ့ ခုနက ပြောခဲ့တဲ့ အခြေအနေကို ရောက်လာတာကြောင့် သတ္တိရှိရှိနဲ့ Model သဘော၊ စံဖြစ်တဲ့ ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်လိုက်တာ ဖြစ်တယ် လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။
မြန်မာပြည်မှာ လက်ရှိနိုင်ငံရေးအခြေအနေ အကြပ်အတည်းတွေ ဆိုးဝါးမှုတွေကို အကောင်းဆုံး ပြသလိုက်တဲ့ ထုတ်ဖော်ပြလိုက်တဲ့ ပြယုဒ်တခု ဖြစ်တယ် လို့ ပြောချင်တယ်။
အဲသည်လိုမျိုး ၂၀၁၀ ရွေးကောက်ပွဲ ရဲ့ အခြေအနေနဲ့ အလားအလာဟာ ဘယ်လောက်တောင်မှ မတရားဖြစ်နေပြီဆိုတာကို ပြသနေပြီ။ ဥပမာ အချို့ပါတီတွေက ပါတီဝင်တွေကို ရွေးကောက်ပွဲဝင်ချင်ရင် အသနားခံစာ တင်ရမယ် စသည်ဖြင့် လုပ်လာတယ်။ ပါတီတွေကို ခွဲခြားပြီး ဖိနှိပ်တာတွေ လုပ်လာနေတယ်။ အဲသည်အခြေအနေမှာ ဖြိုးမင်းသိန်းက ဒါမျိုးကို လက်မခံနိုင်ဘူး ဆိုပြီး နုတ်ထွက်လိုက်တယ်။
သို့သော် အခြားသူတွေကတော့ စစ်အစိုးရရဲ့ တောင်းဆိုချက်တွေကို လက်ခံပြီးတော့ ဆက်ပြီး အသနားခံစာတွေ တင်မယ်လို့ ရွေးချယ်ကြတယ်။ ကိုယ်လုပ်ခဲ့တဲ့ သမိုင်း၊ ကိုယ်ဖြတ်သန်းခဲ့တဲ့ ရပ်တည်ချက်တွေကို ဘယ်လိုနည်းနဲ့မှ ရုတ်သိမ်းစရာ မလိုဘူး၊ အသနားခံစရာတွေလည်း မလိုဘူး။ သူတို့မှာ ဥပဒေရှိရင် ဥပဒေနဲ့ လုပ်စရာရှိတာ လုပ်ပေတော့ပဲ။ ဒါပေမယ့် အချို့ကတော့ စစ်အစိုးရ ဖိနှိပ်တာကို နာခံပြီးတော့ အသနားခံစာတင်မယ်လို့ ရွေးချယ်ကြတယ်။
ဒါဟာ ဖြိုးမင်းသိန်းလို လူငယ် ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဌာန်နဲ့ သာမန်ပါတီနိုင်ငံရေးသမားတွေရဲ့ သမားရိုးကျ နိုင်ငံရေးလှုပ်ရှားမှု ကွဲပြားခြားနားမှုကို ပြလိုက်တာပဲ လို့ မြင်နိုင်တယ်။ ဖြိုးမင်းသိန်းဟာ အဲသည်လိုမျိုး အဖြစ်မခံဘဲ ထွက်လိုက်တယ်လို့ မြင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကစားကွင်းကနေ တဦးချင်း၊ တပါတီချင်း နုတ်ထွက်လာကြမှာလား …
အခု မြင်ရ ကြားရတာကတော့ ဖြိုးမင်းသိန်းက သူတဦးတည်း ဆန္ဒနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မယုံကြည်တော့လို့ ပါတီဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်တယ်။ အဲသည်တော့ ပါတီတရပ်လုံးအနေနဲ့ကလည်း အများစုသဘောနဲ့ ဆွေးနွေးကြ၊ တိုင်ပင်ကြရလိမ့်မယ် ထင်တယ်။ ပါတီအနေနဲ့လက်ရှိ နိုင်ငံရေးအခြေအနေမှာ ဆက်လက်ပြီး လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်ကြမလား။ ဆက်လက် ရပ်တည်ကြမလား။ ဘယ်လိုမျိုး ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ဖြတ်သန်းဖို့ ရင်ဆိုင်မလဲ။ ဘယ်လိုမျိုး အခြေအနေ အကြပ်အတည်း ဖိနှိပ်မှုတွေ ရင်ဆိုင်လာရရင် ပါတီတခုလုံးအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ နုတ်ထွက်ကြမှလား၊ ဖျက်သိမ်းကြမှာလားဆိုတာ ဆွေးနွေးကြ၊ သဘောထားတွေ ပြင်ကြရတော့မှာ ဖြစ်တယ်။
အဲသည်အဖြစ်အပျက်ကို ဥပမာယူပြီးတော့ အခြားနိုင်ငံရေးပါတီတွေကလည်း ဘယ်လိုမျိုး ကြိုတင်တွေးထားကြပြီလဲ။ ရွေးကောက်ပွဲမ၀င်ခင်ကတည်းက ဘယ်လောက်အထိ ဖိနှိပ်ချိုးနှိမ် အရေးယူမှုတွေ၊ ခွဲခြားမှုတွေကို လက်သင့်ခံကြမလဲ။
အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေ ပြောခဲ့ကြတာက လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ % ကို လက်ခံပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ ၀င်လုပ်ကြဖို့ ပါတီတွေ ထောင်ကြတယ် ဆိုတယ်။ အခုဟာက လွှတ်တော်ထဲ ၀င်ဖို့ မပြောနဲ့ဦး၊ ရွေးကောက်ပွဲ ၀င်ဖို့ကိုတောင် စစ်အစိုးရက သူတို့ထောင်ထားတဲ့ပါတီတွေ သူတို့မွေးထားတဲ့ လူတွေဖက်က တဖက်သတ် ရပ်တည်ပြီးတော့ အခြားပါတီတွေကို ဖိနှိပ်လာနေပြီ ဖြစ်တယ်။
အဲသည်အချက်တွေကြောင့်မို့လို့ တဦးတယောက်ချင်းဆီကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို အယုံအကြည်မရှိဘူး ဆိုပြီး နုတ်ထွက်လာကြတာတွေ အပြင် မတရားအလုပ်ခံရတဲ့ နိုင်ငံရေးပါတီတွေကိုယ်တိုင်ကလည်း ၂၀၁၀ ရွေးကောက်ပွဲကနေပြီး ဖိနှိပ်ချုပ်ချယ်မှုတွေကို မခံဘဲ နုတ်ထွက်လာမယ့် ပါတီတွေ ရှိလာနိုင်တယ်။ တချို့ကလည်း ဒါတွေကို ခံပြီး၊ စစ်အစိုးရ အနိုင်ကျင့်မှုတွေကို လက်ခံပြီး ဆက်လက် ရပ်တည်နေကြတာတွေကိုလည်း မြင်ကြရဦးမယ် ဖြစ်တယ် လို့ ပြောချင်တယ်။

၂၀၁၀ ရွေးကောက်ပွဲ ကို အယုံအကြည်မရှိတဲ့ အပြင်သပိတ်၊ အတွင်းသပိတ်တွေ …
အခုအချိန်မှာ အင်န်အယ်ဒီပါတီက ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်လို့၊ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေတွေကို မယုံကြည်လို့ အစကတည်းက ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး၊ မှတ်ပုံမတင်ဘူး။ အစောကတည်းက သပိတ်မှောက်ထားခဲ့ပြီး ဖြစ်တယ်။
သို့သော်လည်း အချို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်။ အဲသည်က လွှတ်တော်ကို တက်မယ်လို့ စဉ်းစားကြတယ်။ အခုအချိန်မှာ စစ်အစိုးရက သူ့စိတ်တိုင်းကျ ရွေးကောက်ပွဲကိုတောင်မှ သူ့စိတ်တိုင်းကျ ထူထောင်ထားတဲ့ စစ်အာဏာရှင်ပါတီကိုပဲ လက်ခံဖို့ လုပ်လာတယ်၊ ခြေလှမ်းတွေ လှမ်းလာပြီ ဖြစ်တယ်။
အဲသည်အခြေအနေကနေပြီးတော့ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ကြမယ် ဆိုတဲ့ နိုင်ငံရေးပါတီတွေကိုယ်တိုင်က လက်သင့်မခံနိုင်တော့တဲ့ အဆုံးမှာ ကစားဝိုင်းအတွင်းကနေ သပိတ်မှောက်ပြီး ထွက်လာကြတာမျိုးတွေကို မြင်ယောင်ကြည့်နိုင်တယ်။
ဒါ့အပြင် စစ်အစိုးရ ခွင့်ပြုထားလို့ ပေါ်ထွန်းလာတဲ့ စာနယ်ဇင်းတွေ စာစောင် မျက်နှာစာတွေမှာလည်းပဲ စစ်အစိုးရ ချုပ်ချယ်တားမြစ်မှုတွေ၊ ဖိနှိပ်မှုတွေကို ခံစားနေကြရပြီ ဖြစ်နေတယ်။ စာပေစိစစ်ရေးက စာမူတွေ သတင်းတွေ အများအပြားကို ကန့်သတ်တယ်၊ ပိတ်ပင်တာတွေ လုပ်နေတယ်။ တချိန်ချိန်မှာ စာနယ်ဇင်းတွေကလည်း စစ်အစိုးရ အလိုကျ၊ လက်ကိုင်တုတ် သမားရိုးကျ စာနယ်ဇင်းအဖြစ်နဲ့ နေမှာလား၊ ဒါကို လက်မခံဘူး ဆိုပြီး သူတို့ရဲ့ ဆန္ဒအမှန်ကို ထုတ်ပြကြရမယ့် အချိန် ရောက်လာမယ်။
ပြည်သူတွေ လူထုမဲဆန္ဒရှင်တွေ အနေနဲ့ အဆုံးအဖြတ် ပေးတော့မယ့် ကာလလည်း ရောက်လာတော့မှာ ဖြစ်ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=6943&Itemid=1

ရွေးကောက်ပွဲနဲ့နီးလေ ပွဲကြမ်းလေလို့ ဆိုရမလား


ရွေးကောက်ပွဲနဲ့နီးလေ ပွဲကြမ်းလေလို့ ဆိုရမလား

ရဲဘော်ဖိုးသံချောင်း / ၀၉ သြဂုတ် ၂၀၁၀


“နည်းနည်းသက်သာတဲ့ မကောင်းဆိုးဝါး” (Lesser Evil) ဆိုတဲ့ အသုံးအနှုန်းတခု မြန်မာပြည်နိုင်ငံရေးမှာ အခုတလော အတော်ပြောလာကြတာကို တွေ့နေရပါတယ်။ ပြည်ပက စထွက်လာတဲ့ အယူအဆ-အသုံးအနှုန်းလို့ မှတ်မိနေပါတယ်။ ဒါဟာ မြန်မာပြည်နိုင်ငံရေးမှာ တွေ့ရတတ်တဲ့ ပြည်ပက ခြေရာလက်ရာတွေထဲက တခုလို့ဆိုရင် ရမလားပဲ။

သူတို့တင်ပြတဲ့ အယူအဆရဲ့ အဓိကဆိုလိုချက်ကတော့ ရွေးကောက်ပွဲဝင်ဖို့၊ လက်ရှိ နအဖကပေးတာကို လက်ခံ သဘောတူလိုက်ဖို့ဆိုတာပါပဲ။ ဒီအယူအဆပေါ်လာတာဟာ ပြည်တွင်းက မဆွတ်ခင်ကညွှတ်ချင်နေတဲ့ ရွေးကောက် ပွဲဝင်လိုသူတွေအဖို့တော့ ‘တိုင်း၍ရက်သည့်ပက္ကလာ မိုးရွာသည်နှင့်အခန့်သင့်’ ဖြစ်သွားပါတယ်။ နအဖအတွက် “ရွှေ ဘုန်းတော်တိုးပါလို့၊ ငွေမိုးတွေရွာ” ဆိုတာမျိုးတွေ ပုံမှန်ရေးနေကြသူတွေအတွက်လည်း အကြောင်းပြစရာ ဆင်ခြေတခု ရသွားတယ်လို့ ဆိုရင် မမှားပါဘူး။ သူတို့အထဲက တချို့ကများဆိုရင် ပြည်တွင်းအခြေအနေတွေကို မသိဘဲ ပြည်ပကနေ လျှောက်ပြောမနေနဲ့ ဆိုတာမျိုးနဲ့ လှမ်းတောင်ဟောက်ပါတယ်။ ပြည်ပမှာနေပြီး ပြည်တွင်းအခြေအနေကို မသိဘူးဆိုတာ ထားပါတော့၊ နအဖအတွက် ရှေ့နေလိုက်နေတာကကော ပြည်တွင်းမှာနေပြီး ပြည်တွင်းအခြေအနေကို သိနားလည်တာလို့ ဆိုနိုင်ပါသလားလို့ မေးလိုက်ဖို့ကောင်းပါတယ်။

ဒီနေ့ နအဖပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရဆိုရင် နောက်တက်လာမယ့်အစိုးရဟာ ဘယ်ပုံ ဖြစ်မယ်ဆိုတာ ဘယ်သူမဆိုစဉ်းစားလို့ရတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ်လို့သာ နောက်အစိုးရဖွဲ့ပြီးတဲ့အခါမှာ တိုင်းပြည်ရဲ့ အဓိပတိနေရာ၊ သမ္မတနေရာမှာ ဗိုလ်သန်းရွှေ၊ ဒါမှမဟုတ် ဗိုလ်ရွှေမန်း ထိုင်နေရင် ဘယ်လိုပြောကြမလဲ။ ဒါဟာ မဖြစ်နိုင် တာကို ပြောနေတာ မဟုတ်ပါဘူး။ အဲဒီအခါကျရင် သမ္မတကြီးဗိုလ်သန်းရွှေ၊ ဗိုလ်ရွှေမန်းတို့ကို “နည်းနည်းသက်သာတဲ့ မကောင်းဆိုးဝါး” လို့ပဲ ပြောမှာလား။ အဲဒီလိုသာဖြစ်လာပြီဆိုရင် ဗိုလ်သန်းရွှေတို့က “ဒီအတိုက်အခံဆိုတဲ့လူတွေဟာ သကာလေးလူးကျွေးလိုက်တော့ စားတာပဲ” လို့ ပြောမှာသေချာပါတယ်။ တကယ်ကျတော့ “နည်းနည်းသက်သာတဲ့ မကောင်းဆိုးဝါး” ဆိုတာဟာ နအဖက အထင်ရောက်စေချင်တဲ့ မီးခိုးမှိုင်းတခုသာဖြစ်ပါတယ်။

ပြန်စဉ်းစားလိုက်ရင် ပြည်တွင်းမှာ ဘယ်သူနဲ့မှ မဆွေးနွေးဘဲ၊ ဘာအပေးအယူမှမလုပ်တဲ့ နအဖဗိုလ်ချုပ်တွေကို ဒီရွေး ကောက်ပွဲကျမှ ဈေးဆစ်လို့ရမယ်၊ အပေးအယူလုပ်လို့ရမယ်လို့ ပြောနေကြတာတွေဟာ ကိုယ့်ကိုယ်ကိုယ်ညာတာ မဟုတ်ရင် သူများကို ညာတာပဲ ဖြစ်မှာပါ။ မမေ့သင့်တာက ဒီရွေးကောက်ပွဲဟာလည်း “သူ့ပွဲ”၊ နအဖရဲ့ပွဲပဲဖြစ်ပါတယ်။ ကိုယ့်ပွဲလို့ ယူဆစရာအကြောင်း ဘာမှမရှိပါဘူး။ အားလုံးဟာ နအဖရဲ့အသေအချာပြင်ဆင်ထားတဲ့ အခင်းအကျင်းထဲကို ၀င်“က”ရတာ ဖြစ်ပါတယ်။ ဒါရိုက်တာ- နအဖ၊ ပရိုဂျူဆာ- နအဖ၊ အဓိကဇာတ်ကောင်- နအဖသာဖြစ်ပါတယ်။ ကျန်တဲ့အင်အားစုတွေက ကံကောင်းပါမှ “ရော့ဆရာ-သော့”ဆိုတဲ့ တပည့်ကျော်အခန်းမျိုးလောက်ပါရမှာပါ။ ဗီလိန်ခန်းတောင် မပါရပါဘူး။ အကြောင်းက ဗီလိန်ကိုလည်း နအဖနဲ့သူလူတွေကပဲ လုပ်ဦးမှာမို့ပါ။

အခုတော့ ရွေးကောက်ပွဲက ဘယ်မှာမှန်းမသိသေးဘူး၊ နအဖရဲ့မတရားမှုတွေ၊ ပုံမမှန်မှုတွေက ဟိုကပေါ်၊ ဒီကပေါ်၊ ပေါ်လာတာမို့ ရေဒီယိုတွေမှာ မကျေမနပ်ပြောသံတွေ မကြာခဏကြားနေရပါတယ်။ အဲဒီအထဲက တဖွဲ့ဖြစ်တဲ့ ဦးခင်မောင် ဆွေတို့ကိုတော့ ကြပ်ပြေးအထိခေါ်ယူပြီး “ကြပ်” လိုက်တာကို တွေ့လိုက်ကြရပါတယ်။ ရွေးကောက်ပွဲဝင်ချင်ရင် ပြန်တင်ဆိုပြီး ထောင်ထဲမှာ စာမေးပွဲဖြေခိုင်းတာမျိုး ထောင်ပြင်မှာ ထပ်ဖြေခိုင်းလိုက်တဲ့သဘောရှိပါတယ်။ အန်ဒီအက်ဖ်ခေါင်းဆောင်တွေ အသနားခံရမယ့်အခြေအနေ ဆိုက်သွားရပါတယ်။ သူတို့တတွေ ဆုပ်စူးစားရူးဖြစ်နေတာ အမှန်ပါပဲ။ ဒါ့အပြင် နအဖက ပေးမယ့် ဒီမိုကရေစီကို နအဖထက်တောင် ယုံကြည် အမွှန်းတင်နေတဲ့ ပါတီတခုဆိုရင်လည်း မြူနီစပယ်ဥပဒေနဲ့ “ကြပ်” တာ ခံနေရတာ တွေ့ရပါတယ်။ စံကျတဲ့ နအဖရဲ့ “စပေ့စ်” လေးတွေလို့ဆိုရင် မမှားပါဘူး။ တချို့လူတွေမတော့ ဒီရွေးကောက်ပွဲအကြောင်းပြုပြီး နအဖစစ်အစိုးရက မီဒီယာတွေကို တစုံတရာ လွတ်လပ်ခွင့်တွေ ပေးလာတယ်လို့ ပြောနေတုန်းမှာပဲ နအဖစစ်အာဏာရှင်စနစ်ကို သဘောတရားတွေနဲ့ ကျားကန်ပေးနေတဲ့ ဂျာနယ် တစောင်အပိတ်ခံရတာ၊ ဆင်ဆာထိခံရတာတွေ တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ရွေးကောက်ပွဲနဲ့နီးလာတာနဲ့အမျှ စံကျတဲ့ စပေ့စ်လေးတွေကို ခပ်စိပ်စိပ် ဆက်တိုက်တွေ့လာနေရတာကို သတိထားမိပါတယ်။

ဒီအဖြစ်အပျက်ကနေ ထောက်ပြနေတဲ့ နောက်အရေးကြီးတဲ့ အချက်တချက်ကတော့ နအဖစစ်အစိုးရဟာ နိုင်ငံရေး လုပ်သူတွေကို လွန်ခဲ့တာတွေ၊ မှတ်တမ်းတွေနဲ့ထိန်းချုပ်တာ၊ အကျပ်ကိုင်တာ စတဲ့ မာဖီးယားဂိုဏ်းအစဉ်အလာနဲ့ ပုလိပ် အကျင့်တွေကို စွဲစွဲမြဲမြဲကျင့်သုံးနေတယ် ဆိုတဲ့အချက်ပါပဲ။ ဒီနေ့ကာလမှာ နိုင်ငံခြားသံရုံးတချို့ဟာ ဒီရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲဝင်မယ့် အဖွဲ့အစည်းတွေကို အတော်စိတ်ဝင်စားနေကြပြီး သူတို့ အတော်လေးခြေသွက်လက်သွက် လှုပ်ရှားနေ ကြတယ်ဆိုတာကို နအဖ မသိတာမဟုတ်ဘူး။ စောင့်မကြည့်ဘဲ နေမှာလည်းမဟုတ်ဘူး။ ဒါပေမယ့် အခုအထိတော့ ဘာမှ မပြော၊ ဘာမှအရေးမယူ၊ ဒီအတိုင်း လွှတ်ထားပါတယ်။ ဒါပေမယ့် တချိန်မှာ သူတို့က “ကိုင်” ချင်ပြီဆိုရင်တော့ “သက်သေ အထောက်အထားတွေ” အများကြီးနဲ့ ဖြစ်နေမှာ သေချာပါတယ်။

အခုလို မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေမျိုးမှာ သဘောတရားအမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ အကြံဉာဏ်အမျိုးမျိုး ပေါ်ထွက်တာဟာ ဘာမှမဆန်းပါဘူး။ တလျှောက်လုံးကုပ်နေခဲ့ပြီး အခုကျမှ သဘောတရားဆရာထလုပ်တာ၊ အမြဲတမ်း နှာစေးနေပြီး ဒီတလောကျမှ ပုရောဟိတ်ထွက်လုပ်တာ၊ စုံနေအောင် တွေ့နေရပါပြီ။ ဒါပေမယ့် လက်တွေ့ကျတော့ ဒီနေ့ ပြည်တွင်းက တရားဝင်မီဒီယာလောကမှာ “ရေးခွင့်ရတယ်” လို့ ဆိုတာမှန်သမျှ၊ “ပြောခွင့်ရတယ်” ဆိုတာမှန်သမျှဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို မဆန့်ကျင်ရဘူးဆိုတဲ့ ဘောင်ထဲကသာ ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ နောက်ပြီး လက်ဝဲလေသံကိုလည်း နည်းနည်းလေးမှ ဟခွင့်မပေးတာကိုလည်း သတိပြုသင့်ပါတယ်။ ဒါဟာ နအဖရဲ့စည်းကမ်းရှိတဲ့ဒီမိုကရေစီပါ။ နအဖအတွက် ရှေ့နေလိုက်ပေးနေကြတာဟာလည်း ဒီလို ဒီမိုကရေစီအတွက် ဖြစ်ပါတယ်။

တကယ်က ဒီနေ့အချိန်ဟာ နအဖရဲ့ဒီမိုကရေစီ ဘယ်လောက်စစ်မှန်တယ်၊ ဘယ်လိုပြုပြင်ယူရမယ်ဆိုတာကို ဆွေး နွေးနေရမယ့်အချိန်မဟုတ်ပါဘူး။ ဒါကိုဆွေးနွေးနေ၊ ဒါကို ပြဿနာလုပ်နေတယ်ဆိုရင် ဒါဟာ လူထုကိုအာရုံလွဲအောင်လုပ် တာ၊ မျက်စိလည်အောင်လုပ်တာဖြစ်တယ်လို့ ပြောရပါတော့မယ်။ အထက်မှာတင်ပြခဲ့တာတွေကိုကြည့်ရင် နအဖဟာ သူကအရေးယူဖိနှိပ်ရမှာနဲ့ပတ်သက်လာရင် နည်းနည်းမှာမျက်စိမလည်၊ အာရုံမပြားဘူးဆိုတာကိုတွေ့ရပါမယ်။ ဒီတော့ ကိုယ့်ဘက်ကမျက်စိလည်တယ်၊ အာရုံပြားတယ်ဆိုရင် ကိုယ်ပဲလက်ဦးမှုမဲ့မှာပါ။ ကနေ့အချိန်ဟာ ပြည်သူတွေဘက်က လက်ဦးမှုပြန်ရအောင် ဆွေးနွေးကြံဆ၊ လုံးပန်းရမယ့်အချိန်မဟုတ်ပါလား။
http://www.khitpyaing.org/index.php?route=detail&id=3396

မင်္ဂလာဈေး မီးလောင်အပြီး ပြည့်တန်ဆာဈေးကွက် ပိုမိုကျယ်ပြန့်လာ


မင်္ဂလာဈေး မီးလောင်အပြီး ပြည့်တန်ဆာဈေးကွက် ပိုမိုကျယ်ပြန့်လာ

အောင်ထက် / ၀၉ သြဂုတ် ၂၀၁၀


ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးကြီး မီးလောင်ခဲ့ပြီးနောက် ယင်းဈေးဝန်းကျင်ရှိ ပြည့်တန်ဆာဈေးကွက် ယခင်ထက် ပိုမိုစည်ကားနေသည်ဟု မင်္ဂလာဈေးသစ် ဆိုင်ခန်းရှင်တို့က ပြောသည်။

မင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေးနှင့် မင်္ဂလာဈေးသစ်တို့ကပ်လျက်တည်ရှိရာ သုံးပွင့်ဆိုင်နေရာတွင် ပျမ်းမျှ ဦးရေ (၂၀၀) ခန့်ရှိ ပြည့်တန်ဆာများသည် ညနေ (၆) နာရီ ဆိုင်ခန်းများ သိမ်းအပြီး ညစဉ် (၈) နာရီခန့်မှ တညလုံး သက်ဝင်လှုပ်ရှားကြသည်ဟု မင်္ဂလာမွန်ဈေး ဆိုင်ခန်းရှင်တဦးက ပြောသည်။

၎င်းက “မင်္ဂလာဈေး မီးလောင်သွားတော့ ဆိုင်ခန်းရှင်တွေဟာ တော်ဝင်ပလာဇာ၊ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ်တွေမှာ ဆိုင်ခန်း ငှားရမ်းဖွင့်ကြရတယ်။ ဆိုင်ခန်းအရွှေ့အပြောင်းတွေနဲ့ နေရာသစ်မှာ အရင်ထက် အရောင်းအ၀ယ် အရမ်းကျတယ်။ ဒီတော့ အကူအရောင်းဝန်ထမ်းတချို့ လျှော့ချကြရတယ်။ အဲလိုနဲ့ အလုပ်လက်မဲ့ဖြစ်သွားကြတဲ့ အကူဝန်ထမ်းတွေဟာ အမြင်နီးစပ်နေတဲ့ ပြည့်တန်ဆာဈေးကွက်ဘက် ဦးတည်သွားပုံရတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် မင်္ဂလာမွန်ဈေး၌ Golden Future KTV ၊ Lucky ကာရာအိုကေ၊ Channel V. J.J Club အပါအ၀င် မာဆတ် (အနှိပ်ခန်း) ၂၀ ကျော်ရှိပြီး ယင်းဈေးနှင့် မျက်နှာချင်းဆိုင် မင်္ဂလာဈေးသစ်တွင် ရွှေမြို့တော် အအေးခန်း တည်းခိုရိပ်သာရှိပြီး ညစဉ် အခန်းပြည့် ဧည့်သည်ရရှိသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူတဦးက “မင်္ဂလာမွန်ဈေးရှေ့အုတ်ခုံ၊ မီးလောင် မင်္ဂလာဈေး နောက်ဘက် ကွက်လပ်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းကြော်ဆိုင်တွေမှာ ပြည့်တန်ဆာတွေ ဟိုနားတစု ဒီနားတစု ရှိနေကြတယ်။ နာမည်ကြီး J.J နိုက်ကလပ်မှာလည်း ပြည့်တန်ဆာ ခေါ်လို့ရတယ်။ မင်္ဂလာဈေး အ၀န်းအ၀ိုင်းဟာ တရားဝင် လိုင်စင်ရထားသလို ရန်ကုန်မြို့ရဲ့ အကြီးဆုံး ပြည့်တန်ဆာဈေးကွက်ကြီး ဖြစ်နေတယ်” ဟု ဆိုသည်။

ပြည့်တန်ဆာ မိန်းကလေးများသည် အသက် (၁၈) နှစ်မှ (၂၅) နှစ် ၀န်းကျင်သာရှိကြပြီး (၄-၅) ယောက်တဖွဲ့ အငှားယာဉ်များဖြင့် ည (၇) နာရီခန့်တွင် တဖွဲဖွဲ ရောက်ရှိလာကြသည်။

ပြည့်တန်ဆာများကို ချုပ်ကိုင်ထားသော ပြည့်တန်ဆာထိန်းများ၊ ဧည့်သည်ချိတ်ဆက်ရှာဖွေပေးသော ပြည့်တန်ဆာပွဲစားများဖြင့် မင်္ဂလာဈေး၏ ညခင်းသည် အညှီအဟောက်များဖြင့် ပြည့်နှက်နေသည်ဟု တာမွေ၊ မအူကုန်းရပ်ကွက် နေထိုင်သူတို့က ဆိုသည်။

ပျော်ပါးခအနေဖြင့် “အပြင်ကဆိုရင် တည (၂၀,၀၀၀ - ၃၀,၀၀၀) ကျပ် ယူတယ်။ အတွင်း ပုံမှန်ကြေးက (၁၀,၀၀၀ - ၁၅,၀၀၀) ကျပ်ပဲ ရှိပါတယ်” ဟု မင်္ဂလာဈေးအနီးနေ လူငယ်တဦးက ပြောသည်။

“အပြင်” ဆိုသည်မှာ မင်္ဂလာဈေး ပြည့်တန်ဆာဈေးကွက် ပြင်ပအဆောင်များ၌ နေထိုင်သူ မိန်းကလေးများဖြစ်ပြီး “အတွင်း” ဆိုသည်မှာ လက်ရှိ မင်္ဂလာဈေးအတွင်း ညစဉ် လာရောက်စီးပွားရှာလေ့ရှိသည့် ပြည့်တန်ဆာများကို ဆိုလိုခြင်းဖြစ်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာ ၀န်းကျင်နှင့် တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်များအတွင်းရှိ မိန်းကလေး အဆောင်များ၌ နယ်မှ တာဝန်ကျ ကျောင်းဆရာမများ၊ တက္ကသိုလ်ကျောင်းသူများ၊ သူနာပြုဆရာမများ၊ မင်္ဂလာဈေး အကူအရောင်းစာရေးတို့ ငှားရမ်းနေထိုင်လေ့ရှိသည်။

ကျောင်းစရိတ်၊ ၀န်ထမ်းလစာ လောက်ငမှု မရှိသော အဆိုပါ အဆောင်နေ မိန်းကလေးအချို့သည် စားဝတ်နေရေးအလို့ငှာ ကြေးစားဘ၀သို့ ရောက်ရှိသွားတတ်ကြသည်ဟု ၎င်းတို့နှင့် ပျော်ပါးဖူးသူ လူငယ်တဦးက ပြောသည်။

ယာဉ်မောင်းတဦးကလည်း “ဧည့်သည်ပါတဲ့ TAXI မင်္ဂလာဈေးဝန်းကျင် ရပ်လိုက်တာနဲ့ လူငယ်တစု ကားဘေး ပြေးကပ်လာတယ်။ ဧည့်သည်ကို ဘယ်လိုဆွဲဆောင်တယ် မှတ်လဲ။ နပ်စ်မလေးတွေ ရမယ်၊ ကျောင်းဆရာမလေးတွေ ရှိတယ်၊ အရောင်းဝန်ထမ်း ငယ်ငယ်လေးတွေ ရမယ်နဲ့ နားရှက်ဖို့ကောင်းတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် စခန်းရဲ၊ ခရိုင်၊ တိုင်းရဲတို့၏ စီမံချက်အဖမ်းအဆီးများရှိသည့် အချိန်ပိုင်းသာ ပြည့်တန်ဆာဈေးကွက် ကစဥ့်ကလျားဖြစ်လေ့ရှိပြီး ၎င်းတို့ ပြန်သွားသည်နှင့် ဈေးကွက် ပြန်စည်ကားမြဲဖြစ်ကာ မင်္ဂလာဈေးပြည့်တန်ဆာဈေးကွက် သက်တမ်းမှာ (၅) နှစ်ကျော်နေပြီဖြစ်ကြောင်း သိရသည်။
http://www.khitpyaing.org/index.php?route=detail&id=3411

မြန်မာ့အရေးနှင့် အမေရိကန် ပြည်ထောင်စု အခန်းကဏ္ဍ


မြန်မာ့အရေးနှင့် အမေရိကန် ပြည်ထောင်စု အခန်းကဏ္ဍ

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ထံ ဒီမိုကရက်နှင့် ရီပတ်ဘလီကင် အထက် လွှတ်တော် အမတ် ၃၂ ဦးက မကြာသေးမီက ပေးပို့ခဲ့သော စာထဲ၌ အမေရိကန် အစိုးရ၏ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒအား ယခုထက်ပို၍ ထိရောက်မှု ရှိစေရေးကို တိုးမြှင့် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ကြသည်။ အမေရိကန် အစိုးရအနေနှင့် မြန်မာနိုင်ငံတွင် “လူ့ဂုဏ်သိက္ခာကို ထိခိုက်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို ထောက်ခံပံ့ပိုးရန်” ကိုလည်း ၎င်းတို့က စာထဲ၌ တောင်းဆိုထား သေးသည်။

မြန်မာ့နိုင်ငံရေးတွင် အပေါင်းလက္ခဏာဆောင်သော ရလဒ်များ ဖြစ်ထွန်းလာရေးကို မျှော်လင့်၍ သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဤမူဝါဒသည် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးနှင့် စစ်အစိုးရအပေါ် ချမှတ်ထားသည့် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများအား ဆက်လက်ထိန်းသိမ်းသွားရေးတို့ကို ပေါင်းစပ်ထားသည့် မူဝါဒဖြစ်သည်။ သို့ရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တရုတ်နှင့် ရုရှနိုင်ငံတို့က စစ်အစိုးရအပေါ် ထောက်ခံမှုရှိနေသဖြင့် အမေရိကန်အစိုးရ၏ မူဝါဒအသစ်သည် စစ်အစိုးရအပေါ် သြဇာသက်ရောက်မှု ရှိနိုင်မည်မဟုတ်။

နိုင်ငံတကာအသိုင်းအ၀န်းက ဖိအားလျော့နည်းနေချိန်တွင် စစ်အစိုးရက တိုင်းပြည်နှင့် အဖိနှိပ်ခံ လူထုကို ရွေးကောက်ပွဲနည်းဖြင့် ဆက်လက် ထိန်းချုပ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် လုံးပမ်းလျှက်ရှိသည်။ လာမည့် ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်သည့် အနေအထားတွင် မရှိ။

အမေရိကန်ပြည်ထောင်စု၌ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် အီရန်စသည့် အာရှနိုင်ငံအတော်များများနှင့် ရေရှည် အမျိုးသားအကျိုးစီးပွား ရှိရုံမျှမက ယင်းနိုင်ငံများနှင့် ဆက်ဆံရန် မဟာဗျူဟာ ဦးတည်ချက်လည်း ရှိသည်။ သို့သော် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအား အကောင်အထည်ဖော်ရာ၌မူ သတိမမူမိသလောက်ပင် နှေးကွေးလွန်းလှသည်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နှင့် ၎င်း၏ လက်ထောက် စကော့ မာစီရယ်တို့သည် မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးသည်။ ၎င်းတို့သည် စစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရန် သွားရောက်ခဲ့သည့် သမ္မတ အိုဘားမား အစိုးရ၏ အဆင့်အမြင့်ဆုံး အရာရှိများဖြစ်ကြသည်။ သို့ရာတွင် ရွေးကောက်ပွဲ မတိုင်မီ ကျန်ရှိနေသော အချိန်ကာလသည် တိုတောင်းလွန်းသဖြင့် ၎င်းတို့၏ မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက်မှုများသည် အရာမထင်ဘဲ ဦးတည်ချက်မဲ့သကဲ့သို့ ဖြစ်နေသည်။

အမေရိကန် ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ခန့်ထားမည်ဟု ဇွန်လ အစောပိုင်းတွင် လူထုရေးရာဌာန လက်ထောက် အတွင်းရေးမှူး ဖိလစ်ပ် ဂျေ ခရော်လေ က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုအထိ ရွေးချယ်ခန့်အပ်ခြင်း မရှိသေးချေ။ အထူးကိုယ်စားလှယ် ခန့်အပ်ရေးသည် အထက်လွှတ်တော်အမတ် တွမ် လန်းတော့စ် က ၂၀၀၈ ခုနှစ်တွင် တင်သွင်းခဲ့သော မြန်မာ့ကျောက်စိမ်း ပိတ်ပင်ရေး ဥပဒေကြမ်း (Tom Lantos Block Burmese JADE Act 2008) ၏ အစိတ်အပိုင်းတခု ဖြစ်သည်။ ယင်းဥပဒေကြမ်းကို သမ္မတ ဘုရှ်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဒီမိုကရက်နှင့် ရီပတ်ဘလီကင် ပါတီနှစ်ရပ်စလုံး၏ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေကို ထောက်ခံခဲ့သူများတွင် ထိုအချိန်က အထက်လွှတ်တော်အမတ်ဖြစ်သော သမ္မတ အိုဘားမားလည်း အပါအ၀င်ပင်။

ဤအတောအတွင်း မြန်မာ့ဒီမိုကရေစီရေး၌ အမေရိကန်အစိုးရ၏ အားနည်းချက်များကို မချင့်မရဲဖြစ်ရကြောင်း အတော်များများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ထိုသို့ ပြောဆိုကြသူများတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ ပေါ်လို ဆာဂျီယို ပီညဲရိုးလည်း အပါအ၀င်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို အဆင့်မြင့် ဦးစားပေးအဖြစ် ချမှတ်ဆောင်ရွက်ရမည်ဟု ပီညဲရိုးက ဇူလိုင်လ ၂၃ ရက်နေ့ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာတွင် ရေးသားခဲ့သည်။ “အမေရိကန်အစိုးရက ဘက်ပေါင်းစုံ ဖိအားမပေးဘဲ စစ်အစိုးရအနေဖြင့် စကားဝိုင်းသို့ လာစရာ အကြောင်းမရှိ” ဟု ပီညဲရိုးက ရေးသားခဲ့သည်။

အမေရိကန်အစိုးရသည် ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များနှင့် လက်တွဲဆောင်ရွက်မည့် အထူးကိုယ်စားလှယ်တဦးကို အမြန်ဆုံး ခန့်အပ်ခြင်းဖြင့် ယင်း၏ မြန်မာပြည် ဒီမိုကရေစီရေးအတွက် စိတ်အားထက်သန်မှုကို ပြရပေလိမ့်မည်။ ထိုကိုယ်စားလှယ်အနေနှင့်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံ ပံ့ပိုးခြင်းဖြင့် လုပ်ငန်းများကို စတင်အကောင်အထည် ဖော်ရပေလိမ့်မည်။ စစ်အစိုးရက မြန်မာနိုင်ငံအတွင်း လူ့ဂုဏ်သိက္ခာကို ထိခိုက်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခြင်း ရှိမရှိ စစ်ဆေးနိုင်ရေးအတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက တင်ပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အထက်လွှတ်တော်အမတ် ၃၂ ဦးက မြန်မာ့အရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် အမေရိကန်အစိုးရအား တိုက်တွန်းခဲ့သည့်အပြင် အောက်လွှတ်တော်အမတ် ၆၀ နီးပါးကလည်း ၂၀၀၉ ခုနှစ် ဇွန်လတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ သမ္မတ အိုဘားမားထံ စာရေးသား ပေးပို့ခဲ့ကြသေးသည်။ ၎င်းတို့စာထဲတွင် သမ္မတအနေဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော လူ့ဂုဏ်သိက္ခာကို ထိခိုက်သည့် ရာဇ၀တ်မှုကိစ္စများနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တင်ပြဆွေးနွေးရန် တိုက်တွန်းထားသည်။

အမေရိကန် အစိုးရအနေနှင့် ဝေါစထရိ ပြုပြင်ပြောင်းလဲရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ (Dodd-Frank Wall Street Reform and Consumer Protection Act) ကို အသုံးပြု၍ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသော US Securities and Exchange Commission (SEC) ထံ မှတ်ပုံတင်ထားသည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္ထုတွင်းကုမ္ပဏီများကို မြန်မာစစ်အစိုးရသို့ ယင်းတို့ ပေးဆောင်ရသည့် ငွေကြေးပမာဏများအား တရားဝင် ထုတ်ပြန်ရန် ဖိအားပေးနိုင်သည်။ အခွန်ဘဏ္ဍာများသည် အစိုးရပိုင် ဘဏ်စာရင်းများသို့ ၀င်ရောက်မှု နည်းပါးလွန်းလှသဖြင့် ထိုဘဏ္ဍာငွေများသည် မြောက်ကိုရီးယားနိုင်ငံက ထောက်ပံ့နေသော နျူကလီးယား စီမံကိန်းအပါအ၀င် တခြားလုပ်ငန်းများသို့ စီးဆင်းသွားဖွယ်ရှိသည်။ ထို့ကြောင့် အမေရိကန်အစိုးရသည် စစ်အစိုးရနှင့် ဆက်စပ် ဆောင်ရွက်နေသော စင်ကာပူနှင့် ဒူဘိုင်း ဘဏ်များကို ပစ်မှတ်ထား၍ ဒဏ်ခတ်အရေးယူမှုများ ပြည့်ပြည့်၀၀ ဆောင်ရွက်သင့်သည်။

ထို့ပြင် စစ်အစိုးရအား နိုင်ငံတကာမှ လက်နက်ခဲယမ်း တင်ပို့ရောင်းချနေမှု ရပ်တန့်ရေးအတွက်လည်း အမေရိကန် အစိုးရက ဆောင်ရွက်သင့်သည်။

အမေရိကန်အစိုးရသည် မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နေခြင်းကို ထုတ်ဖော်ပြသရမည် ဖြစ်သည်။ သို့မှသာ အမေရိကန် အစိုးရအနေနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့တွင် တစိုက်မတ်မတ် အလေးအနက်ရှိသည်ဟု မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ဒေသတွင်းမှ မိတ်ဆွေများနှင့် မြန်မာပြည်သူလူထုက ယုံကြည်ပေလိမ့်မည်။

US Must Show Strong Leadership in Burma Policy ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။
http://www.irrawaddy.org/bur/index.php/editorial/2008-10-06-11-24-23/3807-2010-08-09-10-42-48

“စစ်ဘောင်ချဲ့နေချိန် စာပေ ဘောင်ကျဉ်းတယ်”


“စစ်ဘောင်ချဲ့နေချိန် စာပေ ဘောင်ကျဉ်းတယ်”

စာရေးဆရာ သန်းဝင်းလှိုင် ရေးသားသည့် “ရုပ်တုမှ ပြောသော သမိုင်း ပုဂ္ဂိုလ်ထူးများ” စာအုပ်ကို ၁၉၉၇ ခုနှစ်တွင် မြန်မာပြည်သား စာပေမှ တရားဝင် ထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ် ဒုတိယအကြိမ် ထုတ်ဝေရန် မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဋ္ဌာနသို့ တင်ထားစဉ် ၂ နှစ်ခန့်အကြာ၌ ပတ္တမြားငမောက်စာပေက အစိုးရမသိဘဲ ဧဝရက်ပုံနှိပ်တိုက်တွင် ရိုက်နှိပ် ဖြန့်ချိလိုက်ပြီးနောက် ၂၀၀၀ ပြည့်နှစ် မေလတွင် စာရေးဆရာကို ဖမ်းဆီးပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ထောင်က လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်း ရေးသားသော စာအုပ်တချို့ကို စစ်အစိုးရက ထုတ်ဝေခွင့် မပေးခဲ့ပေ။ စာရေးဆရာ သန်းဝင်းလှိုင်သည် ဇူလိုင်လအတွင်းက ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့သို့ ထွက်ခွာလာခဲ့သူဖြစ်ပြီး ၎င်း၏ စာပေ ဖြတ်သန်းမှုနှင့်ပတ်သက်၍ ဧရာဝတီသတင်းထောက် ကိုထွေးက မေးမြန်းထားပါသည်။

than-win-hlaing

စာရေးဆရာ သန်းဝင်းလှိုင် (ဓာတ်ပုံ - ခေတ်ပြိုင်)

မေး။ ။ ဆရာ့ကို ဘာကြောင့် ဖမ်းဆီး ထောင်ချခဲ့တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အဲဒီတုန်းက စာပေစိစစ်ရေးက ပြည်ထဲရေးအောက်မှာ ရှိတယ်။ ဗိုလ်မှူးကြီးတင်လှိုင်က ဝန်ကြီးပေါ့။ သူကနေပြီးစာအုပ်ကို ဈေးကွက်ထဲမှာ ကြော်ငြာတွေ့လို့ဆိုပြီး တောင်းလိုက်တယ်။ ဒီစာအုပ်ခိုးရိုက်ထားမှန်း သိလျက်နဲ့ ခိုးရိုက်တဲ့လူကိုတော့ မဖမ်းဘဲနဲ့ ပုံနှိပ်ဥပဒေ ၂၀ နဲ့ ကျနော့်ကို ဖမ်းပြီး ထောင် ၇ နှစ်ချလိုက်တယ်။ ကျနော်က ၂၀၀၀ ပြည့်နှစ် မေလ ကနေပြီးတော့ ထောင်ကျ သွားတာ ၂၀၀၇ ဇန်နဝါရီလ ၃ ရက်နေ့အထိပေါ့။ စုစုပေါင်း ၆ နှစ်နဲ့ ၈ လ ထောင်ထဲမှာ နေခဲ့ရတယ်။ အင်းစိန်မှာ ၁ နှစ်၊ သာယာဝတီမှာ ၅ နှစ်နဲ့ ၈ လ နေရတယ်။ ၂၃၈၇ ရက်တိတိ အဲဒီမှာ အကျဉ်းကျခဲ့တာပေါ့။

မေး။ ။ ဘာဖြစ်လို့ ထိုင်းနိုင်ငံဘက်ကို ထွက်လာတာပါလဲ။

ဖြေ။ ။ ဘာဖြစ်လို့ထွက်လာသလဲ ဆိုတော့ ကျနော့် စာအုပ်တွေလည်း အကုန်လုံး စာစီခွင့်မရဘူး။ စာအုပ်တွေလည်း အပိတ်ခံ ခဲ့ရတယ်။ စာအုပ်ကတော့ ၁၅ အုပ်လောက်တော့ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေရယ်၊ ဦးနုနဲ့ ပတ်သက်တာတွေရယ်၊ နောက်ပြီးတော့ ဒေါက်တာဘမော်နဲ့ ပတ်သက်တာတွေ၊ အဲဒါတွေ အပိတ်ခံခဲ့ရတယ်။ နောက်ပြီး စာရေးခွင့်လည်း မရဘူး။ ပြီးတော့ ကျနော် DVB တို့၊ RFA၊ BBC၊ VOA အဲဒီ မီဒီယာတွေနဲ့ ဆက်သွယ်တယ်။ အမှန်သတင်းတွေကို ပေးတယ်။ အဲဒီတော့ အစိုးရ အကြည်အညို ပျက်အောင်လုပ်တယ်၊ စာပေစိစစ်ရေးရဲ့မူကို ထိပါးတယ်၊ ပြည်ပ မီဒီယာတွေနဲ့ အင်တာဗျူးတွေလုပ်တယ်၊ သတင်းတွေပေးတယ် ဆိုပြီးတော့ ကျနော့်ကို ပြန်ဖမ်းဖို့အစီစဉ် လုပ်နေတယ်ဆိုတာ ခိုင်ခိုင်လုံလုံ ကြားရတော့ ကျနော့်မိတ်ဆွေတွေက အသိပေးတယ်။ ခြိမ်းခြောက်လာတဲ့ သဘောမျိုးလုပ်တော့ ထွက်လာတာ။

မေး။ ။ ဆရာ့အနေနဲ့ ဘာကြောင့် ဒီလိုစာရေးခွင့်မရတာ၊ စာအုပ်ထုတ်ဝေခွင့် မရတော့တာလို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့က ဒီမိုကရေစီ လိုလားတယ်၊ တနည်းတဖုံ စာပေနဲ့ တိုက်ပွဲ ဝင်နေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့ ရပါတယ်။ အဲဒါလည်း တကြောင်း။ နောက်တခုက နိုင်ငံခြား သတင်းဌာနတွေနဲ့ ဆက်သွယ်တယ်။ ပြည်ပသတင်းဋ္ဌာနပေါ့။ အဲဒါသူတို့က အစီအစဉ်ရှိတယ်။ ဒီပြည်ပ သတင်းဌာနတွေနဲ့ ဆက်သွယ်တဲ့ လူတွေကို စာရင်းကောက် ပြီးတော့ အဲဒီလူတွေကို အမျိုးမျိုး အနှောက်အယှက်ပေးဖို့။ ဝန်ကြီးဌာနရဲ့ အဆင့်ဆင့် ညွှန်ကြားချက်အရ သူတို့က လုပ်နေတာပဲ။ ဘာဖြစ်လို့ လုပ်လဲဆိုတော့ ကျနော်တို့လို အမှန်တရားကို သမိုင်းအချက်အလက်တွေနဲ့ ဖော်ထုတ်တဲ့ ဆရာရေးဆရာတွေကို ဒီတိုင်းပြည်မှာ သူတို့က ယှဉ်ပြိုင်အစိုးရလို သဘော ထားတယ်။ သူတို့ အကြောင်းတွေကို ရေးတဲ့လူ၊ သူတို့ကောင်းကြောင်း ရေးတဲ့လူတွေ၊ သူတို့ဘုန်းတော်ဘွဲ့ကို ချီးကျူးတဲ့လူတွေကို အခွင့်အရေးတွေ ပေးတယ်။ နောက်ပြီးတော့ ဂျာနယ်အမျိုးမျိုး မဂ္ဂဇင်းတွေ အမျိုးမျိုး ထုတ်ဝေခွင့်ရတယ်။ အခွင့်အရေး အမျိုးမျိုးရတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း အမျိုးမျိုးအနှောက်အယှက် ပေးတယ်။ ထောင်ချတာတွေလည်း ချတယ်။ အမျိုးမျိုးပေါ့။ အဟန့်အတား အနှောက်အယှက်တွေနဲ့ ခြိမ်းခြောက်တယ်ပေါ့နော်။ နောက်တခါ ဒီနိုင်ငံရေး တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ လူတွေလည်း မွန်းကျပ်တဲ့ အနေအထားမှာ ရှိတယ်။

ကျနော်တို့လို NLD ပါတီဝင်လည်းဖြစ်တဲ့၊ နောက် ဒီမိုကရေစီ ဘက်ကို ပြတ်ပြတ်သားသားရပ်တဲ့ စာရေးဆရာတွေကို မလိုလားတော့ဘူးပေါ့။

မေး။ ။ ဒီနေ့မြန်မာနိုင်ငံ စာပေလောက အခြေအနေကို ဆရာ ဘယ်လို သုံးသပ် ချင်ပါသလဲ။

ဖြေ။ ။ စာပေဖွံ့ဖြိုးမှ တိုင်းပြည်ဖွံ့ဖြိုးမယ်၊ စာပေ ဆုတ်ယုတ်ရင် တိုင်းပြည် ဆုတ်ယုတ်မယ်လို့ ကျနော်ကတော့ ခံယူတယ်။ ဒါ ကျနော်ပြောတဲ့ စကားလည်းမဟုတ်ပါဘူး။ ဂျာမန် အတွေးအခေါ်ပညာရှင် တယောက် ပြောတဲ့စကားပါပဲ။ ကျနော်တို့ တိုင်းပြည် အုပ်ချုပ်သူတွေက အမှန်တရားကို ဖော်ထုတ်မယ့် လူတွေကို ကြောက်ကိုကြောက်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူက လုပ်သမျှ အားလုံးက တခုမှ မှန်တာ မဟုတ်ဘူးလေ။ အမျိုးမျိုး လိမ်မယ်၊ ညာမယ်၊ အမျိုးမျိုးဝါဒဖြန့်မယ်။ သူတို့က သူတို့ တည်မြဲရေးကိုပဲ လုပ်တယ်။ သူတို့မှာ ရည်ရွယ်ချက် သုံးရပ်ပဲရှိတယ်။ စစ်အာဏာ တည်မြဲရေးရယ်၊ သူတို့ရပ်တည်ရေးရယ်၊ သူတို့ကို ထောက်ခံမယ့်လူတွေလောက်ကလွဲလို့ ကျန်တဲ့လူအကုန်လုံး သူတို့ကရန်သူ ဆိုပြီ သဘောထားတဲ့ … အဲဒီ သုံးရပ်ပဲ ရှိတယ်။ အဲဒီတော့ ကျနော်က ဘယ်လိုမြင်လဲဆိုတော့ သူတို့ စစ်ဘောင်တွေကို ချဲ့နေတဲ့ အချိန်မှာ ကျနော်တို့ စာပေဘောင်တွေက ကျဉ်းနေတယ်လို့ပဲ မြင်တယ်။

မေး။ ။ စာပေစိစစ်ရေးနဲ့ ပတ်သက်လို့ကော ဘယ်လို ထင်ပါသလဲ။

ဖြေ။ ။ သူတို့ကတော့ စစ်အမြင်၊ စစ် ရပ်တည်ရေး၊ စစ်အာဏာ တည်မြဲရေးအတွက် လုပ်နေတဲ့အတွက် စာပေစိစစ်ရေး ဆိုတာလည်း သူတို့အတွက် နှိပ်ကွပ်ဖို့အတွက် လို့ပဲ သဘောထားတယ်။ ဒါကြောင့် မို့လို့လည်း အရပ်ထဲမှာ စာပေ ကင်ပေတိုင် လို့တောင်ပြောနေကြတယ်။ သိပ်တော့မဆန်းဘူးပေါ့။ အဲဒီတော့ ထွက်သမျှ စာအုပ်တွေအားလုံး ထိန်းချုပ်ထားတယ်။ အဲဒါတွေက ပြည်သူလူထုကို တစုံတခု ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အသိဉာဏ်တွေပေးမယ် ဟုတ်လား။ အမှန်တရားကို သိရှိသွားမယ်ဆို အဲဒါကို သူတို့က မလိုလားဘူး။ သူတို့ရေးတာကိုပဲ ဖတ်၊ သူတို့ရေးပြတာကိုပဲ နားထောင်။ အဲဒီလိုပဲ သူတို့က လုပ်စေချင်တယ်။

သူတို့က ချပေးထားတဲ့ တို့တာဝန်အရေးသုံးပါး လို့သာဆိုတာ ကျန်တဲ့ဒီမိုကရေစီ အင်အားစုတွေ ဘာတွေ အလို ရှိတာမဟုတ်ဘူး။ ဒီမိုကရေစီ အစစ်ကိုလည်း သူတို့တည်ဆောက်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့က အသံကောင်းတော့ ဟစ်နေတယ်။ သူတို့ သွားမှာ အတုအယောင် ဒီမိုကရေစီပဲ။ ဟိုကတည်းက သူတို့ပြောပြီးသား၊ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတာ သူတို့စစ်ဘောင်က ချထားတဲ့ ပုံစံခွက်ထဲမှာပဲနေဖို့ပဲ။ ကျနော်တို့က ထောင်ကျတဲ့သူက ဟိုမှာ အကျဉ်းကျတယ်၊ ဒုက္ခရောက်တယ်။ ကျနော်တို့ အပြင်မှာ နေရတာလည်း ထောင်တံတိုင်းကြီးမခတ်ထားတာ တခုပဲ။ သူတို့နဲ့က စားဝတ်နေရေး၊ လူမှုရေး၊ ပညာသင်ကြားရေး ကအစ လူလို လုပ်ကိုင်စားသောက်လို့ ရတာဟုတ်ဘူး။ အနှောင့်အယှက်တွေ၊ သူတို့ရဲ့ လက်ကိုင်တုတ်တွေ လို့ ပြောချင်တယ်။

အဓိကကတော့ သူတို့ စာပေနဲ့ စာနယ်ဇင်းသမားတွေကို အကြောက်ဆုံးပဲ။ အဲဒီ စာနယ်ဇင်း သမားတွေထဲမှာ အမှန်တရားကို လုပ်တဲ့ ဟာမျိုးတွေကို သူတို့ကြောက်တယ်။ အဲဒီတော့ ကျနော်တို့က ဘယ်လိုမှ မလွတ်လပ်ဘူး။ လောင်းရိပ်မိ နေသလိုပဲပေါ့။ အခက်အခဲနဲ့ ရုန်းကန်နေကြတာပါပဲ။

မေး။ ။ စာပေစိစစ်ရေးက ဆရာ့စာအုပ်တွေကို တအုပ်လုံး မပယ်ဘဲ စာမျက်နှာလိုက် ဖြတ်တောက်တာမျိုး ရှိခဲ့လား။

ဖြေ။ ။ ရှိတယ်။ ဥပမာ ဂဠုန် ဦးစော။ ဂဠုန်ဦးစော နောက်ဆုံးနေ့မှာ ဆိုရင် ဦးစောပြောတဲ့ ဟာတွေကို ဖြုတ်တယ်။ လက်နက် ကိုင်ထားတဲ့ ပါတီသာလျင် အာဏာရမယ် ဆိုတဲ့ အပိုဒ်ပေါ့။ အဲဒါကို ဖြုတ်ခိုင်းတယ်။ နောက်တခါ ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်တာ အနော်ရထာ၊ ဒုတိယနိုင်ငံတော်ကို တည်ထောင်တာ ဘုရင့်နောင်၊ တတိယနိုင်ငံတော်ကို အလောင်းမင်းတရား၊ စတုတ္ထနိုင်ငံတော်ကို တည်ထောင်တာ ဗိုလ်ချုပ်အောင်ဆန်းလို့ရေးတော့၊ စတုတ္ထနိုင်ငံတော်ကို တည်ထောင်တာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဘူးတဲ့။ အဲဒါဆို ဘယ်သူလဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတဲ့၊ သူက ဒီမိုကရေစီအရေးကို လုပ်နေတာတဲ့၊ သူ့ကိုပဲရေး တဲ့။ အဲဒီလိုပြော လွှတ်လိုက်တယ်။ ဒါ ကျနော် မှတ်မှတ်ရရပေါ့နော်။

မေး။ ။ အခုခေတ် လူငယ်တွေကိုကော ဆရာ ဘယ်လိုမြင်ပါသလဲ။ စာအုပ် စာပေနဲ့ ပတ်သက်လို့ပေါ့။ စာဖတ်ချင်စိတ်ကော ရှိတယ်လို့ ထင်ပါသလား။

ဖြေ။ ။ လူငယ်တွေကတော့ စာဖတ်ချင်တဲ့ စိတ် ရှိကြပါတယ်။ လူငယ်ပီပီပေါ့၊ တက်တက်ကြွကြွ လှုပ်ရှားချင်တယ်။ လူငယ်တွေ အတွက် စာဖတ်ဖို့ဆိုရင် လက်ရှိ အခြေအနေအရ စာကြည့်တိုက်ပဲ ဆိုပါစို့။ စာကြည့်တိုက် ဆိုတာက ပြန်ကြားရေးက၊ သူတို့ ကြံ့ခိုင်ရေးက ဖွင့်ထားတဲ့ စာကြည့်တိုက်တွေပါပဲ။ ပြည်သူရဲ့ရန်ပုံငွေတွေနဲ့ ဖွင့်တာ။ ဒါပေမယ့် သူတို့အသင်းဝင်မှ ဒီစာအုပ်တွေ ငှားခွင့်ရှိတယ်။ သွားဖတ်ခွင့်ရှိတယ်။ ကျန်တဲ့ သာမန်လူ တယောက်က စာကြည့်တိုက်တွေမှာ ဘာမှ ဖတ်ခွင့်မရှိဘူး။ ကူးယူခွင့် မရှိဘူး။ ဥပမာဆို အမျိုးသား စာကြည့်တိုက် ဆိုရင် အခုထက်ထိ ထည်ထည်ဝါဝါ မတည်ဆောက်နိုင်သေးဘူး။ ပြီးတော့ စာအုပ်တအုပ်ကို ကျနော်တို့က လွတ်လွတ်လပ်လပ် မရဘူး။

ဥပမာ ကျနော်က ဗိုလ်အောင်ကျော်နဲ့ ပတ်သက်ပြီးရေးမယ် ဆိုပြီးတော့ ကျနော်သွားတော့ အဲဒါ တိုးတက်ရေး မဂ္ဂဇင်း ၁၉၃၅ က၊ အဲဒါ ငှားလို့မရဘူးတဲ့။ ဗိုလ်အောင်ကျော် အကြောင်းလည်း ရေးလို့မရဘူးတဲ့။ ကျနော်တို့ကို ကန့်သတ်ထားတယ်တဲ့။ ဟ၊ ဘယ်သူကပြောလဲဆိုတော့ ဝန်ကြီးတဲ့၊ ဝန်ကြီးက ဒီလိုပဲ ရေးခွင့်မရှိဘူးလို့ ပြောတယ်။ အဲဒီအကြောင်းအရာက ၁၉၃၅ ကနေ ကျနော်တို့ လွတ်လပ်ရေးမရခင် ကတည်းက အကြောင်း အရာတွေ၊ အင်္ဂလိပ်ကို တော်လှန်သွားတဲ့လူ။ ကျနော်တို့ လွတ်လပ်ရေး ရတာ ၆၂ နှစ်ရှိပြီ။ ဘာလို့ လွတ်လွတ်လပ်လပ် မပေးတာလဲ။ အဲဒါတွေ လာမပြောနဲ့ ကျနော်တို့ ဘာမှ မသိဘူး။ ခင်ဗျား ဆက်ပြောရင် ဝတ္တရားနှောင့်ယှက်မှုနဲ့ သက်ဆိုင်ရာကို တိုင်ရမှာပဲဆိုပြီးတော့ ဘာမှ ကူးလို့မရဘူး။

သတင်းစာဟောင်းတွေ၊ ဂျာနယ်အဟောင်းတွေဆိုလည်း သူတို့က အကုန်လုံး သော့ခတ်ထားတယ်။ ဘယ်သူမှ ဝင်လို့မရဘူး။ အဲဒီဝန်ထမ်းကလည်း ထုတ်မပေးရဲဘူး။ အဲဒါလျှို့ဝှက်ချက်တဲ့၊ နိုင်ငံတော်လျှို့ဝှက်ချက်ကို တိတိကျကျ လိုက်နာပါလို့ဆိုတယ်တဲ့။ စာကြည့်တိုက်ဆိုတာက အများပြည်သူ ဗဟုသုတရအောင် ဖွင့်ထားတဲ့ဟာ မဟုတ်ဘူးလား။ ကျနော်တို့က ကိုလိုနီခေတ် လောက်တုန်းကတောင် လွတ်လွတ်လပ်လပ် ပညာရှာခွင့်တို့၊ ရေးသားခွင့်တို့ မိမိရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်တို့ ဘာမှ မရှိဘူး။

သူတို့က သမိုင်းကို အမှောင်ချထားချင်တယ်၊ မြန်မာနိုင်ငံကို ထုံးသုတ်နေတယ်။ အချက်အလက်တွေ အာလုံးကို ဖျောက်ဖျက် နေတယ်။ သူတို့ အကျိုးအတွက်သာ သူတို့က အဲဒီလူတစု ကိုသာ ရေးခွင့် သားခွင့် လေ့လာဖတ်ရှုခွင့်ပေးတာ။ နောက်တခုက ပြည်ထောင်စု ရိပ်သာလမ်း၊ ဟဲလ်ပင်လမ်းလို့ခေါ်တယ်။ အဲဒီမှာလည်း အမျိုးသားမော်ကွန်းတိုက် ဆိုတာရှိတယ်။ ကျနော်တို့ သွားဖတ်လို့မရဘူး။ ဝန်ကြီးဋ္ဌာနစာပါလား၊ ခွင့်ပြုချက်ပါလား၊ ပါမှရမယ်။ အဲဒီမှာ ထိုင်ဖတ်လို့လည်း မရဘူး။ ကူးယူခွင့်ဆိုတာ ဝေလာဝေးပဲ။ အဲဒီလိုမျိုး ဘာလို့လုပ်ထားလဲဆိုတော့ သူတို့က အမှန်တရားကို လူထုသိမှာ သိပ်ကြောက်တယ်။ အမှန်တရားသိရင် သူတို့ညာနေတာတွေ၊ ဝါဒဖြန့်နေတာတွေ လူထုက သဘောပေါက်လာရင် သူတို့ကို မထောက်ခံမှာ စိုးတယ်။ အဲဒါပါပဲ။

မေး။ ။ ထိုင်းနိုင်ငံကို ရောက်လာပြီး နောက်ပိုင်းမှာ ဆရာ ဘာတွေဆက်လုပ်ဖို့ ရှိလဲ။ ပြည်တွင်းမှာ ရေးခွင့် မရခဲ့တဲ့ စာတွေ ရေးမလား။

ဖြေ။ ။ အမှန်တရားနဲ့ ကိုက်ညီတဲ့ လူထုရဲ့လိုအပ်ချက် ကလေးကို ကျနော်အနေနဲ့ တထောင့် တနေရာကနေပြီးတော့ ပါဝင်ဆောင်ရွက်ချင်တယ်။ နောက် ဒီမိုကရေစီ ရရှိရေးအတွက် ကျနော့်အနေနဲ့ ဒီမှာ ရှိတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ချင်တယ်။ ဟိုမှာ ကျနော်တို့ ရေးခွင့်မရတဲ့ စာအုပ်တွေကို ဒီလွတ်မြောက်သော နယ်မြေမှာ ပြန်ထုတ်ချင်တယ်။ အဲဒီလို ရေးသားချင်တဲ့ ရည်ရွယ်ချက်နဲ့ တိမ်းရှောင်ခဲ့တဲ့ သဘောပါပဲ။

အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့လို နိုင်ငံ့ခေါင်းဆောင် ကြီးတွေပေါ့နော်။ နိုင်ငံရဲ့လွတ်လပ်ရေး ကျိုးပမ်းမှု၊ ဒီမိုကရေစီကို ရှေ့ရှုတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း။ နောက်တခုက တပ်မတော်ခေါင်းဆောင် ဆိုပေမယ့် သူတို့မလိုတဲ့ ခေါင်းဆောင်ဆိုရင် သူတို့က ရေးခွင့်မရတော့ဘူး။ ဥပမာ - ရဲဘော်သုံးကျိပ်ဆို မလိုချင်ဘူး။ ရဲဘော်သုံးကျိပ် နာမည် ပါရင်ကို မကြိုက်တော့ဘူး။ သခင်ကိုယ်တော်မှိုင်း ဆိုလည်း မလိုချင်ဘူး။ အဲဒီလိုတွေ ဖြစ်နေတာပေါ့နော်။ ကျနော်တို့ကတော့ သခင်ကိုယ်တော်မှိုင်း ဆိုတာ အမျိုးသား စာပေခေါင်းဆောင်ပဲလေ။ ဦးဆောင်မှုပြုသွားတဲ့ ဆရာကြီးပဲ။ နောက်တခါ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဆိုလည်း ဒီလိုပဲ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို လူငယ်တွေသိရင် ဒေါ်အောင်ဆန်းစုကြည်ကို ကရုဏာ သက်မယ်။ အဲဒီလို ယူဆပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းလည်းမလိုချင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း မလိုချင်ဘူး။

အဲဒီတော့ အဲဒီဟာတွေကို ကျနော်က ဒီမှာထုတ်ဖို့ ရည်ရွယ်တယ်။ ကျနော်ရေးပြီးတဲ့ ဟာတွေလည်း ယူလာတယ်။ အားလုံး ၈ အုပ်လောက်တော့ ရှိတယ်။ ကျနော် မထွက်ရသေးတဲ့ နှစ် ၃၀၀ နိုင်ငံရေးအဘိဓာန်၊ နိုင်ငံရေးနဲ့ပတ်သက်တာ၊ အဲဒီစာအုပ် အခု ကျနော်ယူလာတယ်။

မေး။ ။ အဲဒီစာအုပ်က ပြည်တွင်းမှာ ထုတ်ခွင့် မရဘူးလား။

ဖြေ။ ။ မရဘူး။ အဲဒါ စာပေစိစစ်ရေး တင်ထားတာ ၂ နှစ်ရှိပြီ၊ ထုတ်ခွင့်မပေးဘူး။ သမိုင်းဋ္ဌာနကလည်း စစ်ပြီးပြီ။ သမိုင်းဋ္ဌာနက အချက်အလက်မှန်ကန်တယ်ဆိုပြီး ကန့်ကွက်ရန် မရှိဘူးပေါ့နော်။ ဒါပေမယ့် သမိုင်းဋ္ဌာနသည် ပြည်ထဲရေးဝန်ကြီးဋ္ဌာန မဟုတ်ပါတဲ့။ ရဲစခန်းလည်း မဟုတ်ဘူးတဲ့။ တိုင်းပြည် ဘာဖြစ်နေသလဲ ဆိုတာ သူမသိဘူးပေါ့နော်။ ဒီစာအုပ် ထုတ်ဖို့ရာ။ အဲဒီတော့ ကိုယ်ဖာသာကိုယ် ဆုံးဖြတ်ဆိုတော့ သူတို့ကို ပြန်လွှဲပေးလိုက်တယ်။ အဲဒီ စာနဲ့ပဲ သူတို့က ထုတ်ခွင့် မပေးတော့ဘူး။ နိုင်ငံရေး ရာသီဥတုအခြေအနေ သိပ်မကောင်းသေးလို့ပါ ဆိုလား ဘာလား၊ ညာလား ပြောပြီး ခဏစောင့်ပါဦးဆိုလို့ အဲဒီခဏ စောင့်လိုက်တာ ၂ နှစ်ပြည့်သွားတယ်။

မေး။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆရာ့အမြင် သိချင်ပါတယ်။

ဖြေ။ ။ ၁၉၉၀ မေလမှာ ကျနော်ကိုယ်တိုင် သင်္ကန်းကျွန်း မဲဆန္ဒနယ် ၂ ကနေပြီးတော့ အမျိုးသားပြန်လည် တည်ဆောက်ရေး ဒီမိုကရေစီ တပ်ပေါင်းစုကို ကိုယ်စားပြုပြီး ဝင်အရွေးခံခဲ့တာပဲဗျ။ အဲဒီတော့ ပြည်သူလူထုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တခဲနက် ပေးတာ။ အဲဒီဥစ္စာကိုတောင်မှ အာဏာလွှဲပြောင်း တာမှ မဟုတ်ဘဲ။ ကျနော်တို့က တခါပဲ အညာခံမယ်လေ။ နောက်တနည်း၊ ရွေးကောက်ပွဲ မှတ်ပုံတင်ဥပဒေကို ကြည့်ရင်လည်း ဖာတလုံးထဲကို ဆင်ပြောင်ကြီး ဝင်ခိုင်းသလိုပဲ၊ အင်မတန် ကျဉ်းကျပ်တယ်။ အဲဒီတော့ အခုဝင်မယ့်သူတွေကတော့ ဘယ်လိုစိတ်ကူးတွေရှိတယ် ဆိုတာကတော့ မသိဘူးပေါ့။ ကျနော်တို့ကတော့ လုံးဝ ယုံကြည်မှုမရှိဘူး။ သူတို့နဲ့ ထိုက်တန်တဲ့ စကားတလုံးပဲ ရှိတယ်။ အဲဒါဘာလဲဆိုတော့ ဆိတ်ခေါင်း ချိတ်ပြီး ခွေးသားရောင်းတဲ့အတွက် ဒီဟာကိုတော့ လုံးဝမစားသင့်ဘူးလို့ ကျနော်ကတော့ပြောချင်တယ်။ အဲဒီတော့ စားမယ့်သူကတော့ ခွေးသားကြိုက်လို့ပဲလို့ ကျနော်ကတော့ အဲဒီလိုသဘောထားတယ်။
http://www.irrawaddy.org/bur/index.php/interview/4-interview/3809-2010-08-09-12-06-29

22 nd Statement of 8888 ( BSDO - Canada )တိုရွန်တို့ မြို့၂၂ ကြိမ်မြောက် ရှစ်လေးလုံး အခမ်းအနား ကျင်းပ


ကနေဒါနိုင် ငံ ( တိုရွန်တို့  မြို့ နှင့် ဗန်ကူးဗား မြီု့  ) များမှာ လည်း ၂၂ ကြိမ်မြောက် ရှစ်လေးလုံး အခမ်းအနား
ကို ကျင်းပကြကြောင်း သိရပါတယ် ၊

တိုရွန်တို မြို့ မှာတော့  စနေနေ့  ( ၇.၈.၈၈ ) နံက် ၁၁ နာရီခန့် မှာ Burmese Python ခန်းမ မှာ ကျင်းပ
ခဲ့ ကြတာဖြစ်ပြီး ဒေသခံ မြန်မာ့ နိုင်ငံရေးလှုပ်ရှားသူများ ၊ ကနေဒါရောက်မြန်မာကျောင်းသားများ ၊ တိုင်းရင်းသားများ IFBNC, NLD ( Canada Branch ), BSDO , CC4FB, UDYL , BMA စတဲ့ အဖွဲ့ ဝင်
များ တက်ရောက်ခဲ့ ကြပြီး တိုရွန်တို မြို ဆရာတော်ကြီးများ မှ ဆွမ်းသွတ် အမျှပေးဝေ ကြပြီး ဆုံးမသြ၀ါဒ
မြွက်ကြားသွားပါတယ် ။အခမ်းအနားမှာ ကျဆုံးသွားသူများအတွက် ၀မ်းနည်းခြင်း အထိမ်အမှတ်အနေနှင့် တမိနစ်ခန့် ငြိမ်သက် လေးပြုကြပြီး ဆရာတော်ကြီးများအနေနှင့် လည်း ဒီလို အစဉ်အလာမျိုးကို နှစ်စဉ်မပြတ် ပြုလုပ်ကျင်းပဖို့ လိုကြောင်းဒီမိုကရေစီ အောင်ပွဲရသည် အထိ မိမိတို့  ကနေဒါရောက် မြန်မာ့ အရေး လှုပ်ရှားသူများ အနေနှင့် စည်းလုံး ညီညွတ်စွာ လက်တွဲ တိုက်ပွဲဝင်သွားကြရမှာဖြစ်ကြောင်း မိန့့် မှာသွားပါတယ်..22 Nd 8888 Statement ( Timothy Zaw Zaw )

(၂၂)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနား (ပြည်တွင်း)


အဘဦးဝင်းတင်နှင့် နိုင်ငံရေးအင်အားစုများ တက်ရောက်သည့် (၂၂)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနား (ပြည်တွင်း) သတင်းဓာတ်ပုံ...

ယနေ့မြောက်ဥက္ကလာမှာ ကျင်းပပြုလုပ်တဲ့ (၂၂)နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားသို့ အဘဦးဝင်းတင်နှင့် နိုင်ငံရေးအင်အားစုများ တက်ရောက်ကြပါသည်။

ကိုစိုင်းအား ကျေးဇူးတင်ပါသည်။

http://www.demowaiyan.co.cc/2010/08/blog-post_1070.html

ABMA ဂျာနယ် အတွဲ(၁) အမှတ် (၁၃)

ABMA Journal Volume 1 No. 13