Tuesday, August 10, 2010

၂ဝဝ၈ ဖွဲ့ စည်းပုံ ဥပဒေ ကို ကုလသမဂ္ဂ က ပယ်ဖျက်နိုင်

Cencel 2008 Constitution

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကလူသေမှု....

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)YECO တွင် ၂၉.၇.၂၀၁၀ နေ့ တွင်မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပပါသည်။မိုးသည်းထန်စွာရွာသဖြင့်အနည်းငယ်သာစိုက်ပျိုးဖြစ်ပါသည်။ ၃၀.၇.၂၀၁၀ နေ့တွင်ပါမောက္ခချုပ်နှင့်ဝန်ထမ်းထုတွေ့ ဆုံပွဲတွင် ယခုတက္ကသိုလ်၏အကြီးဆုံးသော ပါမောက္ခ ချုပ် သည်၃၁.၇.၂၀၁၀(စနေနေ့ )နှင့် ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့ တွင် YCEO ရွာသာကြီးနယ်မြေဝန်ထမ်းအိမ်ရာတွင်နေထိုင်သော ဝန်ထမ်းအယောက်သုံးဆယ်အားကျန်ရှိသောသစ်ပင် ၂၀၀၀ အားတစ်အိမ်ထောင်လျှင် အပင်ရှစ်ဆယ်နှုန်းဖြင့်စိုက်ပျိုးရန် မှာကြားခဲ့သည်။ဝန်ထမ်းအိမ်ရာနေ မိသားစုများထဲတွင်နယ်မြေငှာနမှ အလုပ်သမားမှူး ၏ မိသားစုလည်းပါဝင်ခဲ့သည်။၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့  နံနက်ကိုးနာရီမိနစ်နှစ်ဆယ်တွင်အလုပ်သမားမှူး၏သားဖြစ်သူ မောင်........ လယ်ကွင်းထဲတွင်သစ်ပင်စိုက်ပျိုးနေစဉ်တွင်မြွေကိုက်ခံခဲ့ရပါသည်။ဦး.........၏သားထိုမြွေကိုက်ခံရသူမောင်..........အားကျန်သောအပင်စိုက်နေသောဝန်ထမ်းများကထမ်းပိုးကာဆေးရုံသို့ ပို့ ရန် ကျောင်းရှေ့တွင်ကားကြုံရရန် ၁နာရီခန့်စောင့်ရပါသည်။ပထမကားတစ်စီးသည်လူမဆန်စွာသဖြင့်မတင်ခေါ်ဘဲထားခဲ့ပါသည်။ဒုတိယကားမှစေတနာကောင်းစွာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးအထိလိုက်ပို့ ခဲ့သည်။ မောင်......၏မိသားစုတွင်ဆေးကုသရန်ငွေကြေးမပြည့်စုံခြင်းစီးပွားရေးတက္ကသိုလ်မှမထောက်ပံ့ခြင်းတို့ကြောင့်ဆေးရုံတက်ရောက်ခဲ့ပြီးနောက်တစ်ရက်အကြာ ၂.၈.၂၀၁၀ နံနက် ရှစ်နာရီခွဲတွင်ကွယ်လွန်ခဲ့ပါသည်။၎.၈.၂၀၁၀ တွင်ရေးဝေးသုသာန်တွင် သဂြိုလ်ခဲ့ရာ အခန်းငှားခ -ရေခဲတိုက်ထားခ-အလောင်းသယ်ယူခ-မီးသဂြိုလ်ခကျပ်ငွေခြောက်သောင်းကုန်ကျပါသည်။ထိုကလေး၏အသုဘတွင် ရေဝေးသွားရန် YECO မှကားတစ်စီးသာပေးပါသည်။မလုံလောက်သဖြင့်ပြင်ပမှ ကားတစ်စီးလျှင် တစ်သောင်းခွဲကျပ်ဖြင့်ကားသုံးစီးထပ်မံငှားရမ်းရသဖြင့် လေးသောင်းခွဲ ကုန်ကျပါသည်။၅.၈.၂၀၁၀ တွင် YECOပါမောက္ခချုပ် ဒေါက်တာ............က မောင်.........အတွက်အသုဘကူငွေများကို သင်ကြားရေးနှင့်စီမံငှာနအရာရှိများက ကောက်ခံကာ ရငွေများကို သူ ၏ထံလာအပ်ရန်ပြောကြားခဲ့သည်။ထိုကလေးအတွက်ကူငွေ သည် နှစ်သိန်းခွဲတိတိရရှိပါသည်။ ထိုငွေထဲမှတက္ကသိုလ်မှ စိုက်ထားငွေ တစ်သိန်းငါးထောင် ကျပ်ကိုနှုတ်ယူခဲ့ပါသည်။ကျန်ငွေတစ်သိန်းလေးသောင်းငါးထောင်ကျပ်ထဲမှရက်လည်ပြုလုပ်ရန်အတွက်အလုပ်သမားမှူးဦး........၏မိသားစုထံသို့  ငါးသောင်းကျပ်တိတိသာပေးပါသည်။ ကျန်ငွေကိုထိုပါမောက္ခချုပ်မှယူထားပါသည်။(ဘာလုပ်ဖို့ လဲမသိပါ)YECO ရွာသာကြီးတွင်မိုးရာသီသစ်ပင်စိုက်ပွဲပြုလုပ်ရာတွင် သားတစ်ယောက်ဆုံးရှုံးခဲ့သောငွေကြေးမပြည့်စုံသည့်အလုပ်သမားမှူးဦး........မိသားစုသည် အသုဘကူငွေမှလည်းဖြတ်တောက်ခံရသည့်အတွက် ဒုက္ခပင်လယ်ဝေနေကြပါသည်။ ငိုကြွေးရုံမှတစ်ပါးဘာမှမတတ်နိုင်တော့ပါ။ နစ်နာကြေးထောက်ပံ့ကြေးမရရှိသည့်အပြင် အသုဘကူငွေမှဖြတ်တောက်ခံရပါသည်။ထိုYECO၏ပါမောက္ခချုပ်ကဦး...အား ကျောင်းကနေ (ဘာမှမျှော်လင့်မနေနဲ့ အရာရှိတွေကျောင်းမှာဝါဆိုသင်္ကန်းကပ်မယ်။အသုဘလိုက်ပို့ စရာမလိုဘူး)ဟု အမိန့် ထုတ်ပြန်ခဲ့သည်။

မေးလ်မှရရှိပြီးစာရေးသူ၏အာဘော်သာဖြစ်ပါသည်

ရင်ခွင်ပိုက်ရို့  နားခိုဖို့ရာနှင့် ပြိုကွဲသွားသောအိပ်မက်များ

Suffing Letter for You Now
စာရေးသူ၏အာဘော်သာဖြစ်ပါသည်

ဦးသန်းရွှေတရားစွဲခံရနိုင်...

Than Shwe Court

10 August 2010 ဒိုင်ယာရီ

microsoft word file here
10 August 2010 Yeyintnge's Diary

ကြက်သွန်နီဈေးထိုးကျခြင်းနှင့် ဗိုလ်ချုပ်ကြီးများ၏ အယူသီးမှု ဆက်စပ်နေသလော


Monday, 09 August 2010 19:00 သျှမ်းသံတော်ဆင့်

ကြက်သွန်နီဈေးသည် ယခုနှစ် ကြက်သွန် စတင်ပေါ်ထွက်ချိန် ဧပြီလပိုင်းက တစ်ပိဿာ ကျပ် ၂၀၀ ၀န်းကျင်နှင့် လတ် တလော တစ်ပိဿာကျပ် ၁၀၀ ခန့်သာ ပေါက်ဈေးရှိသောကြောင့် ကြက်သွန်စိုက်တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။
ကြက်သွန်နီ တစ်ပိဿာထွက်ရန် ရင်းနှီးငွေမှာ ကျပ် ၄၀၀ ၀န်းကျင် ကုန်ကျပြီး လက်ရှိပေါက်ဈေး ကျပ် ၁၀၀ ခန့်အထိ ဈေးထိုးကျနေသည့် ကြားထဲက ၀ယ်သူမရှိ ဖြစ်နေကြောင်း မြေလပ်ပိုင်းမှ ကြက်သွန်စိုက် တောင်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

“ဈေးကျတာကတော့ သင်္ကြန်ကာလ ဧပြီလ စပေါ်ကတည်းကပဲ အခုရက်ပိုင်း (ကျပ်) ၁၀၀ ၀ယ်သူမရှိဘူး ကြက်သွန် တစ်ပိဿာကို ကုန်ကျစားရိတ်က အရင်းတင် ၃၅၀ နဲ့ ၄၀၀ ကြားမှာရှိတယ် အခုဆိုရင် အလေးချိန်တွေက တော်တော် လျော့သွားပြီ အလျော့တွက်နဲ့ဆိုရင် တစ်ပိဿာကို ၅၀၀ လောက်ရှုံးသွားပြီ ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ ၊ တောင်သာနှင့် ဆိပ်ဖြူနယ်များတွင် ကြက်သွန်နီ စီးပွားဖြစ် စိုက်ပျိုးကြပြီး ငွေအရင်း အနှီး ချေးငှား၍ စိုက်ပျိုးကြသည့် တောင်သူငယ်များက ပို၍ အထိနာကြောင်း သိရသည်။

“ပိုက်ဆံရှိတဲ့တောင်သူကြီးကတော့ ပြဿနာမရှိဘူးပေါ့ ကြက်သွန်ရှုံးရင် ပဲကပြန်ရမယ် နှမ်းကပြန်ရမယ် ပိုက်ဆံမရှိတဲ့ နောက်ကောက်ကလေးတွေတို့ ထင်ကြေးနဲ့လုပ်တဲ့သူတို့ တော်တော် ဒုက္ခရောက်နေတာပေါ့ ငွေရှင်ကိုလယ်တွေ ထိုးအပ် လိုက် ရှိတဲ့နွားလေးထိုးအပ်လိုက်နဲ့ အဲလိုဒုက္ခရောက်နေတာပေါ့ဗျာ ” ဟု သူက ဆိုသည်။

ယမန်နှစ်က ကြက်သွန်နီ အထွက်နည်းခဲ့သောကြောင့် မူရင်းကြက်သွန်ထွက်ရာ ဒေသများ၌ပင် တစ်ပိဿာ ကျပ် ၅၀၀ မှ ၁၀၀၀ အထိ ဈေးမြှောက်လာရာ နအဖစစ်အစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့မှု မှန်သမျှကို ထိုအချိန်မှစတင် ပိတ်ပင်ထားသည်။

ယခုနှစ် ကြက်သွန်နီအထွက်သည် ယမန်နှစ်ကထက် ၃ ဆမျှ ထွက်အားပိုခဲ့သည့် တိုင်အောင် ပြည်ပတင်ပို့ခွင့်ပိတ်ပင် ထားဆဲဖြစ်ရာ ၎င်းသည် ပြည်တွင်း၌ ကြက်သွန်နီများစုပုံ၍ ဈေးထိုးကျရသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ကြက်သွန် ကုန်သည်များက ယူဆကြသည်။

“ဒီနှစ်က ကြက်သွန်စိုက်ချိန်က ရာသီဥတုကလည်း ကြက်သွန်အကြိုက်ဖြစ်သွားတယ် မနှစ်က ထက်ထွက် အားလည်းပို တယ် မနှစ်ကထက် ၃ ဆလောက်ပိုသွားတယ် တံခါးပေါက်တွေကပိတ်ထားလိုက်တော့ ပြည်တွင်းထဲမှာတင် ပုံနေတော့ တာပေါ့ကွာ” ဟု ၀ါရင့်ကြက်သွန်ကုန်သည်တစ်ဦးက ဆိုသည်။

ထိုသို့ ပြည်တွင်း၌ ကြက်သွန်နီဈေးထိုးကျပြီး တောင်သူများနစ်နာနေသည့် တိုင်အောင် ပြည်ပတင်ပို့ခွင့်ပိတ်ပင်ထားခြင်း မှာ နအဖစစ်အစိုးရက ကြက်သွန်နီဈေးမတက်စေရန် တမင်ထိန်းချုပ်ထားခြင်းကြောင့်ဟု ဆိုသည်။

“ကြက်သွန်ဈေးတက်ရင် တိုင်းပြည်ပျက်တယ် ဆိုတဲ့ အတိတ်တဘောင်တွေနဲ့ ကျန်တဲ့ဟာကိုဒီလောက် မထိန်းဘူး ကြက်သွန်ကိုပဲ တအား ထိန်းတာ ဈေးတက်ရင် သူတို့ (နအဖ) တိုင်းပြည်ပျက်မှာကြောက်လို့ ဒါကိုဖွင့်မပေးဘူးပေါ့ဗျာ သူတို့အယူနဲ့ သူတို့လုပ်နေတယ်လို့ ပြောကြတာပေါ့ဗျာ” လို့ စောစောက ကုန်သည်က ဆိုသည်။

၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှုကာလနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလများတွင် ကြက်သွန်နီဈေးများ တက်လာခဲ့ကြောင်း သူက ဆက်ပြောသည်။

“၈၈ အရေးအခင်းဖြစ်တုန်းကလည်း ဈေးတွေတစ်ခါတည်းမြှောက်တက်သွားသေးတယ် သံဃာတွေတစ်ခါ မငြိမ်မသက် ဖြစ်တော့ ကြက်သွန်ဈေးက တစ်ခါပြန်တက်လာပြန်ရော အဲဒီကတည်းက ဒီဟာကိုတအားနှိပ်ကွပ်တော့တာပဲ ကြက်သွန် သမားတွေက ဒီလိုပဲယူဆကြတယ် ” ဟု သူက ဆိုသည်။

ကြက်သွန်နီဈေးကျသဖြင့် စားသုံးသူများဘက်မှ ကြည့်လျှင် ကောင်းသည်ဟု ဆိုနိုင်သော်လည်း ပြည်ပတင်သွင်းမှု အ ပေါ် မှီခိုနေရသည့် မြန်မာနိုင်ငံတွင် အခြားကုန်ပစ္စည်းများနှင့် စားသောက်ကုန်များသည် ဈေးတက်မြဲတက်နေရာ ကြက် သွန်နီဈေးကျ၍ ပိုအကြောင်းထူးမည့်ပုံမမြင်မိကြောင်း စီးပွားရေးသမားတစ်ဦးက ဆိုသည်။

၂၀၀၃ မှစ၍ နအဖက တစ်ပြည်လုံးတွင် ခြံစည်းရိုးကြက်ဆူပင် စိုက်ပျိုးရေး စီမံကိန်းကို အကောင်အထည်ဖေါ်ခဲ့ရာ ၎င်းစီမံကိန်းသည် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဗေဒင်ယတြာအယူအဆကြောင့် ဖြစ်ကြောင်း လူအများက ယူဆနေကြသည်။

မြန်မာပဲ ဖြစ်ချင်တယ်


မြန်မာပဲ ဖြစ်ချင်တယ်

Share/Save/Bookmark ကျနော့်ကို စိတ်အနှောင့် အယှက် ဖြစ်လောက်အောင် သဘောထား ကွဲလွဲစေသော အကြောင်း အရာများကို နံပါတ်စဉ် ထိုးရလျှင် နံပါတ်တစ်မှာ ကျနော့်ရှေ့တွင် “မြန်မာ နိုင်ငံသား ဖြစ်ရတာ စိတ်ပျက်တယ်” ဆိုသည့် ညည်းသံဖြစ်သည်။

ygn-lifeကျနော့်မှာ နိုင်ငံခြားသား မိတ်ဆွေ နည်းနည်း ရှိသည်။ ထိုအထဲတွင် ကျနော့် အထက် ရာထူး ကြီးကြီးထဲက မာလာယု စကား ပြောသော မလေးလူမျိုး တယောက် ရှိသည်။ သူ့ကို စတွေ့လိုက် ကတည်းက မလေးလူမျိုးပဲ ဖြစ်မည်ဟု ခန့်မှန်းမိသည်။ သို့သော် သူက စင်ကာပူ သားဟု ဆိုလာသည်။ သူတို့ လူမျိုးတူချင်းလည်း မလေး ဘာသာ စကားဖြင့် ပြောဆိုသည်။ ကျနော်တို့ကို ကျတော့ သူက စင်ကာပူသား ဖြစ်ကြောင်း၊ မလေးရှားကနေ ထွက်လာတာ ကြာပြီဖြစ်ကြောင်း စသည်ဖြင့် အာပေါင် အာရင်း သန်သန် လေထွား ပါသည်။

ကိုင်း ထားပါတော့။ စင်ကာပူသား ဘာလို့ဖြစ်ချင် နေရတာလဲ။ သူက မလေးလူမျိုးပါ၊ ဒါပေမယ့် စင်ကာပူ နိုင်ငံသား ခံယူထား တယ်လို့ ပြောရင် ကျနော်တို့ နားလည် ပေးနိုင်သည်။ မလေးရှား ဆိုတာကလည်း အာရှမှာ အဆင့်မနိမ့်သော နိုင်ငံတခု ဖြစ်ပါသည်။ ဒါကို သူက စင်ကာပူ နိုင်ငံသားပါဟု ဂုဏ်ယူ ၀င့်ကြွားစွာ ဆိုလာသည်။ ထိုမလေးရှားသားကို ကျနော် သဘောမတွေ့နိုင်ချေ။

အဆိုတခု ကြားဖူးသည်။ “ပြည်သူလူထုသည် သူတို့နှင့် ထိုက်တန်သော အစိုးရကို ရသည်” ဆိုသည့် အဆိုအမိန့်ပဲ ဖြစ်သည်။ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုအဆိုကို လုံးလုံးကြီး ဆန့်ကျင်မထားသည်ကို ကျနော် ဖတ်ဖူးမှတ်ဖူးသည်။ ဒါဆို ထိုအဆိုအတိုင်း ကျနော်တို့နှင့် ထိုက်တန်သော အစိုးရကို လက်ရှိ ကျနော်တို့ ရရှိနေသည်ဟု ပြောလျင် ရက်စက်လွန်းရာ ရောက်ပါသည်။ ဝေဖန်ပြစ်တင်ခြင်း ခံရနိုင်ပါသည်။

မြန်မာ အားလုံးလိုလိုပင် စစ်အစိုးရ မကောင်းကြောင်း သိကြသူပဲဖြစ်သည်။ သို့သော် အာဏာ၊ စည်းစိမ်၊ အခွင့်အရေးများနှင့် ကြုံလာလျင် ပါးစပ်ပိတ်သွားတတ်သည်မှာ လူ့သဘာဝ ဖြစ်သည်။ အစိုးရ မကောင်းဘူးဟု သူများထက် ပိုပြောနိုင်လွန်းသော အစ်ကိုကြီးတယောက်က သူ့သူငယ်ချင်း တယောက် လေဆိပ်က အကောက်ခွန်မှာ အကောင်အကြီးကြီး ဖြစ်ကြောင်း၊ “လေဆိပ်ဝင်ရင် အဲဒီကောင် နာမည် ပြောလိုက်လို့ကတော့ မီးသေပဲ” ဟု ဂုဏ်ယူစွာ ပြောဆိုသံကို ကြားဖူးပါသည်။

“တို့အစိုးရ လုပ်တာတွေ အရမ်းမှားတယ်။ မမိုက်ပါဘူးကွာ” ဟု ပြောသော ကျနော့် အစ်ကိုတဖြစ်လဲ ဆရာတယောက်သည် အာဏာပိုင် စစ်ဗိုလ်ကြီးများ အနားကပ်ဖို့ “ဟုတ်ကဲ့ပါခင်ဗျ” ဟူသော ယဉ်ကျေးဖွယ်စကားကို အမြင်ကတ်၊ လုံးထွေးခပ်နေအောင် အသုံးပြုသံ ကြားဖူးပါသည်။ “မင်းတို့ အစိုးရ လုပ်ပုံနဲ့ ပိုမွဲဦးမှာပဲဟု ပြောသော မြန်မာပြည်ပေါက် အိန္ဒိယ သူဌေးကြီးတယောက်သည် စစ်တပ်ရာထူးကြီးများနှင့် ပူးပေါင်းကာ စက်ပစ္စည်းကြီးများကို မတန်တဆဈေးများနှင့် ရောင်းစားနေတာကို တွေ့ဖူးသည်။

“အစိုးရ လုပ်ပုံကိုင်ပုံတွေ အရမ်းကို ဆိုးတယ်။ ငါ လူကြီးတွေကို စိတ်ကုန်နေပြီ” ဟုပြောသော ပညာအများကြီးတတ်သည့် မိတ်ဆွေ အမျိုးသမီးတယောက်သည် “၀န်ကြီးခိုင်းရင် ငါ မငြင်းရဲဘူး”ဟု ပြောရှာသည်။ အစိုးရ အပြစ်တွေကို အစိုးရ၀န်ထမ်းပီပီ သိပြီး ပြောနေသော ကျနော့် အဒေါ်ကတော့ သူ့သားကို တပ်မတော် အင်ဂျင်နီယာ လိုင်းရအောင် ကြိုးစားရှာသည်။ စစ်အစိုးရ မကောင်းကြောင်း သူများထက်သာအောင် ပြောနိုင်ကြသော ကျနော့် အမတို့စုံတွဲသည် အစိုးရအလုပ်မှာ Posting ကောင်းကောင်းရဖို့ ကြိုးစားနေရှာသည်။

စားဝတ်နေရေးအတွက်၊ မိသားစုအရေး အတွက် ငဲ့ကွက်ပြီး ကျောတခင်းစာနေရာနှင့် မသေထမင်း၊ မသေဟင်းစားဖို့ မချစ်သော်လည်း အောင့်ကာ နမ်းနေရသည့်သူများ၊ ရွေးချယ်ဖို့ လမ်းနည်းလွန်းလှသော အခြေခံဝန်ထမ်းများကို နားလည်ပါသည်။ လျှာပေါ်မြက်ပေါက်ချင် ပေါက်ပါစေ၊ မဟုတ်တာ မမှန်တာ မလုပ်ဘူးဟု အပြောသာ လွယ်သော်လည်း တကယ်ငတ်ကြပြီဟေ့ဆိုလျင် အလွယ်လမ်း လိုက်တတ်တာလည်း နားလည်ပေးနိုင်ပါသည်။

ကျနော်တို့လို သာမန်ပြည်သူတွေ၏ ရိုးတွင်း ချဉ်ဆီထဲအထိ ရိုက်သွင်းခြင်းကို ခံထားရသော နိုင်ငံရေးဆိုသည့် စကားလုံးကို ကြောက်စိတ်နှင့် နိုင်ငံရေးလုပ် ရင်ပဲဖြစ်ဖြစ် အစိုးရကို ဆန့်ကျင်မိလို့ပဲဖြစ်ဖြစ် ဖြစ်ပေါ်လာမည့် ဆိုးကျိုးတွေကိုတော့ ရွံကြောက် ကြောက်ကြတာ သဘာဝကျပါသည်။ မိမိနိုင်ငံသားတိုင်း နိုင်ငံအရေးကို စိတ်မ၀င်စားနိုင် ဖြစ်နေလျင်တောင် စိတ်ဝင်တစားဖြစ်အောင် ရိုက်သွင်းပေးရမည့် အစိုးရတာဝန်ကင်းမဲ့စွာ အုပ်ချုပ်နေသည်ကို အဆိုးဆုံး အမှားလို့ ဗာရာဏသီ ချဲ့မနေချင်တော့ပေ။

တကယ်ကျတော့ မြန်မာနိုင်ငံကြီး တိုးတက်ဖို့ဆိုသည်မှာ တပ်ချုပ်ကြီးမှအစ လမ်းဘေးမြေတူးနေသူများအထိ တာဝန်ရှိသည်ပဲ မဟုတ်ပါလား။ လမ်းလေးခွထွက်ပြီး အစိုးရဆန့်ကျင်ရေး အော်နေသူများကို ကျနော် အားကျမိပါသည်။ လေးလည်း လေးစားမိသလို ကြက်သီးများ ထလောက်အောင်လည်း ကြည်ညိုမိပါသည်။ ကျနော့်ဘ၀ကို စုတ်ပြတ်သတ်နေအောင် ဖြစ်သွားစေနိုင်သည့် အဲဒီလို ဆန့်ကျင်ပြမှုမျိုး ထလုပ်ရန် သတ္တိမရှိပါဟု မရှက်မကြောက် ပြောခွင့်ပြုစေချင်သည်။

လူမှုဆက်ဆံရေးလောကမှာ ပြောမရ၊ ဆိုမရ၊ သွားပြောသူကိုပင် ပြန်လည်ရန်ပြုနိုင်သော လူမိုက်မျိုးတွေကို ဝေရာမဏိ လုပ်ကြသည်ပဲဖြစ်သည်။ ထိုသို့သော လူမိုက်မျိုးတွေသည် တန်ဖိုး ကလနား နားမလည်စွာ ပြုမူဆက်ဆံကြသည်ကို သိသဖြင့် ဝေးဝေး ရှောင်ရှားဆက်ဆံကြသည်။ ယခု စစ်အစိုးရသည်လည်း ကျနော်တို့အပေါ် ပညာတတ် အားမပေး၊ စေတနာနည်းရှာသော လူမိုက်ကြီးများ အစိုးရပဲ ဖြစ်သည်။ ထိုသူတွေကို ဝေးဝေးနေဖို့ ကျနော်တို့ ကြိုးစားကြဖို့ ကောင်းသည်။ အစိုးရနားကပ်ပြီး အစိုးရပေးစာကမ်းစာ၊ စစ်အစိုးရ၏ သူ့အကျိုးအတွက် ပေးသော အာဏာ အခွင့်အရေးကိုကျနော်တို့ ဆန့်ကျင်မိဖို့၊ လက်မခံမိဖို့ ကောင်းသည်။

လူတဘက်သား မကောင်းကြောင်း၊ အဖွဲ့အစည်းတခု မကောင်းကြောင်း အားသန်သန်ပြောဖို့ အရမ်းလွယ်ကူလွန်းပါသည်။ ထိုသို့ အတင်းထိုင် ပြောနေရုံမျှဖြင့် ဘာတခုမှ ပြောင်းလဲလာလိမ့်မည် မဟုတ်ပါ။ အပြောခံရသူများသည် မိမိအပြစ်ကို မဆင်ခြင်နိုင်သော ပညာနည်းသူများ ဖြစ်နေပါက ပိုမိုသာ ဆိုးရွား အထီးကျန်ဆန်လာ နိုင်သေးသည်။ လူမိုက်တွေကို ကြည့်သော စက်ဆုပ်ရွံရှာသည့် အကြည့်၊ လူမိုက်မြင်ရင် ဝေးဝေးရှောင်သည့် အကျင့်၊ မတတ်သာလို့ လူမိုက်များနှင့် ပေါင်းသင်းရလျင်လည်း လူမိုက် အပြုမူများ ကူးစက်မလာဖို့၊ လူမိုက်အားပေး မဖြစ်မိဖို့ သတိထားသင့်သည်ဟု ထင်မြင်မိသည်။

အခုတော့ အမိမြန်မာနိုင်ငံတော်ကြီး စုတ်ပြတ်သတ်နေတာ အစိုးရကြောင့်ဟု ပြောနေသူများ ကိုယ်တိုင် ပြည်သူတွေ မျက်နှာ မထောက်ထားနိုင်သော သူများဖြစ်နေသည်ကို ၀မ်းနည်းစရာ သိနေ၊ ကြားနေ၊ မြင်နေရသည်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကြီး စုတ်ပြတ်နေသည်တောင်မှ ကျနော် မြန်မာနိုင်ငံသားဖြစ်ရတာ မရှက်ပါ။ မြန်မာနိုင်ငံသားဖြစ်ရသည့်အတွက် နိုင်ငံတကာမှာ မျက်နှာ ငယ်ရတာတောင်မှ တခါတလေကျတော့ အတိတ်က ရွှေထီးကြီးကို ဆေးတွေပြန်သုတ်ပြီး အရှက်မဲ့သော ကျနော်က ဂုဏ်ယူမိနေတတ်ပါသေးသည်။

နောင်ဘ၀တွေမှာ လူပြန်ဖြစ်ခွင့် ကြုံခဲ့လျင်လည်းရေမမှန်၊ မီးမမှန် အစစအရာရာ နိမ့်ပါး နိမ့်ကျနေသော မြန်မာနိုင်ငံသားပဲ ဖြစ်ချင်သည်။ ဒီလောက် စုတ်ပြတ်သတ်နေတဲ့ နိုင်ငံမှာ ဘာလို့ ဖြစ်ချင်နေသေးတာလဲ ဟုဆိုလာလျင် ကျနော့်မှာ အကြောင်းပြ ချက်ရှိပါသည်။ ကျနော်တို့ရဲ့ သားတွေ၊ သမီးတွေ၊ တူ၊ တူမတွေ လက်ထဲကို စုတ်ပြတ်သတ်နေသော နိုင်ငံကို ထိုးအပ်ခဲ့ရဦးမည်။ လက်ရှိဘ၀မှာ ကျနော့်ရဲ့ တာဝန်မကျေခဲ့တာတွေကို နောင်ဘ၀မှာ ကျနော်၏ မြန်မာနွယ်တွေကို ပြန်လည်ပေးဆပ် ခွင့်ရှိလျင် ပေးဆပ်ခွင့် ကြုံချင်ပါသေးသည်။

“ငါတို့ ရှေ့ကလူတွေများ အတော် အသုံး မကျတာပဲနော်” ဆိုသည့် ကလေးတွေ ပြောသံတွေကို အပြစ်ရှိသူပီပီ ကျနော် ကြားချင်နေမိပါသေးသည်။
http://www.irrawaddy.org/bur/election/