Thursday, August 12, 2010

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day), Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး) ၏ လှုပ်ရှားမှု

ရဟန်းရှင်လူပြည်သူများနှင့် ညီအစ်ကိုမောင်နှမများခင်ဗျား..
.......

ကျနော်၊ကျမတို့ Generation Wave ( မျိုးဆက်သစ်လူငယ်များအစည်းအရုံး)သည်ယနေ့ကျရောက်သောသြဂုတ်လ၊(၁၂)ရက်နေ့ (၂၀၁၀)ပြည့် နှစ်၏့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ တွင် ကျနော်၊ ကျမ တို့ ၏ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှလူငယ်များသည် လူငယ်ထု့ အကြားနအစစ်အစိုးရ၏ မတရားဖိနှိပ်မှု့ များအား သိရှိစေရန်နှင့် တော်လှန်ရေးစိတ်ဓါတ်များနိုးကြားလာစေရန်ရည်ရွယ်၍ မျိုးဆက်လှိုင်းတေးအယ်(လ်)ဘမ်ဟု အမည်ပေးထားသောတေးသီချင်းများနှင့်သီချင်းစာသားအပါအ၀င်တေးသီချင်း(၇)ပုဒ်တိတိအားဖြန့်ဝေလိုက်ပါသည် ။
သို့ ဖြစ်ပါ၍ ကျနော်၊ ကျမတို့ GenerationWave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ဖန်တီးရေးစပ်ထားသောတေးသီချင်းများအားနားဆင်ပြီး နအဖ စစ်အစိုးရ၏ မတရားဖိနှိပ်မှု့ များအားသိရှိလာကာ ကျနော်၊ ကျမတို့ နှင့်အတူ လက်တွဲ၍ တော်လှန်ရေးလှုပ်ရှားမှု့များတွင်ပူးပေါင်းပါဝင်ကြပါဟု လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Dear venerable monks and the people of Burma,

We, Generation Wave, releases an album including 7 songswith lyrics on 12th August > 2010 (International Youth Day) with the motivation of youth to know about the oppression of the military regime and to be aware of revolutionary spirit against the military regime in Burma.

Therefore, we would like to encourage to cooperate with us for our democracy movement in Burma listening the songs and knowing the oppression of the military regime.

Generation Wave
(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)


_သီချင်းများကို အောက်ပါလင့်များ၌ download လုပ်၍ နားဆင်နိုင်ပါသည် ။
_All the songs can be download from the following links.
1.) http://www.mediafire.com/?4odmz3ttuaa (နိုးထကြလော့) (Let's get up)
2.) http://www.mediafire.com/?gzonjmynweo (တစ်ဆယ်) (10)
3.) http://www.mediafire.com/?dnyyywvnjfd (အမေ ၆၄) ( Mother 64)
4.) http://www.mediafire.com/?nnmyxz3yei1 (အခြေအနေများ) (Situations)
5.) http://www.mediafire.com/?4ggimrnkzim (မာရ်နတ်အိမ်) (Devil's House)

6.) http://www.mediafire.com/?gjwthkjgmjm (တိုက်) (Fight)
7.) http://www.mediafire.com/?kzndm3j2niu (ခွင့်ပြုတော့မေမေ) (Let me Mom)

www.generationwave.org

Generation Waveမဲမပေးရေး လှုပ်ရှားမူ



download to see burmese font( Zawgyi-font) here

download to see & write burmese font( Zawgyi-font) here

အာဇာနည်မဝင်းမော်ဦး အတ္တုပတ္တိ...



(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကျဆုံးသွားတဲ့ မဝင်းမော်ဦး မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ အာဇာနည်မဝင်းမော်ဦး အတ္တုပတ္တိ...

မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်..
လက်ရှိ လှိုင်သာယာက မဝင်းမော်ဦးရဲ့ မိဘတွေရဲ့ နေအိမ်ပါ....
မဝင်းမော်ဦးရဲ့ ကျောင်းသားကဒ်လေးပါ..


မ၀င်းမော်ဦး (၂၁)နှစ်ပြည့် အထိမ်းအမှတ်
၁၉.၉.၂၀၀၉ မှာဝေငှတဲ့
အာဇာနည် မ၀င်းမော်ဦး၏ အတ္တုပတ္တိအကျဉ်း
------------------------------------------

အာဇာနည်''မ၀င်းမော်ဦး" ကို အဖ ဦးဝင်းကြု၊အမိ ဒေါ်ခင်ဌေးဝင်း တို့မှ ၁၉၇၂- ခုနှစ်၊နိုဝင်ဘာ( ၁၉ )ရက် ၊ ဗုဒ္ဓဟူးနေ.တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ယောက်တွင် သမိး အကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိမှာ ကြည့်မြင်တိုင်မြို.နယ် ၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ်(၄) အလယ်တန်းကျောင်း။ ကြည့်မြင်တိုင်မြို.နယ်တွင် (၈)တန်း ပညာသင်ကြားရင်း ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲကာလ အတွင်းမှာ ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂ တွင်တက်ကြွ စွာပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊စက်တင်ဘာလ ၁၉ရက်နေ. ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ''ဗိုလ်ချုပ်အောင်ဆန်း" ဓါတ်ပုံ ကိုင်ဆောင်ပြီး စိတ်ဓါတ်တက်ကြွစွာ ချီတက်ဆန္ဒပြ ခဲ.သည်

ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပြစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဆရာဝန်လောင်းကိုဇော်ဝင်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုဇော်ဝင်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဆရာဝန်လောင်းကိုစောနိုင် ဟုလည်းပြောပါသည်။

သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။ အရေးပေါ်ဌာနသို့ ပြန်စုံစမ်း ကြည့်မှ သူမအား ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သော ''ဆရာဝန်ကြီး ဦးညွန့်ဝင်းမြင့်" နှင့်တွေ့ဆုံမှ (၃+၄)အခန်းက အသည်းအသန်ခန်းတွင် ရှိကြောင်းပြောသဖြင့် သွားကြည့်မှတွေ့ခဲ့ရပါသည်။ သူမအား အနီးကပ် စောင့်ရှောက်ပေးနေသော သူနာပြုဆရာမ အားဝင်ရောက်မေးမြန်းရာ မ၀င်းမော်ဦး ဖြစ်ကြောင်း သူနာပြုဆရာမက သူမ၏ ဆေးမှတ်တမ်းအား ထုတ်ပြခဲ့ပါသည်။ သို့ပေမယ်. မိဘများရောက်လာသည်အထိ မေ့ဆေးမပြယ် သေးသဖြင့် သတိမရသေးပါ။ သူမမေ့နေချိန်၌ လူခွဲပြီး အိမ်ကို သူမအခြေအနေပြောရန် လူလွတ်ရပါသည်။ အချိန်မကြာပါ သူနာပြုဆရာမ မှခေါ်ပြီး သူမတွင် အသက်မရှိတော့ကြောင်း ပြောပါသည်။

"မ၀င်းမော်ဦး" သည် ၁၉.၉.၀၉ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ၊ ကမ္ဘာသူကမ္ဘာသားအချင်းချင်း ၊ သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ပေးပို့ပေးသူအား အထူးကျေးဇူးတင်ပါသည်...။


မီးမသဂြိုလ်ခင်မှာ နောက်ဆုံး တွေ့ရတဲ့ အာဇာနည် မဝင်းမော်ဦးရဲ့ နောက်ဆုံးပုံပါ...

ဓာတ်ပုံ ပေးပို့သူ BP နှင့် blue.peaceforu အားကျေးဇူးတင်ပါသည်...။

(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ ကျဆုံးသွားခဲ့ရတဲ့.. မ၀င်းမော်ဦး နှစ်ပတ်လည်များအား အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။ မ၀င်းမော်ဦးမိသားစုသည် တချိန်က ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်ခဲ့ပြီး အာဏာပိုင်တို့၏ အနှောက်အယှက် ပေးခဲ့မှုကြောင့် မိသားစုများ ဒုက္ခရောက်ပြီး မိသားစုလိုက် လှိုင်သာယာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ မဝင်းမော်ဦး မိသားစုအား လေ့လာချက်အရ အထက်ပါ.. အိမ်ကလေးတွင် လူအမြောက်အများ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပါသည်။ ထိုကြောင့် မ၀င်းမော်ဦး နှစ်ပတ်လည် ကျင်းပရန်လဲ ခက်ခဲခဲ့ပါသည်။ နောက်ပိုင်းနှစ်များအား ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှား သူများမှ ဖိတ်စာမှစပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ မ၀င်းမော်ဦး၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့မှုအား အသိအမှတ် ပြုသူများအနေဖြင့် အာဇာနည် ကျောင်းသူ မ၀င်းမော်ဦး၏ နှစ်ပတ်လည် နှစ်စဉ်နှစ်တိုင်း ဖြစ်မြောက်ရေးအား ၀ိုင်းဝန်းကူညီကြပါရန် ... ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။ blue.peaceforu@gmail.com , skype-shwekyaungtharr 0044-07915157660
shwekyaungtharr@gmail.com သို့ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်

အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ
(မြန်မာနိုင်ငံ)
Ma Win Maw Oo
(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ စစ်အာဏာ ပါးကွက်သားတွေရဲ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့.. မောင်တင်ထွန်း. မဝင်းမော်ဦးနှင့် မောင်သန်းဋ္ဌေး

အင်မတန်ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက်ပါ.. ခံစားချက်များစွာနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြန်ပြောင်းသတိရရင်း အာဇာနည် မ၀င်းမော်ဦးရဲ့ အတ္တုပတ္တိကို ဖတ်လိုက်ရပါတယ်။ နှစ်စဉ်နှစ်တိုင်း စစ်အာဏာရှင် စံနစ်အောက် ထပ်မံကျရောက် ခဲ့ရသည့်.... စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ ဖြစ်သည့် (၁၉)ရက် (၉)လ ရောက်တိုင်း မဝင်းမော်ဦး အတွက် ဆွမ်းသွပ်တရားနာပွဲ ကျင်းပ ပြုလုပ်ခဲ့ကြသော်လည်း... မဝင်းမော်ဦး မသေဆုံးခင် ပြောသွားခဲ့တဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေပေးပါလို့ ရင်နင့်ဖွယ် မှာကြားသွားခဲ့တဲ့အတွက်.. ယခုအချိန်အထိ မဝင်းမော်ဦးအတွက် အမျှမပေးနိုင်သေးတာ (၂၂)နှစ်ရှိနေပါပြီ.... မဝင်းမော်ဦး ကိုအမျှပေးဝေနိုင်ဖို့ ကျွန်တော်တို့ အားလုံး မစွမ်းဆောင်နိုင်သေးပါဘူး.. မဝင်းမော်ဦး ကောင်းရာ သုဂတိလားပါစေ...။

ဒီမိုဝေယံ...
http://www.demowaiyan.co.cc/2010/08/blog-post_3605.html

မြန်မာနိုင်ငံ၏ လက်ရှိအသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် ဖြစ်ပြီးကမ္ဘာ့ အသက်ကြီးဆုံးထက် လေးနှစ်ပိုကြီး


Thursday, August 12, 2010

မြန်မာနိုင်ငံ၏ လက်ရှိအသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှား ရှိနေသေးသော ကမ္ဘာ့ အသက်ကြီးဆုံးထက် လေးနှစ်ပိုကြီးနေ

မြန်မာနိုင်ငံ၏ လူထုမျှော်မှန်း သက်တမ်းသည် မြင့်တက်လာပြီး အသက်အကြီး ဆုံးသူမှာ အသက် ၁၁၈ နှစ်အရွယ်ရှိ ဒေါ်မြကြည်ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှားရှိနေသေးသော ကမ္ဘာ့အသက်ကြီးဆုံးသူထက် လေးနှစ်ခန့် အသက်ပိုကြီးနေကြောင်း သိရသည်။

ဂင်းနစ်မှတ်တမ်း၏ စာရင်းအရ သက်ရှိ ထင်ရှားရှိသော ကမ္ဘာ့အသက်ကြီးဆုံးသူမှာ Eugénie Blanchard ဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ၁၈၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် မေလ ၂ ရက်တွင် ဂျပန်နိုင်ငံရှိ Kama Chinen သေဆုံးပြီးနောက် ကမ္ဘာ့အသက်ကြီးဆုံးသူ ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။


ဒေါ်မြကြည်သည် မန္တလေးတိုင်း အမရပူရမြို့နယ် ပေါက်ခြံကုန်းကျေးရွာတွင် နေထိုင်ပြီး မြန်မာသက္ကရာဇ် ၁၂၅၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့ (၁၈၉၂ ခုနှစ်) တွင် မွေးဖွားခဲ့ကြောင်း၊ လက်ရှိအချိန် တွင် ဒေါ်မြကြည်မှာ ၁၁၈ နှစ် ဖြစ်သောကြောင့် Eugénie Blanchard ထက် အသက်လေးနှစ်ခန့် ပိုကြီးနေသည်ဟု သိရသည်။


မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ အသက် ၁၀၀ နှစ်နှင့်အထက် အဘိုး ၁၃ ဦး၊ အဘွား ၄၄ ဦး၊ သံဃာတော် ၂ ပါး၊ သီလရှင် ၁ ပါးတို့ ဖြစ်ကြောင်း သိရသည်။


"ဒီစာရင်းက အခုလက်ရှိသက်ရှိ ထင်ရှားရှိနေသေးတဲ့သူတွေကို စာရင်းလုပ်ထားတာပါ။ ဆုံးပါးသွားတဲ့သူ တွေလည်းရှိပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းလူတွေ အသက်ပိုရှည်လာတယ်လို့ ပြောလို့ရတယ်။ အခုအသက် အကြီးဆုံးက အသက် ၁၁၈ နှစ်အထိ ရှိနေတာကိုတွေ့ရတယ်။ ကျွန်တော်တို့ ဆီမှာရှိတဲ့စာရင်းက အဖွဲ့ကိုလာရောက် စာရင်းပေးထားတဲ့သူတွေပဲ ရှိပါသေးတယ်။ အသက် ၁၀၀ ကျော် ဘိုးဘွားတွေ ဒီထက်များများလည်း ရှိနေနိုင် ပါတယ်"ဟု မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့မှ ဦးအောင်မျိုးမင်းက ဆိုပါသည်။


မြန်မာနိုင်ငံတွင် ပြည်သူလူထု မျှော်မှန်းသက်တမ်းသည် ၁၉၈၈ ခုနှစ် က ကျေးလက်ဒေသတွင် အမျိုးသား ၅၆ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆၀ ဒသမ ၄ နှစ်နှင့် မြို့ပြဒေသတွင် အမျိုးသား ၅၉ ဒသမ ၀ နှစ်၊ အမျိုး သမီး ၆၃ ဒသမ ၂ နှစ်ရှိခဲ့ရာမှ လက်ရှိ အချိန်တွင် ကျေးလက်ဒေသ၌ နေထိုင်သည့်အမျိုးသားများမှာ ၆၃ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆၇ ဒသမ ၁ နှစ်၊ မြို့ပြဒေသတွင် အမျိုးသား ၆၄ ဒသမ ၀ နှစ်၊ အမျိုးသမီး ၆၉ ဒသမ ၀ နှစ် အထိ တိုးတက်လာကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။


ထို့အပြင် ယေဘုယျသေနှုန်းမှာ လူဦးရေတစ်ထောင်လျှင် ကျေးလက်ဒေသတွင် ၉ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၈ ဒသမ ၉ ရှိရာမှ ကျေးလက်ဒေသတွင် ၅ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၅ ဒသမ ၃ သို့ ကျဆင်း သွားခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လူ့သက်တမ်းမြင့်မားလာခြင်းနှင့် ယေဘုယျ သေနှုန်းကျဆင်းလာခြင်း တို့ကြောင့် အသက် ၆၀ နှစ်နှင့် အထက် လူဦးရေများမှာလည်း နှစ်စဉ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

လူတစ်ယောက် အသက်ရှည်ဖို့ (ဒါမှမဟုတ်) သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာကျန်းမာရေးက အဓိကအခြေခံကျပါတယ်။ ပြီးတော့ ကျန်းမာရေး အသိရှိမှု၊ အမူအကျင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ထိရတယ်။ အစား အသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်သန့်ရှင်းမှုရှိလဲ၊ ရေကောင်း ရေသန့်ရရှိမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ်


"လူ့သက်တမ်းကို တွက်တဲ့အခါ မွေးတဲ့လူတစ်ယောက်ဟာ ဘယ်လောက် အသက်ရှည်မယ်ဆိုပြီး ပျမ်းမျှ တွက်ချက်တာပါ။ အဲဒီထက်ပိုရှည်တဲ့ သူလည်းရှိသလို အဲဒီလောက် အသက်မရှည်တဲ့သူလည်း ရှိပါတယ်။ လူတစ်ယောက် အသက်ရှည်ဖို့ (ဒါမှမဟုတ်) သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာကျန်းမာရေးက အဓိကအခြေခံကျပါတယ်။ ပြီးတော့ ကျန်းမာရေး အသိရှိမှု၊ အမူအကျင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ထိရတယ်။ အစား အသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်သန့်ရှင်းမှုရှိလဲ၊ ရေကောင်း ရေသန့်ရရှိမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ်"ဟု UNFPA မှ ဌာနေကိုယ်စားလှယ် ဒေါက်တာနေ၀င်း က ပြောကြားခဲ့သည်။


မြန်မာနိုင်ငံ၏ လူဦးရေ ၅၈ ဒသမ ၃ သန်းတွင် အသက် ၆၀ နှစ် နှင့်အထက်ရှိသူအရေအတွက်မှာ ၅ ဒသမ ၁၃ သန်းရှိပြီး စုစုပေါင်း လူဦး ရေ၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း၊ လက်ရှိ တွင် အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို ဦးရေမှာ ၆၀ ဦးခန့် ရှိကြောင်းနှင့် ကမ္ဘာပေါ်၌ သက်ကြီးရွယ်အို အရေအတွက်မှာနှစ်စဉ် ၂ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်လျက် ရှိကြောင်းသိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျန်းမာရေး အဆင့်အတန်း မြင့်မားလာခြင်း၊ လူနေမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မွေးနှုန်းကျဆင်းလာခြင်း၊ သေနှုန်းကျဆင်းခြင်း နှင့်အတူ သက်ကြီးရွယ်အို ဦးရေလည်း မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။

ယခုလက်ရှိ အချိန်အထိ သက်ရှိထင်ရှားရှိသည့် အသက် ၁၀၀ နှစ်နှင့်အထက် ဘိုးဘွားအချို့
စဉ် အမည် အသက် နေရပ်လိပ်စာ
၁။ ဒေါ်မြကြည် ၁၁၈ နှစ် အမရပူရမြို့၊ မန္တလေးတိုင်း
၂။ ဦးအုန်းမြိုင် ၁၁၀ နှစ် မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်း
၃။ ဒေါ်ခင်နု ၁၁၀ နှစ် မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း
၎။ ဒေါ်သိန်းညွန့် ၁၀၉ နှစ် ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)၊ ရန်ကုန်တိုင်း
၅။ ဒေါ်သိန်းကြည် ၁၀၇ နှစ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်း
၆။ ဒေါ်အုံးပွင့် ၁၀၇ နှစ် လက်ပံတန်းမြို့၊ ပဲခူးတိုင်း
၇။ ဒေါ်နှင်းအေး ၁၀၇ နှစ် သာကေတမြို့နယ်၊ ရန်ကုန်တိုင်း
၈။ ဒေါ်ရာကူး ၁၀၇ နှစ် ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်း
၉။ ဦးမောင်ရွှေ ၁၀၆ နှစ် ညောင်တုန်းမြို့၊ ဧရာဝတီတိုင်း
၁၀။ ဒေါ်ဖွဲနုမ ၁၀၆ နှစ် ကျောက်တန်းမြို့၊ ရန်ကုန်တိုင်း


ဂင်းနစ်မှတ်တမ်းအရ သက်ရှိထင်ရှား ရှိနေသေးသော အသက် ၁၀၀ နှစ်နှင့်အထက် ဘိုးဘွားများ


အမည် ကျား/မ မွေးသက္ကရာဇ် အသက် နိုင်ငံ
Eugénie Blanchard ၁၆ .၂ .၁၈၉၆ ၁၁၄ နှစ် ၁၇၅ ရက် ပြင်သစ်
Eunice Sanborn ၂၀ .၆ .၁၈၉၆ ၁၁၄ နှစ် ၂၁ ရက် အမေရိကန်
Besse Cooper ၂၆ .၈ .၁၈၉၆ ၁၁၃ နှစ် ၃၄၉ ရက် အမေရိကန်
Walter Breuning ကျား ၂၁ .၉ .၁၈၉၆ ၁၁၃ နှစ် ၃၂၃ ရက် အမေရိကန်
Chiyono Hasegawa ၂၀ .၁၁ .၁၈၉၆ ၁၁၃ နှစ် ၂၆၃ ရက် ဂျပန်
Venere Pizzinato ၂၃ .၁၁ .၁၈၉၆ ၁၁၃ နှစ် ၂၆၀ ရက် အီတလီ


http://arzarni.blogspot.com/2010/08/blog-post_4455.html

12 August 2010 ဒိုင်ယာရီ

12%20August%202010%20yeyintnge%27s%20Diary.doc file here

12 August 2010 Yeyintnge's Diary

သင်္ကြန်ဗုံးဖေါက်ခွဲမှုတွင်ပါဝင်“ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”


သင်္ကြန်ဗုံးဖေါက်ခွဲမှုတွင်ပါဝင်“ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

မောင်ချင့်ချိန်

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အ ပါအဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော် ငြိမ်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့် ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေအများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီးး ပြည်သူလူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အ ကြတ်နေ့ ကန်တော်ကြီးဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲ လို့ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။


ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းခဲ့ပြီးး ကျောင်းသားလူငယ်လေးတွေကအစ သေနတ်ကိုင်ပြန်တိုက်တဲ့ခေတ် (၂၂ နှစ်ကာလ) မှာ ဗမာပြည်မှာဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီးလို့ စစ်အစိုးရရဲ့ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှတလတကြိမ်နှုန်းလောက်ကွဲေ
နသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီးး ဗုံးကွဲ တယ်ဆိုတာ ကို သိပ်စိတ်ဝင်တစားမရှိကြတော့တာ ကြာပါပြီး၊ တိုင်းပြည်မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ခွဲတာနေမှာ ပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ်။ ခု ဧပြီးလ (၁၅) ရက်၊ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော၊ လူအများအပြားထိခိုက်တာကြောင့်ရော၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီး မားမားပုဂ္ဂိုလ်များနဲ့ အာဏာပိုင်အသိုင်းအဝိုင်းကြား ထိခိုက်မှုများတာကြောင့်ရော၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့ အမျိုးမျိုးပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တ စားရှိခဲ့တာပါ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်ကဗုံးတွေနဲ့မတူပဲ သေဆုံးဒါဏ်ရာရစာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ် တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာကလွဲရင်) ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ်။ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်းပေးမယ်လို့ တယက ကြေငြာချက်ထုတ်ပြန် ပြီးး ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံ
က ရယကရုံးတွေနဲ့ လူစည်ကားရာလမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါ တယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီးးဝပ်လို့အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကိုနေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရစာပေစိစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလည်း ဖေါ်ပြထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးး သုံးပါတ်အကြာမှာတော့ အားလုံးသိပြီးးတဲ့အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲအချော် ချော်သတင်းစာရှင်းပွဲလုပ်ပါ တယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူတယော
က်ကို ဖမ်းမိထားတယ်ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့ အဖွဲ့များစွာကိုလည်း စွပ်စွဲလိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲကို သေချာလေ့လာပြီးးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါ ဝင်ကျူးလွန်သူလို့ စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန် တကယ်ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရပြောတာတွေမို့လို့၊ စိတ်အခံကြောင့်လက်မခံ တာမျိုးမဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ ဇတ်လမ်းဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့အလွဲတွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့်လုပ်ကြံဇတ်ထွင်ရသလဲ ဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့်တရားခံအဖြစ်ပြခံရလဲဆို
တာ ပြောစရာရှိလာပါတယ်။

အဓိက လုပ်ကြံဇတ်ထွင်ရတဲ့အကြောင်းက သူ့တပ်သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူဘာပြောပြော၊ ကမ္ဘာကဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကိုလိမ်ဘို့ဆိုတာထက် သူ့တပ်ထဲမှာဖြစ်လာတဲ့ ပြဿနာတွေကိုရှင်းဘို့၊ အာဏာ ရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ်အသိုင်းအဝိုင်းကိုပြန်လိ
မ်တာပါ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များ
ရဲ့ သားသမီးတွေစုဝေးရာဖြစ်ပြီးး ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့ အချစ်တော် မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါလာသွားနေခဲ့ပါတယ်၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေ သမဟုတ်ဘဲ ဖိုးလပြည့်နဲ့ VIP သားသမီး များလုံခြုံရေးအတွက် သီးသန့်လာစောင့်ပေးနေရတာပါ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဝင်ထွက် ခွင့် တံဆိပ်ပါကားတွေရပ်ထားပြီးး ဗိုလ်မှူးကြီးကိုယ်တိုင် လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှူးနဲ့ မယကဥက္ကဋ္ဌ အပါအ ဝင် လုံခြုံရေးများစွာရှိနေတဲ့ကြားမှာ ကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်းပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့် ကို မကြည် တဲ့ တပ်တွင်းအသိုင်းအဝိုင်း၊ တခြား VIP သားသမီးတချို့ကိုမကြည်တဲ့တပ်တွင်းအသိုင်းအဝိုင်း၊ ဗိုလ်မှူးကြီးအုန်းချိုကိုမကြည်တဲ့ တပ် တွင်း အသိုင်းအဝိုင်း တခုခုကလုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ အမျိုးမျိုးဖြစ်လာခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလွင်နေအိမ်နဲ့ နယ် စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှူးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီးး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးးမှ ခု သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ)
၊ ထောက်လှမ်းရေးအသိုင်းအဝိုင်းနဲ့ အရာရှိကြီးတွေသာသိခဲ့ပြီးး ချယ်ရီဥ ယာဉ် အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတောင် အဲဒီဝန်းထဲမှာပဲကျိတ်ပြီးး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက်လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့၊ အမိန့်အာဏာတွေကပေါ်နေ ပတ်သက်နေကြတဲ့ အသိုင်း ဝိုင်းဖြစ်တာကြောင့်၊ သတင်းလုံခြုံမှုမရှိဘဲ ပေါက်ထွက်လာပြီးး ပြည်ပသတင်းဌာနတွေကနေပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊ သင်္ကြန်ဗုံးပေါက်မှုဟာ ပြဿနာပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာမလုံမခြုံဖြစ်လာပြီးး ဗုံးပေါက်ကွဲပြီးးမကြာမှီ အဆင့်မြင့်အ ရာရှိတွေ နေပြည်တော်သွားလာခွင့် ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက်အင်အားစာရင် ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါ တယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကိုထိန်းဖို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေ ကို နှစ် သိမ့်နိုင်ဖို့၊ အသုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ထောက်လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဖို့၊ ပြည်သူတွေကြားမှာပြောနေတဲ့ စစ်အစိုးရ ကိုယ်တိုင်ခွဲတာပါကွာဆိုတာကို ရှင်းပြီးးသားဖြစ်အောင်လို့၊ အတိုက်အခံတွေကို နိုင်ငံရေးအရထိုးနှက်ရအောင်လို့ စသဖြင့်အကြောင်း ရာတွေကြောင့် လုပ်ကြံဇတ်ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင်ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာ ကြောင့် ကိုဖြိုးဝေအောင်က တရားခံအဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်းဖန်တီးလွယ်မယ့် ဆက်စပ်မှုမှာရှိနေလို့ပါ၊ ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှူးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာအြ
ဖစ် လုပ်ခဲ့ ဖူးသူတယောက်ဖြစ်ပြီး သံသယဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်ကတရင်းတနှီးနေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဖူး သူ၊ ထောက်လှမ်းရေးတွင် ခံဝန်လုပ်ထားရသူ ဖြစ်ပါတယ်။ သင်္ကြန်အပြီးး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာအားလုံးကို ဖမ်းတာ မှာ ပြန်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ်အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေရှေ့မှာ စစ်ဆေးတာမျိုးမဟုတ်ဘဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ် စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်ကနိုင်ငံရေးလုပ်ခဲ့တာတွေ၊ နိုင်ငံရေးနယ်ပယ်ကသူတွေနဲ့ ပတ်သက်ခဲ့တာတွေကို ပြော ပြဖြစ်ခဲ့မှာဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံးအရေးအခင်းတွက် စာဖြန့်တယ်ဆိုပြီးး ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီးး ကောင်းမွန်စွာနေထိုင်ကျောင်းတက်
ပါမည်ဟု ဝန်ခံလက်မှတ်ထိုးဘူးကြောင်း၊ ၂ဝဝ၇ သြဂုတ်လကုန်က ရှစ်လေးလုံးအရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်းစာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင်ရေးသားဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံဘုန် ကြီးကျောင်းကို ထရန်စဖေါ်မာဆင်ပေးနေချိန်ဖြစ်၍ ၎င်းသံဃာတော်များနှင့်အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့ သူများမှာ ၂ဝဝ၇ ပြီးးနောက်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ်။

မူလထဲက လက်တွေ့ကျူးလွန်သူတွေကို မဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံအစားထိုးဘို့ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့တခြားစွပ်ဆွဲသူေ
တွကို ဇွတ်ဆက်စပ်ရပါတော့တယ်။ တခြားစွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာပါဝင်ပတ်သက် တာ ဟုတ်မဟုတ် ဘယ်သူမှမပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်းအပြီးးလုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီးး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က တနေ့လုံးရန် ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ၊ လုံခြုံရေးများလည်း သိကြောင်း၊ လာဖမ်းသွားပြီးးနောက်နေ့တွင် ကိုမျိုးကြီးကမေးသဖြင့် သင်္ကြန်ဗုံးကိစ္စစစ်မေးရန်ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူရှိနေ တာပဲ၊ သူနဲ့မှမဆိုင်တာ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ပြောကြောင်း၊ ကျွန်မအမျိုးသားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကိုပြော သွားတာတွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာချုပ်နှောင်ထာြး
ပီးး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က မိခင်ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅ မိနစ်တွေ့ခွင့်ရခဲ့ပါတယ်၊ ဒေါက်တာထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်း ပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ်၊ အဓိကကတော့ သူမတရားခံရတာဖြစ်ကြောင်း၊ လုံးဝမပါတ်သက်ကြောင်း ပြောတာဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီးး ကိုယ်စားလှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကိုသွားခဲ့တာမှာ ကိုဖြိုးဝေ အောင်နဲ့တွေ့ခွင့်မရခဲ့ဘဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက်သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့်ပေးလိုက်ရင် ပုဒ်မတခုခုတပ်ထားတာပြောရတော့မယ်
၊ ထောင်ပို့ပြီးဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ၊ ခုကမိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူးပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ) နဲ့ ပတ် သက်ပုံကိုမေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန်သိရတဲ့အခါ ရှေ့နေကသက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုး ကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ ရန်ကင်းစင်တာက ဝန်ထမ်းတွေနဲ့လုံခြုံရေးတွေ သက် သေဖြစ်လာရင် လုပ်ကြံဇတ်လမ်းသတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး၊ သက်သေပြခွင့်မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဖို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကိုလိမ်ညာလှည့်ဖြားဖို
့ ရဲချုပ်ခင်ရီရဲ့ ထွက် ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင်လက်အောက်မှာ လူတိုင်း အချိန်မရွေးသားကောင် ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့။

မောင်ချင့်ချိန်