Thursday, August 19, 2010

19 August 2010 ဒိုင်ယာရီ

19 August 2010 yeyintnge's diary.doc


19 August 2010 Yeyintnge's Diary

ရွေးကောက်ပွဲ သပိတ်မှာ လူထုပါဝင်စေဖို့ NLD စဉ်းစား



By ဦးဇော်ဝင်းလှိုင် ကြာသပတေး, 19 သြဂုတ် 2010


နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ နေ့လယ်မှာ ကျင်းပတဲ့ ပါတီခေါင်းဆောင်များ အစည်းအဝေးအတွင်း အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အစတုန်းက ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ် ဆိုတုန်းက မှတ်ပုံမတင်ဘဲနေဖို့ ဆုံးဖြတ်ထားခဲ့ရာက အခုတော့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်သွားမယ်ဆိုပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတိအကျ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ ကျင်းပခဲ့တဲ့ ပါတီခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲအတွင်း တညီတညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျနော်တို့လည်း အစကတည်းက ဒါကို လက်မခံနိုင်ဘူး၊ ပြုပြင်ပေးပါလို့ ပြောထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေတွေဟာ အဲဒီလမ်းအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာနိုင်ငံ ပြည်သူလူထု ဆန္ဒအတိုင်း မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိစေမယ့်ဆီကို ဦးမတည်နိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။”

ဒီလို ပါတီအနေနဲ့ သပိတ်မှောက်မယ့်အပြင် ဒီသပိတ်မှောက်တဲ့အထဲ ပြည်သူလူထု ပါဝင်လာအောင် NLD အနေနဲ့ ဦးဆောင်လုပ်မယ်၊ မလုပ်ဘူး ဆိုတာကိုတော့ ဆက်လက် ဆွေးနွေးနေကြတုန်းလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကနေ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ ပြည်သူလူထုဟာ ရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေလိုက နေနိုင်တဲ့ အကြောင်းလည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကြေညာထားပြီးဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေများမှာ ဖော်ပြထားတဲ့ ဥပဒေပါ အချက်အလက်များအတိုင်း လုပ်သားပြည်သူ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ပိုင်ခွင့်ကို အသုံးချပြီးတော့ ဒီရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေချင်လည်း နေလို့ရတယ်လို့ ကျနော်တို့ သုံးသပ်ကြောင်းလည်း ဆုံးဖြတ်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း NLD က လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုရေး လုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဦးအုန်းကြိုင်က ပြောသွားပါတယ်။
http://www1.voanews.com/burmese/news/nld-boycott-election-101075809.html

ဒုံးခွင်းဒုံးနှင့် ဟယ်လီကော်ပတာများ အပြည့်အစုံပါသည့် တရုတ်စစ်သင်္ဘော ဆိုက်ရောက်မည်

ဒုံးခွင်းဒုံးနှင့် ဟယ်လီကော်ပတာများ အပြည့်အစုံပါသည့် တရုတ်စစ်သင်္ဘော ဆိုက်ရောက်မည်
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၂၀၊ ၂၀၁၀
တရုတ်နိုင်ငံမှ လာရောက်ခဲ့ဘူးသမျှ စစ်သင်္ဘောများအနက် အကြီးဆုံး ဖြစ်မည့် လက်နက်အပြည့်အစုံ ပါဝင်သည့် စစ်သင်္ဘော မကြာမီရက်ပိုင်းအတွင်း ရန်ကုန်သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လိမ့်မည်ဟု အမည်မဖေါ်လိုသော သီလ၀ါဆိပ်ကမ်းမှ လုံခြုံရေး အရာရှိတစ်ဦးက ပြောဆိုသည်။ ယခုလာရောက်မည့် သင်္ဘောတွင် ဒုံးခွင်းဒုံး (cruise missile) များ၊ စစ်သုံး ဟယ်လီကော့ပတာများ အထိပါဝင်မည်ဖြစ်ပြီး ရေတပ်သားလည်း ရာနှင့်ချီပါဝင်လိမ့်မည်ဟု အဆိုပါ အရာရှိက ပြောသည်။ ယခင်က အိန္ဒိယနိုင်ငံမှ စစ်သင်္ဘောများသာ ဆိုက်ကပ်လေ့ရှိပြီး တရုတ်စစ်သင်္ဘောများ လာရောက်ခဲလှသည်ဟုလည်း သိရပြီး သီလ၀ါ ရေတပ်သင်္ဘောကျင်းသို့ လေ့လာရေး အစီအစဉ်လည်း ပါရှိသည်ဟု သိရှိရသည်။
မကြာမီလပိုင်းမှ စတင်ကာ သီလ၀ါရေတပ် သင်္ဘောကျင်းအနီးသို့ အရပ်ဘက် သင်္ဘောများ စက်လှေများ နီးကပ်စွာ ဖြတ်သန်းခွင့်မရှိပဲ ရေတပ်သင်္ဘောကျင်းတွင် ထုတ်ဖေါ်ခြင်း မပြုလိုသည့် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု လုပ်ကိုင်နေသည့် လက္ခဏာရှိသည်ဟုလည်း အရပ်ဘက် ရေယာဉ်များ၏ ပြောဆိုချက်အရ သိရသည်။
အတည်မပြုနိုင်သေးသော သတင်းတစ်ရပ်အရ သီလ၀ါ ရေတပ်သင်္ဘောကျင်းတွင် ရေငုပ်သင်္ဘောတည်ဆောက် နေသည့်အစီအစဉ်ရှိသည်ဟုလည်း လုံခြုံရေး သတင်းရပ်ကွက်က ပြောဆိုသည်။
နအဖ စစ်အစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် ယခုလို ရေတပ်ကိစ္စရပ်များတွင် နီးနီးကပ်ကပ်ဆက်ဆံလာခြင်းသည် ထူးခြားသည့် လက္ခဏာတစ်ရပ်ဟုလည်း ရန်ကုန်မှ နိုင်ငံရေး လေ့လာသူ တစ်ဦးက မှတ်ချက်ပေးသည်။
(မကြာမီ ရန်ကုန်သို့လာရောက်မည့် တရုတ်စစ်သင်္ဘော DDGHM-168 သင်္ဘောကို အင်ဒိုးနီးရှားနိုင်ငံ အနီးတွင်တွေ့မြင်ရစဉ် )
http://moemaka.com/index.php?option=com_content&task=view&id=6996&Itemid=1

မြန်မာ မူးယစ်ဆေးဝါး လောက၏ နိုင်ငံရေး ပုံစံသစ်


မြန်မာ မူးယစ်ဆေးဝါး လောက၏ နိုင်ငံရေး ပုံစံသစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ပြီးခဲ့သည့် ရာစုနှစ်ဝက်တခုလုံး စစ်အစိုးရအတွက် ဒေါ်အောင်ဆန်းစုကြည်အပြင် အကြီးဆုံး အန္တရာယ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပင် ဖြစ်သည်။ စစ်အစိုးရသည် ဆယ်စုနှစ်များစွာ ရန်လိုနေသော ဒေသများတွင် စစ်ရေးတဝက် မဟာမိတ်များ တည်ဆောက်ခြင်းဖြင့် ထိုကျေးလက်ဒေသများ၌ ၎င်း၏ သြဇာစက်ရိပ် တိုးမြှင့်နိုင်ရေး ကြိုးပမ်းခဲ့သည်။ စစ်တပ်၏ အပြည့်အဝ ပူးပေါင်းကူညီမှုဖြင့် ဒေသခံ ပြည်သူ့စစ်များသည် လွတ်လပ်စွာ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ပို့ဆောင်နိုင်ခွင့် ရရှိခဲ့ကာ အပြန်အလှန်အားဖြင့် သူပုန် လှုပ်ရှားမှုများကို နှိမ်နှင်းပေးခဲ့ရသည်။ ဤသို့ အကျိုးဆောင်ပေးရင်း အာဏာ ယစ်မူးလာသော စစ်တပ်သည် မူးယစ် ဆေးဝါးစစ်ပွဲကို လျင်မြန်စွာ ဦးစားပေးလာခဲ့သည်။ ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် အထောက်အပံ့ ရရှိနေသော ရပ်တည်ရေး နည်းဗျုဟာကြောင့် ယခုအခါ စစ်အုပ်စု၏ အင်အားသည် ခါတိုင်းထက် ပိုမို ကြီးထွားလာခဲ့သည်။ Perry Santanachote က ၎င်းမှ အကျိုးအမြတ် ရရှိသူများ၊ အကာအကွယ် ရသူများနှင့် ၎င်းအတွင်းပိတ်မိ၍ သားကောင်ဖြစ်ရသူများ အကြားမှ ကုန်သွယ် ရောင်းဝယ်မှုအကြောင်း စမ်းသပ်စစ်ဆေးပြသည်။

ရှမ်းပြည် - ဘိန်းဘုရင်ကြီးများ၏ နယ်မြေမှ ကြိုဆိုပါသည်


golden-triangle

ရွှေတြိဂံဒေသအနီး လွယ်ဆန်စုမ် တောင်ကြောတလျောက်က ဘိန်းခင်းများကိုဖျက်ဆီးခဲ့စဉ် ၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း နိုင်ငံခြား သတင်းထောက်များအား ဘိန်းပန်းပွင့်နှင့် သရုပ်ပြနေသော မြန်မာ စစ်သားတယောက်၏ ပုံဖြစ်သည်။ နိုင်ငံအတွင်း ဘိန်းရောင်းဝယ်မှု ပပျောက်ရမည်ဟူသော စစ်အုပ်စု၏ ၁၉၉၉ ခုနှစ်ကစတင်သည့် ၁၅ နှစ် စီမံကိန်း လှုပ်ရှားမှု၏ အစိတ်အပိုင်းတခုအဖြစ် ကမ္ဘာ့ အကြီးမားဆုံး ဘိန်းစိုက်နယ်မြေ တခုဖြစ်သော ရှမ်းပြည်နယ်တွင် ဘိန်းစိုက် ဧကပေါင်းများစွာကို စစ်အုပ်စု၏ စစ်သားများက ဖျက်ဆီးပစ်ခဲ့ကြသည်။ သို့သော် ယနေ့အချိန်ထိ ဘိန်းဘုရင်ကြီးများ အရေးယူမခံရပဲ ဆက်လက် လုပ်ကိုင်နေကြကာ မြန်မာ စစ်တပ်ကလည်း အမြတ်အစွန်းများသော ဘိန်း ကုန်ကူး လုပ်ငန်းတွင် ဆက်လက် ပါဝင်နေဆဲ၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကိုင်တွယ်ရန်အားတခုအဖြစ် ဆက်လက်အသုံး ပြုနေဆဲ ဖြစ်သည်။ ဓါတ်ပုံ AFP

အောင်မင်းသည် ရန်ကုန်မှ အခြား အောက်ခြေ လူတန်းစား လူငယ်များ ကဲ့သို့ပင် ဆင်းရဲပင်ပန်းစွာ ကြီးပြင်းခဲ့ရသည်။ အသက် ၁၈ နှစ်အရွယ် ၁၉၉၉ ၌ တနေ့ အထက် အရာရှိအဆင့် ရောက်ရမည်ဟူသော ရည်မှန်းချက်ဖြင့် မြန်မာစစ်တပ်သို့ ဝင်ရောက်ခဲ့သည်။ ၂ဝဝ၃ တွင် ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်တွင် ဒုဗိုလ် အဖြစ်ဖြင့် တာဝန်ကျကာ တပ်သား ၂ဝ အုပ်စုကို ဦးစီးခဲ့ရ၍ သူ၏ အိတ်ကပ်သည် ဘိန်းမှရသော ပိုက်ဆံတို့နှင့် ပြည့်နေခဲ့လေသည်။

တိုင်းရင်းသား ပြည်နယ်များ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အာမခံပေးသော ပင်လုံစာချုပ်ကို စစ်ခေါင်းဆောင်များ လိုက်နာရန် ငြင်းဆန်ခဲ့သည့် ၁၉၆ဝ နှောင်းပိုင်းမှစကာ ဘိန်းထုတ်လုပ်မှုသည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများတွင် လူစုလူဝေးနှင့် သရဲမရဲစီး၍ လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းဖြစ်ခဲ့သည်။ သူပုန်တပ်များ၏ ဘိန်းကုန်ကူးမှုက တကမ္ဘာလုံး ပျံ့ နှံ့သွားခဲ့သလို ၎င်းတို့၏ တပ်များသည်လည်း ကြီးထွားလာခဲ့သည်။ ၁၉၈ဝ နှင့် ၁၉၉ဝ ကာလများတလျောက်လုံး တောတောင်ထူထပ်သည့် ထိုင်း၊ မြန်မာ နှင့် လာအိုနိုင်ငံတို့နယ်စပ် အရှေ့ တောင်အာရှမှ နာမည်ဆိုးဖြင့်ကျော်ကြားသော ရွှေတြိဂံ ဒေသကို ရှမ်း စစ်ဘုရင် ခွန်ဆာ၏ ဘိန်းလုပ်ငန်းက လွှမ်းမိုးထားခဲ့သည်။ သူ၏ တော်လှန်ရေး စစ်ပွဲသည် ၁၉၉၆ တွင် ပြီးဆုံးသွားခဲ့သော်လည်း ဘိန်းဘုရင်အသစ်များ ပေါ်ပေါက်လာကာ နည်းပင်နည်းစေကာမူ ရှမ်းပြည်နယ်မှ ဘိန်းထွက် ရပ်မသွားခဲ့ပေ။

ဘိန်းကုန်ကူးသူများနှင့် လာဘ်ပေးလာဘ်ယူ လုပ်ရမည်ဟု တရားဝင်အမိန့် မရှိသော်လည်း ထိုအလေ့သည် စစ်တပ် ယဉ်ကျေးမှု၏ အဓိက အစိတ်အပိုင်းတခု ဖြစ်လာ ...
အမေရိကန် နိုင်ငံခြားရေး ဌာနက မြန်မာနိုင်ငံ၏ လက်ရှိ ဘိန်းစိုက်ပျိုးမှုသည် ၁၉၉ဝ ပြည့်လွန်နှစ်များ အလယ်က စိုက်ပျိုးမှု၏ ၂ဝ ရာခိုင်နှုန်း အောက်သာ ရှိတော့သည်ဟု အသိအမှတ် ပြုခဲ့သော်လည်း ဘိန်းကုန်သွယ်မှုသည် နှစ်စဉ် ဒေါ်လာဘီလျံချီ၍ ဆက်ဝင်နေဆဲ ဖြစ်သည်။ မြန်မာသည် အာဖဂန် နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေကာ ကမ္ဘာ့ ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ၂ဝ၁ဝ ပြည့် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ မနှစ်က ကမ္ဘာ့ဘိန်းတင်ပို့မှု၏ ၁၇ ရာနှုန်း သို့မဟုတ် မက်ထရစ်တန် ၃၃ဝအထိ မြန်မာပြည်က ထုတ်လုပ်ဆဲ ဖြစ်သည်။ ဘိန်းစိုက်ပျိုးမှုသည်လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

အစီရင်ခံစာ၏အခြားစာမျက်နှာများတွင်မူ မြန်မာသည်အာရှ၏အကြီးမားဆုံးသော အဖက်တမင်းပုံစံ စိတ်ကြွဆေး (ATS)ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်ဟုဖော်ပြထားသည်။ ထိုဆေးတွင် မက်သာဖက်တ မင်း ပါရှိကာ ဒေသတွင်းတွင် ထိုင်းလို ယာဘ (အရူးဆေး)ဟု ပိုမိုလူသိများသော ဈေးပေါသည့်ဓာတု ဗေဒနည်းအရ သန့်စင်မထားသော ဆေးလုံးလေးများအဖြစ်လည်းကောင်း၊ Ice ဟုခေါ်သည့် ပို၍ဈေးကြီး ပိုမိုသန့်စင်သည့်အခဲလေးများအဖြစ်လည်းကောင်း ဖြန့်ချိကြသည်။မြန်မာနိုင်ငံ၏ မက်သာဖက်တမင်းထုတ်လုပ်မှုသည် ဘိန်းထုတ်လုပ်မှုလျော့ကျသွားသည်နှင့် တိုက်ဆိုင်နေသော် လည်း ထုတ်လုပ်သူများ၏ လိုအပ်ချက်ကြောင့် ပြောင်းလဲခဲ့ခြင်းမဟုတ်ပါ။

“စစ်အုပ်စုက ကျောထောက်နောက်ခံ ပေးထားတဲ့ အုပ်စုတွေရဲ့ ပါဝင်ပတ်သက်မှုတွေ တိုးလာတာကြောင့် စိတ်ကြွဆေး မနှစ်ကပိုပြီးထုတ်လာကြတယ်”ဟု လွတ်လပ်သော သတင်းနှင့် သုတေသနအုပ်စု ဖြစ်သည့် ရှမ်းသံတော်ဆင့် သတင်းဌာန မှအယ်ဒီတာ ဦးခွန်ဆိုင်းကပြောသည်။ “စစ်အုပ်စုရဲ့နိုင်ငံရေး မျှော်မှန်းချက်တွေကို ပြည်သူ့စစ်အဖွဲ့တွေက ထောက်ပံ့ပေးတဲ့အခါ သူတို့ရဲ့ဘိန်း လုပ်ငန်းတွေကို စစ်အုပ်စုက ပြန်လည်ပံ့ပိုးပေးပါတယ်” ဟုသူကဆက်ပြောသည်။

“ တကယ်လို့ ခင်ဗျားသာ ဘိန်းသူဌေးဖြစ်နေရင်ပိုက်ဆံရမယ့်ဟာ ဘာမဆိုလုပ်မှာပဲလေ။ မက်သာဖက်တမင်း ပိုထုတ်တယ်ဆိုလည်း ဒါဟာဈေးကွက်နဲ့ ဝယ်သူရဲ့လိုအပ်ချက်ကြောင့်ပဲ ဖြစ်မှာပေါ့။ အခု နှစ်နှစ်ဆက်တိုက် ဘိန်းထုတ်လုပ်မှုကျလာတယ်။ ဒါကြောင့် ဟီးရိုး အင်းထုတ်လုပ်မှုဟာ တခြားနှစ်ကထက်နည်းသွားတယ်။ ဒါပါပဲ ရည်ရွယ်ချက်ရှိရှိကြီး ဟီးရိုးအင်း ထုတ်နေရာကနေ မက်သာဖက်တမင်းပြောင်းထုတ်တာတော့ မဟုတ်ပါဘူး” ဟုလည်းသူကထပ်ပြောသည်။

ချင်းမိုင်မှ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ ဒါရိုက်တာ ဖွန်သစ်အမ်ပရာပိုင်က ဘိန်းနဲ့ဟီးရိုးအင်း အထွက်လျော့သွားတာဟာ ရာသီဥတုအခြေအနေနဲ့ မိုးနည်းတာကြောင့်ဖြစ်ပြီး ဘိန်းတိုက်ဖျက်ရေး ကြောင့်မဟုတ်ပါဟု ပြောသည်။ စီးပွားရေးနှင့် လူမှုရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ထိုင်းတွင်သုံးစွဲသူများ လိုအပ်ချက်မြင့်လာကာ မက်တာဖက်တမင်းက ထိုကွက်လပ်ကို လျင်လျင်မြန်မြန် ဖြည့်ခဲ့သည်ဟု သူကထပ်ပြောသည်။ ထိုင်းလူမျိုးများသည်ဟီးရိုး အင်းကိုမည်သည့်အခါကမှ လွန်ကဲစွာမစွဲလမ်းကြသော်လည်း ယာဘဆေးကိုစွဲလမ်းမှုမှာမူ သတိထားရမည့်နှုန်းအထိဖြစ်လာခဲ့သည်။

“မက်တာဖက်တမင်း ထုတ်ရတာက အများကြီးလည်းပိုလွယ်တယ်လေ။ မက်တာဖက်တမင်း ဒါမှမ ဟုတ် Ice ချက်ဖို့ ဘိန်းပင်စိုက်သလို စိုက်ဖို့မလိုဘူးလေ“ ဟုဖွန်သစ် က ပြောသည်။

ယနေ့ဘိန်းရောင်းဝယ်မှုနှင့် ခွန်ဆာခေတ်ရောင်းဝယ်မှု၏ အဓိကကွာခြားချက်မှာ ယခုအခါအစိုးရက ဘိန်းရောင်းမှုကို ပိုမိုထိန်းချုပ်လာခြင်းပင်ဖြစ်သည်။ ယခင်ဝန်ကြီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် ၂ဝဝ၃ ၊၂ဝဝ၄ တွင်အဓိကဘိန်းထုတ်လုပ်သော ပြည်သူ့စစ်များနှင့် အပစ်အခတ်ရပ်စဲမှုများ ဆက်တိုက် ဦးဆောင်ပြုလုပ်ခဲ့ကာ မူးယစ်ဆေးဝါးထုတ်လုပ်ရန်အထောက်အကူပြုသောအခြေအနေများကို ဖန်တီး၍ ၎င်းတို့နှင့် စီးပွားရေး၊ ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းစဉ်စသည်တို့တွင် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ အတိတ်က စစ်အုပ်စုသည်ဘိန်းရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယအရှိခံခဲ့ရသော်လည်း ယခု အခါ မည်သည့်အဆင့်တွင်မှမတွေ့ရတော့ပေ။

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း စစ်အုပ်စုသည် မူးယစ်ဆေးဝါး ကိစ္စ္စကို သိုသိုဝှက်ဝှက်ထားခဲ့ရာမှ စစ်ပွဲဆင်နွှဲသကဲ့သို့ တစခန်းထွက်ပြပြန်သည်။ ၁၉၉၉ တွင်စစ်တပ်မှဘိန်း တိုက်ဖျက်ရေး (၁၅) နှစ်စီမံကိန်းကိုစတင်ခဲ့ကာ ဘိန်းရောင်းဝယ်မှုကို ဖြိုခွဲမည်ဟု အပြည်ပြည်ဆိုင်ရာ ကို ကြီးကြီးမားမားကတိများပေး၍ မူးယစ်ဆေးဝါးရှာဖွေသိမ်းဆည်းမှုပြယုဂ်အနည်းငယ်ကိုလူသိ ရှင်ကြားလုပ်ပြကာ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပြတိုက်တခုပင်ဖွင့်လှစ်ခဲ့သေးသည်။ ထိုလုပ်ဆောင် မှုများသည် အလုပ်ဖြစ်နိုင်သည့်အရာများဖြစ်သော်လည်း အပြည်ပြည် ဆိုင်ရာကို နားလှည့် ဖြားယောင်းမှုများသာ ဖြစ်ခဲ့သည်။

(UNDOC) က ပြီးခဲ့သည့်နှစ်အတွက်ထုတ်သော ဘိန်းစိုက်ပျိုးမှုအစီရင်ခံစာတွင် ဘိန်းစိုက်ပျိုးဒေသ သိသာစွာကျဆင်းမှုနှင့် ဘိန်းထုတ်လုပ်ရန်ဖြစ်နိုင်ခြေ များစွာကျဆင်းမှုအတွက် စစ် အုပ်စုအားချီးမွမ်းခဲ့ကာ ၂ဝဝ၄ နှင့် ၂ဝဝ၇ ကြားကာလအတွက် ဘိန်းပပျောက်ရေး စီမံကိန်းကို အမေရိကန်ဒေါ်လာ ၇.၇ သန်းထောက်ပံ့ခဲ့သည်။

“ဒါဟာပုံမှန်ဖွံဖြိုးရေးစီမံကိန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်တွေကိုသုံးရမယ့်အစား အဲ့ဒိနေရာတွေအ တွက်နိုင်ငံတကာကနေပေးလာအောင် ကြိုးပမ်းမှုနောက်တခုပဲ ဖြစ်တယ်“ ဟုချင်းမိုင်တွင်အခြေစိုက် သည့် စာရေးဆရာ ဘာတီးလစ်တနာကပြောသည်။ သူ၏ “Burma in Revolt“ နှင့် မကြာခင်ကထွက်သော “Merchants of Madness: The Methamphetamine Explosion in the Golden Triangle” စာအုပ်များ၌ ဒေါ်လာဘီလျံချီတန်သော မက်သာဖက်တမင်း ရောင်းဝယ်ရေးထဲ မြန်မာဘိန်းဘုရင်များပါဝင်နေမှုကို လေ့လာမှတ်တမ်းတင်ထားသည်။

စစ်အစိုးရကို အညံ့ခံ၍ ၎င်းတို့ နိုင်ငံရေး မျှော်မှန်းချက်ကို အထောက်အပံ့ ပေးသော အဖွဲ့များ၏ မူးယစ်ဆေးဝါး ကိစ္စများကို ပံ့ပိုးပေး ...
“ပြီးတော့ UNDOC အစီအစဉ်တော်တော်များများဟာ သာမန်ဖွံဖြိုးရေးစီမံကိန်းတွေသာဖြစ်ပြီး မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနဲ့ နည်းနည်း ဒါမှမဟုတ် လုံးဝဆက်စပ်မှုမရှိတာတွေသာဖြစ်ပါတယ်“ ဟု လစ် တနာ ကပြောသည်။

ဖွန်သစ်က ထိုင်းအစိုးရသည် မြန်မာအစိုးရအား ဘိန်းတိုက်ဖျက်ရေးအတွက် နှစ်စဉ် ဘတ်သန်း ၂ဝ (အမေရိကန်ဒေါ်လာ ၆၂၅,ဝဝဝ) ပေးနေသည်ဟုပြောကြားသည်။

“မြန်မာစစ်အစိုးရက သေသေချာချာ လုံလုံလောက်လောက် မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ အရင်းအမြစ်တွေ မရှိလို့ပါပဲ။ ဒါကြောင့် တခြားနိုင်ငံတွေဆီက ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေလိုအပ်ပါတယ်”

နောက်ထပ် ၁၁ နှစ်ကြာလျှင်လည်း မူးယစ်ရာဇာကြီးများသည် အရေးယူခံရခြင်းမရှိပဲ ဆက်လက်လုပ် ကိုင်နေကြမည်ဖြစ်ကာ မြန်မာစစ်တပ်သည်လည်း အကျိုးအမြတ်များသော ဘိန်းစီးပွားရေးကို အပစ်ရပ်အဖွဲ့ များကိုထိန်းညှိရန် အသုံးချကာ နီးကပ်စွာဆက်လက်ပတ်သက်နေဦးမည် ဖြစ်သည်။ နောက်ဆုံးသတ်မှတ်ရက်နီးလာသည်နှင့်အတူ မြန်မာသည်လည်း မူးယစ်ကင်းမဲ့နိုင်ငံအ ဖြစ်မှဝေး၍သာလာနေပါသည်။ ရည်မှန်းထားသော ၅၁ မြို့နယ်မှ ၁၃ မြို့နယ်သာလျှင်ဘိန်းကင်းမဲ့ ပြီဟုကြေညာနိုင်ခဲ့သည်။ ၂ဝဝ၉ ခုရှမ်းမူးယစ်ဆေးဝါးစောင့်ကြည့်ရေးအစီရင်ခံစာအရ အခြားမြို့နယ် များမှာ ဆက်လက်စိုက်ပျိုးနေဆဲဖြစ်ပါသည်။

စစ်ယဉ်ကျေးမှု - အခင်းအကျင်းအရွေ့ 


၂ဝဝ၃ ခုနှစ်က အောင်မင်းသည် သူအုပ်ချုပ်ရသော ဒေသကို ဖြတ်သွားသည့် ဘိန်းကုန်ကူးသူ များထံမှ ကောက်ခံရသော အခွန်များနှင့် အဆင်ပြေနေသည်။ သို့သော် တနေ့တွင် ဘိန်း ကုန်သည် ၁၅ ယောက်ကို ဖမ်းဆီး၍ သတ်ပစ်လိုက်ကာ သူတို့၏ ဟီးရိုးအင်းများကို သိမ်းယူ၍ တရုတ် မှောင်ခိုဈေးကွက်သို့ နှစ်စဉ် အခွန်ကောက်ရာမှရသော ငွေ၏အဆ ၂ဝ ရှိသည့် မြန်မာငွေ သန်း၂ဝဝ (အမေရိကန်ဒေါ်လာ ၂ သိန်း) နှင့် ရောင်းချလိုက်သည်။

၂ဝဝဝ ပြည့်နှစ်  ဇန်နဝါရီလတွင် မြန်မာ အာဏာပိုင်တို့သည် အပြည်အပြည်ဆိုင်ရာ ရဲအဖွဲ့  (အင်တာပို) နှင့် စာနယ်ဇင်းသမားများကို ခေါ်ဆောင်ကာ ၎င်းတို့၏ မူးယစ်ဆေး  တိုက်ဖျက်ရေး လှုပ်ရှားမှု ရလဒ်များကို ပြခဲ့စဉ်က တရုတ် နယ်စပ်နှင့်  နီးကပ်သော ရှမ်းပြည်နယ်မြောက်ပိုင်း လွီစန်စုံ တောင်ကြောပေါ်မှ လိုဝီ စွိုင်  ရွာပြင်ရှိ စိုက်ခင်းထဲမှ အခြား ဘိန်းပင်များအကြား တိုးထွက်နေသော ဘိန်း  ပန်းတပွင့်၏ပုံ ဖြစ်သည်။ ဝေဖန်သူများက ၁၉၉၉ တွင်စတင်ခဲ့သော  ဘိန်းတိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်းကို စစ်အစိုးရ ကိုယ်တိုင် လုပ်ရမည့်  ဖွံဖြိုးရေး ကိစ္စများတွင် UN နှင့် NGO တို့၏ အကူအညီကို ဆွဲဆောင်ရန်  ဟန်ပြလုပ်ရပ်ဟု ဝေဖန်ခဲ့ကြသည်။ ဓါတ်ပုံ AFP

၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာ အာဏာပိုင်တို့သည် အပြည်အပြည်ဆိုင်ရာ ရဲအဖွဲ့ (အင်တာပို) နှင့် စာနယ်ဇင်းသမားများကို ခေါ်ဆောင်ကာ ၎င်းတို့၏ မူးယစ်ဆေး တိုက်ဖျက်ရေး လှုပ်ရှားမှု ရလဒ်များကို ပြခဲ့စဉ်က တရုတ် နယ်စပ်နှင့် နီးကပ်သော ရှမ်းပြည်နယ်မြောက်ပိုင်း လွီစန်စုံ တောင်ကြောပေါ်မှ လိုဝီ စွိုင် ရွာပြင်ရှိ စိုက်ခင်းထဲမှ အခြား ဘိန်းပင်များအကြား တိုးထွက်နေသော ဘိန်း ပန်းတပွင့်၏ပုံ ဖြစ်သည်။ ဝေဖန်သူများက ၁၉၉၉ တွင်စတင်ခဲ့သော ဘိန်းတိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်းကို စစ်အစိုးရ ကိုယ်တိုင် လုပ်ရမည့် ဖွံဖြိုးရေး ကိစ္စများတွင် UN နှင့် NGO တို့၏ အကူအညီကို ဆွဲဆောင်ရန် ဟန်ပြလုပ်ရပ်ဟု ဝေဖန်ခဲ့ကြသည်။ ဓါတ်ပုံ AFP

မြန်မာကျပ်ငွေကို ပြန်ပြုပြင်၍ မရနိုင်အောင် ဖောင်းပွကာ ဘဏ်တော်တော် များများ ဒေဝါလီ ခံသွားခဲ့ရသည့် ဘဏ်အကျပ်အတည်း ကာလတွင် သူ၏ မိခင်အား ငွေ အတော်များများ ပြန်လွှဲပေးခဲ့ပြီး သူ၏ အောက်ခြေ စစ်သားများလည်း ချက်ချင်းကြီးလိုလို ရွှေ ငွေများနှင့် ဖြစ်ကုန်ကြသည်။ နောက်များ မကြာမီတွင် အောင်မင်းကို စစ်ထောက်လှမ်းရေးမှ စစ်ကြောရေး ဝင်ခဲ့လေသည်။ သူ့တွင် အပြစ်ရှိသည် ဆိုကာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။ သို့သော် သူကျုးလွန်ခဲ့သော ရာဇဝတ်မှုမှာ တကယ့်ပြဿနာ မဟုတ်ပဲ သူ့ကို ဒုက္ခရောက်စေခဲ့သော သနားစရာ ဖြစ်ရပ်တခုသာ ဖြစ်သည်။

“ဘိန်းကုန်ကူးတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်တဲ့ စစ်တပ်အရာရှိ ဆိုတာ အများကြီးပါ။ မထူးဆန်းပါဘူး။ အထူးသဖြင့်တော့ ရှမ်းပြည်နယ်လို နေရာမျိုးမှာပေါ့။ လူသတ်တာတွေတောင် ရှိတတ်တယ်” ဟု အောင်မင်း၏သူငယ်ချင်း မြန်မာစစ်တပ် ဗိုလ်ကြီးဟောင်း က ပြောသည်။ “သူတို့တွေ အဖမ်းခံရတယ် ဆိုတာလည်း တော်တော့်ကို ရှားပါတယ်။ အောင်မင်းကတော့ အတွေ့အကြုံ မရှိတော့ ဘယ်လို လူမသိအောင် လုပ်ရမယ်ဆိုတာ သူမသိဘူးလေ”။

ထိုစစ်တပ်အရာရှိဟောင်းသည် အမည်မဖော်ပဲ အောင်မင်းအကြောင်းကို ပြောပြခဲ့သည်။ သူသည် စစ်မှုထမ်းသက် ၁ဝ နှစ်ရှိပြီး မနှစ်က စစ်တပ်မှ ထွက်လာကာ ယခုအခါ ထိုင်းနိုင်ငံ မြောက်ပိုင်းနယ်စပ်တွင် နေထိုင်လျက် ရှိသည်။ အောင်မင်းနှင့် အရာရှိ သင်တန်းကျောင်းတွင် သုံးနှစ်လုံး အတူတူတက်ရောက် ခင်မင်ခဲ့ကြသည်။ နောက်ဆုံး အောင်မင်းကို တွေ့သည့်အချိန်မှာ၂ဝဝ၂ ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့က ဖြစ်သည်ဟု ဆိုသည်။

“သူက အရမ်းရိုးသားပါတယ်။ အေးအေးဆေးဆေး နေတတ်သူပါ။ သူ့အကြောင်းကြားတော့ ကျနော် အံ့သြသွားတယ်။ ကျနော်ထင်တာတော့ ပတ်ဝန်းကျင်ကြောင့် အဲ့လို ဖြစ်သွားတာ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ သူ့ကို အဲ့နေရာကို တာဝန်ပေးလိုက်ပြီး အဲ့လိုခြစားမှုတွေ၊ ပိုက်ဆံယူတာတွေ၊ ဘိန်း ကိစ္စလုပ်တာတွေက သူ့ကို ပြောင်းလဲသွားစေတာ ဖြစ်နိုင်ပါတယ်” ဟုသူကပြောသည်။

မြန်မာစစ်သား တော်တော်များများ၏ လခမှာ မစို့မပို့ဖြစ်သည့်အပြင် အစိုးရကသူတို့အ တွက်ရိက္ခာကိုပါ ဖြတ်လျှော့လိုက်သဖြင့် အကျပ်ကိုင် ငွေညှစ် ခြင်းဖြင့် ရရှိသော ငွေပေါ်တွင်သာ ရပ်တည်နေကြရသည်။ ယနေ့အချိန်တွင် သာမန် တပ်သားလခက ၁၆,ဝဝဝ ဖြစ်ကာ တပ်ကြပ်ကြီးများပင် ၃၅,ဝဝဝ မှ ၄ဝ,ဝဝဝ သာ ရရှိနေချိန်တွင် ဗိုလ်ချုပ်ကြီးတယောက် လစာ ၈ သိန်းအထိ ရကြသည်။

“အထက်ပိုင်းက လူကြီးတွေက အကျိုးအမြတ်တွေ ရလာပြီး ပိုပိုချမ်းသာလာတဲ့ အချိန်မှာ စစ်တပ်ကတော့ တိုက်ခိုက်ရေး စွမ်းရည်၊ စစ်စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် စတဲ့စွမ်းရည်တွေကျ ဆင်းလာနေပါပြီ။ ဒါတွေအားလုံးဟာ မှားယွင်းတဲ့အုပ်ချုပ်မှုကြောင့်ပဲဖြစ်ပါတယ်။” စစ်တပ်အရာရှိ ဟောင်းက တပ်ရင်းတွေကို လျှော့ချပေမယ့် အလုပ်တွေကတော့ အရင်အတိုင်းလုပ်ကြရသည်ဟုရှင်းပြ သည်။ စိန်ခေါ်မှုပြဿနာများနှင့်ရင်ဆိုင်လာရသည့်အခါ ဘိန်းကုန်ကူးသူများကိုတိုက်ရမည့်အစား ညှိ နှိုင်းမှုများလုပ်ကာ ပြသာနာများကိုဖန်တီးဖြေရှင်းလာရသည်။

“ကျနော်တို့ ကရင်သူပုန်တွေကို စစ်သား ၁၂ဝ နဲ့မတိုက်နိုင်ပါဘူး။ စစ်သား ၁၂ဝ ဟာလူ ၅ဝဝ တာဝန်နဲ့ ရှိနေကြရလို့ပါပဲ” ဟုသူကပြောသည်။

၂ဝဝ၅ ခုနှစ်တွင် ဗဟိုမှ သံတောင်မြို့နယ် ကနစိုးပင် ကရင်ရွာရှိ အိမ်ခြေ ၁၈ဝ ကိုမီးရှို့ရန် သူ့အား အ မိန့်ပေးခဲ့သည်။

“ကျနော့အထက်ကသူတွေက ရွာသားတွေကို သူတို့ရွှေ့ခိုင်းတဲ့နေရာဆီ အတင်းရွှေ့ခိုင်းတယ်။ သူတို့ ကရွာသားတွေ သူပုန်နဲ့မဆက်သွယ်နိုင်အောင် ရွာတွေကိုဖျက်ဆီးပြီး ထိန်းချုပ်ထားချင်တယ်။ ကျနော် ကရွာလူကြီးနဲ့ အိမ်သုံးလုံးပဲ မီးရှို့ပစ်ဖို့ သဘောတူညီမှုယူလိုက်ရတယ်။ အဲ့ဒါကိုမှတ်တမ်းတင်ပြီး ဒေသစစ် ဌာနချုပ်ကို သတင်းပို့တယ်။ ဒီနည်းလမ်းက နှစ်ဖက်မနစ်နာတဲ့နည်းပဲလေ”

ထိုအချိန်က နှစ်ဖက်မနစ်နာသောနည်းသည် လာဘ်ပေးလာဘ်ယူမဟုတ်ပဲ လုံခြုံရေးအတွက်ပင်ဖြစ် သည်။ ထိုနေ့က အမဲရောင်နယ်မြေဟုရည်ညွှန်းပြောဆိုသော ကရင်သူပုန်များ သွားလာလှုပ်ရှား နေသောဒေသတွင် သူ့၌စစ်သား ၁၈ ယောက်သာရှိသည်။

“တကယ်လို့ကျနော်တို့ ရွာကိုမီးရှို့ ရင် ကရင်သူပုန်က ကျနော်တို့ကို တိုက်မှာပဲ” ဟုသူကပြောသည်။ ထိုနေရာတွင် သူစစ်တပ်မှထွက်ချင်နေပြီဟု သူသိလိုက်သည်။ “ကျနော်ဒီလို စိတ်အကျပ်အ တည်းမျိုးနဲ့ ဆက်မနေချင်တော့ဘူး။ ဒါမျိုးတွေကိုဆက်ပြီး ကိုင်တွယ်မနေချင်တော့ဘူး”။

သူက ဘိန်းစိုက်သူများ၊ ဘိန်းကုန်ကူးသူများနှင့်လာဘ်ပေးလာဘ်ယူလုပ်ရမည်ဟု တရားဝင်အမိန့်မရှိ သော်လည်း ထိုအလေ့သည် စစ်တပ်ယဉ်ကျေးမှု၏ အဓိကအစိတ်အပိုင်းတခုဖြစ်လာကြောင်း ပြောပြသည်။ လူတိုင်းလာဘ်စားကြပြီး ထိုပိုက်ဆံသည်တဆင့်တဆင့်နှင့် အပေါ်ကိုတက်သွားပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေအထိ နောက်ဆုံးရောက်သွားသည်။ စစ်တပ်၏ပြန်လည်ပြုပြင်သယောင် ပုံစံကြောင့် လုပ်ချင်ရာကိုထင်တိုင်းလုပ်ပိုင်ခွင့်က အဓိကကျနေသည်ဟု အရာရှိက အဓိကထားပြောသွားသည်။ အကယ်၍ စစ်သားတယောက်၏အပြုအမူသည် ဘိန်းအရောင်း အဝယ်တွင် သူတို့ပါဝင်နေမှုကိုထင်ရှားသွားစေမည့် ခြိမ်းခြောက်မှုမျိုးဖြစ်လာပါက ထိုစစ်သားသည် အောင်မင်း ခံစားသွားရသော ကံကြမ္မာမျိုးခံစားသွားရမည်သာဖြစ်သည်။

အောင်မင်း၏ အဖြစ်အပျက်သည် စစ်တပ်က ကမ္ဘာကိုဖော်ပြနေသော ပုံရိပ်နှင့်လုံးဝဆန့်ကျင်စွာပင် ဘိန်း ရောင်းဝယ်မှုတွင် သူတို့နက်ရှိုင်းစွာပါဝင်ပတ်သက်နေမှုကို သရုပ်ဖော်လိုက်ခြင်းဖြစ်သည်။

လှည့်ဖျားတတ်သော သဏ္ဌာန်များ


စစ်အစိုးရက မူးယစ်ဆေးဝါးအား အမှန်တကယ် တိုက်ဖျက်သယောင် ထင်အောင် လုပ်ကိုင်ရာတွင်၎င်း တို့အကြိုက်ဆုံးနည်းမှာ အရာရှိဟောင်းရှင်းပြသည့် ဟီးရိုးအင်း တိုက်ဖျက်ရေးစီမံကိန်းကို အထူးလူ သိရှင်ကြားဖြစ်အောင်လုပ်ကာ ပြင်ဆင် ကျင်းပခြင်းပင် ဖြစ်သည်။

ဒေသဆိုင်ရာစစ်ဌာနချုပ်ဗဟိုက ဘိန်းစိုက်ခင်းများမှ ဘိန်းပင်များကို ဖျက်ဆီးရန်အမိန့်ပေးမည်။ အာဏာပိုင်များက လယ်သမားများနှင့် ကျေးရွာခေါင်းဆောင်များကို အမိန့်မရောက်ခင်ကပင် ခေါ်ကာ အပင်များကိုပြင်ဆင်ထားရန် ပြောမည်။ လယ်သမားများရောက်လာသောအခါ စစ်သားများအားအသုံး မဝင်တော့သော ဘိန်းပင်များ၊ ဟီးရိုးအင်းထုတ်ရန်လိုအပ်သော အစိမထုတ်နိုင်တော့သည့်ဘိန်းပင် များကိုပြကြလိမ့်မည်။ စစ်သားများက ၎င်းအပင်များကို ခုတ်ဖြတ်ဖျက်ဆီးကာ ကောင်းသောအပင်များ ကိုမူအကောင်းအတိုင်းထားခဲ့မည်။ ထို့နောက် ဘိန်းတိုက်ဖျက်မှုကို ဓါတ်ပုံများ၊ မီးရှို့ နေပုံများနှင့် အထောက်အထားပြကြမည်။ နောက်ဆုံး စစ်သားများသည် ရွာက မြန်မာငွေ သိန်းတရာအထိ တောင်းယူကြမည်။ ထို ဖြစ်စဉ်သည်သုံးလလျှင်တကြိမ် အမြဲဖြစ်နေမြဲဟု ဟုပြောပြသည်။

ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် NGO တခုဖြစ်သည့်ပလောင်အမျိုးသမီးအဖွဲ့၏ ၂ဝဝ၉ ခုအစီရင်ခံစာ “အဆိပ်သင့်တောင်ကုန်းများ” ၌ ပြီးခဲ့သည်ရာသီတွင် ကုလသမဂ္ဂ ဂြိုဟ်တုမှစောင့်ကြည့်နိုင်သည့် မြင်ကွင်းနေ ရာမှဘိန်းခင်းများ-ဘိန်းခင်းအားလုံး၏ ၁၁ ရာခိုင်နှုန်းကိုသာဖျက်ဆီးခဲ့သည်ဟုဖော်ပြထားသည်။ ရဲအစီရင်ခံစာတွင်ကား စိုက်ခင်းအားလုံး၏ ၂၅ ရာနှုန်းကိုဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။

ဘိန်းကုန်ကူးသူများကိုလည်း အခွန်ပိုကောက်ခဲ့ကြသည်။ ဗိုလ်ကြီးဟောင်းက ဒေသဆိုင်ရာ တပ်မှူးများသည် စစ်ဆေးရေးဂိတ်များတွင်ရှာဖွေ ခြင်းကင်းလွတ်ရန်အတွက် မူးယစ်ဆေးဝါးတင်ကားများတွင်ကပ်ရန် ဖြတ်သန်းခွင့်များကိုထုတ် ပေးခဲ့သည် ဟုရှင်းပြသည်။ပြည်နယ်တခုလုံးတွင်ဒေသဆိုင်ရာ တပ်မှူး ၁၃ ယောက်ရှိသည်။ ထိုအထဲ မှအရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် ရွှေတြိဂံဒေသများမှ တပ်မှူးသုံးဦးခန့်မှာဘိန်းရောင်းဝယ်မှုတွင်အထူး တက်ကြွကြသည်။ဝန်ကြီးချုပ်ဦးသိန်းစိန်သည် ၂ဝဝ၇ ခုနှစ်တွင်ရာထူးမတိုးခင်က ၂ဝဝ၁ တွင်တြိဂံ တိုင်းမှုးဖြစ်ခဲ့ကာ ရှမ်းစစ်ဘုရင်များနှင့်ပုံမှန်ဆက်ဆံမှုရှိခဲ့သောကြောင့် ထိုဒေသဆိုင်ရာတပ်မှုးများ ကိုင်ထားသောအာဏာ၏ အခြေခံဥပမာပင်ဖြစ်သည်။

“နိုင်ငံရေးအရ ပြင်ဆင်ခြင်း” ဘိန်းရောင်းဝယ်ခြင်း


ကမ္ဘာ့ဒုတိယ ဟီရိုးအင်း ထုတ်လုပ်သည့်နိုင်ငံ ဖြစ်နေသော်လည်း ၂ဝဝ၈ တွင် မြန်မာနိုင်ငံတွင်းတွင် မူးယစ်ဆေးဝါး ဖမ်းယူသိမ်းဆည်းမှုမှာ တကမ္ဘာလုံး၏ ၁ ရာခိုင်နှုန်း သာရှိ ...
“ကျနော့်ရဲ့စစ်သက် ၁ဝ နှစ်အတွင်းမှာ မူးယစ်ဆေးဝါးတွေ၊ ကုန်ကူးမှုတွေ၊ လာဘ်ပေးလာဘ်ယူတွေ အဲ့လို ပတ်သက်မှုမျိုးတွေပဲ ရှိခဲ့တာပါ” ဟု ဗိုလ်ကြီးဟောင်းက ပြောသည်။

မူးယစ်ဆေး ကိစ္စများ မြင့်တက်လာရခြင်းသည် ပြည်သူ့စစ်များ၊ အပစ်ရပ်အဖွဲ့များ အရေအတွက် မြင့်တက်လာရခြင်းနှင့်လည်း ဆိုင်သည်။

“အပစ်ရပ်အဖွဲ့တွေနဲ့ သဘောတူညီမှုမရခင်က စစ်တပ်ဟာသူပုန်တွေနဲ့တိုက်နေခဲ့တာဖြစ်ပြီး ဘိန်းရောင်းဝယ်မှုမှာ ပတ်သက်မှုမရှိခဲ့ပါဘူး။ အပစ်ရပ်သဘောတူပြီးတဲ့နောက်ပိုင်းမှာတော့ ရပ်တည်နေနိုင်ဖို့ အပစ်ရပ်တွေဆီ ကနေငွေယူခဲ့ကြရတယ်” ဟုဗိုလ်ကြီးဟောင်းကပြောသည်။

ယခုအခါတွင် တိုင်းရင်းသားသူပုန်များနှင့်ယူထားသော အပစ်ရပ်သဘောတူညီမှုမှာ ခန့်မှန်းခြေ ၁၇ ခု ခန့်ရှိနေပါသည်။ လှုပ်ရှားနေဆဲပြည်သူ့စစ်အရေအတွက်မှာ မသိနိုင်သော်လည်း ရှမ်းသတင်းစာ မှလက်ခံရရှိသော စစ်အစိုးရအထောက်အထားများအရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တခုတည်း တွင်ပင် ၃၉၆ ဖွဲ့ရှိသည်ဟုဖော်ပြထားသည်။ ယခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေ စဉ်တွင် စစ်တပ်သည် အပစ်ရပ်အဖွဲ့များအား နယ်စပ်လုံခြုံရေးတပ်ဖွဲ့အနေနှင့်ဖွဲ့စည်းရန် ဖိအားပေးနေ သည်။ စစ်အစိုးရကိုအညံ့ခံ၍ ၎င်းတို့နိုင်ငံရေးမျှော်မှန်းချက်ကို အထောက်အပံ့ပေးသောအဖွဲ့များ၏ မူးယစ်ဆေးဝါးကိစ္စများကိုပံ့ပိုးပေးခြင်းဖြင့် အတုံ့အပြန်ဆုလာဘ်ချီးမြင့်ကြသည်။ ရှမ်းသတင်းစာအယ်ဒီတာ ဦးခွန်ဆိုင်းက စစ်အစိုးရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးသည် ဆိုင်ရာလူထုကိုလွှမ်းမိုးမှုရှိသော မဲဆွယ် စည်းရုံးပေးမည့်သူလည်း လိုအပ်နေသည်ဟု ဆိုသည်။

“ဒေသတွေမှာ သြဇာအရှိဆုံးသူတွေဟာလည်း ဘိန်းအရောင်းအဝယ်နဲ့ ပတ်သက်နေကြတာလေ။ အထူးသဖြင့်ပြည်သူ့စစ်ခေါင်းဆောင်တွေပေါ့။ သူတို့ကဒီအခြေအနေကို အမြတ်ထုတ်ကြမှာပေါ့” ဟုသူကပြောပြသည်။

ဦးခွန်ဆာက စစ်တပ်သည်အပိုဆွဲဆောင်မှုအနေနှင့် ပြည်သူ့စစ်အဖွဲ့တခုစီအား အနှောင့်အယှက်မရှိပဲ သူတို့လုပ် ချင်ရာလုပ်နိုင်သော လှုပ်ရှားမှုဒေသများကိုပါ သတ်မှတ်ပေးထားသည်ဟုပြောပြသည်။

“ခင်ဗျားနိုင်ငံရေးအရ ပြင်မယ်ဆိုရင် မြန်မာပြည်မှာဘာမဆိုလုပ်နိုင်တယ်“ ဟုသူကဆက်ပြောသည်။

ဥပမာအနေနှင့် သူကယခုနှစ် မြန်မာနိုင်ငံ တပ်မတော်နေ့ ကိုပြောပြသည်။

“တပ်မှူး (ဗိုလ်မှုးကြီးခင်မောင်စိုး) က တာချီလိတ်မှာပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တွေနဲ့ အလွတ်သ ဘောတွေ့တဲ့အခါ ဒါ ခင်ဗျားတို့အတွက် ရွှေအခွင့်အရေးပဲ။ တခုပဲ အကြံပေးချင်တာက ခင်ဗျားတို့ထုတ်တာတွေကို နယ်စပ်ဖြတ်ပြီးပို့ကြပါ။ မြန်မာပြည် ထဲကိုတော့ (ဒီဘက်ကိုတော့) မပို့နဲ့ပေါ့ လို့ပြောသွားတယ်လေ” ဟုဦးခွန်ဆိုင်းက ပြောသည်။

ပလောင် အမျိုးသမီးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်သည် ရှမ်းသတင်းစာမှ အချက်ဖြစ်သော ပြည်သူ့စစ် အုပ်ချုပ်သော ဒေသမှ မူးယစ်ဆေးဝါး ပိုထွက်သည် ဆိုသောအချက်ကို အတည်ပြု ပေးလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းက အစိုးရက ထိန်းချုပ်ထားသော မန်တုန် နှင့် နမ့်ခမ်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုမှာ ၂ဝဝ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ဟုအစီရင်ခံထား သည်။ ၂ဝဝ၈ နှင့် ၂ဝဝ၉ ရာသီများတွင် ရှမ်းပြည်မြောက်ပိုင်း ၂၃ မြို့နယ်အနက်မှ ထိုနှစ်မြို့နယ်တွင် ပလောင်အမျိုးသမီးအဖွဲ့ (PWO) မှတွေ့ရှိရသော ဘိန်းစိုက်ဧကမှာ UNODC မှ၂၃ မြို့နယ်အားလုံးအတွက် စုစုပေါင်းမှတ်တမ်းတင်ထားသော ဧကထက် သုံးဆနီးပါး (၄,၅၄၅ ဟက်တာ) ရှိပါသည်။ UNODC က တချိန်ထဲတွင်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအားလုံးတွင် ၁ဝဝ ရာခိုင် နှုန်းတက်လာသည်ဟု အစီရင်ခံထားပါသည်။ ၎င်းမှာ ၈ဝဝ ဟက်တာမှ ၁၆ဝဝ ဟက်တာထိဖြစ်ပါ သည်။

ရှမ်းသတင်းစာရော PWO ကပါ UNODC ၏ စစ်အစိုးရထုတ် တိုက်ဖျက်ရေး အစီရင်ခံစာများနှင့် သင့်တော်သော အတည်ပြုမှုမရှိသည့်ဂြိုလ်တုမှ ရိုက်ထားသောဓာတ်ပုံများမှ ဖော်ပြသည့် အချက်အလက်များပေါ်တွင် မှီငြမ်းသည့်နည်းလမ်းကို ဝေဖန်ထားသည်။

ထိုင်းနိုင်ငံရှိ ONCB ကလည်း မြန်မာနိုင်ငံနှင့်ပတ်သက်သော မူးယစ်ဆေးအချက်လက်များကို နအဖ ထံမှ ရယူပါသည်။

“ကျနော်တို့နဲ့သူတို့ အပိုင်းတော်တော်များများမှာ ဆက်ဆံရေးကောင်းကောင်း နားလည်မှုတွေနဲ့ အချက်အလက်တွေကို လဲကြပါတယ်။ သူတို့ဘက်က လိမ်ညာထားတာ မရှိပါဘူး။ ပြီးတော့ သူတို့အချက်အလက်တွေကိုလည်း ပံ့ပိုးပေးနိုင်တာပေါ့။ ဥပမာ ဘိန်းစိုက်ခင်းပုံတွေဆိုရင် UNODC, UN, တရုတ်တို့ကပုံတွေနဲ့အတူတူပါပဲ” ဟုဖွန်သစ်ကပြောပြသည်။

“ကျနော်တို့ဘယ်တုန်းကမှ မြန်မာပြည်က NGO တွေနဲ့မတွေ့ပါဘူး။ အစိုးရ၊ မူးယစ်နှိမ် နှင်းရေးရဲတွေနဲ့ပဲ ဆက်ဆံတာပါ” ဟုလည်း သူကထပ်ပြောသည်။

မရှိသလောက် သိမ်းယူမှုများ


ဦးခွန်ဆိုင်းသည် ရှမ်းပြည်နယ်အတွင်းတွင်ရှိသော တိုင်းရင်းသားသောင်းကျန်းသူများ နအဖ ကိုတိုက်ခိုက်ရန်အဆင်သင့်ရှိစေရေးအတွက် မူးယစ်ဆေးများပိုမိုရောင်းကာ လက်နက်များဝယ်ယူနိုင်ရန် မက်သာဖက်တမင်း ထုတ်လုပ်မှုများ တိုးမြှင့်လုပ်ဆောင်လာသည်ဟု ရေးသားဖော်ပြထားသော UNDOC ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာမှ ထုတ်ပြန်ကြေညာချက် ကိုငြင်းဆိုလိုက်သည်။

“ကိုးကန့်တွေ၊ ဝ တွေက ပုံမှန်အတိုင်းဆက်ပြီးထုတ်လုပ်နေကြတယ်။ ပိုလည်းမလာသလို လျော့ လည်းမသွားဘူး။ တိုးလာတာကတော့ ပြည်သူ့စစ်အဖွဲ့တွေ ပိုပါလာတာပါပဲ။ အခု ကိုးကန့် တွေ ဝ တွေကထုတ်လုပ်နိုင်ပေမယ့် ပြည်သူ့စစ်အုပ်စုတွေရဲ့ပူးပေါင်းမှုမပါပဲနဲ့တော့ တနေရာကတနေရာကို သယ်ဖို့မဖြစ်နိုင်ပါဘူး။ သူတို့ဟာသူတို့ သယ်ရင်လည်း အဖမ်းခံရမှာပါ” ဟုသူကပြောသည်။

လွီစန်စုံ တောင်ကြောတွင် ၂ဝဝဝ  ပြည့်နှစ် ဇန်နဝါရီလအတွင်း ဘိန်းပင်များ ဖျက်ဆီးနေစဉ် မြန်မာ စစ်သားတဦး  ဘိန်းပန်းများအကြား လမ်းလျှောက်နေပုံ ဖြစ်သည်။ ၁၉၉၉ တွင် စတင်ခဲ့သည့်  စစ်အစိုးရ၏ နိုင်ငံတွင်း ဘိန်းကုန်ကူးမှု ပပျောက်ရေး ကျယ်ပြန့်သော  လှုပ်ရှားမှု၏ တစိတ်တဒေသအဖြစ် ကမ္ဘာ့အကြီးဆုံး ဘိန်းစိုက်ဒေသ ရှမ်းပြည်နယ်မှ  ဘိန်းခင်းများကို အစိုးရ စစ်သားများနှင့် ရွာသားများက ဖျက်ဆီးခဲ့ကြသည်။ ၁၁  နှစ် ကြာပြီးသည့်အထိလည်း ဘိန်းဘုရင်ကြီးများ အရေးယူမခံရပဲ ဆက်လက်  လုပ်ကိုင်နေကြကာ မြန်မာစစ်တပ်ကလည်း အမြတ်အစွန်းများသော ဘိန်း ကုန်ကူးမှု  စီးပွားရေးတွင် နီးကပ်စွာ ပါဝင်ပတ်သက်နေဆဲ၊ အပစ်အခတ် ရပ်စဲထားသော  တိုင်းရင်းသား လက်နက်ကိုင်များကို ကိုင်တွယ်ရန် အားတခုအဖြစ် ဆက်လက်  အသုံးပြုနေဆဲ ဖြစ်သည်။ ဓါတ်ပုံ AFP

လွီစန်စုံ တောင်ကြောတွင် ၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ဘိန်းပင်များ ဖျက်ဆီးနေစဉ် မြန်မာ စစ်သားတဦး ဘိန်းပန်းများအကြား လမ်းလျှောက်နေပုံ ဖြစ်သည်။ ၁၉၉၉ တွင် စတင်ခဲ့သည့် စစ်အစိုးရ၏ နိုင်ငံတွင်း ဘိန်းကုန်ကူးမှု ပပျောက်ရေး ကျယ်ပြန့်သော လှုပ်ရှားမှု၏ တစိတ်တဒေသအဖြစ် ကမ္ဘာ့အကြီးဆုံး ဘိန်းစိုက်ဒေသ ရှမ်းပြည်နယ်မှ ဘိန်းခင်းများကို အစိုးရ စစ်သားများနှင့် ရွာသားများက ဖျက်ဆီးခဲ့ကြသည်။ ၁၁ နှစ် ကြာပြီးသည့်အထိလည်း ဘိန်းဘုရင်ကြီးများ အရေးယူမခံရပဲ ဆက်လက် လုပ်ကိုင်နေကြကာ မြန်မာစစ်တပ်ကလည်း အမြတ်အစွန်းများသော ဘိန်း ကုန်ကူးမှု စီးပွားရေးတွင် နီးကပ်စွာ ပါဝင်ပတ်သက်နေဆဲ၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကိုင်တွယ်ရန် အားတခုအဖြစ် ဆက်လက် အသုံးပြုနေဆဲ ဖြစ်သည်။ ဓါတ်ပုံ AFP

UNODC ၏ ဒေသဆိုင်ရာ ကိုယ်စား လှယ် ဂယ်ရီလူးဝစ်က ဘန်ကောက်တွင် ပြုလုပ်သော ၂ဝ၁ဝ ကမ္ဘာ့ မူးယစ်ဆေး အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားတွင်၂ဝဝ၈ က မြန်မာပြည်၌ မက်သာဖီတမင်း ဆေးပြား တသန်း သိမ်းယူရရှိခဲ့ ရာမှ မနှစ်ကမူ ၂၃ သန်းအထိ သိမ်းယူရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ လူးဝစ်က ထိုကိန်းဂဏန်းသည် ဒုစရိုက်မှုကို တားဆီးနိုင်ခြင်းထက် ဆေးထုတ်လုပ်မှု တဟုန်ထိုး တိုးတက်လာခြင်းကို ပြခြင်းပင် ဖြစ်သည် ဟု ဆိုသည်။

ဦးခွန်ဆိုင်းက ပိုမို ဖမ်းဆီးသိမ်းယူ ရရှိမှုများသည် ပိုမို ထုတ်လုပ်ခြင်းကို ပြသည်ဆိုသည်ကို သဘောတူ သော်လည်း ၎င်းသည် တစုံလုံး၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်ဟု ပြောသည်။ စစ်တပ်သည် သိမ်းယူ ဖမ်းဆီးမှုများ၏ ပင်ရင်း နေရာအတိအကျပင် ဖြစ်သည်။ အဓိပ္ပာယ်မှာ သိမ်းယူမှုများသည် လုပ်ကြံမှုများ မ ဟုတ်သလိုပင် ပြည်သူ့စစ်များက ထုတ်လုပ်လိုက်သော မူးယစ် ဆေးဝါးများကိုလည်း နယ်ခြား ဖြတ်ကျော်နိုင်အောင် အမြဲလုပ်ပေးနေသည်ဟု သူက ဆက်ပြောသည်။

ထိုင်းမြန်မာနယ်စပ်တလျှောက် ဘိန်းထုတ်လုပ် ရောင်းဝယ်ခြင်းအတွက် နာမည်ကြီးသောအပစ် ရပ်အဖွဲ့တခုဖြစ်သည့် ကိုးကန့် အဖွဲ့သည် နယ်စပ်လုံခြုံရေးတပ်အသွင်ပြောင်းရန် ငြင်းဆန်သည့်အ တွက် နအဖ ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရကာ သူတို့ပိုင်မူးယစ်ဆေးဝါးအားလုံး အသိမ်းခံခဲ့ရသည်။ စစ်အုပ်စုသည် ကိုးကန့်တို့၏ ဘိန်းနှင့်ပတ်သက်သော လုပ်ဆောင်မှုများကို ကာလရှည်ကြာကတည်းက မျက်စိမှိတ်ထားခဲ့ကာ ဘိန်းတိုက်ဖျက်ရေးလှုပ်ရှားမှုအပြီးတွင် ထိုဒေသသည် မူးယစ်ဆေးကင်း စင်ဒေသ ဖြစ်သည်ဟုပင် လူသိရှင်ကြားကြေညာခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လက စစ်အုပ်စုက ထိုဒေသမှ ဘိန်းအမြောက်အများ သိမ်းယူရရှိခဲ့သည်ဟု ကြေညာခဲ့ပြန်သည်။ ထို တိုက်ခိုက်မှုကြောင့် တရုတ်ပြည်ဘက်သို့ ဒုက္ခသည် ၃၇,ဝဝဝ ခန့် ထွက်ပြေးခဲ့ကြရသည်။

မကြာသေးခင်က ညီညွတ်သောဝပြည်နယ်စစ်တပ် (UWSA) မှဟုယုံကြည်ရသော များပြားသည့် မက်သာဖက်တမင်း သယ်ယူမှုတော်တော်များများ ထိုင်းနယ်စပ် တာချီလိတ်တွင် အသိမ်းခံခဲ့ရသည်။

“သိမ်းတာတွေက သိပ်တော့မဆိုင်ပါဘူး။ ဒါမျိုးတွေကိုအာဏာပိုင်တွေက ဥပမာ ဝ အဖွဲ့လိုမျိုးကိုပေါ့ နိုင်ငံရေး၊ လုံခြုံရေး နဲ့ ပတ်သက်ပြီးဖိအားပေးချင်ရင်ပဲ လုပ်ကြတာပါ” ဟု လစ်တနာ ကပြောသည်။

တပ်သားအင်အား ၃ဝ,ဝဝဝ ခန့်ရှိသော UWSA သည် စစ်အစိုးရ၏ နယ်စပ်လုံခြုံရေးတပ် အသွင် ပြောင်းရန်ကိစ္စကိုပယ်ချခဲ့သည့် အကြီးဆုံးသောအပစ်ရပ်အဖွဲ့ဖြစ်ကာ စစ်အစိုးရသည်သူတို့ပြုလုပ်မည့် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ တင်းကြပ်စွာပြန်လည်ကိုင်တွယ်လာခြင်းဖြစ်သည်။ မနှစ်ကသိမ်း ယူခဲ့သော မူးယစ်ဆေးဝါးအများစုမှာ ကိုးကန့် နှင့် ဝ အဖွဲ့များမှဟု ယုံကြည်ရကာ ထိုသို့သိမ်းယူမှုမျိုး သည် အယင်က တခါမှမဖြစ်ခဲ့ဘူးပေ။

“မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်ရာကနေရတဲ့ အမြတ်အစွန်းတွေဟာ အပစ်မရပ်ခင်ကရော ရပ်ပြီး မှာရော မြန်မာပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား သူပုန်တပ်တွေရဲ့ အဓိက ငွေဝင်လမ်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ UNODC တို့ဟာ အပစ်ရပ်အဖွဲ့တွေက အစိုးရနဲ့ ဆက်ဆံရေး ကောင်းနေသမျှ အဲ့ဒီ ဘိန်းရောင်းဝယ်နေတာကို မျက်စိပိတ်ထားခဲ့ကြတယ်လေ။ အခု အပစ်ရပ်အဖွဲ့ တွေကို နယ်စပ်လုံခြုံရေး တပ်အဖြစ် အသွင်ပြောင်းခိုင်းတဲ့ အစိုးရရဲ့တောင်းဆိုချက်ကိုတချို့အပစ်ရပ်အဖွဲ့တွေ ကအာခံလာတဲ့အခါကျတော့ သူတို့အစကတည်းကအမြဲလုပ်နေတဲ့ဟာကိုပဲ ချက်ချင်းကြီးမူးယစ်ဆေး ဝါးရောင်းဝယ်ပါတယ်ဆိုပြီး ခုမှစွပ်စွဲတာကိုခံကြရတယ်” ဟု လစ်တနာကပြောသည်။

မက်သာဖီတမင်း ဖမ်းဆီးသိမ်းယူမှုများသည် ဒလကြမ်းထိုးတက်လာခဲ့သော်လည်း ကမ္ဘာ့မူးယစ်ဆေး ဝါးအစီရင်ခံစာက မြန်မာပြည်တွင်းရှိ မူးယစ်ဆေးဝါးဖမ်းဆီးမှုမှာ နည်းပါးနေသေးသည်ဟု ယူဆပါ သည်။ ကမ္ဘာ့ဒုတိယ ဟီရိုးအင်းထုတ်လုပ်သည့်နိုင်ငံဖြစ်နေသော်လည်း ၂ဝဝ၈ တွင်မြန်မာနိုင်ငံတွင်း တွင်မူးယစ်ဆေးဝါးဖမ်းယူသိမ်းဆည်းမှုမှာ တကမ္ဘာလုံး၏ ၁ ရာခိုင်နှုန်းသာရှိသည်။ ထို့အတူပင် ၂ဝဝ၈ တွင် အရှေ့နှင့် အရှေ့တောင်အာရှ တွင် ဆေးပြားပေါင်း ၃၂ သန်းသိမ်းယူခဲ့မှုတွင်လည်း မြန်မာနိုင်ငံ သည် ၃ ရာခိုင်နှုန်း၊ ဆေးပြား ၁.၁ သန်းသာရှိခဲ့သည်။

အစီရင်ခံစာကဖော်ပြရာတွင် မြန်မာနိုင်ငံတွင် နအဖ ကသူတို့ထိန်းချုပ်မှုအောက်တွင်မရှိသော ရှမ်းပြည်နယ် အရှေ့နှင့်မြောက်ပိုင်းတစိတ်တပိုင်းတို့သို့ အင်အားသုံး၍ဝင်ရောက်ခဲ့စဉ်ကဖမ်းဆီးခဲ့ သောဆေးပြားအရေအတွက်နှင့် ဆေးချက်ရန် ဓာတုဗေဒပစ္စည်းပမာဏ တို့မှာ ပြီးခဲ့သည့်နှစ်တွင် ခုန်တက်လာခဲ့သည်ဟုလည်းဆို၏။

နိုင်ငံရေး အခင်းအကျင်းသစ်


ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုအဖြစ် စစ်အုပ်စုသည် အာဏာအတွက် ကြိုးပမ်းဆောင်ရွက်ကာ တင်း ကြပ်စွာထိန်းချုပ်ရန်ပြုလုပ်နေစဉ်တွင် သူတို့ တည်ဆောက်ထားသော မူးယစ်ဆေးဝါး စီးပွားရေးအ သစ်ကို ပို၍သာဆိုးရွားလာစေသည်။ လစ်တနာက မူးယစ်ဆေးရောင်းဝယ်မှုသည် ၁၉၉ဝ ကျော် ကာလများက မြင်တွေ့ရသကဲ့သို့ပင် မှေးမှိန်သွားလိမ့်မည်ဟု မျှော်လင့်ထားသည်။

“၁၉၉ဝ တုန်းကဘိန်းထုတ်တယ်။ နောက်ဆက်တွဲကတော့ ဟီးရိုးအင်းပေါ့။ ၁၉၉ဝ ကျော်ကာလတွေ မှာတော့ ထုတ်လုပ်မှုဟာ တဟုန်ထိုး တိုးတက်လာခဲ့ပြီး အခုတော့လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလောက်ပဲ ပြန်ဖြစ်သွားတယ်။ မက်သာဖီတမင်းလည်း အဲ့လိုပဲပေါ့။ လွန်ခဲ့တဲ့အနှစ် ၂ဝ ကဆိုရွှေတြိဂံဒေသမှာ မြန်မာပြည်ဘက်ကဆိုသိတောင် မသိကြဘူးလေ” ဟုသူကပြောသည်။

၁၉၉၇ တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက် ယခုကဲ့သို့ ချက်ကျကျပြောခဲ့ စဉ်ကထဲက မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုသည် မည်သည့်ဘက်သို့ဦးတည်သွားမည်ဆိုသည်ကို သူ ကောင်းကောင်းကြီး သိနေခဲ့သည်။ “တခါက တောလမ်းတွေထဲမှာ လားတန်းကို ဦး ဆောင်သွားရင်း နေ့ရက်တွေ ကုန်ဆုံးခဲ့ရတဲ့ မူးယစ်ဆေးရောင်းသူတွေဟာ အခု မြန်မာနိုင်ငံရဲ့ဈေးကွက်စီးပွားရေးသစ်မှာ ဦးဆောင်အလင်းရောင်တွေနဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်မှာ ဦးဆောင်ဦးရွက်ပြုသူတွေ ဖြစ်နေကြပါပြီ” ဟုဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/5887-2010-08-19-05-09-08.html

တမျိုးသားလုံးအရေးကို သံဃာတွေ လျစ်လျူမရှုနိုင်ဘူး

တမျိုးသားလုံးအရေးကို သံဃာတွေ လျစ်လျူမရှုနိုင်ဘူး

Share/Save/Bookmark လာမည့် ရွေးကောက်ပွဲတွင် ရဟန်းသံဃာ များ၏ အခန်းကဏ္ဍ၊ ရဟန်း သံဃာများနှင့် နိုင်ငံရေး သြဇာ၊ ရဟန်း သံဃာများ နိုင်ငံရေး လုပ်သင့် မလုပ်သင့် စသည့် သံဃာနှင့် နိုင်ငံရေး အခင်းအကျင်းကို သာသနာ့ ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ၊ မဲဆောက်မြို့) တာဝန်ခံ ဆရာတော် အရှင်ဇဝနကို ဧရာဝတီသတင်းထောက် မင်းနိုင်သူက ဆက်သွယ် မေးမြန်းထားပါသည်။ အရှင်ဇဝနသည် ပဲခူး၊ မန္တလေး၊ ရန်ကုန်မြို့တို့ရှိ စာသင်တိုက်များတွင် ပညာသင်ကြားပြီး ဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။

uzawana interview

ဆရာတော် အရှင်ဇဝန

၁၉၈၈ အရေး အခင်းတွင် ရန်ကုန်မှ ဒိုက်ဦးမြို့သို့ပြန်၍ သပိတ်မှောက် လုပ်ငန်းများ တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့သို့ ပြန်လာပြီး ၁၉၈၉ တွင် ရွှေပြည်သာမြို့တွင် ရွှေပြည်သာ ပရိယတ္ထိ စာသင်တိုက်ကို တည်ထောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပတ္တနိကုဇ္ဇန ကံဆောင်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပါမောက္ခ ယိုဇို ယိုကိုတာ ကို သွားရောက်တွေ့ဆုံပြီး လူ့အခွင့်အရေး ကိစ္စများကို တိုင်ကြားခဲ့သောကြောင့် အဖမ်းခံရကာ ၁၉၉၃ ခုနှစ်တွင် ထောင်ဒဏ် ၁၉ နှစ် အချခံခဲ့ရသည်။ အင်းစိန်ထောင်၊ သာယာဝတီထောင်၊ တောင်ငူထောင်များတွင် နေခဲ့ရပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာတွင် ပြန်လည် လွတ်မြောက်လာသည်။ ထိုင်းနိုင်ငံသို့ ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ရောက်ရှိလာခဲ့သည်။


မေး ။ ။ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို နအဖအစိုးရဘက်က ကြေညာလိုက်ပြီဘုရား။ ရွေးကောက်ပွဲမှာ သံဃာတော်တွေတော့ မဲဆန္ဒပေးခွင့် မရှိဘူးပေါ့လေ။ ဒီရွေးကောက်ပွဲအပေါ်မှာ သံဃာတော်တွေရဲ့ သဘာထားက ဘယ်လိုရှိတယ်ဆိုတာ သိချင်ပါတယ်ဘုရား။

ဖြေ ။ ။ ၁၉၄၇ အခြေခံဥပဒေမှာမှ သံဃာတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် မရှိဘူးဆိုတာ ပါလာတာပေါ့။ ဒါပေမယ့် ၁၉၄၇ ခုနှစ် မတိုင်မီ အင်္ဂလိပ် လက်ထက်ကတည်းက သံဃာတွေဟာ ဒကာ၊ ဒကာမတွေရဲ့ အရေးကိစ္စတွေမှာ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့ကြတာ။ သမိုင်း အဆက်ဆက်မှာလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ တနိုင်ငံလုံး အရေးကိစ္စကြီး ဖြစ်တဲ့အတွက် ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ဘယ်လိုမှ လျစ်လျှူရှုပြီး နေမှာမဟုတ်ဘူး။

မေး ။ ။ တင်ပါ့။ လျစ်လျူရှုပြီး နေမှာမဟုတ်ဘူးဆိုတော့ သံဃာတော်တွေဘက်က ဘာတွေဆောင်ရွက်သွားမှာလဲ ဘုရား။

ဖြေ ။ ။ ၁၉၉၀ ပြည့်နှစ်က အတွေ့အကြုံတွေကို ပြန်ကြည့်ရင် သံဃာတွေ ဘာလုပ်နိုင်တယ်ဆိုတာကို တွေ့ရမယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ဦးပဉ္ဇင်းတို့ ကိုယ်တိုင်လည်း ကြုံခဲ့ရတယ်။ ၁၉၉၀ တုန်းကလည်း သံဃာတွေဟာ မဲဆန္ဒပေးရတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပချိန်က သံဃာတော်တွေ စာဝါပိတ်ချိန် ဖြစ်တဲ့အတွက် ဦးပဉ္ဇင်းတို့ ကိုယ့်ရပ်ရွာကို ပြန်ကြတဲ့အချိန်၊ အဲဒီအချိန်မှာ မြို့မှာနေခဲ့ဖူးတဲ့ သံဃာတွေအားလုံးဟာ အတွေးအမြင် အတွေ့အကြုံတွေ ရှိတယ်။ မျက်စိပွင့် နားပွင့်ရှိတယ်။ ကိုယ့်နယ်ကို ပြန်ရောက်တဲ့ အချိန်ကြတော့ ဒကာဒကာမတွေဆီကို တအိမ်တက်ဆင်း လိုက်ပြီးတော့ ခင်ဗျားတို့ ဘယ်ပါတီကိုတော့ မဲပေးသင့်တယ် ဆိုတာတွေကို ပါတီဝင်လုပ်သား မဟုတ်ပေမယ့် ပြည်သူ့အတွက် အကျိုးရှိမယ့်ပါတီ မဲရဖို့ လုပ်ပေးခဲ့တာတွေ ရှိတယ်။ ဒါတွေက ၁၉၉၀ ရွေးကောက်ပွဲမှ မဟုတ်ဘူး။

တည်မြဲ သန့်ရှင်းလက်ထက် ရွေးကောက်ပွဲတွေကတည်းက ပြည်သူလိုလားတဲ့ ပါတီတွေ အောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးတဲ့ အစဉ်အလာတွေ ရှိခဲ့ပြီးပြီ။ အခုလို ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ သမိုင်းအတွက် အရေးကြီးတဲ့အချိန်။ ဒီဥစ္စာကြီးသာ အတည်ဖြစ်သွားပြီး သက်ဝင်လှုပ်ရှားသွားမယ်ဆိုရင် တနိုင်ငံလုံးရဲ့ ဒုက္ခဟာ ကမ္ဘာဆုံးတဲ့အထိကို ခံစားရတော့မယ်ဆိုတာကို သဘောပေါက်ထားကြတဲ့ သံဃာတွေ အများကြီးရှိနေတယ်။ အဲဒီ သံဃာအများစုကြီးက လျစ်လျူရှုပြီး နေမှာမဟုတ်ဘူး။ နိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာလည်း သံဃာတော်တွေဟာ ကိုယ့်ရဲ့ အကျိုးစီးပွား မဟုတ်ပေမယ့်လို့ ဒကာ၊ ဒကာမတွေရဲ့ အကျိုးစီးပွားအတွက်ဆိုရင် အမြဲတမ်း ရှေ့တန်းကနေ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့တဲ့ အစဉ်အလာတွေရှိတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဒကာ၊ ဒကာမတွေအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်သင့်တယ်၊ ဘာတွေလုပ်သင့်တယ် ဆိုတာကို ဒကာ၊ ဒကာမတွေကို မကြာခင် ပြောကြမယ်။ မကြာခင် မဟုတ်ပါဘူး၊ အခုလည်း ပြောကုန်ကြပါပြီ။ ဦးပဉ္ဇင်းတို့လို သံဃာ့ အဖွဲ့အစည်းတွေကလည်း ပြောတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ သံဃာတွေပေါ့။ ဥပမာ တောင်ဒဂုံက မကွေးကျောင်းတိုက်က ဆရာတော်တို့ကလည်း ပြောလာနေပြီ။ ဒီလို အသံတွေလည်း ထွက်လာနေတယ်။ ဒါတွေက မီဒီယာတွေက လက်လှမ်းမီသလောက် တင်ပြထားတာတွေပဲ ရှိသေးတာ။ ဒီထက်မက ဖြစ်နေတယ်ဆိုတာကို ဦးပဉ္ဇင်းတို့ အဆက်အသွယ်တွေအရ ၊ ဦးပဉ္ဇင်းတို့နဲ့ အမြဲတမ်းထိတွေ့နေတဲ့ ပြည်တွင်း သံဃာတွေရဲ့ ပြောစကားတွေအရ၊ ဒကာ၊ ဒကာမတွေ ဘာတွေ လုပ်သင့်တယ်ဆိုတာကို သူတို့ အများကြီး အသိပေးထားပြီးကြပြီ။

မေး ။ ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD တို့လို လူထုအကျိုးစီးပွား ရှေးရှုမယ့် ပါတီတွေ၊ လူထုကြိုက် ပါတီတွေကို မြင်ရတွေ့ရတယ်။ ခုချိန်မှာတော့ လူထုကြိုက် ပါတီရယ်လို့ မမြင်တွေ့ရဘူး။ လူထုကလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားဟန် မပြဘူးဆိုတော့ သံဃာတွေအနေနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်လိုပုံစံနဲ့ ဆော်သြလှုပ်ရှားမှုတွေ ပေးကြမှာလဲဘုရား။

ဖြေ ။ ။ အခုအခါမှာ လူတွေအားလုံးရွေးရမှာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပျက်စီးသွားဖို့ပဲ။ ဒီဥစ္စာကြီး အသက်ဝင်သွားရင် တသက်လုံး၊ တနိုင်ငံလုံး ဒုက္ခတွေ ရောက်မယ်ဆိုတာကို အားလုံးက သိပြီးတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ကိုပဲ လုပ်ရမှာ။ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ရမှာ ဆိုတာက အဓိကအားဖြင့် မဲမပေးဖို့ပဲ။ အခု NLD လူငယ်တွေ လုပ်နေတဲ့ မဲမပေးဘဲ နေနိုင်ခွင့်ရှိတယ်ဆိုတာကို လူတိုင်းသိဖို့ တတိုင်းပြည်လုံးအတွက် အရေးတကြီး လိုအပ်ချက် ဖြစ်နေပြီ။ သံဃာတွေဟာ ဒီလိုအပ်ချက်အတိုင်းပဲ ကိုယ့်ဒကာ၊ ဒကာမတွေ မဲသွားမပေးကြဖို့ လုပ်ကြဖို့ရှိတယ်။ လုပ်လည်း လုပ်နေကြပြီ။

မေး ။ ။ တချို့တွေကြတော့လည်း သံဃာနဲ့နိုင်ငံရေး မအပ်စပ်ဘူးလို့ မြင်ကြ၊ ပြောကြတာတွေရှိတယ်။ ဒီအမြင်တွေ အပေါ်မှာ အရှင်ဘုရားရဲ့ သဘောထားက ဘယ်လိုရှိပါသလဲဘုရား။

ဖြေ ။ ။ ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာမှာ လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ ဆိုတာတွေ ရှိတယ်လေ။ လောကရဲ့အကျိုး၊ ဆွေမျိုးသားချင်းရဲ့ အကျိုး၊ ရပ်ရွာရဲ့ အကျိုးတွေကို ဆည်းပူးရတယ်ဆိုတာ။ ဘုရားတောင်မှ လောကရဲ့အကျိုးကို လုပ်ခဲ့တာပဲ။ ပိဋကတ်သုံးပုံကို မပြောပါနဲ့ဦး၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေကို ဖတ်ဖူးတဲ့ သူတွေတောင်မှ ဘုရားလောင်းက သူ့အလောင်းတော် ဘ၀တလျှောက်လုံးမှာ သူ့ရဲ့အကျိုးစီးပွားကို လုပ်တာမဟုတ်ဘူး။ အမျိုးသား အကျိုးစီးပွားတွေကိုပဲ လုပ်သွားတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ သံဃာတွေ နိုင်ငံရေးလုပ်တယ်ဆိုတာက ၀န်ကြီးချုပ်လုပ်ဖို့၊ အမတ်လုပ်ဖို့၊ ရာထူးဌာနန္တရ ယူဖို့ဆိုတာတွေ တခုမှမပါဘူး။ သံဃာတွေ နိုင်ငံရေးလုပ်တယ်ဆိုတာ အမျိုးသား အကျိုးစီးပွားအတွက်သာ ဖြစ်တဲ့အတွက် လောကတ္ထစရိယ စစ်စစ် ဖြစ်တယ်။ အသန့်ရှင်းဆုံး နိုင်ငံရေးလုပ်တာက ဘုန်းကြီးတွေမှာပဲ ရှိလိမ့်မယ်လို့ ဦးပဉ္ဇင်း ယုံတယ်။

နောက်ပြီး တဆက်တည်း ပြောချင်တာက တချို့တွေက မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသကို ပမာတင်ပြီး ဒီလို ဆရာတော်ကြီးတွေဟာ နိုင်ငံရေးမလုပ်ဘူးဆိုပြီး ပြောတာတွေရှိတယ်။ သူတို့ဟာ ဆရာတော်ရဲ့ စာအုပ်တွေကို ဂဃနဏ ဖတ်ဖူးပုံမရဘူး။ ၂၀၀၀ ပြည့်နှစ်တုန်းက ၂၀ ရာစုနှစ် အထူးချွန်ဆုံး လူသားတွေကို ရွေးချယ်ဖို့ဆိုပြီး နိုင်ငံခြားကနေ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း၊ ဦးထွန်းအောင်ရှိန်နဲ့ ဒေါက်တာ ခင်မောင်ညွှန့်တို့ကို ဖိတ်တယ်။ ဖိတ်ပြီး သူတို့ရဲ့ အမြင်တွေကိုမေးပြီး ရာစုနှစ်အတွင်း အထူးချွန်ဆုံး ပုဂ္ဂိုလ်အဖြစ် ဆရာတော်ကို ရွေးချယ်လိုက်တယ်။ အဲဒီလို ရွေးချယ်တာ ဘာ့ကြောင့်လဲဆိုရင် ဆရာတော်ရဲ့ စာတွေကို ကြည့်လိုက်၊ သူဟာ ဘာသာရေးသက်သက်တင် ရေးတာမဟုတ်ဘူး။ မြန်မာပြည် တပြည်လုံးရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်ကြီးပွားစေလိုတာ အများဆုံးတွေ့ရတယ်။

သူရဲ့တရားတော်တွေမှာလည်း ဒါတွေဟောနေတာ။ ဆရာတော် ဟောခဲ့တဲ့ တရားတွေဟာ တကယ့်နိုင်ငံရေးတွေပဲ။ ဆရာတော်ဟာ ဒကာ၊ ဒကာမတွေရဲ့ အကျိုးစီးပွားကိုလည်း များစွာလိုလားတယ်။ ဆရာတော်ရဲ့ နံနက်ခင်း သြ၀ါဒများဆိုတဲ့ စာအုပ်ထဲမှာဆိုရင် “ဘုန်းကြီးတို့ကတော့လေ မြတ်စွာဘုရားကို ဘုရားဖြစ်မှ ကြည်ညိုတာ မဟုတ်ဘူးတဲ့။ ဘုရားအလောင်းတော် ဘ၀ကတည်းက သူ့ရဲ့စွန့်လွှတ် အနစ်နာခံခဲ့တာတွေကို ကြည့်ပြီးတော့ကို ကြည်ညိုနေခဲ့တာ” တဲ့။ ဘုရားအလောင်းတော် ဘ၀တုန်းက တရားတွေ ကျင့်နေတာမဟုတ်ဘူး။ အမျိုးသား အကျိုးစီးပွားတွေကို လုပ်နေခဲ့တာ။အဲဒီတော့ စဉ်းစားကြည့်ပေါ့။ ဆရာတော် အရှင်ဇနကာဘိဝံသနဲ့ ခိုင်းနှိုင်းပြီးတော့ သံဃာတွေ နိုင်ငံရေးနဲ့ နှီးနွှယ်တာကို ရှုတ်ချတဲ့လူတွေ အနေနဲ့ ဒါကို စဉ်းစားကြည့်ပေါ့။ နိုင်ငံရေး အေးအေးဆေးဆေး ဖြစ်သွားပြီဆိုရင်တော့ ဘယ်ဘုန်းကြီး၊ ဘယ်သံဃာမှ ၀င်ရောက်စွက်ဖက်တော့မှာ မဟုတ်ဘူး။ ပါဝင်တော့မှာ မဟုတ်ဘူး။ ကိုယ့်တရားကိုယ် အားထုတ်မယ့်၊ ကိုယ့်ကျောင်းမှာကိုယ် အေးအေးနေမယ့် ဘုန်းကြီးတွေချည်းပဲ။ အမတ်ဝင်လုပ်မယ့် ဘုန်းကြီးတပါးမှ မရှိဘူးဆိုတာ ဦးပဉ္ဇင်း ယုံကြည်တယ်။

မေး ။ ။ မကြာသေးခင် ရက်ပိုင်းအတွင်း ရွှေတိဂုံဘုရား ခြေရင်းမှာရှိတဲ့ ပဋိကတ်တိုက်တွေက သံဃာတွေကို အာဏာပိုင်တွေက နေရာရွှေ့ပြောင်းခိုင်းတာတွေ ရှိတယ်။ နောက်ပြီး မုံရွာက လယ်တီကျောင်းတိုက်၊ စိတ္တသုခ ကျောင်းတိုက်တို့ကို မီးရှို့မယ့်လူတွေကို တွေ့ရတယ်။ စစ်တွေက အရှင်ပညာစာရကိုလည်း ဖမ်းဆီးထားတဲ့အပြင် ကျောင်းတိုက်ကိုပါ ချိပ်ပိတ်တာတွေ ရှိတယ်ဆိုတော့ ဒီအပေါ်မှာ သံဃာ့ဥသျှောင်အဖွဲ့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲဘုရား။

ဖြေ ။ ။ ဦးပဉ္ဇင်းတို့ သံဃာ့ဥသျှောင်အနေနဲ့ ပြောရရင် ၂၀၀၇ ရွှေဝါရောင် အရေးအခင်း နောက်ပိုင်းမှာ သူတို့ အစိုးရိမ်ဆုံး၊ အထိတ်လန့်ဆုံးဟာ သံဃာ့အဖွဲ့အစည်းဖြစ်တယ်။ စစ်အစိုးရက အာဃာတ တရား ကြီးမားတယ်။ သူတို့ အာဏာ တည်မြဲဖို့ဆိုရင် သံဃာတွေမပြောနဲ့ ဘုရားကိုတောင်မှ သူတို့လိုသလို လုပ်မှာပဲ။ သူတို့အတွက် အကျိုးရှိမယ်ဆိုရင် မဟာမြတ်မုနိဘုရားရဲ့ ဗိုက်ကို ဖောက်ဖို့လည်း ၀န်မလေးဘူး။ သူတို့ အာဏာတည်မြဲဖို့ဆိုရင် ဘုရားကို အောက်ခံထားပြီး ယတြာချေတာတို့လည်း လုပ်မှာပဲ။ အတ္တအကျိုးစီးပွားနဲ့ ဘာသာရေးကို ချဉ်းကပ်ကြသူတွေသာ ဖြစ်တယ်။ သံဃာတွေကိုလည်း အမြင့်ဆုံးကို နှိပ်ကွပ်ထားမှ ငါတို့ ထင်သလို လုပ်လို့ရမှာဆိုတဲ့ သဘောနဲ့ လုပ်တယ်။ မကြာခင် ပေါ်ပေါက်လာတော့မယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ မြန်မာလူထုအပေါ် သြဇာရှိနေတဲ့ သံဃာ့အဖွဲ့အစည်းကြီးက တစုံတခုသော အသံထွက်လာပြီဆိုရင် သံဃာတွေရဲ့ တိမ်းညွှတ်မှုဟာ ဘယ်ဘက်မှာ ရှိနေတယ်ဆိုတာကို သူတို့ သဘောပေါက်ပြီးသား ဖြစ်မယ်။

သူတို့စည်းရုံးထားတဲ့ သံဃာအနည်းအကျဉ်းကလွဲပြီး သံဃာအားလုံးဟာ သူတို့ဘက်မှာ မရှိဘူးဆိုတာကို စစ်တပ်က သဘောပေါက်ပြီးသား။ ဒါကြောင့်လည်း သူတို့က အစဉ်တစိုက် နှိပ်ကွပ်ထားတယ်။ ရထားဂိတ်၊ ကားဂိတ်တွေမှာဆိုရင် သံဃာငယ်လေးတွေဟာ အရမ်းမျက်နှာငယ်ရတယ်။ ရွှေတိဂုံဘုရားလို နေရာမျိုးမှာတောင် သံဃာတွေကို စစ်လားဆေးလား၊ မေးလားမြန်းလားတွေ လုပ်လာတယ်ဆိုတော့ သံဃာတွေအပေါ် နှိပ်ကွပ်မှုဟာ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလအတွင်းမှာ ပိုလာတဲ့သဘောပဲ။ လယ်တီကျောင်းတိုက် မီးရှို့တာတွေကလည်း သံဃာတွေ ကြွလာအောင် ဆွနေတဲ့သဘောပဲ။ ကြွလာတာနဲ့ ငါတို့ နှိပ်ကွပ်ပြမယ်ဆိုတဲ့ သဘောပဲ။ ရခိုင်ဆရာတော်ဆိုလည်း သူဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာကို စုဆောင်းထားသူဖြစ်တယ်။ သူ့ပစ္စည်းတွေကို မတရားသိမ်းပိုက်တယ် ဆိုတာ ရခိုင်လူမျိုးတွေဘက်က ကြည့်မယ်ဆိုရင် တော်တော်ကို မကျေနပ်စရာဖြစ်တယ်။

သူတို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ ပြောနေပေမယ့် ရခိုင်တွေဟာ ဗမာတွေအပေါ်မှာ အထင်အမြင်လွဲအောင် စစ်တပ်က လုပ်နေတာ။ တလျှောက်လုံးလည်း တိုင်းရင်းသားတွေ အထင်အမြင်လွဲအောင် စစ်တပ်က လုပ်ခဲ့တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေဟာ ဗမာတွေအပေါ် အထင်လွဲတာတွေ ရှိနေတယ်။ မကြာခင်ကလည်း တနင်္သာရီတိုင်းထဲမှာ သံဃာတပါးဟာ မွေးမြူရေးဝန်ကြီးကို ပါဏာတိပါတာကံအကြောင်း ဟောလို့ လူဝတ်လဲခိုင်းတယ်ဆိုတော့ သူတို့ နှိပ်ကွပ်ချင်သလို နှိပ်ကွပ်မယ်ဆိုတဲ့သဘော သူတို့မှာ အပြည့်ရှိတယ်။ ဒီတော့ သံဃာတော်တွေအနေနဲ့ တဘက်က သူတို့ရဲ့ အန္တရာယ်ကို မပြတ်သတိထား ကြည့်နေရပေမယ့် တဘက်ကလည်း ဒကာ၊ဒကာမတွေ လမ်းမှားမရောက်ဖို့အတွက် အမြဲတမ်း အလုပ်လုပ်နေတယ်ဆိုတာကို ပြောချင်ပါတယ်။
http://www.irrawaddy.org/bur/index.php/interview/4-interview/3871-2010-08-19-12-43-11

၂ဝ၁ဝဘယ်လဲဘာလဲ

What Where 2010 eBook

မောင်တစ်ထမ်း မယ်တစ်ရွက် မှတ်တိုင်ထူမည်.....


မောင်တစ်ထမ်း မယ်တစ်ရွက် (၂၉) နှစ်မြောက်

ကျွန်တော်က ညာတောင်ပံ.... ဆိုလျှင်

သူမက ဘယ်တောင်ပံ။

သူမက ညာတောင်ပံ .... ဆိုလျှင်

ကျွန်တော်က ဘယ်တောင်ပံ။

ထိုသို့ .... နှစ်ကိုယ့်တစ်စိတ်ဖြင့် ပျံသန်းလာမှု
နှစ်ကိုယ့်တစ်စိတ်ဖြင့် လျှောက်လှမ်းလာမှုတို့သည်

နှစ်ဆယ့်ကိုး (၂၉) နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

ဤသို့ .... ပျံသန်းမှု၊ လျှောက်လှမ်းမှုတို့သည် ....

ရိုးသားသည်၊ ကြိုးစားသည်။
ဖောက်ထွက်သည်၊ တိုက်ဖျက်သည်။
သီလလုံသည်၊ လိပ်ပြာသန့်သည်။
ဖြူစင်သည်၊ သန့်ရှင်းသည်။
အဖြူထည် သက်သက်သာ ဖြစ်တော့သည်။

ထိုကဲ့သို့ အဖြူထည်သက်သက်ဖြင့် ပျံသန်းလျှောက်လှမ်းနေသော ဦးတည်အရပ်သည်ကား
မြတ်ဗုဒ္ဓဟောကြား မိန့်မှာခဲ့သည့် ငြိမ်းချမ်းမှုရှိရာ အရပ်ဒေသ။

ဤကဲ့သို့ ငြိမ်းချမ်းမှုရှိရာ အရပ်ဒေသသို့ကျွန်တော် ကျွန်မတို့နှင့်အတူ ပျံသန်းကြရင်း၊

အတူလက်တွဲ လျှောက်လှမ်းကြရင်း၊ ဖြူစင်သော စားဖွယ်တို့ကို သုံးဆောင်ကြပါရန်
ဖြူစင်သော စိတ်စေတနာဖြင့် ဖိတ်ကြားအပ်ပါသည်။
လေးစားဦးညွတ်စွာဖြင့်

ကျော်သူ + ရွှေဇီးကွက်

မောင်တစ်ထမ်း မယ်တစ်ရွက် (၂၉) နှစ်မြောက်

မှတ်တိုင်ထူမည့် နေ့ရက် ။ ။ ၂၀၁၀ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့
မှတ်တိုင်ထူမည့် အချိန် ။ ။ နံနက် (၁၀) နာရီ
မှတ်တိုင်ထူမည့် နေရာ ။ ။ "သုခအဟာရ" စားသောက်ဆိုင်
နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က) ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊
မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

ကြားဖြတ်အစိုးရကို ပြည်တွင်းမှာဖွဲ့စည်းဖြစ်ရင်...

ကြားဖြတ်အစိုးရကို ပြည်တွင်းမှာဖွဲ့စည်းဖြစ်ရင် ၂၀၁၀ ရွေးကောက်ပွဲဖျက်ဆီးသွားမယ်ဆိုတာ ယုံကြည်ပါသလား
ကျွန်တော်တို့ သေသေချာချာ ဆန်းစစ်လေ့လာပြီးကြပါပြီ်။ မည်သည့်အတွက်ကြောင့် စင်ပြိုင်အစိုးရသို့မဟုတ် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို လိုလားနေကြပါသနည်း။ ပြသနာတခုမှာ စင်ပြိုင်အစိုးရဆိုလျင် ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သက်သက်သာ ပါဝင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် အမှန်ကန်ဆုံးတရားဝင်သည့်သူများဖြစ်၍ အားရှိလှပါသည်။ သို့သော် သူတို့ဘက်ကကြည့်လျှင် စင်ပြိုင်အစိုးရဖွဲ့စည်းရေးတွင် ပါဝင်နိုင်မည့် နည်းပါးလှသောပုဂ္ဂိုလ်များကိုသာ တွေ့ရပါသည်။ အလုပ်မဖြစ်တော့ပါ။ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ မဟုတ်သောသူများပါ ၀င်ရောက်ပါဝင်ခွင့် ရရှိနိုင်ပါသည်။
သည်တော့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးသည် ဖြစ်နိုင်ခြေရှိနေပါသည်။ သို့ဆိုလျင် နိုင်ငံရေးအခင်းအကျင်းကို ချဉ်းကပ်လေ့လာကြည့်ရန် လိုလာပါသည်။ ရှေးဦးစွာ ကြားဖြတ်အစိုးရဖွဲ့စည်းရေးမှာ လိုအပ်ပါသလားဆိုသော မေးခွန်းဖြစ်ပါသည်။
ဖွဲ့စည်းလျင် အားသာချက်များ မည်သို့ရှိမည်။အားနည်းချက်များ မည်သို့ရှိမည်။ ပြည်တွင်းအင်အားစုများထောက်ခံမှူများမည်သို့ရှိမည်။ နိုင်ငံတကာထောက်ခံမှူများမည်သို့ရှိမည်။ ကုလသမဂ္ဂနှင့် အမေရိကန်အစိုးရအပါအ၀င် ဥရောပနိုင်ငံများမှ မည်သို့သော အထောက်အပံ့မျိုး ရရှိမည်ကို လေ့လာကြည့်ရန်လိုလာပါသည်။ ထီးလိုမင်းလိုများဖြစ်လျင်မူ မည်သို့မျှ အကြောင်းမဟုတ်သော်လည်း နိုင်ငံတကာမှ ပါးစပ်ဖျားကလေးနှင့် ဖြစ်နေကြသောကြောင့် လက်တွေ့
ကျရန်လိုနေပါသည်။ မြန်မာနိုင်ငံအသွင် ကူးပြောင်းရေးသည် ပြည်သူများ၏အထူးလိုလားနေမူများနှင့် ပါတ်သက်နေပါသည်။ ယင်းမှာသေသေချာချာ ရှင်းပြနိုင်ရမည့်အကြောင်းအရာဖြစ်ပါသည်။ အဓိကအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲသည် အာဏာပြသနာဖြစ်သည်။ သို့အတူ ၉၀ ခုနှစ် ရွေးကောက်ပွဲသည်လည်း အာဏာပြသနာဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အာဏာလွှဲပြောင်းမပေးခြင်းကြောင့် ယခုအချိန်ထိ မြန်မာနိုင်ငံရေးပြသနာ ရှုပ်ထွေးခက်ခဲနေသည်။ တချိန်တည်းတွင် ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရမှ တဖန်ပြုလုပ်မည်ဆိုတော့ အာဏာပြသနာကို မည်သူကပိုင်ဆိုင်ကြမည်နည်းဆိုသည်ကို ပြောဆိုနေကြပါသည်။ မည်သို့ပင်ဆိုစေ သူ့ဖဲသူချိုးနေသော စစ်အစိုးရသည် သူနိုင်မည့်ဖဲမျိုးကို အပိုင်ကိုင်ထားနေသည်သာဖြစ်သည်။ နိုင်ငံရေးမျိုးဆက်သစ်ကလေးများမှအစ ၀ါရင့်နိုင်ငံရေးသမားကြီးများသည် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝအယုံအကြည်မရှိစွာ ပြောဆိုနေကြပါသည်။ စစ်အစိုးရ၏ဆင်ဖဲကို တွက်ချက်ပြနေကြပါသည်။ ကံဆိုးသည်မှာ ရွေးကောက်ပွဲကိုဝင်မည်ဟု ပြောဆိုနေကြသော နိုင်ငံရေးပါတီများမှာ ယခုအချိန်ထိ ရွေးကောက်ပွဲကိုဝင်မည်ဟု ပြောဆိုတုံးပင်ဖြစ်သည်။ သူတို့မှာတရားမျှတမျူမရှိကြသည်ကိုလည်း သိသည်ဟု ပြောဆိုကြပါသည်။ စစ်အစိုးရ၏ ဘက်လိုက်ဆောင်ရွက်နေမူကိုလည်း ဝေဖန်ပြောဆိုနေကြပါသည်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ မရှိ၍ အနည်းအကျဉ်းသားဝင်ပြိုင်မည်ဟု ဆိုနေကြပါသေးသည်။ ကြံ့ဖွံ့ကိုမယှဉ်ပြိုင်နိုင်ဟု ပြောဆိုနေကြပါသည်။ အကယ်၍သူတို့၏လွှတ်တော်ကိုယ်စားလှယ်များသာ ရွေးကောက်ခံရပါက ပြည်သူ့လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပြုပြင်ဆွေးနွေးအကြံပြုသွားမည်ဟု ဆိုနေကြပါသည်။
ထားပါတော့။ထားပါတော့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်လိုသော ပုဂ္ဂိုလ်တို့မှာ အထူးလေးစားထိုက်ပါသည်။ အတွင်းကတိုက်ယူမည့်ပုဂ္ဂိုလ်များမို့ လေးစားစရာကြီးဖြစ်နေပါပြီ။ သို့သော် သူတို့တွေ့ကြုံနေရသော ဖြတ်သန်းနေရသော ဗွေဆော်ဦးလက္ခဏာတို့မှာ အခြေအနေမကောင်းလှပါ။ တရားမျတမှူမရှိ၍ သူတို့မှာ မည်သို့မျှ မလုပ်နိုင် မကိုင်ဖြစ်နေရ၍ ရွေးကောက်ပွဲကွင်တွင် အနိုင်ရမည် မထင်ရပေ။ လူဖမ်းပွဲတွေနှင့် ထိပ်တိုက်တွေ့နိုင်သည်။ စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီနှင့် တစညတို့က ဘက်လိုက်မူများစွာဖြင့် ရှိနေရာ ဝေဖန်သံများလာလျင် ထောင်ဝင်စာမရနိုင်ဘဲ ဖြစ်သွားစရာတွေ ဖြစ်လာနိုင်ပါသည်။ အဆိုးဆုံးမှာ သူတို့ပါတီမှ မည်သူကကော ကြံ့ဖွံ့တို့နှင့် ယှဉ်ပြိုင်ပြီး အနိုင်ရနိုင်ပါမည်လား ဆိုသည်မှာ စဉ်းစားစရာဖြစ်နေပါသည်။ သို့သော် ၀င်ရောက်ယှဉ်ပြိုင်သူများမှာ အရေးကြီးသောအချက်တခုကို စဉ်းစားကြည့်ရန်လိုပါသည်။ ယင်းမှာအာဏာပြသနာဖြစ်ပါသည်။ စစ်အစိုးရသည်လည်း အာဏာပြသနာကြောင့် ရွေးကောက်ပွဲကို ပြုလုပ်နေခြင်းဆိုသောအချက်ကို သတိထားရန်လိုသည်။ အာဏာပြသနာကြောင့် ပြည်သူတို့သည် ဝေခွဲမရဖြစ်နေကြခြင်းဖြစ်သည်။ ပြည်သူတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို အလုံးစုံယုံကြည်နေကြသူများမဟုတ်။ အလုံးစုံထောက်ခံနေကြသူများမဟုတ်။ စစ်အစိုးရကို ထောက်ခံသောပြည်သူက တ၀က်မျှ ရှိနေပါသည်။ ယင်းအချက်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လုံးဝမျက်ခြေမပြတ်စောင့်ကြည့်ရန်လိုပါသည်။ တပ်မတော်လက်နက်ကိုင်ထဲက ရာနုံးများများရှိနေသည်။ ဤအချက်များကို အထူးသတိထားမှ ယခုအချိန်တွင် ခိုင်လုံနေသောအချက်တခုအဖြစ် မှတ်သားရမည့်လက္ခဏာဖြစ်နေသည်။ ကျွန်တော်တို့သည် လူတတ်ကြီးလုပ်၍မရ။
ပြည်တွင်းမှ ပြည်သူများ၏ အခြေအနေကို နားလည်စွာဖြင့် ချဉ်းကပ်နိုင်ရန်အရေးကြီးနေပါသည်။ ပြည်သူများကို ချဉ်းကပ်ရန် တပ်မတော် လက်နက်ကိုင်များကို ချဉ်းကပ်ရန် နိုင်ငံရေးပါတီများက ဦးဆောင်နိုင်သည့် လက္ခဏာများရှိကြပါသည်။ ဆင်းရဲငတ်မွတ်နေသောပြည်သူများအား ထွက်ပေါက်တခုအဖြစ် နိုင်ငံရေးပါတီများမှ မည်သို့သောအလင်းရောင်မျိုးကို ပေးနိုင်ပါမည်နည်း။ ယင်းမှာအဓိကကျလွန်းနေပါသည်။ သို့အတူ တပ်မတော် လက်နက်ကိုင်တပ်များသည်လည်း သူတို့၏ထွက်ပေါက်တခုကို မြင်တွေ့နိုင်ရန် နိုင်ငံရေးပါတီများက မည်သို့သော အရာမျိုးကို ပေးနိုင်ပါမည်နည်းဆိုသောအချက်ကို လေ့လာထားရန်လိုပါသည်။ နိုင်ငံရေးပါတီများဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုတည်းကို ပြောခြင်းမဟုတ်။ အားလုံးသော နိုင်ငံရေးပါတီများဖြစ်သည့် ၉၀ ခုကော ၂၀၁၀ ကော ပါတီများကို ဆိုလိုရင်းဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ယင်းနိုင်ငံရေးပါတီများသည် အာဏာလိုချင်၍ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြသည့်သူများသာဖြစ်ပါသည်။ သည်တော့ စစ်အစိုးရ၏ ရွေးကောက်ပွဲမှ အာဏာလွှဲပြောင်းမှူကို သူတို့ရကြပါမည်လားဟု စေဒကတက်စရာရှိလာပါသည်။ ပရိတ်သတ်ကစကားပြောလျှင် သူတို့ကဝေဖန်သူကို ကဲ့ရဲ့တိုက်ခိုက်ချင်ကြမည်ဖြစ်သည်။ သူတို့၏စိတ်ထဲမှာမူ သူတို့ကိုယ်သူတို့ အာဏာရရှိနိုင်မည်မဟုတ်ဟု ထင်ထားကြပါသည်။ သို့ဆိုလျင် ရွေးကောက်ပွဲကို အာဏာမရရှိပါဘဲ ဘာကြောင့် ၀င်ရေက်ယှဉ်ပြိုင်သင့်ပါသနည်း။ ကျွန်တော်တို့သည် ၀င်ရောက်ယှဉ်ပြိုင်သူများကို အပြစ်ပြောစရာမရှိတော့။ သို့သော် အာဏာမရရှိနိုင်သည့်အတူတူ ဘာကြောင့်များ ရွေးကောက်ပွဲကို ၀င်သင့်သည်၊ ၀င်မည်ဟု ပြောနေလ်ုနေခြင်းမှာ လွန်လွန်းနေသည်ဟုတော့ စောဒကတက်နိုင်ခွင့်တော့ ရှိရမည်ဖြစ်ပါသည်။ တချိန်တည်းမှာပင် အသွင်ကူးပြောင်းရေးဆိုသော စကားကို မပြောတော့ဘဲ လိုရင်းကိုသာ ပြောရတော့မည်ဖြစ်သည်။ နိုင်ငံရေးစကားပြောလျှင် လက်ဝင်နေမည်မို့ ခပ်လွယ်လွယ်က စပြီးပြောကြရတော့မည်ဖြစ်သည်။ ကောင်းပါပြီ။ အာဏာလိုချင်၍ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်သူများအတွက် အာဏာရရှိနိုင်မည့် လမ်းကြောင်းများ ရှိနေပါသည်။ ယင်းမှာကြားဖြတ်အစိုးရဖွဲ့စည်းရေးကို လိုအပ်ပါသလားဆိုသောမေးခွန်းကို ဖြေတတ်ရန်လိုပါသည်။ အကယ်၍ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို လိုအပ်သည်ဟု ဆိုလျင် ဆက်လက်ပြီးဆွေးနွေးစရာတွေ ရှိနေပါသည်။ ယင်းမှာ ကြားဖြတ်အစိုးရဖွဲ့စည်းလျင် အားသာချက်များကို စဉ်းစားကြည့်ရန်လိုသည်။ မည်သည့်အချက်များက အားသာချက်များဖြစ်နေပါသနည်းဟု ဆန်းစစ်ကြည့်ရန်လိုသည်။ ကြားဖြတ်အစိုးရတွင် ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းပါဝင်နိုင်ပါသည်။ စွန့်လွှတ်အနစ်နာခံမည့်သူများ ပါဝင်နိုင်သည်။ ဒီမိုကရေစီသူရဲကောင်းများအဖြစ်ပါဝင်နိုင်သည်။ နိုင်ငံတကာမှ အထောက်အကူများရရှိနိုင်မည်ဖြစ်သည်။ ကြားဖြတ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရဖြစ်ပေါ်ရေးကို ဆောင်ကျဉ်းပေးနိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂသည် ကြားဖြတ်အစိုးနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် လက္ခဏာများရှိနေသည်။ ယင်းမှာအားသာချက်များဖြစ်သည်။ အားနည်းချက်များမှာ ကြားဖြတ်အစိုးရတွင် ပါဝင်မည့်သူများ၏ တက်ကြွမှူများဖြစ်သည်။ နိုင်ငံတကာမှ လက်တွေ့ကျကျ အကူအညီထောက်ပံ့ မပေးနိုင်မူများဖြစ်သည်။ ကမ္ဘာ့ကုလသမ၈္ဂမှ လက်တွေ့ဆန်သောအကူအညီမျိုးကို မပေးခြင်းနှင့် ဆိုင်သည်။
ကြားဖြတ်အစိုးရဖွဲ့စည်းခြင်းကို ပြည်တွင်းမှ ပြည်သူများက ထောက်ခံဝိုင်းဝန်းမူတို့ ရှိနိုင်သည်။ ယင်းမှာအားသာချက်များဖြစ်သည်။ ပြည်တွင်းမှ ပြည်သူများ၏ တောင်းဆိုမှူများသည် နိုင်ငံတကာအပေါ် အာရုံစူးစိုက်ခြင်းကို ဖြစ်စေနိုင်သည်။ အဓိကအားဖြင့် ပြည်တွင်းမှ နိုင်ငံရေးအုံကြွမူသည်သာ အခြေအနေများကို ပြောင်းလဲ ပစ်နိုင်စေသည်။ ပြည်ပရှိဒီမိုကရေစီ အတိုက်အခံအင်အားစုများသည်သာ ပြည်တွင်းမှ နိုင်ငံရေးအခြေအနေ တိုးတက်မူအပေါ် နိုင်ငံတကာနှင့် ချဉ်းကပ်စကားပြောဆိုရုံဘဲဖြစ်သည်။ ယင်းမှာအထူးအရေးကြီးပါသည်။ ယခုအချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ စစ်အစိုးရ၏ရွေးကောက်ပွဲကို လက်မခံကြောင်း ပြောဆိုထားပြီးဖြစ်သည်။ ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိခြင်းကြောင့် နောက်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် စစ်အစိုးရဖွဲ့စည်းမည့် အစိုးရကို အသိအမှတ်မပြုဟု ဆိုထားသည်။ အမေရိကန်အစိုးရနှင့် ဥရောပနိုင်ငံများမှလည်း ၂၀၁၀ ခုနှစ်အလွန် စစ်အစိုးရ၏ အရပ်သားအစိုးရကို အသိအမှတ်မပြုဟု ကြေညာထားပါသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့်ကော အမေရိကန်အစိုးနှင့်ပါ၊ ပြီးတော့ ဥရောပနိုင်ငံများနှင့် ကျွန်တော်တို့၏ စိတ်ဆန္ဒများသည် လုံးဝကွဲပြားနေပါသည်။ နိုင်ငံရေးဝိရောဓိဖြစ်နေပါသည်။ ယင်းမှာ ကျွန်တော်တို့သည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မှီ ကြားဖြတ်အစိုရဖွဲ့စည်းပြီး ယင်းအစိုးရကို နိုင်ငံတကာမှ ထောက်ခံစေချင်ကြသည်။ သို့သော် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာများမှာ ၂၀၁၀ အလွန်ကာလနှင့် ပါတ်သက်၍သာ ပြောဆိုနေကြခြင်းဖြစ်သည်။ ဤသည်မှာဝမ်းနည်းစရာဖြစ်ပါသည်။ ကျွန်တော်တို့သည် မည်သည့်နည်းနှင့်မျှ ၂၀၁၀ အလွန်ကာလကို အရောက်မခံနိုင်ပေ။ စစ်အစိုးရသည်လည်း
ကုလသမဂ္ဂမပြောနှင့် ၊ သိကြားမင်းပြောရင်တောင် လုပ်ချင်ရာလုပ်မည့်အစားမျိုးဟု ပြောဆိုလိုက်ပြီဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက နိုင်ငံတကာမှ အသိအမှတ်မပြုဟု ကြေညာလိုက်သည်နှင့် ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ရ ရက်နေ့ကို ပြုလုပ်မည်ဟု ကြေညာလိုက်သည်။ ပြီေးတာ့ သြဂုတ် ၁၃ ရက်နေ့က နေပြည်တော်မှာအစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်တွေကို တိတိကျကျစာရင်းတွေပြုလုပ်လိုက်ပြီ။ အခြားတဘက်မှာ ရွေေးကာက်ပွဲဝင်မည့်ပါတီတွေမှာ ငွေလည်းမရှိသေး။ ကိုယ်စားလှယ်တွေလည်း မရကြသေး။ တချို့ ပါတီတွေမှာနုတ်ထွက်နေကြရပြီ။ တချို့ မှာတင်းခံနေကြသေးသည်။ မည်သို့ပင်ဆိုစေ ၂၀၁၀ ရွေးကောက်ပွဲကို မရောက်စေချင်သော ကျွန်တော်တို့နှင့် စစ်အစိုးရ၏ရွေးကောက်ပွဲစီးချင်းထိုးပွဲသည် ယခုအချိန်တွင် သဲကြီးမဲကြီးဖြစ်နေသည်မှာတော့အမှန်ဖြစ်သည်။
သည်တော့ ကျွန်တော်တို့မှာငြိမ်၍လည်းနေလို့မရနိုင်။ ပြောရတော့မည် ။ဆိုရတော့မည်ဖြစ်သည်။ ဆိုကြပါစို့။ ပါးစပ်ဖျားကလေးနှင့် ပြောဆိုနေသောအမေရိကန်အစိုးရ ၊ဥရောပနိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူး စသူတို့သည် ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် အရပ်သားအစိုးရကို လက်မခံဟု ဆိုထားကြေညာထားပါပြီ။ ယင်းမှာလုံလောက်ပါသည်ဟု ထင်ပါသလားမေးခွန်းကို ကျွန်တော်တို့မှာမေးယူရတော့မည်ဖြစ်သည်။ ယင်းပုဂ္ဂိုလ်များကိုေးခွန်းထုတ်စရာဖြစ်နေပါပြီ ။ ဤသို့အသိအမှတ်မပြုရုံနှင့် မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေးကကော ထူးခြားမူများရှိလာနိုင်ပါမည်လား ဆိုသောမေးခွန်းကို မေးရတော့မည်ဖြစ်ပါသည်။ ၂၀၁၀ အလွန်ဖြစ်ပေါ်လာမည့် နိုင်ငံရေးဖြစ်စဉ်များကို သုံးသပ်ပြီးလက်တွေ့မကျသောအကူအညီမျိုးကို ကျွန်တော်တို့က မေးခွန်းထုတ်ရပါတော့မည်။ အဓိကအားဖြင့် ကျွန်တော်တို့မှာ ၂၀၁၀ နိုဝင်ဘာလ ရ ရက် မရောက်ခင်စပ်ကြား နိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်ရန်အရေးကြီးနေပါသည်။ ယင်းပြသနာမှာ အာဏာပြသနာဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဦးတည်သော အာဏာရရှိရေးသည် ဒီမိုကရေစီနိုင်ငံရေးသမားများက စဉ်းစားကြရမည့် အရေးဖြစ်ပါသည်။ ထို့ကြောင့် ကြားဖြတ်အစိုးရဖွဲ့စည်းဖြစ်လျှင် ၂၀၁၀ ရွေးကောက်ပွဲဖျက်ဆီးသွားမည်ဟု ယုံကည်ပါလားဆိုသော မေးခွန်းကို ကျွန်တော့်မေးစမ်းနေမိပါသည်။ ဟုတ်ပါသည် ။ ယင်းသို့သာဖွဲ့စည်းနိုင်ခဲ့ပါက ၂၀၁၀ ရွေးကောက်ပွဲမှာ ဖျက်ဆီးခံရရုံမက စစ်အစိုးရသည်လည်း ဖြုတ်ချခံရသွားပါလိမ့်မည်။ အကြောင်းအရာတခုမှာ ရဲမွန်တပ်ရင်းသည် နေပြည်တော်တပ်ကို တပ်တွင်းသို့ဝင်ခွင့်မပေးဘဲ လက်နက်ချင်းပြန်လှန်တိုက်ခိုက်ရန် အမိန့်ကို မနာခံဘဲ ရှိနေပါပြီ။ တပ်မတော်အတွင်းပေါက်ကွဲမူများဖြစ်နေပါပြီ။ အက်ကြောင်းများဖြစ်နေကြပါပြီ။ တပ်မတော်အတွင်း သူသေကိုယ်သေ တိုက်ခိုက်ကြရန် ပြောဆိုအားပေးရန်လိုနေပါသည်။ခလရ ၂၂ သည်လည်း နေပြည်တော်အမိန့်ကို မနာခံကြောင်းကြားသိနေရပါပြီ။ လက်နက်ဖြင့် မတရားအုပ်ချုပ်နေသော နေပြည်တော်စစ်အစိုးရသည် ရဲမွန်တပ်ကို မည်သည့်နည်းနှင့်မျ မတိုက်ခိုက်ဝံ့။ ယခုအချိန်တွင် ရဲမွန်တပ်ရင်းသည် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများကို တပ်တွင်းတွင် ချိတ်ဆွဲထားပြီး ဒီမိုကရေစီတိုက်ပွဲအတွက် သူတို့အသေခံတိုက်ပွဲဝင်သွားမည်ဟု ပြောဆိုသံများထွက်လာနေပြီဖြစ်သည်။
ကြားဖြတ်အစိုးရဖွဲ့စည်းဖြစ်လျင် တပ်မတော်ထဲမှ ရဲမွန်တပ်ရင်းသည် ပထမဆုံးထောက်ခံမည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကြားသိနေရပြီဖြစ်သည်။ တချိန်တည်းမှာပင် တခြားသောတပ်ဖွဲ့များကလည်း အသံတွေကြားနေရသည်။
နေပြည်တော်တပ်နှင့် ရဲမွန်တပ်ရင်းမှူးတို့ ညှိနိုင်းဆွေးနွေးပွဲ၌ ပြည်ပအတိုက်အခံများ၏ သွေးထိုးလှုံ့ဆော်မှူများကို မယုံကြည်ကြရန် ပြောဆိုသွားသည်ဟု ကြားသိရသည်။ စင်စစ်အားဖြင့် နေပြည်တော်တပ်သည် လက်နက်အင်အားကောင်းသော်လည်း ရဲမွန်တပ်ရင်းကို မတိုက်ခိုက်ဝံ့ဘဲဖြစ်နေသည်။ တပ်မတော်ပြိုကွဲနေခြင်းကို ပြည်သူတွေ မသိရအောင် မတိုက်ဘဲနေခြင်းသာဖြစ်သည်။ အမှန်ကတပ်တွင်းအခြေအနေသည် ယိုယွင်းပြိုကွဲနေလာပြီဖြစ်ကြောင်း သိသာနိုင်သည်။ ထို့ကြောင့် ရန်သူစစ်အင်အားစုများ ပြိုကွဲနေချိန်တွင် ကြားဖြတ်အစိုးရကို သေသေချာချာ ဖွဲ့စည်းရေးက အရေးကြီးနေပြီဖြစ်သည်။ ယင်းသို့ဖွဲ့စည်းလိုက်ခြင်းအားခြင့် ၂၀၁၀ အလွန် အသိအမှတ်မပြုပါဟု ပြောဆိုနေကြသော နိုင်ငံတကာများသည် တိကျစွာထောက်ခံမှူများ ပေးလာကြမည်ဖြစ်ပါသည်။ ပြည်တွင်းနိုင်ငံရေးအခြေအနေရှပ်ထွေးနေချိန်အတွင်း ကမ္ဘာ့ကုလသမဂ္ဂညီလာခံသည် စက်တင်ဘာလတွင် ကျင်းပကြမည်ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် မြန်မာနိုင်ငံအား စုံစမ်းစစ်ဆေးရေးအတွက် အစီရင်ခံစာများတင်သွင်းကြမည်ဟုလည်း ဆိုထားပါသည်။ အကယ်၍ယင်းအချိန်တွင် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ပြည်တွင်းမှာသာ ဖွဲ့စည်းဖြစ်နိုင်ကြပြီဆိုပါက ကျွန်တော်တို့လိုချင်သော ထီးလိုမင်းလိုမဟုတ်ရင်တောင် ကမ္ဘာ့ကုလသမဂ္ဂလိုလားသော အရပ်သားအစိုးရတခုကတော့ ဖြစ်ပေါ်လာနိုင်စရာအကြောင်းက ရှိနေပါသည်ဟု ယုံယုံကြည်ကြည်ပြောရလျှင် လွန်အံ့သည်ဟုမထင်ပါချေ။

ခိုင်အောင်ကျော် ( နယူးယောက် )

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ/သုတေသနနှင့်လေ့လာရေးဌာန/ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၁/၂၀၁၀)



လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၁/၂၀၁၀)

ဖျက်သိမ်းတာခံမလား/ ဖျက်သိမ်းရေးလုပ်ကြမလား
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၇ ရက်)

နဂိုကမှ မကျယ်တဲ့ “စည်းဝိုင်း” အခုတော့ တစ်ရစ်ပြီးတစ်ရစ် တင်းကြပ်လို့လာနေပါပြီ။
ရွေးကောက်ပွဲကိုလာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာကျင်းပမယ်လို့ ကြေညာလိုက်ပြီး၊ သြဂုတ်လ(၃၀)ရက်နေ့ကို လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးနေ့ရက်အဖြစ် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးလိုက်ပါတယ်။
မှတ်ပုံတင်ပါတီအများစုဆီကကြားရတဲ့အသံကတော့ အချိန်နည်းလွန်းတယ်။ အချိန်တိုးပေးဖို့ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြ မယ်ဆိုတာပါပဲ။
ရွေးကောက်ပွဲ ကော်မရှင်က အာဏာပိုင်မဟုတ်ပါဘူး။ “အထက်” က ညွန်ကြားချက်အတိုင်း တိကျစွာလိုက်နာ အကောင်အထည် ဖေါ်ပေးရတဲ့ “ရုပ်သေးကော်မရှင်” တစ်ခုမျှသာဖြစ်ပါတယ်။
“အထက်”ကညွန်ကြားလာတဲ့အတွက် ရွေးကောက်ပွဲနေ့ရက်ကို ကြေညာချက်ထုတ်ပြန်ပေးလိုက်တယ်။
အထက်က ညွန်ကြားမလာသေးတဲ့အတွက် ဒေါက်တာတူးဂျာတို့ ကချင်ပါတီတွေ တင်ပြထားတဲ့ “တည်ထောင်ခွင့်” နဲ့ (NDF) ခေါင်းဆောင်များ တင်ပြထားတဲ့ “အသနားခံစာ” ကတော့ အခုထိ ကော်မရှင်ကအကြောင်းပြန်ကြား မပေးနိုင်သေးပါဘူး။
ရွေးကောက်ပွဲကော်မရှင်က ဒီရက်စွဲလေး (သြဂုတ်လ ၃၀ ရက်)ကို ရွှေ့ဆိုင်းပြီး အချိန်တစ်စုံတရာတိုးပေးရုံ နဲ့ မှတ်ပုံတင်ပါတီတွေ တောင်းဆိုမျှော်လင့်နေတဲ့“လွတ်လပ်တဲ့၊ မျှတတဲ့၊ အားလုံးပါဝင်နိုင်ပြီး လိုက်လျောညီထွေရှိတဲ့ရွေးကောက်ပွဲ” ဖြစ်လာနိုင်ပါ့မလား။ ပွင့်လင်း စွာပြောရရင်အဲဒီလိုမျှော်လင့်တာတွေဖြစ်မလာနိုင်ပါဘူး။
“လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ချေ အားနည်းတယ်၊ “လွတ်လပ်တယ်”ဆိုတဲ့ အသုံးအနှုန်းကို ခဏဖယ်ထားပြီး တော့ ဒီနေ့သူတို့ကြေညာချက်အပေါ်မှာ ကျနော်တို့ဘယ်လိုမျိုး သုံးသပ်လို့ ရနိုင်သလဲဆိုတော့ “မျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူး”လို့ ဆိုတဲ့ (ယူဒီပီ) က သုံးသပ်တာလက်တွေ့ကျပါတယ်။
ဒါပေမယ့်ဒီလိုလက်တွေ့ကျကျသုံးသပ်ပြီးကာမှ“ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းရမယ့် နေ့ရက်ရွှေ့ဆိုင်းပေးရန်နဲ့သတ်မှတ် ငွေပမာဏပြင်ဆင်ပေးရန်”ရွေးကောက်ပွဲကော်မရှင်ထံမေတ္တာရပ်ခံတင်ပြထားတယ်”ဆိုတဲ့ ဆောင်ရွက်ချက်ကတော့ စိတ်ကူးယဉ်ဆန်သလို ဖြစ်နေပါတယ်။
(နအဖ)စစ်အုပ်စုကစိတ်ကြိုက်ရေးဆွဲအတည်ပြုထားတဲ့(၂၀၀၈)အခြေခံဥပဒေ၊ စိတ်ကြိုက်ခန့်အပ်ထားတဲ့ရွေးကောက်ပွဲကော်မရှင် နဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေများနဲ့ စိတ်ကြိုက်ရွေးချယ်သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီပဲအနိုင်ရမယ်ဆိုတာစောင့်ကြည့်နေ စရာ မလိုအောင် ရှင်းလင်းမြင်သာနေပါပြီ။
ဒီနေရာမှာ ကျနော်တို့အနေနဲ့ မှတ်ပုံတင်ပါတီများကိုသတိပေးချင်တာတစ်ခုရှိပါတယ်။ သိရှိသဘောပေါက်နေပြီးသားလည်းဖြစ် ချင် ဖြစ်နေမှာပါ။ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၉၀/၂၀၁၀) ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး ပုလဲကွန်ဒိုမီနီယံမှာ ဋ္ဌာန ချုပ်လုပ်ထားတဲ့ပါတီကဥက္ကဋ္ဌဆိုသူပြောဆိုနေတာတွေကိုသတိရှိဖို့လိုပါတယ်။
မီဒီယာတွေနဲ့တွေ့ဆုံပြောကြားတဲ့ သူ့အပြောတွေကအကြောင်းမသိရင် “လက်ခုပ်တီး”ချင်စရာပါ။
ဒါပေမယ့် အဆိုပါ ပုဂ္ဂိုလ်နဲ့ အချို့ရဲ့စနက်ကြောင့် ဝါရင့်နိုင်ငံရေးသမားကြီးဦးရွှေအုံး၊ အပစ်ရပ် (SSA) နာယကကြီးဦးဆေထင်နဲ့ မျိုးဆက်သစ်ရှမ်းပြည်က အယ်ဖြူ(ခ) ကိုမြင့်သန်း တို့ ကြုံခဲ့ရဖူးတဲ့ အတွေ့အကြုံအရ ကျနော်တို့ သတိပေးရတာဖြစ်ပါတယ်။
(နအဖ) စစ်အုပ်စုဘက်ကဆက်လုပ်လာနိုင်တာကတော့“ ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး)နဲ့၊ (၅/၉၆) ”တို့လိုတည်ဆဲဖိနှိပ်ရေး ဥပဒေများနှင့်အကြမ်းဖက်မှုများသာဖြစ်နိုင်ပါတယ်။
ဒါကြောင့်မကြာခင်ကာလအတွင်းမှာ ပေါ်ထွက်လာနိုင်တဲ့ အလားအလာတွေထဲမှာဖြစ်နိုင်ခြေအများဆုံးကတော့ မှတ်ပုံတင်ပါတီ တွေဖျက်သိမ်းတာနဲ့ ဖျက်သိမ်းခံရတာ၊ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးတဲ့သတင်းတွေပဲဖြစ်ပါလိမ့်မယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ“ဖြစ်နိုင်ချေအားနည်းတယ်”လို့သုံးသပ်ပြီးရင်လက်တွေ့ကျပြီးလုပ်ဆောင်သင့်တဲ့လုပ်ငန်း ကတော့ အဲဒီရွေးကောက်ပွဲကိုပျက်သွားအောင် အားလုံးကတညီတညွတ်တည်းနဲ့ဖျက်သိမ်းရေးသာဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
၂၀၀၈ အခြေခံဥပဒေအသက်ဝင်တည်ရှိနေသမျှ စစ်အုပ်စုက ဖိနှိပ်ချေမှုန်းဖျက်သိမ်းတာကို ခံနေကြရမှာပါ။
စစ်အုပ်စုကဖျက်သိမ်းတာကိုခံကြမလား/စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းကြမလား။

ဒီချုပ်လုပ်ငန်းအစီရင်ခံစာ(May - July 2010)

May July Special Report NLD Activities

ဦးတင်ဦးနှင့်ဦးဝင်းတင်အကျဉ်းချခံထားရသော မိသားစုဝင်များအားတွေဆုံ အားပေး...


အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင် ဦးဆောင်၍ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသော မိသားစုဝင်များအား ယနေ့သွားရောက်တွေဆုံ အားပေး...


ပေးပို့ပေးတဲ့ ကိုစိုင်းအား ကျေးဇူးတင်ပါသည်...။

ရွှေခမောက်စာစောင်....

Shwekhamauk 121