Saturday, August 21, 2010

မြန်မာ့အရေးနှင့်ပါတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောကြား


ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(နိုင်ငံခြားသတင်းမှ)
ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(ပြည်တွင်းသတင်းမှ)
ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိသော နအဖကကျင်းပမည့် နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းကို ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ OKADA KATSUYAက၂၀၁၀ခုနှစ်၊သြဂုတ်လ၊(၂၀)ရက်-သောကြာနေ့တွင် ပြောကြားလိုက်ပါသည်။
ထို့အပြင် ဂျပန်နိုင်ငံအနေဖြင့် နအဖကပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပါတ်သက်၍......
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသော ရွေးကောက်ပွဲအား ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း စစ်မှန်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုလိမ့်မယ်မဟုတ်ကြောင်းကို မြန်မာအရေးနှင့်ပါတ်သက်၍ ဂျပန်နိုင်ငံရှိ နအဖစစ်အခွန်ရုံးသို့ တိုက်ရိုက်စာပို့အကြောင်းကြားခဲ့ကြောင်းကိုလည်းဝန်ကြီးက ပြောကြားခဲ့ပါသည်.

ဤအချက်ကိုထောက်ရှူ့ခြင်းဖြင့် ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသော မြန်မာလူမျိုးတို့၏
ဒီမိုကရေစီအရေးလှုပ်ရှားမှုများ၊နေ့စဉ်နေ့တိုင်း လိုလိုတောင်းဆိုဆန္ဒပြမှုများကို ဂျပန်အစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်းထင်ရှားပါသည်။သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေဖြင့် ယခုကဲ့သို့ ဆက်လက်၍ စည်းလုံးညီညွတ်စွာဖြင့် ပြည်တွင်းပြည်ပ ချိတ်ဆက်၍ နအဖ၏ နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲအား နည်းမျိုးစုံဖြင့်ဆန့်ကျင်တိုက်ဖျက်ကြပါစို့....လို့ တိုက်တွန်းရေးသားလိုက်ရပါသည်။

လေးစားစွာဖြင့်

အေးနန္ဒာအောင်
http://www.lanpyakye.org
http://www.lanpyakye.com

စတုတ္ထနှင်း


သမိုင်းကြောင်းအဆက်ဆက်ဆီက ဒေသဆိုင်ရာလွှမ်းမိုးမှု အကြောင်းတွေဆွေးနွေးကြတယ်။

နိုင်ငံတွင်းမှာ သက်ရောက်လာနိုင်မဲ့ အရိပ်တွေအားလုံးကို ဖမ်းယူကြည့်ကြတယ်။ နိုင်ငံရေးသိပ္ပံ သုတေသနစာတမ်းတွေမှာ

အချက်အလက်များကိုလေ့လာခြင်း ( Functional analysis) နဲ့ ဆက်စပ်ဖွဲ့စည်းမှုများကိုလေ့လာခြင်း ( Structural analysis) ဆိုတဲ့ ရှုထောင့်တွေကို ကိုင်စွဲပြီး သုံးသပ်တင်ပြလေ့ရှိတယ်။ ကစားပွဲကို ကစားမဲ့သူတွေဟာ ရှုထောင့်နှစ်ခုလုံးက အချက်အလက်တွေကို

သိသာထင်ရှားစေမဲ့ မြင်ကွင်းတွေမှာ ခင်းကျင်းစဉ်းစားကြည့်တယ်။

(၁) ဘယ်ဇာတ်ကောင်တွေ၊ ဘယ်အဖွဲ့အစည်းတွေက အနာဂတ်မှာ အရှိန်ပြင်းတဲ့အရာတွေဖြစ်လာမလဲ၊

(၂) ဒီအဖွဲ့အစည်းတွေ ကို ယှဉ်ပြိုင်နိုင်မဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုတွေကို ဘယ်လိုဖန်တီးကြမလဲ

ဆိုတဲ့ မေးခွန်းနှစ်ခုက အဓိက စဉ်းစားရမဲ့အရာတွေဖြစ်လာခဲ့တယ်။

---------------------------------------------------------------------------------------------------------------------------------------------------

စတုတ္ထနှင်းများ --------

ဒီဇင်ဘာလကိုရောက်ပြီ ဆိုရင် “အူလန်ဘာတာ” လို့ခေါ်တဲ့ မွန်ဂိုလီးယားနိုင်ငံမြို့တော်မှာ နှင်းမှုန်တွေဖွဖွလေးကျနေတယ်။

တခါတုန်းက ဒီနေရာလေးကို ဗဟိုပြုပြီး ဂျင်ဂျစ်ခန် ရဲ့ မြင်းအရိုင်းခွာသံတွေဆူညံနေခဲ့တယ်။ မြင်းကုန်းနှီးပေါ်မှာ အိပ်ယာတခုလို အိပ်စက်၊ သွေးစက်တွေ အဆက်မပြတ်စီးဆင်းနေတဲ့ ဓါးသွားအောက်မှာ သူတို့ရဲ့အိပ်မက်တွေ၊ အာရှတိုက်ကိုကျော်ပြီး ကမ္ဘာအနှံ့ချဲ့ထွင်ဖြန့်ကျက်ခဲ့တယ်။

ဆယ်စုနှစ်တွေဖြတ်သန်းသွားခဲ့တယ်

အင်ပါယာတွေ ကြီးထွားလာခဲ့တယ်။ အင်ပါယာတွေကျဆုံးခဲ့တယ်။

စစ်ပွဲတွေဖန်တီးခဲ့တဲ့ သူတွေအတွက် ကံကြမ္မာရဲ့အလှည့်အပြောင်းတွေ ရောက်လာတယ်။

ဒဏ်ရာအနာတရတွေနဲ့ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။ စစ်ရှုံးမှုရဲ့အကျိုးဆက်အဖြစ်နိုင်ငံတွင်းမှာ စီးပွားရေး၊ လှုမှုရေး ပြဿနာတွေ နောက်ဆက်တွဲပါလာတယ်။ မွန်ဂိုအင်ပါယာထဲမှာ ဘုရင်ပိုင်နိုင်ငံတွေ ကွဲအက်ပေါ်ထွက်လာခဲ့တယ်။

ဒုတိယနှင်း

ရာစုနှစ်တွေပြောင်းသွားတိုင်း နယ်ပယ်ချဲ့ထွင်မှု သမိုင်းအသစ်တွေကလည်း ပုံစံမျိုးစုံနဲ့ရောက်လာတယ်။

မန်ချူးစစ်သည်တော်တွေ နဲ့ ချင်မင်းဆက် လက်အောက်မှာ မွန်ဂိုလီးယားနိုင်ငံရဲ့အတွင်းပိုင်းနဲ့အပြင်ပိုင်းဒေသတွေကို အပိုင်းပိုင်းခွဲ

အုပ်ချုပ်ဖို့ကြိုးစားခဲ့ကြတယ်။ တခါတုန်းက နယ်ချဲ့အရိုင်းအစိုင်းများ လို့ နာမည်ကြီးခဲ့တဲ့ ဂျင်ဂျစ်ခန် ရဲ့ မွန်ဂိုစစ်တပ်ဟာ ကျွန်ဘဝကို ကျရောက်သွားပြန်တယ်။ နှင်းအရိုင်းရာသီတွေ ဆယ်စုနှစ်တွေဆီ တိုက်စားသွားခဲ့ပြန်တယ်။နှစ်ဆယ်ရာစုရဲ့အစောပိုင်းကာလထဲမှာ

ဖြစ်ပွားတော့မဲ့ ပထမကမ္ဘာစစ်အတွက် နယ်မြေလွှမ်းမိုးအားပြိုင်မှုတွေအတွက် စတင်ပြင်ဆင်ကြတော့တယ်။

ချင်မင်းဆက်ပြိုကျသွားတဲ့ ၁၉၁၁ ခုနှစ်မှာ မွန်ဂိုလီးယားနဲ့ တိဘက် နိုင်ငံတွေက လွတ်လပ်ရေးကြေငြာခဲ့တယ်။

ဒါပေမဲ့ တရုတ်အစိုးရက လက်မခံခဲ့ဘူး။

တတိယနှင်း

၁၉၁၇ မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားဘော်လ်ရှီဗစ်တော်လှန်ရေးက (၂၀) ရာစုရဲ့ကမ္ဘာ့မြေပုံတွေကို ပြောင်းလဲပစ်ခဲ့တယ်။

ပြည်တွင်းစစ်မှာ စစ်ရှုံးလာတဲ့ ရုရှားဖြူတွေ၊မွန်ဂိုလီးယားနိုင်ငံရဲ့မြောက်ပိုင်းဆီကို ဆုတ်ခွာတပ်စွဲလာခဲ့တယ်။

တရုတ်ပြည်ကလည်း မွန်ဂိုလီယားအတွင်းပိုင်းဒေသတွေကို ချုပ်ကိုင်သိမ်းဆည်းထားဆဲဖြစ်တယ်။

ရုရှားပြည်တွင်းစစ်ကို အနိုင်ရလိုက်တဲ့ လီနင်ရဲ့တပ်နီတော်တွေ သူတို့ရဲ့အင်ပါယာသစ်ကို ပြန်လည်တည်ဆောက်ဖို့ အတွက်၊

မွန်ဂိုလီယားနိုင်ငံရဲ့ နယ်စပ်မျဉ်းတွေကိုဖြတ်ကျော်လာခဲ့တယ်။ ရုရှားဖြူတွေကိုမောင်းထုတ်ခဲ့တယ်။

မွန်ဂိုလီးယားနိုင်ငံအပြင်ခြမ်း ကို လွတ်လပ်တဲ့နိုင်ငံတနိုင်ငံအဖြစ်ဖွဲ့စည်းပေးလိုက်တယ်။

“ဒမ်ဒင် ဆူကာဘက်တာ” ဆိုတဲ့ မွန်ဂိုစစ်ခေါင်းဆောင်ရဲ့တိုက်ခိုက်မှုစွမ်းရည် ကို ရုရုားစစ်ခေါင်းဆောင်တွေက လေးလေးစားစား

အသိအမှတ်ပြုဆက်ဆံခဲ့ကြတယ်။ မွန်ဂိုလီးယားနိုင်ငံရဲ့ပြည်သူ့ရင်ပြင်မှာ “ဒမ်ဒင် ဆူကာဘက်တာ” ရဲ့ ရုပ်ထုကြီးတွေ ရောက်လာတယ်။

ဗော်ရှီဗစ်စစ်ချီတေးတွေလို အားကောင်းပြင်းထန်တဲ့ ကြွေးကြော်သံတွေ၊ အရောင်တွေ၊ စုပေါင်းဘုံယာစခန်းတွေ ရောက်ရှိလာခဲ့တယ်။ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး နဲ့သက်ဆိုင်တဲ့ နေရာအားလုံးမှာ ရုရှားလူမျိုး အကြံပေးအရာရှိတွေ၊ စီးပွားရေးသမားတွေ၊ အတတ်ပညာရှင်တွေ လွှမ်းမိုးလာခဲ့တယ်။ မွန်ဂိုလီးယားနိုင်ငံရဲ့လွတ်မြောက်ရေးကို ဆိုဗီယက် ကွန်မြူနစ်တွေက ကူညီဖေါ်ဆောင်ပေးခဲ့တယ် လို့ ယုံကြည်နေတဲ့

မွန်ဂိုနိုင်ငံရေး ခေါင်းဆောင်တွေဟာ ဆိုဗီယက်တွေနဲ့ အတွေးအခေါ် ပဋိပက္ခမဖြစ်အောင် ပြုမူနေထိုင်ခဲ့တယ်။

စတာလင် လို ပြင်းထန်ခိုင်မာတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မွန်ဂိုလီးယားနိုင်ငံကို ၁၉၈၉ အထိ ချုပ်ကိုင်ထားခဲ့တယ်။

စတုတ္ထနှင်း

“ အေးစက်နေတဲ့ နှင်းတွေကို မခံစားချင်တော့ဘူး။ တိတ်ဆိတ်မှုတွေကို ကျမတို့ဖောက်ခွဲမှဖြစ်တော့မယ်။ ကျမတို့မွန်ဂိုလီးယားနိုင်ငံဟာ ဘာကြောင့် အထီးကျန်ဆန်ပြီးဆင်းရဲဆုတ်ပြတ်နေရတာလဲ။ နိုင်ငံတကာက သင်ကြားလာတဲ့ ပညာတွေကို ကျမတို့နိုင်ငံထဲမှာ

ပြန်လည်အသုံးချဖို့အတွက် ဒီနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အစိုးရရဲ့ “ဗျူရိုကရက်တစ် ဖိနှိပ်မှုတွေ” ကို ရှုတ်ချငြင်းဆန်မှဖြစ်တော့မယ်”

“ဒမ်ဒင် ဆူကာဘက်တာ” ရဲ့ ရုပ်ထုရှေ့မှာ ကြေကွဲမျက်ရည်ကျနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ---

နှင်းမှုန်ဝေနေတဲ့ ညနေခင်းတွေထဲ တရွေ့ရွေ့လှုပ်ရှားဖို့ပြင်ဆင်လိုက်ကြတယ်။ သူတို့ဟာ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ

သားသမီးတွေဖြစ်ကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးဆီက ပညာသင်ကြားလာကြသူတွေဖြစ်ကြတယ်။

ဆိုဗီယက်ပြည်ထောင်စုကြီးဆီမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအကြပ်အတည်းတွေကို ကိုယ်တိုင်သိမြင်ခဲ့ကြ

သူတွေဖြစ်တယ်။ မွန်ဂိုလီးယားနိုင်ငံဆီကို ပြန်ရောက်လာတဲ့ အခါ သူတို့မြင်တွေ့လိုက်ရတဲ့ ဖခင်နိုင်ငံတော်ကိုကြည့်ပြီး ရင်နာခဲ့ကြတယ်။

“ယဉ်ကျေးမှု ဗဟို”အဖြစ်ဖွင့်လှစ်ထားတဲ့နေရာတွေမှာ လူငယ်တွေနဲ့တွေ့ဆုံဆွေးနွေးကြတယ်။

ကွန်မြူနစ်အစိုးရ ကို ဝေဖန်ထောက်ပြတဲ့ စာတမ်းတွေထုတ်ဝေကြတယ်။

၁၉၈၉ ဒီဇင်ဘာ (၁၀)ရက်နေ့၊ လူ့အခွင့်အရေးနေ့မှာ “ဖိနှိပ်မှုတွေကို တွန်းလှန်ကြ”ဆိုတဲ့ ခေါင်းစီးစာတန်းတွေ၊ အလံတွေ ကို ကိုင်ပြီး

ကြွေးကြော်ချီတက်လာတဲ့ တက္ကသိုလ်ကျောင်းသားတွေကို မွန်ဂိုကွန်မြူနစ်ပါတီခေါင်းဆောင်တွေ အထိတ်တလန့်တွေ့မြင်လိုက်ရတယ်။

ပြီးခဲ့တဲ့ အပတ်၊ အင်္ဂါနေ့ညက အဲ့ဒီ “စတုတ္ထနှင်းတွေ”အကြောင်း ကို လွတ်လပ်တဲ့အာရှအသံမှာ တင်ပြခဲ့တယ်။

သောတရှင်များခင်ဗျား

“မြင်းစီးသူရဲများ” လို့ နာမည်ကြီးခဲ့တဲ့ ဂျင်ဂျစ်ခန်ရဲ့မွန်ဂိုအင်ပါရာအကြောင်းကြားဘူးမိကြပါလိမ့်မယ်။

ဂျင်ဂျစ်ခန်သေဆုံးပြီး ဘုရင်ပိုင်နိုင်ငံ(၄) ခုကွဲခဲ့ချိန်ကအစပြုကာ၊ ၁၇ ရာစုမှာတော့ အတွင်းပိုင်းမွန်ဂိုလီးယား ဟာ မန်ချူးလက်အောက်ကို

ကျရောက်ခဲ့ပြီး၊အနောက်ခြမ်းကတော့ တရုတ်ပြည် ချင်မင်းဆက်လက်အောက်ကိုကျရောက်ခဲ့ပါတယ်။

“၁၉၁၁ ချင်မင်းဆက်ပြိုကျသွားပြီးတော့နောက်မှာ မွန်ဂိုလီးယားနိုင်ငံ က သူ့ရဲ့လွတ်လပ်ရေးကို ကြေငြာခဲ့ပါတယ်။

တရုတ်ပြည်က လက်မခံခဲ့ပါဘူး။ါပေမဲ့ ၁၉၂၀ မှာတော့ ရုရှားပြည်တွင်းစစ်မှာအနိုင်ရလိုက်တဲ့ဆိုဗီယက်ကွန်မြူနစ်တွေဟာ

မွန်ဂိုလီးယားနိုင်ငံကို လွတ်လပ်တဲ့ ကွန်မြူနစ်နိုင်ငံတခုအဖြစ်ဖွဲ့စည်းပေးလိုက်ပါတော့တယ်။”

စတာလင်ရဲ့အတွေးအခေါ်လွှမ်းမိုးမှုအောက် မွန်ဂိုလီးယားနိုင်ငံမှာ စုပေါင်းလယ်ယာစခန်းတွေ တည်ဆောက်လာခဲ့သလို၊

၁၉၄၅ အတွင်းမှာလည်း ဆိုဗီယက်တွေရဲ့မွန်ဂိုလီးယားအတွင်းပိုင်းဒေသဆီကို ဗမာဗျူဟာ ကျကျ တိုက်ခိုက်စစ်ဆင်မှု တခုထဲမှာလည်း

ပါဝင်ခဲ့ပါတယ်။ မွန်ဂိုလီးယားနိုင်ငံရေးသမားတွေဟာ ဆိုဗီယက်ခေါင်းဆောင်တွေနဲ့မျက်နှာပျက်စေမဲ့အရာမှန်သမျှကိုရှောင်ကျဉ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ၁၉၅၃ နောက်ပိုင်းစတာလင်သေဆုံးသွားအပြီး တရုတ်-ဆိုဗီယက်အတွေးအခေါ်အကွဲအပြဲ ပေါ်ပေါက်လာတဲ့အခါ

ဆိုဗီယက်ပြည်ထောင်စုနဲ့အတူ နီးနီးကပ်ကပ်ရပ်တည်လာခဲ့ပါတယ်။

“ ဆိုဗီယက်ပြည်ထောင်စုရဲ့တက္ကသိုလ်တွေကနေ ပညာသင်ပြန်လာတဲ့အခါတိုင်း အစိုးရရဲ့ဥပေက္ခာပြုမှုတွေ၊ အထီးကျန်ဆန်မှုတွေ၊

ဆင်းရဲစုတ်ပြတ်မှုတွေကိုခါးစီးခံနေရတဲ့ ကျမတို့ရဲ့မွန်ဂိုလီးယားနိုင်ငံကိုတွေ့လိုက်ရတဲ့ အခါတိုင်း မျက်ရည်ကျခဲ့ရတယ်။”

“ဟက်ရှ်ဘက်ဟူလန်” လို့ခေါ်တဲ့ မွန်ဂိုကျောင်းသူလေးတယောက်ဟာ သူမရဲ့ အဖေက မွန်ဂိုလီးယားကွန်မြူနစ်ခေါင်းဆောင်

တဦးဖြစ်တာကြောင့် နိုင်ငံတကာကိုထွက်ပညာသင်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဆိုဗီယက်ပြည်ထောင်စုကြီးဆီမှာ ဘာတွေဖြစ်ပျက်နေပြီ ဆိုတာကို သဘောပေါက်နေတဲ့ ဟူလန် ဟာ နိုင်ငံကိုပြန်ရောက်တဲ့အခါ

ယဉ်ကျေးမှုဗဟိုသင်တန်းကျောင်းဆီက ကျောင်းသူကျောင်းသားတွေနဲ့လျှို့ဝှက်တွေ့ခဲ့ပါတယ်။

“ စတာလင်ပုံစံအုပ်ချုပ်လာခဲ့တဲ့ မွန်ဂိုလီးယားကွန်မြူနစ်ခေါင်းဆောင် မော်စကိုဆီကို ဆေးကုသဖို့ထွက်ခွာသွားတဲ့အခါ

သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Batmunkh က အာဏာသိမ်းယူလိုက်တယ်။

သူက ဂေါ်ဘာချော့ဗ် လိုပဲ။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်။

ပွင့်လင်းတဲ့နိုင်ငံရေးစံနစ်ကို တည်ဆောက်ကြရမယ် လို့ ဆိုနေခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာ ဘာတခုမှလုပ်ကိုင်ခြင်းမရှိခဲ့ဘူး။

ဆိုဗီယက်ပြည်ထောင်စု ကြီးဆီမှာ စီးပွားရေးအကြပ်အတည်းဆိုက်ရောက်လာတဲ့အခါ၊

မွန်ဂိုလီးယားနဲ့ဆိုဗီယက်ကုန်သွယ်မှုဟာ ၉၀% ကနေ ၃၀ % အထိထိုးကျသွားတယ်။ ဒါပေမဲ့ မွန်ဂိုလီးယားနိုင်ငံရဲ့အရေးပါတဲ့

စီးပွားရေးလုပ်ငန်းတွေ၊ အင်ဂျင်နီယာတွေ၊ အကြံပေးအရာရှိတွေဟာ ဆိုဗီယက်တွေနဲ့ အရှေ့ဥရောပနိုင်ငံသားတွေက လွှမ်းမိုးထားတုန်းပဲ။”

တကယ်တော့ တရုတ်၊ဆိုဗီယက်နယ်မြေအငြင်းပွားမှုပြဿနာတွေကြောင့် မွန်ဂိုလီးယားနိုင်ငံအတွင်းမှာ

ဆိုဗီယက်စစ်သား ခြောက်သောင်းကျော်တပ်စွဲနေရာယူခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၉ မှာတော့ အခြေအနေတွေကပြောင်းလဲခဲ့ပါပြီ။

မွန်ဂိုလီးယားနိုင်ငံအတွင်းက ဆိုဗီယက်တပ်သား(၈၀၀၀) ကျော်ဆုတ်ခွာသွားခဲ့သလို၊

မွန်ဂိုလီးယားကွန်မြူနစ်ပါတီတွင်းမှာလည်း ယ္ခင်ခေါင်းဆောင်တွေလက်ထက်မှာ သဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ

နှစ်သောင်းကျော်အကြောင်းထုတ်ဖေါ်ပြောလာခဲ့ကြပါတယ်။ သဘောထားပျော့ပြောင်းတဲ့ ကွန်မြုနစ်ခေါင်းဆောင်တွေက

“ ဒီမိုကရေစီစံနစ်သည်သာ အကောင်းဆုံး ထွက်ပေါက်တခုဖြစ်တယ်” ဆိုတဲ့အယူအဆတွေကို တင်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ သဘောထားတင်းမာတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေရှိနေခဲ့တာကြောင့် ဘာတခုမှ အကောင်အထည်မပေါ်ခဲ့ပါဘူး။

“ ကျမတို့တတွေ၊ အာဏာရှင်တွေပိတ်ထားတဲ့တံခါးကို တွန်းဖွင့်ဖို့ဆုံးဖြတ်လိုက်ကြတယ်။

၁၉၈၉ ဒီဇင်ဘာ (၁၀) ရက်နေ့မှာ “ယဉ်ကျေးမှုဗဟို” မှာ ရှိတဲ့ လူငယ်တွေက စပြီး တိုင်းပြည်ခေါင်းဆောင်တွေဟာ

ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်ဆိုတဲ့ လှုံ့ဆော်သံတွေကို စတင်တောင်းဆိုခဲ့ကြတယ်။

ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ချင်ခဲ့ပေမဲ့၊ တရုတ်ပြည် က တီယင်မင်ရင်ပြင် ကျောင်းသားလှုပ်ရှားမှု လူသတ်ပွဲသတင်းကြောင့်

တက်တက်ကြွကြွပူးပေါင်းပါဝင်မှုမရှိကြသေးဘူးလေ။ ဒါပေမဲ့ ကျမတို့လှုပ်ရှားမှုမှာ ထူးခြားချက်က အစိုးရထိပိုင်းအရာရှိတွေရဲ့

သားသမီးတွေကိုယ်တိုင် ဦးဆောင်ပါဝင်နေကြတယ်။

နောက်တခုက ကျမတို့ရဲ့အလုပ်သမားတွေ ကိုလည်း အဓိကထားစည်းရုံးလှုံ့ဆော်ရမယ်။

ဘာလို့လဲဆိုတော့ မွန်ဂိုလီးယားနိုင်ငံရဲ့ သတ္တုတူးဖေါ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့

အင်ဂျင်နီယာတွေ၊ သတ္တုတွင်းအလုပ်သမားတွေရဲ့လခဟာ အဲ့ဒီစက်ရုံတွေမှာ သူတို့လို

လုပ်ကိုင်နေတဲ့ ရုရှားအင်ဂျင်နီယာတွေနဲ့နှိုင်းယှဉ်ရင်နည်းလွန်းလှတယ်။ ”

၁၉၉၀ ခုနှစ် ဂျန်နဝါရီလမှာတော့ မွန်ဂိုလီးယားနိုင်ငံမြို့တော်ထဲက လီနင်ပြတိုက်ထဲဆီမှာ

ဆန္ဒပြကျောင်းသားတွေ စုဝေးရောက်ရှိလာခဲ့ကြပါပြီ။ “ လူ့အခွင့်အရေး ကို လေးစားပါ။ ပြည်သူတွေအတွက် တန်းတူမျှတရေးဆိုတာ

အရာအားလုံးရဲ့ထိပ်မှာရှိတယ်” ဆိုတဲ့ ဆိုင်းပုဒ်တွေ၊ အလံတွေ က မွန်ဂိုလီးယားကွန်မြူနစ်ခေါင်းဆောင်တွေကို အရေးပေါ်အစည်းအဝေး

ခေါ်ယူဖြစ်အောင်ဖိအားပေးနေပါတယ်။ နောက်တလအကြာမှာ ကိုယ်စားလှယ် ၆၁၁ ယောက်ပါတီ မွန်ဂိုလီးယားဒီမိုကရက်တစ်ပါတီကို

တည်ထောင်လိုက်ပြီး၊ အခြေခံဥပဒေကိုပြင်ဆင်ပေးဖို့တင်ပြခဲ့ကြတယ်။

ကမ္ဘာ့အမျိုးသမီးနေ့မှာ ဆိုဗီယက်သံရုံးကိုဝိုင်းရံလိုက်ကြပြီး၊ ပြုပြင်ပြောင်းလဲရေးအတွက်မွန်ဂိုလီးယားအစိုးရကို ဖိအားပေးဖို့

ဆန္ဒပြတောင်းဆိုခဲ့ကြတယ်။ ကွန်မြူနစ်အမာခံတွေက၊ ဆန္ဒပြသူတွေကို ပစ်ခပ်ဖြိုခွဲဖို့၊ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့လုပ်ဖေါ်ကိုင်ဘက်

ကွန်မြူနစ်ခေါင်းဆောင်တွေကသူတို့ရဲ့ သားသမီးတွေပါဝင်နေတယ်ဆိုတာသိနေခဲ့ကြသလို၊ မော်စကိုကလည်း လူထုအသံကို

နားထောင်ဖို့ဖိအားပေးနေခဲ့ပါပြီး။

ဒါကြောင့်လည်း မတ်လမှာတော့ ကွန်မြူနစ်အစိုးရ နှုတ်ထွက်သွားခဲ့ပြီး မေလမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။

သောတရှင်များခင်ဗျား--

ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံခဲ့တဲ့ ဂဋုန်ဦးစောကြောင့် သမီးဘေဘီစောဘဝတသက်လုံး မျက်နှာငယ်ခဲ့ရဘူးပါတယ်။

အာဏာရှင်တွေရဲ့သားသမီးတွေလည်း မွန်ဂိုလီယားနိုင်ငံကွန်မြူနစ် ခေါင်းဆောင်တွေရဲ့သားသမီးတွေလို

အနာဂတ်ကိုကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနိုင်ကြပါစေ။

ရည်ညွှန်း

Peter Ackerman နဲ့ Jack Duvall တို့ရေးသားတဲ့ Force More Powerful စာအုပ်ပါ အချက်အလက်များကို ယူပြီး၊ ရေးသားတင်ပြခဲ့ပါတယ်။

(အောင်မိုးဝင်း)

သူရဲကောင်းစိတ်ဓါတ်များ မွေးမြူပေးကြပါ


" ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းက ကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် " ထိုသီချင်းစာသား လေးကို အလွန်ကြိုက်၏ ။ လူတော်တော်များများလည်း လွန်စွာ ကြိုက်နှစ်သက်လှသည် ကို တွေ့ရတာဘဲ ။ ငယ်ငယ်တုန်းက တော့ သူရဲကောင်းဆိုတာ မွေးကတည်းက အလွန်သတ္တိရှိသော သူဟု ထင်မြင်ယူဆခဲ့တာလည်း အမှန်ပါ ဘဲ ။ နောက်ပိုင်းစာတွေ များများဖတ်မိလာသော အခါ သူရဲကောင်းဆိုသော သဘာဝကို ပိုမိုသိရှိနားလည် သဘောပေါက်လာမိသည် ။ လူတိုင်းလူတိုင်း သူရဲကောင်းစိတ်ဓါတ်ကို မွေးမြူကြရင် ကိုယ်တိုင် သူရဲကောင်း ဖြစ်လာနိုင်တယ်ဆိုတာကို တကယ်နားလည် သဘောပေါက်လာတယ် ။

ဒါပေမယ့် ဒီနေ့မြန်မာနိုင်ငံလက်ရှိအနေအထား ကိုကြည့်လိုက်ရင်တော့ အဲဒီ သီချင်းကို ရင်ထဲက စိတ်ပါလက်ပါ ဆိုခဲ့ကြတဲ့လူကြီးတွေ မိဘနေရာကို ရောက်နေကြပါပြီ ။ဒါပေမယ့် ကျွန်တော့ မိဘ အပါအ၀င် တော်တော်များများက သူတို့ သားသမီးတွေ သူရဲကောင်းဖြစ်မှာကို မသိစိတ်က စိုးရိမ်နေကြတယ် ။ ဒါကြောင့် နိုင်ငံရေးဆိုတာကို သားသမီးတွေ နဲ့ မပက်သက်အောင် တဖြည်းဖြည်းပုံသွင်းလာကြာတာကို တွေ့ရတော့ သူတို့ တွေ ငယ်ငယ်က ဆိုခဲ့တဲ့ သီချင်းလေးဘဲ ပြန်ဖွင့်ပြပြောဆိုရမလို ဖြစ်နေပြီ ။ သားသမီးတွေ ကို တကယ်ချစ်တဲ့ မိဘဆိုရင် လမ်းမှန်ပြပေးရမယ်လို့ဘဲ ထင်ပါတယ် ။ သူတို့တွေ သားသမီးတွေကို စိုးရိမ်စိတ်နဲ့ ပြောကြလို့ နိုင်ငံရေးဆိုတာ လူငယ်တွေ အနနဲ့ မသီစရာ ကြောက်စရာ သဘောမျိုးခံယူလာကြတာတော့ မကောင်းပါဘူး ။

သူတို့ တွေ တကယ်တန်းပြောပြသင့်တာက သူတို့တွေရဲ့ ငယ်ဘ၀တွေ နဲ့ အခုချိန်နဲ့ နှိုင်းယှဉ်ရင် ဘယ်လို ကွာခြားသွားပြီ ။ဟိုအရင်ခတ်က ၀န်ထမ်းတစ်ယောက်လုပ်စာကို တစ်မိသားစုလုံး ထိုင်စားလို့ရတယ် ။ အခုအနေအထားက တစ်အိမ်လုံးလုပ်နိုင်ကိုင်နိုင်တွေလုပ်နေကြတာတောင် ၀မ်းဝရုံဘဲရှိတော့တာ ။ ဒီလိုပြောင်းလဲလာရတဲ့ အဓိကအကြောင်းတွေကို ပြောပြရမှာ ။ အခုတော့အကြောက်တရားတွေ ကို ပြောကြား ကိုယ့်သားသမီးကို သူရဲကောင်းမဖြစ်စေချင်တာ မိဘတွေ ချစ်တာ မဟုတ်ဘူး ၊ နှစ်သလိုဖြစ်နေပြီဆိုတာ ဆင်ခြင်ကြည့်ကြဖို့ကောင်းပါပြီ ။ ကိုယ့်သားသမီး သူရဲကောင်းပါ ဆိုတာ ဂုဏ်ယူချင်တဲ့မိဘတွေ များလာမှ အာဏာရှင်စနစ်ဆိုးအောက် ကလွတ်မြောက်ပြီး တိုင်းပြည် တိုးတက်ထွန်းကားလာမှပါ ။ သူရဲကောင်းဆိုတာ ပြည်သူလူထုက အမြဲတမ်လေးစားချစ်ခင် ယုံကြည်မှုကို ခံရတယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ကိုကြည့်လိုက်တာနဲ့ သိသာပါတယ်။ အဲဒီလိုပါဘဲ ကိုယ်တိုင် သူရဲကောင်းဖြစ်လာရင် ပြည်သူလူထု ကလေးစားချစ်ခင်ကြမှာဘဲ ။

ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန်မှာ နိုင်ငံတကာအလယ်နဲ့ နိုင်းယှဉ်ကြည့်၇င် အရမ်းကို အောက်တန်းကျနေပါပြီ ။ စိတ်ဓါတ်တွေလည်း ပျက်ပြားကုန်ကြပါပြီ ။ သာသနာဆိုတာလည်း ရစရာ မရှိတော့ဘူး ။ နိုင်ငံတကာက လူတွေက မြန်မာလူမျိုးဆိုရင် ဗုဒ္ဓဘာသာနဲ့ တွဲမြင်လေ့ရှိတယ် ။ အခုတော့ရတနာ သုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်နေတဲ့ သံဃာကို စော်ကားလည်း ထိုင်ကြည့်နေရတာဘဲ ။ အာဏာရှင်တွေ စော်ကားသမျှ ခေါင်းငုံ့ခံနေကြတာ ပြည်သူလူထု မှာ အကြောက်တရားတွေ ဖုံးလွှမ်းနေကြလို့ပါဘဲ ။ အခုချိန်မှာတောင် ရယက ဥက္ကဌလောက်ကို မျက်နှာချိုသွေးနေကြရတဲ့ မြန်မာလူမျိုးတွေ ၊ နောင်ဆို ဘာတွေဆက်လက် ဖြစ်ပွားလာနိုင်လဲ အနည်းငယ်စဉ်းစားပြီး အသိတရားရဖို့ ချိန်တန်နေပါပြီ။ အဲဒီလို အကြောက်တရားတွေ ဖုံးလွှမ်းလာလေ သူတို့ပိုမိုစော်ကားလေ ဆိုတာ မမေ့ကြပါနဲ့ ။ နိုင်ငံအရေး ကို အတိုကောက်နဲ့ အဆင်ပြေအောင် နိုင်ငံရေးလို့ ခေါ်ကြတာပါ ။ နိုင်ငံအရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ် ဆိုတာတော့အားလုံး သိပြီးသားပါ ။ ဒါဆို ကျွန်တော်တို့ တစ်တွေ နိုင်ရာတာဝန်ထမ်းသင့်ကြတယ်လို့ ပထမဆုံး အနေနဲ့ ဆုံးဖြတ်ချက်တွေ ချလိုက်ကြရင်မကောင်းဘူးလား ။

ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာ ဖိအား (၀ါ) ပြည်ပရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုသယ်ဆောင်လာတဲ့မုန်တိုင်း ကို ကာကွယ် ဖို့ ဟန်ပြလုပ်နေတယ်ဆိုတာ အားလုံး အသိပါဘဲ ။ သူတို့တွေမှာ ကြိုတင်စီစဉ်ပြီးသား ။ ဒါပေမယ့် လူထုကို သေနတ်ပြခြိမ်းခြောက်ပြီး တစ်အိမ်တစ်ယောက် မလာ မနေရ စနစ်နဲ့ အတင်းသဘောတူခိုင်းခဲ့တဲ့ အခြေခံဥပဒေဆိုတာ သူတို့ တွေမေ့နေကြတာလား ၊ ဒါမှမဟုတ်ရင် အခြေခံဥပဒေလိုဘဲ ပြည်သူလူထုကို အနိုင်ကျင့်မဲပေးခိုင်းမယ်လို့ သူတို့တွေ တွေးထင်ထားကြတာလား မသိပါဘူး ။ တစ်သွေးတစ်သံ တစ်မိန့် ဆိုတဲ့ စကားအောက်မှာ ဒုက္ခရောက်နေကြတဲ့ တပ်မတော် များ အပါအ၀င် ပြည်သူ့ဝန်ထမ်းတွေ များစွာ ရှိပါတယ် ။ သူတို့တစ်တွေလည်း အာဏာရှင်လက်အောက် က ရုန်းထွက်ချင်နေကြတယ်ဆိုတာ ကို အတွင်းစကားတွေနဲ့ တော်တော်များများကြားသိထားရတယ် ။ တကယ်တမ်းလည်း ဟုတ်ပါတယ် အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို အဓိက မောင်းနှင်ပေးနေတာကလည်း တပ်မတော်သားတွေနဲ့ ၀န်ထမ်းတွေပါဘဲ ။ အာဏာရှင်တွေ စည်းစိမ်ချမ်းသာ အမျိုးမျိုးခံစားနေကြပေမယ့် သူတို့တွေဘ၀ကတော့ ပြည်သူများနဲ့ မခြား နင်းပြားတွေပါဘဲ သူတို့တွေကို အမှန်တရားဆိုတာ နားလည် သဘောက်ပေါက်လာအောင် ပြောဆိုပေးကြပါ ။

ကိုယ့်ရဲ့ရန်သူကို တိုက်မယ်ဆိုရင် ဟာကွက် ပျော့ကွက်ကို အရင်ဆုံးရှာဖွေကြရမယ်။ အင်နည်း အနည်းဆုံး အချိန်မှာ ၀င်ရောက်တိုက်ခတ်တတ်ရမယ်ဆိုတာ တဲ့ အခြေခံသဘောတရားကို တော့ လူတော်တော်များများ သိရှိနားလည်ပြီးသားပါ ။ အာဏာရှင်လူတစ်စု အတွင်းမှာတောင် စစ်မှန်တဲ့ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာမဟုတ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိကြပါဘူး။ သူတို့ အစီအမံက ၀န်ကြီးချုပ် အပါအ၀င်အုပ်ချုပ်ရေး ပိုင်းက အရာရှိတော်တော်များများကို လူဝတ်လဲပြီးေ၇ွးကောက်ပွဲ ၀င်ခိုင်းမယ် ။ ပြီးရင် ဦးသန်းရွှေက အာဏာကို ဆက်လက်ထိမ်းသိန်းကြမယ်လို့ ကြံစည်ခဲ့ကြတယ် ။

တကယ်လည်းလူဝတ်လဲခိုင်းမယ်ဆိုတော့ သိတဲ့အတိုင်း အချင်းချင်း မယုံကြည်မှုက ပြဿနာ စလာကြမှာပါဘဲ ။ ယူနီဖောင်းချွတ်လိုက်တာနဲ့ သူတို့ရခဲ့သမျှ အာဏာတွေ ရုပ်သိန်းခံရတာ နဲ့တူတူပါဘဲ ။ သူတို့လောက ကလည်းအာဏာမရှိတာနဲ့ တပြိုင်နက်ထဲ ချောင်ထိုးပြီးသားဆိုတာ ပြည်သူလူထုအားလုံး သိပြီးသားဖြစ်မှာပါ ။ အဲဒီအချိန်ဟာ ကျွန်တော်တို့ ပြည်သူလူထု လုပ်ရှားဖို့ အကောင်းဆုံး အချိန်ပါဘဲ ။ အတွင်းအက်နေတဲ့ အချိန်မှာ အပြင်ကတစ်ချက်လောက် ၀ိုင်းပြီး ထုနှက်လိုက်တာနဲ့ အားလုံးလိုချင်တဲ့ အာဏာရှင်စနစ်ဆိုးကြီးကို ဖြိုခွင်းနိုင်မှာပါ ။

ဒီမိုကရေစီကို လိုချင်ရင် ဒီမိုကရေစီ ရနိုင်မည့် နည်းလမ်းကို ချဉ်းကပ်ကြတာ အမှန်ဆုံးပါဘဲ ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒါနပြုတဲ့ နေရာမှာ အားနည်းချက် တစ်ခုရှိပါတယ် ။ ဘုရားပုထိုးစေတီကျောင်းကန် ဇရပ်တွေ ဆောက်လုပ်လှူဒန်းဖို့ဆို စိတ်အားထက်သန်ကြပေမယ့် လူမှုရေး အလှူဆို အားနည်းကြသေးတယ်။ အခုတော့ ဆရာတော် ဦးညဏိဿရ ၊ ဦးသုမင်္ဂလ ၊ ရွေပြည်သာ ဆရာတော်နှင့်တကွ သံဃာတော်များ ၊ ကိုကျော်သူ ၊ လမ်းပြကြယ်ဦးအေးမြင့် အစရှိသည့် ပြည်သူ့ အကျိုးဆောင် များကြောင့် လူမှုရေးအလှူတွေ ကို လှူတတ်လာကြပြီ ။ ဒါပေမယ့်လည်း အားရကျေနပ်နိုင်တဲ့ အဆင့်တော့ မဟုတ်သေးပါဘူး ။ နိုင်ငံအကြိုးသယ်ပိုးနေတဲ့လူတွေကို ၀ိုင်းဝန်းကူညီကြတာဟာ အမျိုးဘာသာ သာသနာ အားလုံးကို လှူဒန်းတာနဲ့ အတူတူပါဘဲ ။ အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချဖို့ကြိုးစားတာဟာ မြန်မာလူမျိုးတွေကို ဒုက္ခဆိုးကြီးထဲက ကူညီလိုက်တာနဲ့တူတူပါဘဲ ။ မီးလောင်တယ်ဆိုရင် ကြားတာနဲ့ ကူညီပေးသင့်တယ် ။ ငါအိမ်နဲ့တော့ဝေးပါသေးတယ် ဆိုတဲ့အတွေးနဲ့ နေလိုက်လို့အဲဒီလောင်တဲ့မီး အားကြီးလာရင် ကိုယ်အိမ်လဲ မီးထဲပါသွားနိုင်တယ်ဆိုတာ ဥပမာထား စဉ်းစားစေလိုပါတယ် ။ အဲဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်တဲ့ သူရဲကောင်းတွေ ရှိနေတဲ့ အချိန်အခါလေးမှာ မိမိတို့ တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီကြပါလို့ ရိုးသားစွာဘဲ မေတ္တာရပ်ခံ အပ်ပါတယ်။

နောက်ဆုံးအနေနဲ့ပြေချင်တာကတော့ မိမိတို့ နိုင်ရာတာဝန်ကို ထမ်းဆောင်ပေးကြပါ ။ လူကြီးမိဘများအနနဲ့ သားသမီးများတွေ ရင်ဘတ်ထဲက အကြောက်တရားကို မောင်းထုတ်ပြီး သူရဲကောင်းများစိတ်ဓါတ်များ ဖြစ်ပွားလာအောင် သွန်သင်ဆုံးမပေးကြပါ ။ တစ်ဦးရဲ့ အမှားကို တစ်ဦးက ပြစ်တင်ပြောဆိုနေကြမည့် အစား လမ်းမှန်ပြပေးကြပါ ။ တစ်ယောက်နဲ့ တစ်ယောက် လုပ်နိုင်တာချင်း မတူတာကို အားလုံးနားလည်ပေးကြပါ ။ ကိုယ်တိုင်ဦးဆောင်ဆန္ဒမပြရဲကြပေမယ့် လက်ခုပ်တီးပြီးအားပေးတယ်ဆိုရင်တောင် ခဲနဲ့ပေါက်တာမဟုတ်တဲ့အတွက် သူရဲ့လုပ်ရပ်ကို ချီးကြူးရမှာပါ ။ လူကိုယ်တိုင် မပါဝင်နိုင်လို့ငွေအားနဲ့ကူညီရင် လည်း ချီးကြူးပေးကြရမှာဘဲ ။ အားလုံးရဲ့ဦးတည်ချက်က အာဏာရှင်စနစ်ဖြုတ်ချရေး ဖြစ်တာကြောင့် တစ်ဦးနဲ့ တစ်ဦး အဖွဲအစည်း တစ်ခုနဲ့ တစ်ခု ပူးပေါင်းဆောင်ရွက်ကြပါလို့ အသိပညာရှင် အတတ်ပညာရှင်တွေကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

မြန်မာလူမျိုးတွေဟာ အင်မတန်သတ္တိရှိကြပါတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။အမှန်တရားမှာ အင်အားရှိတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အာဏာရှင်လူတစ်စု အရမ်းကြောက်နေ ကြတာကိုသာ ကြည့်ကြပါ ။ တကယ် ဒီမိုကရေစီဆိုတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ တိုင်းပြည်ကို ရောက်ချင်တယ်ဆိုရင် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေးကြပါ ။ ပြည်ပရောက် မြန်မာလူမျိုးတွေဟာ ပြည်တွင်းအင်အားစုတွေနဲ့စာရင် အစစအရာရာ အားသာချက်တွေရှိပါတယ် ။ အဲဒီတော့ ပြည်ပရောက် မြန်မာလူမျိုး ညီအစ်ကို မောင်နှမ များအားလုံးကို မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ တစ်တွေ သူများတိုင်းပြည်မှာ ကျွန်သက်ရှည်ရှည် မနေကြရအောင် ကျွန်တော်တို့ တတ်နိုင်တဲ့ ငွေအားနဲ့ နည်းပညာကို အသုံးချပြီး ပြည်တွင်းအင်အားစုတွေ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလုပ်ရှားနိုင်ဖို့ ၀ိုင်းဝန်းကူညီကြပေးကြပါလို့ အလေးအနက် တိုက်တွန်းပြောကြားချင်ပါတယ်။ ကျွန်တော်တို့ အတွေ စည်းလုံးညီညွတ်စွာ နဲ့ သူရဲကောင်းစိတ်ဓါတ်တွေ မွေးမြူပြီး အာဏာရှင်စနစ်ဆိုးအောက် က လွတ်မြောက်ပြီး ခေတ်မှီလှပသော ငြိမ်းချမ်းသာယာသောဒီမိုကရေစီ နိုင်ငံကြီးသို့ အမြန်ဆုံးချီတက်ကြပါစို့ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

နအဖရဲ့ အမိန့်ကြော်ငြာစာအမှတ် ၃၂ - ၃၃ - ၃၄/၂၀၁၀ အပေါ် ဝေဖန်လေ့လာခြင်း

100821_thar_swe

ပဲခူးရဲများက လူငယ် ၆ ဦးကို အသားလွတ် ရိုက်နှက်ရာ ၂ ဦး ဆေးရုံတင်ခဲ့ ရ

100820 Bty Bur Pegu

“ပျက်အောင်ဖျက်ကြရမဲ့ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စိတ်ဓါတ်စစ်ဆင်ရေး”


မောင်ချင့်ချိန်

“အာရုံဦးမှာဖူးသည့်ကြာ”တဲ့ ၊ အင်တာနက်စာမျက်နှာတွေနဲ့ Group Mail တွေထဲမှာ အပြောများလာပြီး ပါတဲ့သရုပ်ဆောင်တွေကို ဆန္ဒပြရေး မပြရေး ၊ အငြင်းပွား နေကြကထဲက ကျွန်တော်စိတ်ဝင်စားခဲ့တာပါ ။ န၀တ/နအဖ (စစ်အာဏာရှင်) ခေတ် ၂၂ နှစ်သက်တမ်းမှာ“ပါပီမ”ဇတ်လမ်းကစလို့ ခု“အာရုံဦးမှာ ဖူးသည့်ကြာ” ထိ စစ်အုပ်စုရဲ့ဝါဒဖြန့်ချီရေး ၊ ပေါ်လစီကားဆိုတာတွေ မနည်းတော့ပါဘူး ၊ အဆင့်တန်းရှိရှိ ၊ သိက္ခာရှိရှိနဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ်ဆိုပြီး ပြည်သူကိုစည်းရုံးတဲ့ဇတ်ကားတွေထက် တဘက်(တော်လှန်သူတွေ)ကို မဟုတ်တမ်းတရားပြောအပုတ်ချရိုက်ကူးထားတဲ့ အောက်တန်းကျတဲ့ဇတ်လမ်းတွေပဲ ဖြစ်ခဲ့ပါတယ် ။

၁၉၇၄အလုပ်သမားအရေးတော်ပုံ ၊ ဦးသန့်ဈာပနနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ထိခိုက်စော်ကားထားပြီး ၊ သမိုင်းကိုလိမ်ညာထားတဲ့အဲဒီဇတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တွေကို ဗီဇာပိတ်ဘို့တောင်းဆိုတာတွေ ၊ နေတိုးနဲ့အဖွဲ့ကို အင်္ဂလန်မှာဆန္ဒပြကြတာတွေ ၊ ဘတ်ဖဲလိုးမြို့မှာ ၀ိုင်းစုခိုင်သိန်း ကို ဆန္ဒပြကြတာတွေနဲ့ ကိုယ့်အချင်းချင်း အငြင်းပွားရတာတွေအတွက် ဒီဇတ်ကားအကြောင်းရေရေရာရာသိချင်ပြီး လေ့လာဖြစ်ခဲ့ပါတယ် ။

ရုပ်ရှင်ကိုမကြည့်ရခင် မဇ္ဈိမသတင်းဌာနနဲ့ တင်သန်းဦး(အဲဒိကားရဲ့ဇတ်ညွှန်းနဲ့ဒါရိုက်တာ)တို့ရဲ့အင်တာဗျူးကို အရင်ဖတ်ဖြစ်ခဲ့ပါတယ် ၊ အဲဒီမှာထဲက တင်သန်းဦး ကိုယ်တိုင်က ဒီဇတ်ကားဟာ နအဖပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောင်ကျလွန်းတဲ့စိတ်ဓာတ်စစ်ဆင်ရေးဖြစ်နေတယ် ၊ သူကိုယ်တိုင်သဘောမကျတာတွေရှိတယ် ဆိုတာမျိုး ၀န်ခံထားတာတွေတွေ့ရတဲ့အတွက် တင်သန်းဦးလို စိတ်ဓါတ်စစ်ဆင်ရေးဌာနမှာနှစ်၂၀ကျော်လုပ်ခဲ့တဲ့ ဦးစီးအရာရှိပထမတန်း ဒုဗိုလ်မှုးကြီးတယောက် တောင်စိတ်မပါပဲလုပ်ပေးခဲ့ရပါတယ်ဆိုရင် သာမန်အနုပညာရှင်တွေမျှသာဖြစ်တဲ့ ၆၈ယောက်သောလူကြမ်းတွေ၊နိုင်ငံကျော်မင်းသားမင်းသမီးတွေ ၊ မော်ဒယ်တွေ ကရော စိတ်ပါလက်ပါရိုက်ပေးခဲ့ရတာ ဟုတ်ပါဦးမလား ၊ ပြီးတော့ ဘယ်လောက်တောင် သိမ်ဖျင်းယုတ်ညံ့အောက်တန်းကျနေမလဲ စဉ်းစားမိပါတယ် ။

ဒီနေရာမှာ သရုပ်ဆောင်တွေကိုဆန္ဒပြသင့်သလားဆိုတဲ့ အငြင်းပွားဖွယ်ရာအကြောင်းအရာတစ်ခုကို ကြားဖြတ်ပြောချင်ပါတယ် ၊ အနုပညာသည်ဆိုတာလဲ အာဏာရှင်ခိုင်းရာလုပ်ရတဲ့ ဖိနှိပ်ခံတွေပါပဲဆိုပေမဲ့ အကန့်အသတ်တော့ရှိရပါမယ် ၊ အနုပညာသည်ဆိုတာကိုက ပြည်သူလူထုကကျွေးတာစားပြီး ပြည်သူကို အလုပ်အကြွေးပြုဘို့ပါ ၊ ပြည်သူကိုအဆိပ်ဆေးတိုက်ဘို့မဟုတ်ပါဘူး ၊ ဇတ်ကားတစ်ကားရိုက်ဘို့ ထုတ်ဝေသူတွေ ၊ ဒါရိုက်တာတွေကကမ်းလှမ်းလာရင် ဇတ်လမ်းကိုအရင်ဖတ်ပြီးမှာလက်ခံကြရတာပါ ၊ ဇတ်ဝင်ခန်းမှာပြောရမဲ့ ဒိုင်ယာလော့(စကားလုံး)တွေကိုလဲ ကြိုပြီးကျက်မှတ်ထားရတာပါ ၊ ဒီတော့“မသိလို့ပါ”ဆို တာမျိုးဆင်ခြေက ယုတ်တိမတန်သလို ၊ “မလွန်ဆန်နိုင်လို့ပါ”ဆိုရင်လဲ ဘာအတွက်မလွန်ဆန်နိုင်တာလဲ ထပ်မေးရမှာပါ ၊ ပြည်သူကို အသိမှားအယူအဆမှားတွေ ဖြစ်စေတာ အနုပညာကိုသစ္စာဖေါက်တာဖြစ်သလို ပြည်သူကိုစော်ကားတာလဲဖြစ်ပါတယ် ၊ အဲဒီတော့ သူတို့လဲဖိနှိပ်ခံတွေပါပဲလေဆိုပြီးငြိမ်နေလိုက်ရင် ပြည်သူကို ခံစားမှုတွေပေးနိုင်စွမ်းရှိတဲ့ အနုပညာသည်တွေ လမ်းမှားဆက်လျှောက်မိနေနိုင်ပါတယ် ၊ ဘယ်သူမှဘာမှတတ်နိုင်တာမှမဟုတ်ပဲ ၊ အာဏာပိုင်တွေအလိုလိုက် တာ ဘေးကင်းတာပဲဆိုတဲ့သူတွေကိုလဲ၊ဘယ်လိုအခြေအနေမှာမှ ပြည်သူကိုစော်ကားလို့မရဘူးဆိုတာပြရပါမယ်၊ဒီတော့ သရုပ်ဆောင်တွေကိုဆန္ဒပြသင့်ပါတယ်၊ ပြကိုပြကြရပါမယ် ၊ ကန့်ကွက်ရှုတ်ချကြရပါမယ် ၊ တခုတော့ရှိပါတယ် ၊ သရုပ်ဆောင်တွေအနေနဲ့ မလွန်ဆန်နိုင်လို့ပါဝင်မိခဲ့တာပါဆိုတာနဲ့ ၊ တကယ့်ဖြစ်ရပ်မှန် ဇတ်လမ်းမဟုတ်ပဲ အာဏာပိုင်တွေဖန်တီးထားတဲ့ဇတ်လမ်းသာဖြစ်တယ်ဆိုတာ မီဒီယာတွေကနေ ပြည်သူသိအောင်ဝန်ချတောင်းပန်ရင်ခွင့်လွှတ်ပေးရပါမယ် ၊ သဘောထားကြီးရမယ် ၊ မြင့်မြတ်ရမယ် ၊ အမြင်ကျယ်ရမယ်ဆိုပြီး ၀ါရင့်နိုင်ငံရေးသမားကြိးတွေလိုလေသံနဲ့ အနုပညာသည်လောက်ကိုဆန္ဒပြဘို့မလိုဘူးယူဆသူ တွေအနေနဲ့ လွတ်လပ်စွာကွဲလွဲခွင့်ရှိပေမဲ့ ၊ ပြည်သူကိုစော်ကားရင် ၊ ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းသွေးနဲ့ရေးခဲ့တဲ့ သမိုင်းတွေကိုဖျက်ဆီးရင် ၊ ဘယ်သူ့ကိုဖြစ်ဖြစ်ဆန့်ကျင်ရမှာပဲယူဆတဲ့ စစ်အာဏာရှင်တွေရဲ့ယုတ်မာကောက်ကျစ်မှုတွေကို ခါးခါးသီးသီးနာကျည်းခံပြင်းနေသူတွေရဲ့ သဘောထားကိုတော့ ကန့်လန့်မလုပ်သင့်ပါဘူး ၊ ခုလိုအချိန် ၀န်ချတောင်းပန်ဖြေရှင်းမှုမလုပ်ရသေးတဲ့ အနုပညာသည်တွေကို ဖက်လှဲတကင်းဆက်ဆံခြင်းဟာ လူမိုက်အားပေးလုပ်နေ သလို ၊ ရန်သူ(စစ်အာဏာရှင်တွေ)ရဲ့ ၀ါဒဖြန့်စိတ်ဓါတ်စစ်ဆင်ရေးလုပ်ငန်းတွေကို အထောက်အကူပြုပေးနေသလိုဖြစ်စေမယ်ဆိုတာ သတိထားသင့်ပါတယ်။

ဇတ်ကားအကြောင်းပြန်ဆက်ရရင် မဇ္ဈိမသတင်းဌာနနဲ့ တင်သန်းဦးအင်တာဗျူးမှာတင် စိတ်ဝင်စားစရာအချက်တွေတွေ့ပါတယ် ၊ တင်သန်းဦးကိုယ်တိုင်ရဲ့အပြော တွေထဲက “ဦးတည်ချက်က ဘာကိုဆိုလိုချင်တာလဲ။ ဦးတည်ချက်တချက်ပဲပေး။ ရုပ်ရှင်ကားက ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲပေးရမှာ ၊ ခုဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို ”ဆိုတာမျိုးနဲ့ “စိတ်ဓာတ် စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီးလုပ်တယ်။ ဘယ်သူလုပ်မှန်း မသိဘူးပေါ့နော်။ စာရေးရင်တမျိုး ၊ အသံလွှင့်နေရင်လည်း ဘယ်ကလွှင့်နေမှန်းမသိဘူး ဒါမျိုးတွေက စိတ်ဓာတ်စစ်ဆင်ရေးစနစ်ပေါ့ ။ နောက်တမျိုးက အထင် ကရလုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လူသိရှင်ကြား ဗြောင်ကြီးလုပ်တဲ့စစ်ဆင်ရေး။ ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ရင် ဒါမျိုးမလုပ်ဘူး။ ခုက နဲနဲလေး ဒဲ့ဒိုး ဆန်တာပေါ့။ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာ ဒဲ့ဒိုးမဟုတ်ဘူး။ လုပ်လို့လုပ်လိုက်မှန်း မသိအောင်လုပ်တာ။ စိတ်ဓါတ်စစ်ဆင်ရေးမှာ မူဝါဒတခုရှိပါတယ်။ သီအိုရီ ပါပဲ ။ ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက်ဖြစ်တယ်။” ဆိုတာတွေက စိတ်ဝင်စားစရာအချက်တွေပါ။

တင်သန်းဦးလို ကိုယ်တိုင်ပေါ်လစီဇတ်လမ်းတွေရေး ၊ ဒါရိုက်တာလုပ်ဇတ်လမ်းတွေရိုက် ၊ ဖော်လံဖားဆောင်းပါးတွေတောက်လျှောက်ရေးပြီး ၂၀၀၇ခုနှစ်ကမှ ကျန်းမာရေးမကောင်းလို့ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှုးကြီးရာထူးကနေ (ခံစားခွင့်တွေအများကြီးရပြီးမှ)အနားယူလိုက်တဲ့သူက ဒီဇတ်လမ်းကျမှ စိတ်မပါပဲလုပ်ပေး ခဲ့ရတာလို့ ဘာလို့ပြောတာလဲ ၊ ဒီဇတ်ကားအတွက် သမိုင်းဆိုင်ရာအချက်အလက်တွေစီစစ်တဲ့ ချစ်နိုင်စိတ်ပညာက ဗိုလ်မှုးဟောင်း ၊ တက္ကသိုလ်မြတ်သူဆိုတာက (စစ်ဗိုလ်မှန်းဘာမှန်းသာမသိတာ) သတင်းစာတွေမှာ စစ်အုပ်စုအလိုကျဝါဒဖြန့်ချီရေး ပင်တိုင်ဆောင်းပါးရှင် ၊ တင်သန်းဦးနဲ့ကပုလင်းတူဗူးဆို့ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့အရေးပါအရာရောက်သူတွေ ၊ ပရိသတ်ရဲ့အကြိုက်ကိုဆန့်ကျင်တယ်ဆိုတာလဲသိသိနဲ့ဆိုတော့ ဦးတည်ချက်ကဘာလဲ ၊ ဟိုဦးတည်ရမလို ဒီဦးတည်ရမလို ဖြစ်နေတယ်လဲ ပြောသေးတယ် ၊ စိတ်ဓါတ်စစ်ဆင်ရေးကျတော့ ဒဲ့ဒိုးဆန်တယ်လဲပြောသေးတယ် ၊ တင်သန်းဦးအဖြေတွေမှာတင် မရိုးသားမှုတွေလဲရှိနေပါတယ်။

ဇတ်လမ်းကပထမပိုင်း ၊ ဒုတိယပိုင်း ၊ ဇတ်သိမ်းပိုင်းဆိုပြီး တပိုင်းမှာနှစ်ချပ်နဲ့စီဒီခြောက်ချပ် ။ န၀ရတ်ရွှေစင်ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးကနေ ဖြန့်ချီတာပါ ၊ လက် တွေ့ဘ၀နဲ့ကင်းကွာနေတဲ့ ဘာဦးတည်ချက်ဘယ်နှစ်ရပ်ဆိုတာတွေနဲ့ ကြေငြာတွေအပြီး ပထမဆုံးစာတမ်းထိုးတဲ့ကျေးဇူးတင်လွှာထဲက ၀ိုင်းဝန်းပါဝင်ထားရသူ တွေဖြစ်တဲ့ တိုင်မှုးတွေ ၊ ၀န်ကြီးဌာနတွေ ၊ စစ်ဌာနချုပ်တွေ ၊ တိုင်းတယကတွေ ၊ စစ်တပ်တွေ ကိုကြည့်ရင် ဘယ်လောက်ထိ ၀ါဒဖြန့်ချီရေးရည်မှန်းချက် ကြီးကြီး ထားတဲ့ဇတ်ကားလဲ သိနိုင်ပါတယ် ၊ သမိုင်းကြောင်းနောက်ခံဖြစ်ရပ်မှန်ဇတ်လမ်းဆိုပြီး ပါဝင်တဲ့ မင်းသားမင်းသမီး ၊ မော်ဒယ် ၊ ဇတ်ရံ ၊ လူကြမ်းတွေ ကြေငြာပြီး ပထမဆုံးဇတ်ဝင်ခန်းမှာတင် ဒီဇတ်ကားရဲ့ ပြောင်ကျတာရော ၊ မသိမသာရော ၊ အောက်တန်းကျတာရော စိတ်ဓါတ်စစ်ဆင်ရေးဆိုတာတွေ စတွေ့တာပါပဲ ။

မဲပေးကြရတော့မယ်ဆိုတာပါတယ် ၊ ဆူဆူပူပူတွေမလုပ်ပြီးရောဆိုပြီး ၁၉၉၀ရွေးကောက်ပွဲမှာNLDကိုမဲပေးခဲ့ကြတယ်ဆိုတာပါတယ် ၊ ၁၉၇၄ မှာတပါတီစနစ်ကို ရာနှုန်းပြည့်ထောက်ခံ အခြေခံဥပဒေအတည်ပြုခဲ့ပြီး ကိုယ်အာဏာမရသူတွေထလုပ်တဲ့ အလုပ်သမားအရေးအခင်းဖြစ်ခဲ့တယ်ပါတယ် ၊ အရေးအခင်းဖြစ်ရင် ကျောင်းသားတွေနစ်နာတယ် ၊ ကျောင်းတွေအကြာကြီးပိတ်တယ် ဆိုတာပါတယ် ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးသက်တမ်းသုံးကြိမ်ဖြစ်ဘူးတဲ့ဦးသန့်က အမေရိကားမှာ ပါမောက္ခလား ကထိကလားလုပ်နေပြီး အစိုးရက နိုင်ငံခြားရေးဝန်ကြီးပေးပါမယ်ခေါ်တာတောင်ပြန်မလာတဲ့သူ ၊ ဟိုမှာသင်္ကြိုလ်လိုက်လဲ ရရဲ့သားနဲ့ အစိုးရက ကြံတောမှာဂူလုပ်ပေးရအောင်ပြန်သယ်လာတာ ၊ လုပြီးတက္ကသိုလ်ထဲမှာလာလုပ်တာလေ ၊ ကျောင်းသားက၂၀၀လောက်ထဲ အရပ်သားက ၆၀၀၀လောက်နဲ့ ၊ ဗကပယူဂျီတွေနဲ့ပြည်ပြေးတွေရဲ့လက်ချက်ပါ ၊ အဲဒီမှာလဲ ကျောင်း ၆ လပိတ်တာပဲလေ ဆိုတာမျိုးလဲပါတယ်၊နေပြည်တော်ဆိုတဲ့နေရာက လူတွေအပျော်အပါးသွားလာလို့ရတဲ့နေရာတွေပါတယ် ၊ အဲဒီကနေ လွတ်လပ်ရေးရပြီးခေတ်၁၉၄၉ကိုရောက်သွားလိုက်တာ နေ၀င်းအာဏာသိမ်းတဲ့၁၉၆၂ထိ အလယ်သားစီဒီိလေးချပ်စာလုံးကို ဘုရားမရှိတရားမရှိ ၆၄ ဖြုတ်ထုတ်သတ်လမ်းစဉ်နဲ့ ဖအေကိုသားကပြန်သတ် အချင်းချင်းတွေသတ်လုပ်တဲ့ဗကပ ၊ ရထားလမ်း မိုင်းထောင် ၊ ရွာတွေဝင်ဆက်ကြေးကောက်လူသစ်စုမိန်းကလေးတွေဆွဲလုပ်တဲ့ KNU ၊ပျူစောထီးလိုခါးပိုက်ဆောင်တပ်တွေမွေးပြီး ကိုယ်အာဏာရဘို့ သူငယ်ချင်း အချင်းချင်းတောင်ပြန်သတ်ခိုင်းနေတဲ့ တည်မြဲနဲ့သန့်ရှင်းဖဆပလ ၊ နိုင်ငံရေးဆိုတာ အာဏာမက်မောသူတွေလုပ်တာ ၊ ရွေးကောက်ပွဲဥပဒေဆိုတာဒါပဲဆိုပြိးသေ နတ်ပြ ၊ တပ်မတော်ကတော့အမြဲတမ်းကယ်တင်ရှင်ဆိုတာတွေပြသွားပြီး နောက်ဆုံးချပ်မှာ ကျောင်းသားတွေအသတ်မခံရပဲအသတ်ခံရတယ် ၊ ကျောင်းသူတွေ မုဒိန်းအကျင့်မခံရပဲခံရတယ်လိမ်ညာမြှောက်ပေးရာက ရှစ်လေးလုံးဖြစ်လာပြီးခေါင်းတွေဖြတ် အလံကိုင်နှဘူးစီးနဲ့လူတွေကနေ့ခင်းကြောင်တောင်လမ်းပေါ်ဓါးပြ တိုက်လုပ်တာတွေပါတယ် ၊ ရှစ်လေးလုံမှာဦးဆောင်တာက ပျူစောထီးခေတ်ဖဆပလခေတ်မှာအာဏာလုခဲ့ကြသူတွေရဲ့သားသမိးတွေဆိုတာလဲ ပါသေးတယ်၊ တောခိုကျောင်းသားတွေက မြို့ပေါ်ဖေါက်ခွဲရေးလုပ်ရအောင်ပြန်လာပြီး ကိုယ့်လက်ထဲတင်ပေါက်ကွဲတာပါတယ် ။

ကဲ..ဘယ်မှာလဲအမှန်တရား..အာဏာလက်ဝယ်ရှိသူက သမိုင်းရေးစတမ်းလို့ ဇတ်အိမ်မခိုင်မာတဲ့ဆီသည်မလက်သုတ်ဆိုပေမဲ့ ဒီတစ်ခါတော့သမိုင်းတွေလိမ်ယုံ မဟုတ်တာတော့သေချာတယ် ၊ ဦးတည်ချက်တွေက နိုင်ငံရေးဆိုတာ အနိဌာရုံတွေ ၊ စိတ်ဝင်စားအပ်တာမဟုတ် ဆိုတာမျိုး နိုင်ငံရေးကို လူတွေစိတ်မ၀င်စားစေ ချင်တဲ့သဘောပါတယ် ၊ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ အချင်းချင်းနေရာလု ပြန်သတ် စစ်ပွဲတွေဖြစ်လာနိုင်တယ်လို့ ရွေးကောက်ပွဲအပေါ်စိတ်မ၀င်စားကြစေချင် တဲ့သဘောတွေပါတယ် ၊ ရွေးကောက်ပွဲဥပဒေဆိုတာဒါပဲလို့ သေနတ်ပြခြိမ်းခြောက်တဲ့သဘောတွေပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲလဲစိတ်မ၀င်စားကြနဲ့ ၊ နိုင်ငံရေးလဲမပတ်သက်နဲ့ဆိုတာမျိုး ပြောင်ရော မသိမသာရော စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာပါပဲ ။

ဒီနေရာမှာအငြင်းပွားနိုင်ပါတယ် ၊ “ဟ စစ်အုပ်စုက ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့ လူတွေကြားထဲ အတင်းဝါဒဖြန့်နေတာ ၊ လူတွေကိုရွေးကောက်ပွဲကိုစိတ်မ၀င် စားအောင်လုပ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ ”ငြင်းနိုင်ပါတယ် ၊ သတိပြုကြရမှာက စစ်အုပ်စုဟာ ပြည်သူလူထုရဲ့ဆန္ဒအတွက် ရွေးကောက်ပွဲလုပ်တာမဟုတ် ဘူးဆိုတာပါ ၊ စစ်တပ်အုပ်ချုပ်မှုကနေ အရပ်သားအစိုးရတစ်ရပ်ပြောင်းပါပြီဆိုပြီး ကမ္ဘာကိုလိမ်ဘို့ ၊ အပစ်ရပ်ထားတဲ့ငြိမ်းချမ်းရေးအဖွဲ့တွေကိုဆက်ထိမ်းနိုင်အောင် လို့ ၊ သူတို့စိတ်တိုင်းကျ အခွံချွတ် ဒါမှမဟုတ် စစ်တပ်သြဇာခံ ကြံ့ဖွတ်၇၅%နဲ့စစ်ယူနီဖေါင်းဝတ်၂၅%လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လာဘို့ ပြည်သူတွေ ရွေးကောက်ပွဲကိုစိတ်မ၀င်စားလေ ပိုကောင်းလေပါ ၊ ဒါ့ကြောင့်တဘက်ကရွေးကောက်ပွဲဆိုပြီးဟန်ပြနေသလောက် တကယ်တမ်းမှာ ပြည်သူတွေရွေးကောက်ပွဲ ကိုစိတ်မ၀င်စားကြအောင် စိတ်ဓါတ်စစ်ဆင်ရေးတွေလုပ်နေတယ်ဆိုတာ သတိထားကြသင့်ပါတယ် ။

ဒီနေ့ပြည်သူတွေကြားမှာ စစ်အုပ်စုလိုချင်တဲ့ပုံစံအတိုင်း ရွေးကောက်ပွဲကို စိတ်မ၀င်စားကြပါဘူး ၊ စစ်အုပ်စုကလဲ လူတွေစိတ်ဝင်စားစားမစားစား ၊ မဲလာပေးပေး မပေးပေး ၊ သူ့ဘာသာရွေးကောက်ပွဲလုပ်ပြီး သူ့စိတ်တိုင်းကျဖွဲ့မဲ့ အစိုးရတစ်ရပ်ကြေငြာမှာပါ ၊ ရွေးကောက်ပွဲလုပ်ဖြစ်ပြိဆိုတာနဲ့ လက်ရှိအာဏာပိုင်တွေအားလုံး ပြောင်ပြောင်တင်းတင်း ကျောထောက်နောက်ခံပြုပေးနေတဲ့ လက်ရှိယူနိဖေါင်းဝတ်ရော ယူနီဖေါင်းချွတ်ရောဦးစီးတဲ့ ကြံ့ဖွတ်အဖွဲ့ကအလိုလိုအနိုင်ရသွားမှာပါ ၊ ရွေးကောက်ပွဲကိုသပိတ်မှောက်ကြဆိုယုံတင်ကတော့ စစ်အုပ်စုအကြိုက်ပဲဖြစ်ပါလိမ့်မယ် ၊ စစ်အုပ်စုဖန်တိးထားတဲ့ စိတ်ဓါတ်စစ်ဆင်ရေးအဆင့်အတိုင်းပဲဖြစ်သွား မှာပါ၊ကျွန်တော်ဆိုလိုတာက လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကိုသပိတ်မှောက်တယ်ဆိုယုံနဲ့ စစ်အုပ်စုလုပ်ရပ်တွေကိုတားနိုင်မှာမဟုတ်ဘူး ၊ ရွေးကောက်ပွဲ ကို ပျက်အောင်ကိုဖျက်မှ စစ်အုပ်စုခြေလှမ်းကိုချိုးနိုင်မှာပါ ၊ ဒါဟာ စစ်အာဏာရှင်လက်အောက်မှာ နောင်ဘယ်လောက်ကြာဦးမလဲဆိုတဲ့အဖြေလဲ ဖြစ်ပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲကိုစိတ်ဝင်စားအောင်ကိုလုပ်ရပါမယ် ၊ ဒါဟာ မဲသွားပေးဘို့မဟုတ်ပါဘူး ၊ ပျက်အောင်ဖျက်ဘို့စိတ်ဝင်စားစေရမှာပါ ၊ ဒီရွေးကောက် ပွဲဖြစ်သွားရင် ၊ ပြီးသွားရင်ဆိုတဲ့အခြေအနေတွေကို ပြည်သူတွေသေချာသိစေပြီး ပျက်အောင်ဖျက်မှရမယ်ဆိုတဲ့စိတ်ဝင်စားမှုကို ဖြစ်စေသင့်ပါတယ် ၊ စစ်အုပ်စု ကြေငြာထားတဲ့ နိုဝင်ဘာ(၇)ရက်မတိုင်မှီမှာ လူထုအုံကြွမှုတွေ ၊ ရရာလက်နက်နဲ့ အခြေအနေပေးသလိုပြန်ခံချတာတွေလုပ်ပြီး စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ပျက်အောင်ကိုဖျက်ကြရအောင်ပါ ။

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်

လွတ်ငြိမ်းချမ်းသာခွင့်ရက် ( ၁၀၀ )


ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် သီတဂူဆရာတော် ဦးဥာဏိဿရသည်
မြန်မာပြည်၏ အရက်စက်အဆိုးဝါးဆုံးထောင်များထဲမှ တခုဖြစ်သော ရန်ကုန်
အင်းစိန် ထောင်ထဲသို့ ကြွရောက်ခဲ့ပီး အကျဉ်းကျခံနေရသော ထောင်သားများ
အားဗုဒ္ဓ၏ တရားတော်များကိုဆုံးမဟောကြားခဲ့သည်။ပြီးနောက် ထောင်ကျအ
ကျဉ်းသားများအား သွားပွတ်တံ၊သွားတိုက်ဆေး၊ဆပ်ပြာ၊တပါတ်၊စောင်အစရှိ
သည့် လှုဖွယ်ပစ္စည်း( ၉ ) မျိုးကို သဒ္ဒါတရားထက်သန်စွာလှုဒါန်းခဲ့ပါသည်။
ထောင်ကျအကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာစေရန်အလို့ငှာ ဆရာ
တော်မှ နအဖ စစ်အစိုးရလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ
သို့ လက်ရှိအကျဉ်းကျနေသာအကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာခွင့်
ရက်( ၁၀၀၀ ) အလှုခံခဲ့ရာ ၄င်းတို့မှ ရက် ( ၁၀၀ )သာ ပေးလှုခဲ့ကြောင်းသိရပါသည်။
ရန်ကုန် အင်းစိန်ထောင်ထဲတွင် အကျဉ်းကျခံနေရသူများမှာ အရေအတွက်လွန်စွာ
များလှပါကြောင်း ဆရာတော်မိန့်ကြားခဲ့ကြောင်းကြားသိခဲ့ရပါသည်။ ၂၀၁၀ ရွေးကောက်
ပွဲမတိုင်ခင် ရက်များအတွင်း ရန်ကုန်မြို့ အတွင်း မသင်္ကာသည်ဟု ပြောဆိုကာချုပ်နှောင်
ထားသူများ၊ များစွာပါရှိနေကြောင်း ဆရာတော်မှ ထပ်မံမိန့်ကြားခဲ့ပါသည် ဟု သတင်း
ရရှိပါသည်။

လေးစားဦးညွှတ်လျှက်
BP

ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၄)

ABMA Journal Volume 1 No 14

21 August 2010 ဒိုင်ယာရီ

http://ifile.it/hws4z68/21%20August%20yeyintnge_s%20diary.doc

http://ifile.it/k3d7lrf/21%20August%20yeyintnge_s%20diary.pdf

21 August Yeyintnge's Diary

ရခိုင်မှာ ကြံ့ခိုင်ရေး ရုံးဖွင့်ချိန် ကန့်ကွက်ဆန္ဒပြမှုများရှိ




By ဦးအောင်စံမင်း စနေ, 21 သြဂုတ် 2010


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် တောင်ပိုင်း မြို့တချို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဆန့်ကျင်မှုတွေ ဆက်တိုက်လိုလို ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ သတင်းထောက် ဦးအောင်စံမင်းက အစီရင်ခံထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ နေ့လည်က ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်းစည်းရုံးပွဲကို ကျင်းပပါတယ်။ စစ်တွေမြို့တော်ခမ်းမမှာ ကျင်းပတာဖြစ်ပြီး လူပေါင်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်။ တက်ရောက်ကြတဲ့ပြည်သူတွေကိုလည်း အဲဒီ ပြည်ခိုင်ဖြိုးပါတီက ကားတွေနဲ့ အခမဲ့ အကြိုအပို့ လုပ်ပေးတယ်။ အဲဒီပတ်ဝန်းကျင်မှာလည်း ရဲနဲ့ အရပ်ဝတ်တဲ့ ထောက်လှန်းရေးတွေက ၄၀၀ ကျော် ၅၀၀ နီးပါးလောက် ကင်းလှည့်နေခဲ့ပါတယ်။

အဲဒီလိုပဲ စစ်တွေမြို့တော်မှာ ပါတီ ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်းပွဲတွေ လုပ်နေတုန်းမှာပဲ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကာလက NLD ကို အင်တိုက်အားတိုက် မဲပေးခဲ့ကြတဲ့ ကျောက်ဖြူ၊ မာန်အောင် မြို့တွေမှာ ရွေးကောက်ပွဲတွေကို ဆန့်ကျင် သပိတ်မှောက်ဖို့ စာစောင်တွေ ဖြန့်နေကြတာကို မကြာမကြာ လုပ်နေကြကြောင်း ကျောက်ဖြူမြို့သား တဦးက အခုလို ပြောပါတယ်။

“၁၈ ရက်နေ့က ကျောက်ဖြူမြို့လယ်နေရာတချို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ ဒေါ်စုနဲ့အတူ ဆန့်ကျင်ကြ ဆိုတဲ့ စာရွက်တွေကို လမ်းတွေမှာ ကျဲချထားတယ်။ မီးစက်ကြီး၊ ငပွေး စတဲ့ရပ်ကွက်တွေနဲ့ တခြား နေရာတွေမှာတော့ မီးတိုင်တချို့နဲ့ သစ်ပင်တွေမှာ အဲဒါတွေကို ကပ်ထားကြတယ်။ အဲဒါကို ရဲတွေနဲ့ ရယက တွေက မနက်စောစော လိုက်ခွာနေကြတာ ကျနော်တို့ ကိုယ်တွေ့ပါပဲ။”

အခုလ ၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့ ဈေးအတွင်းက ဈေးဆိုင်တချို့မှာ အဲဒီလို စာရွက်တွေ ကပ်ထားလို့ ရဲတွေက ခွာယူသွားကြပေမဲ့ ဖမ်းတာဆီးတာတွေတော့ မရှိကြောင်း သိရပါတယ်။

အခုလ ၁၅ ရက်နေ့ကလည်း မာန်အောင်မြို့နယ်က အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာကို ပြည်ခိုင်ဖြိုး ပါတီက မြို့နယ်အတွင်းရေးမှူး ဦးမောင်မြင့် စည်းရုံးရေး ဆင်းလာစဉ်က ဘယ်လို ကြုံသွားခဲ့ရသလဲဆိုတာကိုလည်း ကိုယ်တွေ့မြင်ခဲ့တဲ့ ကျောက်ဖြူက ကုန်သည်ကြီးက ခုလို ပြောပါတယ်။

“ကျနော်က ကုန်ဝယ်သွားတာလေ။ သစ်ပုံရွာကြီးမှာဗျာ။ အုန်းပင်တွေမှာ ကပ်ထားကြတာက တစည နဲ့ ကြံ့ဖွံ့ကို အလိုမရှိ၊ ဒေါ်စုကိုပဲ လိုတယ်၊ ထောက်ခံတယ် ဆိုတဲ့စာရွက်တွေ အများကြီးပဲ ကပ်ထားတယ်။ အဲဒါကို လိုက်ခွာနေကြတုန်း မာန်အောင်က ပြည်ခိုင်ဖြိုး ပါတီက မြို့နယ်အတွင်းရေးမှူးကြီး ဦးမောင်မြင့် ရောက်လာတယ်။ အဲဒီစာရွက်တွေကို ရယကတွေကို ခေါ်ပြီးတော့ ဆူ၊ ရဲတွေကိုဆူ။ ကပ်တဲ့သူတွေကို ဖော်ထုတ်ဖို့ပြောပြီးတော့ ချက်ချင်းပြန်သွားတယ်။ သူတို့နဲ့အတူ ရဲတွေလည်း အစောင့်ပါလာတော့ လူတချို့ အော်ကြဟစ်ကြ ပြောင်ကြနဲ့ ပြည်ခိုင်ဖြိုးက မြို့နယ်အတွင်းရေးမှူးကြီး ရှက်စရာ ကြုံသွားရတယ်။”

ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေဟာ NLD ကို လိုလိုလားလား ထောက်ခံကြတဲ့မြို့တွေ၊ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကြာခဏ အခွင့်သာတိုင်း လမ်းကိုထွက်ပြီး ကန့်ကွက်ဆန္ဒပြကြတဲ့ မြို့တွေ ဖြစ်ကြတယ်။ အဲဒီမြို့နယ်တွေက တက်ကြွစွာ လှုပ်ရှားကြသူ NLD ခေါင်းဆောင်တွေ လူငယ်အဖွဲ့ဝင် ၁၀ ကျော်ဟာတော့ အခုထိ နှိပ်စက်ခံရပြီး ထောင်ဒဏ်တွေ ကျနေဆဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဗွီအိုအေသတင်းထောက် ဦးအောင်စံမင်း သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးတာတွေ၊ ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရပေမဲ့လို့ - တဖက်မှာတော့ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတချို့ကို ဒေသခံအာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ ရှိနေပါတယ်။ စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပါတီဝင် တချို့နဲ့ သူတို့မိသားစုဝင်တွေကို အာဏာပိုင်တွေကနေ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ခေါ်ယူ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က သြဂုတ်လ ၂၀ ရက်နေ့ရက်စွဲနဲ့ စစ်တွေမြို့ အခြေစိုက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
http://www1.voanews.com/burmese/news/Burma-Rakhine-election-protest-08-21-10-101220619.html

အမေရိကန်အစိုးရ ဆုံးဖြတ်ချက် မှန်ကန်


အမေရိကန်အစိုးရ ဆုံးဖြတ်ချက် မှန်ကန်
ဧရာဝတီ Saturday, August 21, 2010 အယ်ဒီတာ့အာဘော်
မြန်မာ စစ်အစိုးရ အနေနှင့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ကျူးလွန်ခြင်း ရှိမရှိ စစ်ဆေး နိုင်ရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို ထောက်ခံ ပံ့ပိုးရန်နှင့် ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ဒေသတွင်းရှိ အဓိက လုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန် အမေရိကန်အစိုးရက ဆုံးဖြတ်ချက် ချမှတ်ခြင်း သည် ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သည်။ ဤဆုံးဖြတ်ချက် အကောင်အထည် ပေါ်လာရေးအတွက်လည်း ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရပေမည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်ပေါက်လာရေးအတွက် မည်သို့ဆောင်ရွက်မည်ကို အမေရိကန်အစိုးရက ဒေသတွင်းနိုင်ငံများ အပါအ၀င် ၎င်း၏ မိတ်ဆွေ၊ မဟာမိတ်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ စတင်နေပြီဟု အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဘင်ဂျမင် ချန်း က အတည်ပြု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၂ နှစ် ကာလအတွင်း စစ်အစိုးရက စနစ်တကျနှင့် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ အတွက် နိုင်ငံ တကာက ထပ်ခါတလည်းလည်း ပြစ်တင်ဝေဖန်ခဲ့သည်။ ထိုပြစ်တင်ဝေဖန်မှုများကို ငြင်းပယ်ခဲ့သော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား အဓိကပစ်မှတ်ထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်အပေါ်ထောက်ခံသည့် ဆုံးဖြတ်ချက်ကိုသမ္မတ အိုးဘားမား အစိုးရအနေနှင့် ကာလ အတော်ကြာကတည်းက ချမှတ်ခဲ့သင့်သည်။

သို့ရာတွင် ကယ်လီဖိုးနီးယား လွှတ်တော်အမတ် ဒိုင်ယန် ဖိန်းစတိန်း ဦးဆောင်သည့် ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် အထက် လွှတ်တော် အမတ် ၃၂ ဦးက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးကို ထောက်ခံသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ထံသို့ ဇူလိုင် ၃၀ ရက်နေ့၌ စာရေးတိုက်တွန်းပြီး နောက်ပိုင်းမှသာ အမေရိကန်အစိုးရက ယင်း ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်မှစတင်၍ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ယင်းကျူးလွန်မှုများအတွက် စစ်အစိုးရ အနေနှင့် ဒဏ်ခတ်အရေးယူမှုမှ လုံးဝ ကင်းလွတ်ခွင့်ရနေသည့်အပေါ် ပြည်ပအခြေစိုက်သတင်းဌာနများ အပါအ၀င် ပြည်တွင်း ပြည်ပရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက အဆက်မပြတ် အစီရင်ခံတင်ပြခဲ့ကြသည်။

စစ်အစိုးရသည် ကလေးသူငယ်များကို စစ်သားအဖြစ် အဓမ္မ စုဆောင်းခဲ့သည့်အပြင် တိုင်းရင်းသား ဒေသများရှိ ကျေးရွာ ထောင် ပေါင်းများစွာကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ အကျိုးဆက်အဖြစ် ဒေသခံပြည်သူများမှာ တောတောင်များထဲနှင့် အိမ်နီးချင်း ထိုင်း နိုင်ငံတွင် လုံခြုံရေးအတွက် ခိုလှုံခဲ့ကြရသည်။ ထို့အပြင် စစ်အစိုးရစစ်တပ်က အမျိုးသမီးများအား အဓမ္မပြုကျင့်မှုကို လက်နက် သဖွယ် အသုံးပြုခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ စစ်တပ် စီမံကိန်းများအတွက် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများအား စစ်ဆင်ရာ၌ အရပ်သားများကို “မိုင်းရှင်းကိရိယာ” အဖြစ် အသုံးပြုခြင်း စသည်တို့ကိုလည်း ကျူးလွန်ခဲ့သည်။

စစ်အစိုးကို ထောက်ခံသည့် ပြည်သူ့စစ် လူရမ်းကားများသည် စစ်အစိုးရက ၎င်းနှင့် သဘောထားကွဲလွဲသူများကို နှိမ်နင်းသည့် အခါတိုင်း ပူးပေါင်း ဆောင်ရွက်လေ့ ရှိကြသည်။ ဤဖြစ်ရပ်များကို ၂၀၀၃ ခုနှစ် ဒီပဲယင်း အရပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့် သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ဆန္ဒပြပွဲများ အတွင်း တွေ့နိုင်သည်။

မတ်လတွင် ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန် အစည်းအဝေးတခု၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ က မြန်မာစစ်အစိုးရအနေနှင့် စစ်ရာဇ၀တ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ကျူးလွန်ခြင်းရှိမရှိ စစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်း နိုင်ရေး အပေါ် ကုလသမဂ္ဂအနေနှင့် စဉ်းစားသင့်ကြောင်း တရားဝင် တိုက်တွန်းခဲ့သည်။

“နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော စနစ်တကျကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက် မှုများစွာနှင့် ယင်း ကျူးလွန်မှုများအပေါ် စစ်အစိုးရက အရေးယူဆောင်ရွက်မှု မရှိကြောင်း၊ ယင်းသို့ အရေးယူမှုမရှိသည်ကို ကြည့်ခြင်းအားဖြင့် လူ့ အခွင့်အရေး ချိုးဖောက်မှုများကို စစ်အစိုးရက မူဝါဒတရပ်ချမှတ်၍ ကျူးလွန်ခဲ့သည့်အပြင် အုပ်ချုပ်ရေး၊ စစ်တပ် နှင့် တရားရေး အာဏာပိုင်များ ပါဝင် ပတ်သက်မှု ရှိသည်ကို ညွန်ပြရာ ရောက်ပေသည်”ဟု ကင်တာနာ က ဆိုခဲ့သည်။

၁၉၉၀ ခုနှစ် အစောပိုင်းကာလများကတည်းက စတင်ထုတ်ဝေခဲ့သော ကုလသမဂ္ဂ အစီရင်ခံစာများတွင် စစ်အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှုများကို စဉ်ဆက်မပြတ် ထည့်သွင်းဖော်ပြခဲ့ကြချည်းသာ ဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အထူးသဖြင့် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ နှင့် အာဆီယံနိုင်ငံများအတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ ဘုံသဘောထားချမှတ်ရာတွင် စုစည်းညီညွတ်မှု အားနည်းသဖြင့် မြန်မာပြည်သူတို့၏ အခြေအနေမှာ ဆယ်စုနှစ် နှစ်ခု ကျော်လာ သည့်တိုင် တိုးတက်လာခြင်း မရှိသေးချေ။

ပြီးခဲ့သည့်ကာလများအတွင်း အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာမှ စစ်အစိုးရအပေါ်ချမှတ်ထားသည့် ဒဏ်ခတ် အရေးယူမှုများနှင့် စစ်အစိုးရနှင့် ထိတွေ့ဆောင်ရွက်မှုများ အောင်မြင်မှုမရှိသည်ကို ပြန်လည်သုံးသပ်၍ သမ္မတ အိုဘားမား အစိုးရက ပျော့ပျောင်းသည့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ချမှတ်ခဲ့သည်။ ဤမူဝါဒအသစ်သည် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးနှင့် စစ်အစိုးရအပေါ် ချမှတ်ထားသည့် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများအား ဆက်လက်ထိန်းသိမ်းသွားရေးတို့ကို ပေါင်းစပ်ထားသည့် မူဝါဒဖြစ်သည်။

သို့ရာတွင် ယင်းမူဝါဒအသစ်က မည်သည့်ရလဒ်မျှ မစွမ်းဆောင်နိုင်သဖြင့် အစီအစဉ်ရှိပြီးဖြစ်သည့်အတိုင်း အမေရိကန် အစိုးရက ယခုကဲ့သို့ ပိုမိုပြင်းထန်သော အရေးယူမှုကို ချမှတ်ဆောင်ရွက်ခြင်းဖြစ်သည်။

ဗြိတိန်၊ သြစတြေးလျ၊ ချက်နှင့် ဆလိုဗက်ကီးယား နိုင်ငံများကလည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံကြသည်။ ထို့ကြောင့် ယခုအချိန်၌ အမေရိကန်ပြည်ထောင်စု လိုအပ်နေသည်မှာ ကနေဒါ၊ ဥရောသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် အာဆီယံနိုင်ငံများ၏ ထောက်ခံမှုပင်ဖြစ်သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးအပေါ် အာဆီယံနိုင်ငံများ၏ ထောက်ခံမှုမှာ ဖြစ်နိုင်ချေ နည်းလှသည်။

စစ်အစိုးရ ကျူးလွန်သည့် ရာဇဝတ်မှုများမှာ နိုင်ငံတခု၏ ပြည်တွင်းရေးကိစ္စမျှသာ မဟုတ်။ ယင်းရာဇဝတ်မှုများသည် တရားမျှတမှု အတွက် နိုင်ငံတကာသို့ တင်ပြခွင့်မရသော အဖိနှိပ်ခံ မြန်မာပြည်သူလူထုပေါ် စာနာထောက်ထားသင့်သည့် ယဉ်ကျေးသော ကမ္ဘာ့လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် အရာများလည်း ဖြစ်ပေသည်။

A Good Move by Washington ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
http://www.irrawaddy.org/bur/index.php/editorial/2008-10-06-11-24-23/3884-2010-08-21-09-24-51

တရုတ်နိုင်ငံ လုပ် လေယာဉ် သုံးစင်း မြန်မာ့ လေကြောင်း ၀ယ်ယူ




ပြည်တွင်း လေကြောင်း ပို့ဆောင်းရေး ဦးစီးဌာန မြန်မာ့ လေကြောင်း အနေဖြင့် လက်ရှိ အသုံး ပြုလျက်ရှိ သော F-32 အမျိုး အစား လေယာဉ် နှင့် အစား ထိုးရန် တရုတ် နိုင်ငံ မှ လေယာဉ် သုံးစင်း ထပ်မံ ၀ယ်ယူလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။ တရုတ် နိုင်ငံမှ အသစ် ၀ယ်ယူ လေယာဉ် (၃) စီးမှာ MA-60 အမျိုး အစား ခရီးသည် ၄၅ ဦး လိုက်ပါ နိုင်သည့် လေယာဉ် များ ဖြစ်သည်။ ထိုလေယာဉ် (၃) စီးသည် စက်တင်ဘာ တွင် မြန်မာနိုင်ငံ ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်သည်။

ထိုလေယာဉ် အသစ် (၃) စီးကို အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ၏ ဇူလိုင်လ (၃) ရက် မှ (၁၂) ရက်နေ့ အထိ တရုတ် နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အတွင်း ၀ယ်ယူ ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ လေကြောင်း သည် မြန် မာနိုင်ငံ အတွင်းရှိ မြို့ကြီး ၂၅ မြို့သို့ ဂျက်လေယာဉ် သုံးစင်း၊ ATR – 72 လေယာဉ် နှစ်စင်း၊ ATR-42 လေယာဉ် တစ်စင်း နှင့် လေယာဉ်နှစ် စင်းအသုံးပြုကာ မြန်မာနိုင်ငံအနှံ့ အပြား ပြည်တွင်း ခရီးစဉ် များကို ပုံမှန် ပြေးဆွဲ လျက်ရှိကြောင်း သိရှိရသည်။


၂၁ . ၈ . ၂၀၁၀
http://www.htwd.info/2010/08/ma-60.html

မနက်ဖန်တနင်္ဂနွေနေ့မှာဦးသန်းရွှေ၏သားဖြစ်သူခါးနာပြီးလမ်းမလျှောက်နိုင်ဖြစ်နေလို့စင်္ကာပူမှာဆေးလာကုမယ်လို့သိရပါတယ်..

၂၀၁၀ ရွေးကောက်ပွဲဟာ နအဖစစ်အုပ်စုအဖို့ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်က ပြုတ်ထွက်တဲ့ ပွဲဖြစ်တယ်


၂၀၁၀ ရွေးကောက်ပွဲသည် နအဖစစ်အုပ်စုအဖို့ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ပြုတ်ထွက်သွားသောပွဲဖြစ်သည်
ကျွန်တော်တို့ မကြာခဏ ကြားရသောစကားတခွန်းတခုရှိသည်။ ယင်းမှာသုံးပွင့်ဆိုင်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သုံးပွင့်ဆိုင်ပြသနာသည် ယခုပေါ်ထွက်လာပါပြီ။ ဤသုံးပွင့်ဆိုင်ပြသနာကို မဖြေရှင်း၍ကတော့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် လှလှပပရှိမည်မဟုတ်။ တခါကသုံးပွင့်ဆိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နအဖစစ်အုပ်စုနှင့် တိုင်းရင်းသားအုပ်စုများဖြစ်သည်။ သို့သော် နအဖစစ်အုပ်စုသည် မည်သည့်အခါမျှ သုံးပွင့်ဆိုင်ပြသနာကို ထည့်မတွက်ခဲ့။ ဂရုလည်းမစိုက်။ လုပ်ချင်ရာလုပ်နေခဲ့သည်မှာ ၁၀ စုနှစ် နှစ်ခုကိုပင် ရောက်နေခဲ့ပါပြီ။ မည်သို့မျှအခြေအနေမထူးသည့်ကြားမှာပင် ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ရန် တာစူလိုက်သေးသည်။ နိုဝင်ဘာလ ရ ရက်နေ့မှာ ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာခြင်းဖြစ်သည်။ သည်တော့ ယင်းအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ မလွပ်မြောက်သေး။ လွပ်မြောက်ဖို့ တပါတ်လောက်လိုနေသေးသည်။ ယခုအခေါက်တော့ မဖိတ်ခေါ်ဘဲ ရောက်လာသောအမေရိကန်နိုင်ငံသား ဥဏှောက်မမှန်သူ ဂျွန်ယက်ထောလို မည်သူမျှမပေါ်ပေါက်စေနှင့် ဟု ဆုတောင်းမိသည်။ မနေ့က ကြားလိုက်ရသေးသည်။ ကျွန်ာတော်ရင်ခုန်မိသွားပါသည်။ ယင်းမှာ သပိတ်မှောက်မည့်အကြောင်းအရာနှင့် ပါတ်သက်၍ ဒေါ်အော်ဆန်းစုကြည်ထံမှ ညွှန်ကြားချက်တွေ သွားရောက်ယူရအုံးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုံးကြိုင်က ပြောသွားသံကြားလိုက်ရသည်။ ဤသည်မှာကောင်းမွန်စွာနေပါမည်ဟု အာမခံထားသောဒေါ်အောင်ဆန်းစုကြည်အတွက် အထူးအရေးကြီးနေသောအချက်ဖြစ်သည်။ မည်သည့်နည်းနှင့်မျ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာချက်များနှင့် ပါတ်သက်၍၄င်း၊ အဖွဲ့ချုပ်မှ ညွှန်ကြားလွှာများ သွားရောက်မယူကြစေလိုပါ။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အဖွဲ့ချုပ်၏ မည်သည့်လုပ်ငန်းဆောင်တာများနှင့် ပါတ်သက်၍ နိုင်ဝင်ဘာလအတွင်း ရောထွေးပါတ်သက်မနေစေချင်။ အကြောင်းမှာ နအဖစစ်အုပ်စုသည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား သနား၍ ၊ ချစ်လွန်း၍ ၊ ဗိုလ်ချုပ်အောင်ဆန်းသမီးမို့ဖြစ်၍ ၊ နိုင်ငံသားတဦးဖြစ်၍ ၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်၍ ၊ လွှတ်ပေးချင်သူမဟုတ်ကြောင်း သိနားထားရမည်ဖြစ်ပါသည်။ အကယ်၍ တနည်းနည်းဖြင့် အဖွဲ့ချုပ်မှ သပိတ်မှောက်ခြင်းနှင့် ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနိုင်းခြင်း၊ ပါတ်သက်ခြင်းမျာ ရှိနေခဲ့ပါက နေအိမ်အကျယ်ချုပ်မှ လွပ်မြောက်ရေးသည် ကြာတောင့်ကြာခဲနေပေလိမ့်မည်ဟု ထင်မြင်ယူဆရပါသည်။ သတိထားရန် လိုကြောင်းသိထားဖို့လိုသည်။ သို့မဟုတ်က ဂျွန်ယက်ထောပြုလုပ်၍ နေအိမ်အကျယ်ချုပ်က မလွပ်မြောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်မှာ အဖွဲ့ချုပ်မှ သွားရောက်ညှိနိုင်းခဲ့မှူကြောင့် ပြန်လည်အဖမ်းခံရပါက နအဖစစ်အုပ်စု၏ လုပ်ရပ်ကြောင့် အဖမ်းခံရခြင်းမဟုတ်ကြောင်း ပြည်သူတွေက နားလည်သွားကြပေလိမ့်မည်မှာ သေချာနေသည်။ ယင်းသို့ဖြစ်သွားပါက နှစ်ပေါင်းနှစ်ဆယ်အတွင်း ဒီမိုကရေစီရရှိအောင် မစွမ်းဆောင်နိုင်ခဲ့၍ ပြည်သူတွေကို ၀န်ချတောင်းပန်ခဲ့သလို ဤပြစ်မှူမှာ မည်သို့မျှဝန်ချတောင်းပန်၍ ရမည်မဟုတ်ကြောင်းကိုလည်း သိထားရန်လိုသည်။
ပြီးတော့ ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူတွေကို သပိတ်မှောက်ကြရန် တိုက်တွန်းနိုးဆော်လိုက်ခြင်းမှာ စစ်အုပ်စုကို စိန်ခေါ်လိုက်ခြင်းလည်းဖြစ်သည်။ တချိန်တည်းမှာ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံနိုင်ငံများကိုပါ တပ်လှန့်လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို သတိပေးလိုက်ခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခြင်းသည် စစ်အုပ်စု၏ နောင်ဖြစ်ပေါ်လာမည့်အရပ်သားအစိုးရကို အသိအမှတ်မပြုခြင်းကို ပြောကြားလိုက်ခြင်းဖြစ်သည်။ သည်အခါ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကလည်း အသိအမှတ်ပြုကြရန် အခွင့်အရေးလည်း ရရှိနိုင်မည်မဟုတ်။ ယခုတောင်မှ နိုင်ငံတကာမှ အသိအမှတ်မပြုဟု ပြောဆိုနေကြပြီးဖြစ်သည်။ အစိုးရအဖြစ်အသိအမှတ်မပြုဟု သတ်မှတ်ထားခြင်းခံရေသော နိုင်ငံအဖို့ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်က ရုပ်သိမ်းခံရသွားမည်ဖြစ်သည်။ နိုင်ငံတကာသံရုံးများ ပိတ်သွားနိုင်မည်ဖြစ်သည်။ ကမ္ဘာ့ငွေကြေးဘဏ်များနှင့် နိုင်ငံတကာရှိစီးပွါးရေးအဆောက်အဦများသည်လည်း ရပ်တန့်သွားစေမည်ဖြစ်သည်။ အာဆီယံနိုင်ငံများ၏ အဖွဲ့ဝင်ဖြစ်နေသော စစ်အုပ်စုသည် ယင်းအချိန်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ရပ်တည်ရေးကို စဉ်းစားရတော့မည်ဖြစ်သည်။ အာဆီယံနိုင်ငံအဖွဲ့ဝင်များ၏ စီးပွါးရေးကွန်ယက်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်နေရာ မည်သည့်နည်းနှင့်မျ အခြေအနေကောင်းများကို ဖန်တီးနိုင်စွမ်းရှိမည်မဟုတ်ချေ။ ကမ္ဘာ့ကုလသမဂ္ဂမှ အထွေအထွေအတွင်းရေးမှူးမစ္စတာဘန်ကီမွန်းက နိုင်ငံတကာမှ အသိအမှတ်မပြုဟု ပြောဆိုနေခြင်းကို စစ်အုပ်စုမှ လက်မခံ၍ ရပါသည်။ မိမိနိုင်ငံတွင် မိမိတို့ထင်သလို လက်နက်မဲ့ ပြည်သူကို ချယ်လှယ်၍ရပါသည်။ သို့သော်နိုင်ငံတကာမှ အသိအမှတ်မပြုသော စစ်အုပ်စု၏အရပ်သားအစိုးရသည် မည်သည့်မျက်နှာခွက်မျိုးဖြင့် ကမ္ဘာ့အလယ်တွင် ရပ်တည်၍ ရပါမည်နည်း။ သေချာသည်မှာ ကမ္ဘာ့ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုအစိုးရ အဖွဲ့ဝင်အဖြစ်မှ လုံးဝဆုံးရှုံးသွားမည်ဖြစ်ပါသည်။ ယင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ခြင်းနှင့် ဆိုင်သော ကြီးမားလှသည့်အကြောင်းအရာဖြစ်ပါသည်။
နအဖစစ်အုပ်စု၏ စဉ်းစားပုံမှာ သန့်သန့်ကလေးဖြစ်နေပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီပေါင်းစုံပါဝင်နေသည်။ လူပေါင်းစုံပါဝင်နေသည်။ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်နေသည်။ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးတပ်တွေ ပါဝင်နေသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီတွ ပါဝင်နေသည်။ ထို့ကြောင့် သူတို့၏ရွေးကောက်ပွဲသည် ပါတီပေါင်းစုံနှင့် လူပေါင်းစုံပါဝင်နေသည်။ ရွေးကောက်ပွဲအတွက် ကော်မရှင်ဖွဲ့ထားပြီးဖြစ်သည်။ ပါတီတွေကလည်း ပြည်နယ်တိုင်းတွင် ဖွင့်လှစ်ထားပြီးဖြစ်ပြီ။ သူတို့ကြံ့ဖွံ့တောင်မှ မနေ့ကမှ ဖွင့်ရသေးသည်။ အခြားသောရွေးကောက်ပွဲဝင်မည့်ပါတီများထက် များစွာနောက်ကျနေပါသေးသည်။ စည်းရုံးရေးကာလအချိန်တွင်ပင် မလောက်ငှ။ သို့သော်လည်း နိုင်ငံတော်၏ကြီးကြပ်မှူကြောင့် ရွေးကောက်ပွဲဖြစ်မြေက်ရန် ပါတီရုံးခမ်းများကို နောက်ကျသော်လည်း ဖွင့်လိုက်နိုင်သည်ဟု ဆိုကြတော့မည်။ ရွေးကောက်ပွဲတွင်မူ တရားမျှတစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့သောကြောင့် အခြားနိုင်ငံရေးပါတီများထက် မဲအပြတ်အသတ်နိုင်သည်။ ထို့ကြောင့်လွှတ်တော်ခေါ်ယူပြီး အရပ်သားအစိုးရဖွဲ့စည်းတော့မည်ဟု ကြေညာမည်ဖြစ်သည်။ သူတို့စဉ်းစားပုံမှာ ယင်းသို့ဖြစ်နေသည်။ သို့သော် သူတို့မထင်မှတ်သော ရွေးကောက်ပွဲ၏အဓိကပြသနာကို မစဉ်းစားခြင်းမှာ သူတို့၏ အရှုံးဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မစဉ်းစားမိခြင်းဖြစ်သည်။ ယခုပွဲတွင် ပါတီပေါင်းစုံသည် အဓိကပြသနာမဟုတ်။ လူပေါင်းစုံပြသနာသည် အကြောင်းမဟုတ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သပိတ်မှောက်ခြင်းသည်သာ အဓိကဖြစ်သည်။ သူတို့သပိတ်မှောက်လျင် မည်သူတွေပါပါ ရွေးကောက်ပွဲသည် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းခံရနိုင်စရာမရှိ။ ဤသည်မှာသူတို့၏ ဆောင်ရွက်ချက်ထဲမှာ ပါလာမည့် သပိတ်မှောက်ပြီးနောက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှူ ရလဒ်ဖြစ်သည်။ သည်တော့ အဖွဲ့ချုပ်သည်သာ သပိတ်မှောက်သည်ဟု ပြောစရာတခုတည်းလား။ ပြည်သူတွေကကော သပိတ်မှောက်ကြောင်းကို ပြောရတော့မည်မဟုတ်ပေဘူးလား။ နိုင်ငံတကာမှာရောက်နေသော ပြည်သူတွေကလည်း သပိတ်မမှောက်ကြောင်းကို ကြေညာပေးရမည်မဟုတ်လား။ တချိန်တည်းမှာပင် နိုင်ငံတကာကို ထွက်ခွါလာပြီး ရွေးကောက်ပွဲကို ထောက်ခံကြရန် တိုက်တွန်းနေသော စစ်အုပ်စု၏ ပွဲစားတွေကိုလည်း ချက်ချင်းမောင်းထုတ်ပစ်ရမည်ဖြစ်သည်။ လူသိရှင်ကြားနှင်ထုတ်စာများ ပေးပို့ရမည်ဖြစ်သည်။ ယခုအချိန်တွင် ဒေါက်တာခင်ဖေါ်ဝင်းက အမေရိကန်နိုင်ငံ ၀ါရှန်တန်ဒီစီမှာလာပြီး ပွဲစားလာလုပ်နေပြီ။ သူကိုယ်တိုင်က ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်မယှဉ်ပြိုင်ပါဟု ပြောဆိုသေးသည်။ သည်တော့ ဘာကြောင့်များ အေးအေးဆေးဆေးမနေပါဘဲ စစ်အုပ်စု၏ရွေးကောက်ပွဲကို ၀င်ကြပါ။ထောက်ခံကြပါဟု ပြောဆိုနေရပါသနည်း။ စစ်အုပ်စုသည် ရွေးကောက်ပွဲကို ကျိန်းသေမုချပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဒေါက်တာခင်ဇေါ်ဝင်းအနေဖြင့် ရွေးကောက်ပွဲပျက်စီးသွားမည့်အကြောင်းကိုလည်း စိုးရိမ်စရာမလိုချေ။
သို့သော် မည်သည့်အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးပါလျှက် အခြားသောနိုင်ငံရေးအကျဉ်းသားများနှင့် မတူရသနည်းဆိုသည်ကိုမူ စဉ်းစားရတော့မည်ဖြစ်သည်။ စစ်စစ်အားဖြင့် ထိုင်းနိုင်ငံကို သူနှင့်အတူလာခဲ့ကြသော ဦးသုဝေတောင်မှ ချွေးစီးနေချိန်မှာ တကယ်လက်တွေ့လုပ်နေသူထက် ပို၍စိုးရိမ်စိတ်ပြနေသူ ဒေါက်တာခင်ဇေါ်ဝင်းတယောက် ရီမောစရာသတ္တ၀ါတကောင်လိုဖြစ်နေပါပြီ။ ဦးသုဝေတို့မှာ ကြံ့ဖွံ့ကိုပြိုင်ရန် ကိုယ်စားလှယ်လောင်းများ အပြည့်အစုံမရှိ။ ငွေကြေးကလည်းမပြည့်မစုံ၊ စည်းရုံးရေးကလည်းမရ။ ခြိမ်းခြောက်ခံနေရသည်ဟုဆိုသည်။ တသီးပုဂ္ဂလတွေဝင်ပြိုင်ကြမည်ဆိုလျင် သူတို့နာမည်နှင့် လာပြီးရွေးကောက်ပွဲကိုဝင်ပြှိုင်ပါဟု ကြေညာနေသည်။ မည်သည့်တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကလည်း သူတို့ပါတီကို ဂရုမစိုက် ၊ မစဉ်းစားကြ။ ဦးသုဝေချွေးဒီးဒီးကျနေသည်ကို ဒေါက်တာခင်ဖေါ်ဝင်းမကြားရသေးဟုထင်ရသည်။
ရွေးကောက်ပွဲကိုဝင်မည်ဟု ပြောဆိုနေသော ပါတီများသည် လက်တွေ့အားဖြင့် ကြံ့ဖွံ့ပါတီကိုမနိုင်နိုင်ကြောင်း သူတို့၏အတွေ့အကြုံအရ သိသာနိုင်သည်။ သည်တော့မနိုင်သည့်ပွဲမှာ ဘာကြောင့်များလက်ဝှေ့ထိုးရန် ဟန်ရေးပြစရာ လိုအပ်ပါသနည်း။ ရှုံးမည်ဆိုသည်ကိုသိလျင်နှင့် ရွေးကောက်ပွဲကြီးဖြစ်အောင် ပြုလုပ်ခြင်းဆိုလျင် အကြောင်းမဟုတ်။ နိုင်ငံရေးအာဏာယူချင်ပြီး ပြုပြင်ပြောင်းလဲရေးတွေပါ ပြုလုပ်လိုသည်ဆိုတော့ စဉ်းစားရန်လိုလာပါသည်။ ယခုပွဲသည် အာဏာပြသနာဖြစ်သည်။ အရပ်သားအစိုးရဖြစ်သွားသူသည် အာဏာပိုင်ဖြစ်သွားမည်။ ယခုကြံ့ဖွံ့က အာဏာပိုင်အစိုးရဖြစ်သွားမည်။ ကြံ့ဖွံ့ကို အာဏာမပေးလို၍ ရွေးကောက်ပွဲဝင်မည်ဆိုလျင် ယင်းအချက်မှာ မှားယွင်းနေပါပြီ။ တချိန်တည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်၍ ပြည်သူတွေမဲပေးရန် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဟု ဆိုလည်း မှားနေပါသည်။ ပထမအချက်တွင် ကြံ့ဖွံ့ပါတီမှာအင်အားကောင်းလှပါသည် ။ စည်းရုံးရေးအရ ငွေကြေးအရ စစ်အုပ်စုမှ ကြောထောက်နောက်ခံပေးထားသည်။ သူတို့က ရှုံးလျှင်လည်း နိုင်၊ နိုင်လျင်လည်း နိုင်မည့်သူများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကြံ့ဖွံ့ပါတီအနိုင်ရမည်ဖြစ်သည်။ ဒုတိယအချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် မပါ၍ ရွေးကောက်ပွဲ ၀င်ပြိုင်ရပါသည်ဟုဆိုလျှင်တော့ ငါးပါးကြီးမှောက်စွာ မှားယွင်းသည်ဟု ပြောရုံမှတပါးအခြားမရှိ။ အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ချစ်မြတ်နိုးစိတ်နှင့် ယင်းသို့ပြောဆိုသူများသည် ပြဒါးတလမ်း ဖြစ်နေသူများသာဖြစ်သည်။ ပို၍တောင်ရွံရှာသွားနိုင်ကြပါသည်။ အကယ်၍ပါတီပေါင်းစုံ မဟာမိတ်ဖြစ်အောင် ပြုလုပ်ပြီးရွေးကောက်ပွဲတွင် ၀င်ပြိုင်ကြသည်ဆိုပါက ကြားရသူတို့မှာ လက်ခံနိုင်စရာတကွက်တော့ ရှိပါသည်။ သို့သော် ယင်းသို့ဝင်ပြိုင်သည်ကို နိုင်ငံတကာမှ လက်သင့်ခံပါမည်လား။ သူတို့ပါခဲ့၍ အသိအမှတ်ပြုပါမည်လား။ အရပ်သားအစိုးရအဖွဲ့ထဲတွင် အစိုးရအဖွဲ့ဝင်အဖြစ် ၀န်ကြီးတွေများ ဖြစ်မည်ဟု ထင်နေလို့ကတော့ ရှူးသွားနိုင်ပါငည်။ စစ်အစိုးရသည် အနှီပုဂ္ဂိုလ်များအားဝန်ကြီးအဖြစ် ဘယ်သောအခါမျ ပေးချင်သည်မဟုတ်ချေ။ ၀န်ကြီးရှူးအိပ်မက်ဖြင့် စိတ်ကူးယဉ်ရှူးနေကြသူများမှာ မိမိတို့၏ အာဏာပြသနာကို သေချာအောင်စဉ်းစားကြဖို့ အချိန်ရှိနေပါသေးသည်။
ဤအာဏာပြသနာမှာ တော်တော်နှင့် အကင်းမသေကြမှန်း လူတိုင်းနားလည်ကြပါသည်။ ဆေးကုရန်လည်းအတော်ခက်ပါသည်။ ထို့ကြောင့်လည်းသူတို့၏ စိတ်ထဲတွင် ခံယူချက်ရှိသမျှကို တိုက်တိုက်တွန်းတွန်းပြောယူရန်မှာ ဒီမိုကရေစီအင်အားစုများအဖို့ အရေးကြီးပါသည်။ ပြည်သူတွေနှင့်ပူးပေါင်း၍ ကုလသမဂ္ဂနှင့် ပူးပေါင်း၍ အမျိုးသားဒီမိုကရေစီနှင့် ပူးပေါင်း၍ ပြုလုပ်ကြပါက တတချိန်ချိန်တွင် အစိုးရအဖွဲ့၌ အာဏာများရရှိနိုင်ပါသေးသည်။ နိုင်ငံရေးလုပ်ခြင်းသည် အာဏာပြသနာကြောင့်ဖြစ်ပါသည်။ စစ်မှန်သောအစာဏာရရှိရေးအတွက် ပြည်သူတွေကို ဦးဆောင်မှူများသာ ပေးရန်အရေးကြီးနေသည်။ ယခုအချိန်မှာ မြန်မာနိုင်ငံအခြေအနေသည် အထိမခံရွှေပုဂံဖြစ်နေပါပြီ။ ပေါက်ကွဲလုနီးပါး မီေးတာင်သဖွယ်ဖြစ်နေပါပြီ။ ရဲမွန်တပ်ရင်းကို နေပြည်တော်မှတပ်တွေ ၀ိုင်းပြီးစစ်ရေးခြိမ်းခြောက်နေမူကို ပြည်သူတွေ မသိအောင် ကြိုးစားနေမှန်း ကကကြည်းမှလာသော လှို့ ဝှက်ကြေးနန်းစာများအရ သိသာနေပါသည်။ ရဲမွန်တပ်ရင်းနှင့် ခလရ ၄၃၅ နှင့် ၄၃၆ တို့တပ်ရင်းမှ တပ်ရင်းမှူးအပါအ၀င်ရဲဘော်တို့မှာ တပ်ကထွက်ခွါသွားကြပါပြီ။ အရပ်သားလူဝတ်လဲသွားကြပါပြီ ။နုတ်ထွက်လွှာတင်ကြပြီဆိုသည်မှာ စစ်အပ်ကိုကြောခိုင်းသွားကြခြင်းဖြစ်ပါသည်။ ယင်းကို စစ်တပ်အတွင်းစစ်သားတွေမသိအောင် ထိမ်းသိမ်းထားပါဆိုသော လှို့ဝှက်ကြေးနန်းစားများ ပေးပို့နေကြရပါပြီ။ အခြားတဖက်မှာ နိုင်ငံတကာနိုင်ငံရေးအခင်းအကျင်းဖြစ်ပါသည်။ ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက နအဖစစ်အုပ်စုအား ကုလသမဂ္ဂနှင့် ပူးပါင်းဆောင်ရွက်ခြင်းမရှိ၍ စိတ်ပျက်မိသည်ဟု ပြောဆိုလိုက်ပါသည်။ ၄င်းနောက်နိုင်ငံတကာမှလည်း အသိအမှတ်မပြုဟု ပြောဆိုလိုက်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာကွင်တာနားကလည်း လူ့အခွင့်အရေးချိုးဖေါက်ခြင်းနှင့် ပါတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရန် တောင်းဆိုထားပါသည်။ လွန်ခဲ့သောမနေ့တနေ့ကမူ အမေရိကန်သမတအိုဘားမားက ကုလသမဂ္ဂအား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး မြန်မာနိုင်ငံကို အရေးယူစုံစမ်းရန် တိုက်တွန်းလိုက်ပါပြီ။ ဤသည်မှာအိမ်ဖြူတော်မှ တိုက်ရိုက်ကြေညာချက်ဖြစ်၍ အမေရိကန်ဆီးနိတ်လွှတ်တော်ထက် ပိုမိုခရီးရောက်သည်ဟုဆိုကြပါသည်။ လုံခြုံရေးကောင်စီရောက်သွားလျှင် တရုပ်နိုင်ငံ။ ရှရှားနိုင်ငံတို့၏ ဗီတိုအာဏာမဲများရှိနေသောကြောင့် ရှောင်ရှားနိုင်ရန် ကုလသမဂ္ဂညီလာခံမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားရေးးအထိကို ကြိုတင်ညှိနိုင်းနေကြပါသည်။ အမေရိကန်အစိုးရက ပါလာပြီးနောက်တွင်မူ မြန်မာနိုင်ငံရေးအခြေအနေသည် တမျိုးတဖုံပြောင်းလဲ လာမည်မှာ သေချာလှပါသည်။
လူ့အခွင့်အရေးမှန်သမျှကမ်းကုန်အောင် ကျူးလွန်ထားသောပြစ်မှူမျိုးကို နအဖစစ်အုပ်စုမှာ ကျူးလွန်ထားသည်။ ယင်းပြစ်မှူများကို ကျူးလွန်ထားသောကြောင့် နိုင်ငံတကာတရားရုံးမှ အရေးယူရန်အကောင်းဆုံး ဆောင်ရွက်နေကြပါပြီ။ ပြစ်မှူတွေတသီတန်းကြီးနှင့် ရာဇ၀တ်မှူများကို ကျူးလွန်ထားသော နအဖစစ်အုပ်စုသည် ဤအချိန်တွင် ပြေးပေါက်မရှိတော့ ။ ယခုနှစ်အတွင်း မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ အမေရိကနိနိုင်ငံ နယူးယောက်မြိုတွင့့်အမျိုးသမီးများအား အကြမ်းဖက်ခြင်းဆိုင်ရာများနှင့် ပါတ်သက်၍ ကြားနာပွဲကို ပြုလုပ်ခဲ့ပါသည်။ ယင်းကြားနာပွဲတွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တို့နှင့်အတူ တရားသူကြီးများ အပါအ၀င် ထင်ရှားသောပုဂ္ဂိုလ်တို့က ကြားနာခဲ့ကြသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့်လည်း မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ သဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်ကလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံရှိအမျိုးသမီးများအား အကြမ်းဖက်နှိပ်စက်ခြင်းများနှင့် လူ့အခွင့်အရေးချိုးဖေါက်ခြင်းများကို ဆွေးနွေးခဲ့ကြဖြစ်သည်ဟု သိရသည်။ ကျွန်တော်ပြောချင်သည်မှာ ကုလသမဂ္ဂမှ တာဝန်ရှိသူများသည် စစ်အစိုးရ၏ ရာဇ၀တ်မှူဆိုင်ရာ ပြစ်မှူကျူးလွန်ခဲ့မှူမျိုးကို သိရှိထားနှင့်ကြပြီးပြီ ဆိုသောအချက်ဖြစ်သည်။ ယင်း၏အကျိုးဆက်များအဖြစ် နအဖစစ်အစိုးရအား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးပါတော့မည်။ ယင်းရာဇ၀တ်ပြစ်မှူများတွင် နိုင်ငံတကာရာဇ၀တ်တရားရုံး၌ ရာဇ၀တ်ကောင်များအဖြစ် သန်းရွှေ ၊ မောင်အေးတို့အုပ်စု မုချစစ်ဆေးခံရလိမ့်မည်ဖြစ်သည်။ ယင်းမှာနိုင်ငံတကာအခင်းအကျင်းဖြစ်သည် နအဖစစ်အုပ်စုအဖို့ ပထမအချက်ဖြစ်သော ဤပြသနာကို မစဉ်းစား၍မရ။ ဒုတိယအချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သပိတ်မှောက်ကြောင်း ကြေညာထားခြင်းဖြစ်သည်။ ဤသို့ကြေညာထားခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရကို ကုလသမဂ္ဂမှ အသိအမှတ်မပြုရေး ကြေညာထားခြင်းဖြစ်သည်။ တတိယအချက်မှာ နအဖစစ်အုပ်စုသည် ရွေးကောက်ပွဲကို မည်သူဂရုစိုက်စိုက် မစိုက်စိုက် ဆင်ကန်းတောတိုးဖြင့် ပြုလုပ်မည်ဟု ကြေညာပြီး ရုံးခမ်းဖွင့်လှစ်ခြင်းပင်ဖြစ်သည်။ သို့သော် ကြိုတင်စီစဥိထားသည့်အတိုင်း ရုံးခမ်းဖွင့်လှစ်ရသည်ဆိုသော်လည်း ယနေ့တွင်မူ စစ်အုပ်စုတို့မှာ မျက်ဖြူဆိုက်နေကြပြီဖြစ်သည်။ ကုလသမဂ္ဂမှလာသော သတင်းတပုဒ်အရ နိုင်ငံတကာအစိုးရများမှ အစိုးရတရပ်အဖြစ် အသိအမှတ်မပြုသော အစိုးရကို သို့မဟုတ် နိုင်ငံတနိုင်ငံကို ကုလသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် လက်မခံကြောင်းနှင့် အသိအမှတ်မပြုကြောင်း ဥပဒေရှိနေသည်ဟု ကြားသိရသည်။ ဆိုရလျှင် ၂၀၁၀ ရွေးကောက်ပွဲသည် နအဖစစ်အုပ်စုအဖို့ ကုလသမဂ္ဂမှ ပြုတ်ထွက်သွားသောပွဲမျိုးဖြစ်နေပြီ။ သည်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သပိတ်မှောက်ကြောင်းကြေညာချက်သည် မြန်မာနိုင်ငံရှိပြည်သူတရပ်လုံးကို ကိုယ်စားပြုသောကြောင့် ကျွန်တော်တို့မှာ လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုလိုက်ရပါကြောင်း ပြောရန်သာရှိသည်။ အဘယ့်ကြောင့်ဆိုသော် နအဖစစ်အစိုးရသည် သုံးပွင့်ဆိုင်ပြသနာဖြစ်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သပိတ်မှောက်ခြင်း၊ ကုလသမဂ္ဂမှ နိုင်ငံတကာခုံရုံးတင်စစ်ဆေးရေးကိစ္စနှင့် ကြံ့ဖွံ့ရုံးခမ်းဖွင့်လှစ်မှူဆိုသော သုံးပွင့်ဆိုင်ပြသနာကို ယခုရက်အတွင်း တိုက်တိုက်ဆိုင်ဆိုင် ပြုလုပ်လိုက်သည်။ ယခင်ကသုံးပွင့်ဆိုင်ပြသနာကို မဖြေရှင်းခဲ့သော နအဖစစ်အစိုးရသည် ယခုသုံးပွင့်ဆိုင်ပြသနာများကိုမူ မဖြေရှင်း၍ကတော့ မည်သည့်နည်းနှင့်မျှ မရဆိုသည်ကို လူတိုင်းနားလည်နေကြပြီဖြစ်ပါသည် ။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံး ကွယ်လွန်

သြဂုတ် ၂၀ ဘီဘီစီ
ဝါရင့် ရှမ်း နိုင်ငံရေးသမားကြီး ဦးရွှေအုံး ဟာ သောကြာနေ့ ည ၇ နာရီ လောက် အချိန် ရန်ကုန် စမ်းချောင်း အရပ် မှာ ရှိတဲ့ သူ့ရဲ့ နေအိမ် မှာ အသည်း ကင်ဆာ ရောဂါ နဲ့ ကွယ်လွန် သွားပါတယ်။
သူဟာ မြန်မာပြည် လွတ်လပ်ရေး မရခင် ခေတ် သူ့ရဲ့ လူငယ် ဘဝကတည်း က နိုင်ငံရေး ထဲမှာ ပါဝင်လှုပ်ရှား ခဲ့သူ တဦး ဖြစ်ပြီး မြန်မာပြည် နိုင်ငံရေး သမိုင်းမှာ အရေး ပါတဲ့ ပင်လုံ ညီလာခံ ကို တက်ရောက် ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
လွတ်လပ်ရေး တိုက်ပွဲဝင်ကာလ က သူ ဟာ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချူပ် မှာ ဦးဆောင် လှုပ်ရှားခဲ့သူ တဦးပါ။
မြန်မာပြည် ကို စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် နိုင်ရေး အတွက် အမြဲလို ကြိုးပမ်း ခဲ့တဲ့ ရှမ်း နိုင်ငံရေး သမား တဦး ဖြစ်တဲ့ သူ ဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ ဝင်ရောက် ယှဉ်ပြိုင် ဖို့ အတွက် တွန်းအား ပေးခဲ့ ပါတယ်။
လာမယ့် ရွေးကောက်ပွဲ ကို ဝင် ရောက်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP ပါတီ ကို တည်ထောင်သူ တဦး ဖြစ်ပြီး အဲဒီ ပါတီ မှာ နာယက တဦးအဖြစ် ကွယ်လွန် ချိန် အထိ ဆောင်ရွက်ခဲ့ပါတယ်။
ဦးရွှေအုံး ဟာ အမှား ကို ဝန်ခံရဲ သလို စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် တစိုက်မတ်မတ် ကြိုးစား လာတဲ့ ရှာမှရှား တဲ့ သူရဲကောင်း တယောက် ဖြစ်တယ် လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် SNLD က ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေးပါတီ များ ပေါ်ထွန်းစဉ်ကာလမှာ သူဟာ ရှမ်းတိုင်းရင်း သား လူမျိုးစုများ ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပြီး ပြည်ထောင်စု တိုင်း ရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချူပ်UNLD ရဲ့ သဘာပတိ အဖွဲ့ဝင် တဦး ဖြစ်ခဲ့ ပါတယ်။
ဦးရွှေအုံး ဟာ ကွယ်လွန်ချိန် မှာ အသက် ၈၈ နှစ် ရှိပြီ ဖြစ်ပြီး ကိုယ်ခန္ဒာတပိုင်း လေဖြတ် ဝေဒနာ ခံစားနေရ သူ ဇနီးသည် နဲ့ သား သမီး ၄ ဦး ကျန်ရစ်ပါတယ်။

https://mail.google.com/mail/?ui=2&ik=ead8f986c4&view=att&th=12a932deb97be9fd&attid=0.1&disp=inline&realattid=f_gd41p0me0&zw

နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက်

AAPP_info_release_denounces improper_health_care_in_English.pdf

သတင်းထုတ်ပြန်ကြေငြာချက်။

ရက်စွဲ။ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်

နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက်

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၅ နှစ် အကျဉ်းကျခံနေရသော ကိုမျိုးမင်းဝေသည် အတွင်း လိပ်ခေါင်းရောဂါ အပြင်းထန်ခံစားနေရသော်လည်း ဆေးကုသခွင့်မရရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (အေအေပီပီဘီ) မှ ကြားသိရပါသည်။

ကိုမျိုးမင်းဝေသည် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး လူမှုရေးကူညီဆောင်ရွက်မှုများပြုလုပ်နေစဉ် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် အပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကာ ၂၀၀၉ ခုနှစ် မတ်လက အတွင်းလိပ်ခေါင်းရောဂါဖြစ်နေ၍ ခွဲစိတ်ရန် လိုအပ်သည့်ကြားမှ နယ်ဝေးထောင်သို့ ပြောင်းရွှေ့ခံခဲ့ရခြင်းဖြစ်သည်။ ယခုလ ၁၀ ရက်နေ့က ခန္တီးထောင်တွင် ကိုမျိုးမင်းဝေ ကို ထောင်ဝင်စာတွေ့ပြီးပြန်လာသူ ဖခင်ဖြစ်သူ ဦးတင်လှက ကိုမျိုးဝင်းဝေသည် အတွင်းလိပ်ခေါင်းရောဂါ ခံစားနေရသဖြင့် ထမင်းမစားနိုင်ဘဲ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း၊ လိပ်ခေါင်းဝေဒနာကြောင့် ၅ ရက်ကျော်ကြာ အစာမစားနိုင် ၀မ်းမသွားနိုင်ဖြစ်နေပြီး ရေသာသောက်နေရကြောင်း သတင်းဌာနများသို့ပြောကြားခဲ့သည်။

ခန္တီးထောင်ဆရာဝန်က ကိုမျိုးဝင်းဝေကို အရေးပေါ်ခွဲစိတ်ရန် လိုအပ်ကြောင်း ထောင်အာဏာပိုင်များအား တင်ပြခဲ့သော်လည်း ထောင်အာဏာပိုင်များက အထက်ကိုတင်ပြထားသည်ဟုသာ တုံ့ပြန်ပြောဆိုခဲ့ကြောင်း၊ ယခုလ ၁၂ ရက်နေ့က သားဖြစ်သူအား အမြန်ဆုံး ဆေးကုသပေးရန် သက်ဆိုင်ရာ အက်စ်ဘီနှင့် စရဖအဖွဲ့ကို တိုင်ကြားခဲ့သော်လည်း အထက်ကိုတင်ပြပေးမည်ဟုသာ ဖြေကြားခဲ့သည်ဟု ဦးတင်လှမှပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ခန္တီးထောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးညီပုသည်လည်း အောက်ပိုင်းသေသည့်ဝေဒနာခံစားနေရပြီး ထိရောက်သောဆေးကုသခံယူမှုမရရှိကြောင်း၊ ခရမ်းမြို့နယ်မှ ပဲပြုတ်(ခေါ်) ကိုဝင်းမြင့်မောင် မှာလည်း ငှက်ဖျားရောဂါဖြစ်နေပြီး အိပ်ယာထဲလဲနေကြောင်း၊ ရန်ကုန်တိုင်း အင်းစိန်ထောင်တွင်လည်း ပုဒ်မ ၁၃(၁)၊ ၁၇(၁) တို့ဖြင့် ပြစ်ဒဏ် ၁၃ နှစ် ကျခံနေရသူ မဥမ္မာမြင့် သည်လည်း အစာအိမ်ရောဂါဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ကုသ ခံယူရကြောင်း သိရှိရပါသည်။ မဥမ္မာမြင့်အား ဆေးရုံတင်ထားရသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဝေဒနာသက်သာလာခြင်း မရှိသေးကြောင်း သိရှိရပါသည်။

အေအေပီပီ အတွင်းရေးမှူးဖြစ်သူ ကိုတိတ်နိုင်မှ “နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးဆိုးပြီဆိုရင် ထုံးစံအားဖြင့်တော့ အာဏာပိုင်တွေက လျစ်လျူရှုနေတာများပါတယ်။ ထောင်အာဏာပိုင်က လုံလောက်တဲ့ဆေးကုသမှုမပေးဘူး၊ မိသားစုတွေက သူတို့တာဝန်ယူကုပါရစေ လိုအပ်တဲ့ဆေးတွေ ၀ယ်ပေးပါရစေဆိုရင်လည်း ခွင့်မပြုဘူး၊ အပြင်ဆေးရုံထုတ်ကုဖို့လိုအပ်လာရင်လည်း ထောင်ဆရာဝန်၊ ထောင်အာဏာပိုင်တွေရဲ့ ထောက်ခံချက်ရရင်တောင်မှ ထောက်လှမ်းရေး၊ ညွှန်မှူး ညွှန်ချုပ် အဆင့်ဆင့်ရဲ့ခွင့်ပြုချက်ရမှ ပြင်ပဆေးရုံတင်လို့ရပါတယ်။ ဒီလိုခွင့်ပြုချက်ရဖို့ကိုလဲ အချိန်တော်တော်ကြာအောင်စောင့်ရတယ်။ အဲဒီလို နှောင့်နှေးမှုကြောင့် ၁၉၈၈ ကစပြီး ခုချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၄၄ ယောက် အသက်မဆုံးသင့်ပဲ ဆုံးခဲ့ကြရပြီးပြီ။ အဲဒီလို မဖြစ်သင့်တဲ့ကိစ္စတွေကို ရပ်တန်းကရပ်ပြီး လူကိုလူလိုသဘောထားပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအချိန်မီပေးဖို့ လိုအပ်နေပြီ” ဟု ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်းမာရေးဆိုးဝါးနေသူ နိုင်ငံရေးအကျဉ်းသား ၁၄၀ ယောက်ရှိနေသော်လည်း သင့်တော်သည့် ဆေးဝါးကုသခွင့် မရကြသည့်အပြင် မိသားစုနှင့်ဝေးကွာလှသော ထောင်များသို့ ပို့ဆောင်ခံထားရပါသည်။ အေအေပီပီမှ ကျန်းမာရေးဆိုးဝါးသော နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့်နီးသော ထောင်များသို့ပြောင်းရွှေ့ကာ သင့်တော် လုံလောက်သော ဆေးကုသမှုများ စီစဉ်ဆောင်ရွက်ပေးပါရန် နိင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား တိုက်တွန်းတောင်းဆို လိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ်သိလိုပါက ဆက်သွယ်ရန် -

ကိုတိတ်နိုင်။ ။ အတွင်းရေးမှူး ၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁

ကိုဘိုကြည်။ ။ တွဲဖက်အတွင်းရေးမှူး ၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

Thanks N Regards,

Aung Myo Thein

Assistant Association for Political Prisoners (Burma)
info@aappb.org
Ph: 055 545 495
Web: http://www.aappb.org, http://www.fbppn.net, http://www.nd-burma.org

"There can be no national reconciliation in Burma, as long as there are political prisoners."

There is nothing more difficult to plan, more doubtful of success, more dangerous to manage, than the creation of a new system.

--Niccolo Machiavelli

ရန်ကုန်တိုင်းအတွင်းရှိဒီ မိုကရေစီရေးတက်ကြွလှုပ်ရှားသောကျောင်းသား၊ လူငယ်များ


ကမ်ပိန်း (20.8.2010 ရက်နေ့ တွင်ရန်ကုန်တိုင်းအတွင်းရှိဒီ မိုကရေစီရေးတက်ကြွလှုပ်ရှားသောကျောင်းသား၊ လူငယ်များအင်အားစုများကရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အကြိုလှုပ်ရှားမှု)

20.8.2010 ရက်နေ့ တွင်ရန်ကုန်တိုင်းအတွင်းရှိဒီ မိုကရေစီရေးတက်ကြွလှုပ်ရှားသောေ

ကျာင်းသား၊ လူငယ်များအင်အားစုများကရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ်စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့် ကျင်ရေးပို့ စ်ကတ်ဒ်နှင့် ဓါတ်ပုံများကိုရန်ကုန်တိုင်းအတွင်းတွင် ရှိသောဘုန်းတော်ကြီးစာသင်တိုက်များကိုအဓိကထားရ်ျဖြန့် ဝေခဲ့ ကြကြောင်းသိရှိရသည်။ ၄င်းလှုပ်ရှားမှုကိုအဆိုပါကျောင်းသားအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော သံဃာတော်အရှင်သူမြတ်အချို့ ကကူညီဆောင်ရွက်ပေးခဲ့ ကြောင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့ သောကျောင်းသားလူငယ်တစ်ဦးကပြောကြားခဲ့ သည်။"ရန်ကုန်တိုင်းအတွင်းမှာပါဝင်တဲ့ လှိုင်မြို့ နယ်၊ မင်္ဂလာတောင်ညွန့် မြို့ နယ်၊ဒေါပုံမြို့ နယ်၊သာကေတမြို့ နယ်၊သုံးခွမြို့ နယ်နှင့် သန်လျင်မြို့ နယ်တို့ မှာရှိတဲ့ စာသင်တိုက်တွေကို အဓိကထားပြီးဖြန့် ဝေခဲ့ ပါတယ်။စာသင်တိုက်တွေကိုအဓိကထားဖြန့် ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့  2010 ရွေးကောက်ပွဲဟာပြည်သူတွေအတွက်၊ နိုင်ငံအတွက်ချောက်ကမ်းပါးကိုတွန်းပို့ မယ့် ကိစ္စတစ်ခုပါဆိုတဲ့  message ကိုစာသင်သား သံဃာတော်တွေကတစ်ဆင့် သူတို့ ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကိုရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။ဖြန့် ဝေတဲ့ ပို့ စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ်ဖြစ်အောင်ပြုလုပ်မယ့် 2010ရွေးကောက်ပွဲကိုဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊တရားဝင်စစ်ကျွန်ဖြစ်စေမယ့် 2010ရွေးကောက်ပွဲကိုဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ရွေးကောက်ပွဲမှာမဲမထည့် ပဲနေတာဟာလဲပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့် အရေးပဲဆိုတဲ့ စာသားတွေရယ်ရေးထားပါတယ်" ဟုအဆိုပါကျောင်းသားလူငယ်မှပြောကြားသွားခဲ့ သည်။


Img00007









ရွှေနန္ဒ shwenanda
http://www.shwenanda.com/