Tuesday, August 24, 2010

ထိုင်းနိင်ငံမှာ ဒီကလေးမပျောက်နေတယ်။


ထိုင်းနိင်ငံမှာ ဒီကလေးမပျောက်နေတယ်။ ၀ိုင်းဝန် ကူညီ ရှာဖွေပေးကြပါ။ တွေ့ ရင်ပြောကြပါ။

ထိုဓာတ်ပုံပါ အသက် ၁၄ နှစ် မိန်းကလေးအားတွေ့ရှိပါက
ဆက်သွယ်ရန် ...ဒေါ်နန်းစံယု- 095114816 , 098611870
မှတ်ချက်... သတင်းပေးသူအား ထိုက်တန်စွာကျေးဇူးဆပ်ပါမည်။ညီမလေး ခင်ခင်ဝင်းလှိုင် (ခ) မိုးစက်ငယ် ရောက်ရာအရပ်ကအမြန်ပြန်လာပါမမကြီးနှင့် မေမေကြီးစောင့်နေတယ် ။

http://komoethee.blogspot.com/2010/08/blog-post_8434.html

24 August 2010 ဒိုင်ယာရီ

http://www.mediafire.com/file/i2997ttpl8io4bp/24%20August%202010%20yeyintnge%27s%20Diary.docx
24 August 2010 Yeyintnge's Diary

ပင်လုံကတိ ဖျက်သိမ်းခြင်း (သို့မဟုတ်) နိုင်ငံရေးပဋိပက္ခအသစ် ဖန်တီးမည့် ရွေးကောက်ပွဲ

ဇင်လင်း / ၂၄ သြဂုတ် ၂၀၁၀


စစ်တပ်က ၂၀၁၀ နိုဝင်ဘာ (၇) တွင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဟု ကြေညာလိုက်ပြီ။ ရွေးကောက်ပွဲဝင်ရန် တန်းစီထားသော နိုင်ငံရေးပါတီ (၄၀) ခန့်မှာ မတရားဥပဒေဖြင့် သတ်မှတ်ထားသော အဖွဲ့ဝင် (၁,၀၀၀) ပြည့်မီရေးနှင့် နပန်းလုံးနေရဆဲ။ ခြိမ်းခြောက်နှောင့်ယှက်မှုများကြားတွင် ပါတီကိုယ်စားပြု အမတ်လောင်းများ ခက်ခက်ခဲခဲ ရှာနေရဆဲ။ အမတ်လောင်း မှတ်ပုံတင်ကြေး (တဦးလျှင် ကျပ် ၅ သိန်းနှုန်း) နှင့် မဲဆွယ်လှုပ်ရှားမှုရန်ပုံငွေ ရရှိရေးအတွက် စိုးရိမ်သောက ရောက်နေရဆဲ။ လွတ်လပ်စွာ စည်းရုံခွင့်၊ ဟောပြောခွင့် စာရွက်စာတမ်း ဖြန့်ဝေခွင့်များလည်း ဆုံးရှုံးနေရဆဲ။ သို့သော် စစ်တပ်က ဖွဲ့ထားသည့် ကြံ့ဖွံ့ပါတီကမူ အရှင်မွေးတော့ ညချင်းကြီး ဆိုသကဲ့သို့ ဥပဒေအထက်မှ အခွင့်ထူးရ၍ မတော်မတရား မဲဆွယ်စည်းရုံးနေသည်။ အခင်းအကျင်းက ရှင်းလင်းလွန်းသည်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအောက်တွင် ကြံ့ဖွံ့ပါတီက အနည်းဆုံး (၉၀) ရာခိုင်နှုန်း နိုင်ရန် ပြင်ဆင်ထားသည်ကို မြင်နေရသည်။

ထို့ကြောင့် ကျန်ရွေးကောက်ပွဲဝင်မည့် ပါတီများမှာ ပါတီစုံရွေးကောက်ပွဲဟု ဆိုရရုံ အဖြည့်ခံမျှသာ ဖြစ်တော့မည်။ ဖွတ်မရ ဓားမပါ ဆုံးမည့်ကိန်းဆိုက်နေ၏။ ထိုအဖြည့်ခံပါတီများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံသင့် မခံသင့် ပြန်လည်စဉ်းစားကြမည်ဆိုလျှင် အချိန်မီသေးသည်။ စင်စစ် ယနေ့ မြန်မာ့နိုင်ငံရေးပြဿနာဇာစ်မြစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စဖြစ်သည်။ ပင်လုံသဘောတူညီချက်နှင့် ၁၉၄၇ အခြေခံဥပဒေတို့မှ စတင်ခဲ့သော သမိုင်းရေးပြဿနာဖြစ်သည်။ ပင်လုံသဘောတူညီချက်ကို အခြေခံလျက် တိုင်းပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် လမ်းညွှန်အဆို (၇) ချက်ကို ပြန်ကြည့်လျှင်…

“အဆို (၁) နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုဟု ခေါ်တွင်စေသော၊ လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။ အဆို (၂) ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိစေရမည်။ အဆို (၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။” စသည်ဖြင့် တွေ့နိုင်သည်။ ယခု နာဂစ်စစ်ဖွဲ့စည်းပုံသည် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်နှင့် လုံးလုံးဆန့်ကျင်နေရုံမက တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရေးတို့ကို ငြင်းပယ်ထားသဖြင့် လာမည့် ရွေးကောက်ပွဲသည် ပြည်တွင်း နိုင်ငံရေးပဋိပက္ခအသစ်တခုဆီ ဦးတည်နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ဗိုလ်ချုပ်၏ လမ်းညွှန် (၇) ချက်ကို ယုံကြည်လေးစားခြင်း၊ လွတ်လပ်ရေး အမြန်ရလိုခြင်းတို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များသည် အခြေခံဥပဒေကို အလေးအနက် ဆွေးနွေးခြင်း မပြုကြတော့ဘဲ ရိုးရိုးသားသား လွယ်လွယ်ကူကူ လက်ခံအတည်ပြုခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးအတွက် ရေးဆွဲတင်ပြသော “ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း” (ဒို့တာဝန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ပုံနှိပ်နှစ်မပါ) တွင် ဖော်ပြခဲ့သည်။

ထိုစာတမ်းတွင် ၁၉၄၇ အခြေခံဥပဒေ၏ အားနည်းချက်များကို ဝေဖန်ပြရာ၌ “ပြည်နယ်ခေါင်းဆောင်များသည် တည်ဆဲဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မိမိတို့ပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသောကိစ္စများကို စိတ်ဆန္ဒရှိသလောက် ဆောင်ရွက်ရာတွင် ပြည်ထောင်စုဗဟိုအာဏာကို သိမ်းပိုက်ထားသော ပြည်မ၏ ချုပ်ချယ်မှုကြောင့် မဆောင်ရွက်နိုင်ခဲ့ကြပေ။ ပြည်နယ်သူ ပြည်နယ်သားများသည် ပြည်မ၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးများ၏ ဖိနှိပ်မှုအောက်တွင် အလူးအလှိမ့်ခံနေရလေသည်” ဟု လည်းကောင်း၊ “ထိုသို့တွေ့ကြုံရသော အခက်အခဲများကို ပြန်လည်သုံးသပ်ကြည့်သောအခါ အဓိက ချို့ယွင်းချက်သည် တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါရှိသော ဗမာပြည်မအစိုးရနှင့် ပြည်ထောင်စုဗဟိုအစိုးရတို့အား ခွဲမထားဘဲ အတူပူးပေါင်းထားခြင်းကြောင့် အစိုးရတဖွဲ့တည်း အုပ်ချုပ်သော စနစ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်” ဟု လည်းကောင်း၊ “ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုစစ်စစ် တည်ထောင်လိုချက်များ၊ လမ်းညွှန်ချက်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၀ိညာဉ်ချုပ်သွားသည်မှာ ၀မ်းနည်းကြေကွဲစရာပင် ဖြစ်တော့သည်” ဟုလည်းကောင်း၊ “တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ငြင်းပယ်သည်။ တန်းတူရေးမူကိုလည်း မပေးစွမ်းနိုင်။ ပြည်ထောင်စုအာဏာဟူသရွေ့ကို ပြည်ထောင်စု ဗဟိုအစိုးရအမည်နှင့် ဗမာပြည်မက လက်ဝါးကြီးအုပ် သိမ်းကျုံးယူပြီး ပြည်နယ်များကို မိမိလက်အောက်ခံပြည်နယ်များ (Vassal States) အဖြစ် သွတ်သွင်းခဲ့သည်” ဟု လည်းကောင်း စာတမ်းတွင် သုံးသပ်ဖော်ပြထားသည်။

ယင်း တိုင်းရင်းသားတို့၏ မကျေနပ်ချက်၊ ခံစားချက်များသည် ယခုတိုင် အရိုးစွဲနေသည်ကို စစ်အစိုးရက မသိကျိုးကျွံ လုပ်နေသည်။ နာဂစ်ဖွဲ့စည်းပုံတွင် တိုင်းရင်းသားတို့ ရပိုင်ခွင့်များကို လုံးဝလျစ်လျူပြုထားသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်သွေးစည်းရေးအား ဥပေက္ခာပြုရာကျပေသည်။

မျက်မှောက်အခြေအနေအထိ မြန်မာ့နိုင်ငံရေးပဋိက္ခ၏ အဓိကအချက်မှာ တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးကိစ္စဖြစ်သည်။ ထိုအချက်အပေါ် နိုင်ငံရေးသမားများက မျှမျှတတ စဉ်းစားသုံးသပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စု (Federal) မူအရ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ စစ်တပ်ကမူ တမိန့်တအာဏာ တပြည်ထောင်စနစ်ဆီသို့သာ ဇွတ်တိုးသွားမြဲသွားနေသည်။

၁၉၆၀ ခုနှစ်အခြေအနေကို ပြန်ကြည့်လျှင် ဦးနု၏ ပြည်ထောင်စု (ပထစ) အစိုးရလက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရသည်။ ပြည်သူ့လွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေး အဆိုကို အတည်ပြုပြဋ္ဌာန်းပြီးနောက် ၁၉၆၀ နိုဝင်ဘာ (၇) ရက်တွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ်အစိုးရက အစည်းအဝေးတရပ် ကျင်းပသည်။ ထိုအစည်းအဝေးသို့ ပါလီမန်အမတ်များ၊ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်တခုစီမှ ကိုယ်စားလှယ် (၂) ဦးစီ၊ ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီတခုစီမှ ကိုယ်စားလှယ် (၃) ဦးစီ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်မှ တိုင်းပြည်ပြုလွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးမှ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီကို အဖွဲ့ဝင် (၃၂) ဦးဖြင့် ဖွဲ့ခဲ့သည်။ ထိုကော်မတီက ၁၉၆၁ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မူတရပ်ချမှတ်ခဲ့သည်။

ထိုမူတွင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်နယ်နှင့် လူမျိုးစုတိုင်းအတွက် လုံလောက်သည့် တန်းတူညီမျှမှုအခွင့်အရေး ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် တန်းတူညီမျှမှု လုံလောက်စွာရရှိရေးအတွက် အခြေခံဥပဒေအား ပြည်ထောင်စုစစ်စစ်မူဖြင့် ပြုပြင်ရေးဆွဲရန် ဖော်ပြထားသည်။ ထိုမူချပြီးနောက် ဦးထွန်းမြင့် (တောင်ကြီး)၊ မိုင်းပွန်စော်ဘွား စ၀်ဆေးဟုမ်၊ စည်သူဦးတင်၊ ဦးကျော်စိန်၊ ဦးကြာပုနှင့် ဦးလှရှိန်တို့ပါဝင်သည် ဆပ်ကော်မတီကို ဖွဲ့ခဲ့သည်။ ဆပ်ကော်မတီက အခြေခံဥပဒေဆိုင်ရာ အထောက်အထားများ ရှာဖွေစုဆောင်းလေ့လာကာ အစီရင်ခံစာကို (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီသို့ တင်သွင်းသည်။ ယင်းအစီရင်ခံစာကို ကော်မတီက ပြင်ဆင်ဖြည့်စွက်၍ “ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးစာတမ်း” ကို ပြုစုသည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ်ညီလာခံက ရှမ်းမူဟု လူသိများသော ထိုစာတမ်းကို အတည်ပြုခဲ့သည်။

အထက်ပါစာတမ်းတွင် အာဏာနှင့် အခွင့်အရေးခွဲဝေပုံမှာ မျှတမှုမရှိဘဲ ဗဟိုပြည်ထောင်စုအစိုးရက အာဏာအရပ်ရပ် ချုပ်ကိုင်ထားသဖြင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မကျေနပ်ကြကြောင်း၊ ဗမာများက လက်ဝါးကြီးအုပ်ထားသည်ဟု မယုံသင်္ကာဖြစ်ကြောင်း တင်ပြထားသည်။ ပါလီမန်ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍လည်း လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) တို့ အခွင့်အာဏာမတူကြောင်း၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်မရကြောင်း၊ ပြည်ထောင်စုအစိုးရသည် လူမျိုးစုလွှတ်တော်အား တာဝန်မခံဘဲ ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံသဖြင့် လူမျိုးစုလွှတ်တော်မှာ ဂုဏ်သိက္ခာမရှိသည့်ပြင် ပြည်နယ်များ၏ အခွင့်အရေးကိုလည်း အကာအကွယ်မပေးနိုင်ကြောင်း၊ ထို့ကြောင့် လွှတ်တော် (၂) ရပ် တန်းတူအာဏာရှိရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်ရရှိရေး တင်ပြထားသည်။

အထက်ပါစာတမ်းကို ဆွေးနွေးရန်နှင့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ကို ပြန်လည်အသက်ဝင်စေရန် ရည်ရွယ်လျက် ၁၉၆၁ ဇွန်လ (၈) ရက်တွင် “ပြည်နယ်ပေါင်းစုံညီလာခံ” ကို တောင်ကြီးမြို့တွင် ကျင်းခဲ့သည်။ ထိုညီလာခံတွင် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းရန် အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ဇွန်လ (၁၃) ရက်၌ ဥက္ကဋ္ဌစ၀်ခွန်ချို၊ ဒု-ဥက္ကဋ္ဌ စ၀်ဝဏ္ဏ၊ အတွင်းရေးမှူး စ၀်ထွန်းအေး၊ တွဲဖက်အတွင်းရေးမှူး ဦးလှဖေ (ပအို့ဝ်) တို့ အပါအ၀င် (၂၂) ဦးပါ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ခဲ့သည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ “(၁) ပြည်ထောင်စုခိုင်မြဲရေးအတွက် အစွမ်းကုန် ဆောင်ရွက်ရန်။ (၂) ပြည်ထောင်စုအတွင်း ပါဝင်သော ပြည်နယ်များသည် မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့်ရှိသည့်အားလျော်စွာ ထိုအခွင့်အရေးကို လွတ်လပ်စွာ ဖန်တီးနိုင်ရန်။ (၃) ပြည်ထောင်စုအတွင်း တဦးနှင့်တဦး ခွဲခြားခြင်းမပြုဘဲ လူမျိုးမရွေး၊ ဘာသာမရွေး ပြည်ထောင်စုတိုင်းရင်းသားမှန်သမျှ ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံခြင်းကို အားပေးကူညီရန်။ (၄) ကမ္ဘာ့ဒီမိုကရေစီဝါဒအရ ရသင့်ရထိုက်သော လူ့အခွင့်အရေးမှန်သမျှကို ပြည်ထောင်စုတိုင်းရင်းသားတိုင်း တန်းတူညီမျှမှု မဆုံးရှုံးရေးအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ရန်။ (၅) ပြည်နယ်အသီးသီးရှိ လူမျိုးစုတိုင်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရန်။ (၆) ဤအဖွဲ့တွင် ပါဝင်သော ပြည်နယ်များသည် ပြည်နယ်များနှင့် သက်ဆိုင်လာမည့် ကိစ္စအ၀၀တို့တွင် တညီတညွတ်တည်း စုပေါင်း၍ ပြဿနာရပ်များကို တစည်းတလုံးတည်း ဆောင်ရွက်ရန်” စသဖြင့်ဖြစ်သည်။

ထိုရှမ်းမူစာတမ်းနှင့်ပတ်သက်၍ ဇူလိုင်လ (၁၁) ရက်နေ့တွင် ၀န်ကြီးချုပ် ဦးနုသည် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် ဦးနုက “ရှမ်းမူနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ လေ့လာပြီးတဲ့အတွက် ဒီနေ့ သတင်းစာကွန်ဖရင့်ခေါ်ကာ ပြောပြခြင်းဖြစ်ပါတယ်။ ကျနော် လေ့လာကြည့်တဲ့အခါမှာ သူတို့လုပ်နေတာ မမှားဘူး။ ပြည်ထောင်စုအစိုးရက ယခုအပတ် ပါလီမန်တွင် ဖြစ်နိုင်ရင် အခြေခံဥပဒေထဲမှာ လုပ်ငန်းလုပ်ရာမှာ အခက်အခဲတွေ့နေတဲ့ ပုဒ်မတွေကို ပြင်ဖို့ စိတ်ကူးခဲ့ပြီး ပြင်ဆင်ချက်ရှိတာတွေကို ပြင်ချင်ရင် တင်ပြရန် ခွင့်ပေးချက်အရ လုပ်ကိုင်ကြခြင်းသာဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက်အရ ဒါတွေ လိုချင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီး တောင်းတာဟာ ဒီမိုကရေစီအခွင့်အရေးကို သူတို့အသုံးပြုခြင်းသာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီမိုကရေစီအခွင့်အရေး သုံးတာကို အစိုးရအဖွဲ့က စိတ်ဆိုးစရာမရှိဘူး။ … ရှမ်းမူရေးဆွဲခြင်းကို စိတ်မဆိုးဘူး။ … ဒါပေမယ့် တိုင်းပြည်မှာ သို့လောသို့လော အထင်မှားဖြစ်တယ်။ ကျနော့်အနေနဲ့လည်း အထင်မှားချက် တချက်နှစ်ချက် ရှိခဲ့တယ်။ ဒီအထင်မှားချက်တွေကို စ၀်ခွန်ချိုနဲ့ နှစ်ကြိမ်တွေ့ဆုံပြီး ရှင်းလင်းပြောပြတဲ့အခါမှာ အထင်မှားချက်တွေ ပျောက်ကုန်တယ်။ … … … အခု သူတို့လုပ်နေတဲ့ လမ်းစဉ်ဟာ ပေးရင်ပေး မပေးရင် ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်၊ ကျနော်တို့ကလည်း မင်းတို့ချရင် ဒို့ကလည်း ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်”

“ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲစေချင်ရင် ငါတကော ကော၍မရဘဲ တိုင်တိုင်ပင်ပင်နဲ့ လုပ်ကိုင်သွားပြီး အဖြေရှာရပါမယ်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲချင်ရင် မလိမ့်တပတ်မလုပ်နဲ့။ မိသားစုအနေနဲ့ ဖြေရှင်းသွားကြရန်၊ လူနည်းစုတွေရော မြန်မာတွေကိုပါ ဒီနေရာက သတိပေးလိုက်ပါတယ်။ ရှမ်းမူခေါ်တဲ့ ဖက်ဒရယ်မူကို မျက်လုံးမပြူးကြပါနဲ့။ မိသားစုအနေနဲ့ ရှင်းသွားပါမယ်” ဟု ဦးနုက ရှင်းလင်းပြောဆိုခဲ့သည်။

ထိုအခြေအနေများကိုကြည့်လျှင် ရှမ်းမူစာတမ်းမှာ ပြည်ထောင်စုစစ်စစ်ဖြစ်ရေးကို တောင်းဆိုသော်လည်း ခွဲထွက်ရန်သဘော လုံးဝမတွေ့ရချေ။

ဝန်ကြီးချုပ် ဦးနု ရှမ်းမူသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်နေ့မှာပင် (ဖက်ဒရယ်မူနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ သဘောထားကြေညာချက်) ကို ဖြန့်ဝေခဲ့သည်။ ကြေညာချက်တွင် ဖက်ဒရယ်မူနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပထစ၊ ဖဆပလ၊ ပမညတခေါင်းဆောင်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အမှူးပြုသော ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များ၊ သတင်းစာဆရာမျာနှင့် စာရေးဆရာများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ လူမျိုးပေါင်းစုံချစ်ကြည်ရေး လူမျိုးစုတိုင်း တန်းတူညီမျှရေးနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်မူရေးဆွဲထားကြောင်း၊ ပါတီအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက လက်ခံတွေ့ဆုံကာ ညီရင်းအစ်ကိုသဖွယ် အကြံပေးဆွေးနွေးကြသည်ကို အားရကျေနပ်ကြောင်း၊ ပြည်နယ်ပေါင်းစုံညီလာခံနှင့် ထိုညီလာခံတွင် ဖွဲ့စည်းလိုက်သော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းပြခွင့်ရသဖြင့် ဖက်ဒရယ်မူနှင့်ပတ်သက်၍ သံသယနှင့် အထင်အမြင်လွဲမှားမှုများ ပပျောက်ကာ ပြည်မနှင့် ရှမ်းပြည်နယ်အကြား နားလည်မှုပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

၁၉၄၇ အခြေခံဥပဒေတွင် ချို့ယွင်းချက်များ ဖြစ်ခဲ့ရခြင်းနှင့်စပ်လျဉ်း၍ ဦးထွန်းမြင့် (တောင်ကြီး) က ၁၉၆၂ ဖေဖော်ဝါရီ (၂၄) ရက်နေ့က ရန်ကုန်၊ ပြည်လမ်း၊ အသံလွှင့်ရုံခန်းမ ပြည်ထောင်စုမူဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောခဲ့ဖူးသည်။ …
(တိုင်းပြည်ပြုလွှတ်တော်တွင် အခြေခံဥပဒေရေးဆွဲကြစဉ် ကော်မတီအစည်းအဝေးတခု၌ အခြေခံဥပဒေအကြံပေးအရာရှိ ဦးချန်ထွန်းက အခြေခံဥပဒေပြဋ္ဌာန်းချက်များ တပုံတခေါင်းကြီး ရေးဆွဲတင်ပြလာသည်ဟုဆိုသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဦးချန်ထွန်း၊ ခင်ဗျား လန်ဘားကျောက်ဒရား* တွေ ရေးနေလို့ ဘယ်ဖြစ်မလဲ။ Broad Principle ကျယ်ပြန့်တဲ့ သဘောတရားလောက်ပါရင် တော်ရောပေါ့။ လွတ်လပ်ရေးရပြီးတဲ့နောက် လိုတာတွေကို By Act ပါလီမန်မှာ အက်ဥပဒေလုပ်ရင် ပြီးတာပဲ။ ဒီလောက် ရှည်ရှည်လျားလျားနဲ့ လုပ်နေရင် နှစ်လ၊ သုံးလနဲ့ ဘယ်မှာပြီးနိုင်ပါ့မလဲ” စသဖြင့် ပြောခဲ့သည်ဟု ဦးထွန်းမြင့်က ဆိုသည်။ ထို့ပြင် ဗိုလ်ချုပ်က “ဥပဒေဆိုတာ Gospal Truth ဘုရားဟောတွေ မဟုတ်ပါဘူး။ လူလုပ်ထားတဲ့ ဥပဒေကို လူက ပြင်လို့မရဆိုတာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး။ ပြင်ဆင်ချင်တဲ့ စေတနာရှိ မရှိက အရေးကြီးပါတယ်” ပြောခဲ့ကြောင်း ဦးထွန်းမြင့်က သူ့အသံလွှင့်ရုံ မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။ *လန်ဘားကျောက်ဒရား = ကုလားစကား = ရှည်လျားသောဟု အနက်ဆိုလိုသည်။) ယခု နာဂစ်ဖွဲ့စည်းပုံကို ပြန်ပြင်ဆင်မှု မပြုနိုင်ရန် လုပ်ထားပုံအရ စစ်ဗိုလ်များ၏ စေတနာကို မြင်နိုင်သည်။

ဤသမိုင်းအဖြစ်အပျက် ပုံကြမ်းကို အကျဉ်းမျှ တင်ပြရသည့် ရည်ရွယ်ချက်မှာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက် ဗိုလ်နေ၀င်း၏ ကလိန်ကျမှုကို သိသာစေရန် ဖြစ်သည်။ ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်ကြောင့် မလွှဲမရှောင်သာ နိုင်ငံတော်အာဏာကို ၀င်ရောက်ထိန်းသိမ်းခဲ့ရကြောင်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက ပြည်သူလူထုအား လိမ်လည်လှည့်ဖြားကာ အာဏာသိမ်းခဲ့သည်။ ဒီမိုကရေစီနည်းအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ငြင်းကြခုန်ကြဆွေးနွေးကြရသည်မှာ ကမ္ဘာနှင့်အ၀ှမ်းတွင် ဖြစ်ရိုးဖြစ်စဉ်ကိစ္စမျှသာဖြစ်သည်။ ဤသို့ဆွေးနွေးငြင်းခုန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ် မရှိပေ။

တကယ့်စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ခဲ့ချိန်မှာ တော်လှန်ရေးကောင်စီက လမ်းစဉ်ပါတီထောင်သည့်အချိန် ဖြစ်သည်။ လမ်းစဉ်ပါတီမထောင်မီ ဗိုလ်နေ၀င်းက ပထစ၊ ဖဆပလနှင့် ပမညတခေါင်းဆောင်များအား မတ်လ (၄) ရက်တွင် တကြိမ်၊ မေလ (၇) ရက်တွင် တကြိမ်နှင့် မေလ (၁၇) ရက်တွင် တကြိမ် (၃) ကြိမ် သီးခြားစီတွေ့ခဲ့သည်။ ပထမအကြိမ်တွင် မလွှဲသာ၍ အာဏာသိမ်းရကြောင်း ရှင်းပြသည်။ ဒုတိယအကြိမ်တွင် တော်လှန်ရေးကောင်စီ၏ ဧပြီ (၃၀) ရက်နေ့ ထုတ်ပြန်သည့် ၀ါဒသဘောထားကြေညာချက်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရှင်းပြသည်။ တတိယအကြိမ်တွင် နိုင်ငံရေးပါတီများက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အပေါ် မည်သို့သဘောထားကြောင်း မေးမြန်းသည်။ ထိုအချိန်မှစ၍ နိုင်ငံရေးပါတီများအတွင်း သဘောထားကွဲမှုများ ဖြစ်ပွားခဲ့သည်။

၁၉၆၂ ခု ဇူလိုင်လ (၄) ရက်တွင် လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ် ထူထောင်လိုက်သောအခါ ဖဆပလ၊ ပထစ၊ ပမညတ ခေါင်းဆောင်များသည် တော်လှန်ရေးကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့တွေ့ဆုံမှု၊ ၎င်းတို့ပါတီအသီးသီး၏ လမ်းစဉ်ပါတီအပေါ် သဘောထားထုတ်ပြန်ကြေညာချက်များ၊ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ၊ ဆွေးနွေးပွဲများ လုပ်ခဲ့ကြသည်။ လက်အောက်ခံပါတီများ၊ အလုပ်သမား လယ်သမားသမဂ္ဂများအထိ လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေး အကြီးအကျယ် သဘောထားကွဲခဲ့ကြသည်။ ဤသို့ဖြင့် ပါတီပေါင်းစုံမှ နိုင်ငံရေးသမားအများအပြား လမ်းစဉ်ပါတီဝင်ရေး ဆုံးဖြတ်၍ စစ်တပ်ပါတီကို အလုပ်အကျွေးပြုခဲ့ကြသည်။ လမ်းစဉ်ပါတီဆန့်ကျင်သူများ ထောင်ကျတန်းကျ ဖြစ်ကြရသည်။ ပါတီစုံပါလီမန်ဒီမိုကရေစီစနစ်လည်း နင်းခြေခံလိုက်ရသည်။

ထိုစဉ်က စစ်အာဏာသိမ်းမှုကို နိုင်ငံရေးသတိရှိရှိ ကန့်ကွက်ရှုတ်ချခဲ့ကြသော အဖွဲ့အစည်းများတွင် ကျောင်းသားသမဂ္ဂများမှာ ထိပ်ဆုံးကဖြစ်သည်။ လူငယ့်တပ်ဦး (ဗမာနိုင်ငံ) နှင့် မဟာမိတ် (၁၀) ဖွဲ့တို့က “စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ရှုတ်ချကြ” ကြေညာချက်များ ဖြန့်ဝေခဲ့သည်။ မန္တလေးခရိုင် လူငယ့်တပ်ဦး၊ တက္ကသိုလ်တပ်ဦးသစ်၊ ရခိုင်သံဃာ့တပ်ဦး (ဗဟိုဌာနချုပ်)၊ ရခိုင်သောတုဇန(သစ်)ဌာနချုပ်၊ စစ်ဆန့်ကျင်ရေး သံဃာ့အဖွဲ့ဌာနချုပ်၊ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများအဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့် ပုသိမ်ကောလိပ် ကျောင်းသားသမဂ္ဂများ အစရှိသော အဖွဲ့များကလည်း စာရွက်စာတမ်းများ ထုတ်ပြန်ရှုတ်ချခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်သားညီညွတ်ရေးတပ်ဦး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ဗကသတို့၏ ၁၉၆၂၊ (၇) ဇူလိုင် အရေးတော်ပုံသည် ထင်ရှားသော သမိုင်းသာဓကဖြစ်သည်။ ယနေ့လည်း ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ကျောင်းသားများပင် ဦးဆောင်နေသည်။

ယခု လက်ငင်းဖြစ်ပေါ်နေသည့် စစ်အာဏာသိဒ္ဓိတင်မည့် ရွေးကောက်ပွဲ ၀င်ရေး-မ၀င်ရေးပြဿနာမှာ ဗိုလ်နေ၀င်းခေတ် လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေးနှင့် သံတူကြောင်းကွဲဖြစ်ပေသည်။ စစ်အာဏာရှင်၏ ခွေးကတက်တွင် နိုင်ငံရေးလုပ်ပိုင်ခွင့် (Political Space) ရနိုးနိုးဖြင့် မိမိတို့ယုံကြည်ချက်ကို စွန့်၊ မိမိတို့ပါတီကို ဖျက်သိမ်းကာ၊ ကျွန်ခံခဲ့ကြရဖူးသည့် သမိုင်းအတွေ့အကြုံကို ပြန်လည်စောင်းငဲ့ကြည့်သင့်၏။ ယခုရွေးကောက်ပွဲအခင်းအကျင်းက သာမန်နိုင်ငံရေးပါတီများအတွက် ခွေးကတက်မှာပင် နေရာမရှိကြောင်း မြင်နေရသည်။ ရွေးကောက်ပွဲဥပဒေစည်းမျဉ်း အကန့်အသတ်များ၊ မလျှော်အာဏာသုံး ဟန့်တားမှုများ၊ ငွေကြေးအခက်အခဲ အတားအဆီးများနှင့် အာဏာပါးကွက်သား အင်အားသုံးခြိမ်းခြောက်မှုများအပြင် နောက်ထပ် မမြင်သာသော အနှောင့်အယှက်များလည်း ရှိလိမ့်ဦးမည်။

တိုင်းရင်းသားပါတီများ အခြေအနေကောင်းမည်လားဟု မျှော်လင့်နေကြသည်။ ၁၉၄၇ ကတည်းကစခဲ့သော ဖက်ဒရယ်ပြည်ထောင်စုမူကို စစ်တပ်က လုံးဝပယ်ချ တိုက်ဖျက်နေဆဲရှိသည်ကို မမေ့သင့်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ယခုစစ်အာဏာရှင်တို့၏ အဓိက နိုင်ငံရေးပဋိပက္ခမှာလည်း ဖက်ဒရယ်ပြည်ထောင်စုကိစ္စပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေး လမ်းစဉ်အတိုင်း သွားနေသည်။ စစ်တပ်က ဟန်ပြ ပြည်ထောင်စုဖြင့် ဗဟိုအစိုးရက အာဏာအလုံးစုံ ချုပ်ကိုင်ရေး လမ်းစဉ်အတိုင်းသွားရန် ယခုရွေးကောက်ပွဲကို ပြင်နေခြင်းဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိဒ္ဓိတင်ရေး ရွေးကောက်ပွဲသည် အဖြည့်ခံ နိုင်ငံရေးပါတီများအတွက် ထောင့်စေ့အောင် ဆင်ထားသော သတ်ကွင်းထောင်ချောက်ဖြစ်သည်။ လေးလေးနက်နက် စဉ်းစားသင့်လှ၏။


စစ်တပ်၏ လက်သုံးဝါဒဖြန့်ချက်ဖြစ်သည့် “ပြည်ထောင်စုကြီး ပြိုကွဲမည့်အန္တရာယ်” ဆိုသည်မှာ တိုင်းရင်းသားအချင်းချင်း သွေးကွဲစေရန်၊ စစ်အာဏာခိုင်မြဲစေရန်၊ ကောလာဟလ ထုတ်လွှင့်ချက်ဖြစ်သည်ကို မမေ့သင့်။ တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်လျှင် စစ်အာဏာသက်ဆိုးမရှည်နိုင်။ ဤသတ်ကွင်းထောင်ချောက်မှ လွတ်မြောက်ရေးအတွက် ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသားလူမျိုးအားလုံး ညီညီညွတ်ညွတ် ပိုင်းဖြတ်မှုရှိရှိ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြင်ဆင်ကြရပေလိမ့်မည်။

ကိုးကား ။ ။

(၁) ၁၉၅၈-၁၉၆၈ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) - ဦးမြဟန်နှင့် ဦးသိန်းလှိုင် ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်သည်။ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ။ ဒုတိယနှိပ်ခြင်း။
(၂) မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ၊ ၁၉၆၂-၁၉၇၄၊ (ပထမတွဲ) - ဦးမြဟန်၊ ဒေါက်တာ ဒေါ်ခင်လှဟန်၊ ဦးကျော်ငြိမ်း၊ ဦးသန်းလွင်၊ ဦးစိန်မြင့်တို့ ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်သည်။ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၃ ခုနှစ် မေလ။ ပထမနှိပ်ခြင်း။
http://www.khitpyaing.org/index.php?route=detail&id=3665

အရပ်သားလွှတ်တော်၊ ဘောင်းဘီဝတ် ဥပဒေနှင့် ဒီမိုကရေစီ ဗလုံးဗထွေးဆီသို့

မောင်အောင်ထက် | အင်္ဂါနေ့၊ သြဂုတ်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၄၅ မိနစ်

“အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်တဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်” ဒေါ်အောင်ဆန်းစုကြည် (၁၉၉၈ ခုနှစ်၊ မေလ ၂၈ ရက်)

(က)

သြဂုတ်လ ၁၃ ရက်နေ့က ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာချက်အမှတ် ၈၉/၂ဝ၁ဝ နှင့် ကြေညာချက်ကို စစ်အုပ်စုမှ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ဆိုင်းမဆင့် ဗုံမဆင့်ပင်။ ၈၅ ရက်ခွာကာ ကြေညာလိုက်သော ရွေးကောက်ပွဲသည် မည်မျှတရားမျှတမှုရှိမည်၊ မည်မျှလွတ်လပ်မှုရှိမည်ကို မည်သူမျှ ကံသေကံမ,မတွက်ချက်နိုင်သေး။

သို့သော်လည်း တရားမျှတမှု အရှိဆုံးနှင့် အကြမ်းဖက်မှု အကင်းဆုံးဟုဆိုခဲ့သည့် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲရလဒ်အား ယခု ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ချေဖျက်ကာ စစ်တပ်ကြီးစိုးသောလွှတ်တော်ကို နိုင်ငံတကာအသိအမှတ်ပြုစေရန် စစ်အုပ်စုက ကြံဆောင်နေခြင်းဖြစ်သည်ကိုမူ ငြင်း၍မရချေ။

နှစ်,နှစ်ဆယ်ကျော်ကြာ ပြတ်လပ်နေခဲ့ရသည့် ရွေးကောက်ပွဲအား ပြည်သူတို့လိုလားတောင့် တသော်လည်း စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအား အပြည့်အဝယုံကြည်၍မရနိုင်။ မြန်မာပြည်သူလူထုသည် တရားမျှတပြီး လွတ်လပ်သည့် ဒီမိုကရေစီအစိုးရကို လိုလားတောင့်တနေသည်မှာ အချိန်ကာလအားဖြင့် အတော်အတန် ကြာမြင့်ပြီ ဖြစ်သည်။

(ခ)

“ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအနေဖြင့် မိမိတို့ကိုအုပ်ချုပ်မည့်သူများကို ရွေးချယ်ပိုင်ခွင့် (သို့မဟုတ်) ငြင်းပယ်ပိုင်ခွင့်ဟူသည့် အခွင့်အလမ်းကို ရရှိစေခြင်းပင်ဖြစ်လေသည်” ဟူသည့် စကားတခွန်းရှိခဲ့သည်။ ဒီမိုကရေစီအတွက် ရွေးကောက်ပွဲသည် မရှိမဖြစ်။ သို့သော် တရားမျှတမှုနှင့် လွတ်လပ်မှုတို့ရှိရန်သည် အလွန်အရေးကြီးသည်။

နှစ်,နှစ်ဆယ်ကျော်ကျော် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား အသွယ်သွယ်ကို ဘိုးဘွားပိုင်အမွေသဖွယ် ဖက်တွယ်ထားသည့် စစ်အုပ်စုသည် ဖြစ်နိုင်လျှင် အာဏာအား မည်သူ့မျှ မပေးလို။ တိုင်းပြည်အား “အဖေသေ၊ သားနန်းရ” စနစ်မျိုးအတိုင်း အမျိုးတော် အဆွေတော်တို့ဖြင့် စဉ်ဆက်မပြတ် လက်ဝါးကြီးအုပ်ထားလိုသည်မှာ ဆိုဖွယ်ရာပင်မရှိ။

အလုပ်လက်မဲ့ထူပြောလှသော တိုင်းပြည်တွင် ပြည်သူသည် စစ်အုပ်စု၏ ရွေးကောက်ပွဲအား စိတ်ဝင်စားဟန် မပြ။ တက်လာသည့်အစိုးရများအနေဖြင့် သူတို့၏လွတ်လပ်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်ရန်သာ အရေးကြီးသည် ဟုဆိုသည်။ ထို့ကြောင့် မည်သည့်အစိုးရပင်ဖြစ်ဖြစ် သူတို့အတွက် အရေးမကြီး။ အရေးကြီးသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ဆုံးရှုံးနေရသည့် သူတို့အခွင့်အရေးများကို ဖန်တီးပေးနိုင်မည့် အစိုးရတရပ်ဖြစ်ဖို့သာ အရေးကြီးသည်။

အများအစုအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် လွတ်လပ်မှုမရှိသော တိုင်းပြည်သည် အနှစ်၊ နှစ်ဆယ်ကျော်လုံးလုံး အာဏာရှင်တစု၏ ထင်သလို ခြယ်လှယ်မှု လက်အောက်တွင် စိစိညက်ညက် ကျေနေခဲ့ပြီမှာ ဆိုဖွယ်ရာပင်မရှိ။ အနှစ်,နှစ်ဆယ်ကျော်အတွင်း ပြည်သူလူထုကြီး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအတွက် ထိရောက်သည့် ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို တွန်းတွန်းတိုက်တိုက် လုပ်သည်ဟူ၍မတွေ့ရ။

ထိုနေရာများတွင်သုံးစွဲရမည့် စားရိတ်များအား စစ်တပ်အခိုင်အမာ တည်ဆောက်ရေးနှင့် စစ်လက်နက် ဝယ်ယူစုဆောင်းရေးဘက်တွင် အိတ်သွန်ဖာမှောက် အပြည့်အဝ အသုံးပြုခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သော်လည်း လုပ်ဆောင်နေသည့်သူများအား ဟန့်တား နှောင့်ယှက်ရန်အတွက်မူ စစ်အုပ်စုသည် ဝန်လေးခြင်းမရှိ။

ယခု စစ်အုပ်စု ကျင်းပပေးမည့်ရွေးကောက်ပွဲအား မည်သည့် “တရားမျှတမှုပေတံ”မျှနှင့်ပင် တိုင်းကြည့်ရန်မလို။ ထင်ထင်ရှင်းရှင်းပင် တွေ့နိုင်မြင်နိုင်သည်။ စစ်အုပ်စုပုံဖော်နေသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် ပျက်ပြားဦးမည်ဆိုသည်မှာ၂ဝဝ၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့်ပင်သိမြင်ပြီး ဖြစ်သည်။

(ဂ)

မြန်မာနိုင်ငံတွင် လူဦးရေ ၅၉ သန်းရှိသည့်အနက် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့်သူမှာ သန်း ၃ဝ ခန့် ရှိသည်ဟူသော ထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ ထောက်တိုင် ပါတီကြီးဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အမည်ပြောင်းထားသော ကြံဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သူ စက်မှု ၁ ဝန်ကြီးက ရွေးကောက်ပွဲတွင် မဲတဝက်ကျော်ဖြင့် ကြံ့ဖွံ့ပါတီ အပြတ်အသတ်နိုင်မည်ဟု ကြွေးကြော်ထား၏။

တဘက်မှလည်း သူလိုကိုယ်လို ပါတီတခုက ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းသည်ကို ဝိုင်းဝန်း၍ ရိုက်နှက်လိုက်ကြပြန်သည်။ ပါတီအလံ၊ တံဆိပ်၊ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးပစ်ပြန်သည်။ ရွေးကောက်ပွဲတခုအတွက် အပြိုင်အဆိုင်စည်ရုံးလှုပ်ရှားမှုများ ပြုလုပ်နေသည့် ပါတီအများသည်ပင် ကျောထောက်နောက်ခံ မတူညီသည့်အတွက် အခွင့်မတူ၊ အာဏာမတူ။

၂ဝဝ၃ ဒီပဲယင်းလုပ်ကြံမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး နာမည်ဆိုးဖြင့်ကျော်ကြားလာသည့် ကြံ့ဖွံ့၏နာယက အကြီးအကဲသည်လည်း စစ်တပ်ထိပ်သီး အကြီး၊အကဲပင်။ အသင်းမှ ပါတီဖြစ်လာပြီးနောက်ပိုင်းတွင်လည်း ဦးစီးဦးဆောင်တို့သည် “ဗိုလ်” မှ “ဦး” သို့ ပြောင်းလဲ နာမည်ခံထားသူများသာဖြစ်သည်။

ပို၍ဆိုးသည်မှာ ကြံ့ဖွံ့ပါတီ နိုင်ငံတော်စရိတ်ဖြင့် စည်းရုံးရေးဆင်းနေသည်ကို ကျန်ပါတီများက မနှစ်မြို့နိုင်။ လက်မခံနိုင်။ ဖြစ်လည်း မဖြစ်သင့်သည့် အဖြစ်ပင်။ ကြံဖွံ့ပါတီမှ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနေချိန်တွင် တခြားသောပါတီ သုံးဆယ်ကျော်၊ လေးဆယ်ခန့်တို့မှာ ငွေကြေးအခက်အခဲနှင့် အချိန်အကန့်အသတ် များကြားတွင် စစ်အုပ်စု၏ နှောင့်ယှက်မှုများကိုပါ ခံနေရသည်။

ကိုယ်စားလှယ်တဦးလျှင် ၅ သိန်းဟူသော ငွေပမာဏသည် တိုင်းပြည်တွင်း ရှာဖွေရသည်မှာ ထင်သလောက် မလွယ်ကူ။ ပါတီ၏ အာဘော်၊ အမြင်နှင့် လေ့လာစရာသတင်း အချက်အလက်တို့ကိုပင် ကိုယ်စားလှယ်လောင်း ရွေးချယ်ဆန္ဒအတည်ပြုပေးမည့် ပြည်သူထံသို့ လွတ်လပ်စွာထုတ် ဖော်ပြသခွင့်မရ။ အားလုံးအကန့် အသတ်များဖြင့်သာ။

အတိုက်အခံတို့၏လှုပ်ရှားမှုကို သည်းခံလေ့မရှိသည့်နိုင်ငံတွင် တပါတီအာဏာရှင်စနစ် ထွန်းကားနေသည်မှာ မဆန်း။ သို့သော် ပြည်သူအား မမေ့သင့်။ အစိုးရမှနေ၍ ပြည်သူဟူ၍ ပေါ်ပေါက်လာသည်မဟုတ်။ ပြည်သူထံမှသာ အစိုးရဖြစ်ထွန်းလာခြင်းဖြစ်သည်။ ထိုအရာ အား အာဏာရှင်တို့ မမေ့သင့်။

(ဃ)

စစ်အုပ်စုပုံဖော်နေသော ကန့်သတ်ချက်များလွန်းလှသည့် အခြေခံဥပဒေသည် သူတို့အတွက်မူ ကန့်သတ်ချက်မရှိ။ အတားအဆီးမရှိ။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်တွင်လည်း အာဏာမရှိ။ အထက်က ညွှန်ကြားချက်ကို စောင့်ဆိုင်းရင်းဖြင့်သာ အလုပ်,လုပ်နေရသည်။ မည်သည့်နိုင်ငံ၊ မည်သည့်ဒီမိုကရေစီ အစိုးရတရပ်တွင်မှ တွေ့ရ၊ ကြားရခြင်းမရှိသည့် လုပ်ရပ်ဖြစ်သည်။ အမှန်တကယ်တွင် စစ်အုပ်စုသည် ပြည်သူ့သာယာဝပြောရေးကို လျစ်လျူရှု့ကာ ဒီမိုကရေစီအရေကို ခြုံလွှမ်းရန် ကြိုးစားနေခြင်းသာဖြစ်သည်။

ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် နိုင်ငံတကာအသိအမှတ်ပြု မူတခုပြောင်းလဲလိုက်ခြင်း မျှသာဖြစ်ပြီး၊ လူကမူ ပြောင်းလဲခြင်းရှိမည်မဟုတ်သည်မှာ စစ်ဘက်မှအရပ်ဘက်သို့ ပြောင်းလဲလိုက်သည့် စစ်ဗိုလ်ချုပ်ကြီးများက သာဓကဖြစ်သည်။

အနှစ်,နှစ်ဆယ်ကျော် တရားမဝင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည်၏သံယံဇာတတို့ ကွယ်ပျောက်ကုန်သလို၊ တတ်သိပညာရှင်များလည်း ယိုစိမ့်ခဲ့ရသည်။ ပြည်တွင်းစစ်မီး တောက်လောင်မှု အောက်တွင် ပြည်သူအပေါင်းတို့ ဒုက္ခပေါင်းစုံကို ခါးစည်းခံခဲ့ရသလို အလုပ်အခွင့်အလမ်း ဖန်တီး မပေးနိုင်မှုတွင် လုပ်အားရင်းမြစ်များ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများပြဿနာ၊ တိုင်းရင်းသား ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ လူကုန်ကူးမှုပြဿနာတို့ဖြင့် စစ်အုပ်စု အုပ်စိုးသည့်တိုင်းပြည်သည် ပြဿနာတို့ဖြင့်သာ ပိုမိုကျဉ်းထဲကျပ်ထဲ ရောက်ခဲ့ရသည်။

စစ်အုပ်သည် ထိုအရာများကို မသိမဟုတ်။ သိပါသည်။ မသိကျိုးနွံကျွန် ပြုနေခြင်းသာဖြစ်သည်။ “ဘယ်သူ သေသေ၊ ငတေမာရင်ပြီးရော” ဟူသော စိတ်ဓာတ်ဖြင့် စစ်အုပ်စုသည် ကမ္ဘာမီးလောင် သားကောင်ချနင်းကာ နိုင်ငံတကာအလယ် မျက်နှာပြောင်တိုက်ဝံ့ခဲ့သည်။

နိုင်ငံသားတိုင်းနှင့် ဆက်စပ်နေသည့် နိုင်ငံ့အရေးသည် ပြည်သူတို့၏ နေ့စဉ်ဘဝများနှင့် တနည်းတဖုံ ဆက်စပ်လျှက်ရှိသည်။ ပြည်သူ့အရေးကို ပြည်သူသာလျှင် ဆုံးဖြတ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်ခွင့် ရှိရမည် ဖြစ်သည်။ ထိုသည်များကို စစ်အုပ်စုက ဆက်လက်လျစ်လျူရှုနေဦးမည်ဆိုလျှင်၊ စစ်ဗိုလ် တမတ်သားပါ အရပ်သား လွှတ်တော်အတွက် ဘောင်ဘီးဝတ်ရင်း ရေးဆွဲထားသည့်ဥပဒေသည် ပြည်သူလူထုအား ဒီမိုကရေစီကို ဗလုံးဗထွေး ရေရွတ်ပြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
http://www.mizzimaburmese.com/edop/songpa/5911-2010-08-24-06-19-11.html

ရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ပဉ္စလက် ဂဏန်းများ


ရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ပဉ္စလက် ဂဏန်းများ

Share/Save/Bookmark နောက်ဆုံး မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တယောက် အများမျှော်လင့် စောင့်ဆိုင်း နေတဲ့ ရွေးကောက်ပွဲ နေ့ကို နိုဝင်ဘာ လ ၇ ရက် အဖြစ် ရွေးချယ် သတ်မှတ် လိုက်ပါပြီ။ အသက်အရွယ် အိုမင်းနေပြီ ဖြစ်တဲ့ အာဏာရှင်ကြီးက သူ့ရဲ့လုပ်ကြံ ဇာတ်ထုပ် အတိုင်း ရှေ့ဆက်လျှောက်ဖို့ အရာရာ အဆင်သင့်ဖြစ်နေပုံရပါတယ်။ ဒါပေမယ့် သူအမြဲတစေ အားကိုး အားထား ပြုလေ့ရှိတဲ့ ဗေဒင် ဆရာတွေရဲ့အကြံဉာဏ် မပါဘဲနဲ့ ဒီလို သတ်မှတ်ခဲ့တာတော့ မဟုတ်လောက်ပါဘူး။

တကယ်တော့လည်း ဒီအစဉ်အလာက အသစ်အဆန်းရယ်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်တဲ့ နိုင်ငံတခုလို့ အများက သိကြပေမယ့် ဗေဒင် လက္ခဏာ၊ ဂမ္ဘီရ၊ ဂဏန်းတွက်ကိန်း၊ အောက်လမ်း အထက်လမ်း နဲ့ နတ်ကိုးကွယ်တဲ့ အလေ့အထ ယုံကြည်သူတွေကို မြန်မာ့ လူ့အဖွဲ့အစည်းအလွှာတိုင်းမှာ တွေ့နိုင်ပါတယ်။ ကျေးလက် အရပ်သားတွေကနေ စီးပွားရေးသမားတွေ၊ စစ်အစိုးရအဖွဲ့ဝင်တွေအထိ အဲ့ဒီ ကိုးကွယ် ယုံကြည်မှုတွေ ရှိနေကြတာပါ။ ဥစ္စာဓနကြွယ်ဝ ချမ်းသာလာဖို့၊ အောင်မြင်မှုတွေ ရလာဖို့နဲ့ ကြမ္မာဆိုးတွေ မောင်းထုတ်ဖို့ဆိုတဲ့ မျှော်လင့်ချက် တွေနဲ့ ဗေဒင် ဆရာတွေထံမှာ သူတို့ အကြံဉာဏ် တောင်းယူ တတ်ကြပါတယ်။

ခေတ်သစ်မြန်မာ့သမိုင်းမှာလည်း နိုင်ငံ အုပ်ချုပ်သူတွေက အတိတ်နိမိတ်ကောင်းမယ့် နေ့ရက်၊ အချိန်နဲ့ အမည် သတ်မှတ် တိုင်းမှာ ရှေ့ဖြစ်ဟောဆရာတွေဆီက အကြံဥာဏ်တောင်းယူလေ့ရှိပါတယ်။ ငွေစက္ကူ ထုတ်တာကအစ သူတို့ ပါဝင် ပတ်သက် ကြပါတယ်။

ဥပမာ တချို့ပြရရင် ဗြိတိသျှဆီက လွှဲပြောင်း ရယူခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးကို တရားဝင် ကြေညာတာတောင်မှပဲ ဗေဒင် ဆရာတွေရဲ့ ဟောကိန်းအတိအကျအတိုင်း ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် မနက်လင်းအားကြီး ၄ နာရီ မိနစ် ၂၀ တိတိ မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၇ မှာ ကွယ်လွန်သူ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်းက ၄၅ ကျပ်တန် နဲ့ ၉၀ ကျပ် တန်တွေ ထုတ်ခဲ့တုန်းကလည်း နံပါတ်တွက်ကိန်းအရ ၉ ဂဏန်းဟာ သြဇာရှိတဲ့ ဂဏန်းဖြစ်တဲ့အတွက် ဂဏန်းနှစ်ခုပေါင်း ရင် ၉ ဖြစ်မယ့် (၄+၅=၉ ၊ ၉+၀=၉)ငွေ စက္ကူတွေကို ယတြာ သဘောနဲ့ ထုတ်ခဲ့ပါတယ်။

အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း သူ့ ရှေ့ကဆရာကြီးတွေ လုပ်ခဲ့သလိုပဲ လုပ်ငန်းတွေကို ကွပ်ကဲ စီမံရာမှာ ဗေဒင် ဆရာ တွေရဲ့ အကြံဉာဏ်ကို သုံးပါတယ်။ ၂၀၀၅ ခုနှစ်က တိုင်းပြည်ရဲ့ အစိုးရရုံးစိုက်ရာ မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော် ပြောင်းရွှေ့တဲ့အခါမှာလည်း ဗေဒက၀ိ အကျော်တွေရဲ့အကြံပြုချက်နဲ့ပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြိုက်ဆုံးဂဏန်းက နံပါတ် ၁၁ ပါ။ သူ့အစိုးရကို ဒုက္ခ ၁၁ မီး ငြိမ်းရမယ်လို့ ဗေဒင် ဆရာတွေက အကြံဉာဏ်တွေပေးခဲ့တယ်လို့ သိရပါတယ်။ ဘာသာရေးမှာ အဲ့ဒီ ၁၁ မီးကို ရာဂမီး (လောဘမီး)၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေ၀မီး၊ ဒုက္ခမီး၊ ဒါမနဿမီးနဲ့ ဥပါယာသ မီးတွေလို့ ဆို ထားပါတယ်။

၂၀၀၈ ခုနှစ်မှာ ၈၈ ကျောင်းသားခေါင်းဆောင် တွေကို ထောင်ဒဏ် ၆၅ နှစ် (၆ + ၅=၁၁) ချမှတ်တာလည်း အဲ့ဒီ ၁၁ ဂဏန်းကြောင့်ပဲလို့ ယူဆရပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလဆိုတာလည်း နှစ်တနှစ်ရဲ့ ၁၁ လမြောက် လ ဖြစ်နေပြန်ပါတယ်။

ဒါကြောင့် အမေရိကန်အထက်လွှတ်တော် အမတ် ဂျင်မ် ၀က်ဘ်နဲ့ ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ခန့်မှန်းခဲ့တဲ့ အောက်တိုဘာ လ ၁၀ ရက် (၁၀၊ ၁၀၊ ၁၀) ရွေးကောက်ပွဲရက်ကို ဗိုလ်ချုပ်မှူးကြီး ဘာကြောင့် ပယ်ချ ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အလွယ်တကူနားလည်နိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ ဆုံးဖြတ်ချက်က သူ့ရဲ့ ကိုယ်ပိုင် လပ်ကီးနံပါတ် ၁၁ နဲ့ နမိတ်ကောင်းတဲ့ ၇ ဂဏန်း နှစ်ခုကို ရောသုံးထား တဲ့အပေါ်မှာ အခြေခံခဲ့ပုံရပါတယ်။ ၇ ဂဏန်းဆိုတာက သူနဲ့ သူ့အပေါင်းအပါ ဗိုလ်ချုပ်ကြီးတွေ တရက်မဟုတ် တရက်မှာ မွေးခဲ့မယ့် ရက်သတ္တပတ်မှာရှိတဲ့ နေ့အရေအတွက်လေ။ ၇ ရက် သားသမီးတွေ မဟုတ်လား။

ဆိုတော့ ၁၁ မီးကို နေပြည်တော်က ၇ ရက်သားသမီးတွေက ငြှိမ်းရမယ်ပေါ့။ ၁၁ နဲ့ ၇ ပေါင်းရင် ၁၈၊ ၁၈ ကို ၁ နဲ့ ၈ ခွဲပြီး ပေါင်းလိုက်ရင်လည်း(၁၁+၇=၁၈ ၊ ၁+၈=၉) လာပါပြီဗျ ၉ ဂဏန်း။

ပြည်ပက မြန်မာ့အရေး ဆောင်ရွက်နေသူတွေကြားမှာတော့ သူတို့နည်းသူတို့ဟန်နဲ့ အဲ့ဒီ ဂဏန်းတွေကို လှောင်ပြောင် အဓိပ္ပာယ်ဖေါ်နေကြလေရဲ့။ ၇ - ၁၁ ဆိုတာ ၂၄ နာရီပတ်လုံး လိုတဲ့အချိန် ဈေးဝယ်လို့ရတဲ့ (ဆဲဗင်းအလဲဗင်း) စတိုးပါတဲ့။

သူတို့ရဲ့ နိုင်ငံရေးဟာသ အဆိုအရ နေပြည်တော်ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တော်တွေကို မဲဆန္ဒ ရှင် ပြည်သူတွေက နိုဝင်ဘာလ ၇ ရက်နေ့မှာ မဖြစ်မနေ ၀ယ်ယူရတော့မှာပါတဲ့။ “၂၄ နာရီပတ်လုံး ဖိနှိပ်ချုပ်ချယ်မှု တွေ ပေးမယ့် ၀န်ဆောင်မှုလုပ်ငန်းပါပဲ။ ဒုက္ခရောက်ဖို့သာ ပြင်ပေတော့"လို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးအတွက်ကတော့ နိုဝင်ဘာရွေးကောက်ပွဲကနေ ဘယ်လိုရလဒ်မျိုးထွက်လာမလဲဆိုတာကို ခန့်မှန်းတွက်ချက် ဖို့ ဗေဒင်ဆရာတွေ မလိုပါတော့ဘူး။ မဲ လိမ်ကွက်တွေ၊ ခြယ်လှယ်မှုတွေ၊ ပြည်ခိုင်ဖြိုး လို့ ခေါ်တဲ့ ကြံ့ဖွံ့ ပါတီ ရဲ့ လက်ဝါး ကြီး အုပ်မှုတွေက သူ့ရဲ့အောင်ပွဲကို ၉၉ ဒါမှမဟုတ် ၉၂ ရာခိုင်နှုန်း(၉+၂=၁၁) အာမခံပေးလိမ့်မယ်လို့ မျှော်လင့်နေမှာ မလွဲပါ။ ၂၀၀၈ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲတုန်းကလည်း သူ အဲ့ဒီလိုပဲ လံကြုတ် လုပ်ခဲ့တာ မဟုတ်လား။

Than Shwe Juggles the Numbers in Choosing Election Date by Yeni ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။

ချီဂွေဗားရားနှင့် FOCO သီအိုရီ




ချီဂွေဗားရားဆိုတာ အာဏာရှင် Batista ကို ဖြုတ်ချပြီး Castro ကို ကျူးဘားခေါင်းဆောင်အဖြစ် တင်ပေးနိုင်ခဲ့တဲ့ ၂၆ လကြာ တော်လှန်ရေးကြီးကို ပါဝင်ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ပြီးကာလမှာ ကျူးဘားနိုင်ငံဟာ အရင်းရှင်အာဏာရှင် နိုင်ငံကနေ ဆိုရှယ်လစ်နိုင်ငံဖြစ်လာခဲ့သလို လူထုလူတန်းစားအလွှာအသီးသီးနဲ့ အစိုးရတို့ အကြားက ဆက်စပ်မှုသဏ္ဍာန်တွေလဲ ပြောင်းလဲလာခဲ့ပါတယ်။ အစိုးရသစ်မှာ ချီဟာ သြဇာအာဏာကြီးမားတဲ့ ပြည်ထဲရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ရပေမယ့်လဲ သူ့ရဲ့ အဓိက စိတ်ပါဝင်စားမှုကတော့ လက်တင်အမေရိကနဲ့ ကမ္ဘာတ၀ှမ်းမှာ အရင်းရှင်တော်လှန်ရေးတွေ ပေါ်ထွက်လာနိုင်ဖို့ပါပဲ။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တော်လှန်ရေးလက်စွဲကျမ်းတစောင်ဖြစ်တဲ့ Guerrilla War ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကို ကမ္ဘာတ၀ှမ်းလုံးမှာ ပုံနှိပ်ဖြန့်ဝေခဲ့ကြပြီး ဘာသာပေါင်းများစွာကို ပြန်ဆိုထားခဲ့ပါတယ်။ ချီရဲ့စာအုပ်ဟာ တကမ္ဘာလုံးက တော်လှန်ရေး သမားတွေအတွက် တော်လှန်ရေးနည်းနာတွေကို ညွှန်ပြပေးခဲ့ရုံသာမက တော်လှန်ရေးဝိဥာဉ်တွေကိုပါ နှိုးဆွပေးနိုင်ခဲ့ပါတယ်။ တော်လှန်ပုန်ကန်ခြင်း စစ်မက်ရေးရာနဲ့ ပတ်သက်တဲ့ ဂန္တ၀င်စာအုပ် စာတမ်းတွေထဲမှာ သူ့စာအုပ်လဲ အပါအ၀င် ဖြစ်ခဲ့ပါတယ်။


ချီဂွေဗားရားရဲ့ တော်လှန်ရေးသီအိုရီ


တော်လှန်ရေးတရပ်အောင်မြင်ဖို့အတွက် structural conditions တွေ ပြည့်စုံဖို့ လိုအပ်တယ်လို့ ချီက ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေတွေ အားလုံးပြည့်မှီလာအောင် စောင့်နေဖို့ မလိုပဲ ပြည့်မှီလာအောင် ပြုလုပ်ဖန်တီးဖို့ လိုအပ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။ ပထမဆုံးအခြေခံအကြောင်းရင်းကတော့ 'subjective structural condition' လို့ သူသတ်မှတ်ခဲ့တဲ့ အောင်စိတ်ပါပဲ။ တော်လှန်ရေးအောင်ပွဲခံရမယ်လို့ ယုံကြည်ချက်မရှိသူ တယောက်ဟာ တော်လှန်ရေးသမားတယောက် မဖြစ်နိုင်ဘူး လို့ သူက ဆိုခဲ့ပါတယ်။ ခိုင်မာတဲ့ ယုံကြည်ချက်စိတ်ဓာတ်အခံမရှိသူ တယောက်ဟာ တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ၊ အတားအဆီးတွေကို ကျော်လွှားနိုင်ခြင်းမရှိပဲ အလွယ်တကူ အရှုံးပေးစိတ်ဓာတ်ကျသွားနိုင်မယ်လို့ ချီက ယူဆထားခဲ့ပါတယ်။


Objective structural conditions လေးရပ်ကိုလဲ ချီက ခွဲခြားဖော်ပြထားခဲ့ပါသေးတယ်။ ပထမလိုအပ်တဲ့ အခြေအနေကတော့ neo-patrimonial အာဏာရှင်စနစ် ရှိနေခြင်းဖြစ်ပါတယ်။ အစိုးရအာဏာဟာ လူတယောက်ရဲ့ လက်ထဲမှာရှိနေမယ်၊ ဒီလူဟာ ကိုယ်ကျိုးစီးပွားကိုပဲ ရှေးရှုတတ်ပြီး လာဘ်စားသူ တယောက်ဖြစ်မယ်။ ဒီအာဏာရှင်ဟာ မတရားအာဏာသိမ်းပိုက်ထားတာဖြစ်ပြီး၊ တရားဝင်မှု တစုံတရာ (ရွေးကောက်တင်မြှောက်ခံထားရခြင်းစတာမျိုး) နဲ့ အာဏာရထားတာ မဖြစ်ဘူး ဆိုရင် တော်လှန်ရေးအောင်ပွဲရနိုင်မယ့် အခြေအနေတရပ်ရှိတယ်လို့ သူက ဆိုခဲ့ပါတယ်။ ချီရဲ့ အဆိုအရ တရားဝင်မှုဆိုတဲ့ အပိုင်းက အလွန်ကို အရေးကြီးပါတယ်။ နိုင်ငံတနိုင်ငံမှာရှိတဲ့ အစိုးရတရပ်ဆီမှာ constitutional legality ရှိနေခဲ့ရင် တော်လှန်ရေးရေချိန်ကို အရှိန်မြှင့်ဖို့ ခဲယဉ်းလို့ပဲ ဖြစ်ပါတယ်။


ဒုတိယလိုအပ်ချက်ကတော့ တော်လှန်ပုန်ကန်သူတွေ လှုပ်ရှားသွားလာနိုင်မယ့် တော်လှန်ရေး နယ်မြေဖြစ်ပါတယ်။ တော်လှန်ရေးနယ်မြေဆိုတာကို တောနက်ခြင်း၊ ကျောက်တောင် ကမ်းပါး အရံအတားများရှိခြင်းနဲ့ သဲကန္တာရများ ရှိခြင်းတို့ကြောင့် အစိုးရတပ်များ အလွယ်တကူ မရောက်နိုင်တဲ့ နေရာဒေသတွေအဖြစ် ချီက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ အစိုးရတပ်တွေဘက်က လက်နက်အင်အား သာလွန်လေ့ရှိတာကြောင့် တပ်လှုပ်ရှားမှုကို ကြန့်ကြာစေတဲ့ နေရာဒေသတွေကိုသာ တော်လှန်ရေး နယ်မြေအဖြစ် ရွေးချယ်သင့်ကြောင်း ချီက တိုက်တွန်းရေးသားထားခဲ့ပါတယ်။


တတိယအချက်ကတော့ တော်လှန်ရေးသမားတွေကို ကျေးလက်ဒေသ အမာခံပြည်သူလူထုရရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အခြေခံတဲ့ တော်လှန်ရေးတရပ်မှာ ကျေးလက်ပြည်သူတွေရဲ့ ထောက်ခံမှုမရရင် အောင်မြင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ ကျေးလက်ပြည်သူတွေအနေနဲ့ အစိုးရကို ဆန့်ကျင်သင့်တဲ့ အကြောင်းအရာမရှိရင် တော်လှန်ရေးသမားတွေကို ထောက်ခံခြင်းအားဖြင့် ကြုံတွေ့နိုင်မယ့် အစိုးရတပ်ရဲ့ အန္တရာယ်တွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပေးမှာ မဟုတ်တာကြောင့် ကျေးလက်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတရပ်ကို ဖော်ထုတ်သင့်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ ချီရဲ့ အမြင်အရ မြေယာပြုပြင်ပြောင်းလဲရေးဆိုတဲ့ အကြောင်းအရာဟာ ကျေးလက်နေပြည်သူလူထုကို တော်လှန်ရေးသမားတွေဘက် ရောက်လာအောင် အဆွဲဆောင်နိုင်ဆုံး အကြောင်းအရာ တရပ် ဖြစ်ပါတယ်။


စတုတ္ထအချက်ကတော့ တိုင်းပြည်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖူးတဲ့ အစဉ်အလာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလက်နက်ကိုင်တော်လှန်ရေးဟာ revolutionary Marxist type မဟုတ်ရင်တောင် romantic bandits အဆင့်လောက်တော့ ရှိသင့်တယ်လို့ ချီကဆိုထားပါတယ်။ တော်လှန်ရေးအစဉ်အလာ ရှိခြင်းအားဖြင့် လေ့ကျင့်သင်ကြားပေးမှုတွေ အထူးတလည် လုပ်စရာ မလိုအပ်သလို အခြေခံဒေသ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေလဲ ပိုများနိုင်ပါတယ်။


ဒီလို subjective structural condition နဲ့ objective structural condition လေးရပ်တို့ ပြည့်စုံတဲ့အခါ တော်လှန်ရေးတရပ် စတင်ဖို့အတွက် foco (centre of guerrilla activity) ကို ဖန်တီးနိုင်မယ့် လူအယောက် ၃၀ ကနေ ၄၀ ပါဝင်တဲ့ အစုအဖွဲ့ တခု ထွက်ပေါ်လာချိန်ကို စောင့်ဖို့ပဲ လိုအပ်တယ်လို့ ချီက ဆိုထားခဲ့ပါတယ်။ ဒီလူစုဟာ ကျေးလက်ဒေသမှာ စတင်လှုပ်ရှားပြီး မြေယာပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ကတိစကားတွေကို ဒေသခံ ကျေးလက်လူထုကို ပေးအပ်ဖို့ လိုပါတယ်။ ဒါမှလဲ ဒေသခံလယ်သမားတွေရဲ့ ထောက်ခံမှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် အခြေခံနယ်မြေနဲ့ ဒေသခံတွေရဲ့ အကူအညီကို အသုံးပြုပြီး အစိုးရတပ်တွေကို ခြုံခိုတိုက်ခိုက်ရပါမယ်။ တော်လှန်ရေးအတွက် လိုအပ်မယ့် လက်နက်ခဲယမ်းရိက္ခာတွေကို စုဆောင်းရပါမယ်။ ဒီလိုနဲ့ တော်လှန်ရေးသမားတွေဘက်က အောင်ပွဲရလာတာနဲ့အမျှ လူအများကို တော်လှန်ရေးထဲ ပါဝင်လာအောင် ဆွဲဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ foco ဟာ အင်အားကြီးမားလာပြီး၊ တချို့လူတွေဟာ နောက်ထပ် အခြေခံဒေသတွေကို ထိုးဖောက်ခြေကုပ်ယူကြရပါမယ်။ တော်လှန်ရေးအင်အားကြီးထွားလာအောင် ပြုလုပ်ရပါမယ်။ လူတွေ ထပ်ခွဲပြီး မထိုးဖောက်နိုင်သေးတဲ့ နယ်မြေတွေကို ထပ်မံထိုးဖောက်ခြေကုပ်ယူကြရပါမယ်။ တိုင်းပြည်လုံးအနှံ့ ကျေးလက်ဒေသတွေမှာ ခြေကုပ်ရပြီးတဲ့အခါ မြို့ဆင်ခြေဖုံးဒေသတွေကို ထိုးဖောက်နေရာယူပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲရပါမယ်။ နောက်ဆုံးမှာ တော်လှန်ရေးသမားတွေဟာ အစိုးရကို ဖြုတ်ချပြီး၊ အစိုးရသစ်တရပ်အနေနဲ့ အစားထိုး အောင်ပွဲခံနိုင်မှာ ဖြစ်တယ်လို့ ချီက ဆိုထားခဲ့ပါတယ်။


ချီဂွေးဗားရားရဲ့ တော်လှန်ရေးအဖွဲ့အစည်း


ချီက တော်လှန်ရေးတရပ်ကို လက်နက်ကိုင်တော်လှန်ရေးသမားကသာ ဦးဆောင်နိုင်မယ်လို့ ယူဆခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဆင်နွှဲရင်း အသက်ကို မပေးဆပ်နိုင်သူ တယောက်ဟာ တော်လှန်ရေးကို စီစဉ်ညွှန်ကြားနိုင်မှာ မဟုတ်ကြောင်း သူက ဆိုထားခဲ့ပါတယ်။ အောင်မြင်တဲ့ လက်နက်ကိုင်တော်လှန်ရေးသမားတယောက်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကာယအား၊ ဥာဏအားတွေနဲ့ ပြည့်စုံတဲ့ elite တယောက်ဖြစ်ဖို့ လိုအပ်တယ်လို့ သူက ယုံကြည်ထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးသမားတွေကို လူ့အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲသူတွေ၊ လယ်သမားတွေရဲ့ လမ်းပြနတ်သမီးတွေ၊ ပြည်သူလူထုအကျိုးစီးပွားအတွက် ကြံ့ကြံ့ခံ ရပ်တည်ပေးသူတွေအဖြစ် ချီက သတ်မှတ်ပြောဆိုထားခဲ့ပါတယ်။ ချီရဲ့ ရေးသားဖော်ပြချက်များဟာ elite-based revolutionary organization သဘောတရားများကို အခြေခံထားပါတယ်။


centralization/ decentralization ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ decentralization ကို အခြေခံထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရဲ့ တပ်ရင်းများဟာ သီးခြားဆီ လှုပ်ရှားသင့်ပြီး၊ အင်အားကြီးမားဖို့လိုအပ်မှသာ ပူးတွဲစစ်ဆင်ရေးတွေ အကောင်အထည်ဖော်သင့်တယ်လို့ ချီက ဆိုခဲ့ပါတယ်။ ဒီတပ်ရင်းတွေအကြားမှာ ရှိသင့်တဲ့ တခုတည်းသော coordinating mechanism ကတော့ တပ်မှူးတွေဟာ အတွေးအခေါ်ပိုင်းအရ ညီညွတ်နေပြီး၊ ထိပ်ပိုင်းခေါင်းဆောင်တဦးက personal coordination လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ သူ့အမြင်အရ တပ်မှူးတွေဟာ တပ်ရင်းအသီးသီးကို ဦးဆောင်နေကြပေမယ့် ပထမမူလအစမှာ တူညီတဲ့ foco ကနေ လာကြတာ ဖြစ်တဲ့အတွက် မဟာဗျူဟာ၊ နည်းဗျူဟာတွေမှာ တူညီမှုတွေ ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်ရှုစောင့်ကြပ်နေစရာ မလိုပဲ တပ်မှူးတွေရဲ့ လက်ထဲကို အာဏာကုန်လွှဲအပ်ထားလို့ ရတယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်အနည်းငယ်ကိုသာ ထိပ်ပိုင်းခေါင်းဆောင်တွေကို တင်ပြဆွေးနွေးဖို့ လိုအပ်ကြောင်း ဆိုထားပါတယ်။


ဝေဖန်ဆန်းစစ်ချက်များ


ချီရဲ့ တော်လှန်ရေးသီအိုရီနဲ့ ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ချက်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ Doctrinaire Marxists တွေက တော်လှန်ရေးအပေါ် သက်ရောက်မှုရှိတဲ့ urban proletariat ကို ဖယ်ရှားပြီး၊ ကျေးလက်လယ်သမားတွေနဲ့ပဲ ဆိုရှယ်လစ်တော်လှန်ရေးကို ပြုလုပ်ဖို့ ကြိုးပမ်းထားတဲ့ သီအိုရီလို့ဝေဖန်ကြပါတယ်။ Leninists နဲ့ Trotskyists တွေကတော့ ချီဟာ တော်လှန်ရေးကို ဦးဆောင်ပေးနိုင်မယ့် အခြေခံ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ vanguard party ကို လျစ်လျူရှုထားတယ်လို့ အတိအလင်းဝေဖန်ထားကြပါတယ်။ မဟာဗျူဟာလေ့လာရေး ပညာရှင်တွေကတော့ ချီရဲ့သီအိုရီဟာ မဟာဗျူဟာချမှတ်ပြီးမှ နည်းဗျူဟာ ချမှတ်ရတဲ့ အစဉ်အလာကို မလိုက်နာပဲ နည်းဗျူဟာတွေ ချမှတ်ပြီးမှ မဟာဗျူဟာ ချမှတ်ဖို့ ကြိုးပမ်းထားတဲ့ သီအိုရီအနေနဲ့ ဖော်ပြထားခဲ့ကြပါတယ်။


Maoists တွေကတော့ ချီဟာ ပါတီရဲ့ ဦးဆောင်မှုမပါပဲ တော်လှန်ရေးတပ်တွေ ဖွဲ့စည်းဖို့ ကြိုးစားထားတယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့အမြင်အရ တော်လှန်ရေးတပ်တွေရဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်မှုနဲ့ တော်လှန်ရေးတာဝန်များကို ပြည့်မှီအောင် ထမ်းဆောင်နိုင်မှုတို့အတွက် ပါတီရဲ့ ဦးဆောင်မှုလိုအပ်ကြောင်း ခိုင်ခိုင်မာမာ ထောက်ပြဝေဖန်ထားကြပါတယ်။ ကျူးဘားတော်လှန်ရေးမှာ ပါတီရဲ့ တော်လှန်ရေး ရည်မှန်းချက်တွေဟာ တော်လှန်ရေးတပ်တွေရဲ့ လက်အောက်ခံဖြစ်နေပြီး၊ တော်လှန်ရေးတပ် တွေဟာ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲမယ့် တပ်တွေအသွင်မဆောင်ပဲ bandit gang အသွင်ဆောင်နေကြောင်း Maoists တွေက ဝေဖန်ခဲ့ကြပါတယ်။


တော်လှန်ရေးကို လက်တွေ့ကျကျ သုံးသပ်သူများကတော့ ချီရဲ့သီအိုရီဟာ ကျူးဘားတော်လှန်ရေး တခုတည်းမှာပဲ အောင်မြင်ခဲ့ပြီး ကွန်ဂို၊ ဘိုလီးဘီးယား၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ပီရူးနဲ့ အယ်လ်ဆာလ်ဗေတာ တော်လှန်ရေးတွေမှာ ကျဆုံးခဲ့ကြောင်း ဝေဖန်ထားခဲ့ကြပါတယ်။ Methodological standpoint က ကြည့်ရင်တော့ ချီသီအိုရီ ကို အောင်အောင်မြင်မြင် အကောင်အထည် မဖော်နိုင်ကြခြင်းဟာ ချီအနေနဲ့ တော်လှန်ရေးသီအိုရီတခုလုံးကို ကျူးဘားတော်လှန်ရေးက သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ အနည်းငယ်အပေါ်မှာသာ မှီငြမ်းပြီး ထုတ်ဖော်ခဲ့ခြင်းကြောင့်ပါပဲ။ တကယ်တော့ သီအိုရီတခုကို အတွေ့အကြုံဖြစ်ရပ်တခုတည်းအပေါ်မှာ အခြေခံပြီး ဖော်ထုတ်လို့ မရနိုင်ပါဘူး။ ကိုယ်ပိုင် အတွေ့အကြုံအနည်းငယ်ကနေ ပေါ်ထွက်လာတဲ့ သီအိုရီကိုလဲ လူအများက အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းအရာတရပ်ရဲ့ ဖြစ်နိုင်ချေကို ကိုယ်ပိုင်အတွေ့အကြုံတခုတည်းနဲ့ သုံးသပ်လို့ မရပါဘူး။


နောက်တချက်က ကျူးဘားတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ချီရဲ့ အမြင်ဖြစ်ပါတယ်။ ချီက သမိုင်းဖြစ်ရပ်တွေကို တော်လှန်ရေးသမား ရှုထောင့်တခုတည်းကနေ ရှုမြင်သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ကျူးဘားတော်လှန်ရေးအောင်မြင်ခဲ့တဲ့ အကြောင်းအရာတွေထဲမှာ အာဏာရှင်ရဲ့ အားနည်းချက်တွေနဲ့ မြို့နေပြည်သူလူထုရဲ့ အာဏာရှင်ကို ထောက်ခံအားပေးမှု မရှိခြင်းတွေလဲ ပေါင်းစပ်ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် ချီကတော့ ကျေးလက်မှာ အခြေခံပြီး တော်လှန်ခဲ့တာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို သူ့သီအိုရီမှာ ထည့်သွင်း ပြောကြားထားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လဲ သူ့သီအိုရီကို တခြားတော်လှန်ရေးတွေမှာ ပြန်လည်အသုံးပြုတဲ့အခါ တော်လှန်ရေးသမားတွေအနေနဲ့ အာဏာရှင်ရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ မြို့နေလူထုရဲ့ ပေါင်းစပ်ပါဝင် ထောက်ခံမှု အနေအထားတွေ၊ ကျေးလက်ပြည်သူတွေရဲ့ စိတ်နေသဘာဝ ကွဲပြားမှုတွေကို အလေးပေးခဲ့ခြင်း မရှိကြပါဘူး။ ချီရဲ့ foco သီအိုရီအတိုင်း လိုက်နာကျင့်သုံးရင်း တော်လှန်ရေး ရေချိန်တွေ ကျဆင်းပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ချီကိုယ်တိုင်လဲ ဘိုလီဗီးယားမှာ ကျဆုံးခဲ့ရပါတယ်။


ဘိုလီးဗီးယားမှာ ချီကျဆုံးခဲ့ရတာဟာ အစိုးရနဲ့ ဒေသခံပြည်သူလုထုရဲ့ အခြေအနေတွေကို ထည့်သွင်းမစဉ်းစားခဲ့လို့ဖြစ်ကြောင်း ပညာရှင်များက လေ့လာသုံးသပ်ခဲ့ကြပါတယ်။ တကယ်တမ်းကျတော့ ဘိုလီဗီးယားက ကွန်မြူနစ်တော်လှန်ရေးသမားတွေဟာ အပြင်လူတွေရဲ့ အကြံပေးချက်ကို hostile ဖြစ်ပါတယ်။ နယ်မြေခံပြည်သူလူထုက တော်လှန်ရေးအပေါ် ထောက်ခံမှု ရေချိန်ကလဲ မမြင့်သေးပါဘူး။ အစိုးရဘက်က structural weakness တွေလဲ မပေါ်ထွက်သေးပါဘူး။ ဒီလို popular support မရှိသေးချိန်နဲ့ command and control မလုပ်နိုင်သေးချိန်မှာ ပထမဆုံးသေနတ်သံ ဖောက်လိုက်တဲ့အတွက် ခုနစ်လအတွင်းမှာ တော်လှန်ရေးသမားတွေ အားလုံးနီးပါး ကျဆုံး၊ ဖမ်းဆီးခံရတဲ့ အခြေအနေကို ကျရောက်ခဲ့ရတာပါ။ သေချာတာတခုကတော့ ကျူးဘားတော်လှန်ရေးရဲ့ အောင်မြင်မှုမျိုးဟာ နောက်တကြိမ် ဘယ်တော်လှန်ရေးမှာမှ ထပ်မရတော့တာပါပဲ။


အားနည်းချက်များ

ဘယ်လိုပဲဖြစ်ဖြစ် ချီရဲ့ foco သီအိုရီဟာ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးအဖွဲ့အစည်းတွေအကြားမှာ အခုအချိန်အထိ ပျံ့နှံ့နေရာယူဆဲပဲ ရှိပါသေးတယ်။ သီအိုရီက သတ်မှတ်ထားတဲ့ တော်လှန်ရေးသဘောသဘာဝအရ ကနဦးတော်လှန်ရေးသမားတွေဆိုတာ တကယ့် elite group ဖြစ်ရပါမယ်။ တော်လှန်ရေးကို လူ ၃၀-၅၀ လောက်နဲ့ စတင်ရပါမယ်။ ဒီလူတွေဆီမှာ စည်းရုံးရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်နဲ့ စစ်ရေးစွမ်းရည်တွေ ရှိရပါမယ်။ တော်လှန်ရေးသမားတိုင်းမှာ ဒီစွမ်းရည်တွေအားလုံး ပြည့်ဝနေဖို့ဆိုတာက အတော်ကို ခဲယဉ်းလှပါတယ်။ နောက်တချက်က ဒီလိုအင်အားလောက်နဲ့ အုပ်ချုပ်ရေးစွမ်းရည်မြင့်မားတဲ့ အစိုးရတရပ်ကို မတော်လှန်နိုင်ပါဘူး။ ကျူးဘားတော်လှန်ရေးမှာ ကက်စထရိုနဲ့ ချီတို့ အနိုင်ရခဲ့တာက ချီတို့ရဲ့ စွမ်းရည်တခုတည်းကြောင့် မဟုတ်ပါဘူး။ အစိုးရဘက်မှာ structural weakness တွေ ရှိနေချိန်နဲ့ ကိုက်ညီသွားတာကြောင့် ဖြစ်ပါတယ်။


နောက်တချက်က တော်လှန်ရေးသမားတွေဟာ အတွေးအခေါ်ရေချိန်နဲ့ စည်းလုံးမှုရေချိန်တွေမှာ ညီညီမျှမျှ ဖြစ်နေကြဖို့လဲ လိုပါသေးတယ်။ ဒီလိုမဟုတ်ပဲ ပုဂ္ဂလိက ခံစားမှုကို ဦးစားပေးတတ်တဲ့ တပ်မှူးတွေနဲ့ အတွေးအခေါ် ရေချိန်မညီတဲ့ တပ်မှူးတွေက ဦးဆောင်နေကြတဲ့အခါ အစိုးရတပ်တွေရဲ့ သပ်လျှိုဖြိုခွဲမှုတွေအကြားမှာ တဖွဲ့နဲ့တဖွဲ့ အကြား နားမလည်မှုတွေ ဖြစ်တာ၊ coordinating mechanism နဲ့ တပ်မှူးတွေအကြား ကွဲပြားမှုတွေ ဖြစ်တာကနေ ဟိုတစုကို ရန်သူက ချေမှုန်းလိုက်၊ ဒီတစုကို ရန်သူက သိမ်းသွင်းလိုက်တွေဖြစ်ပြီး ပြိုကွဲကျဆုံးမှုတွေ ဖြစ်လာတတ်ပါတော့တယ်။ ဒါတွေဟာ ချီသီအိုရီရဲ့ အားနည်းချက်တွေဖြစ်ပြီး၊ တခြားနိုင်ငံတွေမှာ အစိုးရတပ်တွေဘက်က အနိုင်ရသွားစေခဲ့တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။


နိဂုံး


နိဂုံးချုပ်ဆိုရရင် ချီဂွေဗားရားရဲ့ foco သီအိုရီကနေပြီး ဆောင်စရာ၊ ရှောင်စရာ သင်ခန်းစာတွေ အများအပြား ထွက်ပေါ်လာတယ်လို့ ဆိုရပါမယ်။ ပထမအချက်က တော်လှန်ရေးတရပ်မှာ structural conditions တွေ ရှိဖို့ လိုအပ်ပါတယ်။ မရှိသေးရင်လဲ ဖန်တီးယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒုတိယအချက်က တော်လှန်ရေးဆင်နွှဲရာမှာ ကိုယ့်ဘက်က အားသာချက်တွေကိုပဲ ကြည့်ပြီး အင်အားကို overestimate လုပ်လို့ မရနိုင်ပါဘူး။ ပြည်သူလူထုရဲ့ ရေချိန်၊ အစိုးရရဲ့ structural weakness စတာတွေကိုပဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ တတိယအချက်က တော်လှန်ရေးလုပ်ရာမှာ နည်းလမ်းတခုတည်းကိုပဲ တရားသေဆုပ်ကိုင်လို့ မရပါဘူး။ ကျေးလက်ပြည်သူကိုပဲ အခြေခံမယ်၊ မြို့ပေါ်က လူထုတိုက်ပွဲကိုပဲ အခြေခံမယ်ဆိုပြီး သတ်မှတ်လို့ မရပါဘူး။ အချိန်အခါနဲ့အညီ အောင်ပွဲကို ဦးတည်စေနိုင်မယ့် နည်းပရိယာယ်တွေကို ပြောင်းလဲ အသုံးချနိုင်ဖို့ လိုပါတယ်။ သပိတ်စုံ၊ သူပုန်ထဖို့ လိုအပ်ချိန်မှာ သပိတ်ပဲ စုံနေရင် ဖြိုခွဲခံရမှာပါပဲ။ သူပုန်ပဲ ထနေရင်လဲ ချေမှုန်းခံရမှာပါပဲ။ လိုအပ်သလို ပေါင်းစပ်ပါဝင်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ စတုတ္ထတချက်ကတော့ တခါလောက် အောင်ပွဲရခဲ့တဲ့ အတွေ့အကြုံကို တရားသေဆုပ်ကိုင်ပြီး ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေရဲ့ သီအိုရီသဖွယ် အသုံးချလို့ မရဘူး ဆိုတာပါပဲ။ အတွေ့အကြုံနဲ့ သီအိုရီတွေက စနစ်တကျ ပေါင်းစပ် အသုံးပြုနိုင်မှသာ အသုံးဝင်ပါတယ်။ အတွေ့အကြုံရှိသူက ပြောတိုင်း လိုက်နာဆောင်ရွက်ရမယ့် အမှန်တရားလို့ မယူဆနိုင်ပါဘူး။ သီအိုရီသိသူက ပြောတိုင်းလဲ အမှန်တရားလို့ မသတ်မှတ်နိုင်ပါဘူး။ အချိန်အခါနဲ့ အခြေအနေပေါ်မှာ မူတည်ပြီး သင့်တော်မယ့် သီအိုရီသဘောတရားတွေကို လျော်ညီတဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်မှသာ အောင်ပွဲကို ရရှိနိုင်မှာ ဖြစ်ပါတယ်။


ခင်မမမျိုး (၂၃၊ ၈၊ ၂၀၁၀)


ရည်ညွှန်းကိုးကားစာရင်း


Cohan, A.S. (1975) Theories of Revolution: An Introduction, New York, John Wiley and Sons

Debray, R. (1967) Revolution in the Revolution? Armed Struggle and Political Struggle in Latin America, Westport, Greenwood Press, translated by Bobbye Ortiz


Foran, J. (1995) 'Revolutionizing Theory/ Theorizing Revolutions: State, Culture, and Society in Recent Works on Revolution', in Nikkie, R. K. (ed.) Debating Revolutions, New York, New York University Press


Guevara, C. (1985) Guerrilla Warfare, Lincoln, University of Nebraska Press, includes Guerrilla Warfare (1960) translated by J. P. Morray, Guerrilla Warfare: A Method (1963) , Message to the Tricontinental (1967), and an introduction and case studies by Brian Loveman and Thomas M. Davies, Jr.


McCormick, G. (1997/ 1998) 'Che Guevara: The Legacy of a Revolutionary Man', World Policy Journal, Winter 1997/ 1998


Scott, J. C. (1976) The Moral Economy of the Peasant, New Haven, Yale University Press

ယုံကြည်စရာတစ်စက်မှ မရှိပါ

“စလှယ်ဝင် ဒီမိုကရေစီအိုးနဲ့ ချက်ပွတ်ပွဲတော်”


ကျွန်တော်ငယ်ငယ်က လေဆိပ်မှာ ယာဉ်နောက်လိုက်လုပ်ရင်း ကျောင်းသားဘဝငွေရှာခဲ့ရတဲ့ အချိန်တချိန် ရှိခဲ့ဖူးပါတယ်။ လေဆိပ်မှာလေယဉ်ဆင်းလာပြီဆိုတာနဲ့ ခရီးသည်အထွက်လမ်းမှာ ကားသမားတွေ၊ ကားသ မားနောက်လိုက်တွေက စီတန်းရပ်နေပြီး ထွက်လာသမျှ ခရီးသည်ကို မြူဆွယ်ခေါ်ငင်ရတာပါ။ လေယဉ်စီး ပြန်လာတဲ့ ခရီးသည်မို့ ကားကောင်း၊ ကားသန့်မှ စီးချင်သလို အဲကွန်းပါတဲ့ကားလေးမှ ကားထင်ပါတယ်။ ထား ပါ၊ အခုပြောချင်တာက အဲဒီအငှားကားသမားနောက်လိုက်လုပ်ခဲ့ရတဲ့ ဘဝကိုမဟုတ်ပါဘူး။ အဲဒီတုန်းက ကြား နာ မှတ်သားခဲ့ရတဲ့ စီနီယာအငှားကားမောင်းဆရာကြီးတွေ ပြောလေ့ပြောထရှိတဲ့ပုံတိုပတ်စ၊ ဟာသတွေ အထဲ က Dirty Joke လို့ ခေါ်ရမယ့် ဟာသတစ်ခုပါ။ ဒီဟာသလေးကို လောဘတကြီးနဲ့ အလွယ်လမ်းလိုက်၊ သူများရဲ့စီနီယာအလိုက်စီထားတဲ့ အော်ဒါကို ကျော်ခွပြီး ခရီးသည်လုတဲ့ သူမျိုးကိုပြောချင်တဲ့အခါမျိုးမှာ ပြောလေ့ရှိပါတယ်။ ဟာသလေး ကဒီလို- တခါက အလွန်ချမ်းသာတဲ့ မုဆိုးဖိုသူဌေးကြီးတစ်ယောက်ဆီကို ဇနီးချောချောလေးပိုင်ထားတဲ့ ကားသ မားတစ် ယောက်က ဒရိုင်ဘာသွားလုပ်မိပါသတဲ့။ သူဌေးကြီးက သူ့ဒရိုင်ဘာရဲ့ ဇနီးချောလေးကို စမြင်မြင်ချင်း တည်းက မက်မောသဘောကျမိသတဲ့။ စားနေကျ ကြောင်းဖားကြီး မုဆိုးဖိုဖြစ်သွားတော့ ပိုဆိုးသွားတာပေါ့။ ဒါပေမယ့် သူကလည်း လည်တယ်။ သူများမယားလည်းဖြစ်၊ ကိုယ့်ဝန်ထမ်းရဲ့ဇနီးမယားလည်းဖြစ်တော့ သွားကြံလို့ အလို မတူရင် ပြသနာကြီးနိုင်တယ်။ ဒါပေမယ့် ကစ်ကစ်ကျစ်ကျစ် လှတ၊ ပတလေးကိုလည်း မကြာခဏ မြင်နေရ တော့ ဘယ်လိုမှလည်း ဖြေမပြေဘူး။ တနေ့တခြား သူများမယားကို ကြာခိုဖို့သာ တဏှာတွေနဲ့ စိုလူးနေ လေ တော့တယ်..။


ဒါနဲ့တနေ့တော့ အကြံတစ်ခုရပြီး သူ့ဒရိုင်ဘာကိုခေါ်ပြီး သူနဲ့ညအတူအိပ်ဖို့ မိန်းမတစ်ယောက် သွားရှာခိုင်း တယ်။ ဘယ်လောက်တောင်းတောင်း ဈေးမဆစ်နဲ့ လှတာမလှတာလည်း မင်းအလုပ်မဟုတ်ဘူး ခေါ်သာခေါ်ခဲ့ ဆိုပြီး ထွက်ရှာခိုင်းသတဲ့။ သူဌေးခိုင်းတာဆိုတော မလုပ်ချင်လဲ လုပ်ရတာပေါ့။ ဒါနဲ့ဘဲ မိန်းမပျက် ညည့်ငှက်မ လေးတစ်ယောက် ရှာခေါ်ခဲ့လိုက်တယ်။ ဟိုကလည်း အသည်းအသန်လိုချင်နေမှန်းသိတော့ ဒရိုင်ဘာလေးရဲ့ တလစာလောက်မကတဲ့ ညကြေးတောင်းတယ်။ သူဌေးကဈေးမဆစ်နဲ့ဆိုတော့ မဆစ်ဘဲခေါ်လာပြီး သူဌေးနဲ့ တွေ့ ပေးတယ်။ ပြီးတော့ ပြန်ပို့ပေးဖို့လည်း သူဌေးကသူ့ကို တာဝန်ပေးတယ်။ အဲဒါနဲ့ ကိစ္စပြီးလောက်တဲ့ အချိန် လည်းကျရော ကောင်မလေးကပုံစံမပျက် လေလေးတောင်ချွန်ပြီးထွက်လာသတဲ့၊ လမ်းကျတော့ ကားသမားပါး စပ်ကိုမေးတာပေါ့ အခြေအနေဘယ်လိုလည်းဆိုတော့ မိန်းမပျက်ကောင်မလေးက ရှင့်ဆရာက ပန်းသေနေတာ ထင်တယ်။ ကျမကိုခေါ်ပြီးတစ်ကိုယ်လုံးချွတ်၊ ပြီးတော့ ချက်ကလေးကို ပွတ်ပြီး တော်တော်ကြာတော့ ပြန်လွှတ် လိုက်တာဘဲတဲ့၊ လူကိုလည်းသေချာမကြည့်ဘူး အခန်းထဲမှာ စကားလည်းမပြော လူကိုလည်းသေချာမကြည့် ချက်လေးကိုလက်နဲ့ပွတ်ပြီးပြန်လွှတ်တယ်ဆိုပြီး ရယ်ရယ်မောမောပြောတယ်။ နောက်မနက်ဖြန်လည်း ချိန်းထား သေးတယ်။ ပြီးတော့ဘောက်ဆူးပါ ထပ်ပေးလိုက်သေးတယ်တဲ့။


ကားသမားဘဲ။ ဒီစကားလောက်နဲ့ ဘယ်ယုံမလဲ။ သူဆရာ အဲလောက်ညံ့မယ့်ပုဂ္ဂိုလ်တော့မဖြစ်နိုင်ဘူးဆိုပြီးပေါ့။ နောက်ညတွေကြတော့ သူက ချောင်းပါလေရော။ အဲတော့ သူတွေ့ရတဲ့မြင်ကွင်းက မိန်းမပျက်ကောင်မလေး ပြောတဲ့အတိုင်းဘဲ ကောင်မလေးကို မျက်နှာတောင်သေသေချာချာမကြည့်ဘဲ တစ်ကိုယ်လုံးကအဝတ်တွေ ချွတ်၊ ချက်ကလေးကို လက်နဲ့ပွတ် တော်တော်လေးကြာတော့ ဘောက်ဆူးထပ်ပေးပြီး ပြန်လွှတ်လိုက်လုပ် တယ်တဲ့။ ကားသမားက လည်းတစ်ညတော့ဖြစ်နိုးဖြစ်နိုးနဲ့ ညတိုင်းချောင်း၊ သူ့သူဌေးကလည်း ညတိုင်းအဲလိုဘဲ လုပ်ပြီးပြန်ပြန်လွှတ်တယ်။ တစ်လလောက်ကြာတော့ ကားသမားလေးက တွေးတယ် အင်း ငါတစ်လလုံး ပင်ပင် ပန်းပန်းနဲ့ ဘဝကို ထောင်နုတ်ခမ်း နင်းပြီး ကားသမားလုပ်စားတဲ့ လစာကို သူက ချက်ကလေးလက်နဲ့ အပွတ်ခံ ပြီးရရလာတယ်။ ဒီလို လွယ်လွယ်ရတဲ့ပိုက်ဆံမျိုကို သူဠေးဆီက ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာမျိုးပါ တွေး လာတယ်။ အကောင်းဆုံးအကြံတစ်ခုအနေနဲ့ အဲဒီနေရာမှာ ငါ့မိန်းမကိုနည်းနည်းရုပ်ဖျက်ပြီး လွှတ်လိုက်ရင် လည်း ဘာမှမဖြစ်ဘဲ ဒီပိုက်ဆံရမှာလို့ လောဘဇောကပ်တွေးတယ်။ ပထမတော့ ဒီလိုတွေးရတာ တောင် အကု သိုလ် လို့ထင်တယ်။ ငွေတွေကလည်း အလကားနီးပါးမိန်းမပျက်လေးဆီ ညတိုင်းပါပါသွားတော့ အတွေးစက လက်တွေ့ဘက် ကို ကူးချင်ချင်ဖြစ်လာတယ်။


အဲဒါနဲ့ အဲဒီအတွေးကို မိန်းမကိုဖွင့်ပြောပြတယ်။ ရလာမယ့်အကျိုးအမြတ်ကိုလည်း ပြောပြတယ်။ ပထမတော့ မိန်းမကလည်း စိတ်ဆိုးမာန်ဆိုးအကြောက်ကန်ညင်းတယ်။ နောက်တော့ မိန်းမယုံအောင်ဆိုပြီး သူ့သူဌေးမုဆိုး ဖိုရဲ့ ချက်ပွတ်ပွဲကို လက်တွေ့ခိုးပြတယ်။ အဲတော့ တခါကနှစ်ခါပြော၊ ကိုယ်တိုင်လည်း ချက်ပွတ်ပွတ်ပြီးပြန် လွှတ်လိုက်တာကိုတွေ့တွေ့လာတော့ တလလုံး ယောက်ျားလုပ်သူရဲ့ ဒရိုင်ဘာလစာလေးနဲ့ ဆင်းဆင်းရဲရဲ၊ ခြိုး ခြိုးခြံနေတာထက်စာရင် ရုပ်လေးဖျက်ပြီး ချက်သွားအပွတ်ခံနေလိုက်ရင် ကိုယ့်လည်းဘယ်သူမှမသိ၊ သူဌေးက လည်းမသိဘဲ ချမ်းချမ်းသာသာနေနိုင်မယ်ဆို တာမျိုးလေးအတွေးပေါ်လာပြီး ယောင်္ကျားရဲ့ အကြံကိုလက်ခံ လိုက်တယ်။

အဲဒါနဲ့ ညလည်းရောက်ရော ရုပ်လေးနည်းနည်းဖျက်လို့ မိန်းမပျက်လေးယောင်ဆောင်ပြီး ချက်ပွတ်ခံဖို့သွားသ တဲ့၊ ယောင်္ကျားဖြစ်သူကလည်း သူ့သူဌေးချက်ပွတ်သမားရဲ့ ပိုက်ဆံကို မြိုးမြိုးမြက်မြက်လေးရတော့မယ်ဆိုပြီး စိတ်ချလက်ချကို အခန်းထဲပို့လိုက်တယ်။ အဲဒီအခြေအနေကို ခွင်ဆင်ပြီးစောင့်နေတဲ့ သူ့သူဌေးကတော့ သူ့ကား ဒရိုင်ဘာလေးရဲ့ ဇနီးချောလေး သူ့ခွင်ထဲဝင်လာတာလည်းသိရော၊ အခန်းတံခါးသေချာပိတ်၊ ယောင်္ကျားအား တွေဘာတွေပါ စားပြီး အားရပါးရလွှတ်သွားလိုက်တာများ မိန်းမခမျာလည်း ငယ်သံပါ။ ဒရိုင်ဘာယောင်္ကျားခမျာ လည်း အခန်းပြင်ကနေ ဘာမှမလုပ်သာ သူကိုယ်တိုင်ထည့်လိုက်တာကိုး။ မနက်လင်းအားကြီးလို့ စားနေကျ ကြောင် ဖားသူဌေးက စိတ်ကျေနပ်တော့မှ တစ်ညခငွေလေးလက်ထည့်ထည့်ပေး ပြီးပြန်လွှတ်လိုက်သတဲ့….။


အမှန်တော့ ဒီDirty Joke ကို အချင်းချင်းဆီက ကားအော်ဒါကို၊ ခရီးသည်(ပါစင်ဂျာ)ကို ခွင်ကျော်ယူသွားပြီးခါမှ ညစ်ပတ်၊ ဈေးဆစ်လွန်းတဲ့ ခရီးသည်၊ လမ်းကြိုလမ်းကြားနဲ့ ပြန်ထွက်ရခက်တဲ့ အိမ်အထိ ငှားသွားတတ်တဲ့ ခရီး သည်နဲ့တွေ့ပြီးတော့မှ မသက်မသာပြန်လာတတ်တဲ့ ကားသမားကို ကျန်တဲ့သူတွေက ပြောတတ်တဲ့ “နောက်မှ ချက်ပွတ်တာမဟုတ်ဘဲ။ ရှင်ကြိး တကယ်လုပ်တယ် မပြောနဲ့နော်”ဆိုတဲ့ စကားချီးနဲ့ ပြောဆို စကားနာထိုးတဲ့ အခါမှာ သုံးတဲ့ ညစ်တီးညစ်စုတ်ဟာသလေးပါ။

ဒါပေမယ့် လေးငါးနှစ်ဆယ်နှစ်ကျော်လာတဲ့ အခုအချိန်ခါမှာ ဒီပုံပြင်လေးကို ထင်ထင်လင်းလင်းလေး ကျွန်တော့် အာရုံထဲ ပြန်ပေါ်လာမိတယ်။ ဘာကြောင့်လဲဆိုတော့ အခုရွေးကောက်ပွဲ၊ ရွေးကောက်ပွဲ အသံတွေညံလာနေ တုန်းမှာ ကျွန်တော်မြင်မိတဲ့ ပညာရှင်တစ်ဖြစ်လဲ တတိယအုပ်စု သို့မဟုတ် (ဟာသလေးထဲက ကားဒရိုင်ဘာလို လူ)နိုင်ငံရေးအခင်းအကျင်းသစ် ကစားချင်သူလူတန်းစားတစ်စုနဲ့ အဲဒီရွေးကောက်ပွဲကိုဘဲ ဆိုခဲ့ပါ ကားဒရိုင်ဘာ လို ပညာရှင်တစ်စုအဟောအပြောနဲ့ ယုံယုံကြည် ဘဝရင်းဝင်ပြီး အခွင့်အရေးတစ်ခုခုမျှော်ပြီး ဝင်ခူးဆွတ်ချင် နေ ရှာတဲ့ ပါတီသစ် လူငယ်မျိုးဆက်၊ လူကြီးပိုးတက် ကားဒရိုင်ဘာရဲ့ဇနီးချောလိုလူတွေရဲ့ “တိုင်းပြည်အတွက် လုပ် တာပါ”ဆိုတဲ့ စကားတစ်ခွန်းနဲ့ စစ်အစိုးရလို စားနေကြကြောင်ဖားမုဆိုးဖို သူဌေးလိုလူမျာရဲ့ သုံးပွင့်ဆိုင် အပြိုင်ကျဲနေကြတဲ့ အာဏာရှင်တဖြစ်လဲ ဒီမိုကရေစီ ချက်ပွတ်ပွဲမှာ ဘယ်သူငယ်သံပါအောင်အော်ပြီးခံရမလဲ။ ဘယ် သူ မခံချိမခံသာ ပြည်တည်နေမလဲဆိုတာကို ဒီပုံပြင်လေးကိုတွေးလိုက် ရင်မောလိုက်ဖြစ်နေမိပါရဲ့။


အဲဒီသုံးပွင့်ဆိုင် လူတတ်၊ လူယောင်၊ လူယုတ်တို့ ၂၀၁၀ အခင်းအကျင်းသစ်ခေါင်းစဉ်လေးတပ်ပြီးတော့ ရက်က လေးပင် သတ်မှတ်ပြီး မီးတပြင်ပြင်၊ ဆိုင်းတကြွကြွ ဖြစ်လာသဖြင့် မိုးတစွတ်စွတ်၊ ဗွက်တဖွတ်ဖွတ်လမ်းမတွေ ပေါ်မှာ ဒီဟာသပုံပြင်လေးနဲ့ ယှဉ်တွဲတွေးပြုံးသက်ပြင်းချချနေမိလို့ ဒီစာလေးကိုကောက်ရေးချလိုက်မိပါရဲ့…။


တဆက်တည်းပြော ချင်မိလိုက်တာက နိုင်ငံနဲ့လူမျိုးအတွက်လုပ်တာပါဆိုတဲ့ မိန်းမချောပါတီ သစ်တွေခ မျာမလဲ။ တစ်ညစာချက်ပွတ်ခလို အလွယ်အချောင် အခွင့်အ ရေးမျိုးလေးရမလားလို့ “နိုင်ငံနဲ့ လူမျိုးအတွက်လုပ်တာပါဆိုတဲ့” ခေါင်းစဉ် လေးရွေးပြီး ဝင်ကကြရာမှာ ရွေးကောက်ပွဲသာဖင်နားကပ်လာတယ်။ ချခံရမှာလား၊ ကုန်းစုပ်ရမှာလား မဝေခွဲနိုင် သေး တဲ့အပြင် နိုင်ငံနဲ့လူမျိုးအကျိုးမပြောနဲ့ ကိုယ့်ပါတီအရေးအတွက်ပင် လွတ်လွတ်လပ်လပ်စည်းရုံးဟောပြော ခွင့် ပင်မရသေးပေ။ အဲလို ကိုယ့်ပါတီရဲ့ အဓိကဖောင်ဒေးရှင်း၊ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ် လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ကိုပင် သူတောင်းစားတောင်းသလို ဗိုလ်မှူး၊ ဗိုလ်ချုပ်ဟောင်းကြီး များဦး စီးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံမှ တောင်းခံလို့မရသေးဘဲနဲ့များ “နိုင်ငံနှင့်လူမျိုး အကျိုး အတွက်ပါ”ဆိုတဲ့ စကားကို မရှက်မကြောက် ထွက်ဟောက်ရဲတာကို အံ့နေမိတယ်။


ဒါပြင် ဒါ့ပြင် ယောက်မလိုငမွှေ ပညာတတ် စပေ့ချဲ့သမားကြီးများမလဲ သူတို့ဆင်တဲ့ဂွင်နည်းနည်းလူရာဝင် လာ ပြီ အထင်နဲ့ ဂျာနယ်အစာကျယ်လိုက်တာ ဘဘဘုရားအမြတ်တော်ရှလို့ ထွက်တော်မလှ သုံးပတ်လောက်ပိတ် လိုက်တော့ ခြေသုတ်ပုဆိုးမြွေစွယ်ကြိုးနှယ် အသံပြန်တိန်သွားရှာပြီး ဒုံရင်းထုံးစံ မဝင်ပြန်သူတွေ၊ လက်မခံသူ တွေကိုဘဲ၊ မိမိရနေရှာတဲ့စပေ့လေးကနေ သခင်အားရကျွန်ပါးဝ ထထဆဲပေးနေခြင်းနဲ့ဘဲ သူတို့ဇာတ်ဝင်ခန်းကို သူတို့ဖာသာလှသွေးချယ် နေရလေရဲ့…။


မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအကျဉ်းကျပ်၊ လူမျိုးစုအခြေခံနိုင်ငံရေး အကျဉ်းအကျပ်ရှိနေသောနိုင်ငံမျိုးမှာ ဖြစ်ပေါ်လာသော၊ ဦးဆောင်ခွင့်ရနေသောDemocracy Transition တစ်ခုရဲ့ အဓိကအခန်းကဏ္ဏမှာ ဝင်ပါသူ များအနေနဲ့ အမှန်တရားကိုမျက်ကွယ်ပြုပြီး စစ်အစိုးရရဲ့ဆင်အဝှာခွေးမျှော်သလို မစားရဝခမန်း အနှစ်သာရမဲ့မျှော်လင့်ချက်တွေကို မိမိကိုယ်တိုင်လည်းမယုံကြည်ဘဲနဲ့ ပြည်သူကို လက်ခံယုံကြည့်ဖို့ အဆိပ်ခပ်နေတာဟာ ပညာတတ်လူကြီးလူကောင်းများဟု လက်ခံရမှာပင် ခပ်ရွံရွံဖြစ်မိပေ သည်။ စစ်မှန်သော Democracy Transition တစ်ခုအဖြစ်သွားချင်တယ်ဆိုလျှင် ဝင်သူကိုထောက်ခံရမှာဖြစ်သ လို၊ မဝင်သူကိုလည်း လက်ခံပေးရမှာဖြစ်သည်။


၎င်းအပြင် နှစ်ပေါင်းဆယ်ဂဏန်းနှင့်ချီ အမျိုးအမျိုးအလီလီ နာကျင် ခံစားခဲ့ရရှာသော တိုင်းရင်းသားများ၊ ပြည် သူလူထုများခမျာ ဖြေရှင်းချက်၊ ညှိနှိုင်းချက်၊ တောင်းပန်ခံဝန် ချက်တစ်တစ်ခုခုပင် မမျှော်လင့်နိုင်သေးခင် နောက်တစ်ကြိမ် အိမ်အဝမှာ ရယကလူကြီးက အိမ်ထောင်စုစာရင်း လာကောက်တာနှင့်ကြုံနေပြီ။ ဘာမှန်းညာ မှန်း သူတို့ခမျာမသိရှာသေး။ ဘုမသိ၊ ဘမသိ၊ မကျေမနပ်နှင့် ဘာကောင်မှန်း၊ ဘာလုပ်မယ်မှန်းမသိတဲ့ တစ်စုံ တစ်ယောက် နာမည်ရေးပေးလိုက်ရဖို့၊ လက်ဗွေနှိပ်ပေး လိုက်ရဖို့၊ အမှန်ခြစ်ပေးလိုက်ရဖို့ အဆင်သင့်ဖြစ်နေရ ရှာပြန်ပြီ။ ဒါကို ဒီမို ကရေစီဟု အူရင်တော့ အဲဒါကို မယူပါရစေနဲ့တော့။ ကျွန်တော်တို့မလိုချင်ပါ။ ဝင်သူနဲ့မဝင်သူ၊ ထောက်ခံသူနဲ့ မထောက်ခံသူ ဘယ်သူဟာ သမိုင်းတာဝန်ကျေသလဲ ဆိုတာကို သမိုင်းစရှည်ရှည်စောင့်နေစရာ မလိုဘဲ အဖြေကထွက်နေပြီ။


၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ ရွေးကောက်ပွဲဝင်ဖို့ လော်ဆော်နေသော၊ ဝင်ရန်ပြူတစ်ပြူတစ်စောင့်နေ ကြသော ဆရာကြီး၊ ငယ်၊ လတ်၊ ဆိုဒ်စုံများသို့ မေးခွန်းတစ်ခုမေးချင်ပါသည်။ ဘာလို့များ မဲမပေးခြင်း၊ ရွေး ကောက်ပွဲမဝင်ခြင်းသည်လည်း စပေ့ကိုချဲ့ခြင်းဖြစ်သည်ဟု မတွေးမိ၊ မတွေးရဲကြတါလဲ။ မပြောကြ။ မဟော ကြတာလဲ..ဆိုသည့်မေးခွန်းပင်ဖြစ်ပါသည်။ ဟာကွာ ငါတို့ဘာသာဝင်ချင်လို့ ဝင်တာကွာ ဘာဖြစ်လဲဟု ဖြေ ချင်လျှင်လည်း ဖြေခွင့်ပေးပါသည်။ သို့သော် ကျွန်တော့်ဘက်က တိုင်းပြည်နှင့်လူမျိုးကို ကိုယ်စားပြုပြီး ဒီ ဆောင်းပါးလေးပေါ်မှ တောင်းဆိုချင်တာက တိုင်းပြည်နှင့် လူမျိုးအတွက် ရွေးကောက်ပွဲဝင်တာပါဆိုတာကို မ သုံးကြရန် ကန့်ကွက်လိုက်ပါသည်။


ကျွန်တော့်တူလေးတွေ သုံးလေးနှစ်သားလောက်က နာမည်ကြီးသီချင်းလေးတစ်ပုဒ်ကို သူတို့အော်အော်ဆိုတာ ကြားဖူးပါသည်။ “အသည်းကွဲတဲ့ရောဂါ လွယ်လွယ် နဲ့လည်း မပျောက်နိုင် အသည်းကွဲတဲ့ရောဂါ”..အဆိုတော် လာဇယုရဲ့သီချင်း ကောင်းလေးတစ်ပုဒ်ပါ။ အဲဒီသီချင်းကို ပတ်ဝန်းကျင်က ဖွင့်ပါများတော့ ကျွန်တော့် တူတော် မောင်နှစ်ယောက်က ကလေးနားနဲ့ ကြားပြီးသူတိုပြန်ပြန်အော်ဆိုတာက “ကွဲကွဲလေးရော ရွယ်ရွယ်နဲ့ယဲ မ ပြောက်နိုင် ကွဲကွဲလေးရောဂါ”တဲ့…အခုလည်း ကျွန်တော်ရေးနေတဲ့ ဟိုရောက်ဒီရောက်ပေါက်ကရတွေကို ကျွန်တော့် တူလေးတွေဆိုခဲ့ဖူးတဲ့ ကွဲကွဲလေးရောဂါဆိုတဲ့ အသံမျိုးနဲ့ဆိုရင်း ဒီမိုကရေစီစလယ်ဝင်အိုးကြီးခမျာ ဖင်မည်းဖို့နေနေသာသာ ပါကင်ပင် မဖောက်ရသေးခင် ကွဲနေပြဲနေသူတွေအကြောင်းကို ပြုံးစစယှဉ်တွေး မိရင်း ကို ဒီဆောင်းပါးကို ဆက်ရေးရမလား ၊ ရပ်ပစ်လိုက်ရမလား တွေးနေမိပါတယ်။

နိုင်ငံပြုသစ္စာဖြင့်

သီဟငယ်

(တနင်္လာ) ၂၃၊ ၈၊ ၂၀၁၀
မေးလ်မှရှိပါသည်။

Call Canada to Support 'Commission of Inquiry' on Burma

Canadian Parliamentaries supporting for UN 'Commission of Inquiry' on Human Rights sitaution in Burma

-compiled as of Aug 18, 2010 by Parliamenatary Friends of Burma (PFOB) and Canadian Friends of Burma (CFOB)

#
Name
Party
Constituency/position
1 Alan Tonks
Liberal
York South - Weston, ON
2 Alexandra Mendés
Liberal
Brossard-La Prairie, Quebec
3 Bernard Bigras
BQ
Rosemont-La petite-Patrie, Quebec
4 Borys Wrzesnewskyj
Liberal
Etobicoke Centre, ON
5 Brad Trost
Conservative
Saskatoon-Humboldt, Saskachewan
6 Brian Masse
NDP
Windsor West, ON
7 Brian Murphy
Liberal
Moncton-Riverview-Dieppe, New Brunswick
8 Bruce Hyer
NDP
Thunder Bay - Superior North, ON
9 Bruce Stanton
Conservative
Simcoe North, ON
10 Carole Lavalée
BQ
St.Bruno-St.Hubert, Quebec
11 Christiane Gagnon
BQ
Québec, Quebec
12 Claude Bachand
BQ
Saint-Jean, Quebec
13 Derek Lee
Liberal
Scarborough - Rouge River, ON
14 Diane Bourgeois
BQ
Terrebonne - Blainville, Quebec
15 Francine Lalonde
BQ
La Pointe-de-l'Île/Foreign Affairs Critic (Bloc Québécois), Quebec
16 Frank Valeriote
Liberal
Guelph, ON
17 Garry Breitkreuz
Conservative
Yorkton-Melville, Saskatchewan
18 Gérard Asselin
BQ
Manicouagan, Quebec
19 Gilles Duceppe
BQ
Leader of Bloc Québécois, Quebec
20 Hon. Anita Neville
Liberal
Winnipeg South Centre, Manitoba
21 Hon. Bob Rae
Liberal
Toronto Centre/Foreign Affairs Critic (Liberal Party), ON
22 Hon. Carloyn Bennett
Liberal
St.Paul's, ON
23 Hon. Geoff Regan
Liberal
Halifax West, Nova Scotia
24 Hon. Hedy Fry
Liberal
Vancouver Centre, BC
25 Hon. Irwin Cotler
Liberal
Mount Royal, Quebec
26 Hon. John McKay
Liberal
Scarborough-Guildwood, ON
27 Hon. Larry Bagnell
Liberal
Yukon/Chair of PFOB, Yuko
28 Hon. Maria Minna
Liberal
Beaches - East York, ON
29 Hon. Marlene Jennings
Liberal
Notre-Dame-de-Grâce - Lachine, Quebec
30 Hon. Peter Kent
Conservative
Minister of State for Foreign Affairs (Americas), Thornhill, ON
31 Hon. Shawn Murphy
Liberal
Charlottetown
32 Hon. Wayne Easter
Liberal
Malapeque, Prince Eward Inland
33 Irene Mathyssen
NDP
London-Fanshawe, ON
34 Jack Harris
NDP
St. John's East
35 Jack Layton
NDP
Toronto-Danforth/Leader of NDP, ON
36 James Bezan
Conservative
Selkirk-Interlake, Manitoba
37 Jean Crowder
NDP
Nanaimo - Cowichan, BC
38 Jean Dorion
BQ
Longueuil-Pierre-Boucher, Quebec
39 Jean-Yves Laforest
BQ
Saint-Maurice-Champlain, Quebec
40 Josée Beaudin
BQ
Saint-Lambert, Quebec
41 Judy Foote
Liberal
Random - Burin - St. George's, New Foundland
42 Judy Wasylycia-Leis
NDP
Winnipeg North, Manitoba
43 Kevin Sorenson
Conservative
Crowfoot/Chair - Standing Committee on Foreign Affairs, AB
44 Libby Davies
NDP
Vancouver East, BC
45 Louis Plamondon
BQ
Bas-Richelieu-Nicolet-Bécancour, Quebec
46 Malcolm Allen
NDP
Welland, ON
47 Mario Silva
Liberal
Davenport
48 Meili Faille
BQ
Vaudreuil-Soulanges, Quebec
49 Olivia Chow
NDP
Trinity-Spadina, ON
50 Paul Dewar
NDP
Ottawa Centre/Foreign Affairs Critic (NDP)/Vice-chair(PFOB), ON
51 Peter Julian
NDP
Burnaby-New Westminster, BC
52 Peter Stoffer
NDP
Sackville-Eastern Shore, Nova Scotia
53 Pierre Paquette
BQ
Joliette, Quebec
54 Rob Oliphant
Liberal
Don Valley West, ON
55 Roger Pomerleau
BQ
Drummond, Quebec
56 Senator Consiglio Di Nino Vice-chair (PFOB)
57 Senator Dan Lang
58 Senator David Smith
59 Senator Joan Cook
60 Senator Lorna Milne
61 Senator Lucie Pépin
62 Senator Michel Rivard
63 Senator Mobina Jaffer
64 Senator Nancy Ruth
65 Senator Percy E. Downe
66 Senator Raynell Andreychuk
67 Senator Tommy Banks
68 Stephen Woodworth
Conservative
Kitchener Centre, ON
69 Sukh Dhaliwal
Liberal
Newton -North Delta, BC
70 Thierry St.Cyr
BQ
Le Ber, Quebec
71 Yves Lessard
BQ
Chambly-Borduas, Quebec
72 Yvon Lévesque
BQ
Abitibi - Baie-James - Nunavik - Eeyou, Quebec
73 John Rafferty
NDP
Thunder Bay, ON
74 Don Davies
NDP
Vancouver Kingsway, BC
75 Senator Dennis Patterson
76 Bill Siksay
NDP
Burnaby-Douglas, BC
77 Monique Guay
BQ
Riviere-du-Nord, Quebec
78 Senator Sharon Carstairs
79 Nicole Demers
BQ
Laval, Quebec
80 Patrick Brown
Conservative
Barrie, ON

Abrreviation Notes:

NDP: New Democratic Party

BQ: Bloc Quebecois


We need to ask him to put it into action!

Please send an email message to the Foreign Minister Lawrence Cannon (Cannon.L@parl.gc.ca) and cce’d to Prime Minister Stephen Harper (Harper.S@parl.gc.ca), or call directly to his office (613-995-1851).

Please also urge your MPs and Senators to add into the list of parliamentary support on this inquiry. Just ask them to contact us to update the list.

-Canadian Friends of Burma

-----------------------------------------------------------------------

The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org