Friday, August 27, 2010

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ဦးဥာဏ်ဝင်းသို့မှာကြားချက် (၉)ချက်


၁။ NLD မပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင် မဲမထည့်ပဲနေပါ။

၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို အခွင့်အရေးယူပြီးလှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။

၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။

၎။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။

၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်းရမယ်၊နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအဓိပ္ပါယ်မရှိဘူး။

၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီးမသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။

၇။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုတ်ပြန်ခွင့် မရှိဘူးအဲ့ဒါကို ကန့်ကွက်တယ်။

၈။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ်။ အဲ့ဒီကထွက်လာမယ့် သမ္မတကို လွှတ်တော်ကမလွှမ်းမိုးနိုင်ဘူး သမ္မတ ကပဲအားလုံးကို လွှမ်းမိုးချုပ်ကိုင်သွားမှာဖြစ်တယ်။


၉။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာမင်းမဲ့စရိုက်ပဲ။

http://ashin-htavara.blogspot.com/

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၃/၂၀၁၀)

http://www.mediafire.com/file/5m7tbbg5lhtr6ad/13_2010_commentary_.pdf

http://www.mediafire.com/file/agztb4tu67bm6aw/13_2010_commentary_.doc

13 2010 Commentary

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီး မောင်အေးတို့ ရာထူးမှ နားခြင်းအပါအဝင် တပ်မတော်ထိပ်တန်း စစ်ဘက်ရာထူးများတွင် အပြောင်းအရွေ့များ ယနေ့ ဖြစ်ပွားသည်။

ယခင် စစ်ရေးချူပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီး အခြားသော ကစထမှူးတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာသည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏နေရာတွင် ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်လာသည်။

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာသည်။

ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူအများစု ရာထူးမှ နှုတ်ထွက်သွားပြီး တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရှိသူများ ရာထူးတက်သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အောက်တွင် ရာထူးဟောင်းနှင့် ရာထူးသစ်များကို ပြသထားသည်။ အသေးစိတ်ကို ဆက်လက် စုံစမ်းလျှက်ရှိသည်။


လက်ရှိရာထူး ယခင်ရာထူး
ကြည်းရေလေညှိနှိုင်းရေးမှူး ကစထမှူး(၂) ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
စစ်ရေးချုပ် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး
စစ်ထောက်ချုပ်ရုံး နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်
စစ်ရာထူးခန့်ချုပ် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်
ရန်ကုန်တိုင်း တပ်မ ၇၇ တပ်မှူး ဗိုလ်မှူးကြီး ထွန်းသန်း
တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံး အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ
ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၁) အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၃) တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၄) အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၅) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ

http://www.mizzimaburmese.com/news/breaking-newsbrief/5935-2010-08-27-13-14-27.html?awesm=fbshare.me_ARotV

Liberals call on Conservative gov't to support a UN Inquiry on human rights situation in Burma


August 27, 2010

Liberals call on the Conservative government to support a United Nations Commission of Inquiry on the human rights situation in Burma

OTTAWA – The Liberal Party is calling on the Conservative government to support an international call for a special United Nations Commission of Inquiry into allegations of war crimes and crimes against humanity by the Burmese junta.

“Today, we are calling on Prime Minister Stephen Harper and Foreign Affairs Minister Lawrence Cannon to break their silence and join the United States, Britain, other countries and countless venerable human rights organizations in their appeal for a United Nations mandated Commission of Inquiry,” said Liberal Leader Michael Ignatieff.

“The alleged crimes committed by the junta against Burmese citizens are terrible and long-standing. An effective Commission of Inquiry would be an important first step toward justice for the people of Burma. Liberals believe that Canada has an obligation to advocate for this Inquiry.”

“The situation in Burma is dire,” said Liberal Foreign Affairs Critic Bob Rae. “Despite losing a national election in 1990 to the National League for Democracy, led by Aung San Suu Kyi, Burma’s dictatorial military-led government refused to step down and continues to violently repress any attempts by the people to assert their democratic rights. Burmese citizens are ruthlessly denied freedom of speech, association and assembly. The junta is also accused of vicious ethnic repression, as well as campaigns of systematic rape and forced labour.”

“In a display of solidarity, both myself and many of my Liberal colleagues have signed the Parliamentary Friends of Burma petition for the Inquiry organized by the Canadian Friends of Burma association,” continued Mr. Rae.

“The international community is questioning Canada’s silence. Before any Commission of Inquiry can proceed, it needs a mandate from the United Nations – and Canada’s support would go a long way to making that happen,” concluded Mr. Ignatieff. “Stephen Harper must heed the call to support the Commission of Inquiry as an important first step towards justice.” -30-

Contact:

Press Office
Office of the Leader of the Opposition
613-996-6740

Office of the Hon. Bob Rae, MP, 613-992-5234

မီဒီယာ တွေရဲ့  တာဝန်



မီဒီယာ တွေရဲ့  တာဝန်ကျေပွန်တာတွေနဲ့ ဖြုတ်ထုတ်သတ်လုပ်မှ အေးမည့်မီဒီယာ

၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံအရ ဖြစ်ပေါ်လာမဲ့အစိုးရကို ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြလိုက်ပါသည်။ စစ်ရေးကျွမ်းကျင်သော သမ္မတကလွှမ်းမိုးချုပ်ကိုင်နေသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမို့ မည်သည့်နည်းနှင့်မျ လွှတ်တော်မှာအာဏာမရှိ။ ထိမ်းချုပ်၍မရ။ ထို့ကြောင့် တရားမျှတမှူမရှိသော ဥပဒေကို လက်ခံကျင့်သုံးသူများကို မင်းမဲ့စရိုက်များ (Anarchy )ဟု ပြောပြလိုက်သေးသည်။ ကျင့်သုံးသူကော လက်ခံသူကိုကော ထောက်ခံသူကိုရော မသိနားမလည်သူကိုပါ ပြောဆိုခြင်းဖြစ်သည်။ ယင်းဖွဲ့စည်းပုံအကြောင်းကို ဂဂဏဏသိရှိသောသူတို့က ပြောဆိုသောကြောင့်လည်း ဤဖွဲ့စည်းပုံကို အကောင်အထည်ဖေါ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံ ၊ သပိတ်မှောက်ကြဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်ပါသည်။ ထို့ကြောင့် သပိတ်မှောက်ကြရမည့်အကြောင်းကိုလည်း ပြောကြဆိုကြရတော့မည်မဟုတ်ပါလေလား။ သည်တော့ရှင်းပြီဟုထင်သည်။ သို့သော်မရှင်းသေးပါ။ အင်မတန်စိတ်ပျက်စရာကောင်းသော အခြေအနေများတွင် ဒီမိုကရေစီအင်အားစုတွေ ပြည်ပမှာပါ ပြည်တွင်းမှာပါ စိတ်ရှုပ်ထွေးနေကြရပါသည်။ ယင်းမှာမီဒီယာသမားများကြောင့်ဖြစ်သည်။ ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်သည်ဟု ပြောဆိုနေကြသံမှာ တိတ်ဆိတ်နေရလောက်အောင်ဖြစ်နေရသည်။ ဤသည်မှာကောင်းသော လက္ခဏာမဟုတ်။ ကျွန်တော်ဗွီအိုအေ၏ ၀ပ်ဆိုက်ကိုဖွင့်ကြည့်ပါသည်။ တွေ့နေမြင်နေရသည်မှာ ၂၀၁၀ ပွဲစားလေလံတင်နေသူ ဒေါက်တာခင်ဇေါ်ဝင်းကို ဗျူးနေသော ရုပ်သံအစီအစဉ်ကို တွေ့နေရသည်။ ယင်းမှာဒီမိုကရေစီအင်အားစုများအား စိတ်ပျက်စေနေသော ပုံမျိုးဖြစ်နေသည်။ ဒေါက်တာခင်ဇေါ်ဝင်းမှာ စစ်အစိုးရ၏ရွေးကောက်ပွဲ့ကို ပြည်တွင်းတွင် သေသေချာချာ တင်ပြနိုင်သောသူဖြစ်ပါသည်။ သူ့မှာမည်သို့မျအန္တရယ်မရှိချေ။ အခြားသောဒီမိုကရေစီအင်အားစုများမှာ မီဒီယာမရှိ။ ရုပ်မြင်သံကြားမရှိ။ အင်မတန်မှအခက်အခဲရှိနေသော ဒီမိုကရေစီအင်အားစုတို့၏အခြေအနေကို လူတိုင်းသိရှိကြပါသည်။ ကျွန်တော်တို့မြင်ချင်တွေ့ချင်သည်မှာ ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကျားကျားယားယား အံကြိတ်ပြောဆိုနေသော အတိုက်အခံသမားများတွေကို မြင်ချင်တွေ့ချင်သည်။ ညောင်ညာညာနှင့် မျက်နှာသေပုံမျိုးဖြင့် မုဒိမ်းမှူကျူးလွန်ထားသော သူများလိုရုပ်မျိုးနှင့် တရားခွင်မှာ အစစ်ဆေးခံနေသောသူတွေလို ဒီမိုကရေစီအင်အားစု အတိုက်အခံသမားတွေကို မမြင်ချင် မတွေ့လို။ နောက်တခါမီဒီယာတွေ အသံလွှင့်ဌါနတွေမှာ ထုတ်လွှင့်ရေးသားမှူများကလည်း မည်သို့မျသတင်းအတိအကျ ခိုင်မာမှူမရှိဘဲ ရေးသားထုတ်လွှင့်ရေးသားနေကြသည်မှာ စိတ်ပျက်စရာဖြစ်သည်။ လူမျိုးစုများနှင့်ပါတ်သက်၍ ရွေးကောက်ပွဲများကို လွှင့်ချင်သည်ဆိုလျင် သန်ခေါင်စာရင်းနှင့် လူဝင်မှူကြီးကြပ်ရေးဌနနှင့်မှတ်ပုံတင်ဌါနသို့ ယင်းလူမျိုးစုများရှိမရှိ မမေးမစမ်း။ ပြည်နယ်တခုစီတွင် ရှိနေကြသော လူမျိုးစုနွယ်စာရင်းတွင် ပါဝင်ပါတ်သက်နေမှူရှိမရှိ။ သမိုင်းဆိုင်ရာအချက်အလက်များဖြင့် ရှိနေသောလူမျိုးစုနွယ်များဖြင့် ရပ်တည်နေသည့်လူမျိုးစုများဟုတ်မဟုတ် မစုံစမ်းမလေ့လာ၊ သမိုင်းပညာရှင်များ၊ သမိုင်းသုတေသီများကို မတိုင်ပင် ။ မလေ့လာ၊ လမ်းဘေးမှ ပေါက်ကရလေးဆယ် တွေ့နေသူများကို မေးမြန်းပြီး သတင်းတွေ ပေါ်ပင်ထုတ်လွှင့် ရေးသားနေကြသည်။ လွန်ခဲသောနေ့က RFA မှာကြားလိုက်ရပါသေးသည်။ ယင်းမှာယခုတကြိမ်တည်းမဟုတ်။

စင်စစ်အားဖြင့် မီဒီယာအသံလွှင့်ဌါနတွေကို စိတ်ပျက်နေသောသူတွေထဲမှာ ကျွန်တော်ပင်မဟုတ်။ အခြားသောပြည်ပရောက်နိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများလည်း မနည်းရှိကြသည်။ တနေ့ကမျိုးရန်နောင်သိမ်းမှ RFA မှာ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ မဲထည့်ရမည့်အကြောင်းများကို ဆောင်းပါးဖြင့် အသံလွှင့် နေခဲ့သည်။ ယင်းကို ကျွန်တော်က RFA အားကန့်ကွက်ခဲ့သည်။ ယင်းအကြောင်းနှင့် ပါတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာဆရာကြီး ၊ နိုင်ငံရေးအကျဉ်းသမား ဦးဝင်းတင်က ဘ၀နှစ်မျိုးနှင့် မီဒီယာ၏
ရန်တည်ချက်များကို ပြောသွားသည်။ သည်တော့မည်သူကမှန်နေပါသနည်း။ RFA ကမှန်နေပါသလား။ မျိုးရန်နောင်သိမ်းကဘဲ မှန်နေပါသလား။ ကန့်ကွက်သူကျွန်တော်ကဘဲ မှန်နေပါသလား။ ဤမေးခွန်းကို ယခု မျိုးရန်နောင်သိမ်းကဘဲ မနေ့ကဘဲ အဖြေပေးသွားပါပြီ။ ယင်းမှာရွေးကောက်ပွဲကို သပိတ်မှောက်ရန်မှအပ အခြားရွေးစရာလမ်းမရှိတော့ပါဟု မျိုးရန်နောင်သိမ်းက ပြည်သူသို့ပန်ကြားချက်ထုတ်ပြန်သွားပါပြီ။ မျိုးရန်နောင်သိမ်းမှာ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်ဖြစ်၍ ကျွန်တော်ပိုပြီးလေးစားသွားပါသည်။ ကွန်ဂရက်ကျူးလေးရှင်းပါ ကိုမျိုးရန်နောင်သိမ်းဟု ပြောဆိုလိုက်ရပါသည်။ နောင်ကိုကျွန်တော်တို့နှင့် လက်တွဲ၍ရသွားပါလိမ့်မည်ဟုထင်ပါသည်။ ဤသည်မှာမီဒီယာတွေ၏အခန်းကဏ္ဍတွေမှာ မည်မျအရေးကြီးနေပုံကို ဆောင်းပါးရှင်ကိုယ်တိုင်က နိုင်ငံရေးမီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါသည်။ ငါးသလောက်ပမာ ခေါင်းစဉ်ဖြင့် မီဒီယာတွေနှင့် ပါတ်သက်၍ ဆောင်းပါးတပုဒ်ကို ရဲဘောကျော်သန်းမှ ရေးသားသည်ကို ဖတ်ရပါသည်။ နိုင်ငံရေးစာပေအနှစ်သာရများစွာဖြင့် ရေးသားထားသော ယင်းဆောင်းပါးမှာ နိုင်ငံရေးလောက၌ သိထားသင့်သော လိုက်နာသင့်သော အချက်အလက်များဖြစ်နေသည်ကို တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် တော်လှန်ရေးတရပ်အောင်မြင်မူ၊ နိုင်ငံရေးအခန်းကဏ္ဍ
ကြီးမားမူ ၊ အရေးတကြီး ပါဝင်ပါတ်သက်ပုံကို ရေးသားတင်ပြထားသည်မို့ နိုင်ငံရေးစစ်တမ်းတခု ဖြစ်နေသည်ကိုလည်းတွေ့ရသည်။ ရဲဘော်ကျော်သန်း၏ ငါးသလောက်ပမာဆောင်းပါးကို ပုဂ္ဂိုလ်ရေးဆန်ကာ လူမူရေးအခြေခံပြီး တိုက်ခိုက်ရေးသားသော မောင်မောင်မြင့် ဆိုသူတယောက်က စာပေအဆင့်အတန်းမရှိပါဘဲ တုန့်ပြန်ရေးသားလာမူကိုလည်း တွေ့ရှိလာရသည်။ ထို့ကြောင့် ကျွန်တော့်မှာပြည်တွင်းတွင် ဤမောင်မောင်မြင့် ဆိုသူနာမည်ဖြင့် ရေးသားသောဆောင်းပါးများ၊၀တ္ထုများ၊ကဗျာများ၊ မဖတ်ဖူးခဲ့ရ၍ မောင်မောင်မြင့်ဆိုသောကလောင်နာမည်ကို မကြားဖူး။ ပြည်ပတွင်လည်း ၀တ္ထု၊ဆောင်းပါး၊ကဗျာ၊များကို မဖတ်ဖြစ်ဖူးသောအခါ စာပေအနုပညာလောကမှ ပုဂ္ဂိုလ်တဦးတော့ဖြင့် မဟုတ်တန်ရာဟု ထင်မိခဲ့ပါသည်။ ကျွန်တော်ပင်ညံ့လွန်း၍လားတော့ဖြင့်မဆိုနိုင်၊သို့သော် လူတကာလျောက်၍မေးကြည့်ရာ မြန်မာနိုင်ငံသတင်းသမဂ္ဂ -ဥက္ကဌလား- မသိ။ ပြောကြပါသည်။ ကျွန်တော်ကြားဖူးသိဖူးအကျွမ်းဝင်ဖူးသောသူမှာ စာရေးဆရာဇင်လင်းသာ ယင်းအဖွဲ့မှာရှိသည်ဟုတော့သိရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့က စာပေအနုပညာအဖွဲ့ကို နယူးဒေလီတွင်ဖွဲ့ကြရာ ကျွန်တော်က ဥက္ကဌကြီး×အယ်ဒီတာချုပ်ရာထူးဖြင့် ရွေးကောက်ခံရ၍ တချိန်ကျလျင် အရှေ့ဘက်က ဖွဲ့စည်းထားသော မြန်မာနိုင်ငံသတင်းသမဂ္ဂနှင့် လိုအပ်လာလျှင် စကားစမည်ပြောရအောင် ဆရာဇင်လင်းကိုသာ သတိထားမိခဲ့ပါသည်။
ယင်းကြောင့်လည်းထင်ပါသည်။ မောင်မောင်မြင့်မှာ စာပေအနုပညာသမားအဆင့် မရှိသလို တုန့်ပြန်စာရေးသားရာမှာ အချင်းချင်းသူငယ်ချင်းကိုရေးသားသလို ရေးသားပေးပို့လိုက်ပါတော့သည်။ သူ့စာကို ဆောင်းပါးအဖြစ်လည်း မသတ်မှတ်နိုင်ကြောင်း ဖတ်သူတိုင်းက သိသာနိုင်ပါသည်။ ဤနေရာ၌ ကျွန်တော့်မှာအထူး ၀မ်းနည်းစရာဖြစ်ရပါသည်။ မီဒီယာတွေကို ဒီမိုကရေစီအင်အားစုများဘက်မှ ဖြစ်စေချင်သော အုပ်စုနှင့် ယခုအချိန်တွင် မီဒီယာဆိုတာကြားနေရမည်။ ကျင့်ဝတ်ရှိရမည်ဟု ပြောဆိုလာသံတွေက တဘက်ဖြစ်နေပါသည်။ ဆရာဦးဝင်းတင်ကလည်း ပြောနေပြီးပါပြီ။ မောင်မောင်မြင့်ဆိုသူမှာ ဆရာဦးဝင်းတင်၏ ရေဒီယိုဟောပြောချက်ကို နားမထောင်ဖြစ်၍ ဆန္ဒစောကာ တုန့်ပြန်စာရေးသားခြင်းဟု ထင်ရသည်။ သူ့တုန့်ပြန်စာမှာ ပုဂ္ဂိုလ်ရေးထိခိုက်စာရေးသားထားသည်ကို တွေရသည်။ မီဒီယာသတင်းစာဆရာများအနေဖြင့် မိမိတို့၏ အကြောင်းအရာများနှင့် ပါတ်သက်လျင် ဤသို့မရေးတတ်ကြမှန်း သိနိုင်ပါသည်။ ယခုမူအောက်တန်းကျလှပါသည်။ လူကြီးလူကောင်းဆန်ရန်လိုပါသည်။ မီဒီယာကျင့်စဉ်များ၊ မိမိတို့စည်းကမ်းချက်များကို ရေးသားလိုက်လျင်ပင် လုံလောက်နေပါလျက်ကယ်နှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချင်လွန်းမူအား နိမိတ်ပြစာကြောင်းများအရ သိသာနိုင်ပါသည်။ ဖြေရင်းချက်များမဖြစ်ဘဲ ပဋိပက္ခအသွင် ဆောင်သွားစေပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ကြိုးစားနေသည့်သူများအဖို့ ယင်းသို့လူတန်းစားမျိုး ရှိနေကြသည်ကို သိရှိရခြင်းမှာ အလွန် တန်ဖိုးရှိသွားပါပြီ။ ခက်နေသည်မှာ သူချည်းမဟုတ်။ အခြားသောမီဒီယာတွေ၊သတင်းစာတွေ ၊ ဂျာနယ်တွေ ထုတ်လုပ်ဖြန့်ချီနေကြသူတွေထဲမှာလည်း ၀တ္ထုတပုဒ်၊ ဆောင်းပါးတပုဒ်၊ ကဗျာတပုဒ် ၊ မရေးတတ်ဘဲ အယ်ဒီတာချုပ်တွေ၊ ဘာဥက္ကဌတွေ ညာဥက္ကဌတွေ ဆိုပြီး လုပ်နေသောသူတွေရှိနေလို့ကတော့ ဒီမိုကရေစီအင်အားစုတွေအဖို့မှာ လျာပေါက်အောင်ပြောသော်လည်း မဟုတ်တာတွေဖြစ်နေမှာကတော့သေချာပါသည်။ ယခုလည်း ABSDF ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ပြောသလို မီဒီယာသမားတွေက ကြားနေမည်ဆိုလျင် ဒီမိုကရေစီရေဒီယိုအသံလွှင့်ဌါနတွေမှာ မလုပ်ကြပါနှင့် ပြောတာကိုထောက်ခံရပေလိမ့်မည်။ RFA ,DVB တို့သည် ဒီမိုကရေစီအင်အားစုများအတွက် အင်မတန်အားကိုးရာ အားဆေးဖြစ်ပါသည်။ ကျွန်တ်ာသည်ပင် မိမိအသက်စည်းစိမ်၊ မိမိ မိသားစုတွေကို စွန့်လွှတ်ခဲ့ရမည်ကိုမကြောက် ။ သားမယားထောင်ကျခံရသည်ကို မစဉ်းစားဘဲ အထူးအားကိုးကာ RFA မှာ ဆောင်းပါးတွေရေးပို့ကာ နေပျော်ခဲ့ပြီးပြီ။ ယခုလည်းအသံလွှင့်ဌါနတွေကို အားကိုးနေတုံး ၊နားထောင်နေတုံး။ သို့သော် စိတ်ပျက်လာသည်မှာတော့ ကြာလာပါပြီ။ နားမထောင်ချင်တော့ပါ။ ကျွန်တော်တို့လို စိတ်ဓါတ်တွေအပြည့်နှင့် တက်ကြွသူများပင်လျင် စိတ်ဓါတ်တွေကျဆင်းကုန်ပြီဟုဆိုက အခြားသူများတို့ကို ဘာမှပြောစရာရှိပါမည်နည်း။ကျွန်တော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အင်အားစုများဖြစ်ရာ ရေဒီယိုများမှ သပိတ်မှောက်ကြောင်းကိုဘဲ ပြောချင်သည်။ ဆွေးနွေးချင်သည်။ ရေဒီယိုနှင့် အင်တာဗျူးသောအခါ အခြားသောသူများနှင့် ပြုလုပ်နေတာတွေကို ကြားနေရပါသည်။ တခါတခါ ရွေးကောက်ပွဲကို ၀င်မည့်သူများနှင့် တချို့ မှာ ပြောဆိုဆွေးနွေးကြပါသည်။ ယင်းအချိန်ခါ ကျွန်တော်တို့မှာ အားမရလှ။ အဘယ့်ကြောင့် ဆိုသော် တဘက်လူကပြောနိုင်စွမ်းရှိချိန် သပိတ်မှောက်မည်ဟု ပြောဆိုသောသူမှာ ပျော့ညံ့သူများဖြစ်နေတာကို တွေ့နေရပါသည်။
ရေဒီယိုများနှင့် စကားအခြေအတင်ပြောကြသောအခါ ကျွန်တော်။ ကိုထွန်းအောင်ကျော်။ ရဲဘော်ကျော်သန်း၊ ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်တို့မှာ အထူးစကားပြောနိုင် အင်တာဗျူးပြောနိုင်သူများဖြစ်သည်။ သို့သော် ရွေးကောက်ပွဲသပိတ်မှောက်မည့်အကြောင်းများနှင့် မည်သည့်အခါမျ မပြော။ မဆွေးနွေး။ အင်တာဗျုးမပြုလုပ်ရ။ ဆိုးနေသည်က ကျွန်တော်တို့မှာ ဘလော့တွေ ။ ၀ပ်ဆိုက်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဆောင်းပါးရေးနေသူများဖြစ်ရာ မည်သည့်အတွက်ကြောင့်များ အင်တနာဗျူးတချက်တလေ မပြုလုပ်လေသနည်းဟုလည်း စဉ်းစားစရာဖြစ်နေပါသည်။ ဘလော့တွေကို ၀ပ်ဆိုက်တွေကို မီဒီယာရေဒီယိုသမားတွေကများ တမင်မဖတ်ကြလေသလားမသိ ။ တခါတခါ မြန်မာ့နိုင်ငံရေးသုံးသပ်သူ၊ မြန်မာ့နိုင်ငံရေးလေ့လာသူ၊ စစ်ရေးအကဲခတ် စသည်ဖြင့် အဓိပ္ပါယ်မရှိ နာမည်ကင်ပွန်းတပ်ကာ အင်တာဗျူးလုပ်နေသံတွေကိုလည်း ကြားနေရသည်မှာ တကယ့်နားမုဒိမ်းကျင့်ခံနေရသည်နှင့် တူနေသည်။ ရေဒီယိုတွင် သတင်းထောက်လုပ်နေသူများမှာလည်း တော်လှန်ရေးလောက နိုင်ငံရေးလောကမှ ထွက်လာသူများဖြစ်ရာ နိုင်ငံရေးသမားများကို အင်တာဗျူးပြုလုပ်ကြသည့်အခါ ဘက်လိုက်တာတွေကလည်းရှိနေသည်။ သူတို့ကိုထမင်းကျွေးထားသူများဆိုလျင်တော့ ဟုတ်ဟုတ်မဟုတ်ဟုတ် မိုက်ခွက်ကလေးတော့ ပေးပြီးသား။ အဆိုးဆုံးကတော့ အကယ်၍ဆန္ဒပြနေသည်ဟုဆိုလျင်ပင် ပြနေသည့်နေရာကိုမျှ မသွားဘဲ တယ်လီဖုံးကလေးဖြင့် မေးစမ်းပြီးအင်တာဗျူးလုပ်ကာ အသံလွှင့်ပေးနေခြင်းဖြစ်သည်။ ယင်းမှာအခန်းအနားကိုပြုလုပ်သူက မည်သူဆိုရုံမျနှင့် လုံလောက်နေသလို အင်တာဗျူးလုပ်ခြင်းနည်းလမ်းဖြစ်သည်။ ဆန္ဒပြနေရာမှာ ၊ အခန်းအနားတွေမှာ မည်သူကမည်သို့ စစ်အစိုးရနှင့် ပါတ်သက်၍ ပြောပြချက်များ၊ တင်ပြချက်များ၊ ပေါ်လီစီများကို အကောင်းဆုံးဟောပြောနေပေမင့် အခန်းအနားဆောင်ရွက်သူကိုသာ အင်တာဗျူးပြုလုပ်နေမူမှာ မြန်မာနိုင်ငံဒီမိုကရေစီလောကမှ ယဉ်ကျေးမူတရပ်ဖြစ်နေသည်။ သည်တော့ဆန္ဒပြပွဲတွေမှာ ၊အခန်ူအနားတွေမှာ အာပေါက်အောင်ပြောနေသောနိုင်ငံရေးသမားတို့မှာ ငယ်သံပါအောင်အော်ပြောနေသော်လည်း သူတို့အသံကို ပြည်သူတို့မကြားလိုက်ကြရ။ ပြည်သူတို့ကို စိတ်ဓါတ်ခွန်အား မပေးလိုက်ကြရ။ နိုင်ငံတကာသတင်းထောက်များမှာတော့ စစ်မြေင်ပြင်ဆင်းပြီး သတင်းထောက်များကို မြင်တွေ့နေရသည်။ နိုင်ငံကတကာလမ်းမပေါ်မှာ ကြွေးကြော်ဆန္ဒပြနေကြသော လူအုပ်စူရှိရာသို့ ကျွန်တော်တို့ဇတ်လိုက်ကျော် သတင်းထောက်များ၊ ဂျာနယ်သတင်းထောက်များမှာ နေအိမ်မှ၎င်း။ ရုံးခမ်းမှ၎င်း အင်တာဗျူးလုပ်ပြီး သတင်းတွေထုတ်လွှင့်နေကြသည်မှာ ရွံစရာကြီးဖြစ်ပါသည်။ ကိုထွန်းအောင်ကျော် ပြောသလို စစ်ဖြစ်နေချိန် ရေဒီယိုများမှ စစ်နိုင်သတင်းများကို လွှင့်ပေးနေရချိန်မှာ ကျွန်တော်တို့သတင်းထောက်တွေ မီဒီယာတွေ ဘယ်လိုလုပ်သင့်ပါသလဲဆိုတာ စဉ်းစားစရာဖြစ်လာပါသည်။ မှန်ပါသည်။ ကိုထွန်းအောင်ကျော် ပြောသလို ပြည်သူနှင့် စစ်အုပ်စုတို့စစ်ဖြစ်နေကြပါသည်။ ယင်းအချိန်မှာမီဒီယာတွေကို ကျွန်တော်တို့ဖက်က အားကိုးချင်ပါသည်။ ကျွန်တော်တို့ကပြောသော လွှင့်သော ရေးသော အကြောင်းအရာများကို ပြည်သူများအားသိစေချင်ပါသည်။ ကျွန်တော်တို့၏ပြည်သူများအား ပြောကြားရေးသားခြင်းကို ဘက်လိုက်ပြီးပြုလုပ်သင့်သည်။ အကယ်၍ဘက်မလိုက်လိုလျင် ဘက်မလိုက်သော သတင်းဌါနများ၊ဂျာနယ်များတွင် သွားလုပ်ကြခြင်းက ပို၍ကောင်းသည်လို့ထင်ပါသည်။ မည်သည့်အတွက်ဆိုလျှင် သူတို့ကိုယ်တိုင်ပင် နိုင်ငံရေးသမား တော်လှန်ရေးသမားဟု ဘက်နှစ်ဘက်စလုံးက ပြောဆိုနေကြ၍ဖြစ်သည်။ သည်တော့
မည်သည့်ဖက်သို့ယိမ်းကြမည်နည်း။ ဒီမိုကရေစီအတိုက်အခံအင်အားစုဖက်က ရပ်တည်လျင် ဒီမိုကရေစီအင်အားစုဘက်က ဆန္ဒကိုလေးစားဖို့လိုသည်။ ထို့ကြောင့် ဒီမိုကရေစီတိုက်အခံအင်အားစုတို့၏ မီဒီယာဘက်က ရပ်တည်ပေးရန်လိုသည်။ အကယ်၍တကယ့်မီဒီယာသူတော်စင်ပုဂ္ဂိုလ်တွေလို စစ်စစ်ပေါက်ပေါက် သတင်းထောက်တွေ လုပ်ကြပြီဆိုလျင် ဆန္ဒပြရာဆီသွာြး့ပီး သတင်းယူသတင်းပို့လုပ်ကြ၊ ဂျာနယ်သမားတွေကဆိုလျင်လည်း ၀တ္ထုတွေ၊ဆောင်းပါးတွေ၊ ကဗျာတွေ ၊ ရေးတတ်သူတွေက ဂျာနယ်တွေမှာ အယ်ဒီတာတွေလုပ်ကြ၊ သတင်းဌါနတွေမှာ တတ်သူက ဥက္ကုဌလုပ်ကြ။ သည်လိုမျိုးမီဒီယာတွေ ဖြုတ်ထုတ်သတ်လုပ်ရမည်ဖြစ်သည်။ သို့မဟုတ်က ကျွန်တော်တို့မှာကိုယ်ပြောချင်ရာကိုလည်းမပြောရ၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါဟု ပြည်သူတွေကိုလည်း မစည်းရုံးရ။ မတိုက်တွန်းရနှင့် ရွေးကောက်ပွဲကြီးပြီးစီးသွားသည်ကို လက်ပိုက်ကြည့်နေရမည့်ဘ၀ ရောက်နေပါပြီ။ စစ်အစိုးရမှာ မီဒီယာနှင့် ပါတ်သက်၍ ရေဒီယိုရှိပါသည်။ ရုပ်မြင်သံကြားရှိပါသည်။ သတင်းစာတွေရှိပါသည်။ ထို့ကြောင့် သူတို့မှာမီဒီယာအားကောင်းလွန်းလှပါသည်။ ကျွန်တော်တို့မှာ RFA,DVB နှစ်ခုသာအားကိုးစရာရှိပါသည်။ ဤနှစ်ခုက ပညာသည်ကြီးလုပ်နေတာကို ပညာသည်ကြီးတွေက လက်လျှိုခံကြပြီဆိုမှဖြင့် မီဒီယာကိစ္စကို ဖြုတ်ထုတ်သတ်လုပ်မလားဆိုသော ဒီမိုကရေစီမဲပေးစနစ်အရ ဆုံးဖြတ်ရတော့မည့် အနေအထားရောက်နေပြီလားဟု မေးခွန်းတွေထွက်ပေါ်နေပါပြီ။ ဤအသံကိုကြားနိုင်ကြပါစေဟုလို့တော့ ပြောချင်ပါငည်။


ခိုင်အောင်ကျော် ( နယူးယောက် )

စာရေးသူ၏အာဘော်သာဖြစ်ပါသည်။

27 August 2010 ဒိုင်ယာရီ


http://www.mediafire.com/file/u825zzyfygbofyn/27%20August%202010%20yeyintnge%27s%20diary.doc

http://www.mediafire.com/file/hhbxqra617ftbqv/27%20August%202010%20yeyintnge%27s%20diary.pdf

27 August 2010 Yeyintnge's Diary

၈၈- မျိုးဆက်သစ်ကျောင်းသားများအဖွဲ့မှ ကိုမျိုးရန်နောင်သိန်း၏ ပြည်သူလူထုသို့  ပန်ကြားချက်။








မြန်မာပြည်သူလူထုသို့ ပန်ကြားချက်။






































































စစ်အစိုးရသည် ၁၉၈၈ ဒီမိုကရေစီအရေးတေယ်ပုံကြီးကို ရက်စက်စွာလူအမြောက်အမြားများကို သတ်ဖြတ်ပြီး အာဏာသိမ်းခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲပချုပ်ကို အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်ဟုဆိုကာ အမျိုးသားညီလာခံကို တဖက်သတ်ကျင်းပခဲ့သည်။ ၁၉၉၀ ခုနှစ် ဒီမိုကရေစီရေးကျောင်းသားလှုပ်ရှားမှူကို ရက်စက်စွာ ဖြိုခွင်းနှိမ်နှင်းပြီး ကျွန်တော်အပါအ၀င် ကျောင်းသားများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များကို ရက်စက်စွာသတ်ဖြတ်ပြီး ပြည်သူ့ဆန္ဒကို လျှစ်လျှူရှူခဲ့သည်။ ပြည်သူ့အသံကို ပိတ်ခဲ့သည်။ ထောင်ပေါင်းများစွာသော သံဃာတော်များ၊ကျောင်းသားလူငယ်များကို ထောင်သွင်းအကျဉ်းချခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂါစ်မုန်တိုင်းအတွင်းတွင်ပင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီး စစ်အစိုးရတဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊မဲလိမ်ခြင်း၊ မဲခိုးခြင်း စသည့်နည်းလမ်းများဖြင့် မည်သည့်သက်သေ ၊နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့မှ မရှိပဲ အတည်ပြုခဲ့သည်။

မည်သို့ပင်ဖြစ်စေ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေးရှူပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့် ဒီမိုကရေတစ်အစစ်ဖြစ်သည့်ပါတီများကို မဲပေးရန် ကျွန်တော်တို့ ဦးဆောင်သောလူငယ်များက ဆော်သြလှုံ့  ဆော်ခဲ့သည်။ သို့သော် စစ်အစိုးရ၏လုပ်ရပ်များသည် ပို၍ပို၍တဖက်သတ်ဆန်လာပြီး ယုတ်မာကောက်ကျစ်လာသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးမတည်ဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်အစစ်ဖြစ်သည့် ပါတီများကို တဖက်စောင်းနင်းနှိပ်ကွပ်လာသည်။

ထိုအခြေအနေမှာ မည်သို့မှလက်မခံနိုင်သော အခြေအနေဖြစ်သည်။ ကျွန်တော်တို့မှာ ၂၀၁၀ နိုဝင်ဘာလ " ရ " ရက်ရွေးကောက်ပွဲအား သပိတ်မှောက်ရန်မှအပ ရွေးရန်နည်းလမ်းမရှိတော့ပေ။

ကျွန်တော်တို့ဘက်မှ မည်သို့ပင်အလျှော့ပေး၍ အမျိုးသားသင့်မြတ်ရေး နိုင်ငံတော်ဖွံ့ဖြိုးရေးကို ဦးတည်ကာ အပြုသဘောဖြင့် ချဉ်းကပ်ခဲ့သော်လည်း စစ်အစိုးရ၏ အဖျက်သဘောဆောင်သော လုပ်ရပ်များကြောင့် လာမည့် ၂၀၁၀ နိုဝင်ဘာလ ရ - ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတုကို ၀ိုင်းဝန်းသပိတ်မှောက်ကြရန် ဆန္ဒရှိသည့်အားလျော်စွာ ပြည်သူကိုပန်ကြားအပ်ပါသည်။

သပိတ်မှောက်ရန်မှအပ ရွေးရန်လမ်းမရှိတော့ပါ။

မျိုးရန်နောင်သိမ်း

ကျောင်းသားခေါင်းဆောင် (၈၈- မျိုးဆက်ကျောင်းသားများအဖွဲ့)။


http://www.niknayman-niknayman.co.cc/

ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်များကို NLD လူငယ် အကောင်အထည် ဖော်မည်

2010-08-27

NLD လူငယ်များက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို လမ်းညွှန်အဖြစ်အကောင် အထည်ဖော်သွားမယ်လို့ သြဂုတ်လ ၂၆ ရက် မနေ့က ညနေပိုင်းက ပြုလုပ်တဲ့ လူငယ်အစည်းအဝေးမှာ ဆုံးဖြတ်ပါတယ်။

(Photo: AFP)

စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ်သည့် မတ်လ ၂၉ ရက်က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးရှေ့တွင် စုရုံးနေသော အဖွဲ့ချုပ်ဝင်များ ဖြစ်ပါသည်။ (Photo: AFP)

သြဂုတ်လ ၂၆ရက်နေ့ ညနေပိုင်း NLD ဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ လူငယ်အစည်းအဝေးမှာ ရန်ကုန်တိုင်း မြို့နယ်များအတွင်း ရှိကြတဲ့ လုငယ်ခေါင်းဆောင်တွေ၊ လူငယ်လုပ်ငန်းများ ဖော်ဆောင် ရေးနဲ့ ရန်ကုန်တိုင်း အကူအညီပေးရေးစတဲ့ အဖွဲ့တွေ စုစုပေါင်း ၅၀ လောက် တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်တာတွေနဲ့ပတ်သက်ပြီး လူငယ် စည်းရုံးရေးမှူးတဦးဖြစ်တဲ့ ကိုမြင့်ဌေးက ခုလိုပြောပါတယ်။

“ကျွန်တော်တို့ ဒီ ၁၉ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းအဝေးက ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သပိတ်မှောက်တယ်ဆိုတဲ့ ကိစ္စ၊ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ထောက်ခံတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ဆွေးနွေးဖြစ်တယ်ဗျ။ နောက်တခုက အန်ကယ် ဦးဉာဏ်ဝင်းနဲ့ အန်တီ မှာလိုက်တဲ့ ကိစ္စတွေ ရှိတယ်။ အချက် ၉ ချက်၊ အဲဒီဟာနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ မနေ့က ဆွေးနွေးပြီးတော့ ဒါကို ကျွန်တော်တို့ လမ်းညွှန်အဖြစ် ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့လည်း ကျွန်တော်တို့ ဆုံးဖြတ်ချက် ချတယ်၊ လူငယ်တွေက။”

ဒေါ်အောင်ဆန်းစုကြည် မှာကြားလိုက်တာတွေကို လမ်းညွှန်အဖြစ်အသုံးပြုပြီး လုပ်ငန်းတွေကို ဖော်ဆောင်မယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်မလဲဆိုတာကို ကိုမြင့်ဌေးက ခုလို ပြောပါတယ်။

“ရွေးကောက်ပွဲကို မဝင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ မဲပေးစရာ မရှိဘူးဆိုလို့ရှိရင် မဲမပေးနဲ့ ဆိုတဲ့ အချက်တွေကို ကျွန်တော်တို့က ဒါကို အကောင်အထည်ဖော်မယ်။ နောက်တခုက ကျွန်တော်တို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမမျှတဘူး၊ ဒီဥပဒေကိုတောင်မှပဲ ဒီဥပဒေကို ထုတ်လုပ်တဲ့ လူတွေက မကျင့်သုံးဘူး ဆိုလို့ရှိရင် ဒါဟာ မင်းမဲ့စရိုက် ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေ ပြောထားတာ ရှိတယ်လေ။ အဲဒီတော့ အဲဒီ အကြောင်းအရာတွေကို ကျွန်တော်တို့ ပြည်သူလူထုတွေ နားလည်သဘောပေါက်အောင် ကျွန်တော်တို့ကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ရှင်းပြဖို့ အစီအစဉ်တွေကို ကျွန်တော်တို့ လမ်းညွှန်အဖြစ် ဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။”

ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ တခြားပြည်နယ်၊ တိုင်းတွေမှာ ရှိတဲ့ လူငယ်အဖွဲ့တွေကိုလည်း ဆက်ပြီး အကြောင်းကြား ဆောင်ရွက်မှာ ဖြစ်တယ်လို အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ကိုမြင့်ဌေးက ဆက်ပြီး ပြောသွားပါတယ်။
http://www.rfa.org/burmese/news/NLD_youth_to_implement_suu_kyi_guidelines-08272010144309.html

မွန်တော်လှန်ရေးအပေါ် နာလည်မှု ရှိနိုင်ကြပါစေ


မွန်တော်လှန်ရေးအပေါ် နာလည်မှု ရှိနိုင်ကြပါစေ

မင်းချမ်းမွန်

ဝါခေါင်လဆန်း ၁၃၊ ၁၃၇၂။ သြဂုတ် ၂၃၊၂၀၁၀။

အချိန်ကား တိမ်လွှာတိမ်တိုက်များ မည်းမှောင်အုံ့မှိုင်းလျက် မိုးတဖွဲဖွဲရွာနေတဲ့ အခါသာမယဖြစ်တယ်။ ရာသီဥတုအပေါ် အပြစ်ရှာကာ အများသူငါ ပျင်းရိနေကြတယ်။ သို့သော် မွန်လူမျိုးတို့ဟာ မဟာဗမာ လူမျိုးကြီးဝါဒီ (အားလုံးသော ဗမာလူမျိုးမဟုတ်၊ လူမျိုးကြီးဝါဒကို စွဲကိုင်ထားသော ဗမာများသာ)ကို တော်လှန်ရန် ကြံစည်ခဲ့ရတယ်။

သာသနာအပေါ် ကြည်ညိုကာ ဥဘုသ်နေ့ရောက်တဲ့အခါ ဘုန်းကြီးကျောင်း၊ ဘုရားစေတီပုထိုးများတွင် အလှူဒါန၊ သီလစောင့်တည်ရန် ရည်သန်လျက်ရှိသော မွန်လူမျိုးတို့ဟာ သက္ကရာဇ် ၁၃၁၀ ခုနှစ် ၀ါခေါင်းလပြည့်နေ့တွင် ဖဆပလ အစိုးရကို မလွဲမရှောင်သာပဲ စတင်တော်လှန်ရပါတော့တယ်။ ၎င်းနေ့ကို “မွန်တော်လှန်ရေးနေ့” ဟု မွန်တို့ခေါ်ဆို သမုတ်လာခဲ့ပြီး မွန်တော်လှန်ရေးခရီးဟာလည်း ၆၃ နှစ်တိုင် ကြာလာနေခဲ့ပြီ။ အကြောင်းကား ဘာကြောင့်လဲ။ အနည်းအကျဉ်း ထောက်ပြပါရစေ။

မွန်တို့ရဲ့ နောက်ခံသမိုင်းနဲ့ လူမျိုးအင်္ဂါရပ်

မွန်လူမျိုးတို့ဟာ အစဉ်အလာအရ မြစ်ဝှမ်းဒေသများတွင် လယ်ယာနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာခဲ့ကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လေ့ရှိပြီး သူတပါးအပေါ် ရန်မရှာလို။ ကုန်သွယ်ဖက် နိုင်ငံများအား တလေးတစား ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကာ မြန်မာနိုင်ငံတောင်ပိုင်း သုဝဏ္ဏဘုမ္မိ(သထုံ)၊ ဟံသာဝတီ (ပဲခူး)၊ ပါဒနဲ့ ထိုင်းနိုင်ငံတွင် ဒွါရဝတီ၊ ဟရိဘုဉ္ဇ အစရှိတဲ့ မြို့ပြနိုင်ငံများ တည်ထောင်ပြီး မှီတင်းနေထိုင် လာကြခဲ့တယ်။ သမိုင်းရာဇ၀င်အရ ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ပိုင်လွတ်လပ်ရေး၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ စီးပွားရေး အစရှိတဲ့ လူမျိုးတမျိုးရဲ့ အင်္ဂါရပ်များနဲ့ ပြည့်စုံတဲ့ လူမျိုးဖြစ်တယ်။

အေဒီ ၁၇၅၇ ခုနှစ်တွင် ဗမာဘုရင် အောင်ဇေယျရဲ့ မျိုးဖြုတ် အမျိုးသားရေး ဖိနှိပ်သုတ်သင်မှုကြောင့် ထီးနန်းဆိတ်သုဉ်းကာ လွတ်လပ်သောလူမျိုး အဖြစ်မှ တပါးကျွန်ဘ၀သို့ ရောက်သွားခဲ့ရရှာတယ်။ မည်သို့ဆိုစေ ၁၈၈၅ မြန်မာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက် ကျရောက်ပြီးနောက် “လွတ်လပ်ရေး တိုက်ပွဲတွင် မြန်မာ ၅ဝဝဝ မွန် ၃ဝဝဝ ပါဝင်ခဲ့သည်”ဟုလည်း ဖဆပလအဖွဲ့ချုပ် ဥက္ကဌဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းက ဖော်ပြခဲ့တယ်။ ဤအချက်ကိုကြည့်လျှင် ရန်ငြိုးထားလိုစိတ် မရှိကြောင်းနဲ့ ပြည်ထောင်စုသား စိတ်ဓါတ်ရှိကြောင်း သာဓက ပြနေပါတယ်။

မွန်တို့ တော်လှန်ရတဲ့ အကြောင်းအရင်းများ

မွန်လူမျိုးတို့မှာ ဖေါ်ပြပါ လူမျိုးတမျိုးရဲ့ အင်္ဂါရပ်များနဲ့ ပြည့်စုံပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား စိတ်ဓါတ်ဖြင့် လွတ်လပ်ရေး တိုက်ပွဲတွင် အသက်သွေး ချွေး ပေးဆပ်ကာ ပါဝင်ခဲ့စေကာမူ ၁၉၄၈ ခုနှစ် ဇန္န္နဝါရီလ (၄) ရက် မြန်မာနိုင်ငံ လွတ်လပ်ရေးကြေငြာရာတွင် မွန်ပြည်နယ် မပါဝင်ချေ။ “ပြည်ထောင်စုမြန်မာနိုင်ငံတော်” အဖြစ် အမည်နာမ ပေးရာတွင် ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်း စသည်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ကာ မွန်လူမျိုးတို့မှာ ချင်း၊ ကချင်၊ ကယားကဲ့သို့ လူမျိုးရေးအရ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။

တဖန် လွတ်လပ်ရေး ရပြီးနောက် ဖ ဆ ပ လ အစိုးရက မွန်လူမျိုးတို့အပေါ် ထားရှိတဲ့ သဘောထားမှာ အောင်ဇေယျလက်ထက် ပြင်းထန်သော လူမျိုးရေး ဖိနှိပ်မှုကြောင့် မွန်လူမျိုးတို့မှာ ယိုးဒယား(ထိုင်း) သို့တိမ်းရှောင်ထွက်ပြေးကြ၊ အချို့မှာမိမိကိုယ်ကို မွန်အဖြစ်မပြောရဲကြ၊ ဒါ့အပြင် မြန်မာပြည်အလယ်ပိုင်းမှ ဗမာများ အောက်မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ရင်းနဲ့ မွန်တို့သွေးနှောကုန်ပြီး လူဦးရေအရအနည်းဆုံးနှင့် ချေမှုန်းရန်လွယ်ကူသော လူမျိုးဖြစ်၍ မွန်တို့တောင်းဆိုချက်ကို လိုက်လျောခြင်း မပြုခဲ့ချေ။ “မွန်နှင့်ဗမာအတူတူပဲ” ဆိုသော ဗမာ့နိုင်ငံရေး ခေါင်းဆောင်တို့၏ အတင်းတူခိုင်းခြင်းနှင့် ဗမာနဲ့ရောကာ ပြည်ပတွင် ဗမာအနေဖြင့် ထည့်သွင်းခံခဲ့ရတယ်။

အထက်ပါ အခြေအနေများကြောင့် မွန်လူမျိုးရေး ရာအဖွဲ့ချုပ်ဟာ ငြိမ်းချမ်းသော ဒီမိုကရေစီလှုပ်ရှားမှု အသွင်ဖြစ် ၁၉၄၈ နှစ်ဦးပိုင်းတွင် မွန်ပြည်နယ် ဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့ကြတယ်။ ၎င်းဆန္ဒပြပွဲကြီးမှာ မွန်သံဃာတော်များအပါအ၀င် အလွှာအသီးသီးမှ မွန်လူမျိုး ထောင်ပေါင်းများစွာ တို့က “မွန်ပြည်နယ်ချက်ချင်းပေး” ဟူသောကြွေးကြော်သံနဲ့အတူ မော်လမြိုင်တွင် စည်းကမ်းသေဝပ်စွာ ဆန္ဒပြကြတယ်။ ဆန္ဒြပပွဲကြောင့် မွန်အမျိုးသားတို့ရဲ့ ဇာတိသွေးဇာတိမာန် တက်ကြွလာသည့်အလျှောက် ဖဆပလအစိုးရလည်း မွန်တို့ရဲ့ လှုပ်ရှားမှုကို စေ့စပ်သေချာစွာ စောင့်ကြည့်နေခဲ့တယ်။ တခါတရံ ဆိုရှယ်လစ်ပါတီ ပြည်သူ့ရဲဘော်တပ်ဖွဲ့တို့က ရန်စကျူးကျော်မှု ပြုလုပ်လာသော်လည်း မိမိတို့မွန်ပြည်နယ် ရရှိရေးကိုသာ ဦးတည်လုပ်ဆောင် လာခဲ့ကြတယ်။

မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် မိမိတို့ဦးဆောင်လှုပ်ရှားသော မွန်ပြည်နယ် ဖော်ထုတ်ရေးကိစ္စရပ်များ ပြီး မြောက်အောင် ဆောင်ရွက်နိုင်ရန် စည်းရုံးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာခဲ့တယ်။ ထိုသို့ စည်းရုံးရေးလုပ်ငန်းများ အောင်မြင်လာသည်နှင့်အမျှ ဖဆပလအစိုးရကလည်း မွန်အမျိုးသား ခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် စတင်ရန်ပြုလာပါတယ်။ မွန်အမျိုးသားတို့အား နိုင်ငံရေးအရ ထိုးစစ်ဆင်လာပြီး မွန်ခေါင်းဆောင်များအား ရှာဖွေခြင်း၊ နယ်ရှိခေါင်းဆောင်များအား ခြိမ်းခြောက်ခြင်းများ ပြုလာပြန်တယ်။ ထို့ကြောင့် မွန်လူမျိုးတို့ဟာ မိမိတို့ ရပိုင်ခွင့်အခွင့်အရေးနဲ့ မွန်ပြည်နယ်ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနည်းနဲ့ မရနိုင်ကြောင်း နားလည်သဘောပေါက်လာပြီး သက္ကရာဇ် ၁၃၁၀ ၀ါခေါင်းလပြည့်နေ့တွင် ရဲစခန်းများမှ သေနပ်လုပြီး လက်နက်ကိုင်တော်လှန်ရေးကို မလွှဲမရှောင်ဘဲ စတင်တော်လှန်ရတော့တယ်။

(၆၃)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့

အထက်ပါ မွန်တို့ လက်နက်စွဲကိုင် တော်လှန်ရတဲ့ အနေအထားကိုကြည့်လျှင် တော်လှန်ရေးတို့မည်သည် သူ့အလိုအလျှောက် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ဖိနှိပ်မှုကြောင့် ဖိနှိပ်မှုမှ ရုန်းထွက်လိုမှု ဖြစ်ပေါ်ကာ တော်လှန်ရေး ပေါ်ပေါက်လာရတယ်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှုတို့ကြောင့် ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီ တောင်းဆိုမှု အရေးတော်ပုံနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာရတဲ့အလား မွန်တို့လည်း မလွဲမရှောင်ဘဲ လက်နက်စွဲကိုင် တော်လှန်ရတယ် မဟုတ်ပါလော။ ဤဒီကား အကြောင်းကြောင့် အကျိုးဖြစ်လာရတယ်။

မွန်အမျိုးသားတို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု

မွန်လူမျိုးတို့သည် မလွဲမရှောင်သာ မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် တော်လှန်ရသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ရရှိရေးအတွက် အခါအခွင့် သင့်သလို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်း ဦးဆောင်ကာ ဦးနုအစိုးရထံလက်နက်အပ်ပြီး ပါလီမန်အတွင်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြတယ်။ ၁၉၉၅ တွင်လည်း မွန်ပြည်သစ်ပါတီက စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရင်း အခြားသောညီရင်းအစ်ကို တိုင်းရင်းသားများနဲ့ လက်တွဲကာ အမျိုးသားညီလာခံမှာ တိုင်းရင်းသားတို့ရဲ့ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ငြိမ်းချမ်းစွာ ဆွေးနွေးတိုင်ပင်ခဲ့တယ်။ သို့သော် န အ ဖ တဖြစ်လည်း စစ်အစိုးရက ၎င်းတို့တင်ပြချက်များကို လျစ်လျူရှုခဲ့တယ်။

မွန်လူမျိုးနဲ့ အခြားတိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအတွက် လုံးဝအာမခံချက် မရှိတဲ့ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်၊ ဌာနေပြည်သူ့စစ် အစီအစဉ်ကို မွန်ပြည်သစ်ပါတီနဲ့ ၎င်းတို့ရဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က လက်မခံ ငြင်းဆံနေရသည်ပင်လျှင် ၁၉၉၄ ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ခဲ့သော တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်အောင် အခြားသော ဘ၀တူ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲပြီး ကြိုးစားဆောင်ရွက်နေဆဲ။ သို့သော် အခြားတဖက်တွင် စစ်အစိုးရဖက်မှ နိုင်ငံသူ နိုင်ငံသားတို့ရဲ့ ဆန္ဒကို လျစ်လျူရှုကာ “ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်” ပုံစံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်နဲ့ တနိုင်ငံလုံး စစ်ကျွန်ဘ၀အဖြစ်သို့ ဖိနှိပ်သွပ်သွင်းနိုင်ရန် လုပ်ဆောင်နေဆဲပင်။

ဖိနှိပ်မှုကြောင့် ဖိနှိပ်သူနှင့် အဖိနှိပ်ခံရသူတို့ ရင်ဆိုင်ရတဲ့ ဆိုးကျိုးများ

မြန်မာနိုင်ငံသမိုင်းကြောင်းကို ပြန်ပြောင်းအောင့်မေ့သော် ဗမာဘုရင် အနော်ရာထာ၊ ဘုရင့်နောင်၊ အောင်ဇေယျနဲ့ နောက်လိုက်ဗိုလ်ပါတို့ရဲ့ ဖိနှိပ်မှုကြောင့် ဖိနှိပ်ခံရသူ ရခိုင်၊ မွန်၊ ရှမ်း၊ ကချင်တို့မှာ ၎င်းတို့ရဲ့ အချုပ်အခြာပိုင် လွတ်လပ်သော လူမျိုးဘ၀ ဆုံးရှုံးသွားခဲ့ရတယ်။ ဤအကြောင်းများကြောင့် ဖိနှိပ်ခံရတဲ့ လူမျိုးတွေထဲက အချို့မှာ ဖိနှိပ်သူ ဗမာတွေအပေါ် မုန်းတီးလာကြတယ်။ ယခုဘာမှ မသက်ဆိုင်သည့်ဗမာတွေ အငြိုအငြင်ခံရတယ်။ တခါတရံ “ဗမာတွေအပေါ် မမုန်းနဲ့၊ ရှေးက ဘုရင်တွေကိုသာ မုန်းပါ” ဟု ၎င်းတို့ဘုရင်တွေကို ဗမာခေါင်းဆောင် ဗမာလူမျိုးအဖြစ် အသိအမှတ်မပြုချင်တဲ့အထိ ဖြစ်လာတယ်။

ဒါ့အပြင် လူမှုရေးနဲ့ နိုင်ငံရေးအမြင်ရှိသူ အချို့ပင်လျှင် သံသယမကင်းစွာနဲ့ ပေါင်းသင်းဆက်ဆံနေရ။ ရံဖန်ရံခါ သာမန်စကားဝိုင်း သာမန်ဆွေးနွေးပွဲများတွင် အမျိုးသားရေးဝါဒီ ကိုင်စွဲသူနဲ့ အမျိုးသားရေး အမြင်ကျဉ်းသူဟူ၍ အခြေအတင် စွတ်စွဲပြောဆိုမှုကို နှစ်ဖက်စလုံး ခံရတယ်။ နှစ်ဖက်စလုံးအတွက် အကျိုးမရှိ။

လက်ရှိအနေအထားတွင် န အ ဖ စစ်သားတွေ တိုင်းရင်းသားနယ်မြေတွေ ရောက်တဲ့အခါ ရွာတွေမီးရှို့၊ လူယက်ဖျက်ဆီး၊ သမီးပျို လူအိုအမျိုးသမီးတွေကို မုဒိန်းကျင့်တော့ ခံရတဲ့ တိုင်းရင်းသား အချို့ကလည်း “ဗ-ဗမာမျိုး လှံနဲ့ထိုး” ဟူ၍လည်း ဗမာလူမျိုးတို့ ကျိန်းမောင်းပြောဆိုခံရတယ်။ ဒါကလူမျိုးတမျိုးနဲ့ အခြားလူမျိုးအကြား ရှုံ့ချအပြစ်ဆိုတဲ့ အနေအထား။ စစ်အစိုးရရဲ့ လူမဆံတဲ့လုပ်ရပ်ကြောင့် ဗမာတမျိုးလုံးခံရတယ်။

ဤမျှမကသေး။ ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီတောင်းဆိုမှုနဲ့ ရွှေဝါရောင်တော်လှန်ရေးတွေမှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေကို သတ်ဖြတ်နှိပ်စက်ခဲ့မှုကြောင့် န အ ဖ အစိုးရခေါင်းဆောင်တွေ ပြည်ပခရီးထွက်တိုင်း ကျိန်းမောင်းဆဲဆိုခံရတာက နားနဲ့မဆန့်။ ထင်ရှားသည်မှာ ဒီနှစ်အတွင်း ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် အမေရိကန်ရောက်တော့ ဆဲဆိုကျိန်းမောင်းမှုအပြင် ဖိနပ်နဲ့ အပေါက်ခံရသေးတယ်။ ဒါက လူမျိုးတမျိုးတည်းအတွင်း ရှုံ့ချခံရတဲ့ အနေအထား။ ဘယ်လောက်ပင် ရှက်စရာကောင်းသလဲ။ ခြုံကြည့်သော် ဖိနှိပ်မှုကြောင့် ဖိနှိပ်ခံရသူဘက်မှု ထွက်ပြေးတိမ်းရှောင် ပျက်စီးသွားတဲ့နည်းတူ ဖိနှိပ်သူဖက်မှာလည်း ရှုံ့ချ ၀ိုင်းပယ်ခံရမှုများနဲ့ နှစ်ဖက်စလုံးအတွက် စိတ်မချမ်းမြေ့ဖွယ်။

ဒါဖြင့် ဒီဖိနှိပ်တွေ အဆုံးသတ်သွားရန် ကြိုးပမ်းဖို့လိုပါတယ်။ ကြိုးစားရာတွင် အပြစ်ရှောင်ရုံသဘော ဗိုလ်စောမောင်၊ ခင်ညွန့်တို့အား ဖြုတ်ချပြ ချုပ်နှောင်ပြရုံနဲ့ လူသာပြောင်း မူမပြောင်းခဲ့သော် အမုန်းသံသယာ အဆုံးသတ်နိုင်မှာ မဟုတ်တော့ပါ။ ပြည်ထောင်စု တည်ဆောက်ရန်လည်း အဟန့်အတားပင်။

အချုပ်ဆိုရသော် မွန်တို့ယနေ့တိုင် လက်နက်စွဲကိုင် တော်လှန်နေရသည်မှာ လူမျိုးတမျိုးက အခြားလူမျိုးတမျိုးအပေါ် မုန်းတီး၍မဟုတ်၊ လူမျိုးကြီးဝါဒီအား ဆန့်ကျင်တော်လှန်နေခြင်း ဖြစ်သကဲသို့ လူမျိုးတမျိုးရဲ့ အင်္ဂါရပ်များနဲ့ ပြည်စုံတဲ့ ကိုယ့်ကြမ္မကိုယ်ဖန်တီးနိုင်ခွင့် အခွင့်အရေးအတွက် တိုက်ပွဲဝင် တော်လှန်နေရတာ ဖြစ်တယ်။ ဤအခွင့်အရေးများ မရရှိသရွေ့ မည်သို့သော နည်းနဲ့မဆို မလွဲမရှောင် ဆက်လက်တော်လှန်နေရမည်ဖြစ်ပြီး ဤတော်လှန်ရေးအပေါ်တွင်လည်း နားလည်းမှု ရှိနိုင်ကြပါစေ။

မင်းချမ်းမွန်

စာရေးသူ မင်းချမ်းမွန်သည် နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ (Overseas Mon Coordinating Committee) တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်သည်။

http://www.kaowao.org/b/2010art-august-23.php

ရာဇ၀တ်ကောင် စစ်ခေါင်းဆောင်


ရာဇ၀တ်ကောင် စစ်ခေါင်းဆောင်

အောင်ကျော်ခင် / ၂၆ သြဂုတ် ၂၀၁၀


စစ်တပ်မှာ တာဝန်အရှိဆုံးဟာ စစ်ခေါင်းဆောင်ပိုင်းသာဖြစ်တယ်။ စစ်ခေါင်းဆောင်ပိုင်းက သူခိုးဓားပြဖြစ်နေရင် စစ်တပ် ပျက်စီးတာပဲ။ ဗမာစစ်တပ်ကို သူခိုးဓားပြဘ၀ရောက်အောင် ပို့ပေးရာမှာ တာဝန်အရှိဆုံးဟာ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေ ဖြစ်တယ်။ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါတွေကတော့ သေကုန်ပါပြီ။ ဗိုလ်သန်းရွှေနဲ့ အပေါင်းအသင်းကတော့ ရမ်းလို့ကြမ်းလို့ ကောင်းတုန်း။ သူတို့ကို အရေးယူမယ့်သူတွေ မရှိတဲ့အတွက် ရွေးကောက်ပွဲလုပ်ဖို့ ဇာတ်တိုက်နေပြန်ပြီ။ နောက်ဆုံးမှာ ဒီသူခိုးဓားပြအစိုးရကိုပဲ ကမ္ဘာက အသိအမှတ်ပြုရမလိုဖြစ်နေတယ်။ အာဏာရှိတုန်း အားရပါးရခိုးပြီး အနားယူတဲ့အခါမှာ တရားစွဲမခံရအောင် ၂၀၀၈ အခြေခံဥပဒေကို အတင်းအဓမ္မ ပြဋ္ဌာန်းလိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေကို သူခိုးဓားပြ ကာကွယ်ရေးဥပဒေလို့ ခေါ်နိုင်တယ်။

အကြောင်းကတော့ ၂၀၀၈ အခြေခံဥပဒေ အခန်း (၁၄) ပုဒ်မ (၄၄၅) မှာ န၀တ၊ နအဖအစိုးရတွေ လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေကို ဘယ်သူကမှ အရေးယူခွင့်မရှိဘူးလို့ ရေးထားလို့ပဲ။ အတိအကျပြောရင် “…….ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ” လို့ ရေးထားတာမို့ တာဝန်ထမ်းဆောင်ရင်း ခိုးဝှက်သူ၊ မုဒိမ်းကျင့်သူနဲ့ အာဏာအလွဲသုံးစားလုပ်သူတွေကို နောက်တက်မယ့် အစိုးရက အရေးယူပိုင်ခွင့် မရှိဘူးလို့ ကာကွယ်လိုက်တာပဲ။

ဒါပေမယ့် အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ ဗမာစစ်ခေါင်းဆောင်မျိုးကို ပြည်တွင်းဥပဒေက အကာအကွယ်မပေးနိုင်ဘူးလို့ အပြည်ပြည်ဆိုင်ရာ ဥပဒေကဆိုကြောင်း နယူးရောက်အခြေစိုက် Transitional Justice အဖွဲ့က ၂၀၀၉ စက်တင်ဘာမှာ ထုတ်ဝေတဲ့ Impunity Prolonged: Burma and its 2008 Constitution ဆိုတဲ့ (၄၅) စာမျက်နှာ စာတမ်းမှာ ဖော်ပြထားတယ်။ ဒါကြောင့် ဗမာစစ်ခေါင်းဆောင်ပိုင်းကို နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ စုံစမ်းစစ်ဆေးအပြစ်ပေးဖို့ ဒီမိုကရေစီသမားတွေက လိုလားကြတယ်။ ဆူဒန်အစိုးရ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းပြီး အရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုင်ငံတကာရာဇ၀တ်ခုံရုံး International Criminal Court (ICC) ကို ၂၀၀၅ မတ်လမှာ ညွှန်းလိုက်တဲ့အခါမှာ (၄) နှစ် စုံစမ်းစစ်ဆေးပြီး ၂၀၀၉ မတ်လမှာ ဆူဒန်သမ္မတ အိုမာဘတ်ရှားကို ဖမ်းဆီးဖို့ ၀ရမ်းထုတ်လိုက်တယ်။ လက်ရှိ အစိုးရအကြီးအကဲကို ဖမ်းဝရမ်းထုတ်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်။

နိုင်ငံတကာရာဇ၀တ်ခုံရုံးရဲ့ အားနည်းချက်တခုက ၂၀၀၂ ဇူလိုင်လ (၁) ရက်နေ့မတိုင်မီက ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေကို အရေးမယူနိုင်တာပါပဲ။ ၂၀၀၂ ဇူလိုင်လ (၁) ရက်နေ့က စတင်ကျင့်သုံးတာမို့ အဲဒီနောက်ပိုင်းက အမှုတွေကိုသာ စစ်ဆေးပိုင်ခွင့်ရှိတယ်။ နောက်တချက်က တရားခံကိုဖမ်းမယ့် ရဲအဖွဲ့မရှိတာပါပဲ။ နိုင်ငံတကာရာဇ၀တ်ခုံရုံးကို တည်ထောင်တဲ့ ရောမစာချုပ်ဝင်နိုင်ငံတွေက ဖမ်းပေးမှပဲ ရုံးတင်နိုင်ပါတယ်။ ဖမ်းဝရမ်းထုတ်လိုက်လို့ ဘယ်လ်ဂျီယံနိုင်ငံမှာ ဇိမ်ယူနေတဲ့ ကွန်ဂိုသမ္မတဟောင်း ဘန်းဘား ၂၀၀၈ မေလမှာ အဖမ်းခံလိုက်ရတယ်။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက အရေးယူခံရသူတွေဟာ နိုင်ငံခြားမှာ လွတ်လွတ်လပ်လပ်မသွားနိုင်တော့ဘူး။ တနည်းဆိုရင်တော့ ဒီလိုလူမျိုးတွေကို လူဆိုးအဖြစ် နိုင်ငံတကာရာဇ၀တ်ခုံရုံးက သတ်မှတ်လိုက်တာမို့ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းမှာ ၀င်ဆံ့ဖို့ မလွယ်တော့ဘူးပေါ့။ သူခိုးက လူလူဟစ်လို့မရအောင် လုပ်လိုက်တဲ့သဘောပါပဲ။

တောင်အာဖရိက၊ အမေရိကန်၊ အင်္ဂလန်၊ မွန်ဂိုးလရားနဲ့ ဗင်နီဇွဲလား နိုင်ငံက တရားသူကြီးဟောင်း (၅) ယောက်ဟာ ကုလသမဂ္ဂထုတ်ပြန်တဲ့ စာရွက်စာတမ်းကိုချည်း လေ့လာပြီး ၂၀၀၉ မေလမှာ (၁၁၄) မျက်နှာ Crimes in Burma ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်တယ်။ ဟားဗတ်တက္ကသိုလ်ဥပဒေမဟာဌာနက ထုတ်ပြန်တာမို့ ဟားဗတ်အစီရင်ခံစာလို့ လူသိများတယ်။ မြန်မာပြည်မှာ ဗမာစစ်တပ်ကျူးလွန်နေတဲ့ ရာဇ၀တ်မှုမျိုးစုံအကြောင်း ကုလသမဂ္ဂဟာ အသိဆုံးဖြစ်တယ်။ ဒီရာဇ၀တ်မှုတွေဟာ ရောမစာချုပ်မှာ ဖော်ပြထားတဲ့ အရပ်သားထုအပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်တယ်။ ဒီလောက် ဆိုးဝါးတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာတောင် ကုလသမဂ္ဂဟာ ဘာမှ မလုပ်နိုင်ဘူးလို့ ဆိုတယ်။ ဒါကြောင့် မြန်မာ့ကိစ္စကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို အရေးယူခိုင်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားတယ်။ နိုင်ငံတကာခုံရုံးကို ရည်ညွှန်းဖို့ ခက်နေရင်လည်း မြန်မာပြည်ဆိုင်ရာ အထူးခုံရုံး Special Tribunal ကို ဖွဲ့စည်းဖို့ အကြံပေးထားတယ်။ မြန်မာ့ကိစ္စမှာ ကုလသမဂ္ဂဟာ ဘာမှမလုပ်နိုင်ဘဲဖြစ်နေတာကို ရပ်ဆိုင်းဖို့ ကောင်းပြီလို့ တရားသူကြီးဟောင်း (၅) ဦးက ပြောလိုက်တာပါပဲ။

နအဖစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးပြီး နအဖကို လက်နက်မရောင်းဖို့ ပိတ်ပင်တားမြစ်ပါရန် နိုင်ငံပေါင်း (၂၉) နိုင်ငံမှ လွှတ်တော်အမတ် (၄၄၂) ဦး ကိုယ်စား ဂျပန်လွှတ်တော်အမတ် (၂) ဦးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို စာရေးတင်ပြလိုက်တယ်။ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုကြီးတွေ ဖြစ်ပွားနေတာကို ကုလသမဂ္ဂအေဂျင်စီတွေက မှတ်တမ်းတင်ထားပေမယ့် အရေးယူတာမျိုးမရှိခဲ့ကြောင်း၊ နအဖစစ်အစိုးရကို ရာဇ၀တ်ကြောင်းအရ အရေးယူသင့်တာ ကြာပြီဖြစ်ကြောင်း ဂျပန်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ အာဇူးမားကိုနိုနဲ့ တာဒါရှိအီနုဇူကာတို့က တင်ပြထားတာပါပဲ။ ၁၉၉၆ ကစပြီး မြန်မာပြည်အရှေ့ပိုင်းဒေသမှာ တိုင်းရင်းသားကျေးရွာ (၃,၅၀၀) ကျော်ကို နအဖစစ်တပ်က ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူ အနည်းဆုံး (၈၀,၀၀၀) ကျော်ရှိကြောင်းကိုလည်း ဖော်ပြထားတယ်။

နှစ်ပေါင်းများစွာ ဗမာစစ်အစိုးရဟာ လူ့အခွင့်အရေးအားလုံး ချိုးဖျက်နေတာမို့ ရာဇ၀တ်မှု ကျူးလွန်တာဟာ မူဝါဒလမ်းစဉ်လို့ ဖြစ်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်ကင်တားနားက လွန်ခဲ့တဲ့ မတ်လအစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဗမာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (သို့မဟုတ်) နိုင်ငံတကာရာဇ၀တ်ခုံရုံးက စစ်ဆေးနိုင်တဲ့ စစ်ရာဇ၀တ်မှုတွေလည်း ဖြစ်နိုင်တယ်လို့ အပိုဒ် (၁၂၁) မှာ ကင်တားနားက ဖော်ပြတယ်။ အနှစ် (၂၀) ကျော် လူ့အခွင့်အရေးချိုးဖျက်နေတာကို စုံစမ်းစစ်ဆေးအရေးယူဖို့ အစိုးရမှာ တာဝန်ရှိပေမယ့် အစိုးရကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖျက်နေတာကြောင့် တာဝန်ယူမယ့်သူမရှိဖြစ်နေကြောင်း၊ ဒီလို တာဝန်မဲ့နေတာကို ထောက်ပြီး မြန်မာပြည်က စစ်ရာဇ၀တ်မှုတွေကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့စုံစမ်းစစ်ဆေးနိုင်တယ်လို့ အစီရင်ခံစာအပိုဒ် (၁၂၂) မှာ မစ္စတာကင်တားနားက ဖော်ပြထားတယ်။

အမေရိကန်နိုင်ငံရေးပါတီကြီး (၂) ခုမှ ဆီးနိတ်လွှတ်တော်အမတ် (၃၃) ဦးကလည်း ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကော်မရှင်ဖွဲ့သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ဆီကို လွန်ခဲ့တဲ့ ဇူလိုင်လက စာရေးတိုက်တွန်းပါတယ်။ အခုတခါ အိုဘားမားအစိုးရက ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇ၀တ်မှုကြီးတွေကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းအရေးယူဖို့ သဘောတူတယ်လို့ လွန်ခဲ့တဲ့အပတ်က ပြောလာပြန်တဲ့အတွက် ရွေးကောက်ပွဲလုပ်ပြီး မျက်လှည့်ပြဖို့ ကြံစည်နေတဲ့ ဗမာစစ်သူခိုးကို မီးမောင်းထိုးပြသလို ဖြစ်သွားပါတယ်။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့ အပေါင်းပါတွေကို ရာဇ၀တ်ကောင်ဖြစ်ကြောင်း စီရင်ချက်ချဖို့ လိုတယ်။ ဗမာစစ်ခေါင်းဆောင်တွေဟာ ရာဇ၀တ်ကောင်ပါလား ဆိုတာကို ကမ္ဘာက လက်ခံလာဖို့လိုတယ်။ ရာဇ၀တ်ကောင်အဖြစ် ကမ္ဘာ့တရားရုံးက သတ်မှတ်ထားတာကြောင့် ဒီလူတွေ အာဏာလက်လွတ်ဖြစ်သွားမှာ မဟုတ်ပေမယ့် နောက်တက်လာမယ့် စစ်ဗိုလ်တွေ ထင်သလိုမလုပ်ရဲအောင် ဟန့်တားနိုင်လိမ့်မယ်လို့ ယူဆရတယ်။
http://www.khitpyaing.org/

သေချင်ရင် စိန်မစားနဲ့၊ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပါလား


“သေချင်ရင် စိန်မစားနဲ့၊ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပါလား” တဲ့

စိန်အိုးစည် / ၂၇ သြဂုတ် ၂၀၁၀


လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့တွင် ရွှေဂျိုးတယောက် စက်ဘီးသော့ခလောက်ကလေးကို ဂျလောက်ခနဲမြည်အောင် ခတ်လိုက်စဉ်မှာပင် မြန်မာ့ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှ သတင်းကြည့်ဖတ်သူများ (အဲ …) သတင်းကြေညာသူများကဲ့သို့ လက်ဖက်ရည်စားပွဲတွင် စာရွက်တထပ်ကြီးကိုင်ပြီး မိန့်မိန့်ကြီးထိုင်နေသော လေအိုးက ၀က်ဆိုးအော်သံကို စတင်လွှင့်ထုတ်လိုက်လေသည်။

လေအိုး ။ ။ သောတရှင်များ ကျန်းမာတော်မူပါစရှင် (အဲလေ …) ခင်ဗျာ။ အခုအချိန်မှစ၍ နအဖစစ်အုပ်စု ကျင်းပပြုလုပ်မည့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲအပေါ် အကြီးအကျယ် စိတ်ပျက်စိတ်ကုန် အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင်သို့ ထပ်မံဝင်ရောက်ခိုလှုံလာသူများ စာရင်းကို ဖတ်ကြားတင်ပြမှာဖြစ်ပါတယ်။ သတင်းအစုံအလင်မှာ …။

ရွှေဂျိုး ။ ။ မနက်စောစောစီးစီး ဘယ်လိုဖြစ်နေတာလဲ ကိုလေအိုး၊ ဘေးဝိုင်းတွေက တမျိုးထင်နေပါမယ့်။ ကိုလေအိုးကို အရူးလို့ထင်တာ အရေးမကြီးဘူး။ ရွှေဂျိုးလို ဂျဲန်းတဲလ်မဲန်းပါ အဆစ်ပါမှာစိုးရတယ်။ တိုးတိုးသက်သာလုပ်ပါဗျာ။ ဒါနဲ့ ဘယ်သူတွေ အမြင်မှန်ထပ်ရလို့လဲ ကိုလေအိုး။ ရွှေဂျိုးသိသလောက်တော့ ဖြိုးမင်းသိန်းဆိုတဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌတယောက်ပဲ မဟုတ်လားဗျ။

လေအိုး ။ ။ အဲဒါကြောင့်ပြောတာပေါ့။ ကိုရွှေဂျိုးတယောက်ဟာလေ လေအိုးအားမကိုး ခွေး (အဲ … ဘာမှမဟုတ်ပါတော့ဘူး) ဟဲ ဟဲ အဆိုးမြင်ဝါဒီစစ်စစ်ပဲလို့ ပြောမလို့ပါ။ ဘယ့်နှယ့်ဗျာ … ဆက်ဖတ်ပြမယ့်ဟာကိုလည်း စိတ်ရှည်လက်ရှည် နားမထောင်ချင်ဘူး။ စေတနာရှေ့ထား ဖတ်ကြားပြနေသူကိုလည်း အရူးလို့ စွပ်စွဲလိုစွပ်စွဲ၊ တော်ပြီဗျာ တော်ပြီ၊ ချီးကျူးမလို့ စဉ်းစားထားတဲ့ဟာ ချီးကျူးချင်စိတ်ကလေးတွေတောင် ပျောက်ကုန်ပြီ။ မပြောတော့ဘူး။ ပြောကို မပြောချင်တော့ဘူး။

ရွှေဂျိုး ။ ။ လုပ်ပြန်ပြီ ဈေးကိုင်ပြန်ပြီဗျာ။ ကိုလေအိုးရဲ့ ဈေးကိုင်တဲ့အကျင့်က သူငယ်နာလို ဖြစ်နေပါပေါ့လား။ အိမ်မှာ အင်တာနက်ကလေး ချိတ်နိုင်သူမို့ လက်ဖက်ရည်ဖိုး အကုန်ခံပြီး အားကိုးတကြီး လာနားထောင်ပါတယ်ဆို ဈေးကိုင်မှကိုင်ပဲဗျာ။ မပြောချင်လည်း မပြောနဲ့တော့ ကိုလေအိုး။ ခဏနေ ဟိုဘက်ဝိုင်းကို သတင်းထောက်ရဲရင့် ပေါက်ချလာရင် သူကြီးအိမ်က အော်လံလို မမေးဘဲနဲ့ကို အကုန်ကြားရတော့မှာ။ ဟဲ ဟဲ မပြောနဲ့ ရတယ် ရတယ် နားအေးပါးအေး လက်ဖက်ရည်အရသာကို ဇိမ်ခံလိုက်ဦးမယ်။

လေအိုး ။ ။ ကိုရွှေဂျိုးကလည်း လူပိန်သလောက် အရိုး (အဲ …) ဒေါသချည်းပါလားဗျာ။ ဈေးကိုင်တာ မဟုတ်ရပါဘူး။ ပရင့်အောက်တွေ ထုတ်လာတာကိုသာ ကြည့်တော့လေ ဟဲ ဟဲ ပြောပြချင်လွန်းလို့ပေါ့ဗျ။ ကဲ ကဲ ကောင်းကောင်း နားထောင်ဗျာ။ ဒီလို ကိုရွှေဂျိုးရဲ့၊ ကိုရွှေဂျိုးပဲ ဟိုတလောက “ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့လည်း ‘မ၀င်တော့ပါဘူး … မမိုက်တော့ပါဘူး … ဆုံးဖြတ်ချက် တုံးတုံးချကာရယ် … ပြည်သူ့ရင်ခွင်ဆီ အပြေးပြန်လာမည်’ လို့ တေးဆိုပြီး အပြေးပြန်ခိုဝင်လာရင် ဘယ်လောက်ကောင်းမလဲဗျာ” လို့ ပြောခဲ့တယ်မဟုတ်လား။ ဟဲ ဟဲ အဲဒါကို လေအိုးက ချီးမွမ်းခန်းဖွင့်မလို့ဟာ ကိုရွှေဂျိုးက လူကို အရူးလို့ ထင်ကုန်မယ်ပြောတော့ ကျွဲမြီးတိုတာပေါ့လို့ ဟွန့် ဟွန့် ဟွန့် …။

ရွေှ့ဂျိုး ။ ။ အံမယ် အံမယ် ချင်းမိုင်က သူ့အခွင့်အရေး (အဲလေ …) လူ့အခွင့်အရေး မမမျိုးကြီး အိုက်တင်ကိုလည်း မမီဘဲနဲ့ ရုပ်ကြမ်းကြီးနဲ့ စိတ်ကောက်ပြပြန်ပြီ။ ဖတ်မှာသာ ဆက်ဖတ်ပြစမ်းပါ ကိုလေအိုးရယ်။ မလွယ်ပါလားနော် သတင်းလေး ကြားဖို့အရေး စိတ်ကို အတော်ဆွဲဆန့်နေရပါလား။

လေအိုး ။ ။ ဟဲ ဟဲ မမမျိုးသင်တန်းဆင်းမို့ အကျင့်ပါသွားလို့ပါ။ ဒီလို ဒီလို ကိုရွှေဂျိုး၊ ဟိုတလောက ကိုရွှေဂျိုး ဟောကိန်းထုတ်ခဲ့သလိုပဲ အခု ဦးခင်မောင်ဆွေနဲ့ သူတို့ အမျိုးသားဒီမိုကရေစီအင်အားစုက အပေါင်းအပါနှစ်ဦးလည်း ရွေးကောက်ပွဲကို ကျောခိုင်းလိုက်ပြီတဲ့ဗျ။ ဒါ သတင်းကောင်းပဲ မဟုတ်လား။

ရွှေဂျိုး ။ ။ ဦးခင်မောင်ဆွေက ဘာကြောင့် မ၀င်တာတဲ့လဲ။ နောက်နှစ်ဦးက ဘယ်သူတွေလဲ။ ဒေါက်တာသန်းငြိမ်းကော အမြင်မှန်မရသေးဘူးလား။

လေအိုး ။ ။ မေးခွန်းတွေက များလှချည်လား ကိုရွေှ့ဂျိုးရယ်။ သိထားဖို့က ဒါ ဗိုလ်ချုပ်ကျော်ဆန်းနဲ့ ရဲချုပ်ခင်ရီတို့လုပ်တဲ့ သတင်းလိမ်ရှင်းလင်းပွဲမဟုတ်ဘူးနော်။ အဲဒီတော့ လေအိုးသိသလောက် အိတ်သွန်ဖာမှောက် ဖြည်းဖြည်းချင်း ပြောပြမှာပေါ့ မလောစမ်းပါနဲ့။ ဒီလိုဗျ ဦးခင်မောင်ဆွေက ဘာကြောင့် ရွေးကောက်ပွဲ မ၀င်တော့တာလဲဆိုရင် အသနားခံစာ တခါတင်ပြီးသားကို ကော်မရှင်က ထပ်တင်ခိုင်းလို့တဲ့။ သူရယ်၊ ဒု-ဥက္ကဋ္ဌ ဦးတင်အောင်အောင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသာဆိုင်နဲ့ နိုင်ငံရေးဦးဆောင်ကော်မတီဝင် ဦးစိန်လှဦးတို့ (၄) ဦးက ၉ဝ တုန်းက နိုင်ငံတော်ပုန်ကန်မှု ပြစ်ဒဏ်တွေ ကျခံခဲ့ရလို့ လာမယ့်ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်မရှိလို့ ကော်မရှင်က အသနားခံစာတင်ခိုင်းတာတဲ့။ ဦးတင်အောင်အောင်ကလွဲရင် သူနဲ့ ဦးသာဆိုင်၊ ဦးစိန်လှဦးတို့ အသနားခံစာ ထပ်မတင်တော့ဘူးတဲ့။ အဲဒီတော့ ရွေးကောက်ပွဲကို ကျောခိုင်းတဲ့သဘောပေါ့ဗျာ။ ဒေါက်တာသန်းငြိမ်းကတော့ အဲဒီအမှုတွဲမှာ မပါတော့ အသနားခံစာ တင်စရာမလိုလို့ အမြင်မှန်မရသေးတာ ဖြစ်မယ်ထင်တယ်။ ဟဲ ဟဲ ဘယ့်နှယ့်လဲ လေအိုးဖြေတာ လူပြက်ကလေး ဗိုလ်ကျော်ဆန်းတို့၊ ပြည်တည်တည် ဗိုလ်ခင်ရီတို့လို ဝေ့လည်ကြောင်ပတ်မဖြစ်ဘူး မဟုတ်လား ကိုရွှေဂျိုး။

ရွှေဂျိုး ။ ။ ကျော်ဆန်းလို တော်ရမ်းမဟုတ်သလို ခင်ရီလိုလည်း ရယ်ချင်သကို မဖြစ်မိပါဘူးဗျ ဟဲ ဟဲ။

လေအိုး ။ ။ ဘာလဲ နောက်နေတာလား ကိုရွှေဂျိုး။ သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းပစ်လိုက်မယ်နော် ဘာမှတ်လဲ။

ရွှေဂျိုး ။ ။ ဟဲ ဟဲ မနောက်ရပါဘူး ကိုလေအိုးရာ ဖတ်မှာသာ ဆက်ဖတ်စမ်းပါ။ ပြောပြစရာတွေ တပုံကြီးရှိသေးတယ် မဟုတ်လားဗျ။ ကြားချင်လို့ နားဆင်နေပါသဗျာ။

လေအိုး ။ ။ အော် ဒါနဲ့ ဦးခင်မောင်ဆွေ ဆက်ပြောသွားတာ ရှိသေးတယ်ဗျ။ ဘာတဲ့ “ခေါင်းလျှိုပြီး ဆက်လုပ်နေရင် ပါတီသိက္ခာကျမယ်။ နိုင်ငံရေးသိက္ခာကျမယ်။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးသိက္ခာလည်း ကျမယ်” တဲ့။ လေအိုးအထင်တော့ ပါတီမှတ်ပုံတင်ကတည်းက ကန့်သတ်မှုအမျိုးမျိုးအောက်ကို ခေါင်းလျှိုခဲ့ရလို့ သိက္ခာက ကျစရာမှ မကျန်တော့ဘဲဥစ္စာ၊ ခုမှ ဘာကိုစိုးရိမ်နေတာလဲမသိဘူးနော် ကိုရွှေဂျိုး။

ရွှေဂျိုး ။ ။ ဟဲ ဟဲ ဟဲ ကိုလေအိုးကလည်းဗျာ၊ မရှိတော့တဲ့ သိက္ခာကို ပြန်ဆွဲတင်ချင်တဲ့သဘော နေမှာပေါ့ဗျ။ ဒီအတိုင်း ဆက်သွားရင် သမိုင်းအပြီးကွေးတော့မှာကို သိလို့ ကွေးလက်စ တန်းလန်းလေးကို ပြန်ဆွဲဖြောင့်ကြည့်တာနေမှာပေါ့။ ဒါပေမယ့် သမိုင်းကွေးတယ်ဆိုတာမျိုးက ကွေးပြီဆိုရင် နဂိုအတိုင်းဖြစ်အောင် ပြန်ဖြောင့်လို့မရမှန်း ဦးခင်မောင်ဆွေ မသိတာဖြစ်မယ်ဗျ။ နဂိုကတည်းက ဒေါ်အောင်ဆန်းစုကြည်တို့၊ ဆရာကြီး ဦးဝင်းတင်တို့လို ဦးနှောက်ရှိရှိ ချင့်ချင့်ချိန်ချိန် သုံးသပ်ဆုံးဖြတ်တတ်ခဲ့ရင် ဒီလိုအဖြစ်မျိုးနဲ့ ကြုံစရာ ဘယ်ရှိမလဲဗျာ။ အခုတော့ သေချင်တဲ့ကျား တောပြောင်းဆိုသလို အန်အယ်လ်ဒီကနေ ခွဲထွက်ပြီး တစင်ထောင်တော့ မျက်နှာမရ ခြေထောက်ရနဲ့ ကမောက်ကမ ဖြစ်ရပြီပေါ့။ ပြောရင်းနဲ့တောင် ရွှေဂျိုးတို့ အိမ်နားက မြန်မာ့အရေးကျွမ်းကျင်သူ ဘယာကြော်သည်ကုလားကို သတိရလာပြီ ကိုလေအိုး။ သူက ဘာပြောလဲဆိုတော့ “ဦးရွှေဂျိုး … ကုလားနော် သေချင်တယ်နော် စိန်လုံးဝမစားဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို တခါတည်း သွားဝင်လိုက်မယ်၊ ပြတ်ကရော” တဲ့ ဟား ဟား ဟား။

လေအိုး ။ ။ အေးဗျာ၊ ဘယာကြော်သည်ကမှ ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမြင်ပြတ်သားသေးတယ်။ အမြင်မပြတ်သားဘဲ ပါတီထောင်သူတွေကတော့ နာမည်လည်း သေ၊ မတော် ရွေးကောက်ပွဲနီးရင် ကြံ့ဖွံ့တွေ ချောင်းရိုက်လို့ လူလည်း သေမယ့်ကိန်းပဲ။ ကဲပါလေ … မိုက်လုံးကြီးသူတွေကို တရားပြ နားချနေလည်း ထူးမှာမဟုတ်ပါဘူး။ လေအိုးတို့ကတော့ မသေချင်သေးလို့ စိန်လည်းမစားဘူး၊ ၂၀၁၀ ရွေးကောက်ပွဲလည်း သွားမ၀င်ဘူး ကိုရွှေဂျိုးရေ့။ ချစ်ဇနီးပူပူနွေးနွေးလေးနဲ့ မခွဲနိုင်လို့ဗျို့၊ လစ်တော့မယ်။

ပြောပြောဆိုဆို လေအိုးတယောက် “သေချင်ရင် စိန်မစား၊ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပါခင်ဗျား” ဟု အော်ဟစ်ထွက်ခွာသွားသကဲ့သို့ မသေချင်သေးသည့် ရွှေဂျိုးလည်း အာရောဂျံ ပရမံလာဘံ ကျန်းမာရေးအဓိကဟု ဆိုသည့်အတိုင်း ဆီးရောဂါဝေဒနာနှင့် ကင်းဝေးစေရန်အလို့ငှာ ဆိုင်နောက်ဖေးသို့ ချီတက်ပြီးသကာလ ရေတံခါးအဖွင့်ကို စောင့်နေသည့် အောက်ရေအား ပေါက်စေဗျားဟု လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လေတော့သည်တကား။ ။
http://www.khitpyaing.org/index.php?route=detail&id=3894

ကြားနေရမယ့်အချိန် ရောက်ပြီလား


Saturday, August 28, 2010

ကြားနေရမယ့်အချိန် ရောက်ပြီလား

ထွန်းအောင်ကျော်

မီဒီယာသမားတွေကို ရဲဘော်ကျော်သန်း ဝေဖန်လိုက်လို့ မီဒီယာသမားဖြစ်တဲ့ ကိုမောင်မောင်မြင့်က တုံ့ပြန်ဝေ ဖန်တာတွေ ဖတ်လိုက်ရပါတယ်။ ကျနော်ကတော့ ဟိုလူတော် ဒီလူတော်ပြောပြီး ကြားက မင်္ဂလာယူတတ်သူ မဟုတ်တဲ့အတွက် ကျနော့်အတွေ့အကြုံကို တင်ပြမယ်။ ကျနော်ကတော့ လူမိုက်လို့ပဲ ပြောရမလား ကိုယ်က မှားနေတယ်ထင်တာကို အားမနာတမ်းပြောတတ်လို့လားတော့မသိ၊ သူငယ်ချင်းတွေက ကျောင်းနေစဉ်က “တစောက်ကမ်း” ဆိုတဲ့ ဘွဲ့ကို ပေးခဲ့ကြပါတယ်။

အဓိကတော့ ကိုယ်တင်ပြချက်တွေဟာ ကိုယ်ကျိုးမဖက်ဖို့လိုပါတယ်။ မီဒီယာဆိုတာ သုံးတတ်ရင်ဆေး၊ မသုံး တတ်ရင်ဘေးလို့ နိုင်ငံရေးသမားတွေက ယုံကြည်ကြပါတယ်။ မီဒီယာကို သုံးတတ်ရင် မီဒီယာရဲ့ပံ့ပိုးမှုနဲ့ ရွေး ကောက်ပွဲတွေမှာ ပြိုင်ဘက်ကို အနိုင်ရတတ်သလို မီဒီယာကို မသုံးတတ်ရင် ချီးသေးကအစ မကောင်းတာမှန် သမျှ အငြှိုးနဲ့ အပုပ်ချတာကိုခံရပြီး ကိုယ်ကျိုးနည်းတတ်ပါတယ်။

မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာရောက်နေတဲ့ ပြည်သူတွေဟာ မဆလ၊ နဝတ၊ နအဖအစဉ်အဆက် ပြည်သူပိုင် (၎င်းတို့ပိုင်) လုပ်ထားတဲ့ မီဒီယာရဲ့ နားမုဒိမ်းကျင့်နေတာကို နေ့စဉ်နဲ့အမျှ ခံ နေကြရပါတယ်။ ငါတို့အစိုးရလုပ်တာ အကုန်မှန်တယ်၊ ဒါတို့ ခေါင်းဆောင်ကြီးများ တိုင်းပြည်ကို စည်းကမ်းရှိ စွာ ပြုပြင်နေတယ်။ တံတားတွေ ဆောက်နေတယ်၊ လမ်တွေခင်းနေတယ်၊ အနှစ်သာရရှိသော ခေါင်းဆောင် ကြီး၏ မိန့်ခွန်း၊ အတိုက်အခံ ပြည်ပပုဆိန်ရိုးများ ကျဆုံးရမည် ... စသည်ဖြင့် တွင်တွင်ကြီး မျက်စိမုဒိမ်း၊ နားမု ဒိမ်း နေ့စဉ်ကျင့်နေသည့် အသုံးတော်ခံ မီဒီယာများကို တန်ပြန်နိုင်ရန် ပြည်သူ့အကျိုးပြု မီဒီယာများလိုအပ်ပါ သည်။ ၈၈ နောက်ပိုင်း RFA နှင့် DVB တို့သည် ဒီမိုကရေစီအရေးကိုဇောင်းပေးမည့် သတင်းမီဒီယာများအဖြစ် ထွက်ပေါ်လာသည်မှာ ကျနော်တို့အားလုံးအတွက် အားတက်စရာပါ။

“ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူများကလည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူမည်မျှကျဆုံးသည်ကို ပြောနေသကဲ့သို့ ဂျာမန်မှလည်း ထိုနည်းတူပြောလျက် ဝါဒဖြန့်ချိကြသည်။ ယနေ့မြန်မာပြည်သည် ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့်ပွဲဖြစ်သည်။ စစ်ပွဲ မပြီးသေး။ ကျနော်တို့အနေနှင့် စစ်အာဏာရှင်များကို တန်းတူအခွင့်အရေး ပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်”

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သည် NCGUB နှင့် နော်ဝေးနိုင်ငံတို့ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်မှုဖြင့် ပေါ် ပေါက်လာသော အသံလွှင့်ဌာနဖြစ်သလို Radio Free Asia လွတ်လပ်သောအာရှအသံ သည်လည်း အမေရိ ကန်အစိုးရ ကွန်ဂရက်ထောက်ပံ့မှုဖြင့် အာရှတိုက် ဒီမိုကရေစီထွန်းကားလာရေးအတွက် ရည်မှန်းချက်ဖြင့် ပေါ် ပေါက်လာသော ဌာနများဖြစ်ပါသည်။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း NCGUB အစိုးရကို ဝေဖန်ခဲ့ပြီး နောက် ဆရာကြီး၏သတင်းဆောင်းပါးများ၊ တွေ့ဆုံဆွေးနွေးခန်းများကို DVB မှ ရပ်ဆိုင်းလိုက်ပါသည်။ ဆရာ ကြီးမသေမီ ကျနော့်ကို ရင်ဖွင့်သွားခဲ့သဖြင့် သိရှိရပါသည်။ ဆရာကတော် အသက်ရှင်နေပါသေးသည်၊ မေး ကြည့်နိုင်ပါသည်။

DVB တွင် ခင်မောင်ဝင်းကို NCGUB မှ ထောက်ခံမှုဖြင့် ခန့်အပ်လိုက်ပြီးနောက် DVB သည် ခင်မောင်ဝင်း ပိတ်ပင်ထားသောသူများကို တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်တော့ဘဲ ပိတ်ပင်ထားခဲ့သည်ကို ထင်ရှားစွာတွေ့ရ သည်။ နောက်ဆုံး DVB သည် ဘက်မလိုက် အသံလွှင့်ဌာနဖြစ်သည်ဟု ဗြောင်ကြေညာလာပြီး NCGUB နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း၊ ဘက်မလိုက်ရပ်တည်မည်ဖြစ်ကြောင်း တရားဝင် ပြောကြားသည်အထိ ဖြစ် လာခဲ့သည်။ ကျနော့်အမြင်မှာ DVB သည် ဒီမိုကရေစီဘက်မှ ထုတ်လွှင့်သော အသံလွှင့်ဌာနဖြစ်သည်။ ကြား နေမဟုတ်၊ ဒီမိုကရေစီအင်အားစုတို့ဘက်မှလိုက်၍ အသံလွှင်ရမည့် တာဝန်ရှိသည်။

ဘက်မလိုက်မီဒီယာဟု အစကဆိုလျှင် ၎င်းတို့ကို မည်သူမျှ အလုပ်ခန့်မည်မဟုတ်ချေ။ ကျနော့်အမြင် ခင် မောင်ဝင်းသည် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်တယောက် ဖြစ်သည်။ တော်လှန်ရေးသမားဟု အမည်ခံယူခဲ့သူဖြစ်သည်။ DVB တွင် သူ့လက်သူ့ခြေ ဖြစ်လာသည့်အခါမှ ဘက်မလိုက်သတင်းသမားဟု ဟစ်ကြွေးသည်မှာ သူ့သရုပ်ကို ဖော်ပြခြင်းပင်ဖြစ်သည်။ အစကတည်းက စစ် အစိုးရကို ဆန့်ကျင်လာသူဟု ဆိုသူက မီဒီယာသမားအဖြစ် ကောင်းစားလာသောအခါ ယခင်တော်လှန်ရေး သမားဘဝကို မေ့ပြီး ကြားနေမီဒီယာလုပ်ခြင်းသည် တော်လှန်ရေးကို သစ္စာဖောက်၍ ကိုယ်ကျိုးရှာခြင်းပင်ဖြစ် သည်။

ABSDF ဗဟိုကော်မီတီတွင် ပြန်ကြားရေးတာဝန်ခံလုပ်ပြီး ညီလာခံတွင် မည်သည့် အလုပ်ကိုမှ တင်ပြနိုင်ခြင်း မရှိဘဲနှင့် ကျနော်ရေးသားပြီး နှုတ်ခမ်းမွှေး အောင်သန်းမှ ရိုက်နှိပ်ဖြန့်ချိသည့် “နီကာရာဂွာ ရွေးကောက်ပွဲ” “ဖိ လစ်ပိုင်ရွေးကောက်ပွဲ” စသည့် ဆောင်းပါးများကို ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီပုံနှိပ်၍ ပြည်တွင်းသို့ ABSDF ပြန်ကြားရေးဌာန အမည်ခံပြီး ဖြန့်ချိပေးခဲ့ခြင်းကို ၎င်းဌာနမှ လုပ်ပါသည်ဟု ဗြောင်လိမ်ခဲ့သူဖြစ်သည်။ တဖန် တတိယအကြိမ်ညီလာခံမှ မှတ်တမ်းများ၊ တိတ်ခွေများကို ပြန်ကြားရေးတာဝန်ခံအဖြစ် သိမ်းဆည်းသည့်အခါ “ဒါတွေက တနေ့ ရွှေတွေဗျ” ဟု ပြောသူမှာလည်း ခင်မောင်ဝင်းပင်ဖြစ်သည်။

ကျနော့်အနေနှင့် မီဒီယာသမားအားလုံးကိုမဆိုလိုပါ။ မီဒီယာသမားများထဲတွင် အခွင့်အရေးသမားများ၊ ရန်သူ့ ပုဆိန်ရိုးများကို သတိထားရမည်။ သူ့လူကိုယ့်ဘက်သမားများကို ပညာမျက်စိဖြင့် ကြည့်တတ်ရမည်ဟု သတိ ပေးလိုပါသည်။

ကျနော်တို့ ပြင်ပရှိမီဒီယာများတွင် လွတ်လပ်မှုအပြည့်ရှိပါသည်၊ မည်သူ့ကိုမျှ ကြောက်လန့်နေစရာမရှိ၊ အစိုးရ မှ ပြည်တွင်းမီဒီယာများကို ထိန်းချုပ်၍ မလွယ်။ ထိုကြောင့် BBC, VOA, RFA ညာနေသည်၊ မိုးလုံးပြည့် မုသာ ဝါဒီများ ... စသည်ဖြင့် နအဖက တိုက်ခိုက်လာပါသည်။ ကျနော့်အနေနှင့် နအဖနေရာမှနေ၍ စဉ်းစားလျှင် ၎င်း ပြည်ပမီဒီယာများကို ဘယ်လိုနှုတ်ပိတ်အောင်လုပ်မည်လဲဆိုလျှင် ပြည်တွင်းကဲ့သို့ အာဏာသုံး၍မရဖြင့် ဥ ပါယ်တံမျဉ်ဖြင့် မိမိလူများကို မီဒီယာထဲသို့ သွတ်သွင်းပေးရမည်ဟု ဆုံးဖြတ်ရမည်ဖြစ်သည်။

ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်လောက်က ကျနော့်သူငယ်ချင်းအိမ်တွင် အင်္ဂလိပ်စာကျူ ရှင်ပေးသည့် ကရင်ကျောင်းဆရာတယောက်ရှိပါသည်။ တနေ့တွင် ၎င်းက ဝမ်းသာအားရနှင့် သူ့ကို BBC တွင် တာဝန်ထမ်းဆောင်ရန် အရွေးခံရကြောင်း ပြောသဖြင့် ဝမ်းသာမိကြပါသည်။ ထိုသူသည် ရိုးသား၍ ကြိုးစား သော မြန်မာ-အင်္ဂလိပ်နှစ်ဘာသာကို ကြေညက်သောသူဖြစ်သည်။ အသံလွှင့်သမားကောင်း တယောက်ဖြစ် နိုင်သည့် အသံသြဇာနှင့်လည်းပြည့်စုံပါသည်။ သို့ရာတွင် နောင်သုံးလအကြာ ၎င်းအတွက် ပတ်စပို့ဗီဇာစောင့် နေစဉ် Reject လုပ်ခံရပါသည်။ အကြောင်းမှာ မြန်မာအစိုးရက ၎င်းသည် ကွန်မြူနစ်စနစ် ယုံကြည်သူတဦးဖြစ် သည်ဟုဆိုကာ သတင်းပေးသောကြောင့်ဟု သိရပါသည်။ BBC မှ အစိုးရ ထောက်ခံသူတယောက်ကို ရွေးယူ သွားခဲ့ပါသည်။

နောက်တချက်မှာ VOA တွင် အလုပ်လုပ်ခဲ့သူ ဝန်ထမ်းတဦးမှ ကျနော့်အား သူ့အမည်ကို မပြောရန် ဂတိခံ၍ ပြောကြာခဲ့မှုဖြစ်ပါသည်။ ၎င်းအား တနေ့တွင် VOA မှ တာဝန်ရှိသူက နေ့လည်ထမင်းစားခေါ်ယူခဲ့ပြီး အမေရိ ကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတဦးနှင့် ပေးတွေခဲ့သည်ဟုဆိုသည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးက ၎င်းအား “အေး ... မင်း ရေးချင်တာရေး၊ အသံလွှင့်ချင်တာ လွှင့်ပေါ့ကွာ၊ ဒါပေမယ့် ငါတို့ထိခိုက် မယ်ဆိုတဲ့ဟာမျိုးကို ပေါ့ပြီးလွှင့်၊ အရေးကြီးတာကို အရေးမကြီးသလိုမျိုးပေါ့ကွာ၊ နားလည်တယ်မဟုတ်လား ဟု ပြောခဲ့ကြောင်း၊ နောက် မင်းလည်း တနေ့ မြန်မာပြည်ကို ပြန်မှာပဲ၊ လိမ်လိမ်မာမာ လုပ်ပေါ့ကွာ” ဟု ဆုံးမ သွားသေးကြောင်း ရင်ဖွင့်ခဲ့ပါသည်။ သူ့အနေနှင့် ဌာနမှုး (ယခုဌာနမှူးမဟုတ်) က ယခုလို သံအမတ်ကြီးနှင့် ရင်းနှီးကျွမ်းဝင်ကြောင်း တွေ့ရသဖြင့် Shock ရှော့ဖြစ်သွားသည်ဟု ဆိုပါသည်။

ထို့ကြောင့် သတင်းဌာန အထူးသဖြင့် မြန်မာပြည်သူ သန်း (၅၀) ကျော်ကို တချိန်တည်း သတင်းပေးနိုင်သော ရေဒီယိုအသံလွှင့်ဌာနများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် အနေအထားတွင် ရှိပါသည်။ BBC, VOA တို့သည် အစ ကနဦးတည်းက ဘက်မလိုက်သတင်းဌာနများဖြစ်သည်။ VOA သည် အမေရိကန် အစိုးရ ပေါ်လစီဘက်သို့ ယိမ်းရသည်ကို မငြင်းနိုင်ချေ။ RFA, DVB တို့သည် ဘက်လိုက်ကိုလိုက်ရမည်ဟု မြင်သည်။ ဘက်မလိုက်လိုလျှင် RFA, DVB မှ ထွက်ပြီး BBC, VOA သို့ ဝင်ကြပါဟု တိုက်တွန်းလိုသည်။ ဘက်မလိုက် ကိုယ်ပိုင်ထောင်လိုက ထောင်ကြပါ။ DVB, RFA နာမည်ခံပြီးတော့ စစ်အာဏာရှင်များကို တန်းတူအားပေးမှု မပြုသင့်ဟု ယုံကြည်သည်။ ရန်သူသည် ပြင်ပသတင်းဌာနများကို အင်အားသုံး၍ မထိန်းချုပ်နိုင်လျှင် အနုနည်း ဖြင့် အတွင်းလူများထည့်ပြီး လှိုက်စားနိုင်သည်၊ လှိုက်စားနေသည်ကို မျက်စိဒေါက်ထောက်ကြည့်ဖို့လိုသည်ဟု သတိပေးလိုက်ချင်ပါသည်။

နိဂုံအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူများက လည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူ မည်မျှကျဆုံးသည်ကို ပြောနေသကဲ့သို့ ဂျာမန်မှလည်း ထိုနည်း တူပြောလျက် ဝါဒဖြန့်ချိကြသည်။ ယနေ့မြန်မာပြည်သည် ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့် ပွဲဖြစ်သည်။ စစ်ပွဲမပြီးသေး၊ ကျနော်တို့အနေနှင့် စစ်အာဏာရှင်များကို တန်းတူအခွင့်အရေးပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်။ ဒီမိုကရေစီရရှိရေးကို လိုလားသူများပီပီ အတိုက်အခံနိုင်ငံရေးသမားများကို ဇောင်းပေး၍ ၎င်း တို့အသံကို ဖော်ထုတ်ပေးနိုင်ဖို့လိုသည်။ ပုဂ္ဂိုလ်ရေးများဖြင့် ဆင်ဆာလုပ် ပိတ်ပင်နေခြင်းမျိုးကို ခွင့်မလွှတ်သင့် ဟု ယုံကြည်ပါသည်။ ဒါကြောင့် “ကြားနေရမယ့် အချိန်ရောက်ပြီလား မောင်တို့” ဟု မေးလိုက်ရပါကြောင်း ...။

ထွန်းအောင်ကျော်

စာရေးသူ၏အာဘော်သာဖြစ်ပါသည်။