Sunday, August 29, 2010

29 August 2010 ဒိုင်ယာရီ

http://www.mediafire.com/file/iy6d3uwhujq6baj/29%20August%202010%20yeyintnge%27s%20Diary.doc

29 August 2010 Yeyintnge's Diary

ရ၄ ခုနှစ် ဦးနေ၀င်းနဲ့ ၂၀၁၀ ဦးသန်းရွှေ ငရဲမှာတခါဆုံမယ်

ရ၄ ခုနှစ် ဦးနေ၀င်းနဲ့ ၂၀၁၀ ဦးသန်းရွှေ ငရဲမှာတခါဆုံမယ်
ဦးနေ၀င်း၏နိုင်ငံရေးအာဏာရယူခဲ့ပုံနှင့် ကျဆုံးခဲ့ရပုံကို ခုခေတ်လူငယ်တွေ သိစေချင်သည်။ အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင်တို့သည် မည်သည့်နည်းနှင့်မျှ အာဏာလက်မလွှတ်မချင်ခဲ့ကြပေ။ အသက်အရွယ်ကြီးမြင့်၍ ထိမ်းမနိုင်သိမ်းမရသောအခါမှသာ ဆွေစဉ်မျိုးဆက်တဆက်လုံး ထောင်ထဲရောက်ကုန်အောင် သူ့ဇတ်လမ်းသူလုပ်သွားခဲ့သည်သာဖြစ်သည်။ ၀ဋ်လည်သည်ဟုပြော၍ရပါသည်။ ၁၉၆၂ ခုနှစ်ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းသောအခါ ရဲဘော်သုံးကျိပ်အရှိန်က ရှိနေခဲ့သည်။ တခါတခါ နိုင်ငံရေးသမားတွေကိုခေါ်၍ ထမင်းကျွေးအခန်းအနားတွေ ပြုလုပ်သေးသည်။ ဒေါ်အောင်အောင်ဆန်းစုကြည်မိခင် ဒေါ်ခင်ကြည်ကိုယ်တောင်မှ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကြီးခန့်အပ်
လိုက်သေးသည်။ တခါတခါ သံအမတ်ကြီးရာထူးဖြင့် ထင်ရှာေးသာသူတွေကို ပို့ပေးလိုက်တတ်သည်။ များသောအားဖြင့် လူမိုက်ချီးမွမ်းခြင်းသဘောမျိုးဖြင့် မစတတ်သောအလေ့အကျင့်ရှိသည်။ ကြိုက်နှစ်သက်လွန်း၍တော့မဟုတ်။ ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုရေးအတွက်
အင်မတန် ထောက်ခံကြသောရွေးကောက်ပွဲကို ပြုလုပ်ကျင်းပလိုက်သည်။ မြန်မာနိုင်ငံတနိုင်ငံလုံးသည် လှည်းနေလှည်းအောင်းမြင်းဇေါင်းမကျန် မဲပေးခဲ့ကြသည်။ တကြိမ်တခါမျှမမြင်ဖူးသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးခဲ့ရခြင်းဖြစ်သည်။ ယင်းကိုယ်စားလှယ်တော်ကြီးများကို မဲပေးခဲ့ခြင်းအားဖြင့် ၁၉၇၄ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အတည်ပြုခဲ့သည်ဟုလည်း မည်သူမျှနားမလည်ခဲ့ကြ။ ယင်းလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကလည်း မည်သည့်တာဝန်တွေရှိသည်ကို ပြည်သူတွေမသိ၊နားမလည်။ သိသောနားလည်သော မြင်သောအရာတခုမှာကား ဗိုလ်ချုပ်ကြီးနေ၀င်းမှာ ဦးနေ၀င်းဖြစ်သွားခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်ပါတိ၏ဥက္ကဌကြီးဦးနေ၀င်းမှာ
ဦးစန်းယုကို သမတအဖြစ်ခန့်ထားသေးသည်။ ယင်းသမတ ဦးစန်းယုမှာ လက်ကလေးပိုက်ပြီး ပါတီဥက္ကဌကြီးဦးနေ၀င်း၏ နောက်ကနေပြီး ရ့ပ်နေရသည်ကို ယခုအချိန်ထိမျက်စိထဲတွင်မြင်ယောင်မိနေဆဲဖြစ်သည်။ သူ့မှာဘာမျအာဏာမရှိ။ ဦးနေ၀င်းနောက်ကဘဲနေရသည်။ ပါးစပ်က ပြုံးတောင်မပြုံးရ ။သမတကြီးဦးစန်းယုမှာ ၁၉၈၈ ခုနှစ်
ဒီမိုကရေစီအရေးတော်ပုံဖြစ်လာသောအခါ သူ့ခမြာဘာတခွန်းမျှ မပြောမဆိုလိုက်ရရှာ။ နောက်ဆုံးဦးစိန်လွင်၊ ပြီးတော့ ဒေါက်တာမောင်မောင်စသည်တို့နှင့် ၈၈ အရေးအခင်းတွင် စစ်တပ်ကအာဏာသိမ်းသောအခါ ပထမအာဏာသိမ်းခံရသောသူတို့မှာ မြန်မာနိုင်ငံ၏ အဓိပ္ပါယ်မရှိသော သမတသာဖြစ်သည်။ တချိန်တည်းမှာပင် ဦးနေ၀င်းလည်း ကိုယ်ဖေါ်သောဆေး ကိုယ်မစားနိုင်ဘဲ နောက်ဆုံးမှာ မိသားစုတခုလုံးကို ထောင်ထဲတွင်သေဒဏ်ဖြင့် ထားခဲ့ရပြီးသူကိုယ်တိုင်လည်း လူမသိသူမသိ ပုဇွန်စာဂဏန်းစာအဖြစ် လှိုင်မြစ်မှာ ချကျွှေးခံရသည်။
အကယ်၍အုဌ်ဂူဖြင့်သာ ဦးနေ၀င်းအမည်ဖြင့် ကြံ့တောတွင်ရှိနေခဲ့ပါက ပြည်သူတရပ်လုံးက ဖိနပ်နှင့်ပေါက်ပြီး နေ့စဉ်သွားရောက် ကျိန်ဆဲနေကြမည်ကို မြင်ယောင်မိသေးသည်။
ယခုလည်းဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ဦးနေ၀င်း၏စာအုပ်ကြီးအတိုင်း လျှောက်လုပ်လိုက်ပြီဖြစ်သည်။ သူ့အပေါ်အမိန့် အာဏာလိုက်နာသော တပည့်ကောင်းများလက်ထဲသို့ စစ်အာဏာကိုလွှဲပေးသည်။ ဗိုလ်ချုပ်မှူးကြီးရာထူးကို လွှဲပြောင်းပေးခြင်းသည် သူ့အဖို့စွန့်စားမှူကြီးတရပ်ဖြစ်သည်။ ဆင်ဖြူတော်ရရှိ၍ ဘုရင်စိတ်ပေါက်နေသောသူပီပီ နိုင်ငံတော်
အာဏာကို လက်လွှတ်စွန့်စားရသည်မှာ မလွယ်လှ။ အာဏာအစွမ်းရှိကြသောသူ့အုပ်စုတခုလုံးကို ယူနီဖေါင်းချွတ်လိုက်သောအခါ နောက်ပေါက်စစ်ဗိုလ်တွေကို သူကထိမ်းနိုင်လိမ့်မည်ဟုထင်ထားသည်။ ယူနိဖေါင်းချွတ်ကြရသော ဗိုလ်ချုပ်ကြီးတို့မှာ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရမည်ဖြစ်သည်။ တချို့ မှာရွေးကောက်ပွဲမှ ၀င်၍အရွေးချယ်ခံရသော ကိုယ်စားလှယ်များဖြစ်လာမည်။ တချို့ မှာစစ်တပ်မှ ၂၅ % ရရှိထားသောစာရင်းမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်လာမည်။ တချို့ မှာတသီးပုဂ္ဂလအဖြစ် ၀င်ရောက်အရွေးချယ်ခံကြသော ယူနီဖါင်းချွတ် လူရိုသေရှင်ရိုသေ ကိုယ်စားလှယ်တော်များဘ၀ဖြင့် ပါဝင်လာကြမည်။ တချို့ မှာကြံ့ဖွံ့ပါတီမှ၎င်း ကိုယ်စားလှယ်တော်များဖြစ်လာကြလိမ့်မည်။ ယင်းကိုယ်စားလှယ်များက သမတကို ရွေးချယ်ကြမည်ဖြစ်သည်။ ပါတီဥက္ကဌကြီးမှာမူ အစိုးရအထက်မှ သို့မဟုတ် သမတအထက်မှ ရှိနေပေလိမ့်မည်။ သည်တော့ ရွေးကောက်ပွဲမှာဖြစ်ပေါ်လာမည့်အရပ်သားအစိုးရအဖွဲ့တွင် သြဇါအရှိဆုံးသောပါတီဥက္ကဌကြီးသည် မည်သူဖြစ်လာနိုင်ပါမည်နည်း ။ ဦးသန်းရွှေပင်ဖြစ်လာပါလိမ့်မည်ဟု ပြောရပါတော့မည်။ အိန္ဒိယနိုင်ငံတွင် ၀န်ကြီးချုပ်ရာထူးဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ သိုသော်သမတမှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိသောပါတီများမှ အဆိုတင်သွင်းသူ သို့မဟုတ်အတိုက်အခံများမှ အဆိုတင်သွင်းသူတို့ကို လွှတ်တော်မှတိုက်ရိုက်ရွေးချယ်ကြသည်။ သမတဖြစ်နိုင်သော လူရိုသေရှင်ရိုသေ အထင်ကရပုဂ္ဂိုလ်တို့မှာ တီဗွီမှ ရေဒီယိုမှ သတင်းစာမှ ပြည်သူတရပ်လုံးက ဆွေးနွေးဝေဖန်ကြသည်။ အိန္ဒိယနိုင်ငံ၏သမတ တယောက်အဖြစ် ရှိသင့်ရှိထိုက်သောအရည်အချင်းတို့မှာ ပြစ်မျိုးမှည့်မထင်ဖြစ်နေရသည်။ သာမန်လောက်ကလေးနှင့်မရ။ ငယ်စဉ်တောင်ကျေးဘ၀ကစလို့ အထက်တန်းကျောင်းသားမှသည် တက္ကသိုလ်ကျောင်းသာြး့ပီးတော့ နိုင်ငံ့ဝန်ထမ်းစသည်တို့အထိ မီးခိုးကြွက်လျှောက် ဆွေးနွေးကြသည်မှာ သူတို့နိုင်ငံ၏ဒီမိုကရေစီစံနုံး မည်မျှရှိသည်ကို ပြသခြင်းဖြစ်သည်။ သမတသည် ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံစရာလည်းမလို။ သို့အတူသမတမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ( ၅ ) ဦးကို သမတအာဏာဖြင့် အထူးရွေးချယ်ခန့်အပ်ပိုင်ခွင့်လည်းရှိ
နေသေးသည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲအများဆုံးရသောပါတီမှာ အစိုးရဖွဲ့စည်းပိုင်ခွင့် အာဏာအပြည့်အ၀ရှိသည်။ သို့သော် မည်မျှပင်မဲအများဆုံးရသောပါတီဖြစ်စေကာမူ ၀န်ကြီးချုပ်ကိုတော့ အရမ်းကာရောအစိုးရအဖွဲ့ ဖြစ်နေသည့်တိုင်အောင် ရွေးချယ်ခန့်အပ်၍မရ ။ တခြားအတိုက်အခံပါတီနှင့် ပြည်သူတရပ်လုံး၏ ဆန္ဒသဘာထားကို ကောက်ယူရသေးသည်။ ဤသည်မှာဒီမိုကရေစီနိုင်ငံရေးစနစ်၏ နိုင်ငံရေးအနှစ်သာရဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် မစ္စဆိုနီယာဂန္ဒီ၏ ကွန်ဂရက်-အိုင် ( Congress I -party ) ပါတီမှာ မဲအများဆုံးရရှိသော်လည်း ပါတီဥက္ကဌဖြစ်သောဆိုနီယာမှာ ၀န်ကြီးချုပ်မဖြစ်။ ၀န်ကြီးချုပ်စနစ်ဖြင့် အုပ်ချုပ်သောအိန္ဒိယနိုင်ငံတွင် အာဏာပိုင်အမြင့်ဆုံးရာထူးမှာ ၀န်ကြီးချုပ်ဖြစ်သည်။ လွှတ်တော်တခုလုံးနှင့် အစိုးရ
ယန္တရားတခုလုံးလည်ပါတ်ရေးမှာ ၀န်ကြီးချုပ်၏နိုင်ငံရေး လမ်းကြောင်းမျာပေါ်မှ ဖြတ်သန်းသွားရမည်ဖြစ်သည်။ ထို့ကြောင့် မဲအများဆုံးရရှိပြီး လွှတ်တော်တွင်ဥပဒေကို တင်ပြနိုင်စွမ်း ချယ်လှယ်နိုင်စွမ်းရှိသည့် ၄င်းဝန်ကြီးချုပ်ရာထူးပြသနာမှာ အနိုင်ရပါတီနှင့် အတိုက်အခံပါတီတို့၏ နားလည်မူအခြေနေပေါ်မှာလည်း အထူးမူတည်နေသည်။ အိန္ဒိယနိုင်ငံတွင် ကွန်ဂရက်အိုင်ပါတီက အနိုင်ရရှိသော်လည်း မစ္စဆိုနီယာကို ၀န်ကြီူးချုပ်ရာထူး မပေးကြ။ အတိုက်အခံပီါိတွေနှင့် ပြည်သူတွေကလက်မခံ။ တချို့ ကကိုယ့်ကိုကိုယ် သေနတ်နှင့် ပစ်သတ်မည်ဆိုကာ နားထင်တွင်သေနတ်နှင့်တေ့ပြီး ဆန္ဒပြကြသေးသည်။ မစ္စဆိုနီယာမှာ အီတလီနိုင်ငံသူဖြစ်၍ လက်မခံဆိုသောအခြေအနေကလည်း ရှိနေရာသူမခမြာ နောက်ဆုံးတွင် ၀န်ကြီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရသည်။ သို့သော်ပါတီဥက္ကဌရာထူးဖြင့် နိုင်ငံတော်အာဏာကိုချုပ်ကိုင်ထားသည်။ တခါက၀န်ကြီးချုပ်ဖြစ်သူ မန်မဟိုဆင်းအား မစ္စဆိုနီယာ၏သဘောတူဆုံးဖြတ်ချက်ရမှသာ ဆောင်ရွက်နိုင်ကြောင်း ရုပ်မြင်သံကြားမှာ သရော်သောပြကွက်ဖြင့် နိုင်ငံရေးဝေဖန်ချက်တွေ ပြုလုပ်သွားသည်ကို တွေ့ရဖူးသည်။ ယင်းမှာလည်းမှန်သည်။
ယခုမြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်တော့မည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယနိုင်ငံ၏ ပါလီမန်အစိုးရ ဖွဲ့စည်းပုံအတိုင်း ပြုလုပ်ရန်ပြင်ဆင်နေသည်။ စစ်တပ်ထဲမှ၂၅%သည် တခါတည်းဖြစ်လာမည့်ကိုယ်စားလှယ်ဖြစ်သည်ကို လူတိုင်းသိသည်။ ရွေးကောက်ပွဲမ၀င်သော ပါတီဥက္ကဌကိုလည်း နိုင်ငံတော်အကြီးအကဲအဖြစ် ခန့်အပ်ရန် ယူနီဖေါင်းကို ချွတ်ထားပြီးပြီ။ ကြံ့ဖွံ့ပါတီက္ကဌမှာ ဦးသန်းရွှေဖြစ်သည်။ ဦးသန်းရွှေကနိုင်ငံတော်ဥက္ကဌဖြစ်၍ အာဏာဟူသမျှ သူ့လက်ထဲမှာရှိနေသည်။ သမတသည် ရွေးကောက်ပွဲအနိုင်ရပါတီမှ တင်သွင်းမည့်သူ သို့မဟုတ် နိုင်ငံတော်အကြီးအကဲမှ တိုက်ရိုက်ခိုင်းစေမည့်သူဖြစ်သည်။ ယင်းသမတမှာ စစ်ရေးအတွေ့အကြုံရှိသူဖြစ်ရမည်မို့ ယခုစစ်ယူနီဖေါင်းချွတ်လိုက်သူထဲက တယောက်ယောက်တော့ဖြစ်မှာသေချာနေသည်။ သည်တော့ရွေးကောက်ပွဲတွင် အနိုင်ရမည့်ပါတီက အစိုးရဖွဲ့စည်းရာမှာ ပါဝင်သည့်ကိုယ်စားလှယ်များဖြစ်ရာ မနေ့တနေ့က ယူနီဖေါင်းချွတ်လိုက်သောသူတို့မှာ ၀န်ကြီးများဖြစ်နေပြီ။ ဆိုရလျင် ကြ့ဖွံ့ပါတီသည် တနိုင်ငံလုံးတွင် ကိုယ်စားလှယ်ပေါင်း ၁၄၀၀ ကျော်ဝင်ပြိုင်ကြမည်ဖြစ်ရာ တွက်ချက်ကြည့်က သိနိုင်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အာဘောင်အာရင်းသန်သန်နှင့် စစ်အစိုးရဖက်က တသီကြီးထောက်ခံအားပေးပြောနေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ နေမျိုးဝေပါတီမှာ ၈ ဦးမျှကိုယ်စားလှယ်သာပြိုင်မည်ဆိုသည်။ ဒေါက်တာသန်းငြိမ်းဦးဆောင်သောပါတီမှာ လူပေါင်း ၁၄၀ မျရှိသည်ဟုဆိုသည်။ ဦးအေးလွင်ပါတီအနေဖြင့် မဟာမိတ်အဖွဲ့ပြုလုပ်သည့် သုံးပါတီဖြစ်နေသည့်တိုင် သူ့ပါတီက ၁၀၀ နှင့် ၁၅၀ ကြားမှာရှိသည်ဟုဆိုသည်။ စစ်အစိုးရမှရွေးကောက်ပွဲကိုပြုလုပ်မည်ဟု ဆိုသောအခါ ရွေးကောက်ပွဲကိုဝင်မည်ဟု ပထမဆုံးပြောကြားသော ကွယ်လွန်သူဦးရွှေအုံး၏ပါတီမှာ ( ၃ ) ဦးသာရှိသည်။ ဦးသုဝေတို့ပါတီမှာမူ လူပေါင်း၁၂၀ လောက်ရှိနေသည်ဟုဆိုသည်။ ၂၆ ပါတီထဲတွင် သူတို့မှာစစ်အစိုးရ၏ရွေးကောက်ပွဲကို မဖြစ်မနေ၀င်သင့်သည်ဟု ပြောကြားကြသော တနည်းအားဖြင့် စစ်အစိုးရ၏ပေါ်လီစီများကို ဗြောင်သော်၎င်း သွယ်ဝိုက်၍သော်၎င်း ထောက်ခံအားပေးကြသူများဖြစ်သည်။ သဘောမှာရွေးကောက်ပွဲကိုဖြစ်အောင် ပြုလုပ်ပေးသောသူများဖြစ်သည်။ သို့သော်သူတို့၏ကိုယ်စားလှယ်စာရင်းကိုကြည့်လိုက်သောအခါ ကိုယ်စားလှယ်ပေါင်း ( ၃၀၀ ) ခန့်မျှရှိသည်။ သူတို့၏ကိုယ်စားလှယ်များကို ပြည်သူတို့ကသည်းခြေကြိုက်မဟုတ်။ ထားပါတော့။ အားလုံးပင်အနိုင်ရသည်ထားဦး။ အစိုးရဖွဲ့စည်းရာတွင် သူတို့တကောင်တမြီးမှမပါ။ သူတို့ကိုယ်တိုင်ကလည်း မနိုင်မှန်းသိသည်။ မနိုင်မှန်းသိသော်လည်းဝင်ပြိုင်ကြရသည်ဟုဆိုသည်။ အကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချု့်ပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်စေမည်ဟု ဆိုကြသည်။ ဘယ်လိုမှမယုံနိုင်စရာဖြစ်သည်။ သူတို့သည် လွှတ်တော်ထဲတွင် မည်သည့်နည်းနှင့်မျ စကားတခွန်းလေတောင် ပြောခွင့်ရသူများမဟုတ်။ အကြောင်းမှာ နိုင်ငံတ်ာအကြီးအကဲဥက္ကဌဦးသန်းရွှေသည် သူတို့လောက်မအ။
တခုတော့ရှိသည်။ ယခုပွဲကအာဏာပြသနာပွဲဖြစ်သည်။ စစ်ယူနီဖေါင်းကိုချွတ်လိုက်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယခုအသစ်စက်စက်ဖြစ်လာသော ခရစ္စတီးကျွန်းလူသတ်ကောင် သူရမြင့်အောင်က မည်မျလက်သင့်ခံနိုင်မည်နည်း။ ခရစ္စတီးကျွန်းလူသတ်သမား တရားခံကိုမည်သူက အတိအကျဖေါ်ကောင်လုပ်ကြမည်နနည်း။ ဗိုလ်မှူးအောင်လင်းထွဋ်က ဤအမှူမှာမြင်သမျှ သိသမျှ ကြားသမျှ သက်သေအဖြစ်စစ်ဆေးခံမည်ဖြစ်သည်။ သတ်မိန့်ပေးသူက ဦးသန်းရွှေဆိုလျင် သူရမြင့်အောင်က ဤအမှူတွင် လက်ဝင်လျှိုပြီး ဓါးစာခံလုပ်နိုင်မည်လား။ ဤအထိတော့သူရမြင့်အောင်ကလည်း မိုက်ရှူးရဲလုပ်နေမည့်သူ မထင်ရပေ။ အကြောင်းမှာဗိုလ်မှူးအောင်လင်းထွဋ်နှင့် စစ်တက္ကသိုလ်တွင် အတူတူကျောင်းတက်ဖက်ဖြစ်ရာ တယောက်အကြောင်းကို တယောက်သိထားကြပြီးဖြစ်သည်။ ဗိုလ်မှူးအောင်လင်းထွဋ်၏သက်သေခံထွက်ဆိုချက်ကို သူရမြင့်အောင်အနေဖြင့် ကုလသမဂ္ဂ၏စုံစမ်းစစ်ဆေးရုံးတွင် စစ်ဆေးခံမည်ဆိုလျင် သူ့လောက်မိုက်သောသူမှာ ဤကမ္ဘာတွင် မရှိတော့။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်မှူးအောင်လင်းထွဋ၏သက်သေထွက်ဆိုချက်များသည် ခိုင်မာတိကျကြောင်း ဗိုလ်ချုပ်မှူးကြီးသူရမြင့်အောင် သိရှိထားပြီဖြစ်သည်။ အကယ်၍သူရမြင့်အောင်အနေဖြင့် ကြံ့ဖွံ့ပါတီဥက္ကဌကြီးဦးသန်းရွှေအား ခရစ္စတီးကျွန်းအစုလိုက်အပြုံလိုက် လူသတ်မှူတွင် အဓိကတရားခံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂတွင် အပ်နှံဖမ်းဆီးပေးမည်ဆိုလျင် ဒီမိုကရေစီသူရဲကောင်းတဦးတဖြစ် သူရမြင့်အောင်အား မြင်တွေ့သွားမည်ဖြစ်သည်။ သို့မဟုတ်ဘဲ ယာယယီရရှိထားသော အာဏာစည်းစိမ်ကို ခံစားယစ်မူးနေပါက ဦးသန်းရွှေ၏ကြော့ကွင်းမှာနေပြီး သူပြုသမျှကျေးကျွှန်ဖြစ်နေပေလိမ့်မည်။ ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အုပ်စုအတွက် သေတွင်းတူကြမည့်သူများအတွက် ဆုံစည်းရာအရပ်ဖြစ်သည်။ ယင်းဆုံစည်းရာအရပ်သည် အမင်္ဂလာအရပ်ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဦးနေ၀င်းသည် ၂၀၁၀ ဦးသန်းရွှေနှင့် ဘ၀ချင်းက တထေရာတည်းတူနေကြပြီ။ ဦးနေ၀င်းမြေးများဖြစ်သောကျော်နေ၀င်း၊ရဲနေ၀င်း၊ဇွဲနေ၀င်းတို့သုံးဦးကို ထောင်ထဲတွင် သေဒဏ်ပေးထားသလို ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်ခေါ်ဖိုးးလပြည့်ကိုလည်း သေဒဏ်ပေးပြီးထောင်ထဲပို့ချင်နေကြသည်မှာလည်း တပုံတပင်ကြားနေရသည်။ ယခုအချိန်တွင် ဗိုလ်ချုပ်မှူးကြီးအသစ်စက်စက်ဖြစ်သော သူရမြင့်အောင်အား သေဘော်ညှိနေသော ဦးသန်းရွှေကို ငရဲရောက်အောင်ပို့ရန် ကြိုးစားနေကြသောသူတို့မှာ လက်ညီတက်ညီနေကြပြီ။ ဦးသန်းရွှေငရဲမရောက်ခင် အကျဉ်းထောင်ထဲတွင် မိသားစုတခုလုံးသေဒဏ်ပေးခံရပြီး ထောင်ထဲမှာနေရခြင်းကိုလည်း တွေ့ရှိရသွားမည်ဖြစ်သည်။ သို့အတူသူနှင့်အတူ စစ်အုပ်စုတခုလုံး ထောင်ထဲတန်းဝင်ကြမည်ဖြစ်သည်။ ဦးသန်းရွှေနှင့် စစ်ရာဇ၀တ်ကောင်အပေါင်းပါတစုတို့မှာ မြန်မာနိုင်ငံမြေ၌ အုပ်ဂူတလုံးတော့မရ။ သူတို့အားလှလှပပမြုပ်နှံထားလျှင် ဖိနပ်ဖြင့် ပစ်ပေါက်လာမည့်သူများက တန်းစီနေကြပါသည်။ ထို့ကြောင့်ငရဲသို့ရောက်အောင်ပို့ကြရပါတော့မည်။ သည်တော့ငရဲရောက်သောအခါ မြန်မာနိုင်ငံအပေါ် ဗိုလ်ကျစိုးမိုးနေခဲ့သောဦးနေ၀င်းနှင့်တခါဆုံကြလိမ့်မည်ဖြစ်သည်ဟုပြောလျှင်ယုံကြည်စရာဖြစ်ပါကြောင်း။

အောင်ခိုင်ကျော်

တပ်မတော်ကိုယ်တိုင်က တိုင်းပြည်နဲ့ ထပ်တူ မတည်ငြိမ်တော့တဲ့ အခြေအနေဖြစ်လာတယ်


ဦးဝင်းတင်နဲ့ မေးခွန်းများ
တပ်မတော်ကိုယ်တိုင်က တိုင်းပြည်နဲ့ ထပ်တူ မတည်ငြိမ်တော့တဲ့ အခြေအနေဖြစ်လာတယ်
မိုးမခ
သြဂုတ် ၂၉ ၊ ၂၀၁၀
သြဂုတ်လ ၂၇ ညနေခင်း မှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲလိုက်တယ်။ စစ်ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ သန်းရွှေ၊ မောင်အေးနဲ့ ရွှေမန်း တို့နဲ့အတူ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ အပါအ၀င် အနားပေးလိုက်ပြီး အသက် ၆၀ အောက်တန်းက စစ်ခေါင်းဆောင်ငယ်တွေက နေရာဝင်ယူလိုက်ပါတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲသည်အခြေအနေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ ဟံသာဝတီ ဦးဝင်းတင်ကို သဘောထားကို မေးမြန်းခဲ့ပါတယ်။
ဆရာကို မေးမြန်းတဲ့ အချိန်မှာ စနေနေ့ ၂၈ ရက် နေ့ခင်းအချိန်ဖြစ်တဲ့အတွက် ပြည်တွင်းမှာ အထက်ပါသတင်းနဲ့ ပတ်သက်ပြီး ပြောဆိုလှုပ်ရှားမှု သိပ်မရှိသေးပါဘူး။ ပြည်ပက သတင်းဌာနတွေကို ကိုးကားပြီးတော့သာ လူတွေ လက်တို့ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။
စစ်အစိုးရရဲ့ ၂၈ ရက်နေ့ သတင်းစာတွေမှာလည်း အဆိုပါ ကြေညာချက်ကို တင်ဆက်ထားခြင်း မရှိပါဘူး။ အဲသည် ၂၈ မတိုင်ခင် ၂၇ မနက်ခင်းသတင်းစာများမှာ သြဂုတ် ၃၀၊ လာမယ့် တနလာင်္နေ့ကို နောက်ဆုံးထားပြီး လွှ့တ်တော်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းဖို့ ရက်သတ်ထားလို့ ဒီစနေနဲ့ တနင်္ဂနွေတွေမှာ ရုံးတွေ၊ ဘဏ်တွေက အချိန်ပို ဖွင့်လှစ်ထားပေးမယ်လို့ ကြေညာထားတာပဲ ရှိပါတယ်။
အဲသည်တော့ စစ်အစိုးရဟာ သောကြာနေ့ တရားဝင်ရုံးချိန် နောက်ဆုံးအထိကို ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းရေးကိုသာ အာရုံပြုထားတယ်။ လာမည့် ၃၀ သြဂုတ်ထက် ကျော်လွန်ပြီးတော့ ကိုယ်စားလှယ်အမည်စာရင်းတွေ သွင်းနိုင်ဖို့ ရက်ရွှေ့ဆိုင်းဖို့ ဆန္ဒမရှိဘူး ဆိုတာပဲ ထင်ရှားတဲ့ အခြေအနေပဲ ရှိနေပါတယ်။

ပထမအနေနဲ့ ဆရာက ပြောဆိုရာမှာ …
“အခု စစ်ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့ အဖွဲ့ဟာ သူတို့ချမှတ်ထားတဲ့၊ ဦးဆောင်နေတဲ့ လမ်းစဉ်အတိုင်း နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ၀င်ရေး မ၀င်ရေးကို ပြေလည်အောင် မရှင်းလင်းရသေးဘူး။ အောက်ခြေက စစ်သားတွေ၊ အရာရှိငယ်တွေရဲ့ လစာ၊ ဆုကြေး အကြပ်အတည်း အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြေရှင်းပေးစရာတွေ မလုပ်ရသေးဘူး။ သူတို့ရဲ့ နိုင်ငံရေးပါတီ၊ တပ်မတော်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံဖြိုးရေးအဖွဲ့ အနေနဲ့ ကိုယ်စားလှယ်တွေ သတ်မှတ်ပြီး ရွေးကောက်ပွဲဝင်ဖို့ နောက်ဆုံးရက်မှာ စာရင်းတင်သွင်း ထုတ်ပြန်နိုင်ဖို့၊ စီမံစရာတွေလည်း ပြီးပြတ်အောင် မလုပ်ရသေးဘူး။ တပ်မတော်ရဲ့ စစ်ရေးအာဏာတွေနဲ့ တိုင်းပြည်ရဲ့ လွှတ်တော်ကနေ လုပ်ကိုင်မယ့် နိုင်ငံရေးအာဏာတွေကိုလည်း ရွေးကောက်ပွဲ ပြီးပြတ်သွားတဲ့ အချိန်အထိ အဆင့်အဆင့် ခွဲခြမ်းတာ၊ လွှဲပြောင်းတာတွေလည်း စောင့်ပြီး စိတ်တိုင်းကျ သြဇာသုံး လုပ်ကိုင်ဖို့တွေလည်း မလုပ်ရသေးဘူး …။ ဒီလိုမျိုး အခြေအနေမျိုးတွေမှာ ဒီစစ်ဗိုလ်ချုပ်ကြီးတွေ အနားယူလိုက်ရတယ်ဆိုတာ မျှော်လင့်မထားတဲ့ အချိန်အခါမျိုး ဖြစ်နေတယ်လို့ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒီအချိန်က အေးအေးဆေးဆေးနေလို့ရတဲ့ အချိန်မဟုတ်ဘူး ”

သည်တော့ နောက်တက်လာတဲ့ စစ်ခေါင်းဆောင်အသစ်တွေအပေါ်မှာ တင်ရှိလာတဲ့ မပြီးပြတ်သေးတဲ့ ဖြေရှင်းရမယ့် အရေးအခင်းတွေကို သူတို့တတွေက ဘယ်လို ဆောင်ရွက်ကြမှာလဲ။
“ပထမဦး ရှင်းရမယ့်ကိစ္စက နယ်စပ်ကိစ္စတွေ ဖြစ်တယ်။ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ - ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်ထားမယ့် နယ်ခြားစောင့်တပ် ဖွဲ့စည်းတဲ့ ကိစ္စတွေ၊ ကရင်ပြည်နယ်၊ ၀ပြည်နယ်၊ တရုပ်ပြည်နယ်စပ်၊ မွန်တို့၊ စသည်ဖြင့်တွေ ရှိနေတယ်။ လာမည့် စက်တင်ဘာလလည်မှာတင်ကို နယ်ခြားစောင့်တပ်ကိစ္စက နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုတယ်။ ဒါတွေက နိုင်ငံရေးအားဖြင့် ရှင်းရမှာလား၊ စစ်ရေးအားဖြင့် ရှင်းရမှာလား။ အဲဒီအလုပ်တွေ ရှိနေတယ်။ ဒါကို စောင့်ကြည့်ရတော့မယ်။
နောက်ပြီးတော့ မြန်မာပြည်တွင်းမှာရှိနေတဲ့ အောက်ခြေက လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့ တပ်ရင်းတွေမှာ လစာငွေတွေ၊ ဆုကြေးငွေတွေ စသည်ဖြင့် အကြပ်အတည်းတွေကို ဖြေရှင်းပေးရဖို့ ရှိတယ်။ အခုဟာက ဘယ်လိုပဲ သတင်းကို ပိတ်ဆို့ထားထား အားလုံးက သိရှိနေကြတယ်။ တပ်တွေက အချင်းချင်း အတွင်းမှာ သွားရောက်ပြီး ဖြေရှင်းနေကြတယ်။ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ ဒါတွေကိုလည်း အခုကာလမှာ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ အချိန်ဆွဲထားနေလို့ မရဘူး။
နိုင်ငံရေး ပြသနာတခုအနေနဲ့ ရှောင်လွှဲလို့ မရတဲ့ အရေးအခင်းကတော့ ရွေးကောက်ပွဲဝင်ကြရမယ့် ကိစ္စ။ လွှတ်တော်မှာ နေရယူကြရမယ့် ကိစ္စတွေ ဖြစ်တယ်။ သြဂုတ် ၃၀ နောက်ဆုံးထားပြီး တပ်မတော်ရဲ့ ပါတီ ဦးသိန်းစိန်က စလို့ ကိုယ်စားလှယ်စာရင်း အပြီး တင်သွင်းရတော့မယ်။ လက်ရှိ ရာထူးယူထားတဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကလည်း ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ပြင်ဆင် လုပ်ကိုင်ကြရတော့မယ်။ ဒါတွေကို တပ်မတော်က ခေါင်းဆောင်သစ်တွေက ဘယ်လို စီစဉ်ပေးမှာလဲ။ အခု အနားယူတဲ့ ဗိုလ်ချုပ်ကြီးတွေကို သြဂုတ် ၃၀ အမီ ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပေးကြဖို့ ရှိသလား။
သူတို့ကိုယ်တိုင်ကလည်း လွှတ်တော်ရဲ့ ၂၅ % မှာ ၀င်ရောက် နေရာယူကြရမှာ ဖြစ်လို့ တပ်မတော်က ဦးရေ ၁၁၁ ဦးကို ရွေးချယ်ပေးရမယ်။ နောင်မှာ ပေါ်လာမယ့် အစိုးရအဖွဲ့တွေ ဘာတွေမှာလည်း ၀င်ပြီး ပတ်သက်ဖို့ ဘယ်လို လာမှာလဲ။ တပ်မတော်က အနားယူသွားတဲ့ ခေါင်းဆောင်ကြီးတွေကို ဘယ်လိုမျိုး သဘောထားမှာလဲ။ ဒါတွေကိုလည်း အခုကတည်းက ဆက်ပြီး လုပ်ကြရတော့မယ်။
အဲသည်လိုမျိုး အခု တက်လာတဲ့ စစ်ခေါင်းဆောင်သစ်တွေက ရှေ့က စစ်ဗိုလ်ချုပ်ကြီးတွေ ချမှတ်သွားတဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းကြဖို့ အရေးကြီးတဲ့ အချိန်အခါနေရာမှာ ရောက်ရှိနေတယ်လို့ ပြောချင်ပါတယ်။”

အဲသည်လို အခြေအနေဟာ အပေါ်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အတွင်းရေး အရေးအခင်းသက်သက်ပဲလား။ သာမန်ပြည်သူတွေနဲ့ တိုင်းပြည်တခုလုံးနဲ့ကော သက်ဆိုင်တယ်လို့ ဆိုနိုင်မလား။
အခုအချိန်မှာ ရှေ့က ချမှတ်ပေးထားတဲ့ စစ်ခေါင်းဆောင်ဟောင်းကြီးတွေရဲ့ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေကို အကောင်အထည် ဆက်လက် ဖော်ဆောင်ကြတယ်ပဲ ဖြစ်ဖြစ်၊ အခုနေရာယူလာတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ သီးခြား လမ်းစဉ်တွေ သဘောထားတွေ ချမှတ်ပြီး လုပ်ကိုင်ကြတယ်ပဲ ဖြစ်ဖြစ် … တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ နဂိုကတည်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအကြပ်အတည်းကို ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ နယ်စပ်ဒေသမှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အဖြေရှာရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်။
လက်ရှိမှာ တိုင်းပြည်ရဲ့အခြေအနေတွေ အားလုံးက မရေရာ၊ မသေချာတဲ့ အခြေအနေဖြစ်နေတယ်။ ဒါက တိုင်းပြည်ရဲ့ မတည်ငြိမ်မှုက တောက်လျောက် ဖြစ်နေခဲ့တာပဲ။ သို့သော် တပ်မတော်ခေါင်းဆောင်တွေကိုယ်တိုင်က အခုလို လွှဲပြောင်းမှုတွေကို ဗြုံးစားကြီး လုပ်လိုက်တဲ့ အခါကျတော့ တိုင်းပြည်တင်သာမကဘူး၊ တပ်မတော်ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့တဲ့ အခြေအနေဖြစ်နေတယ်ဆိုတာ ထင်ရှားသွားတယ်။ ဒါကို ပြနေတယ် လို့ ဆိုချင်တယ်။
ဒါကြောင့် အခုဖြစ်ရပ်ဟာ စစ်ခေါင်းဆောင်တွေအချင်းချင်း အပေါ်ပိုင်းမှာ သီးသန့်ဖြစ်ပျက်ကြတဲ့ အတွင်းရေး အရေးအခင်းသက်သက်လို့ မဆိုနိုင်ပါဘူး။ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်ဘူး၊ တပ်မတော်ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့ဘူး ဖြစ်လာတယ်။
နယ်စပ်ဒေသမှာ နယ်ခြားစောင့်တပ်ပြသနာတွေ၊ တိုင်းရင်းသားပါတီအဖြစ် ရွေးကောက်ပွဲဝင်ရောက်မယ့် အရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ စစ်ရေးအရ ဖြေရှင်းမယ် ဆိုရင် ပြည်တွင်းစစ်တွေ ဖြစ်လာမယ်။ တပ်မတော်အတွင်းမှာလည်း အောက်ခြေက လက်နက်ကိုင်တပ်တွေရဲ့ စားဝတ်နေရေး အကြပ်အတည်းတွေ၊ လစာ၊ ဆုငွေကိစ္စတွေကို အင်အားသုံးပြီး ပစ်ခတ်နှိမ်နှင်းပြီး ဖြေရှင်းရင်လည်း ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အရေးအခင်းတွေ ဖြစ်လာမယ်။ ဒါဆိုရင် မတည်ငြိမ်မှုတွေ တတိုင်းပြည်လုံးမှာ ဖြစ်ပွားတော့မှာ ဖြစ်တယ်လို့ မြင်တယ်။
ရွေးကောက်ပွဲပြီးမှ ဖြေရှင်းမယ်လို့ အချိန်ဆွဲနေလို့ ရတာ မဟုတ်ဘူး။”

လက်ရှိ ရွေးကောက်ပွဲ ကာလနဲ့ လွှတ်တော်ထဲ ၀င်ရောက်တဲ့အချိန်အထိ တပ်မတော် စစ်ခေါင်းဆောင်တွေ၊ ၂၅ % အဖြစ်ပါဝင်လာမယ့် တပ်မတော်ကိုယ်စားလှယ်တွေ၊ အနားယူသွားတဲ့ စစ်ခေါင်းဆောင်ကြီးတွေ နဲ့ တပ်မတော်ရဲ့ နိုင်ငံရေးပါတီ ကြံ့ဖွံ့ပါတီရဲ့ အခမ်းကဏ္ဍတွေက ဘယ်လို ဖြစ်လာနိုင်သလဲ။ တိုင်းပြည် ကောင်းဖို့၊ သာယာဝပြောဖို့ဖက်ကို မျှော်လင့်နိုင်ပါသလား။
အခုတက်လာတဲ့ စစ်ခေါင်းဆောင်တွေလက်ထဲမှာက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် ပြီးအောင်လုပ်ကြရဖို့ တာဝန်ရှိနေတယ်။ ရွေးကောက်ပွဲကို တပ်မတော်ရဲ့ ပါတီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီအနေနဲ့ နေရာအသီးသီး ရယူနိုင်ဖို့ လုပ်နေကြတယ်။ အဲသည်ထဲမှာ အနားယူသွားတဲ့ စစ်ခေါင်းဆောင်ကြီးတွေလည်း ပါချင် ပါနိုင်သေးတာပေါ့ကွာ။ သြဂုတ် ၃၀ ရက်နေ့မှ မရောက်သေးဘဲ။ ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော် ဖြစ်လာရင် စစ်ခေါင်းဆောင်ကြီးတွေကို အနားယူနေတဲ့ဆီကနေ ဆွဲပြီးတော့ တင်ချင်လည်း တင်လို့ ရနိုင်သေးတယ်။ တပ်မတော်ရဲ့ ၂၅ % သော ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲမှာ အဆင်သင့် နေရာယူလာမှာတွေလည်း ရှိလာမှာ ဖြစ်တယ်။ အဲသည်လိုမျိုး အကြမ်းအားဖြင့် တွက်ချက်ကြည့်လို့ရတဲ့ အခမ်းကဏ္ဍတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒါတွေအားလုံးက ပြောသလိုလည်း ဖြစ်လာနိုင်လို၊ အခုလိုမျိုး စစ်ခေါင်းဆောင် အပြောင်းအလဲတွေ နောက် တခုပြီး တခု ပေါ်လာနိုင်တဲ့ အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အကောင်းဖက်ကို ဦးတည်နိုင်ဖို့ မမျှော်လင့်နိုင်ပါဘူး။ မသေချာ၊ မရေရာမှုတွေနဲ့ ဆက်လက် ကြုံတွေ့နေရတယ် လို့ ပြောချင်တယ်။
ကုလားအုပ်ရဲ့ ကျောကုန်းပေါ်ကို ကောက်ရိုးတွေ တမျှင်ချင်း တင်ရင်း တင်ရင်းနဲ့ တဖြေးဖြေး ၀န်က များများလာရင်၊ နောက်ဆုံး ခံနိုင်ရည်အမှတ်ကို ကျော်သွားရင် ကုလားအုပ်က ခါးကျိုးသွားတာမျိုး ဖြစ်သလို၊ တိုင်းပြည်ရဲ့ အခြေအနေကလည်း အဲလိုမျိုး ယိုင်လဲသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောချင်ပါတယ်။

http://www.moemaka.com/

သတင်းထုတ်လွှင့်ရာတွင် သတိထားစရာ


သတင်းထုတ်လွှင့်ရာတွင် သတိထားစရာ

VOAက သြဂုတ်လ ၂၈၊ ညနေ ၆နာရီအစီအစဉ်မှာ စစ်ဗိုလ်ချုပ်တွေ ရာထူးထွက်ကြခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ်ပရစ်စီလာကလပ်ရဲ့ ပြောကြားချက်ကို မြန်မာပြန်ဆိုတင်ပြရာမှာ မတိကျမှု တစ်ခုကို ထောက်ပြလိုပါတယ်။

သူမပြောကြားချက်က “- - - It means the new military leadership isn’t going to be the same crowd that had their fingers in the economic pie - - -“

ဘာသာပြန်အသံလွှင့်သူက “ တက်လာတဲ့ စစ်ခေါင်းဆောင် အသစ်တွေဟာ စီးပွါးရေးထဲ တစ်ကယ်လက်တွေ့ရောက်နေကြတဲ့ အရင်အုပ်စု မဟုတ်ပါဘူး” လို့ မြန်မာပြည်သူတွေကို ဘာသာပြန်ဆို တင်ပြသွားပါတယ်။

ဆီလျော်အောင် အမှန်အကန် ဘာသာပြန်မယ်ဆိုရင် “တက်လာတဲ့ စစ်ခေါင်းဆောင် အသစ်တွေဟာ မြန်မာ့စီးပွါးရေးကို ချယ်လှယ် အမြတ်ထုတ်(economic pie)နေကြတဲ့ အရင်အုပ်စု မဟုတ်ပါဘူး” (သို့မဟုတ်) ၄င်းနှင့် အလားတူဖြစ်သော ဘာသာပြန်မှုမျိုး ဖြစ်သင့်ပါတယ်။

- that has their fingers in the economic pie ဆိုတာကို စစ်ဗိုလ်ချုပ်တွေက စီးပွါးရေးထဲမှာ တရားသဖြင့် လက်တွေ့ စီမံကွပ်ကဲနေသလိုမျိုး ဘာသာမပြန်သင့်ပါဘူး။ တိုင်းပြည်စီးပွါးကို လက်ဝါးကြီးအုပ် ခိုးဆိုးလုယက်နေတဲ့ ဗိုလ်ချုပ်များလို့ ဆိုလိုချင်တဲ့ မစ်ပရစ်စီလာကလပ်ရဲ့ ပြောကြားချက်ကို ဖျောက်ကွယ်တင်ပြတာမျိုးက အလွန်ဘဲ မသင့်တော်ပါဘူး။ သို့သော် ယခုဘာသာပြန်ဆိုသူကို တမင်လုပ်သည်ဟု မပြောလိုပါ။ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သို့သော် ဒါမျိုးတွေက အခြားအသံလွှင့်ဌာနတွေမှာလည်း ရှိနေနိုင်တာမို့ အထူး သတိထားသင့်ကြပါတယ်။ ကိုထွန်းအောင်ကျော် ထောက်ပြသလို

နောက်တချက်မှာ VOA တွင် အလုပ်လုပ်ခဲ့သူ ဝန်ထမ်းတဦးမှ ကျွန်တော့အား သူ့အမည်ကို မပြောရန် ဂတိခံ၍ ပြောကြာခဲ့မှုဖြစ်ပါသည်။ ၎င်းအား တနေ့တွင် VOA မှ တာဝန်ရှိသူက နေ့လည် ထမင်းစားခေါ်ယူခဲ့ပြီး၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တဦးနှင့် ပေးတွေခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ၎င်းအား “အေး... မင်းရေးချင်တာရေး အသံလွှင့်ချင်တာလွှင့်ပေါ့ကွာ၊ ဒါပေမဲ့ ငါတို့ထိခိုက်မယ်ဆိုတဲ့ ဟာမျိုးကို ပေါ့ပြီးလွှင့်၊ အရေးကြီးတာကို အရေးမကြီးသလိုမျိုးပေါ့ကွာ၊ နားလည်တယ်မဟုတ်လားဟု ပြောခဲ့ကြောင်း၊ နောက် မင်းလဲတနေ့ မြန်မာပြည်ကို ပြန်မှာဘဲ လိမ်လိမ်မာမာ လုပ်ပေါ့ကွာ” ဟု ဆုံးမသွားသေးကြောင်း ရင်ဖွင့်ခဲ့ပါသည်။ သူ့အနေနှင့် ဋ္ဌာနမှုး (ယ္ခုဋ္ဌာနမှုးမဟုတ်) က ယ္ခုလို သံအမတ်ကြီးနှင့် ရင်းနှီးကြွမ်းဝင်ကြောင်း တွေ့ရ သဖြင့် Shock ရှော့ဖြစ်သွားသည်ဟု ဆိုပါသည်။ ဖြစ်သွားမှာကိုလည်း စိုးရိမ်မိပါသည်။

မြန်မာအသံလွှင့်ဌာနတွေကို ခြုံပြီး သုံးသပ်ရမည်ဆိုလျှင် အားနည်းချက်အချို့မှတပါး မြန်မာ့ဒီမိုကရေစီရေးအတွက် အင်မတန်အားကိုးရသော ဌာနများဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အားနည်းချက်ဆိုတာ လူတိုင်းမှာ ရှိတတ်တာမို့ သိပ်မဆန်းပါဘူး။ ထောက်ပြစရာကို စေတနာမှန်နှင့် ထောက်ပြတာမျိုးက ရှိသင့်ပါတယ်။

ဒီမိုကရေစီမရှိလျှင် လွတ်လပ်သော သတင်းမီဒီယာ မရှင်သန်ပါ။ အင်အယ်လ်ဒီနှင့် တစညအကြားတွင် မီဒီယာက ဘက်လိုက်ရန် မလိုသော်လည်း ဒီမိုကရေစီတိုက်ပွဲဝင်သူများနှင့် ဒီမိုကရေစီကို ဖျက်ဆီးနေသူများအကြားတွင် ကြားနေမည်ဆိုပါက သူခိုး ဓါးရိုးကမ်း ဖြစ်ပါတယ်။ တစ်ကယ်တော့ ဒီမိုကရေစီ ထွန်းကားရေးဆိုတာ သတင်းဌာနတွေအတွက် အသက်တမျှ အရေးကြီးတဲ့ သတင်းလွတ်လပ်မှု အခြေခံဖြစ်တယ်ဆိုတာကို သတင်းဌာနတွေက ပိုလို့တောင် သိကြမှာပါ။

လေးစားစွာဖြင့်

အောင်တင်

သြဂုတ် ၂၉၊ ၂၀၁၀

ထိပ်တန်း စစ်ခေါင်းဆောင်များ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အမိန့် ဖြင့် ရာထူးမှ ဖယ်ရှားခံရ


ထိပ်တန်း စစ်ခေါင်းဆောင်များ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အမိန့် ဖြင့် ရာထူးမှ ဖယ်ရှားခံရ

August 29, 2010
Quantcast


တင်ကျော်ကျော်စိုး၊ ၊ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊အပါ အ၀င် ဒုတိယ ဗိုလ်ချုပ်ကြီး ဆယ်ဦးခန့် ကိုရာထူး မှ ဖယ်ရှား ပစ်လိုက်ခြင်းမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏အစီအစဉ် များ သာ ဖြစ်ပြီး ထိုသို့  ကြီးစွာသော စွန့် စားမှု များကို လွန်ခဲ့သည့် နှစ်နှစ် ကျော်က စပြီးလူသိမခံ ပဲ လက်သပ်မွေး ထားသည့်ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် နှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဝေလွင် နှင့် ၎င်း၏ လက်မရွံ့ တပ် တို့ ၏အကူအညီဖြင့် ကြာသပတေးနေ့ နှင့် သောကြာနေ့ တို့ တွင် အောင် မြင်စွာ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းင်း၏မိသားစု အသိုင်းအ၀ိုင်း နှင့် နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ယခုကဲ့သို့ သွေးထွက်သံယို ရှိမည် ဟု မထင်ရသည့် ဖြုတ်၊ထုတ်၊ရှင်း ပွဲကိုစီစဉ်ရခြင်း အဓိက အကြောင်းအရင်း မှာ ကုလ သမဂ္ဂ မှ ကြီး မှုး ပြီး စစ်ရာဇ၀တ်မှု များ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့ စည်းခြင်း ကြောင့် နှင့် အမေရိကန် တပ်များ အာရှ ရေပိုင် နက် တွင် ပိုမို နေရာယူ လာခြင်းကြောင့်ဖြစ်သည် ဟု Freedom News Group ၏ စစ်ရေး အကဲခတ် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သူ ဗိုလ်မှုး တင်အောင် က သုံးသပ် ပြောကြားသည်။

အခု ရာထူး စွ န့် လိုက်ရတဲ့ ပုဂ္ဂိုလ် တွေ ထဲ မှာ အမေရိကန် တပ် တွေ နဲ့ အဆက်အသွယ် ရှိ တဲ့ ဗိုလ်ချုပ်တွေပါတယ်။ သူ့ အတွက် စိတ်မချရဘူး ဒီလဆန်းက အမေရိကန် စစ်လေယာဉ် နှစ်စီးလောက် နေပြည်တော်ပေါ်က ဖြတ်ပျံတာ ကို သိပြီး ကတည်း က သူ့ လုံခြုံရေး အတွက် တော်တော် စိုးရိမ်နေတာ ၊အခုတော့ သူသက်ပြင်း ချနိုင်ပြီ …..ဗိုလ်ချုပ် သာ အေး ကတော့ အကျယ်ချုပ်ဖြစ် နေတယ်ကြားတယ် ဟု ပြောသည်။

ရာထူးမှ ဖယ်ရှား ခံရသူများ ထဲတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ နှစ်ဦး သည်ပင် လျှင် ၎င်း တို့ နေအိမ်များမှချက်ခြင်းဆိုသလိုပင်ဖယ်ရှားပေးလိုက်ရသည်ဟုသိရသည်။ထပ်မံကြားသိရသည့် သတင်းတစ်ပုဒ် မှာ လည်း တပ်မှုး များ နှင့် ရှေ့ တန်း စစ်ဌာနချုပ်များ မှာ မည် သူ့ အမိန့် ကိုနာခံရမည် ဆိုသည် ကို စောင့်မျှော်နေသည် ဟု သိရသည်။

ပထမ နှင့် ဒုတိယ အသုတ် ပြုတ်/နားများ မှ စစ်ခေါင်းဆောင် အချို့  AFP PHOTO / Khin Maung Win (Photo credit should read KHIN MAUNG WIN/AFP/Getty Images)

သေတစ်ပန် သက်တစ်ဆုံး ကာကွယ်ရေးဦးစီးချုပ် ဘ၀ ဖြင့် အရိုးထုတ်တော့ မည် ဟု အများက ထင်မှတ် ထားခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မှာ သူ၏ ထိပ်တန်း စစ်ရာထူး ကို စွန့် လွှတ်လိုက် သဖြင့် မြန်မာ နိုင်ငံ၏ ကာကွယ်ရေး ၀န်ကြီးဌာန တွင် အပြောင်းအလဲ ဖြစ်သွားသည် ဟု ထင်စရာ ရှိသော်လည်း ဗဟိုအမိန့် ပေးစနစ် (Central Command)သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်ထဲ မှာ ပင် ရှိ နေဆဲ ဖြစ်သည်ဟု နေပြည်တော်အမြောက် နှင့် သံချပ်ကာ ယန္တယား တပ် မှ အမည် မဖော် လို သည့် အရာ ရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

သူက ဆက်လက် ၍ ဗိုလ်ချုပ်မှုးကြီး တော့ မဟုတ် တော့ ဘူး ဒါပေမယ့် ဗိုလ်ချုပ်မှုးကြီး ပဲ လေ ဟုလက်ရှိတပ်တွင်းအခြေအနေ များ ကို သုံးသပ် ပြောကြားသွားသည်။

ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ အတူတူရေငုပ် ပြီးမှာ ကိုယ် ဖော့ ပြီး ရေပေါ် ပြန် တက်သည့် အကြံအစည်သည်လွန်ခဲ့သည့် နှစ်လခန့် က စစ်ထောက် လှမ်းရေး အကြီး အကဲ တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ကြီး ခင်ညွှန့်ပေးခဲ့ခြင်းဖြစ်သည် ဟု စစ်တပ်တွင်း သုံးသပ် ပြောကြားမှု များ လည်း ရှိသည်။

လက်ရှိ ကာကွယ်ရေး ၀န်ကြီးမှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဖြစ်ပြီး ဒုကာကွယ်ရေး ၀န်ကြီး မှာ ဗိုလ်ချုပ်တင်အေးဖြစ်သည်။

Updated ..ပထမ အသုတ် ပြုတ်/ နား နှင့် ဒုတိယ အသုတ် ပြုတ်/နား ထဲ မှ အချို့ ကို ဆဲလ်ဖုန်း ကိုင်ဆောင်မှုနှင့် အင်တာနက် ကြည့် ခွင့် နှင့် လက်နက် ကိုင် ဆောင်မှု များ စစ်ရေးချုပ် အမိန့် ဖြင့် ပြန်လည်ရုပ်သိမ်း

http://freedomnewsgroup.com

တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား


တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား


ဒီနေ့ကျွန်တော် တို့မြန်မာနိုင်ငံသား တွေ ငါတို့ တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကို ကို ကိုယ်ဟာကိုယ်ဘဲ ပြန်မေးစေချင်ပါတယ် ။ ပြည်သူလူထုသာ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီနေ့ချိန်ခါဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ တစ်ခု ဖြစ်နိုင်တဲ့ အနေအထားပါ ။ အာဏာရှင် စနစ်ဆိုးရဲ့ ယုတ်မာပက်စက်တဲ့ အကြံဆိုးနဲ့ တိုင်းပြည်ကို အမျိုးမျိး ဖျက်စီးနေကြတယ် ဆိုတာ အားလုံးလည်း သိနေကြတာပါဘဲ ။ ပြည်သူလူထု တရပ်လုံးက မကြေနပ်ဘူးဆိုတာ လည်း သိပြီးသားပါ ။
အချို့လူတွေကြတော့လည်း နှစ်ပေါင်းများစွာ ကိုယ်ကြိုးစွှန့် အနစ်နာခံခဲ့သူတွေကို ပြစ်တင်ပြောဆို လာကြတယ် ။ ဒါဟာ မတရားဘူး လို့ကျွန်တော်ယူဆတယ် ၊ သူတို့တွေ လမ်းပြခဲ့ကြတယ် ၊ ရှေ့ဆုံးက ဦးဆောင် ချီတက်ခဲ့ကြတယ် ။ ကျေးဇူးတရားကို မမေ့ကြပါနဲ့ ။
နိုင်ရာတာဝန်တောင် မထမ်းချင်ကြတဲ့ ပြည်သူလူထု အနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။
ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ မကောင်းကြောင်းကို ပါးစပ်ဖျားက ညီးညူ ၊ အချင်းချင်းဆုံရင် ရင်ဖွင့်ပြ နေကြရုံနဲ့တော့ ဘယ်တော့မှ ဒီစနစ်ဆိုးရဲ့ အောက်က လွတ်မြောက်လာမှာ မဟုတ်ပါဘူးဆိုတာ မြဲမြဲ မှတ်ထားပါ ။တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ကြရမည့် တာဝန်တွေ အများကြီး ရှိပါတယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ် ၊ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ထမ်းချင်ကြတယ် ဆိုတဲ့လူတွေ များလာရင် အာဏာရှင်စနစ်ဆိုးအောက်ကနေ မကြာခင်ရုန်းထွက်နိုင်တယ်ဆိုတာ ပြည်သူလူထု အနေနဲ့ စွဲမြဲစွာ ယုံကြည်စေချင်တယ် ။
အဲဒီတော့ ဘယ်လိုတာဝန်တွေ ယူကြရမလဲဆိုတာ ပြည်သူလူထု အနေနဲ့ မေးစရာ ရှိလာတယ် ။

အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ငါတို့ဘယ်လို တာဝန်မျိုးထိ ယူနိုင်ကြလဲ ။ ငါတို့ ဘယ်လို တာဝန်မျိုးနဲ့ သင့်တော်လည်း သေချာ စဉ်းစားကြည့်စေချင်တယ် ။

အချို့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ နေရာမှာ အရမ်းစိတ်အား ထက်သန်ကြတယ် ။ အဲဒီလို လူမျိုးတွေက လမ်းပေါ်ကို ချီတက်ဆန္ဒပြကြဖို့တောင်
ဝန်မလေးပါဘူး ။ အမှန်တရား အတွက် တိုက်ပွဲဝင်ဖို့ အတွက် အမြဲအသင့်ရှိနေတဲ့သူတွေ ။ သူတို့ကိုတော့ ပြည်တွင်း တက်ကြွ အင်အားစု လို့ သတ်မှတ်ထားကြရမှာပါ ။
ပြည်တွင်းတက်ကြွ အင်အားစုလို ကိုယ်တိုင်စိတ်အား ထက်သန်ပေမယ့် မြန်မာပြည်တွင်းမှာ မဟုတ်တဲ့ အတွက်
ပြည်သူလူထုအနဲ့ အတူ ဆန္ဒပြခွင့် မရကြပေမယ့် အခါအခွင့်သင့်တိုင်း နိုင်ငံတကာမှာ လက်ရှိအာဏာ ရှင်စနစ်ဆိုးရဲ့ ဆိုးရွားယုတ်မာမှုကို ထုတ်ဖော် ဆန္ဒပြကြသလို့ တဖက်ကလည်း ပြည်တွင်းအင်အားစု လိုအပ်ချက်တွေကို ကူညီထောက်ပံ့နေတဲ့သူတွေကို ပြည်ပ တက်ကြွ အင်အားစု အဖြစ် သတ်မှတ်ထားကြရမှာပါ ။
အချို့ကကြတော့ စိတ်အားထက်သန်ကြပါတယ် ။ ဒါပေမယ့် ငဲ့ကွက် စရာ အကြောင်းတွေ ရှိတာကြောင့် တက်ကြွအင်အားစုလို ရှေ့တန်းက မလုပ်ပြကြပေမယ့် ကူညီထောက်ပံ့ပေးဖို့ ၀န် မလေး ကြသူတွေ ။

အချို့ကတော့ ကိုယ်တိုင်လည်း လမ်းပေါ်ထွက် ဆန္ဒပြရဲလောက်အောင် အားမသန် ၊ ကူညီထောက်ပံ့ပေးဖို့ကလည်း မတတ်နိုင် တဲ့လူတွေက သတင်းဖြန့်ဖြူးပေး နိုင်ပါတယ် ။အထက်ဖော်ပြပါ လူအုပ်စု သုံးခုကို များများချီးကြူး ပြောဆိုပေးလို့ရသလို အာဏာရှင်စနစ်ရဲ့ ဆိုးရွားယုတ်မာပုံတွေကို အခါအခွင့်သင့်တိုင်း ပြည်သူလူထု ပိုမိုသိရှိနားလည် လာအောင် ပြောဆိုပေးလို့ရပါတယ် ။

အဲဒီ အုပ်စုလေးခု ထဲမှာ ကိုယ်က ဘယ်လို အုပ်စုမျိုးထဲကလူလဲ အရင် ပြန်စမ်းစစ်ကြည့်သင့်ပါတယ် ။ အဲဒီအုပ်စု လေးခုထဲ က တာဝန်မျိုးတွေကို တစ်ခုမှ မယူနိုင်ဘူးဆိုရင်တော့ ငါဟာ အခုချိန် တိုင်းပြည်ကို တကယ်ချစ်တဲ့သူ မဟုတ်ဘူးလို့သာ မှတ်ချက်ချပြီး ကိုယ့်ဟာကို ပြင်နိုင်အောင် အမြန်ဆုံး ကြိုးစားကြပါ လို့ ပထမဦးစွာ တိုက်တွန်းပြောကြားလိုပါတယ်။
တိုင်းပြည်ကို တိုးတက်ထွန်းကားစေချင်သူတွေ ရှိသလို အာဏာရှင်ဝါဒ ဆက်လက်တည်မြဲအောင် ထောက်ပံ့ပေးမယ့်သူတွေလည်း အများကြီးရှိတာပါဘဲ။
ဘယ်လိုလူမျိုးတွေလည်း ဆိုတော့ ........
လက်ရှိမှာ ရာထူးကောင်းကောင်း ရပြီး ဒီစနစ်ကြီးကို ခိုင်မြဲအောင် ကြိုးစားနေကြနေကြတဲ့ အာဏာရှင်လူတစ်စု
လက်ရှိအာဏာရှင် တွေနဲ့ပူးပေါင်းကြံစည် ပြီး ကြီးပွားချမ်းသာနေကြတဲ့ လူတွေ နဲ့ ကြီးပွားချမ်းသာ ဖို့ ခွင်ဖန်နေကြတဲ့လူတွေ
ပြည်ပမှာ ဒီမိုကရေစီ ကို အကြောင်းပြ ပြည်တွင်းလုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ မှန်သမျှကို သူတို့ကိုယ်ကြိုးအတွက် အသုံးချနေကြတဲ့သူတွေ ။
အာဏာရှင်တွေ ပေးကမ်းထောက်ပံ့ကြေး ယူ ၊ ၀မ်းစာအတွက် အခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့ ရသမျှ အာဏာရှင်တွေ ကြိုးဆွဲရာ ကကြမယ့်
ကြံဖွတ်တို့ စွမ်းအားရှင်တို့လို လူတစ်စု ။
သူတို့တတွေက လည်း အာဏာရှင်စနစ်ဆိုး တည်မြဲစေရေး အတွက် အစွမ်းကုန် ကြိုးစားကြ ပါလိမ့်မယ်။
အဲဒီ အုပ်စု နှစ်ခု ကြားထဲမှာ ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွှေ့ နေသာသလို နေမယ်ဆိုတဲ့ ပြည်သူလူထုက လည်း ရှိပါသေးတယ် ။ သူတို့တွေလက်သုံးစကားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ ၊ နိုင်ငံရေး ကိုဝေးဝေးရှောင်တာ အန္တရယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ် ။ အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲ နေတာဟ
သွယ်ဝိုက်သော အားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာ ကို သူတို့တွေ မသိရှိကြပါဘူး ။
အစိုးရ၀န်ထမ်း တွေနဲ့ တပ်မတော်သားတွေ ဆိုတာက အာဏာရှင်ယန္တရားကို လှည့်ပတ်မောင်းနှင်ပေးနေကြတဲ့သူတွေပါ ။
အထက်အမိန့်ဆိုတာ ကို မလွန်ဆန်နိုင်လို့ သာ သည်းခံနေကြရတာပါ ။ သူတို့တွေရဲ့ ဘ၀ဟာ လည်း ပြည်သူလူထုနဲ့ ထူးမခြားနားပါဘဲ ။
အခုလို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးဝါးယုတ်မာမှု မှန်သမျှကို ရင်စည်းခံနေကြရတာဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့လူ အရေအတွက်
ထက် ကြားနေ၀ါဒနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တည်မြဲစေချင်တဲ့ လူအရေအတွက် များနေလို့ပါ ။ အဲဒီတော့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော် ပြောခဲ့တိုင်းပြည်ချစ်တဲ့ အုပ်စု လေးခုထဲမှာ ပါဝင်နိုင်အောင် အရင်ကြိုးစားကြည့်ပါ ။
နေရာတကာ ငါသာလျှင် ပဓါန ၊ ငါသာလျှင် အဓိက ၊ ငါ သိ တယ် ငါ တတ်တယ် ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံး ၊ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင် ပြီး ကိုယ့် အမှားကို ဖုံးကွယ်ထားကြတယ် ။ အမှားတွေ အများကြီးလုပ်ခဲ့ကြတယ် ဆိုတာလည်း အားလုံးအသိပါဘဲ
အချိ့ကြတော့လည်း မှားနေတာ သိတယ် ။ သိနေလျှက်နဲ့ မပြင်ခဲ့ကြဘူး ။ ပြင်ရမှာ တွန့်ဆုတ်နေကြတယ် ၀န်လေးနေကြတယ် ။ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင် ၊ ဦးထိပ်ထား ခဲ့ကြလို့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။
လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေက များလာတော့ ဒီအဆင့်ကကို မတတ်နိုင်ကြဘူး ။ အပွင့်လင်းဆုံး ပြောပြမယ် နိုင်ငံရေးကို ဗန်းပြ လုပ်စားနေသူတွေ နဲ့ နိုင်ရာတာဝန် မထမ်းနိုင်တဲ့ ပြည်သူလူထုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးဟာ များစွာ နှောင့်နှေးခဲ့ကြရတယ်။
လူတိုင်းဟာ အမှားမကင်းကြပါဘူး ။ ဒါပေမယ့် မှားနေတယ်ဆိုတာကို သိရင် ပြင်ရဲကြရမယ် ။ ကျွန်တော်ဆိုလိုတာကို နိုင်ငံရေးပညာရှင်များ
အနေနဲ့ သိရှိပြီးသားပါ
အဲဒီ အုပ်စု လေးခု ဟန်ချက် ညီညီ လုပ်ရှားနိုင်ရင် ကျိန်းသေပေါက် အာဏာရှင်စနစ်ဆိုး အောက်က လွတ်မြောက်လာပါလိမ့်မယ် ။
အရင်က မှားခဲ့တာတွေကို ပြင်ပြီး အခုချိန်မှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးကြပါလို့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းသူများ အာလုံးကို လေးစားစွာ တိုက်တွန်းပြောဆိုချင်ပါတယ် ။
ကြားနေ၀ါဒ ကျင့်သုံးနေကြတဲ့ ပြည်သူလူထု ကို နိုင်ငံအရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်ပါတယ် ။ ယခုလိုကြားနေ၀ါဒ ကို ကျင့်သုံးတယ်ဆိုတာ
အာဏာရှင်စနစ်ကို ထောက်ခံနေတယ်ဆိုတာ သူတို့သိအောင် ကျွန်ူပ်တို့ အမြန်ဆုံးကြိုးစား ပြောဆို လမ်းပြမှ ဖြစ်မယ် ။ အမှန်တရားကို သူတို့တွေ
သိရှိနားလည်လာရင် တိုင်းပြည်ချစ်တဲ့ အုပ်စုတွေထဲ ပါလာကြလိမ့်မယ်။ နိုင်ငံရေးကို ဗန်းပြ လုပ်ကိုင်စားနေကြတဲ့ သူတွေကိုလည်း အသိတရားရအောင် စည်းရုံးပြောဆိုကြပေါ့ ။ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ်အသုံးချနေတဲ့ ကြံ့ဖွတ်တို့ စွမ်းအာရှင်တို့ဆိုတာ က ပြည်သူလူထု
ညီညွှတ်မှုကို မြင်တာနဲ့ သူတို့ ဘာလုပ်ရမယ်ဆိုတာ အလိုလို နားလည်လာကြလိမ့်မယ် ။ အဓိက က ပြည်သူလူထု အနေနဲ့ တိုင်းပြည်ချစ်စိတ်ကို လက်တွေ့ကျင့်သုံးပြီး စည်းလုံးညီညွှတ်မှု ကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။
နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါဘဲ ။ နိုင်ငံရေး လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေ ရှိတာ ကျွန်တော် မငြင်းပါဘူး ။
အဲဒီလိုဘဲ အာဏာရှင်စနစ် ကို လက်ခံကျင့်သုံးနေတဲ့ လူတွေ ကြားမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ ရှိပါသေးတယ် ။
အဲဒီတော့ တကယ်တိုင်းပြည် ကောင်းကျိုးအတွက် လုပ်ရှားနေသူ တွေရဲ့ မျက်နှာကို ဘဲ ကြည့်ကြပါ ။ လုပ်စားနေသူ အနည်းငယ်ရှိတာ နဲ့
မယုံကြည် ကြဘူုးဆိုရင် ဘ၀ တစ်လျှောက် လုံး ဒီလို စနစ်ဆိုးကြီးရဲ့ အောက်က ရုန်းထွက် လွတ်မြောက်ကြဖို့ လမ်းမမြင်ဘူး ဖြစ်သွားကြလိမ့်မယ်။
ဒီနေ့ နိုင်ငံတကာ က ဘယ်လောက် ဘဲ ဖိအားပေးပေး ပြည်သူလူထုက ငြိမ်ပြနေရင်တော့ ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ကြလိမ့်မယ်။
အခါအခွင့်သင့်တာနဲ့ တပြိုင်နက်ထဲ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ပြည်သူလူနဲ့ ပူးပေါင်းချင်ကြတဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ လည်း အများကြီးပါ ။ ကျွန်တော်မြန်မာနိုင်ငံ ပြည်သူလူထု အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ် ။
အဲဒီလို ချစ်တဲ့ နေရာမှာ လက်တွေ့ ကြကြ ချစ်ပြနိုင်ဖို့ အတွက် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေး ကြပါလို့ အလေးအနက်
ထပ်မံ တိုက်တွန်းပြောကြား လိုပါတယ် ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းနေကြသူများ အားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက တိုင်းပြည်ကို
လက်တွေ့ကျကျ ချစ်ပြကြကာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ
ချီတက်ကြပါစို့ .............................
ခင်မင်လေးစားလျှက်
ဗမာ့သွေး

Minnesota မှ မှာဝိုင်းစု









ဒါလေးကတော့အာဏာသိမ်းပွဲအမှတ်တရပါ...

၂၀၁၀ ဒူုးထောက်ပွဲ


၂၀၁၀ ဒူုးထောက်ပွဲတဲ့လား

အိမ်မှမဟုတ်တာ

လူရုပ်တောင်မပေါက်
တောက်လျှောက်ကြီးဘဲ
မှောက်ချင်သလိုမှောက်
ပြားပြားမှောက်ခဲ့
ကြောက်စိတ်တွေဖြင့်
နေနေသမျှ
တားမရပေါ့
ဘ၀ဆိုတာ မှုံရီဝါးလား။
လူနေတာမှမဟုတ်တာ
သရဲသဘက်တွေနဲ့
ပြည့်လျက်နေကြ
ဖြစ်ပျက်သမျှ
တွေးမရပေါ့
သေကြတဲ့မသာ
နေရာတကာ ချည်းပါလား။
သချိုင်္င်းထဲက
အိမ်ကလဲပြို
နေလဲညိုပြီ
မသာကိုမှ
အားရအောင်မငိုရ
ဒူးကဖြင့်ထောက်
ငါးပါးမှောက်ချင်မှောက်
ရောက်ချင်ရာရောက် ဖြစ်သွားရဲ့ လား။
ဒီလိုနဲ့
ပစ္စည်းမဲ့လူတန်းစား
ကြွယ်ဝသူများတွေနဲ့
သေနတ်ကိုင်ရမ်းကားသူနဲ့
မတရားအုပ်ချုပ်သူတွေ
ဒီမြေမှာ
ဘ၀ဟာ ပြာပုံအတိပါဘဲ ရှင်မရယ်။။။။

ခိုင်အောင်ကျော် ( နယူးယောက် )