Saturday, September 4, 2010

ကုလားအုတ်ခါးကျိုးကျမယ့်ကိန်း


စစ်အစိုးရကို ..............ကုလားအုတ်ခါးကျိုးကျမယ့်ကိန်းတဲ့..

သူပြောတာကသြဂတ်လရဲ့နောက်ဆုံးပတ်မှာအပြောင်းအလဲဖြစ်သွားတဲ့မြန်မာစစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းအပြောင်းအလဲကိုသူကထောက်ပြထားတာပါ.......အခုတလောhotဖြစ်နေတဲ့ရာထူးအပြောင်းအရွေေ့ကြာင့်တိုင်းပြည်နဲ့လူမျိုးဟာကုလားအုတ်ခါးရိုးကျိုးတော့မယ်လို့ဦးဝင်းတင်ကပြောလိုက်တာပါ။။။။။

သူပြောတာက အချက်(၃)ချက်ပါ.....စစ်ခေါင်းဆောင်တွေဟာ BGFs ဖွဲ့စည်းရေးတွေနဲ့ပက်သက်ပြီး တိုက်ခိုက်တာတွေလုပ်မလား၊မလုပ်ဘူးဆိုရင် တနည်းနည်းနဲ့တော့ ဖြေရှင်းဖို့လိုတယ်ဆိုပြီးအကြံပေးထားတာပါ။ထပ်ပြောတာက လာမယ့်ကာလမှာ စစ်တပ်အောက်မှာ လက်နက်ကိုင်တပ်အားလုံးရှိရမယ်လို့ဆိုတဲ့အတွက် စစ်ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီးသူရမြင့်အောင် အနေနဲ့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ထောက်ပြထားပါတယ်။

ဒုတိယအချက်က စစ်တပ်အတွင်းမှာ အောက်ခြေတပ်သား ၊တပ်ကြပ်ကနေ တပ်ရင်းမှုး၊ဗိုလ်မှုးကြီးအဆင့်အထိ အောက်ခြေတလွှာ၊ ဗိုလ်မှုးချုပ်အဆင့်ကနေ ဗိုလ်ချုပ်မှုးကြီးအဆင့်အထိက နောက်တလွှာပါတဲ့...ဒါကြောင့် မကြာခင် ကဘဏ်စုငွေတွေတောင်းတဲ့ကိစ္စနဲ့ပက်သက်ပြီး ထက်အောက်ရုန်းကန်မှုတွေကိုရင်ဆိုင်နိုင်ရနိုင်တယ်လို့ စစ်သက်(၃၈)ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကိုအကြံပေးထားပါတယ်။

တတိယအနေနဲ့ စစ်တပ်ကျောထောက်နောက်ခံနဲ့ထောင်ထားတဲ့ ပါတီအနေနဲ့ ဘာဖြစ်လာမယ်၊ဘယ်သူတွေက ၀င်အရွေးခံမယ်ဆိုတာ မကြာခင်မှာ တိတိကျကျ ပြောရတော့မယ်။ပြည်သူကဘယ်လိုတုံ့ပြန်တယ်၊တခြားနိုင်ငံရေးအင်အားစုတွေက ဘယ်လိုတုံ့ပြန်တယ်ဆိုတာကိုရင်ဆိုင်ရမယ့်လူဟာ စစ်ခေါင်းဆောင်သစ်ပဲဆိုတာ သုံးသပ်ထားပါတယ်။

စစ်ခေါင်းဆောင်တွေပြောင်းလဲခြင်းဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့အမြော်အမြင်ရှိစွာသုံးသပ်ထားပါတယ်။စစ်တပ်နဲ့နိုင်ငံရေးပြောင်းလဲမှုတွေဟာ ပြည်သူအတွက်ကောင်းကျိုးမရှိဘူး၊ထက်အောက်ရုန်းကန်မှုတွေဖြစ်ရင် ပြည်သူသာကြားထဲက ခံရမယ်ဆိုတာကိုလည်းသုံးသပ်ထားပါတယ်။အခုတလော တပ်တွေက ဘဏ်စုငွေတွေပြန်တောင်းတဲ့ကိစ္စနဲ့ပက်သက်ပြီး ပြည်သူတွေက ရင်ထိတ်နေရပြီ ပစ်ခတ်မှုတွေဖြစ်လာနိုင်တယ်ဆိုတာပါ သုံးသပ်ထားပါတယ်။

ပါတီထဲဝင်လိုက်ရတဲ့ ဗိုလ်ချုပ်ကြီးတွေကလည်းကျေနပ်မှုတွေရှိတာမဟုတ်လို့ သူတို့အတွင်းပြဿနာတွေဟာ ပြည်သူနဲ့တိုင်းပြည်အတွက်ဆိုးကျိုးကိုသာရရှိစေမယ်လို့သုံးသပ်ထားပါတယ်။လက်ရှိအနေအထားကို critical mass လို့ခေါ်တယ်။တိုင်းပြည်က တဲတဲလေးသာကျန်တော့တယ်။အင်္ဂလိပ်စကားပုံမှာ ကုလားအုတ်ခါးရိုးပေါ် ကောက်ရိုးတမျှင်တင်တာတောင် နောက်ဆုံးတခါထက်လွန်သွားရင် ကုလားအုတ်ခါးကျိုးတယ်။တိုင်းပြည်မှာလား ဆိုးကျိုးတွေအလွန်များနေလို့ ကုလားအုတ်ခါရိုးကျိုးသလိုဖြစ်နေပြီ...ဒါကြောင့် နည်းလမ်းရှာဖို့လိုပြီ.......မြန်မာပြည်ရဲ့အနေအထားက စစ်ရေးနိုင်ငံရေးအားဖြင့် ခါးရိုးကျိုးမယ့်ကိန်းဆိုက်နေပြီလို့တင်ပြထားပါတယ်....။။။။။။။။။။။။။။။။။။။။

ရွာဆော်ကြီး

စက္ကူပန်းရုံနားမှာ ထိုင်လို့ရှိခိုးဖူးခဲ့ပြီ


ဝေးကွာသွားသောအချိန်များတွင် သတိရစရာများကို ထိုင်ပြီးတွေးတတ်သည်မှာ လူ့သဘာဝဖြစ်သည်။ ပြန်လည်မဆုံတွေ့နိုင်လောက်ပြီဟု စိတ်ထဲမှာထင်မှတ်ထားလိုက်ပြီဆိုလျင် ခံစားရသည်မှာမလွယ်။ ထို့ကြောင့်လည်း စိတ်ထဲတွင် တခါတခါ ပေါ်လာသောအခါ ရင်ထဲမှာလှိုက်ကနဲ နာကျင်သွားတတ်ပါသည်။ စင်စစ်ကျွန်တော့်မှာ သတိရစရာအကောင်းဆုံးသော မွေးရ့ပ်မြေထဲက နေရာဒေသ၊လူပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင်၊ လဘက်ရည်ဆိုင် ၊ စသည်များမှာ တော်တော်ကြီးပင် အလွမ်းမပြေစရာတွေ ရှိနေသည်။ ယင်းနေရာထဲမှ တိတိကျကျ ဖေါ်ပြနိုင်သော နေရာမှာ ဦးဥတ္တမပန်းခြံဖြစ်သည်။ စစ်တွေမြို့ သားတဦးနေနှင့် စစ်တွေမြို့ မှာရှိသော ဆရာတော် ဦးဥတ္တမပန်းခြံသည် သာမန်အားဖြင့် မှတ်မှတ်ရရအလွမ်းများကို ဖေါ်ပြနိုင်ပါသည်ဟု ပြောစရာမဖြစ်သင့်ထင်သည်။ အဘယ့်ကြောင့်ဆိုသော် မြို့ တိုင်းရွာတိုင်းမှာ ပန်းခြံတွေ တပုံတခေါင်းရှိကြသည်။ အပမ်းဖြေထိုင်တတ်ကြသည်။ သည်တော့ယင်းပန်းခြံများမှာ စာမဖွဲ့မလောက်ချေ။ ကျွန်တော့်မှာမူ စာဖွဲ့လောက်ပါသည်ဟု ပြောနိုင်စရာများ တော်တော်ကြီးရှိပါသည်။ ဦးဥတ္တမပန်းခြံနှင့်မူ ကျွန်တော့်မှာ စာဖွဲ့လောက်နိုင်စရာတွေ တပုံတခေါင်းရှိနေသည်။ ပြီးတော့ မှတ်မှတ်ရစရာတွေကလည်း ရှိနေသည်။ လွမ်းလောက်စရာကောင်းသော ဦးဥတ္တပန်းခြံသည် ကျွန်တော့်အဖို့ ရင်ကိုလှုပ်သွားစေသော အကြောင်းအရာများကို ဖန်တီးခဲ့ပေါင်းများဖြစ်ပေါ်ခဲ့သည်။ ၈၈ အရေးတော်ပုံဖြစ်လာသောအခါ ဦးဥတ္တမပန်းခြံသည် နိုင်ငံရေးလှုပ်ရှားရာ စင်မြင့်နေရာတခုလိုဖြစ်ခဲ့သည်။ စစ်တပ်ကအာဏာသိမ်းသောအခါ ပန်းခြံတွင်းမှ စစ်သားများက ကျွန်တော်တို့စီးလာသောကားကို သေနတ်ဖြင့်တည့်တည့်ချိန်ထားသည်။ ယင်းစစ်သားများကို ကျွန်တော်တို့မှာ ကျော်ဖြတ်လာနိုင်ခဲ့သည်။ အကယ်၍ယင်းနေ့ကသာ ပစ်ခတ်ခဲ့လျင် ခုလောက်ဆိုအရိုးဆွေးလောက်နေပါပြီ။
စစ်တပ်မှ အာဏာသိမ်းသော စက်တင်ဘာ ၁၈ ရက်နေ့က မြရုပ်ရှင်မှ စသည်နှင့် ကားပေါ်မှနေပြီး လော်စပီကာဖြင့် တလမ်းလုံးအော်ပြီး မြို့ သူမြို့ သားတွေကို အသိပေးလာခဲ့သည်။ ကားတွင် ကရာတေးဆရာကြီးဦးထွန်းရွှေမောင်နှင့် ကျွန်တော် ၊ ပြီးတော့ ရွှေပြားရပ်ကွက်မှ ကိုမောင်ချေက ကားစက်ဖုံးရှေ့ခန်းတွင်ထိုင်၍ လိုက်ပါလာသည်။ ကိုမောင်ချေမှာ အရေးအခင်းဆန္ဒပြသောနေ့တွင် ထောက်လှမ်းရေး ၄ ဦးကို ရိုက်နှက်သတ်ဖြတ်မှူတွင် ပါဝင်သည်ဆိုတာ အင်းစိန်အကျဉ်းထောင်တွင် နောင်ထောင်ကျခံခဲ့ရသူဖြစ်သည်။ ကိုထွန်းရွှေမောင်မှာ မြရုပ်ရှင်ရုံ့မှ စထွက်ပြီး ဘီလူးမတံထားကြီးသို့ရောက်သောအခါ လိမ္မော်သီး ရှောက်ချိုသီးတွေဝယ်ရန် ဆင်းသွားသည်။ အကြောင်းမှာ ကျွန်တော့်အသံက လော်စပီကာဖြင့် အော်လာသောကြောင့် အသံဝင်လာ၍ဖြစ်သည်။ ကားနားရောက်တော့ အငြိမ်းစားဒုလုံမှူး ကိုချင်းလွှာအောင်က ကားပေါ်မှာလာထိုင်သည်။ ကားရှေ့မှာ ဒရိုင်ဘာပြီးလျင် နှစ်ယောက်မျှသာထိုင်၍ရသည်။ သည်တော့ကိုထွန်းေ၇ွှမောင်က ကားနှင့်မလိုက်တော့ဘဲ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ဘီလူးမတံထားကြီးမှ ထွက်ခွါလာပြီး မြို့သူကြီးရပ်ကွက်ရောက်သောအခါ ရွာခံလူထုများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ ကျွန်တော်တို့မှာ ကားနှင့် တရားသိစုရပ်ကွက် ။ ပြီးတော့ ရွှေပြားစသည်ဖြင့် လာခဲ့ကြသည်။ နောက်မှလိုက်လာသော စစ်ကားကိုကျွန်တော်တို့ဘာမျမသိ။ သဘောင်္ဆိပ်နားရောက်တော့ သေနတ်သံတွေကြားရသည်။ ဘာမျှမသိသောကြောင့် ကျွန်တော်တို့မှာ အုန်းတပင် ၊ဆင်ကူးလမ်းအတိုင်း ကားနှင့် ဆက်လာကြသည်။ ရှေ့သို့ လာခဲ့ကြသည်။ မြို့သူကြီးရပ်ကွက်တွင် ကျွန်တော်တို့ကို သောင်းသောင်းဖြဖြကြိုဆိုကြသောသူတို့မှာ စစ်ကားကို အုန်းပင်လှဲချပြီး ကားမသွားနိုင်အောင် တားလိုက်ကြသည်။ ဂျင်ဂလိတွေနှင့်လှမ်းပစ်ကြသည်။ နောင်အခါ စစ်သားတွေမှာ ကားထဲတွင် ပုန်းအောင်းလိုက်ပါနေရသည်ကို မကြာခဏမြင်ရသည်။ မြို့  သူကြီးရပ်ကွက်မှာ ယင်းသို့ကားလမ်းကို ပိတ်ဆို့ထားသောကြောင့် စစ်သားများမှ ပစ်ခတ်၍ လှမောင်သန်းမှာ ပွဲချင်းပြီးသေဆုံးသွားရသည်။ ကျော်ကျော်မှာခြေထောက်ကျိုးသွားသည်။ ပြီးတော့ ကျော်ကျော်ကို စစ်ကားပေါ်တွင်ခေါ်တင်ယူသွားသည်။ ကျွန်တော်တို့နောက်မှ မလိုက်ဖြစ်ခဲ့၊ စင်စစ်ကျွန်တော်တို့အား အပြတ်ရှင်းရန် လိုက်ပါလာကြခြင်းဖြစ်သည်။
မြို့ ပြလုံခြုံရေးနှင့်အုပ်ချုပ်ရေးဌါနချုပ်လုပ်ထားသော မြရုပ်ရှင်ရုံရောက်သောအခါ ကားပေါ်မှ ဆင်းကာစရှိသေးသည် ။ သေနတ်ဖြင့် အဝေးမှ လှမ်းပစ်ခတ်သောကြောင့် မြရုပ်ရှင်ရုံအတွင်းသို့ ၀င်ပုန်းကြရသည်။ မြရုပ်ရှင်ရုံထဲသို့ ပြေးဝင်ကြစဉ် ကိုချင်းလွှာအောင်မှာ ညာဘက်နားရွက်ဖျားတွင် ကျည်ဆံအဖျား ထိမှန်သွားသည်။ ကံကြီး၍မသေဆုံးခြင်းဖြစ်သည်။ လမ်းပေါ်မှာလူတွေကို သတိပေးနေသော ကျောင်းဆရာဦးခင်မောင်ဝင်းမှာ ဓါတ်မီးတိုင်ကို ခေါက်ပြီးသတိပေးနေချိန် ကျည်သင့်၍ဆေးရုံရောက်ချိန်တွင် သေဆုံးခဲ့သည်။ တိတိကျကျ ပြောရလျှင် ယင်းနေ့၌မြို့ သူကြီးမှ လှမောင်သန်းနှင့် မိဇံရပ်ကွက်မှ ကျောင်းဆရာဦးခင်မောင်ဝင်းတို့ သေဆုံးသွားရပါသည်။ ပြောရလျင် ယင်းနေ့မှာကျွန်တော်တို့ ကားပေါ်လိုက်ပါသည့်သူများမှာ သေနေ့မစေ့၍သာ မသေဆုံးခဲ့ခြင်းဖြစ်သည်။
၈၈၈ အရေးတော်ပုံပြီးသောအခါ အရေးအခင်းနှင့် ပါတ်သက်၍ အစိုးရရာထူးမှ ရာသက်ပန်အလုပ်မှ ထုတ်ပါယ်လိုက်သောအခါ ကျွန်တော့်မှာ လုံးဝလွပ်လွပ်သွာေးသော သူတယောက်လိုဖြစ်သွားသည်။ ထို့ကြောင့်လည်း စာပေရေးသားရန် အချိန်ကာလတွေ အများကြီးရသွားသည်။ မနက်ပိုင်းတွင် မင်းကြီးကျောက်တန်းရှိ ဓည၀တီစားသောက်ချိန်တွင် လဘက်ရည်သောက်ယင်း စကားတွေပြော ဖြစ်တတ်ပါသည်။ ရှေးမှီနောက်မှီ လူကြီးများနှင့် စကးစမည်ပြောရတော့ ပို၍အသိတရားတွေ တိုးလာရသည်။ ယင်းအခါကျွန်တော့်မှာ တော်တော်ကြီးဗဟုသုတတွေရလာသည်။ ဗုဒ္ဒဘာသာတရားတော်တွေ ၊ ကျမ်းဒေသနာအကြောင်းတွေဆိုလျင် ရုပ်ရှင်မင်းသား နေထက်လင်းတို့ အဖေမှာ စကားကိုဒိုင်ခံပြောကြားနိုင်သူဖြစ်ရာ အထူးပွဲကျကြသည်။ နိုင်ငံရေးဝိုင်းဖြစ်သောကျွန်တော်တို့မှာ ပြည်တော်သာတိုက်တန်းမှ ဆရာကြီးဦးကျော်ဇေါတို့နှင့် အထူးစည်းကားလှပါသည်။ နယ်တကာ့နယ်များမှာ အစိုးရအမှူထမ်းဘ၀ဖြင့် တာဝန်ထမ်းဆောင်ဖူးသောကျွန်တော့်မှာ စစ်တွေမြို့ ရောက်တော့ အလုပ်ကပြုတ်သွားသည်မို့ တခါတည်းလူလွပ်ဖြစ်သွားတော့သည်။ ထို့ကြောင့် စစ်တွေမြို့သားတွေနှင့် နေ့စဉ်အလ္လာပ သလ္လပစကားတွေကို ဓည၀တီ ထိုင်ခုံများပေါ်တွင် ပြောဖြစ်တတ်သည်။ နေ့လည်ဘက်တွင်မူ ဦးဥတ္တမပန်းခြံရှိ စာကြည့်တိုက်တွင် သတင်းစာတွေ ၊ စာအုပ်စာတမ်းတွေ ဂျာနယ်တွေ ၀တ္ထုစာအုပ်တွေကို ဖတ်နေဖြစ်သည်။ ပြီေးတာ့ ရုပ်ထုနားတွင်ရှိသော ထိုင်ခုံတွင် သွားရောက်ထိုင်နေတတ်သည်။ ကျွန်တော်၏အနားတွင် ဆရာတော် ဦးဥတ္တမ၏ရုပ်ထုသည် မိုးထဲရေထဲတွင် ကြံ့ကြံ့ခံရပ်လျှက်နေသည်ကို ထာဝစဉ်ကြည့်ပြီးနေခဲ့ရပါသည်။ ကျွန်တော်နှင့် အများကြီးထိုင်ဖြစ်သူမှာ ကိုသန်းကျော်ခေါ်ချလာဖြစ်သည်။ မောလိပ်ရပ်ကွက်မှ ရွာသူကြီးဦးဒိုးအောင်၏သား ကိုစောသာအောင်လည်း အခါအားလျော်စွာ ထိုင်ဖြစ်တတ်ပါသည်။ ကိုသန်းကျော်မှာ ကျွန်တော်နှင့် အိမ်နီးနားချင်းဖြစ်ပြီး သူ့မှာတယောက်ထီးတည်း ပန်းခြံတွင်ထိုင်နေတတ်သည်။ ယခုအဓိဌန်ဆရာတော်ကျောင်းတွင် ဘုန်းကြီးဝတ်နေသည်ဟု သိရသည်။ ကျွန်တော်နှင့် သူ အတူတူစကားလက်ဆုံဖြစ်ယင်း ပန်းခြံတွင်ထိုင်ဖြစ်ကြသည်။ ယင်းမှာတရက်မဟုတ် တနေ့မဟုတ်။ လနှင့်ချီ နှစ်နှင့်ချီ ထိုင်ဖြစ်နေတတ်သည်။ ကျွန်တော်မှာအစိုးရအမှူထမ်းဘ၀ဖြင့် ၁၇ နှစ်ကျော်မျှ ရခိုင်ပြည်နယ်တ၀ှမ်း မကျဖူးသောနေရာမရှိခဲ့။ အနောက်ဘက် မောင်တောမြို့ နယ်အစွန်မှ တောင်ဘက်အစွန်း ဂွမြို့နယ် ကုလားပြင်ကျေးရွာအထိ နေထိုင်သွားရောက် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ခုတော့အရေးအခင်းနှင့် ပါတ်သက်၍ အလုပ်မှထုတ်ပါယ်ခြင်းကို ခံရသောကြောင့် ယခုလိုပန်းခြံစောင့်လို ထိုင်နေခြင်းဖြစ်သည်။
ယင်းသို့ထိုင်ယင်း သုတဂျာနယ်မှာသတင်းထောက်အဖြစ် သတင်းတွေ ရေးပို့သည်။ တကယ့်ဖြစ်ရပ်မှန် မူခင်းဂျာနယ်မှာ ရေးဖြစ်လာသည်။ နောက်ဆုံး ရေဒီယိုဖရီးအာရှအသံတွင် ဆောင်းပါးရေးပြီး အသံတွေလွှင့်ဖြစ်လာသည်။ နောက်ဆုံးကျွန်တော် ပြည်တွင်းမှ ထွက်ပြေးရသောအချိန်ထိ ဦးဥတ္တမပန်းခြံတွင် ထိုင်နေခဲ့ဖြစ်သည်။ ဆရာတော်၏ရုပ်ထုအနီးတွင် ထိုင်ဖြစ်နေသော ကျွန်တော်သည် သတင်းစာလိပ်ကို ကိုင်ထားသောဆရာတော်၏ဘ၀ကို အလိုလိုနေယင်း အားကျနေမိသည်။ တခါတခါ ဆရာတော်ကို ဦးခိုက်ပြီး ထိုင်ရှိခိုးနေဖြစ်သည်။ သူများတကာလို ဘုရားကြီးသို့ ကျွန်တော်သည် ဘုရားရှိခိုးရန် မသွားဖြစ်။ အဘယ့်ကြောင့်ကိုဆိုသော် စက္ကူပန်းရုံနားက ကြေးရုပ်ထုနှင့် ခန့်ငြားတည်တန့်နေသော ဆရာတော်ဦးဥတ္တမသည် ကျွန်တော့်ရင်ထဲကို နက်နက်စူးဝင်နေပြီးပြီ။ လေးဘက်လေးတန်မှာ ရေးထားသောစာတမ်းများကို အမြဲဖတ်နေဖြစ်သောကျွန်တော့်မှာ ဆရာတော်၏သွေးများ စီးဆင်းနေသည်ဟု ထင်ရသည်။ မတရားတာမှန်သမျှ ခေါင်းငုံ့မခံ တိုက်ပွဲဝင်ဖို့ ကျွန်တော့်အား မိန့်မှာကြားနေသလို ခံစားနေရသည်။ နောက်တခုက ၁၃ သြဂုတ်နေ့မှာကျွန်တော်က စပြီးဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည်ကလည်း ရှိနေသည့်ကြောင့်လားမပြောတတ်။ ကျွန်တော့်မှာနိုင်ငံရေးပိုးက အမြဲရှိနေဆဲဖြစ်သည်။ ယခုလို ၈၈ အရေးအခင်းဖြစ်လာတော့ ပိုလို့ပင် စစ်အစိုးရကို မကြေမနပ်စွာနှင့် တော်လှန်ရေးစိတ်တွေ ပေါ်ပေါက်လာသည်။ ပြောရလျင် ရွက်ပုန်းသီးဖြစ်နေသော ကျွန်တော်၏စိတ်မှာ ယခုအချိန်တွင် နိုင်ငံရေးစိတ် နိုးထလာသည်။ သည်ကြောင့်လည်း ဆရာတော်ဦးဥတ္တမ၏ကြေးရုပ်ထုနားမှာ ထာဝရနေမိခဲ့သည်။ အကြောင်းမှာဆရာတော်သည် နိုင်ငံရေးစိတ်နိုးထရန် တိုက်တွန်းနိုးဆော်မျိုးစေ့ချပေးသူဖြစ်သည်။ ကိုလိုနီကျွန်ဘ၀မှ လွပ်မြောက်ရေးအတွက် လွပ်လွပ်ရေးမျိုးစေ့ကိုချပေးသူဖြစ်သည်။ ယင်းကြောင့်လည်း ကျွန်တော်လက်စုံမိုး၍ ရှိခိုးပူဇေါ်ဖြစ်နေခဲ့ရပါသည်။
++++++++++++++ +++++++++++ ++++++++++++ ++++++++++++
ဆရာတော်ဦးဥတ္တမက ရခိုင်ပြည်နယ်စစ်တွေမြို့ သားဖြစ်၍ စစ်တွေမြို့သားဖြစ်သော ကျွန်တော့်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ဂုဏ်ပြုစကားပြောကြားရသောနိုင်ငံမှာ အိန္ဒိယနိုင်ငံနယူးဒေလီမြို့ မှာဖြစ်သည်။ ဆရာတော်ဦးဥတ္တမ၏မွေးသက္ကရစ်မှာ ၁၈၇၉ ခု ဒီဇင်ဘာလ ၂၈ ရက်နေ့ဖြစ်ပြီး ဘ၀နတ်ထံပျံလွန်တော်မူသောနေ့မှာ စက်တင်ဘာလ ၉ ရက်နေ့ဖြစ်သည်။ ယင်းစက်တင်ဘာလ ၉ ရက်နေ့ကို မြန်မာနိုင်ငံအတွင်းမှာ အခန်းအနားအဖြစ် ဂုဏ်ပြုကျင်းပခွင့်မရကြ။ ထို့ကြောင့်ပြည်ပနိုင်ငံများတွင် တခန်းတနားကျင်းပကြဖြစ်သည်။ နယူးဒေလီမြို့မှာကျင်းပသောအခါ ကျွန်တော်သည် ယင်းအကြောင်းကို ဟောပြောဖြစ်ပါသည်။ လွန်ခဲ့သော ၁၉၉၈ ခုနှစ်ကပင်စ၍ နယူးဒေလီမြို့တွင် ကျင်းပကြသည်အခါတိုင်း ဟောပြောဖြစ်သည်။ စင်စစ်စစ်တွေမြို့ မှာ ဆရာတော်ဦးဥတ္တမကြောင်းကို ဟောပြောချင်သည်။ သို့သော် မည်သို့မျှအခြေအနေမပေးသောကြောင့်နိုင်ငံတကာတွင်သာ ဟောပြောပွဲများ၊အခန်းအနားများ ကျင်းပနေကြခြင်းဖြစ်သည်။ အကယ်၍ပြည်တွင်းမှာ သို့မဟုတ် ရခိုင်ပြည်မှာသာ ဆရာတော်ဦးဥတ္တမအကြောင်းးကိုသာ ဟောပြောခွင့်များရကြလျှင် အမျိုးချစ်သောနိုင်ငံရေးစိတ်များသည် ပြန်လည်နိုးထလာကြမည်ဖြစ်သည်။ မှန်သည်။ ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံရေးလွပ်လွပ်ရေးအတွက် နိုင်ငံရေးမျိုးစေ့ချပေးသူဖြစ်သည်။ မြန်မာတို့၏နောက်ဆုံးဘုရင် သီပေါမင်းသည် အင်္ဂလိပ်တို့၏ သုံ့ပန်းဘ၀ဖြင့် ပါတော်မူဘ၀နှင့် အိန္ဒိယနိုင်ငံ ရတာနာဂီရိတွင် အကျဉ်းစံနေခဲ့ရသည်။ တချိန်တည်းမှာပင် ပြင်သစ်ဘုရင် နပိုလီယန်သည် အင်္ဂလိပ်တို့၏သုံ့ပန်းဘ၀ဘ၀ဖြင့် စိန့်ဟယ်လင်နာကျွန်းတွင် အကျဉ်းစံနေခဲ့ရသည်။ အင်္ဂလိပ်အစိုးရသည် ယင်းအချိန်က ကမ္ဘာကြီးတွင် ကိုလိုနီနယ်ချဲ့စနစ်ဖြင့် ကမ္ဘာကိုထိမ်းချုပ်ရန် ကြိုးပမ်းနေချိန်ဖြစ်သည်။ အကျဉ်းစံဘ၀ဖြင့်နေခဲ့ရသော မြန်မာဘုရင်သီပေါမင်းသည် သူ့နိုင်ငံလွပ်လွပ်ရေးအတွက် မည်သို့မျ တိုက်တွန်းနိုးဆော်ပြာဆိုခဲ့ခြင်း မရှိသည့်အချိန်ဖြစ်သည်။
ယင်းအချိန်တွင် ဆရာတော်ဦးဥတ္တမမှာ မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် နိုင်ငံရေးတရားဟောပြောလာသော ပုဂ္ဂိုလ်အဖြစ် ဗြိတိသျှအင်္ဂလိပ်အစိုးရက သတိထားလာရသည်။ စင်စစ်အားဖြင့် အိန္ဒိနိုင်ငံ ကာလကတ္တားတက္ကသိုလ်တွင် ကျောင်းတက်ခဲ့သောဆရာတော်ဦးဥတ္တမမှာ အင်္ဂလိပ်စာကို ကျွမ်းကျင်တတ်မြောက်သူဖြစ်သလို သတင်းစာများတွင် နိုင်ငံရေးဆောင်းပါးများ ရေးသားသောသတင်းစာဆရာလည်းဖြစ်သည်။ ယခုအထိ ကာလကတ္တားအမျိုးသား စာကြည့်တိုက်တွင် ဆရာတော်၏ရေးသားခဲ့သော ဆောင်းပါးများနှင့် ဆရာတော်၏ဘ၀အကြောင်းအရာများကို ထိမ်းသိမ်းပြုစုထားသည်။ အိန္ဒိယနိုင်ငံတွင် နေထိုင်စဉ် ဟိန္ဒူလူမျိုးများနှင့် ပြိုင်ကြစဉ် ဆရာတော်အား သူတို့၏မဟာဆက်ဘပ်အဖွဲ့တွင် ဥက္ကဌအဖြစ်ရွေးချယ်ခဲ့သည်မှာ ထူးချွန်မူကြောင့်ဖြစ်သည်။ ပြောရလျင် ဆရာတော်သည် ဟိန္ဒူစာပေ နှင့် စကားတို့ကို ဟိန္ဒူလူမျိုးတဦးပမာ ပြောနေုနိင်သော ညာဏ်ပညာထူးချွန် ထက်မြက်သူတဦးဖြစ်နေခြင်းပင်ဖြစ်သည်။ ဟိန္ဒူဘာသာစကားနှင်ပ စာပေတင်မဟုတ်။ အင်္ဂလိပ်စာပေ။ပြင်သစ်စာပေ။ဂျပန်စာပေ။သံင်္သက္ကရစ်စာပေ။ပါဌိ စသည့် ဘာသာရ့ပ်များကို တတ်မြောက်သည်။
မှတမိပါသေးသည်။ ဆရာတော်ကိုယ်တိုင်ရေးသော အကြောင်းအရာတခုကို ပြောပြချင်သည်။ အိန္ဒိယနိုင်ငံတွင် ထင်ရှားသောသူတဦးဖြစ်၍ ကိုယ့်မြို့ ကိုယ့်ရပ်ဌါနေကိုပြန်ပြီး ကျောင်းသားလူငယ်များအား စာပေပညာပို့ချရန်ဆိုသောအတွေးဖြင့် စစ်တွေမြို့ သို့ ပြန်လာခဲ့သည်။ အထုပ်အပိုးတွေထဲမှာ သတင်းစာဆရာဖြစ်သော ဆရာတော်ဦးဥတ္တမအဖို့ စာအုပ်စာတမ်းတွေကသာ များပြားစွာပါလာသည်။ သေတ္တာတွေ၊အထုပ်ပိုးတွေဖြင့် သဘောင်္ဆိပ်ရောက်လျင် ကြိုဆိုနေမည့် မိမိ၏ မိဘ၊ဆွေမျိုးသင်္ဂဟတွေနှင့် လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြမည့် အရိပ်အရောင်ကို တွေးရင်းပျော်ရွှင်စွာလာခဲ့သည်။ ဘင်္ဂလားပင်လယ်အော်ဖြတ်၍လာခဲ့သော သင်္ဘောမှာရခိုင်ပြည်နှင့် နီးကပ်လာသောအခါ ဆရာတော်ဦးဥတ္တမမှာ အတိုင်းမသိဝမ်းသာပြီး မျက်ရည်တောင်ကျမိသွားသည်။ နိုင်ငံခြားပင်လယ်ကူးသဘောင်္ာကြီးများဆိုက်ကပ်ရာ စစ်တွေသဘောင်္ဆိပ်ကို ဆိုက်ကပ်လိုက်သောအခါ ထင်ထားသည်တို့နှင့် အားလုံးတလွှဲစီဖြစ်နေသည်ကို တွေ့မြင်ရသည်။ ကြိုဆိုနေကြသူတို့မှာ ဆွေမျိုးသားချင်းတွေမဟုတ်။ အရပ်ဝတ်နှင့် ပုလိပ်စုံထောက်တွေဖြစ်နေကြသည်။ အကြောင်းမှာဆရာတော်ဦးဥတ္တမသည် နိုင်ငံရေးသမား သတင်းစာဆရာတဦးဖြစ်နေသောကြောင့်တည်း။ မွေးရပ်မြေစစ်တွေမြို့တွင် စာပေများကိုသင်ကြားနိုင်မည်ဟု စိတ်ထဲမှာကူးလာခဲ့သော သူတဦးအဖို့ အင်္ဂလိပ်အစိုးရ၏ ကောက်ကျစ်သောစိတ်သဘောထားများကို ချက်ချင်းသိရှိသွားရသည်။ ထို့ကြောင့် ဆရာတော်ဦးဥတ္တမမှာ စစ်တွေမြို့ တွင် စာတလုံးမျမပြရဘဲ ပြန်လည်ထွက်ခွါသွားရသည်ဟု ဆိုပါသည်။
နယ်ချဲ့အင်္ဂလိပ်အစိုးရကို တိုက်ခိုက်တော်လှန်ရန်အတွက် စုစည်းညီညွတ်မူရှိရန် အာရှတိုက်သားတို့လိုအပ်သည်ဟု ဆရာတော်ကထင်မြင်ယူဆသည်။ ထို့ကြောင့် အာရှတိုက်သားများသွေးစည်းညီညွတ်ရေးအဖွဲ့ဖွဲ့ကြရန် တိုက်တွန်းသည် ။ဂျပန်နိုင်ငံတိုကျိုမြို့တွင် ပြုလုပ်သောညီလာခံ၌ ယင်းသို့တိုက်တွန်းသောအခါ ဆရာတော်ဦးဥတ္တမအား အာရှမှနေ၀န်း ဆိုပြီး ဂုဏ်ပြုမှတ်တမ်းတင်ကြပါတော့သည်။ ယင်းအချိန်မှာဂျပန်နိုင်ငံသည် တခုတည်းသောအရှနိုင်ငံအနေဖြင့် အနောက်နိုင်ငံတွေကို ခုခံတွန်းလှန်နိုင်သော နိုင်ငံဖြစ်နေသည်။ ယင်းကြောင့်လည်း ဂျပန်နိုင်ငံသို့ သွားရောက်နေထိုင်ပြီး တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည်။ ဆရာတော်ယုံကြည်ထားသည်ကား ကိုလိုနီနယ်ချဲ့စနစ်ကို တိုက်ဖျက်ရန်အတွက် တခုတည်းသောအရေးမှာ စုစည်းညီညွတ်ရေးဖြစ်သည်။ ညီညွတ်ရေးကို တည်ဆောက်ရန် အရေးကြီးသည်ဟုဆိုသည်။ မရားမူမှန်သမျှ ခေါင်းငုံ့ခံစရာမလိုဟု အမြဲတိုက်တွန်းသည်။
မြန်မာနိုင်ငံတ၀ှမ်းတွင် ဆရာတောဦးဥတ္တမ၏ နယ်လှည့်တရားဟောမူကြောင့် ဖြစ်ပေါ်လာသောအဖွဲ့အစည်းကြီးတခုမှာ သံင်္ဃာ့သမဂ္ဂီဆိုသော ရဟန်းပျိုများအဖွဲ့ဖြစ်သည်။ သို့အတူယင်းအချိန်က ဗူဒ္ဒဘာသာကလျှာဏယုဝအသင်းတို့မှာလည်း ဘာသာရေးကိုအခြေခံနေရသောအဖွဲ့မှ နိုင်ငံရေးကို အခြေခံသောအဖွဲ့အစည်း ဖြစ်လာခြင်းပင်ဖြစ်သည်။ နောက်ပိုင်း တို့ဗမာအစည်းအရုံး၊ကျောင်းသားသမဂ္ဂတွေစသည်ဖြင့် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပြီးနောက်တွင် လွပ်လွပ်ရေးဆိုသောစကားသံတွေ ထွက်ပေါ်လာသည်။ ယင်းသို့ထွက်ပေါ်လာအောင် ဦးစွာပြောကြားသောသူမှာ ဆရာတော်ဦးဥတ္တမဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာဘုရင်ခံဆာဂျင်နယ် ကရက်ဒေါက်မှာ ယင်းအချိန်က ဆရာတော်ဦးဥတ္တမ၏ ဆောင်းပါးဖြင့် သတင်းစာမှ နုတ်ထုတ်ခံရသော ဘုရင်ခံတဦးဖြစ်သည်။ ကရက်ဒေါက် မြန်မာနိုင်ငံက ထွက်သွားဟု ပြောဆိုလိုက်သော ဆောင်းပါးမှာ နယ်ချဲ့င်္ဂလိပ်တို့အစိုးရအဖို့ မျက်ဖြူဆိုက်သွားစေသော ရာဇသံဖြစ်သွားသည်.။ ဆရာတော်ဦးဥတ္တမနှင့် ပါတ်သက်၍ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များဖြင့် မှတ်တမ်းတင်ကြသောအခါ ဘုရင်ခံကို နှင်ထုတ်သောယင်းစကားမှာ မဖေါ်ပြ၍မရ။ ယင်းစကားကြောင့်လည်း ဆရာတော်မှာ ထေင်နန်းစံခဲ့သည်သာများသည်။ ထောင်ကလွပ်မြောက်လျင် လွပ်လွပ်ရေးတရားဟောပြီး ဟောပြီးသည်နှင့် ထောင်ကျသောသူမှာ ဆရာတော်တပါးသာဖြစ်သည်။
အင်ဒိုနီးရှားကျွှန်းဆွယ်တွင် မြင်ကွန်းမင်းသားကို တွေခဲ့ရသော ဆရာတော်ဦးဥတ္တမသည် တော်လှန်ရေးစိတ်တွေ ပြင်းပြစွာဝင်စားခဲ့သည်။ အကျဉ်းစံသီပေါမင်းကို မြင်ရသောအခါ မျက်ရည်မဆည်နိုင်လောက်အောင် ခံစားခဲ့ရသည်ဟု ဆိုသည်။ တရုပ်ပြည်ခေါင်းဆောင်ဒေါက်တာဆွန်ယက်ဆင်တို့နှင့် တွေ့ကြသောအခါ ဆရာတော်မှာ တကယ့်နိုင်ငံရေးသမားတယောက်ဖြစ်နေပေပြီ။ သို့သော် ရဟန်းသားတော်တပါးဖြစ်နေသော ဆရာတော်ဦးဥတ္တမမှာ နိုင်ငံရေးအကြမ်းမဖက်နည်းကိုသာကျင့်သုံးသည်။ ရက်စက်ကြမ်းကြုတ်သော အစိုးရဖြစ်နေစေကာမူ တနေ့မှာ ကျဆုံးသွားရမည်။ စည်းရုံးညီညွတ်စွာရှိနေဖို့လိုသည်။ မတရားမှူမှန်သမျှ တာဝန်အရ ဖီဆန်ကြဖို့လိုသည်ဟု ဆရာဦးဥတ္တမမှာအမြဲဟောပြောသည်။ ကံဆိုးချင်တော့ ဆရတော်ဦးဥတ္တမ၏ မြေတောင်မြှောက်ပေးခဲ့သော နောက်လိုက်တပည့်များသည် အခွင့်အာဏာခံစားကြသောအခါ ဆရာတောဦးဥတ္တမအား မေ့လျော့ခဲ့ကြသည်။ ယင်းမှာနိုင်ငံရေးသမားတို့၏ ပုခုံးပေါ်မှ အမာရွတ်များအဖြစ် ကျန်ရစ်နေတတ်သော သာဓကတခုသာဖြစ်သည်။ တခါက ဂျူဗလီဟောတွင် ကျောင်းသားခေါင်းဆောင် ဦးနု ( နောင်ဝန်ကြီးချုပ်ဖြစ်လာသူ ) က ဆရာတော်ဦးဥတ္တမအား ဝေဖန်ပုတ်ခတ်ပြီး ဟောပြောတော့သည်။ ဦးဥတ္တမမှာ ငွေပေးသောဘက်မှ လိုက်လံပြီး နိုင်ငံရေးတရားဟောသည်ဟု စွပ်စွဲတရားဟောတော့သည်။ ယင်းသို့ဟောပြောချက်ကို ကျောင်းသားတွေက မနှစ်သက်ကြ။ဝိုင်းပြီးကန့်ကွက်ကြသည်။ နောက်ပိုင်းတွင် ဦးနုက သူရေးသော တာတေစနေသားစာအုပ်တွင် ဖွ့င့်ဟ၀န်ခံသွားသည်။ သူမှားကြောင်းပြောဆိုပါသည်။ တက္ကသိုလ်ကျောင်းသားများကလည်း ဦးနုကို ယင်းအကြောင်းနှင့် ပါတ်သက်၍ အထူးဝေဖန်ပြစ်တင်ကြခဲ့သည်။ ဤအကြောင်းကို ဆရာတော်ဦးဥတ္တမမှာ ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ပြောရလျင် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သော ဆရာတော်မှာ ၈ျပန်နိုင်ငံတွင် ငွေစုဘဏ်စုဆောင်းထားခဲ့သည်။ ရည်ရွယ်ချက်မှာ ဂျပန်နိုင်ငံတွင် ကျောင်းသားများကို ပညာသင်စေနိုင်ရေးအတွက် ဖြစ်သည်။ လက်တွေ့တွင်လည်း ဆရာတော်၏ညီမဖြစ်သူ မအိမ်စိုးကို ကျောင်းသားလေးတွေနှငှ်ု့် ကျောင်းပညာသင်ကြားစေလွှတ်နိုင်ခဲ့သည်။ ကျောင်းသားများကို ဆက်လက်သင်ကြားနိုင်ရန် ဘဏ်စုငွေဖြင့် ငွေပဒေသာစိုက်ထူခဲ့ခြင်းဖြစ်သည်။
ဆရာတော်ဦးဥတ္တမမှာ နေမကောင်းဖြစ်၍ လုံးပါးပါးနေချိန်မှာ ယင်းဘဏ်စုငွေများမှ ထုတ်သုံးလျင်လည်း ရသည်။ သို့သာ် ယင်းငွေများမှာ ပညာတောင်သင်များအတွက်သာဆိုကာ မထုတ်ယူခဲ့။ မသုံးစွဲခဲ့။ကိုယ်ကျိုးစွန့်နစ်နာခံခြင်းဆိုသည်မှာ ယင်းအချက်ကိုခေါ်ဆိုခြင်းဖြစ်သည်။ ယင်းသို့ငွေကြေးတပြားတချပ်မျ မရှိခဲ့ခြင်းလည်း နောက်ဆုံးပျံလွန်တော်မူခဲ့ရသည်ဟု ပြောနိုင်သည်။ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသောအခါ ဗိုလ်ချုပ်အောင်ဆန်းက လွပ်လွပ်ရေး၏ဗိသုကာကြီး ဆိုပြီး အသုဘအခန်းအနားတွင် ဂုဏ်ပြုမှတ်တမ်းတင်စကားပြောခဲ့သည်။
++++++++ ++++++++++ ++++++++++++ +++++++++++ +++++++++++++ +++++++++++
၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူခဲ့ပြီ။ ပျံလွန်ချိန်မှာ သက်တော်( ၆၀ ) ရှိပြီ။ အကယ်၍ကျမ်းကျမ်းမာမာနှင့် နေခဲ့ရလျင် လူ့သက်တမ်းစေ့နေနိုင်သည်။ သို့သော်ထောင်နှင့်နပမ်းလုံးနေခဲ့ရသော ဆရာတော်ဦးဥတ္တမမှာ မိမိကျမ်းမာရေးကို ဂရုမစိုက်အား။ နိုင်ငံရေးတရားဟောပြောယင်း တချိန်လုံးနယ်ချဲ့ကိုလိုနီဘ၀မှ လွပ်မြောက်လိုသောသူတဦးဖြစ်၍ ထာဝစဉ်လွပ်လွပ်ရေးအတွက်ကိုဘဲ တွေးတောနေခဲ့သည်။ နေမကောင်းကြားထဲက သတင်းစာများကိုသာ ဖတ်ပြီး သတင်းစာပုံတွင်သာ အိပ်စက်နေခဲ့သောဆရာတော်ဦးဥတ္တမမှာ ပျံလွန်တော်မူသည့်အချိန်ထိ အကြမ်းမဖက်သော လွပ်လွပ်ရေးဗိသုကာတဦးအဖြစ် နောက်ဆုံးထွက်သက်အထိ ရ့ပ်တည်ပြခဲ့သည်။ ဆရာတော်ကိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့မှာ ပန်းခြံတခုဖွင့်ပေးထားသည်။ ယင်းပန်းခြံမှာ ကြေးရုပ်ထုထားရှိသည်။
ဆရာတော်၏ကြေးရုပ်အနားတွင် တန်ဖိုးမဲ့ ရနံ့မဲ့စက္ကူပန်းပင်တွေစိုက်ထားသည်။ ကျွန်တော်သည် ထာဝရမညိုးနွမ်းသော စက္ကူပန်းပင်ကို အထူးနှစ်သက်သည်။ ရနံ့မရှိသော်လည်း တော်တော်နှင့် မကြွေ၊ တချို့ က အနီပွင့်။တချို့ က အဖြူပွင့်။ တချို့ က အ၀ါပွင့်တွေနှင့် အဆုပ်လိုက်ဖွင့်နေသည်ကိုမြင်ရသည်။ အကိုင်းမှာအစူးတွေရှိနေပေမင့် ခူးလိုက်လျင်လည်းမစူးမိချေ.။ စက္ကူပွင့်နှင့် အစူးမှာနဲနဲဝေးနေသည်။ အကြောင်းမှာ စက္ကူပန်းကို မည်သူမျှ တခုပ်တရ မခူးကြ။ ဆရာတော်ဦးဥတ္တမမှာ လွပ်လွပ်ရေးမျိုးစေ့ချပေးခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံလွပ်လွပ်ရေးရရှိသောအခါ လွပ်လွပ်ရေးအရသာကို မည်သူမျှ မခံစားရ။ စစ်တပ်အသိုင်းအ၀ိုင်းတွေသာ ခံစားစံစားနေကြသည်။ ဆရာတော်ဦးဥတ္တမမှာ အိန္ဒိယနိုင်ငံတွင် နေထိုင်ဖူးသောနိုင်ငံဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ လွပ်လွပ်ရေးနှင့် ဒီမိုကရေစီအနှစ်သာရကို သိနားလည်ခဲ့သူဖြစ်သည်။ ယခုအချိန်သာ အသက်ထင်ရှားရှိနေခဲ့ပါက သူမျှော်မှန်းခဲ့သော လွပ်လွပ်ရေးအနှစ်သာရသည် ဤကဲ့သို့မျိုး မဟုတ်ကြောင်း မုချပြောချင်ရှာမည်ထင်သည်။
ဆရာတော်ဦးဥတ္တမမျှော်မှန်းခဲ့သောလွပ်လွပ်ရေးမှာ မွေးရာပါအခွင့်အရေးကို အပြည့်အ၀ရရှိခံစားစေသော လွပ်လွပ်ရေးမျိုးဖြစ်သည်။ သို့သော်မျှော်မှန်းထားခဲ့သော လွပ်လွပ်ရေးကိုပြည်သူတို့ မခံစားကြရသောအခါ နောင်တချိန် နိုးထလာချင်လိမ့်မည်ထင်သည်။ ကျွန်တော်သည် ထာဝစဉ်စက္ကူပန်းပင်နားမှာ ထိုင်ဖြစ်နေတတ်သည်။ ရန်ကုန်မြို့ တွင် ယခုကန်တော်မင်ပန်းခြံသည် လွပ်လွပ်ရေးရပြီးကာလက ဆရာတော်ဦးဥတ္တမပန်းခြံအဖြစ် ဂုဏ်ပြုပြီး ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်နေ၀င်း၏တပည့် ဗိုလ်ချုပ်အောင်ကြီးအမိန့်ဖြင့် ဆိုင်းဘုတ်ကောကြေးရုပ်ပါ ပျောက်ပျက်သွားရသည်။ စစ်တွေမြို့ မှာတော့ လူသူကင်းမဲ့စွာဖြင့် ဆိတ်ငြိမ်စွာ ရှိနေသောပန်းခြံတခုအဖြစ် ယခုထက်ထိ ရှိနေသေးသည်။ ယင်းဆိတ်ငြိမ်ရာအရပ်မှာ စက္ကူပန်းပင်များက ပန်းခြံအတွင်းအစီအရီ စိုက်ပျိုးထားသည်။ ပန်းခြံအတွင်း ၀င်သွားပြီဆိုလျင် ညောင်ပင်ကြီးအနားတွင် ထိုင်ခုံရှိသည်။ မိုးရွာရွာ နေပူပူ ယင်းထိုင်ခုံပေါ်မှာကျွန်တော်တို့ စကားစမည်ပြောဖြစ်ကြသည်။ ကျွန်တော်အထူးအားကျသည်မှာ လက်ထဲတွင် သတင်းစာလိပ်ကို ကိုင်ထားသောဆရာတော်ဦးဥတ္တမ၏ ကြေးရုပ်ထုဖြစ်သည်။ ရုပ်ထု၏မျက်နှာမူရာ တည့်တည့်တွင် ကစ္ဆပနဒီမြစ်ရှိသည် ။ စိတ်ထဲတွင် အရောင်အဆင်းမဲ့နေသော ဆရာတော်ဦးဥတ္တမရုပ်ထုကဲ့သို့ သမိုင်းမှာမှတ်တမ်းဖြစ်စေချင်သော ပုဂ္ဂိုလ်မျိုး ဖြစ်ချင်သည်။ လူ့ဘ၀မှာအုဌ်ဂူတလုံးတော့ ရချင်သည်။ စားယင်းသောက်ယင်းနှင့် သေဆုံးသွားသော လူသားတဦးအဖြစ် ကျွန်တော့်ဘ၀ကို အဆုံးမသတ်လို။ လူသားကောင်းကျိုးပြုလုပ်ခဲ့သော လူတဦးအဖြစ် ကမ္ဗည်းမော်ကွန်းစာဖြင့် အထိုးခံချင်သည်။ လူသားတို့ကောင်းကျိုးကို ပြုလုပ်ချင်စိတ်တွေ ပေါ်လာသည်။ ဆရာတော်ဦးဥတ္တမကဲ့သို့ နိုင်ငံရေးသမားကြီးဖြစ်ချင်သည်။ အထူးသဖြင့် ရဟန်းသံင်္ဃာတော်များကို ပို၍ဖြစ်စေချင်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် မျိုးဆက်သစ်ဦးဥတ္တမတွေ များစွာပေါ်လာသည်။ အားရလိုက်ပါဘိ။ ယင်းပုဂ္ဂိုလ်တွေထဲမှာ စစ်စစ်ပေါက်ပေါက် ထူးချွန်သောဆရာဦးဥတ္တမလို ရဟန်းသံဃာတော်တွေကို ဖြစ်စေချင်သည်။
ကျွန်တော့်သွေးကြောထဲမှာ ထာဝရယင်းသို့သွေးများစီးဆင်းနေပါသည်။ စက္ကူပန်းရုံနားမှာထိုင်၍ ရှိခိုးခဲ့ဖူးပါပြီ။ သို့သော် ကျွန်တော်နှင့် ယခု ဝေးကွာခဲ့ပါပြီ။ မည်သည့်အချိန်တွင် စက္ကူပန်းရုံနားတွင် နောက်တခေါက် ထိုင်ခွင့်ရမည်ကို မတွေးတတ်တော့ပါ။ ရင်ထဲမှာစူးနင့်စွာ ခံစားရပါသည်။ မည်သို့ပင်ဖြစ်စေ ဆရာတော်ဦးဥတ္တမပေးသော နိုင်ငံရေးမျိုးစေ့အမွေကို ရရှိသွားရပြီမို့ သေပျာ်ပါပြီဟု ကျွန်တော်ပြောနိုင်ပါတော့သည်။ မည်သို့ပင်ဆိုစေ စက်တင်ဘာ ၉ ရက်နေ့တွင် ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုအောက်မေ့ဘွယ် အခန်းအနားတော့ ပြုလုပ်ရတော့မည်ဖြစ်သည်။
လောလောဆယ်မှာတော့ အဝေးမှနေပြီး လက်ဆယ်ဖြာ ထိပ်မှာမိုးကာ စက္ကူပန်းရုံနားက ဆရာတော်ဦးဥတ္တမအား ရှိခိုးဖူးမျှော်လိုက်နေမိပါသည်။

ခိုင်အောင်ကျော် (နယူးယောက် )

ကုလသမဂ္ဂ နဲ့ ဗမာစစ်အစိုးရ


ကုလသမဂ္ဂ နဲ့ ဗမာစစ်အစိုးရ

By ဦးအောင်ခင် & မညိုညိုလွင် စနေ, 04 စက်တင်ဘာ VOA

လွန်ခဲ့တဲ့ ၁၉၈၈ စက်တင်ဘာလမှာ ဆန္ဒပြနေတဲ့ ပြည်သူလူထုကို စစ်တပ်ထောင်ချီ သတ်ဖြတ်ခဲ့ပြီး စစ်အစိုးရ ဖွဲ့စည်းချိန်ကစပြီး ကုလသမဂ္ဂဟာ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတွေရေး၊ ဆုံးဖြတ်ချက်တွေ ချခဲ့တာဖြစ်လို့ အနှစ် (၂၀) ကျော်သွားပါပြီ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် စာဒါကို အိုဂါတာ (Sadako Ogata)၊ ယိုဇိုယိုကိုတာ (Yozo Yokota)၊ ရာခ်ျ စိုးမားလာလား (Rajsoomer Lallah)၊ ပင်ညဲရိုး (Paulo Sergio Pinheiro)၊ သောမတ်စ် ကင်းတာနား (Tomas Ojea Quintana) စတဲ့ ပုဂ္ဂိုလ် (၅) ဦးက ဆောင်ရွက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တွေဖြစ်ကြတဲ့ ဘူထရိုးစ် ဘူထရိုးစ် ဂလီ (Boutros Boutros-Ghali)၊ ကိုဖီ အာနန် (Kofi Annan) နဲ့ ဘန်ကီးမွန် (Ban Ki-moon) တို့ရဲ့  အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ အလ်ဗရို ဒီ စိုတို (Alvaro de Soto), ရာဇလီ အစ်မေးလ် (Razali Ismail), အီဘရဟမ် ဂမ်ဘရီ (Ibrahim Gambari) စတဲ့ ပညာရှင် (၃) ဦးက ကြားဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီ ပုဂ္ဂိုလ်တွေ တင်သွင်းတဲ့ အစီရင်ခံစာတွေအပေါ် အခြေပြုပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆုံးဖြတ်ချက်ချ တိုက်တွန်းခဲ့တာ ၁၉၉၁ ကနေ ၂၀၀၉ ခုနှစ်အထိ စုစုပေါင်း (၁၉) ကြိမ် ရှိနေပါပြီ။ ဒါပေမဲ့ ဗမာစစ်အစိုးရက လုံးဝ ဂရုမစိုက်ပါဘူး။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အလေးထားပြီး ဒီမိုကရေစီ ပြုပြင်ရေးလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ်ဆုံးဖြတ်ချက်ပြီး တောင်းဆိုနေတာ (၁၉) နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့  ဆုံးဖြတ်ချက်တွေဟာ မလိုက်နာရင် မဖြစ်တဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ ဗမာစစ်အစိုးရက လျစ်လျူရှုထားပါတယ်။ ဗမာစစ်အစိုးရဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကို အန္တရာယ်ပေးနေတဲ့လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရင်တော့ မြန်မာပြည်မှာ ဝင်ရောက်စွက်ဖက်နိုင်ပါတယ်။

ဗမာစစ်အစိုးရကို အန္တရာယ်အဖြစ် သတ်မှတ်ဖို့ အမေရိကန်ဦးဆောင်ပြီး လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့အဆိုကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ၂၀၀၇ နှစ်ဆန်းပိုင်းမှာ ပယ်ချလိုက်ပါတယ်။ သံဃာဦးဆောင်တဲ့ ပြည်သူ့ဆန္ဒပြပွဲကို သတ်ဖြတ်နှိပ်ကွပ်လာတော့မှ လုံခြုံရေးကောင်စီဟာ စစ်အစိုးရကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ၂၀၀၇ နိုဝင်ဘာလမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီ ကြေညာချက်တွေဟာ တိုက်တွန်းတဲ့ သဘောသာဖြစ်ပြီး မလိုက်နာရင် ဘာမှဖြစ်တာ မဟုတ်တဲ့အတွက် ဗမာစစ်အစိုးရက ဂရုမစိုက်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ အထွေထွေဆုံးဖြတ်ချက်တွေကိုသာ လုံခြုံရေးကောင်စီက ချမှတ်နိုင်တာ တွေ့ရပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တွေကလည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ကိုဖီ အာနန် က ၁၉၉၇ ဒီဇင်ဘာမှာ ဗိုလ်ချုပ်မှုးကြီးနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှာ တွေ့ဆုံခဲ့ပြီး၊ ဘန်ကီးမွန် က နေပြည်တော်မှာ (၂) ကြိမ် တွေ့ဆုံခဲ့ပါတယ်။ အလွန် စိတ်ပျက်စရာကောင်းတယ်လို့ သူတို့ ကိုယ်တိုင်ပြောရတဲ့ တွေ့ဆုံပွဲတွေ ဖြစ်ပါတယ်။ တကယ်တော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၊ လုံခြုံရေးကောင်စီ နဲ့ အထွေထွေညီလာခံကြီးကို ဗမာစစ်အစိုးရက ကဏ္ဍကောစ လုပ်နေတာ အနှစ် (၂၀) ရှိပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးနိုင်တဲ့ လုံခြုံရေးကောင်စီကတဆင့် အရေးမယူဘဲ အထွေထွေညီလာခံက အရေးယူဖို့ ဝိုင်းဝန်းတိုက်တွန်းနေကြပါတယ်။ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ချမှတ်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အထွေထွေအတွင်းရေးမှုးချုပ်ကို တိုက်တွန်းတဲ့နည်း ဖြစ်ပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ ကောက်မရှင်ဖွဲ့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဟားဗတ်တက္ကသိုလ် လူ့အခွင့်အရေးဌာနက တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂဟာ အနှစ် (၂၀) လုံးလုံး အရေးမယူနိုင်ခဲ့တဲ့အတွက် ဗမာစစ်အစိုးရဟာ တဖတ်သတ်ထင်သလို လုပ်နေတာလို့ သုံးသပ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံနဲ့ ဥပဒေကို နှစ်ပေါင်းများစွာ ဆန့်ကျင်တဲ့ အစိုးရကို အရေးယူဖို့ ပျက်ကွက်တာဟာ မကောင်းတဲ့အစဉ်အလာဖြစ်တယ်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ထုတ်ပြန်တဲ့ မြန်မာ့ရေးရာ စာရွက်စာတမ်းကို (၅) နိုင်ငံက တရားသူကြီးဟောင်း (၅) ဦးက လေ့လာပြီး ၂၀၀၉ မေလမှာ စာမျက်နှာတစ်ရာကျော် Crimes in Burma ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ပါတယ်။ မြန်မာပြည်မှာ ဗမာစစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးစုံအကြောင်း ကုလသမဂ္ဂက အသိဆုံး ဖြစ်ပါတယ်။ ဒီလောက်ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာတောင် ကုလသမဂ္ဂဟာ ဘာမှမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ လုံခြုံရေးကောင်စီက အရေးမယူနိုင်ရင် အထွေထွေညီလာခံက အရေးယူရပါလိမ့်မယ်။ လာမယ့် စက်တင်ဘာ (၁၄) ရက်နေ့မှာ ကျင်းပမယ့် ၆၅ ကြိမ်မြောက် အထွေထွေညီလာခံကြီးမှာ မြန်မာပြည်ဆိုင်ရာ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

ဗမာစစ်အစိုးရရဲ့  အကူအညီမရလည်း စုံစမ်းရေးကော်မရှင်ဟာ ဆောင်ရွက်နိုင်ပါတယ်။ ပြည်ပမှာရောက်နေတဲ့ မြန်မာပြည်သူပြည်သားတွေကို မေးမြန်းနိုင်ပါတယ်။ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဗမာစစ်တပ်ရဲ့  ရာဇဝတ်မှုတွေကို အသေးစိတ် မှတ်တမ်းတင်နိုင်ပါတယ်။ အနှစ် (၂၀) ကျော်မှာ ထုတ်ဝေထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာမျိုးစုံကိုလည်း လေ့လာနိုင်ပါတယ်။ နောက်ပြီးတော့ ဒီ ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူကို ထောက်ပြနိုင်ပါတယ်။ မြန်မာပြည်မှာ အနှစ် (၂၀) ကျော် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေရဲ့  တရားခံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က ထောက်ပြနိုင်မယ်ဆိုရင် ရာဇဝတ်ဘေး ပြေးမလွတ် ဆိုတာကို ပြသရာ ရောက်ပါတယ်။

4 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/2a1n6r46yl8129e/4%20September%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/6qfpl4laumbdl2f/4%20September%202010%20yeyintnge%27s%20Diary.pdf
4 September 2010 Yeyintnge's Diary

SYCB monthly Bulletin for August(Vol-4, Issue-43)

http://www.mediafire.com/file/t9dki0yovf98wck/SYCB%20monthly%20Bulletin%20for%20August%28Vol-4%2C%20Issue-43%29.pdf
SYCB Monthly Bulletin for August(Vol-4, Issue-43)

Statement of 9th NCUB Congress

Statement of 9th NCUB Congress Press Release of 9th NCUB Congress

၂ဝ၁ဝဒူးထောက်ပွဲ

http://www.mediafire.com/file/8vu8z7r378nap33/100904_bty_bur_ndf_candidate.pdf
http://burmatoday.net/news2005/2010/201009/100903_bty_bur_ndf_candidate.swf
100904 Bty Bur Ndf Candidate

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ကုလ စုံစမ်းစစ်ဆေးရေး ကော်မရှင် ကိစ္စ တောင်းဆို

http://burmatoday.net/news2005/2010/201009/100904_bty_ai_.swf
http://www.mediafire.com/file/v1im68ziz5rr972/100904_bty_ai.pdf100904_bty_ai

ကုလ စုံစမ်းကော်မရှင်ဖွဲ့ရေး အမေရိကန်ဦးဆောင်ဖို့ AI တိုက်တွန်း
ကိုသားညွှန့်ဦး သောကြာ, 03 စက်တင်ဘာ 2010

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ရေးကိစ္စကို အမေရိကန်ပြည်ထောင်စုက
ဦးစီး ဦးဆောင်ပြုလုပ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ဘယ်လို နည်းနဲ့ ဆောင်ရွက်မယ်ဆိုတာ အဆုံးအဖြတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ (Amnesty International) က တိုက်တွန်းနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုတွေ ရှိမရှိ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် အရေးတကြီး ဖွဲ့စည်းရေး မကြာခင် ကျင်းပတော့မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ ဆုံးဖြတ်ပေးဖို့ လန်ဒန်အခြေစိုက်
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က တောင်းဆိုလိုက်တာပါ။ စုံစမ်းစစ်ဆေးတဲ့နေရာမှာ အစိုးရလုံခြုံရေး တပ်တွေက အရပ်သား လူထုအပေါ်မှာ စံနစ်တကျ ညှင်းပမ်း သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို အလေးပေး စုံစမ်းဖို့ AI အဖွဲ့က တိုက်တွန်းပါတယ်။ အထူးသဖြင့်ဆိုရင်တော့ ရခိုင်ပြည်နယ်အတွင်း မူစလင်တွေ၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက တိုင်းရင်းသား လူမျိုးတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းဖို့လိုတယ်လို့ ထောက်ပြပါတယ်။

ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းမှာ လက်နက်ကိုင် အုပ်စုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ နိုင်ငံတကာ
လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုရှိမရှိ စုံစမ်းဖို့လိုတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအားဖြင့်တော့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး ကိစ္စကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ သြစတေးလျ၊ ချက်သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယား နိုင်ငံတို့က ထောက်ခံထားကြပါတယ်။ ဥရောပနိုင်ငံအချို့လည်း မကြာခင် ပူးပေါင်း ပါဝင်လာကြလိမ့်မယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ဒီကိစ္စ အမြန်ဆုံး အကောင်အထည် ပေါ်လာဖို့ရာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဦးစီး ဦးဆောင်လုပ်ဖို့ လိုမယ်လို့ AI အဖွဲ့ရဲ့ ၀ါရှင်တန်ရုံး ဒါရိုက်တာ T. Kumar က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေးကိစ္စကို အမေရိကန်ပြည်ထောင်စုက ဦးစီး ဦးဆောင်လုပ်ပြီး ဆောင်ရွက်ဖို့ ကျနော်တို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။”

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက် ကောင်းမွန်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံ အများစုက မကြာမကြာ အဆိုတင်သွင်းတာတွေ ရှိပေမဲ့ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ တရုတ်၊ ရုရှား စတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ တတိယ နိုင်ငံအချို့က ဒီအဆိုတွေကို ကန့်ကွက်ပယ်ချတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတခေါက်မှာရော မြန်မာလူ့အခွင့်အရေးကိစ္စ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ဖြစ်နိုင်ပါ့မလား တွေးစရာပါ။ မစ္စတာ T.Kumar ကတော့ ဖြစ်နိုင်ချေလမ်းတွေ ရှိတယ်လို့ ယူဆပါတယ်။

“ဒါတွေက လုံခြုံရေးကောင်စီအတွင်းမှာ ဖြစ်ခဲ့တာပါ။ အခု နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို အခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်လို့ရပါတယ်။ အထွေထွေ ညီလာခံကြီးကတဆင့် ဆောင်ရွက်လို့ရတဲ့နည်း ရှိသလို လူ့အခွင့်အရေး ကောင်စီကတဆင့်
ဆုံးဖြတ်လို့ရတဲ့ နည်းလည်း ရှိပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆုံးဖြတ်ရမှာပါ။”

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေရှိမရှိ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ကိစ္စကို ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တာနား က အခုနှစ်ဆန်း မတ်လ လူ့အခွင့်အရေး ကောင်စီကို အဆိုပြု တင်ပြပြီးကတည်းက ဒီကိစ္စက အတော်လေး ကျယ်ပြန့်လာပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရော နိုင်ငံကြီးအချို့ ကပါ ထောက်ခံလာကြပေမဲ့လို့ အဆုံးအဖြတ် ပေးပါလို့ တိုက်တွန်းခံနေရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဆီကတော့ တုံ့ပြန်သံ ဘာမှ မကြားရသေးပါဘူး။

၂၀၀၈ ခုနှစ် AI အစီရင်ခံစာထဲမှာတော့ ၂၀၀၅ ခုနှစ်ကတည်းက ကရင်ပြည်နယ် မြောက်ပိုင်း ပဲခူးတိုင်း အရှေ့ဖက်ခြမ်းတွေက အရပ်သား ပြည်သူလူထုအပေါ် စံနစ်တကျ လူ့အခွင့်အရေးချိုးဖောက်တွေကို မှတ်တမ်းပြုထားပြီး မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းဒေသမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရှိတယ်လို့ အစီရင်ခံခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက် ၁၉ ခု ရှိထားပေမဲ့ မြန်မာအစိုးရဟာ ဒီအကြံပြုချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတယ် ဆိုတာကို AI အဖွဲ့ကြီးက ထောက်ပြထားပါတယ်။