Wednesday, September 8, 2010

Irrawaddy-E-Journal v2n17

8 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/8y7kix3e0qm7u25/8%20September%202010%20yeyintnge%27s%20Diary.pdf

http://www.mediafire.com/file/9hkllw7mjj7v5rt/8%20September%202010%20yeyintnge%27s%20Diary.doc

8 September 2010 Yeyintnge's Diary

ပဲခူးမြို့  ကျောင်းသားနှစ်ဦး၏ ဈာပန ဗွီဒီယို မှတ်တမ်း

လိမ်ညာဦးမယ့် ဒုတိယ ရွေးကောက်ပွဲ …


လိမ်ညာဦးမယ့် ဒုတိယ ရွေးကောက်ပွဲ … (ဆွေးနွေးခန်း)

မောင်သြ

စက်တင်ဘာ ၈၊ ၂၀၁၀

ဘကြီးမိုးထံ မရောက်တာကြာပြီဖြစ်၍ နံနက်တိုင်း လမ်းလျှောက်ရာမှ စကားပြောရန် ဝင်ရောက်ခဲ့သည်။ အဆင်သင့်ပင် ခြံထဲတွင် ထိုင်နေသော ဘကြီးမိုးကို တွေ့လိုက်ရသည်။

ဘကြီးမိုး။ ။ လာဟေ့ … မောင်စိုး မင်းလည်း မလာတာ ကြာပြီ အတော်ပဲ၊ ၂၉.၇.၁၀ နေ့က ထုတ်တဲ့ နအဖ သတင်းစာက ကျော်မြင့်နိုင်ဆိုတဲ့ လိပ်ဖားရှင်တဦးရဲ့ဆောင်းပါး ဖတ်ပြီးရောပေါ့ကွာ။ ဆွေးနွေးကြရအောင် …။

မောင်စိုး။ ။ အား … ဘကြီးမိုးပြောတဲ့ ဆောင်းပါးကို မဆွေးနွေးမီ လိပ်ဖား ဆိုတဲ့အဓိပ္ပာယ်ကို ရှင်းစမ်းပါဦး ဘကြီးမိုးရဲ့။


ဘကြီးမိုး။ ။ မင်းလည်း ဒုန်းဝေးသကိုးကွဲ့။ လိပ်ဖားဆိုတာ ခြောက်ကောင် ဂျင်ဝိုင်းက လိပ်နဲ့ဖား မဟုတ်ဘူး။ ကိုယ့်ဘက် ကိုယ်ယက်တဲ့လိပ်၊ အာဏာရှင်ကို ဖားတဲ့ ဖား ကွ … ဟဲ … ဟဲ သိပြီလား၊ ဒီကောင်တွေက နအဖဆီက အခွင့်အရေးယူပြီး ဖော်လံဖား လန်ကြုတ်ဆောင်းပါးတွေ ရေးနေတာ ကြာပြီ။

မောင်စိုး။ ။ ရှင်းပါပြီဗျာ … ဒါနဲ့ စကားမစပ် ဘာကိစ္စ ဆွေးနွေးမှာတုန်း ဘကြီးမိုး။

ဘကြီးမိုး။ ။ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ဦးဆောင်ရေး ဆိုတဲ့ အချက်ကို မင်း ဘယ်လိုမြင်သလဲ …။

မောင်စိုး။ ။ ကျွန်တော်နားလည်တာက ဒီမိုကရေစီစစ်စစ် နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုရင်တော့ ပြည်သူက ရွေးတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်ပေါ့ ဘကြီးမိုးရာ၊ အဓိက ပြည်သူ့ ကိုယ်စားလှယ်များကသာ ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်ဦးဆောင်ရမယ်၊ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်သူ့ ခေါင်းဆောင်များက ဦးဆောင်ပါဝင်မှ ပြည်သူက ဆင်းသက်တဲ့ ပြည်သူ့အစိုးရ ဒီမိုကရေစီကျမှာပေါ့၊ တပ်မတော်ကတော့ ဒုတိယ အဆင့်ပေါ့ဗျာ၊ အာဏာရှင် တပ်မတော်ကသာ ဦးဆောင်မှုအခန်းက ပါဝင်နေရင်တော့ မျောက်ကား အထက် ဘုရားက အောက် ဖြစ်နေမှာပေါ့။

ဘကြီးမိုး။ ။ အေး … မင်းအယူအဆတွေ တိုးတက်လာပြီပဲ … ဟဲ ဟဲ ကြိုးစား ကြိုးစား၊ ငါလည်း အဲဒါပြောချင်တာ ကွ။ စစ်သည်အင်အား ၄၊ ၅ သိန်းလောက်ရှိတဲ့ တပ်မတော်အဖွဲ့အစည်းလေးက ကိုယ်စားလှယ်တွေထက် သန်း ၅၀ ကျော် ရှိတဲ့ ပြည်သူတွေထဲက ကိုယ်စားလှယ်တွေက ပညာတတ်၊ ပညာရှင်တွေ ဂုဏ်သိက္ခာရှိတဲ့သူတွေ၊ နိုင်ငံရေးအမြင်မှာ ထက်ထက်မြက်မြက် ရှိသူတွေက ပိုပြီး ဦးဆောင်နိုင်စွမ်းရှိကြမှာပေါ့။

တပ်မတော်ကို မပါရဘူးလို့တော့ မဆိုလိုပါဘူး။ တိုင်းပြည်ရှိရင် တပ်မတော်ဆိုတာ ရှိမှာပဲ။ ဒူးနေရာဒူး တော်နေရာ တော် သူ့နေရာနဲ့သူတော့ ရှိရမှာပေါ့။

မောင်စိုး။ ။ ကျွန်တော် လက်ခံပါတယ်။ ပြီးတော့ လွှတ်တော်တိုင်းမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ ၂၀၁၈ ခုနှစ် အခြေခံဥပဒေကြီးကိုက ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင် သက်ဇိုးရှည်ရေးနဲ့ ရာသက်ပန် စစ်အုပ်ချုပ်ရေးကို ဇောင်းပေးနေသလို ဖြစ်နေတယ်။

ဘကြီးမိုး။ ။ အေး … မင်းသဘောထားကို ပြောကြည့်စမ်းပါဦး။

မောင်စိုး။ ။ ကျွန်တော်တို့ တိုင်းပြည်ကို နှစ်ပေါင်း ၅၀ နီးပါး၊ ၁၉၆၂ ခုနှစ်ကပဲ ဆိုပါတော့ဗျာ စစ်တပ်က အာဏာ လက်ကိုင်ပြီး အုပ်ချုပ်ခဲ့တာ ပထမ ၁၉၆၂ မှ ၁၉၈၈ ထိ ၂၆ နှစ်တိုင်တိုင် တပ်မတော်အစိုးရ။ နောက် တပ်မတော်မှ ဘောင်းဘီချွတ် မဆလ (ဦးနေဝင်း အစိုးရ)၊ နောက် ၁၉၈၈ စက်တင်ဘာလမှာလည်း (နဝတ) တပ်မတော်အစိုးရ အာဏာသိမ်း။ နောက် နအဖ တပ်မတော် ..။ ဒီမှာလည်း နအဖက ဘောင်းဘီချွတ် ကြံ့ဖွတ် ဝန်ကြီးချုပ် ဦးသိန်းစိန် အစိုးရအဖွဲ့။ ဦးသိန်းစိန်ဆိုတာကလည်း အသစ်ကျပ်ချွတ် ဘောင်းဘီချွတ် ဗိုလ်ချုပ်ကြီး လတ်လတ်ဆတ်ဆတ်နဲ့ ကြံ့ဖွတ် ဥက္ကဋ္ဌ ယူထားသူ၊ တပ်မတော်က ကျောထောက်နောက်ခံ ကြိုးဆွဲပြီး ဒီမိုကရေစီအင်အားစု အင်အယ်လ်ဒီအဖွဲ့နှင့် ၈၈ ကျောင်းသားအဖွဲ့အစည်းတွေကို နှိပ်ကွပ်ဖြိုခွင်းဖို့ ကျောသပ် လက်သပ် မွေးထားတဲ့ မင်းမဲ့စရိုက်နဲ့ လူသတ်သမားအသင်း၊ ဒါတင်မက ဘုရားသားတော် ရဟန်းသံဃာတော်များကိုပါ ရိုက်နှက်သတ်ဖြတ် ဖမ်းဆီထောင်ချခဲ့လို့ ပဉ္စ နန္တရိယ ကံထိုက်သူအဖြစ် ပြည်သူတွေက စက်ဆုပ်ရွံ့ရှာ မုန်းတီးနေသူ အာဏာလက်ကိုင်နဲ့ ကြံ့ဖွတ်ပါတီအတွက် စည်းရုံးနေသူ။

ဘကြီးမိုး။ ။ အေး … အေး မင်း ဆိုချင်တာက အခုလည်း တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်းကြီးတွေကို ဘောင်းဘီချွတ် အရပ်ဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်။ နိုင်လည်းနိုင်၊ ရှုံးလည်းနိုင် ဆိုပြီး ပြည်သူကို မျက်လှည့်ပြဦးမယ် ဆိုတဲ့ သဘောပေါ့။

မောင်စိုး။ ။ မျက်လှည့်ပြရုံတင် ဘယ်ဟုတ်မလဲ၊ ဉာဏ်နီဉာဏ်နက်တွေနဲ့ ကလိန်ကျဦးမယ်၊ ကြည့်လေ … လွှတ်တော်ထဲမှာ ဘောင်းဘီဝတ်တပ်မတော်က ၂၅ ရာခိုင်နှုန်း အသေယူထားတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ ဘောင်းဘီချွတ် တပ်မတော် (ကြံ့ဖွတ်ပါတီ) က အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် (နိုင်လည်းနိုင်၊ ရှုံးလည်းနိုင်) ယူထားဦးမယ်။

တပ်မတော်က ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွတ်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်း (အတုအယောင်) တွေရဲ့ ကိုယ်စားလှယ်တွေ၊ အခြား လက်သပ်မွေးထားတဲ့ တပည့်တပန်း အဖွဲ့တွေနဲ့ ပေါင်းလိုက်ရင် တပ်မတော် ဦးဆောင်မှု လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှာ ၈၀ ရာခိုင်နှုန်းလောက် ယူထားမှာ သေချာတယ်။ အတိုက်အခံအရပ်သား စစ်စစ်က ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်လိမ့်မယ်၊ ဒါက ကျွန်တော့်အမြင်ပါ။

ဘကြီးမိုး။ ။ မင်းအမြင်အရ တွက်ချက်ပုံအရဆိုရင် လွှတ်တော်ထဲမှာ တပ်မတော်နဲ့ ကြံ့ဖွတ်တွေပဲ လွှမ်းမိုးနေတယ်။ တပ်မတော် စစ်အုပ်ချုပ်ရေး သက်ဇိုးရှည်ဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကြီးကိုလည်း ထိလို့မရ၊ ပြင်လို့မရ ဖြစ်နေမယ်။ အခြား ကျန်တဲ့အရပ်သား ပါတီကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲမှာ ပြောသာပြော မောရုံပဲ အဖတ်တင်မယ်။

ပြီးတော့ ရွေးကောက်ပွဲမကျင်းပမီကလည်း တပ်တော်နဲ့ ကြံ့ဖွတ်ပဲ။ ရွေးကောက်ပွဲပြီးတော့လည်း ကြံ့ဖွတ်နှင့်တပ်မတော်ပဲ အုပ်ချုပ်သွားမှာ ဆိုတော့ ငါ ထပ်ဖြည့်ပြောလိုက်မယ်၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်နှင့် ကြံ့ဖွတ်များ ပါဝင်ရေးလို့ ပြောရင် မှားမလား။

မောင်စိုး။ ။ ဘယ်မှားပါ့မလဲ ဘကြီးမိုးရေ … ဒါကြောင့် လွတ်လပ်ပြီး တရားမျှမှုမရှိတဲ့ ရွေးကောက်ပွဲရလာဒ်ကို အမြင်ရှင်းရှင်နဲ့ တိတိကျကျ ကြိုသိနိုင်မယ့် ပါတီခေါင်းဆောင်တွေဟာ ညီညီညွတ်ညွတ်နဲ့ အင်အယ်လ်ဒီရဲ့ သပိတ်မှောက်ရေးလမ်းစဉ်ကို လိုက်နိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီးဟာ စစ်အာဏာရှင် စစ်ကျွန်လက်အောက်ဘဝက လွတ်မြောက်နိုင်မှာ သေချာပါတယ်။

ဘကြီးမိုး။ ။ အေး … ငါကတော့ ဆရာရွှေတိုင်ညွန့်ရေးတဲ့ ဇာတိမာန်သီချင်းထဲက စာသားလေးကိုပဲ ကောက်နုတ်ပြောလိုက်ချင်တယ်ဟေ့ …

“အောက်ကျမခံဘူးဟေ့ အမျိုးသားတို့ရေ

အောက်ကျမခံဘူးဟေ့ အမျိုးသမီးတို့ရေ

မြန်မာပေါင်း အကြောင်းသိ၊ အာဇာနည်တွေ၊ ရွှေမှန်ကင်းအချင်းတို့ရေ အာဇာနည်တွေ၊ တိုင်းပြည်လုံးပဲ နယ်လုံးပဲ ညီညွတ်ကြစေ …”


သရုပ်ဖော် – အောင်ထက်
http://moemaka.com/index.php?option=com_content&task=view&id=7110&Itemid=1

ဘယ်ဝတ်စုံပေးဝတ်ရမှန်းမဆုံးဖြတ်နိုင်လေတော့..


ဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦးတို့ တရုတ်ပြည် သွားပြီ
ဓာတ်ပုံသတင်း
စက်တင်ဘာ ၈၊ ၂၀၁၀  ယနေ့ထုတ် ကြေးမုံသတင်းစာ ဗိုလ်ချုပ်မှူးကြီး၏ ပြည်ပ ခရီးစဉ် သတင်းတွင် မကြာမီက ဗိုလ်ချုပ်ကြီးရာထူးများ အဖြုတ်ခံရသည်ဟု လူပြောများနေသူ ၂ ဦးကို စစ်ရာထူးဖြင့်မဟုတ်ဘဲ တွေ့ရသည်။ သူတို့ ၂ ဦးမှာ ခရီးစဉ်တွင် လိုက်ပါသွားသည့် ဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦးတို့ ဖြစ်သည်။ မြန်မာပြည်တွင် ထိပ်တန်း စစ်ဘက်ရာထူး အပြောင်းအလဲ သတင်းကို စစ်အစိုးရက အထူး လျှို့ဝှက်ထားရာ သိလိုသူများက သတင်းစာ နေ့စဉ် စောင့်ဖတ်ပြီး အဖြေရှာကြရသည်။
သတင်းဓာတ်ပုံများတွင် ထို ဗိုလ်ချုပ်ကြီးဟောင်း ၂ ဦးကို မတွေ့ရဘဲ ဗိုလ်ချုပ်မှူးကြီးနှင့် သူ၏ သားသမီးမြေးများကိုသာ တွေ့ရသည်။
(photo-getty images)
http://moemaka.com/index.php?option=com_content&task=view&id=7115&Itemid=1

အိမ်ဖြည့်


နအဖရဲ့ အာဏာတရားဝင်တည်မြဲဘို့အတွက် အိမ်ဖြည့်ပေးတဲ့ ပါတီတွေ ပြောပြောနေတဲ့လက်တွေ့ကျတဲ့နိုင်ငံရေးဆိုတာကိုတကယ်လက်တွေ့က ဘာလဲဆိုတာ ပဲခုးကိစ္စက သက်သေပြလိုက်ပါပြီ။လက်တွေ့ကျတဲ့နိုင်ငံရေးဆိုတာ အိမ်ဖြည့်ပါတီတွေပြောပြောနေတဲ့စစ်အာဏာရှင်တွေ ကန့်သတ်ထားတဲ့ ဘောင်ကျဉ်းကျဉ်းလေးထဲကလုပ်လို့ရသလောက်လေးလုပ်ပေးသလောက်အခွင့်အရေးလေး ယူတာမျိုးမဟုတ်ပါဘူး။စစ်အာဏာရူးတွေ တိုင်းပြည်ကို ရေရှည်တရားဝင်အုပ်စိုးထားလို့မရအောင်လုပ်တာစစ်အာဏာရှင်တွေ တိုင်းပြည်ကို ထင်တိုင်းကြဲနိုင်အောင်လုပ်ထားတဲ့ ဥပဒေကို တရားမဝင်အောင်ဆန့်ကျင်တာအဲဒါတွေကသာ လက်ရှိမြန်မာပြည်ရဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးပါ။တိုင်းပြည်အတွက်ဘယ်သူ့စေခိုင်းချက်မှမပါဘဲ ကိုယ်ကျိုးစွန့်လုပ်ကြတာမှာနိုင်မယ်ဆိုတာသေချာသိလို့ လုပ်ကြရတာ မဟုတ်ပါဘူး။.လုပ်သင့်လုပ်ထိုက်လို့လုပ်ကြရတာပါ။မနိုင် နိုင်တော့လို့ မလုပ်နိုင်တော့ဘူးဆိုရင်လည်းအနားယူလိုက်တာကောင်းပါတယ်။ သူတို့ခင်းထားတဲ့ လမ်းကြောင်းထဲဝင်ပြီးအားပေးအားမြှောက် ထောက်ခံတာမျိုးဟာ
တကယ်တော့ တိုင်းပြည်အတွက် လက်တွေ့မကျဘဲ စစ်အာဏာရှင်တွေ အာဏာတရားဝင်ရေရှည်တည်မြဲဘို့သာ လက်တွေ့ကျတာပါ။အိမ်ဖြည့်ပါတီတွေ နားလည်ထားစေချင်တာကခင်ဗျားတို့ရနေတဲ့ ပါတီဖွဲ့စည်းခွင့်ဆိုတာတောင် လုပ်သင့်တာကိုတွေကို လုပ်သင့်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်ခဲ့သူတွေ(ခင်ဗျားတို့အထဲက အချို့လည်းပါ ပါတယ်) ကြောင့်ဆိုတာ မေ့မပစ်ဘို့ပါ။ခုချိန်မှာတော့ အချိန်မနှောင်းသေးပါ။ နအဖရဲ့ လမ်းပြမြေပုံထဲမှာ လုံးဝပါဝင် ပတ်သက်ခြင်းမပြုဘဲလက်တွေ့ကျတဲ့နိုင်ငံရေးကို လုပ်ဆောင်နိုင်ပါသေးတယ်။ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးပလက်ဖောင်း၊အဖွဲ့ပလက်ဖောင်း၊ အုပ်စုပလက်ဖောင်း ဆိုတာကို မကြည့်ဘဲနဲ့ ပြည်သူနဲ့အတူဒေါ်အောင်ဆန်းစုကြည်နဲ့အတူ၊ အန်အယ်လ်ဒီနဲ့အတူတညီတညာတည်း ဝိုင်းဝန်းလုပ်ဆောင်နိုင်ကြပါရင် အကောင်းဆုံးပဲဆိုတာ အိမ်ဖြည့်ပါတီင်္တွေကို ကျနော်တို့ တိုက်တွန်းကြပါစို့။

မိုးကောင်း

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်


ဦးအောင်ခင် / ၀၈ စက်တင်ဘာ ၂၀၁၀


ကမ္ဘာ့ကုလသမဂ္ဂရဲ့ (၆၅) ကြိမ်မြောက် အထွေထွေညီလာခံကို စက်တင်ဘာလ (၁၄) ရက်နေ့ ညနေ (၃) နာရီမှာ စတင်ကျင်းပမယ်။ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ညီလာခံကြီးကိုတော့ အစီအစဉ်တွေက အများကြီးပေါ့။ အစီအစဉ်ပေါင်း (၁၆၅) ခုကို ဖော်ပြထားတာမို့ (၁၉၈) မျက်နှာရှိတယ်။ အစီအစဉ်အမှတ် (၆၉) က လူ့အခွင့်အရေး မြှင့်တင်ရေးဖြစ်ပြီး စာမျက်နှာ (၁၂၂) မှာ မြန်မာ့အခြေအနေကို ဖော်ပြတယ်။ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကစပြီး ဂျနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာကို အထွေထွေညီလာခံ တတိယကော်မတီ စုံညီစည်းဝေးမှာ ဆွေးနွေးပြီး အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ချက် ချလာတာ ဒီနှစ်ပါနဲ့ဆိုရင် အနှစ် (၂၀) အကြိမ် (၂၀) ရှိသွားပြီလေ။ လူ့အခွင့်အရေးမှန်သမျှကို အကြိမ်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ချိုးဖျက်နေတဲ့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂမှာ အရေးယူနိုင်စွမ်းမရှိကြောင်း ပြနေတာဖြစ်တယ်။

အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း နေပြည်တော်ကို (၂) ကြိမ်သွားတာတောင် အကျိုးသက်ရောက်မှုဆိုလို့ ပြစရာတခုမှ မရှိဘူး။ အထွေထွေအတွင်းရေးမှူးချုပ်နေရာကို ဘန်ကီမွန်းရရင် တိုင်းပြည်ဂုဏ်ရှိတဲ့အတွက် တောင်ကိုရီးယားအစိုးရက ဒေါ်လာသန်းပေါင်း ရာချီပြီး ကုလသမဂ္ဂ ရန်ပုံငွေ ထည့်ခဲ့တယ်ဆိုတာ မှန်နေပြီ။ ရာထူးလိုချင်ဇောနဲ့ သူ့အတ္ထုပ္ပတ္တိမှာ အင်္ဂလိပ်နဲ့ ပြင်သစ်စကား ကျွမ်းတယ်လို့ ရေးထားလို့ သတင်းထောက်အချို့က ပြင်သစ်လိုမေးတော့ အထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတယ်တဲ့။ အဲဒီတော့ ပြင်သစ်ဘာသာစကားကို အဆက်မပြတ် လေ့လာနေပါတယ်လို့ ဘန်ကီမွန်းက ပြောတယ်တဲ့။ မြန်မာ့အရေးမှာလည်း ဒါမျိုးဖြစ်နေသလား မသိဘူး။ ဘန်ကီမွန်းရောက်ပြီး တနှစ်အတွင်း ကုလသမဂ္ဂမှာ တောင်ကိုရီးယား အမှုထမ်းဦးရေ (၂၀) ရာခိုင်နှုန်း တိုးလာတယ်ဆိုပဲ။ တောင်ကိုရီးယား အကျိုးစီးပွားကို ထိခိုက်မှာ အလွန်စိုးရိမ်သူ ဖြစ်တယ်လို့လည်း ပြောကြတယ်။

မြန်မာနဲ့သီရိလင်္ကာက လူ့အခွင့်အရေးချိုးဖောက်မှုကို အရေးမယူနိုင်တဲ့ ဘန်ကီမွန်းကို လူကြောက်ကြီးဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ နော်ဝေးအမျိုးသမီးသံတမန် Mona Juul ရဲ့ မှတ်တမ်းမှာ ရေးထားတာလည်း ရှိတယ်။ ဘန်ကီမွန်းကို ကုလသမဂ္ဂ၀န်ထမ်းတွေကတောင် အယုံအကြည်မရှိတော့ဘူးလို့ ဆိုတယ်။ Mona Juul ရဲ့ အကဲဖြတ်ချက်ကို ကုလသမဂ္ဂသံတမန်၊ အမှုထမ်းနဲ့ လူ့အခွင့်အရေးအဖွဲ့က ပုဂ္ဂိုလ်တွေကလည်း သဘောတူတယ်လို့ လွန်ခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့ထုတ် ForeignPolicy.com မဂ္ဂဇင်းမှာ ပင်တိုင်ဆောင်းပါးရှင် James Traub က ဝေဖန်ထားတယ်။ ကုလသမဂ္ဂ၀န်ထမ်း Sweden အမျိုးသမီးသံတမန် Inga-Britt Ahlenius ကလည်း ဘန်ကီမွန်းလိုလူမျိုးကြောင့် ကုလသမဂ္ဂသိက္ခာကျဖို့သာ ရှိတယ်လို့ ဆိုတယ်။ ကုလသမဂ္ဂကို အနှစ် (၂၀) ကျော် ကဏ္ဍကောစလုပ်လာတဲ့ တောသားလူမိုက် နအဖအုပ်စုကို အရေးမယူနိုင်တာဟာလည်း ဘန်ကီမွန်းရဲ့ ညံ့ဖျင်းမှုလို့ ပြောရပါလိမ့်မယ်။ ၂၀၁၁ ဒီဇင်ဘာမှာ ဘန်ကီမွန်းရဲ့ ပထမ (၅) နှစ်သက်တမ်း ကုန်ဆုံးမယ်။ သူက နောက်ထပ် (၅) နှစ်လုပ်ချင်သေးတယ်။ ပြင်သစ်စကားဆက်ပြီး လေ့လာချင်လို့လား မသိဘူး။

ဒီနေရာမှာ အမေရိကန်ဟာ အရေးပါနေတယ်။ အမေရိကန်အစိုးရ သဘောကျအောင် လုပ်ပေးနိုင်ရင်တော့ နောက်ထပ် သက်တမ်း (၅) နှစ် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် နေရမယ့်သဘောရှိတယ်။ ဒီအတောအတွင်း ကျွဲပါးစောင်းတီးလမ်းစဉ်ချပြီး မြန်မာစစ်အစိုးရနဲ့ဆက်ဆံတဲ့ အမေရိကန် အိုဘားမားအစိုးရဟာ အရပ်သားအပေါ် မြန်မာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေကို ကုလသမဂ္ဂကော်မရှင်က စုံစမ်းအရေးယူဖို့ သဘောတူတယ်ဆိုတဲ့ သတင်း လွန်ခဲ့တဲ့ သြဂုတ်လက ထွက်လာတယ်။ အမေရိကန် နိုင်ငံရေးပါတီကြီး (၂) ခုဖြစ်တဲ့ Republican နဲ့ Democrat ဆီးနိတ်လွှတ်တော်အမတ် (၃၃) ဦးကလည်း မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကော်မရှင်ဖွဲ့သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ဆီကို ဇူလိုင်လက စာရေးတိုက်တွန်းထားတယ်။

၂၀၀၉ ခု မတ်လ (၅) ရက်နေ့စွဲနဲ့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ တောမတ်စ်ကင်တားနားရဲ့ စာမျက်နှာ (၃၀) အစီရင်ခံစာမှာလည်း ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အကြံပေးထားတယ်။ မြန်မာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားတဲ့ ရာဇ၀တ်မှု (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးမှာ စစ်ဆေးနိုင်တဲ့ စစ်အမှုတွေလည်း ဖြစ်နိုင်ကြောင်း၊ ဒီပြစ်မှုတွေကို စုံစမ်းစစ်ဆေးအရေးယူဖို့ မြန်မာအစိုးရမှာ တာဝန်ရှိပေမယ့် တာဝန်ပျက်ကွက်တာ ထင်ရှားကြောင်း၊ ဒါကြောင့် ကုလသမဂ္ဂဟာ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းနိုင်ကြောင်း၊ ကင်တားနားအစီရင်ခံစာမှာ ဖော်ပြတယ်။ လက်ရှိအစိုးရနဲ့ ရွေးကောက်ပွဲ ကျင်းပပြီးဖွဲ့စည်းမယ့် အစိုးရသစ်ဟာ တာဝန်အရှိဆုံးလို့လည်း ဖော်ပြထားတယ်။

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တဲ့ ရာဇ၀တ်မှုမျိုးစုံကို စစ်ဆေးဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ၊ အင်္ဂလန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ Amnesty International နဲ့ ဟားဗတ်တက္ကသိုလ် ဥပဒေမဟာဌာနကလည်း ကုလသမဂ္ဂကို တိုက်တွန်းနေတာ ကြာပါပြီ။ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းနိုင်တဲ့ ကုလသမဂ္ဂဌာနတွေဟာ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ဂျနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီတို့ဖြစ်ကြသည်။ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုပ်နိုင်တယ်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အလေးထားပြီး ဒီမိုကရေစီပြုပြင်ရေးလုပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ်ဆုံးဖြတ်ချက်ချပြီး တောင်းဆိုနေတာ (၁၉) နှစ်ရှိပြီ။ ဒါပေမယ့် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ မလိုက်နာရင် မဖြစ်တဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ မြန်မာစစ်အစိုးရက လျစ်လျူရှုထားတယ်။ မြန်မာစစ်အစိုးရဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကို အန္တရာယ်ပေးနေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရင်တော့ မြန်မာပြည်မှာ ၀င်ရောက်စွက်ဖက်နိုင်တယ်။

မြန်မာစစ်အစိုးရကို အန္တရာယ်အဖြစ် သတ်မှတ်ဖို့ အမေရိကန်ဦးဆောင်ပြီး လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့အဆိုကို တရုတ်နဲ့ ရုရှားက ဗီတိုအာဏာသုံးပြီး ၂၀၀၇ နှစ်ဆန်းပိုင်းမှာ ပယ်ချခဲ့တယ်။ သံဃာဦးဆောင်တဲ့ ပြည်သူ့ဆန္ဒပြပွဲကို သတ်ဖြတ်နှိပ်ကွပ်လာတော့မှ လုံခြုံရေးကောင်စီဟာ စစ်အစိုးရကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ၂၀၀၇ နိုဝင်ဘာမှ ကြေညာချက် ထုတ်တယ်။ ဒါပေမယ့် လုံခြုံရေးကောင်စီ ကြေညာချက်တွေဟာ တိုက်တွန်းတဲ့သဘောသာဖြစ်ပြီး မလိုက်နာရင် ဘာမှဖြစ်တာမဟုတ်တဲ့အတွက် မြန်မာစစ်အစိုးရက ဂရုမစိုက်ဘူး။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ဒေသမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ အထွေထွေဆုံးဖြတ်ချက်တွေကိုသာ လုံခြုံရေးကောင်စီက ချမှတ်နိုင်တာ တွေ့ရတယ်။

တကယ်တော့ မြန်မာစစ်အစိုးရဟာ တရုတ်အားကိုးနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံကြီးကို ကဏ္ဍကောစ လုပ်နေတာ အနှစ် (၂၀) ရှိပြီ။ ဒါကြောင့်မို့ တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးနိုင်တဲ့ လုံခြုံရေးကောင်စီကတဆင့် အရေးမယူဘဲ အထွေထွေညီလာခံက အရေးယူဖို့ ၀ိုင်းဝန်းတိုက်တွန်းနေကြတာပါ။ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ချမှတ်ပြီး စုံစမ်းရေးကောင်မရှင်ဖွဲ့ဖို့ အထွေထွေအတွင်းရေးမှူးချုပ်ကို တိုက်တွန်းတဲ့ နည်းဖြစ်တယ်။ ကုလသမဂ္ဂဟာ အနှစ် (၂၀) လုံးလုံး အရေးမယူနိုင်ခဲ့တဲ့အတွက် မြန်မာစစ်အစိုးရဟာ တဖက်သတ် ထင်သလို လုပ်နေတာလို့ သုံးသပ်ကြတယ်။ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံနဲ့ ဥပဒေကို နှစ်ပေါင်းများစွာ ဆန့်ကျင်တဲ့ အစိုးရကို အရေးယူဖို့ ပျက်ကွက်တာဟာ မကောင်းတဲ့အစဉ်အလာဖြစ်လို့ စုံစမ်းရေးကောင်မရှင်ဖွဲ့ဖို့ တိုက်တွန်းကြတာပါ။

စုံစမ်းရေးကော်မရှင်ကနေ ICC အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးကို တာဝန်လွှဲပေးဖို့ကိစ္စမှာ အခက်အခဲရှိတယ်။ ၁၉၉၈ မှာ လက်မှတ်ရေးထိုးကြတဲ့ ရောမစာချုပ်အရ ICC အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးကို ၂၀၀၂ မှာ ဖွဲ့စည်းတယ်။ မြန်မာစစ်အစိုးရဟာ ရောမစာချုပ်ဝင်နိုင်ငံမဟုတ်တော့ မဆိုင်ဘူးပေါ့။ ဒါပေမယ့် လုံခြုံရေးကောင်စီက တာဝန်လွှဲပေးနိုင်ရင်တော့ ICC ကို ရောက်သွားမှာပေါ့။ ရောမစာချုပ်ဝင် နိုင်ငံမဟုတ်တဲ့ ဆူဒန်ကို စစ်ဆေးနိုင်သလို မြန်မာကိုလည်း စစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆတယ်။ ဒီအဆင့်ကိုရောက်မလာခင် အရင်ဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ လုံခြုံရေးကောင်စီဝင် (၁၅) ဦးမှာ ထောက်ခံမဲ (၉) မဲရရင် ဆုံးဖြတ်ချက် ချနိုင်ပေမယ့် ဗီတိုအာဏာရှိတဲ့ တရုတ်နဲ့ ရုရှားက ပယ်ချနိုင်တယ်။ ပယ်ချဖူးတဲ့ အစဉ်အလာလည်း ရှိတယ်။ ဒါပေမယ့် ဆူဒန်အစိုးရကို စုံစမ်းအရေးယူဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချတဲ့အခါမှာ တရုတ်နဲ့ရုရှားဟာ အစည်းအဝေးမတက်ဘဲ ရှောင်နေလို့ ICC ရာဇ၀တ်ခုံရုံးက ဆူဒန်သမ္မတကို စုံစမ်းစစ်ဆေးအပြစ်ပေးနိုင်တာပါ။

လုံခြုံရေးကောင်စီက အရေးမယူနိုင်ရင် အထွေထွေညီလာခံက အရေးယူရပါလိမ့်မယ်။ စက်တင်ဘာ (၁၄) ရက်နေ့မှာ ကျင်းပမယ့် (၆၅) ကြိမ်မြောက် အထွေထွေညီလာခံကြီးမှာ မြန်မာပြည်ဆိုင်ရာ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ အကူအညီမရလည်း စုံစမ်းရေးကော်မရှင်ဟာ ဆောင်ရွက်နိုင်ပါတယ်။ ပြည်ပရောက် မြန်မာပြည်သူပြည်သားတွေကို မေးမြန်းနိုင်ပါတယ်။ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ ရာဇ၀တ်မှုတွေကို အသေးစိတ်မှတ်တမ်းတင်နိုင်ပါတယ်။ အနှစ် (၂၀) ကျော် ထုတ်ဝေထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာမျိုးစုံကိုလည်း လေ့လာနိုင်ပါတယ်။ နောက်ပြီးတော့ ဒီရာဇ၀တ်မှုတွေမှာ တာဝန်ရှိသူကို ထောက်ပြနိုင်ပါတယ်။ မြန်မာပြည်မှာ အနှစ် (၂၀) ကျော် ဖြစ်ပွားနေတဲ့ ရာဇ၀တ်မှုတွေရဲ့ တရားခံကို ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်က ထောက်ပြနိုင်မယ်ဆိုရင် ကလိမ်ခြုံ ရွေးကောက်ပွဲတို့ ကလိမ်ခြုံအခြေခံဥပဒေတို့နဲ့ ကာကွယ်လို့ မရတော့ဘူး။

ဒါကြောင့် ဗိုလ်သန်းရွှေနဲ့အဖွဲ့က တရုတ်ဆရာကြီးကို ဂါရ၀ပြုပြီး အကူအညီတောင်းရာမှာ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင် မဖွဲ့နိုင်အောင် ကူညီဖို့ ပန်ကြားတာလည်း ပါဝင်နိုင်ပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=4317

ပြည်သူကို ရန်မူမှု



စစ်အစိုးရက တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖလို့ ကြွေးကြော်ထားတဲ့ တပ်မတော်သားတွေပါ။ သူတို့ဘာဖြစ်လို့ ဒီလောက်ရက်စက်ရိုင်းစိုင်းသွားကြ၊ လူစိတ်ကင်းမဲ့သွားကြသလဲ။ ပဲခူး ဇိုင်းကနိုင်းမှာ စက်တင်ဘာ ၄ရက်က ဖြစ်သွားတဲ့ အရပ်သား လူငယ်နှစ်ယောက်ကို စစ်သားတွေ သေနတ်နဲ့ပစ်သတ်မှုအကြောင်း အားလုံးသိကြပြီးပါ။

ရှင်းပါတယ်။စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့ သင်ခန်းစာတွေ အတွေးအခေါ်တွေကြောင့်ပါပဲ။

စစ်အာဏာရှင်တွေ တိုင်းပြည်အာဏာကို လုယူသိမ်းလိုက်ကတည်းက ဒီလိုဖြစ်ရပ်တွေ နေရာအနှံ့
ဖြစ်ခဲ့ဖူးပါတယ်။ အညိုရောင် အမည်းရောင်သတ်မှတ်ထားတဲ့နေရာတွေမှာဆိုရင်တော့ အထူးပြောစရာမလို
ပါဘူး။
ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တယောက်တလှည့် ကျောမှာ အဝတ်နဲ့ပိုးပြီး ကလေးလေးကို သူတို့တပ်ခွဲနဲ့ ခေါ်ခဲ့ကြတယ်။

၁၉၈၉ မှာ စစ်ခုံရုံးက ချမှတ်တဲ့ မတရားပြစ်ဒဏ်နဲ့ အကျဉ်းကျနေချိန် တခါသား ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတိုက်တွေကို စစ်တပ်က အသွင်ပြောင်း အကျဉ်းထောင် ဝန်ထမ်းတွေ အစောင့်တာဝန်ကျလာပါတယ်။ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်တွေ ဖြစ်လာကြတာပေါ့။ ကျနော်တို့ဆီ တာဝန်ကျလာတဲ့အချိန်မှာ ကျနော်တို့က ကိုယ့်ညီတွေလိုပဲ သဘောထား ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကိုယ့်ရှိတဲ့ အစားအစာလေးတွေ ချကျွေး မိတ်ဖွဲ့ခဲ့ကြပါတယ်။

တချို့ဆို အတော်ကြီး ခင်မင်လာပြီး ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုလာကြတယ်။ အဲဒီတုန်းက တပ်ကြပ်တယောက်က သူ ကရင်ပြည်နယ်ရှေ့တန်းတနေရာ ထိုးစစ်တခုမှာတုန်းက ကြုံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တခုကို ပြောပြတယ်။ သူက သံတိုင်တံခါးအပြင်က ကျနော်က သံတိုင်တံခါးအတွင်းကပေါ့လေ။ကျနော်သူပြောတဲ့ဖြစ်ရပ်ကိုနားထောင်ရင်း ကြက်သီးမွေးညှင်းထ အံ့သြ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသလို ကျနော်တို့တိုင်းပြည်က စစ်တပ်ဆိုတာကိုလည်း အကြီးအကျယ် ရွံရှာသွားခဲ့ရတယ်။ သူပြောပြတဲ့ဖြစ်ရပ်ကဒီလိုပါ။ ကရင်ပြည်နယ်က ရွာပုံးတခုကို သူတို့တပ်ခွဲက ဝင်ရောက်စီးနင်းခဲ့တုန်းက ရွာက ကြိုတင်သတင်းရထားပုံ ရတယ်တဲ့၊ ရွာထဲရောက်တော့ ဘယ်သူမှ မရှိကြတော့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အလောတကြီးထွက်ပြေးသွားကြပုံပေါ်တယ်။ ဆန်ရွေးလက်စဆန်ကောတွေ ချက်လက်စ ထမင်းအိုးတွေ ဒီတိုင်းကျန်နေခဲ့သလို စပါးကျီထဲမှာလည်း စပါးတွေ တွေ့ရတယ်။ အိမ်မွေးတိရိစ္ဆာန် တချို့လည်းရှိနေဆဲလို့ဆိုပါတယ်။သူတို့စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက်ရှာကြတယ်။ တဲတလုံးထဲက ပုခက်တခုထဲမှာ အခါလည်သားအရွယ်လောက် ယောက်ျားလေး တယောက် ကိုမမျှော်လင့်ပဲ တွေ့ခဲ့ကြတယ်။ ကလေးလေးက လာပြီးပွေ့တဲ့စစ်သားတွေကို မျက်လုံးလေးပြူးပြီး ကြည့်နေပေမယ့် မငိုဘူးတဲ့။ရဲဘော်တွေလည်း ကလေးလေး ကိုပွေ့ချီပြီး သူတို့တပ်ခွဲမှူးဆီကို သွားသတင်းပို့ရပါတယ်။ တပ်ခွဲမှူးက ရွာကိုမီးရှို့ရမှာမို့ကလေးကိုခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်။

နောက်တရွာလုံးက အိမ်တွေစပါးကျီတွေကို မီးတိုက်ပြီး သူတို့တပ်
ခွဲလည်း ရွာက ထွက်ခဲ့ကြတယ်။ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တယောက်တလှည့် ကျော
မှာအဝတ်နဲ့ပိုးပြီး ကလေးလေးကို သူတို့တပ်ခွဲနဲ့ခေါ်ခဲ့ကြတယ်။ ကံကောင်းချင်တော့ သူတို့
တပ်ခွဲကို ဆက်ပြီး နယ်မြေရှင်းလင်းရေးမလုပ်ခိုင်းတော့ပဲ နောက်ထပ်အရေးကြီးတဲ့တာဝန်တခု
ပေးဖို့ ရှေ့တန်း တပ်ရင်းတပ်စွဲထားရာကို ပြန်ဝင်ဖို့အမိန့်ရလာတယ်။ရဲဘော်
တွေလည်း အားရဝမ်းသာပြန်ကြဖို့ပြင်ဆင်ကြတယ်။ဒီအချိန်မှာတပ်ခွဲမှူးက ကရင်ရွာထဲက
အခါလည်သားလောက်ကလေးတယောက်တွေ့လို့ခေါ်လာခဲ့ရတဲ့အကြောင်း ဗျူဟာမှူးဆီကို သ
တင်းပို့ရတယ်။ဗျူဟာမှူးရဲ့တုန့်ပြန်အမိန့်ကတော့ “ အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့
အပြတ်ရှင်းခဲ့”တဲ့။အမိန့်ကို တပ်ခွဲမှူးက သူ့တပ်သားတွေကိုပြန်ပြောပြတဲ့အချိန်မှာ တပ်သားတွေ
မျက်စိမျက်နှာပျက်ပြီး ဘာတခွန်းမှ ပြန်မပြောနိုင်ကြတော့ပါဘူး။

အချိန်တန်လို့တပ်ခွဲပြန်ခေါက်တဲ့အခါ ကလေးလေးက ရဲဘော်တယောက်ရဲ့နောက်ကျော
မှာပါလာခဲ့တာပါ။ တပ်ခွဲမှူးက ကလေးကို သတ်ပြီးထားခဲ့ဖို့ဘယ်သူတာဝန်ယူမလဲလို့မေးတဲ့အ
ချိန်မှာ ဘယ်သူမှ အဲဒီတာဝန်ကို မယူခဲ့ဘူးလို့ဆိုပါတယ်။တပ်ခွဲမှူးကလည်းဗျူဟာမှူးရဲ့အမိန့်
ကို မလိုက်နာလို့မဖြစ်တဲ့အတွက် တယောက်ယောက်က တာဝန်ယူဖို့အမိန့်ပေးပါတယ်။တပ်ခွဲ
တပ်ကြပ်ကြီးက ဘယ်သူမှ တာဝန်မယူတဲ့အတွက် တာဝန်ယူမယ့်သူကို တခြားသူတွေရတဲ့
အာမီရမ် (Army Rum) ကိုပေးမယ်လို့မက်လုံးပေးသတဲ့။ နောက်ဆုံး တပ်ခွဲကလည်း
အတော်ခရီးပေါက်လာတဲ့အချိန်မှာ တပ်ခွဲမှူးက ကလေးကိုအပြတ်ရှင်းခဲ့ဖို့အမိန့်ပေးလာတယ်။
နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကိုပဲ အားကိုးပြီး တို့ကဘာတတ်နိုင်မှာလဲ ဆိုတဲ့ အညံ့ခံ အရှုံးပေးရေး အတွေးအခေါ်ကို ကိုင်စွဲထားကြမယ် ဆိုရင်တော့

ဒီအချိန်မှာ တပ်ခွဲထဲက ခပ်ပေပေရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ ရမ်ကိုပေးဖို့တောင်းတယ်။ တပ်ခွဲတပ်ကြပ်ကြီးက အရက်ပုလင်းကို ပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတဝက်လောက် နီးပါးကို တခါတည်း မော့သောက်ပစ်လိုက်တယ်။ နောက်ခဏကြာတော့ ကလေးကိုသူ့ ကိုပေးခဲ့ဖို့ပြောပြီး သူ့ကို ခဏထားခဲ့ဖို့ပြောပါတယ်။ တပ်ခွဲလည်း အဲဒီရဲဘော်နဲ့ ကလေးလေးကိုထားခဲ့ပြီး ခရီးဆက်ထွက်ခဲ့တယ်။ အတော်ကြီးကြာမှ ခုနက တာဝန်ယူခဲ့တဲ့ရဲဘော်ဟာ တပ်ခွဲနောက်ကို အမောတကြီးပြေးလိုက်လာတာတွေ့ရတယ်။တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့
တာဝန်လုပ်ပြီးပြီလားလို့မေးတဲ့အချိန်မှာ အဲဒီရဲဘော်ဟာ တခြားရဲဘော်တွေကြားမှာဒူး
ထောက်ချပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ဘာစကားမှမပြောနိုင်ဘဲ အကြာကြီး
ငိုပြီးတော့မှ သူအရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့ကိုင်ရိုက်
သတ်ပစ်ခဲ့ကြောင်း အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ပြောပြသတဲ့။

ကျနော်ခုတင်ပြလိုက်တဲ့အဖြစ်အပျက်က စိတ်ကူးယဉ်မဟုတ်ပါဘူး။ အဲဒီတုန်းက အဲဒိ
တပ်ခွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်တယောက်က စိတ်မကောင်းခြင်းကြီးစွာနဲ့ကျနော့ကိုပြန်
ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ရဲဘော်တွေက ဘယ်သူမှ မသတ်ချင်ကြဘူး။ ဒီအမိန့်ကိုပေး
ရက်ခဲ့သူက ဗျူဟာမှူးတယောက်ပါ။

လူမိုက်သားကတော့ ရမ်းကားသထက်ရမ်းကားနေပါပြီ။ကျနော်တို့ပြည်သူ တဦးချင်းအနေနဲ့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ မိမိတို့ရဲ့ရင်သွေး သားသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသလို အမှန်တရား နဲ့လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့လည်း တာဝန် ရှိပါတယ်။ နိုင်ငံရေး ပါတီတွေ နိုင်ငံရေးသမားတွေကိုပဲ အားကိုးပြီး တို့ကဘာတတ်နိုင်မှာလဲ ဆိုတဲ့ အညံ့ခံ အရှုံးပေးရေး အတွေးအခေါ်ကို ကိုင်စွဲထားကြမယ်ဆိုရင်တော့ ကျနော်တို့ လူထုတရပ်လုံး မျိုးဆက်နဲ့ချီပြီး စစ်ကျွန် ဖြစ်နေကြရမှာပါ။

အကြောက်တရားတွေ ဖယ်ရှား ထိန်းချုပ်ပြီး မတရားတဲ့စစ်အာဏာရှင်စံနစ်ကို တညီတညွတ်တည်း တွန်းလှန်ကြရအောင်ပါ။ ။
http://www.mizzimaburmese.com/edop/songpa/6002-2010-09-08-14-37-19.html