Saturday, September 11, 2010

ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး


ခုတလော ရွေးကောက်ပွဲဝင်မဲ့ အုပ်စုတွေဆီက အသံတချို့ကြားနေရတယ်။ အထူးသဖြင့် စကားအမျိုးမျိုးပြောတတ်တဲ့

NDF ပါတီက ဦးခင်မောင်ဆွေ နဲ့ ENC က ဆလိုင် လျှံမုန်း။ ဦးခင်မောင်ဆွေ က ချီလီ နဲ့ တောင်ကိုရီးယား လို တဖြည်းဖြည်းပြောင်းယူရမယ် လို့ ဆိုသလို၊ဗွီအိုအေ တိုက်ရိုက်လေလှိုင်းမှာချင်းအမျိုးသားလေး ဆလိုင်းလျှံမုန်းကလည်းတောင်ကိုရီးယားမှာလည်းဒီလိုပဲတဖြည်းဖြည်းပြောင်းလဲယူခဲ့တာ

ဖြစ်တယ် လို့ ဆိုပြန်တယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက “ဘယ်လို တဖြည်းဖြည်းပြောင်းခဲ့တာလဲဆိုတဲ့အချက်”ကို ရှင်းရှင်းလင်းလင်းမပြောခဲ့ပါ။

ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး လျှောက်သွားနေသလိုမျိုး----------------

(၁) နောက်ခံကားချပ်ကွာခြားမှု

နိုင်ငံတကာအသိုင်းအဝိုင်း က ဗမာပြည်နိုင်ငံရေးအနေအထားဟာ အာဖရိကနိုင်ငံတွေမှာ ဖြစ်နေတဲ့ အနေအထားနဲ့သိတ်မကွာလှဘူး ဆိုတာ သဘောပေါက်နေတယ်။ လူမျိုးစုတွေများတယ်။ သဘောထားမတူညီမှုတွေများတယ်။ ကရင်အမျိုးသားအစည်းအရုံး နဲ့ အန်စီယူဘီ လို တပ်ပေါင်းစုက

ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်တိုက်တွန်းနေချိန်မှာ၊ ဗမာလူမျိုးစု ကို ဘေးဖယ်ထားတဲ့ ENC ( Ethnics National Council) မှ ဆလိုင်းလျှံမုန်း က ရွေးကောက်ပွဲဝင်ပြီး တဖြည်းဖြည်းပြောင်းလဲရမယ် လို့ဆိုတယ်။ ဝ ဒေသစစ်ခေါင်းဆောင်တွေက သူ့ရဲ့နယ်မြေမှာ ရွေးကောက်ပွဲမကျင်းပဖို့ သတိပေးတားမြစ်ထားတယ်။ ဒါကလည်း အထူးအဆန်းတော့မဟုတ်ဘူး။ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်ပြီး ကျောင်းသားတွေ

တောခိုလာချိန်မှာ ကရင်နဲ့မွန် က ဘုရားသုံးဆူစခန်းကိုရဖို့ တိုင်းရင်းသားအချင်းချင်းချနေတဲ့ဘဝ။ ထို့အတူပဲ ဗမာတိုင်းရင်းသားကို ကြည့်လိုက်ပြန်

တော့လည်း ပြည်ပမှာထွက်ပြေးလာတဲ့ ကျားသားမိုးကြိုးပစ် ၁၉၉၀ လွှတ်တော်အမတ်များ အသက်ရောရှိသေးကြရဲ့လား လို့ မေးယူနေကြတဲ့အဖြစ်၊

ဗမာပြည်လောက် တယောက်တပေါက်ဖြစ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဘယ်နိုင်ငံမှ မရှိပါဘူး။

ဒါကြောင့် သူများနိုင်ငံတွေနဲ့ယှဉ်မပြောခင် ကိုယ့်အနေအထားကို ပထမဆုံးစဉ်းစားစေချင်ပါတယ်။ တန်ရာတန်ရာနှိုင်းသင့်ပါတယ်။

နိုင်ငံတကာအနေအထားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

ချီလီအာဏာရှင် ပီနိုချေး နဲ့ တောင်ကိုရီးယားစစ်အာဏာရှင်တွေကို ထောက်ခံခဲ့သူက အမေရိကန်ပြည်ထောင်စုဖြစ်တယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု က သူထောက်ခံတဲ့အာဏာရှင်တွေနာမည်ပျက်လာပြီဆိုရင်၊ ပြန်လည်ဖြုတ်ချဖို့ ဖိအားပေးနိုင်ခဲ့တယ်။

လူထုလှုပ်ရှားမှုကိုထောက်ခံအားပေးခဲ့တယ်။ ပီနီုချေး ( ချီလီ)၊ ဖာဒီနန်မားကို့စ် ( ဖိလစ်ပိုင်)၊ ဆူဟာတို ( အင်ဒိုနီးရှား)၊ ရှားဘုရင် ( အီရန်) နဲ့

ကိုရီးယားစစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပြန်လည်နားချပြီး နှုတ်ထွက်ပေးဖို့ ဖိအားပေးနိုင်ခဲ့တယ်။

ဒီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေး၊ နိုင်ငံရေးမော်ဒယ်တွေနဲ့နီးစပ်ခဲ့တာကြောင့် လူထုအဖွဲ့အစည်းတွေ ( Civil Societies) အတွက် လှုပ်ရှားနိုင်တဲ့အခွင့်အရေး၊ နေရာတချို့ရှိခဲ့တယ်။

ဗမာစစ်ခေါင်းဆောင်တွေက ဗမာနိုင်ငံရေးသမားတွေမွေးထုတ်ပေးလိုက်တဲ့စစ်အုပ်စုဖြစ်တယ်။ တရုတ်လည်းထိန်းမရသလို၊ အာဆီယံ ကလည်း

ချော့မော့ပေါင်းနေရတဲ့အဖြစ်။ ပိုဆိုးတာက ကွန်မြူနစ်ဇာတ်ပျက် တရုတ်နိုင်ငံက လူထုလှုပ်ရှားမှုကို မထောက်ခံတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲကိုနိုင်ငံတကာကထောက်ခံဖို့ တိုက်တွန်းနေချိန်ဖြစ်တယ်။ ဖိနှိပ်သူဘက်ကထောက်ခံအားပေးပြီးသူများပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တဲ့တရုတ်ရဲ့ကြောင်သူတော်ကြွက်သူခိုး

နိုင်ငံခြားရေးမူဝါဒ ကိုစစ်အစိုးရအနေနဲ့ ကောင်းကောင်းအမြတ်ရနေချိန်ဖြစ်တယ်။

(၂) ချီလီ ပုံသဏ္ဍန်ပြောင်းလဲမှု

စစ်အာဏာသိမ်းခေါင်းဆောင် ပီနိုချေးက ၁၉၈၀ မှာ လူထုဆန္ဒခံယူပွဲကို မဲလိမ်ပြီးသူ့ရဲ့စိတ်တိုင်းကျအခြေခံဥပဒေကို အသက်သွင်းခဲ့တယ်။ အစိုးရစိတ်တိုင်းကျခန့်ထားတဲ့ ကော်မရှင်လက်အောက်မှာ ပြည်သူတွေဆန့်ကျင်ခဲ့ကြပေမဲ့ ပီနိုချေးအစိုးရဟာ ၆၇ ရာခိုင်နှုန်း ကျော်နဲ့အနိုင်ရခဲ့တယ်

ဆိုပြီး ဇွတ်အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ ၁၉၈၀ မှ ၁၉၈၈ အထိ၊ ပီနိုချေးအစိုးရဟာ ကျောင်းသားဆန္ဒပြပွဲတွေ၊ လူထုလှုပ်ရှားမှုတွေ၊ လက်ဝဲသူပုန်တွေရဲ့

မြို့ပေါ်အထိလုပ်ကြံသတ်ဖြတ်မှုတွေ ကို ရင်ဆိုင်ခဲ့ရတယ်။ ( Pinochet File ပီနိုချေး ဖိုင် နဲ့ A Force more Powerful စာအုပ်ကို ကြည့်ပါ)။

ပီနိုချေးကလည်း ရက်ရက်စက်စက်တုန့်ပြန်ခဲ့တယ်။ ပီနိုချေးရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမေရိကန်အစိုးရအတွက်လည်း အရှက်ရစရာဖြစ်လာခဲ့တယ်။ ဒါကြောင့် ၁၉၈၀ ကာလတလျှောက်လုံး တိုးတိုးတိတ်တိတ် ဖိအားပေးခဲ့တယ်။ မရဘူး။ ပီနိုချေး က ရက်စက်မှုတွေ ကို ပိုပြီးလက်ရဲဇက်ရဲလုပ်လာတယ်။ မိုင်းအလုပ်သမားတွေရဲ့သပိတ်တွေစတင်လာပြီ။ ပီနိုချေးကိုဆန့်ကျင်တဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ တဖြည်းဖြည်းအားကောင်းလာပြီး တပ်ပေါင်းစုတခုကိုဖွဲ့ဖို့ပြင်ဆင်ခဲ့ကြတယ်။

၁၉၈၈ မှာ ပီနိုချေး က သူ့ရဲ့သမ္မတသက်တမ်းကို နှစ်ကြိမ်ထက်ပိုလုပ်ချင်တယ်။ ဆန္ဒခံယူပွဲလုပ်တယ်။ ၁၉၈၈ လူထုဆန္ဒခံယူပွဲမှာ ပြည်သူလူထု က ၅၇ ရာခိုင်နှုန်းနီးပါးမဲအရေအတွက် နဲ့ ပီနိုချေးရဲ့အခြေခံဥပဒေကိုငြင်းဆန်လိုက်ကြတယ်။ မဲပေးတဲ့သူအရေအတွက်ဟာ ၉၇ ရာခိုင်နှုန်းရှိတယ် လို့ ဆိုတယ်။ ပီနိုချေးက လူထုဆန္ဒခံယူပွဲရလဒ်ကိုငြင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ချီလီဗိုလ်ချုပ်တွေကို အမေရိကန်ထောက်လှမ်းရေးဗဟို က နီးစပ်အောင်ကြိုးစားထားတယ်။ ပီနိုချေးအနေနဲ့ ရွေးကောက်ပွဲရလဒ် ကို လက်ခံရမယ် လို့

သူ့ရဲ့ဆရာ အမေရိကန်ပြည်ထောင်စုက ညွှန်ကြားထားပြီးသား။ တကယ်တော့ ချီလီ လှုပ်ရှားမှုအောင်မြင်ခဲ့တာက ပီနိုချေးဆန့်ကျင်တဲ့

လူထုလှုပ်ရှားမှုတွေကြောင့်ပါ။ မှတ်တမ်းရုပ်ရှင်တွေကြည့်ရင် ချီလီလူထုလှုပ်ရှားမှုကို အားတက်ဖွယ်တွေ့နိုင်ပါတယ်။

စာအုပ်ဖတ်ချင်ရင် ( A Force More Powerful) ကို ဖတ်ပါ။

ဗမာပြည်မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အခြေခံဥပဒေရေးဆွဲတဲ့ညီလာခံမှာ ဘာတွေတင်ပြခွင့်ရခဲ့ပါသလဲ။

စစ်အုပ်စုက တလေးတစားနားထောင်ထည့်သွင်းခဲ့ပါသလား။ ညီလာခံကို သပိတ်မှောက်ထွက်ခဲ့တဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ခွန်မားကိုဖန်းကိုမေးကြည့်ပါ။

ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ဇိုမီးချင်းအမျိုးသားခေါင်းဆောင်တွေ

အပါအဝင် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးထောင်ချခံခဲ့ရတယ် မို့လား။ ဗမာပြည်နိုင်ငံရေးမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အဆင့်ဟာ ချီလီနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၈ လူထုဆန္ဒခံယူပွဲထက်ကျော်တဲ့အဆင့် ကို ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အစိုးရက ဘယ်အင်အားကြီးနိုင်ငံကမှ ပြောလို့မရတဲ့ ဖက်ဆစ်အစိုးရ။

ကြောင်သူတော်ကြွက်သူခိုး နိုင်ငံခြားရေးမူဝါဒတွေဆွဲကိုင်နေတဲ့ တရုတ်အပါအဝင် အိမ်နီးချင်း အာဆီယံနိုင်ငံတွေကြားမှာ နေနေရတဲ့ နိုင်ငံ။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ အဆင့်မှာ ဘာမှမလုပ်နိုင်တဲ့ဘဝကနေ ပါလီမန်လွှတ်တော်ထဲမှာ ဝင်ရောက်ပြောဆိုကြမယ် ဆိုတော့ ----

မျက်စိလည်နေတဲ့ မိန်းမကြီး ဘုရားနားမှာ တဝဲလည်လည်လျှောက်ပတ်နေတဲ့အဖြစ်ကိုပဲ သွားသတိယမိတော့မယ်။

(၃) ကိုရီးယား ပုံသဏ္ဍန်

နှိုင်းယှဉ်ရဲတဲ့ စိတ်တွေကို အံ့သြမိတယ်။ ဦးခင်မောင်ဆွေလို စကားအမျိုးမျိုးပြောတဲ့သူတွေ နဲ့ တပ်ပေါင်းစုရဲ့မူဝါဒနဲ့သွေဖီနေတဲ့ ဆလိုင်းလျှံမုန်း လို

လူတွေက ကိုရီးယားပြည်သူတွေလို သတ္တိတကယ်ရှိပါရဲ့လား။ “ပတ်ချုံဟီးအာဏာသိမ်းတယ်။ ရွေးကောက်ပွဲလုပ်တယ်။ ဒီလိုနဲ့တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်” လို့ ဆိုခဲ့ပြီး လူထုကဘယ်လိုပြောင်းလဲအောင်လုပ်ခဲ့တာလဲဆိုတာကို မပြောခဲ့တဲ့ ဆလိုင်းလျှံမုန်း ကို

ကိုရီးယား သမ္မတ (၄) ယောက်ကာလ က ဖြစ်ပျက်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အတိုချုပ် မိတ်ဆက်ပေးချင်ပါတယ်။

( ကိုရီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာကို “အသွင်ကူးပြောင်းမှုကာလ၊ စိတ်ကူးယဉ်မှုများနှင့် ကစားဝိုင်းကိုပြောင်းလဲစေသော ဝိညာဉ်များ” ဆောင်းပါးအဖြစ် အတိုချုပ်တင်ပြခဲ့ပါတယ်)

(က) Syngman Rhee

ကိုရီးယားစစ်ပွဲကြောင့်နာမည်ပျက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ဟာ ကျောင်းသားလှုပ်ရှားကြောင့်ပြုတ်ကျခဲ့တယ်။

၁၉၆၀ ဧပြီ (၁၉) လှုပ်ရှားမှုအဖြစ်နာမည်ကြီးခဲ့တယ်။ စစ်တပ်က ကျောင်းသား (၁၂၅) ယောက်ကို သတ်ခဲ့ပေမဲ့ ကျောင်းသားတွေက တဟုန်ထိုးချီတက်သွားတယ်။ စစ်တပ်အနေနဲ့ဆက်မပစ်ရဲတော့ဘူး။ လူထုနဲ့ပူးပေါင်းရတယ်။

(ခ)ပတ်ချုံဟီး

၁၉၇၁ မှာ ရာထူးက နှုတ်ထွက်ပေးရမယ် ဆိုတာသိနေပေမဲ့ ပတ်ချုံဟီး က ပါလီမန်ကိုဖျက်သိမ်းတယ်။အခြေခံဥပဒေကို ဖျက်သိမ်းတယ်။

၁၉၇၃ မှာ ယူရှင်အခြေခံဥပဒေကိုရေးဆွဲတယ်။ ကျောင်းသားဆန္ဒပြပွဲနေတွေ ပေါ်ပေါက်လာပြီး ပတ်ချုံဟီး ကို အာခံကြတယ်။

၁၉၇၉ မှာတော့ ကျောင်းသားလှုပ်ရှားမှုပြန်အားကောင်းလာခဲ့တယ်။ ဘူဆန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး အင်အား (၅) သောင်းရှိတဲ့ လူထုဟာ အစိုးရအဆောက်အဦတွေကိုဝိုင်းရံတိုက်ခိုက်တယ်။ ကျောင်းသားခေါင်းဆောင် (၄၀၀) ကျော်အဖမ်းခံရတယ်။ မြို့ပေါင်းများစွာမှာ အလုပ်သမားသမဂ္ဂရဲ့လှုပ်ရှားမှုတွေပေါ်ပေါက်လာတယ်။ ပူးမလူထုအုံကြွမှုအဖြစ်နာမည်ကြီးခဲ့တယ်။

ပတ်ချုံဟီးက စစ်အုပ်ချုပ်ရေးအရေးပေါ်ဥပဒေပြဋ္ဌာန်းခဲ့တယ်။ စစ်ထောက်လှမ်းရေးနဲ့ ပတ်ချုံဟီး တို့ ကြားမှာ သဘောထားစကွဲနေပြီ။ နောက်ဆုံး စစ်ထောက်လှမ်းရေးခေါင်းဆောင် ကင်ဂျေကြူ က ပတ်ချုံဟီး ကို ညနေစာထမင်းစားဖိတ်ပြီး ပစ်သတ်ပစ်လိုက်တယ်။

(ဂ) ချန်ဒူးဝမ်

ချန်ဒူးဝမ်လက်ထက်မှာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးဖို့တောင်းဆိုလှုပ်ရှားကြတဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့လှုပ်ရှားမှုတွေမရပ်တန့်သေးပါ။

ဆိုးလ်ဘူတာရုံမှာ လူတသိန်းကျော်စုဝေးကြပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ခဲ့ကြတယ်။ ချန်ဒူးဝမ် ကလည်း ကျောင်းသားညီလာခံတွေကို ဝင်ရောက်စီးနင်းပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင် (၅၅) ယောက်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် (၂၆) ယောက်ကိုဖမ်းဆီးခဲ့တယ်။ စစ်အုပ်ချုပ်ရေး ကို ချဲ့ထွင်ခဲ့တယ်။ ကင်ဒေးဂျုံလည်း အဖမ်းခံခဲ့ရတယ်။

၁၉၈၀ မေလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂွမ်ဂျူးလူသတ်ပွဲကို ချန်ဒူးဝမ်ရဲ့အစိုးရက ထောင်ချီပြီးပစ်ခပ်သတ်ဖြတ်ခဲ့တယ်။

( ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုကြောင့် ချန်ဒူးဝမ်နဲ့နိုတေးဝူး ကို နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူခဲ့တယ်)။

၁၉၈၇ မှာ လူတသန်းကျော်ပါဝင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ဆိုးလ်မြို့မှာ ပေါ်ပေါက်လာခဲ့တယ်။ ကင်ဒေဂျုံ ကို လွှတ်ပေးရတော့တယ်။

ဂွမ်ဂျူးလူသတ်ပွဲဖြစ်ပေါ်ပြီးတဲ့နောက် ကိုရီးယားကျောင်းသားတွေဟာ အမေရိကန်ယဉ်ကျေးမှုဗဟို ကို အကြိမ်ကြိမ်မီးတင်ရှို့ခဲ့ကြတယ်။ ကိုရီးယားစစ်အာဏာရှင်တွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပေးနေတယ် လို့ ယုံကြည်တာကြောင့် ထောက်ပံ့တဲ့သူတွေကိုပါ တိုက်ခိုက်ကြခြင်းဖြစ်တယ်။အမေရိကန်ပြည်ထောင်စု ဟာ သူ့ရဲ့နိုင်ငံခြားရေးရာမူဝါဒတွေကို ပြန်စဉ်းစားလာရတော့တယ်။

ဦးခင်မောင်ဆွေ နဲ့ ဆလိုင်းလျှံမုန်း ခင်ဗျား

တောင်ကိုရီးယားပြည်သူတွေ စစ်အာဏာရှင်ကိုဘယ်လိုဆက်တိုက်ခဲ့ကြသလဲ၊ နိုတေးဝူး နဲ့ ချန်ဒူးဝမ် ဘယ်လိုအဆုံးသတ်ခဲ့သလဲ သိချင်ရင်

Asian Study က တောင်ကိုရီးယားနိုင်ငံအကြောင်းလေ့လာထားတဲ့ ပြဋ္ဌာန်းစာအုပ်တွေသာ ဆက်ဖတ်ပါတော့။

အသေးစိတ်တွေကို ရေးမပြတော့ပါဘူး။ ကိုရီးယား လို ပြောင်းလဲရအောင်၊ တောင်ကိုရီးယားသားတွေလို

ကျနော်တို့တိုင်းရင်းသားတွေ ညီညွတ်မှုရှိကြပါရဲ့လား။ ဆလိုင်းလျှံမုန်းရဲ့ ရွေးကောက်ပွဲဝင်ရေးမူဝါဒဟာ ENC ရဲ့တရားဝင်မူဝါဒဖြစ်ပါသလား။

ဒါဆို--ကရင်အမျိုးသားအစည်းအရုံးနဲ့ ကျန်တဲ့အင်အားစုတွေက ၂၀၁၀ ရွေးကောက်ပွဲကိုထားတဲ့သဘောထားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

ENC က ချင်းအမျိုးသားလေးရဲ့သဘောထား ဟာ ဦးအေးသာအောင်ရဲ့စီအာပီပီနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသလို၊

ဝ တိုင်းရင်းသားတွေအတွက် ဒေါသဖြစ်စရာဖြစ်နေပါတယ်။ ဆလိုင်းလျှံမုန်း က ENC ကို ကိုယ်စားပြုနိုင်သလား၊

ENC က တိုင်းရင်းသားတွေကို တကယ်ကိုယ်စားပြုနိုင်သလား ဆိုတာ အရှင်းဆုံးအဖြေတခုကိုပြနေသလိုမျိုးပါပဲ။

ဦးကံအေးရဲ့မေးခွန်းကို ဆလိုင်းလျှံမုန်း က ဖြေတဲ့အခါ

“မတရားတဲ့အခြေခံဥပဒေ တွေကို ရေးဆွဲတဲ့ စစ်ခေါင်းဆောင်တွေကိုသာ အပြစ်တင်ပါတဲ့။ ကျနော်တို့တိုင်းရင်းသားတွေကို အပြစ်လာမတင်ပါနဲ့” လို့ ဆိုပြန်တယ်။ အခြေခံဥပဒေကိုရေးဆွဲတဲ့သူသာ မဟုတ် သွယ်ဝိုက်ထောက်ခံမိရင်၊ တရားဝင်လုပ်ပိုင်ခွင့်ပေးမိရင် လည်း သမိုင်းတရားခံဖြစ်တတ်တယ် ဆိုတာလောက်တော့နိုင်ငံရေးလုပ်တဲ့ ဆလိုင်းလျှံမုန်း တယောက် သဘောပေါက်သင့်ပါတယ်။

ဒါ့ကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခြင်းဟာ သမိုင်းတရားခံမဖြစ်အောင် လုပ်နေကြခြင်းဖြစ်တယ် ဆိုတဲ့

အချက်တချက် ပါဝင်နေတယ် လို့ ယုံကြည်ပါတယ်။

“လမ်းမပေါ်ထွက်ဆန္ဒပြတာဟာ အဆင့်နိမ့်တဲ့နိုင်ငံရေးဖြစ်တယ်”လို့ ဦးခင်မောင်ဆွေက အင်တာဗျုးခဲ့ပါတယ်။ လမ်းမပေါ်ထွက်ဆန္ဒပြတဲ့တောင်ကိုရီးယားကျောင်းသားတွေက အဆင့်နိမ့်ခဲ့တယ် ဆိုရင် ဘာလို့ ကိုရီးယားပုံစံလိုပြောင်းလဲရမယ်လို့ ဆိုခဲ့ပါသလဲ။

ဘာဖြစ်လို့ ချီလီနိုင်ငံလို ပြောင်းလဲချင်ရပါသလဲ။

အဆင့်မြင့်တဲ့ နိုင်ငံရေးဆိုတာ ပြည်ပက ရတဲ့ ဒေါ်လာ (၂) သိန်း ကို ယူ၊ ပါတီထောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သြဇာအနည်းငယ်ရှိတဲ့

သူတွေကို ကျနော်တို့ပါတီမှာ လုပ်ရင် လစဉ် (၅) သိန်းလောက်ထောက်ပံ့ပေးနိုင်တယ် ဆိုတဲ့မက်လုံးပေးတာကိုခေါ်ပါသလား။ (ဟုတ်မဟုတ်တော့ ကာယကံရှင်နဲ့ဘုရားသခင်သာသိပါလမ့်မယ်)။

ကိုယ့်စကားကို မေ့ချင်ယောင်ဆောင်တဲ့လူတွေလုပ်တဲ့နိုင်ငံရေးကို အဆင့်မြင့်နိုင်ငံရေးလို့ ခေါ်ပါသလား။

ဒီမိုကရေစီ ဆိုတာ ဂတိမတည်သူတွေနဲ့လူလိမ်တွေအတွက်လည်း ပြောပိုင်ခွင့်ပေးထားတဲ့ ပတ်ဝန်းကျင်တခု ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာဖို့ ဆိုတာ လူလိမ်တွေအတွက် မဖြစ်နိုင်တဲ့ဘာသာရပ်တခုပါ။

လူလိမ်တွေခေါင်းဆောင်တဲ့ပါတီတွေဟာ ပြည်သူလူထုကို ဘယ်လောက်ထိ သတ္တိရှိရှိ ဦးဆောင်နိုင်မလဲ ဆိုတာ ကိုတော့ မျှော်လင့်ချက်

မထားသော်လည်း ကျနော်တို့ဆက်လက်ကြည့်ရှုကြရအုံးမှာပါ။

ရွေးကောက်ပွဲသပိတ်မှောက်ရင် အကျိုးရှိတာဘာလုပ်မှာလဲ

ဒီမေးခွန်းကို တချို့က အားမလိုအားမရမေးသလို၊ တချို့က စပ်စုချင်လို့မေးကြတယ်။ တချို့က ကိုယ့်ရဲ့စကားမတည်ကြည်မှုကို ဖုံးကွယ်ချင်လို့ သူများကိုအပြစ်ပြောဖို့ ပြင်ဆင်ကြတယ်။ အကျိုးမရှိတဲ့အလုပ် ( ၂၀၁၀ ရွေးကောက်ပွဲ) ကိုလုပ်နေတဲ့သူတွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ကြပါလိမ့်မယ် လို့ ပဲ ယုံကြည်ပါတယ်။ သပိတ်မှောက်မဲ့သူတွေဘက် က အသေးစိတ်ဖြေနေရအောင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံနေရတဲ့လူတွေမဟုတ်သလို၊ အားအားရှိ နိုင်ငံရေး ဝေဖန်ရေးဆရာလိုလို၊ သုံးသပ်သူတွေလိုလို သရုပ်ဆောင်နေတဲ့ ဇာတ်ရူးတွေအတွက် ကုန်ကြမ်းပေးဖို့ မလိုအပ်ဘူးလို့ပဲ

ထင်ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ရေချိန်မှာ ကြည့်ပြီး အရှိန်ယူပြေးခုန်ရတဲ့ ပြိုင်ပွဲတခုပါ။

ရဲရဲတောက်လှုံ့ဆော်နေသူတွေကြောင့်လည်း လူထုလှုပ်ရှားမှုမဖြစ်နိုင်သလို၊ မထင်မှတ်တဲ့ ပြဿနာလေးတွေကစပြီး မီးထလောင်တတ်ပါတယ်။

စံနစ်တကျ ပြင်ဆင်ထားနိုင်တဲ့သူတွေသာ အခွင့်အရေးပေါ်လာတိုင်း အကျိုးရှိရှိ အသုံးချနိုင်မှာပါ။

အောင်မိုးဝင်း

ကိုရီးယားနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းဆီ သို့ အကြောင်းစာအုပ်ဖတ်ချင်ရင်

Christian W. Haerpfer, Patrick Bernhagen, Ronald F. Inglehart, and Christian Welzel တို့ရေးတဲ့ Democratization မှာ အချက်အလက်တွေရနိုင်ပါတယ်။

ချီလီနိုင်ငံလှုပ်ရှားမှုအတွက် အကောင်းဆုံးစာအုပ်ကတော့ Kurt Schock ရဲ့ People Power Movement in Nondemocracy စာအုပ်နဲ့ Peter Ackerman နဲ့ Jack Duvall တို့ရေးသားတဲ့ A Force More Powerful တို့မှာအသေးစိတ်အချက်အလက်တွေတွေ့နိုင်ပါတယ်။

ကျန်တဲ့သူတွေဆီကလည်း လေ့လာသင်ကြား ဖတ်ရှုချင်ပါသေးတယ်။ မျှဝေကြပါအုံး။

NDF &Amp; EnC Final

11 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/z0kbcskdm6ncwdm/11%20%20September%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/l5bkokl662ypgqb/11%20%20September%202010%20yeyintnge%27s%20Diary.pdf
11 September 2010 Yeyintnge's Diary

မြန်မာပြည်သားစာစောင် (စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်)

The Burmese Journal

စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပြီး သက်ဇိုးရှည်နေသည့် အာဏာရှင်စစ်ခေါင်းဆောင်များ


စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပြီး သက်ဇိုးရှည်နေသည့် အာဏာရှင်စစ်ခေါင်းဆောင်များ
သန်းစိုးလှိုင်
စက်တင်ဘာ ၁၁၊ ၂၀၁၀
မဆန်းကြယ်တဲ့ အဖြစ်အပျက်
ပြီးခဲ့တဲ့ စနေနေ့ ညက ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားတွေနဲ့ စစ်တပ်အရာရှိ နှစ်ဦးရန်ဖြစ်ပွားတဲ့ ကိစ္စဟာ စစ်အစိုးရ သတင်းစာတွေမှာ ရေးသားသလိုပဲ ထူးဆန်းတဲ့ အဖြစ်အပျက်မဟုတ်ပါဘူး။ ခိုက်ရန်ဖြစ်ပွားတာ၊ တယောက်နဲ့ တယောက် ထိုးကြိတ်ကြ ရိုက်ကြတာမျိုးတွေ ဖြစ်ပျက်တာဟာ မဆန်းကြယ်ပါဘူး။

ဆန်းကြယ်တာက အဆိုပါ ခိုက်ရန်ဖြစ်ပွားတဲ့အဖြစ် ဖြစ်ပျက်ပြီးနောက်မှာရန်ဖြစ်တဲ့ စစ်ဗိုလ်က ပဲခူးဘူတာက စစ်တပ်ကို ခေါ်ယူပြီး အရေးယူခိုင်းတဲ့ကိစ္စ၊ လက်နက်ကိုသုံးပြီး ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက်ဟာ ဥပဒေမဲ့တဲ့ အရပ်၊ မူးယစ်ရာဇာတွေ ကြီးစိုးတဲ့ ဥပဒေမဲ့နယ်မြေလိုမျိုးတွေမှာ ပြုကျင့်တဲ့အပြုအမူတွေပါ။
အရပ်သားတွေနဲ့ ဖြစ်ပျက်တဲ့ ကိစ္စမှာ အရပ်သားတွေဘက်က လွန်တယ်လို့ ယူဆရင် ဥပဒေအရ ရဲကိုအကြောင်းကြားပြီး ဖမ်းဆီးမယ်ဆို ဖမ်းဆီးခဲ့ရင် အခုလို အရုပ်ဆိုးအကျဉ်းတန်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာစရာမရှိပါဘူး။ ရဲကိုလည်း အကြောင်းမကြားပဲ နီးရာစစ်တပ်ကို ခေါ်ယူပြီးလက်နက်နဲ့ အနိုင်ကျင့် ပစ်သတ်ခဲ့တဲ့အဖြစ်အပျက်က တိုင်းပြည်မှာ ဥပဒေစိုးမိုးမှု မရှိပဲ စစ်တပ်သာ စိုးမိုးအုပ်ချုပ်နေတယ်ဆိုတာကို လှစ်ဟပြသလိုက်တာပါ။
ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာထဲမှာ ဖေါ်ပြထားသလို တပ်မတော်ဆိုတာဟာ တင်းကျပ်တဲ့ စည်းကမ်းနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုဖြစ်လို့ တာဝန်ရှိတဲ့ အရာရှိဖြစ်သူကို ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်နေတယ်ဆိုထားပါတယ်။ အမှန်တကယ်သာ တပ်မတော်ဟာ တင်းကျပ်တဲ့ စည်းကမ်းဥပဒေတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု၊ ပြည်သူပြည်သားတွေရဲ့ အခွင့်အရေး အသက်အန္တရာယ်ကိုလည်း ကာကွယ်ပေးတဲ့ တပ်မတော်တခုဆိုရင် အခုလို အဖြစ်အပျက်မျိုး ဖြစ်ပျက်လာစရာ မရှိပါဘူး။
အခုအဖြစ်အပျက်ကို ကြားသိရသူ အများစုက ဘယ်လိုဝေဘန်ကြသလဲ ဆိုတော့
“အော်..စစ်တပ်က တောရွာတွေမှာ လုပ်သလို လုပ်တာကိုး၊ ဒါပေမယ့် မြို့ပေါ်မှာ လုပ်တာကတော့ တော်တော်ကို အရုပ်ဆိုးတာပဲ”
ဆိုတဲ့ သဘောပြောဆိုကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေရာတောနယ်တွေမှာ စစ်တပ်က ဥပဒေ စိုးမိုးမှု မရှိပဲသေနတ်နဲ့ အင်အားသာ အဆုံးအဖြတ် ဖြစ်နေခဲ့တာကို မြို့နေလူထုက သိရှိနေကြလို့ပါပဲ။

ပြည်တွင်း အတိုက်အခံ နိုင်ငံရေးသမားနဲ့ ပြည်ပမီဒီယာတွေက လှုံ့ဆော်ဖို့မလို

ယခုအဖြစ်အပျက်မှာ သေဆုံးသွားသူ လူငယ်နှစ်ဦးဟာ အရက်မူးနေတယ်ပဲဆိုဆို တဘက်က စစ်တပ်က အရာရှိနှစ်ဦးလဲ မူးနေကြတာပါ။ ဘယ်သူက လွန်တယ်၊ တဘက်က စစ်အရာရှိကို မညှာမတာ အုပ်စုနဲ့ ၀ိုင်းရိုက်ကြတယ်ဆိုဦးတော့ စစ်တပ်ကို ခေါ်ယူပြီး ပစ်သတ်ခိုင်းရလောက်တဲ့ အခြေအနေ အကြောင်းအချက် ဘယ်မှာမှ မမြင်မိပါဘူး။
အမှန်တကယ် စစ်အရာရှိတွေဟာ တင်းကျပ်တဲ့ စည်းကမ်းနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့တပ်မတော်က အရာရှိတွေဆိုရင် လက်နက်ကိုင် စစ်သားတွေကို ခေါ်ပြီးဖြေရှင်းမှာ မဟုတ်ပဲ အရပ်ဘက် ဥပဒေရှိတဲ့အတိုင်း ရဲကိုတိုင်ကြားပြီး အရေးယူခိုင်းမှာပါ။ ဥပဒေကို အားမကိုးပဲ လက်နက်ကိုအားကိုးပြီး ယခုလို ဖြေရှင်းခဲ့တာရဲ့ အရင်းခံအကြောင်းဟာ မြန်မာစစ်ခေါင်းဆောင်တွေဟာ စစ်တပ်ကို တလွဲအသုံးချနေခဲ့တာကြောင့်ပါပဲ။
ဆန္ဒပြမှုတွေ ၊ လူထုအုံကြွမှုတွေ၊ လူမျိုးစု လက်နက်ကိုင် ပုန်ကန်မှုတွေကို နှိပ်ကွပ်နှိမ်နှင်းတဲ့အခါ ဥပဒေမဲ့ စေခိုင်းနေခဲ့တာကြောင့် စစ်တပ်ဟာ အထက်အမိန့်ကို ငြင်းဆန်တာကလွဲလို့ အခြားသော ဥပဒေမဲ့ လုပ်ရပ်တွေအတွက် အရေးယူမခံခဲ့ရလို့ပါပဲ။
လွန်ခဲ့တဲ့ ၃နှစ်က ရွှေဝါရောင် သံဃာ့အရေးအခင်းကာလအတွင်း ဂျပန်သတင်းထောက်ကို အနီးကပ်ပစ်ဖို့ အမိန့်ပေးခဲ့သူဘယ်သူ ဆိုတာ၊ ပစ်ခတ်ခဲ့သူက ဘယ်သူဆိုတာ မသိရှိရသလို၊ အရေးယူအပစ်ပေးခြင်းလည်း မရှိခဲ့ပါဘူး။ ဘာကြောင့် အရေးမယူသလဲ ဆိုရင်နောက်နောင် အဲဒီလို လူထု၊ သံဃာတွေ ငြိမ်းချမ်းစွာဆန္ဒပြတာကို ပစ်ခတ်နှိမ်နှင်းဖို့ အမိန့်ပေးရင် တပ်ကငြင်းဆန်မှာစိုးလို့ပဲ ဖြစ်ပါတယ်။
အခု တကြိမ် ပဲခူးအဖြစ်အပျက်ကတော့ ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇ၀တ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲဆိုချက် အဆိုပြုထားချိန်နဲ့ တိုက်ဆိုင်နေပြီး၊ ဒီအဖြစ်အပျက်က သက်သေခံတဲ့ အဖြစ်အပျက်တစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ပေါ်ထွက်လာမှာ စိုးရိမ်လို့ စစ်အစိုးရအနေနဲ့ ယခုလောက် ဂရုတစိုက် တုံ့ပြန်ဆောင်ရွက်နေတာဖြစ်ပါတယ်။
ယခင်က စစ်တပ်က စုံစမ်း စစ်ဆေးရင်းလို့ လက်လွန် သေဆုံးသွားသူတွေ၊ ရဲတပ်ဖွဲ့ ရိုက်လို့ လက်လွန်သေဆုံးသွားသူတွေရဲ့ အမှုကိစ္စတွေမှာ ကျူးလွန်သူကို တခါမှ အရေးယူခဲ့တာ မတွေ့ရပါဘူး။
နောက်ထပ် တိုက်ဆိုင်တဲ့ အကြောင်းတချက်ကလည်း ၂၀၀၇ ခုနှစ်စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် ၃ နှစ်ပြည့် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေတဲ့အဖြစ်ကြောင့် စစ်အစိုးရစိုးရက အခုလို စိုးရိမ်နေတာပါ။
ပြည်ပ သတင်းဌါနတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့က ဒီအဖြစ်အပျက်ပေါ်မူတည်ပြီး လူထုလှုပ်ရှားမှု ဖြစ်ပေါ်အောင် လှုံ့ဆော်ဖို့ကြိုးပမ်းနေတြတယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။ နအဖ စစ်အစိုးရဟာ လူထုရဲ့ ခံစားချက်၊ မကျေနပ်ချက်တွေကို ဖေါ်ပြခွင့်မပြုပဲ ပြင်းထန်စွာ ဖိနှိပ်ထားတာကြောင့် အခုလို ကိစ္စရပ်တွေမှာ လူထုရဲ့ မကျေနပ်မှုပေါက်ကွဲနိုင်တာ ဖြစ်ပါတယ်။
လှုံ့ဆော်သူရှိတယ် ဆိုဦးတော့ မကျေနပ်မှု၊ မခံမရပ်နိုင်အောင် အောင့်အည်း မြိုသိပ်ထားရချက်တွေမရှိတဲ့ နိုင်ငံတနိုင်ငံမှာ လှုံ့ဆော်လို့လည်း မအောင်မြင်နိုင်ပါဘူး။ ဆိုလိုတာက ဒီမိုကရေစီ အခွင့်အရေးရှိတဲ့ တိုင်းပြည်မှာ၊ တရားဥပဒေက စိုးမိုးမှုရှိပြီး လူထုက တရားဥပဒေအကာအကွယ် ခံစားနေရတဲ့တိုင်းပြည်မှာ လူထုအနေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ဥပဒေဘောင်အတွင်းကပဲ ရယူကြမှာပါ။
ဘယ်သူမှ လမ်းပေါ်ထွက်ပြီး လုံထိန်းရဲ၊ စစ်တပ်တို့ကို ရင်ဆိုင်ကြုံတွေ့ချင်ကြမှာ မဟုတ်ပါ။
စစ်အစိုးရအနေနဲ့ ပြည်ပ သတင်းဌါနတို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အပြစ်မတင်ပဲ ပြည်သူလူထုဟာ ဥပဒေရဲ့ အကာအကွယ်ကို ခံရခြင်းရှိမရှိ၊ မတရားမှုတွေအတွက် ပြန်လည် တိုင်ကြားနိုင်ခွင့်ရှိမရှိကို ဆန်းစစ်သင့်ပါတယ်။

တပ်နဲ့ ပြည်သူသွေးခွဲသူ - ဘယ်သူလဲ

မြန်မာပြည်သူတွေ အနေနဲ့ စစ်တပ်ကို ရန်သူအဖြစ် သတ်မှတ်ခြင်း မပြုလိုပါ။ ဘာကြောင့်လဲဆိုတော့ ဒီစစ်တပ်ဟာ နိုင်ငံခြားက လာရောက်သိမ်းပိုက်ထားတဲ့ စစ်တပ်လည်း မဟုတ်၊ ကိုယ့်အနီးအနားက လူတွေ ၊ တခါတရံ ကိုယ့်ဆွေမျိုးသားချင်းတွေ လည်းစစ်တပ်ထဲရောက်နေကြတဲ့ အဖွဲ့အစည်းဖြစ်နေလို့ပါ။
ဒါပေမယ့် အခုစစ်တပ်ကို ကိုယ်လိုရာသုံးနိုင်ဖို့အတွက် နအဖ စစ်ခေါင်းဆောင်ပိုင်းက ခိုင်းစေနေတာ၊ အမိန့်ပေး စေခိုင်းနေတာကို မြန်မာပြည်သူပြည်သားတွေက မနှစ်မြို့တာပါ။
စစ်တပ်ကို မြန်မာမြေပေါ်က ကွယ်ပျောက်သွားဖို့လည်း ဘယ်သူမှ မရည်ရွယ်ကြပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေး အရယူပေးခဲ့ရာမှာသမိုင်းအစဉ်အလာရှိခဲ့တဲ့ စစ်တပ်ရဲ့ သမိုင်းအစဉ်အလာအရ လူထုက လေးစားစရာ ၊ အားကိုးစရာ တပ်မတော် တစ်ခုအဖြစ်သာမြင်လိုတာပါ။
အခုလို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေနဲ့ ပမာဏကြီးမားလှတဲ့ ပိုင်ဆိုင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ စစ်ခေါင်းဆောင် လူနည်းစုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရပြီး အောက်ခြေက ကြပ်တည်းလှတဲ့ အခြေအနေမှာ တပ်သားတွေ နေထိုင်နေကြရတာကိုလည်း သိရှိကြပါတယ်။
မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ရဲမွန်တပ်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဘဏ်စုငွေ ပြန်ထုတ်ဖို့ တောင်းဆိုတဲ့ အဖြစ်အပျက်တွေ၊ လက်ရှိ ရန်ကုန်တောင်ဥက္ကလာမြို့မှ တပ်ရင်းမှာဖြစ်ပျက်နေတဲ့ အဖြစ်တွေကို ကြားသိပြီး သာမန်တပ်သားတွေ ဆင်းရဲ ကြပ်တည်းနေကြရတာကို စာနာကြပါတယ်။
နအဖ စစ်အစိုးရကတော့ အခုလက်ရှိ အနေအထားက သူတို့လိုလားတဲ့ အနေအထား ဖြစ်ပါတယ်။ လူထုနဲ့ စစ်တပ်ခံစားချက် အမြင်တူညီသွားပြီး သူတို့ရဲ့ ခိုင်းစေတာကို ငြင်းဆန်မယ့် အဖြစ်မျိုးရောက်တဲ့နေ့ဟာ သူတို့ရဲ့
နိဂုံးဖြစ်နေလို့ပါပဲ။
http://moemaka.com/index.php?option=com_content&task=view&id=7136&Itemid=1

သောကြာနေ့ ကမ်းနားလမ်း မြင်ကွင်း



မြစ်ရေတက်လာတာပါ..

၂၄ပုံ၃ပုံ...


စက်တင်ဘာ(၃)ရက် နေ့က နေ့လည် ၂ နာရီ ကျော်မှာ မူစယ်မြို့ဈေးရပ်ကွက်က ပြုပြင်ဆဲ အိမ်တစ်လံုးမှာ အလုပ်သမား တစ်ယောက်ဓါတ်လိုက် လို့ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ဈေးရပ်ကွက်ဇရပ်အနီးကပြုပြင် နေတဲ့အိမ်ပေါ်မှာ အလုပ်လုပ်ရင်း ဓါတ်ကြိုးနဲ့ငြိပြီးဓါတ်လိုက်သေဆုံးရတာပါ ....
(ရှမ်းသံဆော်ဆင့်သတင်းစဉ်)



အထက်ပါဓါတ်ပုံဟာဓါတ်ကြိုးနဲ့အလွန်ကပ်လှပါတယ်။ကနေဒါမှာကရိန်းနဲ့အဝေးကနေတိုင်ထောင်တာတောင်
Insulatioအကာတွေအရင်တပ်တယ်။ပြင်တာပဲဖြစ်ဖြစ်၊ဆောက်တာပဲဖြစ်ဖြစ်၊ပါမစ်ကျပြီဆိုတာနဲ့လျှပ်စစ်ဌာနက
Insulationအကာတွေတပ်ပေးဖို့လိုမလိုလာရောက်စစ်ဆေးတပ်ဆင်ပေးရမှာပါ..ဒါတွေကတိုင်းပြည်ချမ်းသာမှ
လုပ်ရမဲ့ဟာမဟုတ်ပါဖူး..ပစ္စည်းတန်ဖိုးလည်းမများပါဖူး၊လူ့အသက်ကပိုတန်ဖိုးရှိတယ်၊နအဖသွားပြောရင်လည်း
ပဲခူးမြို့လည်ခေါင်ခေါင်မှာဖြစ်တဲ့လူသတ်ပွဲလို(ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဉ်)လို့ပဲပြောအုံးမှာပါ၊ထပ်ဖြစ်လည်းဖြစ်
ချင်ဖြစ်အုံးမှာ၊အမြဲတမ်းကြောက်နေအောင်မဖြစ်ဖြစ်အောင်ထပ်လုပ်နေအုံးမှာ....
(ဒီစကားကတော့တိုင်းရင်းသားကျေးရွာတွေဖက်ရည်ညွန်းတာပါ၊)ပဲခူးမှာအပစ်ခံရတာ၊ကုလကိုတောင်ချက်ချင်း
အစီအရင်ခံအုံးမယ်တဲ့၊တရွာလုံးမော်တာကျည်မိုးအောက်မှာပြားပြားဝပ်၊မီးလောင်တိုက်အသွင်းခံရလို့ဆွေမျိုး
စာရင်းပါပျောက်ရတဲ့အလောင်းတွေတောင်လိုပုံနေတာကောလဟာလသတင်းအနေနဲ့တောင်မထွက်လိုက်ဖူး။
နအဖဟာလူကိုလူလိုတန်ဖိုးမထားတတ်တာ။နအဖဟာအာဏာတည်ဖို့လောက်ကိုလူ့အသက်တွေအများကြီး
စတေးစေခဲ့တယ်တရားဥပဒေနဲ့အညီလည်းမဆုံးဖြတ်စေဖူး။မဆလ=>နအဖ=>ကြံဖွံ့တိရိစ္ဆာန်တွေအထိဒီတိုင်း
ပဲသွားနေအုံးမှာပါပဲ..၂၀၁၀ရွေးကောက်ပွဲကပြောင်းလဲစေမှာပါဆိုတာမယုံပါနဲ့၊အစဉ်အဆက်ဒါမျိုးတွေကျင်းပလာ
တာရိုးနေပြီ။ကော်မရှင်ကဘယ်နှစ်ယောက်ပြိုင်တယ်ဆိုတာကြေငြာပြီးရင်သူ့တာဝန်ပြီးပါပြီ။ဘယ်နှစ်ယောက်မဲ
ထည့်ပြီးဘယ်နှစ်ယောက်နိုင်တယ်ဆိုတာကိုနအဖကဆက်လုပ်သွားမှာပါ၊။ရွေးကောက်ပွဲပြီးရင်..
''ပါတီစုံဒီမိုကရေစီအာဏာရှင်စနစ်"
ဆိုပြီးကမ္ဘာမှာစနစ်အသစ်တခုထွက်ပေါ်လာပါတော့မယ်။ခင်မမမျိုးတို့၊အောင်မိုးဝင်းတို့အခုထဲကသုသေသန
လုပ်ရွေးကောက်ပွဲပြီးတာနဲ့ကျမ်းပြုရင်စနစ်အသစ်ရှာဖွေတွေ့ရှိလို့ဒေါက်တာဘွဲ့တွေရနိုင်ပါတယ်..ကြပ်ပြေး
လွှတ်တော်မှာခေါင်းပေါင်းတကားကားနဲ့အမတ်မင်းတွေ၂၅ကျပ်သားတွေနိုင်ငံတော်ဘဏ္ဍာတွေထိုင်စားတာက
လွဲလို့ညွန်ကြားချက်ကတော့အထက်ကလာနေအံုးမှာပါ..အာဏာရှင်ကိုကျွန်တော်တို့ဒီနေတိုက်နိုင်သည်ဖြစ်စေ။
မနက်ဖန်တိုက်နိုင်သည်ဖြစ်စေ၊ဒီနေ့စိတ်ထဲမှာရှိရမှာကသူ့တို့လုပ်တာမမှန်ဖူး၊ဆန့်ကျင်ရမယ်၊အခွင့်အရေးရ
သလောက်တော်လှန်နေရမယ်..အဖမ်းခံရမှာစိုးလို့အော်မဆဲရဲရင်တောင်စိတ်ထဲကနေဆဲပါ..
အဲဒါအာဏာရှင်စနစ်ကိုတော်လှန်နေတာပဲ...

အပေါ်ပုံထဲကဆောက်လုပ်ရေးအလုပ်သမားတော်တော်ကံဆိုးရှာသူတဦးဖြစ်ပါတယ်။
ကနေဒါထက်စာရင်မြန်မာနိုင်ငံမှာဒီလိုဖြစ်ဖို့၂၄ပုံပုံမှ၃ပုံလောက်ပဲအသက်အန္တရာယ်င်္ကြုရတတ်ပါတယ်။
ဘာလို့လည်းဆိုတော့မြန်မာနိုင်ငံမှာတနေ့ကိုအဲဒီဓါတ်ကြိုးထဲ၃နာရီလောက်ပဲဓါတ်အားစီးဆင်းလို့ပါ။

ရဲရင့်ငယ်

အားလုံး သပိတ်မှောက်ကြရလိမ့်မည်


အမှိုက်စုတ်တွေကို ထည့်ပြီးအသုံးပြုရန်အတွက်သာ လူတွေအလိုရှိသည့် နအဖစစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ဖတ်လိုက်သည်။ မောင်မိုးရှင်းဆိုသောဆောင်းပါးရှင်က အားလုံးစုံညီမဲပေးကြမည် ဆိုသည့်ဆောင်းပါးတပုဒ်ကို ရေးသားထားသည်ကို ဖတ်ကြည့်လိုက်သည်။ သူကတော့တကယ့် စစ်အစိုးရအကြိုက် လိုက်ဖါးပြီး ရေးထားသည်မို့ ဟုတ်ပေ့ဖြစ်နေသည်။ သို့ပေမင့် ပြည်သူတွေမအကြပါ။ သို့အတူပြည်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား အလွန်တရာ ချစ်မြတ်နိုးကြပါသည်။ ပြီးတော့နိုဘယ်ငြိမ်းချမ်းရေးဂုဏ်ထူးရှင်မို့ လေးစားချစ်ခင်ကြသလို သွားလေသူဗိုလ်ချုပ်အောင်ဆန်း၏ သမီးမို့လည်း ယုံကြည်မြတ်နိုးချစ်ခင်မူ အတိုင်းအတာတခု ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေမှာ မဲပေးခွင့်လည်း ရှိသလို မဲမပေးပိုင်ခွင့်လည်း ရှိသည့်အကြောင်းကို ပြောထားပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးချင်သောပြည်သူတွေမှာ ယခုတော့ရှင်းရှင်းလင်းလင်း နားလည်ထားကြပါပြီ။ ဤနေရာ၌ ပြည်သူတွေမှာဟု ဆိုခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလိုချင်သော ပြည်သူတရ့ပ်လုံးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဘာကြောင့်များပြည်သူတရပ်လုံးကို မဲမပေးကြပါနှင့်ဟု ပြောဆိုကြရပါသနည်း။ ရှင်းနေပါသည်။ မဲမပေးလိုက မပေး၍ရပါသည်ဟု ဥပဒေမှာ ရှိနေနှင့်သောကြောင့် မဲမပေးဘဲနေခြင်းသာဖြစ်သည်။ သည်တော့မဲမပေးဘဲနေသူများကို ရှက်စရာကောင်းနေပါပြီဟု ဘာဖြစ်လို့ မောင်မိုးးရှင်းဆိုသော ဆောင်းပါးရှင် က အားမနာပရေးသားရပါမည်လဲ။
တရားဝင်မဲမပေးပဲ ဆက်နေရင်တော့ သူများစိုက်တဲ့အသီးပဲ စားချင်ပြီး မိမိကိုယ်တိုင် တစုံတရာဘာဆိုဘာမှ ပါဝင်စိုက်ပျိုးချင်သူမဟုတ်တဲ့အတွက် အချောင်သမားသက်သက် အလိုက်မသိတဲ့ လူစားမျိုး ဒီမိုကရေစီနိုင်ငံနဲ့ သင့်တော်ပါဦးမလား ဆိုပြီး ပြည်သူတွေကို စော်ကားရေးပြလိုက်ပါသေးသည်။ ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကို တုန့်ပြန်ခြင်းဖြစ်သည်။
စင်စစ်အားဖြင့် ရွေးကောက်ပွဲဆိုသည်မှာ မဲပေးကြခြင်းဖြစ်ပါသည်။ မပေးဘဲ နေ၍လည်းရပါသည်။ သည်တော့မပေးဘဲနေသူကို သည်လိုစော်ကားမော်ကားပြောခြင်းကို ပြည်သူတွေက လက်ပိုက်ကြည့်နေရပါသည်။ ဘာကြောင့်အောင့်အီးနေရပါသနည်း။ ရှင်းနေပါပြီ။ ရွေးကောက်ပွဲ၌ တရားမျှတမှူမရှိ၍ တဖက်သတ်ပြောဆိုရေးသားနေကြရခြင်းကို အဓိပ္ပါယ်ဖေါ်ပြနေပါသည်။ အကယ်၍လွပ်လွပ်စွာရေးသားခွင့်ဆိုသော ဒီမိုကရေစီအနှစ်သာရရှိသည့် စံနုံးကိုသာ ရရှိနေပါက မောင်းမိုးရှင်းဆိုသော ဆောင်းပါးရှင်သည် ယင်းသို့ရေးသားနိုင်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ချက်ချင်းတုန့်ပြန် ဝေဖန်ရေးသား ချေပကြမည်မှာသေချာလှပါသည်။ ပြည်သူတို့မှာ မျက်စိမုဒိမ်းကျင့်ခံနေရပါသည်။
သူကဆိုထားပြန်သေးသည်။ သူများစိုက်တဲ့အသီးပဲစားချင်ပြီး တစုံတရာဘာဆိုဘာမှ ပါဝင်စိုက်ပျိုးသူမဟုတ်ဟု ရေးထားပါသည်။ အင်မတန်မှ လူပါးဝသောစကားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကမ္ဘာကြီးတခုလုံးနှင့်အတူ တန်းတူညီမျှရရှိရေးအတွက် ၈၈ ကျောင်းသားခေါင်းဆောင်များသည် အကျဉ်းထောင်
ထဲမှာ ထောင်ဒဏ် ၆၀ ကျော်အထက်နှင့် ဆင်းရဲဒုက္ခခံကာ ရှိနေကြဆဲဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များသည် နှစ်ပေါင်း ရာကျော်နှင့် အကျဉ်းထောင်ထဲတွင် နေနေကြရပါသည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်သည် ယခုကဲ့သို့ အကျဉ်းထောင်ထဲတွင် ရှိနေကြသည်ကို ပြည်သူတို့က မမေ့ကြသေးချေ။ တချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအချိန်ထိ နေအိမ်အကျယ်ချုပ်နှင့် နေနေရဆဲ။ နောင်ကိုမည်ကဲ့သို့ဥပ္ပါယ်တမည် ပုဒ်မပုဒ်ထီးတွေနှင့် တပ်ပြီးဖမ်းဆီးနေအုံးမည်မသိရ။
တခုသေချာသည်မှာ နအဖစစ်အစိုးရရှိနေသမျ ဒေါ်အောင်ဆန်းစုကြည်မှာ အကျယ်ချုပ်နှင့်သော်၎င်း၊ အကျဉ်းထောင်နှင့်သော်၎င်း ရှိနေအုံးမှာကတော့ မြေကြီးလက်ခတ်မလွှဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်သည် မြန်မာနိုင်ငံကို ဖျက်လိုဖျက်ဆီးပြုလုပ်မည့် သူများမဟုတ်။ မြန်မာနိုင်ငံဖွံွံ့ဖြိုးတိုးတက်စည်ပင်ရေးအတွက် ကြိုးစားရုမ်းကန်နေကြသည့် ကိုယ်ကျိုးစွန့်အနစ်နာခံ နိုင်ငံရေးသမားများဖြစ်သည်။ သူတို့တွေမပါသော ဤရွေးကောက်ပွဲသည် ဒီမိုကရေစီအသီးအပွင့်ပါသော ရွေးကောက်ပွဲမျိုးမဟုတ်။ ယခုရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို ရွေးချယ်ပွဲဆိုလျင် အကျဉ်းထောင်ထဲမှာ မတရားသဖြင့်ရှိနေသော နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကို လွှတ်ပေးသင့်သည်။ ပြီးတော့ ရွေးကောက်ပွဲကို ပါဝင်ရေးအတွက် နအဖစစ်အစိုးရက ဆောင်ရွက်ရမည်ဖြစ်သည်။ ပြီးတော့ရွေးကောက်ပွဲပြုလုပ်ရေးအတွက် လိုအပ်သောအချက်အလက်များ ၊ အကြောင်းအရာများကို ဥပမာအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် ရွေးကောက်ပွဲကို ပြုလုပ်ကြမည်ဆိုပါက နတ်လူသာဓု ခေါ်ပေးကြမည်မှာ သေချာလှပါသည်။ ကောင်းချီးပေးကြပါလိမ့်မည်။ ဤသည်ကို နအဖစစ်အုပ်စုတို့မှာ တစက်ကလေးမျှမပြုလုပ်။
သည်တော့ပြည်သူတွေက ဒီမိုကရေစီအသီးအပွင့်မဟုတ်သည်ကို သိပါလျှက်ကယ်နှင့် မည်သို့မဲပေးကြပါ့မလဲ။ သွေးစွန်းသောမဲစာရွက်များက သွေးပွက်ပွက်အံပြီး သွေးစက်တွေမျက်ရည်တွေနှင့် လူးပေကျံနေသည့် အသီးအပွင့်များကို မည်သို့မြိန်ရည်ယှက်ရည် စာေးသာက်နိုင်ကြပါမည်နည်း။ အဆိပ်လူးထားသော ဤအသီးများကို မည်သို့သောပြည်သူများက စားသောက်ကြပါမည်နည်း။ မိမိတို့ကိုယ်တိုင်လည်း မစားသောက်ရအောင် တခြားသူများကိုလည်း မစားသုံးရအောင် လမ်းညွှန်ပြပေးကြရမည်မှာ ဒီမိုကရေစီမြတ်နိုးသောပြည်သူများ၏ တာဝန်ဝတ္တရားဖြစ်သည်။ ပြီးတော့သွေးဆာနေသောအသီးကို မည်သူကစိုက်ပျိုးနေပါသနည်း။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ ဘ၀ရှင်မင်းတရားကြီးမဟုတ်။ မိစ္ဆာကောင်လူသတ်သမားဖြစ်သည်။ သူ့ကြောင့် သန်းငါးဆယ်ကျော်ပြည်သူတရပ်လုံးမှာ ဆင်းရဲဒုက္ခခံစားနေရသည်။ စစ်အာဏာရှင်စနစ်ကို တိတိကျကျ ကျင့်သုံးသောကြောင့် ကမ္ဘာကြီးတခုလုံးမှ သူ့အားစစ်အာဏာရှင်ဟု ခေါ်ဝေါ်သမုတ်ထားသည်။ ယခုဆိုလျှင် ကမ္ဘာ့ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ကမ္ဘာ့ရာဇ၀တ်ကောင်အဖြစ် စစ်ဆေးကြလိုသည်။ မကြာခင်သူ့အား ကမ္ဘာ့ရာဇ၀တ်ကောင်အဖြစ် စစ်ဆေးကြလျင် ရာဇ၀တ်ဘေး ပြေးမလွတ်မှန်း နိုင်ငံတကာမှ သိရှိသွားကြလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့ စစ်ရာဇ၀တ်ကောင်၏ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အသီးအပွင့်ဆိုသည်မှာ မည်ကဲ့သို့နည်းနှင့်မျှ ဒီမိုကရေစီအသီးအပွင့်မျိုး သီးပွင့်လာမည်မဟုတ်ချေ။ ယင်းအသီးအပွင့်ကို သီးပွင့်ရန်ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိုက်ပျိုးထားနေသည်။
စစ်အစိုးရအလိုတော်ရိ မောင်မိုးရှင်းမှာ မြန်မာနိုင်ငံမှ ပြည်သူတရပ်လုံးက မဲပေးလိုက်သော ကိန်းဂဏန်းကိုကြည့်၍ နိုင်ငံတကာက နိုင်ငံရေးအသိနိုးကြားမှူကို မြင်တွေ့ကြခြင်း။ ချစ်သည့်နိုင်ငံများကချှီးကြူးခြင်း။မုန်းသည့်နိုင်ငံများက မနာလိုခြင်း။တိုးတက်စေချင်သည့်နိုင်ငံများက ၀မ်းသာကြပြီး၊ ဒုက္ခကျရောက်စေချင်သည့်နိုင်ငံများက မှိုင်ဝေသွားခြင်း။ သမိုင်းရေးခွင့်ကို ရရှိသွားခြင်းဆိုပြီး ရေးထားသေးသည်မှာ ဆန္ဒမဲပေးကြပါဟု တိုက်တွန်းခြင်းဖြစ်နေသည်။ ဆန္ဒမဲပေးကြပါဟု တိုက်တွန်းထား၍ မဲပေးသောသူများကြောင့် နိုင်ငံရေးအသိနိုးကြားမှူကို နိုင်ငံတကာမှ သိရှိသွားမည်ဟု ထင်ထားပါသည်။ သို့ဆိုလျင် ရွေးကောက်ပွဲလုပ်သောနေ့တွင် အတင်းအကြပ်ပြုလုပ်၍ မဲလာထည့်သောပြည်သူလူထုများ၊ မထည့်မနေရခြိမ်းခြောက်ပြီး ပြုလုပ်ထားသောကြောင့် လာရသောသူများ ရှိနေခဲ့လျင် ယင်းပုဂ္ဂိုလ်များ၏ စိတ်ဆန္ဒကို မည်သည့်နေရာများ၌ ထည့်သွင်းရပါမည်မည်း။ မည်သူကမဲဆန္ဒရှင် ကိုယ်စားလှယ်ပါဟု အရည်အချင်းတစက်ကလေးမျှ မသိရှိရသောသူကို ဤပုဂ္ဂိုလ်တော်လှပါချည်ရဲ့ ဟု မည်သူတွေက မဲပေးကြရမည်နည်း။ ပြည်သူလူထုမစဉ်းစားဘဲ နေကြပါမည်လား။ လူ့ငနွားတွေပါဟု ပြည်သူတွေကို ကြိုးနဖါပါးတပ်ပြီး မဲထည့်လျင်တောင် ယခုပွဲကတော့ဖြင့် လုပ်ပွဲဖြစ်နေမှန်း ကမ္ဘာကြီးက အားလုံးသိနေပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲမပေးပါနှင့် ပြောဆိုလိုက်သည်မှာ သပိတ်မှောက်ခြင်းကို ပြောခြင်းဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် မဲအနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီတို့က
သပိတ်မှောက်ခြင်းသည် တနိုင်ငံလုံးမဲမပေးခြင်းကို ကမ္ဘာသို့ချပြခြင်းဖြစ်သည်။ ထို့ကြောင့်ဤပွဲမှာတရားဝင်မူမရှိချေ။ သို့အတူတရားဝင်မူမရှိသောကြောင့် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရသည်လည်း တရားဝင်အစိုးရဖြစ်မည်မဟုတ်ချေ။ လွန်ခဲ့သောအပါတ်ကပင် အမေရိကန်အစိုးရမှ ယူနီဖေါင်းကိုချွတ်ပြီး အရပ်သားအ၀တ်အစားကိုဝတ်ရုံနှင့် စစ်အစိုးရ၏ နိုင်ငံရေးစနစ်များမှာလည်း ပြောင်းလဲမည်မဟုတ်သလို မည်သို့မျှလည်း ထူးခြားလာမည်မဟုတ်သောကြောင့် သူတို့အနေဖြင့် စစ်အစိုးရအပေါ် မည်သို့မျှ အယုံအကြည်မရှိကြောင်း ထုတ်ဖေါ်ကြေညာထားလိုက်ပါသေးသည်။
ကမ္ဘာတွင်အမေရိကန်အစိုးရမှ အသိအမှတ်မပြုလျင် ယင်းနိုင်ငံမှာ ကံဆိုးမိုးမှောင်ကျနေတတ်ပါသည်။ ဒုက္ခကြီးစွာရောက်နေတတ်ပါသည်။ ဥရောပသမဂ္ဂနိုင်ငံများမှ အသိအမှတ်မပြုလျင် ဆက်လက်ပြီးဒုက္ခကြီးစွာကျရောက်နေပါသည်။ ယခုအချိန်တွင် ဒီမိုကရေစီနိုင်ငံများဖြစ်သောနိုင်ငံများစွာတို့သည် နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှူ မရှိခြင်းကို အထူးသိရှိနားလည်ကြပါသည်။ အာဆီယံနိုင်ငံထဲမှာပင် နအဖစစ်အစိုးရကို လက်သင့်ခံသည့်နိုင်ငံများလည်း နည်းပါးလာပါပြီ။ အထူးသဖြင့် စစ်ရာဇ၀တ်ကောင်အဖြစ် ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီးစုံစမ်းစစ်ဆေးလာမည်ဆိုလျင် ပြည်သူတွေသည်ဒီမိုကရေစီအသီးအပွင့်ကို ခံစားစံစားကြရမည်ဖြစ်ည်။ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မဲမပေးလိုက မဲမပေးကြရန် ပြောဆိုတိုက်တွန်းသော စကားကို အဓိကလက်ခံ သဘောပေါက်ကြဖို့လိုသည်။ စစ်အစိုးရသည် သူတို့၏သက်ဆိုးရှည်စေရေးအတွက် စစ်အာဏာရှင်စနစ်ကို ပြုလုပ်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို အဓိကကျားကန်ပေးမည့် ပွဲဖြစ်သည်။ ဤပွဲတွင် ဒီမိုကရေစီလိုချင်သော မြန်မာနိုငံသူ နိုင်ငံသားတိုင်း သပိတ်မှောက်ပါသည်ခင်ဗျားဟု တညီတညွတ်တည်း ကြွေးကြော်ကြရန်သာရှိသည်။ သည်တော့ ကျနော်တို့က ဤစကားကို သေသေချာချာတိတိကျကျ ပြောဆိုအော်ဟစ်လိုက်ရပါသည်။ အားလုံး မဲမပေးးဘဲ သပိတ်မှောက်ကြပါစို့လို့။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )