Tuesday, September 14, 2010

14 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/9pvrex5susckyb8/14%20September%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/bv2en25ii3rfedx/14%20September%202010%20yeyintnge%27s%20Diary.pdf

14 September 2010 Yeyintnge's Diary

ပါတီ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ကို NLD လက်မခံ


Tuesday, 14 September 2010

ပါတီ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ကို NLD လက်မခံ
မိုးမခအထောက်တော် အမှတ် ဝဝ၁
စက်တင်ဘာ ၁၄၊ ၂၀၁၀ (Photo: Reuters/Aung Hla Tun)

ရွေးကောက်ပွဲ မ၀င်သည့် NLD ပါတီကို ရပ်တည်ခွင့် မပြုတော့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်မှာ တရားဝင်ခြင်း မရှိဟု NLD ခေါင်းဆောင် ဦးဉာဏ်ဝင်းက သတင်းဌာနများကို ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် ကော်မရှင်တွင် မှတ်ပုံ မတင်သည့် NLD အပါအ၀င် သက်တမ်းရင့် နိုင်ငံရေး ပါတီ ၅ ခုကို နိုင်ငံရေး ပါတီ အဖြစ်မှ ပျက်ပြယ်ကြောင်း စစ်အစိုးရက ယနေ့ ညနေ ၆ နာရီတွင် ကြေညာခြင်းကို ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

NLD ခေါင်းဆောင် ဦးဉာဏ်ဝင်း၏ တုံ့ပြန်ချက်များ

“ကော်မရှင်မှာ အဲဒီလို လုပ်ပိုင်ခွင့်၊ ကြေညာပိုင်ခွင့် မရှိဘူးလို့ဘဲ နားလည်တယ်။ ဒီကော်မရှင်က အခု မှတ်ပုံတင်ထားတဲ့ ပါတီကိုသာ လုပ်ပိုင်ခွင့်ရှိတယ်”

မဇ္ဈိမသတင်းဌာန

“ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် မှတ်ပုံမတင်တဲ့ ပါတီအတွက် အခုလို သတင်းထုတ်ပြန်ဖို့၊ အခုလို ကြေညာချက် ထုတ်ဖို့ အာဏာ အပ်နှင်းထားတာ ကျနော် မတွေ့ဘူး။ ကြေညာချက် ထုတ်တယ်ဆိုတာ အာဏာအပ်နှင်းမှ ထုတ်လို့ရတာ”

“ဒုတိယအချက်က NLD ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီးတော့ တရားရုံး လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးဘူး။ အဲဒီလို မပြီးပြတ်သေးတဲ့ အချိန်မှာ ကော်မရှင်က ကြားဖြတ်ပြီး ဒီလို ကြေညာတာဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်တယ်”

VOA သတင်းဌာန

ကြေညာချက်တွင် ပါဝင်သည့် ပါတီဟောင်း ၅ခု၏ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေ စာရင်း

NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ၃၉၂ နယ်မြေ

ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် - ၂၃ နယ်မြေ

ပြည်ထောင်စု ပအိုဝ်းအမျိုးသားများ အဖွဲ့ချုပ် - ၃ နယ်မြေ

ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ - ၁ နယ်မြေ

ဝ အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီ - ရွေးကောက်ခံရသော နယ်မြေ မရှိ

မကြာသေးမီက ဖွဲ့စည်းခဲ့သော ပါတီ တချို့သည်လည်း မဲဆန္ဒနယ် ၃ နယ်တွင် ၀င်ရောက် မယှဉ်ပြိုင်နိုင်သဖြင့် ဖျက်သိမ်းကြောင်း ကြေညာခံရသည်။ ထိုပါတီများ စာရင်းကို Eleven မီဒီယာ ၀က်ဆိုက်တွင် အောက်ပါအတိုင်း တွေ့ရသည်။

ကရင်အမျိုးသားများ အဖွဲ့ချုပ်

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ

မြိုတိုင်းရင်းသားပါတီ

ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)

http://www.moemaka.com/

ဖြစ်လေ့ ဖြစ်ထ ရှိတာပဲ


“ဖြစ်လေ့ ဖြစ်ထ ရှိတာပဲ”

Share/Save/Bookmark ca-sep-14-10
http://www.irrawaddy.org/bur/index.php/cartoon/7-cartoon/4056-2010-09-14-08-49-49

ထွင်းဖေါက် မြင်နိုင်သော မဲပုံးအကြည် များကို ရွေးကောက် ပွဲတွင် အသုံး ပြုမည်


ထွင်းဖေါက် မြင်နိုင်သော မဲပုံးအကြည် များကို ရွေးကောက် ပွဲတွင် အသုံး ပြုမည်


၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပ မည့် ရွေးကောက်ပွဲ အတွက် ဆန္ဒမဲ ပေးရမည့် မဲပုံး အားလုံးမှာ ထွင်းဖောက် မြင်နိုင်သည့် အဖြူ (အကြည်) ရောင် ပလတ်စတစ် ပုံးများ အသုံး ပြုရမည် ဖြစ်သည်ကို တွေ့ရသည်။ မဲပုံးမှာ အကြည်ရောင် ဖြစ်ပြီး လွှတ်တော် အသီးသီး အတွက် စာတန်း အရောင် များဖြင့် ခွဲခြား သတ်မှတ် ထားကြောင်း တွေ့ရှိရသည်။

မဲပုံးဘေး ဘက်၏ စာတန်းတွင် တိုင်း ဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ဆန္ဒ မဲပုံး အတွက် စာတန်း ခရမ်းရောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဆန္ဒ မဲပုံး အတွက် စာတမ်း အပြာရောင်၊ ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲပုံး အတွက် စာတန်း အစိမ်းရောင်ဖြင့် အရောင်များ ခွဲခြား သတ်မှတ် ထားသည်ကို တွေ့ရှိ ရသည်။ မဲပုံး အားလုံးရဲ့ အရောင်တွေက အဖြူ (အကြည်) ရောင် တွေပါပဲ။ တခြား အရောင်တွေ သုံးလို့ မရဘူး။

အဲ့ဒီမှာမှ စာတန်း အရောင် တွေကပဲ လွှတ်တော် တွေကို ကိုယ်စားပြု သွားတာပါဟု ရွေးကောက်ပွဲ ကော်မရှင် (ရန်ကုန်တိုင်း) ရုံး၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မဲပုံး၏ မျက်နှာပြင် အပေါ် ဘက်တွင် မဲထည့် ရန်အတွက် အပေါက် တစ်ပေါက် ဖောက် ထားသည်။ ဘေးနှစ်ဖက်တွင် ပလတ်စတစ် ကလစ် ပုံသဏ္ဍန် ပါရှိပြီး သော့ခတ် နိုင်သည့် ပတ်တာ မပါရှိကြောင်း တွေ့ရှိရသည်။



၁၄ . ၉ . ၂၀၁၀
http://www.htwd.info/2010/09/2010_14.html

သြစတျေးလျနိုင်ငံကနေ ခန့်စည်သူကို ဒီလိုမောင်းထုတ်လို့ရတယ်...

ခန့်စည်သူကို သြစတျေးလျနိုင်ငံကနေ ဗီဇာပိတ်ဖို့အတွက် ဒီလိုကူညီကြပါ။ ၾသစေတ်လ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဆီကို အောက်ပါစာကိုပို့ပေးကြပါ။ ပို့တဲ့သူများရင် ခန့်စည်သူရဲ့ ဗီဇာကို ပိတ်နိုင်ပါတယ်။ မပိတ်တော့လည်း ဆန္ဒပြကြတာပေါ့နော်။ ကဲ..တချက်လောက်ကလစ်ကြဗျာ..။

E-mail

minister@immi.gov.au

senator.evans@aph.gov.au

အားလုံးလေးစားလျှက်

ဘုန်းကျော်

www.phonekyaw.blogspot.com


Senator Chris Evans
Minister for Immigration and Citizenship
Parliament House
Canberra ACT 2600

Dear Mr Evans,

I would like to request you that could you please cancel a visa for a Burma's famous actor called Mr Khant Si Thu who will visit in Perth on Sep 13, 2010. He is going to have a Burma's cultural concert in order to make a fund rising for orphans in Burma. This concert will be on October 16 2010 at Morley Recreation Centre.

Let me introduce about him first. He is one of the Burmese military supporters. He acted as a major actor in a controversial film called Ahyoun Oo Mar Phu Thit Kyar, a propaganda film to support the 2010 election in Burma. As you may know this election is just for Burmese generals, not for people in Burma. They want to have power all the time.

Mr Khant Si Thu is a supporter for the Military government. I think he is one of the relatives of Burmese generals. He will come to Perth, Australia to make a lobby for a support of Burmese generals in the Burmese Community in Perth.

All Burmese political activists around the world are opposing against all actors and actress who were involved in this film. For example, the Burmese community in UK and US had many protests for these actors and actress. You can ask any Burmese about this case.

Australia has a sanction for Burmese generals and their relatives in order not to deal with them. But, sadly you and your department allowed this Burmese actor, Mr Khan Si Thu to visit in Perth. He came here just for shopping not for a concert. He already said his intention about why he wants to visit in Perth with a Burmese journal in Burma. This is not good.

I strongly request you that please cancel his visa to visit in Perth as well as all other actors and actress involved with this film. Please see attachment for an advertisement of this concert in details as well as his photo.

I look forward to hear your decision for the Burmese people in Burma and around the world.

Yours Sincerely,
http://www.mediafire.com/file/32f752n2fa1pnd5/Dear%20Mr%20Evans.doc

အလင်းအိမ် အတွဲ ၄ အမှတ် ၈

http://xa.yimg.com/kq/groups/20354587/193200895/name/luminary%204%20of%208.pdf
Luminary 4 of 8

လမ်းပြကြယ်လုပ်မှာလား လူတွင်ကျယ်လုပ်မှာလား


လမ်းပြကြယ်လုပ်မှာလား လူတွင်ကျယ်လုပ်မှာလား

ကိုယ်ဘာလဲ ဆိုတာ တိတိကျကျပြောပါ ဦးအေးမြင့် ခင်ဗျား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေကို ဖျက်သိမ်းကြောင်းကြေငြာတဲ့ရက်နဲ့ တချိန်တည်းမှာပဲ ဦးအေးမြင့် ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတဲ့

အင်တာဗျုးကိုနားထောင်လိုက်ရတယ်။ တိုက်ဆိုင်တာလား။ ချိန်ကိုက်ပြီး စံနစ်တကျလုပ်လာတာလား။

ကျနော်တို့ ကတော့ လူတွင်ကျယ်လုပ်ပြောနေတဲ့ ဦးအေးမြင့် ကို သံသယရှိနေခဲ့တာ နည်းနည်းလေးတော့ကြာသွားပြီ။

ဒေါ်အောင်ဆန်းစု ရဲ့ ရွေးကောက်ပွဲ အပေါ်သဘောထား ကို ဦးဥာဏ်ဝင်း က လိမ်ပြောခဲ့သယောင်ယောင်၊ “ဒေါ်အောင်ဆန်းစုကြည်မပြောခဲ့ပဲနဲ့ လွတ်လာပြီးမှ ရွေးကောက်ပွဲ သပိတ်မှောက်တာကို ဒေါ်စုက မပြောခဲ့ရင် ပြည်သူက ဒုက္ခရောက်မယ်” ဆိုပြီးပြည်သူကိုစာနာလေဟန်ပြော၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် မဲမထည့်ခိုင်းတာကို အပြစ်တင်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူထုနဲ့ရန်တိုက်ပေးဖို့လှမ်းလာတဲ့ခြေလှမ်းဟာ ဦးအေးမြင့်ရဲ့မရိုးသားမှုပဲဖြစ်တယ်။

တကယ်တော့ ဒီစကားတွေအားလုံးကို ဦးခင်မောင်ဆွေ က အောက်ကနေဝါဒဖြန့်နေခဲ့တာ ကြာပြီ။

ခြေလှမ်းတွေက ရိုးစင်းပြီး တုံးလာချည်လား ဦးအေးမြင့်ရယ်။

ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတကာသံအမတ်တွေနဲ့တွေ့ခဲ့တယ်မို့လား။ သတင်းတွေ နားထောင်နေခဲ့တာပဲမို့လား။

ပါတီမှတ်ပုံတင်ရေးမတင်ရေးကို အများဆန္ဒနဲ့မဲခွဲခဲ့တာမို့လား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကို နိုင်ငံတကာသံအမတ်တွေက တီးခေါက်ခဲ့၊

သိခဲ့ပြီးပြီ မဟုတ်လား။ ဘာလို့ ဆင်သေကို ဆိတ်ရေနဲ့ဖုံးပြီး လူရှုပ်လူပွေတယောက်လို ရိုးမယ်ဖွဲ့ချင်ရတာလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တချို့မှာ အားနည်းချက်တွေရှိနိုင်ပါတယ်။

ဒါပေမဲ့ အားလုံးကိုသိမ်းကြုံးပြီး “ထမိန်နားခိုစားနေတဲ့ကောင်တွေ”လို့ ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာဟာ ဦးအေးမြင့်ရဲ့မျိုးရိုးအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်းကို ပြခဲ့တာပါပဲ။

ဦးခင်မောင်ဆွေ လို စကားအမျိုးမျိုးပြောတဲ့ လူလိမ်၊

ဦးအေးမြင့် လို ခုရွေးကောက်ပွဲသပိတ်မှောက်မယ်ပြောလိုက်၊ ခုပဲ လူလိမ်ကိုမဲထည့်ခိုင်းလိုက်နဲ့ လှေနံနှစ်ဖက်နင်း နေတဲ့ လူရှုပ်

အော်- ပျံလေတဲ့ ငှက်ခါး နားမှ သိကြမယ်။

သူများ ကို တည်တည်ကြည်ကြည်ပြောပါ လို့ မစွပ်စွဲခင် ကိုယ်ကရော တည်ကြည်ဖြောင့်မတ်တဲ့ စကားကို ဆိုနေပါရဲ့လား ဦးအေးမြင့်။ နိုင်ငံရေးဆိုတာ ဇာတ်မင်းသားတွေလို မိနစ်ပိုင်းအတွင်းမှာ ငိုလိုက်၊ ရယ်လိုက် လုပ်ရင် ဘာဖြစ်နိုင်တယ် ဆိုတာကိုတော့ ဦးအေးမြင့် သိသင့်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူထုအုံကြွမှုဦးဆောင်မလုပ်လို့ အပြစ်တင်နေတဲ့ ဦးအေးမြင့် ခင်ဗျား

ပဲခူးမှာ လူနှစ်ယောက်ကို စစ်တပ်ကပစ်သတ်သွားတဲ့အပေါ် ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ လူထုကို ဘာလို့ ဦးဆောင်မဖောက်ခွဲခဲ့တာလဲ။ သပိတ်မှောက်ပြီးတဲ့အခါ လူထုအုံကြွမှုလုပ်မယ် ဆိုတဲ့ ကံသေကံမပြောဆိုမှုတွေကို နိုင်ငံရေးမှာ လုပ်လို့မရသလို၊

လူထုအုံကြွမှုလုပ်ဖို့ဆိုတာ နယ်မြေအသီသီးမှာ ခေါင်းဆောင်မှုရှိမှ၊ ပြည်သူက ရေချိန်အသင့်ဖြစ်နေမှ လုပ်လို့ရတာပါ။

ပြည်သူက အသင့်ဖြစ်နေပြီ လို့ ပြောတဲ့ ဦးအေးမြင့်ဟာ ဘာလို့ ရွေးကောက်ပွဲ ကို ဖြတ်ချင်နေရတာလဲ။

ဘာလို့ ဦးခင်မောင်ဆွေ တို့ကို မဲထည့်ဖို့ မြူဆွယ်နေရတာလဲ။ ကိုယ့်စကားက ရှေ့နောက်ညီရဲ့လား။ ပြန်စဉ်းစားစေချင်ပါတယ်။

နိုင်ငံရေးဆိုတာ နတ်ကြီးပါတယ်။ ကျနော်တို့ မဟုတ်တယုတ်လုပ်ရင် ကျနော်တို့ကျဆုံးမယ်။ ဦးအေးမြင့် က လူရှုပ်၊လူတွင်ကျယ် လုပ်လာပြီး မတရားခံနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်အပေါ် စာနာနားလည်မှုမရှိပဲ မိုက်မိုက်ရိုင်းရိုင်းလုပ်လာတဲ့အခါ

နိုင်ငံပေါင်းစုံမှာရောက်နေတဲ့ပြည်သူတွေနဲ့ပြည်တွင်းမှာနေထိုင်ကြတဲ့သူတွေရဲ့တုန့်ပြန်မှု ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ကြမယ်။

လမ်းပြကြယ်အဖြစ် နာမည်ရလာအောင်၊ ဦးအေးမြင့်လုပ်လို့ ကလေးစစ်သားလေးတွေလွတ်လာတယ် ဆိုတဲ့ အထင်ရလာအောင်၊

ပြည်သူကြားကို နားရောက်စေမဲ့ စင်တခုရလာအောင် စစ်တပ်နဲ့များ ကြိုညှိပြီး ပြင်ဆင်လုပ်ခဲ့တာလား လို့ သံသယနဲ့ မေးခွန်းထုတ်လာမိကြတယ်။ နိုင်ငံတကာရောက်ရဲဘော်များကို တခုကြိုမေတ္တာရပ်ခံချင်ပါတယ်။

လူရှုပ်၊ လူလိမ်တွေကို နိုင်ငံရေးစင်မြင့်ပေါ်တင်ပေးတဲ့အဖြစ်မျိုး မလုပ်မိကြပါစေနဲ့။

ဒီ တကွေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နောက် က ကြံ့ကြံ့ခံရပ်တည်ထားကြရမယ် လို့ ယုံကြည်နေပါတယ်။

ခင်မင်လေးစားစွာဖြင့်

သန်းဝင်း

အောင်မိုးဝင်း


listen here..
http://xa.yimg.com/kq/groups/20354587/292987462/name/U%20aye%20myint.mp3