Wednesday, September 15, 2010

15 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/efb9rw4qdghvjbe/15%20Sep%202010%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/pbwf4c3sv771beq/15%20Sep%202010%20Yeyintnge%27s%20diary.pdf
15 Sep 2010 Yeyintnge's Diary

NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အောင်မြင်မည် ဟု ပြည်သူတို့ ယူဆ


NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အောင်မြင်မည် ဟု ပြည်သူတို့ ယူဆ

September 15, 2010 freedom news group

Quantcast

တင်ကျော်ကျော်စိုး၊ ၊ယခင် က ဘေးကျပ်နံကျပ် အခြေအနေ ဖြင့် မြေပေါ်တရားဝင် ပါတီ
အဖြစ်ရပ်တည်ကာ စစ်အစိုးရ ပြုတ်ကျရေး မြေအောက် အဖွဲ့ အစည်း အချို့ နှင့်တရားဝင် ပူးပေါင်းပြီး
မလုပ် နိုင်ခဲ့သောအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် စစ်အစိုးရ ၏ ယမန်နေ့ က တရားဝင် ပါတီ
အဖြစ်မှ ဖျက်သိမ်းသည် ဟူ သည့် ကြေညာချက် ကြောင့် အစိုးရ ဆန့် ကျင်ရေး လုပ်ငန်း များ ကို
မြေအောက် အဖွဲ့ အစည်း တစ်ရပ် အနေဖြင့် ပေါ်ပေါ် ထင်ထင် လုပ်ခွင့် ရသွားပြီ ဖြစ်သည်။

တရားဝင် ပါတီ အဖြစ် ရပ်တည်နိုင်ခြင်း မရှိတော့ သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည်
အမှန် တကယ် ဒီမိုကရေစီ လိုလားလျှင် ယနေ့ မှစ၍ ပြည့်သူ့ အကျိုးကို ဖြည့်ဆည်းရန် အချိန်
ကောင်း၊အခါကောင်း
ကျရောက်ပြီ ဖြစ်သည် ဟု ပဲခူး ခရိုင် ကျောင်းသားများ သမဂ္ဂ မှ တာဝန်
ရှိ သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန်မြို့ မှ အထက်တန်းပြ ဆရာမ တစ်ဦးက လည်း NLD ကိုတရားမ၀င် ဘူး ကြေငြာ ရအောင်
စစ်အစိုးရ ကိုယ်တိုင် က တရားမ၀င် ဘူး ..ဒီတော့ NLD တရားဝင်သေးတယ် ဟု သူ့ အမြင်
ကို ပြောသည်။

မန္တလေးမြို့ မှ နိုင်ငံရေး အကျဉ်းသားဟောင်း နှင့် စာရေးဆရာ တစ်ဦး ဖြစ်သူ က မူ ၂၂ နှစ်လုံး
လုံး ဒီ/ချုပ်က လိမ်ဖယ် လိမ်ဖယ် နဲ့  ရှေ့ တိုး မလို နောက်ဆုတ် မလို နေလာတာ အခု မြေအောက်
ပါတီ ဆိုပြီး ခပ်ရှင်းရှင်း ဆော် လို့ ရပြီ အင်အား အကြီးဆုံး အတိုက် အခံ ပါတီ ကြီး ဒီတိုင်းပျောက်
သွားမှာ နဲ့ နဲ့ အတူတူ မြေအောက်ဆင်းပြီး ဆော်ရင် ပြည်သူတွေ အုံ နဲ့ ကျင်း နဲ့ ပါလာနိုင်တယ်
ဟု သုံးသပ်သည်။

နိုဝင်ဘာ လ ၇ ရက်နေ့ ဉ် ရွေးကောက်ပွဲ ကျင်းပမည် ဟု ကြေငြာ ထားသည့် မြန်မာ စစ်အစိုးရ
သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အား ယမန် နေ့ က ဖျက်သိမ်းလိုက်ပြီ ဟု ကြေငြာခဲ့သည်။

ရက်စက်ကြမ်းတမ်း လှသည့် စစ်အစိုးရ လက်အောက် တွင် ခံနိုင်ရည် အပြည့်အ၀ ရှိသည့်
မြန်မာ ပြည်သူများ ကမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနေဖြင့် ပြည်သူများ အား ဒီမိုကရေစီ
ဆောင် ကျဉ်း ပေးလိမ့် မည် ဟု ယူဆဆဲ ရှိသည်။

ယခင် တရားဝင် ပါတီ အဖြစ် မလှုပ်သာ ၊ မလူးသား အခြေအနေ မှ ယခုဖျက်သိမ်းခံလိုက်ရပြီ
ဖြစ်သဖြင့် မဲ မပေးရေး နှင့် စစ်အစိုးရ ဆန့် ကျင်ရေး လှုပ်ရှားမှု များ ကို ပိုမို မြန်ဆန်သွက်လက်
စွာ လှုပ်ရှား နိုင်သည့် အခြေအနေ သို့ ရောက်ရှိပြီ ဖြစ်သည်။

စစ်အစိုးရက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ တရားဝင် ရပ်တည်မှု ကို နိဂုံးချုပ်စေခဲ့သော်
လည်း ခေါင်းဆောင် များ အား ဖမ်းဆီးသည့် သတင်း ကို မကြားသိရသေး ဟု ပါတီ အဖွဲ့ ဝင်
တစ်ဦးက ပြောသည်။

http://freedomnewsgroup.com/

ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက်အလက်အချို့


ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက်အလက်အချို့

(တူမောင်ညို)

(၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်)

ဘာရည်ရွယ်ချက်ရှိသလဲတော့မပြောတတ်ပါဘူး။

တပ်တွင်းကနေရာချထားရေးသတင်းတွေကို (နအဖ) စစ်အစိုးရက တိတိကျကျရှင်းရှင်းလင်းလင်းထုတ်ပြန်တာမရှိပါဘူး။

အပြောင်းအလဲရှိတယ်ဆိုရင် ပထမဦးစွာ ကောလဟလလိုလိုနဲ့သတင်းတွေထွက်လာတာကနေစတာပဲ။ နောက်တော့မှ သတင်း စာထဲမှာ အဲဒီအပြောင်းအလဲတွေကို လက်တွေ့သိကြရတယ်။ (နအဖ) စစ်အုပ်စုရဲ့လုပ်နည်းလုပ်ဟန်တစ်ခုလို့ပဲ မှတ်သားထားရမှာပါ။

သြဂုတ်လနှောင်းပိုင်းမှာစပြီး တပ်ထဲက အပြောင်းအလဲသတင်းတွေကြားလာရပါတယ်။ ဒါတွေကို ဘယ်သူကမှ သီးခြားအတည် ပြုပေးနိုင်ခြင်းမရှိပါဘူး။

ဒါပေမယ့်ပထမဦးစွာသတိထားမိတာက သြဂုတ်လ ၂၇ ရက်နေ့သတင်းစာမှာ (ရမခ)/ (နပခ)/(လပခ) တိုင်းမှူးတွေ ရဲ့ သတင်း တွေဖေါ်ပြပါရှိခဲ့ပေမယ့်။ သြဂုတ်လ (၂၈/၂၉) ရက်နေ့သတင်းစာတွေမှာတော့ တိုင်းမှူးတွေ သတင်းဖေါ်ပြခြင်းမရှိပါဘူး။ အဲဒီရက်ပိုင်းတွေမှာ တပ်တွင်းအပြောင်းအလဲသတင်းတွေကိုမီဒီယာတွေအားလုံးလောက်က ဖေါ်ထုတ်နေပါပြီ။

တဖန် သြဂုတ်လ (၃၀)ရက်နေ့သတင်းစာမှာတော့ (နပခ)တိုင်းမှူး ရခိုင်ပြည်နယ်၊သယု(ပဲပဒိုင်)ကြိုးတံတားဖွင့် ပွဲတက်ရောက်တဲ့ သတင်းဖေါ်ပြထားပြန်ပါတယ်။

သြဂုတ်လ (၃၁) ရက်သတင်းစာမှာတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်း သတင်းစတင်ဖေါ်ပြပါရှိလာပါ တယ်။ ဒီသတင်းဟာ ပြင်ပမီဒီယာတွေကနေကြားသိနေရတဲ့ တပ်တွင်းအပြောင်းအလဲသတင်းတွေကိုစတင်အတည်ပြုလိုက်ပေးလိုက်တာလို့ ပြောနိုင်မယ်ထင်ပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် ယခင်တိုင်းမှူးဟာ ဗိုလ်ချုပ်ဝင်းမြင့် ဖြစ်ပါတယ်။

တိုင်းမှူးအသစ်အဖြစ်စတင်တာဝန်ယူစဉ်မှာတော့ “ဗိုလ်မှူးချုပ်” အဆင့်နဲ့ပါပဲ။

သိပ်မကြာမြင့်လှတဲ့ ကာလတစ်ခုရောက်တဲ့အခါ “ဗိုလ်ချုပ်” အဆင့်သို့တိုးသွားလေ့ရှိပါတယ်။

စစ်တိုင်းဌာနချုပ် (၁၃) ခုရှိတဲ့အနက် နေ့စဉ်ထုတ် သတင်းစာမှာဖေါ်ပြထားတဲ့ သတင်းတွေအရ (စက်တင်ဘာလ ၁၅) ရက်နေ့ အထိ (ရမခ)၊(ကမ်းရိုးတန်းဒေသတိုင်း) စစ်တိုင်းဌာနချုပ်(၂)ခုကလွဲပြီးကျန် စစ်တိုင်းဌာနချုပ် (၁၁)ခု က တိုင်းမှူး အသစ်တွေကို အတည်ပြု နိုင်ပြီဖြစ်ပါတယ်။ သိရှိနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် ယခင် (လပခ)တိုင်းမှူး ဗိုလ်ချုပ် တင်ငွေ နဲ့ ယခင်(နမခ) တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးတို့ ဟာ “ကာကွယ်ဝန်ကြီးဌာနမှ”ဆိုတဲ့ ဝိသေသနှင့်အတူသတင်းစာတွေထဲ ဖေါ်ပြလာပါတယ်။ ဗိုလ်ချုပ်တင်ငွေက ရန်ကုန်တိုင်းအတွင်းကလုပ်ငန်းတွေစစ်ဆေးကြည့်ရှုတဲ့သတင်း နဲ့ဗိုလ်ချုပ်မြင့်စိုးကလည်းမန္တလေးတိုင်းအတွင်းကလုပ်ငန်းတွေ စစ်ဆေးကြည့်ရှုတဲ့သတင်းတွေ သတင်းစာမှာဖေါ်ပြထားပါတယ်။ ဒါကြောင့် ယခင်တိုင်းမှူးတွေထဲကအချို့ဟာ (ကစထမှူး) တွေဖြစ်လာတယ်လို့ ယူဆနိုင်ပြီဖြစ်ပါတယ်။

ယခင်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦး ကို “စစ်ရေးချုပ်” အဖြစ် စက်တင်ဘာလ ၁၁ ရက်နေ့ သတင်းစာမှာဖေါ်ပြထားပါတယ်။

ဒါဆိုဆက်လက်အတည်မပြုနိုင်တာ/သီးခြားအတည်မပြုနိုင်သေးတာ ဘယ်သူတွေကျန်သေးသလဲ။

(တမခမှူး) / (စကခမှူး) တွေနဲ့ အဲဒီနေရာတွေမှာ ယခင်တာဝန်ယူခဲ့သူတွေဘာဖြစ်သွားသလဲဆိုတာပါပဲ။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေဘာဖြစ်သွားပြီလဲ။ ဥပမာ ဗိုလ်မြင့်ဆွေ/ဗိုလ်ရဲမြင့်(စရဖ) တို့ဘယ်လိုလဲ။

ဗိုလ်သန်းရွှေတရုတ်ပြည်ခရီးစဉ်ပေါ်ကတွေ့ရတာတွေကိုပြောရရင် ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့ကို (နအဖ)ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ်သာဖေါ်ပြထားသည်။

ယခင်ကလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)စတဲ့ အဆင့်တာဝန်များနဲ့ယှဉ်တွဲ ဖေါ်ပြခြင်းမရှိပါ။

ယင်းသို့ဖေါ်ပြချက်ကို ဗိုလ်သန်းရွှေထံမှမလေးရှားဘုရင်ထံသို့ ပေးပို့သည့် မလေးရှားနိုင်ငံ၏ (၅၃) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင်စတင်သတိပြုမိပါတယ်။ သို့သော်လည်း သူတို့ ၂ ဦး သည် အခြားသူများကဲ့သို့ “ဗိုလ်” မှ “ဦး”သို့ ယခုအချိန်ထိ ပြောင်း လဲခြင်းတော့မရှိသေးချေ။

တရုတ်ပြည်ခရီးစဉ်သတင်းပေါ်ကနေသိရတာကတော့“ဗိုလ်” မှ “ဦး”ပြောင်းသွားသူများမှာ သူရဦးရွှေမန်း၊ သီဟသူရဦးတင်အောင် မြင့်ဦးနှင့် ဦးတင်အေးတို့ဖြစ်ပါတယ်။ သူတို့ဟာ (နအဖ)ကောင်စီဝင်တွေဖြစ်ပါတယ်။ (နအဖ) ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ ဆိုသူတွေကတော့ “ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး” တွေဖြစ်မြဲဖြစ်နေပေမယ့်၊ (နအဖ) အတွင်းရေးမှူး (၁) နဲ့ အခြားသော ကောင်စီဝင်အချို့ ကတော့ “ဦး”တွေဖြစ်သွားတယ်ဆိုတဲ့အချက်ပါပဲ။ ဒါနဲ့တဆက်ထဲသိနိုင်တာကတော့ “နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ” (နအဖ) ကိုယခင်ကလို“စစ်ဗိုလ်”တွေနဲ့ချည်းဖွဲ့စည်းထားတာမဟုတ်တော့ဘူးဆိုတာပါပဲ။

ဒါကြောင့်အပြောင်းအလဲဆိုတာမှာ စစ်တပ် ထဲကနေရာချထားရေး အပြောင်းအလဲတင်မကဘဲ၊(နအဖ) ထဲမှာပါ အပြောင်းအလဲ ရှိ နေတာကို ထင်ဟပ်ဖေါ်ပြနေပါတယ်။ (နအဖ)ဆိုတာ အာဏာကိုချုပ်ကိုင်ထားနိုင်သူ “စစ်ဗိုလ်ချုပ်”လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ရဲ့ “ဘုရင့်ကောင်စီ”သာဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘယ်သူလဲ။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဘယ်သူလဲ။

ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဘယ်သူဖြစ်မလဲဆိုတဲ့မေးခွန်းတွေကအလိုလိုပေါ်လာတာပါ။

ဗိုလ်သန်းရွှေရဲ့ တရုတ်ခရီးစဉ်အသွားအပြန်သတင်းမှာ ကာကွယ်ရေးဦးစီချုပ် (ရေ) နဲ့ (လေ)ကိုသာအမည်နဲ့တကွ ဖေါ်ပြထားပေ မယ့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဘယ်သူလဲ ဆိုတာဖေါ်ပြထားခြင်းမရှိပါဘူး။

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကို ဗိုလ်မောင်အေး ယူထားတာဖြစ်ပါတယ်။

ဒီတာဝန်နဲ့အဆင့်နေရာတွေကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေး တို့ကပဲဆက်လက်ရယူထားသေးသလား။

ဒါဆိုရင်ဘာဖြစ်လို့အဆိုပါတာဝန်တွေကို ယခင်ကလိုထည့်သွင်းမကြေညာရတာလဲ။

နံပတ်ဝမ်းဘယ်သူလဲ။

လောလောဆယ်တော့ နံပတ်ဝမ်းဟာ ဗိုလ်သန်းရွှေပဲဖြစ်မြဲဖြစ်နေပါတယ်။

ဘာလို့လဲဆိုတော့လက်ရှိအပြောင်းအလဲကိုဗိုလ်သန်းရွှေကပဲစီစဉ်ညွန်ကြားနေလို့ဖြစ်ပြီး။ တပ်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ “ဗိုလ်ချုပ် မှူးကြီး” ဆိုတဲ့ အဆင့်နေရာကို သူကပဲရယူထားသေးလို့ဖြစ်ပါတယ်။

နံပတ်တူး ကတော့ ဗိုလ်မောင်အေး ပဲဖြစ်ပါတယ်။ သူကလည်း တပ်ရဲ့ ဒုတိယအမြင့်ဆုံးရာထူးဖြစ်တဲ့ “ဒုတိယဗိုလ်ချုပ်မှူးကြီး” ဆိုတဲ့အဆင့်နေရာကို သူကပဲယူထားလို့ဖြစ်ပါတယ်။

ဒါ့အပြင် (နအဖ) ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ ဆိုတဲ့ ထိပ်ဆုံးနေရာတွေကိုလည်း ဗိုလ်သန်းရွှေ နဲ့ဗိုလ်မောင်အေးတို့ကပဲ ဆက်လက် ရယူထားဆဲဖြစ်ပါတယ်။

ဒီလိုဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (နံပတ်ဝမ်း) ဘယ်သူလဲ။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်သူလဲ။

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဘယ်သူလဲ။

နံပတ်ဝမ်း ကို မကြေညာသေးတာလား။ နံပတ်ဝမ်းအလောင်းအလျာဟာဘယ်သူဖြစ်မလဲ။

ဒိတ်ကုန်သွားတဲ့နံပတ်ဝမ်းကနံပတ်ဝမ်းအသစ်ကိုမီးသေပေမယ့်ဂျိုတူဒေါက်တူတွေနဲ့အောက်ခြေတပ်မှူးတပ်သားတွေကနံပတ်ဝမ်း အသစ်ကို မီးသေပါ့မလား။ လေးစားခန့်ငြားပါ့မလား။ ဗိုလ်တောင်းစိန်ခေါ်မှုတွေဖြစ်မလာနိုင်ဘူးလား။

နံပတ်ဝမ်းအသစ်လို့ ပြောနေတဲ့သူ/တစ်ပြေးနေတဲ့သူကို ပြည်ပရောက် ထောက်လှမ်းရေးဗိုလ်ဟောင်းတစ်ဦးက “ဒူကြီး” လို့ ခေါ် နေပါပကော။


14_sep_by_TMN

ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများကို ဖွင့်ချဆန့်ကျင်ကြ


ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများကို ဖွင့်ချဆန့်ကျင်ကြ

(တူမောင်ညို)

(၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်)

သိန်းစိုးရွေးကောက်ပွဲကော်မရှင်က “ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများစိစစ်မည့်နေ့ရက်” ကို စက်တင်ဘာလ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိဖြစ်ကြောင်း ကြေညာချက်အမှတ် (၉၀/၂၀၁၀) ဖြင့်ထုတ်ဖေါ်ကြေညာခဲ့သည်။

သို့အတွက် ၂၀၁၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကို သိန်းစိုးရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေညာရလိမ့်မည်။ သို့သော်လည်းယနေ့အထိထုတ်ပြန်ကြေညာခြင်းမရှိသေးချေ။

သို့သော်လည်းဆန္ဒမဲပေးကြရန် ဗြောင်ကျကျ တိုက်တွန်းသည့် ဆောင်းပါး ၂ ပုဒ်ကို စက်တင်ဘာ (၁၀) ရက် နှင့် (၁၁) ရက်နေ့ ထုတ်နေ့စဉ်သတင်းစာတွင်ဖေါ်ပြထားသည်။

- အားလုံးစုံညီမဲပေးကြမည်

- အနာဂတ်နိုင်ငံတော်ကို မိမိဆန္ဒမဲဖြင့် တည်ဆောက်ကြပါစို့

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပြည်တွင်း/ပြည်ပဒီမိုကရေစီအင်အားစုအားလုံး က “၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ရန်” အတိအလင်းကြေညာထားပြီးဖြစ်သည်။ သို့အတွက် ထိပ်တိုက်တွေ့နေကြပြီ။

ပြည်သူများသည်၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရမည်။

မဲပေးခြင်း/မဲမပေးခြင်းသည် ပြည်သူများအတွက်ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်နိုင်သည့်အခွင့်အရေးဖြစ်သည်။

ယင်းအခွင့်အရေးရှိကြောင်းကို (နအဖ) စစ်အစိုးရကထုတ်ပြန်ထားသည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အခန်း(၁) ပုဒ်မ(၂) ပုဒ်မခွဲ (ဎ)တွင် “ရွေးကောက်မှုဆိုင်ရာအခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ပါ ဝင်ယှဉ်ပြိုင်နိုင်သောအခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲနေနိုင်သော အခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှနုတ် ထွက် နိုင်သောအခွင့်အရေး၊ ရွေးကောက်ပွဲတွင်မဲပေးနိုင်သောအခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲနေနိုင်သောအခွင့်အရေး ကို ဆိုသည်” ဟု အတိအလင်းရေးသားဖေါ်ပြထားသည်။

မဲပေးခြင်းမပြုဘဲနေနိုင်သောအခွင့်အရေးကိုပြည်သူများသည်ပြည့်ပြည့်ဝဝအသုံးချပြီး စစ်အာဏာရှင်စနစ်ကို ကန့်ကွက် ဆန္ဒပြကြ ရမည်။ (နအဖ)စစ်အစိုးရသည် ကြံ့ဖွံ့ပါတီအနိုင်ရရှိရေးအတွက် တရားဥပဒေဘက်/ အုပ်ချုပ်ရေးယန္တရား/ ငွေရေးကြေးရေး စသဖြင့် အဘက် ဘက်ကအကွက်ချပြင်ဆင်ထားပြီးဖြစ်သည်။ အခြားပါတီများအတွက်မျှော်လင့်စရာမရှိ။ မပြိုင်မီကရှုံးနေရပြီ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ် လောင်းအရေအတွက်ဘက်ကကြည့်လျှင်ပင် ရှုံးမည့်အဖြေသည်ပေါ်လွင်နေပြီ။

မကြာမီ ကြံ့ဖွံ့ပါတီဘက်က ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်းစာရင်းကို သိန်းစိုးကော်မရှင်ကကြေညာတော့မည်။ ယင်း အမတ်လောင်းများဆိုသူများမှာစစ်အစိုးရ၏အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်တွင်ပါဝင်ခဲ့ကြပြီးလူထုလှုပ်ရှားမှုများကို အကြမ်းဖက်ဖိနှိပ်ခဲ့ကြသူ များ၊ ပြည်သူ့ဘဏ္ဍာ ခိုးဝှက်ယူခဲ့ကြသည့် အကျင့်ပျက်ချစားကြသူများသာဖြစ်လိမ့်မည်။

ပြည်သူများသည် မိမိတို့ကိုဖိနှိပ်အကြမ်းဖက်ခဲ့သူများ/အကျင့်ပျက်ချစားနေသူများကို ပြည်သူ့ကိုယ်စားလှယ်အများအဖြစ် ဆန္ဒမဲ ပေးရွေးချယ်ရန်မဖြစ်နိုင်ပါ။

မိမိအပေါ်အကြမ်းဖက်ဖိနှိပ်ရက်စက်ခဲ့သူကိုထပ်မံပြီးအကြမ်းဖက်ဖိနှိပ်ရက်စက်ရန်ဆန္ဒမဲပေးရွေးချယ်ကြဦးမည်လား။

မဲပေးခြင်းမပြုဘဲနေနိုင်သောအခွင့်အရေးကို ပြည့်ပြည့်ဝဝကျင့်သုံး၍ ကန့်ကွက်ဆန့်ကျင်ကြရမည်ဖြစ်သည်။

မဲမပေးဘဲနေကြရမည်။

ဒီမိုကရေစီအရေးဦးတည်သည့် မှတ်ပုံတင်နိုင်ငံရေးပါတီများကလည်း ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများ၏ “ဆိုးသွမ်းမှု/အကြမ်းဖက် ဖိနှိပ်ရမ်းကားမှု/အကျင့်ပျက်ချစားခဲ့မှုများ”ကို ပြည်သူလူထုသိရှိနားလည်ပြီး ကန့်ကွက်ဆန့်ကျင်နိုင်ရန်ဖော်ထုတ်ဖွင့်ချသွားရမည့် တာဝန်ရှိပါ သည်။


14_sep_10_USDP_by_TMN

Beijing မြန်မာသံအမတ်အိမ်မှာဦးသန်းရွှေသီလပေးနေစဉ်...

http://www.mediafire.com/file/1259i854mn4bo06/Than%20Shwe%20at%20Beijing%20Burmese%20Ambassador%20House.pdf
Than Shwe at Beijing Burmese Ambassador House

အမေရိကန်ပြည်ထောင်စုသို့ လာရောက်လိုသူများအတွက် ၂၀၁၂ ခုနှစ် ဗီဇာ မဲဖောက်မှု အစီအစဉ်


http://burmatoday.net/news2005/2010/201009/100915_bty_bur_dv_2012.swf
you may learn here
http://www.mediafire.com/file/awqr3l61i19gs21/DV-2012%20instructions.pdf
DV 2012 Instructions
Dv
http://www.mediafire.com/file/y91mb66kr7ct9t9/Dv.pdf

ဗိုက်မှောက်နေရသည့် ဘဝများ...


https://mail.google.com/mail/?ui=2&ik=ead8f986c4&view=att&th=12b16157f17c42b0&attid=0.1&disp=inline&realattid=2dd0df301ac0bc3e_0.3&zw

https://mail.google.com/mail/?ui=2&ik=ead8f986c4&view=att&th=12b16157f17c42b0&attid=0.2&disp=inline&realattid=2dd0df301ac0bc3e_0.4&zw

http://www.mediafire.com/file/xu4zdd8dt2ved1t/report_bur.pdf

http://www.mediafire.com/file/8342829oikubm2c/report_eng.pdf

Report Bur
ရိုင်မရော့
လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) အဲန်ဒီ ဘားမားမှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်၏ အခွန်ကောက်ခံမှုကို ဖိနှိပ်သည့်လက်နက်သဖွယ် အသုံးပြုနေကြောင်းကို မြင်သာအောင် “ဗိုက်မှောက်နေသည့်ဘဝများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာကို ယနေ့မှာ ထုတ်ပြန်လိုက်သည်။

“မြန်မာတနိုင်ငံလုံးမှာ စစ်အစိုးရကနေ တရားမဝင်အခွန်ရော တရားဝင်အခွန်ရော ဖိအားပေး ကောက်ခံနေတဲ့အတွက် ပြည်သူတွေ အတိဒုက္ခရောက်နေကြရတယ်” ဟု အဲန်ဒီ ဘားမား ဘုတ်အဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးတိတ်နိုင်က ပြောသည်။ ပြည်သူတို့၏ဝင်ငွေနှင့် ပိုင်ဆိုင်မှုအတွက် မတန်မရာ အခွန်အချိုးအဆကို တရားဝင်နည်းအရနှင့် တရားမဝင်နည်းအရပါ ခြိမ်းခြောက်ဖိအားပေးခံရ၍ ယခင်ကထက် ပိုမိုရုန်းကန်ကာ အသက်ရှင်ရပ်တည်နေရသည်။

“ဘယ်နိုင်ငံမှာမဆို အခွန်ဆောင်ရတာပဲလေ၊ ဒါပေမဲ့ မြန်မာစစ်အစိုးရကတော့ ဥပမာပေါ့နော် လမ်းသွား လမ်းလာ မြို့အဝင်ဂိတ်တွေကအစ အခွန်ဆောင်ရတယ်၊ ပြီးတော့ ပြည်သူတွေကို လုပ်အားပေး စေခိုင်းတာကအစ၊ လူတယောက်ရဲ့ လုပ်အားခကို မပေးဘဲ အဓမ္မစေခိုင်းတာလဲ တရားရာကျတာမဟုတ်ဘူး” ဟု ဦးတိတ်နိုင်က ပြောသည်။

စစ်အစိုးရမှ ရက်စက်စွာ အခွန်ကောက်ခံမှု ကျူးလွန်နေပုံကို နိုင်တကာ လူ့အဖွဲ့အစည်းများသာမက မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားများတန်းတူညီမျှခွင့် ရရှိရန်အတွက် လုပ်ဆောင်နေသော အခြားအဖွဲ့အစည်းများလည်း သိရှိစေလိုသည့် ရွည်ရွယ်ချက်ဖြင့် အဲန်ဒီ ဘားမားမှ ယင်းအစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။

“ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြင့် မြန်မာပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်၊ အခွန်တွေကို မတရားဆောင်နေရတယ်ဆိုတာကို သိလာမယ်၊ ပြည်သူတွေက ဒီလိုမျိုး အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်ဆိုတာ မသိကြဘူး ဒီအစီရင်ခံကို ထုတ်ပြန်လိုက်ခြင်းအားဖြင့် ပြည်သူတွေ သိလာမယ်၊ အဲဒီအတွက် ဒီအစီရင်ခံစာက ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုတွေ ရှိလာမှာပေါ့” ဟု ဦးတိတ်နိုင်က ဆက်ရှင်းပြသည်။

မြန်မာစစ်အစိုးရအပေါ်မှာလည်း ယခုလို ပြည်သူတွေအပေါ် မတရားအခွန်ကောက်ခံနေခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးပါရန်လည်း စစ်အစိုးရကို တောင်းဆိုထားသည်။

မြန်မာပြည်သူများ အခြေခံလူ့အခွင့်အရေးများဖြစ်သည့် သင့်တော်သော လူနေမှုအဆင့်အတန်း၊ အိမ်ယာပိုင်ဆိုင်ရေး၊ သင့်တော်သောပညာရေး ရရှိရန်အခွင့်အရေးနှင့် အတင်းအကျပ်ဖိအားပေး၍ လုပ်အားပေးခိုင်းစေမှုမှ လွတ်ငြိမ်းခွင့်ရရှိရန် အခွင့်အရေးများ စနစ်တကျ ချိုးဖောက်ခံနေရသည်။

မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နိုင်အွန်းမွန်က “မွန်ဒေသအတွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ပိုပိုပြီးတော့ ညံ့လာတယ်၊ စီးပွားရေးအခြေအနေတွေက ပြန်လည်း ကောင်းမွန်လာမယ်လို့တော့ ကျနော့်အနေနဲ့ မထင်ဘူး၊ လုပ်ငန်းရှင်တွေ လယ်သမားတွေက ကုန်ဈေးနှုန်းနဲ့ ရာသီဥတုကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။ ဒီပြဿနာတွေက အရင်ကတည်းက ရှိလာခဲ့တဲ့ပြဿနာတွေပဲ၊ ဒါတွေအားလုံးက ပြည်သူတွေအပေါ် အာဏာရှင်ဆန်တဲ့ အခွန်ကောက်ခံမှုတွေပဲဖြစ်တယ်၊ စီးပွားရေးအခြေအနေနဲ့ အခွန်ဆောင်မှုတိုးမြင့်လာတဲ့အတွက် ကျနော်တို့ မွန်ဒေသအတွင်းက လုပ်ငန်းတွေဟာလည်း ပြန်လည်ကောင်းမွန်လာဖို့ဆိုတာ ဖြစ်မလာနိုင်တဲ့ အနေအထားပဲ” ဟု ပြောသည်။

အဲန်ဒီ ဘားမားသည် လူ့အခွင့်အရေးဆိုင်ရာများကို မှတ်တမ်းပြုနေသော အဖွဲ့အစည်း ၁၃ ဖွဲ့တို့ဖြင့် ၂၀၀၃ ခုနှစ်မှာ ဖွဲ့စည်းထားသည်။ ယခုထုတ်ပြန်သည့် အစီရင်ခံစာတွင် အဲန်ဒီ ဘားမားအနေဖြင့် လူ့အခွင့်အရေး အဖွဲ့အစည်း ၁၃ ဖွဲ့မှ စုဆောင်းရရှိထားသည့် အချက်အလက်အပါအဝင် အဲန်ဒီ ဘားမားမှ ပြည်သူ ၃၄၂ ယောက်နှင့် တွေ့ဆုံမေးမြန်းထားပြီး ယင်းအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

ပလပ်စတစ်အရည်ဆမ်းအကြော်စုံစားရအောင်...

http://xa.yimg.com/kq/groups/20354587/1683904749/name/Plastic.pdf
Plastic