Friday, September 17, 2010

17 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/03p4yxmm1rdgj3s/17%20Sep%202010%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/3k6o29b3r013jc6/17%20Sep%202010%20Yeyintnge%27s%20Diary.doc
17 Sep 2010 Yeyintnge's Diary

ပါတီများဖျက်သိမ်းခံရမှု ကနေဒါအစိုးရ ကန့်ကွက်


ပါတီများဖျက်သိမ်းခံရမှု ကနေဒါအစိုးရ ကန့်ကွက်

2010-09-17

ကနေဒါအစိုးရက မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီ ဆယ်ပါတီကို ဖျက်သိမ်းလိုက်တဲ့အတွက် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။

Photo: 88 Generation Students (Overseas)

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့လယ် တရားရုံးရှေ့တွင် သြဂုတ်လ ၁၅ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ အင်အားစု ၁၆ ဖွဲ့ စုဝေးကာ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ Photo: 88 Generation Students (Overseas)

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Lawrence Cannon ပြောရာမှာ မြန်မာစစ်အစိုးရဟာ ဒီကရေစီ ပြုပြင်ပြောင်းလဲရေး ကတိတွေ ပေးထားတာ ပျက်ကွက်မှုဟာ အလွန်ဆိုးဝါးကြောင်း၊ NLD အပါအဝင် တခြားနိုင်ငံရေးပါတီ ကိုးပါတီကို ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီအခြေခံ အုတ်မြစ်ကို မျက်ကွယ်ပြုလိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ပြောတဲ့ ရွေးကောက်ပွဲဟာလည်း ဖိနှိပ်မှုတွေကြားထဲက ကျင်းပမဲ့ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ကနေဒါအစိုးရအနေနဲ့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် မြန်မာစစ်အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေအပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ တွေ့ဆုံစကားပြောဖို့ကို ဆက်လက်တိုက်တွန်းကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ကြေငြာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
http://www.rfa.org/burmese/news/canada_denounces_party_dissolvings-09172010153516.html

Canada Concerned by Dissolution of Political Parties in Burma

(No. 298 – September 16, 2010 – 7:30 p.m. ET) The Honourable Lawrence Cannon, Minister of Foreign Affairs, today issued the following statement in response to the official dissolution of ten political parties in Burma, including the National League for Democracy (NLD) led by Aung San Suu Kyi, and reports that certain regions of the country will be barred from participating in the electoral process:

“Canada is disappointed that Burma’s military regime has reached a new low in its failure to live up to its democratic promises. The dissolution of the NLD and nine other political parties further illustrates the regime’s systematic disregard for the basic principles of democracy.

“Canada has consistently expressed concerns that the upcoming Burmese elections, scheduled for November 7, will be held under oppressive conditions. We continue to call on the regime to live up to its commitments to hold free and fair elections by unconditionally releasing all political prisoners, including Aung San Suu Kyi, by engaging in genuine dialogue with members of the democratic opposition and the various ethnic groups within Burma, and by enabling full democratic participation in the election process.

“Canada has long-standing concerns about the human rights situation in Burma. We have imposed the toughest sanctions in the world against the Burmese regime to indicate our condemnation of the regime’s disregard for human rights and its repression of the country’s democratic elements.

“Canada is working closely with like-minded countries to advance human rights and democracy in Burma. We support civil society and independent media in Burma, which are seeking to make the Burmese people more aware of their democratic rights, and are working toward the realization of a true democratic system. We welcome the courage and commitment to a pluralist democracy by those Burmese who are attempting, despite severe restrictions, to stand as candidates for independent political parties.

“Canada is a vigorous defender of freedom, democracy, human rights and the rule of law.”

- 30 -

Melissa Lantsman
Office of the Minister of Foreign Affairs
613-995-1851

Foreign Affairs Media Relations Office
Foreign Affairs and International Trade Canada
613-995-1874


ရွှေဝါရောင်တမ်းချင်း


ရွှေဝါရောင်တမ်းချင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရင်နဲ့အမျှ ကြေကွဲစရာ ကောင်းလှတဲ့ နေ့စွဲတွေနဲ့ တထိတ်ထိတ် ရုန်းကန်ခဲ့ရတဲ့ ကျမတို့ မြန်မာပြည်မှာ သွေးစွန်းတဲ့ အထိမ်းအမှတ်နေ့တွေက အများကြီးပါပဲ။ ဒီလိုနေ့ရက်တွေထဲက စက်တင်ဘာသံဃာ့ အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ရတာ ခုဆို ၃နှစ် ပြည့်မြောက်ပါပြီ။

၂ဝဝ၇ စက်တင်ဘာ ၅ရက်မှာ ပခုက္ကူ သံဃာတော်တွေက ပြည်သူလူထုအတွက် စစ်အာဏာရှင်ဆီမှာ တရားမျှတမှုကို တောင်းဆိုခဲ့တယ်။ တောင်းဆိုတာတောင် မေတ္တာပို့ပြီး တောင်းဆိုခဲ့တာပါ။ မြန်မ်ာပြည်သူလူထုတွေ စားဝတ်နေရေး သိပ်ခက်ခဲနေတဲ့ကြားက လောင်စာဆီ ဈေးနှုန်းက တရှိန်ထိုး မြှင့်တက်သွားလို့ ၈၈မျိုးဆက် ကျောင်းသားလူငယ်တွေနဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေပါ လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။
လူထုအုံကြွမှု၊အရေးအခင်းကို ဖိနှိပ်သူ စစ်အာဏာရှင်က ပြဋ္ဌာန်းတာပါ။ အဖိနှိပ်ခံ ပြည်သူလူထုက ပြဋ္ဌာန်းတာ မဟုတ်ပါဘူး။

ဒီလမ်းလျှောက်ဆန္ဒပြပွဲ အနှိမ်နင်းခံရပြီး မကြာခင်မှာ ပခုက္ကူ သံဃာတော်တွေက ပြည်သူလူထုကိုယ်စား မေတ္တာပို့ ဆုတောင်းခဲ့ကြတယ်။ စစ်အာဏာရှင် ပြန်ပေးလိုက်တာကတော့ ရက်စက်မှုတွေပါပဲ။ မေတ္တာပို့တဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက် ဒီအကြောင်းအရာတွေက မြင်ရသူ၊ ကြားရသူ အပေါင်းကို ရင်နင့်စေပါတယ်။

သံဃာတော်တွေက စစ်အာဏာရှင်တွေကို ဝန်ချ တောင်းပန်ဖို့ ပြောခဲ့ပေမယ့် စစ်အာဏာရှင်က တရားမဲ့မှုနဲ့ တင်းခံခဲ့တယ်။ တိုင်းပြည် မငြိမ်သက်အောင် ဘယ်သူကလုပ်တယ်၊ ဘယ်ဝါက လုပ်တယ်လို့ စစ်အာဏာရှင်က တရားခံ ရှာတတ်ပါတယ်။ တကယ်တော့ လူထုအုံကြွမှု၊ အရေးအခင်းကို ဖိနှိပ်သူ စစ်အာဏာရှင်က ပြဋ္ဌာန်းတာပါ။ အဖိနှိပ်ခံ ပြည်သူလူထုက ပြဋ္ဌာန်းတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်ရဲ့ အဓမ္မကို ပြည်သူလူထုက ဓမ္မနဲ့ ခုခံရခြင်း ဖြစ်ပါတယ်။

ဒီ့နောက်တော့ ရန်ကုန်မြို့မှာ သံဃာတော်တွေ လမ်းလျှောက် မေတ္တာပို့ ဆုတောင်းကြတယ်။ မိုးရေတွေကြားမှာ တနေကုန် လမ်းလျှောက် မေတ္တာပို့ ဆုတောင်းတဲ့ ရဟန်းသံဃာတွေရဲ့ အသံလှိုင်းကြီးက အတော့်ကို ပြင်းထန်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လုံခြုံရေးစစ်တပ် အတားအဆီးတွေ ကြားကနေ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံရှေ့မှာ စောင့်ကြိုပြီး မေတ္တာပို့ လမ်းလျှောက်လာတဲ့ သံဃာတော်တွေကို လက်အုပ်ချီ ကြည်ညိုခဲ့ပါတယ်။

လမ်းလျှောက် မေတ္တာပို့တဲ့ ရဟန်းသံဃာတော်တွေကို ဆေးဝါး၊ ရေသန့်၊ အချိုရေ၊ မျက်နှာသုတ်ပုဝါ ကပ်နိုင်ဖို့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ၊ ကိုကျော်သူ၊ မရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်နဲ့ အလှုရှင်တွေ စုပေါင်း ကြိုးစားခဲ့ကြတယ်။ ရွှေတိဂုံ ခြေတော်ရင်းက ကြေးသွန်းဘုရားမှာ သံဃာတော်တွေကို ဆွမ်းကပ်တဲ့အခါ ရုပ်ရှင်၊ စာပေ၊ ဂီတအနုပညာရှင်တွေ အင်နဲ့အားနဲ့ ပါဝင်ခဲ့တယ်။ အားပေးထောက်ခံတဲ့ ပြည်သူလူထုတွေ ရဟန်းသံဃာတွေနဲ့ လက်တွဲခဲ့တယ်။ ရန်ကုန်တမြို့လုံး အဝါရောင် သင်္ကန်းတွေက လှိုင်းတွေလို တလိပ်လိပ်နဲ့ စစ်အာဏာရှင် တံတိုင်းကို ရိုက်ပုတ်ခဲ့တာ။

“ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ” ဆိုတဲ့ ရဟန်းသံဃာတော်တွေရဲ့ မေတ္တာပို့ ဆုတောင်းသံက မြန်မာပြည် ပြည်သူလူထုကို ငြိမ်းချမ်းစေသလောက် စစ်အာဏာရှင်ကို ပူလောင်စေခဲ့ပါတယ်။ မနက်ဆွမ်းခံကြွချိန်ဆို ဆွမ်းလောင်းတဲ့ ဒကာဒကာမတွေက သံဃာတွေကို ဆွမ်း၊ ဆွမ်းဟင်း ခါတိုင်းရက်ထက် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြီး ပြည့်စုံအောင် လောင်းလှူကြတယ်။ လမ်းလျှောက် မေတ္တာပို့နိုင်ဖို့ လမ်းစရိတ်အတွက် တတ်နိုင်သလောက် ကူပံ့ကြတယ်။ ဆရာနဲ့ ဒကာ လက်တွဲညီခဲ့ကြတယ်။ ဆွမ်းဘုဉ်းပေးပြီးချိန်ဆို ရန်ကုန်မြို့ အနှံ့က ရဟန်းသံဃာတွေ လိုင်းကားတွေမှာ ပြည့်သိပ်လို့။ ဆူးလေစေတီ၊ ရွှေတိဂုံစေတီ၊ ကမ္ဘာအေးစေတီဆီ ဦးတည် သွားနေကြတယ်။ ဒီမြင်ကွင်းက မြင်ရသူအပေါင်းကို ကြက်သီးဖြန်းဖြန်း ထစေပါတယ်။
တုံးမောင်းသံက မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှု မှာ မင်္ဂလာရှိတဲ့ အသံပါ။ စစ်အာဏာရှင်ကြောင့် ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေ အကျည်းတန် ခဲ့ရတယ်။

တနေ့တခြား များပြားလာတဲ့ ရဟန်းသံဃာနဲ့ ပြည်သူလူထုကို စစ်အာဏာရှင်က လက်နက်နဲ့ ဖြိုခွင်းခဲ့ ပါတယ်။ ရဟန်းသံဃာတွေရဲ့ သင်္ကန်းတွေ သွေးစွန်းခဲ့ရတယ်။ ပြည်သူလူထုတွေရဲ့ သွေး မြေကျခဲ့ရတယ်။ ရဟန်းသံဃာနဲ့ ပြည်သူလူထုက တနိုင်ငံလုံး သိအောင်၊ တကမ္ဘာလုံး သိအောင် ငြိမ်းချမ်းရေး သံလွင်ခက်ကို ဝှေ့ရမ်းပြနေချိန်မှာ စစ်အာဏာရှင်က ရက်စက်မှုတွေကို ချပြလိုက်တာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာပြည် ပြည်သူလူထုတွေ တိုင်းပြည် မငြိမ်သက်မှုကို ခံစားလာရတာ အခုအချိန်အထိ မပြီးဆုံးနိုင်သေးပါဘူး။ သေနတ်သံ၊ ပြေးလွှားသံ၊ ငိုရှိုက်သံ၊ ညည်းညူသံ၊ သွေးကွက်၊ ကျည်ဆံခွံ၊ ပိုင်ရှင်မဲ့ဖိနပ်တွေက အရေးတော်ပုံတွေရဲ့ မြင်ကွင်း၊ အသံတွေ ဖြစ်ပါတယ်။

မေတ္တာပို့ ဆုတောင်းသံတွေကို သေနတ်သံတွေနဲ့ ကြေပြုန်းအောင် စစ်အာဏာရှင်က ပြုလုပ်ခဲ့ပါတယ်။ သာသနာ့ နယ်မြေကို ရှေ့တန်း စစ်မြေပြင်လို စစ်အာဏာရှင်က သဘောထားခဲ့တယ်။ ဘုရား ဆင်းတုတော်တွေကို ရိုက်ချိုး ဖျက်ဆီး၊ ပြည်သူလူထု လှုထားတဲ့ လှုဖွယ်ပစ္စည်းတွေကို မတရား သိမ်းပိုက်၊ ရဟန်းသံဃာတွေကို ရိုက်နှက် နှိပ်စက်တဲ့ စစ်အာဏာရှင်ကို ပြည်သူလူထုက အသက်ပေးပြီး ကာကွယ်ခဲ့တာ တောင်ဥက္ကလာ ငွေကြာယံ ဘုန်းကြီးကျောင်း အဖြစ်အပျက်က သက်သေခံခဲ့ပါတယ်။

တောင်ဥက္ကလာ ကျောင်းတွေဆင်းတဲ့ ညနေခင်းမှာ လွယ်အိတ် စလွယ်သိုင်းပြီး သာသနာ့အလံကို လွှင့်ထူ မေတ္တာပို့ ဆန္ဒပြခဲ့တဲ့ ကျောင်းသား ကျောင်းသူလေးတွေကို စစ်အာဏာရှင်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ သေနတ် ဒဏ်ရာတွေက နားထင်၊ ရင်အုံတည့်တည့် သေလောက်တဲ့ နေရာကို စနစ်တကျ ရွေးပစ်ခဲ့တာပါ။
သေဆုံးသွားတဲ့ အဖြူအစိမ်းဝတ် ကျောင်းသား ကျောင်းသူလေးတွေရဲ့ အလောင်းကို သယ်ပိုးပြီး ဘယ်သူ့ သားသမီးလဲလို့ မေးကြမြန်းကြ၊ ပြေးကြလွှားကြတဲ့ အသံတွေ ကမ္ဘာပျက်မတတ်ပါ။ လမ်းဘေးမြောင်း ဘောင်ပေါ်မှာ အင်္ဂျီာအနီ ဝတ်ထားတဲ့ လူငယ်လေးရဲ့ အလောင်းကို ရပ်ကွက်ထဲအထိ မသယ်ပိုးနိုင်လို့ ပျက်စီးနေတဲ့ တံခါးဘောင်ပေါ်မှာ တင်ထားခဲ့ရတယ်။ လူငယ်လေးရဲ့ အိမ်အပြန်ကို မျှော်နေမယ့် မိဘဆွေမျိုးတွေရဲ့ သောကအပူကို ထပ်တူထပ်မျှ ခံစားခဲ့ရပါတယ်။

ညအချိန်မှာ စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ပြီး ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ဝင်စီးခဲ့ပါတယ်။ စစ်တပ်က ရက်စက်စွာ နှိပ်စက်လို့ ဒကာဒကာမတွေကို အကူအညီတောင်းတဲ့ တုံးခေါက်သံကို နားထောင်ပြီး ပြည်သူလူထုတွေ နာကျင်ကြေကွဲခဲ့ရတယ်။

တုံးမောင်းသံက မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုမှာ မင်္ဂလာရှိတဲ့ အသံပါ။ စစ်အာဏာရှင်ကြောင့် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အကျည်းတန်ခဲ့ရတယ်။ ဘုရားရင်ပြင်၊ ဘုန်းကြီးကျောင်း သာသနာ့နယ်မြေ အားလုံး စစ်တပ်က ကတုတ်ကျင်းလုပ်ထားတယ်။ (အင်္ဂလိပ်ခေတ်က ရွှေတိဂုံအနောက်မုခ်မှာ ခံတပ်နဲ့ သင်္ချိုင်း ဆောက်ထားတာကို ဖယ်ရှားပေးဖို့ ဝိုင်းတောင်းဆိုလို့ ၁၉၃ဝလောက်မှ ဖယ်ပေးပါတယ်-အယ်ဒီတာ) ရဟန်းသံဃာတွေကို နေရပ် ပြန်ခိုင်းခဲ့တယ်။ ဖိအားပေး ပြန်ပို့ခံရတဲ့ ရဟန်းတော်တွေ မီးရထား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်မှာ ပြည့်သိပ်လို့။ စစ်အာဏာရှင်ကြောင့် သာသနာ ညှိုးမှိန်ခဲ့ရပြီ။

ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာ စစ်တပ်က
ကူဖော်များ အဓွန့်ရှည်ပါစေ၊ လောင်ဖက်များ ကျဆုံးပါစေ...
အာဏာသိမ်းပြီး ၁၉၉ဝပြည့် ရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာခဲ့တယ်။ စက်တင်ဘာ သံဃာ့ အရေးအခင်း အပြီးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်ဖို့ စစ်အာဏာရှင်က ကြိုးစားခဲ့တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စစ်အာဏာရှင်ကို အကာအကွယ်ပေးတဲ့၊ စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ ဥပဒေ ဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲကို သိဒ္ဓိတင်ပေးမယ့် အမတ်မင်းများက ပြည်သူလူထုအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရတာပါ။ ပြည်သူလူထုကို ကူညီမယ်၊ ပြည်သူလူထု အခက်အခဲတွေကို လွှတ်တော်မှာ ထုတ်ဖော် ပြောဆိုမယ်လို့ ဆိုပါသေးတယ်။ လွှတ်တော်မှာ ပြည်သူကိုယ်စား ဘာတွေပြောမယ် ဆိုတာကို ပြည်သူလူထုက မသိချင်သေးပါဘူး။

ပခုက္ကူသံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်ခဲ့တာ သုံးနှစ်ပြည့်တဲ့ ၂ဝ၁ဝ စက်တင်ဘာ ၅ရက်က ပဲခူးက လူငယ်နှစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်သွားတဲ့ မတရားမှုကိုပဲ စစ်အာဏာရှင် သိအောင် ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုပြီး ပြည်သူလူထုကို အကာအကွယ် ပေးပါလို့ပဲ ပြောပရစေ။ မြန်မာပြည်ရဲ့ လက်ရှိ လူမှုဘဝကို မေ့ပျောက်ထားချင်တဲ့၊ လူထု အရေးတော်ပုံတွေကို ဖုံးကွယ်နေတဲ့ သူတွေကတော့ ပြည်သူလူထုရဲ့ ထွက်ပေါက်က ၂ဝ၁ဝ ရွေးကောက်ပွဲလို့ ဆိုကြပါတယ်။ တကယ်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲက စစ်အာဏာရှင်ရဲ့ ထွက်ပေါက်ပါ။

မြန်မာနိုင်ငံမှာ သွေးစွန်းတဲ့နေ့တွေ ပျက်သုဉ်းစေဖို့ မြန်မာပြည် ပြည်သူလူထုကို ကူညီမယ့် ကူဖော်များ အဓွန့်ရှည်ပါစေ၊ လောင်ဖက်များ ကျဆုံးပါစေလို့ စက်တင်ဘာ သံဃာ့အရေးအခင်းကြီး သုံးနှစ်မြောက်မှာ သစ္စာဆိုပါရစေ။

စီအာပီပီ၁၂နှစ်ပြည့်ဦးတင်ဦးအိမ်တွင်ကျင်းပ



မစ္စတာဘန်ကီမွန်းရာထူးမှ နုတ်ထွက်ပေးရေး....

ခဏ ခဏ စိုးရိမ်တယ်

ca-sep-17-10
http://www.irrawaddy.org/bur/


ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ ၀န်ကြီးအစည်းအဝေးမှာ ဆန္ဒပြတောင်းဆိုကြရေး ပြုလုပ်ကြရန် တိုက်တွန်းချက်

( ၁ ) မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ စိုးရိမ်စိတ်များမှာ လက်တွေ့မဆန်ကြောင်း သိသာနိုင်ကြပါပြီ။ ကုလသမဂ္ဂမှပင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များတို့လည်း အဓိပ္ပါယ်မဲ့စွာ အလုပ်မဖြစ်ဘဲ
တာဝန်များပြီးဆုံးသွားကြဖူးပါပြီ။ ယခုအချိန်တွင် ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်ပြီးပါတော့သည်။
ထို့ကြာင့် နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို အေးအေးဆေးဆေးကျင်းပပါတော့မည်။ ပြိုင်ဘက်မရှိ အနိုင်ယူရန် အားလုံးပြင်ဆင်စီစဉ်ထားပြီးပြီဖြစ်၍ အရပ်သားအစိုးရကို ဖွဲ့စည်းပါတော့မည်။ သို့ဖြစ်၍ပြည်သူတရပ်လုံး
စစ်ကျွန်ဘ၀သို့ လုံးဝရောက်ရှိသွားရန်သာ ရှိပါတော့သည်။
( ၂ ) မြန်မာနိုင်ငံအား စစ်ကျွန်ဘ၀မှ လွပ်မြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရတို့အား ပြင်းပြင်းထန်ထန် တင်ပြတောင်းဆိုရပါတော့မည်။ နိုင်ငံတကာမှ ယုံကြည်ထင်မှတ်ထာေးသာ ၂၀၁၀ ရွေးကောက်ပွဲ၌
ပါတီပေါင်းစုံပါဝင်ရေး လူပေါင်းစုံပါဝင်ရေးဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်းဆိုချက်များ မဟုတ်ကြောင်း ပေါ်လွင်အောင်ရှင်းလင်းပြရန် လိုအပ်နေပါသည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်
ဖေါ်ရန်သာအလိုရှိကြောင်း သိသာစေရန်လိုအပ်ပါသည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲအား မြန်မာနိုင်ငံသူနိုင်ငံသားတို့မှာ လုံးဝသပိတ်မှောက်ကြောင်း ကြေညာချက်ထုတ်ပြန်ရန် လိုအပ်နေပါပြီ။
( ၃ ) သို့ဖြစ်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ ၂ရ ရက်နေ့တွင် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးတွင် ကျင်းပရန်
ရှိနေပါပြီ။ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်၍ ကုလသမဂ္ဂမှ စိုးရိမ်စိတ်များ ရှိနေခြင်းအပေါ်လက်တွေကျကျ သုံးသပ်ဆောင်ရွက်နိုင်ရန် ဒီမိုကရေစီအတိုက်အခံ အင်အားစုများက တောင်းဆိုတိုက်ပွဲ ၀င်ကြရန် အထူးလိုအပ်နေပါပြီ။
ယင်းကဲ့သို့တောင်းဆိုတိုက်ပွဲဝင်ကြသည့်အခါ ကုလသမဂ္ဂအပေါ် ထိရောက်သော ကမ္ဘာ့လှုပ်ရှားမှူအဖြစ် ပြုလုပ်ကြမည် ဆိုပါက ယခုအချိန်တွင် အမှန်တကယ်လိုအပ်နေပါပြီ။
( ၄ ) အဓိကတောင်းဆိုချက်များမှာ အောက်ပါအတိုင်း ပြုလုပ်ရန်လိုအပ်ကြောင်း ထင်မြင်ယူဆပါသည်။
( ၁ ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ လက်တွေ့ကျသော ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်ရေး။
( ၂ ) လူ့အခွင့်အရေးချိုးဖေါက်များအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းရေး။
( ၃ ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ။ အခြားထင်ရှားသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းမည့် ကြားဖြတ်အရပ်သားအစိုးရအား အသိအမှတ်ပြုပေးရေး။
( ၄ ) နိုင်ငံရေးအကျဉ်းသားများအား မည်သည့်နေ့ကို နောက်ဆုံးထားပြီး လွှတ်ပေးရေး နှင့် မလွှတ်ပေးက ကုလသမဂ္ဂမှ အကြပ်ကိုင် ဖိအားပေးပြီး ချက်ချင်းလွပ်မြောက်စေရေး။
( ၅ ) တောင်းဆိုချက်များကို မပြုလုပ်နိုင်ခဲ့ပါက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား ရာထူးမှ နုတ်ထွက်ပေးရေး။
သို့ဖြစ်ပါ၍ လာမည့်စက်တင်ဘာလ ၂ရ ရက်နေ့တွင် နိုင်ငံတကာရှိ ကုလသမဂ္ဂရုံးရှေ့၌ ဒီမိုကရေစီအတိုက်အခံများက တနေ့တာအစာငတ်ခံ ဆန္ဒပြတောင်းဆိုပွဲကို ပြုလပ်ကျင်းပကြစို့ဟု လေးနက်စွာ တိုက်တွန်း နိုးဆော် လိုက်ရပါသည်။


နိုင်ငံတကာရှိ ဒီမိုကရေစီအတိုက်အခံများသို့ တိုက်တွန်းနိုးဆော်သူ

ခိုင်အောင်ကျော် ( နယူးယောက် )
စက်တင်ဘာလ ၁၆ ရက် ၂၀၁၀

ရွှေရတုစာစောင်

shwe rathu 10 of2(2)

ဦးဝင်းတင်အာရှတော်ဝင် ဆေးခန်းတွင်တက်ရောက်စဉ်


သခင်အုန်းမြင့်ကွယ်လွန်ပြီ...




ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့် လွင့်ကြွေခဲ့ပြီ
ယနေ့ ၁၇.၉.၂၀၁၀ (သောကြာ) နေ့ နံနက် (၄း၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ် နေအိမ်၌ ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့် အသက် (၉၃) နှစ် သည် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။
မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောက၊ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူတဦးဖြစ်ပြီး အကျဉ်းကျနေသူများ၏ မိသားစု ၀င်များကိုလည်း အားပေးကူညီသူများကြားတွင် သခင်အုန်းမြင့်သည် အထင်ရှားဆုံး တစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သော ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားခဲ့သော ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလည်း နှစ်စဉ်နှစ်တိုင်း မွေးနေ့တိုင်းတွင် အလှူငွေများ လှူဒါန်းလျှက်ရှိသူ တစ်ဦးလည်း ဖြစ်သည်။
ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် တွဲဖက်အတွင်းရေးမှူးတို့မှ ရန်ကင်းမြို့နယ် နေအိမ်သို့ သွားရောက်သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဈာပန အခမ်းအနားကို ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း . . . .
http://xa.yimg.com/kq/groups/20354587/425750586/name/information%20release_Thakhin%20Ohn%20Myint%20passes%20away.pdf
Information Release_Thakhin Ohn Myint Passes Away