Saturday, September 18, 2010

ဦးသန်းရွှေအတွက်ကနေဒါမှရွေးကောက်ပွဲလက်ဆောင်



ဦးဥာဏ်ဝင်းရွေးကောက်ပွဲမှာ မပြိုင်ရဘဲ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာ...


ဝန်ကြီးဦးဥာဏ်ဝင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံမည်

2010-09-18

လာမယ့် ရွေးကောက်ပွဲမှာ ဇီးကုန်းမြို့ နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံမယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းဟာ မူလက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရွေးခံဖို့ စီစဉ်ထားရာကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံဖို့ ပြောင်းလဲ စာရင်းတင်သွင်းလိုက်တယ်လို့ သိရပါတယ်။

AFP

လုံခြုံရေး အစောင့်အကြပ်များ အလယ်တွင် မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်လာခြင်းကို ဇူလိုင် ၂၀ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဇီးကုန်းမြို့ ခံတစ်ဦးက RFA ကို အခုလိုပြောပြပါတယ်၊

“ဦးဥာဏ်ဝင်းက ပထမ ပြည်သူ့လွှတ်တော်ကနေ ဝင်ရွေးဖို့၊ နောက် ၂၈ ရက်နေ့လည်း ရောက်ရော မဟုတ်တော့ဘူးတဲ့ တိုင်းဒေသကြီးကနေ ဝင်ရွေးမယ်ဆိုပြီး ပြန်ရောက်သွားပြီ။ ဇီးကုန်းမှာ နယ်မြေသစ်ကနေပြီး ဝင်ရွေးမယ်ပေါ့။ အဲဒီကနေ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာကို သွားမှာလို့ သူတို့ ခန့်မှန်းထားတာပေါ့”

လာမယ့် ရွေးကောက်ပွဲအတွက် ဇီးကုန်းမြို့ နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည၊ ဒီမိုကရက်တစ် ပါတီ စတဲ့ ပါတီ သုံးခုသာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိရာမှာ ဦးဥဏ်ဝင်း အမည်စာရင်း တင်သွင်းထားတဲ့ တိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မှာ သူ့ကို မယှဉ်ရဲတဲ့အတွက် ပြိုင်ပြီး ဝင်အရွေးခံမယ့် ကျန်ပါတီ ကိုယ်စားလှယ်လောင်းတွေ မရှိဘူးလို့ သိရပါတယ်။

နအဖ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေ အရ မဲဆန္ဒနယ် တနယ်မှာ ကိုယ်စားလှယ်လောင်း တဦးတည်းသာရှိရင် ရွေးကောက်ပွဲ မကျင်းပတော့ဘဲ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက အဆိုပါ ပုဂ္ဂိုလ်ကို လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း ကြေညာရမယ်လို့ ဆိုထားတဲ့အတွက် ဦးဥဏ်ဝင်းဟာ အခု အတိုင်းသာဆိုရင် ရွေးကောက်ပွဲမှာ မပြိုင်ရဘဲ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမှာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ဇီးကုန်းမြို့နယ်မှာ ပြိုင်ဘက် ပါတီတွေထက် ငွေအား၊ လူအား အဆမတန် လွန်လွန်ကဲကဲ သုံးစွဲနိုင်တဲ့အပြင် အာဏာပိုင်တွေရဲ့ ပံ့ပိုးကူညီမှု ရရှိတာကြောင့် ပြိုင်ဘက်ပါတီတွေဟာ ရှုံးနိမ့်မှာ စိုးရိမ်ပြီး ဦးဥဏ်ဝင်း အရွေးခံတဲ့ ဝင်မပြိုင်ကြတော့တာလို့ သိရှိရပါတယ်။
http://www.rfa.org/burmese/news/FM_Nyan_Win_will_contest_as_regional_candidate-09182010131554.html

ဗိုလ်ကြီးနဲ့ လူငယ်များ ရန်ဖြစ်ပြီးနောက် တပ်ရင်းမှူးနဲ့ စစ်တပ်က ရွာထဲဝင်ပြီး သောင်းကျန်း

http://burmatoday.net/news2005/2010/201009/100918_bty_bur_army.swf

http://www.mediafire.com/file/9s5vm74r2v4pos0/100918_bty_bur_army.pdf

100918 Bty Bur Army

ဆက်ပြောနေကြရဦးမဲ့ ဘုံရန်သူဦးတည်ရေး


“ဆက်ပြောနေကြရဦးမဲ့ ဘုံရန်သူဦးတည်ရေး”

မောင်ချင့်ချိန်

စစ်အုပ်စုကား NLD ပါတီဖျက်သိမ်းကြောင်းကြေငြာခြင်းနဲ့ နောက်ထပ်ခြေတစ်လှမ်းရှေ့တိုးလိုက်ပြန်ပါပြီ ၊ ချိန်ခွင်ရှာတဘက် စောင်းနေတဲ့ နိုင်ငံရေးအခြေအနေမှာ မကြေမနပ်ဖြစ်ယုံကလွဲလို့ ကျွန်တော်တို့ဘာမှမတတ်နိုင်သေး ၊ စစ်အုပ်စု တနေ့ဒီလို လုပ်မယ်ဆိုတာသိပြီးသားဖြစ်ပါလျက် ညီညီညွတ်ညွတ်နဲ့ကြိုတင်ပြင်ဆင်မှု ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က လုပ်မှမလုပ်ထားနိုင်တာ ၊ စစ်အုပ်စုအနိုင်ကျင့်တာခံရတိုင်း(ထုံးစံအတိုင်း) အချင်းချင်းအပြစ်ဖို့ကြရင်း ပေါက်ကွဲချင်နေမှုတွေ ကိုအာသာဖြေကြတော့ စစ်အုပ်စုအကြိုက် ဖြစ်ပြီးရင်းဖြစ်ရင်း ဘုံရန်သူကိုလက်တွဲတိုက်ဘို့ ညီညွတ်ရေးမတည်ဆောက်နိုင် ဖြစ်နေခဲ့တာ ၂၂နှစ်သက်တမ်းကျော်ခဲ့ပါပြီ ။

ထင်တိုင်းကြဲနေနိုင်အောင် သန်းရွှေနဲ့စစ်ဝါဒီတွေမှာ ဘယ်လိုအရည်အချင်းတွေရှိလဲ ၊ ကျွန်တော် ခနခနတွေးကြည့်အဖြေရှာ ဘူးပါတယ် ၊ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက် အနိုင်ကျင့်ဖိနှိပ်ထားနိုင်လို့ဆိုတာတခုထဲကြောင့်မဟုတ်ပဲ တော်လှန်သူ အင်အားစုတွေကို ဖြိုခွဲနှိမ်နှင်းထားနိုင်လို့ဆိုတဲ့အချက်ကိုလဲ သတိထားမိပါတယ်။ဒါဟာ မဆလခေတ် ဗိုလ်နေ၀င်းလက်ထက် ထဲက စစ်ထောက်လှမ်းရေးတွေသုံးတဲ့ စိတ်ဓါတ်စစ်ဆင်ရေးနည်းဗျူဟာကို စစ်အာဏာရှင်အဆက်ဆက်က အမွေဆက်ခံပြီး ကောင်းကောင်းကျင့်သုံးခဲ့တာပဲဖြစ်ပါတယ် ။

၁၉၈၈ ခုနှစ်မတိုင်မှီကာလက နိုင်ငံရေးအရဖြစ်ဖြစ် ၊ စစ်ရေးအရဖြစ်ဖြစ် စစ်အာဏာရှင်တွေကို အထိရောက်ဆုံးတိုက်နိုင်ခဲ့တဲ့ ဗကပထဲကနေ ၀တွေကိုးကန့်တွေကိုခွဲထုတ်ပြီးဖြိုခွဲခဲ့ပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကိုရက်ရက်စက်စက်ဖြိုခွဲခံရလို့ ကျောင်းသားလူငယ်တွေတောခိုကြပြီး လက်နက်ကိုင်တော်လှန်ရေးအားကောင်းမဲ့အခြေနေမြင်တော့ မဖမ်းပါဘူး ၊ ပြန်လာ ကြပါဆိုတဲ့အကြောင်း စခန်းတွေရှိရာရဟတ်ယာဉ်နဲ့စာရွက်တွေကြဲခဲ့သလို ကြိုဆိုရေးစခန်းတွေဖွင့်ကြိုဆိုပြပြီး ကျောင်းသား တွေကြားမှာ သွေးကွဲအောင်လုပ်ခဲ့ပါတယ်၊ပြည်တွင်းမှာရှစ်လေးလုံးအရှိန်အဟုန်နဲ့ အားကောင်းကောင်းရှိနေတဲ့ ကျောင်းသား သမဂ္ဂကိုလဲ ဗကသ နဲ့ မကသလို့ အပြိုင်ဖြစ်အောင်ခွဲထုတ်ပြီး မကသကို မန္တလေးဆောင်မှာ တရားဝင်ခွပ်ဒေါင်းအလံထောင် ရုံးခန်းဖွင့်ခွင့်ပြုခဲ့ပါတယ် ၊ နောက်ပိုင်းလက်နက်ကိုင်အင်အားစုတွေထဲမှာ အားအကောင်းဆုံးနဲ့ သဘောထားအပြတ်သားဆုံး ပြောရမဲ့ KNU ကိုလဲ DKBA အပါအ၀င် နာမည်အမျိုးမျိုးနဲ့ငြိမ်းချမ်းရေးတပ်တွေဖြစ်ပြီး စိတ်ဝမ်းကွဲကုန်အောင် ခွဲထုတ်ခဲ့ပါ တယ်။

စစ်အုပ်စုက ကျွန်တော်တို့အင်အားစုတွေကို အဲသလိုခွဲထုတ်ခဲ့တာတွေပြောရရင် အများကြီးပါ ၊ ကျွန်တော်တို့ကြားမှာ တစ်ဦး ချင်းပုဂ္ဂိုလ်ရေးဖြစ်တဲ့ပြဿနာကို နိုင်ငံရေးပြဿနာပုံစံဖြစ်တဲ့ထိဆွဲယူပြီး အုပ်စုလိုက်ပြဿနာထိဖြစ်အောင်လုပ် ၊ ကျွန်တော် တို့ချင်းအားမလိုအားမရဖြစ်လို့ပြောရင် တဘက်ဝေဘန်ခံရသူဘက်ကနေနာသယောင် ၀င်ပြောရန်တိုက်ပေးပြီး ပြဿနာရဲ့ ရင်းမြစ်ပျောက်အောင်လုပ်ခဲ့တာ အကြိမ်ကြိမ်ရှိပါပြီ ။ ကျွန်တော်တို့တွေရဲ့အားနည်းချက်ကလဲ တခုခုဆို ဘုံရန်သူဦးတည် တိုက်ရေးဆိုတာပျောက်ပြီး အချင်းချင်းစကားနိုင်လုကြ ၊ ငယ်ကျိုးငယ်နာတွေဖေါ်ကြ ၊ ကိုယ်ရည်အပြိုင်သွေးကြနဲ့ ညီညွတ်ရေးဝေးသထက်ဝေး ဖြစ်ခဲ့ရသည်ချည်းသာပါပဲ ။

ဒီကနေ့ကျွန်တော်တို့ကြားမှာလိုနေတာက အချင်းချင်းယုံကြည်လေးစားမှုပဲ ၊ ရှစ်လေးလုံးကာလ၀န်းကျင်က တကယ့်ကို ကိုယ်ကျိုးစွန့်လုပ်ခဲ့ကြသူတွေဖြစ်ခဲ့ကြပါလျက် နှစ်၂၀ကျော်ကာလရောက်မှ ပရော့ဂျက်တွေ ၊ ပရိုပိုဆယ်တွေ ၊ ကမ့်ပိန်းတွေ ၊ အလှုခံတာတွေ ၊ လူမှုရေးပညာရေးကျန်းမာရေးလုပ်ငန်းတွေယောင်ယောင်ပြောင်းသွားတာတွေ ၊ နိုင်ငံခြားထွက်သွားတာ တွေ ၊ အတိုချုပ်ပြောရရင် တစ်ဦးချင်းကိုယ်ကျိုးစီးပွားနဲ့နေထိုင်မှုတွေပြန်ဖြစ်ကုန်တဲ့အတွက် တစ်ဦးလုပ်တာတစ်ဦး သံသယ အမြင်နဲ့ပဲဝေဖန်ဆုံးဖြတ်ကြပြီး ယုံကြည်လေးစားမှုမဲ့နေကြတဲ့အခြေနေဖြစ်နေတာကို ပြန်ပြင်ယူနိုင်ကြဘို့လိုနေပါတယ်။

“ပုဂ္ဂိုလ်ခင်ရင်တရားမင်တယ်”ဆိုသလိုပဲ ၊ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးယုံကြည်မှုတွေ ရင်းနှီးမှုတွေပြန်တည်ဆောက်ကြမှ ဖြစ်ပါ လိမ့်မယ် ၊ အဲဒီကနေမှကျွန်တော်တို့အားလုံး ညီညွတ်ရေးဆိုတာကိုသွားနိုင်မှာပါ ၊ ပုဂ္ဂိုလ်ရေးယုံကြည်လေးစားမှုမရှိရင် ညီညွတ်ရေးတည်ဆောက်ရမှာမဟုတ်သလို ညီညွတ်ရေးမလုပ်နိုင်သေးသမျှလဲ စစ်အုပ်စုလုပ်သမျှခံနေရဦးမှာပါ ၊ မတရားတဲ့ အမိန့်အာဏာတွေနဲ့တည်ဆောက်ထားတဲ့ စစ်တပ်ကြီးက ညီညွတ်ခိုင်မြဲနေပြီး အမှန်တရားကိုဆုတ်ကိုင်တိုက်ပွဲဝင်နေပါတယ် ဆိုတဲ့ကျွန်တော်တို့က ရန်ဘက်စစ်တပ်လောက်တောင်မစည်းလုံးနိုင်တာ ရှက်လဲရှက်စရာကောင်းလွန်းပါတယ်ဗျာ။

ရန်သူ့အကြိုက်ဖြစ်စေမဲ့ အချင်းချင်းအပုတ်ချအပြစ်တင်ပြဿနာရှာမှုမျိုးတွေကိုတားဆီးကြရမှာဖြစ်သလို အကျိုးဖြစ်ထွန်းလို စိတ်နဲ့ ကြောင်းကျိုးညီဝေဘန်ထောက်ပြအကြံပြုမှုတွေကိုလဲ ၀ိုင်းစဉ်းစားကြသင့်ပါတယ် ၊ ဥပမာ ဒေါ်စုနဲ့ပါတ်သက်ပြီး တယောက်ယောက်ကတခုခုဝေဘန်တယ်ဆိုကြပါစို့ ၊ ဒေါ်စုကိုဝေဘန်ရမလားလို့ မျက်စိစုံမှိတ်မပြောပဲ ဝေဘန်တဲ့အချက် လက်ကဘာလဲ ၊ ဘာရည်ရွယ်ချက်နဲ့ဝေဘန်ရတာလဲ လေ့လာသင့်ပါတယ် ၊ ဒေါ်စုက တန်ခိုးရှင်မဟုတ်ပါဘူး ၊ လူပါ ၊ လူထု အတွက်ခေါင်းဆောင်ကောင်းတစ်ယောက်သာဖြစ်ပြီး လူသားသာဖြစ်တဲ့အလျောက် မှားတဲ့အခါဆိုတာရှိနိုင်ပါတယ် ၊ အဲဒါကို သတိထားမိသူတွေက ထောက်ပြဝေဘန်တဲ့အခါ ၀ိုင်းမစဉ်းစားပေးပဲ ဝေဘန်သူကိုပဲဝိုင်းတိုက်ခိုက်ကြရင် ဒေါ်စုလဲသူမှားတာ ပြန်မပြင်နိုင်ပဲသတိထားမိမှာမဟုတ်သလို ဗမာပြည် ပြည်သူလူထုအတွက်လဲ အရမ်းထိခိုက်နစ်နာသွားမယ်ဆိုတာ သတိပြုမိ ကြဘို့လိုပါတယ် ။

ဒေါ်စုက လူထုခေါင်းဆောင်နေရာကို ထိုက်ထိုက်တန်တန်ရောက်ခဲ့သူပါ ၊ ဗိုလ်ချုပ်အောင်ဆန်းအရှိန်ကြောင့်မဟုတ်ပဲ ကိုယ် ပိုင်အရည်အချင်းနဲ့ရောက်ခဲ့သူပါ ၊ မိသားစုတစ်ကွဲတစ်ပြားနဲ့ နေအိမ်ဝန်းထဲတင်ကာလတာရှည်နေပြီး ဗမာပြည်သူတွေ အတွက် အများကြီးအနစ်နာခံပေးဆပ်ခဲ့သူပါ ၊ အဲဒါကိုအသိမှတ်ပြုလက်ခံတဲ့သူတွေကပဲ ဒေါ်စုလွဲချော်ခဲ့တယ်လို့ထင်တာ တွေကို ဝေဘန်ထောက်ပြရင်လဲ သူဘာသာစဉ်းစားအဖြေရှာရမှာဖြစ်ပြီး တခြားသူတွေက ဒေါ်စုနေရာကနေလိုက်နာ ရန်လုပ် နေရမှာမဟုတ်ပါဘူး ။ ဒေါ်စုဘေးမှာက ဒေါ်စုကိုဝေဘန်ထောက်ပြအကြံကောင်းပေးရဲသူတွေမရှိပဲ (မျှောလိုက်ယုံ) နောက် လိုက်တွေပဲရှိခဲ့တဲ့အတွက် NLD ဒီနေ့လိုအခြေနေရောက်ခဲ့ရတာပါ ။

NLD ကိုကျွန်တော်တို့ ဂန္ဒီကစပြီးအားမလိုအားမရဖြစ်ခဲ့ကြတာ နှစ်၂၀ရှိပါပြီ၊ ဒါပေမဲ့ပြည်တွင်း NLD ကို နိုင်ငံရေးတိုက်ပွဲ နည်းလမ်းမှာ တပ်ဦးပါတီအဖြစ်တန်ဘိုးထားမပျက်ခဲ့ပါဘူး ၊ ပြည်ပရောက်NLD(LA)တွေနဲ့ အဝေးရောက်အစိုးရဖွဲ့တဲ့NLDတွေ ကို သူလိုငါလိုထူးမခြားနားပဲ သဘောထားခဲ့ကြပေမဲ့ ပြည်တွင်းNLD ကိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုဆုတ်ကိုင် ရပ်တည်နေတဲ့ လူထုဦးဆောင်ပါတီအနေနဲ့ မျှော်လင့်ချက်တွေထားခဲ့ကြတာပါ ၊ နစ်နစ်နာနာမဟုတ်ပေမဲ့ထိထိရောက်ရောက် လဲ အကြိမ်ကြိမ်ဝေဘန်ခဲ့ဘူးပါတယ် ၊ အဲဒီအတွက် NLD ကဘာမှမပြောင်းလဲမပြုပြင်ခဲ့ပေမဲ့ ကျွန်တော်တို့ချင်းကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး စည်းလုံးမှုသာပျက်သထက်ပျက်ခဲ့ရပါတယ် ။

ခုတော့ စစ်အုပ်စုက တဘက်သတ်ဖိထိုးလာရာကနေ ပွဲသိမ်းလက်သီးတစ်ချက်ကို (NLDပါတီဖျက်သိမ်းကြောင်းကြေငြာခြင်း နဲ့) အပိုင်ထိုးချလိုက်ပါပြီ ၊ ဒါဟာ NLD ကိုထိုးချလိုက်တယ်ဆိုတာထက် ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေအားလုံးကို အပိုင်ထိုးချလိုက်တာပါ၊NLD ပြန်မထနိုင်ရင် NLD လဲရင် ကျွန်တော်တို့ပါလဲပြီလို့ အပိုင်တွက်ထိုးချလိုက်တာပါ၊ ဟုတ်ပါတယ်၊ ခုချိန်မှာ NLD တကယ်လဲသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့တလျှောက်လုံးဆုတ်ကိုင်လာခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ပါ လုံးဝပျက်ဆီးသွားမှာပါ ၊ တဖြည်းဖြည်းလျော့ကျနေတဲ့ ပြည်သူတွေရဲ့ယုံကြည်မှုကိုလဲ ထပ်ပြီးဆုံးရှုံးစေမှာပါ ၊ ဒီလိုပဲ ၊ ကျွန်တော်တို့ချင်း ရန်ဖြစ်စကားများနေကြရတဲ့ တော်လှန်သူတွေလိုလို ၊ NGO တွေလိုလို ၊ ဒုက္ခသည်တွေလိုလို ဖိနှိပ်ခံဘ၀ မှာလုံးချာပတ်ချာလည်နေဦးမှာပါ ။

ဒီတော့ ရန်သူရဲ့အနိုင်ကျင့်မှုကြောင့် ပြိုလဲမလိုဖြစ်နေတဲ့ NLD ကို ပြန်ခံမချရကောင်းလားလို့ အားမလိုအားမရဖြစ် အပြစ်ဖို့ မနေကြတော့ပဲ ၊ ၀ိုင်းထူကျားကန်ပေးကြသင့်ပါတယ် ၊ နောက်ဆုံး NLD ကမထနိုင်တော့လို့ လဲပါပြီဆိုရင်တောင် ကျွန်တော်

တို့က NLD နေရာကနေ တိုက်ပွဲဝင်ကြရမှာပါ ၊ နောက်ဆုံးတိုက်ပွဲမဟုတ်ပေမဲ့ ခုချိန်ဟာ ဗမာပြည်သမိုင်းအတွက် အရေး ကြီးတဲ့အချိုးအကွေ့ဖြစ်နေပါပြီ ၊ ကျွန်တော်တို့ချင်းရဲ့ ပုဂ္ဂိုလ်ရေးတွေ ၊အမုန်းတွေ ၊ အာဃာတတွေ ၊ အမြင်မတူတာတွေ ခနမေ့ထားပြီး ဘုံရန်သူကိုပဲ ဦးတည်တိုက်ပွဲဝင်ကြရမှာပါ ၊ “မင်းတို့ထင်သလိုလုပ်မရစေရဘူး” လို့ စစ်အာဏာရှင်တွေကို သံပြိုင်ဟစ်ကြွေး စိန်ခေါ်ကြရအောင်ပါ ။

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်

၂၂နှစ်ပြည့်တဲ့နေ့


ဒီနေ့ဟာနအဖကအာဏာကိုအတင်းလုယူခဲ့တဲ့၂၂နှစ်ပြည့်တဲ့နှစ်ဖြစ်တယ်...
သတိအရဆုံးအရာပြောပါဆိုရင်......။
သိမ်းမယ်လို့တော့သတင်းကြားနေရတယ်..
မြို့ထဲကိုချီတက်ဆန္ဒပြတာကတော့နေ့စဉ်ပြုလုပ်နေကြအတိုင်းချီတက်ကြတာပေါ့...အဲဒီမှာ..
အင်းစိန်(အခုကုန်းတံတားကြီးအတက်နားက)ဆီဆိုင်မှာဆီဝင်ဖြည့်နေတဲ့ဆန္ဒပြကားကိုစစ်ကားက၀င်တားပြီး
ကားပေါ်ကလူတွေကိုဆွဲချကန်ကျောက်တာ..ဘုန်းကြီး၂ပါးပါပါတယ်..စစ်သားတယောက်ကသင်္ကန်းကိုကိုင်ထား
ပြီးခြေထောက်နဲ့ဆောင့်ကန်လိုက်တာဆိုင်ဘေးကကန်စွန်းအိုင်ထဲလိမ့်ဆင်းသွားတာလေးပါ..
သူတို့တွေကန်ကျောက်ခံနေရတာသက်သာအောင်(ထ၂)တက်တဲ့လမ်းဖက်ကနေညာသံပေးအော်တာကိုလှမ်း
ပစ်တယ်..လှံစွပ်တွေနဲ့တက်လာတော့အနားကမော်တော်ပီကယ်လိုင်းဝန်းထဲဝင်ပြေးတော့လိုင်းအတွက်လုံခြုံ
ရေးယူနေတဲ့လူကြီးကလက်ထဲမှာဟိုးတုန်းကကိုင်တဲ့တော်မီဂန်းနဲ့....အထဲဝင်ကြ..ငါခံပစ်ပေးထားမယ်..တဲ့..
စစ်သားတွေဝန်းနားကပ်လာတော့သူကကိုယ့်ရှေ့မှာလားတောင်ထင်ရတယ်...
တကယ်ကိုသွေးပျက်ရတဲ့နေ့တနေ့ပါပဲ..
အင်စိန်းတရားရုံးပေါ်ဘုန်းကြီးတွေကိုခေါ်သွားတယ်ဆိုလို့ပြန်သွားဝိုင်းပြီးလွှတ်ပေးဖို့အော်ခဲ့တဲ့အာဏာသိမ်းနေ့
အမှတ်တရပါ..

18 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/g62hr21h2a9fvz3/18%20September%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/apsjrgfuzmookqu/18%20September%202010%20yeyintnge%27s%20Diary.pdf18 September 2010 Yeyintnge's Diary

မိုးသီးဇွန် ရဲ့  သဘောထား


Saturday, 18 September 2010

မိုးသီးဇွန် ရဲ့  သဘောထား


ကိုလွမ်းဆွေဘလောက်မှာ တင်ထားတဲ့ အက်စစ်ဆိုတဲ့ဆောင်းပါးကို ဘယ်လို သဘောထားပါသလဲ လို့ မိတ်ဆွေတချို့ က မေးလာတယ်။ ဒီဆောင်းပါးနဲ့ ပတ်သက်လို့  တချို့ က ကျနော်ရေးတယ်လို့ စွပ်စွဲပြီး
အခွင့်ကောင်းယူပြီး ကျနော်ကိုတိုက်ခိုက်သူတွေ ရှိလာတယ်။ ပေါ်လစီ ပိုင်းဆိုင်ရာတွေပါ ရှုပ်ထွေးအောင်တချို့ က ရည်ရွယ်ပြီး တိုက်ခိုက်လာတဲ့အတွက် ရှင်းလင်းဖေါ်ပြလိုက်ပါတယ်။


ပထမဆုံးပြောချင်တာကတော့ ဒီဆောင်းပါးမျိုးကျနော်မရေးဘူး။သူရေးတာတွေကို ကျနော်သဘောမတူဘူး။ ကျနော်တို့  အဖွဲ့ တွင်း မေးလ်မှာလည်း ရေးတဲ့သူကို သိလားလို့ ကိုလွဏ်းဆွေကို ကျနော်မေးခဲ့တယ်။ သူကလည်းမသိဘူးလို့ ပြောတယ်။ သိရဲံင်ဖေါ်ထုတ်ပေးပါလို့  သူကို မေတ္တာရပ်ခံခဲ့တယ်။ ဒါကြောင့်ဒီဆောင်းပါးဟာ ရေးတဲ့သူအနေနဲ့  တာဝန်ပဲဖြစ်တယ်။ ဒီလူဟာတော်တော်တော့သူရဲဘောကြောင်သူပဲလို့  မှတ်ချက်ချခြင်တယ်။

ဒုတိယ ပြောချင်တာကကျနော်ရော ကျနော်တို့လူထုတိုက်ပွဲကော်မတီကော ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်းဦး၊ဆရာကြီးဦးဝင်းတင်တို့ ကို ရာနှုန်ူြး့ပည့် ထောက်ခံနေတာ ထက်ကိုပိုပါတယ်။ မြတ်နိုးလေးစားမှု၊ ယုံကြည်မှုနဲ့  ပါထောက်ခံနေကြတယ်။ ဒေါ်စုရွေးကောက်ပွဲကိုမ၀င်တဲ့ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့တယ်။ ဘူးလှုပ်ရှားမှုကို လုပ်ပြီး သူ ကို ၀ိုင်းရံပေးခဲ့တယ်။

ဒါပေမဲ့ တချို့ က ဒါတွေကိုလစ်လှုရှု ပြီး ဒေါ်စုကို ကျနော် တို့ ချတယ် ဆိုပြီး သူဖါသာသူအဆိုတင်၊ သူဖါသာသူထောက်ခံပြီး ပွဲဆူအောင်လုပ်ပြီး အချောင်အသားယူနေတာ ကို လည်း ယိုသူမရှက်မြင်သူရှက်တွေ့ နေရတယ်။ ဒီလူတစုက ကျနော်ဘာလုပ်လုပ် မနာလိုမှုတွေဖီဆီးခံနေရသူတွေပါ။ ဒါကြောင့် ကျနော်သဘောထားကို တင်ပြလိုက်ရတာပါ။

ဦးအောင်ကြီးကိုမဆလ ကဖမ်းတုံးက ဦးအောင်ကြီးနဲ့  ဦးစိန်ဝင်းတို့ လွတ်မြောက်ရေးအတွက် ကျနော်ကိုယ်တိုင် ဗါးကရာခြောက်မှာ ဦးအောင်ကြီးနဲ့ ဦးစိန်းဝင်းတို့ ကိုလွတ်ပေး လို့ ရေးခဲ့တယ်။တောင်းဆိုတိုက်ပွဲဝင်ခဲ့တယ်။ အခု ကိုယ်တကယ်လေးစားတဲ့ချစ်ခင်တဲ့ ခေါင်းဆောင်တွေ အလှည့် ကြမှာ သူတို့ လွတ်မြောက်အောင် ကိုယ်ထိလက်ရောက်မလုပ်နိင်တာကိုရှက်မိတယ်။
ကျနော်အမေရိကန်မှာ နေနေရတယ်။ ဒါပေမဲ့  နိင်ငံရေးလှုပ်ရှားမှုနဲ့ မဝေးဘူး။မလုပ်တဲ့ နေ့ မရှိဘူး။ နယ်စပ်ကို အခွင့်အရေးရတာနဲ့ ကျနော်တို့ ပြန်လာလှုပ်ရှားနေတယ်။ ခင်ဗျားတို့  အားပေးမှုလိုတယ်။ ကျနော်ထက်ပိုလုပ်နိင်တဲ့သူတွေရှိမယ်။ နောက်ကလိုက်ဖို့ အသင့်ရှိတယ်။ ခေါင်းဆောင်ကောင်းဆိုတာ နောက်လိုက်ကောင်းကနေဖြစ်လာကြတာပါ။ကျနော်နောက်လိုက်ကောင်းဖြစ်အောင်အမြဲတမ်းကြိုးစားနေတယ်။

သတ္တိရှိကြပါ။

ဒီမိုကရေစီ လှုပ်ရှားမှုမှာ လူတိုင်းမှာလွတ်လပ်စွာ ဖေါ်ထုတ်ပြောဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့  ဒီနေ့ အင်တာနက်မှာ ဖြစ်နေကြတာတွေကိုတော့နည်းနည်း ဝေဖန် အကြံပြုလိုတယ်။ ဒါက သတ္တိရှိပါ။ နာမည်ခံပြီး ရိုးရိုးသားသား ဝေဖန် ကြ၊ ရေးကြပါ။
အက်စစ်လို့ ရေးလိုက် ၊ တခါအက်စစ်ကို မုန်းတိုင်းဆိုသူက ပြန်ရေးလိုက်နဲ့  အမှန်တရား ကို ဆွေးနေတယ်ဆိုတာတောင်မှာ သူတို့ နှစ်ယောက်စလုံးကို ဘယ်လောက်ယုံကြည်နိင်မလဲ ။ ယုံကြည်လက်ခံနိင်မှု (Cridibility) မရှိဘူးပေါ့။ ငါမိုးသီး၊ ငါသံဒုတ် စသဖြင့် ကိုယ် မှာ နာမည်တွေရှိနေတာပဲ။ နာမည်ခံ ရေးရဲ ကြစမ်းပါ။ ကိုယ်နံမည်ခံရေးရင်ကြွေးရှင်တွေ လိုက်လာမှာ စိုးနေကြလို့ လား။


ဒါဆိုရင် သူတို့ အတွေးအမြင်တွေကို ကျနော်တို့  လေ့လာခွင့် ရနိင်တယ်။ အကြံညဏ်တွေကိုရနိင်တယ်။ လှုပ်ရှားမှုအတွက် အကျိုးရှိနိင်တာပေါ့။ ခုတော့ ပြစ်စာ လိုမျိုးရေးနေရင် ကျနော်တို့ က မှန်နေတာတောင် လက်ခံရ ခက်တာပေါ့။ အလကား နေရင်းပွဲဆူအောင်လုပ်နေတာနဲ့ မတူပေဘူးလား။ရန်သူက အသုံးချတတ်တယ်။ သတိထားပါ။
http://komoethee.blogspot.com/2010/09/blog-post_9183.html


သမိုင်းမှာ ဘယ်လိုတန်ဖိုးတွေနဲ့ ကျန်ရစ်ကြမလဲ(အက်ဆစ်)

NLD-LA's condolence letter for thakhin Ohn Myint

http://xa.yimg.com/kq/groups/20354587/89877461/name/Condolence%20letter%20for%20thakhin%20Ohn%20Myint.pdf
Condolence Letter for Thakhin Ohn Myint