Sunday, September 26, 2010

တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကံပြည်ထောင်စုတွင်တရားဝင်လွှင့်ထူခွင့်ရရှိ






စစ်အာဏာရှင်တိုက်ပွဲတွင် ဒီမိုကရေစီအင်အားစုများကိုင်စွဲလွှင့်ထူခဲ့သော တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမေရိကံပြည်ထောင်စု၊နယူးယောက်ပြည်နယ်၊ဘတ်ဖဲလိုးမြို့တွင် သက်ဆိုင်ရာအာဏာပိုင်များ၏တရားဝင်ခွင့်ပြူချက်ဖြင့် စက်တင်ဘာလ ( ၂၅ ) နေ့ နံနက် ၁၁နာရီအချိန် ဘတ်ဖဲလိုးမြို့ မြို့တော်ခန်းမရှေ့ပန်းခြံရှိ အမေရိကံပြည်ထောင်စုနိုင်ငံတော်အလံလွှင့်ထူရာ အလံတိုင်တွင်လွှင့်ထူခွင့်ရခဲ့ပါသည်။ယင်းအလံလွှင့်ထူခြင်းအခန်းအနားသို့ အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးချူပ်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး၊ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှရဲဘော်ဟောင်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ၊ ဒီမိုကရေစီရေးတက်ကြွလှုတ်ရှားသူများ ပါ ချီတက်အလေးပြူခဲ့ကြပါသည်။ ယင်း တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမေရိကံပြည်ထောင်စုတွင်တရားဝင်လွှင့်ထူခွင့်ပေးခြင်းမှာ အမေရိကံပြည်ထောင်စုအနေဖြင့် မြန်မာ့ဒီမိုကရေစီလှုတ်ရှားမှု့ကိုအသိမှတ်ပြူထောက်ခံခြင်းဖြစ်သလို၊မြန်မာနိုင်ငံတိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အလေးမြတ်ထားခြင်းလည်းဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တစ်ဦးမှပြောကြားသွားခဲ့ပါသည်။
ဘတ်ဖဲလိုးဒီမိုကရက်တစ်အင်အားစုများ
အမေရိကံပြည်ထောင်စု

အယ်ဒီတာများပြောတဲ့ ရွေးကောက်ပွဲ

http://www.mediafire.com/file/3l6xays76851rdc/views%20of%20editors%28VOA%29.doc

http://www.mediafire.com/file/g85ke4ez95g0h9a/views%20of%20editors%28VOA%29.pdf

Views of VOA

(၃)နှစ်မြောက်ရွှေဝါရောင်တော်လှန်ရေးအခမ်းအနား


မြန်မာ့ဒီမိုကရေစီအဖွဲ့ ချူပ်(နာဂိုယာ)ဂျပန်မှ(၃)နှစ်မြောက်ရွှေဝါရောင်တော်လှန်ရေးအခမ်းအနားအား ယနေ့ 
(၂၆.၀၉.၂၀၁၀) နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ၌အောင်မြင်စွာကျင်းပခဲ့ကြပါသည်..။



လေးစားစွာဖြင့်

komg

 

အင်န်အယ်ဒီကိုဝန်းရံပေးကြပါ...

ကျွန်တော်တို့တွေ၂၂နှစ်လုံးအင်န်အယ်ဒီကိုအားကိုး၊အားပေး၊နေလာခဲ့ကြတာပဲ..အခုလိုအရမ်းအရေးကြီးနေတဲ့အချိန်
အထဲမှာရှိတဲ့အင်န်အယ်ဒီခေါင်းဆောင်ပိုင်းတွေဟာနအဖနဲ့အနီးကပ်ဆက်ဆံပြီးမြန်မာ့နိုင်ငံရေးသမိုင်းကိုရေလိုကြိုသောက်
နိုင်သူတွေပါသူတို့တွေဘာလုပ်နေတယ်ဆိုတာသူတို့သိပါတယ်..ကျွန်တော်တို့တတွေသူတို့လုပ်နေတာကိုတလေထဲ
တသံထဲဝိုင်းပြီးအားပေးကြရအောင်လား...(ဒီခံယူချက်မျိုး NLD - LA တွေမှာပိုလို့တောင်ရှိသင့်ပါတယ်..)..
တကယ်တော့အင်န်အယ်ဒီဟာမလုပ်ခဲ့၊မလုပ်နိုင်ခဲ့တာမဟုတ်ပါဖူးလုပ်ခွင့်မရအောင်နအဖကပိတ်ပင်ခဲ့တာ..
ပန်းတိုင်ကိုနာနာကျင်ကျင်နဲ့ချီတက်နေရတဲ့သူတို့တွေကိုတွေဝေအောင်၊သွေးကွဲအောင်မလုပ်ကြပါနဲ့..
အပြောနဲ့လက်တွေ့တကယ်ကွာပါတယ်...သင်တို့ဘာပြောပြောနအဖလာဖမ်းလို့မရပါဖူး..သူတို့ခြေလှမ်းတချက်အပြင်စွန်း
တာဟာအထဲရောက်ဖို့ဖြစ်နေပါတယ်..လုပ်လို့ရနိုင်တဲ့အခြေအနေတခုအထိသူတို့လုပ်လိမ့်မယ်ဆိုတာတော့ကျွန်တော်
ယုံနေသလိုသင်တို့လည်းယုံကြည်ကြစေချင်ပါတယ်..

အင်န်အယ်ဒီကိုဝန်းရံကြပါ...


အင်န်အယ်ဒီကိုဝန်းရံကြပါ...


အင်န်အယ်ဒီကိုဝန်းရံကြပါ...


အင်န်အယ်ဒီကိုဝန်းရံပေးကြပါ...

မီးလျှံကြားမှာ ပြည်သူ့ရင်ခွင် ခိုလှုံသူ ဗိုလ်ကြီးစိုင်းဝင်းကျော်



By ရော်နီညိမ်း တနင်္ဂနွေ, 26 စက်တင်ဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၂၇)

၂၀၁၀ စက်တင်ဘာ (၂၆)

မကြာခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်က စစ်တိုင်းမှူးအသစ် အများစုနဲ့ ဗိုလ်သင်တန်းအပတ်စဉ်တူ ဖြစ်ပြီးတော့၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄)က၊ ကျောင်းဆင်းခဲ့ တဲ့၊ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူ၊ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အ ပတ်စဉ်ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးအနေနဲ့က ကျနော်တို့ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဆန္ဒပြပြည်သူတွေ ကျောင်းသားတွေကို ပစ်ခတ်နှိမ်နင်းဖို့အတွက် အမှတ် (၂၂)ခြေမြန်တပ်ရင်းလက်အောက်ခံ ခမရ(၂၀၈)က ရန်ကုန်မှာလာပြီး တာဝန်ယူတဲ့အချိန်မှာ ဗိုလ်ကြီးလည်း တာဝန်အရ ပါလာရပြီးတော့မှ ဒီ ပစ်တာခတ်တာတွေအပေါ် ဗိုလ်ကြီးက မှားယွင်းတဲ့လုပ်ရပ်တစ်ခုလို့ မြင်တဲ့အတွက်ကြောင့် ပြည်သူ့ရင်ခွင်ဘက်ကို ကူးပြောင်းခဲ့တယ်ဆိုတဲ့အထိ ကျနော်တို့ သိရှိခဲ့ရပြီးပါပြီ။ အခုလိုမျိုးကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီးဘယ်လို အခက်အခဲရှိလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီတုန်းက မဟာဝိဇယစေတီနားက အမှတ်(၁)ဆက်သွယ်ရေးတပ်ရင်းမှာ ကျနော်တို့ ခေတ္တ အခြေပြုနေရပါတယ်။ အဲဒီတုန်းက ကျနော် တာဝန်ထမ်း ဆောင်တာက “ကက(ကြည်း) အရံအင်အား အကူပစ်လက်နက်ကြီးတပ်ခွဲ စိန်ပြောင်းကြီးတပ်စုမှူး” ပေါ့နော်။ ကျနော် ထမ်းဆောင်တဲ့အချိန်မှာ သူတို့က စစ်အာဏာသိမ်းဖို့အတွက် အသင့်ပြင်ထားတာပေါ့ဗျာ။ ဒီရည်ရွယ်ချက်တွေတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။ ကျနော်တို့ထဲမှာ သတင်းတွေ ဖြန့်ထားတာကတော့ ရန်ကုန်မြို့ထဲမှာ တောတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း စိမ့်ဝင်နေတာတွေ ရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်၊ လိုအပ်ရင် မင်းတို့ကို ရဟတ်ယဉ်တွေဘာတွေနဲ့ ရွှေ့ရလိမ့်မယ် ဆိုတာမျိုး အသေးစိတ်တွေ သူတို့ ညွှန်ကြားထားတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ အဲဒီအချိန်က ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ပါပြီလား ခင်ဗျ၊ စက်တင်ဘာလထဲ ရောက်သွားပါပြီလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်ပါပြီ။ ရုတ်သိမ်းပြီးတော့မှ “ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်”ဖွဲ့ပြီး စုံစမ်း စစ်ဆေးတာတွေ သူလို့လုပ်ပါတယ်။ အဲဒီကာလမှာကိုက အာဏာသိမ်းဖို့အတွက် နောက်ဆုံးမှာ တပ်မတော်ကို အဆင်သင့် ပြင်ခိုင်းထားတာပါ။ အဲဒီ ရည်ရွယ်ချက်တွေကိုတော့ အောက်ခြေထိ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်နဲ့ အနီးကပ်နေတဲ့ ကျနော့်သူငယ်ချင်း တချို့တော့ ရှိပါတယ်။ သူတို့နဲ့ ကျနော် စကားပြောကြည့်တဲ့အခါမှာလည်း၊ သူတို့က လက်ရှိအခြေအနေတွေကို မနှစ်မြို့ကြပါဘူး။ ဘာဖြစ်လို့များ လူထုနဲ့ တပ်မတော်ကြား ဒီလောက်ထိ ဝေးကွာသွားကြသလဲ၊ ဒီလောက်ထိ နားလည်မှုလွဲသွားကြသလဲပေါ့၊ ဘယ်အခြေ နေထိ ရောက်သွားသလဲ ဆိုတာ၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက ဦးအောင်ကြီးထုတ်ဝေတဲ့ ဗိုလ်ချုပ်ထံသို့ ပေးစာများ၊ အဲဒါ တွေက ကျနော်တို့တပ်ထဲမှာ အတိုင်းအတာတစ်ခုထိ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီစာ တချို့လည်း ကျနော်ဖတ်ရပါတယ်။ ဖတ်ရတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ သို့လောသို့ လော အတွေးတွေ အများကြီး ပေါ်လာပါတယ်ခင်ဗျ။ နောက်ဆုံးမှာ ဦးတင်အောင်ရဲ့အစီရင်ခံစာ ထွက်လာပြီးတော့၊ မဆလ ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ အစိုးရက “ပြည်သူ့ ဆန္ဒခံယူပွဲ” ကျင်းပမယ်ဆိုပြီး ကြေညာတာ ရှိပါတယ်။ ဒါပေမယ့် လူထုရဲ့ကြွေးကြော်သံက ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာ မဆလအစိုးရပြုတ်ကျရေးကို ဦးတည်တောင်းဆိုတဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာပါတယ်။

(“ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်” = မြန်မာနိုင်ငံတ၀န်း ရှစ်လေးလုံးလူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့ နောက်ပိုင်း၊ မြန်မာ့နိုင်ငံရေး စနစ်တွင် တပါတီစနစ် နှင့် ပါတီစုံစနစ် ရွေးချယ်ရေးအတွက် လူထုသဘောထားဆန္ဒကို စုံစမ်းလေ့လာသည့် ကော်မရှင်ဖွဲ့စည်းရန်၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အရေး ပေါ်ပါတီညီလာခံ နှင့် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးတို့မှ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ထိုစဉ်က တရားသူကြီးချုပ်ဦးတင်အောင်ဟိန်း ခေါင်းဆောင်သည့် စုံစမ်း ရေးကော်မရှင်ကို၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဖွဲ့စည်းခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ တောင်းဆိုတဲ့ ကိစ္စများလားခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ မျက်စေ့ရှေ့မှာ လမ်းတွေပေါ်မှာ ကားတွေနဲ့ လူထုတွေက လိုက်ပါသွားပြီးတော့မှ နဖူးစည်းအနီတွေနဲ့ “ဒီမိုက ရေစီ ရရင်ရ၊ မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံတွေလည်း ကြားရပါတယ်။ ကိုယ်တိုင်လည်း မြင်ရပါတယ်။ လူထုက နောက်ဆုံးတော့ ဒီမိုကရေစီတင် မကပါဘူး၊ အဓိက ကတော့ မဆလ အစိုးရပြုတ်ကျရေး၊ အစိုးရပြောင်းလဲရေး၊ မဆလ အစိုးရ ဆင်းပေးဖို့အတွက် သူတို့ အဓိက တောင်း ဆိုတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော် အရာရှိအနေနဲ့ ဗိုလ်ကြီးကလည်း ရန်ကုန်မြို့က အခြေအနေတွေကို ထိန်းသိမ်းဖို့ တာဝန်နဲ့ ရောက်ရှိနေတဲ့အချိန်ခါမှာ၊ ဗိုလ်ကြီး ဘယ်လိုမြင်မိပါ သလဲ ခင်ဗျ၊ ဘယ်သူ့ဘက်က မှန်တယ်၊ ဘယ်သူ့ဘက် က မှားတယ်လို့။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်တို့ မျက်စေ့ရှေ့မှာပဲလေ၊ ဆန္ဒပြတဲ့လူအုပ်ကြီးတွေက အုပ်လိုက်အုပ်လိုက် သူတို့ မြို့တွင်းကိုချီတက်သွားကြတာ ကျနော်တို့ တွေ့တယ်လေ၊ ဒီ လောက်များပြားတဲ့လူတွေ ထောင်နဲ့သောင်းနဲ့ချီတဲ့လူတွေ ရန်ကုန်လမ်းပေါ်မှာ နေ့တိုင်းနေ့စဉ်လိုလို စီတန်းလှည့်လည်ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့်ကိုင်ပြီးတော့မှ လူထုနဲ့ ထိပ်တိုက်တွေ့နေသလဲပေါ့။ ကျနော်တို့ သိတာကတော့ ရန်သူဆိုတာ တောထဲမှာတိုက်ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ကျနော်တို့ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူတွေနဲ့ ရန်ကုန်မြို့လယ်ခေါင်လိုနေရာမျိုးမှာ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ကျနော်လည်း တခါမှ မမျှော်လင့်ခဲ့ဘူး။ တနေရာရာမှာတော့ အကြီးကျယ်မှား နေပြီဆိုတဲ့သံသယတွေ ကျနော်တို့ ရှိပါတယ်။ သံသယတွေရဲ့နောက်ဆက်တွဲမှာ စဉ်းစားမိတာကတော့ “မဖြစ်တော့ဘူး” လို့ ကျနော်ဒီဘ၀မှာတော့ မပျော်ပိုက်တော့ဘူး ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော် လူထုဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ခုနက ကျနော်မေးခဲ့တဲ့ မေးခွန်းလေးပဲ ထပ်ပြီးမေးပါရစေ ခင်ဗျ။ လူထုရဲ့ရင်ခွင်ကို ကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီး ဘယ်လိုအခက်အခဲများ ရှိပါ သေးလဲ ခင်ဗျ၊ ဘယ်သူတွေနဲ့ဆက်သွယ်ပြီးတော့၊ ခုနက ပြောသလို ယုံကြည်မှုအပိုင်းပေါ့၊ အဲဒီအချိန်က အရမ်းကို ပြင်းထန်နေတယ်၊ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်နိုင်တဲ့ အနေအ ထားမှာ ဒီအခြေအနေကို ဗိုလ်ကြီး ဘယ်လိုများ ကျော်လွှားခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ မဟာဝိဇယစေတီကနေ ကျနော်ထွက်လာတဲ့အခါ အဲဒီတစ်ညလုံး ကျနော် စဉ်းစားပါတယ်။ အဲဒီမတိုင်ခင်လည်း ကျနော် စဉ်းစားပါတယ်။ နောက်ဆုံး ကျနော် သူတို့ထုတ်ပေးထားတဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေပေါ့၊ လက်နက်ခဲယမ်းမီးကျောက်တွေကို စနစ်တကျသိမ်းဆည်းပြီး ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာမှာ ထားပြီး တော့မှ ကျနော် ထွက်လာခဲ့ပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့တော့ အဲဒီတုန်းကတည်းက ဆန္ဒမရှိပါဘူး။ နောက်ပြီးတော့ ကျနော် ထွက် လာတဲ့အချိန် မဟာဝိဇယစေတီနားမှာ ဆန္ဒပြတဲ့ ကားတစ်စီးနှစ်စီး ဖြတ်သွားတာရှိပါတယ်။ အဲဒီအချိန်မှာ ကျနော် လက်ပြပြီးတော့ သူတို့ကို ကျနော် အကူအညီ တောင်းပါတယ်။ ကျနော်ပြောတယ်၊ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးပါလို့ ကျနော်ပြောတဲ့အခါ၊ သူတို့က ပြည်သူ့ရင်ခွင့် ခိုဝင်တယ်ဆိုပြီးတော့မှ လူထုက ၀မ်းပန်းတသာနဲ့ ကျနော့်ကို ကြို ဆိုပြီး၊ အထူးသဖြင့် ကျောင်းသားတွေပေါ့၊ အဲဒီတုန်းက ဆန္ဒပြတဲ့ ကျောင်းသားတွေ အုပ်စုရှိပါတယ်၊ main (ရန်ကုန်တက္ကသိုလ် - ပင်မဆောင်)ထဲက ထွက်လာတာပါ။ အဲဒီကားက၊ သူတို့ ဘယ်အဖွဲ့စည်းလဲဆိုတာ ကျနော် မမှတ်မိတော့ပါဘူး။ သူတို့က ကျနော့်ကို ကားပေါ်တင်သွားပြီးတော့မှ၊ အဲဒီအခါ ကျနော် လူထုရဲ့မေတ္တာကို စပြီးခံစားရတာပေါ့ဗျာ။ အားလုံး က လူတွေမမြင်အောင် ၀ိုင်းအုပ်ပြီးတော့ ခေါ်သွားတာပါ။ အဲဒီတုန်းက စစ်သားဆိုရင် လူထုက အရမ်းကို နာကြည်းနေတာပါ ခင်ဗျ၊ အထူးသဖြင့် တပ်မ(၂၂) ဆိုရင် ပို နာကြည်းနေ တာပါ။ ဒါကြောင့် ကျနော့်ကို မမြင်အောင်ဖွက်သွားပြီးတော့မှ၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)၊ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို ကျနော့်ကို ပို့ပေးပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျနော်တွေ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ကြီးကို ဘယ်လိုများ အမှာစကား ပြောကြားခဲ့ပါသလဲ၊ ဗိုလ်ကြီးကလည်း ဘယ်လိုအကြောင်းအရာတွေ များ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးဖြစ်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကိုပဲ သူ လိုလား ပါတယ် ခင်ဗျ၊ သူ့အနေနဲ့က တပ်မတော်ကို၊ တပ်မတော် အဓိကတော့ မဟုတ်ဘူးပေါ့၊ မဆလ တပါတီအာဏာရှင်ခေါင်းဆောင်တွေကလည်း မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး အ တွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အားလုံးအဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။ အားလုံးကလည်း စိတ်ဓါတ်တက်ကြွနေကြတဲ့အချိန်မှာ အပြောင်းအ လဲက ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ဖြစ်လာမယ်ဆိုရင်၊ အားလုံးက နိုင်ငံသစ်တည်ထောင်ဖို့အတွက် စိတ်တူကိုယ်တူနဲ့ လက်တွဲလုပ်ဖို့ လိုအပ်တဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ ကျနော့်အနေနဲ့ကလည်း တပ်မတော်ထဲမှာ အမှန်တရားကိုလိုလားတဲ့ အင်အားစုတွေ အများကြီးရှိပါတယ်။ လူထုဘ၀ကို စာနာနားလည်တဲ့အင်အားစုတွေ အများကြီးရှိပါတယ်။ သူတို့ ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲမှုတွေကို လိုလားတယ်ဆိုတဲ့အကြောင်း ကျနော်ပြောဖြစ်ပါတယ် ခင်ဗျ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဘို့ထွက်လာတဲ့ တပ်မတော်သားတွေနဲ့ ကျနော် တွေ့ချင်ပါတယ်လို့ ကျနော် ခွင့်တောင်းတဲ့အခါကျတော့ သရက်တောကျောင်းတိုက်ကို ပို့ပေးပါတယ်ခင်ဗျ၊ သရက်တောကျောင်းတိုက်မှာ မှော်ဘီကနေ ထွက်လာတဲ့ ဆန္ဒပြတဲ့ရဲဘော် တွေနဲ့ ကျနော်တွေ့ပါတယ်။ နောက်ပြီး တချို့သော အရာရှိ နှစ်ယောက်သုံးယောက်လောက်နဲ့လည်း ကျနော် တွေ့ပါတယ်။ အဲဒီ သရက်တောကျောင်းတိုက်မှာပဲ ခေတ္တခဏ နေပြီး တော့ နောက်ပိုင်းမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ)အကူအညီနဲ့ လသာအထက(၂)မှာ ကျနော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်သွားတဲ့ အကြောင်းအရင်းနဲ့ နောက် အဲဒီနေ့က သတင်းစာရှင်းလင်းပွဲအတွေ့အကြုံတွေလည်း နောက်လူတွေ သိ ရှိအောင် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဓိက ကျနော့်ကို အကူညီပေးတာကတော့ ကိုမိုးဟိန်း (ယခု အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သူ ရှစ်လေးလုံးကျောင်းသားခေါင်း ဆောင်တစ်ဦး) ပေါ့နော်၊ ကိုမိုးဟိန်းက ဗကသ ရိက္ခာတာဝန်ခံအနေနဲ့ ကျနော်တို့ ဆီလာပြီးတော့ အစားအသောက်တွေ ဝေငှတာ ရှိပါတယ်။ သရက်တောကျောင်းတိုက်မှာ ကိုမိုးဟိန်း နဲ့တွေ့တော့ “အစ်ကိုကြီး ကျနော် ဘာအကူညီ ပေးရမလဲ” မေးတဲ့အခါကျတော့၊ ကျနော်က သူ့ကိုပြောတယ်၊ “အေးကွာ၊ ငါတို့ရဲ့ အတွေ့အကြုံတွေ ငါတို့ရဲ့ အမြင်တွေကို လူထုကို တင်ပြချင်တယ်။ အဲဒါ မင်း စီစဉ်ပေးလို့ ရမလား”ဆိုတော့၊ “ရပါတယ် အစ်ကိုကြီး”ဆိုပြီး သူက ကျနော့်ကို စီစဉ်ပေးပါတယ် ခင်ဗျ။ အဲဒီလို သူ စီစဉ်ပေးပြီး နောက်ပိုင်းမှာ ဒီ သတင်းစာ ရှင်းလင်းပွဲက အထမြောက်သွားတာပါ။ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတဲ့အချိန်လောက်မှာလည်း ကိုမိုးသီးဇွန်(ကျောင်းသားခေါင်းဆောင်၊ ထိုစဉ်က “ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များသမဂ္ဂ”၏ အထွေထွေအတွင်းရေးမှူး) လာပြီးတော့မှ ကျနော်နဲ့ တွေ့ဆုံစကားပြောတာတွေ ရှိပါတယ် ခင်ဗျ။ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော် တို့အနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့ တသားတည်းပါပဲ၊ ပြည်သူလူထုနဲ့အတူ တပါတီအာဏာရှင်စနစ်ကို ကျနော်တို့ မကြိုက်ပါ ဘူး၊ ဒီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကိုလည်း ကျနော်တို့တပ်မတော်သားတွေဟာ ပြည်သူနဲ့အတူ မျှဝေပြီးတော့မှ ခံစားရတာပါ။ အောက်ခြေအဆင့် တပ်မတော်သား အရာရှိ အကြပ်တပ်သားတွေအားလုံးကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လိုလားတယ်။ မဆလ တပါတီအာဏာရှင်စနစ်ကိုလည်း ကျနော်တို့ မလိုလားဘူး။ တပ်မတော်သား တွေကို မဆပါတီထဲ မ၀င်မနေရ အတင်းအကြပ်ဝင်ခိုင်းပြီးမှ အရံပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း၊ တင်းပြည့်ပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း စုစည်းပြီး၊ ပါတီတည် ဆောက်ထားတာကို ကျနော်တို့ မလိုလားဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းစေချင်တယ်။ ပြည်သူလူထုအများစု သွေးထွက်သံယို ဖြစ် ပြီးတော့မှ အသက်များစွာဆုံးရှုံးပြီးတော့မှ ကိုယ့်အချင်းချင်း သတ်တာဖြတ်တာတွေ ဖြစ်ပြီးတော့မှ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းရတာမျိုးကို၊ ကျနော်တို့ မလိုလားဘူး။ အထူးသဖြင့် တပ်မတော်ကို နိုင်ငံရေးအကျပ်အတည်းမှာ တပါတီအာဏာရှင်စနစ်ရဲ့လက်ကိုင်ထုတ်အနေနဲ့ အသုံးချတာကို ကျနော်တို့ လုံးဝလက်သင့်မခံနိုင်ဘူး။ အဲဒီအတွက်ကြောင့် ပြုပြင်ပြောင်း လဲမှုတွေကို အမြန်ဆုံးနည်းလမ်း၊ အကောင်းဆုံးနည်းလမ်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းပေးပါ၊ တပ်မတော်သားအများစုကိုလည်း မဆလပါတီဝင်အဖြစ်ကနေ အမြန်ဆုံး ရုတ် သိမ်းပေးပါဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ကျနော် အတိအလင်း တောင်းဆိုပါတယ်ခင်ဗျ။ သတင်းစာရှင်းလင်းပွဲပြီးတဲ့ နောက်ပိုင်းမှာပဲ သိပ်မကြာပါဘူး၊ မဆလပါတီက အစည်း ဝေးလုပ်ပြီးတော့မှ ဦးအေးကို (မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယသမ္မတ ဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးအေးကို)ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး တပ်မတော်သားတွေကို မဆလပါတီဝင်အဖြစ်ကနေရပ်စဲကြောင်း ကြေညာချက် ထွက်လာတာ ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး တွေ့ကြုံရတဲ့အချိန်မှာ၊ ကျနော်တို့ အခု ပြန်မြင်ကြည့်တဲ့အခါကျတော့၊ တတိုင်းပြည်လုံး အုန်းအုန်းကျွက်ကျွက်နဲ့ ဗိုလ် ကြီးတို့လို ပြည်သူ့ရင်ခွင် ကူးပြောင်းလာတဲ့ အရာရှိတွေတင် မကဘူး၊ တပ်မတော်သားတွေလည်း ရှိတယ်။ နောက်တခါ ၀န်ထမ်းတွေ ပေါ့နော်၊ အပြောင်းအလဲတစ်ခုတော့ မကြာခင် ရောက်တော့မှာပဲလို့ ဖြစ်နေတဲ့အချိန်မှ၊ာ ဗိုလ်ကြီးက တပ်မတော်အရာရှိ အတွေ့အကြုံရှိ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အဲဒီအချိန်မှာ ဗိုလ်ကြီး ဘယ်လိုမြင်လဲခင်ဗျ၊ ဒီအရေးတော်ပုံကြီးက ဆန္ဒပြဆန့်ကျင် ကန့်ကွက်ပြီးတော့ ရင်ထဲက ဆန္ဒတွေ ထုတ်ဖော်ပြသရာကနေ၊ နောက်တစ်ဆင့်ဖြစ်တဲ့ အာဏာရှင်စနစ်ပြုတ်ကျရေးအထိကို အောင်မြင်သွားနိုင်တဲ့ အခြေနေရှိတယ်လို့ ဗိုလ်ကြီး အဲဒီအချိန်တုန်းက မြင်မိပါသလား၊ သို့မဟုတ် ဒီအတိုင်းကတော့ မအောင်မြင်နိုင်ဘူး၊ ဘာတွေလုပ်ဖို့ လိုသေးတယ် ဘယ်လိုဆက်သွားဖို့ သင့်တယ် စသည်ဖြင့် ဗိုလ်ကြီး မြင် ခဲ့တာတွေ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှိပါတယ် ခင်ဗျ၊ ကျနော်လည်း ကျနော့်လုံခြုံရေးအတွက်ပေါ့နော်၊ ကျောင်းသားတွေအကူအညီနဲ့ နေရာအနှံ့အပြားမှာ ကျနော်ရွှေ့ပြောင်းပြီးတော့ နေထိုင် ရတာတွေရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းမှု ဖြစ်လာပါတယ်ခင်ဗျ။ အာဏာသိမ်းမှုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူကမှ ကျနော်တို့ လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ အခြေ အနေ မရှိပါဘူး၊ အဲဒီလိုပဲ ကျောင်းသားတွေ အများစုကပဲ ကူညီလုပ်ဆောင်ပေးလို့ ပြည်သူလူထုတွေကြား၊ ရပ်ကွက်တွေကြားထဲမှာပဲ၊ နေထိုင်ပုန်းအောင်းပြီးတာ့ ဖြတ်သန်းရတဲ့ ကာ လတွေ ရှိပါ တယ်။ အဲဒီတုန်းက ကျနော်မြင်တာကတော့ အဲဒီ အာဏာမသိမ်းခင်ကာလ၊ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအထိလည်း လူထုရဲ့စိတ်ဓာတ်က တက်ကြွမှု တစုံတရာ ရှိပါ တယ် ခင်ဗျ။ ကျနော်တို့ “ ၁၉၈၈ လူထု အရေးတော်ပုံကြီး”ဟာ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီးပါ။ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီး ဖြစ်တဲ့အတွက်ကြောင့် လူထုအားလုံးက လည်း အပြောင်းအလဲကို လိုလားပါတယ် ခင်ဗျ။ ခေါင်းဆောင်တွေကလည်း အများကြီး ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ အဘဦးတင်ဦးတို့၊ အဘ ဦးနုတို့ ၊ ဦးအောင် ကြီး တို့ကအစ အကုန်လုံး ထွက်လာပါတယ်။ ထွက်လာတဲ့အခါ ကျနော်မြင်တာကတော့၊ အဲဒီအချိန်ကသာ ပြုပြင်ပြောင်းလဲရေးကို တိတိလင်းလင်း တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်တစ် ယောက်ကသာ ပြတ်ပြတ်သားသား လုပ်ခဲ့မယ်ဆိုရင် Do or Die ပေါ့နော်၊ စစ်စကားအရပြောမယ်ဆိုရင် “သေမလားရှင်မလား”ဆိုတဲ့ ပြဿနာမှာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး တော့မှ၊ အာဏာသိမ်းဖို့ အစီစဉ်တစ်ခုကို အောင်မြင်အောင်ကြံဆောင်နိုင်မယ့် ခေါင်းဆောင်တစ်ယောက်သော်လည်းကောင်း၊ တစ်ဖွဲ့သော်လည်းကောင်း ရှိမယ်ဆိုရင်၊ ကျနော်ထင် တယ်၊ ဗမာပြည်နိုင်ငံရေးအကြပ်အတည်းက အချိန်တိုတိုအတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဒီလောက်ထိ နှစ်နဲ့ချီပြီးတော့မှ ဖြစ်လာစရာ အနေအထား မျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” ကာလမှာ လူထုကိုဖြိုခွင်းဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ခြေမြန်တပ်မ(၂၂)၊ ခမရ (၂၀၈) က တပ်ခွဲမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးစိုင်းဝင်းကျော်ရဲ့ ရှစ်လေးလုံး အလွန်ကာလမှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးအကျဉ်းသားဘ၀အထိ ရောက်ရှိသွားခဲ့ရတဲ့ အကြောင်းတွေကို နောက်သီတင်းပတ် အောက်တိုဘာလ (၂) ရက်၊ တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။။
http://www.voanews.com/burmese/news/soldier-talk/09_26_10_soldiers_talk027-103788204.html

26 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/oyg7tj69yxt6kpg/26%20September%202010%20yeyintnge%27s%20Diary.doc

http://www.mediafire.com/file/a92vaggpn83358q/26%20September%202010%20yeyintnge%27s%20Diary.pdf

26 September 2010 Yeyintnge's Diary

ထူးမခြားနားပျို့ထဲမှအာစီယမ်နှင့်အမေရိကန်


The White House
Office of the Press Secretary
For Immediate Release                                                                       September 24, 2010

Joint Statement of the 2ND U.S.- ASEAN Leaders Meeting

New York, NY

1. We, the heads of State/Government of Brunei Darussalam, the Kingdom of Cambodia, the Republic of Indonesia, the Lao People’s Democratic Republic, Malaysia, the Union of Myanmar, the Republic of Philippines, the Republic of Singapore, the Kingdom of Thailand and the Socialist Republic of Viet Nam, the Member States of the Association of Southeast Asian Nations (ASEAN), and the United States (U.S.), held our Second ASEAN-U.S. Leaders’ Meeting on September 24 in New York.  The Meeting was co-chaired by H.E. Nguyen Minh Triet, President of Viet Nam, in his capacity as Chairman of ASEAN, and H. E. Barack Obama, President of the United States of America.  The Secretary-General of ASEAN was also in attendance.
17. ASEAN Leaders welcomed the continued U.S. engagement with the Government of Myanmar.  We expressed our hope that ASEAN and U.S. engagement encourages Myanmar to undertake political and economic reforms to facilitate national reconciliation.  We welcomed the ASEAN Chair’s Statement of 17 August 2010.  We reiterated our call from the November 2009 Leaders Joint Statement that the November 2010 general elections in Myanmar must be conducted in a free, fair, inclusive and transparent manner in order to be credible for the international community.  We emphasized the need for Myanmar to continue to work together with ASEAN and the United Nations in the process of national reconciliation.

U.S. ASEAN Joint Statement

မြန်မာလူငယ်ကွန်ရက်အဖွဲ့မှ ကြေညာသည့်ထုတ်ပြန်ချက်



001MYW

“ပြည်သူလူထုသို့ပန်ကြားလွှာ”


ပြည်သူလူထုသို့ပန်ကြားလွှာ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ (နယူးယောက်)

စက်တင်ဘာ ၂၅ ရက်နေ့နယူးယောက်မြို. ကုလသမဂ္ဂရုံး Dag Hammarskjold Plaza ရှေ့...






ဘားမားတူဒေးမှရယူဖေါ်ပြပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မကွေးတိုင်းစည်းရုံးရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံများ

ဘားမားတူဒေးမှရယူဖေါ်ပြပါသည်။

မှတ်မှတ်ရရ ပြောကြရမည့် အမှတ်တရအကြောင်း


ကျနော့်အနေနှင့် ကံဆိုးနေသလား ။ သို့မဟုတ် စစ်အစိုးရကများ ကံကေင်းလေသလား ။ မပြောတတ်။ ယင်းမှာ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တခါမျှမဖတ်ဖူး၍ ဖြေရှင်းရန် ဝေဖန်ရန် ဆွေးနွေးရန် အကြောင်းများ တိုင်ဆိုင်မူမရှိခဲ့ ။ ဝေဖန်ရန်လည်းစိတ်မကူး။ ကိုယ်နှင့်လည်းမပါတ်သက်ဟုထင်သည်။ ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ပေးရန် ကျနော်တို့ တောင်းဆိုခဲ့သည်မှာ ခုထက်ထိ။ ယင်းအနေအထားမှ တရွေးသားမျှမလျော့ ။ နဖစစ်အစိုးရကို ဖြုတ်ချရမှ ကျနော်ကကြေနပ်မည့်သူဖြစ်သည်။ မည်သူကဘဲဖြုတ်ချဖြုတ်ချ ။ လက်ခုပ်လက်ဝါးတီးကာ အားပေးပါသည်။ သည်လိုနှင့်အနှစ်၂၀ကျော်လာခဲ့ပြီ ။ ရှိပါစေတော့။ တနေ့ နေ့ တော့ ကျနော်ဆုတောင်းပြည့်လာပါလိမ့်မည်။ ယခုကျနော့်ဆုတောင်းပြည့်လာတော့မည်ထင်သည်။ အကြောင်းမှာ ၂၀၁၀ ရွေးကောက်ပွဲကို နအဖစစ်အစိုးရက ပြုလုပ်တော့မည်ဆိုပါပြီ ။ နိုဝင်ဘာလ ရ ရက်နေ့ တွင် ရွေးကောက်ပွဲပြုလုပ်ရန် အားလုံးပြင်ဆင်ပြီးပါပြီ။ နအဖစစ်အစိုးရကို မဖြုတ်ချကြလျှင်လည်း အရပ်သားအစိုးရဖွဲ့စည်းကြပါတော့မည်။ ဇမ္ဗူသီရိမြို့ တော်မှ လက်ရှိဝန်ကြီးချုပ်ဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းထားပြီးပြီ။ သူနှင့်ပြိုင်သူများမှာ သေသေချာချာ ရှုံးနိမ့်ရပါတော့မည်။ မဲဆန္ဒထည့်ပေးကြမည့်သူများမှာ နေပြည်တော်ဝန်ထမ်းများဖြစ်ကြရာ ဦးသိန်းစိန်မှ ကိုယ်စားလှယ်လောင်းရွေးချယ်ခံရာ၌ အောင်ပွဲခံရပါတော့မည်။ သူအရွေးချယ်ခံရ၍ ၀န်ကြီးချုပ်ရာထူးကို သူကိုယ်တိုင်ဆက်ခံရသွားပါလိမ့်မည်။ မည်သူမျှစောဒကတက်စရာမလိုတော့။ ဤရွေးကောက်ပွဲမှာ လုပ်ပွဲဟုတ်ကြောင်းသိသာနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်စားလှယ်များပြိုင်သည့်ပွဲမှာ ဇမ္ဗူသီရိမြို့ တော်၌ သူနှင့် ယှဉ်ပြိုင်သောကိုယ်စားလှယ်လောင်များရှိပါသည်။ တစညကိုယ်စားလှယ်လောင်းမှာ ယင်းမြို့ ၌ ၀င်ပြိုင်ခဲ့ပါသည်။ ထို့ ကြောင့်တရားသဖြင့် ဖြစ်ခဲ့ ပါသည်ဟု ဦးသိန်းစိန်က သေသေချာချာရှင်းပြနိုင်ပါလိမ့်မည်။ ကြားရသောသူအပေါင်းတို့ ကလည်း လက်ခံနားလည်ကြပါရလိမ့်မည်။ မှန်ပါသည်။ သူသည် ရွေးကောက်ပွဲကို ပြိုင်၍အနိုင်ရသော လွှတ်တော်ကိုယ်စားလှယ်တော်ကြီးဖြစ်ပါသည်။ လုပ်ပွဲဆိုသော်လည်း သူ့ ဘက်ကရှင်းတော့ မှန်ကန်နေပါပြီ။
ကျနော့်ဘက်ကမူ မရှင်းလှပါ။ မောင်ဖြူမောင်နီဆိုပြီး ပြိုင်ခဲ့ခြင်းမဟုတ်သောကြောင့် ဘ၀င်မကျဖြစ်နေပါသည်။ ပြီးတော့ ဦးသိန်းစိန်က ၀န်ကြီးချုပ်ရာထူးနှင့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သည်ဆိုတော့ မည်သူကမျှ အာဏာလွှဲပြောင်းပေးစရာ မလိုတော့ဘူးလား။ ဒင်းတို့ အစိုးရအဖွဲ့က ဘာမျှအသုံးမကျ၍ နောက်ထပ်အရပ်သားအစိုးရဖွဲ့ ရန် ရွေးကောက်ပွဲပြုလုပ်ကြခြင်းမဟုတ်ပေဘူးလား။ သည်လိုဆိုလျှင် နောက်ထပ်ဖွဲ့မည့်အရပ်သားအစိုးရအဖွဲ့ တွင် သူတို့ ကပါနေအုံးမည်လား။ စသည်ဖြင့် မဆီမဆိုင်ကျနော်တွေးနေမိပါသည်။ အမှန်ပင် ကျနော်နှင့်မပါတ်သက်။ နအဖစစ်အစိုးရ၏ ကလိန်စေ့ငြမ်းဆင် လိမ်လည်ထားသောဤရွေးကောက်ပွဲမှ ဖွဲ့စည်းလာမည့်အရပ်သားအစိုးရအကြောင်းကို မည်သို့ မျှ မဆွေးနွေးလို။
သို့ သော် တကယ်တမ်းလက်တွေ့ တွင်မူ ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရအဖွဲ့ ဖွဲ့ စည်းရန် ဥပဒေအားဖြင့် အခွင့်အာဏာမရှိခြင်းကို တချို့ ကဝေဖန်ထောက်ပြလာပါသည်။ သည်အခါကျနော်မနေနိုင်တော့ပါ။ မြန်မာနိုင်ငံတွင် အရပ်သားအစိုးရပြုလုပ်ဖွဲ့စည်းမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ ရလဒ်မဲ့ရွေးကောက်ပွဲဖြစ်နေသည်ဟု ပြောလာကြပါပြီ။ နအဖစစ်အုပ်စုမှာ ဗိုလ်နေမြဲ ကျားနေမြဲအတိုင်းဆက်လက်ရှိနေအုံးမည့်အနေအထားရှိနေတော့သည်ဟု ဆိုလာကြပါပြီ။
ထို့ကြောင့် သေသေချာချာ ဖတ်ကြည့်လိုက်ပါသည်။ အောက်ပါအတိုင်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေ့လာကြည့်ဖြစ်ပါသည်။ ယင်းမှာပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပခြင်း အပိုဒ်၌ဖေါ်ပြထားပါသည်။ ပုဒ်မ-၇၈ - မှာ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ပြည်သူ့ လွှတ်တော်၏ ပထမအစည်းအဝေးစတင်သည့်နေ့ မှ ၁၅ ရက်အတွင်း ကျင်းပရမည်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ပြည်ထောင်စုလွှတ်တော်နာယကမှ ခေါ်ယူကျင်းပရမည်ဟု ဖေါ်ပြထားသည်ကိုတွေ့ ရပါသည်။ ဤသည်မှာပထမအချက် ဖေါ်ပြထားသောဥပဒေပုဒ်မဖြစ်သည်။ ဤဥပဒေ၏ ရှင်းလင်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်နာယက မှ ခေါ်ယူကျင်းပမည်ဆိုတော့ ပြီးစီးသွားပြီဖြစ်ပါသည်။ သို့ သော် ပုဒ်မ ၁၂၄ ( က ) မှာ ထပ်ဆင့်ဖေါ်ပြထားပါသေးသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ်ပြည်သူ့ လွှတ်တော်ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ခေါ်ယူကျင်းရမည်ဟုလည်း ဖေါ်ပြထားပါသည်။ ပုဒ်မ ရ၈ မှ ပြည်ထောင်စုလွှတ်တော်နာယာကနှင့် ပုဒ်မ ၁၂၄ ( က ) မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့ မှာ တဦးတည်းလား ။ အဖွဲ့လိုက်လားဆိုသည်မှာ မရှင်းမလင်းဖြစ်နေသည်။ သို့ သော် ပထမအကြိမ်ပြည်သူ့ လွှတ်တော်အစည်းအဝေးကို ၁၅ ရက်အတွင်းခေါ်ယူကျင်းပရမည် ဆိုထားရာ တဦးတည်းဘဲခေါ်ခေါ် ပြသနာမရှိသေး။ သို့ သော်ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ်ပြည်သူ့ လွှတ်တော်ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်ဆိုတော့ ပြည်ထောင်စုလွှတ်တော်တွင် ၁၅ ရက်အတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပေးရန်သာ ဖြစ်နေပြီ ။
ပုဒ်မ ၄၄၁ တွင်မူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ထက်ဝက်ကျော်မဲအများဖြင့် အတည်ပြုပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တ၀ှမ်းလုံး၌ အာဏာတည်သည်ဟု ဖေါ်ပြထားသည်။ သို့ ဆိုလျှင် ၂၀၁၀ ရွေးကောက်ပွဲမှ အတည်ပြုပေးရွေးချယ်ပေးလိုက်ကြရသော လွှတ်တော်ကိုယ်စားလှယ်အပေါင်းတို့ မှာ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ၁၅ ရက်အတွင်း အတည်ပြုပေးရမည့် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ ဖြစ်ကြရတော့မည်။ သူတို့ ပြင်ဆင်ချင်သည်။ သူတို့ ပြင်ဆင်လိုသည်။ ဒီမိုကရေစီတံခါးဝသို့သွားလိုလှပါသည်။ အဆင့်တဆင့်ဆိုသောစကားတို့ မှာ ၁၅ ရက်အတွင်းသာသာ၌ ရေစုံမျောကြရပါပြီ။ ၁၅ ရက်အတွင်းရွေးကောက်ပွဲမှ ဖြစ်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဘ၀ကို ဒေါက်တာခင်ဇော်ဝင်း။ နေ၀င်းမောင် ဦးဟန်ညောင်ဝေ တို့သည်၎င်း ယခုအချိန်တွင် တခုခုတော့ဖြင့် ပုံဖေါ်ပေးသင့်ပါသည်။ စစ်အစိုးရက ကြားခံပွဲစားများကို အသုံးပြုနေသော်လည်း ယင်းပွဲစားများကြောင့် သူတို့၏ ၂၀၁၀ ရွေးကောက်ပွဲကြီး ဖြစ်ပေါ်သွားသည်ဟု စစ်အစိုးရမှ လက်ခံယုံကြည်လိမ့်မည်ဟုတော့ ကျနော်မထင်မိ။
နောက်ပြသနာအကြီးကျယ်ဆုံးတခုမှာ ဤပုဒ်မသုံးခုစလုံး၌ အာဏာလွှဲပြောင်းရေးဆိုသည်မှာ မတွေ့ ရခြင်းပင်။ ပြီးတော့ ပုဒ်မ ရ၈ နှင့် ပုဒ်မ ၁၂၄ မှာ ပထမအကြိမ်ပြည်သူ့ လွှတ်တော်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်နာယက ကခေါ်ယူကျင်းပမလိုလို နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီက ခေါ်ယူကျင်းပမလိုလို ရေးထားရာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲထားသူများမှာ ရှုပ်ထွေးစွာရေးသားနေကြသည်ကို တွေ့ ရသည်။ ယင်းကြောင့်လည်း ၁၅ ရက်အတွင်းကျင်းပပြီးနောက် အာဏာတည်ပြီဟု ညွှန်းဆိုဖွင့်ပြထားရာ ဆန္ဒတွေသိပ်ပြီး စောနေတာကိုမြင်နေရသည်။ စစ်အစိုးရ၏ဆန္ဒစောနေပုံကို ဥပဒေ ၃ ခုက သက်သေပြနေပါပြီ။ အထူးသဖြင့် နိုဝင်ဘာလ ရ ရက်နေ့ တွင် ရွေးကောက်ပွဲပြုလုပ်တော့မည်ဖြစ်ရာ ၄င်းတို့ မှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြရပါတော့မည်။ သို့ သော် ကံဆိုးစွာဖြင့် ၄င်းတို့ မှာ အာဏာလွှဲပြောင်းလက်ခံရမည့်သူများ မဟုတ်သေးချေ။ အဘယ့်ကြောင့်ဆိုသော် ၂၀၀၈ ခုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီက ခေါ်ယူကျင်းပသောပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပေးခြင်း သက်သက်သာဖြစ်သည်။ ဤအချက်ကို ဦးသုဝေတို့ က လေ့လာထားကြရန်အထူးလိုနေပါပြီ ။
သည်တော့နိုင်ငံတ်ာအေးချမ်းသာယာရေးကောင်စီသည် မည်သူ့ ကိုမျှ အာဏာလွှဲပြောင်းပေးလိမ့်မည် မဟုတ်ဆိုသည်မှာ ထင်ရှားနေပြီ။ တချိန်တည်းမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း ၁၅ ရက်အတွင်း အတည်ပြုကြရလိမ့်မည်ဖြစ်ရာ ယင်းလွှတ်တော်ကိုယ်စားလှယ်များမှာ ခေါင်းမညိမ့်ရလိုက်သော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သွားနိုင်ပါသည်။ သည်တော့စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှာ လုပ်ပွဲမှတပါးအခြားမဟုတ်ကြောင်း မြင်သိနိုင်ပါသည်။ အာဏာလွှဲပြောင်းပေးခြင်းမရှိသော ဤရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်သောသူများမှာ မျက်လုံးဒေါက်ထောက်ကြည့်ပြီး ဥပဒေကိုလေ့လာသင့်သည်။ သာမန်ကာရှန်ကာဖြင့် ရွေးကောက်ပွဲ၌ လူစွမ်းကောင်းမလုပ်သင့်ဟုထင်သည်။ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း ဤအချက်တွေကို ထောက်ပြသင့်သည်။ ယခုပွဲသည် အာဏာလွန်ဆွဲပွဲဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်၎င်း၊ ယခုရွေးကောက်ပွဲဝင်ရောက်သူများသည်၎င်း၊ အာဏာလွန်ဆွဲပွဲ၌ ပါဝင်ပတ်သက်နေသူများဖြစ်သည်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားလိုသူများဖြစ်သည်။ ထို့ ကြောင့် အာဏာလွှဲပြောင်းမရှိသော ဤဥပဒေအချက်အလက်ကို ရေရေလည်လည် ဆွေးနွေးရမည်လိုအပ်သည်။ မည်သူမျှ ၁၅ ရက်အတွင်း ဥပဒေတရပ်ကို အတည်ပြုရာ၌ လက်လျှိုမခံသင့်ချေ။
ရွေးကောက်ပွဲဝင်မည့်သူများမှာ နိုင်ငံရေးသမားများဖြစ်သည်ကိုတော့ လူတိုင်းလက်ခံကြပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဤပြသနာကို တိတိကျကျ ဆွေးနွေးရန်အထူးလိုအပ်နေသည်ဟု ထင်မိသည်။ အကြောင်းမှာ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများမှာ အာဏာလွှဲပြောင်းပေးမည်ဟု နအဖစစ်အစိုးရမှ ကံသေကံမပြောနေခြင်းမဟုတ်ခြင်းနှင့် အရပ်သားအစိုးရအဖွဲ့ တွင်း၌ မည်သူ့ ကိုမျှ လက်မခံကြောင်းကိုတော့ သိရှိထားရလိမ့်ဖြစ်သည်။ စောစောကပြောခဲ့ သလို အာဏာလွှဲပြောင်းမရှိလျှင် ပထမဦးစွာစဉ်းစားရမည်မှာ အစိုးရအဖွဲ့ တွင်း မိမိမပါဝင်နိုင်ခြင်း။ မပါဝင်နိုင်၍ အာဏာမရှိခြင်း။ အာဏာမရှိ၍ လုပ်ပိုင်ခွင့် ဘောင်မရှိခြင်း စသည်တို့ ဖြစ်လာတတ်ပါသည်။ သို့ အတူ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၌ အဆင့်တဆင့်ကိုလည်းမတက်လှမ်းနိုင်ခြင်းကို သိရှိသွားရပါလိမ့်မည်။
သည်တော့ မည်သည့်အရာများကို ဆောင်ရွက်ရန် နိုင်ငံရေးသမားတို့ စဉ်းစားကြပါမည်နည်း။ နအဖစစ်အစိုးရက သူတို့ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မျက်လှည့်ပြ လုပ်ထားပါပြီ။ ထို့ ကြောင့် ရွေးကောက်ပွဲကို ၀င်မည့်သူများက မဲထည့် ရန် ပြောဆိုနေကြပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကမူ မဲမထည့်ရန် ပြောဆိုတိုက်တွန်းနေပါသည်။ နိုဝင်ဘာလ ရ ရက်နေ့တွင် ပြီးစီးသွားသော ရွေးကောက်ပွဲသည် ပြည်ထောင်စု လွှတ်တော်ကို ခေါ်ယူပြီး ၁၅ ရက်အတွင်းတွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုသွားပါတော့မည်။ အစိုးရမဖွဲ့ ခင်မှာပင် နအဖက အတည်ပြုလိုက်ပါပြီ။ နိုင်ငံရေးမှာ နှပ်ပြစ်ခံရခြင်းတို့ ကို ပြောဆိုကြသည်မှာ ရာဇ၀င်သမိုင်းတွေ ဒုနှင့်ဒေးနှင့်ရှိကြပါသည်။ စင်စစ်အားဖြင့် ယခုအချိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အားကောင်းနေသောအချိန်ကာလဖြစ်သည်။ ကုလသမဂ္ဂညီလာခံတွင် မဖြေရှင်းနိုင်သေးသော နိုင်ငံရေးမုဆိုးကြီးဖြစ်နေပါသည်။ ကမ္ဘာ့နိုင်ငံရေးစာမျက်နှာတွင် နအဖသည် သားကောင်ဖြစ်နေသည်။ နိုင်ငံရေးမုဆိုးကြီး ဖြစ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မျှားပေါင်းများစွာရှိနေပါသည်။ လေးညို့ မှလွှတ်ရန်အတွက်သာ အားစိုက်ရန်လိုနေသည်။ အထူးသဖြင့် ယခုအချိန်အားစိုက်လိုက်ခြင်းသည် သားကောင်အပေါ်ချက်ကောင်းကို ထိထိမိမိ ထိချက်ကောင်းချိန်ဖြစ်သည်။ ကျနော်တို့ အနေဖြင့် နအဖ၏ ၂၀၁၀ ၏ ၂၀၀၈ ဥပဒေကို ချပြပြီး မှတ်မှတ်ရရ ပြောကြရတော့မည်ဖြစ်သည်။ သည်တော့ ကျနော်တို့ စစ်အစိုးရကို ဖြုတ်ချဖို့  အတွက် နိုင်ငံရေးမုဆိုးတွေ ဘာလုပ်ကြရမှာလဲ ဆိုသည်ကို စဉ်းစားကြရန်သာလိုပါတော့ပြီဟု ပြောချင်ပါသည်။ တိတိကျကျပြောရလျှင် နိုဝင်ဘာလ ရ ရက်မတိုင်ခင် အာဏာလွဲပြောင်းရယူရေးအတွက် အရပ်သားအစိုးရဖြစ်သော ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ရန် လူတိုင်းက တိုက်တွန်းနေကြပါပြီ။ ဤသည်မှာကျနော်ပြောချင်သော မှတ်မှတ်ရရ ပြောကြရမည့် အမှတ်တရအကြောင်းအရာတခု ဖြစ်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )