Monday, September 27, 2010

ဒီအချိန်ကစစေချင်ကြလား...


မြန်မာ့နိုင်ငံရေးဟာ၂၀၁၀ရွေးကောက်ပွဲမှာအမတ်ဝင်ပြိုင် ပြီးကြံဖွတ်ကိုအပြုတ်တိုက်ပြီးတဖြေးဖြေးပြောင်းလဲယူရ မယ်ဆိုတဲ့အကြံကိုနအဖကသပ်လျှိုပြီးချပြ ပေးထားတာ...သကြားမင်းဆင်းတားတောင်မမှီတော့ပါဖူး.. ကမ္ဘာကိုချပြဖို့ပြိုင်မဲ့လူလိုနေလို့...ရလဒ်ထွက်လာရင် ကြည့်လိုက်ပါ..ကျွန်တော်တို့တာတခုအချိုးခံလိုက်ရပြီ.. နောက်ထပ်တာအသစ်ဆောက်ရတော့မယ်.. ရေရှည်တာတခုပေါ့..
အန်အယ်ဒီကသူရောက်နေတဲ့နံပါတ်ကနေရှေ့ဆက်တယ်. .NDF လိုတစ်ကပြန်မစတော့တာအချိန်တွေအလဟာသမဖြစ်ချင်တော့လို့ပါ...
ဘာလို့လဲဆိုတော့၂၀၁၀ရွေးကောက်ပွဲဟာတကယ့်နိုင်ငံရေးသမားကြီးတွေရဲ့အမြင်မှာတနိုင်ငံလုံးရဲ့အမျိုးသားရေးနဲ့ယှဉ်ရင်ပါးပါးလေး
ဖြစ်လို့ပါ...ဆန့်ကျင်တယ်..မဲမထည့်ဖို့တိုက်တွန်းတယ်..လုပ်ငန်းစဉ်လေးတခုအနေနဲ့လုပ်နေတာပါ...မြန်မာနိုင်ငံမှာနအဖကိုတုန်ဆင်းသွားအောင်ထိန်းကိုင်ထားနိုင်တာဒေါ်အောင်ဆန်းစုကြည်..နအဖအကြောက်ဆုံးနိင်ငံရေးအဖွဲ့ဟာအန်အယ်ဒီပါပဲ...
တကယ်သူတို့လိုချင်တာ..စားပွဲခုံပေါ်မှာတွေ့ကြရအောင်...ဖြစ်ပါတယ်...ဒီအတိုင်းတော့ဘယ်ရမလဲ..နအဖပဲ...တွန်းအားလေးပါမှဦးသန်းရွှေကစားဝင်အိပ်ပျော်တာ...အဲဒီတွန်းအားကိုရှာရမှာကကျွန်တော်တို့တာဝန်..
နောက်တခု...
၁၈..၁၉..လူငယ်တွေနဲ့ဆွေးနွေးတဲ့အခါသူတို့ကနိုင်ငံရေးကိုအခုကနေစတယ်..အရင်ဟာတွေသိပ်ထဲ့မတွက်တော့ဖူး..၉၀ရလဒ်ကို ဖျောက်ဖျက်ပြီးနိုင်ငံရေးသမားတွေကိုဖိနှိပ်လို့ဘာမှလုပ်ခွင့်မရတာတွေကိုသိပ်ခံစားပေးတာမတွေရဖူး..အကုန်မဟုတ်ဖူး..အချို့တ၀က်ပေါ့..နအဖရဲ့ အမူအကျင့်တွေကိုအမှန်အတိုင်းနားလည်ခံစားတတ်ဖို့ကျွန်တော်တို့ရှင်းပြဖို့လိုလာပြီ...
ဘယ်လိုလည်းဆိုတော့..
၇၄အလုပ်သမားသပိတ်မှာရဲရင့်ငယ်အသက်က၄နှစ်..မှီတယ်..မသိဘူး..ခံစားမှုမရှိဖူး...၈၈မှာ၁၈နှစ်နိုင်ငံရေးကိုအဲဒီကစတယ်...
အခု၂၀၁၀...
၁၈နှစ်အရွယ်လူငယ်တွေကိုအရင်ဟာတွေမေ့ပြီးဒီအချိန်ကစစေချင်ကြလား...




27 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/dyx6zay2nzd8j52/27%20September%202010%20yeyintnge%27s%20Diary.doc

http://www.mediafire.com/file/gf2z7w0ef9aw06o/27%20September%202010%20yeyintnge%27s%20Diary.pdf


27 September 2010 Yeyintnge's Diary

ဦးဝင်းတင်ပြောစကား(စက်တင်ဘာ၂၇၊၂၀၁၀)



လာဘ်စားမှုအပေါင်း သရဖူဆောင်းတော့သည်

လာဘ်စားမှုအပေါင်း သရဖူဆောင်းတော့သည်

နေမင်းသူရ (တပ်မတော်အရာရှိဟောင်းတဦး)   /   ၂၇ စက်တင်ဘာ ၂၀၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထက်နားက ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေကို ဇွန်လ (၂၆) ရက်နေ့မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်တွေ တိုက်ရိုက်ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ ဗန်းမော်အခြေစိုက် စကခ (၂၁) ရဲ့ ရွှေလုပ်ကွက်တွေရှိတဲ့ ပိုင်နက်ဧရိယာအတွင်း လုပ်ငန်းရှင် ရွှေဖောင်သမား (၂၀) ကျော်လောက် (စကခ) ရန်ပုံငွေအတွက် ရွှေဖောင်တစင်း ငွေကျပ် (၁၀) သိန်းစီ ပေးဆောင်ပြီး လုပ်ငန်းပြီးဆုံးခဲ့ရင် ရှာဖွေရသမျှ ရွှေသုံးပုံတပုံကိုလည်း စကခ (ဗန်းမော်) ထံ ပေးရမယ်ဆိုတဲ့ သဘောတူချက်များနဲ့ လုပ်ကိုင်ခဲ့ကြတာပါ။ မိမိလက်အောက်တပ်တွေ အခုလို ရန်ပုံငွေရှာတာကို အထက်ဌာန (မပခ) တိုင်းမှူးက လုံးဝသဘောမတူပါဘူး။ တိုင်းမှူးကပေးတဲ့ တားဆီးမိန့်အတိုင်း လက်အောက် (စကခ) မှူးက မလိုက်နာခဲ့ကြလို့လည်း တိုင်းကတပ်တွေ လွှတ်ပြီး ဖမ်းဆီးခဲ့ရတဲ့အခြေထိ ဆိုက်သွားခဲ့ပါတယ်။ စစ်တပ်အချင်းချင်း အထက်နဲ့အောက် အဆင်မပြေ ဖမ်းဆီးကြမှုတွေရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် လိုင်းကြေးပေးပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များပါ ဘ၀ပျက်ကုန်ကြပါတယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ တပြည်လုံးရှိ နအဖတပ်မတော်အတွင်း ထိပ်သီးတွေကြား အချင်းချင်း အဝေမတည့် မပြေလည်မှုများစွာအထဲက ပြယုဂ်တခုမျှပါ။ လုပ်ကွက်နဲ့ ခွင်ကောင်းပြီး ကြားပေါက်ရလမ်းရှိတဲ့ နေရာတွေကို တာဝန်ယူထားတဲ့ ဒေသစစ်ဆင်ရေး/ကွပ်ကဲရေးဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ စစ်ဗျူဟာ/နည်းဗျူဟာခေါ် ဗျူဟာများနဲ့ တပ်မတွေက အောက်ခြေ ဗိုလ်မှူးကြီးအဆင့်မှသည် ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်များအဆင့်ထိ ရှိသူတွေဟာ အထက်ကို နားလည်မှုယူ ခွဲတမ်းပေး ပူဇော်ပသကြပြီးမှသာ ဒီလိုအကြံအဖန်ရှာခွင့် (သို့) လုပ်ပိုင်ခွင့်တွေရကြတာမို့ မဆန်းလှပါဘူး။ အထူးသဖြင့် ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများနဲ့ ဆက်စပ်နယ်မြေရှိ နယ်စပ်ဂိတ်ပေါက်များ၊ ယခင် ခုတ်လှဲခြင်းမပြုသေးတဲ့ အပျိုစင် သစ်တောများ၊ ရွှေ၊ သတ္တုသိုက်များ၊ ကျောက်မျက်မှော်များ … စတဲ့ သဘာဝသယံဇာတ ပေါများတဲ့ ဒေသတွေမှာ တာဝန်ကျသူ တပ်မ၊ စကခ၊ ဒကစ၊ ဗျူဟာမှူးတိုင်းဟာ နအဖခေတ် ငြိမ်းချမ်ရေးကာလတလျှောက် နှစ်ပေါင်း (၂၀) လုံးလုံး ၀င်ငွေတွေ ကောင်းခဲ့ကြပါတယ်။

အမိန့်ကို တသွေမတိမ်း လိုက်နာတတ်ဖို့အပြင် အထက်လူကြီးတွေကို မမေ့မလျော့ ကျေးဇူးသိတတ်ဖို့၊ နည်းလမ်းကျကျ ကန်တော့တတ်ဖို့ကလည်း နအဖတို့ခေတ်မှာ သိပ်ကိုအရေးကြီးတဲ့ ရာထူးတက်လမ်းတခုပါပဲ။ ကိုယ်လိုင်းဝင်တာမှန်ပါမှ လိုင်းလည်းဝင်တတ်ပါမှ အဆင်ပြေကြပါလိမ့်မယ်။ အသားလွတ်ကြီး သွားကန်တော့ရုံနဲ့ ဘယ်လိုမှ ကိစ္စမပြီးမြောက်တတ်ပါဘူး။ များသောအားဖြင့် ဒီကိစ္စတွေကို ဗိုလ်ချုပ်ကတော်များရဲ့ လိုင်း (မီးဖိုချောင် ကက်ဘိနက်) ကတဆင့် လုပ်လေ့ရှိကြပါတယ်။ ထူးထူးခြားခြားအဖြစ် မဆလ ဦးနေ၀င်းခေတ်မှာ တိုင်းမှူးကတော်တွေဟာ မီးဖိုချောင်ကနေ လာဘ်လာဘတွေ ၀င်လာမှာကို သိပ်ကြောက်ကြတယ်လို့ သိရပါတယ်။ အဲဒီခေတ်က ရာထူးမပြုတ်ချင်ရင် အိမ်မဆောက်နဲ့၊ မဖြစ်စလောက် တံစိုးလက်ဆောင်လေးတောင် မယူမိကြစေနဲ့လို့ တပ်ထဲမှာ ဆိုရိုးရှိခဲ့ကြပါတယ်။ လော်စစ်ဟန် လက်ဆောင်ပေးတဲ့ နာရီကို ယူမိလို့ ပြုတ်သွားတဲ့ ဗိုလ်မှူးကြီး၊  သက်သာဆိုင်က အိမ်ရိုက်သံတွေ ထုတ်ယူမိလို့ အဖြုတ်ခံလိုက်ရတဲ့ ဗိုလ်မှူးချုပ် … စတဲ့ ပုဂ္ဂိုလ်မျိုးတွေလည်း ရှိခဲ့ကြဖူးပါတယ်။ ဦးနေ၀င်းက ဖြုတ်ချင်တဲ့သူတွေကို ဖယ်ရှားဖို့ အကြောင်းပြလို့ရအောင် အဲဒီလို အသေးအဖွဲကိစ္စလေးတွေကို ထောက်လှမ်းရေးက အမြဲတမ်း လိုက်စုံစမ်းပြီး မှတ်တမ်းတင်ပေးတဲ့ အလုပ်ကို လုပ်ပေးခဲ့ရပါတယ်။

အထက်လူကြီးအပြင် သူ့နံဘေးရှိ ကိုယ်နဲ့အဆင့်တူ ဂျီဝမ်း (G 1) ခေါ် စစ်ဦးစီး ပထမတန်း၊ ဂျီတူး (G 2) ခေါ် စစ်ဦးစီး ဒုတိယတန်းအရာရှိ လုပ်သူတွေကိုလည်း ကြည့်ပေါင်းသင်းတတ်ဖို့လည်း လိုပါသေးတယ်။ ကိုယ့်အထက်အဆင့်က ဒကစ၊ စကခ၊ တပ်မမှူးတွေနဲ့ ခွင်မိပြီး အဆင်ပြေနေရင်တောင် သူတို့အနားကပ်နေတဲ့ ဂျီဝမ်း၊ ဂျီတူးတွေက မကြည်ရင် မကြည်သလို ပညာပြလို့ ချောက်တွန်းခံရလို့ အဆင်မပြေဖြစ်ရတာတွေလည်း အမျိုးမျိုးရှိပါသေးတယ်။ ကြုံခဲ့တာလေးတခု ပြောရရင် ၂၀၀၅ ခုနှစ်တုန်းက လက်အောက်ခံစစ်ဗျူဟာနဲ့ စစ်ဗျူဟာအခြေချတွေဆီကနေပြီး ကယားပြည်နယ်ရှိ ဒေသစစ်ဆင်ရေးနဲ့ ကွပ်ကဲမှုဌာနချုပ် (ဒကစ လွိုင်ကော်) မှူးက လှမ်းပြီး ခေါင်းပုံဖြတ်လေ့ ရှိပါတယ်။ (ဒကစ) ကို လိုင်းကြေးမသွင်းရင် သူ့နံဘေးက အရာရှိတွေဖြစ်တဲ့ ဂျီဝမ်း၊ ဂျီတူးတွေနဲ့ ဆက်ဆံမှု အဆင်မချောရင် အောက်က တက်လာတဲ့ တရားမ၀င် မှောင်ခိုကားတွေ၊ ခိုးတင်လာတဲ့ သစ်တွေနဲ့ မော်ချီးဘက်က တရားမ၀င် သယ်လာတဲ့ ခဲသတ္တုတွေကို လွိုင်ကော်က ဆီးပြီး ဖမ်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ အထက်နဲ့အောက်အကြား ဆက်ဆံရေး မပြေလည်သေးရင် ကုန်သည်တွေကို လမ်းမှာပဲ ပုန်းနေကြဖို့၊ တရားမ၀င် ခိုးသွင်းလာတဲ့ ပစ္စည်းတွေကို တောထဲ ခေတ္တဖွက်ထားဖို့ ဗျူဟာမှူးများက ကြိုတင်သတိပေး ရှောင်ခိုင်းလေ့ရှိပါတယ်။

ဒါတောင်မှ နယ်မြေလှုပ်ရှားတပ်တွေကို ဒီသတင်းချပေးပြီး ဖွက်ထားတဲ့ ပစ္စည်းတွေကို တောနင်းပြီး ရှာကြဖို့ လွိုင်ကော် ဒကစမှူးက ထပ်ကွန့် လုပ်ခိုင်းတတ်တာမျိုးလည်း ရှိပါသေးတယ်။ စီးပွားရေးကိစ္စများနဲ့ ပတ်သက်ပြီး  တပ်တွင်း အထက်နဲ့အောက် လူကြီးချင်း စည်းလုံးမှုပြိုကွဲနေတာမို့လည်း လက်အောက်တပ်ရင်းမှူးတွေကပါ ကလန်ကဆန် လိုက်လုပ်ကုန်တာကိုလည်း တွေ့ရပါသေးတယ်။ တက်လာသမျှ ၀စ်သောက်ခေါ် မှောင်ခိုသွင်းတဲ့ ကားတွေကို ဒကစ လွိုင်ကော်ကနေ ဆီးပြီး ဖမ်းနေချိန်မှာ နှစ်နိုင်ငံနယ်စပ်ကိစ္စ သွားတင်ပြဖို့အတွက် ၀စ်သောက်ကားသာမက လွိုင်ကော် (ဒကစ) ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ငြိမ်းအဖွဲ့ဝင် ဒရိုင်ဘာကိုခေါ် ကားမောင်းခိုင်းပြီး ဖားဆောင်း ခလရ (၁၃၅) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အောင်အောင်တိုးတယောက် ဒကစ လွိုင်ကော်ကို ဘုကန့်လန့်တိုက်ပြီး တက်သွားခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

ဒါကြောင့်မို့ ဒကစ လွိုင်ကော်လက်အောက်ခံ တပ်ရင်းမှူးများအနက် ဒု-ဗိုလ်မှူးကြီး အောင်အောင်တိုးတယောက်သာ သံမဏိသက်ရှည် တပ်ရင်းမှူးကြီးအဖြစ် (၁၀) နှစ်ကျော်မျှ ချောင်ထိုးထားခြင်း ခံခဲ့ရပါတော့တယ်။ ဘော်လခဲ ဗျူဟာမှူးနဲ့ လွိုင်ကော် ဒကစမှူးတို့အကြားက အဆင်မပြေမှုများကို တပ်တွင်းက ဆက်သွယ်ရေးစက်ကိုင်တဲ့ တပ်ရင်းမှူးတိုင်း၊ စက်သမားတိုင်း သိထားကြသလို ဖမ်းဆီးမယ့် သတင်းတွေကိုလည်း ဗျူဟာမှူးတွေထံ (ဒကစ လွိုင်ကော်) စက်သမားတွေကကြိုပြီး သတင်းပေးထားနှင့်တတ်ကြပါတယ်။ ကုန်သည်တွေက ဗျူဟာမှူး (အဘလေး) အတွက် တပုံး (တသိန်း) ဆိုရင် သတင်းပေးသူ စက်သမားများအတွက် တပြား (တသောင်း) နှုန်းလောက် ခွဲတမ်းပေးတတ်ကြရပါတယ်။

အခု မိုးမိတ် စကခမှူး ဖြစ်ရပုံကလည်း သူ့အထက်က တိုင်းမှူးရဲ့ လုပ်ပိုင်ခွင့် အကျိုးစီးပွားတွေနဲ့ သွားငြိနေလို့ ပေါ်ပေါက်လာတဲ့ ပြဿနာတခုပါ။ ကိုယ်လုပ်မယ့် လုပ်ငန်းခွင်ထဲမှာ အထက်လူကြီးများနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ဆွေတော်မျိုးတော်တွေ၊ မကင်းရာမကင်းကြောင်း စီးပွားရေးကုမ္ပဏီတွေ၊ လုပ်ငန်းချင်းတူတွေ လာပြီး လိုင်းဝင်ပူးနေတာမရှိ၊ ခွင်မညှိ၊ ရှင်းသန့်နေပါမှ အလုပ်ဖြစ် အဆင်ချောတတ်ပါတယ်။

ယခင် ဗိုလ်ချုပ်ခင်ညွန့်တို့လို ထောက်လှမ်းရေးများ ခေတ်ကောင်းစဉ်တုန်းက နအဖထိပ်သီး ဗိုလ်ချုပ်ကတော်နဲ့ သားသမီးများရဲ့ အကျိုးစီးပွားလုပ်ငန်းတွေကို သူတို့က ကြားဝင် အကျိုးဆောင်ပေးတတ်တာမို့ လိုင်းပူးပြီး ပြဿနာတက်တာမျိုးမရှိခဲ့ပါဘူး။ နအဖထိပ်သီး ဗိုလ်ချုပ်များအတွက်ရော ငြိမ်းအဖွဲ့များနဲ့ စီးပွားရေးသမားများသာမက လက်အောက် ဗျူဟာ၊ တပ်မမှူးတွေအပြင် နယ်ခံတပ်ရင်းမှူးတွေပါမကျန် အားလုံး အဆင်ပြေသွားအောင် ထောက်လှမ်းရေးတို့က ထိန်းညှိပြီး စီစဉ်ပေးတတ်ကြပါတယ်။

အခုရှိနေတဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) များကတော့ ဒီကိစ္စမျိုးတွေမဆိုထားနဲ့၊ တပ်ရင်းမှူးအဆင့်ရှိသူရဲ့ အနားကိုတောင် ကပ်နိုင်တဲ့ အခွင့်အာဏာမရှိကြပါဘူး။ ကြားဝင်ထိန်းညှိပေးမယ့်သူတွေ မရှိကြတော့လို့လည်း အခုလိုမျိုးပြဿနာတွေနဲ့ ထိပ်တိုက်လာတိုးပြီး တိုင်း၊ တပ်မ၊ ဒကစ၊ ဗျူဟာ၊ ဂျီဝမ်း၊ ဂျီတူးများအကြားမှာ ပြဿနာတွေ တသီကြီး တက်ကုန်ကြရတာပါ။ ပြီးခဲ့တဲ့ (၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ) တုန်းကလည်း ဗန်းမော်ခရိုင်အတွင်း သစ်ကွက်များကို နေပြည်တော်က တိုက်ရိုက် တပ်တွေလွှတ်ပြီး ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေလည်း သီးခြားရှိပြန်ပါသေးတယ်။

အောက်ခြေ ဒကစနဲ့ ဗျူဟာတွေကို ဒီလိုနှိပ်ကွပ်နေပေမယ့် တိုင်းမှူးတွေနဲ့ နီးစပ်သူ ၀န်ကြီး ဗိုလ်ချုပ်တွေကိုယ်တိုင် လက်အောက် ဒကစ၊ စကခ ၊ ဗျူဟာ၊ စစ်ဗျူဟာ အခြေချ၊ တပ်မအဆင့်တွေကို ကျော်ပြီး လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ကွက်တွေလည်း အများကြီးရှိပါသေးတယ်။ ချင်းတွင်းမြစ်ရိုးတလျှောက်က ရွှေဖောင်တွေကို ဦးတေဇပိုင် ထူးကုမ္မဏီက လက်ဝါးကြီးအုပ် လုပ်ကိုင်နေပြီး ရွှေရှာလိုတဲ့ စက်လှေတိုင်း အခွန်အဖြစ် ငွေနဲ့ တူးဖော်ရတဲ့ ရွှေ (၃) ကျပ်သားစီ အခွန်ပေးဆောင်ကြရပါတယ်။ အထက်ဗိုလ်ချုပ်ကြီးများ အားကိုးနဲ့ မူလကန်ထရိုက်ရထားသူ ဒေသခံ လုပ်ငန်းရှင်းတွေဆီကနေ ဦးတေဇရဲ့ ကုမ္ပဏီက အတင်းဝင်ပြီး အခွန်ကောက်စားတာပါ။ စစ်ကိုင်းတိုင်း မုံရွာဒေသ၊ ဆွဲလွဲ ရွှေမှော်တခုထဲမှာကို စက်လှေအစီးပေါင်း (၇၀၀) ကျော်ရှိတာမို့ ဦးတေဇရမယ့် အကျိုးအမြတ်ကို မှန်းဆလို့ ရနိုင်ပါတယ်။ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူတယောက်ဖြစ်ပြီး ဒီလုပ်ငန်းခွင်ရှိ သူ့ကုမ္ပဏီထဲမှာလည်း နအဖဗိုလ်ချုပ်တွေ အတော်များများ အစုရှယ်ယာဝင်ထားကြတယ်လို့ သိရပါတယ်။

မကွေးတိုင်း နှောပင်ရေနံမှော်ထဲက ကိစ္စကလည်း ဒီလိုအလားတူ ဖြစ်ရပ်မျိုးပါပဲ။ မကွေးတိုင်းမှူးရဲ့အစ်မ ပိုင်ဆိုင်တဲ့ ကောင်းဇော်ဟိန်း ရေနံကုမ္ပဏီက ဆန္ဒပြလုပ်သားတွေကို စစ်တပ်က ပစ်ခတ်ခဲ့ပြီး တခြားလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာမျိုးတွေကို လုပ်ခဲ့ကြပါတယ်။ ရွှေကြောအသစ်တွေ ထွက်ရှိနေတဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရွှေလုပ်ကွက်များအတွင်း ကုမ္ပဏီကြီး (၇) ခု ရှိတဲ့အနက် ဗိုလ်မှူးချုပ်ပြည့်စုံ မိသားစုပိုင် အေးမြပြည့်စုံကုမ္ပဏီ အပါအ၀င် သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်နဲ့ နီးစပ်သူ DKBA လို ငြိမ်းချမ်းရေးအဖွဲ့ပိုင် ကုမ္ပဏီတွေကပဲ လက်ဝါးကြီးအုပ်လုပ်ကိုင်နေကြောင်း သိရပါတယ်။

ဝန်ကြီးဌာနများ ခွင့်ပြုချက်အရ ရန်ကုန်၊ မန္တလေးတိုင်းမှူးတွေ ကိုယ်တိုင်ငြိမ်းအဖွဲ့တချို့နဲ့ ချိတ်ဆက်လုပ်နေကြတဲ့ တရားမ၀င် ကားမှောင်ခိုတင်သွင်းမှုတွေ အပါအ၀င် ကျောက်လုပ်ကွက်၊ သစ်လုပ်ကွက်၊ ရွှေမှော် စတဲ့ လုပ်ငန်းတွေကို အောက်ခြေဗျူဟာ၊ ဒကစ၊ စကခများအနေနဲ့ လာဘ်ယူဖို့ရာမပြောနဲ့ စစ်ဆေးခွင့်တောင် လုံးဝမရှိပါဘူး။ နောက်ဆုံး တိုင်းမှူးခွင့်ပြုပေးခံရတဲ့ စီးပွားရေးသမား ကုန်သည်တွေ ငြိုငြင်အောင်တောင် ဒကစမှူး ဗျူဟာမှူးတွေ မလုပ်ဝံ့ကြပါဘူး။ တိုင်းမှူးနဲ့ အဆင်ပြေတဲ့ စီးပွားရေးသမားဟာ ဗျူဟာမှူးထက် ပိုပြီး တန်ခိုးထွားလေ့ရှိတာ ဒီကနေ့ နအဖတို့ခေတ်ပါပဲ။

၂၀၁၀ ခုနှစ် ဇူလိုင်လပိုင်းအထိ ကယားပြည်နယ်က ကရင်နီအမျိုးသားများ သွေးစည်းညီညွတ်ရေးအဖွဲ့ (ကမစည) ခေါ် ကြယ်ဖြူအဖွဲ့နဲ့ မန္တလေးတိုင်းမှူးတို့က တလိုင်း၊ တောင်ပိုင်း ကရင်ပြည်နယ် ဒီကေဘီအေလမ်းမှ ရန်ကုန်သို့ တသွယ်၊ အရှေ့မြောက် မိုင်းလားလမ်းဘက်က မန္တလေးအထိ တဖုံ … စသည်ဖြင့် ၀စ်သောက်လို့ ခေါ်တဲ့ မှောင်ခိုကားတွေကို မြန်မာပြည်အတွင်း နေ့စဉ်နဲ့အမျှ မှောင်ခိုတင်သွင်းနေခဲ့ကြပါတယ်။ ဒါတွေအားလုံးကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးစက်မှုဇုန်များအတွက်လို့ ခေါင်းစဉ်တပ်ပြီး ၀န်ကြီးဌာနများရဲ့ ထောက်ခံစာ၊ သက်ဆိုင်ရာ တိုင်းမှူး အသီးသီးရဲ့ နားလည်ခွင့်ပြုချက်များအရ တပ်ရင်းနဲ့ ဗျူဟာတို့ရဲ့ စစ်ဆင်ရေးနယ်မြေဂိတ်တွေကို ဖြတ်သန်းသယ်ဆောင်ခွင့်တွေ ပေးထားပါတယ်။ အဲဒီလို လမ်းကြောင်းတွေကတဆင့် တိုင်းမှူးနဲ့ ၀န်ကြီးတွေ ပူးတွဲတင်သွင်းနေတဲ့ ကားတွေကိုပဲ ပြန်ပုံစံပြောင်းပြီး ပြည်တွင်းစက်မှုဇုန်ထုတ်ကားများအဖြစ် ထုတ်လုပ်နေကြတာပါ။

ဒီကနေ့ မြန်မာ့တပ်မတော်ထဲက လာဘ်စားနေတဲ့ ဗျူဟာမှူး၊ ဒကစမှူး၊ တိုင်းမှူးတွေအကြောင်း ပြောရရင် လက်ညှိုထိုးလွတ်မယ့်သူ တယောက်မှ ကျန်စရာမရှိပါဘူး။ တပ်ရင်းမှူးဘ၀ ဒု-ဗိုလ်မှူးကြီးအဆင့်ကနေ အထက်ကို တဆင့်တက်လှမ်းတက်နိုင်ဖို့အတွက် ဗျူဟာမှူး အဆင့်အတန်းဟာ နအဖတပ်မတော် ထိပ်သီးအတွင်းစည်းဝိုင်းထဲ ၀င်ရောက်ဖို့ရာ အာဏာတံခါးဝတခုပါ။ ဒီဂိတ်ကို ဖြတ်သန်းပြီးမှ နောက်ထပ်တဆင့် စကခ/ ဒကစမှူး/ တပ်မမှူး/ တိုင်းမှူးများအဖြစ် (ဗိုလ်ချုပ်အဆင့်ထိ) သူတို့ရောက်ရှိကြပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် သဘောကျပြီး သူခိုင်းရာလုပ်မယ့်သူတွေကိုသာ တပ်မမှူး/ တိုင်းမှူးများအဆင့်ကနေ ရှေ့ကို တဆင့်တက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များအဖြစ် တာဝန်ပေးအပ်ပါလိမ့်မယ်။ သာမန်စစ်ရေးစွမ်းရည်၊ စစ်မှုထမ်းသက်လောက်နဲ့ ရာထူးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်သူမှ နအဖထိပ်သီးများ အတွင်းစည်းကို လွယ်လွယ်လေးနဲ့ မရောက်လာနိုင်ပါဘူး။

အရာရှိငယ်အဆင့် တပ်စုမှူးဘ၀မှာကတည်းက အထက်ဖား အောက်ဖိ များများကျင့်သုံးပြနိုင်ပါမှ မြန်မြန်တဆင့်တိုး ရာထူးတက်ပြီး အသက်ရှည်နိုင်သလို ဗိုလ်မှူးများအထက် ဗျူဟာမှူးအဆင့်သည်လည်း အထက်ကပြောသမျှ သည်းခံ အဆဲအဆိုခံနိုင်တဲ့ ခန္တီပါရမီ၊ တိုင်း၊ တပ်မမှူးတွေ တောင်းသမျှ ပေးနိုင်ဖို့ အကြံအဖန်ကောင်းကောင်း၊ ခွင်ကောင်းကောင်းကို လိုက်ရှာ၊ အထက်နဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် လုပ်ကိုင်တတ်တဲ့ အရည်အချင်းများ၊ လက်အောက်ခံ တပ်ရင်းတွေကို ပိပြားနေအောင် ကွပ်ညပ်စီမံထားတတ်မှု၊ အထက်ကခိုင်းရင် ဘာမဆိုလုပ်ပေးနိုင်မယ့် နာခံမှု အစွမ်းအစလေးတွေ ရှိပါလေမှ ဗျူဟာမှူးဘ၀ကနေ ရာထူးဆက်ပြီး တိုးမြင့်ပါလိမ့်မယ်။ နောင်တနေ့ ဗိုလ်ချုပ်ဖြစ်လိုသူတိုင်းအတွက် ဗျူဟာမှူးဘ၀ကတည်းက လိုအပ်တဲ့ ပါရမီ အသွယ်သွယ် ဖြည့်ဆည်းတတ်မြောက်ထားဖို့ လိုအပ်ပါတယ်။

ကကကြည်းကနေပြီး အရေးကိစ္စပေါင်းစုံအတွက် အကြောင်းအမျိုးမျိုးပြ အခါမလပ် ငွေကောက်ခံတတ်တာမို့လည်း မိမိတို့ဗျူဟာအလိုက် အချိုးကျ ထည့်ဝင်ကြဖို့အရေး အကြံအဖန်တွေ လိုအပ်ကြောင်း၊ တချို့ဗျူဟာမှူးများက ဆင်ခြေပေးကြပါတယ်။ နေပြည်တော်က အလှူအတန်းကိစ္စများ၊ ကြက်ဆူ၊ ရော်ဘာစိုက်စီမံကိန်း၊ စစ်တိုင်းအလိုက် အားကစား၊ အခမ်းအနား၊ သာရေးနာမှု … စတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ လက်အောက် တိုင်း၊ တပ်မ၊ ဒကစ၊ စကခ၊ စဗခ၊ ဗျူဟာ၊ တပ်ရင်းအသီးသီးကို ခွဲတမ်းချပြီး အမြဲတမ်း ကောက်ခံလေ့ရှိပါတယ်။ လက်ရှိအဆင့်က ရှေ့ဆက်ရာထူး မတက်ဘဲ အရပ်ဘက် ရောက်မသွားခင်လေးမှာ အထက်တောင်းခံလို့ ထည့်ရမယ့်ငွေထက် ပိုပြီး အရင်းအနှီး ပိုမိုစုဆောင်းရှာဖွေနေကြတဲ့ ဗျူဟာမှူးများသာ နအဖတပ်ထဲမှာ အများစုပါ။

နအဖတပ်တွင်းမှာ ဗျူဟာမှူးအဆင့်ကနေ စစ်သက်ကြွေသွားရှာသူ အရာရှိအတော်များများ ရှိတတ်တာမို့ နောက်ဆုံးရိက္ခာယူကြတဲ့အနေနဲ့ ဗျူဟာမှူးတိုင်း လာဘ်စားနေတာ မဆန်းလှပါဘူး။ ဆယ်ဂဏန်းလောက်သာ လူရှိတဲ့ ကိုယ့်ရုံးအဖွဲ့ကလွဲပြီး ပြန်လှည့်၊ ငဲ့ကွက်စရာ မရှိတာကြောင့် ဗျူဟာမှူးနဲ့ အထက်အဆင့် အရာရှိတွေအဖို့တော့ ရသမျှ အကြံအဖန်ငွေ ဟူသမျှ ကိုယ့်အိတ်ကပ်ထဲချည်းပဲဝင် ဆိုသလိုမျိုးပါ။ ဒါတောင် ဗျူဟာမှူးအဆင့်ရှိသူများအတွက် နိုင်ငံတော်က တရားဝင် ချပေးထားတဲ့ မြေကွက်တွေ၊ ကား၊ တယ်လီဖုန်း၊ ဒီဇယ်၊ ဓာတ်ဆီ … စတဲ့ ခွဲတမ်းတွေ မပါသေးပါဘူး။ သာမန်တပ်ရင်းမှူးအဆင့်တွေ ရနေတဲ့ အခွင့်အရေးများထက်ကို အရေအတွက်နဲ့ အရည်အချင်းအရပါ များပြားတဲ့ ခံစားနိုင်ခွင့်တွေကို ဗျူဟာမှူးတိုင်းရကြပါတယ်။

ဒါတွေအပြင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေဆီမှာ အစုရှယ်ယာထည့်ပြီး ရတဲ့အမြတ်ငွေကို မိုက်ကြေးခွဲ  တောင်းယူတတ်ကြတဲ့ ဗျူဟာမှူးကတော်တို့ရဲ့ မောင်တထမ်း မယ်တရွက်ဆိုသလို သီးသန့် အကြံအဖန်လိုင်းတွေလည်း ထပ်ရှိပါသေးတယ်။ ကွန်ဟိန်း ဗျူဟာမှူးကတော်တယောက်က နှစ်လုံးထီနဲ့ ချဲဒိုင်မှာ အစုရှယ်ယာ ပါဝင်ထားသလို ဒကစ (လွိုင်ကော်) လက်အောက်က ဗျူဟာမှူးကတော်တွေလည်း မော်ချီးက ခဲမှောင်ခိုသယ်တဲ့ ကိစ္စတွေမှာ ၀င်ပတ်သက်နေကြပါတယ်။ ဆိုင်ကယ်မှောင်ခို၊ လူမှောင်ခို ကယ်ရီပို့တဲ့ လုပ်ငန်းတွေမှာ ရှမ်းမြောက်က ဗျူဟာမှူးကတော်တွေ ၀င်ရောက်လှုပ်ရှားလေ့ရှိတယ်လို့လည်း သိရပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း မိုးနဲ၊ လင်းခေးဘက်က ရှမ်းလူမျိုး အလုပ်ရှာဖွေသူတွေဟာ ဗျူဟာမှူးကတော်တယောက် အကူအညီနဲ့ ကယားပြည်နယ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ဘက်အထိ အသုတ်လိုက်တက် အလုပ်သွားလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် နယ်စပ်ဖြတ်ကျော် အလုပ်လာရှာသူ  ဆီဆိုင်ဘက်က ပအို့လူမျိုးအချို့ကတော့ နယ်စပ်ဂိတ်အဖွဲ့ပေါင်းစုံရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

စီးပွားရေးလမ်းလည်းမကျ၊ ဝေးလံခေါင်သီဒေသမှာ တာဝန်ကျသူ ဗျူဟာမှူးများအဖို့တော့ လက်အောက်တပ်ရင်းတွေကို လှည့်စစ်တဲ့အချိန်နဲ့ ရှေ့တန်းစခန်းတွေ နယ်လှည့်ထွက်တဲ့အခါမျိုးမှသာ အကြံအဖန်တွေ ရတတ်ပါတယ်။ ကိုယ့်အိတ်ကပ်ထဲက မစိုက်ဘဲ ဒေသခံစီးပွားရေးသမား အငယ်စားလေးတွေဆီကနေ အဘလေး (ဗျူဟာမှူး) ကန်တော့ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုက်ကြေးခွဲ ငွေကောက်ခံပြီး လာတဲ့ ဗျူဟာမှူးတိုင်း အဆင်ပြေအောင် လက်အောက်တပ်ရင်းမှူးတွေက လုပ်ပေးရပါတယ်။ ဒီကြားထဲ ပြုတ်ချင်ပြုတ် လာဘ်စားမယ်ဆိုတဲ့ ကမ်းကုန်အောင် လာဘ်စားတတ်သူ ဗျူဟာမှူးတချို့ကိုလည်း တွေ့ရပါသေးတယ်။ ဖယ်ခုံအခြေစိုက် စကခ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးတဦးဆိုရင် စစ်ဆင်ရေးတာဝန်အပြီး အပြန်မှာ မှောင်ခို ဟိုင်းလက်ကားတစီးကို အတင်းအဓမ္မ တောင်းယူသွားခဲ့တဲ့အထိကို လာဘ်စားရာမှာ နာမည်ပျက်ခဲ့ပါတယ်။

တကယ်တော့ နအဖတပ်မတော်အတွင်းက ရေပေါ်ဆီလူတန်းစားဟာ ဗိုလ်ချုပ်နဲ့အထက် အဆင့်ရှိသူတွေဖြစ်ပြီး  ကိုယ်ပိုင်အရင်းအနှီး သိန်းသန်းပေါင်းများစွာကို အကျိုးတူ ကုမ္ပဏီများစွာမှာ ရင်းနှီးပြီး စည်းစိမ်အိုးအိမ် ပိုင်ဆိုင်မှုပေါင်းများစွာနဲ့ သူတို့ဆယ်သက် စားမကုန်အောင် ချမ်းသာနေကြတယ်ဆိုရင် အောက်အဆင့် ဗျူဟာမှူးတွေရဲ့ချမ်းသာမှုဟာ အကြမ်းဖျင်းပမာဏ သိန်းထောင်တချို့အောက် လျောလိမ့်မယ်လို့ မထင်မိပါဘူး။ ဒါကြောင့်မို့ တပ်မတော်အတွင်းက ဗျူဟာမှူးဆိုတဲ့ ရာထူးဟာ ဗိုလ်ချုပ်မှူးကြီး အနားကို ရှေ့တဆင့်တိုးပြီး ရောက်ရှိဖို့ရာ နအဖကောင်စီရဲ့ အာဏာတံခါးဝအစ (သို့) လာဘ်စားမှုတို့ရဲ့ လှေခါးထစ်အဆင့်တခုသာ ဖြစ်ပါတယ်။

ဒီကနေ ရှေ့တထစ်ဆက်ပြီး ရာထူးတက်ချင်ရင် အဆင့်မြင့်မြင့် ကျွမ်းကျင်လိမ္မာပါးနပ်စွာ လာဘ်စားသွားတတ်ဖို့ အရေးကြီးပါတယ်။ အစားမတတ်ရင် မိုးမိတ် စကခမှူး၊ ဗျူဟာမှူးတွေလို ဒီဘ၀ဒီမျှနဲ့ နိဋ္ဌိတံသွားဖို့ လမ်းများသာ ပွင့်နေပါလိမ့်မယ်။ လက်ရှိအဆင့်ကနေ ဒု-တပ်မမှူး၊ တပ်မမှူး၊ ဒု-တိုင်းမှူး၊ တိုင်းမှူးတွေအဖြစ် ဆက်ပြီး ရာထူးတက်ချင်သေးရင် လက်ရှိ ဗျူဟာမှူးဘ၀ထဲမှာကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းညှိလာဘ်စားတတ်တဲ့ သင်ခန်းစာကို သူတို့ ကျေညက်အောင် လေ့ကျင့်ထားရပါလိမ့်မယ်။ ဒီလိုမဟုတ်ရင်ဖြင့် သက်တမ်းမစေ့ခင် ဗျူဟာမှူးဘ၀က ပြုတ်ပြီး ကံကောင်းထောက်မစွာဖြင့် အကပ်ကောင်း အဖားတော်ပါမှ အရပ်ဘက် ညွှန်မှူးများဘ၀ကို မြန်းရမယ့်ကိန်း မြင်ပါလိမ့်မယ်။

လာဘ်စားမှုတွေ တချက်တစက်ကလေးမှ မရှိကြဘူးဆိုရင် နအဖတပ်မတော် ထိပ်သီးများကိုယ်တိုင်ရော သူတို့ရတဲ့ လစာငွေလောက်နဲ့ တပ်မတော်အတွင်းထဲမှာ စံပြတပ်မှူးကြီးများအဖြစ် ဆက်တာဝန်ယူနေဦးမှာလားဆိုတာ မေးစရာကောင်းလှတဲ့ မေးခွန်းတခုပါပဲ။     ။
http://www.khitpyaing.org/index.php?route=detail&id=4853

အစတော့ရိုးရိုး - နောက်တော့တမျိုးတိုးလို့


မောင်ဖြူနှင့်မောင်မြမှာ သူငယ်ချင်းဖြစ်ကြသည်။ တက္ကသိုလ်ကျောင်းတက်ရာတွင်လည်း အတူတူ ။ နိုင်ငံရေးလုပ်ကြရတာတွင်လည်း အတူတူ။ ထောင်ကျရာတွင်လည်း အတူတူ။ မောင်မြကထောင်မှလွတ်လျှင် ကောင်းရောင်းကောင်းဝယ် စီးပွါးရေးလုပ်၏။ မောင်လှမှာ နိုင်ငံရေးလောကတွင် တ၀ဲလည်လည် ရှိနေ၏။ စစ်အစိုးရမှ ရွေးကောက်ပြုလုပ်သောအခါ မောင်လှမှာ ရွေးကောက်ပွဲကိုဝင်ရန် ငွေသွားချေး၏ မောင်မြကကြည်ကြည်ဖြူဖြူ ထုတ်ပေးလိုက်၏ မောင်လှပြိုင်၏ မောင်လှလွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြောင်းသိရ၏
လွှတ်တော်ခေါ်သောအခါ မောင်လှက မောင်မြကို နုတ်ဆက်လာ၏ နေပြည်တော်သို့ သွားမည်ဖြစ်ကြောင်း ပြုံးပြုံးရွှင်ရွှင် ပြောသွား၏
++++++++ ++++++++ ++++++++ +++++++++
၃ လလောက်ကြာသောအခါ မောင်လှ၏မိခင် ခေါ်၍ မောင်မြသွားရ၏ မောင်လှမှာ တော်တော်အရွယ်ကျသွားသည်ကို မြင်ရပြီ။ ပါးစပ်ကလည်း စကားတခွန်းကိုဘဲ ပြောနေ၏။
ထို့ ကြောင့် မောင်မြမှာ ဆရာဝန်ဆီသို့ ခေါ်လာခဲ့ရ၏ ပြင်ပဆေးရုံ ဖြစ်သောကြောင့် ငွေကုန်ကြေးကျ ပိုများ၏ မတတ်နိုင်။ မောင်မြမှာ သူချစ်သောသူငယ်ချင်းကို နှမျောနေမူကြောင့် ဆရာဝန်နှင့် တွေ့ ပေး၏
+++++++++ +++++++++ ++++++++++ +++++++++
ဆရာဝန် - -- ကိုမောင်မြရယ်-- ခင်ဗျားသူငယ်ချင်း ဘာဖြစ်တယ်ဆိုတာပြောပြပါအုံး- အနာသိရင် ဆေးရှိတာပေါ့ဗျာ--
မောင်မြ - -- ဟုတ်ကဲ့ပါဆရာ -- သူ့ ရောဂါကို ကျနော်လဲဘာမှ မပြေတတ်ပါဘူးဗျာ။ သူ့ အခြေအနေကိုသာ လေ့လာပေးပြီး ဘာရောဂါဖြစ်သွားသလဲ ဆိုတာ ကြည့်ပေးပါဆရာရယ်-
++++++++++ +++++++++++ +++++++++ ++++++++++
ဆရာဝန် --- -- ကိုမောင်လှ - ခင်ဗျား ဘာဖြစ်လာလဲ --
မောင်လှ-- -- အစကတော့ ရိုးရိုးပါဘဲ - နောက်တော့တမျိုးတိုးပြီးပေါ့ဗျာ--
ဆရာဝန် - -- ဘာဖြစ်လဲ ကိုမောင်လှ--
မောင်လှ - -- ဘာဖြစ်မှာလဲဗျ-- သန်းရွှေက သမ္မတလုပ်သွားတာဗျ- ဘယ်သူကမှ ဘာမှမပြောလိုက်ရဘူး--
ဆရာဝန် -- -- နောက်တော့ကော ဘာဖြစ်သွားလဲ--
မောင်လှ - - အစကတော့ရိုးရိုးပါဘဲ -- နောက်တော့တမျိုးတိုးပြီးပေါ့ဗျာ-
ဆရာဝန် - - ဘာဖြစ်လဲ ကိုမောင်လှ--
မောင်လှ - - သန်းရွှေက သမ္မတလုပ်သွားတာဗျ- ဘယ်သူကမှ ဘာမှမပြောလိုက်ရဘူး။
ဆရာဝန် - - မဟုတ်သေးဘူးလေ- နောက်ထပ်ဘာဖြစ်သွားသလဲဗျာ--
မောင်လှ -- အစတော့ရိုးရိုး နောက်တော့ တမျိုးတိုးပြီးပေါ့ဗျာ--
++++++ +++++++++ ++++++++ +++++++++ +++++++++++ ++++++++++
မောင်မြမှာမနေသာဘဲ ဆရာဝန်ကို ရှင်းပြလိုက်တော့၏ မောင်လှမှာ နေပြည်တော်မှ ပြန်လာကတည်းက ဤစကားတခွန်းကိုဘဲ ၃ လကျော်လောက်ပြောနေသောကြေင့် ယခုလိုလာပြခြင်းပြောပြတော့၏ ဆရာဝန်ကလည်း မောင်မြအား ရယ်ပြီး ပြောပြတော့၏
ဆရာဝန်-- ကျနော်က စိတ်ရောဂါဆရာဝန် အထူးကုတယောက်ပါ - ကိုမောင်လှရောဂါကတော့ တာရည်တာများ ကုရတော့မှာမို့  အမြန်ဆုံးဆေးရုံသာ တင်လိုက်ပါတော့ လို့ ပြောပြပါရစေ နော်--ဘာဖြစ်လို့ ဆိုရင် သူ့ ရောဂါက ဘ၀င်မြင့် ရောဂါဖြစ်နေလို့ ပါဗျာ --

ခိုင်အောင်ကျော် ( နယူးယောက် )

++++++++ ++++++++ +++++++++ +++++++++++

မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်းအတွက်မေးခွန်းများ....



မြန်မာလူငယ်ကွန်ရက်(MyanmarLungeNetwork)မှ....


မြန်မာ့ နိုင်ငံရေးအင်အားစုများသည်လမ်းကြောင်းအမျိုးအမျိုး၊ပုံစံအမျိုးမျိုးဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသည်ဖြစ်ရာ မင်္ဂလာမြန်မာမှဒေါက်တာဖုန်းဝင်းနှင့်တစ်သီးပုဂ္ဂလအမတ်များက စက်တင်ဘာ(၁၈)ရက်နေ့နေ့စွဲဖြင့် ဂျာမနီနိုင်ငံတွင်
ပြုလုပ်သောမြန်မာ့ရေးရာဆွေးနွေးပွဲသည်၊မြန်မာ့နိုင်ငံရေးအားများစွာထိခိုက်စေနိုင်ကြောင်း၊နိုင်ငံရေးအင်အားစုများအတွင်းစိတ်ဝမ်းကွဲမှုများဖြစ်ပွားနိုင်သည့်အပြင်၊စစ်အစိုးရကိုသက်ဆိုးရှည်ရန်အားပေးသကဲ့သို့ဖြစ်နေပါသဖြင့်ထိုသို့သောဆွေးနွေးပွဲနှင့်အဖွဲ့အစည်းများကို ရှုတ်ချလိုက်ပါကြောင်းကြေညာချက်အားထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်အားထုတ်ပြန်ခဲ့ပြီးစက်တင်ဘာ(၂၀)တွင်၎င်းတို့မှထုတ်ပြန်သောကြေညာချက်သည်အမျိုးသားနိုင်ငံရေးအင်အားစု(NDF)အားထိခိုက်စေလိုခြင်းမဟုတ်ကြောင်းဟုပြန်လည်ပြောကြားခဲ့သည်။ထိုကိစ္စအားစတင်မီးမွှေးခဲ့သူဒေါက်တာဖုန်းဝင်းသည်ဘာအတွက်ကြောင့်ဤသို့သောထုတ်ပြန်မှုများပြုလုပ်ခဲ့သည်ကိုမြန်မာ့နိုင်ငံရေးအားလေ့လာစောင့်ကြည့်သူတို့ကများစွာစိတ်ဝင်စားသည်ကိုတွေ့မြင်ရသည်။

ထို့ကြောင့် ကျွန်တော်တို့ မြန်မာလူငယ်ကွန်ရက်(MyanmarLungeNetwork)မှ၂၀၁၀ရွေးကောက်ပွဲဝင်မည့်နိုင်ငံရေးအင်အားစုများကြား
အထင်လွဲအမြင်မှားမှုမရှိစေရန်နှင့်မဲဆန္ဒရှင်ပြည်သူမှနိုင်ငံရေးအင်အားစုများအပေါ်အမြင်လွဲမှုများမရှိစေရန်ရည်ရွယ်၍ဒေါက်တာဖုန်း ၀င်းအတွက်ကောင်းကျိုးရည်မျှော်ကာမေးခွန်းများမေးလိုက်ရပါသည်။


ဧရာဝတီ မြစ်ဝကျွန်းပေါ်တဝိုက်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ကိုင်နေတဲ့ မင်္ဂလာမြန်မာ အင်ဂျီအိုက ဒေါက်တာဖုန်းဝင်းကို မင်္ဂလာပါလို့ဦးစွာ နှုတ်ခွန်းဆက်လိုပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေရာကနေဇနီးမောင်နှံ နှစ်ဦးလုံး နိုင်ငံရေးဘက်ကို ဦးလှည့်ပြီးရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အသံအပြင် လှုပ်ရှားမှုများကိုပါ တွေ့မြင်လာရလို့ဝမ်းသာရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ခေတ်နဲ့ လိုက်လျောညီထွေရှိတဲ့၊ခေတ်အမြင်ရှိတဲ့ ခေါင်းဆောင်များ လိုအပ်နေတယ်လို့ ကျွန်တော်တို့ လူငယ်တွေစကားစုပြောကြတိုင်း အမြဲပြောဖြစ်တဲ့ အားမရမှုများကို ခွန်အားရစေပါတယ်။အရင်ကပေါ့ခင်ဗျာ။

အခုလို မျှော်လင့်ချက် အားနည်းလှတဲ့နိုင်ငံအလှည့်အပြောင်းကာလမှာနိုင်ငံတကာနဲ့ရင်ဘောင်တန်းလို့ကမ္ဘာ့အရေး၊မြန်မာ့အရေးများကို
ချိတ်ဆက်တွေးခေါ်နိုင်မယ့် ပညာတတ်များ၊ ပညာရှိများကို များနိုင်သမျှများများ ပါဝင်စေချင်တာဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ ဆန္ဒပါ။

အဲသလို ဆန္ဒရှိတဲ့အလျှောက်လဲ နိုင်ငံရေးဖြစ်စဉ်များကိုစိတ်ဝင်တစားစောင့်ကြည့်ကြပါတယ်။ ပါဝင်ကြမယ့် လွှတ်တော်အမတ်မင်း
လောင်းများအကြောင်းကို ဆွေးနွေးဖြစ်ကြပါတယ်။ ကိုယ်လက်လှမ်းမှီသလောက်ကြားရတဲ့ သတင်းများ၊ အကြောင်းအရာများကို ဥာဏ်စွမ်းရှိသလောက်ချင့်ချိန်ကြတယ်။ ချိန်ထိုးကြည့်ကြတယ် ပေါ့ဗျာ။

ဒေါက်တာဖုန်းဝင်းတို့ ဇနီးမောင်နှံလို ပညာတတ်လင်မယား ဝင်ပါတယ်ကြားတော့ဝမ်းသာမိတယ်။ ဒါမျိုးဖြစ်ရမယ်ပေါ့ဗျာ။ ဝမ်းသာတဲ့အလျှောက်လဲ အကြောင်းကိုစုံစမ်းကြတယ်။ ဘယ်လိုအနေအထားရှိလဲ။ သဘောထားကစလို့ အတွေးအမြင်များကို
ဝေဖန်ဖြစ်ကြပါတယ်။

ရွေးကောက်ပွဲဝင်မယ် မကြားခင်ကတည်းက ဒေါက်တာဖုန်းဝင်းတို့အင်ဂျီအိုကထွက်တဲ့ စာတွေကို အီးမေးကတစ်ဆင့် ဖတ်ဖူးပါတယ်။ အဲဒီအချိန်ကစိတ်မဝင်စားခဲ့ဘူး။ အဖွဲ့အစည်းတစ်ခုမှာ အကောင်းအဆိုးဒွန်တွဲနေတတ်တဲ့သဘောကို လက်ခံထားပါတယ်။ ဝန်ထမ်းကလဲ ဝန်ထမ်းဘက်ကအမြင်ရှိသလို ခေါင်းဆောင်ဦးစီး ဘက်ကလဲ သူ့ဘက်ကသူ့အမြင်၊သူ့အခြေအနေရှိမှာပါ။ အဲလောက်ပဲ သဘောထားခဲ့တာပါ။

အဲ.. သို့ပေမယ့်လို့ကား.. အခုလို နိုင်ငံရေးဘက်ကို ခြေချတော့မယ်ကြားတော့ဒါဟာ ပြည်သူ့ကိုယ်စားလှယ် လုပ်မယ့် အရေး။ ကျွန်တော်တို့ကိုယ်စားလှယ်လုပ်မယ့်အရေးဖြစ်လာပါပြီ။ အဲတော့ အရင်က သဘောလောက်ပဲထားခဲ့တဲ့ ကိစ္စတွေကို ပြန်လေ့လာကြည့်ကြတယ်။ ဒေါက်တာဖုန်းဝင်းဆိုင်ရာပတ်သက်သမျှ အချက်အလက်အားလုံးကို ရှာဖွေကြတယ်။ မေးမြန်းကြတယ်။
စကားပြောဖြစ်ကြပါတယ်။ အဲအထိက စာရေးရလောက်အောင် စိတ်မရှိသေးပါဘူး။
သို့ပေမယ့် နောက်ပိုင်း တစ်သီးပုဂ္ဂလများရဲ့ လှုပ်ရှားမှုတွေအနေနဲ့ထွက်ပေါ်လာတဲ့ အကြောင်းအရာများနဲ့ ဆက်စပ်ပြီး သိလိုတာတွေ များလာတဲ့အတွက်ကျွန်တော်တို့ လူငယ်တစ်သိုက် စုပြီး အခုစာကို ရေးလိုက်တာပါ။

ကျွန်တော်တို့ သိလိုတဲ့ မေးခွန်းများကို ရေးထားတဲ့စာဖြစ်ပါတယ်ခင်ဗျာ။
မေးခွန်းခြောက်ခု ရှိပါတယ်။

၁။ ပထမဆုံးမေးခွန်းအနေနဲ့ အင်ဂျီအိုနဲ့ စပြီးကျွန်တော်တို့သိခဲ့ရလို့အင်ဂျီအိုနဲ့ပတ်သက်တဲ့ သိလိုတာကို အရင်မေးလိုပါတယ်ဗျာ။ အင်တာနက်ထဲမှာပျံ့နေတဲ့ နာမည်ပျက်တဲ့ကိစ္စ၊ အင်ဂျီအို လုပ်ငန်းမှာ နာမည်ပျက်တာထားပါဦးခင်ဗျာ။ သိရတာက ဝန်ထမ်းများ လခနည်းရတဲ့အကြောင်းကို သိချင်ပါတယ်။ဘာကြောင့် နည်းရတာပါလဲ။ ဘာကြောင့်မေးရတာလဲဆိုတော့ ဒီကိစ္စမှာ
ကျွန်တော်တို့သိရသလောက်ကတော့ အင်ဂျီအိုများဟာ များသောအားဖြင့်လခကောင်းလေ့ရှိပြီး ဒါရိုက်တာများရဲ့ အဆုံးအဖြတ်မှာသာ
လစာနှုန်းသတ်မှတ်တာဖြစ်တဲ့အတွက် ဘာကြောင့်သူများတွေ အင်ဂျီအိုထက်လစာနည်းနေရသလဲ ဆိုတဲ့ ကိစ္စကို သိချင်ပါတယ်ခင်ဗျာ။

၂။ နောက်တစ်ချက်က အိုင်အင်ဂျီအို တချို့ကပြောဖူးပါတယ်။ ရွာတွေမှာအိုင်အင်ဂျီအိုက လာစစ်ချိန်မှာ လမ်းမှာ သစ်ပင်စိုက်ပြပြီး
မင်းခမ်းမင်းနားနဲ့ကြိုတာတွေဟာ ဘာကြောင့်ပါလဲ။ အမှန်တကယ်လိုအပ်ပါသလား။လာစစ်ချိန်မှာ လမ်းမှာ သစ်ပင်စိုက်ပြတာတွေဟာ လိုအပ်လို့ လုပ်တာပါလား။

၃။ မြန်မာအင်ဂျီအိုတွေတစ်ခုနဲ့ တစ်ခုအကြား ရှိရင်းစွဲအခြင်းခြင်းဆက်ဆံရေးကွန်ယက်မှာ ပါဝင်ပူးပေါင်းဖို့ မကြိုးစားဘဲ
သီးခြားတစ်စင်ထောင်တဲ့ ကိစ္စက ဘယ်လိုဖြစ်တာပါလဲ။ အဲဒါမေးရတာဟာအကြောင်းရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အစိုးရပိုင်းနဲ့ နီးစပ်မှုကသံသယဖြစ်စရာတွေ အမြဲတမ်းရှိတဲ့အတွက်ကြောင့် ဘယ်လို ဆက်ဆံရေးမျိုးလဲဆိုတာကို သိလိုတာပါ။ ဘာကြောင့်လဲဆိုတော့ ဒေါက်တာ ဖုန်းဝင်းတို့အဖွဲ့ဟာအခြားလုပ်စကိုင်စရှိတဲ့ အင်ဂျီအိုတွေ ရပ်တန့်သွားအောင်
အာဏာပိုင်များရဲ့ဖိအားနဲ့ လုပ်ဆောင်နိုင်တဲ့ အနေအထားရှိတယ်လို့ကြားဖူးပါတယ်။ ဥပမာ ရခိုင်က စီမံကိန်းများကိစ္စမှာ မင်္ဂလာမြန်မာအဖွဲ့ကပဲလုပ်ပိုင်ခွင့် ရှိတယ်ဆိုတာမျိုးပါ။

အစိုးရနဲ့ ဒေါက်တာဖုန်းဝင်းတို့ ဆက်ဆံရေးဟာ မြင်သာထင်သာရှိရဲ့လား။အပေးအယူမရှိတဲ့ ဆက်ဆံရေးမျိုး ဆိုတာ သေချာပါရဲ့လား။

၎။ နိုင်ငံတကာအဖွဲ့စည်းတွေ သံရုံးတွေနဲ့ ဆက်ဆံရေးမှာ ကျွန်တော်ကြားသလောက်ဒေါက်တာဖုန်းဝင်းရဲ့ ယောက္ခမကြောင့်လား ဒေါက်တာဖုန်းဝင်းကိုယ်တိုင်ကြောင့်လားတော့ မသိပါဘူး။ ဒါပေမယ့် ထူးခြားတဲ့ဆက်ဆံရေးပုံစံရှိတယ်ဆိုတာ ဟုတ်ပါသလား။ ကျွန်တော်ဆိုလိုချင်တဲ့ထူးခြားတဲ့ဆက်ဆံရေးဆိုတာက ဒေါက်တာဖုန်းဝင်းတို့မိသားစုဟာအမေရိကန်နိုင်ငံရဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အမေရိကန်ကိုယ်ကျိုးစီးပွား ကိစ္စများကို အကောင်အထည်ဖော်ဖို့အစဉ်အစိုက်လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ ကြားသိရတဲ့သတင်းနဲ့ ဆက်စပ်ပြီးမေးခြင်းဖြစ်ပါတယ်။ တပ်မတော် ထောက်လှမ်းရေးရှိစဉ်က ဒေါက်တာ ဖုန်းဝင်းရဲ့ယောက္ခမ ဦးရဲထွန်းကို စီအိုင်အေရဲ့ ထိပ်သီးအေးဂျင့်တစ်ယောက်လို့ထုတ်ဖော်ပြောဆိုဖူးတာကို ကြားမိလို့ မေးမြန်းခြင်းဖြစ်ပါတယ်။ အဲဒါဟုတ်မဟုတ် သိလိုပါတယ်။

၅။ ဒေါက်တာဖုန်းဝင်း ဦးဆောင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ရှစ်ဦးနဲ့ဒီမိုကရက်ကရက်တစ်ပါတီမြန်မာ ပူးပေါင်းဆောင်ရွက်ချက်ကို ဖတ်ရပါတယ်။ဒီမိုကရက်တစ်ပါတီမြန်မာပြည်နဲ့ဆက်ဆံရေးမှာကျွန်တော်တို့ကြားရသလောက်ကနေဒါရောက်မြန်မာကျုံယွမ်ကျော်မြင့်ရဲ့ ထောက်ပံ့မှုနဲ့ ကြိုးစားခဲ့တာလို့ကြားရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးသုဝေတို့ ငြင်းဆိုချက်တွေကိုကြားဖူးပါတယ်။ ဦးသုဝေတို့ ငြင်းဆိုချက်က ဒေါက်တာဖုန်းဝင်းတို့မိသားစုကို ထောက်ပြနေသလိုဖြစ်နေတဲ့အတွက်ကြောင့်အခုလိုမေးမြန်းခြင်းဖြစ်ပါတယ်။

အဲဒီကနေလမ်းခွဲခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့အစီအစဉ်မရှိဘဲ ဇနီးမောင်နှံ နှစ်ယောက်စလုံး ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ခြင်းဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါလား။ ဒါမှမဟုတ် ရှေးကစွပ်စွဲချက်များအရ အမေရိကန်နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားကိုအကောင်အထည်ဖော်ဖို့ အမိန့်ပေး စေခိုင်းချက်အရ ဝင်ဖို့ ဆုံးဖြတ်တာပါလား။

ကျွန်တော်တို့ ဒီကိစ္စကို ဘာကြောင့်မေးတာလဲဆိုတော့ လမ်းခွဲခဲ့ပြီးတဲ့ဒီပီအမ်နဲ့ သဘောတူညီချက် လက်မှတ် ထိုးနိုင်တယ်ဆိုတာကြောင့်ပါ။ ကြားရတဲ့ကောလာဟာလအရကတော့ ဒီမိုကရက်တစ်ပါတီမြန်မာပြည်ဟာ ဒေါက်တာဖုန်းဝင်းရဲ့
နောက်ကွယ်မှာရှိတဲ့ ငွေကြေးထောက်ပံ့မှုကို လိုလားတာကြောင့်လို့ ဆိုပါတယ်။ပါတီရဲ့ ကိုယ်စားလှယ်လောင်း သုံးဦးကို
တသီးပုဂ္ဂလဖြစ်အောင်ဖဲ့ယူသွားတာတောင်မှ ကင်းကင်းရှင်းရှင်းမနေနိုင်ဘဲပူးတွဲသဘောတူညီချက် လက်မှတ်ထိုးရတာဟာ နောက်ကွယ်က အကြောင်းတရားတွေရှိလို့ပါလား ဆိုတာကို သိလိုပါတယ်။

၆။ နောက်ဆုံးမေးခွန်းကတော့ အင်တာနက်မှာ ပျံ့နှံနေတဲ့ ဂျာမဏီနိုင်ငံမှာပြုလုပ်တဲ့ဆွေးနွေးပွဲ အရေးကို မေးပါရစေ။ ဒေါက်တာခင်ဇော်ဝင်းနဲ့ကျွန်တော်တို့ လူငယ်တွေ ပတ်သက်မှုမရှိပါ။ သို့ပေမယ့်လို့ ကျွန်တော်တို့
လက်ခံထားတာက သူသည် အမှန်တကယ် သူ့ယုံကြည်ချက်ကြောင့်နိုင်ငံရေးအကျဉ်းသားအနေနဲ့ ထောင်ကျခံရတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။အဲလိုလူက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ကိုယ်စားပြု ပြောတာမဖြစ်နိုင်ဘူးလား။ ဘာများ သဘောမတူစရာရှိပါသလဲ။

အဲလိုပါပဲ ဒေါက်တာနေဝင်းမောင် အရေးပါ။ သူ့ကိုလဲ ကျွန်တော်တို့ထူးထူးခြားခြား ပြောစရာမရှိပါ။ သဘောထား ကွဲလွဲစရာတွေ
အများကြိးရှိပေမယ့်လည်း သူရေးသားတဲ့ သူစာများအရ ဒေါက်တာနေဝင်းမောင်သည်လည်း သူလုပ်နိုင်တာလုပ်နေတဲ့ လူတယောက်လို့ ကျွန်တော်တို့ မြင်ပါတယ်။ဒေါက်တာ ဖုန်းဝင်းအနေနဲ့ ဆိုးကျိုးဖြစ်စေနိုင်တယ်ဆိုတာ ဘာကိုများ
အခြေခံပြီးပြောတာပါလဲ။

ကျွန်တော်တို့ သိချင်တဲ့ မေးခွန်းတွေကတော့ အဲဒါတွေပါပဲခင်ဗျာ။ဒေါက်တာဖုန်းဝင်းသာ အင်ဂျီအိုမှာ ကိုယ့်အလုပ်ကိုယ်လုပ်နေရင်
ကျွန်တော်တို့ မေးစရာအကြောင်းမရှိပါဘူး။ အခုလို မေးခွန်းများမေးတာဟာပြည်သူ့ ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာမယ့်အတွက် မေးရခြင်းဖြစ်ပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်ကို မြတ်နိုးတဲ့ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ရပ်တည်မယ်ဆိုရင် တနေရာရာမှာ
ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ။ ဒါမှ မဟုတ် ကျွန်တော်တို့ဆီကို အီးမေးများပို့ချင်တယ် ဆိုရင်လဲ myanmarlungenetwork@gmail.com ကိုပို့ပေးစေလိုပါတယ်။

ကျွန်တော်တို့ လူငယ်တွေအနေနဲ့ အထက်ပါမေးခွန်းများကိုရှင်းရှင်းလင်းလင်းသိရမယ်ဆိုရင် သံသယများ ကင်းသွားမှာ ဖြစ်ပြီး
ဒေါက်တာဖုန်းဝင်းကိုယ်၌လည်း လူငယ်များရဲ့ ထောက်ခံမှုကို ရရှိမှာဖြစ်တယ်ဆိုတာကို လူငယ်များအားလုံးကိုယ်စား ကျွန်တော်တို့ လူငယ်အဖွဲ့ကအာမခံကြောင်း ပြောလိုက်ရပါတယ်။ ။

၂၂နှစ်ပြည့်တဲ့အင်န်အယ်ဒီမွေးနေ့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ၂၂ နှစ် ပြည့် - ဒုဥက္ကဋ္ဌ ဦးတင်ဦး အိမ်တွင် ကျင်းပ
ဘားမားပါပါရာဇီ
စက်တင်ဘာ ၂၇၊ ၂၀၁၀
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စက်တင်ဘာ ၂၇၊ ၁၉၈၈ တွင် စတင်တည်ထောင်မွေးဖွားခဲ့ရာ ယနေ့တွင် ၂၂  နှစ် တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။  ၂၂ နှစ်ပြည့် အခမ်းအနားကို ဒုဥက္ကဌ ဦးတင်ဦးနေအိမ်တွင် ပါတီဝင် အင်အား ၃၀၀ ကျော် ဖြင့် ကျင်းပခဲ့သည်။


          အခမ်းအနားတွင် နိုင်ငံတော်ကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံအာဇာနည်များကို အလေးပြုခြင်း၊ ဒီမိုကရေစီရေး တိုက်ပွဲတွင် ကျဆုံးသူ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား တမိနစ်တိတိ ငြိမ်သက်စွာ အလေးပြုခြင်းများ ပြုခဲ့ကြသည်။
 
 

           ၎င်းနောက် အင်န်အယ်ဒီပါတီခေါင်းဆောင် ၂ ဦး ဖြစ်သော ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က ဂုဏ်ပြုအမှတ်တရ စကားများ ပြောကြားသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သော ကဗျာဆရာ ဖျာပုံနီလုံဦးနှင့် မုံရွာအောင်ရှင်တို့က ဦးဝင်းတင်ရေးသားသော ကဗျာနှင့်အတူ အခြား အဖွဲ့ချုပ်မွေးနေ့ ဂုဏ်ပြုကဗျာများကို ဖတ်ကြသည်။
 
           ဦးတင်ဦး၏ မိန့်ခွန်းကောက်နုတ်ချက်တခုမှာ -
          “ခုလက်ရှိမှာ မတရားမှုတွေ ဖြစ်နေတယ်။ မတရားတာကို လုံးဝလက်မခံဘူး”
          ဦးဝင်းတင်၏ မိန့်ခွန်းကော်နုတ်ချက် မှာ -
          မတရားသဖြင့် နှိပ်စက် ညှင်းပန်းမှုတွေကို ကုန်းမခံဘူး။ ရုန်းကန်မယ် …”
          ဟူ၍ ဖြစ်ကြသည်။



           ၁၉၈၈ စက်တင်ဘာလ တွင် ထူထောင်သော အင်န်အယ်ဒီပါတီသည် စစ်အစိုးရကျင်းပပေးသော ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၄၀၀ နီးပါးဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ ၎င်းနောက်တွင် စစ်အစိုးရက အာဏာကို လွှဲပေးခြင်း မပြုဘဲ၊ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ အမြောက်အများ ဖမ်းဆီး ထောင်ချခြင်း ခံရသည်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်း ၁၄ နှစ် ကျော် ထိန်းသိမ်းခြင်း ခံထားရသည်။ အနှစ် ၂၀ ကျော်မှာ ဒုတိယအကြမ် ကျင်းပပေးဦးမည် ဟု စစ်အစိုးရ စီစဉ်သော ၂၀၁၀ ရွေးကောက်ပွဲ ကို အင်န်အယ်ဒီပါတီက သပိတ်မှောက် ထားသည်။ ယခု စက်တင်ဘာလတွင် စစ်အစိုးရက အင်န်အယ်ဒီပါတီ ပျက်ပြယ်ကြောင်း ကြေညာလိုက်သည်။

 





http://moemaka.com/index.php?option=com_content&task=view&id=7268&Itemid=1

NLD Birth Day

Waihnin Pwint Thon Speaks for Burma( Sep27 2010)

I am Buddhist

“အကုန်ထ အုံကြွ”




တောင်ကိုရီးယားမှ ထုတ်လုပ်ဖြန့် ချီမည့် “အကုန်ထ အုံကြွ” တေးသီချင်းစီဒီ



ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာများ အတူတကွ ပူးပေါင်းပြီး စီစဉ်တင်ဆက်ထားသည့် အကုန်ထအုံကြွ ဟု

အမည်ပေးထားတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၂) တေးသီချင်းစီဒီ ကို နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လာမည့် အောက်တိုဘာလ (၃)ရက် တနင်္ဂနွေနေ့တွင် စတင် ထုတ်ဝေဖြန့်ချီမည်ဟု စီစဉ်ထားကြောင်းသိရပါတယ် ။

ထိုတေးသီချင်းစီဒီထဲတွင် တချိန်ကနာမည်ကြီး လူကြိုက်များပြီး အများပါးစပ်ဖျားဝယ် ရေပန်းစားခဲ့သည် မြန်မာ့

ခေတ်ဟောင်းတေးသီချင်းများဖြစ်သည့် သုံးပန်လှ ၊ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊

ရောင်ပေစူး၊ ရန်ကုန်သူ၊ အစရှိသည့် တေးသီချင်း(၈)ပုဒ်ရဲ့ တေးသွားသံစဉ်နှင့်အလိုက်ကိုယူပြီး အထူးသဖြင့် နအဖ စစ်အုပ်စုရဲ့ ကလိမ်စေ့ငြမ်းဆင် လိမ်ညာလှည့်စားထားပြီး မကြာခင်လပိုင်းအတွင်းကျင်းပပြုလုပ်ရန် ပြင်ဆင်ထားသည့်

၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချထားကာ လှောင်ပြောင် သရော်ထားသည့် စာသားများဖြင့်ထည့်သွင်းကာ ပြန်လည်သီကုံး ထားပြီး တင်ပြသီဆိုထားခြင်းဖြစ်ပါတယ်

သီချင်းစာသားများကို ရဲနိုင်ဝင်း(ရွှေကျွန်း)မှ တကိုယ်တော်ပင်တိုင် ရေးသားသီကုံးထားပြီး ၊တေးသီချင်းများကို

အာကြယ်၊ ၀င်းလှိုင်(နန်းတော်ရှေ့)နှင့် အာဗြဲ တို့က အထူးခံစား သီဆိုသရော်ထားကြပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ Sound 21 စတူဒီယိုတွင် ခေတ်မီအသံဖမ်းစက်ကရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် အသံသွင်း

ဖမ်းယူထားကြောင်းသိရပါတယ်။

တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွန်း)နှင့် အဆိုရှင်များဖြစ်ကြသည့် အာကြယ် နှင့် အာဗြဲ တို့အတွဲဟာ လွန်ခဲ့သည် ၂၀၀၇ ခုနှစ်ကလည်း ခြစားယို့ယွင်း မြန်မာ့ရှု့ခင်း လို့အမည်ရှိတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၁)ကို စတင်ထုတ်ဝေဖြန့်ချီခဲ့ပြီး နအဖစစ်အုပ်စုကိုအကွက်ကျကျအချက်ကျကျဖြင့် လှောင်ပြောင်သရော်ထားသည့် သူတို့ရဲ့

တေးသီချင်းများသည် ကမ္ဘာအနှံအပြားရှိ မြန်မာနိုင်ငံသားများအတွင်းမှာ အောင်မြင်ကျော်ကြားရေပန်းစားခဲ့သည့် တေးသီချင်းများအဖြစ် မှတ်တမ်းတင်ထားနိုင်သူများဖြစ်ခဲ့ပါတယ်၊

ယခုတကြိမ် အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစု(၂)အား စီဒီတစ်ချပ်လျှင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ကိုရီးယားဝမ်(၅၀၀၀)နှုန်းဖြင့် ဖြန်ချီရောင်းချပေးမှာဖြစ်ပြီး ကမ္ဘာအနှံအပြားမှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ အလိုရှိလျင် စီဒီတချပ်လျင် အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါ

တယ်၊ပေးပို့ရမည့် နိုင်ငံအလိုက် စာတိုက်ပို့ခကြေးကို ထည့်ပေါင်းပေးဆောင်ရမည်မှာဖြစ်ပါတယ်၊ရရှိလာမည့် အကျိုး

အမြတ်အားလုံးကို မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများအကျိုးကိုဆောင်ရွက်နေသည့် လူမှုရေး အဖွဲ့အစည်းများအား

ပေးပို့ လှုဒါန်း ကူညီသွားမှာဖြစ်သည့်အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် ၀ယ်ယူအားပေးခြင်းဖြင့် အတူတကွ ကုသိုလ်ပါဝင်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်

တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတွေစီစဉ်တာဆိုရင် သူများတွေနဲ့မတူ တမူ ထူးခြားတတ်တာမို့ ကမ္ဘာအနှံအပြားက မြန်မာတို့အနေနဲ့ ယခု အကုန်ထ အုံကြွ လို့အမည်ပေးထားသည့် တေးသီချင်းစီဒီကို အမြဲတမ်း

နားဆင်ဖို့ နှင့် အမှတ်တရ သိမ်းဆည်းထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုရန်နိုင်ထွန်း(ဖုံးနံပါတ်+၈၂+၁၀-၈၇၂၃-၄၇၇၃)ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး အီးမေလ်းအနေနဲ့ဆိုရင် yannainghtunkorea@gmail.com ကို စာရေးမှာကြားနိုင်သလို အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ အနေဖြင့် တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွှန်း) (ဖုံးနံပါတ်+၈၂+၁၀-၄၇၉၉-၄၃၂၂)နှင့် တေးသံရှင် ၀င်းလှိုင်(နန်းတော်ရှေ့) (ဖုံးနံပါတ်+၈၂+၁၀-၅၁၈၀-၂၂၀၈) တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

သီချင်းစာသားများကို ရဲနိုင်ဝင်း(ရွှေကျွန်း)မှ တကိုယ်တော်ပင်တိုင် ရေးသားသီကုံးထားပြီး ၊တေးသီချင်းများကို

အာကြယ်၊ ၀င်းလှိုင်(နန်းတော်ရှေ့)နှင့် အာဗြဲ တို့က အထူးခံစား သီဆိုသရော်ထားကြပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ Sound 21 စတူဒီယိုတွင် ခေတ်မီအသံဖမ်းစက်ကရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် အသံသွင်း

ဖမ်းယူထားကြောင်းသိရပါတယ်။

တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွန်း)နှင့် အဆိုရှင်များဖြစ်ကြသည့် အာကြယ် နှင့် အာဗြဲ တို့အတွဲဟာ လွန်ခဲ့သည် ၂၀၀၇ ခုနှစ်ကလည်း ခြစားယို့ယွင်း မြန်မာ့ရှု့ခင်း လို့အမည်ရှိတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၁)ကို စတင်ထုတ်ဝေဖြန့်ချီခဲ့ပြီး နအဖစစ်အုပ်စုကိုအကွက်ကျကျအချက်ကျကျဖြင့် လှောင်ပြောင်သရော်ထားသည့် သူတို့ရဲ့

တေးသီချင်းများသည် ကမ္ဘာအနှံအပြားရှိ မြန်မာနိုင်ငံသားများအတွင်းမှာ အောင်မြင်ကျော်ကြားရေပန်းစားခဲ့သည့် တေးသီချင်းများအဖြစ် မှတ်တမ်းတင်ထားနိုင်သူများဖြစ်ခဲ့ပါတယ်၊

ယခုတကြိမ် အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစု(၂)အား စီဒီတစ်ချပ်လျှင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ကိုရီးယားဝမ်(၅၀၀၀)နှုန်းဖြင့် ဖြန်ချီရောင်းချပေးမှာဖြစ်ပြီး ကမ္ဘာအနှံအပြားမှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ အလိုရှိလျင် စီဒီတချပ်လျင် အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါ

တယ်၊ပေးပို့ရမည့် နိုင်ငံအလိုက် စာတိုက်ပို့ခကြေးကို ထည့်ပေါင်းပေးဆောင်ရမည်မှာဖြစ်ပါတယ်၊ရရှိလာမည့် အကျိုး

အမြတ်အားလုံးကို မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများအကျိုးကိုဆောင်ရွက်နေသည့် လူမှုရေး အဖွဲ့အစည်းများအား

ပေးပို့ လှုဒါန်း ကူညီသွားမှာဖြစ်သည့်အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် ၀ယ်ယူအားပေးခြင်းဖြင့် အတူတကွ ကုသိုလ်ပါဝင်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်

တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတွေစီစဉ်တာဆိုရင် သူများတွေနဲ့မတူ တမူ ထူးခြားတတ်တာမို့ ကမ္ဘာအနှံအပြားက မြန်မာတို့အနေနဲ့ ယခု အကုန်ထ အုံကြွ လို့အမည်ပေးထားသည့် တေးသီချင်းစီဒီကို အမြဲတမ်း

နားဆင်ဖို့ နှင့် အမှတ်တရ သိမ်းဆည်းထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုရန်နိုင်ထွန်း(ဖုံးနံပါတ်+၈၂+၁၀-၈၇၂၃-၄၇၇၃)ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး အီးမေလ်းအနေနဲ့ဆိုရင် yannainghtunkorea@gmail.com ကို စာရေးမှာကြားနိုင်သလို အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ အနေဖြင့် တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွှန်း) (ဖုံးနံပါတ်+၈၂+၁၀-၄၇၉၉-၄၃၂၂)နှင့် တေးသံရှင် ၀င်းလှိုင်(နန်းတော်ရှေ့) (ဖုံးနံပါတ်+၈၂+၁၀-၅၁၈၀-၂၂၀၈) တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဦးနေမျိုးဝေသို့ပေးစာတစောင်

ဦးနေမျိုးဝေ၊

သံအမတ်ကြီးတစ်ဦးကို ပြည်တွင်းကသတင်းထောက်၂ဦးနဲ့ တစ်စားပွဲထဲမှာ နေရာချပေးတယ်ဆိုကတည်းက ဦးနေမျိုးဝေတို့ က အဲဒီ သံတမာန်ကို စော်ကားလိုက်တာဘဲ၊

သတင်းလွတ်လပ်ခွင့်ဆိုတာကို ဦးနေမျိုးဝေတို့ ဘယ်လိုနားလည်နေလည်းတော့ကျွှန်တော်မသိပါ ပြန်လည်လေ့လာကြည့်ပါ၊

သံအမတ်ကြီး ဦးနေမျိုးဝေတို့ ဆီ ခိုးကြောင်ခိုးဝှက်လာတာမဟုတ်ပါ။ အိမ်ရှေ့ပေါက်က၀င်လာတာဖြစ်တယ်၊သူနဲ့ ဦးနေမျိုးဝေတို့ ရဲ့ ဆွေးနွေးချက် မေးမြန်းချက်တွေကို အသေးစိတ်အားလုံး ကမ္ဘာကို ထုတ်ပြန်၇န်မလိုပါ၊

နှစ်ဖက်အဖွဲ့ မှာ confidential တွေရှိရင် တဖက်နဲ့ တဖက်ကို လေးစားတဲ့အနေနဲ့ အသိအမှတ်ပြုရမှာဖြစ်တယ်။ နှစ်ဖက်လုံး သဘောတူ တဲ့အချက်တွေကို အပြန်အလှန်တိုင်ပင် ညှိနိုင်းပြီးမှ သတင်းထုတ်ပြန်ကြတာဖြစ်တယ်။ အဲဒီအချက်တွေကို မတွေ့ ဆုံခင်ကတည်းက လုပ်ချင်တာတွေကို ညှိနိုင်းပြီး မှ တွေ့ဆုံတာဖြစ်တယ်

ဘုမသိဘမသိ ပါတီတခုကနေ သံအမတ်ကြီးတဦးကို ချာလီချက်ပလင် နဲ့ ခိုင်းနိုင်း တာကတော့ ဦးနေမျိုးဝေတို့  ကလေးဆန်လွန်းပါတယ်။ ဘယ်လို လုပ်ပြီး ဦးနေမျိုးဝေတို့ ကိုယ်စားပြုတဲ့ ပြည်သူလက်တဆုပ်စာ ကို အကျိုးပြုနိုင်မှာလဲ။

လက်ရှိ မြန်မာပြည်စစ်အစိုးရတောင်မှ သံအမတ်ကြီးတွေကို ဒီလို မစော်ကားပါဘူး ဦးနေမျိုးဝေတို့ ဘာမဟုတ်တဲ့ ပါတီ က စော်ကားဝံ့တာတော့ တော်တော်အံ့သြမိပါတယ်

အဆုံးသတ်ပြောရရင် သံအမတ်ကြီး ဦးနေမျိုးဝေတို့ ပါတီ ဆီက ဘာအတွေးအခေါ်အယူအဆ အသစ်အဆန်း သိမသွားပါဘူး သိဖို့ လည်း ဦးနေမျိုးဝေတို့ မပြနိုင်ခဲ့ပါဘူး ဦးနေမျိုးဝေတို့ ရဲ့လုပ်ရပ်ကြောင့် မြန်မာပြည်က တခြားပါတီတွေကို ပါ သူ အထင်သေးသွားခဲ့ပါပြီ။


လေးစားစွာဖြင့်ဦးသန်းဝင်းဦး

DV Lottery ပေါက်သော်လည်း လမ်းပျောက်လို့ 

အမေရိကန်မရောက်ကြသူများ
အကယ်၍ ယခုပြောပြမည့် အကြောင်းအရာများကို မယုံကြည်က ရပါသည်။ သို့ သော် ကျေးဇူးပြုလို့  ဆက်ပြီးဖတ်စေချင်ပါသည်။ အမေရိကန်နိုင်ငံမှ ဤကဲ့သို့ ကံစမ်းမဲဖေါက်နေခြင်းမှာ ကြာလှပြီဖြစ်သည်။ ၂၀၁၀ နှစ်အတွက် ပေါက်နေသောကံထုးရှင်များမှာ ၄၇၃ ဦးနှင့် ၂၀၁၁ ခုနှစ်အတွက် ၃၆၇ ဦးရှိပါသည်။ ၂၀၀၈ ခုနှစ်အတွက် ပေါက်ကြသူများမှာ ယခုအမေရိကန်နိုင်ငံကို ရောက်လာနေကြသူများရှိနေပြီ။ တချို့ မှာ မရောက်လာနိုင်ကြသေးပါ။ အဘယ့်ကြောင့်
ဆိုသော် ဗီဇါမရနိုင်၍ဖြစ်ပါသည်။
သည်လိုဆိုတော့ ကျနော့်ကို ကြောင်ပြီး စာရေးနေခြင်းဟု ပြောကြလိမ့်မည်ဖြစ်သည်။ လက်မခံနိုင်စရာကို အချိန်ကုန်ခံပြီး ရေးနေခြင်းဟု ထင်ကြလိမ့်မည်။ ထို့ ကြောင့် စောစောကပင် ကျနော်မေတ္တာရပ်ခံထားပြီးဖြစ်ပါသည်။
မှန်ပါသည် ။ တချို့ မှာ ဇီဇါမရနိုင်ကြပါ။ တချို့ မှာမျက်ရည်ကျစွာနှင့် အမေရိကန်နိုင်ငံကို မရောက်လာနိုင်တော့မှန်းသိပြီး လက်မှိုင်ချသွားကြရပါပြီ။ ကုန်လိုက်သည့် ငွေများမှာ မလွယ်လှ၍ သောကများခံစား ပူဆွေးနေကြရပါပြီ။
ဗီဇါကံစမ်းမဲဟု ကြေညာထားသောကြောင့် ဗီဇါမရ၍ မလာရခြင်းဟု ပြောဆိုခြင်းမှာ သဘာဝမကျမှန်းသိပါသည်။ တကယ်လည်း ဗီဇါမရကြပါ။ မရသည့်အတွက် အချို့ ဘ၀ပျက်သွားနိုင်ပါသည်။ ဗီဇါကံစမ်းမဲတွင် လိုအပ်သောအရည်အချင်းမပြည့်မှီက ဗီဇါမရရှိနိုင်ဟု သတ်မှတ်ထားခြင်းရှိပါသည်။ ဥပမေ ပညာအ၇ည်အချင်းမှာ ၁၀ တန်းမအောင်လျှင် ဗီဇါမပေးဟု ပြောဆိုထားသည်ဟု သိရပါသည်။ မိန်းခလေးတဦးမှာ ၂၀၀၈ ဗီဇါပေါက်ပါသည်။ သူမမှာ ၁၀ တန်းမအောင်။ ထို့ ကြောင့် ဇီဇါဆုံးရှုံးသွားပါပြီ။ နယ်ကဖြစ်၍ ရန်ကုန်လာပြီး ဗီဇါကိစ္စလုပ်ကိုင်ယင်း နေရထိုင်ရသည့် စရိတ်စကများကို တွက်ချက်ကြည့်သောအခါ ငွေကုန်ကြေးကျများနေပါပြီ။
DV ပေါက်သည်ဟု ဆိုလျင် သံရုံးမှ အကြောင်းကြားလာသည်။ ယင်းစာကို ပထမစာဟု ခေါ်ဆိုကြပါသည်။ ယင်းစာကို အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ်ရှိ ဗီဇါဌနရုံးချုပ်သို့ ပြန်လည်ပေးပို့ ရပါသည်။ ပေးပို့ ရသည့်အခါ ပထမစာတွင် ဖြည့်စွက်စရာအချက်အလက်များကို ရေးသားဖြည့်စွက်ရပါသည်။ ထို့ ကြောင့် နားလည်တတ်ကျွမ်းသော ရှေ့နေနှင့် ဖြည့်စွက်ရပါသည်။ ရှေ့နေက အမေရိကန်နိုင်ငံတွင်နေထိုင်သော ပုဂ္ဂိုလ်တဦးဦး၏ နေရပ်လိပ်စာကို တောင်းပြီး ဖြည့်စွက်ပေးပါသည်။ ယင်းလိပ်စာရှင်သည် ပထမစာ၏ သော့ချက်ဖြစ်သည်။ အဓိကဖြစ်သည်။ နမော်နမဲ့နှင့် လုပ်၍မရသာ လိပ်စာရှင်ဖြစ်သည်။ ရိုသေကိုင်းမြတ်ရမည့် ကျေးဇူးရှင်တဦးဖြစ်သည်။ သဘောက အမေရိကန်နိုင်ငံကို လာရောက်ရန် ၄င်းပုဂ္ဂိုလ်မှာ မိမိအတွက် အထူးတာဝန်ခံထားသူဖြစ်သည်ဟု မှတ်ယူခံထားရန်လိုသည်။
လိပ်စာရှင်နှင့် ထာဝစဉ်ထိတွေ့ ဆက်ဆံရန်လည်း အထူးလိုအပ်နေသည်။ တခါသာပြောဆိုထိတွေ့ ပြီး ဒုတိယစာကို စောင့်ဆိုင်း ။ ပြီးတော့ သံရုံးက အင်တာဗျူးခေါ်ယူမည့်အချိန်ကို စောင့်နေခြင်းမျိုး လုပ်ရုံနှင့်တော့ အရာရာတိုင်းမှာ ပြသနာ တက်သွားနိုင်သည်။ အတွေ့ အကြုံအရေမို့ ပြောပြနေခြင်းသာဖြစ်ပါကြောင်း သိစေချင်ပါသည်။ ဒုတိယစာရောက်ရန် အနည်းဆုံး ၈ လခန့် ကြာမြင့်သည်ဟု ပြောတတ်ကြပါသည်။ ရောက်လာလျင်တော့ သံရုံးမှ အင်တာဗျူးခေါ်ရန် စောင့်ဆိုင်းရုံဘဲ ရှိပါသည်။ ဗီဇါပေါက်နေသူများမို့  သံရုံးမှ အင်တာဗျူးပြုလုပ်ပြီး ဗီဇါကို ပေးလိုက်မည်ဟု ထင်ထားနိုင်သည်။ သို့ သော်မလွယ်လှပါ။ အမေရိကန်နိုင်ငံသံရုံးသည် သူတို့ ၏နိုင်ငံသို့ သွားမည့်  ကံထူးရှင်များကို သေသေချာချာတိတိကျကျ စစ်ဆေးမေးမြန်းပါသည်။ အဓိကအကြောင်းအရာများမှာ ကံထူးရှင်များအား အမေရိကန်နိုင်ငံသို့ သွားရောက်လျှင် စပင်စာရှိပါသလား ဆိုသောမေးခွန်းကို မေးပါတော့သည်။ ဆွေမျိုးရှိပါသလားဆိုသည်ကို မေးစမ်းပါတော့သည်။ သည်အခါ ဆွေမျိုးမရှိသူများ ၊ စပင်စာကိုမကြားဖူးသောသူများမှာ အခက်တွေ့ ကြရပါသည်။ ယင်းအခက်အခဲမှာ စိတ်ဆင်းရဲမူဒဏ်ကို ကောင်းကောင်းကြီးခံစားစေပါတော့သည်။
အကြောင်းမှာ စပင်စာမရှိဟု ဆိုလိုက်သည်နှင့် သံရုံးမှအရာရှိများမှာ ကံထူးရှင်များအတွက် အထူးပြသနာဖြစ်သွားရပါသည်။ ဆွေမျိုးအသိမရှိဟု ပြောလိုက်သည်နှင့် ခေါင်းနပမ်းကြီးသွားစေပါသည်။ သည်တော့ သူတို့မှာခိုင်လုံတိကျစေသည့် အကြောင်းအရာ ဖြစ်လာစေရန်အတွက် စပင်စာပုံစံဖြင့် တာဝန်ခံခေါ်ယူမည့်ုပုဂ္ဂိုလ်တဦးဦးကို အကူအညီတောင်းခံရန် ပြန်လည်လွှတ်လိုက်ရပါတော့သည်။ နဂိုရ်ကမှ စပင်စာမရှိ ဆွေမျိုးမရှိသူများမှာ မည်သည့် အမေရိကန်နိုင်ငံအတွင်း နေထိုင်သောသူများကို လိုက်လံအကူအညီတောင်းခံရပါမည်နည်း။ အမှန်က ကံထူးရှင်တို့ မှ သံရုံးတွင် အင်တာဗျူးဖြေဆိုရာ၌ မှားယွင်းစွာဖြေဆို၍ ယင်းသို့ ကသိကအောင့်များဖြစ်ရခြင်းသာ။ စောစောက ပြောခဲ့သလို နမော်နမဲ့ နေထိုင်ခဲ့၍ ဖြစ်ပေါ်သွားရခြင်းမျိုးဖြစ်ပါသည်။ DV ပေါက်သည်နှင့် ပထမစာတွင် ရှေ့နေနှင့် ဖြည့်စွက်သည့်အခါ အမေရိကန်နိုင်ငံမှာ နေထိုင်သောလိပ်စာရှင်မှာ အထူးအရေးကြီးကြောင်း ပြောခဲ့ပြီးဖြစ်သည်။ ယင်းမှာအကြောင်းရှိသည်။
လိပ်စာရှင်သည် စပင်စာပေးသူဖြစ်သည်။ စပင်စာပေးသူဆိုခြင်းမှာ အမေရိကန်နိုင်ငံသို့ ရောက်လာလျှင် တာဝန်ခံသူဟု လက်ခံပြီး သဘောတူ၍ နေရပ်လိပ်စာကို ပေးထားခြင်းဖြစ်သည်။ သည်တော့ ယင်းပုဂ္ဂိုလ်သည် စပင်စာပေးသူဖြစ်သည်။ အမေရိကန်သံရုံးမှ အင်တာဗျူးမေးလျှင် စပင်စာရှိသည်ဟု ဖြေဆိုရန်လိုပါသည်။ ယင်းလူကိုမြင်ဖူးပါသလားဟု မေးလျှင် မြင်ဖူးပါသည်ဟု ဖြေဆိုရပါလိမ့်မည်။ မမြင်ဖူးဖူးဟု ဖြေဆိုလိုက်သည်နှင့် ပြသနာတက်သွားနိုင်ပါသည်။ အကြောင်းမှာ ယနေ့ခေတ်သည် VZO ခေတ်ဖြစ်သည်။ အမေရိကန်နိုင်ငံမှ လိပ်စာပေးသူသည် ဆွေမျိုးပါလို့ ပြောဆိုရန်လိုအပ်ပါသည်။ ဆွေမျိုးမဟုတ်ဟု ပြောပြီး တခါမျှ မမြင်ဖူး။ စပင်စာမရှိဟု ပြောဆိုလိုက်လျှင် လိပ်စာရှင်မှာ အလိုလိုနေရင်း စိတ်ကောင်းဖြစ်သွားရသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကြီးကျယ်ခန်းနားလှသော ချမ်းသာကြွယ်ဝလှသည့် နိုင်ငံကြီးဖြစ်သည်။ ယင်းနိုင်ငံသို့ ဆွေမျိုးအသိမရှိသူ လက်ခံခေါ်ယူမည့် မရှိသူကို မည်သို့ ပို့ ဆောင်ပါမည်နည်း။
အမေရိကန်သံရုံးသည် သူတို့ ၏ အသိပညာညဏ် ညံ့ဖျင်းမူကို အခွင့်ကောင်းယူကာ အမေရိကန်နိုင်ငံသို့ ဗီဇါပေးရန် မငြင်းဆိုပါ။ ထို့ ကြောင့် I 134 ဆိုသော စပင်စာပေးနိုင်သည့် ပုံစံဖြင့် ထပ်မံတင်ပြရန် အကြံညာဏ်ပေးလိုက်ရပါသည်။ ဤသို့ ပေးလိုက်သော်လည်း ကံထူးရှင်မှာအမေရိကန်နိုင်ငံသို့  ဗီဇါငြင်းပယ်ခံလိုက်ရပြီဆိုကာ စိတ်ဓါတ်များ ကျဆင်းရသွားပါတော့သည်။ ပြီးတော့ စပင်စာရှာဖွေရန် တလမျသာ အချိန်ပေးပါသည်။ စင်စစ်အားဖြင့် မိမိကိုလိပ်စာအဖြစ်အသုံးပြုသော လိပ်စာရှင်သည် စပင်စာပေးသူဟု ပြောတတ်ရပါလိမ့်မည်။ တိတိကျကျ အာမခံကာ ဆွေမျိုးဖြစ်ကြောင်း ပြောဆိုရပါလိမ့်မည်။ ယင်းသို့ မပြောခဲ့ပါက ထပ်မံပြီး I 134 Form ကို ရှာစေကာ စပင်စာရှာစေပါတော့သည်။ I 134 Form သည် စပင်စာပေးသောပုံစံဖြစ်သည်.ယင်းပုံစံတွင် စပင်စာပေးသူက မိမိ၏အလုပ်အကိုင်များ ။ ဘဏ်ကောင့်များ။ နေရပ်လိပ်စာများကို ထည့်သွင်းရေးသား ပေးပို့ ရပါသည်။ ဤကဲ့သို့ ပေးမည့်စပင်စာကို ရှာရသည်မှာ အမေရိကန်နိုင်ငံ၌ မလွယ်ကူလှပါ။
သို့ ဖြစ်၍ DV ကံထူးရှင်များမှာ ဆက်လက်ပြီး ကံထူးနိုင်ရန်အတွက် မိမိအား လိပ်စာပေးထားသော ပုဂ္ဂိုလ်နှင့် ဆွေမျိုးတော်စပ်ကြောင်း အသေအချာပြောဆိုကြစေလိုသည်။ အမေရိကန်သံရုံးက တလအချိန်အတွင်း စပင်စာရှာခိုင်းလိုက်၍ မရနိုင်ခဲ့ က ကံထူးရှင်များမှာ ဒုက္ခလှလှကြီး ဖြစ်သွားနိုင်ပါသည်။ ယင်းမှာစိတ်ဓါတ်ကျမူနှင့် ငွေကြေးဆုံးပါးမူတို့ ဖြစ်သည်။ ကျနော်ဤသို့ ရေးနေသည်မှာ အကြေင်းရှိပါသည်။ ၂၀၀၈ DV ပေါက်သောသူနှစ်ဦးမှာ ယင်းကဲ့သို့ ဖြစ်သွား၍ စပင်စာကို လိုက်လံရှာဖွေပေးခဲ့ရပါသည်။ ယခုတော့သူတို့ မှာ စပင်စာလည်းရရှိသွားသလို ဗီဇါလည်း ရရှိပြီဖြစ်ကြောင်းအကြောင်းကြားလာသည်။ သူတို့ အစားကျနော်ပျော်ရသည်။ သူတို့ ထက်ပျော်မိသည်ဟု ထင်သည်။
အဘယ့်ကြေင့်ဆိုသော် သူတို့ နှစ်ဦးပြနသာကြောင့် စာမရေးဖြစ်ခဲ့သည်မှာ တလတိတိကြာခဲ့ရသည်။ ယခုစာရေးဖြစ်တော့မည်။ ခုတော့သူတို့ ပြသနာလည်း ပြီးစီးသွားပြီ ။ ပျော်ရွှင်ဘွယ်ရာဖြစ်ခဲ့ရပြီ။ ၀မ်းသာကြည်နူးဖြစ်ကြရပြီ။ သူတို့ နှစ်ဦးအပေါ်ကူညီလုပ်ကိုင် ဆောင်ရွက်လိုက်ရခြင်းကြောင့် ကျနော်အထူးစိတ်ချမ်းသာသွားရပါသည်။ DV ကံထူးးရှင်များ နမော်နမဲ့မနေကြဘဲ လမ်းပျောက်သွားမည့်အဖြစ်များမှ ကင်းဝေးစေလိုပါတော့သည်။

ခိုင်အောင်ကျော် ( နယူးယောက် )