Friday, October 1, 2010

1 October 2010 ဒိုင်ယာရီ

http://www.mediafire.com/file/5p4ndwwzcpp5w46/1%20Oct%202010%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/a1x2mxvuaq9ce14/1%20Oct%202010%20Yeyintnge%27s%20Diary.pdf

1 Oct 2010 Yeyintnge's Diary

အိပ်မက် မက်မနေကြနဲ့တော့

အိပ်မက် မက်မနေကြနဲ့တော့
ဝင်းတင်
အောက်တိုဘာ ၁၊ ၂၀၁၀ နယူးယောက်တိုမ်းမ် သတင်းစာတွင် ပါရှိသော ဦးဝင်းတင်၏ An Election Not Worthy of Support ဆောင်းပါး တစိတ် တဒေသကို မိုးမခက ဆီလျော်အောင် ပြန်ဆိုသည်။
 
"----ရွေးကောက်ပွဲက အလုပ်မဖြစ်နိုင်ဘူး ဆိုရင် ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းက ဘာဖြစ်မလဲ---"
ဥရောပနိုင်ငံ တချို့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြရုံတင် မကဘဲ ထောက်ခံလိုက်ကြသေးတယ်။ ကျနော်တို့နဲ့ တွေ့တုန်းက သူတို့ ဘာပြောလဲ ဆိုတော့ ရွေးကောက်ပွဲဟာ တခုတည်းသော ထွက်ပေါက် ဖြစ်တယ်၊ NLD က ၀င်ပြိုင်သင့်တယ် တဲ့။
ကျနော်တို့က စစ်ကျွန်သက်ရှည်ရေးကို တရားဝင် မလုပ်ပေးနိုင်ဘူးလို့ ပြန်ရှင်းပြတော့ တခြားသူတွေကို သွားညှိနှိုင်းပါတယ်။ ညှိနှိုင်းပြီးတော့ အခု ဆိုရင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတော်ကို ၀င်ဖို့ ကူညီတာတွေ လုပ်နေပြီ။
စစ်အုပ်စုကို ထောက်ခံတဲ့ ပညာရှင်တွေ၊ အခွင့်အရေးသမားတွေကို ကူညီနေကြပြီ။ အဲဒီလူတွေက ဥရောပအထိ သွားပြီးတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ရောင်းစွံအောင် လုပ်ရင်းနဲ့ သူတို့သဘောကျတဲ့ နိုင်ငံရေးပါတီတွေ အကူအညီ ရဖို့ လုပ်နေကြပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားမှုထဲက တချို့ ပါတီတွေဟာ ဥရောပရဲ့ ထောက်ခံမှုတွေ ရနေပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့အခွင့်အလမ်းက နည်းနည်းလေးပဲ ရှိတယ်။ သူတို့ မဲဆွယ်စည်းရုံးတာတွေက တနေ့ထက်တနေ့ ပိုပြီး အတားအဆီးတွေနဲ့ ကြုံနေရပြီ။ စစ်အုပ်စုက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေမှာ နေရာ အကုန်ရဖို့ လိမ်တာ ညာတာ ခြိမ်းခြောက်တာတွေ လုပ်မှာပဲ။
လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာ ရမယ်လို့ ဆိုတယ်။ အခုတော့ စစ်တပ်နဲ့ သူ့လူတွေကပဲ ရာနှုန်းပြည့် နေရာရဖို့ တဖြည်းဖြည်း သိသာလာနေပြီ။ တချို့တလေ ကံကောင်းထောက်မလို့ အရွေးခံရပါပြီတဲ့၊ အပြောင်းအလဲ လုပ်ဖို့ ဘယ်လို အခွင့်အရေး ရနိုင်မလဲ။ လွှတ်တော်က အစိုးရ ဖွဲ့လို့ မရဘူး၊ စစ်ဘက်ရေးရာနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့် မရှိဘူး၊ သမ္မတက ခန့်အပ်တာတွေ၊ ဘတ်ဂျက် သတ်မှတ်တာတွေကို ငြင်းပိုင်ခွင့် မရှိဘူး။
 ရွေးကောက်ပွဲက အလုပ်မဖြစ်နိုင်ဘူး ဆိုရင် ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းက ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်း ပေါ်လာပြီ။ အဲဒီ နည်းလမ်းကတော့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းပဲ။ ဒါကို ကျနော်တို့ ပြောနေတာ နှစ်ပေါင်းများစွာ ရှိပြီ။ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားသား ကိုယ်စားလှယ်တွေ အဓိပ္ပာယ်ရှိရှိ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြဲ။တာကပဲ မြန်မာပြည် ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ရှင်းလို့ ရတဲ့ တခုတည်းသော နည်းလမ်းပါပဲ။
စစ်တပ်ကတော့ ဆွေးနွေးချင်စိတ် ဘယ်ရှိမလဲ။ ဒါပေမယ့် နိုင်ငံတကာ အ၀န်းအ၀ိုင်းက အလေးအနက် ထားပြီးတော့ စစ်အုပ်စုကို ထိထိရောက်ရောက် ဖိအား ပေးနိုင်မယ် ဆိုပါတော့၊ ဒါဆိုရင် ပြည်ပ ဖိအားနဲ့ ပြည်တွင်းက အကြမ်းမဖက် လှုပ်ရှားမှုတွေကြောင့် စစ်အုပ်စုက ဆွေးနွေးပွဲစကားဝိုင်းကို ရောက်လာမှာပဲ။
ဥရောပက ကျနော်တို့ မိတ်ဆွေနိုင်ငံတွေဟာ ရွေးကောက်ပွဲကနေ ထွက်ပေါ်မလာနိုင်တဲ့ အရာတခုကို မျှော်တလင့်လင့်ဖြစ်မနေနဲ့တော့၊ အိပ်မက် မက်မနေကြနဲ့တော့။ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက် စစ်အုပ်စုကို ထိထိရောက်ရောက် အရေးယူဖို့ လုပ်သင့်ပါပြီ။ မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ ကော်မရှင်တခု ပေါ်ပေါက်လာအောင် သူတို့ စပြီး လုပ်သင့်ပါပြီ။
http://moemaka.com/index.php?option=com_content&task=view&id=7302&Itemid=1

အီကွေဒေါတွင် လူထုံအုံကြွှမှု ၊သမ္မတ တိုက်ခိုက်ခံရ

October 1, 2010 freedom news group 

Quantcast

အီကွေဒေါ ဆန္ဒပြမှု များ အတွင်း ရဲတပ်ဖွဲ့ ဝင်များ ဆန္ဒပြသူများ နှင့် ပူးပေါင်းသွားစဉ် Photo : CNN
အီကွေဒေါ နိုင်ငံမှာ ဆန္ဒပြမှု အတွင်း သမ္မတ ဖြစ်သူ ရာဖယ် ကော်ရီယာ ဟာ နိုင်ငံရဲ့ မြို့ တော်ကွီတို
မှာ တိုက်ခိုက် ခံရပြီး နိုင်ငံကို လည်း အရေးပေါ်အခြေအနေ ကြေညာခဲ့ရတယ် လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
ဆန္ဒပြမှု တွေ ကို ရဲတပ်ဖွဲ့ က မျက်ရည်ယိုဗုံး တွေ သုံးပြီး ဖြိုခွဲ မှု တွေ ရှိပေမယ့် လူထု က ပြန်လည် ခုခံတဲ့
အတွက် ပြန်လည် အားကောင်းလာတယ လို့ သတင်းတွေ မှာဖော်ပြထားပါတယ်။
ဆန္ဒပြမှု တွေ အတွင်း တိုက်ခိုက်ခံရတဲ့ သမ္မတကိုယ် ရဲတပ်ဖွဲ့ ဝင်များက လူအုပ်ကြားမှ ကယ်ထုတ်လာစဉ် ဓာတ်ပုံ - CNN
ဒီနေ့ မနက် စတင်တဲ့ မငြိမ်သက်မှု တွေ မှာအစိုးရ က အာဏာ သိမ်းရန် ကြံစည်တယ်လို့ စွပ်ဆွဲ
ထားပြီး နိုင်ငံကို လည်းအရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။ သမ္မတ ကို ထောက်ခံ သူတွေ
နဲ့  ဆန့် ကျင်သူတွေ ထိပ်တိုင်ရင် ဆိုင်မှာ သမ္မတ ကို ဆန္ဒပြသူ တစ်စု က ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု
တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြသူ တွေ ဘက်မှာ လက်နက်ကိုင် အင်အားစု တွေ ရှိ
တာကြောင့် တိုင်းပြည် အခြေအနေ ဟာ စိုးရိမ်ဖွယ်ရာ ဖြစ်တယ်လို့ ဗင်နီဇွဲလား သမ္မတာ ဟူဂိုရှာဗက်
ဇ် က ပြောကြားပါတယ်။
အခုလို ဆန္ဒပြမှု တွေ ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကတော့ အစိုးရက အလုပ်သမား တွေ ရဲ့ 
လုပ်ခလစာ ခံစား ခွင့် နဲ့  ဆုကြေးစနစ် ကို ပြောင်းလဲ ခဲ့တာ ကြောင့် ဖြစ်ပါတယ်။အီကွေဒေါ နိုင်ငံ
ဟာ တောင်အမေရိကတိုက် နိုင်ငံတွေ ရဲ့ ထုံးစံ အတိုင်း နိုင်ငံရေး ငြိမ်သက်မှု မရှိတဲ့ နိုင်ငံတစ်နိုင်
ဖြစ်ပါတယ်။
ဒေသတွင်း မှာ လည်း ပြည်သူတွေ ရဲ့ ဆန္ဒပြမှု နဲ့ ကြုံတွေ့ နေရတဲ့ ဥရောပ သမဂ္ဂကတော့ အီကွေ
ဒေါ အစိုးရ ကို သူခိုးသေဖော်ညှိုတဲ့ အနေ နဲ့  ထောက်ခံတယ်လို့ ကြေငြာချက်  ထုတ်ပြန်ထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည် လွတ်လျင် လူထုလှုပ်ရှားမှု ပိုလုပ်မည်ဟု NLD ပြော

ရန်ပိုင် Friday, October 01, 2010

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လူထု လှုပ်ရှားမှုများကို ပိုမို လုပ်ဆောင်မည်ဟု အဖွဲ့ဝင်များက ဆိုသည်။

လာမည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံ နေရခြင်းမှ ပြန်လည် လွတ်မြောက် လာ မည်ဖြစ်ကြောင်း ၊ ထို့နောက် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် လူထုလှုပ်ရှားမှုများ ဖြင့် လုပ်ဆောင်သွားမည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

aung-san-suu-kyi-1995
(ဓာတ်ပုံ - Getty Images)
“ဒေါ်စုက လွတ်လာရင်တော့ တပြည်လုံး လှည့်မှာပဲ၊ ဒီပဲယင်းနဲ့ တွေ့တာ မတွေ့တာက နောက်တပိုင်းပဲ၊ သွေးကြောင်နေမှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

လတ်တလော လုပ်ဆောင်နေသည့် လူထု စည်းရုံးရေး လုပ်ငန်းများ၊ တိုင်းရင်းသားများ၊ တခြားသော အဖွဲ့အစည်းများနှင့် စုစည်းမိရန် ပြုလုပ်နေခြင်းသည် လူထုလှုပ်ရှားမှုများ အတွက် ပြင်ဆင် နေခြင်း ဖြစ်ကြောင်း၊ လူထုကို တစု တစည်းတည်း ဖြစ်စေရန် စည်းရုံးပြီး ဖိအား ပေးသည့် နည်းကို သုံးမည်ဟုလည်း ဦးဝင်းတင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ်ကလည်း နိုင်ငံအနှံ့ ခရီး ထွက်ပြီး လူထုတရားပွဲများကို ကျင်းပခဲ့ရာ စစ်အစိုးရက ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်း စုကြည်၏ ယာဉ်တန်းကို တားဆီးရိုက်နှက်၍ နေအိမ် အကျယ်ချုပ် ထပ်မံချခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ပြီးခဲ့သည့် ၂၁ နှစ်တာ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေရသည်မှာ ၁၅ နှစ် ခန့်ရှိပြီဖြစ်သည်။

NLD ပါတီအနေဖြင့် ဆန္ဒပြပွဲများဖြင့် ဖိအားပေးသော နည်းကို သုံးမည် မဟုတ်ကြောင်း၊ လူထုကို နိုင်ငံရေးအသိ တိုးစေရန် ပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင်မည်သာ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

မကွေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ၎င်း၏ ဦးဆောင်မှုကို လိုက်နာ ပြီး အမျိုးသားပြနလည်သင့်မြတ်ရေး လမ်းကြောင်းကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ “မတရားတဲ့ ဥပဒေ ဟူသမျှ ဖီဆန်ကြ”ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် အတိုင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အပြီးတွင် လွှတ်ပေးမည်ဖြစ်ကြောင်း စစ်အစိုးရ အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်ရက်စေ့မည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ချထားခြင်းမှ လွှတ်ပေးမည်ဖြစ် ကြောင်း AFP က ရေးသားထားခြင်းဖြစ်သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည့်နေကို ပြောဆိုနေကြသော်လည်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်စာတမ်း များ ဖြန့်ဝေမှုဖြင့် ရန်ကုန်မြို့ရှိ တက္ကသိုလ် ကျောင်းသားများကို မကြာသေးမီကဖမ်းဆီးခြင်း၊ စက်မှုဇုန်များတွင် ဖြစ်ပွားခဲ့သည့် အလုပ်သမားဆန္ဒပြပွဲများတွင် ပါဝင်သူ ၁၃ ဦးကိုလည်း စစ်အစိုးရက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထောင်ချခြင်း ပြုလုပ်မှု များရှိနေသည်။

စစ်အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကမူ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီ ၃၇ ခုမှ ကိုယ်စားလှယ် လောင်း ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အားလုံး ပါဝင်မှုရှိသည်မှာ ထင်ရှားကြောင်း ၆၅ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောဆိုခဲ့သည်။

အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင် မီ လွှတ်ပေးရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင်လည်း မိမိတို့ ပါတီဝင်များ အနေဖြင့် ၎င်း၏ ဦး ဆောင်မှု အောက်တွင် ပြည်သူ အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပဲခူးတိုင်းမင်းလှမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုးကလည်း ပြောသည်။
http://www.irrawaddy.org/bur/index.php/news/1-news/4197-----nld-

Burma Information Night

Invitation BSDO 2 Oct 2010

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၄/ ၂၀၁၀)




လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၄/၂၀၁၀)

ဘယ်ပါတီမှ မဲမပေးနဲ့
(၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်)

စစ်အုပ်စုကမြန်မာပြည်နိုင်ငံရေးဇာတ်ခုံပေါ်ကို ၁၉၅၈ ခုနှစ်၊ မှာဗြောင်စတက်လာခဲ့ပြီး။ ၁၉၆၂ မှ ယနေ့ကာလအထိ အကြမ်းဖက်ဖိနှိပ်အုပ်စိုးနေခဲ့တာဖြစ်တယ်။(အိမ်စောင့်/တော်လှန်ရေးကောင်စီ/မဆလ/နဝတ/နအဖ/စည်းကမ်းပြည့်ဝသောဒီမိုကရေစီစသဖြင့်) ဘယ်လို နာမည်ပဲယူပါစေ စစ်အုပ်စုဟာ စစ်အာဏာရှင်နစ်နဲ့ အုပ်စိုးနေခဲ့တာပဲဖြစ်တယ်။
၇ နိုဝင်ဘာ မှာကျင်းပမယ်ဆိုတဲ့ “၂၀၁၀ ရွေးကောက်ပွဲ” ဟာ (တစည) နဲ့ ကြံ့ဖွံ့ပါတီ တို့ပဲ အဓိကပြိုင်ကြမှာဖြစ်တယ်။
ဘယ်ပါတီပဲ အနိုင်ရလိမ့်မယ်ဆိုတဲ့ အဖြေကလည်းထွက်ပြီးသားဖြစ်တယ်။ ကြံ့ဖွံ့ပါတီပဲအနိုင်ရမှာဖြစ်တယ်။ ဒီလိုအနိုင်ရ ဖို့ စစ်အုပ်စုက အဖက်ဖက်က လက်ဦးမှုယူပြီးပြင်ဆင်ထားတာဖြစ်တယ်။
ပြည်သူတွေအနေနဲ့ကြံ့ဖွံ့ပါတီကိုမဲထည့်လို့မဖြစ်သလို၊ (တစည)ကိုလည်းမဲပေးလို့မဖြစ်ဘူး။
ဘာဖြစ်လို့လဲ။
(တစည) ဆိုတာ (မဆလ) ပါတီကနေအမည်ပြောင်းထားတာဖြစ်တယ်။
(မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ ( ၁၉၇၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ)အုပ်စိုးခဲ့လို့ တိုင်းပြည်နဲ့လူထုဟာ (LDC) ဆိုတဲ့ အဆင်းရဲဆုံး နိုင်ငံဘဝကိုကျရောက်ခဲ့ရတယ်။ ၁၉၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံကြီးနဲ့ (မဆလ) ပါတီကိုရော အခြေခံ ဥပဒေ (၁၉၇၄) ကိုပါ တိုက်ဖျက်ခဲ့ရတာဖြစ်တယ်။ တဖန် ၁၉၉၀ရွေးကောက်ပွဲမှာ (မဆလ)ကနေ (တစည)လို့ အမည်ပြောင်း ပြီးရွေးကောက်ပွဲဝင်ခဲ့လို့ ပြည်သူလူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲတွေပုံအောပေးပြီး (တစည) တဖြစ်လည်း (မဆလ) ကိုပညာပေးဒဏ်ခတ်ခဲ့တယ်။
ဒါကြောင့် ဒီလို (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့တိုင်းပြည်နဲ့လူထုကို (၁၉၇၄ မှ ၁၉၈၈ အထိ) အကြမ်းဖက် ဖိနှိပ် အုပ်စိုးခဲ့ပြီး (တစည) လို့အမည်ပြောင်းထားတဲ့ စစ်အုပ်စုဟောင်းတွေကို ၇ နိုဝင်ဘာ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ တွေ က မဲဆန္ဒပေးပြီးရွေးချယ်လို့လုံးဝမဖြစ်နိုင်ပါဘူး။ ပြည်သူတွေကိုယ်တိုင်လူထုအုံကြွမှုကြီးနဲ့ဖြိုချခဲ့တဲ့ အုပ်စိုးသူဟောင်း/ ဖိနှိပ်သူ ဟောင်းတွေကိုပြည်သူတွေက ပြန်လည်ရွေးချယ်တင်မြှောက်လို့မဖြစ်နိုင်ပါဘူး။
ထိုနည်းအတူပဲ။
ကြံ့ဖွံ့ပါတီ ကိုလည်း ပြည်သူတွေအနေနဲ့ မဲထည့်လို့မဖြစ်ဘူး။
ဘာကြောင့်လဲ။
ကြံ့ဖွံ့ပါတီဆိုတာ (နဝတ-နအဖ) စစ်အုပ်စုရဲ့အမွေခံအခြေပြုပါတီဖြစ်တယ်။ ကြံ့ဖွံ့ပါတီကိုစစ်အုပ်စုထိပ်သီးတွေနဲ့စုဖွဲ့ထား တာဖြစ်တယ်။
၁၉၈၈ ခုနှစ်က ယနေ့ကာလ အထိ (၂၂) နှစ်တာကာလပတ်လုံး ပြည်သူတွေကိုအကြမ်းဖက်ဖိနှိပ်အုပ်စိုးနေတဲ့ စစ်အုပ်စု ဖြစ်တယ်။ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ သံဃာအရေးအခင်းတို့လို အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့သူတွေဖြစ်တယ်။
ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာလွှဲပြောင်းမပေးတဲ့အပြင် အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ဖျက်သိမ်းပစ်ခဲ့တယ်။
အမျိုးသားညီလာခံဆိုတာကိုစိတ်ကြိုက်ကျင်းပပြီးအခြေခံဥပဒေကိုစိတ်ကြိုက်ရေးဆွဲအတည်ပြုထားတယ်။
ဒီအခြေခံဥပဒေကိုအသက်သွင်းဖို့(နဝတ-နအဖ)စစ်အုပ်စုကခေါင်းခေါက်ရွေးချယ်ထားတဲ့ ကော်မရှင်ကနေရွေးကောက်ပွဲ ကျင်းပပေးမယ်။ ဒီရွေးကောက်ပွဲမှာ (နဝတ-နအဖ) စစ်အုပ်စုထိပ်သီးတွေပါဝင်တဲ့ ကြံ့ဖွံ့ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ်။
ဒါကြောင့် (ကြံ့ဖွံ့ပါတီ)ကိုလည်း “၇ နိုဝင်ဘာရွေးကောက်ပွဲ”မှာ ပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးရွေးချယ်လို့မဖြစ်ဘူး။
(တစည) က ဖိနှိပ်သူဟောင်းဖြစ်တယ်။
(ကြံ့ဖွံ့ပါတီ) ဆိုတာက လက်ရှိအကြမ်းဖက်ဖိနှိပ်အုပ်စိုးနေသူတွေဖြစ်တယ်။
ဒါကြောင့် “၇ နိုဝင်ဘာရွေးကောက်ပွဲ” မှာ ပြည်သူတွေအနေနဲ့ ဘယ်သူ့ကိုမှ မဲပေးလို့မဖြစ်ဘူး။
(တစည) ကိုလည်း မဲမပေးနဲ့။
(ကြံ့ဖွံ့ပါတီ)ကိုလည်း မဲမထည့်နဲ့။
အခြားဘယ်ပါတီကိုမှလည်း မဲမပေးဖို့ ကျနော်တို့အလေးအနက် တိုက်တွန်း ပန်ကြားပါတယ်။
မဲမပေးပဲနေခြင်းဟာ ပြည်သူတွေအတွက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အခွင့်အရေးလည်းဖြစ်တယ်။ တာဝန်တစ်ရပ်လည်း ဖြစ် တယ်။ စစ်အာဏာရှင်စနစ်ကို ရတဲ့နည်းနဲ့ အာခံတဲ့/ဆန့်ကျင်တဲ့လှုပ်ရှားမှုတစ်ခုလည်းဖြစ်တယ်။ ဥပဒေဘောင်ထဲက တိုက်ပွဲ တစ် ရပ်လည်းဖြစ်ပါတယ်။

14 2010 Dpns Commentary