Wednesday, October 6, 2010

ဝေနှင်းပွင့်သုန်၏ မြန်မာပြည်အတွက် စကား ယူကျုမှာ မြန်မာစာတန်းထိုးနဲ့ ကြည့်နိုင်ပြီ

http://www.youtube.com/user/moemaka

6 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/5i9b24spmo6c9na/6%20October%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/y97s5ca9yjaeh72/6%20October%202010%20yeyintnge%27s%20Diary.pdf

6 October 2010 Yeyintnge's Diary

ကုလ စုံစမ်းရေးကော်မရှင် ဖွဲ့ရေး EU အတွင်း ဆွေးနွေး

By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 06 အောက်တိုဘာ 2010

မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းဖို့ ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ရေး ကိစ္စကို ဥရောပသမဂ္ဂ နိုင်ငံတွေအကြား ဆွေးနွေးမှုတွေ ရှိနေပြီး မကြာခင် ဥရောပသမဂ္ဂ တခုလုံးရဲ့ သဘောထား ထွက်လာဖွယ် ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရှိမရှိ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ကိစ္စကို ထောက်ခံပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ၂ ဦးဖြစ်တဲ့ ပါမောက္ခ ပင်ညဲရိုး (Pinheiro) နဲ့ ပါမောက္ခ ယိုဇို ယိုကိုတာ (Yozo Yokota) တို့က ဥရောပသမဂ္ဂကို မနေ့ကပဲ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံတွေထဲမှာတော့ ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန် စတဲ့ နိုင်ငံကြီး အတော်များများကတော့ တနိုင်ငံချင်း သဘောထား အနေနဲ့ ဒီကော်မရှင် ဖွဲ့ရေးကို ထောက်ခံထားပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂ (EU) တခုလုံး အနေနဲ့ ဒီကိစ္စကို ထောက်ခံပေးဖို့ ဒီအရေး လှုံ့ဆော်သူတွေက တောင်းဆိုနေကြတာပါ။

အထူးသဖြင့်တော့ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း မြန်မာ့အရေး ဆုံးဖြတ်ချက်ထဲမှာ ဒီကိစ္စကိုပါ ထည့်သွင်းဆုံးဖြတ်ဖို့ တွန်းအားပေးနေကြပါတယ်။ အထွေထွေ ညီလာခံရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် အတော်များများကို အရင်ကတည်းက EU ဥရောပသမဂ္ဂက မူကြမ်းတင်လေ့ ရှိတာမို့ ဒီနှစ် အဆိုပြုမယ့် မူကြမ်းထဲမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ နိုင်ငံတကာ ကော်မရှင်ဖွဲ့ရေးကိုပါ ဆုံးဖြတ်ဖို့ လှုံ့ဆော်သူတွေက လိုလားနေပါတယ်။

လက်ရှိ ဥရောပသမဂ္ဂရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဘယ်လ်ဂျီယံနိုင်ငံ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Ouvry ကတော့ ဒီကိစ္စကို EU အနေနဲ့ မကြာခင် ဆုံးဖြတ်ဖွယ် ရှိတယ်လို့ ပြောပါတယ်။

“လူ့အခွင့်အရေး ကိုယ်စားလှယ် ၂ ဦးရဲ့ EU အပေါ် တိုက်တွန်းချက်ကို EU ဘက်က တရားဝင် တုံ့ပြန်မှု ရှိမရှိ ဆိုတာတော့ မသိသေးပါဘူး။ ဒါပေမဲ့ ဒီကိစ္စကိုတော့ မကြာခင် ရက်အတွင်းမှာ တခုခု ဆုံးဖြတ်တော့မှာပါ။”

EU နိုင်ငံတွေထဲမှာတော့ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကို အကောင်းမြင်ပြီး အခုလို နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့ရေးကိစ္စ ထောက်ခံဖို့ တွန့်ဆုတ်နေတဲ့ နိုင်ငံတွေ ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း EU ထဲက နိုင်ငံကြီး အချို့က ထောက်ခံပြီးသားမို့ EU ရဲ့ ထောက်ခံမှု ဖြစ်လာနိုင်ချေ ရှိတယ်လို့လည်း နိုင်ငံတကာ ကော်မရှင်ဖွဲ့ရေး စည်းရုံး လှုံ့ဆော်နေသူတဦးဖြစ်တဲ့ HREIB မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနက ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“EU ထဲမှာ ပြင်သစ်က ထောက်ခံတဲ့တခုက ကျနော်တို့အတွက် တော်တော် အားကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ EU ထဲမှာပဲ လာမယ့် ရွေးကောက်ပွဲက ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်နိုင်တယ်ဆိုတဲ့ ယူဆတဲ့ နိုင်ငံတချို့ ရှိတယ်။ EU တခုလုံးကို ကျနော်တို့က Commission of Enquiry ခေါ်ဖို့အတွက် သိပ်မဖြစ်နိုင်တဲ့ အချိန်မှာ ပြင်သစ်က စပြီး ထောက်ခံတယ်လို့ ပြောတဲ့အတွက် ကျနော်တို့အတွက် အားကောင်းချက်တခုပဲ။

“အဲဒီတော့ EU တခုလုံး မရနိုင်ရင်တောင်မှ EU အဖွဲ့ဝင်တွေထဲမှာ Influential ဖြစ်နိုင်တဲ့ နိုင်ငံကြီးတွေ ပါလာလို့ရှိရင် ကျနော်တို့အတွက် ပိုပြီးတော့ အားကောင်းမှု ရှိလာနိုင်ပါတယ်။”

အခု ဒီကော်မရှင်ဖွဲ့ရေး ကိစ္စကိုတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဆုံးဖြတ်ဖို့ တိုက်တွန်းနေကြတယ် ဆိုတော့ အထွေထွေ ညီလာခံက ဆုံးဖြတ်ချက် ထွက်ဖို့အတွက် ဖြစ်လာနိုင်ချေရော ရှိပါသလား။ ဘယ်လိုမြင်လဲခင်ဗျ။

“အရင်တုန်းက သမိုင်းကြောင်း ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အရင်တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေမှာ မဲခွဲဆုံးဖြတ်တာ မရှိဘဲနဲ့ တခဲနက် သဘောတူတာ ရှိခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး မဲခွဲဆုံးဖြတ်မှုမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ဖို့အတွက် ဆုံးဖြတ်တဲ့ နေရာမှာ နိုင်ငံအများစုရဲ့ ထောက်ခံမှု ရရှိခဲ့တယ်။

“အဲတော့ ဒီနှစ်မှာ ကျနော်တို့က ဒီ့ထက် တဆင့်တက်ပြီးတော့ Commission of Enquiry ခေါ်မယ်ဆိုရင် ဘယ်နိုင်ငံတွေက ဒီဟာကို လက်ခံမလဲ၊ အဲဒီဟာက ကျနော်တို့အတွက် Challenge တော့ နည်းနည်းဖြစ်မယ်။ ကျနော်တို့ အာဆီယံ နိုင်ငံတွေတော့ ထည့်ပြီး တွက်လို့မရဘူး။ လက်တင် အမေရိက နိုင်ငံတွေက ဒီလိုမျိုး ကိစ္စကို ပိုပြီးတော့ စိတ်ဝင်စားတယ်။ အာရှပိုင်းမှာ သိပ်မရပေမဲ့ လက်တင် အမေရိက နိုင်ငံတွေနဲ့ အာဖရိကဘက်မှာ ဒီကိစ္စကို ထောက်ခံတဲ့ နိုင်ငံတွေကို ကျနော်တို့ ပိုမိုပြီး ထိုးဖောက်နိုင်ဖို့ လိုအပ်နေတဲ့ အခင်းအကျင်းတော့ ဖြစ်တယ်။”

လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျ စတဲ့ အနောက်နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ပါမောက္ခ ၂ ဦးရဲ့ EU ပေးစာထဲမှာတော့ မြန်မာနိုင်ငံတွင်း စစ်အစိုးရရဲ့ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ လူသားချင်း စာနာမှု ဥပဒေတွေကို ချိုးဖောက်မှုရှိတယ် ဆိုတာ ထောက်ပြပြီးတော့ အဲဒီအတွက်ကြောင့် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ရေးကို EU အနေနဲ့ အထွေထွေ ညီလာခံကြီးကို အဆိုပြုပေးဖို့ တောင်းဆိုထားပါတယ်။
http://www.voanews.com/burmese/news/eu-myanmar-104420924.html

ဤအရာသည် ကြံ့ဖွံ့ပိုင်ဖြစ်သောကြောင့် …

“ဤဓာတ်တိုင်သည် ကြံ့ဖွံ့ပိုင်ဓာတ်တိုင် ဖြစ်သောကြောင့် မည်သည့်ခွေးမှ သေးလာမပန်းရ” ဟု ရေးထားသော စာရွက်ကို ကြံ့ဖွံ့ခေါင်းဆောင် ဦးသိန်းဂိန်က ဓာတ်တိုင် တတိုင်တွင် ကပ်လိုက်သည်။

“ဤသစ်ပင်သည် ကြံ့ဖွံ့ပိုင် သစ်ပင်ဖြစ်သောကြောင့် မည်သည့် မျောက်မှ တက်မဆော့ရ” ဟူ၍ သစ်ပင်တပင်တွင် ကပ်လိုက် ပြန်သည်။ ထိုသစ်ပင်မှာ ရန်ကုန်သို့ ရောက်တုန်းရောက်ခိုက် ဦးရုက္ခစိုး တည်းနေကျ သစ်ပင်ဖြစ်ကြောင်း ဦးသိန်းဂိန် မသိပေ။

စာရွက်ထပ်ကြီးကို ကိုင်ကာသစ်ပင်အောက်တွင် မောမောနှင့် ထိုင်လိုက်သော ဦးသိန်းဂိန်ရှေ့၌ ဦးရုက္ခစိုး ကိုယ်ထင် ပြလိုက်သည်။

သိန်းဂိန်။     ။ အောင်မလေးဗျ။ လန့်လိုက်တာ ဦးရုက္ခစိုးရယ်။ အသံမပေးဘာမပေးနဲ့။

cmnat-may-20-09ရုက္ခစိုး။     ။ ခင်ဗျား စာရွက် ကပ်ကတည်းက ကျုပ် ဒီသစ်ပင်ပေါ်ကနေ ကြည့်နေတာ။ ဒါ ကျုပ် ရန်ကုန်လာရင် တည်းနေကျ သစ်ပင်ဗျ။ ဘယ်တုန်းက ကြံ့ဖွံ့ပိုင် ဖြစ်သွားတာလဲ။

သိန်းဂိန်။     ။ (ခပ်တည်တည်နှင့် ဦးရုက္ခစိုးကိုကြည့်၍ ဓာတ်တိုင်ကို လက်ညှိုးထိုးကာ) ဟို ဓာတ်တိုင်ကိုလည်း ကြည့်လိုက်ဦး။ ဓာတ်တိုင်တောင် ကြံ့ဖွံ့ပိုင်တာ သစ်ပင်လောက်တော့ ပျင်းသနားတယ်။

ရုက္ခစိုး။     ။ ဓာတ်တိုင် ကြံ့ဖွံ့ပိုင်တာတော့ ဟုတ်ပါပြီ။ ဘာဖြစ်လို့ ဘယ်ခွေးမှ သေးမပန်းရလို့ ရေးထားတာလဲဗျ။ ခွေးတွေက စာဖတ်တတ်လို့လား။

သိန်းဂိန်။     ။ အဲဒီလိုတော့ မဟုတ်ဘူးလေဗျာ။ အခုဟာက ကမ်ပိန်းကာလ မဟုတ်လား။ ကျုပ်တို့ ကြံ့ဖွံ့ကို လူသိများလေ ကောင်းလေဆိုတော့ ကြံ့ဖွံ့နာမည်ပါရင်ပြီးရော စာတန်းတွေ ရေးပြီး လိုက်ကပ်တာလေ။

ရုက္ခစိုး။     ။ ဘာဖြစ်လို့ ကြံ့ဖွံ့ပိုင်လိုက်လုပ်နေတာလဲဗျ။ ဓာတ်တိုင်တို့ သစ်ပင်တို့ဆိုတာ အများပိုင် ဖြစ်ရတာ မဟုတ်ဘူးလား။

သိန်းဂိန်။     ။ ဦးရုက္ခစိုးက ခက်တော့တာပဲ။ ငယ်ငယ်က တိုင်ဦးတမ်း မကစားဖူးဘူး ထင်တယ်။ ကျနော်တို့ ကြံ့ဖွံ့က ရရာ နေရာလွတ်တွေကို ဦးထားမှ တခြား ပါတီတွေ မလာမှာပေါ့ဗျ။ နောက်ကို လမ်းဆုံလမ်းခွတွေမှာ ဗီနိုင်းတွေ၊ ဘီလ်ဘုတ်ကြီး တွေနဲ့ ဒီ့ထက် လူသောက်မြင်ကပ် … အဲလေ ယောင်လို့ ဒီထက်လူပိုသိအောင် လုပ်ဦးမှာဗျား။

ရုက္ခစိုး။     ။ ကောင်းပါလေ့ဗျာ။ ဒါနဲ့ ကြံ့ဖွံ့က ဝန်ထမ်းတွေဆီက ကြိုတင်မဲတွေလည်း အတင်းအကျပ် လိုက်ကောက် နေတယ်ဆို။

သိန်းဂိန်။     ။ ဒါကတော့ဗျာ … လုပ်ထုံးလုပ်နည်းနဲ့ အညီ ကောက်တာပါဗျ။

ရုက္ခစိုး။     ။ ရွေးကောက်ပွဲ ကော်မရှင်ကပြောတော့ ကြိုတင်မဲဆိုတာ ကောက်ချင်တိုင်း ကောက်လို့ မရဘူးဆို။

သိန်းဂိန်။     ။ ဟုတ်တယ်လေဗျာ။ ကောက်ချင်တိုင်း ကောက်လို့တော့ ဘယ်ရမလဲ။ လိုအပ်တဲ့ အခြေအနေတွေနဲ့ ပြည့်စုံမှ ကောက်လို့ရတာလေ။ ဥပမာ - ကြံ့ဖွံ့ပါတီဖြစ်ရမယ်ပေါ့ဗျာ။ တခြားပါတီတွေတော့ ကောက်ချင်တိုင်း ကောက်လို့ ဘယ်ရမလဲ။

ရုက္ခစိုး။     ။ တော်တော်လေး တရားမျှတမှုရှိပါလား။ ဒါနဲ့ … ပိုက်ဆံ လိုက်ချေးတာ တော်တော် ခရီးရောက်နေပြီလား။

သိန်းဂိန်။     ။ ရောက်သလားတော့ မမေးနဲ့။ ကျုပ်တို့ ချေးတဲ့ ပိုက်ဆံကို ပြည်သူလူထုက အားတက်သရော ယူသဗျ။

ရုက္ခစိုး။     ။ ဒါဆို ခင်ဗျားတို့ပါတီကို လူတော်တော် သိနေပြီပေါ့နော်။

သိန်းဂိန်။     ။ သိတယ်၊ သိတယ်။ ကျုပ်ကို လူတွေက လမ်းမှာတွေ့ရင် ငွေတိုးပေးစားတဲ့ လူကြီးတဲ့ ...။ တော်တော်ကို သိနေကြပြီ။

ရုက္ခစိုး။     ။ နိုင်ငံတော်က ပိုက်ဆံတွေ အတော်ကုန်ရောပေါ့။

သိန်းဂိန်။     ။ ကုန်ချက်ကတော့ ပြောမနေနဲ့။ နေပြည်တော်မှာ ဝင်အရွေးခံမယ့် ရွှေပန်းတို့ကလည်း လူတွေကို ဖုန်းတွေ အလကားပေးတယ်၊ ရန်ကုန်က အောင်သိန်းပျင်းတို့ဆိုလည်း ရှိသမျှလမ်းတွေ ပျက်ပျက် မပျက်ပျက် အကုန်ခင်းတယ်။ နယ်စွန်နယ်ဖျား၊ ရပ်ကွက်ကြို ရပ်ကွက်ကြားမှာ အရွေးခံမယ့်ကောင်တွေကလည်း နိုင်ငံတော်ပိုက်ဆံ ကိုယ့်ပိုက်ဆံ ဆိုပြီး လူတကာကို ငွေတိုးပေးတယ်။

ရုက္ခစိုး။     ။ တော်တော် တိုးတက်မှု ရှိတဲ့သဘောပေါ့။

သိန်းဂိန်။     ။ အမယ် … ကျုပ်လူတွေက လည်သဗျ။ နိုင်ငံတော်က ရန်ဘုံးငွေ … အဲလေ … ရန်ပုံငွေတွေကို သုံးချင်သလို သုံးတယ်ဆိုပေမယ့် ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်မယ်ဆိုတဲ့ ပုံစံနဲ့ သွားတာနော်။

ရုက္ခစိုး။     ။ ရှင်းစမ်းပါဦးဗျာ။

သိန်းဂိန်။     ။ ဒီလိုလေဗျာ ...။ ဥပမာ … အောင်သိန်းပျင်း ဆိုရင် နိုင်ငံတော်က ပိုက်ဆံကို သူ့အိတ်ထဲ အရင်ထည့် လိုက်တယ်။ လမ်းခင်းဖို့ လိုတဲ့ ပိုက်ဆံကိုတော့ စီးပွားရေး လုပ်ငန်းရှင်တွေဆီက လည်ပင်းညှစ်ပြီး တောင်းတယ်။ လမ်းမှာ နာမည်တပ်တော့ ကြံ့ဖွံ့နာမည်တပ်တယ်။ အဲဒီသဘောပေါ့ဗျာ။

ရုက္ခစိုး။     ။ တကယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာသုံးပြီး မဲဆွယ် စည်းရုံးရင် ပါတီဖျက်သိမ်းရမယ် မဟုတ်ဘူးလား။

သိန်းဂိန်။     ။ ဟုတ်တယ်လေဗျာ။ တခြားပါတီတွေ ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမယ့် မည်သို့ပင် ဖြစ်စေကာမူ အနိုင်ရအောင် ကြံဖန်လုပ်မယ့် ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီကတော့ လုပ်ချင်သလိုလုပ်လို့ရတယ် ဟဲဟဲ။

ရုက္ခစိုး။     ။ တော်လိုက်လေဗျာ။ ဒါနဲ့ ရေစကြိုဘက်မှာ ကြံ့ဖွံ့ မျက်စိအလကား ကုပေးတာ တော်တော်များများ အပြီးကွယ်ကုန် ကြလို့ဆို။

သိန်းဂိန်။     ။ ဟာ ကွယ်ရုံတင် ဘယ်ကမလဲ၊ ဆရာတော်တပါးဆို မျက်လုံးတောင် ထုတ်လိုက်ရတာ။ ဒါလည်း စေတနာဗျ၊ စေတနာ။ စေတနာကြောင့် မဆိုစလောက်လေး မှားသွားတာကို သိပ်ပြောကြတာပဲဗျာ။

ရုက္ခစိုး။     ။ ဗျာ … လူ ၅၀ လောက် မျက်စိ ကွယ်ကုန်တာ စေတနာကြောင့် မဆိုစလောက်လား … ရှင်းပါဦးဗျာ။

သိန်းဂိန်။     ။ အဲဒီနယ်ဘက်မှာ လူတွေက မျက်စိတိမ်စွဲတာတို့၊ မျက်ခမ်းစပ် ဖြစ်တာတို့ တော်တော်များတယ်လေ။ အဲဒါ ကျုပ်တို့ပါတီက စေတနာနဲ့ ကုပေးချင်တယ်၊ ဆရာဝန် အစစ်တွေကလည်း မလိုက်ချင်ကြဘူး၊ အဲဒါနဲ့ ရရာပေါ့ဗျာ ဒေါက်တာရမ်းကုလေးတွေ ခေါ်သွားပြီး ကုပေးလိုက်တာ ခုလို ဖြစ်ကုန်တာပဲ။ ဒါ မှားသလားဗျာ။ ပြည်ပက မီဒီယာတွေက ပိုကို ပိုလွန်းတယ်။

ရုက္ခစိုး။     ။ ဟုတ်တာပေါ့ … ဟုတ်တာပေါ့။ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်စည်းရုံးပုံကိုတော့ အမေရိကန်က နိုင်ငံရေးပါတီတွေတောင် အတုယူလောက်ပါတယ်။

ဦးရုက္ခစိုးစကားကြောင့် ဦးသိန်းဂိန် ဘဝင်လေဟပ်သွားပြီး “ယူရမယ်လေ။ ယူကို ယူရမှာ။ တကယ်တော့လည်း စည်းရုံးရေး ဆင်းတယ်ဆိုတာ တနည်းအားဖြင့် ပြောမယ်ဆိုရင် မဲဝယ်တာ၊ နောက်တနည်းက မဲသိမ်းပိုက်တာပဲဗျ” ဟု ဟန်ပါပါ ပြောလိုက်သည်။

ရုက္ခစိုး။     ။ ဗျာ … မဲဝယ်တာကတော့ ထားပါတော့၊ မဲသိမ်းပိုက်တယ်ဆိုတာ သမိုင်းမှာ တခါမှ မကြားဖူးဘူး။

သိန်းဂိန်။     ။ သမိုင်းမှာတင်မကဘူး … ခဝဲခြံမှာကော အင်းစိန်မှာကော တကမ္ဘာလုံးမှာပါ ကြားဖူးမှာ မဟုတ်ဘူး။ ဒါအသစ်ဗျ။

ရုက္ခစိုး။     ။ တမျိုးပါလား။

သိန်းဂိန်။     ။ အဟမ်း … ဒါက ဒီလိုဗျ။ တလုပ်စားဖူး သူ့ကျေးဇူးဆိုတာ သိတယ်မဟုတ်လား။ ကြံ့ဖွံ့ဆီက တခုခု ယူရင်ပဲ ဖြစ်ဖြစ်၊ ကြံ့ဖွံ့က အတင်းအကျပ် တခုခု အတင်းလုပ်ပေးတာကို လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ လက်ခံ လိုက်ရရင်ပဲ ဖြစ်ဖြစ် ဒီလူဟာ ကြံ့ဖွံ့ပါတီဝင် ဖြစ်သွားပြီ။

ရုက္ခစိုး။     ။ အဲ … တမျိုးတောင် မကပါလားဗျ။

သိန်းဂိန်။     ။ ဟုတ်ပါ့ ...။ ဥပမာဗျာ … ကြံ့ဖွံ့က ဓာတ်တိုင်တတိုင် ထောင်ပြီး မီးလင်းအောင် လုပ်ပေးလိုက်ရင် အဲဒီအလင်းရောင်ကို ရတဲ့ မည်သူမဆို … ကုန်ကုန်ပြောမယ် ... ဓာတ်တိုင်အောက်က ဖြတ်လျှောက်သွားတဲ့ ခွေးကအစ ကြံ့ဖွံ့ပါတီဝင် ဖြစ်ပြီ။

ရုက္ခစိုး။     ။ ကျုပ် … ကျုပ်ကောဟင်။

သိန်းဂိန်။     ။ ပါတာပေါ့။ ဒီ သစ်ပင်ကို ကြံ့ဖွံ့ပိုင်တယ်လို့ စာကပ်ထားတာပဲ။ ဒီသစ်ပင်အရိပ်ခိုတဲ့သူတွေ၊ ဒီသစ်ပင်ပေါ်တက်တဲ့ မျောက်တွေ၊ ရုက္ခစိုးပါမကျန် ကြံ့ဖွံ့ပါတီဝင် ဖြစ်ပြီဗျာ။

ရုက္ခစိုး။     ။ ဒါ … ဒါဆို ...။

သိန်းဂိန်။     ။ ဟုတ်တယ်။ ဒီ သစ်ပင်ပေါ်မှာ နားတဲ့ ငှက်တွေ၊ တက်တဲ့ ပုတ်သင်ညိုတို့ ရှဥ့်တို့၊ မျောက်တို့ပါမကျန် … အကောင်ပလောင် အားလုံးကော ဦးရုက္ခစိုးကော ကြံ့ဖွံ့ပါတီဝင် ဖြစ်တဲ့အတွက် ကြံ့ဖွံ့ပါတီကို မဲပေးပြီးသားဖြစ်သွားပြီ။

ဦးရုက္ခစိုး ဘာဆက်ပြောရမှန်း မသိဖြစ်သွားစဉ် … ဦးသိန်းဂိန်မှာ စာရွက်ထပ်ကြီးကို ကိုင်၍ သစ်ပင်အောက်မှ ခပ်တည်တည် ထွက်သွားပြီး လမ်းဘေးသောက်ရေအိုးစင် တစင်ရှေ့တွင် ရပ်ကာ စာရွက်တရွက်ကို ကပ်လိုက်သည်။

ထိုစာရွက်ပေါ်တွင် “ဤ သောက်ရေအိုးစင်သည် ကြံ့ဖွံ့၏ အရိပ်အာဝါသအောက်တွင် ရှိပြီး ကြံ့ဖွံ့ပိုင်ဖြစ်သောကြောင့် အရူးများ ရေခပ်မသောက်ရ” ဟု ရေးထားသည်။

ဦးသိန်းဂိန်မှာ သူကပ်ထားသည်စာရွက်ကို သူ့ဘာသာ ကျေနပ်စွာကြည့်၍ ရေတခွက်ကို အားပါတရ ခပ်သောက်၍ ပြုံးပြုံးကြီး လုပ်ကာ ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
http://www.irrawaddy.org/bur/index.php/ching-mai-nat/6-ching-mai-nat/4236-2010-10-06-12-49-50

သခင်အုန်းမြင့် အောင့်မေ့ ဂုဏ်ပြုအခန်းအနား D.C တွင်ကျင်းပ

          အဘ သခင်အုန်းမြင့် အား အောင့်မေ့ ဂုဏ်ပြု အခန်းအနား တရပ်ကို အောက်တိုဘာလ ( ၃ ) ရက်နေ့၌ အမေရိကန်ပြည်ထောင်စု ၊ ၀ါရှင်တန် ရှိ မေရီလင်း ပြည်နယ် ၊ Rockville city ရှိ ၊ community recreation center ခန်းမတွင် ၊ နေ့လည် (၂ )နာရီမှ ၅ နာရီ ခွဲထိ စည်ကားစွာ ကျင်းပခဲ့ကြသည် ။ အဆိုပါ အခန်းအနားသို့ ဆရာကြီးမောင်စွမ်းရည် ၊ ဆရာကြီးဦးဝင်းဖေ အပါအ၀င် Fort Wayne ၊ Buffalo ၊ North Carolina ၊ Virginia ၊ New York ၊ Boston ပြည်နယ်များမှ အဘ သခင်အုန်းမြင့်အား ကြည်ညိုလေးစားချစ်ခင်သူ ဒီမိုကရေစီအင်အားစု စုစုပေါင်း ၁၅၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည် ။ လာရောက်သူများအား မြန်မာမုန့်မျိုးစုံနှင့် လ္ဘက်ရည် ၊ အအေးတို့ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည် ။



အမျိုးသားဒီမိုကရေစီအအဖွဲ.ချုပ် (၂၂)နှစ်မြောက် အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ.၀င် ဟံသာဝတီ ဦးဝင်းတင်၏ ပြောကြားချက်များမှ ကောက်နုတ်ချက်

read here
http://www.mediafire.com/file/za54qswhcsvrn9r/U%20Win%20Tim%20BookV2.pdf

U Win Tim BookV2

SYCB monthly Bulletin for September(Vol.4, Issue-44)

http://xa.yimg.com/kq/groups/20354587/1028376279/name/SYCB%20monthly%20Bulletin%20for%20September%28Vol-4%2C%20Issue-44%29.pd
http://www.mediafire.com/file/qyh12he6j7tku5p/SYCB%20monthly%20Bulletin%20for%20September%28Vol-4%2C%20Issue-44%29.pdf
SYCB Monthly Bulletin for September(Vol-4, Issue-44)

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင် သပိတ်မှောက်ရေးလှုပ်ရှားမှု အရှိန်မြင့်လာ


ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင် သပိတ်မှောက်ရေးလှုပ်ရှားမှု အရှိန်မြင့်လာ

 
မိုးမိုးကျော် (Arakan Review)
အောက်တိုဘာလ (၈) ရက်၊ ၂၀၁၀။
နအဖ စစ်အစိုးရ၏ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းမည့် (၂၀၁၀) ရွေးကောက်ပွဲကျင်းပရက် နီးလာသည်နှင့်အမျှ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုပ်ရှားမှုများလည်း တစ်နေ့ထက် တစ်နေ့ ပိုမို အရှိန်မြှင့် ဆောင်ရွက် လာကြကြောင်း တွေ့ရှိလာရသည်။ ယခင်လများက မာန်အောင်၊ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော စသော ရခိုင်ပြည်နယ်ရှိ မြို့နယ် အတော် များများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး NO Campaign များကို ပြုလုပ်ခဲ့ကြပြီး အခုအခါ တောင်ကုတ်၊ မအီ မြို့နယ်များရှိ ကျေးရွာပေါင်း အနည်းဆုံး (၁၂) ရွာတွင် ယနေ့ နံနက်ပိုင်းက (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် (၂၀၁၀) ရွေးကောက်ပွဲကို သပိတ်မှောက်ကြ စာတမ်းပါသော ပိုစတာများကို တက်ကြွလှုပ်ရှားသူများက ကပ်ထားခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ပိုစတာကပ် လှုပ်ရှားမှုနှင့် ပတ်သက်၍ ပါဝင် ဆောင်ရွက်ခဲ့သူတစ်ဦးက Arakan Review သို့ အခုလို ရှင်းပြခဲ့သည်။
“လာမယ့် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမယ့် ရွေးကောက်ပွဲကို အားလုံးက သပိတ်မှောက်ကြဖို့ ရွေးကောက်ပွဲ တလအလို ဒီနေ့ မှာ တောင်ကုတ၊် မအီမြို့ (၂) မြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း (၁၂) ရွာတွင် ပိုစတာ တစ်ထောင်လောက် ကပ်ခဲ့ကြတာ ဖြစ်တယ်။ ကျေးလက် တောရွာထိ လုပ်ရတာက လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် နအဖရဲ့ ရွေးကောက်ပွဲကို ဆန့် ကျင် သပိတ်မှောက်ကြဖို့ ရည်ရွယ်တာပါ။ နောက်ပြီး တောင်ကုတ်မြို့နယ်နဲ့ မအီမြို့နယ်ကို ဘာလို့ ပေါင်းလုပ် ရလဲဆိုရင် ဒီမြို့နယ် (၂) ခု ပေါင်းမှ မဲဆန္ဒနယ် တစ်ခုတည်း သတ်မှတ်ထားလို့ပဲ။ နောက်တခုက တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ဖွံ့နဲ့ တစညပါတီကလွဲလို့တခြား ဘယ်ပါတီမှမရှိတော့ သပိတ်မှောက်တဲ့အခါ မျက်နှာပူစရာ မလိုတော့ဘူး။ ကျနော်တို့ က (၂၀၀၈) ဖွဲ့ စည်းပုံကို လုံးဝဆန့် ကျင်ခဲ့တယ်။ ဒီသေမင်းတမန် ဖွဲ့ စည်းပုံကို အသက်သွင်းမယ့် (၂၀၁၀) ရွေးကောက်ပွဲကို ဘယ်နည်းနဲ့မှ အသိအမှတ်မပြုနိုင်ဘူး။  ကိုယ့်အန်ဖတ်ကို ကိုယ် ပြန် ကောက်မစားနိုင်ဘူး။ အဲ… နအဖက ရွေးကောက်ပွဲနဲ့ အဓမ္မ လုပ်သွားလည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်လာတဲ့အထိ  တောက်လျှောက် ဆက်တိုက်နေရမှာပဲ။ တောင်ကုတ် ပြည်သူလူထု အားလုံးကို နိုင်ငံရေးသမားတွေ ဖြစ်လာအောင် နအဖ ကိုယ်တိုင်က ဖန်တီးခဲ့တာပဲဗျ။” ဟု ပြောပြသည်။
တက်ကြွ လှုပ်ရှားသူများသည် တောင်ကုတ်မြို့နယ်မှ မြို့ပေါ် ကျေးရွာများအပါအ၀င် ကိုင်းရှည်၊ ရန်မျော၊ ကင်းတောင်၊ ရွာမ၊ ရွှေပြည်သာ၊ ကျောက်ဆိပ်တောင်၊ မြို့တောင်၊ သက္ကယ်ကျွန်းစသော ကျေးရွာများ၊ မအီမြို့နယ်မှ မြို့ပေါ် ကျေးရွာများအပြင် လမူးမော်ရွာ၊ ဘူးရွှေမော်၊ ကျော်ကိုင်း၊ ဆားပြင် စသော ကျေးရွာများတွင်လည်း (၂၀၁၀) ရွေးကောက်ပွဲ သပိတ်မှောက်ရေး ပိုစတာများကို ကပ်ခဲ့ကြသည်ဟု သိရှိရသည်။ သက်ဆိုင်ရာ အာဏာပိုင်များက နံနက် (၉) နာရီခန့်တွင်မှသာ ရောက်ရှိလာပြီး လိုက်ခွာခဲ့ကြရသည်ဟု ဆိုသည်။ အဆိုပါ ပိုစတာကပ်  ရွေးကောက်ပွဲ ဆန့်ကျင် လှုပ်ရှားမှုကြောင့် လိုက်လံ ဖမ်းဆီး၊ စစ်ဆေးမှုများ မရှိသေးကြောင်းလည်း အဆိုပါ တက်ကြွလှုပ်ရှားသူက ပြောကြားခဲ့သည်။

သူက ဆက်ပြီးပြောသည်မှာ “လာမယ့် ရွေးကောက်ပွဲမှာ တောင်ကုတ် မဲဆန္ဒနယ် ပြည်သူလူထုရဲ့ ဆန္ဒမဲ လုံးဝမရဘဲ ဖြစ်သွားအောင် ဆက်ပြီး အရှိန်မြှင့် လုပ်ဆောင်သွားဖို့ ရှိတယ်။ ရွေးကောက်ပွဲကိုလည်းစောင့် ကြည့်ဖို့ ပြင်ဆင်ထားတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းမှာလဲ NLD အဖွဲ့ဝင် တချို့ကိုလည်း ချန်လှန်ထားတာ တွေ့ရတယ်” ဟု ပြောသွားခဲ့သည်။
တောင်ကုတ်မြို့နယ်မှ ပြည်သူလူထုအချို့ကို လက်လှမ်းမှီသလောက် Arakan Review မှ စုံစမ်း မေးမြန်းကြည့်ရာ အများစုက ရွေးကောက်ပွဲ နေ့ရက်တွင် မဲ ပေးမည်မဟုတ်ဟု ဖြေကြားကြပြီး အကယ်၍ သူတို့ကို နအဖအနေဖြင့် ဖိအားပေးပြီး မဲရုံကိုသွားခိုင်းပြီး မဲပေးခိုင်းလျှင် ရွေးကောက်ပွဲမှ တဆင့် လူထု ဆန္ဒပြပွဲဖြစ်လာအောင် လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြကြောင်း သိရှိရသည်။
တောင်ကုတ်မြို့ ပြည်သူလူထုက ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်ရေး လမ်းကြောင်းကို ရွေးချယ် ထားသောကြောင့် တစညပါတီနှင့် ကြံ့ဖွံ့ ပါတီများမှ အပ အခြား မည့်သည့်ပါတီကမျှ တောင်ကုတ် မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက် အရွေး မခံကြကြောင်း သိရှိရသည်။
တောင်ကုတ်မြို့သည် စစ်အစိုးရအား ဆန့်ကျင်သည့် လှုပ်ရှားမှုများ မကြာမကြာ ဖြစ်ပွားလေ့ရှိပြီး စစ်အစိုးရ အထူးစောင့်ကြည့်ခံရသော မြို့နယ်တခုဖြစ်ကာ မြန်မာနိုင်ငံရှိ နိုင်ငံရေးအရ နှိုးကြားတက်ကြွဆုံး မြို့နယ်များတွင် တခုအပါအ၀င် ဖြစ်သည်။
http://arakanreview.net/?p=2206

အာဏာရှင်တွေ၏ ယုတ်မာ ကောက်ကျစ်သော အကြံဆိုးကို အားလုံး နားလည်စေချင်

အာဏာရှင်တွေ၏ ယုတ်မာ ကောက်ကျစ်သော အကြံဆိုးကို အားလုံး နားလည်စေချင်သောကြောင့် ဖြန့်ဝေ ပေးလိုက်ပါသည် ။
အာဏာရှင်တို့သည် သူတို့အား အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုမှ တရားဝင် အပ်နှင်းရန် အလိုရှိသောကြောင့် အရေခွံလဲပွဲကို ကျင်းပခြင်းဖြစ်သည် ။ မြန်မာနိုင်ငံသားများ ဗိုလ်ချုပ်အောင်ဆန်း၏ ရင်သွေးလည်းဖြစ် ၊ မြန်မာနိုင်ငံအား စစ်မှန်သော ဒီမိုကရေစီ စနစ်ကိုဖော် ဆောင်ပေးမည့်
ဒေါ်အောင်ဆန်းစုကြည်ကို လည်းလွန်စွာ မုန်းတီးလျှက် ရှိသော ကြောင့် NLD ပါတီကို ဖျက်စီးရန် အမျိုးမျိုး ကြိုးစားလျှက် ရှိပေသည် ။
ထို့ကြောင့် NLD ပါတီဝင်များထဲမှ ကိုယ်ကြိုးရှာ နိုင်ငံရေး သမားများကို စည်းရုံးကာ ပါတီခွဲထောင်ရန် နောက်ကွယ်မှ ထောက်ပံ့ပေး၍ ကြိုးကိုင်လျှက်ရှိပါသည် ။ ယခု အစိုးရ၏ ရွေးကောက်ပွဲသည် အတု အယောင် ရွေးကောက်ပွဲ ဖြစ်သည်သာ မက ရွေးကောက်ပွဲဝင် ပါတီများ၏ နောက်ကွယ်တွင် စစ်အစိုးရ နှင့် လျှို့ဝှက်ဆက်သွယ်၍ မြန်မာ တမျိုးသားလုံးကို ကျွန်အဖြစ် သွတ်သွင်းရန် ကြံစည်လျှက်ရှိပါသည် ။
ထိုရွေးကောက်ပွဲကို လက်ခံလိုက်ခြင်းသည် သင့်ကိုယ်သင် ကျွန်အဖြစ် အသိအမှတ်ပြု လက်မှတ်ထိုး လိုက်ခြင်းနှင့် တူတူပင်ဖြစ်သည် ။
ထို့ကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင်ရမည် ။ ရွေးကောက်ပွဲ ဆန့်ကျင်ခြင်းသည် လမ်းဆုံးမဟုတ် ၊ သို့သော် ဒီမိုကရေစနစ်၏ လမ်းစပင်ဖြစ်သည် ။
တရားမျှတ၍ လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ရောက်ရှိလိုပါလျှင် တရားမျှတမှု မရှိသော ယခု ရွေးကောက်ပွဲကို အရင်ဆုံးဆန့်ကျင်ကြပါ လေးစားစွာ တိုက်တွန်းပြောကြားလိုပါတယ် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

http://www.mediafire.com/file/9idp9juu31wq7hn/outside%20training%20info.pdf
Outside Training Info

ရဲရင့်ငယ်ဂျီမေးလ်အားဖေါက်ထွင်းဝင်ရောက်ရန်ကြိုးစား...