Saturday, October 9, 2010
မနက်ဖန် ၁၀ သုံးလုံး အဖြူရောင်လှုပ်ရှားမူမှသည် ကြားဖြတ်အစိုးရဖွဲ့ စည်းရေးသို့ 
အမှတ်ရသောအဖြစ်အပျက် သေသေချာချာ တခုရှိခဲ့ပါသည်။ ယင်းမှာ ရှစ်လေးလုံးနေ့ ဖြစ်သည်။ ၈-၈-၁၉၈၈ နေ့ သည် မဆလစစ်အစိုးရကို ဖြုတ်ချနိုင်ခဲ့ သော နေ့ထူးနေ့ မြတ်ဖြစ်သည်။ သို့ သော်ကံတရားသည် မြန်မာနိုင်ငံသားမျာ့း အပေါ် မျက်နှာသာ မပေးခဲ့ ။ ဒုတိယအကြိမ်အဖြစ် ၁၀ သုံးလုံးနေ့  ကျရောက်လာပါပြီ။ ၁၀-၁၀-၂၀၁၀ နေ့ သည် ယခင်မဆလကို ဖြုတ်ချနိုင်သော ရှစ်လေးလုံးနေ့လို့  အစပျိုး၍ နအဖစစ်အစိုးရကို မဖြုတ်ချနိုင်သလားဆိုသည်ကို မေးခွန်းတွေ မြောက်များစွာ မေးကြည့်မိပါသည်။ လွန်ခဲ့ သောအနှစ်ဆယ်ကျော်ကာလသည် ဟောင်းနွမ်းစုတ်ပြတ်သော ဆက်သွယ်ရေးလမ်းကြောင်းများ ကင်းမဲ့သည့်ကာလဖြစ်သည်။ တောင်မှအော်၍ မြောက်မှမကြား ၊ မြောက်မှအော်၍ တောင်မှ မသိ ဆိုသော အခြေအေနများဖြစ်သည်။ ယခုတော့ဖြင့် သည်လိုမဟုတ်တော့။ ကမ္ဘာကြီးသည် ရွာကလေးတရွာဖြစ်သွားပါပြီ။ ၈၈ ခုနှစ်က အာဏာသိမ်းခဲ့ သော ဗိုလ်ချုပ်မှူးကြီးစောမောင်က အရက်သောက်ပြီး ဖြစ်ချင်တိုင်းဖြစ်နေသည်ကို ယင်းအချိန်က မည်သူမျှ မသိခဲ့ ရ။ ယခုအချိန်မှာ စစ်အုပ်စုမှ ဘာတွေလုပ်နေသည်ကို လူထုတွေက သိလာနေကြပါပြီ။ သူတို့ အထဲမှ နေပြည်တော်က ဖေါက်သည်ချနေသော စစ်ဗိုလ်ဂျူနီယာသမားတွေလည်း ပြည်ပမီဒီယာသမားတွေကို သတင်းတွေပေးလာနေကြပါပြီ။
နအဖစစ်အုပ်စုကို လူ့အခွင့်အရေးချိုးဖေါက်မူများနှင့် ပါတ်သက်၍ ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့ စည်းရန် နိုင်ငံပေါင်း ၁၃ နိုင်ငံ သဘောတူကြောင်းကြေညာကြပါပြီ။ ယင်းမှာကောင်းသောလက္ခဏာဟု ပြောဆိုနိုင်သော်လည်း အခြားသောနိုင်ငံများက မည်သည့်အတွက်ကြောင့် မပါဝင် ၊ သဘောမတူရသေးသနည်း၊ ကျွန်တော်တို့ လေ့လာဆန်းစစ်ရန် လိုလာပါသည်။ ရှေးဦးစွာ ယင်းကျန်ရှိနေသေးသောနိုင်ငံများအား ချဉ်းကပ်ရန် ကျွန်တော်တို့ဖက်က အချိန်လုံလောက်စွာ မရှိခဲ့ ခြင်းလား၊ သို့ တည်းမဟုတ် လူအင်အားမရှိခဲ့ ခြင်းလား ၊ တွေးကြည့်ရန်လိုလာချိန်ဖြစ်သည်။ စစ်အစိုးရ၏အုပ်စုမှာ အင်အားကျစ်လစ်ခိုင်မာသည်ကို သိထားရန်လိုပါသည်။ သူတို့ အတွက် ကြားခံအိမ်နီးချင်း စီးပွါးဖက်နို်င်ငံရှိနေပါသည်။ ကြားပွဲစား နိုင်ငံခြားသား လွှတ်တော်အမတ်များ၊ သတင်းစာဆရာများ ၊ ကြားပွဲစား မြန်မာနိုင်ငံသားနှင့် မီဒီယာသမားတွေ ရှိနေပါသည်။ ဥပမောအားဖြင့် တရုပ်နိုင်ငံ၊အိန္ဒိယ.နိုင်ငံ၊ အာဆီယံနိုင်ငံတို့ မှာ ပုလင်းတူဘူးဆို့  နိုင်ငံများဖြစ်သည်။ ကျွန်တော်တို့ မည်သို့ ပင်ပြောပြောဆိုဆို အာဆီယံသည် နောက်ပိုင်းတွင် အဖျားရှူးသွားစမြဲဖြစ်သည်။
ကမ္ဘာကြီးသည် မြန်မာနိုင်ငံကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်မည်သို့ မျှ မပြုလုပ်ဆောင်နိုင်သေးကြောင့် ယခုအချိန်၌ လက်တွေ့ ဖြစ်နေကြရပါပြီ။ သို့ သော် ကောက်ရိုးမျင်ကလေးတမျှင် ရရှိလာနေသည်ကိုတော့ မြင်တွေ့ 
နေရပါပြီ။ ယင်းမှာ ကုလသမဂ္ဂမှာ ရာဇ၀တ်ကောင်တွေကို စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့ ဖွဲ့ စည်းရန် ကုလဆိုင်ရာလူ့ အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်တော်ဟောင်းများကပါ ကြေညာပေးလာကြပါသည်။ အကယ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စည်းဖြစ်လာသည်ဆိုလျင် မြန်မာနိုငငံသားတို့ အနေဖြင့် စစ်အုပ်စုမှ ဖိနှိပ်ညှင်းပမ်းနှိပ်စက်မူတို့ မှ ကင်းလွပ်ခြင်း ရရှိသွားမည်ဖြစ်ပါသည်။ တနည်းအားဖြင့် စစ်အုပ်စုစု၏ စစ်အာဏာရှင်စနစ်မှာ လုံးပါးပါးသွားစေမည်ဖြစ်သည်။ သည်လိုဆိုလျင် ကျွန်တော်တို့ မှာ စဉ်းစားစရာဖြစ်လာပါသည်။ ယခင်နှစ်များက စစ်အစိုးရမှ လူမဆန်စွာဖိနှိပ် ညှင်းပမ်း သတ်ဖြတ်မူတို့ ကို စုံစမ်းမည်ဆိုသည့်အတွက် ယခုအချိန်တွင်မူ ယင်းသို့ ဖိနှိပ်ညှင်းပမ်းခြင်းများ မရှိလာနိုင်ဟု ယေဘူယျပြောနိုင်စရာဖြစ်ပါသည်။
သို့ ဆိုလျင် ကျွန်တော်တို့ တခုခု ပြောစရာမရှိပေဘူးလား။ တွေ့ ဖူးနေကြ စကားလုံးတွေကို သတိထားမိပါသည်။ ပြည်ပကနိုင်ငံရေးသမားတွေက ဟိုလိုလုပ်ပါ ၊ ဒီလိုလုပ်ပါဆိုပြီး ပြည်တွင်းကလူတွေကို ခိုင်းလို့ ကောလုပ်ကြမှာတဲ့ လား ။ ပြည်တွင်းကပုဂ္ဂိုလ်များ လုပ်လိုက်ကြ၍ ထောင်ကျခံရသည်။ သူတို့ ကျတော့ ဒေါ်လာစားပြီး နေကြသည်ဟု ဆိုသောစကားများမှာ အမြဲကြားနေရပါသည်။ တချို့ သောသူတို့ မှာ ဒေါ်လာတွေအကြံအဖန်စား၍ မှန်ချင်မှန်နေမည်ဖြစ်သော်လည်း ကျွန်တော်တို့ အပါအ၀င် တော်တော်များများတို့ မှာ အကြံအဖန်မရရှိ။ မခံစားကြရကြောင်း ပြောချင်ပါသည်။ အထူးသဖြင့် ယခုကဲ့သို့ ပြောဆိုခြင်း ထောက်ပြခြင်း ၊ ဝေဖန်တွက်ချက်ခြင်းတို့ မှာ ပြည်တွင်းမှအခြေအနေများဖြင့်သာ ပြောင်းလဲသွားစေမည့် အချက်အလက်များကို အခြေခံသောကြောင့်သာ ပြောဆိုခြင်းဖြစ်ပါသည်။ ထို့ ကြောင့် လက်မခံနိုင်သော သူများက အေးအေးဆေးဆေး နေနိုင်ကြစေလိုပါသည်။ မနေနိုင်သောသူများက ထ၍လုပ်ကြရန်အတွက်သာ ဝေဖန်ပိုင်းခြားပြခြင်းဖြစ်ပါသည်။
စစ်အစိုးရဖြုတ်ချရေးအတွက် ယခုအချိန်မှာ အထူးအရေးကြီးနေပါသည်။ တလခန့် သာရှိနေသော ယခုအချိန်ကာလမှာ မည်ကဲ့ သို့ ၂၀၁၀ ရွေးကောက်ပွဲကာလကို ရင်ဆိုင်သွားမည်နည်းဟု စဉ်းစားဆောင်ရွက်ရန်သာ ရှိနေပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးမှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားလွ့ပ်မြောက်ရေးအတွက် တောင်းဆိုနေပါသည်။ သို့ သော် ရွေးကောက်ပွဲတွင် တရားမျှတရေးနှင့် လူပေါင်းစုံပါဝင်စေရေးဆိုပြီး ပြောဆိုနေပါသည်။ သူပြောသည်မှာ တဦးတည်းအာဘ်ာမဟုတ်။ ကုလသမဂ္ဂကိုကိုယ်စားပြုနေပါသည်။ နိုင်ငံရေးအကျဉ်းသားလွပ်မြောက်ရေးကို လက်ခံနိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပြောသောစကားမှာ ကျွန်တော့် တို့ အနေဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုခံရသွားခြင်းဖြစ်သည်။ ထို့ ကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၏စကားကို ဆန့် ကျင်ရမည်ဖြစ်သည်။ လက်မခံကြောင်း ပြောဆိုရမည်ဖြစ်သည်။ အထူးသဖြင့် ယခုအချိန်တွင် ဤကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံနေသော နိုင်ငံတကာအစိုးရကို ကန့်ကွက် ရှုတ်ချရမည်ဖြစ်ပါသည်။
ကောင်းပါပြီ၊ မည်သို့ ဆန့် ကျင်ကြရပါမည်နည်း။ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုရေးအတွက် ကုလသမဂ္ဂမှလည်း သိရှိစေရန် နှင့် နအဖစစ်အုပ်စုမှလည်း သိရှိစေရန် ယခုအချိန်တွင် တချိန်တည်း ဆန္ဒသဘောထားအမှန်ကို ထုတ်ဖေါ်ပြရပါတော့မည်။ သွေးတပေါက်မျှမကျဘဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြင့် နအဖစစ်အစိုးရပြုတ်ကျသွားစေရမည်ဖြစ်သည်။ ယင်းမှာကျွန်တော်တို့ ညီညွတ်ဖို့ လိုပါသည်။ စည်းကမ်းရှိဖို့ လိုပါသည်။
မနက်ဖန်သည် ရာဇ၀င်သမိုင်းအကွေ့ တွင် နေ့ ထူးနေ့ မြတ်ဖြစ်ပါသည်။ ယင်းနေ့ ထူးနေ့ မြတ်မှာ သူရဲကောင်းများစွာတို့ ပေါက်ဖွါးနိုင်ပါသည်။ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ဤခရီးနီးသွားနိုင်ပါသည်။ ထိုင်နေသည်ထက် တခုခုကို လုပ်ပြလိုက်ခြင်းအားဖြင့် သိသာနိုင်ပါလိမ့်မည်။ အလုပ်လုပ်သောအခါ၌ အချိန်ဇယားနှင့် တိကျစေသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ဆောင်ရန် နည်းဗျူဟာများသာလိုပါသည်။ ယခုနည်းဗျူဟာများမှာ သိမ်မွေ့ သောနည်းဗျူဟာ များဖြစ်သည်။ စင်စစ် အဖြူရောင်အ၀တ်အစားများကို ၀တ်ဆင်သွားခြင်းမှာ ထူးခြားသည်မဟုတ်။ လူတိုင်းလိုလို ၀တတ်စားဆင်ယင်သွားနိုင်ပါသည်။ ထို့ ကြောင့် မနက်ဖန်တွင် ၀တ်ဖြူစင်ကြယ်များကို ၀တ်ဆင်ရန် တိုက်တွန်းရခြင်းဖြစ်ပါသည်။
လူတိုင်းတွင် အဖြူရောင်ရှပ်လက်ရှည်များရှိသည်။ ကျောင်းသားကျောင်းသူများတွင် ရှပ်လက်ရှည်အဖြူများ ၀တ်၍ကျောင်းတက်ရသည်။ သည်တော့ ခါတိုင်းလိုပင် အ၀တ်ဖြူမျာကို ၀တ်ဆင်ပြီး လမ်းသွားလမ်းလာနေပေးကြရန် လိုပါသည်။ ဘုရားကျောင်းကန်များတွက် ခိုဖြူများကို မိမိတို့ ဘေးမဲ့ သက်ရှင်လွှတ်ကာ အလှူအဒန်းပြုလုပ်နိုင်ပါသည်။ မိမိတို့ အိမ်ရှေ့တွင် အ၀တ်ဖြူများကို နေပူစာလှမ်းရင်း ထားနိုင်ပါသည်။ ဤအချက်များသည် ၁၀ သုံးလုံးနေ့ ကို
ကိုယ်စားပြုသော လှုပ်ရှားမူကြီးဖြစ်သည်။ ပြည်လုံးဆိုင်ရာလှုပ်ရှားမူကြီးအတွက် အဖြူရောင်လှုပ်ရှားမူမှာ အန္တရယ်မရှိ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ အနေဖြင့် ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးကို လိုချင်ပါသည်ဟု အဓိပ္ပါယ်ကောက်ယူဖွင့်ဆိုပြကြပါမည်။ ပြီးတော့ ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံကြောင်း သိစေအပ်ခြင်းလည်း ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုကြောင်း ကြေညာခြင်းဖြစ်ပါသည်။ သို့ သော် ပြည်သူတရပ်လုံးမှာ မနက်ဖန်တွင် မည်သို့ မျ ယင်းအကြောင်းများကို စကားပြောစရာမလိုအပ်ပါ။ နုတ်မှကြွေးကြော်ရန်မလို။ ယုတ်စွာအဆုံး စာရွက်စာတမ်းများလည်း ဖြန့့် ချီစရာလည်းမလို။
ကျွန်တော်တို့ လိုလားသည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ငြိမ်းချမ်းစွာ အဖြူရောင်ဝတ်စားဆင်မူတခုတည်းသာဖြစ်သည်။ မည်သူမျှအန္တရယ် မဖြစ်စေလို။ လူတိုင်းပါဝင် လူတိုင်းဆန္ဒပြနိုင်သောနည်းလမ်းဗျူဟာကို ကျင့်သုံးစေခြင်းဖြစ်သည်။ သည်တော့ ကျွန်တော်တို့ တိုက်ပွဲသည် နိုင်ငံတကာ၏မျက်နှာစာတွင် ထောက်ခံမူကို အမှန်တကယ် ရရှိစေသွားမည်ဖြစ်သည်။ အကြောင်းမှာ ဤအဖြူရောင်လှုပ်ရှားမူသည် အထွေထွေသပိတ်ခေါ်ယူရေးအတွက် အစပျိုးလုပ်ဆောင်သော နည်းလမ်းဗျူဟာအစိတ်အပိုင်းတခုဖြစ်သည်။ အထွေထွေသပိတ်ခေါ်ယူနိုင်ရန် ပြည်လုံးဆိုင်ရာ သပိတ်ကော်မီတီကို ခေါ်ယူနိုင်ရေးအတွက် ပြည်လုံးဆိုင်ရာအဖွဲ့ အစည်းများကို အကြောင်းကြားအသိပေးထား၍
ရှေးဦးစွာဖွဲ့ စည်းသွားမည်ဖြစ်သည်။ သပိတ်ကော်မီတီဖွဲ့စည်းပြီးသည်ဆိုလျင် အထွေထွေသပိတ်မှာ မြန်မာနိုင်ငံအတွင်း အောက်တိုဘာလ အတွင်းမှာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ အောက်တိုဘာတော်လှန်ရေးသည် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကာလဖြစ်သည်။ ဤသို့ ပြောင်းလဲရေးအတွက် ရှစ်လေးလုံးနေ့ သည် မွေးဖွါးခဲ့ပြီးဖြစ်သည်။ ဒုတိယအကြိမ်ပြန်လည်ရှင်သန်မွေးဖွါးလာသော ၁၀ သုံးလုံးနေ့တွင်ကား ကမ္ဘာကြီးမှာ ရွာကလေးသဘွယ်ဆက်သွယ်ရေးလမ်းကြောင်းမှာ ရှိနေသောအချိန်ဖြစ်နေပြီ။ တောင်မှအော်၍ မြောက်က ကြားရပြီ။ မြောက်ကအော်၍ တောင်မှ ကြားရပြီး၊ အရပ်လေးမျာက်နှာတွင် မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားရေးသမားများသည် ညီညွတ်စွာရှိနေကြလျှင် အဖြူရောင်လှုပ်ရှားရေးသည် လုံးဝအောင်မြင်သွားရမည်ဖြစ်သည်။ အကြောင်းမှာ အဖြူရောင်လှုပ်ရှားမူမှသည် ကြားဖြတ်အစိုးရဖွဲ့စည်းသွားရေးအထိ ဆောင်ရွက်သွားကြရန် ရည်ရွယ်ကြသောကြောင့်ဖြစ်သည်။
ကျွန်တော်တို့ မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးရေးကို အဖက်လုပ်ပြီး စကားပြောရန်အချိန်မရတော့။ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုသောကြောင့် ယင်းကာလအထိ စောင့်ဆိုင်းစရာလည်းမလို။
အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မဲမပေးရေး တိုင်းနှင်ပြည်နယ်အနှံ့ ဟောပြောနေပါသည်။ အခြားတဖက်မှာ ရွေးကောက်ပွဲဝင်မည့်သူများက မဲဆွယ်စည်းရုံးနေကြ ပြောဆိုနေကြပါသည်။ သူတို့ ၏ကြားမှာပြည်သူအမျာ့းေ၀၀ါးနေကြပါပြီ။ နအဖစစ်အစိုးရမှာ နေပြည်တော်၌ အေးအေးဆေးဆေး စောင့်ကြည့်နေသည့်အချိန်ဖြစ်သည်။ ယင်းအချိန်မျိုးတွင် ကျွန်တော်တို့ က ဤပွဲ၌ မပါဝင်လိုတော့။ နအဖစစ်အစိုးရအား ဖြုတ်ချရန်အတွက် နေပြည်တော်သို့  ရောက်သွားနိုင်သော ကျွန်တော်တို့ ၏အသံကို ကြားသိစေလိုပါသည်။ မဲပေးရေးနှင့် မဲမပေးရေးအသံကို နအဖသည် ဂရုမစိုက်။ သူ့ ကိုမထိခိုက်။ ကုလသမဂ္ဂမှလည်း ရွေးကောက်ပွဲကို တရားမျတစမ်းပါဆိုပြီး ပြေနေပါသေးသည်။ ထို့ ကြောင့် ကျွန်တော်တို့ အသံကို နအဖစစ်အစိုးရကြားသိစေရန် လိုပါသည်။ ကျွန်တော်တို့ ၏အသံသည် နအဖစစ်အစိုးရကို ဖြုတ်ချရေးဖြစ်သည်ဆိုသောအသံ ဖြစ်သည်။ စစ်အာဏာရှင်စံနစ်ဖယ်ရှားရေးဆိုသော အသံဖြစ်သည်။ ဤအသံကို နေပြည်တော်မှ မိစ္ဆာာကောင်သန်းရွှေမည်သို့ မျ ကြားချင်သိချင် နားထောင်ချင်နိုင်မည်မဟုတ်။ ကျွန်တော်တို့ ၏အသံမှာ ရာဇသံဖြစ်နေပါလိမ့မည်။ ကြုံးဝါးသံဖြစ်နေပါလိမ့်မည်။
အဖြူရောင်လှုပ်ရှားမူသည် ကြားဖြတ်အစိုးရဖွဲ့စည်းရေးဖြစ်သည်။ ထို့ ကြောင့် ၁၀-၁၀-၂၀၁၀ နေ့ သည် အောက်တိုဘာတော်လှန်ရေးနေ့ အစဖြစ်သည်။ ဤနေ့ မှစ၍ ကျွန်ုပ်တို့ ၏ သူရဲကောင်းများဖြင့်
ငြိမ်းချမ်းစွာ ပြည်သူများက လက်ချင်းဆက်ကာ အဖြူရောင်ဆန္ဒပြမူကို သရုပ်ဖေါ်ဆောင်၇ွက်ပေးကြပါဟု တိုက်တွန်းလိုက်ရပါကြောင်း။
ခိုင်အောင်ကျော် ( နယူးယောက် )
သုံးရောင်ခြယ်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ကြေငြာချက်
Tri Colour Statement
2010 နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ချာတာ၂၀ဝ၈
2010 Nobel Peace Laureate
FROM...
http://arakanforward.blogspot.com/
9 Oct 2010 ဒိုင်ယာရီ
http://www.mediafire.com/file/jg3yzcqz9ckjchl/9%20%20October%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/dwkw1lhxgwba2va/9%20%20October%202010%20yeyintnge%27s%20Diary.pdf
9 October 2010 Yeyintnge's Diary
Burma, Buddhism and Non-Violent Revolt ...An event at the University of Toronto
http://cc4fb.org/wp-content/uploads/2010/09/burma-Oct-18.pdf
Burma, Buddhism and Non-Violent Revolt
Presented by Centre of Gravity
Monday, October 18, 7pm
Peace Lounge
Ontario Inst. for Studies in Education
University of Toronto
252 Bloor St. West, 7th Floor
View the flyer
The Saffron Revolution of September 2007 has changed Burma’s history forever and placed Buddhist monks and nuns quite literally in the front ranks of peaceful resistance to Burma’s brutal and illegitimate dictatorship. This evening will focus on the way Loving-Kindness and other non-violent means were used to meet the brutality of Burma’s dictatorship. “Our spiritual message is to bring about a clear, more compassionate way and more harmonious relationship within all aspects of life in the country.”
For Buddhist monks and nuns, turning their begging bowls upside down indicates their refusal to accept alms from the ruthless rulers and their servants. This follows a tradition established in the time of the Buddha by which monastic law allows monks to rebuke those who behave against “Dharma” (Buddhist Law).
In Burma’s Buddhist society, monks are highly respected, because they are disciples of Buddha who taught universal loving kindness, wisdom, peace and compassion. But we monks are facing many challenges at this critical moment in history.
Thousands of Buddhist monks and nuns who were praying for peace were brutally attacked on the streets of Rangoon and other cities in September 2007. Burma’s regime committed these atrocities in full view of the world.
burma-Oct-18
အာဏာရှင် တို့ ရဲ့ ဖက်ရှင်
သီရိထက် ၊             ၊Foreign Policy မဂ္ဂဇင်း ကနေ ထုတ်နှုတ် တင်ပြထားတဲ့ ညိုမှောင်မှောင်၊စိမ်းဖန့် ဖန့် ဝတ်ထားတဲ့ မိစ္ဆာ (The Devil Wears Taupe) ဆိုတဲ့ ကဏ္ဍဖြစ်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီရဲ့ လူသိများတဲ့ ဖက်ရှင်ဖြစ်ပါတယ်
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့ ဖက်ရှင်ဖြစ်ပါတယ်
တိုင်းပြည်ကို နောက်ကွယ်ကနေ ကြိုးကိုင်ဆဲဖြစ်တဲ့ ကျူးဘားခေါင်းဆောင် ဖီဒယ်ကတ်စထရို ရဲ့ ဖက်ရှင်ဖြစ်ပါတယ်။အာဏာရှင်တွေ ထဲမှာ သူ့ ဖက်ရှင်က ကျော်ကြားမှု အရှိ ဆုံးဖြစ်ပါတယ်
အနောက်တိုင်း ၀တ်စုံ ကို နက်တိုင် မတပ်ပဲ ခောတ်ဟောင်းလူမိုက်ဆန်ဆန် ၀တ်တတ်တဲ့ အီရန် ခေါင်းဆောင် အမာဒီနီ ဂျက်ရဲ့ ဖက်ရှင်ပါ
ဗင်နီဇွဲလား ခေါင်းဆောင်ဟူဂိုချာဗက်ဇ် ရဲ့ ဖက်ရှင်ပါ
လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီရဲ့ ရိုးရာ နဲ့ အနောက်တိုင်းစတိုင် ကိုယှက်ဖောက်ထားတဲ့ ဖက်ရှင် ဖြစ်ပါတယ်
http://freedomnewsgroup.com/
ဦးတင်ဦးအား စုပေါင်းကန်တော့ပွဲ ကျင်းပပြုလုပ်ရန် စင်ကာပူတွင် ပြင်ဆင်နေ
http://burmatoday.net/news2005/2010/201010/101009_bty_bur_u_tin_oo.swf
101009_bty_bur_u_tin_oo
Friday, 08 October 2010
စင်္ကာပူသို့ ဆေးလာကုသည့် သူရဦးတင်ဦးကို စင်္ကာပူမြန်မာများ စုပေါင်းဂါရ၀ပြုကြမည်
မိုးမခအထောက်တော် စင်္ကာပူ
အောက်တိုဘာ ၉ ၊ ၂၀၁၀
ယခင် ရက်သတ္တပတ်ခန့်က စင်္ကာပူနိုင်ငံသို့ လာရောက်ပြီး မျက်စိကုသမှုခံယူနေသော မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ ဒုဥက္ကဌ သူရဦးတင်ဦးကို စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစု အသိုင်းအ၀ိုင်းများက စုပေါင်း ပြီး ဂါရ၀ပြု အလေးအမြတ်ပြုကြမည့် အစီအစဉ်ကို လာမည့် တနင်္ဂနွေနေ့၊ တိုပါးယိုးဘုန်းတော်ကြီးကျောင်းတွင် နေ့ခင်း ၁ နာရီမှ ၂ နာရီ အတွင်း တွင် ကျင်းပမည်ဖြစ်၍ အားလုံးကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် စွမ်းဆောင်သူ၊ စွန့်လွှတ် စွန့်စား အနစ်နာခံသူ၊ ရိုးသားဖြောင့်မတ်ပြီး ရဲရင့် သတ္တိရှိသူ နိုင်ငံ့ခေါင်းဆောင်တဦးအဖြစ် မြန်မာပြည်သူများက တွေ့ဆုံ ဂုဏ်ပြု ဂါရ၀ပြုကြမည် ဟု ဖိတ်စာတွင် ရေးသားဖော်ပြထားသည်။
မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင်တဦးဖြစ်သော ဦးတင်ဦးသည် စစ်အစိုးရ၏ အကျယ်ချုပ်ဖြင့် ၂၀၀၃ ခုနှစ်မေလ ဒီပဲယင်းလုပ်ကြံမှုကြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၂၀၁၀ ဖေဖော်ဝါရီလ မှ အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အင်န်အယ်ဒီပါတီကို ဦးဝင်းတင်နှင့်အတူ လက်တွဲပြီး ဦးဆောင်မှုပေးနေသူ ဖြစ်သည်။ စစ်အစိုးရ၏ နိုဝင်ဘာရွေးကောက်ပွဲ နှင့် ၂၀၀၈ အခြေခံဥပဒေကို လက်ခံခြင်း မရှိကြောင်း ထုတ်ပြန်ထားသော အင်န်အယ်ဒီပါတီ၏ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ခေါင်းဆောင်တဦးအဖြစ် ပြည်ပသို့ ပထမခရီးအဖြစ် ထွက်လာခြင်း ဖြစ်သည်။
ဆေးကုသမှု ခံယူရန် စစ်အစိုးရကိုယ်တိုင်က တရားဝင်နိုင်ငံကူးလက်မှတ်ထုတ်ပေးထားသော အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဦးတင်ဦးသည် မျက်စိကုသမှုကို ခံယုထားဆဲဖြစ်ပြီး ဆေးစစ်ဆေးမှုများ ဆက်လက် ရယူနေဆဲ ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီရေး လိုလားသူများ၊ မြန်မာ့အရေးစိတ်ဝင်စားသူများနှင့် စင်္ကာပူရောက် မြန်မာနိုင်ငံသား အများအပြားက အတိုက်အခံခေါင်းဆောင် ဦးတင်ဦးကို တွေ့ဆုံ နှုတ်ဆက်ရန်၊ ကြိုဆိုရန်၊ သတင်းမေးမြန်း ဂါရ၀ပြုကြရန် စင်္ကာပူရောက်လာကတည်းက စိတ်အားထက်သန်စွာ ကြိုးစားလျက် ရှိကြသော်လည်း ဦးတင်ဦးကျန်းမာရေးကို ထောက်ထားပြီး အဝေးမှ စောင့်စားလျက် ရှိကြသည်ဟု သိရသည်။
“စင်္ကာပူ အာဏာရ အစိုးရကိုယ်တိုင်က စစ်အစိုးရနဲ့ နီးစပ်သူ ဖြစ်တယ်။ စင်္ကာပူရဲ့ ရဲတွေ ထောက်လှမ်းရေးတွေကလည်း မြန်မာတွေကိုကော၊ ဦးတင်ဥိးကိုပါ နောက်ကွယ်က စောင့်ကြည့်နေတယ်။ ၂၀၀၇ သံဃာ့အရေးအခင်း၊ ၂၀၀၈ ကန့်ကွက်ဆန္ဒမဲ ပေးခဲ့ကြတဲ့ လှုပ်ရှားမှုတွေနောက်ပိုင်းမှာ စင်္ကာပူအစိုးရက တက်ကြွသူ မြန်မာအတော်များများကို ပြည်ဝင်ခွင့်တွေ၊ ဗီဇာ သက်တမ်းတွေ တင်းကြပ်ထားတော့ မြန်မာတွေကိုယ်တိုင်လည်း အတော်ကို သတိထားနေရတယ်။ အခုလိုမျိုး မြန်မာမိသားစုတွေက သူတို့လေးစားကြည်ညိုထောက်ခံတဲ့ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင်တဦးကို တွေ့ဆုံ ဂါရ၀ပြုကြရမယ် ဆိုတာ အလွန်ကို ၀မ်းသာ ဂုဏ်ယူဖွယ် အခမ်းအနားပဲ လို့ ပြောချင်တယ်” ဟု မိုးမခမိတ်ဆွေတဦးက ပြောကြားသည်။
ဦးတင်ဦး မိသားစု စတင်ရောက်ရှိချိန်တွင် ဂျပန်နိုင်ငံက ၎င်း၏ သားက လာရောက်တွေ့ဆုံခဲ့သည်။ စင်္ကာပူမြန်မာများကလည်း အလှည့်ကျ ကိုယ်ထူကိုယ်ထ တာဝန်ယူပြီး ဦးတင်ဦးကျန်းမာရေးနှင့် အထွေထွေ ဝေယျဝစ္စများကို ၀ိုင်းဝန်း ကူညီ ဆောင်ရွက် စောင့်ရှောက်လျက် ရှိသည်။ လွန်ခဲ့သည် ရက်အနည်းငယ်က စင်္ကာပူနိုင်ငံသို့ လာရောက်ပြီး တရားဓမ္မများ ဟောပြောခဲ့သူ သဲကုန်းဆရာတော် အရှင်ဥာဏိဿရ ကိုယ်တော်ကြီးနှင့်လည်း ဓမ္မမိတ်ဆွေရင်းချာ တဦးဖြစ်သော ဦးတင်ဦးတို့ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် စကားပြောခဲ့ကြပြီး ဖြစ်သည်ဟု သိရသည်။
“မြန်မာပြည်တွင်းမှာ ဆိုရင်လည်း စစ်အစိုးရ မျက်စောင်းနဲ့ စစ်တပ်အလိုတော်ရိတွေကြောင့် သာမန်မြန်မာပြည်သူတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေကို တရင်းတနှီး နှုတ်ဆက်ခွင့်၊ အားပေးခွင့် မရကြဘူး။ အခု ဒီစင်္ကာပူမှာ ဆိုရင်လည်း စစ်အစိုးရရဲ့ မဟာမိတ် စလုံး အစိုးရရဲ့ မျက်စိအောက်မှာ ကျနော်တို့ မြန်မာတွေကိုယ်တိုင်လည်း အနည်းနဲ့ အများ အကန့်အသတ်လုပ်ခံထားရသလိုမျိုး ခံစားရတယ်။ ဒါပေမယ့် မြန်မာပြည်တွင်းမှာလိုပဲ ပြည်ပက မြန်မာတွေအားလုံးကလည်း အတိုက်အခံခေါင်းဆောင် ဦးတင်ဥိးကို သောင်းသောင်းဖျဖျ တညီတညွတ် တသွေးတသားတည်း ထောက်ခံပြီးသား၊ ချစ်ခင် လေးစား ကြည်ညိုပြီးသားပါ လို့ ပြောလိုက်ချင်ပါတယ်” ဟု ထိုမိတ်ဆွေက မိုးမခသို့ ပြောသည်။
ဖိတ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။
Dear members of Burmese community, Singapore
You are cordially invited to the respect-paying ceremony of Thura U Tin Oo. This event is organized to pay tribute to his renowned integrity, honesty, sacrifices and dedication to the democratic cause of our motherland.
Venue: Toa Payoh Burmese Buddhist Temple
Date: 10 Oct 2010, Sunday
Time: 1:00 pm ~ 2:00 pm
Needless to say, Thura U Tin Oo (83 years old) is one of the all-time greatest and finest people's leaders of Burma. Let's come together to pay respect to the respectful person. Let's take this rare opportunity of honouring the honourable person.
Best Regards
Wunna
(On behalf of the organizers)
Contact: (065) 9227 6490
http://moemaka.com
NCUB Statement in support of British Dpty PM
NCUB Statement in support of British Dpty PM who expressed anti election support DPM in Int Herald Tribune
October 9, 2010
The National Council of the Union of Burma (NCUB) expresses if strong
support and appreciation to Nick Clegg, Deputy Prime Minister of Britain, for his
recent statements calling for a united voice condemning the Burmese military
regime ahead of the 2010 elections.
As Mr. Clegg notes, there is no room for democracy in the upcoming
elections. The State Peace and Development Council (SPDC), has created an
electoral process in which the results are a foregone conclusion. All the while, the
SPDC is using the upcoming polls as a means to increase persecution of ethnic
nationalities and democratic activists. The elections are an attempt to manipulate
the international community into believing that the goal of democracy in Burma is
one step closer, and some governments seem to believe the SPDC’s deception.
As the elections quickly approach, the international community must band
together to call the SPDC on its attempt at deception and demand real democratic
reform in Burma. Only with strong, coordinated international pressure will the
SPDC see that its plan to perpetuate military rule under the guise of democratic
reform will not work.
The NCUB thanks Deputy Prime Minister Clegg for his leadership and calls
on all governments to denounce the SPDC’s sham elections and demand real
democratic reform in Burma.
Contact: U Maung Maung - 66-8-6090-5672
U Myint Thein - 66-8-1953-6114
2010
ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ အပိုင်း ၂
အပိုင်း  ( ၂ )
 ကျနော့်ခေါင်းတွေ တော်တော်ကြီးသွားတယ်။ ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒါနဲ့ အိမ်ထဲကိုပြေးဝင်သွားတော့ အန်တီက ဒေါ်မြင့်မြင့်ကြွေနဲ့စကားပြောနေတယ်။ ကျနော် ထပ်ပြောရကောင်း၊ မပြောရကောင်းစဉ်းစားနေရင်းက ဘကြီးမိုး ( စာရေးဆရာ မောင်မိုးသူ ) ကဘေးနားရောက်လာတယ်။ အကြောင်းစုံကို ဘကြီးမိုးပြောပြလိုက်တယ်။ ပြောလို့မှမဆုံးခင် ကျောင်းသား အုပ်ကြီးက ဒေါ်မြင့်မြင့်ကြွေ အိမ်ရှေ့ကိုရောက်လာကြပြီ။ ဒေါသသံတွေ အော်ဟစ်သံတွေ နဲ့ လုံးထွေးနေတဲ့ အသံတွေက မိုးမွှန်လို့ထွက်လာ လိုက်တာ----------
                               “ ဒေါ်မြင့်မြင့်ကြွေ ခင်ဗျားလူပါးမ၀နဲ့ - ခင်ဗျားဟာ အခွင့်ရေးသမား - အန်တီကို လမ်းကနေဖြတ်လုထားတယ် ကျုပ်တို့ လုံးဝမကျေနပ်ဘူး ”
                                 “ ငါ့အိမ်ကိုဖျက်စီးတာ တရားစွဲမယ် - တရားစွဲမယ် ”
               “ တရားစွဲယုံမကလို့ သေနပ်နဲ့ ပစ်သတ်လည်း ဂရုမစိုက်ဘူး အန်တီကို ကျနော်တို့ဆီ ခုလွှတ်ပေး ”
                              “ အိမ်ထဲဝင်ရဲဝင်လာခဲ့ - မင်းတို့ အားလုံးကို ပိုင်နက်ကျူးလွန်မှု့နဲ့ တရားစွဲမယ် ”
                              “ ကောင်မလူပါးမ၀နဲ့ - ပါးတက်ကိုရိုက်ဦးမယ် ” ဆိုတဲ့ မိန်းခလေးငယ်တွေရဲ့ အသံကလည်းစူးစူးရှရှ ကျနော်က ဒေါ်မြင့်မြင့်ကြွေဆီပြေးသွားရင်း
                           “ အန်တီ  ပြန်ပြောမနေပါနဲ့ အန်တီက လူကြီးပဲ နားလည်ပေးလိုက်ပါ - အန်တီဆက်ပြောမယ်ဆိုရင် ပြသနာတွေ ဒီထက်ပိုဆိုးလာလိမ့်မယ် ပြီးတော့ ကျနော်တို့ ဒေသတစ်ခုလုံးသိက္ခာလည်း အဖတ်ဆည်မရအောင်ကျတော့မယ် ”
                             ဒေါ်မြင့်မြင့်ကြွေဘာမှပြန်မပြောနိုင်တော့ဘူး - တစ်ခါ ကျနော်ကျောင်းသားအုပ်စုတွေဆီပြန်ပြေးပြီး ညှိနှိုင်းရတော့တယ်---------
                              “ ကျနော် စကားနည်းနည်းလောက်ပြောခြင်ပါတယ် - ပြောခွင့်ပြူပါ ” ဆိုတော့ အားလုံးခေတ္တငြိမ်သွားကြတယ်
                             “ ခင်ဗျားတို့ ဘာဖြစ်ခြင်သလည်း ဖြစ်ခြင်တဲ့ ဆန္ဒတွေ ကျနော့်ကိုပြောပြပါ ကျနော်ညှိနှိုင်းလို့ရမယ်ဆိုရင် ညှိနှိုင်းပေးခြင်ပါတယ် - အဲဒီလိုမဟုတ်ပဲ အုံကြွနေမယ်ဆိုရင် ကိုယ့်ဒေသကို အိုးမဲသုတ်သလိုဖြစ်ပါလိမ့်မယ် အန်တီစုက ဒီနေရာကို ခနပဲလာနိုင်တာပါ - ရောက်တဲ့ အခိုက်လေး စိတ်ချမ်းသာပါစေ …… ခင်ဗျားတို့ ဘာဖြစ်ခြင်သလည်းပြောပါ ”
                             “ အန်တီ့ကိုကြိုဆိုဘို့ ကျနော်တို့ အကြီးအကျယ် လုပ်ထားပါတယ်……လူထုကြီးကလည်း အန်တီလာမှာကို ခုထိစောင့်နေကြတုန်းပါ …. အန်တီစုအမြန်လာပါ … လူထုကြီးကြိုနေပါတယ် ”
                                      ဟုတ်ပါတယ်………..ဟုတ်ပါတယ် …………အန်တီလာခဲ့ပါ ဆိုတဲ့ အသံကြီးက တပြိုင်နက်ထဲထွက်လာတယ်။
                             “ ဟုတ်ပြီ …………..ဒါဆို ကျနော် အန်တီစုကိုအကြောင်းကြားပေးပါ့မယ် ” ( အကြောင်းကြားပေးပါ့မယ်ဆိုတာ တာဝန်အရသာပြောရတာပါ အသံတွေ ဒီလောက်ညံပြီး ရုတ်ရုတ်သဲသဲဖြစ်နေတာ အန်တီက သိနေပြီးသား )
                                      ဟေး    ………ဟေး   အသံတွေက ဆူညံစဲ
 ကျနော်အန်တီဆီကို ခပ်သုပ်သုပ်ပြေးဝင်သွားတော့ -----------
                             “ သား ……………အန်တီ အခုပဲ လာမယ်လို့ ကျောင်းသားလူငယ်တွေကိုပြောလိုက်ပါ ” အန်တီက ကျနော်ဘာမှမပြောရသေးခင် ဆိုင်းမဆင့်ဗုံမဆင့်ပြောချလိုက်တယ်။ ကျနော်လည်းဘာမှ စောဒကတက်မနေနိုင်အားတော့ဘူး ။ အပြေးဆင်းသွားရင်း ၀မ်းသာလိုက်တဲ့ဖြစ်ခြင်း အားရပါးရကြီး အသံကုန်အော်ပြောပစ်လိုက်တယ်။
                             “ အန်တီစုက ကျနော့်ကိုပြောပါတယ် …. အခုချက်ခြင်းပဲ သူလာမယ်တဲ့ ”
                   ဟေး …..ဟေး -------ဒေါ်အောင်ဆန်းစုကြည်-------ကျန်းမာပါစေ
                   ဒေါ်အောင်ဆန်းစုကြည်--------သက်တော်ရာကျော်ရှည်ပါစေ
                             ဖြောင်း--ဖြောင်း--ဖြောင်း ---ဖြောင်း နဲ့ လက်ခုပ်သံတွေဆူညံသွားတော့တာပါပဲ။ အန်တီနဲ့ ဒေါ်မြင့်မြင့်ကြွေတို့နှစ်ဦး စကားတွေပြောနေတာကို အဝေးကလှမ်းမြင်နေရတယ်။ ပြီးတာနဲ့ အန်တီက ကားပေါ်ချက်ခြင်းတက် မြို့ထဲဘက်ကိုဦးတည်မောင်းနှင်လာခဲ့ပါတယ်။ ကျနော်ပါလာတဲ့ကားက အန်တီကားတန်းရဲ့ရှေ့ဆုံးမှာ မောင်းလာတယ် တနေရာလည်းရောက်ရော စောစောက ကျောင်းသားအုပ်ကြီးကိုတွေ့လိုက်တော့ ကျနော့်ကားကိုအရှိန်လေးလျှော့ပြီး လက်မထောင် ပြလိုက်တယ်-------------------“ အန်တီ လိုက်လာပြီ ”                ကျောင်းသားအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး “ အန်တီစုလာပြီ ……… အန်တီစုလာပြီ ” 
                                               အန်တီစု------ကျန်းမာပါစေ -----အန်တီစု ----ကျန်းမာပါစေ  အသံတွေထပ်တခါဆူညံသွားပြန်တယ်။ ငြိမ်သက်နေတဲ့ မြို့လယ်လည်း လှုတ်ခပ်သွားပုံရတယ်။ အန်တီစုကားကိုကြည့်လိုက်တော့ အန်တီက လူအုပ်ကြီးကို အပြုံးနဲ့ အားပါးတရ လက်ဝှေ့ယမ်းနှုတ်ဆက်နေလေရဲ့။ ကျန်းမာပါစေဆိုတဲ့ အသံတွေက ထပ်ခါထပ်ခါ။ အဲဒီကြမှ ကျနော်လည်းသဘောပေါက်တော့တယ် လူထုကြီးကြိုဆိုနေပုံများ ကြက်ပျံလို့တောင်မကျ ဆိုတဲ့အမွှန်းတင်ချက်နဲ့အမွှန်းတင်မိမယ်ဆိုရင်တောင် မလွန်လောက်ပါဘူး၊ တကယ့်လူထုနဲ့က ခုမှတွေ့တာကိုး ၊ စောစောက ဒေါ်မြင့်မြင့်ကြွေ အိမ်မှာက ဧည့်သည်တစ်ယောက်ရောက်လာလို့ ကြိုတဲ့ အနေထားလောက်ပဲရှိတယ်။ အန်တီလာတဲ့ ခရီးစဉ်တိုင်း လူထုကြီးက လှိုင်းလုံးကြီးပမာကြိုနေတဲ့ အချိန်မှာ ချောက်မြို့ရောက်တော့ ဘယ်လိုများဖြစ်သွားတာပါလိမ့်ဆို စိတ်ထဲကတောင်ထင်နေမိသေးတယ်။ မြို့လယ်မှာ အန်တီစုက လူထုကို မိန့်ခွန်းတွေပြောတယ်။ အဲဒီအချိန်မှာ အလင်းရောင်ကတော်တော်ပျောက်နေပြီ ။ တချိန်က မီးမငြိမ်းမြို့လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ မြေလတ်ဒေသရဲ့ ချောက်မြို့လယ်က အလင်းရောင် ခပ်မှိန်မှိန်အောက်မှာ မမောမပမ်း လူထုကြီးဆီကိုအရောက်လာခဲ့တဲ့ အန်တီ့ကိုကျေးဇူတင်လို့မဆုံးပါဘူး။
ပြီးတော့ မြို့လယ်တနေရာက တိုက်အိမ်ခြံဝင်းကြီးအတွင်းမှာ ဧည့်ခံပွဲလုပ်ခဲ့တယ်။တကယ့်ကို ကြီးမားခန်းနားထယ်ဝါစွာပြင်ဆင်ထားတဲ့ အခန်းအနားတစ်ခုပါ။ အန်တီနဲ့ မြို့နယ် NLD အလုပ်အမှု့ဆောင်တွေ၊ မြို့မိမြို့ဖတွေ မိန့်ခွန်းတွေပြော ၊ ညစာကို အဲဒီနေရာမှာပဲ စားခဲ့ကြတယ်။ အန်တီလည်း ချောက်မှာညအိပ်မယ်လေ။ ထမင်းလည်းစားပြီးရော မသီင်္ဂက ကျနော့်ကိုခေါ်ပြောတယ် ။ အန်တီ ဒီနေရာမှာ ညမအိပ်ဘူးတဲ့ ကြားအိမ်တစ်အိမ် စီစဉ်ပေးပါတဲ့ ။ ကျနော် အားခြင်းစီစဉ်ရတော့တယ် အဆင်သင့်စွာပဲ ရေနံချောင်း NLD အလုပ်အမှု့ဆောင်အဖွဲ့ဝင် ဦးသောင်းရီဆိုတာ က အရင်ချောက်မြို့သား သူပါလာတော့ သူ့မိဘအိမ်ကို ချက်ခြင်းစီစဉ်ပေးလိုက်တယ်။ အဲဒီအိမ်ကိုမသွားခင် အန်တီက ချောက်က ကျောင်းသားလူငယ်တွေနဲ့ စကားတွေဖောင်ဖွဲ့ ။ဆုံးမစကားတွေပြောကြား ။ အန်တီနဲ့ပါလာတဲ့ သုံးရောင်ချယ်အဖွဲ့နဲ့ကျန်တဲ့သူတွေက အဲဒီတိုက်မှာပဲညအိပ်ကြတယ်။ အန်တီက တစ်ခြားတစ်နေရာရွှေ့လာခဲ့တယ်။ အများစုရဲ့ဆန္ဒကိုလိုက်နာ အနည်းစုရဲ့ဆန္ဒကိုလေးစားဆိုတာ ဒါမျိုးများလား။ အန်တီညအိပ်မဲ့အိမ်ရောက်သည်အထိ ချောက်မြို့ကျောင်းသားတွေက ပါလာတယ်။ တစ်ခါ အန်တီက စကားတွေဆက်ပြောဖြစ်ပြန်ရော။ အန်တီပြောသွားတဲ့ အထဲမှာ မမေ့နိုင်တဲ့ စကားလေး
                          “ ကောင်းတာကိုလည်း အသိမှတ်ပြူရဲရမယ်၊ ဆိုးတာကိုလည်းရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောရဲရမယ် အဲဒါသတ္တိပဲတဲ့ ” ဒီစကားရပ်ကိုကြည့်မယ်ဆို သိပ်ဆန်းပြားတာမပါ ပါဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ကျင့်ကြံဘို့တော်တော်ခက်တဲ့ကိစ္စပါ။ကျနော်အမှန်ဝန်ခံရရင် ဒီစကားရပ်ကို အသက် ၄၀ ကျော် နေတာတောင်မှကျင့်ကြံဘို့ခက်နေဆဲပါ။ လူ့ရဲ့သဘာဝကိုက ဆိုးတာဆိုရင်တောင် ထုတ်ဖော်ပြောဆိုဘို့ မခက်တတ်ပေမဲ့ ကောင်းတာကို အသိမှတ်ပြူ ၊ ချီးကျူးပြောဆိုဘို့ကိုတော့ အတော်ဝန်လေးတတ်ကြပါတယ်။ကျင့်ကြံအားထုတ်ဘို့ဆုံးဖြတ်လုပ်ဆောင်တဲ့ အချိန်များမှာတောင်မှ တခါတရံ ကောင်းတာလုပ်တဲ့သူများဆိုရင် အသိမှတ်ပြူ ထုတ်ဖော်ဘို့ ၀န်လေးတတ်တဲ့စိတ်က မေ့လျှော့ပြီး ပိတ်စို့ထားဆဲပါ။သတိပြန်လည်လာပြီဆိုမှတော်တော်ရှက်မိပါတယ်။ အဲဒါဘာလို့လည်းဆိုတော့ သတ္တိမရှိလို့ဆိုတာသေချာပါတယ်။ ဒီလိုနဲ့စကားတွေပြောနေရင်းက မသီင်္ဂက ကျနော့်ကို ဒီအိမ်ရဲ့ဖုန်းနံပါတ်လာတောင်းလို့ ( ရန်ကုန်နဲ့ အဆက်သွယ်လုပ်မယ်ထင်ပါရဲ့) ကျနော်တောင်းပေးလိုက်တယ်။ မသီင်္ဂလည်း အဆက်သွယ်ရသွားပုံပေါ်တယ်။ ခနကြာတော့ မသီင်္ဂက    အန်တီနဲ့ ကျောင်းသားတွေ စာကားပြော နေတဲ့နေရာရောက်လာပြီး ကြားဖြတ် မေတ္တာရပ်ခံ ရင်း အန်တီကိုပြောလိုက်တယ် ဆရာမိုက်ကယ်ဆီကဖုန်းလာလို့ တဲ့ ( အဲဒီအချိန်က အန်တီ့ခင်ပွန်း မိုက်ကယ်အဲရစ် မြန်မာပြည်မှာရောက်နေလို့လား အင်္ဂလန်ကပဲဆက်တာလားဆိုတာတော့ ကျနော်လည်းမသိဘူး ) အန်တီကပြန်ပြောလိုက်တယ်
                         “ လူထုနဲ့စကားပြောနေလို့ မအားဘူးလို့ ပြောလိုက်ပါ တဲ့ ” ကျနော့်စိတ်ထဲဘယ်လိုခံစားသွားမိမှန်းမသိဘူး ။ အဲဒီအကြောင်းကို ဘကြီးမိုး ( စာရေးဆရာ မောင်မိုးသူ ) က နောင်ဆိုပြောလို့ကိုမဆုံးတော့ဘူး။ တော်တော်မိုးချုပ်မှ အန်တီ အိပ်ရာဝင်သွားတယ်။ အဲဒီညကတော့ ကျနော်တို့ တညလုံးလောက်ကိုမအိပ်ဖြစ်ကြပါဘူး။ ဘကြီးမိုး၊ ဒေါက်တာစိန်ဝင်း ( ၀န်ကြီးချုပ် - အဝေးရောက်ညွန့်ပေါင်းအစိုးရ ) စတဲ့သူတွေနဲ့စကားတွေဖောင်ဖွဲ့လိုက်ကြတာ။
နှလုံးသားပုံရိပ်ဒိုင်ယာရီ ( ၂ )
                             ကျနော် ၁၉၉၀ ကနေ နိုင်ငံရေးမှု့နဲ့ ထောင်ကျလိုက်တာ ၁၉၉၄ နှစ်ကုန်ပိုင်းလောက်မှပြန်လွတ်လာတယ် ( ဒါပထမအကြိမ်ပါ ) အန်တီလည်း နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေလာလိုက်တာ ၁၉၉၅ ထဲမှာ တခါ ပထမအကြိမ် နေအိမ်အကျယ်ချုပ်ဘ၀ကပြန်လွတ်လာတယ်။ အန်တီမလွတ်ခင်မှာ ကျနော် ရန်ကုန်ကိုဆင်းလာပြီး ကျောင်းသားလှုတ်ရှားမှု့တွေပြန်လုပ်ဖြစ်တယ်။ အဲဒီအချိန်ကာလများက နိုင်ငံရေးလှုတ်ရှားတဲ့ကျောင်းသားတော်တော်များများ ထောင်ထဲတောထဲရောက်သူရောက် နိုင်ငံခြား ရောက်သူရောက် တချို့လည်းငြိမ်သွားပြီး စီးပွားရေးထဲနစ်သူနစ်နဲ့ နည်းနည်းရှားသွားတဲ့ကာလလို့ပြောလို့များရနိုင်မလားမသိဘူး။ ကျောင်းသား သမဂ္ဂလှုတ်ရှားမှု့တွေလုပ်ဘို့ တော်တော်ကြိုးစားခဲ့ရတယ်။ ဒီလိုနဲ့ ကျနော်တို့ယုံကြည်ချက်တူရာ ကျောင်းသားများစုရုံးမိကြပြီး ကျောင်းသားသမဂ္ဂ ကိုဖွဲ့စည်းခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသ ) ကိုရွှေးချယ်ပြီး ခေါင်းစဉ်တပ်လိုက်တယ်။ အဲဒီထဲမှာ ပါလာတဲ့ကျောင်းသားတော်တော်များများက နိုင်ငံရေးလှုတ်ရှားမှု့တွေနဲ့ စိမ်းနေသေးတယ်လို့ပြောလို့ရတဲ့ လက်ရှိ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေပါ။ တကသ ကိုဗဟိုအလုပ်အမှု့ဆောင်အဖွဲ့နဲ့ဦးဆောင်ခဲ့ပေမဲ့ ဥက္ကဌ၊ အတွင်းရေးမှုး ဆိုတဲ့ နေရာတွေနဲ့ မလုပ်ခဲ့ဘူး ၊ စုပေါင်းဦးဆောင်မှု့နဲ့ပဲလှုတ်ရှားခဲ့ကြတယ်။ အဲဒီကာလက ကျနော်တို့ကိုင်စွဲခဲ့တဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲမှာ အဓိက အကျဆုံး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရေးတကြီးလုပ်ဆောင်ဘို့ လေးလေးနက်နက်မူချမှတ်ခဲ့တယ်။ ဒီကိစ္စကို တကသ အနေနဲ့ အင်တိုက်အားတိုက်လုပ်ဘို့ဆုံးဖြတ်ချက်ချခဲ့တယ်။ သိပ်မကြာခင်မှာပဲ အင်မတန်မှ ၀မ်းသာစရာကောင်းတဲ့ သတင်းကထွက်ပေါ်လာတယ် အဲဒါက အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီဆိုတဲ့သတင်းပါ။ ကျနော်တို့ အရမ်း ကိုဝမ်းသာကြတယ်။ တဆက်ထဲ ပါလာတဲ့သတင်းက ( အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ) ကိုလုပ်ဆောင်သွားမယ်လို့ဆိုတဲ့ အန်တီရဲ့ အမှာစကားက ကျနော်တို့ရင်ထဲကို ပစ်ဝင်လာစေခဲ့တယ်။ ကျနော်တို့လုပ်ခြင်တဲ့၊ ကျနော်တို့ဖြစ်ခြင်တဲ့ ဆန္ဒတွေက အန်တီ နဲ့တော့ တသားတည်း ကျနေပြီ။ အန်တီနဲ့ အရမ်းတွေ့ခြင်နေကြပြီ ။ ဒါပေမဲ့ အန်တီခင်မျာ လွတ်လာခါစဆိုတော့ ဘယ်လိုမှအားလပ်ချိန်မရှိနိုင်လောက်အောင်ကို အလုပ်တွေ ဆက်တိုက်လုပ်နေရတော့ ကျနော်တို့ချက်ခြင်း မတွေ့ဖြစ်ခဲ့ဘူး ၊ ဒီလိုနဲ့ နောက် နှစ်ပါတ်လောက်ကြာမှ အန်တီနဲ့ တွေ့ဆုံဖြစ်ခဲ့တယ်။ အဲဒီနေ့က ကျောင်းသား ၂၀ လောက်ပါမယ်ထင်တယ်။ အန်တီက ကျနော်တို့ကိုတွေ့ တွေ့ခြင်း အပြုံးတွေ၊ နှစ်လိုဖွယ်ရာ စကားတွေနဲ့ကြိုဆိုလိုက်တော့ ကျနော်တို့ကြည်နှုးလိုက်ကြတာ။ ကျနော် ဦးဝင်းထိန် ( ဗိုလ်ကြီးဟောင်း ၀င်းထိန် - NLD - ဦးတင်ဦးနဲ့ နောက် အန်တီရဲ့ အနီးကပ်တာဝန်ယူဆောင်ရွက်ပေးနေသူ ) နဲ့ပြန်ဆုံရတယ်။ ဦးထိန်နဲ့ ကျနော်နဲ့က အင်းစိန်ထောင် ကြိုးတိုက်ထဲမှာ ခန အတူတူနေခဲ့ရသေးတယ်။ နောက် ကွဲသွားလိုက်တာ ကျနော်က သရက်ထောင်ရောက်သွားပြီး ပြန်လွတ် ၊ အခုမှပြန်တွေ့ကြတယ်။ အဲဒီနေ့က ကျောင်းသားတွေနဲ့ အန်တီ အကြိုနှုတ်ဆက်တဲ့ သဘောလေးလောက်ပါပဲ ဒါပေမဲ့ ကျနော်တို့က အန်တီ ပြောကြားခဲ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပဲခေါ်ခေါ် အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ပဲသုံးသုံး အဲဒါကို အကြွင်းမဲ့ထောက်ခံကြောင်းပြောတော့ အန်တီက ယနေ့အချိန်မှာ အန်တီတို့နိုင်ငံမှာတကယ်လိုအပ်နေတာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပဲတဲ့ ၊ အန်တီက ကျနော်ကိုလှည့်ပြီး--------
                    “ သားလည်း ….ဘ၀တက္ကသိုလ်က ပညာတွေသင်လာပြီးခါမှ တော်တော်ရင့်ကျက်လာတယ်နော် ”
                     “ ဟုတ်မလားတော့ မသိဘူး အန်တီရဲ့…..ဒါပေမဲ့ ဘ၀တက္ကသိုလ်က ဆရာတွေက အရိုက်တော့ကြမ်းတယ် ” ဆိုတော့ အန်တီအပါဝင်အားလုံးရီလိုက်ကြတာ။ ကျနော်က တဆက်ထဲ အင်းစိန်ထောင်တွင်းတုန်းက အရိုက်ခံရတဲ့ အကြောင်းကိုပြောပြတယ်။်။ ထောင်ထဲကိုရောက်တော့ ဘ၀မှာတစ်ခါမှလည်း ထောင်ဆိုတာမရောက်ခဲ့ဘူး ၊ ဒါပထမဆုံး အတွေ့အကြုံ ၊ အဲဒီအချိန်က ကျနော့ အသက်မှ ၂၀ ကျော်ပဲရှိသေးတယ်။ ပြောရရင်တိုက်ပိတ်ထားခံရတဲ့ အချိန်တွေမှာပေါ့ ။ အင်းစိန်ထောင်ကိုရောက်လို့ ၃ ရက်မြောက်နေ့မှာ ကျနော်က ဆေးလိပ်အရမ်းကြိုက်တယ်။ ပြသနာက နေ့ခင်း တန်းပိတ်ပြီဆို ဆေးလိပ်သောက်ခြင်ရင် မီးခြစ်မရှိဘူး ( အကျဉ်းသားတွေကို မီးခြစ်ကိုင်ဆောင်ခွင့်ပေးမထားဘူး ) နေ့ခင်း အိပ်ချိန်ပေးလို့ အခန်းတွေပိတ်ထားပြီဆို တော်ရုံဝန်ထမ်းတွေကလည်းလုံးဝနီးပါးလောက်ရောက်မလာတတ်ဘူး။ဒီတော့ ဆေးလိပ်အရမ်းငတ်တယ်။ ဒါနဲ့ ကျနော်ကဘာလုပ်သလည်းဆိုတော့ ကျနော့်ကိုခြုံဘို့ပေးထားတဲ့ စောင် အနားကစုတ်နေတဲ့အပိုင်းကိုထပ်ဖြဲတဲ့ပြီးကြိုးလေးကျစ်လိုက်တယ် ၊ ပြီးတော့ တန်းမပိတ်ခင် ရောက်လာတဲ့ဝန်ထမ်းဆီက မီးခြစ်တောင်းပြီး ဆေးလိပ်မီးညှိ ။ အဲဒီဆေးလိပ်မီးကနေမှတဆင့် ကျစ်ထားတဲ့ကြိုးစလေးနဲ့ မီးထပ်ညှိ။ပြီးတော့ အခန်းထောင့်နားလေးမှာ ဆွဲထားလိုက်တယ် အိပ်ရာတစ်ရေးနိုးရင်သောက်မယ်ပေါ့ ၊ မှေးကနဲ အိပ်ပြောမယ်ကြံယုံရှိသေးတယ် ၀ုန်းဒိုင်းကျဲတဲ့ အသံတွေ၊ မအေနှမကိုင်တုတ်တဲ့အသံတွေနဲ့ဆူညံလာတဲ့ ထောင်ဝန်ထမ်းတွေအသံကြားလိုက်ရပြီ ရောက်တဲ့ နေ့တိုင်းမှာ ဒီအသံတွေကလည်းအချိန်နဲ့အမျှဆိုသလို ကြားနေရတော့ သိပ်ထူးဆန်းတယ် မအောင်းမေ့တော့ပါဘူး ၊ စောင်ခြုံကွေးနေတဲ့နေရာကတောင် ခေါင်းထောင်မကြည့်ဖြစ်ခဲ့ဘူး။ ကျနော့ အခန်းရှေ့နားလောက်ရောက်တော့------
                       “ ဆရာ ဒီအခန်းက မီးခိုးစလေးတွေထွက်နေတယ် ”
                    “ ဒါဆို ဖွင့်ကြည့် ----ဟိတ်ကောင်ထစမ်း ”
ကျနော်သိလိုက်ပြီ၊ ကျနော့် ညှိထားတဲ့ ကြိုးစက မီးခိုးကလည်း ကျနော့်မျက်လုံးနဲ့တော့ မီးခိုးစထွက်တယ်ကိုမထင်မိပါဘူး။ နောက် အားနည်းချက်တစ်ခုက ကျနော်က အနံ့ သိပ်မရဘူး ( မွေးရာပါ အားနည်းချက် ပေါ့ ) အဲဒီတော့ ညှော်နံ့ဆိုတာကို သတိမထားမိခဲ့ဘူး။ အခန်းသော့ကို ဖွင့်ပြီး အခန်းစစ်လိုက်တော့ မီးညှိထားတဲ့ကြိုးစတွေ့သွားပါလေရော။
                   “ ထောင်ထဲမှာ ----- ဒီလိုမလုပ်ရဘူးဆိုတာ ----မသိဘူးလား ”
                   “ မသိဘူး ” ကျနော်လည်း စိတ်ဦးတည်ရာဖြေချလိုက်တယ်။
                   “ မသိရင် --- သိအောင်ပြောပြမယ် --- ဒီကောင့်ကိုထုတ်ခဲ့ ” ကျနော့်ကို ချက်ခြင်း ခေါင်းစွပ် အပြာကြီးစွပ်လိုက်တယ်။ နောက် ဘယ်ကိုခေါ်ထုတ်သွားမှန်းမသိဘူး ၊ ရုံးခန်းလိုနေရာရောက်ခါမှ တစ်ခါ ရှေ့ဘက်ကိုလက်ထိပ်ထပ်ခပ်တယ်။ ပြီးလည်းပြီးရောကျနော့်ကို ဇွတ်အတင်းလှဲ ချပြီး --- “ ထောင်ထဲမှာ --- မီးမသုံးရဘူးကွ မှတ်ထား” ဆို ရာဘာဒုတ်တွေနဲ့ ခေါင်းကလွဲလို့ ကျောပြင်နဲ့ပေါင်ရောက်တဲ့ အထိတန်းစီရိုက်လိုက်တာ သတိလစ်သွားမတတ်ခံစားလိုက်ရတယ်။ မှောက်လှဲထားတော့ လက်နှစ်ဘက်ကိုခပ်ထားတဲ့ လက်ထိပ်က ရင်ဘတ်ကြားမှာ နာတာကလည်းမပြောပါနဲ့တော့ ၊ ပြန်မဖြေလို့ ဆက်ခါဆက်ခါရိုက်တဲ့ အချက်ပေါင်းကလည်းမနည်းဘူး။ ပြန်ဖြေဘို့နေနေသာသာ နာကျင်မှု့ကိုခံစားရလို့ သတိက လွတ်လွတ်သွားတာနဲ့ ဘာမှန်းကိုမသိတော့ဘူး အာရုံထဲမှာ အမှောင်ကျ သွားလိုက် ပြန်သိလိုက်နဲ့။ နောက် ကြမှ ကျနော်ပြန်သိလိုက်ရတာ ကျနော့်ကိုထုတ်ရိုက်တာ အင်းစိန်ထောင်လောကမှာ နံမည်ကြီး ထောင်မှု့း ဘိုကြည် ၊ အမှန်က ကျနော့်ကို ဦးချိုးလိုက်တာပါ။ အဲဒီ့အကြောင်း ကျနော်ကပြောပြတော့ စောစောက ရီကြတဲ့သူတွေငြိမ်နေတာပဲ အန်တီရဲ့မျက်နှာက ချက်ခြင်း အိုကျသွားတယ်----------------------
                   “ သားအတွက် …  အန်တီစိတ်မကောင်းဘူး …. အရွယ်နဲ့မလိုက်အောင်ကို နှိပ်စက်ခံခဲ့ရတာပဲနော် ” ဆို အန်တီက ဦးဝင်းထိန်ဘက်လှည့်ပြောတော့
               ဦးဝင်းထိန်က “ တိုင်းပြည်အတွက်ပေးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ ------သေသွားတဲ့သူတွေထက်စာရင် အသက်ရှင်နေတာကိုယ်က ကံကောင်းနေသေးတယ် -- နိုင်ငံရေးဆက်လုပ်လို့ရသေးတယ်လို့ မှတ်လိုက်ပေါ့ကွာ ” တဲ့။ တကယ်ဆို ဦးဝင်းထိန်လည်း ထောင်ထဲမှာ တော်တော်ခံခဲ့ရတဲ့သူပါ။
                ကျနော်က “ ကျနော်တို့က အခုချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားခြင်နေတဲ့သူတွေဆိုတော့ --- ဒီလိုခံစားမှု့တွေကို ခ၀ါချနိုင်ပါတယ် ”
                “ ဒါကိုပြောတာပေါ့ ခလေးတွေက လူကြီးစကားပြောပြီး ---လူကြီးတွေက ခလေးစကားတွေပြောနေတော့ ခက်တော့လည်းခက်သား ” လို့ အန်တီကပြောလိုက်တော့ ကျနော်တို့အားလုံးပြုံးလိုက်ကြပါတယ်။ နောက်တော့ ကျနော်တို့ ကျောင်းသားတွေနဲ့ အန်တီ  ၈.၈.၉၅ နေ့ဟာ ရှစ်လေးလုံးလူထုအရေးတော်ပုံနေ့ဖြစ်တဲ့အတွက် အမှတ်တရ အထိမ်းအမှတ်အဖြစ်တွေ့ဆုံပေးဘို့ကိုတောင်းဆိုတော့ ချက်ခြင်းပဲခွင့်ပြူခဲ့ပါတယ်။ အပြန်လမ်းခရီးမှာတော့ အန်တီ က  ပညာရှင်တစ်ဦးရဲ့ အဆိုကို ကိုးကားပြောသွားတဲ့
                   တဲလေးတွေရဲ့ကြားမှာ ပျဉ်ထောင်အိမ်နဲ့နေရတာရှက်စရာပါ။ ပျဉ်ထောင်အိမ်တွေရဲ့ကြားမှာတိုက်နဲ့နေရတာရှက်စရာပါတဲ့ --------- အဲဒီစကားရပ်က ကျနော်တို့အတွက်စဉ်းစားစရာပါ။
                                                                                                                                                                                            မောင်မောင်ဝမ်း )
                အပိုင်း ( ၃ ) ဆက်ပါဦးမည်။
DASSK