Monday, October 11, 2010

ရာဇ၀င်ထဲမှာရဲရင့်ငယ်ကိုထားခဲ့ပါ...


အန်ဂျီအိုရာသီဆိုတော့ဘယ်နေရာဖတ်ဖတ်..ဘယ်နေရာရောက်ရောက်လွတ်တယ်ရယ်လို့မရှိ..မြင်နေရ..ကြားနေရသည်။
၂မျိုးတော့ရှိသည်၊နယ်စပ်အန်ဂျီအိုနှင့်ပြည်တွင်းအန်ဂျီအိုဖြစ်သည်။ပြည်တွင်းအန်ဂျီအိုသည်ယေဘူယျအားဖြင့်နအဖနှင့်တိုက်ရိုက်မပတ်
သက်သော်လည်းနအဖဘေးကလိုလို၊အောက်ကလိုလိုဝင်ရမည်ဖြစ်သည်။ဘာပဲဖြစ်ဖြစ်ပြည်သူတွေလက်ထဲတိုက်ရိုက်ရောက်တာဆိုတော့
ကောင်းပါသည်။အရင်ထဲကဒီလမ်းကြောင်းကိုတစိုက်မတ်မတ်ဝင်ရောက်ကြိုးစားပြီးအကူအညီပေးနေသူတွေတွေ့ခဲ့ရသလိုဂုဏ်လဲယူခဲ့ပါ
သည်။ပြည်တွင်းသတင်းစာနှင့်စာစောင်တွေမှာလည်းဝါရင့်အန်ဂျီအိုတွေပေးသည့်သင်တန်းတွေလည်းမှိုလိုပေါက်နေသည်။
ပြည်ပမှာလည်းအရက်ဝိုင်းနှင့်ကော်ဖီဆိုင်ပါမကျန်နည်းလမ်းတွေရှာဖွေနေကြသည်။ရဲရင့်ငယ်ထင်မြင်ချက်လေးပြောချင်သည်။
ပြည်ပတွင်ထိုလမ်းကြောင်းကိုလက်ရှိလိုက်နေသူအများစုသည်၊ကိုယ်တိုင်မီးမလောင်၊မီးလောင်ခြင်းကိုလည်းအားမပေးသူများဖြစ်သလို
နအဖဗီဇာပေးလျှင်လည်းလွယ်ကူစွာခေါင်းညိတ်ဝင်ရောက်မည့်သူများဖြစ်နေသည်။ပိုးစိုးပက်စက်မဝေဖန်လိုတော့ပါ။ကန့်လန့်တွေ၊ ပြောင်းပြန်တွေအထဲရောက်သွားပြီးရော။တဖက်မှာပြည်သူတွေအကျိုးရှိသလိုပြည်ပမှတကယ်နိုင်ငံရေးလုပ်နေသူတွေအတွက်လည်း ငယ်ကျိုးငယ်နာအဖေါ်ခံရတာလည်းသက်သာပေတော့မည်။လူဆိုတာအမှားမကင်းတတ်။အမြဲတန်းတိုက်ခိုက်နေကြတာလူကြား၍ လည်းမ ကောင်းအသက်တွေလည်း၅၀နားကပ်နေကြပေပြီ၊
အပြင်မှာအန်ဂျီအိုအလုပ်ရဖို့တက်လို့ရသည့်သင်တန်းတွေလည်းရှိပါသည်။ခြေလှမ်းကျဲကျဲနှင့်လှမ်းနေသူတွေလည်းရှိပါသည်။
သင်တန်းတက်ရန်ပြောသူများလည်းရှိသည်။
သွားနှင့်ကြပါ။ ။

ခေါက်ဆွဲပြုတ်သောက်ပြီးနအဖကိုခေါင်းနှင့်တိုက်သည့်အုပ်စုထဲတွင်ရဲရင့်ငယ်ကိုထားရစ်ခဲ့ကြပါ။

Read more here

ဆောက်လက်စ တောင်ကြီးကွန်ပျူတာတက္ကသိုလ်..မအပ်နှံမှီ တရက် အလိုက....





တောင်ကြီးမြို့ ကွန်ပျူတာ ကျောင်းသားများရဲ့ ကံကြမ္မာ..

Taunggyi Computer UNI
ပြိုကျသွားသော.. ဆောက်လက်စ တောင်ကြီးကွန်ပျူတာတက္ကသိုလ်..
တောင်ကြီးမြို့တွင် အသစ်ဆောက်လုပ်လျှက်ရှိသော ကွန်ပျူတာကျောင်း ပြိုကျမှု ပြီးခဲ့တဲ့ သောကြာနေ့ တွင်ဖြစ်ပွားခဲ့သည်။ စနေနေ့တွင် ကျောင်းဆောက်လုပ်သော ကုမ္ပဏီမှ ပညာရေးဋ္ဌာနသို့ ကျောင်းကို အပြီးသတ် အပ်နံရန် စီစဉ်ထား.ပြီး မအပ်နှံမှီ တရက် အလို ..... ညနေ ၆ နာရီခန့်တွင် အခုပုံပါအတိုင်း ကျောင်းကြီးပြိုကျ သွားခဲ့ပါတယ်။ ဘာကြောင့်ပြိုကျသွားခဲ့သည်ကို.. လိုက်လံစုံစမ်းဆဲ. ဖြစ်ပြီး.... အရေအသွေး ပြည့်မှီသော အသုံးပြုတဲ့ ဘိလပ်မြေ အုတ်သဲ သံ၊ သွပ်၊ ထုံးစာရင်းများကို ကြည့်ရာတွင်လည်း အားလုံးကိုက်ညီပြီး.. ကျောင်းကြီး ပြီးစီးအောင်မြင်ရန် နိုင်ငံတော် အကြီးကဲများ ၊ ဆောက်လုပ်ရေး ကုမ္ပဏီများ.၊ ကြီးကြီးငယ်ငယ် အင်ဂျင်နီယာများ.၊ အောက်ခြေအလုပ်သမားများက လည်း အားကြိုးမာန်တက်.စွမ်းစွမ်းတမံ မနေမနား. ကြိုးစားပမ်းစား အားထုတ်ခဲ့ကြပါသော်လည်း.. ယခုလို အဖြစ်ဆိုးဖြစ်ကြုံခဲ့ရကြောင်း ပြိုကျသွားသော အဆောက်ဦးအား ကုမ္ပဏီမှ ပြန်လည်ပြင်ဆင်ပြီး အပ်နှံမည်ဟု ဆိုရာ ပညာရေးဖက်က လက်မခံဟုလည်း ကြားသိရပါတယ်. . ယခုလို ဖြစ်ပြီး တကျောင်း လုံး ပြိုကျ သွားနိုင်စရာရှိ ကြောင်းပြောဆိုပါတယ်။

Taunggyi Computer UNI
ဝန်ကြီးရောက်ရှိလာပြီး အစည်းဝေးထိုင်ပြီး ပြိုကျရခြင်းအကြောင်းကို အဖြေရှာကြည့်ရာ.. ကျောင်းအောက် တည့်တည့်တွင် ရေကြောကြီး ရှိနေသည်ဟု ကျွမ်းကျင်သူ ဆောက်လုပ်ရေး အင်ဂျင်နီယာကြီးများမှ မှတ်ချက်ချပါတယ်. ။ ကျောင်းမဆောက်ခင်က ရေကြောကိုတော့ ရှိမရှိ မသိခဲ့ကြကြောင်း အဆိုပါ အင်ဂျင်နီယာကြီးများမှ. ပြောကြားခဲ့ပါတယ်။ အစည်းဝေးပွဲ နောက်ဆုံးတွင် အဖြေတစ်ခုကို အားလုံးမှ တူညီစွာ လက်ခံသဘောတူ လိုက်ကြကြောင်း ....

ထွက်ပေါ်လာတဲ့ အဖြေမှာ

ကျောင်းသူ၊ ကျောင်းသားများအပေါ် နိုင်ငံတော်ဘက်မှ စေတနာမှာလည်း ပြောဖွယ်ရာမရှိ မြင်တွေ့နိုင်ကြောင်း။ ယခုလို တောကြီးမျက်မဲထဲတွင် ပညာကို အေးဆေးတည်ငြိမ် အဆင့်မြင့်စွာ သင်ကြားနိုင်ရန် လူသူ အရောက် အပေါက်နည်းသော နေရာမှာပင် ကျောင်းကြီးကို ဆောက်လုပ်ခွင့် ပေးထားသည်ကို ကြည့်ခြင်းအားဖြင့် သိမြင်နိုင်ကြောင်း။ ဆောက်လုပ်သူ ကုမ္ပဏီဖက်မှ ကြည့်ရင်လည်း. အရည့်သွေးမြင့် ပစ္စည်းများဖြင့်သာ ရေရှည် တည်တံအောင် ဆောက်လုပ်ခဲ့ကြောင်း။ စာရင်းဇယားများကို ကြည့်ခြင်းဖြင့်သိနိုင်ပြီး ဘယ်အချိန်မဆို လာရောက် စစ်ဆေးနိုင်ကြောင်း... အင်ဂျင်နီယာများ၊ အလုပ်သမားများ ဘက်ကကြည့်လျှင်လည်း စေတနာ ၊ မေတ္တာ၊ ဂရုဏာ မှာထင်သာ မြင်သာကြောင်း.. ထို့ကြောင့်. ကျောင်းဆောက်လုပ်ပြီး ပြိုကျရာတွင် ပြောစရာ မရှိကြောင်း.. ဒီကျောင်းတွင် တက်ရောက်နေသော ကွန်ပျူတာ ကျောင်းသူ/သား များကံဆိုးလွန်းလို့သာ ဖြစ်နိုင်ကြောင်းကို အားလုံးသဘောတူညီ ခဲ့ကြ...

နောက်ဆက်တွဲ

- ထိုကျောင်းပေါ်တွင် တက်ရောက်စာသင်ကြားရတော့မည့် ကျောင်းသူ /သားများ (တရုတ်နိုင်ငံတွင် ကျောင်းပြိုကျပြီး အစုလိုက်အပြုံလိုက် သေကြရသော အဖြစ်ကို အမှတ်ရကာ) လွန်စွာ ထိတ်လန့် တုန်လှုပ်လျှက်ရှိပြီး - အန္တရာယ်ရှိသောကြောင့် ပြိုကျသွားသော ကျောင်းအနီးသို့ မည်သည့် သက်ရှိသတ္တ၀ါမှ မလာရောက်ရဟု ဆိုင်းဘုတ်တပ်ထား. တာကိုတွေ့ရှိရပါတယ်။

ပေးပို့လာသူ အားလုံးအား ကျေးဇူးတင်ပါသည်။


တွေ့ ဆုံဆွေးနွေးရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းရမည်


သေသေချာချာ တွေးကြည့်သောအခါ ကျွန်တော်တို့ မှာ ပြသနာတွေရှိနေပါသည်။ ယင်းမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ပေးခြင်းဖြစ်သည်။ မဖေါ်ပေးခြင်းမှာ အာဏာလွဲပြောင်း မပေးလို၍ဖြစ်သည်။
တိကျစွာပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အစိုးရမဖြစ်စေချင်သောကြောင့်ဖြစ်သည်။ ဤစကားမှာ အရပ်သားစကားဖြစ်သောကြောင့် လူတိုင်းနားလည်ကြပါသည်။ သည်တော့ အမျိုးသားရင်ကြားစေ့ရေး ပြန်လည်သင့်မြတ်ရေး
အတွက် တွေ့ ဆုံဆွေးနွေးပွဲသည် ဖြစ်နိုင်ပေအုံးမည်လား။ လွန်ခဲ့ သောအနှစ် နှစ်ဆယ်က ယင်းသမိုင်းသည် ခုအချိန်ထိ စိမ်းစိုနေတုံးမှန်သော်လည်း အပင်မသန် မျိုးမမှန်တော့။ ဤအပင်ကို ရှင်သန်စေရေးအတွက် အဖြေတခုတော့ ရှိရပေလိမ့်မည်။ ယခုအချိန်တွင် စစ်အစိုးရက ရွေးကောက်ပွဲကို ပြုလုပ်ရန် ပြုလုပ်ထားပြီးပြီ။ သူတို့ ထုတ်ပြန်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာဏာလွှဲပြောင်းပေးရေးဆိုသောအချက်မပါ။ သမ္မတက စစ်ရေးကျွမ်းကျင်သူ
ဖြစ်စေသတည်းဟု ဖွင့်ဆိုထားရာ ဤမြန်မာနိုင်ငံတော်ကို စစ်မိန့် စစ်ဥပဒေများဖြင့် အုပ်ချုပ်ရန်အတွက် တင်ကူးစီစဉ်ထားခြင်းသာဖြစ်သည်။ သို့ သော် သူတို့ ၏ရွေးကောက်ပွဲတွင် ပါဝင်မည့်သူများက ရှိနေကြရာ နိုဝင်ဘာလ ရ ရက်နေ့ သည်သူတို့ အတွက် စစ်အာဏာရှင် စနစ်ကို အသက်ဆက်သွင်းမည့် နေ့ ဖြစ်ပေတော့မည်။
ရွေးကောက်ပွဲတွင် ပါဝင်မည့် ပါတီများမှာ ရုပ်မြင်သံကြားမှ သူတို့ ၏ ပါတီသဘောတရား။ ပေါ်လီစီများ။ ယုံကြည်ချက်များ၊ ခံယူချက်များကို ကော်မရှင်၏ ခွင့်ပြုချက်ရမှသာ ဟောပြောနေကြရရာ သူတို့ ၏ပေါ်လီစီများမှာ လွတ်လပ်မှု ရှိနေပါ့မလားဆိုသည်ကို သိသာနိုင်သည်။ ထားလိုက်ပါတော့ ။ သူတို့ ၏ မလွတ်လပ်မှုများမှ ရွေးကောက်ပွဲဖြစ်သွားသည့်အခါ အနိုင်ရရှိသောပါတီများသည် အစိုးရဖြစ်သွားပါလိမ့်မည်။ သူတို့ သည် လွှတ်တော်ထဲတွင် သူတို့ ၏ သဘောတရားများကို လွတ်လပ်စွာ ပြောဆိုနိုင်ပါ့မလား။ မပြောဆိုနိုင်ပါ။ ကောင်းပါပြီ။ အရပ်သားအစိုးရအဖွဲ့ တွင် ၀န်ကြီးနေရာများ၌ ပါဝင်သွားနိုင်ပါမည်လား။ မပါဝင်နိုင်ပါ။ ကြံ့ဖွံ့ပါတီမှာ ယခုလက်ရှိအစိုးရအဖွဲ့ ဝင်ဝန်ကြီးချုပ်ကအစ ၀န်ကလေးတွေ ၀န်ပေါက်စတွေ တပုံတခေါင်းနေရာချထားပြီးသားနှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ထားပါသည်။ ထို့ ကြောင့် အိပ်မက်မက်နေသော အစိုးရအဖွဲ့ ဝင် ၀န်ကြီး ၀န်ကလေး ရာထူးများတွင် မပါဝင်နိုင်မှန်း သိသာနိုင်ပါပြီ။
သို့ အတူအခြားသောနေရာများတွက်ရော လုပ်ပိုင်ခွင့်အာဏာကို ရရှိမည်လို့ ထင်ပါသလား။ မရနိုင်ပါ။ ကြံ့ဖွံ့ပါတီမှာ အကွက်စေ့ထားပါသည်။ လှုပ်၍မရနိုင်လောက်အောင်ကို ပြင်ဆင်ထားပါပြီ။ မစဉ်းစားဘဲ မနေကြပါနှင့်ဟုသာ ပြောရပါတော့မည်။
သည်တော့ ရုပ်မြင်သံကြားမှလည်း လွတ်လပ်စွာ မပြောဟောခဲ့ ရ ။ လွှတ်တော်ထဲမှာလည်း ဘာမှမပြောခဲ့ ရ။ အစိုးရအဖွဲ့ ရာမှာလည်း ဘယ်လိုနည်းနှင့်မှမပါဝင်၊ ယုတ်စွအဆုံး ရပ်ကွက်အဖွဲ့ မှာတောင် နေရာမရနိုင်သော လွှတ်တော်ကိုယ်စားလှယ်မင်းများမှာ မည်သည့်လူမူအကျိုးပြုလုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နိုင်ပါမည်နည်း။ လုပ်ဆောင်နိုင်သည်ထားပါဦး။ စစ်အစိုးရ၏ အာဏာရှင်စနစ်ရှင်သန်ရေးအတွက် လုပ်ဆောင်ပေးနေရသည်ကို ကျားကန်ပေးနေခြင်းဟု မတွက်ချက်နိုင်ပေဘူးလား။ ယင်းသို့ တွက်ချက်ကြည့်က မည်သို့ ခံစားပါမည်နည်း။ ကျွန်တော့်စိတ်မှာ မေးခွန်းတွေ တသီတတန်းကြီး ယင်းသို့ ဖြစ်နေမိပါသည်။ ဤသည်မှာ အဓိကပြသနာဖြစ်ပါသည်။ နအဖစစ်အစိုးရ၏ မဟာဗျူဟာအရ လက်ရှိကျင့်သုံေးနသော ယန္တယားတခုလုံးကို အာဏာရှင်စနစ်လည်ပတ်ရေးဟု ခေါ်ပါသည်။ သို့ ဆိုလျှင် ယင်းယန္တယားလည်ပတ်စေရေးကို မည်သို့ မျှ ဆက်လက်လည်ပတ်ခွင့်မပေးရန်သာ ပြုလုပ်သင့်သည်။ စင်စစ်အားဖြင့် ယခုအချိန်မှာ မီးကုန်ယမ်းကုန် နိုင်ငံရေးအားပြိုင်မှုကြီးကို ပြိုင်ဆိုင်ကြရပါတော့မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်  ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီမှာ ရွေးကောက်ပွဲ၌ မဲမပေးရေးကို တနို်င်ငံလုံးတွင် ဟောပြောပြီးလောက်နေပြီဖြစ်ပါသည်။ ယင်းမှာတိုင်းနှင့်ပြည်နယ်အနှံ့ သဘောထားကောက်ယူထားခြင်းဖြစ်သည်။ ဆိုရလျှင် နိုင်ငံအ၀ှမ်း ရွေးကောက်ပွဲကို မဲမပေးကြရန် သဘောတူထားကြပြီဟု ယေဘူယျပြောလို့ ရပါပြီလား။ မရနိုင်ပါ။ အကြောင်းမှာ တိုင်းနှင့်ပြည်နယ်တွေမှာပါ တိုင်းရင်းသားလူမျိုးများပါတီပါတွေက မဲပေးရေးအတွက် လိုက်လံစည်းရုံး မဲပေးရေးဟောပြောနေကြသည်မှာ သူတို့ လူနှင့် သူတို့ အလုပ်ဖြစ်နေကြပါပြီ။ ကျွန်တော်တို့ မှာ လူကိုမကြည့်ဘဲ မူကိုကြည့်ပြီး နိုင်ငံရေးကို လုပ်ဆောင်ရန်သာ ရှိပါသည်။ ယခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် လူကို ပြောင်း၍ မူကိုဦးစားပေးပြုလုပ်လိမ့်မည်ထင်ရသည်။ လူကိုပြောင်း၍ ဆိုသောစကားမှာ လူဦးရေအရေအတွက်ကို ပြောခြင်းဖြစ်ပါသည်။ ယင်းမှာ တနိုင်ငံလုံးသို့ မဲမပေးရေးဟောပြောရှင်းလင်းပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ ပဒိုင်းသီးကို နအဖစစ်အစိုးရအား ကျွေးကြပါလိမ့်မည်ဟုထင်ရပါသည်။
အကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ မဲမပေးရေး ဟောပြောထားမူကို ရေဒီယိုမှ တချက်ကလေးပြောလိုက်ရုံနှင့် လူတိုင်းကြားပြီးကြပြီး ဖြစ်နေပါပြီ။ ပြောခဲ့ နိုင်ပါလျှက်ကယ်နှင့် ဤအလုပ်ကို မည်သည့်အတွက်ကြောင့် လုပ်နေခဲ့ ရပါသနည်း။ သူတို့ မှာလုပ်စရာအဖြေတွေ ရှိနေလောက်ပါသည်။ သည်တော့ ယင်းကိစ္စကို တနိုင်ငံလုံးသို့ သွားပြီး လှည့်လည်ဟောပြောနေပြီးမှ ထုတ်ပြန်ရန် ကြေညာချက်မှာ တခုတည်းသာဖြစ်ရပါတော့မည်။ တနိုင်ငံလုံးသည် မဲမပေးရန် သဘောတူထားကြပြီးဖြစ်သောကြောင့် ပြည်သူတရပ်လုံးမှ မဲမပေးလိုကြောင်း ကြေညာချက်ထုတ်ပြန်ရန်သာ ရှိပါသည်။ သို့ အတူ ယင်းကြေညာချက်နှင့် ဆက်စပ်လျက် ဤရွေးကောက်ပွဲမှာ မြန်မာနိုငံအား ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းစေရေးကို ဦးတည်သွားစေမည့် အကြောင်းအရာများ မဖြစ်နိုင်သည့်အတွက် နအဖစစ်အစိုးရအနေဖြင့် တွေ့ ဆုံဆွေးနွေးရန်သာ ရှိပါသည်ဟု ကြေညာရတော့မည်။ တချိန်တည်းမှာပင် တွေ့ ဆုံ ဆွေးနွေးရေးဖြစ်ပေါ်လာစေရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းကြောင်း စစ်အစိုးရမှ လုံးဝကြေညာချက်ထုတ်ပြန်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီမှ ကြေညာချက်ထုတ်ပြန်ရပါလိမ့်မည်။ ယင်းကြေညာချက်ကို နိုင်ငံတကာတခုလုံး ကြားသိစေရမည်ဖြစ်ပါသည်။
ဤသည်မှာ နိုင်ငံရေးအားပြိုင်မူကြီး၏ နောက်ဆုံးတိုက်ပွဲဖြစ်ပါသည်။ တွေ့ ဆုံဆွေးနွေးရန် နအဖစစ်အစိုးရအား သကြားလုံးပေးပြီး ချော့ခဲ့ ပေါင်းလည်း များခဲ့ပါပြီ။ ဥရောပသမဂ္ဂဘုံဈေးအဖွဲ့ မှ အမေရိကန်ဒေါ်လာငွေ သန်းပေါင်း ၁၀၀၀
ကို ပေးပါမည်။ တွေ့ ဆုံဆွေးရေးပြုလုပ်ပါဟု ပြောသောစကားကို လက်မခံခဲ့သည်မှာ နအဖစစ်အုပ်စုဖြစ်ပါသည်။ စီးပွါးရေးရင်းနှီးမြုပ်နှံမူပိတ်ဆို့ ၍ ပြည်သူတွေ စက်ရုံပိတ်ကာ အလုပ်လက်မဲ့ ဖြစ်ရပါသည်ဟု ပြောဆိုသောစကားကို ကြားရပါသည်။ အကယ်၍ တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ပြီး နိုင်ငံကို ဒိမိုကရေစီနိုင်ငံဖြစ်အောင် အသွင်ကူးပြောင်းရေးလုပ်လျင် ဒေါ်လာငွေ သန်း ၁၀၀၀ ကို အတိုးမဲ့ ချေးငှားပေးပါမည်ဟု ဥရောပသမဂ္ဂဘုံဈေးမှ ပြောကြားခဲ့သည်မှာ လွန်ခဲ့ သော ၈ နှစ်ကာလကပင်ဖြစ်ပါသည်။ သည်တော့ စစ်အစိုးရမှ လက်ခံရန် တိုက်တွန်းကြပါသည်။ သို့ သော်လက်မခံပါ။ ပြည်သူတွေမှာ ဒေါ်လာသန်း ၁၀၀၀ ခန့်ရရှိသွားလျှင် မည်မျှအကျိုးကျေးဇူးကြီးမားကြပါမည်နည်း။ သူတို့ ၏နေ့ တဓူဝ ဘ၀များသည် မည်မျှလှပသွားပါမည်နည်း ။
စက်ရုံနှစ်ရုံမှ အလုပ်သမားတို့ မှာ စီးပွါးရေးပိတ်ဆို့ ၍ အလုပ်လက်မဲ့ ဖြစ်သွားရခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကြောင့်ဟု ပြောဆိုကြပါသည်။ ဥရောပသမဂ္ဂဘုံဈေးမှ သန်းပေါင်း ၁၀၀၀ မရရှိ၍ စက်ရုံပေါင်းများစွာ မဖွင့်လှစ်နိုင်ခဲ့ ကြောင်းကို မည်သူမျှ မပြောကြားကြ။ စင်စစ်တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်စေခိုင်းနေသည်မှာ နိုင်ငံတော် ပျက်စီးဆုံးရှုံးစေရန် ဖန်တီးနေခြင်းမဟုတ်။ တွေ့ ဆုံဆွေးနွေးခြင်းမရှိ၍သာ နိုင်ငံတော်ပျက်စီးဆုံးရှုံးနေခြင်းသာဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သာ အာဏာလက်ကိုင်ရရှိသွားပါက ဤနိုင်ငံကို မြန်မာနိုင်ငံဟုခေါ်သည်ဆိုပြီး ပြောလျင်တောင် ယုံကြည်ကြမည်မထင်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတကာကို ရောက်ရှိနေကြသော ဒီမိုကရေစီအတိုက်အခံများတို့ မှာ သူတို့ မြင်တွေ့ ကြားးသိနေရသော စီးပွါးရေးအဆောက်အဦ ၊ လူမူအဆောက်အဦတို့ ကို တမုဟုတ်ချင်း တည်ဆောက်ပြုပြင်ကြသူများအဖြစ် အဆင်သင့်ဖြစ်နေကြပါသည်။ မြို့ ပြကျေးရွာကအစ မီးလင်းနေပြီး ကားသံမစဲ စိတ်အေးချမ်းကာ သွားလာနေကြမည့် နေ့ ရက်တို့ မှာ မြန်မာနိုင်ငံဒီမိုကရေစီ ရရှိမည့်နေ့ ဖြစ်သည်။ ယင်းနေ့ ရောက်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူတရပ်လုံး၏ ဆန္ဒအရ တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ချင်သည်ဆိုလျင် ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးရေး ဟောပြောစည်းရုံးထားကြပြီးပြီ။ ထို့ ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးလိုသောဆန္ဒကြောင့် ဤရွေးကောက်ပွဲကို ဖျက်သိမ်းရန် တောင်းဆိုရတော့မည်ဖြစ်သည်။ ယင်းတောင်းဆိုခြင်းကို စစ်အစိုးရမှ လိုက်နာခြင်း မလိုက်နာခြင်းတို့ မှာ သူတို့ ၏ အလုပ်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်တွင်ပင် ကုလသမဂ္ဂမှ အထွေထွေအတွင်းရေးမှူးချုပ်ပင်လျှင် ရွေးကောက်ပွဲကို တရားမျှတအောင်လုပ်ပါ ၊ လူတိုင်းပါဝင်ခွင့် ရရှိအောင် လုပ်ပါဟု ပြောဆိုထားပါသည်။ ယင်းစကားမှာ ရွေးကောက်ပွဲကို အသိအမှတ်ပြုစေခြင်းစကားဖြစ်ပါသည်။ မဲမပေးရေးဆိုသောစကားမှာလည်း ရွေးကောက်ပွဲကို အသိအမှတ်ပြုသောစကားဖြစ်ရာ ဤဖြစ်ရပ်ကို ဆင်ခြင်ရမည်ဖြစ်ပါသည်။ စင်စစ်အားဖြင့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံဒီမိုကရေစီရရရေးအတွက် မလိုအပ်သောအရာဖြစ်ပါသည် ။ ရွေးကောက်ပွဲပြုလုပ်၍ မည်သို့ မျှ အကျိုးမရှိ။ ။ သည်တော့မည်သည့်အရာက လိုအပ်ပါသနည်း။ လိုအပ်သည်မှာ အသွင်ကူးပြောင်းရေးအတွက် တွေ့ ဆုံဆွေးရေး လိုအပ်ပါသည်။ တွေ့ ဆုံဆွေးနွေးလိုလျှင် ရွေးကောက်ပွဲကို ဖျက်သိမ်းမှသာ ဖြစ်မည်။ သည်တော့  သပိတ်စုံလျှင် သူပုန်ထဟု နိုင်ငံရေးစကားမှာ ပြောရိုးရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲမပေးရေး သပိတ်စုံလျှင် တပြိုင်တည်း ထရတော့မည်ထင်ပါသည်။ ဘာများဆက်လုပ်စရာ ရှိပါတော့အံ့နည်း။

ခိုင်အောင်ကျော် ( နယူးယောက် )

11 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/07uf38mzt30t0ja/11%20%20October%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/vj2jqncmga13m2n/11%20%20October%202010%20yeyintnge%27s%20Diary.pdf


11 October 2010 Yeyintnge's Diary

တအိမ်လုံး တရွာလုံး တပြည်လုံး မဲမပေးဘဲနေမယ်

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ (၇) ရက်မှာရွေးကောက်ပွဲလုပ်တော့မယ်။ ပြည်သူလူထုက ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိဘူး။ အယုံအကြည်မရှိတာက ဒီရွေးကောက်ပွဲကိုမှ မဟုတ်ပါ။ ရွေးကောက်ပွဲရဲ့ အခြေခံလာရင်း၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စတင်ရေးဆွဲကတည်းက အယုံအကြည်မရှိခဲ့တာ။ ပြည်သူတွေနားလည်ထားတာက ၁၉၉၀ ခုရွေးကောက်ပွဲအနိုင်ရပါတီက အစိုးရဖွဲ့ အဲဒီအစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ တိုင်းပြည်ရဲ့ဖွဲ့စည်းပုံကို ရေးဆွဲရမှာက ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေပါဝင်တဲ့ လွှတ်တော်က ရေးဆွဲရမှာ။ လွတ်တော်ထဲမှာ အများစုက အဖွဲ့ချုပ်ဝင်တွေ။ သူတို့ချည်း ရေးဆွဲရမှာလဲ မဟုတ်ဘူး။ အနိုင်ရ အမတ်တွေထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ပါတီကလည်း ပါတယ်။ တိုင်းရင်သားအမတ်တွေပါတယ်။ တသီးပုဂ္ဂလိက အမတ်တွေပါတယ်။ သူတို့သာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခွင့်ရှိတယ်။ ၁၉၉၀ ခု ရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံလွှတ်တော်အမတ်တွေ ပါဝင်တဲ့ လွှတ်တော်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အများပြည်သူလူထု ရှင်းလင်းစွာ နားလည်အောင် ချပြရမယ်။ ပြီးတော့ ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြု၊ ပြီးတော့မှ လက်ရှိအနိုင်ရပါတီအစိုးရက ဖွဲ့စည်းပုံဥပဒေနဲ့အညီ ရွေးကောက်ပွဲ ပြန်လုပ်ပေး။ ဒီလိုနားလည်ထားတာ။
အခုတော့ ဒီလိုမဟုတ်ဘူး။
ပြည်သူတွေ စိတ်ပါဝင်စားစွာ မဲပေးခဲ့ကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲကို စစ်အစိုးရက ဖျက်ဆီးဖြစ်တယ်။ အများစုအနိုင်ရပါတီက အမတ်တွေကို ဖမ်းဆီးထောင်ချ၊ လူထုစိတ်ပါဝင်စားစွာ မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲရလဒ်အားလုံးကို ဖျက်ဆီးပြီး ညောင်နှစ်ပင်ညီလာခံ လုပ်တယ်။ ညောင်နှစ်ပင်လုပ်တုံးက ပြည်သူကြားမှာ ရေပန်းစားတဲ့ စကားလုံးက ညောင်နှစ်ပင် လိမ်နေသည်တဲ့။
လူထုကိုယ်စားလှယ်စစ်စစ် တယောက်တလေမှ မပါဘဲ လုပ်တဲ့ညောင်နှစ်ပင်ညီလာခံမှာ ဘယ်သူတွေပါခဲ့သလဲ။ လူထုနားလည်သိရှိနေတာက လုပ်စားကိုင်စား အခွင့်အရေးသမားတွေ၊ ဟေးလေးဝါးလေး လူလိမ်လူညာတွေ၊ ဒီထက်ပိုပြောရရင် ညီလာခံညနေ့တိုင်း ညီလာခံပြီးတာနဲ့ ဘီယာသောက်၊ ကာရာအိုကေ မိုက်ခွက်လုရင်း ရန်ဖြစ်တတ်ကြသူတွေ၊ အပြင်လောကမှာ ဟိုတယ်-မိုတယ် ထောင်ပြီး ပြည့်တန်ဆာ မွေးစားသူတွေတောင် ပါတယ်။
တိုင်းရင်းသားဆိုရင်လည်း တိုင်းရင်းသား အစစ်မဟုတ်ဘူး။ စစ်ဗိုလ်တွေ တိုင်းရင်းသား ၀တ်စုံဝတ်ပြီး တိုင်းရင်းသား အယောင်ဆောင်တက်လာတဲ့ ညီလာခံ။ ပြီးတော့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေ အလိုကျ စစ်တပ်အဓိက ဖွဲ့စည်းပုံ၊ သူတို့ထင်တိုင်းလုပ်လို့ရအောင် ရေးထားတဲ့ ဖွဲ့စည်းပုံ၊ ဒီလိုဘဲ ရိုးရိုးရှင်းရှင်း နားလည်ကြတယ်။
ဒါကြောင့် လူထုက ၂၀၀၈ ဖွဲ့စည်းပုံကို အယုံအကြည်မရှိသလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မယုံကြည်ဘူး။  သဘောမကျဘူး။ သူတို့လူတွေ စစ်အစိုးရလူတွေဘဲ ၀င်ပြိုင်မှာ၊ ပြည်သူလူထု အကျိုးစီးပွားကို အမှန်တကယ် လုပ်ပေးမဲ့ သူတွေက ထောင်တွေထဲမှာ၊ ပြည်ပမှာ၊ အခုလမ်းသလားနေတဲ့ ခွပ်ဒေါင်းအဖွဲ့ကလည်း ခွပ်ဒေါင်းအတု၊ ခမောက်ကလည်း ခမောက်အတု၊ သူတို့ရယ် သူတို့ ဖန်တည်းထားတဲ့ အတုတွေရယ်ဘဲပါတဲ့ ရွေးကောက်ပွဲ အတု။
ဒါကြောင့် မဲရုံလည်း မသွားချင်ဘူး။ မဲလည်း မပေးချင်ဘူး။
လူထုနဲ့ အတူရှိပြီး လူထုစိတ်ခံစားချက်ကို နားလည်တဲ့ ဒေါအောင်ဆန်းစုကြည်နဲ့ အတိုက်အခံစစ်စစ်တွေက ရွေးကောက်ပွဲကို မဲမပေးဘို့ နှိုးဆော်တယ်။ စစ်အစိုးရ ရွေးကောက်ပွဲရက်ကြေငြာပြီး ရက်ပိုင်းအတွင်း မဲမပေးရေး နှိုးဆော်စာတွေ တပြည်လုံးလိုလိုမှာ ပြန့်သွားတယ်။
လူထုက ၀မ်းသာတယ်။ မဲမပေးရေး ပညာပေးလှုံ့ဆော်စာတွေကြောင့် သူတို့သိချင်တာ သိလိုက်ရပြီ။
မဲမပေးချင်ဘူး။ မဲမပေးဘဲ နေလို့ရသလား။ ရတယ်။
မဲမပေးဘဲ နေရင် ဘာဖြစ်မလဲ။
ဘာမှမဖြစ်ဘူး။ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲလည်း နေပိုင်ခွင့်ရှိတယ်။
ဒါဟာ လူတိုင်းလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဘဲ။
ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်တဲ့ အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း အိမ်ထောင်သားမွေးပြုခွင့် ရှိတယ်။ မပြုဘဲလဲ လူပျိုကြီး၊ အပျိုကြီးလုပ်ချင်ရင်လည်း လုပ်လို့ရသလိုပါဘဲ။
ဈေးဆိုင်တွေမှာ ပစ္စည်းတွေ ရောင်းချင်တာ ရောင်း။ ကိုယ်ကြိုက်မှ ၀ယ်မယ်။ ကိုယ်မကြိုက်ရင် မ၀ယ်ဘူး။
အပုတ်အပဲ့ရောင်းရန်၊ ပစ္စည်းအစစ်မရောင်းဘဲ အတုတွေရောင်းရင် မ၀ယ်ဘဲနေနိုင်သလို ရွေးကောက်ပွဲဆို တာလည်း အစိုးရလုပ်တိုင်း မဲပေးစရာ မလိုဘူး။
ကိုယ့်ပြည်သူတွေ အကျိုးမရှိဘူးထင်ရင် ကိုယ်မကြိုက်ရင် မဲမပေးဘဲနေလို့ရတယ်။ သူတို့က ဇွတ်အတင်းမဲပေးခိုင်းရင်ကော။
ဇွတ်အတင်း မဲပေးခိုင်းရင် ဇွတ်အတင်း မဲပေးခိုင်းတဲ့သူဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက်ရာ ရောက်တယ်။
အဲဒီလို ရပ်ကွက်ထဲမှာ ဇွတ်လာပြီး မဲပေးခိုင်းရင် ကျွန်တော် ကျွန်မတို့ ဇွတ်အတင်း မဲပေးခိုင်းပါတယ်လို့ေ၇ွးကောက်ပွဲကော်မရှင်ကို တိုင်၊ ဒါမှမဟုတ် ရဲကိုတိုင်၊ သူတို့က အရေးမယူရင် နေရာတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ ရှိတယ်။ သူတို့ကို တိုင်၊ မီဒီယာတွေက အော်၊ မတရားတာကို မတရားဘူး ပြော။
ဒါကိုသိလိုက်ရတဲ့ လူထုထဲက လူတိုင်းက ပြုံးပျော်သွားတယ်။ မျက်နှာက ကြည်တောက်သွားတယ်။
အဓိက သိချင်တာကတောမဲမပေးဘဲနေလို/မရပါဘဲ။
ကိုယ်က မဲမပေးဘဲ နေရင်လည်း သူတို့က သူတို့ထင်သလို လုပ်ပြီး အနိုင်ယူသွားမှာ။ လူထုအသံ နောက်တခု။ ယူချင်ယူလေ။ ကိုယ်က သွားပေးရင် သူတို့တရားဝင်ရသွားမယ်။ ကိုယ်က မပေးဘဲ ယူသွားရင် သူတို့ သူခိုးဘဲ။ လူလိမ္ဘဲ။
အင်း….. ဟုတ်တယ်။ မှန်တယ်။
သူတို့က လက်နက်နဲ့ လူတွေဆိုတော့ မဲမပေးဘဲ နေယုံနဲ့ ထူးပါ့မလား။
ဒီမေးခွန်းကလဲ လူထုသိချင်တာ တခုပါဘဲ။
ထူးတာပေါ။ သူတို့က အရိုင်းတွေ၊ ပြည်သူလူထုက ပညာရှိ သူတော်ကောင်းတွေ၊ အရိုင်းတွေကို ပညာရှိ သူတော်ကောင်းတွေက ပညာရှိနည်းနဲ့ ၀ိုင်းတိုက်ရမယ်။ ရပ်ထဲရွာထဲမှာ လူဆိုးလူရမ်းကားတွေကို အရပ်က ပညာရှိနည်းနဲ့ မပေါင်းမသင်း။ သူ့အိမ်အလှူအတန်းလုပ်လည်း ကိုယ်မသွား၊ ကိုယ့်အိမ်အလှူအတန်းလုပ်လည်း သူ့ မဖိတ်၊ သူဘာရောင်းရောင်းလဲ မ၀ယ်။ လမ်းတွေ့ရင်လဲ ပြုံးမပြ၊ နှုတ်မဆက်၊ မပတ်သက်အောင်နေ။ ဒီလိုဘဲ စစ်အစိုးရ ဘာလုပ်လုပ်၊ သူတို့က ဒီလိုဆို လူထုက ဟိုလို၊ သူတို့က ဟိုလိုဆို လူထုက ဒီလို။ အားမပေးဘဲ မပတ်သက်ဘဲ နေကြမယ်။ ဒေါအောင်ဆန်းစုကြည်တို့ ကိုမင်းကိုနိုင်တို့ အရှင်ဂန္ဘိရတို့ကို လွှတ်မပေး မခြင်း၊ တိုင်းရင်းသားခေါင်းဆောင်တွေကို လွှတ်မပေး မခြင်း၊ အတိုက်အခံအားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေရေး မလုပ်မခြင်း၊ ကိုယ်လိုချင်တာ မရမခြင်း။ သူတို့ဘက်က မလျှော့ မခြင်း။ သူတို့နဲ့ မပတ်သက်အောင်နေမယ်။
ဒီရွေးကောက်ပွဲမှာလဲ ပြည်သူတွေအားလုံး မဲမပေးဘဲ နေကြမယ်။
ဟုတ်တယ်။ ကောင်းတယ်။
လူထုရဲ့ တက်ကြွ အားရှိတဲ့ အသံ။
သူတို့ရဲ့ ၂၀၁၀ ရွေး ကောက်ပွဲကို မဲမပေးဘဲ နေမယ်။
တအိမ်လုံး၊ တရွာလုံး၊ တပြည်လုံး။

မမခင်
(၇၊ ၁၀၊ ၂၀၁၀)

၂၀၁၀ ရွေးကောက်ပွဲ နဲ့ တိုင်းရင်းသားလူမျိုးများအရေး



ဦးသန်းလွင်ထွန်း တနင်္ဂနွေ, 10 အောက်တိုဘာ 2010

မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားလူမျိုးစုတွေရဲ့  ပြဿနာတွေဟာ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးမှာ ပြေပြေလည်လည် ဖြစ်သွားနိုင်မည်လားဆိုတာနဲ့ ပတ်သက်ပြီး ဒီတပတ် မြန်မာ့အရေး ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးသန်းလွင်ထွန်း က ၁၉၉၀ ဖယ်ခုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်မားကိုဘန်း နဲ့ ဆွေးနွေး တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲအပြီးမှာ ထွက်ပေါ်လာမယ့် အစိုးရသစ်ဟာ မြန်မာနိုင်ငံရဲ့  အရေးကြီးဆုံး ပြဿနာတရပ်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုအရေးကို ပြေလည်အောင် ဖြေရှင်းနိုင်ပါမလားဆိုတဲ့ မေးခွန်းတခု ရှိနေပါတယ်။ စစ်အစိုးရလက်ထက်မှာတော့ အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံရေး မဆွေးနွေးဘဲ နောက်တက်တဲ့ အစိုးရနဲ့ ညှိနှိုင်းကြလို့ ဆိုပါတယ်။ အခုတက်လာမယ့် အစိုးရသစ်ထဲမှာလည်း စစ်တပ်ထဲက လူတွေသာ များမှာမို့ သူတို့နဲ့သာ ပြန်ညှိရမယ့် သဘောဖြစ်နေပါတယ်။ ဒါအပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပြေလည်တဲ့ လမ်းကြောင်းပေါ် ရောက်နိုင်ပါမလာဆိုတာကို ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်မားကိုဘန်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးခွန်မားကိုဘန်း ။ ။ ကျနော်က ဖယ်ခုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မားကိုဘန်း ဖြစ်ပါတယ်။ ကယန်းအမျိုးသား စည်းလုံးညီညွှတ်ရေး ဒီမိုကရေစီအဖွဲ့ရဲ့  ကိုယ်စားလှယ်တဦးလည်း ဖြစ်ပါတယ်။ ကျနော် နဝတရဲ့  အမျိုးသားညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီ အမျိုးသားညီလာခံထဲကို ပြန်ကြည့်ရင် ဦးတည်ချက် (၆) ချက်ထဲမှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေး၊ အချုပ်အခြာ တည်တန့်ခိုင်မြဲရေး၊ ပါတီစုံ ဒီမိုကရေစီ ထွန်းကားရေး၊ လောကပါလတရား မျှတရေး နဲ့ နောက်ဆုံးအချက်ကတော့ အာဏာရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး စတဲ (၆) ချက်ကို ချမှတ်ထားပါတယ်။ ပထမ (၅) ချက်က ဟုတ်မလိုလိုနဲ့ နောက်ဆုံး အဲဒီအချက်ကတော့ တပ်မတော် ဦးဆောင်မှုအခန်းကဏ္ဍကို ပါရှိလာတဲ့အချက်ကြောင့် ကျနော်လည်း အဲဒီအချက်ကို လုံးဝလက်မခံနိုင်လို့ အမျိုးသားညီလာခံကနေ ပထမဦးဆုံး ထွက်ခွါလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ညီလာခံကို ပြန်ကြည့်လိုက်ရင် NLD, SNLD နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်း ကိုယ်စားလှယ် ၉၉ ယောက် တက်ပါတယ်။ အဲဒီမှာ အဲဒီ ဦးတည်ချက် (၆) ရပ်အထဲက (၁၀၄) ချက် အခြေခံမှုကို ချမှတ်တဲ့နေရာမှာ တကယ့် ဒီမိုကရေစီအရေးတို့၊ ပါတီစုံအရေး တို့ မထည့်ဘဲနဲ့ တပ်မတော် ဦးဆောင်မှုအခန်းကဏ္ဍကိုပဲ အဓိက ပါဝင်ထည့်တဲ့အတွက်ကြောင့် NLD, SNLD တို့က ဒီ (၆) ချက် နဲ့ (၁၀၄) ချက်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုတဲ့နေရာမှာ တခါတည်း လုံးဝလက်မခံဘဲ။ NLD, SNLD ကို ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ညီလာခံကနေ ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံကို ပြန်ကြည့်လိုက်ရင် အချက် (၅) ချက် လုံးဝအနှစ်သာရ မပါတော့ဘဲနဲ့ တပ်မတော် ဦးဆောင်မှုအခန်းကဏ္ဍကို သက်သက်ကိုပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ရေးဆွဲထားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ပြန်ကြည့်ရင် ဒီမိုကရေစီအရေးတို့၊ တိုင်းရင်းသားအရေးတွေ ဘာတခုမှ မပါပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ တိုင်းရင်းသား ပြဿနာကို ပြေလည်အောင် ဖြေရှင်းအောင် မဟုတ်ဘဲ တပ်မတော်ရဲ့  ဦးဆောင်မှုအခန်းကဏ္ဍကိုပဲ အသားပေးထားတာအပြင် တခြားဘယ်လိုအချက်တွေကို ထောက်ပြလို့ ရနိုင်ပါသလဲ။

ဦးခွန်မားကိုဘန်း ။ ။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံးက ပင်လုံစိတ်ဓါတ်ပါအတိုင်း တိုင်းရင်းသားတွေအားလုံးဟာ တန်တူရည်တူ နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖဒရယ်ပြည်ထောင်စုကို ကျနော်တို့ လိုလားကြတာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဖွဲ့စည်းပုံထဲကို ပြန်ကြည့်လိုက်ရင်တော့ တိုင်းနဲ့ပြည်နယ် (၇) ခု ထားရှိတဲ့အပြင်မှာ အဲဒီ ပြည်ထောင်စုကနေ အကုန်လုံးကို ချုပ်ကိုင်ထားပါတယ်။ ဥပမာ ဥပဒေပြု အာဏာပိုင်ကို ပြန်ကြည့်လိုက်ရင်တော့ စစ်တပ် ယူနီဖောင်း က (၂၅) ရာခိုင်နှုန်း ယူထားတယ်။ နောက်ပြီးတော့ ကျန်တာကို ရွေးကောက်ပွဲနဲ့ (၇၅) ရာခိုင်နှုန်း သတ်မှတ်ထားတယ်။ အဲဒီမှာ သူတို့ရဲ့  ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ဝင်မယ်၊ တစည တွေ ဝင်မယ်ဆိုရင်တော့ ကျနော်တို့ ဒီဖွဲ့စည်းပုံ တခုပြင်ဖို့က (၇၅) ရာခိုင်နှုန်းကျော် ဆိုတဲ့နေရာမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူတို့ (၂၅) ရာခိုင်နှုန်းမှာ ဖွဲ့စည်းပုံမှာ အပြီးအပိုင် သူတို့က အသေပိတ် ရယူထားပြီဖြစ်တယ်။ နောက်တခါ အဲဒီအုပ်ချုပ်အာဏာပိုင်ကို ပြန်ကြည့်လိုက်ရင်တော့ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ ဆိုပြီး (၁၁) ဦး၊ သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ စစ်ဦးစီးချုပ်၊ ဒု-စစ်ဦးစီးချုပ် တို့ကို အကုန်လုံး ချုပ်ကိုင်ထားပြီးတော့ ပြည်နယ်တွေ တိုင်းတွေ ဝန်ကြီးချုပ်တွေကို အကုန်လုံး ခန့်နိုင်တယ်၊ ဖြုတ်နိုင်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသကိုလည်း အဲဒီမှာ ခန့်နိုင်တယ်၊ ဖြုတ်နိုင်တယ်။ ဒီလို ဆိုတဲ့ကတည်းက ဒီအုပ်ချုပ်ရေးအာဏာလည်း တချက်မှမရှိဘူး။ တိုင်းရင်းသားတွေအနေနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ စာပေယဉ်ကျေးမှုမှာတော့ ပြည်ထောင်စု က လုပ်ပေးရမယ်လို့ ပြောတယ်။ မဆလ ၁၉၇၄ ပါတီဖွဲ့စည်းပုံတုန်းကဆိုရင်တော့ တိုင်းရင်းသားများဟာ ဒီ စာပေလွတ်လပ်ခွင့် ရှိတယ်လို့သာ ဖော်ပြထားတယ်။ တကယ်တမ်း လုပ်တဲ့အချိန်ကြတော့ သူပုန်တွေ တော်လှန်ရေးနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးချုပ်နှောင်းခြင်း ခံရတယ်။ ကျနော်တို့ အများအပြား ခံရတယ်။ ကျနော်ကိုယ်တိုင်လည်း (၃) ကြိမ် အဖမ်းခံရတယ်။ အခုလည်း ပြည်ထောင်စုက လုပ်ပေးရမယ်ဆိုတဲ့အတွက်ကြောင့် စာပေယဉ်ကျေးမှုနဲ့ ပြန်ကြည့်လိုက်ရင် သူ့အတွက် စာပေယဉ်ကျေးမှု ပြတိုက်ထိန်းသိမ်းပိုင်ခွင့် ရှိတယ်ဆိုတာ ပါရှိတဲ့အတွက်ကြောင့် စာပေယဉ်ကျေးမှုနဲ့ ပတ်သက်လို့ရှိရင် ဒီလောက်ပဲ လုပ်ပိုင်ခွင့်ရှိတယ်။ နောက်တခု သံယံဇာတတွေနဲ့ ပတ်သက်လို့ ဖော်ပြလိုက်တဲ့အချိန်ကြတော့ အဲဒီမှာ ကျွဲစားကွက်၊ နွားစားကွက်တွေ ထိန်းသိမ်းပိုင်ခွင့်ရှိတယ် ဆိုပြီးတော့ ပြည်နယ်တို့ တိုင်းမှာ လုပ်ပိုင်ခွင့် ဒါပဲရှိတယ်ဆိုတာ နွားကျောင်းသားအဆင့်ပဲ ရှိတယ်။ တခါ ကျောက်မျက်ရတနာအဆင့်မှာလည်း ကျောက်သွေးပိုင်ခွင့်ရှိတယ်ဆိုတော့ မန္တလေးက လမ်းဘေးက ကျောက်သွေးတဲ့အဆင့်လောက် ရှိတာကို တွေ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အခုန အစောကပြောထားတဲ့ ဒေသဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေဟာ နောက်ပေါ်ထွက်လာမယ့် ပြည်နယ်နဲ့ တိုင်းဒေသအတွင်း လွှတ်တော်တွေမှာ ဥပဒေတွေ တင်သွင်းပြဌာန်းပြီးတော့ တဖြည်းဖြည်းလုပ်ဆောင်သွားရမယ့် အချက်တွေလို့ မမြင်ဘူးလား။

ဦးခွန်မားကိုဘန်း ။ ။ အဲဒါက အခုနပြောသလိုပဲ သူတို့က ဗဟိုကနေပြီး အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီကနေ အားလုံးချုပ်ကိုင်ထားတယ်။ သူတို့ ခန့်ပိုင်ခွင့်ရှိတယ်၊ ဖြုတ်ပိုင်ခွင့်ရှိတယ်။ အားလုံး သူတို့လက်ထဲမှာပဲရှိတယ်။ ပြည်နယ်နဲ့ တိုင်းကောင်စီမှာဆို ဘာတခုမှ လုပ်ပိုင်ခွင့်မရှိဘူး။ ဥပဒေပြု အာဏာပိုင်ခွင့်လည်း မရှိဘူး။ အုပ်ချုပ်အာဏာပိုင်ခွင့်လည်း မရှိဘူး။ ဘာတခုမှ ကျနော်တို့ ရယူနိုင်တာ မဟုတ်ဘူး။ ပြည်နယ်တိုင်းကောင်စီ မပြောနဲ့ ပြည်သူလွှတ်တော်အဆင့်တို့၊ ကရင်လွှတ်တော်အဆင့်တောင်မှ ဘာတခုမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီ (၂၅) ရာခိုင်နှုန်းနဲ့ ပိတ်ထားတော့ (၇၅) ရာခိုင်နှုန်းကျော်က ဘယ်လိုမှ ဖွဲ့စည်းပုံတွေပြင်ပိုင်ခွင့် မရှိဘူး။ ဥပဒေပြင်ပိုင်ခွင့် မရှိဘူး။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ် ရွေးကောက်ပွဲမှာ တိုင်းရင်းသားအများစု နေထိုင်တဲ့ ပြည်နယ်ဒေသတွေအတွင်းမှာ ဒေသခံလူထုကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားကိုယ်စားလှယ် စစ်စစ်တွေ ပေါ်ထွက်လာမယ့် အလားအလာ ဘယ်လိုရှိပါသလဲ။

ဦးခွန်မားကိုဘန်း ။ ။ ရွေးကောက်ပွဲ ဝင်တဲ့နေရာကို ပြန်ကြည့်ရင် နိုင်ငံရေးပါတီ ထောင်တဲ့နေရာမှာ၊ ရွေးကောက်ပွဲဝင်တဲ့နေရာမှာ အရင်တုန်းက ၉၀ ခုနှစ်တုန်းက အပြတ်အသတ် အနိုင်ရတဲ့ NLD ပါတီ မပါဘူး၊ UNLD ပါတီတို့လည်း မပါဘူး။ အခု နောက်ထပ်ဝင်တဲ့ ပါတီတွေက (၃၀) ကျော် (၄၀) လောက်ရှိပါတယ်။ ဒီမှာ ဒီမိုကရေစီအင်အားစု နဲ့ တိုင်းရင်းသားအင်အားစုတွေ ပါပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ကျနော်တို့ ပြန်ကြည့်ရင် ဒါပေမဲ့ အဲဒီအထဲမှာ ကျနော်တို့ ပြန်ကြည့်ရင် နိုင်ငံရေးမှတ်ပုံတင်ပြီးတော့ ဒီ ရွေးကောက်ပွဲဝင်မယ့် အဖွဲ့အစည်းတွေကို ကျနော်တို့ ပြန်သုံးသပ်ကြည့်ရင် သုံးမျိုးသုံးစား ရှိနေတယ်။ တမျိုးက နအဖစစ်အုပ်စုရဲ့  တကယ့်အမာခံ အုပ်စုဖြစ်တယ့် ကြံ့ဖွံ့၊ တစည တို့ ဖြစ်တယ်။ နောက်ပါတီတချို့ ကတော့ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ရသလောက်နဲ့ တိုးဝင်ကြည့်မယ်၊ လွှတ်တော်မှာ ပြောရေးဆိုခွင့် တခုတ်နှစ်ခုတ် ရမလားဆိုပြီး စမ်းသပ်ပြီး ဝင်တဲ့အဖွဲ့အစည်းရှိသလို တချို့ ကလည်း ငါတို့ပါတီထောင်တယ် ငါတို့လူမျိုးရှိပါတယ်။ ငါတို့လူမျိုး လွှတ်တော်နေရာ တယောက်နှစ်ယောက် ရမလားဆိုပြီး ပြသနိုင်ချင်တဲ့အနေနဲ့ ဝင်တဲ့ ပါတီတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အခုန လွှတ်တော်မှာတိုးပြီး ပြောချင်တဲ့ဆိုတဲ့ အဖွဲ့အစည်းများ နဲ့ တိုင်းရင်းသားတွေက အဖွဲ့အစည်းရှိတယ်ဆိုပြီး ပြသချင်လို့ လွှတ်တော်ဘယ်နှစ်ယောက် ရတယ်၊ ပါတီရှိတယ်ဆိုတာ ပြသချင်တဲ့ သဘောထားလောက်ပဲ ရမယ်။ တကယ့် ဥပဒေပြုအာဏာ လွှတ်တော်မှာ၊ အမျိုးသားလွှတ်တော်မှာ ဘာတခုမှ ပြောရေးဆိုခွင့် ရနိုင်မယ် မဟုတ်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ လူထုရဲ့  မဲဆန္ဒပေးပိုင်ခွင့်အနေနဲ့။ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေအတော်များများကို စစ်အစိုးရက ကြေညာထားပါတယ်။ ဒါကြောင့် လူထုအနေနဲ့ ရပိုင်ခွင့် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ နောက်ပိုင်းမှာ ဒီနေမြေတွေကို အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ပြီးတော့ လုံခြုံရေးအရ ပိုပြီးနှိပ်ကွပ်လာမယ့် အလားအလာတွေ ရှိနေပါသလား။

ဦးခွန်မားကိုဘန်း ။ ။ ကျနော်မြင်တာကတော့ ဒါသက်သက် ဟန်ပြလုပ်တာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ တကယ် မဲထဲ့တာလည်း တကယ် လွတ်လွတ်လပ်လပ်နဲ့ အားလုံးကို သူတို့က မဲထဲ့ခိုင်းမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုတုန်းကလည်း အဲဒီလိုပါပဲ။ တရွာမှာ တယောက် သူကြီးတွေထည့်ခိုင်းပြီးတော့ နောက်ဆုံးမှာ ၉၂ ရာခိုင်နှုန်း အောင်မြင်တယ်။ လူထုထောက်ခံတယ်လို့ ဒီလိုပဲ ပြဌာန်းသတ်မှတ်သွားပါတယ်။ အဲဒီလိုပဲ ဒီရွေးကောက်ပွဲမှာ သူတို့လုပ်ချင်သလို လုပ်လိုရပါတယ်။ ဒါကြောင့် ဒီလို အနက်ရောင်နယ်မြေတွေ လိုက်လျှောက်လုပ်တဲ့ကိစ္စက ပြည်သူလူထု ဆန္ဒမဲ ဆုံးရှုံးတယ်လို့ ကျနော်တို့ မမြင်ပါဘူး။ ဒါတွေက ကျနော်တို့ ပြည်သူလူထုတွေသွားပြီးတော့ ထဲ့သည်ဖြစ်စေ မထဲ့သည်ဖြစ်စေ သူတို့ ၉၉ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ထုတ်ပြန်အုန်းမှာပါ။ ဒါတွေဟာ အခုန သူတို့ချန်ထားတဲ့ကိစ္စတွေဟာ သက်သက် သူတို့အနေနဲ့ မအောင်မြင်မှာဆိုလို့ မဟုတ်ဘဲနဲ့ အကြောင်းပြချက်တခုခုနဲ့ လုံခြုံရေးနယ်မြေကို အကြောင်းပြပြီးတော့ ဒါတွေက ပြည်သူကို ဖိနှိပ်ဖို့အတွက် လုပ်ဆောင်သွားတဲ့ လုပ်ရပ်တခုပဲလို့ မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေး စစ်အစိုးရနဲ့ ပြေလည်မှုမရသေးတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေရဲ့  အလားအလာကရော ဘယ်လိုရှိသလဲ။ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်များဖို့ ရှိနေတယ်လို့ တချို့ က ဆိုပါတယ်။

ဦးခွန်မားကိုဘန်း ။ ။ ကျနော်တို့ အခုနပြောတဲ့ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်လာတာ တကယ်ကို အမျိုးသားတော်လှန်ရေးကနေ ပေါ်ပေါက်လာတာ။ တကယ်ကို ဒီမိုကရေစီအရေး နဲ့ တိုင်းရင်းသား တန်တူအရေး လိုချင်လို့ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒါပေမဲ့ နအဖ က မတရား၊ ဖြတ်လေးဖြတ်တွေလုပ်၊ ရွာမီးရှို့  သတ်ဖြတ်ပြီးတော့ နောက်ဆုံး ပြည်သူလူထုတွေ၊ ဘုန်းရဟန်းတွေ ဖိအားပေးပြီး အပစ်အခတ်ရပ်စဲအောင်လုပ်ဖို့ ဆိုပြီးလုပ်လာတော့ ပြည်သူခြေထောက်ပေါ်မှာ ရပ်တည်နေရာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက အပစ်အခတ်ရပ်စဲကို လုပ်ရခြင်း ဖြစ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ရှင်းမယ်ဆိုတော့လည်း ညီလာခံမှာရှင်းခိုင်းတယ်။ ညီလာခံမှာလည်း တိုင်းရင်းသား (၁၃) ဖွဲ့ကနေ ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့၊ ဖဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ တင်ပြတာကို သူတို့ လက်မခံဘူး။ နောက် အခုဟာက နည်းမျိုးစုံနဲ့ ဖိအားပေးပြီ။ အခု နောက်ဆုံး နောက်ဆုံးဆိုတာက (၆) ကြိမ် ရှိသွားပါပြီ။ ဒါတွေဟာ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို ပြန်ပြီးတော့ ကျနော်မြင်တာက အရင်တုန်းက အပစ်အခတ်ရပ်စဲရေး လုပ်ရပ်ဟာ နအဖ က ဓါးအရိုးဖက် ကိုင်ထားပြီးတော့ တိုင်းရင်းသားတွေက ဓါးသွားဖက် ဆုပ်ထားတယ်လို့ အဲဒီလို မြင်ခဲ့ပေမယ့် အခုတခါ ပြန်ကြည့်လိုက်ရင် နအဖ က ဓါးအသွားဖက် ဆုပ်ထားပြီးတော့ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေက ဓါးအရိုးဖက်ကိုင်မိပြီးဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို တဖတ်သတ်နဲ့ ဂရုစိုက်လုပ်သွားပေမယ့် နိုင်ငံရေးစကားပြောမယ်ဆိုတဲ့အချိန်ကြတော့လည်း တကယ့် နိုင်ငံရေးအနှစ်သာရဖြစ်တဲ့ ပင်လုံစိတ်ဓါတ် - ဒီမိုကရေစီ၊ တန်တူရည်တူ၊ အမျိုးသား တန်တူရည်တူ မရဘူးဆိုရင်တော့ ဘယ်လိုမှ ပြေလည်နိုင်မယ် မဟုတ်ဘူး။ ဒါကို သူတို့က လက်နက်အားကိုးနဲ့ အနိုင်ကျင့်ရင်တော့ ကျနော်တို့ ဘယ်လိုဖြစ်ဖြစ် တိုင်းရင်းသားတွေက လက်ခံနိုင်မယ် မဟုတ်ဘူး။ ခုခံတော်လှန်ရေးတော့ လုပ်သွားမယ်လို့ ယုံကြည်ပါတယ်။
http://www.voanews.com/burmese/

စစ်ဗိုလ်ကို ကာကွယ်တဲ့ အခြေခံဥပဒေ



အောင်ကျော်ခင် / ၁၁ အောက်တိုဘာ ၂၀၁၀

စစ်အာဏာရှင် ကြပ်ပြေးဘုရင်စနစ်နဲ့ အနှစ် (၂၀) ကျော် အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေအရ နိုဝင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုတော့ ဥပဒေမရှိဘဲ ထင်သလိုလုပ်နေတာထက်စာရင်တော့ တော်သေးတာပေါ့လို့ အိမ်နီးချင်းနိုင်ငံတွေက မြင်ကြတယ်။ ဒါပေမယ့် အခြေခံဥပဒေ စာမျက်နှာ (၃) မှာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ ကျင့်သုံးတယ်လို့ ရေးထားတာ ဥပဒေနဲ့မတူဘဲ ၀ါဒဖြန့် စာပေလိုဖြစ်နေတယ်။ ဒီမိုကရေစီ စစ်တယ်၊ မစစ်ဘူးဆိုတာ ဥပဒေက ပြမှာမို့ ကြော်ငြာနေစရာ မလိုပါဘူး။

မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်ခြင်း မရှိတဲ့အတွက် ၁၉၇၄ မှာ တပါတီဆိုရှယ်လစ်ဒီမိုကရေစီကို တည်ဆောက်ခဲ့ကြောင်း၊ ဒါပေမယ့် ၁၉၈၈ မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် ဆိုရှယ်လစ်အခြေခံဥပဒေလည်း ရပ်ဆိုင်းသွားရတယ်လို့ နိဒါန်းမှာ ရေးထားပါတယ်။ ၁၉၄၇ အခြေခံဥပဒေဟာ ခြောက်ပြစ်ကင်းမဟုတ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲပြီး လွတ်လပ်ရေးကို ရယူထားတဲ့ မူလဥပဒေဖြစ်တာမို့ ဒီဥပဒေကို ပြင်ဆင်သုံးစွဲတာကသာ ဒီမိုကရေစီနည်းဖြစ်ပြီး ဗုဒ္ဓဘာသာတရားနဲ့လည်း ကိုက်ညီတယ်။

အရင်က ပြဋ္ဌာန်းခဲ့တဲ့ တရားဥပဒေ ဓလေ့ထုံးစံနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ပြီး ထင်သလို ဥပဒေမပြုဖို့ ဗုဒ္ဓဘာသာကျမ်းတွေမှာ ပါတဲ့ ‘အပရိဟာနိယ’ တရားက ညွှန်ကြားထားတယ်။ ဒီတရားကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့လို့ အနောက်တိုင်းသားတွေ တိုးတက်တာလို့လည်း ဆိုတယ်။ နအဖရဲ့ အခြေခံဥပဒေမူကြမ်းပါ လွှတ်တော် (၄) မျိုးစလုံးမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်က (၇၅) ရာခိုင်နှုန်း စစ်တပ်ကခန့်တဲ့ စစ်မှုထမ်းကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်း ပါဝင်နေတယ်။

နိုင်ငံရေးအာဏာရဲ့ အခြေခံဟာ ပြည်သူ့ဆန္ဒသာဖြစ်ရမယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၁) ကို နအဖအခြေခံဥပဒေက ဆန့်ကျင်တယ်။ တစ္တေ၊ မှင်စာ၊ ဘီလူး၊ သရဲနဲ့ နာနာဘ၀ကို ယုံကြည်သူကသာ မြန်မာစစ်အစိုးရပြဋ္ဌာန်းတဲ့ ဒီမိုကရေစီကို ယုံကြည်လိမ့်မယ်လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပင်ညဲရိုးက ၂၀၀၈ မတ်လက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောသွားတယ်။ တော်တော်ခက်တဲ့ ပင်ညဲရိုးပါလား။ တစ္တေ၊ သရဲ၊ ဘီလူး၊ မှင်စာနဲ့ ချေးစားစုန်းကို ယုံကြည်သူတွေ မြန်မာပြည်မှာ အများကြီးရှိတာ သူမသိဘူးလေ။

နိုင်ငံတော်အကြီးအကဲမှာရှိရမယ့် အရည်အချင်းကို ဖော်ပြရာမှာ ခင်ပွန်း (သို့မဟုတ်) ဇနီးက နိုင်ငံခြားသားဖြစ်ရင် လုပ်ပိုင်ခွင့်မရှိဘူး။ သားသမီး (သို့မဟုတ်) ဇနီး (သို့မဟုတ်) ခင်ပွန်းက နိုင်ငံခြားသားဖြစ်ရင်လည်း လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖော်ပြတယ်။ ၁၉၈၉ ရွေးကောက်ပွဲဥပဒေမှာလည်း ဒီပုံစံအတိုင်း ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာလို့ မြင်ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ရေးဆွဲတဲ့ ၁၉၄၇ အခြေခံဥပဒေမှာလည်း ဒီလိုပဲပြဋ္ဌာန်းတယ်လို့ နအဖဗိုလ်ချုပ်တွေ ပြောလေ့ရှိတယ်။ ဒါပေမယ့် ၁၉၄၇ အခြေခံဥပဒေပုဒ်မ (၇၄) အပိုဒ် (၁) မှာ နိုင်ငံခြားသားအဖြစ် ခံယူသူဟာ ရွေးကောက်ပွဲဝင်ခွင့်မရှိဘူးလို့သာ ရေးထားတာပါ။ ခင်ပွန်း (သို့မဟုတ်) ဇနီး၊ သား (သို့မဟုတ်) ချွေးမက နိုင်ငံခြားသားဖြစ်နေရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ နအဖစစ်အစိုးရ ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင် တမင်ရည်ရွယ်ပြီး ရေးထားသလို ဖြစ်နေပါတယ်။ ဒေါ်စုဟာ အင်္ဂလန်မှာ အမြဲတမ်းနေခွင့်ရဖူးတဲ့ မြန်မာနိုင်ငံသူသာ ဖြစ်ခဲ့တယ်။

ဒါပေမယ့် (၂) နှစ်အတွင်း အင်္ဂလန်ကိုပြန်မလာရင် အမြဲတမ်းနေထိုင်ခွင့် ပျက်ပြယ်တာမို့ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီအခွင့်အရေးဆုံးရှုံးနေတာ ကြာပါပြီ။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုပါဝင်လာမှာကို ဗိုလ်ချုပ်တွေ ကြောက်နေရင် ဒီမိုကရေစီစကား မပြောတာ ကောင်းပါတယ်။ အီတလီနိုင်ငံသူနဲ့ လက်ထပ်ထိမ်းမြားထားတဲ့ ရာဂျစ်ဂန္ဒီ အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာတာကသာ စစ်မှန်တဲ့ဒီမိုကရေစီ သဘောတရားကို ပြသရာရောက်တယ်လို့ မြင်ကြတယ်။

နအဖအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းက ထောက်ခံရမယ်လို့ ဖော်ပြထားတယ်။ ပြည်သူ့ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းမှာ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သား ရောနှောနေတာမို့ အားလုံးရဲ့ ထောက်ခံမှုကို ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် နအဖအခြေခံဥပဒေဟာ ပျဉ်းမနားက ကြပ်ပြေးအာဏာရှင်စနစ်ကို တရားဝင်ကြောင်း ကြေညာသလို ဖြစ်နေတယ်။

နိုင်ငံသားအခွင့်အရေးကို စစ်အစိုးရပြဋ္ဌာန်းတဲ့ တည်ဆဲဥပဒေတွေက ကန့်သတ်ထားတဲ့အတွက် အကြောင်းမထူးတာ တွေ့ရတယ်။ ဒါပေမယ့် စစ်ဗိုလ်ကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို ပြည်သူလူထုက ထောက်ခံတဲ့သဘောမျိုးဖြစ်အောင် လုပ်နိုင်ရင် ရေရှည်မှာ အပြည်ပြည်ဆိုင်ရာကလည်း အသိအမှတ်ပြုလာနိုင်တယ်လို့ နအဖအစိုးရက တွက်ထားပုံရတယ်။ ပြည်သူ့ထောက်ခံမှု ရယူတာဟာ ကမ္ဘာ့ဓလေ့ထုံးစံလို ဖြစ်နေတာမို့ နအဖစစ်အစိုးရကလည်း ပြည်သူ့ထောက်ခံမှု ရရှိကြောင်း အတင်းအဓမ္မ လုပ်ပြနေတာပါ။ ပြည်ပလေ့လာရေးအဖွဲ့တွေကို လာခွင့်မပြုတာဟာ ဒီအချက်ကို ထင်ရှားစေတယ်။

စစ်တပ်ရဲ့ ပြစ်မှုတွေကို နောက်တက်လာမယ့်အစိုးရက အရေးမယူနိုင်အောင် ၂၀၀၈ အခြေခံဥပဒေက ကာကွယ်ထားတယ်။ စစ်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေကို အရေးယူခွင့်မရှိဘူးလို့ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားတယ်။ အခြေခံဥပဒေအခန်း (၁၄) ပုဒ်မ (၄၄၅) မှာ စစ်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သူကို အရေးယူခွင့်မရှိဘူးလို့ ရေးထားတယ်။ ဒါပေမယ့် အရပ်သားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတဲ့ လူသတ်မှုကြီးတွေကို အခြေခံဥပဒေက မကာကွယ်နိုင်ပါဘူး။ ဗမာက လက်မှတ်ထိုးထားတဲ့အတွက် လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ ရှိပါသေးတယ်။ ၂၀၀၈ အခြေခံဥပေဒဟာ ဒီမိုကရေစီလမ်းကြောင်းကို ပိတ်ဆို့ထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပလိုက်တာဟာ စစ်ဗိုလ်နဲ့ အပေါင်းပါ စီးပွားရေးသမားတစုကို ပိုပြီး ချမ်းသာစေတယ်။ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာပြီး စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးစုကို နေရာပေးတာမဟုတ်တော့ လက်နက်ကိုင်ထားမှ ကိုယ်ပိုင်အုပ်ချုပ်ရေး ရမလိုဖြစ်နေတယ်။ သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ငွေကို တိုင်းပြည်တည်ဆောင်ရေးမှာ မသုံးဘဲ ကြပ်ပြေးနေပြည်တော် တည်ဆောက်ရေးမှာ သုံးနေတာ သိသာတယ်။ စီးပွားရေးပြဿနာကို ဂရုမစိုက်တဲ့ နအဖဟာ လူမှုရေးပြဿနာကိုလည်း ဂရုစိုက်ရကောင်းမှန်းမသိဘူး။

စီးပွားရေးတိုးတက်ဖို့အတွက် ခေတ်မီအုပ်ချုပ်ရေး အတတ်ပညာရှိဖို့ လိုတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာ အတတ်ပညာဟာ အရေးအကြီးဆုံးဖြစ်တယ်။ အတတ်ပညာဟာ အုပ်ချုပ်ရေးကျွမ်းကျင်မှုနဲ့ ရောစပ်နေတာမို့ ရိုးသားဖြောင့်မတ်မှုနဲ့လည်း ဒွန်တွဲနေတယ်။ အုပ်ချုပ်ရေးမှာ အဂတိလိုက်စားတာဟာ ဖောက်ပြန်တဲ့ စနစ်ဟောင်းကို ပြန်သွားနေတာပါ။

လူလူချင်းခေါင်းပုံဖြတ်ပြီး မတရားလုပ်တာကို တိုက်ဖျက်ရမယ်လို့ ၁၉၆၂ အာဏာသိမ်းပွဲမှာ ကြွေးကြော်ပြီး မတ်လ (၂) ရက်နေ့ကို တောင်သူလယ်သမားနေ့လို့ သတ်မှတ်တယ်။ အခုတော့ တောင်သူလယ်သမားတွေကို စစ်တပ်က ခေါင်းပုံဖြတ်ရုံတင်မကတော့ဘဲ အတင်းအဓမ္မ အလကားခိုင်းစားနေတယ်။ ဆိုရှယ်လစ် လူ့ဘောင်သစ်ကို ချီတက်ရာမှာ အတွေးအခေါ်အယူအဆနဲ့ စိတ်နေစိတ်ထား ပြောင်းလဲဖို့လိုကြောင်း ကြွေးကြော်ပြီး တပြည်လုံးမှာ နိုင်ငံရေးသင်တန်းတွေ ပေးတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံ စတဲ့ အလုပ် (၃) ပါးစလုံး ရှေ့နောက်မှန်ကန်ညီညွတ်မှသာလျှင် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေ အောင်မြင်မယ်လို့ ယုံကြည်ကြောင်း သင်တန်းပေးခဲ့တယ်။

ဒါပေမယ့် ပြောချင်ရာပြောပြီး လုပ်ချင်တာလုပ်တဲ့အကျင့်ကို စစ်ခေါင်းဆောင်တွေ မဖျောက်နိုင်သေးဘူး။ မြန်မာပြည်မှာ အခုလို အဘက်ဘက်က ချွတ်ခြုံကျရတဲ့ အခြေခံအကြောင်းရင်းကို ရှာဖွေရာမှာ စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တွေရဲ့ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကို သုံးသပ်သင့်တယ်။ စိတ်ဖောက်သူ Psychopath တွေဟာ သူတို့ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ သင်ခန်းစာမယူနိုင်တာကြောင့် အသစ်အဆန်းကို လေ့လာနိုင်စွမ်းမရှိတဲ့အတွက် သူတို့ အရင်က လုပ်ခဲ့တာတွေကိုသာ ထပ်ခါတလဲ လုပ်တတ်တယ်ဆိုတယ်။ ဒါကြောင့်လည်း မဆလခေတ်ကို ပြန်သွားနေတာဖြစ်ပုံရတယ်။
http://www.khitpyaing.org/index.php?route=detail&id=4978

NLDပါတီဒုဥက္ကဌဦးတင်ဦးအား စုပေါင်း ကန်တော့ပွဲ

Monthly Chronology of Burma's Political Prisoners for September, 2010

http://xa.yimg.com/kq/groups/20354587/965602489/name/Monthly%20Chronology%20of%20Burma%27s%20Political%20Prisoners%20for%20Sep%

Monthly Chronology of Burma's Political Prisoners for Sep%

မဟာတဘောင်တော်ကြီး

မဟာတဘောင်တော်ကြီး
ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ
နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့

ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ
ရှေ့လူ နောက်တတ် နင်းလတ္တံ့

သီတင်းကျွတ်ရေတတ် တိုင်းပြည်ပျက်
ကောင်းအောင်ညီဖို့ လိုလတ္တံ့။

မြန်မာပြည်ထဲမှာ လွန်ခဲ့တဲ့ ၃ လလောက်ထဲက ထွက်ပေါ်နေတဲ့ တဘောင်ပါ။ မြန်မာပြည်မှာ ရေတွေကြီးလာတော့ အံ့သြပြီး တဘောင်အတိုင်း ဖြစ်နေပါ လားဟ ဆိုပြီး သိမ်းထားတာလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အတိတ်တဘောင်တွေဆိုတာ ရံဖန်ရံခါပေါ်ထွက်တတ် သလို တိုင်းရေးပြည်ရာ အဖြာဖြာအထိ ဆိုးကောင်းတွေကို ကြိုကြိုတင်တင် နိမိတ်ထင်တဲ့သဘောလို့ မြန်မာတွေက ယုံကြည်ယူဆကြပါတယ်။

၁၀ ရက် ၁၀ လ ၂၀၁၀ ဟာ ၀လေးလုံး ဆုံတဲ့ ကာလဖြစ်ပါတယ်တဲ့။ အိမ်နိမ့်စံ ဖြစ်နေရသူတွေ အမြင့်စံ ဖြစ်တော့မယ့် အခါသမယလို့ ဆိုပါတယ်။

ဆင်ဖြူတော်ကလည်း ငါးကောင်တိတိ ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တတ် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်လို့ အဓိပ္မါလ်ဖွင့်ကြပါတယ်။

သီတင်းကျွတ်ကာလဆိုတာ ခြေခင်းလက်ခင်းသာပြီး ဆန်စပါးထွက်ပေါ်ပြီး ပထ၀ီမြေထုထံက ရွှေစု စပါးနှံတွေ သီးပွင့်ပေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ (မတော်တဆ ဖြစ်တတ်တဲ့ တနေရာရာလောက်မှာ မဟုတ်ပဲ) တတိုင်းပြည်လုံး နေရာအတော်များများမှာ ရေလွှမ်းမိုးတာမျိုးဟာ တိုင်းပြည်ပျက်တဲ့ အတိတ် နိမိတ်လို့ ဆိုထားပါတယ်။ ကောင်းတဲ့ဖက်ကို ပြောင်းချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့် မတဲ့ဗျား..။

အရှင်သုမန

သံရုံးအကြံသိကြရန်



နိုဝင်ဘာ ၇ရက်နေ့ ရွေးကောက်ပွဲအတွက် နိုင်ငံတကာရှိ မြန်မာသံရုံးများမှ ကြံ့ဖွတ်သံအမတ်ကြီးများရဲ့ မလိမ့်တပတ်လုပ်မည့် အကြံအစည်..



http://www.demowaiyan.co.cc/2010/10/blog-post_1232.html

Voice of Burma Information Group Issue No.783, October 10, 2010

http://xa.yimg.com/kq/groups/20354587/752640553/name/VOB783KK%5B1%5D.pdf

VOB783KK[1]

နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား ( ကိုရီးယား )

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး 
              နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား ( ကိုရီးယား )



လေးစားစွာဖြင့်

http://flyingpeacock.blogspot.com/