Wednesday, October 13, 2010

ကိုဆန်ရှင်ကြီးပြန်မှာလား..


ချီလီမှာဘော်လုံးကွင်းတပတ်ခွဲစာလောက်နက်တဲ့မိုင်းတွင်းထဲကမိုင်းလုပ်သားတွေကယ်တင်တဲ့နေရာမှာသမ္မတနဲ့သူ့ကတော်ညလုံး ပေါက်လာထိုင်စောင့်တာတွေ့ရတော့ဒို့ဦးသန်းရွှေကြီးမန္တလာများရောက်နေလားသတင်းမှာအပြေးအလွှားဖတ်ရသေးတယ်.. နာဂစ်တုန်းက လည်းရွှံမြေပေါ်သဲခင်းပြီးမှကြွချီတော်မူရှာတယ်၊တိုင်းသူပြည်သားအပေါ်ဘယ်လောက်ချစ်လဲပြောပါတယ်.. မန္တလာမှာရေကြီးတာမီးသတ်နဲ့ဘုန်းကြီးတွေပဲတွေ့ရတယ်...ရွေးကောက်ပွဲကအရေးကြီးလေတော့သူခမျာလှည့်မကြည့်နိုင်ရှာ ဖူးထင်ပါ့ရဲ့...လူကြီးသူမတွေပြောတဲ့ဇာတိဗီဇဆိုတာဖျောက်လို့မရတာအမှန်....
အာဏာ..အာဏာ..အာဏာ..မြဲပါရစေ...မြဲပါရစေ...မြဲပါရစေကုန်သော်ဝ်..
တရုတ၊်ရုရှားစောင်မပါစေ....ဆိုပြီးအမြဲဆုတောင်းနေရှာတယ်...
ကျွန်တော်တို့တွေဟာစုံလုံးမှိတ်ပြီးနအဖကိုဘာပဲလုပ်ပေးလုပ်ပေးဆန့်ကျင်နေတာမဟုတ်ပါဘူး..ပြည်သူနဲ့လိုက်ရောညီထွေမရှိ လွန်းလို့သာခေါင်းနဲ့တိုက်၊ဒူးနဲ့ဆောင့်လုပ်နေရကြရတာပါ၊

(၁)၂၂နှစ်အတွင်းဦးသန်းရွှေဟာတိုင်းရင်းသားအရေးပြေလည်အောင်မလုပ်ခဲ့။(မလုပ်နိုင်တာမဟုတ်)
(၂)ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်အစရှိသည်တို့နှင့်လည်းအဆင်မပြေ။
(၃)ပြည်သူတွေအတွက်လည်းဘာမှဖြစ်မလာ..(ချစ်သည်လည်းမဟုတ်၊မုန်းသည်လည်းမဟုတ်၊ဥပက္ခာပြုထားခြင်းသာ)


ဆိုပြီးငါမြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်လုပ်နေလို့ကျွန်တော်တို့ကလည်းပဲခူးမရောက်မချင်းလှေထိုး(လှော်)နေရမည်သာပင်။
ွှမြန်မာနိုင်ငံအာဏာရှင်စနစ်ဒီသမိုင်းဆိုးကြီးထဲမှ၂၀၁၀ရွေးကောက်ပွဲသေးသေးလေးအကြောင်းကိုလူတွေကအကြီးကြီးလုပ်ပြော နေကြသည်။ရှင်းရှင်းလေးနဲ့ပတ်ရှုတ်နေသည်။

-လတ်တလောတွင်ပြည်ပသက်ရောက်မှုဘာမှမရှိ၍ဘာမှမမျှော်လင့်ပါနှင့်။
-ရွေးကောက်ပွဲလည်းမပျက်ပါ။
-ကြံဖွတ်ကိုလည်းမည်သူမှမနိုင်ပါ။
-ဖင်တပြန်ခေါင်းတပြန်အမြန်ရေးထားသောနာဂစ်ဖွဲ့စည်းပုံအတိုင်းဦးသန်းရွှေနိုင်ငံတော်နာယကလုပ်မည်။ (ဒါကမ္ဘာမှာအသစ်ပေါ်တဲ့ ရာထူးပါ)
-နောင်၁၀နှစ်ကြာလျှင် NLD လည်းရှိချင်မှာရှိတော့မည်။

ဟာဒါဆိုပွဲကပြီးပြီပေါ့လို့တော့မထင်လိုက်ပါနဲ့၊
နောက်လာမည့်မျိုးဆက်သစ်တွေသည်၈၈ကထက်ပိုပြီးအမှန်ကိုပိုသိရန်အခွင့်အလမ်းများသလိုကြောက်တတ်သူများလည်းမဟုတ်ကြ။
မြှောက်ပေးတိုင်းလည်းမလုပ်သလိုဝေဖန်စရာရှိလည်းမနက်ဖန်အထိမစောင့်တတ်ကြ။လတ်တလောအခြေအနေသည်၁၈နှင့်၃၀ကြား လူငယ်များအတွက်အတွေ့အကြုံအသစ်တခုဖြစ်နေသလိုဘာတွေဖြစ်လာမှာလည်းဆိုတဲ့အတွေးတွေနဲ့မြင်မြင်သမျှထူးဆန်းနေချိန်မို့သာ။ပြီးတော့လည်း ဒီကျောက်ဆည်သားကြီးပါပဲဆိုတာသိလာရတဲ့အချိန်။ပြည်ပပိတ်ဆို့မှုကလည်းအရင်အတိုင်းပဲဆိုတော့တိုးတက်မှု ဆိုတာမရှိတော့ဖူးလို့သိလာရတဲ့တနေ့..........။(ကျွန်တော်သူတို့ကိုယုံကြည်နေပါတယ်).....
အဲ..အဲ..ရေးရင်းနဲ့...နောက်ကြံဖွတ်တွေတက်လာ၊NLDလည်းတရားဝင်မရှိတော့တဲ့အချိန်၊ပြည်ထောင်စုကြီးသာယာဝပြောနေ ပါပြီဆိုပြီးစားရ၀ခမန်းပြောလာချိန်မှာဒီ(ကိုဆန်ရှင်ကြီး)မြန်မာပြည်အပေါ်မရှိတော့ဘူးဆိုတာဖြစ်လာမှာလား...ရှိနေအုံးမှာဆိုတာ မိတ်ဆွေစဉ်းစားကြည့်ပါ။

အကျိုးနဲ့အကြောင်းဘယ်ဟာကအရင်လည်းဆိုတာပြောရခက်ပေမယ့်နှစ်ခုလုံးတိုက်ဆိုင်မှရလဒ်တခုဖြစ်ပေါ်လာတာပါ။
အကျိုးပဲဖြစ်ဖြစ်အကြောင်းပဲဖြစ်ဖြစ်တခုခုကိုဦးခင်မောင်ဆွေတို့လိုယိုင်မသွားပဲအမြဲတမ်းကျွန်တော်တို့ဖန်တီးနေကြရမှာပါပဲ။
နိုင်ငံရေးခံယူချက်နဲ့နိုင်ငံရေးပရိယာဉ်ဘယ်လိုကွဲတယ်ဆိုတာဦးခင်မောင်ဆွေကိုတွေ့ရင်ပြောပြချင်ပါသေးတယ်။။

ရဲရင့်ငယ်...





ကိုမောင်လှရိုက်ထားတဲ့မနေ့က ရေဝပ်တဲ့ (သတင်းစာ အသုံးအနှုန်း) မြို့သစ် ၃-နေရာ






 ကျွဲဆည်ကန် ကားကြီးဝင်းရဲ့ အရှေ့ဘက် သိပ်မကွာဝေးတဲ့နေရာမှာ..အရင်က ဒီမှာ ဗေဒါပင် မရှိပါဘူး...

13 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/xgh821f6vyo5y28/13%20%20October%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/xb6cwg6bwdjw6lb/13%20%20October%202010%20yeyintnge%27s%20Diary.pdf
13 October 2010 Yeyintnge's Diary

တပ်မတော် နှင့် ပြည်သူလူထု


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို လူတိုင်းချစ်ခင် လေးစားကြသည် ။ ထိုသို့ဆိုလိုက်၍ ကျွန်တော်ကို
အတွေးအခေါ်ဖောက်ပြန်သွားပြီ လို့လည်း မထင်ကြပါနဲ့အုံး ။ ကျွန်တော် တကယ်တမ်း ဆိုလိုတာက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာပါ ။ စစ်အာဏာရှင် စနစ်ဆိုး ကြီးကို မွေးမြူပြီး မိုက်လုံးကြီးနေတဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာမဟုတ်ပါဘူး ။ ဘာကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို လူတိုင်း ချစ်ခင် လေးစားကြတယ်လို့ ပြောတာလည်း ။ အဖြေကို သက်သေပြရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကို ပထမဆုံး ဥပမာ ပေးမိတာ အမှန်ပါဘဲ ။
ဒီနေ့ထိတိုင် မြန်မာနိုင်ငံသားတွေ ချစ်ခင် လေးစားကြတာကို တွေ့မြင် ကြားသိနေရတုန်းပါဘဲ ။
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓါတ်ပုံလေးတွေ ၊ သူပြောဆိုဆုံးမခဲ့တဲ့ စာသားလေးတွေကို မြန်မာနိုင်ငံသားတွေ ချစ်ခင်လေးစား နေကြတုန်းဘဲ ဆိုတာကို တော့ နေရာ အနှံ့အပြားမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ် ။

နောက်တစ်ယောက်က မကြာခင်က စကာင်္ပူကို လာပြီး ဆေးကုသမှု ခံယူသွားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်သူရ တင်ဦး ။ ဘဘဦးတင်ဦး စင်္ကာပူ ကို ဆေးလာ ကုမယ်ဆိုတော့ စင်္ကာပူ ကို မရောက်ခင်ကတည်းက ၀ိုင်းပြီး သတင်းမေးကြတဲ့လူတွေ မနည်းပါဘူး ။ ထို့အတူ ခွဲစိတ်ကုသမှု မလုပ်ခင်မှာလည်း ၀ိုင်းဝန်း ဆုတောင်းပေးကြတဲ့ လူတွေ ၊ ဆေးကုသမှု အောင်မြင်ကြောင်း သတင်းကို တင်ပေးလိုက်တဲ့ အခါ ကမ္ဘာတ၀ှမ်းမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေနဲ့ မြန်မာပြည်တွင်းက လူတွေ ၀မ်း သာ ကြောင်း လာပြောကြတာ လည်း မနည်းပါဘူး ။ မြန်မာနိုင်ငံသား တွေတင် မကပါဘူး စင်္ကာပူ လူမျိုး တွေကလည်း လေးစားကြတာပါဘဲ ။ မြန်မာနိုင်ငံသားတွေဟာ သူရဲကောင်းတွေကို ဘယ်လောက် မြတ်နိုးတန်ဖိုးထားလိုက်သလဲ ဆိုတာ ၊ တိုင်းပြည်အကျိုးအတွက် အရင်ကလည်း ဆောင်ရွှက်ခဲ့သလို အခုချိန်မှာလည်း ဆောင်ရွှက်နေဆဲ ဖြစ်တဲ့ ဘဘဦးတင်ဦးကို စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက ဂါဝရ ပြုခဲ့ကြတဲ့ အခမ်းအနားမှာ လည်း အားလုံးတွေ့မြင်တဲ့ အတိုင်းပါဘဲ ။ ဒါတွေဟာ ဘယ်သူမှ ခိုင်းလို့ လုပ်ကြတာ မဟုတ်ပါဘူး ၊ မလာမနေရ စနစ်ကို လည်း မသုံးပါဘူး ၊ လေးစားလွန်းလို့ ၇ိုသေစွာ ရှစ်ခိုးကန်တော့ပြီး ဆုမွန်ကောင်းတွေ ၀ိုင်းတောင်းပေးကြတာ မြင်တဲ့လူတိုင်း မျက်ရည်ဝဲ လောက်အောင် ၀မ်းသာအားရ ဖြစ်မိကြပါတယ် ။

ကျွန်တော် မှတ်မိသလောက် ဆိုရင် ယခု စစ်အာဏာရှင် ခေါင်းဆောင်ပိုင်း တော်တော်များများ စကာင်္ပူ ကို ဆေးလာကု ဘူးပါတယ် ။ သူတို့တွေ လာတုန်းက ဘယ်လို ၀ိုင်းပြီး ဆုတောင်းပေးကြလဲ ။ ခင်ဗျာတို့ အမှတ်ရကြအုံးမှာပါ ။ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ဖို့ ကြံစည်ရာက ဦးသန်းရွှေ သဘောကျလို့ ရာထူးတွေ တဆင့်ပြီးတဆင့် တက်လာတဲ့ ဗိုလ်ချုပ်စိုးဝင်း လည်း စကာင်္ပူမှာ ဆေးလာကုတာ သေပြီလည်း သတင်းကြားရော ပြည်သူတွေမှာ ၀မ်းသာအားရ ဖြစ်လိုက်ကြတာ ကို ပြန်ပြီးတောင် မြင်ယောင်လာမိတယ်ဗျာ ။ ထို့အတူဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ လာတုန်းကလည်း အလားတူပါဘဲ ။ ပြည်သူတွေက ဘယ်အချိန်များ သူ ကွယ်လွန်ပြီ ဆိုတဲ့ သတင်းကို ကြားရမလဲ ဆိုပြီး မျှော်လင့်စွာ စောင့်စားခဲ့ဘူး ကြပါတယ် ။ သူတို့တွေ လာရင်လည်း သံရုံး ၀န်ထမ်း တွေက လွဲရင် ဘယ်ပြည်သူလူထု မှ သွားတွေ့တယ်လို့ မကြားမိပါဘူး ။ မတတ်သာလို့ သွားတွေ့ရတဲ့ လူတွေရဲ့ ရင်ထဲမှာလည်း စေတနာ ဆိုတာ ပါနိုင်ပါ့မလား ။ စိတ်မပါဘဲ လုပ်ခိုင်းတဲ့ အလုပ် ကို ဘယ်သူမှ စေတနာ မပါဘူး ဆိုတာ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေ နဲ့ နှိုင်းယှဉ် ကြည့်စမ်းပါ ။


ဦးတင်ဦး ဆိုတာက ပြည်သူလူထု အားလုံး သိပြီးကြတဲ့ အတိုင်း တိုင်းပြည် နဲ့ လူမျိုးအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ အာဏာရှင် စနစ်ဆိုးကြီးက တိုင်းပြည်ကို အကျိုးယုတ်စေမယ် ၊ ဒီမိုကရေစီ စနစ်က သာ ပြည်သူလူထု တွေ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ အုပ်ချုပ်ရေး စနစ်ဆိုတာကို ကျွန်တော်တို့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တာကို လေးစားစွာ လိုက်နာကျင့်ကြံနေတဲ့ ပုဂ္ဂိုလ် လေ ။

ဒီနေ့ စစ်အာဏာရှင်စနစ်ဆိုး ကို မွေးထုတ်နေတဲ့ ဗိုလ်ချုပ်တွေက သူတို့ကောင်းစားရေးကို ဦးထိပ်ထား သလောက် ပြည်သူတွေ ဒုက္ခရောက် နေတာ သိသိကြီးနဲ့ လှည့်ကြကြတာ မဟုတ်ပါဘူး ။ အာဏာတည်မြဲရေး အတွက် ဆို သံဃာတောင် ချမ်းသာ မပေးဘူးဆိုတဲ့ ၀ါဒကို ကိုင်စွဲထားသူတွေ ၊
ဖြစ်ချင်တာ ဖြစ် ပစ်သာပစ်ကွာ ဆိုတဲ့ အမိန့်စကားကို လက်ကိုင်ထားပြီး သူတို့ကိုယ်ကြိုးရှာဖို့ တပ်မတော်နဲ့ ပြည်သူလူထု ကို ရန်တိုက်ပေးနေတဲ့လူတွေ ၊ ဒို့မြေကို တစ်လက်မ မှ အထိမခံ ရအောင် ကာကွယ်ကြဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်က ၊ အခုတော့ သူတို့အာဏာ တည်မြဲရေး အတွက် ဆို ကျွန်တော်တို့ တိုင်းပြည်ကို တိုင်းတပါးလက် ထိုးအပ်ဖို့တောင် ၀န်မလေးတဲ့သူတွေ ၊
အောက်ခြေပိုင်း ရဲဘော်တွေ ၀မ်းရေး အတွက် မနည်း ရုန်းကန် လုပ်ရှားနေကြရတဲ့ အချိန်မှာ သူတို့တတွေက တိုင်းပြည်ဘဏ္ဍာတွေနဲ့ နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်တွေ အမျိုးမျိုးဝယ်သုံးပြီး အာဏာယစ်မူးနေကြတဲ့ လူတွေ ၊
ပြောလို့တောင် ကုန်စရာ မရှိပါဘူးဗျာ ။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စစ်အာဏာ ရှင်တွေဟာ လူမိုက်တွေထက်လည်း ပိုမိုက်သလို လူယုတ်မာတွေထက်လည်း ယုတ်မာနေကြ တာ အားလုံးအသိပါ ။

တပ်မတော်သား ဗိုလ်ချုပ် ချင်း တူပါလျှက်နဲ့ တိုင်းပြည် အပေါ်ကို ထားရှိတဲ့ စေတနာနဲ့ ခံယူချက်ချင်း မတူကြတော့ ပြည်သူလူထု ကလည်းသူတို့ အပေါ်ကို ထားရှိတဲ့ စေတနာ တွေက ကွဲပြားနေတာ သဘာဝ အမှန်တရား ပါဘဲ ။

ဒီနေ့တပ်မတော်သား အဖြစ်ခံယူထားတဲ့ မိတ်ဆွေ အပေါင်းကို ကျွန်တော် လေးနက်စွာ အသိပေးချင်ပါတယ် ။ တစ်ချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ ကြိုးစားစဉ် ဗိုလ်ချုပ်အောင်ဆန်း လက်အောက်က တပ်မတော်သား တွေကို ပြည်သူလူထု ထားရှိတဲ့ သဘောထား လေးကို ဒီသီချင်းလေးကို လိုက်ရွှတ်ကြည့်စမ်းပါ ။ ပြည်သူတွေဟာ တပ်မတော် သားတွေကို ဘယ်လောက် ကြည်ညိုလိုက်သလဲ ၊ ဘယ်လောက် လေးစားလိုက်သလဲ ။


ချွေးနဲ့သာရယ် သွေးနဲ့သာရယ်
စစ်တိုက်တဲ့ နေရာဝယ် အသက်စွန့်ကြလေတော့တယ်
သနားလောက်စရာ တကယ် စားသောက်ရှာတယ်
အဆင်းရဲလည်း ခံရှာတယ် .......ဇွဲသတ္တိထုံးနဲ့ရယ်
ဗမာ့တပ်မတော်ကြီးကိုသာ ၀င်တယ်
စွန့်စားတဲ့လူတွေရယ်ကျေးဇူးကို မျှော်တွေးလို့
ဗမာ့သွေး ကို
နှမပေးချင်ပါတယ် ။


ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ....
သြော်...ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ...
ပိုပြီးပျော်ဖို့ရယ် ဟေ. ဒို့ကြီးတော်ကြီးကိုပါ ငါ ပေးမယ် ။

ယူမယ် ယူမယ် ဗမာတိုင်း ဗမာတိုင်း မှတ်သားကြကွယ်
ခေတ်ပေါ်တိုင်းပြည်မှာကွယ် စစ်သည် အပေါင်းကို ကောင်းမွန်စွာ ရယ်
ကြိုက်တာလိုရာ ပေးလို့ အင်မတန် အရေးယူတယ်
အဲဒီ လို ဗမာတပ်မတော်ကို မှ တတ်နိုင်သလို ကူပါကြဖို့
နမူနာပြလို့ ကျွန်တော်များ ဆိုပါတယ် ....။

ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ တိုက်ပွဲဝင်ကြမယ့် ရဲဘော်တွေကို ပြည်သူလူထု ကိုယ်စား ဂီတာသိန်းမောင်က ဂျူဗလီဟော မှာ ဖျော်ဖြေခဲ့တဲ့ သီးချင်းလေးပါ ။ အဲဒီ သီချင်းလေးကို နားဆင်ရတဲ့ ရဲဘော်တွေ မျက်ရည်ကျတယ်တဲ့ ။ ဘယ်လောက် လွှမ်းစရာကောင်းလိုက်တဲ့ သီချင်းလေးလဲဗျာ ။

ယခင်က တပ်မတော်သားတွေကို ပြည်သူလူထု က လေးစားချစ်ခင် ခဲ့တာကို အခွင့်ကောင်းယူပြီး
စစ်အာဏာရှင်တွေက သူတို့ ကိုယ်ကျိုး အတွက် တပ်မတော်သားတွေကို အသုံးချခြင်းကို ခံခဲ့ရလို့
အခု ချိန်မှာ တပ်မတော်သား တွေကို ပြည်သူလူထု က နာကြည်းမုန်းတီး နေကြပါပြီ ။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူလူထု ကို အရက်စက်ဆုံး နှိမ်နှင်း ခဲ့ကြတဲ့ တပ်မတော်သား တွေကို နာကြည်းလာတာ မုန်းတီးလာတာ ပြည်သူတွေ ကို အပြစ်ဆိုလို့လည်း မရပါဘူး ။ ဒီနေ့ ပြည်သူလူထု ကိုယ်စား ကျွန်တော် ပြောကြားချင်တာက ကျွန်တော်တို့ တပ်မတော်သား တွေကို မမုန်းပါဘူး ။ စစ်အာဏာရှင်တွေ အလို ကျ ပြည်သူလူထု ကို ဒုက္ခပေးတဲ့ စစ်သားတွေကိုသာ မုန်းတာပါ ။ ကျွန်တော်တို့ တတွေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို မမုန်းပါဘူး ။ စစ်အာဏာရှင် စနစ်ကြီးကို မွေးဖွာပေးတဲ့ ယုတ်မာလွန်းလှတဲ့ ဗိုလ်ချုပ်တွေ ကိုသာ မုန်းတာပါ ။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေး အတွက် တပ်မတော်သားတွေကို မြှောက်ပေးပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ရန်သူသဖွယ် သတ်ဖြတ်ခိုင်းခဲ့သလို ၊ ပြည်သူလူထုကို လည်း အကြမ်းဖက် နှိမ်နှင်းခဲ့တာ တွေဟာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ခိုင်းသလိုပါဘဲ ။ အဲဒီလို မှားယွင်းတဲ့ လုပ်ရပ်တွေကို သာ ရပ်ပြီး ပြည်သူလူထု နဲက လက်တွဲကြမယ် ဆိုရင် မကြာခင် အချိန်အတွင်းမှာ ပြည်သူလူထု ကလည်း တပ်မတော်သား တွေ အပေါ်ကို သဘောထား ပြောင်းလာကြမှာ သေချာပါတယ် ။
တချိန်က တပ်မတော်နဲ့ ပြည်သူလူထု ချစ်ခင်စည်းလုံးခဲ့ကြလို့ လွတ်လပ်ရေးကို ရရှိခဲ့ကြတယ် ဆိုတာကို မမေ့စေချင်ပါဘူး ။ ပြည်သူချစ်သော စည်းကမ်းပြည့်ဝတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ တပ်မတော် ကြီးကို ပြန်လည် မွေးဖွားဖို့ အတွက် ဒီနေ့ တပ်မတော်သားတိုင်းမှာ တာဝန်ရှိပါတယ် ။ ယခု အချိန်ဟာ တပ်မတော်သား တွေ အမြင်မှန်ရကာ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး မြန်မာတမျိုးသားလုံးက လေးစားချစ်ခင်ရတဲ့ တပ်မတော်ကြီးကို ပြန်လည် တည်ဆောက်ဖို့အတွက် ကမ္ဗည်း မော်ကွန်း ရေးထိုးရမည့် အချိန်ကို ရောက်လာပါပြီလို့ လေးစားစွာ အသိပေး နိုးဆော် လိုက်ပါတယ် ။

ပြည်သူလူထု အနေနဲ့လည်း လွတ်လပ်၍ တရားမျှတကာ အေးချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဆိုသို့ ချီတက်ရန် အတွက် ကျရာ အခန်းဂဏ္ဍကနေ ပါဝင်ပြီး တိုက်ပွဲကို ၀င် ရောက် ဆင်နွှဲပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

လက်ရှိတပ်မတော် တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အားလုံး အမှန်တရားကို သိမြင်လာစေရန် ကူညီ၍ ဖြန့်ဝေပေးကြပါ ။

ကိုမင်းကိုနိုင်၏မွေးနေ့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (မလေးရှား) မှ ကျင်းပပြုလုပ်မည်




မြန်မာပြည်သားစာစောင် (အတွဲ ၇ - အမှတ် ၆၊ အောက်တိုဘာလ - ၂၀၁၀)

The Burmese Journal

ဗိုလ်သန်းရွှေ၏ လက်ခုပ်တွင်းမှ ရွေးကောက်ပွဲ စိန်ခေါ်မှု


Wednesday, 13 October 2010 17:09
သျှမ်းသံတော်ဆင့်


ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်လိုက်ချိန်မှ စ၍ ရွေးကောက်ပွဲအပေါ် ရူ့ထောင့်ပေါင်းစုံမှ သုံးသပ် ပြောဆိုသံများ ပွက် လောရိုက်သွားသည်။

စစ်အစိုးရအား ပြောင်းလဲရန် နည်းလမ်းမှာ ရွေးကောက်ပွဲမှတစ်ပါး အခြားမရှိဟု ဆိုသူများက တစ်ဘက် မြန်မာ့နိုင်ငံရေး ပြဿနာ၏ အဖြေသည် ရွေးကောက်ပွဲ မဟုတ်ဟု ရပ်တည်သူများက တစ်ဘက် ဒီမိုကရေစီ အင်အားစုများအတွင်း အယူ အဆ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။

ထို့ကြောင့် သာမန်ရွေးကောက်ပွဲဟု ဆိုခြင်းထက် အဆိပ်အိုးခပ်သောက်ရသည်နှင့် သဏ္ဍန်တူနေသည်။ လက်တွေ့တွင် လည်း လူထုအတွက် အနစ်နာခံလုပ်ခဲ့ကြသည့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲကြောင့် ကွဲပြဲသွားသည်။

မိုးထဲရေထဲရှိစဉ် နအဖ၏ ဖိနှိပ်မှုပေါင်းစုံကို အတူခါးစည်းခံကြသည့် ရဲဘော်ရဲဘက် အချင်းချင်းအကြား နောက်ကျော ဓါး ထောက်သည့် သစ္စာဖေါက်များ အဖြစ် ပြောင်းလဲသွားသည်။ တစ်အူတုံဆင်း တိုင်းရင်းသားများအကြား မဟာမိတ်များ ကြား စိတ်ဝမ်းကွဲပြီး ဖရိုဖရဲ ဖြစ်ခဲ့ရသည် ။

ယခုအကွဲအပြဲဇတ်လမ်းသည် ရွေးကောက်ပွဲ၏ ပကတိသရုပ်မှန်အား ထင်ဟပ်စေသည့် ဖြစ်ရပ်များထဲမှ တစ်စိတ်တစ်ဒေ သမျှသာရှိသေးပြီး ထိုထက်ပို၍ ရူပ်ထွေးမှုများစွာ ရှိနေသေးသည်။

ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများတွင် ကျင်းပသည့် ရွေးကောက်ပွဲများနှင့်နိုင်းယှဉ်ပါက မြန်မာ့ရွေးကောက်ပွဲသည် အများဆန္ဒအရ ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ အရာရာကို စိတ်ကြိုက် လက်ဝါးကြီးအုပ်နေသော အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး များ၏ အစီအမံအရ ပေါ်ပေါက်လာသောကြောင့် ယခုကဲ့သို့ မလိုလားအပ်သော အခြေအနေဆိုးများ ကြုံတွေ့ရခြင်း ဖြစ် သည်။

မြန်မာနိုင်ငံတွင် နအဖစစ်ဗိုလ်ချုပ်များ အာဏာသိမ်းယူခဲ့သည့် နှစ် ၂၀ ကျော်ကာလအတွင်း ၁၉၉၀ က ပထမအကြိမ် ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်ဖြင့် အောင်ပွဲခံခဲ့ သည်။ သို့သော် စစ်ဗိုလ်ချုပ် ကြီးများက လုပ်ပိုင်ခွင့်များ လွဲပြောင်းပေးခြင်း မရှိသည့် အပြင် အနိုင်ရပါတီဝင်များအပေါ် စွဲချက်အမျိုးမျိုးတပ်ကာ ဖိနှိပ်မှု ညှင်းပမ်းမှု ထောင်သွင်းအကျဉ်းချမှုများ ပြုလုပ်ထားဆဲ ဖြစ်သည်။

ထို့ထက်ဆိုးဝါးသော လုပ်ရပ်မှာ ၂၀၀၃ မေလ စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်သို့ စည်းရုံးရေးခရီး ထွက်သည့် ဒေါ်အောင်ဆန်း စုကြည် လိုက်ပါသော အဖွဲ့ချုပ် ယာဉ်တန်းကို ယခုကြံ့ခိုင်ရေးပါတီ တစ်ဖြစ်လဲ ကြံ့ခိုင်ရေး အသင်း၏ စွမ်းအား ရှင်လူမိုက်လူရမ်းကား တသိုက်က ထိုက်ခိုက် လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ကြံမှု၌ အဖွဲ့ချုပ်ပါတီဝင်နှင့် ထောက်ခံသူ ရာနှင့်ချီ အသက်စတေးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။

ဆိုလိုရင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီဘက်တော်သားများအတွက် အပေါင်း လက္ခဏာဖြစ်ပြီး စစ်ဗိုလ် ချုပ်ကြီးများ အတွက် အနူတ်လက္ခဏာဖြစ်သောကြောင့် ၄င်းတို့ကိုယ်တိုင်လက်ဖြင့်ရေးခဲ့သည်ကို ခြေဖြင့်ပြန်ဖျက်နေခြင်း ဖြစ် သည်။

ထိုသို့ဆိုလျှင် ယခုကျင်းပမည့် ရွေးကောက်ပွဲနှင့် ၁၉၉၀ ရွေးကောက်ပွဲအကြား ခြားနားချက် တူညီချက်များအပေါ် ထိတွေ့ စမ်းသပ်ရန် မခက်ခဲတော့ပေ။

စစ်ဗိုလ်ချုပ်ကြီးများက ၁၉၉၀ရွေးကောက်ပွဲတွင်အရူံးနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် သင်ခန်းစာ တစ်ပွေ့တစ်ပိုက်ဖြင့် နှစ်ပေါင်း ၂၀ ကြာအချိန်ယူ ပြင်ဆင်ပြီးမှ ယခု တစ်ကြိမ် ရွေးကောက်ပွဲအား ကျင်းပခြင်း ဖြစ်သည်။

တနည်းဆိုရလျှင် ယခုရွေးကောက်ပွဲသည် သက်ဦးဆံပိုင် ပဒေသရာဇ် ဘုရင်သဖွယ် တစ်ဦးတည်း ချယ်လှယ်ခွင့်ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏ နိုင်ငံရေးစစ်တုရင်ခုံပေါ်က ကစားကွက်တစ်ခုဟု ဆိုလျှင်မှားမည် မထင်ပေ။ ထို့အပြင် ဗိုလ်ချုပ် မှူးကြီး၏ မဟာစီမံကိန်းများ အထဲမှ အဓိကအစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

ယင်းအဆိုကို သိသာစေသည့် အချက်မှာ ဗိုလ်ချုပ်မှူးကြီး၏ မြို့တော်သစ် နေပြည်တော်တည်ဆောက်ရေး စီမံကိန်း ဖြစ်သည်။ သာမန်မြို့ပြဆိုသည်ထက် စစ်ရေး/ နိုင်ငံရေး ရေရှည်အမြင်ဖြင့် အထူးစီမံတည်ဆောက်ထားသောမြို့တော် ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

တိုင်းပြည်အာဏာ မဏ္ဏိုင်အရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီး၏ ယုံကြည်စိတ်ချရသူများ၊ ကျောထောက်နောက်ခံပြုသူများမှ နောင်နှစ်ပေါင်း ၅၀ မှ ၁၀၀ အထိ ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။

လက်တဆုပ်စာ စစ်ဗိုလ်ချုပ်များ၊ ၄င်းတို့မိသားစုများ၏ ကိုယ်ကျိုးစီးပွားလုံခြုံရေး၊ တရားဝင် အာဏာရှိမှုတို့ သည် ယခုရွေးကောက်ပွဲရလဒ်နှင့် ဆက်စပ်နေသည့်တိုင် ရွေးကောက်ပွဲ အနိုင်/အရူံးပေါ် မူတည်၍ ၄င်းတို့၏အာဏာစက် အား ကြီးကြီးမားမား ထိခိုက်မှု မရှိစေရန် စီမံထားပြန်သည် ။

ဗိုလ်သန်းရွှေက ကြံ့ဖွံ့ပါတီအနိုင်ရမည်ဟု အာမခံချက်မပေးသော်လည်း အနိုင်ရရေးအတွက် နည်းလမ်းပေါင်းစုံသုံးရန် ခွင့်ပြုထားသည်။ ထို့ကြောင့် ကြံ့ဖွံ့ပါတီသည် အခြားနိုင်ငံရေးပါတီများထက် အစစအရာရာအလျာစီး သာလွန်နေပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့်ရလဒ်ကိုပင် ကြိုတင်တွက်ဆနိုင်သည့် အနေအထားရောက်နေသည်။

အကယ်၍ ကြံ့ဖွံ့ပါတီရူံးခဲ့သည့်တိုင် ဗိုလ်ချုပ်မှူးကြီးအတွက် ကြီးကြီးမားမား ထိခိုက်မှု မရှိနိုင်ပဲ ဒင်းတို့ထိုက်နဲ့ ဒင်းတို့ကံ ဟုသာ သဘောထားမည် ဖြစ်သည်။

မကြာသေးမီက ပြုလုပ်ခဲ့သော နအဖတပ်အတွင်းရာထူးအပြောင်းအလဲ ဆိုသည်မှာ ဗိုလ်သန်းရွှေက အာဏာအမွေခွဲပေး ခြင်းဖြစ်ပြီး ကြံ့ဖွံ့ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် စစ်ဗိုလ်ချုပ်များကိုသာ တိုက်ရိုက် အကျိုးသက်ရောက်မည် ဖြစ်သည်။

ထို့အတူ ရွေးကောက်ပွဲမှတစ်ပါး အခြားလမ်းရွေးစရာမရှိဆိုသည့် နိုင်ငံရေးပါတီများဘက်မှလည်း နိုင်သည်ဖြစ်စေ ရှုံးသည် ဖြစ်စေ ဗိုလ်သန်းရွှေ အစီအမံအောက်မှ ကျုံ့ကျုံ့ကလေး နေရုံမှလွဲ၍ ကြီးမားသည့်ပြောင်းလဲမှုမျိုးမျှော်မှန်း၍ မရနိုင်ချေ။

ကြံ့ဖွံ့ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် စစ်ဗိုလ်ချုပ်များ၊ ရွေးကောက်ပွဲဝင်မည့် အဆို့စစ်အုပ်စုကိုယ် စားပြု နိုင်ငံရေးပါတီများသည် ဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ နိုင်ငံရေးစစ်တုရင်ကစားကွက်အတွင်းမှ နယ်ရုပ်များ ဖြစ်နေ သောကြောင့်ပင်။

ယခုရွေးကောက်ပွဲသည် အထက်ပါအခြေအနေအောက်တွင် ကျင်းပပေးခြင်း ဖြစ်သဖြင့် ဗိုလ်သန်းရွှေအဖို့ စင်မြင့်ပေါ် ဆက်ရှိနေအုံးမည်ဖြစ်သည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/1141-2010-10-13-10-33-03

ကြပ်ပြေးမှာ အောင်မြေနင်းတဲ့ နအဖထိပ်သီးအမတ်လောင်းတွေ

ရဲဘော်ဖိုးသံချောင်း   /   ၁၃ အောက်တိုဘာ ၂၀၁၀


နအဖအစိုးရဟာ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဘယ်နေရာက အရွေးခံမယ်ဆိုတာကို တတိုင်းပြည်လုံး အနေအထားနဲ့ မကြေညာဘဲ ဒေသအလိုက်ကွက်ပြီး ကျောက်သင်ပုန်းပေါ် ကပ်တာမျိုးနဲ့ အသိပေးနေတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒါဘာကြောင့်လဲဆိုတာကိုရော သတိထားမိကြပါသလား။ အလားတူပဲ ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ ကြံ့ဖွံ့က ဘယ်သူတွေ ၀င်အရွေးခံမယ်ဆိုတာကိုရော စောကြောမိကြပါသလား။ သူတို့ ဘာကို ဖုံးကွယ်ချင်နေကြတာလဲ။

နည်းနည်းလေး ဒုက္ခခံပြီး စူးစမ်းကြည့်လိုက်ရင် ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ အရွေးခံမယ့် ကြံ့ဖွံ့အမတ်လောင်းတွေဟာ နအဖရဲ့ ထိပ်သီးတွေချည်း ဖြစ်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ ဗိုလ်သိန်းစိန်က ဇဗ္ဗုသီရိမြို့နယ်၊ ဗိုလ်တင်အောင်မြင့်ဦးက ပုဗ္ဗာသီရိမြို့နယ်၊ ဗိုလ်ရွှေမန်းက ဇေယျာသီရိမြို့နယ် စသဖြင့် ၀င်ပြိုင်ကြမှာပါ။ ဒါဘာကြောင့်ပါလဲ။

ဖဆပလခေတ်တုန်းက ဖဆပလထိပ်သီးတွေဟာ ရန်ကုန်က မဲဆန္ဒနယ်တွေမှာ ၀င်အရွေးခံကြတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလို လုပ်ရတာက အမတ်လောင်းထိပ်သီးများရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်တာကလည်းတကြောင်း၊ ကိုယ့်ကို ငွေကြေးကအစ ထောက်ခံနေတဲ့ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေရှိတဲ့ အရပ်ဖြစ်လို့လည်းတကြောင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တည်မြဲ-သန့်ရှင်းကွဲကြလို့ ဖဆပလနဲ့ ပထစရယ်လို့ ပြိုင်ကြရတော့ ရန်ကုန်က လမ်းမတော်၊ သိမ်ဖြူစတဲ့ မဲဆန္ဒနယ်တွေမှာ ဆင်-ဆင်ချင်း ထိပ်တိုက်တွေ့တာတွေ ဖြစ်ကုန်ခဲ့ပါတယ်။ ရှောင်ရင် ရှောင်တဲ့လူက သတ္တိနည်းတယ်ဖြစ်မယ် မဟုတ်ပါလား။ အဲဒီလိုနဲ့ ထိပ်တန်းဝန်ကြီးတွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ ရန်ကုန်မှာ ၀င်အရွေးခံတာ အများကြီး ဖြစ်နေခဲ့တာပါပဲ။

ဒါပေမယ့် အခု နအဖရဲ့ ကြံ့ဖွံ့က ထိပ်သီးတွေ ကြပ်ပြေးနေပြည်တော်မှာ ၀င်အရွေးခံတယ်ဆိုတာကတော့ အဲဒီအဓိပ္ပာယ်မျိုးတော့ လုံးဝမဟုတ်ပါဘူး။ သူတို့နိုင်မှာသေချာတဲ့ နေရာတွေမှာ ၀င်ပြိုင်တာသာဖြစ်ပါတယ်။ ဆိုလိုတာ သူတို့တတွေ ဒီရွေးကောက်ပွဲမှာ အရှုံးမခံနိုင်ဘူးဆိုတာပါပဲ။ (တနည်းပြောရရင် နအဖဟာ ကြပ်ပြေးမှာဆိုရင် ရွေးကောက်ပွဲကို အပြတ်လုပ်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အမှန်ပြောရရင် ဗိုလ်သန်းရွှေတို့တတွေဟာ နောက်ပေါ်လာမယ့် အစိုးရမှာ ဘယ်သူက ဘာတာဝန်ယူဆိုပြီး တိုက်ရာပါပစ္စည်း ခွဲဝေတာက လုပ်ပြီးနေပါပြီ။ နောက်ပြီး ကားအသစ်ဝယ်ရင်၊ လိုင်းဆွဲတော့မယ်ဆိုရင် ဘိုးဘိုးကြီး နတ်နန်းကိုသွားပြီး ပြရတယ်ဆိုတာလိုပဲ ဗိုလ်သန်းရွှေဟာလည်း သူ့ဆက်ခံသူတွေကို အိမ်နီးနားချင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း မိတ်ဆက်ပေးပြီးနေပါပြီ။ ဒီလိုလျာထားမှုတွေ အကုန်လုပ်ပြီး ဖြစ်နေလေတော့ ထိပ်သီးတွေအတွက် ဒီရွေးကောက်ပွဲမှာ နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်ပါဘူး။ ဆယ်ရေးတရေး၊ ကိုးရေးတရာတောင် မစွန့်စားနိုင်ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရဆိုရင် ၀န်ကြီးချုပ်အပါ ၀န်ကြီးအဖွဲ့ဝင်တွေနဲ့ တခြားအရေးကြီး ရာထူးတွေကို သမ္မတအာဏာနဲ့ ခန့်ချင်တိုင်း ခန့်လို့ရပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကိုယ်လုပ်တဲ့ ရွေးကောက်ပွဲကတဆင့် တက်လာတဲ့လူလည်း ပါဦးမှလို့ စဉ်းစားရပါတယ်။

တကယ်တော့ သူတို့အနေနဲ့ ဒီထက်ပိုသေချာတဲ့ ပြိုင်ဘက်မရှိမယ့် မဲဆန္ဒနယ်တွေမှာ သွားပြိုင်ရင်လည်း ရပါတယ်။ ဒါမှမဟုတ် ကြပ်ပြေးနေပြည်တော်မှာ ပြိုင်ဘက်မရှိဖြစ်အောင် လုပ်လို့လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလောက်ကြီး ကျတော့လည်း အရုပ်ဆိုးလွန်းနေပါတယ်။ ဒါနဲ့ပဲ ကြပ်ပြေးမှာတင် ယှဉ်ပြိုင်အရွေးခံသူဆိုတာကို ဖန်တီးယူရပါတယ်။ ဘယ်ကရမလဲ၊ တစညပေါ့။ ဘယ်သူရှိဦးမလဲ။ တခြားအဖွဲ့အစည်းက လူတွေထဲမှာ မှတ်ပုံတင်ကြေး ငါးသိန်းအဆုံးခံပြီး ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦးတို့နဲ့ ပြိုင်တဲ့လူ ပေါ်ထွက်နိုင်ပါ့မလား။ ဘယ်သူက ဒါလောက်မိုက်ပါ့၊ အပါ့မလဲ။ လည်လို့ ရွေးကောက်ပွဲ ၀င်ကြတာဥစ္စာ။ တစညနဲ့ ကြံ့ဖွံ့ဆိုတာကတော့ မျောက်နဲ့ကျား အမြီးချင်း ချည်ထားသလိုတွေ မဟုတ်လား။

ဒါတွေအပြင် ဒီအတုအယောင် ရွေးကောက်ပွဲကို လူအများက စိတ်ဝင်စားကြတဲ့ နောက်အချက်တချက်ကတော့ ကြံ့ဖွံ့မဟုတ်-တစညမဟုတ် သူတွေအထဲမှာ ငွေကြေးမသမာမှုတွေ၊ သို့လောသို့လော စဉ်းစားစရာကိစ္စတွေ ပေါ်လာနေတဲ့ကိစ္စဖြစ်ပါတယ်။ အခြေအနေက ပုပ်မှမပုပ်သေးဘူး၊ အနံ့က ထွက်နေပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။ တယောက်ကိုတယောက်က ဖော်၊ တယောက်ကိုတယောက်က ဆော်ဆိုတာတွေလည်း တွေ့ရစပြုနေပါတယ်။ ဒီနေရာမှာတော့ ဖဆပလခေတ်ကို အမီသားလို့ ဆိုရမလိုပါပဲ။ တချို့သော ပါတီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီကို ဘယ်ကလာတာမှန်း မသိရတဲ့၊ ငွေဖြူလား ငွေမည်းလား ခွဲခြားရခက်တဲ့ ငွေတွေ စီးဝင်နေတာတွေလည်း ကြားနေရပါတယ်။ အဲဒီငွေပေးတာတွေနဲ့ နအဖအစိုးရနဲ့ အဆက်အစပ်ရှိ မရှိ၊ နအဖအလိုတော်ရိ ငွေရှင်ကြေးရှင်တွေနဲ့ ဆက်စပ်မှု ရှိမရှိ။ ဒါဟာ ဘိန်းပစ်ဖမ်းတာဟုတ်မဟုတ် ဆိုတဲ့ ပဟေဠိတွေကလည်း ဒုနဲ့ဒေးပါ။ ဒါတွေနဲ့တဆက်တည်းမှာ ကြံ့ဖွံ့နဲ့ တစညတို့ကျတော့ ဘဏ္ဍာရေးကိစ္စလိုဟာမျိုးမှာ ဘာကြောင့် ဒါလောက် ဣနြေ္ဒရနေတာလဲလို့လည်း မေးချင်စရာဖြစ်နေပါတယ်။ ငွေပုံကြီးပေါ်ထိုင်ထားသလို သုံးစွဲနေကြပုံဟာ မျက်နှာပြောင်လှတယ်လို့တောင် ဆိုစရာပါ။ တကယ်တော့ ဒါကိုက ဒီရွေးကောက်ပွဲရဲ့ ၀ိသေသမဟုတ်ပါလား။

ဒါမေယ့် ပြောရရင် ဒါတွေဟာ အခုမှ အစပဲရှိသေးတယ်လို့ ပြောရမှာပါ။ နောက်မှာ အာဏာရပြီးရင် ဒီထက်ပိုဆိုးတယ်။ ညစ်ပတ်မှုတွေ၊ ခြစားလာဘ်စားမှုတွေ မြင်ရဦးမှာဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ရဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဆိုတာထဲက စည်းကမ်းဆိုတာဟာ ပြည်သူလူထုနဲ့ တခြားသူတို့နဲ့ မတူသူတွေအတွက်သာ ဖြစ်ပြိး ဒီမိုကရေစီဆိုတာဟာ သူတို့အတွက်၊ သူတို့ကို ထင်ရာစိုင်းခွင့်ပေးခြင်းဖြစ်တယ်ဆိုတာကို တွေ့ကြရဦးမှာပါ။
http://www.khitpyaing.org/index.php?route=detail&id=5000

ဂျာအေးကို သူ့အမေ ရိုက်ပါလို့ မှောင်မိုက်မှာငို


မောင်မြတ်နိုင် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၀ မိနစ်

“ဂျာအေး (ကြာအေး)ကို သူ့အမေရိုက်ပါလို့၊
မှောင်မိုက်မှာငို။
ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ၊ တွဲလွဲ။
တွဲလွဲရယ် နေပါဦး၊ မိုးတောင်ကချုန်း၊ မုန့်လုံး။
မုန့်လုံးကို စက္ကူကပ်ပါလို့၊ ကြာကလပ်နဲ့ ဆွမ်းတော်တင်
ပလ္လင်ပေါ်ကမျောက်ကလေး၊ ဆင်းတဲ့လို့ပြေး၊ ဂျာအေး။
ဂျာအေးကို သူ့အမေရိုက်ပါလို့၊ မှောင်မိုက်မှာငို
ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ ……”


ကဘောက်တိ၊ ကဘောက်ချာ ဘာမှန်းမသိတဲ့ ကဗျာလိုလို၊ လင်္ကာလိုလို ဟိုမကျဒီမကျ ပေါက်ကရ စာသားတွေကို ကျနော်တို့ ငယ်ငယ်က ရွတ်ခဲ့ကြဖူးပါတယ်။ အနက်အဓိပ္ပါယ် မယ်မယ်ရရ မရှိဘူး၊ တွေ့ကရာ ကာရန်ကောက်ချိတ်ထားတဲ့ ဒီစာသားတွေဟာ ဘယ်ကစလို့ ဘယ်မှာ ဆုံးမှန်းမသိအောင် ပတ်ချာလည်၊ လုံးလည်လိုက်နေပါတယ်။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ထောင်ပါမယ်ဆိုတဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေဟာလည်း ဂျာအေးကို သူ့အမေရိုက်နေတာမို့ မှောင်မိုက်မှာငိုရမယ့်ကိန်း ဆိုက်နေပါတယ်။

အကြောင်းမဲ့ အာဃာတထားပြီး ဒီစကားကို ကျနော်ဆိုတာ မဟုတ်ပါ၊ အကျိုးအကြောင်းပြပါမယ်။ ကြည့်ကြရအောင်ပါ။ ၂ဝဝ၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၄၁ မှာ ဒီလိုဆိုပါတယ်။

“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တဝန်းလုံး၌ အာဏာတည်သည်”

အကျဉ်းချုပ်ပြီးပြောရရင် ပြည်ထောင်စု လွှတ်တော်ခေါ်ပြီးမှ အခြေခံဥပဒေ အာဏာတည်မယ်လို့ ဆိုတာဖြစ်ပါတယ်။ ကဲ ဒီတော့ ပြည်ထောင်စုလွှတ်တော်က ဘယ်အချိန်မှာ ခေါ်မှာပါလဲ။

အခြေခံဥပဒေထဲမှာ ရှာကြည့်လိုက်တော့ ပုဒ်မ ၇၈ မှ အခုလို ရေးထားပါတယ်။

“ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ်ပုံမှန် အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်းကျင်းပရမည်”

လိုရင်းကိုဆိုရရင်တော့ ပြည်သူ့လွှတ်တော်ခေါ်ပြီးမှ ပြည်ထောင်စုလွှတ်တော် ခေါ်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်၊ ကောင်းပါပြီ။ ဒါဆိုရင် ပြည်သူ့လွှတ်တော်ကိုရော ဘယ်အချိန်မှာ ခေါ်မှာပါလဲ၊ အခြေခံဥပဒေမှာ ပြန်ရှာကြည့်ကြပါဦးစို့။

ဟော တွေ့ပါပြီ၊ ပုဒ်မ ၁၂၄ (က)

“ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်း အဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူကျင်းပရမည်”

အခြေခံဥပဒေ အာဏာတည်ပြီးမှ ပြည်သူ့လွှတ်တော်ကို နအဖက ခေါ်ပေးရမယ် ဆိုပါလား။ ဒီသုံးခုမှာတင် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ဆိုသလို ပတ်ချာလည်နေပါပြီ။ သေသေချာချာ ပြန်ဆက်စပ်ကြည့်ကြပါဦးစို့။

အခြေခံဥပဒေဟာ ပြည်ထောင်စု လွှတ်တော်ခေါ်ပြီးမှ အာဏာတည်မယ်။ ၄၄၁ ပြည်ထောင်စု လွှတ်တော်ဟာ ပြည်သူ့လွှတ်တော်ခေါ်ပြီး ၁၅ ရက်ကြာမှ ခေါ်မယ်၊ ၇၈ ပြည်သူ့လွှတ်တော်ဟာ အခြေခံဥပဒေ အာဏာတည်ပြီးမှ ခေါ်လို့ရမယ်။ ၁၂၄ (က)

နောက်တခါ အခြေခံဥပဒေဟာ ပြည်ထောင်စု လွှတ်တော်ခေါ်ပြီးမှ အာဏာတည်မယ်။ ၄၄၁ ပြည်ထောင်စု လွှတ်တော်ဟာ -

ကျနော်တို့ ငယ်ငယ်က ရွတ်ဆိုခဲ့ကြတဲ့ ဂျာအေးသူ့အမေရိုက် ဇာတ်လမ်းနဲ့ ထပ်တူထပ်မျှ တူညီမနေပါလား။ ဒီနေရာမှာ အားလုံးသတိရအောင် နောက်တချက်ကို ပြန်လည် ထောက်ပြ ချင်ပါတယ်။ ဒီအခြေခံဥပဒေကို ရေးဆွဲတဲ့သူဟာ ဥပဒေထဲမှာ အာဏာလွှဲအပ်ရေး စာပိုဒ်မပါလို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာ မလွှဲအပ်တာပါလို့ဆိုပြီး နှစ်ပေါင်း ၂ဝ ကျော်ကြာအောင် တိုင်းပြည်ကို ပြန်ပေးဆွဲခဲ့တဲ့ နဝတ၊ နအဖ အာဏာသိမ်း စစ်အစိုးရဖြစ်ပါတယ်။

ဒီတော့ ဒီဥပဒေသုံးချက် ရှေ့နောက်မညီတာဟာ မတော်တဆမှားတာလား။ ဒါမှမဟုတ် အကြံအစည်တခုခုနဲ့ တမင် အကွက်ချရေးဆွဲထားတာလား စဉ်းစားစရာ ဖြစ်လာပါပြီ။ မတော်တဆ မှားတယ်ဆိုရင် တော့ ၁၄ နှစ်အချိန်ယူရေးဆွဲပြီး ဒီလောက်နမော်နမဲ့ နိုင်တာဟာ လက်လွတ်စပယ်၊ ပစ်စလက်ခတ် လုပ်လွန်းတယ်လို့ ဝေဖန်ရင် လွန်မယ်မထင်ပါဘူး။

အကြံအစည်တခုခုနဲ့ တမင် အကွက်ချရေးဆွဲတာဆိုရင်ရော၊ ဒါဆိုရင် ရွေးကောက်ပွဲ ဝင်ကြမယ့် သူတွေအတွက် အလားအလာ မကောင်းလှဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်ကြမယ့် အမတ်လောင်းလျာကြီးများ အနေနဲ့ရော သည်စာပိုဒ်တွေကို သေသေချာချာ ဖတ်ကြရဲ့လားဆိုတာဟာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီဥပဒေသုံးချက် အရှုပ်တော်ပုံဟာ ရွေးကောက်ပွဲဝင်ကြမယ့်သူအားလုံးက တာဝန်ရှိသူတွေကို မေးသင့် မေးထိုက်တဲ့ အရာလို့ထင်ပါတယ်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းကို မမေးခဲ့ကြရင်ဖြင့် နောင်တချိန် သမိုင်းမှာ နောင်လာနောက်သားတွေရဲ့ လက်ညှိုးထိုး ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်ကောင်းဖြစ်လာ နိုင်တယ်လို့ မေတ္တာနဲ့ သတိပေးပါရစေ။

ရှေ့နောက်မညီတဲ့ ဒီအခြေခံဥပဒေကြီးကိုကိုင်ပြီး တတိုင်းတပြည်လုံးကို အုပ်ချုပ်တော့မှာနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြည်သူအများကရော ဘာများဆောင်ရွက်ကြသင့်ပါသလဲ။ ဒီအဖြေကိုတော့ ရွေးကောက်ပွဲဝင်သူ၊ မဝင်သူ ခေါင်းဆောင်အားလုံးက ကိုယ်စီကိုယ်ငှ အကြံပေးကြလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ။
http://www.mizzimaburmese.com/edop/songpa/6244-2010-10-13-12-32-14.html

မဲမပေးရေး လှုပ်ရှားမှုတွင် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်လာ

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရွေးကောက်ပွဲ မဲမပေးရေး စည်းရုံးလှုပ်ရှားမှုတွင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP မှ ခေါင်းဆောင်များပါ ပါဝင်လာပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ ရက်ကြာ ကချင်ပြည်နယ် ခရီးစဉ်ကို ရန်ကုန်မြို့မှ ယမန်နေ့တွင် ထွက်ခွါလာရာ၊ CRPP အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ခေါင်းဆောင် ဦးအေးသာအောင် လိုက်ပါလာပြီး ယနေ့တွင် မန္တလေးတိုင်းအတွင်းရှိ ၁၁ မြို့နယ်မှ NLD မြို့နယ်စည်း၊ ရပ်/ကျေးအဖွဲ့ဝင်များနှင့် ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“NLD ကို အာဏာပိုင်တွေက 8_crpp_membersဖျက်သိမ်းခဲ့ပြီး နောက်ပိုင်း အဖွဲ့ချုပ် ရပ်ကျေး၊ မြို့နယ်စည်းတွေနဲ့ အခုလို ပထမဆုံး တွေ့ဆုံရတာ ဝမ်းသာတယ်၊ အားတက်မိတယ်။ အဓိက ခရီးစဉ်က ကချင်ပြည်နယ် ခရီးစဉ်” ဟု CRPP အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးအေးသာအောင်က ပြောသည်။

မန္တလေးတိုင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ပုသိပ်ကြီး၊ တံတားဦး၊ အမရပူရ၊ စဉ့်ကိုင်၊ ပြင်ဦးလွင်မှ NLD မြို့နယ်စည်းနှင့် ရပ်/ကျေး အဖွဲ့ဝင်များကို ဗဟိုအလုပ်အမှုဆောင်ဝင် ဦးအုန်းကြိုင်၊ အမျိုးသမီးအဖွဲ့ဝင်များဖြစ်သည့် မဖြူဖြူသင်း၊ ဒေါ်လှလှမိုး၊ ဒေါ်အေးအေးမာ၊ လူငယ်ဖော်ဆောင်ရေးအဖွဲ့ဝင် ကိုမျိုးညွန့်နှင့်အတူ ဦးအေးသာအောင်က ရွေးကောက်ပွဲ မဲမပေးရေးကို ယနေ့ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

NLD ခေါင်းဆောင်အချို့နှင့် CRPP အဖွဲ့ဝင်များဖြစ်သည့် ဇိုမီးအမျိုးသားကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က ရှမ်းပြည်တောင်ပိုင်း၊ ကယားပြည်၊ ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းက ပဲခူးတိုင်းအနောက်ခြမ်းသို့ လိုက်ပါခဲ့ပြီး ဖြစ်သည်။

ဦးအေးသာအောင်က ကချင်ပြည်နယ်သို့ ရောက်သည့်အခါ CRPP ၏ ပြီးခဲ့သည့်လ ၃ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် မဲမပေးရေး အပါအဝင် ဆုံးဖြတ်ချက်အချို့ကို ရှင်းလင်းတင်ပြမည်ဟု ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲမပေးဘဲ သပိတ်မှောက်ရေး၊ တိုင်းရင်းသားများ ရင်ဆိုင်နေရသည့် အခက်အခဲနှင့် ပြဿနာများကို ဆွေးနွေးရန်၊ အပစ်ရပ်များအနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့ရေးနှင့် ၂ဝဝ၈ ဥပဒေကို လက်မခံသဖြင့် နှစ်ဖက်အကြား တင်းမာလာပြီး ပြည်တွင်းစစ်မီး တောက်လောင်မည်ကို စိုးရိမ်ကြောင်းနှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အခွင့်အရေး ဖော်ဆောင်ပါက ပင်လုံစိတ်ဓာတ် အခြေခံသည့် ဥပဒေ ပြဋ္ဌာန်းမှသာ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု ပြောဆိုရန် CRPP က ဆုံးဖြတ်ခဲ့သည်။

ဦးအေးသာအောင်က “ကချင်က ပြောထားတယ်၊ ပင်လုံသဘောတူချက်နဲ့သာ ပြည်ထောင်စုကို ဖွဲ့စည်းမယ်ဆိုလို့ရှိရင် ကချင်တွေဟာ လက်နက်ကိုင်စရာ မလိုတော့ဘူးဆိုတဲ့ ကိစ္စနဲ့ CRPP အနေနဲ့ အနာဂတ်မှာ ပြည်ထောင်စုကို ဖွဲ့တဲ့အခါ ပင်လုံမူနဲ့ ဘယ်လို သဘောတူညီချက်ဖွဲ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် အပါအဝင် အခုဖြစ်နေတဲ့ တိုင်းရင်းသားနဲ့ နအဖ၊ နအဖ အပေါ် ယုံကြည်မှုမရှိလို့ လက်နက်တွေကို မဖြုတ်သေးတဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် ၉၇/၂ဝ၁ဝ ကို ထုတ်ပြန်ခဲ့ရာ သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်း မရှိသဖြင့် NLD အပါအဝင် ပါတီဟောင်း ၅ ပါတီကို ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ကြောင်း ကြေညာပြီးနောက် NLD က ရွေးကောက်ပွဲ မဲမပေးရေးကို လိုက်လံရှင်းပြခဲ့ရာ ယခုအခါ တိုင်းနှင့် ပြည်နယ် ၁ဝ ခုနီးပါး ပြီးစီးပြီဖြစ်သည်။

“ပါတီဝင်ထုတွေက ပိုပြီး  စည်းလုံးမှုတွေ ရှိလာတယ်၊ အင်အားလည်း ပိုကောင်းလာတယ်။ ပါတီကျစ်လစ်မှုရှိပြီး ရှင်သန်ပြီဆိုတဲ့ ထူးခြားတဲ့ တိုးတက်မှု ရလဒ်လို့ ပြောလို့ ရတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မဲမပေးနဲ့ ဆိုတာကတော့ ပါတီဝင်တွေက နားထောင်ကြတယ်။ တချို့လူတွေက ကြောက်နေရလို့ မဲသွားပေးရင် နောင် ဒီအကြောက်တရားက လွတ်မှာ မဟုတ်ဘူး။ သို့သော် ဘယ်သူတွေ ဘယ်လောက်ပဲ မဲမပေးဘဲနေမယ် ဆိုတာကိုတော့ ရွေးကောက်ပွဲပြီးမှ ပြောလို့ရမယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

CRPP ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈ဝ ရာခိုင်နှုန်းကျော်တွင် အနိုင်ရခဲ့သည့် NLD နှင့် တိုင်းရင်းသား ပါတီများအချို့က လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

CRPP တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ်ပါတီ SSKDP ၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF ၊ ဇိုမီးအမျိုးသားကွန်ဂရက် ZNC ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD တို့လည်း ပါဝင်သည်။
http://www.mizzimaburmese.com/news/2010-election/6246-2010-10-13-13-58-25.html