Thursday, October 14, 2010

နယူးအလဲဗင်းမှာပါတဲ့ကိုဇာဂနာနဲ့ကိုဒီငြိမ်းလင်းကျန်းမာရေးမှ ကောင်းမွန်..

ဇူလိုင်လ ၁ ရက်နေ့က ရိုက်ကူးထားသော ဓာတ်ပုံအရ မြစ်ကြီးနား အကျဉ်းထောင်ရှိ ဦးသူရ (ခေါ်) သရုပ်ဆောင်(ဦး)ဇာဂနာ အသက် (၄၉)နှစ် ၏ ကျန်းမာရေးမှာ ကောင်းမွန်ကြောင်း သိရှိရသည်။

 ဇူလိုင်လ ၂၂ ရက်နေ့က ရိုက်ကူးထားသော ဓာတ်ပုံအရ မုံရွာအကျဉ်းထောင်ရှိ ကိုဒီငြိမ်းလင်း၏ ကျန်းမာရေးမှာလည်း ကောင်းမွန်နေသည်ဟု သိရသည်။
http://www.news-eleven.com/index.php...-59&Itemid=112

14 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/swnbym8mjajvjuj/14%20%29ct%202010%20Yeyitnge%27s%20Diary.pdf
http://www.mediafire.com/file/grsrd8pt8jmr71a/14%20%29ct%202010%20Yeyitnge%27s%20Diary.doc
14 )Ct 2010 Yeyitnge's Diary

ကြံ့ခိုင်ရေးပါတီဝင်များ မိုးကြိုးပစ်ခံရ

2010-10-14
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ စည်းရုံးရေး ဆင်းနေကြတဲ့ ပြည်တောင်စု ကြံ့ခိုင်ရေးပါတီဝင်တွေ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက မိုးကြိုးပစ် ခံရတယ်လို့ သိရပါတယ်။
(Photo: RFA)
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အဖွဲ့ဝင်များ ဒဂုံမြို့သစ်ရှိ နေအိမ်တခု၏ ခြံဝတွင် ဤအိမ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်ပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မယူပဲ သံရိုက်တပ်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
ကျောက်ဖြူမြို့နယ်ကနေ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေပြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံမယ့် ဦးဝေခိုင်အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်နဲ့ အမျိုးသားညီလာခံ ကိုယ်စားလှယ် ဖြစ်ခဲ့ဘူးတဲ့ ဦးထွန်းသွေးတို့ဟာ ကျောက်ဖြူမြို့နယ်အတွင်း စည်းရုံးဟောပြောနေရာမှာ အောက်တိုဘာလ ၈ ရက်နေ့ သောကြာနေ့ မနက် ၁၀ နာရီလောက်က စံပြကျေးရွာအုပ်စုကနေ အပြန်မှာ မိုးကြိုးပစ်ခံရတယ်လို့ ကျောက်ဖြူမြို့ခံတဦး ဖြစ်တဲ့ ဦးထွန်းမောင်က RFA ကို ပြောပါတယ်။
“ဖြစ်တာကတော့ သူတို့က အမှတ် ၈ နယ်မြေ စည်းရုံးရေးဆင်းတယ်၊ ပြီးတော့ သူက ပြန်လာပြီးပေါ့နော်၊ လဟာကြီးရွာဆိပ်ကမ်းကနေ စက်လှေထွက်တဲ့အချိန်မှာ သူတို့ မိုးကြိုးပစ်တယ်၊ ကျန်တဲ့ ခရီးသည် သုံးလေးယောက်ပါတယ်ဗျား။ စက်လှေသမားတွေလည်း ပါတယ်၊ ဒါပေမဲ့ သူတို့က အဲဒီမှာ သုံးယောက်ပဲ မိုးကြိုးပစ်တာမှာ ပါသွားတယ်၊ ပါသွားတော့ သုံးယောက်စလုံးကို သူတို့ ဆေးရုံတင်တယ်၊ အဲဒီမှာ သုံးယောက်က နှစ်ယောက်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါ့ ကြံ့ဖွံ့က ဦးဝေခိုင်ရယ်၊ နောက် အမျိုးသား ညီလာခံ တက်ခဲ့တဲ့ ဦးထွန်းသွေးရယ်ကတော့ သက်သာသွားတယ်၊ နောက်တယောက်ဖြစ်တဲ့ ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်ကတော့ လုံးဝ သူက ခေါင်းကို လုံးဝ ထိသွားတော့ အဲဒီမှာ ၈ ဒဏ်ချုပ်ရတယ်၊ ချူပ်ပြီးမှ သူဆေးရုံမှာ သုံးလေးရက်နေပြီးမှ ပြန်လာတယ် ဒါပေမဲ့ ပုံမှန်တော့ ဖြစ်မလာတော့ဘူး။”
သူတို့သုံးဦးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် စံပြကျေးရွာအုပ်စု အတွင်းက လဟာကြီး၊ လှံဖျောက်၊ ရွာသစ်၊ ကွင်းချောင်း၊ ချောင်းကြီးဖျား စတဲ့ ကျေးရွာပါတီရုံးတွေမှာ ပါတီဝင်တွေကို ဟောပြောပွဲ လုပ်ခဲ့ပြီး မင်းဂန်ချောင်းကနေ ကျောက်ဖြူမြို့ကိုပြန်ဖို့ စက်လှေနဲ့ အသွားမှာ မိုးကြိုးပစ်ခံရတာလို့လည်း ဆက်ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင်တွေ အခုလို မိုးကြိုးပစ်ခံခဲ့ရပြီးနောက် ပါတီစည်းရုံးရေးဆင်းမှုတွေ ရပ်တန့်သွားခဲ့တယ်လို့ ဦးထွန်းမောင် က ဆက်ပြောပါတယ်။
“စည်းရုံးရေးဆင်းမှုတွေ ရပ်ဆိုင်းနေတယ်ခင်ဗျ၊ အခု လုံးဝ စည်းရုံးရေး မြို့နယ်က မဆင်းဘူး၊ သူတို့ မြေညီတွေမှာရှိတဲ့ ကျေးရွာတွေမှာ ရှိတဲ့ သူတို့ ကြံ့ဖွံ့အဖွဲ့ဝင်တွေတောင်မှ သူတို့ စိုးရိမ်နေတယ်ပေါ့နော်၊ ဒါဟာ သူတို့ ဒီစက်လှေမှာ ကျန်တဲ့ ခရီးသည်တွေ အတူတူပါလာတယ်ပေါ့နော် မိုလုပ်သမားတွေ စက်လှေသမားတွေလည်းပါရဲ့နဲ့ ဒီကြံ့ဖွံ့ကိုမှ တမင်တကာ ရွေးပြီးတော့ မိုးကြိုးပစ်သလို ဖြစ်နေတယ်ပေါ့နော်။ အနေအထားက အဲဒီအပေါ်မှာ သူတို့ စိုးရိမ်မှုတွေ ရှိနေတယ်။”
ကျောက်ဖြူမြို့နယ်အတွင်း အဓိက ယှဉ်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေကတော့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီတို့ ဖြစ်ကြောင်း သိရပါတယ်
http://www.rfa.org/burmese/news/lightning_stikes_pro-junta_party_members-10142010105713.html

အတု မိမယ် သတိထား


စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ညီလာခံအတုကလာတဲ့ ဖွဲ့စည်းပုံ အတုကြီးဆိုတာတော့ လူတိုင်းသိနေပြီးသားပါ။ လူတိုင်းသိပြီးသားဆိုပေမဲ့ သမာဒိဌိ – အမြင်ကြည်လင်သူတိုင်း သိတာကို ဆိုလိုပါတယ်။ အမြင်မှား အာရုဏ်မှား အတွေးမှားများနဲ့ မောဟတိမ်သလ္လာဖုံးနေသူများကတော့ အတုကို အစစ်ထင်နေချင် နေကြမှာပါဘဲ။

တကယ်တော့ စစ်အစိုးက အာဏာလွဲမပေးချင်လို့ လုပ်နေတဲ့ လမ်းပြမြေပုံတခုလုံးက လမ်းလွဲပြ မြေပုံအတုကြီးပါဘဲ။ ပြည်သူလူထု သွားချင်တာက လွတ်လပ်ပွင့်လင်းပြီး လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ ခရီးလမ်း၊ စစ်အစိုးရက ဖေါ်ဆောင် ခေါ်ဆောင်နေတာက အာဏာကို အကြွင်းမဲ့ ထိန်းချုပ်တဲ့ စစ်ကျွန်ပြုရေးလမ်း၊ လမ်း (၂) လမ်းက လားရာမတူ၊ ဦးတည်ရာမတူ၊ direction မတူ၊ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်၊ ထက်အောက်ဖီလာ ဆန့်ကျင်နေတာ သေချာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်ဦးစီးချုပ် (ခ) ကာကွယ်ရေးဦးစီးချုပ်ဟာ တိုင်းပြည်ရဲ့အဖွဲ့အစည်းအားလုံးရဲ့ ထိပ်ဆုံးမှာ ရှိပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ လုံခြုံရေး စစ်ကောင်စီ အားလုံးရဲ့အချုပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ဘဲ။

အခုရွေးကောက်ပွဲက ပေါ်ထွက်လာမဲ့ ကိုယ်စားလှယ် လွှတ်တော်အမတ်ဆိုတာ လုံခြုံရေးကောင်စီအောက်က တောက်တိုမယ်ရ ရုံးဝန်ထမ်း စားရေးစာချီအဆင့်ဘဲရှိတယ်။ စစ်တပ်ကထွက်ပြီး ခေါင်းပေါင်းစ တလူလူ၊ အလကားရထားတဲ့ ချိတ်ပုဆိုး တပြောင်ပြောင်နဲ့ လူယောင်ဆောင်နေတဲ့ လူပျက် (လူရွှင်တော် မဟုတ်ပါ။ လူရွှင်တော်များ သီးခံပါ)။ အဲဒီ လူအပျက်တွေကြားမှာ လင်းတတွေကြား စာသူငယ်နားသလို စကားတောင် ကျယ်ကျယ်ပြောရဲဘို့ လွယ်မှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ သတ္တ၀ါက တိုင်းပြည်ရဲ့ အရာရာကိုချုပ်ကိုင်နိုင်တယ်။ သူ့ကိုတော့ ဘယ်သူကမှ မချုပ်ထိန်းနိုင်ဘူး။ အပြန်အလှန်ထိန်းကြောင်းမှု စနစ် (checks and balances systems) က လွတ်နေတဲ့ ဒီသတ္တ၀ါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာဆိုရင် သက်ဦးဆံပိုင် ဘုရင်တယောက်လိုပါဘဲ။

ဒီနေ့ခေတ် ၂၁ ရာစုကို ရာစုဘယ်နှစ်ခုလောက် နောက်ပြန်ဆွဲပြီး စစ်အာဏာရှင်တွေ စဉ်းစားတွေးခေါ်နေသလဲ မသိပါဘူး။ ဒင်းတို့ ဉာဏ်တထွာ တမိုက်နဲ့ ငြင်းဘို့သန်ရတာလဲ မိုက်ရာကျနေလေမလား။ ကမ္ဘာ့အခြေအနေနဲ့ မပြောဘဲ မြန်မာ့အခြေအနေနဲ့ ပြောရရင် ကုန်းဘောင်ခေတ်က ယောအတွင်းဝန် ဦးဘိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ ခေတ်ပြိုင်ရေးခဲ့တာဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေက လက်ခံကောင်းလက်ခံမယ်။

အခု ၂၁ ရာစုမှာတော့ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ အမြင်ကျယ်နေပြီဖြစ်တဲ့ ပြည်သူလူထု တခုလုံးက လက်မခံနိုင်ကြတော့ဘူး။

၁၉၄၈ ခု (၂၀ ရာစုအလယ်) သူ့ကျွန်ခေတ်လွန် အတွေးအခေါ်နဲ့ ဒီကနေ့ ၂၁ ရာစုခေတ် အတွေးအခေါ်နဲ့လဲ မတူနိုင်တော့ဘူး။ စစ်အာဏာရှင်တွေရဲ့ အိုသော မင်းသော ဟောင်းသော မတိုးတက်သော တိမ်သော တုံးသော အတ္တကြီးသော အတွေးအမြင်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို (တာ့တာ့ ဘိုင့်ဘိုင် ဖွဲ့စည်းပုံ) လို့ နာမည်ပေးရမလား။ ဂက်အောက် (get out) ဖွဲ့စည်းပုံလို့ ကင်ပွန်းတပ်ရမလား။ ပြည်သူလူထုက ဒီဖွဲ့စည်းပုံအကြောင်း လာမပြောနဲ့။ နားကြားမြင်ကပ်တယ်။ ကြားလဲ မကြားချင်ဘူး။ နာဂစ်မုန်တိုင်းကာလ ပြည်သူ့မျက်ရည် ပင်လယ်ဝေနေချိန် အညှာအတာ ကင်းမဲ့စွာ မဲလိမ်ပြီး လုပ်သွားတာလဲ စိတ်ပေါက် ဒေါသဖြစ်တယ်။ သူတို့ပြောသလို၊ သူတို့ဆိုတာ စစ်အစိုးရ၊ စစ်အစိုးရပြောသလို၊ ဘာတဲ့၊ ဘာတဲ့၊ ဘယ်လို ဘယ်လောက်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂.၄၈% ထောက်ခံတယ်။

ဒီလိုသာ လူထုက ထောက်ခံခဲ့ရိုးအမှန်သာဆိုရင် အခုလုပ်နေတဲ့ တပ်ချုပ်ကြီး ဦးသန်းရွှေဟာ ပြည်သူတွေအားလုံး ငါ့လူတွေချည်းဘဲဆိုပြီး ကျပ်ပြေးနေပြည်တော်မှာ သွားပုန်းအောင်းနေစရာတောင် မလိုတော့ဘူး။ လက်ဖြောင့်တပ်သား ကိုယ်ရံတော်အစောင့်လဲ ထားစရာမလိုတော့ဘူး။ တခြားပြည်သူတွေလိုဘဲ စိတ်အေးလက်အေး လမ်းဘေးမှာ လက်ဖက်ရည်ထိုင်သောက် ဆေးလိပ်ထိုင်ဖွာ ကွမ်းမြုံ့နေလို့တောင် ရနိုင်တယ်။ အခုလို ကျပ်ပြေးသူပုန်စခန်းမှာ သွားပုန်းရတာကိုက ထောက်ခံမှု ရာခိုင်းနှုန်းနဲ့ ကန့်ကွက်မှု ရာခိုင်နှုန်းက ပြောင်းပြန်ဖြစ်နေပြီးဆိုတာ သေချာတယ်။ ကန့်ကွက်သူက ၉၂.၄၈%၊ ထောက်ခံသူက ၇.၅၂% ဆိုရင် အဓိပ္ပါယ်ရှိတယ်။ ယုတ္တိတန်တယ်။ အဲဒီလို မဲပြောင်းပြန်ရေးထားတဲ့ ဖွဲ့စည်းပုံနဲ့ ကမ္ဘာကို လှည့်ချင်လှည့်၊ မြန်မာအချင်းချင်းလှည့်တာတော့ ဘယ်ပြည်သူကမှ မကြည်ဖြူဘူး။

ဒီဖွဲ့စည်းပုံကို ကြည်ကြည်ဖြူဖြူလက်ခံကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားကြည့်သူတွေသာ ရှိကြတာပါ။ ပြည်တွင်းပြည်ပမှာ ၂၀၀၈ ကို လက်ခံ၊ ရွေးကောက်ပွဲသာ တကြောင်းတည်းသော နည်းလမ်းဆိုပြီး ပါးစပ်ပါလို့ လေရှိတိုင်း အပ်ကြောင်းထပ်အောင် အော်နေသူတွေဟာ န.အ.ဖ လက်ဝေခံ အရိုးကိုက်နေသူနဲ့ အရိုးကိုက်ဘို့ ကြံရွယ်နေသူတွေသာ ဖြစ်နိုင်တယ်။ အခုတလောဆိုရင် အရိုးကိုက်ချင်လို့ အမိုက်ခံပြီး ပါတီထောင်၊ ငွေရလို့ ပါတီထောင်၊ မမြင်ဘူးတဲ့ ငွေမကိုင်ဘူးတဲ့ ပိုက်ဆံကိုင်ရလို့ ရွေးကောက်ပွဲကို ထောက်ခံ။ ပါတီထောင်တော့လဲ ရိုးရိုးမထောင်ဘူး။ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ခွပ်ဒေါင်းပုံကို အလွဲသုံစားပြုပြီး လူထုလေးစားတဲ့ ကျောင်းသားပါတီလိုလို အင်ထု၊ အတုလုပ်သူက လုပ်။

အမယ်။ လာ လာသေး။ တချိန်တုံးက ကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးကို အားပေးယုံလေးနဲ့တင် စစ်ဆေးမေးမြန်းတာခံကြရတယ်။ ထောင်သွင်းအကျဉ်းကျခံကြရတယ်။ ဒါပေမဲ့ အခုကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာလို့ အစစ်ဆေးအမေးမြန်းခံစရာလဲ မလို၊ သွေးမြေကျစရာလဲ မလို၊ အသက်အသေ အကြေခံစရာလဲ မလို၊ လွတ်လပ်မှုနဲ့ လုံခြုံမှု မပျောက်ဆုံးဘဲ ပါဝင်လာလို့ရနိုင်တဲ့ (ရွေးကောက်ပွဲ) ဥပဒေတွေ ရှိလာခဲ့ပြီတဲ့၊ ခွပ်ဒေါင်းသင်္ကေတသုံး ကျောင်းသားအတုပါတီတခုရဲ့ လက်ကမ်းကြော်ငြာမှာ ဖတ်လိုက်ရတာ။ တော်တော်ရယ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ တော်တော် ဒေါသဖြစ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ (၈၈) ကျောင်းသားမျိုးဆက်အစစ် သံမဏိကျောင်းသားတွေ တပြည်လုံးက အကျဉ်းထောင်တွေထဲမှာ ရှိတယ်။ ခွပ်ဒေါင်းစစ်စစ်တွေ ထောင်ကျနေတယ်။ နောက်ဖေးလမ်းကြားက အကြွင်းအကျန်စား ကျီးကန်းတွေ မအာကြနဲ့။

တချို့ကလဲ ၁၉၉၀ အနိုင်ရပါတီ အဖွဲ့ချုပ် အမှတ်အသား ခမောက်သင်္ကေတကို အလွဲသုံးစား အတုသုံး စည်းရုံးသူက စည်းရုံး။ ခမောက်တံဆိပ်မြင်လို့ ထပြီး က သတဲ့၊ ဘယ် ခမောက်ထင်လို့ ထပြီး ကသလဲ သိသင့်တယ်။ ခမောက်က ခိုးရာပါ ခမောက်မှန်းသိရင် မလွယ်ဘူး။ တကယ့်အခြေအနေမှန်က ခမောက်သူခိုးတွေကို ဆိုက္ကားဆရာတွေကတောင် မတင်ချင်တော့ဘူး။ လက်ဖက်ရည်ဆိုင်စားပွဲထိုးတွေကလဲ ခမောက်အတုတွေ လမ်းသလားတာမြင်ရင် ထွက်ရိုက်ချင်လို့ လက်ယားနေကြတယ်ဆိုတာ မပြောရင်မသိမှာ စိုးလို့ ပြောလိုက်ပါတယ်။

နောက်တမျိုးရှိသေးတယ်။ မသိနားမလည်တဲ့ ပြည်သူတွေ၊ စားဝတ်နေရေးရုန်းကန်နေရလို့ နိုင်ငံရေး မလေ့လာအားတဲ့ ပြည်သူတွေကို ရပ်ထဲရွာထဲလည်ပြီး ရွေးကောက်ပွဲအတု အောင်မြင်ရေး သင်္ကေတ အတုတွေသုံးပြီး ပုံမှားရိုက်သလို (ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူဘဲ။ သူက အပြင်က တိုက်မယ်။ ကျွန်တော်/မတို့က လွှတ်တော်အတွင်းက တိုက်မယ်) ဆိုပြီး စကားလုံးအတုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်အတု လုပ်ပြီး စည်းရုံးရေးဆင်းသူက ဆင်း၊ ၁၉၈၈ အရေးတော်ပုံမတိုင်ခင်က မြန်မာပြည်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ် နှိပ်စက်လို့ ပစ္စည်းရှားပါးတဲ့ ခေတ်မှာ သာမန်အိမ်သုံးဆေးဝါးလေးတွေတောင် အတုလုပ်ကြတယ်။ ပါရာစီတမော အတု၊ ဗိုက်တာမင်စီ အတု၊ ဘားပလက် အတု၊ ဖျူရာမင်ဘီစီ အတု စသဖြင့် ဆေးအတုတွေ စားမိပြီး အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိခဲ့ဘူးတယ်။ အခုခေတ်မှာလည်း စံရည်စံသွေး မပြည့်မှီတဲ့ ဆေးဝါးအတုတွေ ရှိတယ်။ ငွေစက္ကူ တထောင်တန် ငါးထောင်တန် အတုတွေ မကြာခဏ ပေါ်တတ်တယ်။

ပစ္စည်းကောင်းလို့ တန်ဘိုးရှိရင် အတုလိုက်လာတတ်တာ ထုံးစံလိုတောင်ဖြစ်နေပြီ။ ဆေးအတုမိတာက တယောက်စ နှစ်ယောက်စ အကန့်အသတ်နဲ့ ဒုက္ခရောက်မယ်။ ငွေအတုမိတာက တရွက်၊ နှစ်ရွက်လောက်ဘဲ ဆုံးရှုံးမယ်။

နိုင်ငံရေးအတု မိရင်တော့ တမျိုးသားလုံး တပြည်လုံး နှစ်ပေါင်း ဆယ်နဲ့ ရာနဲ့ချီပြီး မျိုးဆက်နဲ့ ချီပြီး ဒုက္ခရောက်သွားနိုင်တယ်။

ဘုန်းကြီးရိုက်တဲ့ ကြံ့ဖွတ်လည်း မဲမပေးချင်ဘူး။ တိုင်းပြည်ကို လူမွဲဇာတ်သွင်းသွားတဲ့ မ.ဆ.လအဟောင်း တစညလည်း မဲ မပေးချင်ဘူး။ အခု ခမောက်ဆိုတာ ဘာလဲ။ ခွပ်ဒေါင်းကရော၊ ၀ံသာနုဆိုတာက ရော။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတဖွဲ့ထဲဘဲဆိုတာကရော——။

မေးခွန်းလေးတွေ ရှိနေတယ်။ မတွေဝေနဲ့၊ မေ၀၀ါးနဲ့၊ အညာမခံနဲ့၊ အလိမ်မမိစေနဲ့။

အခြေခံဥပဒေ အတု၊ ရွေးကောက်ပွဲ အတု၊ ခွပ်ဒေါင်း အတု၊ ခမောက် အတု၊ ဒေါ်စုကိုယ်စား ရွေးကောက်ပွဲဝင်သူ အတုအပများ ရှိနေတယ်။

အတုဆိုရင် ဘယ်အတုမှ မကောင်းပါ။

ပြည်သူတွေအားလုံး အတုမိမယ် သတိထား။

မမခင်
(၁၃.၁၀.၁၀)
http://www.yoma3.org/?p=1575

တရားစွဲဆိုထားသည့် ကာလ NLD ပါတီ ရပ်တည်မှု ပျက်ပြယ်ခြင်းမရှိ

By ဦးကျော်အောင်လွင် ကြာသပတေး, 14 အောက်တိုဘာ 2010

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ဥပဒေကြောင်းအရ တရားဝင် အဖွဲ့အစည်းတခုအဖြစ် ဒီကနေ့အထိ ဆက်ပြီး ရပ်တည်နေတုန်းပဲ ဆိုတဲ့အကြောင်း ပါတီအတွင်း ကြေညာချက် တစောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို မတရားအသင်း ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး NLD ဘက်က တရားစွဲဆိုမှုကို နိုင်ငံတော် တရားရုံးချုပ်က လက်ခံထားတာကြောင့် ပါတီ မပျက်ပြယ်သေးတဲ့ သဘောလို့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

NLD ပါတီဟာ ဒီကနေ့အထိ တရားဝင် နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ပြီး ရပ်တည်နေတုန်းပဲ ဆိုတဲ့အကြောင်း တနိုင်ငံလုံးမှာရှိတဲ့ NLD ပါတီဝင် အင်အားစုတွေကို ဒီကနေ့ပဲ စာပို့လိုက်တဲ့အကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်ကတည်းက တရားဝင် မှတ်ပုံတင်ထားတယ်။ အခု ရွေးကောက်ပွဲ ဥပဒေတွေ ပေါ်ပေါက်လာတဲ့ အခါမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ထပ်မံ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ်လို့ ဖော်ပြတယ်။ အဲဒီ ဖော်ပြချက်နဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အစိုးရကို နိုင်ငံတော် တရားရုံးချုပ်မှာ တရားစွဲဆို ဆောင်ရွက်နေတယ်။ ဒီ တရားစွဲဆို ဆောင်ရွက်နေတဲ့ အမှုကိုလည်း နိုင်ငံတော် တရားရုံးချုပ်က လက်ခံပြီး မှတ်ပုံတင်နံပါတ် ပေးထားပါတယ်။

“ဒါကြောင့် အခုလို တရားစွဲထားတဲ့အတွက် ဒီကာလမှာ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက် ရပ်တည်နေတယ်လို့ ကျနော်တို့ အဖွဲ့ချုပ် စည်းရုံးရေး အဖွဲ့တွေကို အကြောင်းကြားတဲ့စာပါ။”

NLD ပါတီဘက်က တရားဝင်နေတုန်းပဲလို့ ပြောနေပေမဲ့ ဒီအချက်ကို စစ်အစိုးရ အာဏာပိုင်တွေဘက်က ဘယ်လို သဘောထားတယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“အဲဒါ ကျနော်တို့ မသိဘူး။ အာဏာပိုင်တွေ သူတို့ စဉ်းစား သုံးသပ်တဲ့ကိစ္စ။ ကျနော်တို့ကတော့ ဥပဒေအရ NLD ဟာ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက်ရပ်တည်တယ် ဆိုတာ ဥပဒေ အချက်အလက်များပေါ်မှာ အခြေခံပြီး တရားစွဲတင်ထားတာပါ။”

အရင်ကာလတွေတုန်းကဆို NLD ပါတီရဲ့ လှုပ်ရှားမှုတွေ မှန်သမျှ စစ်အစိုးရ အာဏာပိုင်တွေဘက်က အမြဲမပြတ် စောင့်ကြည့်တာတွေ၊ သတိပေး ခြိမ်းခြောက်တာတွေ၊ ဖိအားပေးတာတွေ၊ ဖမ်းဆီး အရေးယူတာတွေကို အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီက မပါဝင်တော့ဘူးလို့ ပြောခဲ့ပြီးနောက်ပိုင်း NLD ရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေဘက်က ဘာမှ အရေးယူ ဆောင်ရွက်တာ မရှိတော့ပါဘူး။ ဒီလို ထူးခြားချက်တဲ့ အခြေအနေတွေဟာ ဘာကြောင့်ဖြစ်လာတယ်လို့ ထင်သလဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“ကျနော်တို့က ရွေးကောက်ပွဲ မ၀င်တော့ဘူး။ NLD ဆိုတာလည်း သူတို့ပြောတဲ့ ဥပဒေအရဆို မရှိတော့ဘူး။ ဒီအခြေအနေမျိုးမှာ NLD ကို သူတို့ အနှောင့်အယှက်ပေးရင် NLD ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ရောက်နိုင်တယ် ဆိုတာလည်း စဉ်းစားစရာ အချက်တချက်လို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်။”

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ကျရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အထူးအယူခံလွှာကို တရားရုံးချုပ် ရန်ကုန်မှာ ကြားနာဖို့ရှိလို့ မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားဥပဒေဆိုင်ရာ ကိစ္စတွေ ပြောဆိုခွင့်ရရေး ရှေ့နေ ဦးဉာဏ်ဝင်းနဲ့အဖွဲ့ဟာ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အာဏာပိုင်တွေဆီမှာ ခွင့်တောင်းထားတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
http://www.voanews.com/burmese/news/myanmar-nld-104944664.html

မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်း စာရွက်များ ရန်ကုန်မြို့တွင်း ပြန့်နေ


မျိုးချစ်သူ   /   ၁၄ အောက်တိုဘာ ၂၀၁၀



ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများ ရန်ကုန်တွင် ဖြန့်ဝေနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်တို့တွင် ယင်းသို့စာရွက်များ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“မနေ့က ကျနော်တို့ ဆိပ်ကမ်းသာလမ်းမှာ ဝေသွားတာပဲ။ ဘယ်သူဝေတယ် ဆိုတာ မသိပေမယ့် ဝေသွားတဲ့စာရွက်မှာ ဒေါ်စုပုံပါတယ်။ ကျနော်တို့လည်း ဒေါ်စုပုံပါတာတွေ့တော့ လိုက်တောင်းတာပေါ့။ ကျနော်တို့ ဒေါ်စုပုံ မတွေ့ရတာ ကြာပြီလေ” ဟု ကျောက်တံတားမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

အဆိုပါစာရွက်တွင် “ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှုတွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောထားသည့် ရက်စွဲနှင့်တကွ ဖော်ပြထားသည်။

စာရွက်များဝေသူသည် မည်သူမည်ဝါဟု အတိအကျမသိရသော်လည်း စာရွက်ဝေသွားသည်ကို တွေ့လိုက်ရကြောင်း ကြံ့ဖွံ့ပါတီဝင်တဦးက ပြောသည်။

“စာရွက်ဝေတာတွေ့တယ်။ ကျနော်က ကြံ့ဖွံ့ပါတီဝင်ဖြစ်ပေမယ့် ပြည်သူတယောက်ပဲလေ။ ပြည်သူဆိုတာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရမယ်လေ။ ဒါကြောင့် ကျနော်လည်း ယူထားလိုက်တယ်” ဟု ပန်းဘဲတန်းမြို့နယ်နေ ကြံ့ဖွံ့ပါတီဝင် ဘွဲ့ရလူငယ်တဦးက ပြောသည်။

အတင်းအကျပ် ခြိမ်းခြောက်မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဖြစ်သည်ဟုလည်းကောင်း၊ ခြိမ်းခြောက်ပြီး မဲပေးခိုင်းခြင်းသည် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်သည်ဟုလည်းကောင်း စသည့်ကောက်နုတ်စာများနှင့် ရွေးကောက်ပွဲနည်းဥပဒေများပါ ကြိုတင်မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်းကိုလည်း အဆိုပါစာရွက်တွင် ရေးသားထားသည်။

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမတွင်နေထိုင်သူ အသက် (၅၀) ကျော်အမျိုးသမီးတဦးက “ကျမတို့ လှိုင်မှာတော့ တနေ့က ဝေတာ။ လူငယ်တွေတဲ့ အဲလိုပြောကြတာပဲ။ ဘယ်သူပဲဝေေ၀ အဲဒီလို ဝေလို့ပဲ ပြည်သူတွေက အခုလုပ်မယ့်ရွေးကောက်ပွဲမှာ မဲမပေးဘဲနေလို့ ရ မရ၊ ပေးချင်မှပေးမယ်၊ မပေးဘဲလည်း နေချင် နေလို့ရတယ်ဆိုတာ သိရတယ်လေ။ ကျမ တကယ်ကို မသိခဲ့ဘူး။ ကြံ့ခိုင်ရေးက သူတို့ကိုပဲ မဲပေးဖို့ကို ရယကတွေက အိမ်တွေကို လိုက်ပြောနေတယ်လေ။ ကျမတို့က ကြောက်တယ်။ အခု ဒီစာရွက်လေးရတော့ မကြောက်တော့ဘူး” ဟု ပြောဆိုသည်။ ရန်ကုန်မြို့နယ် အသီးသီးတွင် ယင်းစာရွက်များ ဝေငှနေကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲ ဆန့်ကျင်သည့် အဆိုပါ မဲမပေးရေးလှုပ်ရှားမှု လက်ကမ်းစာရွက်များကို ယခုလဆန်းပိုင်းမှစတင်ကာ ဖြန့်ဝေနေခြင်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသည့် ပြည်တွင်းမှ လူငယ်များ၊ ရုံးဝန်ထမ်းများ၊ ပြည်သူများပါ ပါဝင်၍ လက်ဆင့်ကမ်း ဖြန့်ဝေနေခြင်းဖြစ်ကြောင်း၊ တဦးတယောက် အဖွဲ့အစည်းတခုအနေဖြင့် မဟုတ်ဘဲ အားလုံးစုပေါင်း၍ မိမိတို့အသိစိတ်ဖြင့် စုပေါင်းလှုပ်ရှားမှုတရပ်ဖြစ်ကြောင်း ပြည်တွင်းမှ အန်အယ်လ်ဒီလူငယ်တဦးက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။
http://www.khitpyaing.org/index.php?route=detail&id=5012

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)သဇင်နီ အပိုင်း(၆၈)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)သဇင်နီ အပိုင်း(၆၈)


(၂၃၄)

အမှတ် (၉၇/ခ)အနောက်ရွှေဂုံတိုင်လမ်း။
၂ဝဝဝ ပြည့်နှစ် မေလ (၂၇)

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးချုပ်တွင် ကျင်းပ၏။ ၂ဝဝဝပြည့်နှစ် နှစ်ဦးမှစ၍ အဖွဲ့ချုပ်ရုံး၌ပင် ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တော်လှန်ရေးနေ့စသည့်အခမ်းအနားများ၌ အာဏာပိုင်တို့က ကန့်သတ်ဟန့်တားမှုများမရှိ လွတ်လပ်စွာစုဝေးကျင်းပနိုင်ခွင့်ပြုခဲ့၏။
ယခု ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အခမ်းအနားကိုမူ အာဏာပိုင်တို့က လွတ်လပ်စွာကျင်းပခွင့်မပြုပဲ စောင့်ကြပ် ဟန့်တားလာပြန်၏။

အခမ်းအနားတွင် နှစ်ပတ်လည်အထိမ်းအမှတ်စာအုပ်ကိုလည်း ထုတ်၏။ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များရေးသည့် ဆောင်းပါးများအားစု၍ စာအုပ်အဖြစ် ထုတ်ဝေသည်။ ဆောင်းပါးရှင်များ၏ အာဘော်ကိုကြည့်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တိုင်းရင်းသားများအကြား ဆက်ဆံရေးသည် ပိုပြီးကောင်းလာသည်၊ ပို ယုံကြည်မှုရှိလာသည်၊ တဦးကိုတဦး လေးစားမှု ပိုရှိလာသည်၊ အပြန်အလှန် အားကိုးယုံကြည်မှုများ ပိုခိုင်မြဲလာသည်ကိုတွေ့ရ၏။ ဆယ်စုနှစ်တစုအတွင်း အခက်အခဲအကြပ်အတည်းများ အတူ ဖြတ်သန်းရင်းရခဲ့ကြသည့် အမျိုးသားသွေးစည်းညီညွှတ်ရေးပင်ဖြစ်သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းစကားဆို၏။ နိုင်ငံရေးသုံးပါးသီလအားစောင့်ထိန်းကြရန် တိုက်တွန်း၏။

“ ကျမတို့ အဖွဲ့ချုပ် အဖွဲ့ဝင်များအနေနဲ့
ကိုယ့်ရဲ့ယုံကြည်ချက်အပေါ်မှာ သစ္စာမဖောက်ပါဘူး၊ ကိုယ့်ရဲ့ရဲဘော်ရဲဘက်အပေါ်မှာသစ္စာမဖောက်ဘူးဆိုရင် အလိုလိုကို ကိုယ့်နိုင်ငံအပေါ်မှာ သစ္စာမဖောက်ဘူး။
နိုင်ငံရေး သီလများ စောင့်ထိန်းဖို့လိုပါတယ်။ နိုင်ငံရေးသီလ ဆိုတာကတော့ နံပါတ်တစ်ကတော့ ကိုယ်ရဲ့ ယုံကြည်မှုအပေါ်မှာ သစ္စာရှိပါ။ နံပါတ်နှစ် ကိုယ်ရဲ့ရဲဘော်ရဲဘက်တွေအပေါ်မှာ သစ္စာရှိပါ။ နံပတ်သုံး ရန်သူအပေါ်မှာ သဘောထားကြီးပါ။ ဒါဟာ အရေးအကြီးဆုံး နိုင်ငံရေးသီလသုံးချက်ပဲလို့ ကျမဒီလိုပဲ ယူဆပါတယ်။ ကျမတို့ ဒီသီလသုံးခုကို ခိုင်ခိုင်မြဲမြဲ စောင့်နိုင်မယ်ဆိုလို့ရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့ အခါကျတော့လဲ ကိုယ်မျှော်မှန်းတဲ့အတိုင်းဖြစ်ရ၊ မြင်ရပါမယ်။ တချို့က ထင်မယ်၊ ပြည်သူလူထုအကြောင်း ကျမတို့မပြောဘူးလားဆိုပြီးတော့ ကျမတို့ကိုယ်တိုင်က ပြည်သူလူထုတွေပဲ။ ကိုယ့်ရဲ့ယုံကြည်ချက်အပေါ်မှာ သစ္စာမဖောက်ပါဘူး၊ ကိုယ့်ရဲ့ရဲဘော်ရဲဘက်အပေါ်မှာသစ္စာမဖောက်ဘူးဆိုရင် အလိုလိုကို ကိုယ့်နိုင်ငံအပေါ်မှာ သစ္စာမဖောက်ဘူး။ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေအပေါ်မှာ သစ္စာမဖောက်ဘူးဆိုတာ ပါပြီးသားဖြစ်ပါလိမ့်မယ်”
ဒေါ်အောင်ဆန်းစုကြည်ကား မိန့်ခွန်းအား ဤသို့ နိဂုံးချုပ်လိုက်သည်။ နောက် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ရွေးကောက်ပွဲ ဆယ်နှစ်မြောက် ကြေညာချက်အား အခမ်းအနားမှူးမှပင် ဖတ်ကြား၏။

“ယနေ့ ပါတီစုံရွေးကောက်ပွဲဥပဒေအရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ ဆယ်နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပေသည်။ ဤဥပဒေ၏ အဓိကအရေးကြီးသည့်ပြဋ္ဌာန်းချက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်တရပ် ဖွဲ့စည်းရန်ဖြစ်ပေသည်။ ဒီမိုကရေစီ၏အခြေခံဖြစ်သော ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာမှသာလျှင် ပါတီစုံဒီမိုကရေစီလည်းပေါ်ထွန်းလာမည်ဖြစ်သည်။ ဆယ်နှစ်ကြာပြီဖြစ်သော်လည်း စစ်အာဏာရှင်များသည် ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးခြင်းနှင့်ပတ်သက်၍ ယင်းတို့ ထုတ်ပြန်ထားသည့် ဥပဒေကို ယင်းတို့ကိုယ်တိုင် သိက္ခာမဲ့စွာ ချိုးဖောက်နေသည်” ဌာန်ကရိုဏ်းကျအောင် ရွတ်ဖတ်နေသည့် အခမ်းအနားမှူးက ကြည်လင်ပြတ်သားစွာနှင့် လေးလေးမှန်မှန် ဖတ်ကြား၍နေသည်။

“၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲသည် ပြည်သူလူထု၏ တရားသော တောင်းဆိုချက်များကို ရှောင်လွဲ၍ မရသောကြောင့်သာ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ သို့အတွက် ရွေးကောက်ပွဲ၏ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးသည် ပြည်သူ့ဆန္ဒနှင့်အညီ မလွဲမသွေအကောင်အထည် ပေါ်လာရမည် ဖြစ်ပါသည်။ အကယ်၍ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာရခြင်း မရှိပါက ပြည်သူလူထု၏ဆန္ဒကို ဆန့်ကျင်ခြင်းသာ ဖြစ်ပါသည်။ ယင်းသို့ ပြည်သူ့ဆန္ဒကို အချိန်အခါ၊ အခြေအနေများနှင့် ကိုက်ညီစွာ ဖြည့်ဆည်းမပေးဘဲ အချိန်ကြာမြင့်စွာ ဆန့်ကျင်ထားလျှင် ပြည်သူလူထု၏ ဆန့်ကျင်တုန့်ပြန်မှုသည်လည်း အချိန်ကြာမြင့်သည်နှင့်အမျှ ပို၍ ပြင်းထန်လာနိုင်ပေသည်။ မဲဆန္ဒရှင် ပြည်သူလူထု အပေါင်းတို့သည်လည်း မိမိတို့၏ မူလမျှော်မှန်းချက်ဖြစ်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးအတွက် ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်ရေးတွင် မိမိတို့ကိုယ်တိုင် တာဝန်ရှိကြပေသည်။ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူတို့၏ အသက်ထောင်ပေါင်းများစွာ စတေးခဲ့ရပြီးမှ ပေါ်ပေါက်လာသည့် ၁၉၉ဝပြည့်နှစ်က ကျင်းပပေးခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရလဒ်ကို မျက်ဝါးထင်ထင် ပီပီပြင်ပြင်အကောင်အထည်ဖော် မပေးမချင်း နောက်ရွေးကောက်ပွဲဆိုသည်ကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လုံးဝဥဿုံလက်ခံမည်မဟုတ်ကြောင်း သန္နိဋ္ဌာန်ချထားသည်ကို ကြေညာလိုက်သည်။”


ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
ပြည်သူ့ဆန္ဒကို အချိန်အခါ၊ အခြေအနေများနှင့်ကိုက်ညီစွာဖြည့်ဆည်းမပေးဘဲ အချိန်ကြာမြင့်စွာဆန့်ကျင်ထားလျှင် ပြည်သူလူထု၏ဆန့်ကျင်တုန့်ပြန်မှုသည်လည်း အချိန်ကြာမြင့်သည်နှင့်အမျှ ပို၍ ပြင်းထန်လာနိုင်ပေသည်။
ရန်ကုန်မြို့
၁၃၆၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁ဝ)ရက်။
၂ဝဝဝပြည့်နှစ် မေလ (၂၇)ရက်။

(၂၃၅)

၂ဝဝဝ ပြည့်နှစ် ဇွန်လ (၂၆) (၂၇) ရက်နေ့များတွင် ပိုလန်အစိုးရကဦးဆောင်၍ ကမကထပြုလုပ်ပြီး ဝါဆောမြို့တွင် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီညီလာခံကြီးတရပ်အား ကျင်းပပြုလုပ်မည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း (၁ဝဝ) ကျော်မှ နိုင်ငံခြားဝန်ကြီးများတတ်ရောက်ဆွေးနွေးကြမည့် ညီလာခံဖြစ်သည်။ ဝါဆောညီလာခံ၏ရည်ရွယ်ချက်က ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်အခြေခိုင်မာပြီး ဒီမိုကရေစီဝါဒ ပိုမိုထွန်းကားလာစေရန်ဖြစ်သည်။

ပိုလန်အစိုးရ၏ကိုယ်စား ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ဝါဆောညီလာခံကြီးသို့တတ်ရောက်၍ မိန့်ခွန်းစကားပြောကြားပေးပါရန် ဖိတ်ကြားထား၏။ ပြဿနာက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာ့မြေမှ ထွက်ခွာသွား၍မဖြစ်။ ဤအတွက် ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် ညှိနှိုင်းရသည်။ သူမအနေဖြင့် လူကိုယ်တိုင်မှာမူ ညီလာခံကြီးသို့ လာရောက်နိုင်မည်မဟုတ်။ သို့သော် သူမပြောကြားမည့် မိန့်ခွန်းကိုမူ ညီလာခံကြီးသို့ ပေးပို့ပါမည်ဟူ၍ အကြောင်းပြန်ရ၏။ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက စာနာစွာနှင့် သဘောတူလက်ခံ၏။

(၂၃၆)
၂ဝဝဝပြည့်နှစ်၊ သြဂုတ်လ (၂၄)ရက်။
၁၉၉၈ ခုနှစ် သြဂုတ်လ (၁၂)ရက် ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ်အတွင်း ထန်းတပင်မြို့နယ် အညာစုရွာအနီးတွင် အာဏာပိုင်များမှ ပိတ်ဆို့ဟန့်တားထားခဲ့ပြီး နေအိမ်သို့ အဓမ္မ ပြန်ပို့ခြင်း ခံခဲ့ရပြီးသည်မှစ၍ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များ ရပ်ဆိုင်းထားခဲ့သည်မှာ ၂-နှစ်မျှရှိပြီ။

အခုသွားမည့်စည်းရုံးရေးခရီးစဉ်က ၂-နှစ်အတွင်း ပထမဆုံး ပြန်သွားမည့်ခရီးစဉ်ဖြစ်သည်။ ရန်ကုန်တိုင်း တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များသို့ သွားရောက်မည့်ခရီးစဉ်ဖြစ်သည်။

မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ အဖွဲ့ချုပ် စည်းရုံးရေးကိစ္စရပ်များ ဆွေးနွေးမည်။ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းသွားမည် စသည့်အဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ တိုင်းစည်းရုံးရေးကော်မတီဝင် ဒေါက်တာမျိုးအောင်နှင့်အဖွဲ့ချုပ် လူငယ် (၁၆)ဦးတို့ လိုက်ပါကြသည်။
၂ဝဝဝ ပြည့်ုနှစ်၊ သြဂုတ်လ (၂၄) ရက် မနက် ရှစ်နာရီခွဲခန့်မှာပင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ပန်းဆိုးတန်း၊ နန်းသီတာဆိပ်ခံဘောတံတားသို့ရောက်၏။ စီးလာသည့် မက်တူးနှင့်တောင်းအေ့စ် ကား(၂)စီးအား နန်းသီတာဆိပ်ကမ်းတွင်ရပ်ထားခဲ့ပြီး ကူးတို့သင်္ဘောဖြင့် ဒလသို့ ကူးမည်။ ဒလတွင်စောင့်ကြိုနေမည့် ကား (၂)စီးနှင့်တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များသို့ ဆက်မည်။ နေ့ချင်းပြန်သွားမည့် ခရီးဖြစ်၍ စောစောပင် ထွက်ခဲ့ကြသည်။ သို့သော်….ပြဿနာက နန်းသီတာဆိပ်ခံဘောတံတားတွင် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့အား ပိတ်ဆို့ထား၏။ ဒလသို့ကူးခွင့်မပေး၊ အာဏာပိုင်များနှင့်ညှိနှိုင်းနေရ၏။ တနာရီခွဲခန့်ကြာသည်။ နောက်ဆုံးမှ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်တို့အား ဒလသို့ ကူးခွင့်ပြုလိုက်၏။

ဒလဆိပ်ကမ်း၌ စောင့်ကြိုနေသည့် ဆလွန်းကားအဖြူတစီး၊ ဟိုင်းလက်ပစ်ကပ်တစီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးဆက်ကြ၏။ ဒလမြို့ နာရီစင်အား ကျော်လာခဲ့၏။ မြို့တွင်းမှ မြို့ပြင်သို့…။ လယ်ကွင်းနှင့်တောအုပ်ညို့ညို့တို့ကို လမ်းဘေးဝဲယာတွင် ဖြတ်ကနဲ ဖြတ်ကနဲနှင့် ကျိုးကျဲကျဲတွေ့နေရ၏။ ဒလမြို့ကို ၃-မိုင်ခန့်လွန်ခဲ့ပြီ။ အရှေ့တွင် လမ်းဝဲဘက်၌ ဓာတ်ဆီဆိုင်တခု၊ ဓာတ်ဆီဆိုင်အရှေ့၌ ကား လမ်းအားပိတ်ဆို့ထား၏။ သံဆူးကြိုးများနှင့် လမ်းကို ကာရံထား၏။ သံဆူးကြိုးခွေများ၏ တဖက်တွင် ရဲ၊ စစ်ထောက်လှမ်းရေး၊ ကြက်ခြေနီ၊ မီးသတ်များနှင့် အရပ်ဝတ်ကြံ့ဖွတ်တို့ လူစုလူဝေးနှင့် ပိတ်ဆို့ထား၏။ ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်နွယ်နှင့် ဒုရဲမှူးကြီး မျိုးလွင်က “ ခရီးဆက်၍သွားခွင့်မပြုကြောင်းနှင့် ရန်ကုန်သို့ ပြန်လှည့်ပါရန်” ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြော၏။

ဒေါ်အောင်ဆန်းစုကြည်တို့က လက်မခံ။ နိုင်ငံအတွင်း လွတ်လပ်သည့်နိုင်ငံသားများအနေနှင့် လွတ်လပ်စွာခရီးသွားလာခွင့်ရှိရမည်။ ပိတ်ပင်ခွင့်မရှိ ခွင့်ပြုရမည်ပင်။ ဤအတွက် တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးခရီးစဉ်အား ဆက်၍ထွက်မည်။ ရန်ကုန်သို့ပြန်လှည့်မည်မဟုတ်။ ဤသို့ပင် သန္နိဋ္ဌာန်ချထားကြ၏။ အာဏာပိုင်တို့ကလည်း လမ်းအားပိတ်ထားမြဲ။ မဖယ်ပေး။ ဖြတ်သန်းသွားလာခွင့်မပြု။ မွန်းတိမ်း၍လာခဲ့ပြီ။ အခြေအနေက ရှေ့တိုးမရ။

ဒလ-တွံတေး လမ်းပိုင်းအား အာဏာပိုင်များက ပိတ်ဆို့၍ထားဆဲ။ ယာဉ်အသွားအလာများ ပြတ်တောက်နေသည်။ မိုးက ဖွဲလိုက်၊ စဲလိုက်၊ သည်းလိုက်နှင့်။ ညနေ သုံးနာရီခန့်တွင်မူ အာဏာပိုင်များ လမ်းပိတ်ဆို့ထားရာမှ တဆင့်တက်လာသည်။

ဒေါ်အောင်ဆန်းစုကြည်တို့ စီးလာခဲ့ကြသည့် ယာဉ် (၂)စီးဘီးများကို လေလျှော့ပစ်လိုက်ကြ၏။ ပြီးလျှင် ကားများကို ဒလ -တွံတေး လမ်းမပေါ်မှ ဝဲဘက်ရှိ မြေနီလမ်းသွယ်လေးအတိုင်း မီတာ (၂ဝဝ)ခန့် တွန်း၍ ရွှေ့လိုက်ကြသည်။ မြေနီလမ်းက လှည်းလမ်းမျှသာကျယ်၏။ လမ်းဘေးဝဲယာတွင် ခင်တန်းငယ်အုပ်အုပ်နှင့် လယ်ကွင်းပြင်၊ မုတ်သုန်မိုးကြောင့် မြက်ရိုင်းပင်များကသန်၏။

ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးဆက်ထွက်နိုင်သည်အထိ ထိုနေရာ၌ပင် စောင့်နေရန်ဆုံးဖြတ်လိုက်ကြသည်။ ကားနှစ်စီးအား တွဲ၍ ရွက်ဖျင်တဲငယ်တခု ထိုးလိုက်ကြသည်။ အကာက မရှိ၊ အမိုးက သွန်းဖြိုးရွာနေသည့် မိုးဒဏ်ကိုမူ အထိုက်အသင့်ကာကွယ်ပေးနိုင်၏။


အစားအသောက်အတွက် ကြိုတင်စီစဉ်ခဲ့သည့်အတွက်
အမျိုးသမီးသတင်းတပ်ဖွဲ့မှ ရဲမေများက ဒေါ်အောင်ဆန်းစုကြည်အား ဝင်၍ ဖမ်း၏။ လက်ထိပ်ခတ်၏။ ပြီးလျှင် ကားပေါ်သို့ အဓမ္မတွန်းတင်ကာ ရန်ကုန်ခေါ်ခဲ့ကြ၏။
လတ်တလော အခက်အခဲမရှိ၊ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ရောက်ရှိနေသည့်နေရာမှ တမိုင်ပတ်လည်တွင် ထောက်လှမ်းရေး၊ ရဲ၊ မီးသတ်၊ မယက၊ ရယက အဖွဲ့ဝင်များ အနှံ့အပြား ချထား၏။ ဒလ-တွံတေး လမ်းပိုင်းနှင့် မြေနီလမ်းဆုံရာ ဓါတ်ဆီဆိုင်အနီးတွင် ဆေးရုံကားတစီးနှင့် မီးသတ်ကား တစီး အသင့်။ တရက်၊ နှစ်ရက်၊ သုံးရက်…။ ပိတ်ဆို့ခံနေရသည်မှာ (၉)ရက်ပြည့်မြောက်ခဲ့ပြီ။

၂ဝဝဝ ပြည့်နှစ် ၊ စက်တင်ဘာလ (၁)ရက်။
ည (၁၁း ၃ဝ )နာရီ…။

တပ်မတော်ထောက်လှမ်းရေး ဒု-ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ကျော်ဝင်းမှ တပ်မတော်ထောက်လှမ်းရေး အမှတ် (၁၂)၏တပ်မှူး ဗိုလ်မှူး လှသက်မော်ထံ ညွှန်ကြားချက်ပေးပို့၏။

“ဒလ -တွံတေးလမ်းပိုင်းတွင် ရှိနေကြသည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တဖွဲ့လုံးအား ဖမ်းဆီး၍( …. ……) နေရာသို့ ခေါ်ဆောင်ခဲ့ရန်” ဟူ၍ဖြစ်သည်။

ဝင်ရောက်ဖမ်းဆီးရန်အတွက် မရမ်းကုန်း (၉)မိုင် အောင်သပြေစခန်း BSI မှ အမျိုးသမီးသတင်းတပ်ဖွဲ့နှင့် ရဲမှူးချုပ်အောင်နွယ်၊ ရဲမှူးမျိုးလွင်၊ တပ်မတော်ထောက်လှမ်းရေးမှ ဗိုလ်မှူး သူရ၊ ဗိုလ်မှူးတေဇ၊ ဗိုလ်မှူးသန်းထွန်း (DDSI and OSS) တို့ ဦးဆောင်စေပြီး တပ်ဖွဲ့အင်အား ၃ဝဝ-ခန့် အသုံးပြုရန် တာဝန်ပေး၏။
အမျိုးသမီးသတင်းတပ်ဖွဲ့မှ ရဲမေများက ဒေါ်အောင်ဆန်းစုကြည်အား ဝင်၍ ဖမ်း၏။ လက်ထိပ်ခတ်၏။ ပြီးလျှင် ကားပေါ်သို့ အဓမ္မတွန်းတင်ကာ ရန်ကုန်ခေါ်ခဲ့ကြ၏။ ညသည် ပိန်းပိတ်စွာနှင့် မှောင်မဲနေ၏။ မိုးနှောင်းကဲသော ညတွင် အာဏာပိုင်များက ဒလမြို့အား မီးမှောင်ချထား၏။

ကိုးကား ...

- ရွှေခမောက် မှတ်တမ်းလွှာ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏အစီရင်ခံစာ
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ
- ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ကြေညာချက်အမှတ် (၆-၁၁/ဝဝ)၊ (၆၂-၈/ဝဝ)၊ (၉-၉/ဝဝ)၊ (၇ဝ-၉/ဝဝ)
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ တစ်နှစ်မြောက် ကြေညာစာတမ်း
-ဒီပဲယင်းအစီရင်ခံစာ
http://www.mizzimaburmese.com/edop/songpa/6253-2010-10-14-05-52-58.html

ရွေးကောက်ပွဲနဲ့ ပြည်မအေး၊ အားလုံး ကြေလည်အောင် ဆွေးနွေးရမယ်

“ရွေးကောက်ပွဲနဲ့ ပြည်မအေး၊ အားလုံး ကြေလည်အောင် ဆွေးနွေးရမယ်”


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး စင်္ကာပူနိုင်ငံသို့ မျက်စိကုသရန် ရောက်ရှိနေစဉ် မဇ္ဈိမ သတင်းထောက် ခင်ဖြူဝင်းက တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

NLD ဆက်လက် ရပ်တည်ဖို့နဲ့ ရှေ့အလားအလာကို ဘယ်လိုမြင်ပါသလဲ။

သူတို့က NLD ဆက်လက်ရပ်တည်ခွင့် မရှိတော့ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်၊ ဒါပေမဲ့ NLD ဟာ NLD ပါပဲဗျာ၊ NLD ဆက်ရပ်တည်ဖို့ အခွင့်အလမ်းတွေရှိပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ပြန်တောင်းဆိုဖို့ NLD အခန်းကဏ္ဍ ပြန်ရောက်လာအုံးမှာပါ။

NLD ရဲ့ လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ဘယ်လို ဆက်လုပ်မယ် ပြင်ထားပါသလဲ။


သူတို့က NLDကို မရှိတော့ဘူး၊ ပျက်ပြယ်ပြီ၊ ဖျက်သိမ်းလိုက်ပြီ ဆိုပေမယ့် ဥပဒေအရ သူတို့ ဖျက်သိမ်းလို့ မရဘူး၊ ဘာကြောင့်လဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ရလာတဲ့ ရလဒ်အရ မြန်မာတပြည်လုံးက NLD ကို လွှတ်တော် ကိုယ်စားလှယ်တွေ အများဆုံး ရွေးပေးခဲ့တာဖြစ်တယ်။ U-Tin-Ooအဲဒီအခွင့်အာဏာက ပြည်သူလူထုက ပေးတဲ့ ပြည်သူလူထုကပေးတဲ့ ကိုယ်စားလှယ်တွေအပေါ်မှာပဲ ရှိနေသေးတယ်။ အဲဒါကြောင့် ဒီလို ရွေးကောက်ပွဲက ရလာတဲ့ ရလဒ်ရှိနေရဲ့သားနဲ့ ဘာမှလဲ မလုပ်ရသေး၊ ဘာမှလဲ မဆောင်ရွက်ရသေး၊ ဘာအပြစ်မှလဲမလုပ်၊ ဘာအမှုအခင်းမှလဲ မလုပ်ဖူး တိုင်းပြည်အတွက် ဥပဒေဘောင် အပြင်ဘက်ကနေ ဖေါက်ဖျက်တာမျိုးလဲ မရှိဘဲနဲ့ ဒါကို ပျက်ပြယ်ပြီ၊ ဖျက်လိုက်ပြီ ဆိုတာက အဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် NLDက ရှိနေသေးတယ်။ တခုရှိတယ် သူတို့ထင်သလို NLD ပါတီမရှိဘူး၊ အဲဒါမှန်တယ်ထားလိုက်။ဒါပေမဲ့ NLDဟာ ပြည်သူ့ပါတီအနေနဲ့ ပြည်သူလူထုထဲမှာ အစဉ်ရှိသွားမယ်။ ပြည်သူလူထုရဲ့ အားပေးမှု ထောက်ခံမှု သူတို့ရဲ့ ကြင်နာမှု ထောက်ထားမှု၊ စာနာမှု အားလုံးကိုရရှိပြီး ပြည်သူလူထုထဲကို ဝင်တိုးတဲ့ ပြည်သူ့ရဲ့ပါတီ အနေနဲ့ ပြည်သူအားကိုးတဲ့ ပါတီအနေနဲ့ အသက်ရှင်လျက်ရှိတယ်၊ အသက်ရှင်လျက်ရှိမယ်၊ နောင်ကိုလည်း တလျောက်လုံး ရှင်လာမယ်။ ပြီးတော့မှ ပြန်လုပ်စရာရှိတာတွေလဲ ပြည်သူလူထုရဲ့ ထောက်ခံချက်နဲ့ လုပ်လာနိုင်မှာဖြစ်တယ်။ ဒါက ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အချက်ပါ။

ကျနော်တို့ အခွင့်အရေး တွေကို ကျနော်တို့ ပြန်တောင်းဆိုမယ်။ ဥပဒေမှာရှိတယ်၊ အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဖြစ်တည်ပြီးရှိနေတဲ့ ကိစ္စအရပ်ရပ်မှာ နောက်ဥပဒေက ထုတ်လိုက်လို့ ဒီဥပဒေက ရှေ့မှာရှိနေတဲ့ လူဥပဒေတယောက် အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း နစ်နာမယ်ဆိုရင် အဲဒီ နစ်နာချက် တွေကို တရားဥပဒေက ကုစားပေးရမယ်။ ဒါကြောင့် ဒီအချက်တွေကို ကျနော်တို့ တရားရုံးကို တင်ထားပြီးသား ဖြစ်တယ်။ အခု အဲဒီ နစ်နာမှုတွေဟာ NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာမဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ်ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီနစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။

အဲဒီလို ကုစားပေးဖို့ ၁၉၄၅ ခုနှစ် ဥပဒေမှာ ဆိုထားတာက ရှေ့မှာရှိနေတဲ့ အဖွဲ့အစည်းတခုခုအား သူတို့ လုပ်ကိုင်ဆောင်ရွက်ချက်တွေအားလုံးကို သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း လုပ်ကိုင် ဆောင်ရွက်နေလျက်သားနဲ့ နောက်တခု ဥပဒေထုတ်လိုက်လိုက်လို့ ဒါကို ထိခိုက် နစ်နာတယ်ဆိုရင် ရှေ့ကခံရတဲ့လူတွေနဲ့ အဖွဲ့အစည်းဟာ တရားရုံးမှာ မိမိတို့ သက်သာခွင့်ကို ရယူလျှောက်ထားခွင့် ရှိတယ်ဆိုတာကို ဥပဒေနဲ့အညီ ကျနော်တို့ တင်ထားတယ်။ အဲဒါကြောင့် ဒီဥပဒေအရ တရားရုံးက
NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာ မဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ်ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီ နစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။
မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးရမယ်ဆိုတာ ယုံကြည်ထားတယ်။ အဲဒါ ဆုံးဖြတ်ပေးမပေး ဆိုတာကိုတော့ ကျနော်တို့ တင်ထားဆဲ ဖြစ်တဲ့အတွက် လျှောက်လဲဖို့အတွက် ကျနော်တို့ စောင့်နေတယ်။ ဒါကြောင့် ကျနော်တို့ဥပဒေကြောင်းအရလဲ NLDက ရှိနေသေးတယ်။

ဆိုင်းဘုတ်တို့၊ အလံတို့၊ ရုံးတို့ အရေးမကြီးဘူး၊ ရွေးကောက်ပွဲတို့ ဘာတို့ အရေးမကြီးဘူး၊ အရေးကြီးတာက နိုင်ငံတော်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး တည်ငြိမ်မှုရဖို့ဟာ ရွေးကောက်ပွဲတခုတည်းနဲ့ ဆုံးဖြတ်ပြီး လုပ်လို့မရဘူး။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဟာ လုပ်ငန်းစဉ်တခု အဲဒါ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ငန်းစဉ်တခုတည်းနဲ့ နိုင်ငံကြီးတခုလုံး နိုင်ငံရေးအရ တည်ငြိမ်သွားပြီဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံရေးအရ တည်ငြိမ်တယ်ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားအားလုံး စစ်တပ်အုပ်ချုပ်တဲ့သူကော၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကော တိုင်းရင်းသားအားလုံးကော ညှိနှိုင်းဆွေးနွေးပြီးတော့မှ သဘောတူညီမှု ရပြီး ဆောင်ရွက်ချက်သာလျှင် နောင်မှာ အရှည်ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်တဲ့အတွက် NLD သည် ဒီအပေါ်မှာ ရပ်တည်ထားတဲ့အတွက်ကြောင့် ဘယ်တော့မှ မပျက်ပြယ်ဘူး၊ အသက်ရှင်လျက်ရှိမယ်၊ အခုလဲရှိမယ် နောင်လဲရှိမယ်၊ နောင်ကိုလဲ ပြည်သူလူထု ဆန္ဒအရ လုပ်လို့ရလာအုံးမယ်ဆိုတာကို တကယ်ယုံကြည်ပြီး ဆောင်ရွက်နေတယ်၊ ရဲရဲဝံ့ဝံ့ပဲ အားလုံးဆောင်ရွက်နေတယ်။

၉ဝ ရွေးကောက်ပွဲမှာ ပြည်သူက NLD ကို လုပ်ပိုင်ခွင့် အာဏာတွေ အများကြီး ပေးခဲ့တယ်။ အခု လုပ်မယ့် ရွေးကောက်ပွဲမှာကော NLD အနေနဲ့ မဲပေးမယ့်သူတွေကို ဘာပြောချင်ပါသလဲ။

တိုင်းရင်းသားချင်း ပေးချင်တယ်ဆိုတာ တိုင်းရင်းသားတွေထဲကကော သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူညီမျှရေး၊ သူတို့ လိုလားတဲ့ ဖယ်ဒရယ်မူကို ရမလား၊ ရမယ်လို့ ယုံကြည်ရင် မင်းတို့သဘောပဲ...
ကျနော်တို့က မှတ်ပုံလဲမတင်ဘူး၊ ရွေးကောက်ပွဲလဲ မဝင်ဘူး ဆိုတော့ရှင်းနေပြီ၊ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ပေါ့။ ဒါကြောင့် ကျနော်တို့က ပြည်သူလူထုကို  ရှင်းရှင်းလင်းလင်း ပြောထားတာက သပိတ်မှောက်တယ်၊ ကန့်ကွက်တယ်၊ ဒါကြောင့် လူထုအနေနဲ့ မဲပေးဖို့ဆိုတာ ဒီမိုကရေစီ အစဉ်အလာအရ မဲပေးရမယ်လို့ ဥပဒေက ဆိုထားတယ်။ သို့သော်လဲ မဲမပေးဘဲ နေပိုင်ခွင့်လဲ ရှိတယ်ဆိုတော့ သူတို့ မကြိုက်ရင် မဲမပေးပဲ နေရုံပဲပေါ့၊ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ စကားအတိုင်းပဲ၊ ပြည်သူလူထုကပြောတယ်၊ ကြံ့ဖွံ့ကော တစည ကိုကော မကြိုက်ဘူး၊ နောက် ရွေးကောက်ပွဲဝင်တဲ့လူတချို့ဟာလဲ တချိန်က လူထုအတွက် ဘာမှ လုပ်လာတာမဟုတ်ဘူး၊ ရွေးကောက်ပွဲဆိုမှ ထလာတဲ့လူတွေဖြစ်တဲ့အတွက် ဒီလူတွေကိုလဲပဲ မယုံကြည်ဘူး၊ အဲလိုဆိုရင် NLD ကိုပဲ မဲပေးချင်တဲ့လူတွေက NLD မရှိရင် မပေးဘဲနေကြပေါ့။ အဲဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲကို သပိတ်မှောက်ကြလို့ လူထုနားလည်အောင် ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမပြောရင် လူထုက ဟိုလို ဒီလိုထင်ပြီးတော့ ရွေးကောက်ပွဲ သပိတ်မှောက်ပါလဲပြောတယ်၊

ရွေးကောက်ပွဲအကြောင်းလဲ ပြောနေတယ်ဆိုရင် အဓိပ္ပာယ်က ရှေ့နောက် မညီဘူး။ အဲဒီတော့ ပြတ်ပြတ်သားသားပဲ ရွေးကောက်ပွဲကို သပိတ်မှောက်ကြလို့ပဲ ကျနော်တို့ ပြောလိုက်တယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့လဲ မေးလာတာတွေရှိတယ်၊ တိုင်းရင်းသားတွေထဲမှာ တိုင်းရင်းသားအချင်းချင်း ပေးချင်တာတွေရှိပါတယ်တဲ့၊ NLD က ခုလိုပြောတဲ့အတွက် သူတို့မှာ အခက်အခဲ ရှိပါတယ်တဲ့၊ မှန်ပါတယ် တိုင်းရင်းသားချင်းပေးချင်တယ်ဆိုတာ တိုင်းရင်းသားတွေထဲကကော သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူညီမျှရေး၊ သူတို့လိုလားတဲ့ ဖယ်ဒရယ်မူကိုရမလား၊ ရမယ်လို့ ယုံကြည်ရင် မင်းတို့သဘောပဲလို့ ပြောလိုက်တယ်။

တဦးချင်း အမြင်အနေနဲ့ အခုလောလောဆယ် အခြေအနေမှာ တပ်မတော်ထဲက အသစ်တက်မယ့် ဗိုလ်ချုပ်တွေရဲ့ အလားအလာကို ဘယ်လို မြင်ပါသလဲ။

စစ်တပ်ဆိုတာကတော့ အမိန့်ပေး အုပ်ချုပ်ပြီး utinooatsig1လာတာပေါ့ဗျာ၊ စစ်တပ်ထဲမှာလဲ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ စိတ်ဓာတ်တွေရှိနေတယ်၊ ရှိမှာပဲလို့ ကျနော် ယုံကြည်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့လည်း ပြည်သူလူထုပဲ၊ တပ်မတော်သားတွေလည်း ပြည်သူပြည်သားတွေပဲ။ ပြည်သူပြည်သားတွေ ဆင်းရဲ ဒုက္ခရောက်တာနဲ့အမျှ သူတို့ ဆွေမျိုးသားချင်းတွေ ဒုက္ခရောက်ကြတာမြင်တဲ့အတွက် တပ်မတော်သားအကုန်လုံးက သူတို့ရှေ့လာမယ့် စစ်အုပ်ချုပ်ရေးလို အာဏာရှင်အုပ်ချုပ်ရေး တပါတီ အုပ်ချုပ်ရေုး အဲဒီလိုမျိုးတွေ မလိုချင်ကြပါဘူး။ ဒါကြောင့် သူတို့ထဲမှာလဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်နေတဲ့ စစ်သားတွေ အများကြီးရှိပါတယ်။ သို့သော်လဲပဲ သူတို့က အမိန့်ပေး အုပ်ချုပ်တာဖြစ်တဲ့အတွက် အခုချိန်မှာ မလုပ်နိုင်သေးပေမယ့် တချိန်မှာတော့ သူတို့ဟာ နိုင်ငံရေးအရ ပွင့်လင်းလာပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ပြီး ဒီမိုကရေစီဘက် မျက်နှာမူလာပြီး ပါဝင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ တပ်မတော်သားအားလုံးက ဒီပုံစံအတိုင်းသွားမယ်လို့တော့ ကျနော်မထင်ဘူး။

နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး တဦးချင်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ။


နယ်ခြားစောင့်ဖွဲ့တဲ့ကိစ္စကတော့ ကျနော့်အနေနဲ့ ဝင်ပြီးတော့ မပြောချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပြောလိုက်ရင်လဲ ရှုပ်ထွေးသွားလိမ့်မယ်၊ အဲဒီတော့ ဒီကိစ္စက သူတို့ ငြိမ်းချမ်းရေး ယူတုန်းက ဘယ်လိုကတိတွေထားသလဲ၊ အဲဒီ ထားတဲ့ကတိကို တည်အောင်လုပ်ရင်တော့ ကောင်းကြမယ်ပေါ့နော်။ သူတို့ ပြောနေတာ ကြားတာကတော့ ဟိုဘက်ကလဲ ဒီလိုပြောတယ်၊ ဒီဘက်ကလဲ ဟိုလိုပြောတယ်။ အမျိုးမျိုး ပြောနေတဲ့ အပေါ်မှာ ကျနော်တို့က မဝေဖန်ချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဝင်ပြီး ပါလိုက်လို့ရှိရင် အခြေအနေတွေက အကုန်ရှုပ်ထွေးသွားမယ် ထင်တယ်။ အဲဒီတော့ သူတို့ ကိစ္စက အခုလုပ်နေတဲ့လူတွေနဲ့ပဲ အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းအောင် လုပ်ပါလို့ပဲ ကျနော်က ပြောချင်တယ်။

ပါလီမန်ထဲမှာ တပ်မတော်က ၂၅ ရာနှုန်း နေရာယူထားတယ်၊ ဒါဟာ မဖြစ်သင့်ဘူးလို့ တချို့က ယူဆကြတယ်။ အဲဒါကိုကော ဘယ်လိုမြင်ပါသလဲ။


ဒီမိုကရေစီ သွားမယ်လို့ သူတို့ကပြောတယ်၊ ဒီမိုကရေစီကို စစ်မှန်သော ဒီမိုကရေစီ၊ နောက်ပြီးတော့ စည်းကမ်းရှိသော ဒီမိုကရေစီလို့ သူတို့ကပြောတယ်၊ အဲဒီလို ပြောပြီးတော့မှ ၂၅ ရာခိုင်နှုန်းလဲထည့် ဒါက ရွေးကောက်ပွဲ မလုပ်ဘဲနဲ့ကိုဝင်မယ်။ အခုဆိုရင် သူတို့ထဲက ခေါင်းဆောင်တွေ ဟိုးအရင်တည်းက
ဘာပဲဖြစ်ဖြစ် သူတို့က အနိုင်ယူပြီးတော့ တပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးကို စစ်ကျွန်လုပ်မယ် ဆိုတဲ့သဘောနဲ့ တရားဝင် ထောက်ခံမှုရအောင် ကြိုးစားပြီးတော့ ကမ္ဘာကို မျက်လှည့်ပြတာပဲ။ အမှန်ကတော့ ဒီမိုကရေစီကို အမှန်တကယ် ယုံတယ်ဆိုရင် ဒီ ၂၅% ဆိုတာလဲ ထည့်ဖို့ မလိုဘူးပေါ့။
အကြံအစည်အတိုင်း လုပ်နေကြပြီလေ၊ ဒါတင်မကဘူး သူတို့က ပိုသေချာအောင် ထပ်ပြီးတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းပေါ့၊ ပထမတုန်းက လူမှုရေးပဲလုပ်မယ်လို့ဆိုတယ်၊ စပြီး လုပ်ကထဲက လူတွေကိုစု နအဖ စစ်အစိုးရရဲ့ သဘောထားတွေကို ကြေညာခိုင်း၊ ဆန္ဒပြခိုင်း အော်ခိုင်း ဟစ်ခိုင်း ဆိုထဲက နိုင်ငံရေးလုပ်မယ်ဆိုတာကို ကျနော်တို့ကသိတယ်။ အဲဒါကြောင့် ကျနော်တို့ကလဲ ဒီအဖွဲ့ကို ကန့်ကွက်တာပဲ။ ဒါပေမဲ့ ခုတော့ ရှင်းသွားပြီလေ၊ ဒီအဖွဲ့ကြီးတခုလုံး ပါတီ ပြောင်းလိုက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ ငွေကြေး၊ ပိုက်ဆံ၊ ဘဏ္ဍာ၊ ပစ္စည်းပစ္စယ အားလုံးကို သုံးပြီး ဝင်အရွေးခံမှာ၊ ဘာပဲဖြစ်ဖြစ် သူတို့က အနိုင်ယူပြီးတော့ တပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးကို စစ်ကျွန်လုပ်မယ်ဆိုတဲ့သဘောနဲ့ တရားဝင်ထောက်ခံမှုရအောင် ကြိုးစားပြီးတော့ ကမ္ဘာကို မျက်လှည့်ပြတာပဲ။

အမှန်ကတော့ ဒီမိုကရေစီကို အမှန်တကယ် ယုံတယ်ဆိုရင် ဒီ ၂၅% ဆိုတာလဲ ထည့်ဖို့မလိုဘူးပေါ့။ ဒီမိုကရေစီဆိုတာက အရွေးခံရပြီးတော့မှ ကိုယ်စားပြုရမယ်။ အဲဒီတော့  နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်နဲ့လွဲနေပြီ၊ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်မယ့်အစိုးရကို ကိုယ့်ပြည်သူလူထုက တင်မြှောက်တဲ့လူကပဲ လုပ်ရမယ်လို့ပြောတာကို မတင်မြှောက်တဲ့လူက ခု ၂၅% ပါနေတယ်ဆိုတော့ ဒီဟာက ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ ဟုတ်မလဲ။ ကြံ့ခိုင်ရေးလို အသင်းတွေကလဲ အတင်းအဓမ္မ ကြိုတင်မဲတွေကော၊ ဝန်ထမ်းတွေကိုလဲ သူတို့ပဲပေးရမယ်ဆိုတာတွေကော၊ ချေးငှားစရိတ်တွေပေးပြီးတော့ လူတွေကို ကြံ့ခိုင်ဖွံ့ဖြိုးအသင်းထဲ ဝင်အောင်လုပ်၊ နောက်ပြီး ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်ဆိုတဲ့ သဘောတွေလုပ်ဆိုတော့ ပြန်ကောက်ရရင် ၂၅% ထည့်ကထဲက ကျနော်တို့က ဒီမိုကရေစီ သွားမယ်ဆိုတာ မယုံကြည်ဘူး။ ဒါတွေကို ကျနော်တို့က စောစောစီးစီးသိတယ်၊ အဲဒါကြောင့် ကျနော်တို့ တလျှောက်လုံး ပြောဆိုလာတာ ဖြစ်ပါတယ်။

နောက်လာမယ့် ရွေးကောက်ပွဲတွေမှာကော NLD အနေနဲ့ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ပြန်ဝင်နိုင်မလား။


ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါ၊ အခု ရွေးကောက်ပွဲပြီးလို့ အရွေးခံရတဲ့ ပါတီတွေ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ ကြည့်ရမှာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာက တရားမျှတမှုမရှိဘူး ပြောတာများလာတယ်ဆိုရင် တမျိုးပေါ့။ နောက်ပြီးတော့ သူတို့ ဒါကို လုပ်လာကိုင်လာရင်းနဲ့ ဒီမိုကရေစီကို သူတို့တကယ်ပဲ ယုံယုံကြည်ကြည်နဲ့ ပြောင်းလဲမှုတွေ လုပ်လာမယ်ဆိုရင်လဲ ဒါကတမျိုးပေါ့။ အဲဒါလောက်ပဲ ပြောနိုင်မယ်၊ အခု အခင်းအကျင်းအားလုံးကတော့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်လာမယ့် အလားအလာ မရှိသေးဘူး။
http://www.mizzimaburmese.com/interview/6252-2010-10-14-04-57-31.html

ခန်စည်သူကို သြစတျေးလျအစိုးရ ဗီဇာပိတ်

ဒီနေ့ မနက်ပိုင်းမှာ သြစတျေးလျနိုင်ငံ Perth မြို့ သို့ ရန်ကုန်ကနေ Thai Airway ဆိုက်ရောက်ခဲ့ပါတယ်။ လေယျာဉ်ပေါ်ကနေ မင်းသားချော တင်မောင်ဆန်းဝင်း၊ သဇင်၊ မိုးပြည့်ပြည့်မောင်အပါအ၀င် အနုပညာရှင်များ ခန့်ခန့်ငြားငြား ပျော်ပျော်ရွှင်ရွှင် ဆင်းလာပါတယ်။

ကျနော်သိချင်ဇောနဲ့ နိုင်ငံကျော်ရုပ်ရှင်းမင်းသား ခန့်စည်သူ (အာရုံဦးမှာဖူးသည့်ကြာ ရဲ့ အဓိက သရုပ်ဆောင်) ရှာကြည့်ပါတယ်။ သူက ကျနော်တို့ Perth မြို့ မှာ ဦးဆောင်ကပြသူဖြစ်တယ်ဆိုတော့ ပရိသတ်တစ်ယောက်အနေနဲ့ရှာကြည့်ပါတယ်။ သို့သော် သူ့ကိုမတွေ့။ ဘာဖြစ်လို့များ သူ့ကိုမတွေ့တာလဲဆိုပြီး လေယျာဉ်ပေါ်က အိမ်သာထဲအထိ ချောင်းကြည့်ပါတယ်။ ပုန်းနေမလားလို့။ ဘယ်မှာရှာရှာ ခန့်စည်သူကို Perth မြို့ ရဲ လေဆိပ်မှာ မတွေ့ပါကြောင်း...။

ဆိုတော့...ကျနော်တို့ Perth မြို့ ရောက်တော်လှန်ရေးသမားများအနေနဲ့ စီစဉ်ထားပြီသားဖြစ်တဲ့ ကိစ္စ (၁၆-၁၀-၂၀၁၀ ညနေ ငါးနာရီမှာ ပြုလုပ်မဲ့ ခန့်စည်သူရှုတ်ချပွဲ) ကို လုပ်ဖြစ်မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

မှတ်ချက်။ ။ သြစတျေးလျအစိုးရမှ အရာရှိများ၊ နိုင်ငံတကာရောက်ရဲဘော်များအား အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါသည်။ ခန့်စည်သူကိစ္စကို အီးမေးပို့ခြင်းကို ဆိုလိုပါသည်။ အထူးသဖြင့် သြစတျေးလျရောက် ရဲဘော်များရဲ့ စုစည်းညီညွတ်မှုအားကို အထူးယုံကြည်ပါကြောင်း...။


လေးစားစွာဖြင့်
ရဲဘော် ဘုန်းကျော် (လူ့ဘောင်ချစ်)
www.phonekyaw.blogspot.com
Ph +61430429667

Monks Schedule for Ottawa and Toronto

Monks Visit to Canada

Ottawa - October 14, 2010



Burma VJ monks in town



Two Burmese Buddhist monks, U Pyinya Zawta and U Agga Nyana, who played a leading role in the 2007 Saffron Revolution, will be in Canada to tell their first-hand stories and discuss the current political situation in Burma when the Academy Award-nominated documentary on their movement - Burma VJ – is screened at events in Ottawa and Toronto.

Accompanied by U Kawida, the abbot of Burmese Buddhist Temple in Toronto, the two monks are scheduled to meet with officials from the Department of Foreign Affairs and members of Parliamentary Friends of Burma (PFOB) on Friday October 15, 2010.

U Pyinya Zawta is a founding member in Exile of the All Burma Monks’ Alliance that led the monks against the military junta in 2007 in Burma was imprisoned for ten years for his pro-democracy activities in Burma. He is the commanding voice behind the scenes in the documentary film, Burma VJ: Reporting from a Closed Country.

U Agga Nya Na is one of the monks who experienced the Saffron Revolution in 2007 first-hand. After more than 1 month in hiding, he escaped to Thailand where he testified to a delegation from the United States Congress and the Ambassador from the U.S. Embassy in Bangkok about the violent crackdown by the military regime on the peaceful protest.

Please see the schedule below:

-Meeting with FAC at 2pm on Friday Oct. 15

-Attending a meeting hosted by PFOB and its vice-chair Paul Dewar at 4pm on Friday Oct. 15

-Attending Burma VJ screening and discussion with members of Religious Society of Friends (Quakers) – Saturday Oct. 16 from 8am-11am

-Meeting with Ottawa Burmese Community – Saturday Oct. 16 noon

-Meeting with Toronto Burmese Community – Sunday Oct. 17 noon

-Participating in Burma VJ screening at University of Toronto – Monday Oct. 18 evening



Further contact: 613-297-6835

-----------------------------------------------------------------------

The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org