Sunday, October 17, 2010

ဝေနှင်းပွင့်သုန်၏ JUMP




http://www.bmycharity.com/V2/jumpforfreedom

နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး


ရွေးကောက်ပွဲမှာ မဲပေးရေး၊ မဲပေးရေး ဆိုတာဟာ တနည်းအားဖြင့် အသိအမှတ်ပြုနေတာဖြစ်တယ်
နအဖစစ်အစိုးရရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုသူများက မဲပေးရေး စည်းရုံးလှုပ်ရှားကြမယ်။ ဒါက သူတို့ ရဲ့ လုပ်ပိုင်ခွင့်ဖြစ်သလို လုပ်လဲလုပ်သင့်တဲ့  ပြသနာဖြစ်တယ်။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မဲဆွယ်တာကို ယိုးမယ်ဖွဲ့ ပြောလို့ အဓိပ္ပါယ်မရှိတော့ဘူး။ ငွေရှိတဲ့ သူက ငွေနဲ့ ၊ အာဏာရှိတဲ့ သူက အာဏာနဲ့ ၊ လုပ်သွားမှာပါ။ ဒါကနိုင်ငံတကာမှာ လုပ်နေတဲ့  အကြောင်းအရာတွေဖြစ်တယ်။ ရွေးကောက်ပွဲပြီးရင် ကောက်ကျစ်တဲ့ နည်းနဲ့  မဲအနိုင်ရအောင် လုပ်သွားမှာလဲ ပြောနေစရာ မလိုဘူး။ ဒီတော့သူတို့ ပြသနာကို ပြောစရာမလိုဘူးလို့ ထင်တယ်။ ဒါပေမဲ့ ပြောရမှာက အတိုက်အခံလို့ ပြောနေတဲ့ အုပ်စုနဲ့ ပါတ်သက်လို့ ပြောရတော့မှာဖြစ်တယ်။ သဘောကတော့ ရန် ငါစည်းမပြတ်တာကို ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် စစ်အစိုးရလုပ်တာကိုမှ မကြိုက်တာ။ မကြိုက်ရင် လက်မခံဘူးပေါ့။ ဒီတော့ သူတို့ လုပ်ချင်၇ာလုပ် ။ ကိုယ်နဲ့ လားလားမှ မဆိုင်တာ။ ဒါပေမဲ့ပါတ်သက်ချင်နေတာကို ပြောစရာဖြစ်နေပါပြီ။
မဲပေးကြပါလို့  ရွေးကောက်ပွဲကို ၀င်ကြမဲ့ သူတွေ နိုင်ငံရေးပါတီတွေက ပြောကြတာဟာ အဆန်းမဟုတ်ဘူး။ ဘာကြောင့်ဆိုသူတို့ က စစ်အစိုးရရဲ့  ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြမဲ့ သူတွေဖြစ်တယ်။ ဒီလိုဆိုရင် မဲမပေးပါနဲ့ လို့ ပြောရမှာက ရွေးကောက်ပွဲကို ဆန့် ကျင်တဲ့  သူတွေရဲ့ လူတွေရဲ့ အလုပ်လား။ တနည်းအားဖြင့် ဒါဟာ သွေးတိုးစမ်းတဲ့  ပထမပိုင်းအဆင့်မို့  မှန်ကန်သင့်မြတ်ပါတယ်။ ဒါပေမဲ့ ပွဲပြီးမီးသေမဲ့ အကြောင်းအရာမဟုတ်နိုင်ဘူး။ မှန်လဲမမှန်ကန်ဘုး။ ယေဘူယျ သဘောအရတော့ မှန်တယ်။ လုံးဝဥသုံအနေနဲ့ တော့ မဟုတ်ဘူး။ ဘာကြေင့်ဆို ၂၀၁၀ ရွေးကောက်ပွဲကိုမဲမပေးပါနဲ့ လို့ ပြောနေပေမဲ့  ရွေးကောက်ပွဲက လုပ်ဖြစ်သွားမှာ ။ အဓိကကတော့ အလုပ်မဖြစ်ရေးသည်သာ အလုပ်ဘဲလေ။ တကယ်တော့ နှစ်ဘက်ဖြစ်နေတယ်။ ၀ိရောဓိတွေဖြစ်နေတယ်။ ဒါက မဲပေးမဲ့သူက ရှိနေတာရယ်။ ရွေးကောက်ပွဲကို ၀င်မဲ့ ပါတီတွေ တသီးပုဂ္ဂလတွေက ရှိနေတာရယ်ကြောင့် ဖြစ်တယ်။ ဒီတော့ ဘာဘဲဖြစ်ဖြစ် မဲမပေးရေးသည် တနည်းအားဖြင့် မှန်ပေမဲ့  အပြီးသတ် မှန်ကန်သောနိုင်ငံရေးနည်းလမ်း မဟုတ်ဘူးဆိုတာ ရှင်းလင်းပြသနေတယ်။
ဒီတော့ ဘာတွေလုပ်ကြရမှာလဲ ။ ဒီရွေးကောက်ပွဲကို မတရားမှူတွေ၊ ၉၀ ခုနှစ်ရွေးကောက်ပွဲကို လျှစ်လျှူရတာတွေ ။ ဂတိမတည်တာတွေနဲ့  အဆုံးသတ်မှာ ရွေးကောက်ပွဲ ကာလကို ဖြတ်ကျော်ခံလိုက်ကြရမှာလားး။ မဟုတ်သေးဘူး။ ဒီလိုပုံစံမျိုးနဲ့  နိုင်ငံရေးပြသနာတခုကို အဆုံးသတ်လို့ မရနိုင်ဘူး ။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ရ ရက်နေ့ လုပ်မယ်ဆိုရင် မလုပ်ရအောင် ဘာလုပ်ရမှာလဲ ၊ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် ဘာလုပ်ရမှာလဲ ၊ ၉၀ ခုနှစ်မှာ အနိုင်ရရှိထားတဲ့  ပါတီတွေက ရွေးကောက်ပွဲကို လက်မခံရင် ဘာလုပ်ကြရမှာလဲ ။ နိုင်ငံတကာက လက်မခံတာကို ဘယ်လိုနည်းနဲ့  သက်သေပြနိုင်ကြရမှာလဲ။ မဲမပေးရေး နဲ့  သပိတ်မှောက်ရေး ဆိုတာဟာ မလုံလောက်ဘူး။ ဒီလိုပြောနေရုံနဲ့  နအဖစစ်အစိုးရဟာ ငြိမ်သက်သွားမယ်မဟုတ်ဘူး။ ရွေးကောက်ပွဲကို မလုပ်ဘဲ နေသွားမှာ မဟုတ်ဘူး။ သူအာဏာဆက်လက်ရှိနေဖို့ အတွက် သူ့ ဘာသာ သူ့ အလုပ်ကို ဆက်လုပ်သွားမှာ့ ဖြစ်တယ်။ ဒီတာ့ သူတို့ မှာတနေ့ ကဘဲ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေ ရွေးချယ်ထားပြီလို့ တောင် အသံတွေထွက်လာပြီ။ သူတို့ ရဲ့ အရပ်သားအစိုးရကိုလဲ ဘဲ နိုင်ငံတကာအစိုးရတွေက ဆက်ဆံကြရတော့မယ်လို့  ပျော့ ညံ့ညံ့အတွေးအခေါ်တွေနဲ့  ပြောဆိုလေသံပေးနေကြပြီ။
ဒီပုံမျိုးနဲ့  မိုးချုပ်သွားတာ လက်ပိုက်ကြည့်နေလိုက်ကြရတော့မှာလား ကွယ်၇ို့ ဆိုပြီး ဇတ်မင်းသားလို ငိုချင်းရှည်ချကြရတော့မှာလား။ ဒါဟာဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင်တဲ့ အကြောင်းအရာတခုသာဖြစ်တယ်။ ဒီတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကော ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကကော ဒီအချိန်မှာ ပွဲပြီးမီးသေနိုင်ငံရေးတိုက်စစ်ကို ကျင့်သုံးရမှာဖြစ်တယ်။ အခုအချိန်မှာဆိုရင် တနိုင်ငံလုံးကို လှည့်လည်စည်းရုံးဆွေးနွေးပြီးသွားပါပြီ။ ကိုယ့်ပါတီဝင်တွေကိုကော ပြည်သူတွေကိုကော ယုံကြည်ထောက်ခံသူတွေကိုကော မဲမပေးရေးဆိုတာကိုလဲ ပြောပြီးကြပြီ။ သပိတ်မှောက်ကြဖို့ ဆိုတာတွေကိုလဲ ပြောဆိုဆွေးနွေးပြီးကြပါပြီ။ ဒီတော့ ပြောစရာလုပ်စရာတခုသာ ကျန်ပါတော့တယ်။ မြန်မာနိုင်ငံကို ကယ်တင်ဖို့ ကယ်တင်မဲ့ အချိန် နဲနဲလိုပါတော့တယ်။ ဒီအချိန်မှာမှ မကယ်ရင် နောင်အနာဂါတ်မှာ ပြောစရာတွေ တပုံတခေါင်းကျန်ရစ်နေတော့မှာပါ။ ဒီတော့အိမ်ပြန်ရောက်လာကြတော့မဲ့ မဲမပေးရေးပြောဆိုဆွေးနွေးခဲ့ ကြပြီးဖြစ်တဲ့  တိုင်းရင်းသားခေါင်းဆောင်များနဲ့  နိုင်ငံရေးခေါင်းဆောင်များအနေနဲ့  ပြတ်သားတဲ့ ခံယူချက်ကို ထုတ်ဖေါ်ကြရမှာဖြစ်ပါတယ်။အိမိ်ပြန်ရောက်ပြီးမှ မဲမပေးရေးကို ပြောဆိုခဲ့ ပြီးပါပြီ ဆိုရုံလောက်နဲ့ တော့ နအဖစစ်အစိုးရက ရီပြလိုက်နေအုံးမှာပါ။ အဲဒီသရောသံ ရီသံမျိုးကို မကြုံမိဖို့ လိုပါတယ်။
နအဖစစ်အစိုးရရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရေး လို့  ပြောနေကြတဲ့ သူတွေဟာ ရွေးကောက်ပွဲကို အမှန်တကယ်သိအမှတ်ပြုကြတဲ့ သူများတွေလို့  ဖြစ်နေတယ်။ ဒါကို နအဖစစ်အုပ်စုက ကြိုက်နေတယ်။ ဒါကိုဘယ်လိုနည်းနဲ့ မှ ငြင်းပယ်လို့ မရပါဘူး။ သို့ အတူ မဲမပေးရေး သပိတ်မှောက်ရေးဆိုတာဟာလဲ အသိအမှတ်ပြုနေခြင်းဘဲဖြစ်ပါတယ်။ မဲပေးတဲ့ သူနဲ့  မဲမပေးချင်တဲ့ သူနှစ်ယောက်ကို တနေရာတည်းမှာ စကားပြောကြည့်တဲ့ အခါ ဆုံမှတ်နေရာဟာ ရွေးကောက်ပွဲအခင်းအကျင်းနေရာသာဖြစ်ပါတယ်။ ဒီတော့ ဒါဟာအသိအမှတ်ပြုခြင်းပါဘဲ။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုတားဆီးရမှာလဲ ။ဘယ်လိုမလုပ်နိုင်အောင် လုပ်ကြရမှာလဲ ။ ရှင်းရှင်းလင်းလင်း နိုင်ငံရေးတိုက်စစ်ကို လုပ်ကြဖို့ လိုပါတယ်။ ဒါကတော့ ရွေးကောက်ပွဲကို ဖျက်သိမ်းရေး တောင်းဆိုကြဖို့ ပါဘဲ။ ရွေးကောက်ပွဲကို ဖျက်သိမ်းရမည် ဆိုတဲ့  ရာဇသံကို ပေးကြရမှာပါဘဲ ။ ရွေးကောက်ပွဲကိုဖျက်သိမ်းအောင် ပြောဆိုပေးမှသာ ရွေးကောက်ပွဲကို အသိအမှတ်မပြုရာဖြစ်ပါတယ်။ ဖျက်သိမ်းရမယ်။ မလိုချင်ဘူး၊ လက်မခံဘူး၊ တနိုင်ငံလုံးမလုပ်ရဘူး။ ပြည်နယ် ( ၅ ) ပြည်နယ်မှာ မလုပ်နိုင်သလို အခြားကျန်တိုင်းနှင့်ပြည်နယ်မှာလဲ မလုပ်ရဘူး ။ ရွေးကောက်ပွဲကို ဖျက်သိမ်းပစ်ရမယ်။ မဖျက်သိမ်းဘူးဆိုရင် ဒါဟာဘယ်လိုဘဲလုပ်လုပ်ဘယ်လိုနည်းနဲ့ မှ တရားမ၀င်ဘူး၊ အသိအမှတ်မပြုဘူး ဆိုတဲ့  ရာဇသံကို ပေးရပါလိမ့်မယ်။
ဒီလိုရွေးကောက်ပွဲကိုဖျက်သိမ်းရမယ်ဆိုတဲ့  ရာဇါသံကို ပေးမှသာ မဲမပေးရေးဆိုတဲ့ အသံထက် ဥပဒေနဲ့ ကိုက်ညီတာတွေ ။ တရားဝင်တောင်းဆိုမူတွေကို နိုင်ငံတကာက လေးစားသွားမှာဖြစ်ပါတယ်။ ဒီလိုတောင်းဆိုဆန္ဒပြနေလို့ ကလဲ ကြံ့ဖွံ့နဲ့စွမ်းအားရှင်တွေက လမ်းပေါ်ထွက်ပြီး လာရိုက်မှာမဟုတ်ပါဘူး။ ဒီပဲယင်းလို ပုံစံမျိုးလဲ နောက်တခါ လာရိုက်ကြမှာမမြင်ပါဘူး။ ဘာကြောင့်ဆိုရင် ဒီလိုရွေးကောက်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာကို ဘယ်သူကမှ ဘယ်ပါတီကမှ အကြမ်းဖက်ပြီး ရိုက်ခိုင်းမှာ မဟုတ်ပါဘူး။ ဘာကြောင့်ဆိုရင် သူတို့ က မဲဆွယ်စည်းရုံးနေကြတဲ့ သူတွေ ဖြစ်နေကြလို့ ပါ။ ဒီတော့ ဒီလိုရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုလိုက်တဲ့ အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ 
ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီတွေအဖို့  နိုင်ငံရေးဘီးဟာ တပတ်ပြန်လည်လာလိမ့်မယ်ဆိုတာ တွေ့ ရှိကြလာမှာဖြစ်ပါတယ်။ ဒီတခါပြန်လည်လိမ့်လာတဲ့  သမိုင်းဘီးကို ရ့ပ်တန့် သွားစေဖို့  ကြိုးနဲ့ တော့ မချည်မိပါစေနဲ့ လို့ သာ ပြောထားချင်ပါတယ်။ နောက်ဆုံးတိုက်ပွဲဟာ အဆုံးအဖြတ်မှန်ကန်ဖို့ လိုပါတယ်။ ပြတ်သားဖို့ လိုပါတယ်။
ရွေးကောက်ပွဲကာလကို နိုင်ငံတကာက ပြောလာကြတဲ့ အခါ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့  အင်မတန်မှ အလှမ်းကွာဝေးသွားပါပြီ။ ရွေးကောက်ပွဲကိုဝင်မဲ့ ပါတီတွေက ရွေးကောက်ပွဲလွန်ကာလနဲ့ ပါတ်သက်လို့ တွေးတောပြီး အိမ်မက်တွေကို အကောင်အထည်ဖေါ်ရင်း ပြောဆိုနေကြတာကို မပြောချင်တော့ပါဘူး။ မဲပေးရေး၊သပိတ်မှောက်ရေး။ ပြောနေကြတဲ့ သူတွေ ပါတီတွေအနေနဲ့ တော့ ရွေါ်ကောက်ပွဲကာလမှာ ဖြစ်ပေါ်လာမဲ့ အစိုးရနဲ့  ဘယ်လုဆက်ဆံရမယ် ၊ဘယ်ပုံရှိလာနိုင်တယ် ဆိုတာဟာ ဖြစ်ပေါ်လာမဲ့ အရေခြုံအရပ်သာအစိုးရကို အသိအမှတ်ပြုရာဖြစ်နေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ရ ရက်နေ့ မတိုင်ခင် ဖြတ်ပစ်ရမှာပါ။ ဒီနေရာ ဒီအချိန်မှာ ဒီပုံစံမျိုးနဲ့  ဒီရွေးကောက်ပွဲကို ဖြတ်ကျော်မသွားရအောင် တကယ်တမ်းလုပ်ရမှာက အတိုက်အခံတွေရဲ့ အလုပ်တွေပါ။
အခုအချိန်မှာ ၈၈ တုံးကလို တနိုင်ငံလုံးအထွေထွေသပိတ်ကော်မီတီကို ဖွဲ့ စည်းလိုက်ပြီဖြစ်ကြောင်း သိကြရပါပြီ။ အထွေထွေသပိတ်ကော်မီတီ ဖွဲ့ စည်းလိုက်ကြပြီဆိုတာနဲ့  ဒါဟာနအဖစစ်အုပ်စုအတွက် အင်တန်မှ သွေးလန့် စရာအဖွဲ့ 
အဖွဲ့ အစည်းတခုပေါ်လာပြီဆိုတာကို ခန့် မှန်းသိသာနိုင်ပါတယ်။ မကြာခင် သပိတ်စခမ်းတွေ အလျှိုလျှိုပေါ်ပေါက်လာကြမှာ မြင်ယောင်နေပါတယ်။ သပိတ်ကော်မီတီတွေရဲ့ အလုပ်တွေဟာ ကြေညာချက်တွေအတိုင်း ဆောင်ရွက်လာကြမှာ ဖြစ်ပါတယ်။ သူတို့ တွေဟာ ပြည်တွင်းကို အခြေခံတဲ့ အဖွဲ့ အစည်းတွေဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အနှံ့ ပါဝင်နေတာတွေ့ ရပါတယ်။ ၈၈ တုံးကလို လမ်းပေါ်ထွက် ဆန္ဒပြထွက်ကြလေမလား ။ဒါကိုစောင့်ကြည့်ရပါလိမ့်မယ်။ လောလောဆယ်မှာတော့ နအဖစစ်အစိုးရရဲ့ ထောက်လှမ်းရေး စွန်းအားရှင်တွေ ကြံ့ဖွံ့သတင်းပေးတွေကတော့ အထွေထွေသိတ်ကော်မီတွေမှာ ပါတဲ့ ပုဂ္ဂိုလ်တွေကို လိုက်လံရှာဖွေနေတယ်ဆိုတဲ သတင်းကြးနေရပါပြီ။ ထုံးစံအတိုင်းပါဘဲ။
အထွေထွေသပိတ်ကော်မီတီမှာ တကယ်မပတ်သက်တဲ့ သူတွေ ကျောင်းသားလေးတွေ ရဟန်းသင်္ဃာတော်တွေကို ဖမ်းဆီးအရေးယူပြီး နှစ်ရှည်ထောင်ချလိမ့်မယ်လို့ လဲ ပြည်တွင်းကလာတဲ့ သတင်းအရ သိနေရပါပြီ။
ဒါပေမဲ့ ပြည်တွင်းက အထွေထွေသပိတ်ကို တာဝန်ခံဆောင်၇ွက်မဲ့  ပုဂ္ဂိုလ်တွေကတော့ ဒီနောက်ဆုံးတိုက်ပွဲကို အချိန်ဇယား အတိအကျနဲ့  ပြတ်ပြတ်သားသားဆောင်၇ွက်ကြလိမ့်မယ်လို့ လဲ ကြားသိနေရပါတယ်။ ဒီအထွေထွေသပိတ်ကော်မီတီတွေနဲ့ ချိတ်ဆက်မိမိနဲ့ သာ ပူးပေါင်းလှုပ်ရှားကြမယ်ဆိုရင် ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ မုချဖျက်သိမ်းရပါလိမ့်မယ်။ ဘာဖြစ်လို့ လဲ ဆိုရင် အထွေထွေသပိတ်ကော်မီတီဟာ ရွေးကောက်ပွဲကို ဖျက်သိမ်းရေးတောင်းဆိုမဲ့  အဖွဲ့ အစည်းဖြစ်ပါတယ်။ ပြီးတော့ နအဖစစ်အစိုးရကို ဖြုတ်ချမဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ သူတို့ ဟာ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းနဲ့  ကြးဖြတ်အရပ်သားအစိုးရကို ဖွဲ့ စည်းကြမှာဖြစ်ပါတယ်။ လူထုအစိုးရကိုဖွဲ့ စည်းကြမှာမို့ လို့ သူတို့ ရဲ့ တိုက်ပွဲကို ပြည်သူတရပ်လုံးထောက်ခံကြဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် ရွေးကောက်ပွဲမှာ မဲမပေးရေးဆိုတာဟာ အသိအမှတ်ပြုနေသော အစိပ်အပိုင်းတခုဖြစ်တယ်ဆိုတာကို ဒီအချိန်မှာ လက်ခံသဘောပေါက်နားလည်ကြဖို့ လိုပါတယ်။ ဒီအဆင့်ကနေပြီး ဖျက်သိမ်းရေးကို ဦးတည်သွားရောက်ကြရတော့မှာပါ။ ဘောလုံးပွဲမှာ တဖက်ကိုအားမပေးချင်လို့  မလောင်းသလို တဖက်မှာလဲ မိမိလူမပါလို့  မကြိုက်လို့  ပွဲထိုင်ကြည့်လိုက်တာမျိုး မဖြစ်ရအောင် လုပ်ကြရမဲ့ အချိန်ဖြစ်ပါတယ်။ ဘောလုံးပွဲ မကစားရအောင် ပွဲစဉ်ဖျက်သိမ်းလိုက်ဖြင်းအားဖြင့် မကောင်းပေဘူးလားဆိုပြီး စဉ်းစားရမဲ့ အချိန်ရောက်နေပါပြီ။
ဒီတော့ နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး ဒို့ အရေးဆိုပြီး နိုင်ငံရေးဘီးကို တပါတ်လည်ကြစေဖို့ တိုက်တွန်းပါရစေ။
နှစ်ဆယ်တဆယ် ရွေးကောက်ပွဲ ဖျက်သိမ်းရေး ။
ဟုတ်ပါတယ် ။
နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး ပါဘဲ ။
ကောင်းပါပြီ ။ ဒီလိုဆိုရင် နအဖစစ်အစိုးရက နှစ်ဆယ်တဆယ် ဖျက်သိမ်းရေးလို့  လှုပ်ရှားလာမဲ့ သူတွေကို ဘယ်လိုဖိနှိပ်လာမှာလဲ ၊ ဘယ်လိုတားဆီးလာမှာလဲ။ ဘယ်လိုနည်းပရိယယ်တွေနဲ့  ဒီစက်ကွင်းက ရှောင်ထွက်မှာလဲ ဆိုတာကို့ တွေးဆ ထားဖို့ လိုပါတယ်။ သူတို့ ဟာ နလဘိန်းတုံးသမားတွေမဟုတ်ပါဘူး။ အင်မတန်ကောက်ကျစ်တဲ့ သူတွေဖြစ်ပါတယ်။ လိမ်မာပါးနပ်တဲ့  ကလိမ်ကျစ်သမားတွေဖြစ်ပါတယ်။ ဒီတော့ သူတို့ က ဖိနှိပ်လာမဲ့ အရာဟူသမျှကို ကြိုတင်ကာကွယ်နိုင်အောင် ဆောင်ရွက်ထားကြဖို့လိုပါတယ်။ မလိုအပ်ဘဲ အရိပ်အရောင် ပြစရာ ၊မလိုအပ်တာကို ပြသစရာ မလိုပါဘူး။ ဒီပွဲဟာ စစ်တုရင်ကစားသလို နိုင်ငံရေး ကစားတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဖျက်သိမ်းရေး စာရွက်စာတမ်း ပိုစတာ လက်ကမ်းစာစောင်ကို တွေ့ ရှိသွားလို့  ဖမ်းဆီးခံရရင် လူပေါင်းများစွာက အုံကြွလိုက်လံပေးကြရမှာဖြစ်ပါတယ်။ တဦးကိုထိရင် တစုက ထိုင်ကြည့်နေရမဲ့  အချိန်မဟုတ်တော့ဘူးဆိုတာကို နားလည်ဖို့ လိုပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတုံးက ပခုက္ကူ ၊စစ်တွေ မှာ လုပ်ခဲ့ ကြသလို လုပ်ကြရမှာဖြစ်ပါတယ်။
လူထုတွေဟာ လူထုကိုကယ်တဲ့ နည်းလမ်းတွနဲ့  နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး လမ်းကြောင်းကို ဦးတည်ကြရပါလိမ့်မယ်။ နိုင်ငံရေးပါတီနဲ့  နိုင်ငံရေးပါတီခေါင်းဆောင်များဟာ နိုင်ငံရေးလမ်းကြောင်းကို ဦးတည်ချီတက်ရပါလိမ့်မယ်။
နှစ်ဆယ်တဆယ်ဟာ လူထုအစိုးရဖြစ်ပေါ်ရေးအတွက် အထွေထွေသပိတ်ကော်မီတီကို ဖွဲ့ စည်းပြီး ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ကြားဖြတ်အရပ်သားအစိုးရဟာ ဒီတိုက်ပွဲကနေ ပေါ်ပေါက်စေရမှာဖြစ်တယ်။ မြန်မာနိုင်ငံကို ကယ်တင်ဖို့  လူတိုင်းမှာတာဝန်ရှိတယ်။ ဒီတိုက်ပွဲမှာ သင့်ကိုအလိုရှိတယ်လို့ ကြွေးကြော်သံတွေ ကြားလာနေကြပါပြီ။ ဟုတ်ပါတယ်။ ဒီတိုက်ပွဲဟာ မြန်မာနိုင်ငံရဲ့  ကံကြမ္မာကို အဆုံးအဖြတ်ပေးမဲ့  နောက်ဆုံးအချိန်ဖြစ်ပါလိမ့်မယ်။
ဒီတော့ နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး ကို လုပ်ကြရမှာဖြစ်တယ်။ နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး ဆိုတာဟာ နအဖစစ်အစိုးရရဲ့ လုပ်လာမဲ့  ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုတာဖြစ်တာဖြစ်တယ်။ လက်မခံတာဖြစ်တယ်။ မကြားချင်တာဖြစ်တယ်။ မမြင်ချင်တာဖြစ်တယ်။ မကြုံချင်တာဖြစ်တယ်။ ဒါကြောင့် နှစ်ဆယ်တဆယ် ဖျက်သိမ်းရေးနဲ့  ဖျက်သိမ်းရမှာဖြစ်တယ်။ တကယ်လို့ မဖျက်သိမ်းရင် အထွေထွေသပိတ်ကော်မီဟာ စောစောကပြောခဲ့ တဲ့  အလုပ်တွေကို ဆက်လုပ်လာလိမ့်ဆိုတာ ကြားနေရပါတယ်။ မြင်နေရပါတယ်။
ကဲ -- ဒီတော့ နှစ်ဆယ်တဆယ် ရွေးကောက်ပွဲဖျက်သိမ်းရေး လုပ်ကြရအောင်။
ဟုတ်ကဲ့  ---နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး -ပေါ့ ။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၅)


ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁)
(Choosing Right Path and Real Politics)

နိုင်ငံရေး အသစ် ဖြစ်ထွန်းမှု အချို့ကို သုံးသပ် တင်ပြလိုပါတယ်။

ဖွဲ့စည်းပုံက ဒီမိုကရေစီ မဆန်ဘူး ဝေဖန်ရာကနေ၊ ရွေးကောက်ပွဲ ဥပဒေတွေက တရားမမျှတဘူး ကန့်ကွက်ရာကနေ၊ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်(inclusive)  ပေးဖို့ တောင်းဆိုရာကနေ၊ လွတ်လပ်၍ တရားမျှတသော(free and fair) ရွေးကောက်ပွဲဖြစ်ရေး ဖိအားပေးရာကနေ တဖြေးဖြေး လျှော့ကျလာလိုက်တာ ဆင်ကောင်လောက်ရှိတဲ့ မြွေကြီးက လျှော့ရင်း လျှော့ရင်းနှင့် အခုဆို ငါ့မြွေ မရှိတော့ဘူးဟဆိုတဲ့ ကိန်းဆိုက်နေပြီဆိုတာကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ကိုယ့်အခြေအနေမှန်နှင့် ဆန့်ကျင်ဖက် အင်အားစုတွေရဲ့ အခြေအနေမှန်ကို အရှိ ပကတိအတိုင်း သိထားမှ မှန်ကန် ထိရောက်တဲ့ နိုင်ငံရေး လမ်းစဉ်ကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် လေလျော် လေစားဘဲ ဖြစ်နေမှာပါ။

အောက်တိုဘာ ၁၄၊ ၂၀၁၀မှာ အာဆီယံ(ASEAN) အထွေထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်(Surin Pitsuwan) ပြောကြားတဲ့အထဲမှာ နိုင်ငံတကာက အနိမ့်ဆုံး အောက်ဈေးနှင့် တောင်းဆိုနေတဲ့ free and fair election ဖြစ်ရေးဆိုတဲ့ စကားလုံးကိုတောင် ဘီးစိပ်နဲ့ တိုက် ရှာလို့ မတွေ့တော့ပါဘူး။ မြန်မာပြည်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ ဘယ်အရူးကမှတောင် မထင်နိုင်တော့ပါဘူး။ ဒါကြောင့် အရှိကို အရှိအတိုင်း မြင်ပေးရမည့် အာဆီယံအတွင်းရေးမှူးအဖို့ ရွေးကောက်ပွဲပြီးနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ထွန်းမယ်။ နိုင်ငံတကာနှင့် မြန်မာနိုင်ငံအကြား ရှိနေတဲ့ သဘောထားကွဲလွဲမှုတွေ ပျောက်ကွယ်သွားမယ်လို့ မျှော်လင့်ကြောင်းသာ ပြောသွားနိုင်ရှာပါတော့တယ်။

အောက်တိုဘာ ၁၃၊ ၂၀၁၀မှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ ဂျေ ခရိုလီ(P.J. Crowley)ကလည်း ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်တော့ဘူးလို့ သုံးသပ်ပြီး ရွေးကောက်ပွဲပြီး တက်လာမဲ့ အစိုးရသစ်(နအဖ ဗိုလ်ချုပ်တွေပါဘဲ)နှင့် ဆက်လက် ထိစပ် ဆက်ဆံရမှာဖြစ်ကြောင်း ဝန်ခံပြောဆိုသွားပါတယ်။ နောက်တက်လာမည့် အစိုးရက မူဝါဒအသစ်နှင့် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ဖြစ်ပြန်ပါတယ်။

အောက်တိုဘာ ၁၆၊ ၂၀၁၀နေ့ မိုးမခနှင့် ဆွေးနွေးခန်းမှာ ဆရာဦးဝင်းတင်က အောက်ပါအတိုင်း ပြောသွားပါတယ်။

- - - ရှေ့ကို လုပ်မယ့် အစီအစဉ်၊ သဘောထား၊ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ ဘာပြောချင်သလဲ ဆိုတော့ - ပထမတချက်ကတော့ ၂၀၀၈ အခြေခံဥပဒေကို ဆက်လက်ပြီးတော့ ဆန့်ကျင်သွားမယ်၊ ပြန်လည်သုံးသပ်ပြီး ပြုပြင်ရေးဆွဲနိုင်အောင်လုပ်မယ်။ ဒီထက်လိုအပ်လာရင် အသစ်ရေးဆွဲနိုင်ဖို့ကို လုပ်မယ်။ ဒါက ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်ပေါ့။

နောက်တခုကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်ပါတယ်။ ဒါကို မစွန့်လွှတ်ဘူး။ နှစ်ပေါင်း ၂၀ ကျော် ဆက်လက် တောင်းဆိုနေဆဲ ဖြစ်တယ်။ ကျနော်တို့ ဒီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိတယ်။ ကျနော်တို့ကိုယ်တိုင်က တောင်းဆိုနေတာတင် မဟုတ်တော့ဘဲ သူတို့တွေ ကိုယ်တိုင်က တောင်းဆိုလာတာမျိုးကို ဖြစ်လာနိုင်တယ်။ နောက်ပေါ်လာမယ့် သူတို့ရဲ့ အရပ်သားအစိုးရဆိုတာမျိုးတွေ ကိုယ်တိုင်က နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် အင်န်အယ်ဒီကို ပစ်ပယ်ခြင်း မပြုနိုင်ဘဲ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တောင်းဆိုလာတာမျိုး ဖြစ်လာနိုင်တယ်။ ဒါကလည်း အားလုံးလိုက်ပါလာနိုင်တဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်တခု ဖြစ်တယ်။ - - - -

- - - ပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာရယ်အပေါ်မှာ ဦးတည်ပြီးတော့ သွားတဲ့နေရာမှာ - ကိုယ့်ကိုယ်ကို ပါတီတို့၊ တပ်ပေါင်းစုတို့၊ တပ်ဦးတို့ ဘာတို့ ပြောမနေတော့ဘဲနဲ့၊ အခုအချိန်မှာ ပါတီလို့ အထူးတလည်ပြောနေတာထက် အင်န်အယ်ဒီကို နိုင်ငံရေးပေါင်းစည်းမှု အင်အားတခုအဖြစ် ကိုယ့်ကိုယ်ကို သဘောထားကြရမယ်။ - - -

- - - ဒါကို ပြန်ကြည့်ပြီးတော့ ဒီနေ့ဒီအခါမှာ ကျနော်တို့တတွေက တကိုယ်တော်ပါတီအဖြစ် ရပ်တည်နေလို့ မဖြစ်ဘူး။ ဟိုတုန်းကလိုမျိုး သဘောထားလို့ မရဘူးလို့ မြင်တဲ့အတွက် ကျနော်က ပြောချလိုက်တယ်။ - - -

In politics, it is all about timing (နိုင်ငံရေးဆိုတာ အချိန်အခါ ကျရောက်ခြင်းပေါ်မှာသာ လုံးလုံး လျားလျား မှီတည်တယ်)ဆိုတဲ့ စကားတစ်ခု ရှိပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးစ ကာလမှာ ကိုင်ဆွဲတဲ့ နည်းဗျူဟာကို ညောင်နှစ်ပင်မှာ ကာလမှာ ကိုင်ဆွဲထားလို့ မရသလို၊ ညောင်နှစ်ပင်ကာလမှာ ကိုင်ဆွဲရမည့် နည်းဗျူဟာကို ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ကာလတွေမှာ အသေဆက်ကိုင်လို့ မရပါဘူး။ လိုအပ်ချက်အရ မိမိ မဖြစ်မနေ ကိုင်ဆွဲရတဲ့ နည်းဗျူဟာပင်လျှင် အားနည်းချက်တွေ တွေ့ရှိပါက မရှိဘူးလို့ မျက်စေ့စုံမှိတ် ဇွတ်မညင်း နိုင်ပါဘူး။ ဥပမာ မဖြစ်မနေ ကိုင်စွဲဖို့ လိုလို့ ကိုင်ဆွဲခဲ့တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရေး နည်းဗျူဟာမှာပင်လျှင် ဒေသအလိုက်မှာ အံမဝင်တဲ့ အားနဲချက် ရှိနေပါက အသိအမှတ်ပြု ဖြေရှင်းပေးနိုင်ရပါမယ်။

လူထုလှုပ်ယှားမှုတွေ ဖြစ်ပေါ်လာအောင် လုပ်နေတာဘဲ။ ကြားဖြတ်အစိုးရ တည်ဆောက်နိုင်အောင် ကြိုးစားနေတာဘဲ။ ရွေးကောက်ပွဲကို သပိတ်မှောက်နေတာဘဲ။ သို့သော် တားနေ၊ ဆန့်ကျင်နေတဲ့ကြားက ရွေးကောက်ပွဲက ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ကိုယ်မကြိုက်တဲ့ ရွေးကောက်ပွဲ ဖြစ်သွားလို့ ဘယ်သူကမှ နိုင်ငံရေးက အနားယူသွားမယ်တော့ မထင်ပါဘူး။ ဒီတော့ ရွေးကောက်ပွဲကို တားနေသူတွေက တစ်ဖက်က ရွေးကောက်ပွဲကို တားဆီး ကန့်ကွက်ရင်း နောက်တစ်ဖက်ကလည်း ဖြစ်လာတော့မဲ့ ရွေးကောက်ပွဲကာလကို ဘယ်လိုလက်တွေ့ကျကျ ဖြတ်သန်းမလဲ။ ရွေးကောက်ပွဲလွန်ကာလကိုကော မိမိအင်အားစုတွေ ပြန်လည် တည်ဆောက်ရင်း တစ်ဆက်တည်းမှာဘဲ အခြေအနေသစ်တွေနှင့် ကိုက်ညီအောင် ဘယ်လို ရင်ဆိုင် ကျော်လွှားမလဲဆိုတာကို ကြိုတွက်ဆ ပြင်ဆင်ဖို့ လိုပါတယ်။

ဦးဝင်းတင်၏ သုံးသပ်ချက်တွေကို ဖြစ်နိုင်ရင် ပြန်ဖတ်ပါ။ ဦးဝင်းတင်က နောက်တက်လာမည့် အစိုးရနှင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်းသစ်အကြောင်း ဆွေးနွေးထားခြင်းကိုလည်း တွေ့နိုင်ပါတယ်။ စစ်အာဏာရှင်က အားကောင်းနေပြီး အတိုက်အခံတွေ အားနည်းနေတဲ့ကာလမှာ အမျိုးသား နိုင်ငံရေးအင်အားစုတွေ အားလုံး ပါဝင်နိုင်တဲ့ အမျိုးသားနိုင်ငံရေး လမ်းကြောင်းသာလျှင် မှန်ကန်သင့်တော်တယ်ဆိုတာကို အသိအမှတ်ပြု တပ်လှန့်နှိုးလိုက်ခြင်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဖြစ်ဖြစ်၊ ပျက်ပျက် စစ်အာဏာရှင် သက်ဆိုးရှည်ဆဲဆိုတာ ကျုပ်တို့အားလုံး သိထားကြပါတယ်။ စစ်အာဏာရှင် တည်ရှိနေသရွေ့ အမျိုးသားနိုင်ငံရေး လမ်းကြောင်းက သွေဖည်လို့ မရပါဘူး။

ရွေးကောက်ပွဲလွန်ကာလ ဖြစ်နိုင်ချေ (၃)ရပ်ကို တင်ပြလိုပါတယ်။

၁။ နအဖအုပ်စုမှ တင်းမာသူတွေ အုံနှင့် ကျင်းနှင့် အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ထားကာ တင်းမာရေး လမ်းကြောင်းအတိုင်း ဆက်သွားမည်။

၂။ နအဖအုပ်စုမှ အနည်းငယ် ပျော့ပြောင်းသူအုပ်စုက အသာစီး အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ထားကာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လမ်းကြောင်းပေါ်ကို တစ်ဖြည်းဖြည်း တက်လာမည်။

၃။ နအဖအုပ်စုမှ အနည်းငယ် ပျော့ပြောင်းသူ အုပ်စုက အသာစီး အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးကာ နိုင်ငံရေး စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းပေါ်ကို ပုံမှန် တက်လာမည်။

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အတွက် ဖြစ်နိုင်ချေ သုံးရပ်စလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ထပ်ခါတလဲလဲ ထည့်သွင်းထားရတာလဲ။ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်တွေကို မဆွေးနွေးတတ်လောက်အောင်  ဒေါ်အောင်ဆန်းစုကြည်ကို ဒါလောက်ပဲ ပုဂ္ဂိုလ်ရေး ကိုးကွယ်နေသလားလို့ ဝေဖန်နိုင်၊ မေးခွန်းထုတ်နိုင်ပါတယ်။

ပထမ ဦးဆုံး ရှင်းရမဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မည်သည့်အခါမှ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို မတည်ဆောက်ဘူး။ အားမပေးဘူး။ သူမသည် မေးခွန်းထုတ်ခြင်း၊ ဝေဖန်ခြင်း(challenge)ကို အမြဲ လက်ခံ ကြိုဆိုသူဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုအရ ထဲ့သွင်း တွက်ချက်ထားခြင်း အလျဉ်း မဟုတ်ပါ။ သူမ၏ အရည်အချင်း၊ အမျှော်အမြင်၊ သတ္တိ၊ ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှုတွေကို ပြည်သူလူထုကတောင် အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ဆိုတဲ့ အပြောတွေ ရှိသေးရင် ရပ်သင့်ပြီ။ ဗိုလ်ချုပ်အောင်ဆန်း သား အခု ဘယ်မြောင်းထဲ ရောက်နေသလဲဆိုတာကို အားလုံး သိထားကြပါတယ်။

နောက်တစ်ချက်ကတော့ ဒဲ့ဒိုးဘဲ ပြောပါရစေ။

ဒေါ်အောင်ဆန်းစုကြည်က သူမ မပါဘဲ မြန်မာ့နိုင်ငံရေးကို မဆွေးနွေးရဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို မခံရင် မြန်မာ့နိုင်ငံရေး မလုပ်ကြနဲ့လို့ ဘယ်သူကမှ ဘယ်သူ့ကို မတားခဲ့၊ မတားနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် မပါဘဲ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ဆွေးနွေးနိုင်ပါတယ်၊ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို အကောင်အထည် ဖေါ်နိုင်ပါတယ် ဆိုသူများသည် ဒေါ်အောင်ဆန်းစုကြည် မပါဘဲ၊ မြန်မာ့နိုင်ငံရေးကို ဆွေးနွေးနိုင်ကြပါတယ်။ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားပြီး လွတ်လွတ်လပ်လပ် အကောင်အထည် ဖေါ်နိုင်ကြပါတယ်။ လုပ်ကြပါ။

ဒါမှမဟုတ် ပြည်ထောင်စုရေး၊ ဒီမိုကရေစီရေးတွေမှာ ပြည်သူအကျိုးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲပြီး (ဦးဆောင်မှုကို ခံယူပြီးဟု အလျဉ်း မဆိုပါ) လုပ်ကိုင်နိုင်မယ် ဆိုလျှင်တော့ လေးစားစွာ ကြိုဆိုပါတယ်။

ရွေးကောက်ပွဲလွန်ကာလ ဖြစ်နိုင်ချေ (၃)ရပ်နှင့် ၄င်းဖြစ်နိုင်ချေတွေအပေါ် သက်ရောက်မှုတွေအတွက် ကြိုတင် ပြင်ဆင်နိုင်မှုတွေ အကြောင်းကို နောက်ဆောင်းပါးမှာ ကျုပ်ငုံမိသလောက် ဆက်ဆွေးနွေးကြည့်ချင်ပါတယ်။



အောင်ထီ
အောက်တိုဘာ ၁၇၊ ၂၀၁၀





CRPRP15

သန်းရွှေထက်ဆိုးမဲ့အေးလွင်


တိုင်းရင်းသားလက်နက်ကိုင်လမ်းစဉ်ဘာလို့ပေါ်ခဲ့လည်း၊ဒါကိုအဖြေမရှာပဲငါအစိုးရဖြစ်လို့ကတော့ကွာဆိုတဲ့
အေးလွင်..အမတ်တယောက်ရဲ့အရည်အချင်းစင်ပေါ်တက်ပြောတဲ့အတွေ့အကြုံဒါအကုန်ပဲလားမေးချင်သည်။
ဝေနှင်းပွင့်သုန်ထံပညာသင်လိုကဆက်သွယ်ပေးပါမည်။ဘဘဦးတင်ဦးက...ဘာလို့ဖြစ်ခဲ့လဲ၊ဘယ်နေရာကစခဲ့လဲ..
လိုအပ်ရင်အဲဒီနေရာထိပြန်သွားရမယ်..လို့သက်ရောက်စကားပဲဆိုခဲ့တယ်..
အများစုကဒီလိုပဲအဖြေရှာရမယ်လို့ယုံကြည်ကြတယ်..ပင်လုံမှာမပါတဲ့တိုင်းရင်းသားတွေပါတခါထဲထဲ့သွင်း
ဆွေးနွေးအဖြေရှာရမယ်..အရင်တုန်းကဘယ်လိုကတိထားခဲ့တယ်..ဒီခေတ်မှာဘယ်လိုအသွင်နဲ့ရှေ့ဆက်မယ်...
ပေါ့ဗျာ..စစ်တပ်ကပြည်နယ်တွေမှာပန်းစီးကိုင်ပြီးရှောက်သွားနေတာမဟုတ်ဖူး..ဒီလိုမျိုးပြောလိုက်တဲ့အေးလွင်
နယ်ကနေရန်ကုန်ပြန်လာရင်ကိုယ်ကြီးပဲပြန်ရောက်လာလိမ့်မယ်..
တကဲ့ကိုမှအနှစ်မပါအကာတွေမြန်မာ့ပါတီနိုင်ငံရေးထဲဝင်လာတာငါးပါးတင်မကသံဃာစင်ပါပြိုပြီထင်ပါရဲ့ဗျာ..

ရဲရင့်ငယ်....


“ လက်နက်ကိုင်ပြီးတောင်းဆိုနေတာကျနော်တို.အစိုးရဖြစ်လာရင် ရင်တော့ဆေားရီးပဲ(အေးလွင်) ”

17 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/h7ds3c5dw8azi7x/17%20%20October%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/fvl0bv952hvddwa/17%20%20October%202010%20yeyintnge%27s%20Diary.pdf
17 October 2010 Yeyintnge's Diary

ဦးသန့်  နှင့် EI

    ဦးသန့်  နှင့် EI 



I am not easily excited or excitable
“ကျွန်တော် အလွယ်တကူ တုန်လှုပ်လေ့ မရှိဘူး၊ စိတ်မလှုပ်ရှားတက်ဘူး"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ခေါင်းဆောင်မှုကို လေ့လာသည့်အခါ ပထမဦးဆုံး ထင်ထင်ရှားရှား တွေ့မြင်ရသည်မှာ သူ၏ EQ Emotional Intelligence Quotient “ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားခြင်း”ပင်ဖြစ်သည်။
လူတစ်ဦး တစ်ယောက် အောင်မြင်ရခြင်းတွင် ဉာဏ်ရည် Intelligence Quotient (IQ) က အဓိကကျသည် ဟု ရှေးနှစ်ပေါင်းများစွာကပင် ထင်မြင်ယူဆခဲ့သော်လည်း ပညာရှင် Dr. Daniel Goleman
က Emotional Intelligence အမည်ဖြင့် စာအုပ်ကို ၁၉၉၅ တွင် ရေးသားထုတ်ဝေအပြီးတွင် ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားမှု က ပိုမိုအရေးကြီးကြောင်း သိရှိလာခဲ့ကြသည်။ ဆက်တိုက် လေ့လာဆန်းစစ် သုတေသနပြုမှုများ အရလည်း EQ ၏ အရေးပါမှုသည် ခိုင်မာသည်ထက် ခိုင်မာလာခဲ့သည်။ IQ မြင့်မားသော်လည်း မအောင်မြင်ကြသူများ၊ IQ သာမန်သာရှိပြီး အောင်မြင်သူများသည် မူလက ပဟေဠိသဖွယ် ဖြစ်နေကြသော်လည်း EQ သဘောတရားဖြင့် ဆန်းစစ်ကြည့်သောအခါ IQ မြင့် EQ နိမ့်သူများ မအောင်မြင်၊ IQ အလယ်အလတ် အဆင့်ရှိပြီး EQ မြင့်သူများ အောင်မြင်ကြောင်း ရှာဖွေတွေ့ရှိ ခဲ့ရသည်။
အထူးသဖြင့် ခေါင်းဆောင်မှုတွင် EQ ၏ ကဏ္ဍမှာ အလွန် အရေးပါပြီး သာမန်ခေါင်းဆောင်များနှင့် မဟာခေါင်းဆောင်များအကြား ကွာဟမှုမှာ EQ တွင်ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ရှိသည်။

EQ ကို အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုမှာ The capacity for recognizing our own feelings and those of others, for motivating ourselves, for managing emotions well in ourselves, and in our
relationships “ မိမိနှင့် အခြားသူများ၏ ကိုယ်ပိုင် ခံစားချက်များ အား သဘောပေါက် နားလည်ပြီး မိမိကိုယ်ကို စိတ်တက်ကြွအောင် အားပေးနိုင်ခြင်း၊ မိမိ၏ ခံစားချက်များအား မိမိကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ၏ ခံစားချက်များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း” ဖြစ်သည်။ မိမိနှင့် အခြားသူများ ၏ နှလုံးသားကို ဦနှောက်ဖြင့် နားလည်ကာ အကျိုးရှိရှိ နားလည်အောင် ဆောင်ရွှက်နိုင်ခြင်းသည် EQ ပင်ဖြစ်သည်။

EQ ၏ အဓိက အစိတ်အပိုင်း တစ်ခုမှာ Self-regulation ခေါ်“ မိမိစိတ်ခံစားမှုကို မိမိထိန်းကျောင်းနိုင်ခြင်း” ဖြစ်သည်။ ခံစားချက်၏ စေခိုင်းမှုနောက်သို့ မလိုက်ဘဲ မိမိကသာ ခံစားချက်ကို ကိုင်တွယ်နိုင်ခြင်း 'handling your emotions rather than letting the emotions handle you’ ဖြစ်သည်။

ခေါင်းဆောင်များ၏ အဓိက တာဝန်တစ်ရပ် မှာ ဆုံးဖြတ်ချက် ချခြင်း decision-making ဖြစ်သည်။ သာမန်လူများသည်လည်း နေ့စဉ် ဆုံးဖြတ်ချက် ချနေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ သက်ရောက်မှု ပမာဏကြီးမားသည်။ သာမန် လူများသည် မိမိအတွက်သာ ဆုံးဖြတ်နေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ မူ လူအများ အပြား၏ ကံကြမ္မာကို ဖန်တီးမည်ဖြစ်သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ တစ်ဦး၏ ဆုံးဖြတ်ချက်သည် သူ့ ကုမ္ပဏီ၏ အကောင်းအဆိုး နှင့် ၀န်ထမ်းများ၏ ဘ၀ကို ပြောင်းလဲစေမည်ဖြစ်သလို နိုင်ငံခေါင်းဆောင်၏ ဆုံးဖြတ်ချက် သည် နိုင်ငံသားများ၏ ကံကြမ္မာကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် ချရာတွင် ကျွမ်းကျင်ရန် လိုသလို မှန်ကန်ရန်၊ အရည်အသွေး မြှင့်ရန်လိုသည်။

စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းသည် ဆုံးဖြတ်ချက်၏ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ ဒေါသနောက်လိုက်ကာ ဆုံးဖြတ်ခြင်း၊ လောဘနောက်လိုက်ကာ ဆုံးဖြတ်ခြင်း တို့ကြောင့် သာမန်လူ အဆင့်တွင်ပင် အမှားကြီး မှားခဲ့ကြပုံတို့ကို မှုခင်းသတင်း ဂျာနယ်သတင်း ခေါင်းစဉ်များအား ဖတ်ရုံဖြင့် သိနိုင်သည်။ ခေါင်းဆောင်များ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းကြောင့် အမှားကြီး မှားခဲ့ကြပုံကို ကမ္ဘာ့သမိုင်းတွင် မြင်နိုင်သည်။ စိတ်အေး လက်အေး ဆုံးဖြတ်ပါက အရည်အသွေးမြင့်မြင့် ဆုံးဖြတ်ချက်များ ချတတ်သူများသည် ခံစားချက်နောက်လိုက်ကာ ဆုံးဖြတ်ပါက အမှားများခြင်းကို တွေ့ရသည်။

EQ မြင့်သော ခေါင်းဆောင်၏ ဆုံးဖြတ်ချက် များသည် အရည်အသွေး မြင့်မားမည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် အရည်အသွေး မြင့်ရေးအတွက် EQ မြင့်ရန် လိုသည်။

EQ ၏ အခြား အစိတ်အပိုင်း တစ်ခုမှာ Self-awareness “ခံစားချက် တစ်ခုပေါ်လာ ချိန်တွင် သိရှိခြင်း” ဖြစ်သည်။ ၀မ်းနည်းစိတ် ပေါ်လာချိန်တွင် ၀မ်းနည်းစိတ် မှန်းသိခြင်း၊ ဒေါသဖြစ်ချိန်တွင် ဒေါသစိတ်မှန်းသိခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း Empathy သည်လည်း EQ ၏ အဓိက အစိတ်အပိုင်း ပင်ဖြစ်သည်။ အခြားသူများ၏ ခံစားချက်ကို ခံစားသိနိုင်ခြင်း၊ အခြား သူများ၏ နေရာမှ ၀င်ခံစား နိုင်ခြင်းသည် EQ မြင့်မားသူများ၏ စရိုက် လက္ခဏာ ပင်ဖြစ်သည်။

ဦးသန့်သည် self-regulationself၊ awareness၊ empathy ဟူသော အထက်ပါ အရည်အချင်းများ နှင့် ပြည့်စုံသူ ဖြစ်သည်။ ဦးသန့်သည် အခက်အခဲကြီးများ နှင့် ရင်ဆိုင်နေရချိန်တွင်ပင် စိတ်တည်ငြိမ် အေးချမ်းစွာ ရှိနေကြောင်း နာမည်ကျော်ကြား ခဲ့သည်။ ကျူးဘား ဒုံးပျံအရေးအခင်း၊ အာရပ်-အစ္စရေး ခြောက်ရက်စစ်၊ အိန္ဒိယ-ပါကစ္စတန်စစ်၊ ဒိုမီနီကန် အရေးအခင်း စသည့် အရေးကိစ္စ ကြီးများကို ကိုင်တွယ် ဖြေရှင်းနေချိန်တွင်ပင် စိတ်အေးချမ်းတည်ငြိမ်စွာ ရှိနေသောကြောင့် သူ၏ လျှို့ဝှက်ချက်ကို ကမ္ဘာက စိတ်ဝင်စားလာခဲ့ကာ ဗုဒ္ဓဘာသာက ပေးအပ်သော အလေ့အကျင့်ကြောင့် ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဦးသန့်သည် နေ့စဉ် နံနက်စောစော တရားအမြဲထိုင်သူ ဖြစ်သည်။ သူ အတွင်းရေးမှူးချုပ် ဘ၀ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာ နံနက်ခင်း တရားထိုင်ပျက်ခဲ့ဖူးသည်ဟု ဆိုသည်။

မိမိအကြောင်း မိမိပြောဆိုလေ့မရှိသည့် ရိုးရိုးအေးအေး ဦးသန့်သည် စိတ်ခံစားမှု ကို သူ စီမံခန့်ခွဲနိုင်ပုံ အကြောင်းကိုမူ  ဖွင့်ဟ ၀န်ခံခဲ့သည်ကို တွေ့ရသည်။

“သည်းမခံနိုင်ခြင်းကလွဲလို့ အားလုံးကို သည်းခံနိုင်ဖို့ ကျွန်တော် အလေ့အကျင့် လုပ်ထားခဲ့တာပါ။ သည်းခံခြင်း စိတ်ဓာတ်ကို မွေးမြူဖို့ စိတ်ဓာတ်ရေးရာ၊ စာရိတ္တ ရေးရာ အရည်အသွေး တွေကို တန်ဖိုးထားဖို့ ကျွန်တော့် ဘ၀တစ်လျှောက် သွန်သင်ခံခဲ့ရတယ်။ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ကြင်နာမှုနဲ့ အရေးအကြီးဆုံးကတော့ စိတ်ခံစားမှု မျှခြေကို ထိန်းသိမ်းထားဖို့ အသွန်သင် ခံခဲ့ရတယ်။ တရားထိုင်ခြင်းနဲ့ သမာဓိတို့ရဲ့အကူအညီနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ သွန်သင်ခံခဲ့ရတယ်။ ပုထုဇဉ် လူသားတစ်ယောက်သာ ဖြစ်နေပြီး ရဟန္တာ မဖြစ်သေးတဲ့ အတွက် ကျွန်တော့် ခံစားချက် တွေကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွယ်တကူ မတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး။”

ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်သည့် ၁၉၆၁-၁၉၇၁ ဆယ်နှစ်တာသည် စစ် အေးကာလ အရှိန်အတက်ဆုံး ကာလဖြစ်သည့် အားလျော်စွာ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆုံးရှုံးသွားနိုင်သည့် အခါများစွာ ရှိခဲ့သည်။ အတွင်းရေးမှူးချုပ်၏ တာဝန်များမှာလည်း များပြားလှသည်။ ပေးအပ်ထားသည့် အခွင့် အာဏာလေးဖြင့် အရေးကိစ္စကြီးများကို ကြိုးပမ်း နေရသဖြင့် ပထမဦးဆုံး အထွေထွေ အတွင်းရေးမှူးချုပ် Trygve Lie က ‘the most impossible job on the earth’ ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဆိုခဲ့သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ အဖြစ်ဖြင့် ထိပ်ဆုံးမှ ဆောင်ရွက်နေရသည့် ဦးသန့်အဖို့မူ မငြိမ်းချမ်းဟု ဆိုနိုင်သည်။ သို့သော် ဦးသန့်သည် မိမိ၏ စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်း ထားနိုင်သည်။ သူ့ကိုယ်တွင်း ကိန်းအောင်းနေသည့် အေးချမ်းသည့် ဓာတ်သည်လည်း အပြင်ဘက်သို့ ပင်ထွက်ကာ အရောင်ဟပ် နေပေသည်။ ဦးသန့်၏ ဓာတ်ပုံကို ကြည့်လျှင်ပင် အေးချမ်းမှုကို ခံစားရမည် ဖြစ်ရာ သက်ရှိ ဦးသန့်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရလျှင် သူ့ထံမှ အကြည်ဓာတ် ကူးစက်ကာ မိမိကိုယ်တိုင် အေးချမ်းသွားမည် ဖြစ်သည်။

အထွေထွေ အတွင်းရေးမှူးချုပ်သည် သံ အမတ်ကြီးများ၊ အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် တာဝန်များ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရသူ ဖြစ်ရာ ဦးသန့်၏ စိတ်တည်ငြိမ် အေးချမ်းမှုကြောင့် သူ့အား ဆက်ဆံရသူများက လေးစားကြည်ညို သွားစေသည်။ ထိုနည်းဖြင့် သူ၏ အလုပ်တာဝန်သည် ပြီးမြောက်ရန် လွယ်ကူလာ ပေသည်။

ဦးသန့်သည် သူ၏ မိသားစုအား အလွန်မြတ်နိုးသူ ဖြစ်သော်လည်း ရန်ကုန်တွင် ရှိနေသည့် သူ့သားသေကြောင်း သတင်း ရုတ်တရက် ကြားရချိန်တွင် မတုန်လှုပ်ပုံကို သူ၏ ပြန်ကြားရေး အရာရှိ တာဝန်ယူ ခဲ့သူ Ramsee Nasif က အောက်ပါ အတိုင်း ရေးသားထားသည်။

‘We gave him the news. His first reaction was ‘ I wonder how my wife will take it.’ He was completely composed. His acceptance was part of a disciplined ability to keep his balance,
which came with his Buddhist training.’ (Ramsee Nasif, 21)

“ကျွန်တော်တို့ သူ့ကို သတင်းပေး လိုက်တယ်။ “ကျွန်တော့် မိန်းမတော့ ဘယ်လိုနေမလဲ မသိဘူးဗျာ” ဟု ဦးသန့်က သတင်းကြား ကြားချင်း ပြောသည်။ သူသည် လုံးဝ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ ထိုသတင်းကို သူလက်ခံယူပုံ မှာ ကိုယ်စိတ်နှစ်ပါး ကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်၏ အစိတ်အပိုင်း ဖြစ်ပြီး သူ့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ရခဲ့သည့် အလေ့အကျင့် ကောင်းမှ လာခြင်းဖြစ်သည်။ ”ခေါင်းဆောင်တစ်ဦး အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဦးသန့်တွင် အခြား အရည်အသွေးများစွာ ရှိနေသေးကြောင်း သိသာသော်လည်း သူ၏ စိတ်ခံစားမှုဆိုင်ရာ ဥာဏ်ရည် ဥာဏ်သွေး  မြင့်မားမှုသည် သူ့အောင်မြင်မှုကို ဖန်တီးခဲ့သည့် အဓိက အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။ သူ၏ မြင့်မားသော EQ သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးသန့် ထိန်းသိမ်းရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။

ဇေယျသူ
http://dl.dropbox.com/u/3521362/U_Thant_Zeyathu_The_%20Voice_6-40.pdf

သွေးမျိုးဆက်တို့ ရှင်သန်လာပြီ

ယနေ့ ကျွန်ူပ်တို့ မြန်မာ နိုင်ငံမှ ပြည်သူများသည်  သတင်းအမှောင် ချထားခြင်းကို ခံထားရလေသည် ။ ဒါ့အပြင် ကျောင်းများတွင်လည်း  သမိုင်းအမှန်ကို လည်း သင်ကြားခွင့် မရကြတော့ချေ ။ ထို့အပြင် အာဏာရှင် များသည် သူတို့အာဏာ တည်မြဲရေး ကို ဦးထိပ်ထားလိုသော ကြောင့် ပညာရှင်များကို ချောင်းထိုးထားကာ စစ်မှန်သော  အသိပညာရှင် အတတ်ပညာ ရှင်များသာ မက စာပေအနုပညာရှင် များကို ဥပဒေ အမျိုးမျိုးထုတ်ကာ နည်းမျိုးစုံ သုံး၍ နှိပ်ကွပ် လျှက် ရှိပေသည် ။  ထို့ကြောင့် အသိပညာရှင် ၊ အတတ်ပညာရှင် များသည် တိုင်းတပါးကို ထွက်ကာ ၀မ်းစာရှာကြရာက ဦးနှောက် ယိုစီးမှု တို့ ဖြစ်ပွားနေ သည်ကို လည်း ဂရုမစိုက် ၊ ဆက်လက် မိုက်မြဲ မိုက်နေဆဲ ပင်ဖြစ်သည်  ။

ထိုအကျိုးဆက်များကာ   ကျွန်ူပ်တို့ နိုင်ငံသား များသည်  အတွေးအခေါ်တွေေ၀၀ါးကုန် ကြသည် ။ အမှန်နှင့်အမှားကို ခွဲခြားနိုင်သည့် ညဏ်ရည်ညဏ်သွေး တွေ နိမ့်ပါးလာကြသည် ။ ပညာကို တန်ဖိုး မထားကြတော့ဘဲ တနပ်စား ညဏ်များကို အားကျ အတုယူကာ ပညာရှင် အမည်ခံကိုယ်ကြိုးရှာ လိုသူတို့ စကားနောက် တွင် ကောက်ကောက်ပါအောင် လိုက်ကြ လျှင်  ကျွနူပ်တို့ တိုင်းပြည်သည်  တိုင်းတပါးကျွန်
အဖြစ် ပြန်လည် နွံနစ် ရမည့် ကိန်းဆိုက်နေလေပြီ ။ ကျွန်ူပ်တို့ နိုင်ငံသားအားလုံး ပိုင်ဆိုင်သည့် ပြည်သူပိုင်ပစ္စည်းများကို အာဏာရှင် လူတစ်စု သည် ပုဂ္ဂိုလိက ပိုင်ဆိုင်မှု အဖြစ် တရားဝင် လွှဲပြောင်းရောင်းချသည်မှာ ပြည်သူပိုင်ပစ္စည်း အလွှဲသုံးစားမှု ဖြစ်လေသည် ။   သို့သော် တားဆီးမည့် သူမရှိ ၊ တရားဆွဲဆိုလိုသည့် အဖွဲ့အစည်းမရှိ  ။ မည်သူမျှလည်း တရားစွဲဆိုလို့ မရနိုင် အောင် အမျိုးမျိုး အကြမ်းဖက် ကာ သေနတ်ကိုင်၍ ရမ်းကား လျှက် ရှိပေသည် ။ ဥပဒေသည် သူတို့ပါးစပ်ဖျားတွင် မူတည်နေသည့် အတွက် ထင်ရာစိုင်းနေကြခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုး  များကို ပြည်သူများ  ခံစားနေကြရသည်ကို  ယနေ့မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ၀မ်းနည်ဖွယ်ရာ တွေ့ရှိရလေသည်  ။

ထိုသို့ တရားမ၀င် ထင်ရာစိုင်း လုပ်ဆောင်နေကြခြင်းကို တရားဝင် ဖြစ်အောင် စစ်အာဏာရှင်များသည်
ရွေးကောက်ပွဲ အမည်ခံ အရေခွံလဲပွဲကို ကျင်းပ ခြင်းဖြစ်ပေသည် ။  မိမိတို့ အသိညဏ်ကို သစ္စာစောင့်သိသော ပညာရှင်များသည် လက်မခံကြသော်လည်း  ပညာရှင် အမည်ခံ ကိုယ်ကြိုးရှာလိုသူ တစ်စုသည် အစိုးရနှင့် ပူးပေါင်းကာ ပြည်သူလူထု ကို တပါတ်ရိုက်ရန်  ကြံစည်၍ တရားမျှမှု မရှိသော အရေခံလဲပွဲ ဖြစ်မြောက်ရေးကို ကြံစည်လျှက် ရှိနေသည် ။ ဤနေရာတွင် ပြည်သူလူထု ကို တစ်ခုသာ အသိပေးလိုပါသည် ။ ၂၀၀၈ အခြေခံဥပဒေကို ယခုရွေးကောက်ပွဲဝင်မည့် ပါတီများသည်လည်း လက်မခံကြပါ ၊ သို့သော ထိုဥပဒေကို အခြေခံသည့် ယခု အရေအခွံလဲပွဲကို လက်ခံကြသည်မှာ အဘယ်ကြောင့်နည်း ။ အဖြေကား ရှင်းရှင်းလေးပင်ဖြစ်သည် ။ သူတို့ကိုယ်ကြိုးရှာလို၍
အစိုးရနှင့်ပူးပေါင်းကာ ပြည်သူလူထုကို ချောက်အတွင်းသို့ တွန်းချခြင်းသည် ဖြစ်လေသည် ။
ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် စစ်မှန်သော တရားမျှတမှုကို မြတ်နိုးသူ တိုင်း လုပ်ဆောင်၇မည့်
အဓိက တာဝန်ဝတ္တရားဟု ခံယူသဘောထားမှသာ နိုင်ငံသားကောင်း ပီသပေမည် ။

ပညာရှင်များ ၏ နေရာတွင် ပညာမတတ်သော နောက်လိုက်များကို အစားထိုးထား ခန့်ထားရာ မှ အစပြု၍ တိုင်းပြည် အခြေအနေသည်  ဗုံးဗုံးလဲ တော့မည့် အနေအထားကို ရောက်ရှိနေသည်  ကို  ယနေ့မြန်မာ နိုင်ငံ၏ ပကတိ အနေအထားကို ကြည့်ခြင်းအား ဖြင့် လွန်စွာ  သိသာ ထင်ရှားလှပေသည် ။  ယနေ့ အုပ်ချုပ်သူ အစိုးရသည် တိုင်းပြည် သယံဇာတ ကို မတန်တဆ ဈေးဖြင့် လက်ညိုးထိုးရောင်း ချခြင်း နှင့်
လူသတ်သည့် ပညာသာ ကျွမ်းကျင်သည် ။ ပညာမဲ့သော နောက်လိုက်များသည် ၏ မြှောက်ပေးမှု ကို အဟုတ်မှတ်ကာ လုပ်ချင်ရာ  လုပ်နေကြခြင်း  ကို သူတို့တတွေ သာယာနေကြ သလို တိုင်းပြည်ဘဏ္ဍကို  စိတ်ကြိုက်သုံးဖြုန်းကာ စည်းစိမ် ယစ်မုး နေကြကာ ထင်ရာ စိုင်းနေကြ ခြင်း၏ အကျိုးဆက်ကို ခါးသီးရင့်နင့်စွာ ခံစားနေရသည် မှာ ပြည်သူလူထုသာ ဖြစ်ကြောင်း အထူး ပြောစရာပင် မလိုတော့ချေ ။

ဒီအတိုင်းသာ ဆက်သွားလျှင်  ကျွန်ူပ်တို့ တိုင်းပြည်ကြီး မကြာခင်  ပြိုကျ ပျက်စီး  ဆုံးရှုံးရတော့မည် ။ သဘာဝ သယံဇာတ အရင်းအမြစ်တွေ ပေါကြွယ်ဝသော ကျွန်ူပ်တို့ နိုင်ငံမှ ပြည်သူလူထု သည်  ၀မ်းရေး နပ်မှန်အောင် ပင် မနည်းကြိုးစား နေကြရရှာလေသည် ။ အာဏာဟူ သည် သေနတ်ပြောင်းဝ မှ ဆင်းသက်လာသည်  ဆိုသော အဆိုအမိန့်ကို  လိုက်နာကာ  အမှန်တရားကို ဖော်ထုတ်ရန်  ကြိုးစားနေသူများကို အမျိုးမျိုးဒုက္ခပေးလျှက် ရှိသော်လည်း ကျွန်ူပ်တို့ကိုယ်တွင်း စီးဆင်းလျှက်ရှိသော  အမှန်တရားကို  ချစ်မြတ်နိုးသည့် စိတ်ဓါတ်များကို သတ်၍ မသေ  ။ ရိုက်၍လည်း မအော် ၊ ထုလျှင်လည်း မကြေ ၊ သွေးမျိုးဆက် တို့ကား ရှင်သန် ထမြောက် ၍ လာစမြဲပင်ဖြစ်သည် ။

အတိတ်တွင် ကျွန်ူပ်တို့ဘိုးဘေး များမှ စတင်မြစ်ဖျား ခံလာခဲ့သော အမှန်တရားကို ချစ်မြတ်နိုးသည့်  သွေးမျိုးဆက်တို့ သည် အလျှင်မပြတ်စီးဆင်းကာ ဒီမိုကရေစီ နိုင်ငံတည် ဆောက်ရန် အဘ ဗိုလ်ချုပ်ပြောသော စကားကို လေးစားလိုက်နာကာ ယနေ့ချိန်ထိ တိုင်အောင် ကြိုးစားလျှက် ရှိနေကြတုန်းပင် ဖြစ်သည် ကို အားတက်ဖွယ်ရာ တွေ့ရှိခဲ့ရလေသည် ။ ယခုတဖန် ကျွန်ူပ်တို့ လူငယ်များ၏ ခေတ်ကို ရောက်ရှိ လာပြန်လေပြီ ။ အတိတ်တွင် ကျွန်ူပ်တို့ ဘိုးဘေး ဘီဘင်များ တည်ထောင်ရန် ကြိုးစားခဲ့သော ဒီမိုကရေစီ နိုင်ငံကြီး ပြန်လည်တည်ဆောက်ရန်  တာဝန် ၀တ္တရားကို  ကျွန်ူပ်တို့ ပုခုံးပြောင်း တာဝန် ထမ်းဆောင်ရမည့် အချိန်အခါကို ရောက်ရှိလာခဲ့ပေပြီ ။

ကျွန်ူပ်တို့တွင် ရှေးယခင် လူကြီးများထက် အားသာချက်တွေ အများကြီးရှိပါသည် ။ ထိုအရာကား နည်းပညာတည်း ။ ထိုအချက် ကို ကိုင်စွဲ၍ လူထုကို အထိရောက်ဆုံးနည်းလမ်း များဖြင့် အမှန်တရားကို ဖြန့်ဖြူးပေးနိုင်သည် ။ ကျောင်းသင်ခန်းစာတွင် မသင်ကြားရခဲ့သော သမိုင်းအမှန်များကို နည်းပညာသုံးကာ ယနေ့ခေတ်ကျောင်းသားများကို  ကျွန်တော်တို့ သင်ကြားပေးနိုင်မည် ။ သတင်းမှန် မသိခဲ့ရသော လူများကို  သတင်းမှန်များ ၊ ဗဟုသုတ အသိညဏ် ပညာ တိုးတက်စေနိုင်သော ဆောင်းပါးများ စာအုပ်များကို ကျွန်တော်တို့ ဖြန့်ဝေ ကာ သွေမျိုးဆက်တို့ ထက်မြက်စေရန် ရည်သန်၍ ကျွန်ူပ် ယခု အခါတွင် group မေးတစ်ခု ဖန်တီးထားလေသည် ။

ကျွန်ူပ်တို့ သည် အာဏာရှင်တွေ စိတ်တိုင်းကျ ဖန်တီးခြင်း မခံရအောင် အတတ်ပညာ ၊ အသိပညာများ တိုးပွားလာအောင် ကြိုးစားကြရမည် ဖြစ်သည်  ။ ဒါမှသာ ကျွန်ူပ်တို့ မျိုးဆက်သစ်များ၏ အတွေးသည် ဖြောင့်မှတ်မှန်ကန်မည်  ။  သတင်းအမှန်များကို သိထားခြင်းကြောင့် အစိုးရ ပြောသမျှ  ယုံကြည်ရသည့် အခြေအနေမျိုး ရောက်ရှိစရာ မလိုတော့ ။ အတွေးအခေါ်ဝါဒ မှိုင်းတိုက်သည့် ဘေးမှ  ကာကွယ်ရန်  ယနေ့လူငယ်များကို အသိညဏ်ပညာ မြင့်မားအောင် ကြိုးစားဆောင်ရွက် ခြင်းသည် ကျွန်ူပ်တို့ တိုင်းပြည်အား ကာကွယ်ရန် နှင့် ဒီမိုကရစီ နိုင်ငံတည်ဆောက် နိုင်ရန်  တစ်ခုတည်းသော နည်းဗျူဟာ ပင်ဖြစ်သည် ။ ကျွန်ူပ်တို့ အနာဂတ်တွင် အာဏာရှင် စနစ်ဆိုး ဖြင့် ထပ်မံ မဆုံတွေ့လိုလျှင် သင့်ကိုယ်သင့် အရင်ပြင်နိုင်အောင် ကြိုးစား အားထုတ်သင့်သလို အခြားသူများကို လည်း သင့်ကဲ့သို့ စဉ်းစားဆင်ခြင်ညဏ် မြင့်မားလာအောင် ၀ိုင်းဝန်းကြိုးစား လမ်းညွှန်ပြသ ပေးသင့်သည် ။

ယနေ့ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် လည်း  အသိပညာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သတင်းမှန်များ ဖြန့်ချီရေး အတွက်  ၀ိုင်းဝန်း ကြိုးစားကာ သတင်းမှန်များ ဖြန့်ဝေ လျှက်ရှိကြသော်လည်း အစိုးရ၏ ယုတ်မာ ကောက်ကျစ်မှု ကြောင့် မြန်မာပြည်တွင်းမှ လူများသည် ထိုသတင်း ဆိုဒ်များကို ၀င်ရောက် ကြည့်ရှုလေ့လာခွင့် မရကြချေ ။ ထိုကြောင့် ပြည်သူလူထုမှာ အစိုးရ မီဒီယာများဖြင့်သာ မွေ့လျော်နေကြရ ရှာသည်ကို သတိမထား မိသည်လော ၊ သိလျှက်နှင့်ပင် မကြိုးစားကြသည်လော ၊ ကြိုးစား နေဆဲလား ဆိုတာကတော့ ထိုသူတို့သာ သိရှိနိုင်ပေသည် ။ ကျွန်ူပ်ယုံကြည် ထားသည်မှာ တိုင်းပြည်တပြည် စနစ် တစ်ခု ပြောင်းလဲရေး သည် ပြည်တွင်းအင်အားစု ပေါ်မှာသာ မူတည်သည် ။ ပြည်တွင်းတွင် လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ၏ ကောင်းကျိုးအဖြာဖြာ ကို လိုလားတောင့်တသော ပြည်သူလူထု  များလာမှသာ ဒီမိုကရေစီ အရေး တောင်းဆို တိုက်ပွဲဝင်လိုသည့် အင်အားစု ကြီးထွားလာမည် ဖြစ်သည် ။ ထိုသို့သတင်းမှန်ဖြန့်ချီရေး တွင် ဟာကွက် ကို  ဖြည့်စည်းသည့် အနေဖြင့် ကျွန်ူပ်တို့ သွေးမျိုးဆက်သည်   ပြည်တွင်းသို့ သတင်းမှန်များ နှင့် အသိပညာ ၊ အတတ်ပညာသာ မက စဉ်းစားဆင်ခြင်ညဏ် ကောင်းမွန်လာစေမည့် လူထု အကျိုးပြုစာပေ များကို နည်းပညာကို အခြေခံ၍ ပထမဆုံး ပြည်တွင်းသို့ စတင် ဖြန့်ဖြူး သွားမည် ဖြစ်ပါသည် ။

ပြည်တွင်း၌သာ မက ပြည်ပ နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသော လူများသည် မအားလပ်သည့် အတွက်  သတင်းဆိုဒ်များကို တက်ကြည့်စရာ မလို  ၊ ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြအနေ ၊ထူးခြားဖြစ်စဉ်များ ၊ သတင်းများ ၊ ဒီမိုကရေစီ အင်အားစုများ၏ လုပ်ရှားမှု ၊ အစိုးရ၏ အကြံအစည် ၊ များကို မိမိ၏ မေးကို ဖွင့်ကာ ဖတ်ရုံမျှ ဖြင့် လွယ်လင့်တကူ ဖတ်ရှုနိုင်အောင် အစွမ်းကုန် ကြိုးစားသွားပါမည် ။
အသိညဏ် ဗဟုသုတကို မိမိတို့သိသလို အခြားသူများကို သိအောင် ဆောင်ရွက်ခြင်းသည် မြတ်သော မင်္ဂလာ မည်ပါပေ၏ ။ ထိုကြောင့် ကျွန်ူပ်တို့ နိုင်ငံတ၀ှမ်း မင်္ဂလာ အပေါင်းနှင့်ပြည့်စုံ၍ အသိညဏ် ပညာဖွံ့ဖြိုး တိုးတက်စေရန် သင့်ထံသို့ ရောက်ရှိလာသော မေးများကို အများသူဌာ သိရှိလာစေရန် ကူညီဖြန့်ဝေ ပေးကြပါလို့ လေးစားစွာ တိုက်တွန်း နိုးဆော်အပ်ပါသည် ။

ကြောက်လန့်နေတဲ့ စိတ်ကို ပယ်ဖျောက် ချင်ရင် ဖြောင့်မတ်တဲ့ စိတ်ကို မွေးမြူ ပေးကြပါ ။ တရားမျှတ ပြီး လွတ်လပ်တဲ့ စိတ်ကို ချစ်မြတ်နိုးသူတိုင်း ရွေးကောက်ပွဲ ကို ဆန့်ကျင်ပေးကြပါ ။ တရားမျှတမှု ကို ချစ်ခင်မြတ်နိုး တန်ဖိုးထားလိုသူ တွေ များပြား လာခဲ့ရင် မတရားမှု ကို လက်ကိုင်ထားသူတွေ အတွက် နေရာ ဆိုတာ မရှိပါဘူး ဆိုတာ လက်တွေ့သက်သေပြရမည့် အချိန်အခါကို ရောက်ရှိနေပါပြီ  ။ ထိုကဲ့သို့ သက်သေ ပြဖို့ အတွက် အမှန်တရားကို ချစ်ခင်မြတ်နိုးကာ မတရားမှုကို ရွှံရှာမုန်းတီးသည့် ပြင် ထူးခြား ပြောင်မြောက်စွာ အဖြောင့်အတိုင်း တွေးခေါ်နိုင်သည့် အရည်အသွေး တို့ကို ပိုင်ဆိုင်သော  သွေးမျိုးဆက် တို့ ရှင်သန်လာအောင် ၀ိုင်းဝန်း ကြိုးစားကြကာ အာဏာရှင် စနစ်ဆိုးကို တိုက်ထုတ်၍ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော  ဒီမိုကရေစီ နိုင်ငံကြီးဆီသို့  ညီညာစွာ ချီတက်ကြပါစို့  မြန်မာနိုင်ငံသား အပေါင်းတို့ ။


http://groups.google.com/group/thwaymyoset-/sub?s=6tn8WAwAAAAQzEhJIsxTzaukPlobzkCR&hl=en

အထက်ပါ လင့်လေးကို နှိပ်၍ သွေးမျိုးဆက် အဖွဲ့ဝင် အဖြစ် ၀င်ခွင့် တောင်းခံနိုင်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး