Monday, October 25, 2010

ယုံကြည်ခဲ့တာ....


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်တွင်းကခေါင်းဆောင်တွေကိုယုံကြည်တယ်လို့ရေးခဲ့ဖူးတယ်။
အခုခြေလှမ်းတခုစလိုက်ပြီ။ဒီခြေလှမ်းလှမ်းပါလို့ပြောရေးခဲ့ကြတာမတွေ့မိ၊မဖတ်မိဘူးလားလို့၊စင်ပြိုင်
ထောင်ခိုင်းတာမျိုးလောက်ပဲဖတ်မိသလားလို့ပါ။ရွှေဂုံတိုင်ကြေငြာစာတမ်းလိုနအဖခြေမကိုင်မိလက်မကိုင်မိ
ဖြစ်သွားစေမဲ့၇ိုက်ချက်တွေသူတို့မှာအများကြီးရှိပါတယ်။ပြောခဲ့သလိုပါပဲ။လုပ်ရမဲ့အချိန်ရောက်လာရင်ထောင်
တွေတန်းတွေဒေါက်တွေဟာသူတို့အတွက်ပန်းမွေ့ယာတွေပါ။ကျွန်တော်တို့ကသူတို့ကိုဆရာသွားမလုပ်မိဖို့ပါ..
ဒါကြောင့်ဝန်းရံကြပါလို့ပဲတိုက်တွန်းခဲ့တာပါ....အခုခြေလှမ်းအတွက်ဝေဖန်ရေးတွေမထွက်လာသေးခင်ကြိုရေး
လိုက်တာပါ၊
"ဒါကြောင့်ငါပြောခဲ့ပါတယ်" ဆိုရင်လည်းဆိုခဲ့တာလေးပါထည့်ပြောကြပါလို့...

25 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/dkl9k5dha89hud9/25%20%20October%202010%20yeyintnge%27s%20Diary%20%28Autosaved%29.doc

http://www.mediafire.com/file/bykj1d5j6x9kxab/25%20%20October%202010%20yeyintnge%27s%20Diary%20%28Autosaved%29.pdf

25 October 2010 Yeyintnge's Diary Auto Saved)

ရေပါဘို့တော့ လမ်းမမြင် ရေလွှမ်းဘို့တော့ မြင်တယ်



စစ်အစိုးရဟာ၂၀၁၀ ရွေးကောက်ပွဲအတွက် နည်းမျိုးစုံသုံးပြီး မဲဆွယ်နေပါပြီ။ ဒီလိုမဲရရှိရေး လုံးပမ်းနေတာ အခုမှတော့ မဟုတ်ပါဘူး။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ စစ်တပ်ကြောထောက်နောက်ခံ မ.ဆ.လတဖြစ်လည်း တ.စ.ညပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်အသတ်ရှုံးနိမ့်ပြီး ကတည်းကပါ။

၁၉၉၀ ခုရွေးကောက်ပွဲတုန်းက စစ်အစိုးရဟာ သူတို့နိုင်နိုင်သေးတယ်။ သို့မဟုတ် ဒီလောက် အပြတ်အသတ်ရှုံးမယ်လို့ တွက်ထားဟန် မတူပါဘူး။ သူတို့ကို ပြည်သူလူထုက လိုလားနေဦးမယ်လို့ ထင်တလုံးရှိခဲ့ပေမဲ့ တကယ်တန်းခွက်ခွက်လန်ရှုံးတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တယ်။ ကြံရာမရချိန်မှာ အတိုက်အခံတွေကို ဖိနှိပ်နည်းမျိုးစုံနဲ့ ဖိနှိပ်တဲ့ နည်းလမ်းကို သုံးပါတော့တယ်။ ပြီးတော့ အရှုံးပါတီ တစညကိုလဲ ကျေးဇူးကန်းတတ်တဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်း ကန်ထုတ်လိုက်တယ်။ သတင်းစာတွေမှာ မ.ဆ.လပါတီ အသုံးမကျလို့ တိုင်ပြည်ဆင်းရဲတွင်းနက်ခဲ့တယ်ဆိုပြီး အပြစ်တင်လေသံနဲ့ နောက်ပိုင်းမှာ ဖေါ်ပြလာတယ်။

ပြီးတော့ တ.စ ညကိုအစားထိုးဘို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဖွဲ့ခဲ့တယ်။ နိုင်ငံဘဏ္ဍာတွေနဲ့ အသင်းကို အင်အားကောင်းအောင်လုပ်တယ်။ လူမှုရေးအသင်းဆိုရာက နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲလိုက်တယ်။ အခုတော့ စစ်အာဏာရှင်တွေ အဓိက မဲရစေချင်တာ ယခင် မ.ဆ.လဟောင်း တ.စ.ညပါတီ မဟုတ်တော့ဘူး။

ကြံ့ဖွံ့ပါတီဟာ နိုင်ငံဘဏ္ဍာတွေ အများကြီးရယူပိုင်ဆိုင်ထားတဲ့ပါတီဖြစ်သလို စစ်တပ်က လူဝတ်လဲလာတဲ့ လူတွေဦးဆောင်တဲ့ပါတီဖြစ်လို့ တိုင်းပြည်ထဲမှာ ရွေးကောက်ပွဲဆိုတာကို လုပ်တော့မယ်ဆိုတော့ ငွေအား အာဏာအား ဖိအားမျိုးစုံသုံးပြီး မဲဆွယ်တော့တာဘဲ။

ရွှေဝါရောင်အပြီး လုံခြုံရေးကောင်စီက ကိုယ်စားလှယ်လွှတ်ပြီး ဖိအားပေးလာတော့ လမ်းပြမြေပုံအတိုင်း ရွေးကောက်ပွဲလုပ်မှာပါလို့ ကတိပေးထားရတော့ အဲဒီအချိန်ကစပြီး စစ်ဗိုလ်တွေ သူတို့ရဲ့ မွေးရပ်မြေအသီးသီးမှာ နိုင်ငံဝန်ထမ်းကျန်းမာရေးဌာနက ဆရာဝန်တွေ ဆရာမတွေ အလှည့်ကျခေါ်သွားပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်စည်းရုံးတာကို အင်တိုက်အားတိုက်လုပ်ကြတယ်။

ပြည်သူတွေကို အားဆေးထိုးပေးတယ်။ အားဆေးက နာမည်ခံပါ။ တကယ် ငွေကြေးများများစားစား စိုက်ထုတ်ရမှာစိုးတော့ အဖြစ်လုပ်ခိုင်းတာလေ။ ချပေးတဲ့ဘတ်ဂျက်က ဘယ်သူသုံးသွားသလဲ မသိနိုင်ပေမဲ့ ပြည်သူလူထုကိုတော့ မိုးရေ ၅၀၀ စီစီတပုလင်းမှာ ဗားပလက်ရည်ကလေး တလုံးလောက်ထည့်ပြီး အ၀ါရည်ကလေးတယောက်ကို တစ်စီစီ ထိုးပေးပြီး နာမည်ကောင်းယူတာပါ။ တထောင်တန်တပုလင်းကို လူ ၁၀၀ လောက်မျှထိုးပေးတာမို့ ဆေးထိုးခံရတဲ့ လူထုမှာ အသားနာတာကလွဲလို့ ဘာအာနိသင်မှု မရှိနိုင်ပါဘူး။ မျက်စိစမ်းပေးတယ်။ မျက်မှန်ဝေတယ်။ တရုတ်မျက်မှန်တလက်မှ ၃-၄ ရာတန်။ ဖြစ်ကတတ်ဆန်း မျက်စိခွဲစိတ်ပေးပြီး မျက်စိတွေမကောင်းလို့ အော်သူတွေကအော်နေပြီ။ ငွေချေးတော့ ချေးငွေကို သူတို့လူတွေက ဖြတ်စားလျှပ်စားလုပ်လိုက်သေးတယ်။ အမှန်တကယ်ချေးဘို့ လိုနေသူတွေဆီရောက်တာက နည်းနည်းရယ်။

အခုတော့ နေရာအနှံ့မှာ လမ်းခင်းပေးမယ်။ ပါတီဝင် ၁၀၀၀ လိုချင်တယ်။ ၂၀၀၀ လိုချင်တယ်။ လက်မှတ်ထိုးပါ ပြောပြီး တခြားပြိုင်ဘက်ပါတီတွေထက် ပါတီဝင်ဦးရေ များအောင်လုပ်ပြန်တယ်။ သူတို့လိုချင်သလောက် မပြည့်သေးရင် လမ်းကို တ၀က်ဘဲ ခင်းပြီး ရပ်ထားတယ်။ လမ်းပြီးအောင် ခင်းစေချင်သလား။ ခင်းစေချင်ရင် နောက်ထပ် ပါတီအင်အားထည့်၊ လက်မှတ်ထိုး၊ တော်တော်လဲ ရီစရာကောင်းတယ်။ ရန်ကုန်မြို့ထဲက ဗြောင်လိမ် ဗြောင်စား တ၀က်တပြက်ဖြစ်နေတဲ့ လမ်းတွေဟာ ကြံ့ဖွံ့ခင်းတဲ့ လမ်းတွေပါဘဲ။

ပြီးတော့ ခင်းတဲ့လမ်းက ကတ္တရာလမ်း မဟုတ်ဘူး။ ကွန်ကရစ်လမ်း၊ စနစ်လဲ မကျဘူး။ လမ်းက နဂိုခင်းပြီးသား လမ်းဟောင်းပေါ်မှာ ထပ်ခင်းတာမို့ အသစ်ထပ်ခင်းတဲ့ လမ်းကြောင့် လမ်းက မြင့်လာတယ်။
လမ်းမြင့်လာတာဟာ ဘေးက အိမ်တွေ နိမ့်သွားတာနဲ့ အတူတူပါဘဲ။ သဘာဝက အိမ်တွေထဲကရေတွေ လမ်းဘက်ကို စီးဆင်းရမှာ။ ကြံ့ဖွံ့က လမ်းဖေါက်ပြီးရင် လမ်းကရေတွေ အိမ်တွေထဲ စီးတော့တာဘဲ။ နဂိုကမှ မြောင်းတွေက ပိတ်လို့ ရေစီးရေလာမကောင်းရတဲ့ အထဲ။ မိုးသည်းပြီဟေ့ဆို ရေပင်လယ်ကြီးဖြစ်ကုန်တော့တာ။

မြို့သစ်တွေမှာ ရေကြီးရေလွှမ်းတာလဲ မြို့ကို အရင်တည်၊ လမ်းက နောက်မှဖေါက်၊ လူတွေကို ပြောင်းကြ-ပြောင်းကြဆိုပြီး ဇွတ်မောင်းထုတ် ပြောင်းခိုင်းခဲ့တာမို့ လယ်ကွက်တွေထဲ အိမ်တွေ အမြန်ဆောက်ခဲ့ကြရတယ်။ လမ်းကနောက်မှခင်းတော့ လမ်းထုက မြေသားတလွှာ၊ တကျပ်ကျောက်သား၊ ငါးမူးကျောက်၊ တမတ်ကျောက်၊ ကျောက်မှုန့်၊ ကတ္တရာ အထပ်ထပ်ခင်းလိုက်တော့ လေးပေလောက် တက်လာတယ်။ အဲဒီအခါ ရေနှုတ်မြောင်းလဲ မရှိတဲ့ မြို့ကို မိုးများတာနဲ့ တမြို့လုံး ရေလွှမ်းကုန်တယ်။ ရေလွှမ်း၊ ရေကြီးပြီးရင်လည်း တော်တော်နဲ့ ရေက ပြန်မကျတော့ဘူး။ ရေတွေမကျတော့ ခြင်တွေပေါ။ သွေးလွန်တုတ်ကွေးတွေဖြစ်၊ ကလေးသူငယ်တွေ အသက်ဆုံးရှုံးကြရ။

မိလ္လာရေတွေကလဲ နေရာအနှံ့ ပျံ့သွားပြီး ၀မ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ကုန်တယ်။ အခု ကြံ့ဖွံ့ခင်းတဲ့ လမ်းတွေကြောင့် ပြည်သူတွေမှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ တိုးပြီးရင်ဆိုင်ရဦးမှာ သေချာတယ်။ မန္တလေးမြို့က မြို့သစ်မှာ ဆည်တော်ကြီးက ဖေါက်ချလိုက်တဲ့ ရေတွေ လွှမ်းသွားတာလဲ စစ်အစိုးရမြို့သစ်တည်ပုံ အချိုးမကျလို့ဖြစ်ရတာပါ။

လွန်ခဲ့တဲ့ ၂၅ နှစ်က မန္တလေးမြို့ ရေပေးရေး စီမံကိန်းလုပ်မယ်ဆိုပြီး အဲဒီတုံးက အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် ဦးနေ၀င်းက ကျွမ်းကျင်သူ အင်ဂျင်နီယာတွေကို ခေါ်တွေ့တယ်။ မြေပေါ်မှာ သိန်း၂၀၀၀ တန် စီမံကိန်းလုပ်မယ်ဆိုတော့ အင်ဂျင်နီယာတွေက ဦးနေ၀င်းကို တင်ပြကြတယ်။ မြေပေါ်မှာ သိန်း၂၀၀၀ တန် ရေပေးရေးလုပ်ရင် မြေအောက်မှာ ရေဆိုးထွက်ဘို့ စီမံကိန်းပါရမယ်။ ထုံးစံကတော့ မြေပေါ်ရေပေးရေး စီမံကိန်းက သိန်း၂၀၀၀ ဆိုရင် မြေအောက်ရေဆိုးမြောင်း စီမံကိန်းက သိန်း ၃၀၀၀။ မြေပေါ်ကုန်ကျစရိတ်ရဲ့ တဆခွဲသုံးရမှာဖြစ်ကြောင်း တင်ပြတော့ အာဏာရှင် ဦးနေ၀င်းဆုံးဖြတ်တာက မြေအောက် ရေဆိုးမြောင်း စီမံကိန်း မလိုဘူးလို့ ဆုံးဖြတ်ပါသတဲ့။

အဲဒီလို အာဏာရှင် စစ်ဗိုလ်တွေဟာ အပေါ်ယံ ရွှေမှုန့်ကြဲ အထဲက နွားချေးခံ လုပ်တတ်ကြတာပါ။ နားလည်တတ်ကျွမ်းတဲ့ လူက တင်ပြတာကိုလဲ နားထောင်လေ့ မရှိပါဘူး။ ပြီးတော့ အခုကြံ့ဖွံ့ခင်းနေတဲ့ လမ်းတွေဟာ အရင်မူလရှိပြီးသား ကတ္တရာလမ်းပေါ်မှာ ကွန်ကရစ်နဲ့ ထပ်ခင်းတာ။ ကွန်ကရစ်လမ်းက ကြမ်းတယ်။ မချောဘူး။ လမ်းပေါ်မှာ မောင်းရတဲ့ ကားဘီးတွေ တာယာအရမ်းစားလို့ ကားသမားတွေက ညည်းညူကုန်ပြီ။ ကားတာယာကတော့ သူတို့လမ်းကြောင့် ဟောတလုံး-ဟောတလုံးဘဲတဲ့။

ဘာလို့ ကတ္တရာလမ်းမခင်းဘဲ ကွန်ကရစ်လမ်းခင်းသလဲဆိုတော့ ကတ္တရာက နိုင်ငံခြားက မှာရတာ။ ဒေါ်လာနဲ့ ဝယ်ရတာ။ ကတ္တရာဈေးက ကြီးသတဲ့။

ကတ္တရာမှ နိုင်ငံခြားက မှာရတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ စစ်ဗိုလ်တွေ အစိုးရလုပ်ပြီး တိုင်းပြည်ကို စီမံခန့်ခွဲနေတာ ပြည်တွင်းဖြစ် ဘာများရှိလို့လဲ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှုနိုင်ငံတော်ကြီး ထူထောင်မယ်လို့ ကြွေးကြော်နေပေမဲ့ သူတို့ အုပ်ချုပ်တဲ့ ကာလတလျောက်လုံး သူများတိုင်းပြည်က အဆင်သင့်အပိုပစ္စည်းတွေသွင်းပြီး မော်တော်ကားဆင်၊ မိတ်အင် ဘားမားတပ်တာကလွဲလို့ ပြည်တွင်းမှာ အ၀တ်လက်ချုပ်အပ် ခဲတန်ချွန်စက်နဲ့ မုတ်ဆိတ်ရိတ်ဓားလို အသေးစားလေးတွေတောင် ကောင်းကောင်းမဖြစ်သေးပါဘူး။

တတိုင်းပြည်လုံး တိုင်းသူပြည်သားတွေသုံးစွဲနေသမျှ ခေါင်းဖျားက ခြေဖျားထိ အသုံးအဆောင် မှန်သမျှ နိုင်ငံခြားက လာရတာချည်းပါဘဲ။

မောင်မင်းကြီးသား စစ်ဗိုလ်တွေအာဏာကို သေနတ်အားကိုးပြီး မူဝါဒက (ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာဘဲ လိုချင်တယ်) မူဝါဒနဲ့ စီမံခန့်ခွဲ ထိန်းချုပ်ထားတာလေ။ ဒီလိုနဲ့တတ်ယောင်ကားဗိုလ်ချုပ်တွေ အုပ်ချုပ်နေတာ ဆယ်စုနှစ် ငါးခုရှိသည့်တိုင်တိုင် တိုင်းပြည်မှာရှိတဲ့ သဘာဝသယံဇာတတွေကုန်တာ၊ လူတွေ ပိုပင်ပန်းဆင်းရဲလာတာ။ စာရိတ္တတွေ ပျက်ယွင်းလာတာကလွဲလို့ ကောင်းတာ ဘာတခုမှ အဖတ်တင် မကျန်ရစ်ဘူး။

သူတို့ကတော့ခုထိလဲ မလျော့သေးဘူး။

ရွေးကောက်ပွဲမှာ (ရှုံးရင်လဲ နိုင်ရမယ်။ နိုင်ရင်လဲ နိုင်ရမယ်) လို့ ကြွေးကြော်နေဆဲ။

အခုလာမဲ့ ရွေးကောက်ပွဲမှာ တခြားဘယ်ပါတီကမှလဲ အာဏာကိုခွဲဝေယူနိုင်ဘို့ အလားအလာ မမြင်မိပါဘူး။

ကြံ့ဖွံ့ပါတီဦးဆောင်ရင်လဲ စစ်အစိုးရအဆက်ဆက် ကျင့်သုံးလာခဲ့တဲ့ ရေဘူးပေါက်တာ မလိုချင်ဘူး။

ရေပါတာဘဲလိုချင်တယ်ဆိုတဲ့ မူဝါဒနဲ့ဘဲသွားဘို့ ရှိပါတယ်။

ဒီလိုသာ ရေဘူးပေါက်ကြီးနဲ့ရေသယ်ကြဦးမယ်ဆိုရင်တော့ တိုင်းသူပြည်သားအတွက် ရေပါဘို့တော့ လမ်းမမြင်ပါ။ အချိုးမကျတဲ့ လမ်းတွေကြောင့် ရေကြီးရေလွှမ်း လူတွေဒုက္ခရောက်သလို အချိုးမကျတဲ့ လုပ်နည်းလုပ်ဟန်တွေကြောင့် တိုင်းပြည်က ပိုဆိုးဘို့သာ မြင်တယ်။


မမခင်
(၁၉.၁၀.၁၀)
http://www.yoma3.org/?p=1611

ဒုတိယပင်လုံညီလာခံ..ဦးဝင်းတင်နဲ့ မေးခွန်းများ

Sunday, 24 October 2010

ဒုတိယပင်လုံညီလာခံအကြို၊ နိုင်ငံရေးပေါင်းစည်းမှုအင်အား နဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ။ အောက်တိုဘာ ၂၅၊ ၂၀၁၀
 (photo - U Win Tin at One Month Anniversary of U Ohn Myint, Oct 17th 2010)
ယခုရက်သတ္တပတ်မှာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဆရာက အောက်တိုဘာ ၂၄၊ တနင်္ဂနွေနေ့၊ ချင်းပြည်နယ်၊ ကလေးမြို့မှာ ကျင်းပခဲ့တဲ့ ဇူးမီးအမျိုးသားကွန်ဂရက် ထူထောင်ခြင်း ၂၂ နှစ်ပြည့် ညီလာခံမှာ တောင်ပေါ်၊ မြေပြန့် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ စုပေါင်းပြီး ထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်အကြောင်း ပြောဖြစ်ပါတယ်။
          “ပထမအချက်က ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည် ညီညွတ်ရေး စတဲ့ ရည်မှန်းချက်တွေကို မှန်ကန်တဲ့ ဦးဆောင်မှု ညီညွတ်မှုအင်အားနဲ့ ဆောင်ရွက်သွားကြမယ်။
ဒုတိယအချက်ကတော့ အခု၂၀၁၀ ရွေးကောက်ပွဲဟာ အထက်ပါ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးရဲ့ ညီညွတ်ရေး အင်အားနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ကြမယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမယ်လို့ ပြောတယ်။
သုံးအချက်ကတော့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး မှီတင်းနေထိုင်တဲ့ မြန်မာပြည်မှာ တပြည်ထောင်စနစ်နဲ့လည်း မဟုတ်ဘူး၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်ဘူး။ ဒီမိုကရေစီနည်းကျ လူမျိုးပေါင်းစုံ တန်းတူညီမျှ အတူတကွပေါင်းစည်းနေထိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အားလုံး လက်တွဲပြီး နေထိုင်ကြမယ် ဆိုတဲ့ သံန္နိဋ္ဌာန် သဘောထား ရှိကြတယ်။ အဲဒါကို ဖြစ်ပေါ်စေဖို့ တိုင်းရင်းသားတွေအားလုံးနဲ့ စုဝေးပြီး ဒုတိယပင်လုံညီလာခံကို ခေါ်ယူကြမယ်ဆိုတာကို သဘောတူကြတယ် ဆိုတာက နံပါတ် ၃ အချက် ဖြစ်ပါတယ်။
အဲဒါကို ကြိုတင်ပြီး ဆွေးနွေးခဲ့ကြတယ်။ အဲသည် ကလေးမြို့အခမ်းအနားကို မသွားရောက်နိုင်တဲ့ ရန်ကုန်က နိုင်ငံရေးခေါင်းဆောင်တွေကလည်း သဘောတူတဲ့အကြောင်း လက်မှတ်ရေးထိုးခဲ့ကြတယ်။ ကလေးမြို့ညီလာခံမှာလည်း တက်ရောက်သူအားလုံးက သဘောတူ လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ အသက် ၉၀ ကျော် ၈၀ ကျော်တွေကလည်း ၀ိုင်းပြီး လုပ်နေကြတာ ဖြစ်တယ်။ ကျနော်တို့ဆီက ၀ိုင်းဝန်းပြီးတော့ ထောက်ခံဆောင်ရွက်နေကြတယ်။ တိုင်းရင်းသားအဖွဲ့တွေကလည်း ၀မ်းသာအားရ ဖြစ်ကြတယ်။ ကျနော်တို့ အင်န်အယ်ဒီက ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကိုလည်း လက်မှတ်ထိုးပါ ဆိုလို့ ဖိတ်ခေါ်လို့ လက်မှတ်ထိုးပေးခဲ့ပြီးပြီ ဖြစ်တယ်။ ၀ါရင့်နိုင်ငံရေးသမားကြီးတွေလည်း ပါကြတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း တိုင်းရင်းသားတွေ အားလုံး အတူတကွ တညီတညွတ်တည်း တစုတစည်းတည်း ဖြစ်မှုကို တွေ့ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”
အဲသည်မှာ မေးတဲ့မေးခွန်းကတော့ - ဒုတိယအချက်မှာ ပြောထားသလို ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီမိုကရေစီရေးကို မဖော်ဆောင်နိုင်ဘူးလို့ ပြောထားတဲ့အတွက်၊ မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထားတွေက ဘယ်လိုရှိနေသလဲ ဆိုတာ ဖြစ်ပါတယ်၊
“အခုဟာက ပြန်ကြည့်လိုက်ရင် - အစပိုင်းမှာ အင်န်အယ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ် လို့ ပြောလိုက်တဲ့အခါကျတော့ ပြည်သူအများစုမှာက အနည်းနဲ့ အများတော့ သံသယရှိခဲ့ကြတယ်။ သူတို့ ဒီလိုလုပ်တာ မှန်ပါ့မလားပေါ့။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် လမ်းလို့ ပြောတဲ့သူတွေကလည်း ရှိကြတာကိုး။ ပြီးတော့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ် လို့ ပြောလိုက်ရတာက စစ်အစိုးရရွေးကောက်ပွဲဥပဒေအရ ပါတီရဲ့ တရားဝင်ရပ်တည်ခွင့်ကိုပါ စွန့်လွှတ်ပြီးတော့ သပိတ်မှောက်တယ်လို့ ပြောလိုက်ရတာကိုး။
ရွေးကောက်ပွဲဆိုတာ ဖြစ်သန်းရတဲ့ ဖြစ်စဉ်တခုမျှသာ ဖြစ်တယ်။ နောက်ပြီးတော့ အိုဘားမားပြောခဲ့သလိုပေါ့ကွာ။ ရွေးကောက်ပွဲဆိုတာက သန့်ရှင်းတယ်၊ တရားမျှတတယ် ဆိုယုံနဲ့လည်း ပြီးတာ မဟုတ်ဘူး။ ရွေးကောက်ပွဲပြီးသွားရင်ကော ဘာဖြစ်မှာလဲ ဆိုတာကလည်း အရေးကြီးတယ်တဲ့။ ရွေးကောက်ပွဲပြီးသွားရင်ကော Good Governance  ဆိုတဲ့ စစ်မှန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်လာမှာလား ဆိုတာက အဓိကကျတယ်။ ဒီလိုမျိုး Good Governance ကို ဦးမတည်နိုင်ရင် အလကားပဲ ဖြစ်တယ်။
ရွေးကောက်ပွဲဆိုတာဒီမိုကရေစီအဖွဲ့အစည်းတွေက ဖြတ်သန်းရတယ်။ ရွေးကောက်ပွဲကို ဖြတ်ကျော်လိုက်ပြီးတဲ့နောက်  မှာရွေးကောက်ပွဲပြီးသွားတဲ့အခါ ဗြိတိန်မှာပဲ ဖြစ်ဖြစ်၊ အမေရိကန်မှာပဲ ဖြစ်ဖြစ် အာဏာရဖို့တင် မဟုတ်ဘူး။  ပြည်တွင်း ပြည်ပ နိုင်ငံရေးကိစ္စတွေမှာ ပြည်သူတွေနဲ့အတူ အစိုးရအဖွဲ့အသစ် ပေါ်ထွန်းလာပြီးတော့ Good Governance အတွက် ပိုမိုကောင်းမွန်တိုးတက်မယ် ဆိုတဲ့ မျှော်လင့်ချက်ကို ဦးတည်နေကြတာ ဖြစ်တယ်။
အခုဒီမှာ ဖြစ်နေတာကို ပြန်ကြည့်လိုက်ကြတော့၊ ရွေးကောက်ပွဲအချိန်နီးလာတဲ့အမျှ၊ ရွေးကောက်ပွဲအကြိုကာလမှာတင်ကို မတရားမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ အများကြီးကို ပေါ်ပေါက်လာပြီ ဖြစ်တယ်။ စစ်အစိုးရရဲ့ ဘီလူးအစွယ်ထုတ်ပြတဲ့အခါကျတော့ ပြည်သူတွေက အင်န်အယ်ဒီ ရပ်တည်ချက်က မှန်ပါလားလို့ စိတ်တွေ ဖြစ်လာတယ်။
နောက်ပြီးတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီကို ဦးတည်တဲ့ Good Governance ကို ဖော်ဆောင်နိုင်မယ်ဆိုတာကို မျှော်လင့်ပြီး ရွေးကောက်ပွဲဝင်ကြတဲ့ နိုင်ငံရေးပါတီတွေ၊ တတိယအုပ်စုလို အင်အားစုတွေ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲအလွန်ကို မပြောနဲ့ဦး အခုလို ရွေးကောက်ပွဲအကြိုကာလမှာတောင် ဒီမိုကရေစီ ဆိုတဲ့ စကားတွေကိုတောင် သုံးနှုံးခွင့်မရှိအောင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်ထားတာကို ခံနေကြတယ်။ ဘာအခွင့်အရေးတောင်မှ မရှိဘူး ဖြစ်လာတယ်။ သူတို့တွေကိုယ်တိုင်တောင် မသေချာတဲ့ အခြေအနေဖြစ်လာတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် Good Governance ကိစ္စကို အသာထားဦး၊ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အချက်တခုကတော့ - ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးက ရှိနေတယ်။ ဒါကိုလည်း ကျနော်တို့ကို ပစ်ပယ်ထားလို့ မရဘူး။ ဒါဟာ မှားယွင်းတဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုပြီးတော့ အင်န်အယ်ဒီပါတီက ထောက်ပြထားပြီး ဖြစ်တယ်။
အဲဒီအချက်တွေကြောင့် ပြည်သူလူထုမှာ အနည်းနဲ့ အများ သဘောာပေါက်လာကြပြီ ဖြစ်တယ်။ ပြည်သူတွေထဲမှာ သည်ရွေးကောက်ပွဲဟာ ဟန်မကျဘူး။ မဟုတ်ဘူးဆိုတာ တလပြီး တလ၊ တနေ့ပြီး တနေ့ သဘောပေါက်လာကြတယ်။ အမှန်ကို မြင်လာကြပြီ ဖြစ်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ လူထုသဘောထားက ရှိလာကြပြီ၊ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အခုလိုမျိုး ဒုတိယပင်လုံညီလာခံလိုမျိုး ပေါ်ထွန်းလာဖို့ တောင်းဆိုမှုတွေ ပေါ်ထွန်းလာရတယ်။ ဒါကိုလည်း ပြည်သူတွေက လိုအပ်ချက်အဖြစ်၊ နိုင်ငံရေးပေါင်းစည်းမှု အဖြစ် မြင်လာကြလိမ့်မယ်လို့ ပြောချင်တယ်။
အဲသည်မှာ မေးခွန်းတခုကတော့ - ပြည်တွင်းက ပြည်သူတွေရဲ့ သိသာထင်ရှားတဲ့ အသံတွေ၊ သဘောထားတွေ ထုတ်ဖော်ပြသခွင့် မရှိအောင် ဖိနှိပ်ခံထားရတဲ့အချိန်မှာ ပြည်ပက မြန်မာပြည်သူတွေရဲ့ အခမ်းကဏ္ဍကိုကော ဆရာဦးဝင်းတင်တို့က ဘယ်လို သဘောထားသလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
         ဟုတ်တယ်။ ကျနော်က ဒါကို တဆက်တည်း ပြောချင်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ အင်န်အယ်ဒီတို့လို၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက တိုင်းပြည်မှာ ဒီမိုကရေစီရေး ဖော်ဆောင်နိုင်ဖို့ လမ်းတွေ၊ သဘောထားတွေ၊ သံန္နိဋ္ဌာန်တွေ ချမှတ်ပြီး ဖော်ဆောင်နေချိန်မှာ၊ ပြည်တွင်းက အဖိနှိပ်ခံထားရတဲ့ ပြည်သူတွေက ဘာမှ ထုတ်ဖော်ပြောဆိုခွင့် မရကြဘူး။ အဲသည်လို အချိန်မှာ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သူတို့သဘောထားကို ထုတ်ဖော်ပြသကြတယ်လို့ ကြားသိရတယ်။ အယင်အပတ်က အမေရိကန်ပြည်က ပြည်နယ် ၄၊ ၅ ခု မှာ ရောက်ရှိနေထိုင်ကြတဲ့ မြို့နယ် ၁၄ မြို့နယ်က မြန်မာကွန်မြူနီတီတွေက တစုတစည်းတည်း သဘောထားတွေ ထုတ်ပြန်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံဘူး၊ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ ဘယ်ရလဒ်ကိုမှ လက်ခံခြင်း မရှိဘူးလို့ တစုတစည်း၊ တညီတညွတ်တည်း ပြောလိုက်တယ် လို့ ဆိုတယ်။
         အခုချိန်မှာ ပြည်တွင်းက ပြည်သူတွေက သဘောပေါက်စ ပြုနေပြီ။ အင်န်အယ်ဒီပါတီက အောက်ခြေတွေအထိ ဆင်းပြီး ရှင်းလင်းမှုတွေ ပြုတဲ့နေရာမှာ အခု နောက်ဆုံးအဆင့်အနေနဲ့ ကျေးလက်တွေအထိပါ ဆင်းပြီး ပြောပြနေတယ်။ လူထုရဲ့ သဘောပေါက်မှုဟာ မြင့်မားလာနေတယ်။ သို့သော် လူထုဟာ ထုတ်ဖော်ပြောခွင့် မရကြတော့ သူတို့တွေရဲ့ ရွေးကောက်ပွဲ အပေါ်မှာ ကန့်ကွက်မှုတွေ၊ မကျေနပ်မှုတွေကို အများက သိရှိခွင့် မရကြဘူး။ အဲသည်လို အခြေအနေမှာ ပြည်ပက မြန်မာကွန်မြူနီတီကနေပြီးတော့ ပြည်တွင်းက ပြည်သူတွေရဲ့ သဘောထားတွေ ကိုယ်စားထုတ်ဖော်ပေးတယ်လို့ ကြားသိရတဲ့အတွက် အင်မတန်မှ အဖိုးတန်တယ်လို့ ပြောချင်ပါတယ်။
         သည်လိုမျိုး ကြိုတင်သဘောထားတွေ ထုတ်ပြန်ထားတာကို ပြည်တွင်းက မြန်မာတွေက သိရှိသွားကြတဲ့အခါမှာ နောက်ဆုံး မဲပေးတဲ့နေ့ကို ရောက်လာကြရင် မဲမပေးဘဲ နေကြမယ်။ မဖြစ်မနေ မဲရုံထဲ တွန်းပို့ခံကြရရင်တောင်မှ ပြည်သူတွေဟာ သူုတို့ရဲ့ သဘောထားမှန်ကို အဲသည်မှာ ထုတ်ဖော်ပြသကြလိမ့်မယ်လို့ ယုံကြည်တယ်။ အခက်အခဲတွေကတော့ အများကြီးနဲ့ရင်ဆိုင်ကြရမှာပါပဲ။ သို့သော် ရွေးကောက်ပွဲဟာ ပြည်သူ့အစိုးရဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ မျှော်လင့်ချက်မရှိဘူး။ နောက်ဆုံးတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအတိုင်း စစ်အာဏာရှင်တွေ တည်မြဲဖို့ပဲ ဖြစ်တယ်ဆိုတာကို ပြည်သူတွေကြားမှ သိရှိမှု၊ နိုးကြားမှုတွေ ပိုမိုပြီး ပြန့်နှံ့စေတယ်ဆိုတာကိုတော့ ပြောရမှာ ဖြစ်ပါတယ်။
         အခုအချိန်မှာ ကျနော် ရှေ့က အင်တာဗျူးမှာ ပြောခဲ့သလို နိုင်ငံရေးစုစည်းမှု အင်အားတွေ ဖြစ်ပေါ်လာတယ်လို့ ပြောချင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားတွေကိုယ်တိုင်ပါ ပါဝင်ပြီး ဆောင်ရွက်နိုင်တဲ့ အဆင့်တွေ ဖြစ်လာတယ်။ စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ အခြားတဖက်မှာ ကျနော်တို့ ဒီမိုကရေစီရေးအင်အားစုတွေ စုစည်းမိလာတယ်။ ညီညွတ်လာကြတယ်။ ဒါမျိုး ပြောချင်ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=7473&Itemid=1


အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင် နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၂)

ရော်နီညိမ်း တနင်္ဂနွေ, 24 အောက်တိုဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၃၁)

စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ မျက်စေ့ခွဲစိပ်ကုသမှုခံယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ စစ်ခေါင်းဆောင်ဘ၀နဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က အတွေ့အကြုံတွေနဲ့ အခုတခေါက် သာမန်မြန်မာနိုင်ငံသားတဦးအနေနဲ့ စင်္ကာပူကိုရောက်ရှိခဲ့စဉ်က အတွေ့အကြုံတွေကို ဗီအိုအေကို ပြောပြထားပါ တယ်။ ဦးတင်ဦးရဲ့ စင်္ကာပူအတွေ့အကြုံ အပိုင်း(၂) ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။အန်ကယ် ဦးတင်ဦး ခင်ဗျာ၊ တပ်မတော် ခေါင်းဆောင်ဟောင်းတယောက်ဟာ ကိုယ်က အရင်တုန်းက တပ်မတော်ရဲ့တာဝန်ယူထားတုန်းက စစ်မစ်ရှင်တွေနဲ့ သွားတာတွေဟာ ကိုယ့်ရဲ့အစီအစဉ်နဲ့ မဟုတ်ဘူးပေါ့ နော်။ ဘောင်တွေ အကန့်အသတ်တွေနဲ့ ရှိတယ်။ အခု မိမိအစီစဉ်နဲ့ မိမိ လွတ်လွတ်လပ်လပ်သွားတဲ့အခါမှာ မြန်မာနိုင်ငံထဲက နေ ထွက်သွားပြီးတဲ့အခါမှာ နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မြန်မာတွေပေါ့နော်၊ အန်ကယ့်ကို လာပြီး ဂါရ၀ပြုကြ တဲ့သတင်းတွေ ကျနော်တို့ တွေ့ရတယ်။ ဂါရ၀ပြုတာက အခု သတင်းစာ တွေထဲမှာ တွေ့ရတာမျိုး မဟုတ်ဘူး။ သတင်းစာထဲမှာကတော့ မြန်မာ့ရိုးရာအစဉ်အလာအရ ဂါရ၀ပြုခံတယ်ဆိုပြီး သံရုံးတွေကို ရောက်တဲ့အခါမှာ၊ သံရုံးမိသားစုဝန်ထမ်းတွေက စိတ်ပါ လား မပါလားလည်း မသိဘူး၊ အားလုံး ထိုင်ကန်တော့ရတဲ့ဟာမျိုးတွေ ကျနော်တို့ တွေ့နေရတယ်။ အန်ကယ့်ပွဲက အဲဒီလိုမဟုတ်ဘူး။ အန်ကယ် အဲဒီ စင်္ကာပူကို ရောက်တဲ့ အချိန်က စပြီးတော့ မြန်မာနိုင်ငံသားတွေရဲ့ အန်ကယ့်အပေါ်ထားရှိတဲ့ မေတ္တာစေတနာနဲ့ ပတ်သတ်ပြီး အန်ကယ် ဘယ်လိုတွေ့ကြုံရလဲ၊ အန်ကယ် မျှော်လင့်ထားတာမျိုးလား၊ မျှော်လင့်ထား တာထက် မကတာ မျိုးလား၊ ဒါမှမဟုတ် ဘယ်လိုပါလဲ၊ ဘယ်လိုအနေအထားရှိပါ သလဲ၊ အဲဒါလေး အန်ကယ် ပြောပြပေးပါ ခင်ဗျာ။

ဦးတင်ဦး။ ။ အမှန်ကတော့ ကျနော် ဒီက သွားတယ်ဆိုတော့လည်း သိပ်ပြီးတော့ ဟိုဘက်မှာ အသိတွေ ဘာတွေလည်း မရှိဘူးပေါ့။ ဒီလောက်တောင် ကြိုကြဆိုကြ၊ တွေ့ဆုံ ကြမယ်လို့တော့ မတွက်ပါဘူး။ အသင့်အတင့်တော့ သူတို့ စီမံစီစဉ်ထားတဲ့အတိုင်း လာကြမယ် ပြုကြမယ် လုပ်ကိုင်ပေးမယ်၊ ဒီလို ထင်တာပါ။ သူတို့လည်းပဲ မြန်မာတွေ အချင်းချင်း လူကြီးတယောက် ရောက်လာတယ်ဆိုပြီး ဂါရ၀ပြုချင်တယ်ဆိုတော့ သွားတာပေါ့၊ သွားတဲ့အခါမှာ ကျနော် အင်မတန်သတိထားသွားပါတယ်။ သူတို့ကန်တော့တဲ့ လက်အုပ်ချီမှမဟုတ် ပါဘူး။ သူတို့ မေတ္တာစေတနာနဲ့ ကျနော့် ကို ချစ်ကြည်လေးစားစွာပေါ့လေ၊ ကြိုဆိုတဲ့အတွက်၊ ကြိုဆိုတဲ့နေရာကလည်း ဗုဒ္ဓမြတ်စွာဘုရားရဲ့ရုပ်ပွါးတော်ရှေ့မှာ ရှိတဲ့ အဆောက်အအုံ ကြီးထဲမှာ ၀င်ရတယ်ဆိုတော့၊ ဂါရ၀တရားနိဝါရတရားများ ထားပြီးတော့ ကျနော်ကလည်း လက်အုပ်ချီပြီး ၀င်သွားတာပါ။ လက်အုပ်ချီပြီး ၀င်သွားပြီးတော့မှ …….

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ပါ အန်ကယ်၊ ပြည်သူလူထုကို ကိုယ်စားပြုထားတဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကိစ္စနဲ့ သွားတဲ့အခါမှာကို ပဲ၊ အန်ကယ့်ကို ဆေးရုံမှာရှိတုန်း၊ ဟိုတယ်မှာရှိတုန်း လာတွေ့ကြ၊ သတင်းမေးကြပေါ့ လေ၊ တချို့တွေဆိုလို့ရှိရင် နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်တယောက်ကို လာတွေ့ဖို့ဆိုရင် သူတို့အတွက် အင်မတန် ၀န်လေးတယ်၊ သူတို့မှာ အန္တရာယ်ရှိတယ် ဆိုတာမျိုး ခံစားနေရတဲ့ ကြားထဲကနေ လာကြတဲ့အပေါ်မှာ အန်ကယ် ဘယ်လိုမြင်ပါသလဲ လို့။

ဦးတင်ဦး။ ။ ကျနော်တို့ မျှော်မှန်းတာထက်ပိုပြီးတော့ သူတို့က မေတ္တာကြီးမားစွာ ကျနော်တို့ကို ကူညီစောင့်ရှောက်တဲ့အတွက်ကြောင့်လည်းပဲ အင်မတန်လည်း ကျနော်တို့က ကျေးဇူးတင်ပါတယ်။ အင်မတန်လည်း ၀မ်းမြောက်ပါတယ်။ ကြည်နူးမိတယ်။ စိတ်ထဲမှာလည်း ခံစားမိတယ်ပေါ့လေ။ ခံစားရတယ်ဆိုတာကလည်း ဒီလောက်တောင် မိဝေးဘဝေးနဲ့ သွားရောက်နေထိုင်ရပြီးတော့ အခုလို လူကြီးတယောက် လာတဲ့အခါမှာ၊ သူတို့ဟာ စေတနာမေတ္တာ ရိုသေလေးစားမှုနဲ့ ကြိုဆိုကြတယ့်အတွက်လည်း အတိုင်းအဆမရှိဝမ်းသာမိတာ ပေါ့၊ နောက်ပြီး စိတ်ထဲမှလည်း ကြည်နူးတာလည်း ရှိပါတယ်။ နောက်တခုက စိတ်ထဲမှာ ၀မ်းနည်းတာလည်း ဖြစ်တာပေါ့။ စိတ်ထဲမှာ ခံစားရတာလည်း ရှိတာပေါ့။ သွားတာ လာတာ တင်မကဘူး။ ကျနော်တို့ နေတဲ့နေရာတွေမှာက အစ လုပ်တတ်ကိုင်တတ်အောင် ဆိုပြီး သူတို့က လူတွေပါ တာဝန်ပေးချထားပြီး အလှည့်နဲ့လာပြီး စောင့်ရှောက်ကြတာတွေ များတော့ စိတ်ထဲမှာ အင်မတန်ပဲ ကျေးဇူးဥပကာရ တင်တာပေါ့ဗျာ။ ၀မ်းသာမိတာပေါ့၊ ကျနော့်ကိုယ်ကျနော်လည်းပဲ ခေါင်းဆောင်တယောက်ရယ်လို့လည်း မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လာရတာလည်းပဲ ရောဂါကုဖို့လာရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ ရောဂါသည်တယောက်အနေနဲ့ပဲ ကျနော် နေလိုက်ပြီးတော့ကာ တတ်နိုင်သမျှ သူတို့ရဲ့ အားပေးမှု စောင့် ရှောက်မှု ပြုစုတာကိုပဲ အင်မတန် ၀မ်းသာဝမ်းနည်း ကြည်နူးမိပြီး စိတ်ထဲမှာ နှစ်ထောင်းအားရလည်း ဖြစ်တာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ကိုယ့်နိုင်ငံအပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ မြန်မာနိုင်ငံသားတွေအပေါ်မှာ အန်ကယ်က၊ ဪ သူတို့တွေဟာ၊ ပညာတွေလည်း ဒီလောက်တတ်ရဲ့သားနဲ့ ကိုယ့်တိုင်းပြည်ထဲမှာ အလုပ်လုပ်လို့ မရပဲနဲ့ တခြား မှာ ထွက်ပြီး အလုပ်လုပ်ရတဲ့အပေါ်မှာ အန်ကယ် ဘယ်လိုမြင်မိပါသလဲ။

ဦးတင်ဦး။ ။ ကျနော့်ကို ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်ကြီးတွေကလည်းပဲ မြန်မာဆရာဝန်ကြီးတွေပဲ၊ သမားတော်ကြီးတွေပဲ၊ နောက်ပြီးတော့ သူနာပြုဆရာမတွေကလည်း တယောက်က ပုသိမ်က သူနာပြုသင်တန်းကျောင်း ဆင်းတဲ့၊ နောက်တယောက်က မြောင်းမြက ကျောင်းဆင်းတဲ့၊ သူတို့ ဟိုမှာသင်တန်းဆင်းပြီးတော့ ဒီဘက်ကို ပြောင်းလာတော့ အခြေခံကစပြီး သင်တန်းတက်ရတယ်ပေါ့လေ၊ အဲဒီတက်ပြီးတဲ့ အချိန်ကစလို့ သူတို့လည်း ခွဲစိတ်ဖို့အတွက် ပါလာတယ်တဲ့။ brain drain (မိမိနိုင်ငံမှာ ပညာတတ်များ တခြားနိုင်ငံ များသို့ ရောက်ကုန်သော ဥနှောက်ယိုစီးခြင်း) ဖြစ်တာပေါ့ဗျာ၊ ကိုယ့်နိုင်ငံမှာရှိနေတဲ့ ကိုယ့်ပြည်သူပြည်သားတွေနဲ့ပတ်သက်လို့ ကုသပေးနိုင်ဖို့၊ ပညာသင်တုန်းက ရန်ကုန်မှာပဲ သင်ကြ တာပဲလေ၊ နောက်ဆုံးကျတော့လည်းပဲ သူတို့တတ်တဲ့ ပညာတိုးတက်ပြီး နိုင်ငံခြားမှာသွားပြီး လုပ်ကိုင်ပေးတယ်ဆိုတော့ ကိုယ့်ပြည်သူပြည်သား ခံစားရဖို့ထက် အခြားပြည်သူပြည် သား ခံစားရဖို့အတွက် သွားလုပ်ရတဲ့ သဘောမျိုးဆိုတော့ brain drain ဖြစ်တာပေါ့၊ သူတို့လာပြီးတော့ လုပ်ကိုင်နေရတဲ့နေရာမှာလည်း တကယ်တမ်းကျတော့ မိဝေးဘဝေးနဲ့ အား လုံး နေကြရတော့၊ သူတို့ မိဘနဲ့ဝေးနေတာဖြစ်လို့ ပြန်ပြီး ကိုယ့်တိုင်းပြည်မှာ အခြေအနေ ကောင်းပြီးဆိုရင်လည်း သူတို့ မြန်မြန်ပြန်လာနိုင်အောင်ပေါ့၊ လုပ်ကိုင်ပေးချင်တဲ့စိတ်ဓါတ်တွေ စေတနာတွေ ပိုပြီး ပေါ်ပေါက်လာတာပေါ့လေ။ ဒါ့ကြောင့်မို့ ကျနော် အင်မတန်မှဝမ်းသာကြည်နူးတဲ့အပြင် ကျေးဇူးအထူးတင်တယ်၊ ဒါကြောင့် မို့ ကျေးဇူးဆပ်နိုင်ဖို့အတွက်ကိုတော့ ကျနော်တတ်နိုင်သမျှ ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ အသက်ပင်စွန့်ရစွန့်ရ ဗျာ၊ အဲဒီလောက်ထိ ကျနော် ကြိုးစားပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့အထိ ကျနော် သူတို့အပေါ်မှာ စေတနာ စိတ်နဲ့ ကြည်နူးမိပါ တယ်။ အမှန်အတိုင်း ပြောတာပါ။ ဒီကလေးတွေဟာ တကယ်ကိုပဲ၊ ကိုယ့်မိဘသဖွယ်သဘောထားပြီး သူတို့ရဲ့ဆွေမျိုးရင်းချာကြီးတယောက် ရောက်လာသကဲ့သို့ ပါပဲ။ ပြုစုကြ၊ နှုတ်ဆက်ကြ၊ ခေါ်ကြ၊ နောက်ပြီး သူတို့ ရှိသမျှလေးတွေ ကူကြ၊ လှူကြ၊ ထောက်ပံ့ကြ၊ အဲဒီလိုဆိုတော့ စိတ်ထဲမှာ ၀မ်းနည်းမိတာပေါ့ဗျာ၊ စိတ်ထဲမှာ ထိခိုက်မိတာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အန်ကယ်က ဘာပဲပြောပြော ကိုယ့်မြန်မာနိုင်ငံသားတွေနဲ့ ကိုယ့်ကျန်းမာရေး အတွက် သွားနေတုန်းမှာ တွေ့ရဆုံရတာဆိုတော့၊ ဟိုတုန်းက ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ခေါင်းဆောင် တယောက်အနေနဲ့ နိုင်ငံခြားသွားတာမျိုးမဟုတ်ပဲ၊ ကိုယ်ဟာ လွတ်လွတ်လပ်လပ် ပုဂ္ဂိုလ်တယောက်အနေနဲ့၊ တခါ တိုင်းပြည်ထဲမှာ ပြန်ကြည့်ရင်လည်း နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင် လူထုခေါင်းဆောင်အနေနဲ့ သွားတဲ့အခါမှာ အန်ကယ် ဒီလိုမျိုး လူထုမေတ္တာကို ရရှိတယ်လို့ ကျနော်တို့ ပြောရမှာပါ။

ဦးတင်ဦး။ ။ နောက်တခုက ဒီလိုဗျ၊ ကျနော် ဟိုတုန်းက သွားတယ်ဆိုတာကတော့၊ သဘောက လူကြီးလာတဲ့ အတွက် အောက်မှာရှိနေတဲ့ တာဝန်အသီးသီး ထမ်းဆောင်ေ ကြတဲ့ပုဂ္ဂိုလ်တွေက တာဝန်အရ တွေ့ရတယ် ပြုရတယ် နှုတ်ဆက်ရတယ် ဆိုတဲ့ သဘောသက်သက်ပဲ။ အဲဒီတော့ တာဝန်အရ နှုတ်ဆက်တာပဲ ရှိတယ်လေ၊ အခုဟာက ဒီလို မဟုတ် ဘူး။ တာဝန်အရမဟုတ်ဘူး။ သူတို့က အသိစိတ်ဓါတ်နဲ့လာတာ၊ ဘယ်သူမှ ခိုင်းလို့မဟုတ်ဘူး။ သူတို့ စိတ်ဓါတ်နဲ့သူတို့ တခါတည်းကို တယောက်ကို တယောက် လက်ကုတ်ပြီးတော့ ဒို့ ဒီလိုလုပ်ကြဖို့ရှိတယ် ဆိုတာမျိုး။ စာတွေပေတွေနဲ့ ထုတ်ပြန်ပြီး လုပ်တာလည်းမဟုတ်ဘူး။ တယောက်ကိုတယောက် ဟိုတယ်လီဖုန်းဆက် ဒီတယ်လီဖုန်းဆက်ပြီး ဒို့လုပ်ကြမယ် ဟေ့ ဆိုပြီး စုဝေးပြီးတော့ ရောက်လာကြတာ။ သူတို့ စိတ်ဓါတ်နဲ့စေတနာနဲ့ လာတာပဲ။ အဲဒီတော့ အခုဟာက သူတို့ စိတ်ဓါတ်စေတနာ အရင်းခံပြီးလာတာနဲ့ ဟိုတုန်းက တာဝန်အရ တပ်မတော်ခေါင်းဆောင် တယောက်ကို လက်အောက်ခံပုဂ္ဂိုလ်တွေ တာဝန်အရလာတွေ့ကြတာနဲ့ ယှဉ်လိုက်ရင် အခုလာပြီးလုပ်တဲ့ဟာက ဘယ်လောက်ပဲ သေးသေးမွှားမွှား ဖြစ်ပါစေ၊ ဟိုတုန်းက လာကြတာထက် အများကြီးတန်ဘိုးရှိတယ်၊ ဂုဏ်ယူစရာကောင်းတယ်၊ အဲဒီ လိုတော့ ခံစားမှုဖြစ်မိပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့၊ လူထုမေတ္တာကို အန်ကယ် ရတယ်၊ နောက် သူတို့ကလည်း ပြတာက နိုင်ငံရေးအရ သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြသတာပဲ။ တိုင်းပြည်ထဲမှာ လူထုခေါင်းဆောင်ဖြစ်နေတဲ့ ပါတီတခုရဲ့ ခေါင်းဆောင်လာတာကို သူတို့ လာပြီးတော့ တွေ့ဆုံနှုတ်ဆက်ဂါရ၀ပြုတဲ့အခါမှာ အန်ကယ်ကလည်း သူတို့ကို ဘာပြောခဲ့ လဲ၊ ဆုံးမခဲ့သလဲ ဆိုတော့ “တိုင်းပြည်ကို မမေ့နဲ့၊ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို မျက်ခြည်မပြတ်စေနဲ့” ဆိုပြီး အန်ကယ် ဆုံးမခဲ့တယ်။ အဲဒါ တန်ဘိုးအရှိဆုံးပါပဲ။ အားလုံးသိကြရအောင် အဲဒါကို အန်ကယ် ပြန်ပြီး ပြောပြပေးပါဦး။

ဦးတင်ဦး။ ။ ဟုတ်တယ်၊ ဒီလိုဗျ၊ ကျနော်ပြောတဲ့အထဲမှာကတော့ သူတို့ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားကိုထွက်လာရတဲ့ဟာက ဒီမှာ ဒုက္ခသုက္ခ ကြီးမားတာတော့ မှန်တယ် ပေါ့၊ အကြောင်းအမျိုးမျိုး ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့၊ ကိုယ့်တိုင်းပြည်မှာ ဒီနေ့ လိုအပ်နေတာက ဘာလဲဆိုတာ သိဘို့လိုတယ်။ အဲဒီတော့ အခုလာရတဲ့ အကြောင်းရင်းပေါ်မှာ အခြေခံပြီးတော့ အကုန်လုံး ညီညီညွတ်ညွတ် နေနိုင်ကြဖို့၊ စည်းစည်းလုံးလုံး ရှိပြီး နေနိုင်ကြဖို့ ဆိုတာကိုပဲ ကျနော်က အသားပေးပြီးပြောတယ်။ ကိုယ့်တိုင်းပြည်အခြေအနေကို အမြဲတမ်း လေ့လာ အကဲခတ်နေပြီးရင် ကိုယ့်တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းပေါ့လေ၊ ကိုယ့်က ဒီမှာ အဆင်ပြေပြီးကြီးပွါးနေတယ်ဆိုရင် ကိုယ်နဲပတ်သက်လို့ ပြည့်စုံရင် အခြားအခြားသော လူ တွေကို ပြည့်စုံအောင်လုပ်ဖို့ တာဝန်ရှိတယ်။ ထို့အတူပဲ၊ နိုင်ငံနဲ့ချီပြီး ဖြစ်လာရင် ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အ၀၀ အကျိုးရှိရာရှိကြောင်းကို မျက်ခြည်မပြတ် လုပ်ကိုင်နေဖို့ တာ ၀န်လည်းရှိတယ်၊ ဆိုတဲ့ အကြောင်းကို ကျနော် အလေးအနက်ပြောခဲ့တယ်။ တခြားဟာတွေ ပြောတယ်ဆိုရင် တခုခုဖြစ်ခဲ့ရင် ကျနော်တို့က ကယ်နိုင်တာလည်း မဟုတ်တော့၊ ကျနော် က ထိန်းထိန်းသိမ်းသိမ်းနဲ့ တတ်နိုင်သမျှ သူတို့ကို နားလည်လွယ်အောင် သူတို့ စိတ်ထဲခေါင်းထဲဝင်သွားနိုင်အောင် ကျနော်က စကားလုံးကို တတ်နိုင်သမျှ ဆက်စပ်မိအောင် ဒီလိုပဲ ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့လည်းပဲ ငြိမ်းချမ်းရေးရတာနဲ့ တပြိုင်တည်း၊ ပြေပြေလည်လည် ဖြစ်လာရင်လည်းပဲ ကိုယ့်တိုင်းပြည်ထဲ လုပ်စရာရှိတာ အစွမ်းကုန် ၀ိုင်းလုပ်ကြရင် တော့ တနည်းတလမ်း တိုးတက်လာနိုင်မှာပါ။ အဲဒါ ၀ိုင်းပြီးတော့ ကြုံးလုပ်ကြဖို့ အတွက် ကြိုးစားဖို့ လိုတာပါပဲလေ။ ဒါပါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်၊ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ အန်ကယ်၊ မီးပြန်လာပြီလား။

ဦးတင်ဦး။ ။ ခင်ဗျာ၊..မလာသေးဘူး၊ မလာသေးဘူး၊ မီးက အခု ဒီမှာ ပျက်တယ်ဆိုတာ အရင်လို မဟုတ်ဘူးဗျ၊ အရင်တုန်းကဆို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် အတွင်းပြန်လာ တယ်။ အခုလို အချိန်ပျက်ရင် ကျနော်ထင်တယ်၊ ည (၁၁) နာရီလောက်မှ လာတော့မယ်။

ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲနီးတော့ မဲဆွယ်တဲ့အနေနဲ့ လျှပ်စစ်မီးတွေ အပြည့် ပေးနေတယ်ကြားလို့ပါ။ အဲဒီလို မဟုတ်ဘူးလား ခင်ဗျ။

ဦးတင်ဦး။ ။ မဟုတ်ဘူးဗျ၊ အမှန်ကတော့ ဒီလိုအခါမျိုးမှာ ပိုပြီးတော့ တိုင်းပြည်နဲ့ပတ်သက်ပြီး လုပ်လို့ကိုင်လို့ ကောင်းအောင် အကုန်လုံးပြည့်စုံအောင် လုပ်ဖို့တော့ ကောင်း တာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ စင်္ကာပူမှာ အောင်မြင်စွာ မျက်စေ့ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးတော့ အောက်တိုဘာလ(၁၂)ရက်နေ့က ရန်ကုန်မြို့ကို ပြန်ပြီး ရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုက ရေ စီအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက စစ်မှုထမ်းဘ၀မှာ စစ်ရေးတာဝန်တွေနဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က အတွေ့အကြုံနဲ့ အခုတခေါက် အတွေ့အကြုံတွေကို နှိုင်းယှဉ်ပြီးတော့ ပြောကြားသွားတာတွေကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ၊ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/soldier-talk/10_24_10_soldiers_talk031-105620843.html



အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင် နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၁)

By ရော်နီညိမ်း တနင်္ဂနွေ, 17 အောက်တိုဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၃၀)

စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ မျက်စေ့ခွဲစိပ်ကုသမှုခံယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ အောက်တိုဘာလ(၁၂)ရက်နေ့က ရန်ကုန်မြို့ကို ပြန်ပြီး ရောက်ရှိလာခဲ့ပါတယ်။ စစ်မှု ထမ်းဘ၀မှာ စစ်ရေးတာဝန်တွေနဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က စစ်ရေးလေ့ကျင့်မှုနဲ့ဆက်စပ်နေတဲ့ စစ်ရေးနိုင်ငံရေး အတွေ့အကြုံ တွေကို ဦးတင်ဦးက ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ပြောပြထားပြီး ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ အန်ကယ်ဦးတင်ဦး ခင်ဗျာ၊ ကျနော်တို့ ၀မ်းသာပါတယ်။ သတင်းတွေမှာ အန်ကယ်ရဲ့ မျက်စေ့ ဆေးကုသမှုဟာ အပြည့်အ၀ အောင်မြင်ပြီးတော့၊ အန်ကယ်ဟာ အခုဆိုရင် မိတ်ဟောင်း၊ ဆွေဟောင်းတွေက အစ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ပြန်မြင်ရတယ်။ နောက် စင်္ကာပူမှာလည်း ၀ိုင်းဝန်းပြီးတော့ အန်ကယ့်အပေါ်မှာ မေတ္တာ စေတနာနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ထားရှိတဲ့ ဂါရ၀ ကိုလည်း ၀မ်းသာပါတယ် အန်ကယ်။ အခု အန်ကယ်နဲ့ မေးရင်းပြောရင်းနဲ့ပဲ ကျနော် ပြောသွားလိုက်တော့မယ် နော်။

ဦးတင်ဦး ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။

ဦးရော်နီညိမ်း ။ ။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးရဲ့ (၄၁) မျက်နှာစာတမ်းမှာ သူ ရေးသားခဲ့တယ်။ သူလည်း ဂျပန်စစ်လျှော်ကြေး စစ်မစ်ရှင် အဖွဲ့တွေနဲ့ နိုင်ငံခြားခရီး သွားဖူးတာပဲ။ သို့သော်လည်း သူ အကြာကြီး နိုင်ငံခြား မသွားဖြစ်ဘဲနဲ့ မသွားနိုင်ဘဲနဲ့၊ ၁၉၈၈ နီးတော့မှ သူ သွားခွင့်ရလို့ သွားတဲ့အခါမှာ သြစတြေလျကို သွားတာ။ သွားတဲ့အခါမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ရောက်ရုံနဲ့တင် မျက်ရည်ဝဲခဲ့ရတယ်ပေါ့။ သူများ တိုင်းပြည် တိုးတက်ကြီးပွားနေတာကြည့်ပြီးတော့ သူက အဲဒီလို ခံစားခဲ့ရဖူးပါတယ် ဆိုပြီးတော့ သူ ရေးသွားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှ သူ့ရဲ့နိုင်ငံရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်တာက တပိုင်းပေါ့ နော်။ တလောလေးကပဲ “နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေး ကော်မတီ” အဖွဲ့ဝင် အဖြစ်ကနေ အနားယူသွားတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်ကလည်း သူရေးခဲ့တဲ့ စာအုပ်ထွက်လာတဲ့ အခါမှာ၊ သူလည်း တပ်မှူးငယ်ဘ၀မှာ အမေရိကားကို သွားပြီး သင်တန်းတက်တဲ့အခါကျတော့ သူ့စိတ်ထဲမှာ ဒွန်မောင်းလေဆိပ် ကိုရောက်တဲ့အခါ မှာ ထိုင်းနိုင်ငံက ဒွန်မောင်း လေဆိပ်ဟာ ငါတို့ ရန်ကုန်က မင်္ဂလာဒုံလေဆိပ်လောက်တောင် မသားနားဘူး၊ ဒို့က သာတယ် ဆိုတာမျိုး သူခံစားမိတဲ့ အကြောင်း သူရေးခဲ့တယ်ပေါ့။ ဒီလိုဆိုတော့ အန်ကယ်ရော စင်္ကာပူလေဆိပ်ကို စရောက်ပြီး စင်္ကာပူနိုင်ငံကို မြင်လိုက်တဲ့အခါမှာ အန်ကယ် စတင်ပြီး ဘယ်လိုခံစားရပါသလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ ဘယ်လိုခံစားရသလဲဆိုတော့ MRTV တို့ ဘာတို့မှာ တလောတုန်းက လေယဉ်ကွင်းကြီး ပြီးသွားတာကို ခမ်းနားကြီးကျယ်ပုံတွေ၊ လုပ်ငန်းတွေ ဘယ်လို အထွေ ထွေ များပုံတွေ၊ ဆန်းကျယ်ပုံတွေ စသည်ဖြင့် သီချင်းဆိုပြီး ပြတော၊့ ကျနော်တို့ကလည်း ဒီမှာ အပြင်လည်း မရောက်တော့ကာ၊ ဒီမှာ ရှိနေတဲ့ ထပ်မံပြီး မွမ်းမံချယ်သထားတဲ့ မင်္ဂလာ ဒုံလေဆိပ်ကြီးဟာ တော်တော်ပဲ ကြီးကျယ်ခမ်းနားပြီးတော့ ဖြစ်နေပါပြီလား ဆိုပြီးတော့၊ ဪ ဒါ ပြည်သူပြည်သားတွေအတွက် သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကိုင်ပေးလိုက် တာပဲ၊ တောတော်ကြီးက်ျပါလားလို့ ထင်လိုက်တာပေါ့ ဗျာ။ ကိုယ်ကလည်း မတွေ့ဖူးပဲကိုး။ ဒါနဲ့ သွားရင်းနဲ့ပဲ ချန်ဂိ (Changi) လေဆိပ်ကို ဆင်းလိုက်တာနဲ့ တပြိုင်တည်းပဲ၊ ချန်ဂိလေ ဆိပ်ဟာ ကျနော်တို့ မင်္ဂလာဒုံမှာရှိတဲ့လေဆိပ်နဲ့က အပြတ်ကွာသွားတာပေါ့ဗျာ။ ကျနော် ဟိုး စစ်အတွင်းတုန်းက တပ်မှူးငယ်ဘ၀နဲ့ ဒီ ချန်ဂိလေဆိပ်ကို ဆင်းဖူးတယ် ခင်ဗျ။ ချန်ဂိလေ ဆိပ်ဟာ အဲဒီတုန်းကတော့ တောလေဆိပ်လို ပါပဲ။ ဒီလောက် မကြီးဘူး မကျယ်ဘူး ခင်ဗျ။ နောက်တခေါက် ဆင်းတုန်းကလည်း၊ အဲဒီအခါ ကျနော် တပ်ရင်းမှူးအနေနဲ့ သွားတဲ့အခါကျ တော့ ချန်ဂိလေဆိပ်ဟ အလတ်တန်းစားလောက်ပဲ။ နောက်ဆုံးတခါ ဆင်းတော့ ကျနော် ဒုကာကွယ်ရေးဦးစီးချုပ်ဘ၀နဲ့ ဒုဝန်ကြီးပေါ့ ဗျာ။

ဦးရော်နီညိမ်း ။ ။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အနေနဲ့ သွားတာပေါ့ နော်။

ဦးတင်ဦး ။ ။ ဟုတ်ကဲ့ ဒုဝန်ကြီး ဘ၀နဲ့ on transit ပေါ့ဗျာ၊ ကျနော်က ပထမဦးဆုံး ကွာလာလမ်ပူ (Kuala Lumpur) ကနေ ဆာရာဝက် (Sarawak) သွားတယ်။ ဆာရာဝက်က အပြန်မှာ ချန်ဂိမှာ ဆင်းတာပေါ့။

ဦးရော်နီညိမ်း ။ ။ သြော် မလေးရှားက အပြန်ပေါ့။

ဦးတင်ဦး ။ ။ ကျနော် ကျောင်းတက်ခဲ့တဲ့နေရာ Bokujima ကျောင်းတောင်မှ မရှိတော့ဘူး။ အဲဒီနေရာမှာ တိုက်တွေ ဘာတွေ ဖြစ်နေပြီ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ အန်ကယ် ဘယ်လိုခံစားရပါသလဲ ခင်ဗျ။ အရင်တုန်းက ကိုယ်ကသာ နေရာ ကနေ အခု သူများက ကိုယ့်ထက် အပြတ်သာသွားတာကို။

ဦးတင်ဦး ။ ။ အရင်တုန်းက ကျနော်တို့က သာနေတယ် ခံစားရတာကိုး။ အခုတော့ …….။ ပြောနေရင်း ဗျာ၊ ဦးရော်နီညိမ်း ရေ။ အခု ခင်ဗျားနဲ့ ကျနော် ပြောနေရင်း မီးပြတ်သွားလို့ မီးငြိမ်းသွားပြီး ဗျ။ မှောင်သွားပြီ။ အဲဒီတော့ ကိစ္စ မရှိဘူး၊ အမှောင်ထဲမှာ ပဲ။ အမှောင်ထဲမှာ စမ်းပြီး ပြောကြတာပေါ့။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ချုပ်အောင်ကြီးကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်တိုင်းပြည်ဟာ အရမ်းကို ခေတ်နောက်ကျသွားတယ်လို့ သူ့ စိတ်ထဲမှာ ခံစားရတဲ့သဘောမျိုး ရေးထားပါတယ်။ အန်ကယ်ကော နိုင်ငံရေးအရ အခု ဘယ်လိုခံစားရပါသလဲ။

ဦးတင်ဦး ။ ။ အဲဒီလိုပဲ ခံစားရတာပေါ့။ တော်တော့်ကို နောက်ကျသွားတယ်လို့ ခံစားရတာပေါ့။ နောက်ကျတယ် ဆိုတာက ဒီလိုလေ။ ကျနော့်တို့ မြန်မာနိုင်ငံမှာ တချိန်တုန်းက ပညာရေးဌာနနဲ့ပတ်သက်ပြီးတော့ အကြီးအကဲလုပ်သွားခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တယောက်က ကုလသမဂ္ဂကိုသွားပြီး ပညာရေးဌာနမှာ ၀န်ထမ်းကောင်းတစ်ယောက်အဖြစ်နဲ့ တာဝန် ထမ်း ဆောင်ခဲ့ပြီး အခုတော့ အငြိမ်းစား ယူသွားပြီ။ နံမည်တော့ မပြောတော့ပါဘူး။ သူက ကျနော်နဲ့ အင်မတန် ခင်မင်ပါတယ်။ အခု ဒီရောက်တော့ သူ့ကို ကျနော်လှမ်းပြီး ဆက်သွယ်လိုက် တော့ ကျနော်တို့ စကားပြောဖြစ်တဲ့အခါ၊ ကျနော်က စင်္ကာပူနဲ့ ကျနော်တို့ နိုင်ငံနဲ့ဟာ တော်တော်လေးကို ကွာခြားသွားပြီ နှစ်(၅၀)လောက် နောက်ကျသွားပြီလို့ ပြောတော့ အဲဒီ ပညာရှင်ကြီးက ပြန်ပြောပါတယ်။ သူက မဟုတ်ဘူးတဲ့။ နှစ်(၁၀၀) လောက်တောင် နောက်ကျ သွားပြီ တဲ့။ သေချာကြည့်ပါ တဲ့။ အားလုံး နှစ်(၁၀၀)လောက် နောက်ကျသွားတယ်တဲ့။ အစစအရာရာပေါ့ လေ။ သူက အဲဒီ လို နောက်ကျသွားပြီလို့ ပြောတာပါပဲ။

ဦးရော်နီညိမ်း ။ ။ သူတို့က ၁၉၆၅ ခုနှစ်ကမှ လွတ်လပ်ရေးရတာ။ ကျနော်တို့ထက် အများကြီး နောက်ကျတယ်။ (၁၇)နှစ်လောက် နောက်ကျတယ်။ နောက် သူတို့ စင်္ကာပူမြို့ကြီး ရဲ့ စည်ပင်သာယာရေး ဆိုရင်၊ ဒါကို ဘယ်လိုလုပ်ရမလဲ ဆိုပြီးတော့ ရန်ကုန်မြို့မှာ လာပြီး လေ့လာခဲ့ရတဲ့ ဘ၀။ အဲဒီလိုမျိုးကနေမှ အခု ဒီလောက် အနေအထား ဖြစ်သွားတဲ့အပေါ်မှာ အန်ကယ် ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုမျိုး ပြန်ဖြစ်စေချင်သလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒီလိုမေးတော့ ကျနော်ပြောရဦးမယ်။ ကျနော်က ဗိုလ်ချုပ်အောင်ဆန်းကို အများကြီး ကျေးဇူးတင်တယ်။ ကျနော်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသားခေါင်း ဆောင်ကြီး၊ တပ်မတော်ဖခင်ကြီးပေါ့ဗျာ။ အင်မတန်မှကို သူ့ ဂုဏ်ကျေးဇူးက ကြီးမားပါတယ် ခင်ဗျ။ ကျနော်တို့ commission (စစ်အရာရှိအဖြစ် စတင် ခန့်အပ်ခံရခြင်း) ရတော့၊ ကျနော်တို့ဟာ British Subject Commission (ဗြိတိသျှစစ်အရာရှိ အဖြစ် စတင်ခန့်အပ်ခံရခြင်း) သဘောမျိုးပေါ့ လေ။ ဗြိတိသျှတပ်မတော်မှာရှိတဲ့ အရာရှိဆိုတော့၊ အရာရှိငယ်တွေ အနေနဲ့ ကျနော်တို့ အဲဒီမှာ ကျောင်းသွား တက်ရတာပေါ့။ အဲဒါက ၁၉၄၇ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့နှစ် နောက်ပိုင်းမှာ ကျနော်တို့ ကျောင်းတက်ရတာပေါ့ နော်။

ဦးရော်နီညိမ်း ။ ။ အန်ကယ် ဘယ်နိုင်ငံမှာ သွားတက်တာလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒီမှာ ပေါ့။ စင်္ကာပူပေါ့ ဗျ။ ၁၉၄၇ ခုနှစ်မှာ သွားတက်ရတာ။

ဦးရော်နီညိမ်း ။ ။ အန်ကယ် သွားတဲ့အချိန်တုန်းက မလေးနဲ့ စင်္ကာပူနဲ့က မခွဲရသေးဘူး ပေါ့။

ဦးတင်ဦး ။ ။ မခွဲရသေးဘူး။ လွတ်လပ်ရေး မရသေးဘူး။ ဘာမှ မရသေးဘူး။ ဒီ State Settlement (ဗြိတိသျှ အစိုးရလက်အောက်ခံ) ပဲ။ မလေးယား (Malaya) ပဲ။ British Settlement Malaya (ဗြိတိသျှအစိုးရ လက်အောက်ခံ မလေးယား)ပဲ။ မလေးရှား (Malaysia) တွေ ဘာတွေ မဟုတ်သေးဘူး။ အဲဒီမှာ ဘယ်မှာ တက်ရသလဲဆိုတော့ Royal Army Service Corps (ဗြိတိသျှ ဘုရင့်တပ်မတော် စစ်ဝန်ထမ်းကျောင်း)၊ RASC ဆိုတာက ကျနော်တို့ အရာရှိငယ်တွေကို Regimental Duty (တပ်ရင်းအဆင့် တာဝန်များ) သင် ပေးတဲ့ ကျောင်းပေါ့ဗျာ။ အဲဒီမှာ ကျောင်းတက်တုန်းက ကျနော်တို့ကို သိပ်ပြီးတော့ လေးစားကြတယ်ခင်ဗျ။ ဟိုတုန်းကတော့ သိတဲ့အတိုင်းပဲ၊ တနိုင်ငံနဲ့တနိုင်ငံ သွားကြလာကြ ဆို တော့၊ မြန်မာဆိုတာကို တော်တော်ကို ရိုသေတယ် လေးစားတယ်၊ မြန်မာ commissioned officer တယောက်အနေနဲ့ သူတို့က တော်တော်လေးစားကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကို ကျနော်က အများကြီး ကျေးဇူးတင်တယ် ဆိုတာက အဲဒါကြောင့်။ အဲဒီအချိန်တုန်းက မြန်မာပြည်မှာ အုပ်ချုပ်ရေးပညာနဲ့ ပတ်သက်လို့ သိပ်ပြီးတာ့ မြင့်မားနေတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီမှာ ICS (Indian Commissioned Service) (အိန္ဒိယပဋိဥာဉ်ခံဝန်ထမ်း) လို တော်တော်များများ trained လုပ်ထားတဲ့ အဖွဲ့တွေရှိတော့ သူတို့လာပြီး အုပ်ချုပ်ရေး ပညာသင်ရတဲ့ အကြောင်းတွေလည်း ပြောတယ်ခင်ဗျ။ အထူးသဖြင့် နောက်တခုက CID (Criminal Investigation Department) (မှုခင်းစုံ စမ်းစစ်ဆေးရေးဌာန) ပေါ့။ မှုခင်းစစ် ဆေးတာနဲ့ ပတ်သက်တဲ့ ပညာရပ်ကို သူတို့ ဒီမှာ (မြန်မာနိုင်ငံမှာ) လာပြီး သင်တယ်။ နောက်ပြီးတော့ ရဲအရာရှိသင်တန်းတက်ဖို့ ဆိုပြီးတော့လည်း မန္တလေးက ဆပ်ကျောင်း (ရဲသိပ္ပံ) ၊ ရဲအုပ် ဖြစ်အောင် သင်ပေးတဲ့ကျောင်းမှာ သူတို့တွေ လာပြီး တက်နေကြရတဲ့အချိန်မျိုးမှာ၊ ကျနော်တို့က ဒီက (မြန်မာနိုင်ငံက) လာတာဆိုတော့ သူတို့ တော်တော်လေးစားကြတယ်။ ဒါ တကြိမ်ပေါ့။ နောက်တခါ တပ်ရင်းမှူးဘ၀နဲ့ ကျနော်သွားတဲ့ အချိန်ကျတော့ ဥပမာ မြူနီစီပယ်(စည်ပင်သာယာ) ဌာနပိုင်းက ပုဂ္ဂိုလ်တွေဆိုလည်း အရင်က ဒီဘက်မှာ(မြန်မာနိုင်ငံ မှာ) ပညာလာသင်ပြီး ဟိုမှာ (စင်္ကာပူမှာ) ပြန်ပြီး ဖြန့်ဖြူးသင်ကြားပို့ချပေးတဲ့ သဘောမျိုးလေးတွေ ရှိတယ်။ နောက်ပြီးတော့ ရေနံကိစ္စနဲ့ပတ်သက်လို့လည်း သူတို့ ပြောတာတွေ ရှိ တယ်။ ရေနံကတော့ ဒီမှာ သိပ်အများကြီး ရှိပုံတော့ မပေါ်ဘူး။ သို့သော်လည်း ပညာရပ်နဲ့ပတ်သက်လို့ ချောက်မှာလည်း သင်ဖူးတယ် တဲ့။ ဓနိတောက ဘီအိုစီမှာလည်း သင်ဖူး တယ်တဲ့။ အဲဒီတော့ ဟိုတုန်းက ပညာက ဟိုက ဒီကို လာသင်ကြတာ၊ အခုကျတော့ ဒီလို မဟုတ်တော့ဘူး။ ကျနော်တို့က အကုန် ကျကျန်ရစ်ခဲ့ပြီး၊ အဲဒီလို ဖြစ်ကုန်တာပဲ။

ဦးတင်ဦး ။ ။ တနည်းအားဖြင့် ပြောရရင်တော့လည်း ဗျာ၊ လွတ်လပ်ရေးရပြီးစ အချိန်မှာ ဒီမှာက insurrection (ပုန်ကန်ထကြွမှု) ဖြစ်တာကိုး။ သူတို့ဆီမှာလည်း insurrection ဖြစ်တာပဲဗျ၊ ဒါပေမယ့် သူတို့ဆီမှာ ဖြစ်တဲ့ insurrection ကို သူတို့ စီမံခန့်ခွဲပြီးတော့ အုပ်ချုပ်ပုံနည်းလမ်းက စနစ် သိပ်ကျသွားတယ်။ ဘယ်လိုလဲဆိုတော့ အဲဒီ ကျနော်တို့ သွားတက် တုန်းက ကျနော်က Tangalli မှာလေ၊ ကျနော်တို့ Far Eastern Land Forces Headquarter (အရှေ့ဖျားဒေသ ဗြိတိသျှမြေပြင်တပ်ဖွဲ့များ ဌာနချုပ်) ခေါ်တာပေါ့လေ။ အဲဒီမှာ ကျနော်တို့က တက်ရတာ၊ Advance Senior Officer Course (အဆင့်မြင့် အရာရှိကြီးများ သင်တန်း) တက်ရတာကိုး၊ တပ်ရင်းမှူးတွေ ဆိုတော့ အဲဒီမှာ တက်ကြရတယ်။ အဲဒီမှာ တက်တုန်းက၊ သူတို့မှာက သောင်းကျန်းမှုရှိပေမယ်လိှု့Singapore itself (စင်္ကာပူ တခုထဲ အနေနဲ့) ကတော့ အေးချမ်းတယ်။ လုံခြုံရေးကတော့ တော်တော်ယူထားတယ်။ ဒါပေမယ့် ဒီ Main Malaya (မလေး ကျွန်းဆွယ်ဒေသ) ပေါ့နော်၊ အဲဒီမှာ သောင်းကျန်းမှုက တော်တော်လေး ဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ သင်တန်းသွား တက်တဲ့ အခါကျတော့ သူတို့ Briggs’s Plan ဆိုတာရှိတယ်။ Strategic Hamlet Policy (ဗျူဟာမြောက်စုစည်းခြင်း) ပေါ့။ Brigadier General Briggs (ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးချုပ် ဘရစ်ဂ်စ်) ဗျ။ General Tembla (ဗိုလ်ချုပ်ကြီး တယ်မ်ဘလာ)က General Brigg ကို တာဝန်ပေးတာက strategic hamlet တွေလုပ်တာပေါ့ဗျာ။ အဓိပ္ပါယ်ကတော့ဗျာ၊ အေးဆေးတဲ့မြို့တွေ မှာ ဘေးနားမှာရှိတဲ့ ရွာတွေကို စုပြီးတော့ အရံအတားနဲ့ ထားပြီးတာ့ အရပ်သူအရပ်သားတွေ ကို identity card (မှတ်ပုံတင်ကဒ်) ထုတ်ပေးပြီးလို့ရှိရင်၊ သူတို့ စားဖို့သောက်ဖို့ provision (ရိက္ခာ) အတွက် ၀ယ်ချင်တယ် ဆိုရင်၊ လုံခြုံရေး အစီအစဉ်နဲ့ သွားဝယ်၊ ပြီးရင် ပြန်လာကြပေါ့လေ၊ (၇) ရက်စာဖြင့် (၇) ရက်စာ၊ (၁၀)ရက်စာ ဖြင့် (၁၀) ရက်စာပေါ့၊ strategic hamlet ဗျူဟာမြောက် ကျေးရွာများပေါ့။ အဲဒါတွေကို တည်ဆောက်တယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီဟာက ကျနော်တို့ဆီမှာ ဟိုဟာနဲ့ သွားမတူဘူးလား ခင်ဗျာ။ ကျနော်တို့ ဆီမှာ မြစ်ဝကျွန်းပေါ် ရှင်းလင်းရေး လုပ်တုန်းက “ဖြတ်(၄)ဖြတ်” နဲ့ နည်းနည်း မတူဘူးလား။

ဦးတင်ဦး ။ ။ အဲဒီလိုမဟုတ်ဘူးဗျ၊ သူတို့က ညက်တယ်၊ ကျနော်တို့ဟာက သိပ်မညက်လှဘူး ခင်ဗျ၊ ကျနော် ကာကွယ်ရေးဦးစီးချုပ်တုန်းက ဒီ ကိစ္စ လုပ်ဖူးပါတယ်။ သိပ်မညက်ဘူး။ မညက်ဘူး။ သူတို့က သိပ်ညက်တယ်။ ကျနော် ပြောပြမယ်။ လူတွေကို ဒီမိုကရေစီနဲ့ ပတ်သက်ပြီး လူသားအမြင်နဲ့ ညက်တာကို ကျနော်ပြောတာပါ။

ဦးတင်ဦး ။ ။ ဘယ်လိုလုပ်သလဲ ဆိုရင် မလေးယားကျွန်းဆွယ်တခုလုံးမှာ အင်မတန် သောင်းကျန်းမှုဖြစ်တဲ့ နေရာတွေမှာ အဲဒီလိုပဲ လုပ်ကြရတယ်။ ပထမတော့ ကျနော်တို့သွား တုန်းက လူတွေက ဆူတယ်ခင်ဗျ၊ ဆူတယ် ဆိုတာက ဒီလို လုပ်တာ မလွတ်လပ်ဘူး၊ တရား မမျှတဘူး၊ သူတို့ လူမျိုးကို နှိမ်တယ်ပေါ့ ဗျာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ လူတွေက သူတို့ဘာသာ သူတို့ သဘောပေါက်သွားပြီးတော့ သိပ်ကြိုက်သွားတယ် ဗျ၊ ဘာကြိုက်သွားလဲ ဆိုတော့ နံပါတ်(၁)က သူတို့ စားဖွယ်သောက်ဖွယ်နဲ့ ပတ်သက်တာ အားလုံးကို သူတို့ အကုန်လုံး စားရတယ်။ ဟိုပေး ဒီပေး (သူပုန်ထနေသော မလေးရှားကွန်မြူနစ်များသို့) လုပ်စရာမလိုတော့ဘူး။ နောက်တစ်ခုက သူတို့ ရတဲ့ လုပ်ခလခတွေ သူတို့ အပြည့်သုံးရတယ်။ ခွဲကြေး ဆက်ကြေး မပေးရတော့ဘူး။ နောက်ပြီးတော့လည်း လုံခြုံနေတော့၊ ဟိုက (သူပုန် ဘက်က) ခေါ်ခိုင်းတဲ့ကိစ္စတွေလည်း သွားပြီး အပိုလုပ်ပေးရတာ မရှိတော့ဘူး။ သူတို့ တော်တော်လေး သဘောကျသွားပြီးတော့၊ သူတို့က ကျေနပ်သွားတော့၊ ပြီးတာနဲ့ တစ်နှစ်တောင် မကြာပါဘူး။ ဘာမှ မကြာပါဘူး။ နောက် တစ်နှစ်လောက်မှာ ဒါ Merdeca (မလေးဘာသာ) လွတ်လပ်ရေး ရသွားတာပါပဲ။ အဲဒါနဲ့ မလေးရှားဟာ ငြိမ်းချမ်းသွားခဲ့တာပဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ ဟိုဟာကော မကွာဘူးလား ခင်ဗျ၊ ဟိုမှာလုပ်သလို ဒီမှာလည်း လုပ်တဲ့အခါ ကျတော့ ဟိုဘက်က သူပုန်ဘက်ကတော့ ရပ်သူရွာသားတွေ ကို ဘာမှ လာပြီး ဒုက္ခပေးလို့ မရတော့ဘူး။ ဒါပေမယ့် ကိုယ့်တပ်က ပြန်ပြီးတော့ အဲဒီ ရပ်သူရွာသားတွေကို ဒုက္ခ ပြန်ပေးနေတာကျတော့၊ အန်ကယ် ဘယ်လိုနှိုင်းယှဉ်ပြီး ပြောမလဲ။

ဦးတင်ဦး ။ ။ အဲဒါက ကျနော်တို့ ဒီမှာလည်းပဲ ဟိုပုံစံတော့ မဟုတ်ဘူးလေ။ ဒီ Briggs’s Plan, Strategic Hamlet ဆိုတာ ကျနော် တပ်ထဲမှာကတည်းက စလုပ်မယ် ဆိုပြီး တော့လည်း နောက်ပိုင်း “ဖြတ်(၄)ဖြတ်” တို့ ဘာတို့ဆိုတာ အဲဒီကနေ လာတာပဲလေ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့လေ။ နောက်ပိုင်းတော့လည်းပဲ အေးဆေးတော့ အေးဆေးသွား တယ်။ လူထုကတော့ အတော်ခံလိုက်ရတာတော့ ဖြစ်သွားခဲ့တာပေါ့လေ။

ဦးရော်နီညိမ်း ။ ။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေး မရခင်မှာ ဗြိတိသျှတွေအုပ်ချုပ်ကွပ်ကဲတဲ့ ဗမာ့တပ်မတော်ရဲ့ တပ်မှူးငယ်တယောက်အနေနဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး စင်္ကာပူနဲ့မလေးရှားကဗြိတိသျှစစ်တပ်မှာ စစ်ဘက်ဆိုင်ရာသင်တန်းတွေ တက်ရောက်ခဲ့စဉ်က အတွေ့အကြုံ၊ တပ်ရင်းမှူးအဆင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) စတဲ့ အဆင့်မြင့်ရာထူးကြီးတွေမှာ ထမ်းဆောင်ခဲ့စဉ် မလေးရှားနဲ့ စင်္ကာပူက အတွေ့အကြုံတွေကို တင်ဆက် ပေးခဲ့တာပါ ခင်ဗျာ။ နောက်သီတင်းပတ် အောက်တိုဘာလ(၂၄)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ” နိုင်ငံရေးပါတီရဲ့ ဒုတိယဥက္ကဌ လူထုခေါင်းဆောင်ဘ၀မှာ မြန်မာနိုင်ငံသားတဦးအနေနဲ့ စင်္ကာပူမှာ သွားရောက် မျက်စေ့ခွဲစိတ်ကုသမှုခံယူစဉ် မတူခြားနားကွဲပြားတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ ပြောစကားတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/soldier-talk/10_17_10_soldiers_talk030-105101094.html

ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ



နိုင်ကွန်းအိန် တနင်္လာ, 25 အောက်တိုဘာ 2010

ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။ မွန်ပြည်နယ် အတွင်းမှာလည်း စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဒီကနေ့မနက်မှာ တိုင်းရင်းသား ၅ဝဝ လောက် ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် အတွင်းမှာလည်း ကရင်လူမျိုး အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ရွာသား ၇ဝဝ ကျော် ဆန္ဒပြခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်အကြား ကျောင်းရွာအနီးမှာ ဒေသခံ တိုင်းရင်းသားတွေ စုပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဒီမနက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးက ပြောပါတယ်။

“တိုက်ပွဲကို ဘာကြောင့် ကျနော်တို့ တိုက်ခဲ့ရသလဲ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ပြည်သူ့တာဝန် ဘယ်လိုရှိတယ်ဆိုတာ ကျနော် ဆွေးနွေး တင်ပြသွားပြီ။ ကျနော်တို့ ဆွေးနွေးတင်ပြတဲ့ အပေါ်မှာ မသိတာရှိလား၊ အားလုံး သဘောပေါက်လား။”

ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်မှာ ရှိတဲ့ ကျေးရွာသား ၅ဝဝ လောက် ဆန္ဒပြခဲ့တယ်လို့လည်း ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းကိုတော့ ဆန္ဒပြ ခေါင်းဆောင်တဦးက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ သံဖြူဇရပ်နဲ့ ရေးရထားလမ်း အနီးအနား တပ်နဲ့ ၂ မိုင်အကွာမှာ ကျနော်တို့ တိုင်းရင်းသား အားလုံးက ဆန္ဒပြတယ်ခင်ဗျာ့။ ကျနော်တို့မှာ လူအင်အား ၅ဝဝ ကျော် ရှိပါတယ်ခင်ဗျာ့။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည် ဖော်ပေးဖို့ရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို မပြုလုပ်ပေးဘဲ တဖက်သတ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရေးဆွဲတယ်၊ အတင်းအဓမ္မ ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုတာရယ်၊ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာကတောင် လက်မခံဘဲ တရားမျှတမှု မရှိတဲ့ နအဖ စစ်အာဏာရှင်တို့ ကျင်းပသွားမယ့် ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့ လူထုအနေနဲ့ ဆန့်ကျင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီကိစ္စကို ဒီနေရာတင် မကဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်ခင်ဗျ။”

ဒီဆန္ဒပြပွဲကို မနက် ၇ နာရီကနေ စတင်ပြီး ၁ဝ နာရီခွဲမှာ ပြီးဆုံးသွားပါတယ်။ အမြန်စု အမြန်ခွဲစနစ်နဲ့ ဆန္ဒပြခဲ့ရတယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ ရေးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁ဝ ရွာကျော်က ရွာသားတွေနဲ့ သံဖြူဇရပ်မြို့နယ်က ကျေးရွာသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒေသခံ ရွာသူတဦးကတော့ ဆန္ဒပြပွဲ တက်ရောက်ခဲ့ခြင်း အကြောင်းကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ ကျမတို့ လူထုရဲ့ ဆန္ဒကတော့၊ ဒီနေ့ ဆန္ဒလာပြရေး အကြောင်းအရင်းက ဒီစစ်အာဏာရှင် ရွေးကောက်ပွဲကို အယုံအကြည် မရှိတဲ့ အတွက်ကြောင့်မို့ စစ်အာဏာရှင်အတွက် သက်ဆိုးရှည်ရေးဖြစ်အောင် လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့က လာရောက်ပြီးတော့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။”

လက်ရှိအချိန်အထိတော့ စစ်အာဏာပိုင်တွေကနေ အရေးယူ ဖမ်းဆီးခြင်း မပြုသေးပေမဲ့ အရေးကြီးတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ လုံခြုံရေးအရ ယာယီ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရရုံးတွေမှာ ဆန္ဒပြတာ မဟုတ်ဘဲ စစ်အာဏာပိုင်တွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသမှာလည်း လူဦးရေ ၇ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“ကြာအင်းဆိပ်ကြီးမှာ ပြီးသွားပြီ။ အဲဒီ ဖာတလယ်ရွာမှာ။ ဖာတလယ်ရွာကျတော့ လူအင်အား ၇ဝဝ၊ ၈ဝဝ လောက်တော့ ရှိတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ ပြီးလို့ရှိရင် သူတို့ နယ်ဘက်မှာ အဲဒါ အပိတ်ခံရတယ်။ အပိတ်ခံရတဲ့ အတွက်ကြောင့် သူတို့က ထပြီးတော့ အော်တယ်။”

ကရင်ပြည်နယ် ၇ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့တာကြောင့် ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့လို့ ဆန္ဒပြခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်းက ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကနေ တတိုင်းပြည်လုံး ပျံ့နှံ့သွားမယ်လို့လည်း အမည်မဖော်လိုသူ ပြည်တွင်း နိုင်ငံရေးသမား တဦးက သုံးသပ်ထားပါတယ်။ ဒီလို ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ပြီး ပြုလုပ်သွားမယ်လို့လည်း ရေးမြို့နယ်မှာရှိတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။
http://www.voanews.com/burmese/news/myanmar-election-protest-yay-105679778.html

ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်



မသင်းသီရိ တနင်္လာ, 25 အောက်တိုဘာ 2010

ရန်ကုန်မြို့က ရွှေတိဂုံဘုရားအနီးနဲ့ ရန်ကုန်ဆေးရုံကြီးနား အပါအ၀င် တခြားနေရာတချို့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားသလို လူစည်ကားရာ ကုန်တိုက်တွေမှာလည်း အရင်ရက်တွေကထက် ပိုပြီး လုံခြုံရေးတွေ ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါဟာ ရွေးကောက်ပွဲရက် နီးလာတာမို့ အခုလို လုံခြုံရေး အခြေအနေတွေ တင်းကျပ်လာတာလို့လည်း ခန့်မှန်းကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်က သမိုင်းအစဉ်အဆက် တော်လှန်ရေး အစဉ်အလာ ရှိခဲ့တဲ့ အထင်ကရ နေရာတွေ၊ လူစည်ကားရာ ကုန်တိုက်လို နေရာတွေမှာ မနေ့လောက်ကစလို့ လုံခြုံရေးတွေကို အတော်လေး တိုးမြှင့်ချထားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပြပါတယ်။

“ရန်ကုန်မြို့မှာ လုံခြုံရေး ထူထူထဲထဲ ချထားတဲ့နေရာက အခု ဆူးလေတ၀ိုက်ရယ်၊ ကျောက်တံတားမြို့နယ်ဘက်ရယ်၊ နောက် ရန်ကုန်ဆေးရုံကြီး အနီးတ၀ိုက်ပေါ့၊ အဲဒီဘက်တွေမှာ။ ရွှေတိဂုံဘုရား တ၀ိုက်ရယ်၊ ဘုရားဝန်းကျင် တောင်ဘက်မုခ်၊ အရှေ့ဘက်မုခ်ဘက်၊ ဗဟန်းဘက်မုခ်ပေါ့၊ အဲဒီဘက်မှာတော့ လက်နက်ကိုင် စစ်သားတွေ အခုချိန်ထိ ရှိနေတုန်းပဲ။

“ကုန်တိုက်တွေမှာတော့ သူတို့ ပုံမှန် စစ်ဆေးနေတဲ့ဟာ ရှိတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ မြေနီကုန်းဘက်မှာကျတော့ ကုန်တိုက်တွေ ရှေ့မှာ လက်နက်ကိုင် စစ်သားတွေရော၊ ရဲတွေရော ရှိတယ်။ အထဲမှာရှိတဲ့ လုံခြုံရေး ၀န်ထမ်းတွေကလည်း ထူးထူးခြားခြားကို ပိုပြီး စစ်တယ်။ အဲဒါကတော့ ဒီဘက် လမ်းမတော် တ၀ိုက်မှာလည်း ပိုပြီးတော့ စစ်ဆေးတာ တွေ့ရတယ်။”

အရင်က လုံထိန်းဝတ်တွေနဲ့လောက်သာ လုံခြုံရေး စောင့်ကြပ်မှုကနေ ဒီရက်တွေအတွင်း စစ်ကားတွေနဲ့ စစ်သားတွေကိုပါ တွေ့ရတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ သတိထားမိတာကတော့ စနေနေ့မှာ ပိုပြီး သိသိသာသာကြီး ပြောင်းလဲလာတာပေါ့။ ညဘက်ကျရင်လည်း လုံခြုံရေးကားတွေ၊ လုံထိန်းကားတွေက မီးရောင်စုံတွေ၊ ၀ါယာလက်တွေ ထွန်းပြီးတော့ ပတ်တာတို့၊ လမ်းတွေမှာ အတားအဆီးတွေ ချတာတို့၊ တွေ့လာရတယ်။

“ခါတိုင်းကတော့ ရဲလုံထိန်းကားတွေ အမြဲတမ်း ပတ်နေတာပေါ့။ တနာရီခွဲ၊ နှစ်နာရီ တစီးလောက်တော့ ပတ်တယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ရဲလုံထိန်းကားတွေလည်း သုံးစီးတွဲ၊ လေးစီးတွဲ ပတ်လာတာ တွေ့ရတယ်။ ပြီးတော့ လက်နက်ကိုင် စစ်သားတွေလည်း နေရာ ခပ်စိတ်စိတ် ချထားတာ တွေ့ရတယ်၊ ငါးယောက်တတွဲ၊ ခြောက်ယောက်တတွဲပေါ့။ အထူးသဖြင့် မြေနီကုန်း တ၀ိုက်မှာပေါ့။”

နောက်တခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နေပြည်တော်ကနေ ရန်ကုန်ကို ရောက်နေပြီး မနေ့ကစလို့ ရန်ကုန်ဆိပ်ကမ်း တိုးချဲ့ရေး အပါအ၀င် အခြားနေရာတွေကို သွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို လုံခြုံရေးတွေ တိုးချထားတာလို့ ပြောကြတာ ရှိပေမဲ့ အများစုကတော့ ၁၀ ရက်သာ လိုတော့တဲ့ ရွေးကောက်ပွဲကြောင့်သာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

“ရန်ကုန်မှာ လုံခြုံရေး တိုးချတာကတော့ အလံအပြောင်းအလဲ လုပ်တာရယ်၊ နိုင်ငံရေးပါတီတွေ မဲဆွယ်နေတာတွေရယ် ဖြစ်နေတဲ့ အခါကြတော့ လူတွေစိတ်ထဲမှာ နိုင်ငံရေးကလည်း အရင်တုန်းကထက် စာရင် ပိုပြီးတော့ နိုးနိုးကြားကြား ရှိနေတဲ့ အချိန်ဆိုတော့ ပိုပြီးတော့ သတိထားပြီး ချထားတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ သတိထားမိတာကတော့ စနေနေ့မှာ ပိုပြီးတော့ သိသိသာသာကြီး ပြောင်းလဲလာတာပေါ့။”

ရန်ကုန်မြို့ခံ လူငယ်တဦးက သူမြင်တွေ့ခဲ့တဲ့ လုံခြုံရေး အခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း ပိုပြီး တွေ့လာရတာမို့ လုံခြုံရေး အခြေအနေတွေဟာ ဒီ့ထက်ပိုပြီး တင်းကျပ်လာမယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။
http://www.voanews.com/burmese/news/security-tide-yangon-105685873.html

အဆုံးမရှိသော ကြားကာလ

ဦးအောင်ခင်
၂၅ အောက်တိုဘာ ၂၀၁၀

အာဏာရှင်စနစ်အောက်မှာ နိုင်ငံရေးလုပ်ခွင့် ပေးလိုက်လို့ ရရှိလာတဲ့အခွင့်အလမ်းလေး အနည်းငယ်ကို အသုံးပြုနိုင်တဲ့အတွက် နောက်ပိုင်းမှာ တဖြည်းဖြည်း အများဆန္ဒလိုက်လျောရတဲ့အဖြစ် ရောက်လာကြပုံကို ပညာရှင်တွေ သုံးသပ်တင်ပြကြတယ်။ အကန့်အသတ်နဲ့ ရွေးကောက်ပွဲကျင်းပပေးပြီး လွှတ်တော်ကို အကန့်အသတ်နဲ့ လုပ်ပိုင်ခွင့်ပေးတာကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိဒါန်းအဖြစ် သတ်မှတ်သူတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီမိုကရေစီကိုမရဘဲ အဆုံးမရှိတဲ့ ကြားကာလမှာ သောင်တင်နေပုံကို ၂၁ ရာစု နိုင်ငံရေး စာပေမှာ အများကြီး တွေ့နိုင်တယ်။ အနှစ်အစိတ် (၁၉၇၅-၂၀၀၀) က အစိုးရပုံစံ (၁၃၅) ခုကို လေ့လာကြည့်တဲ့အခါ ပါတီစုံရွေးကောက်ပွဲကျင်းပတိုင်း အာဏာရှင်စနစ် အခြေယိုင်သွားတာမဟုတ်ကြောင်း တွေ့ရတယ်လို့ Jason Brownlee ဆိုသူ ၂၀၀၄ ဇွန်လက Princeton တက္ကသိုလ်မှာ တင်သွင်းတဲ့ (၂၈၇) မျက်နှာ ပါရဂူဘွဲ့ကျမ်းမှာ ဖော်ပြထားတယ်။

ကျမ်းအမည်က Durable Authoritarianism  in  the Age  of Democracy  ဖြစ်တယ်။ ဒီကျမ်းကိုပဲ ၂၀၀၇ မှာ Cambridge တက္ကသိုလ်ပုံနှိပ်တိုက်က စာအုပ်အဖြစ် ပထမအကြိမ်ထုတ်ဝေတယ်။ စာအုပ်ကို မ၀ယ်ဖြစ်သေးလို့ မူရင်းပါရဂူဘွဲ့ ကျမ်းကိုသာအခြေခံပြီး ရာသက်ပန်ကြားကာလ သဘောကို တင်ပြပါမယ်။ စာအုပ်အမည်မှာ Durable ဆိုတဲ့ စာလုံးသာ မပါတာကြောင့် မူရင်းကျမ်းနဲ့ မကွဲပြားဘူးလို့ ယူဆရတယ်။ အသက် (၃၆) နှစ်သာရှိသေးတဲ့ လူငယ်ပညာရှင်ပဲ။ Austin မြို့ Texas တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခလုပ်နေတယ်။ ၁၉၇၅-၂၀၀၀ ကာလမှာ အာဖရိက (၄၄) နိုင်ငံဟာ အာဏာရှင်စနစ်ဆက်လက်ကျင့်သုံးနိုင်အောင် စီစဉ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာကြောင့် ပုံမှန်ဒီမိုကရေစီမှာလို အစိုးရ ပြောင်းလဲဖို့ အလားအလာမရှိဘူးလို့ ဆိုတယ်။

နိုင်ငံပေါင်း (၁၅၁) နိုင်ငံကို လေ့လာတဲ့အခါမှာ လစ်ဘရယ်ဒီမိုကရေစီ (၃၆) နိုင်ငံ၊ ရွေးကောက်ပွဲဒီမိုကရေစီက (၃၂) နိုင်ငံ၊ ရွေးကောက်ပွဲအာဏာရှင်စနစ်က (၅၈) နိုင်ငံ၊ အာဏာရှင်စနစ်က (၂၅) နိုင်ငံရှိကြောင်း သိရတယ်။ လွန်ခဲ့တဲ့အနှစ် (၃၀) အတွင်းမှာ ပြည်သူ့မဲဆန္ဒကောက်ယူတဲ့ နိုင်ငံရေးလှုပ်ရှားမှု များလာတာကြောင့် ရွေးကောက်ပွဲအာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံက အများဆုံးဖြစ်နေတာပါပဲ။ မဲလိမ်မှု၊ အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှုတွေကို အသုံးပြုပြီး ရွေးကောက်ပွဲမှာ အမြဲတမ်းအနိုင်ရနေအောင် လုပ်တဲ့ နည်းပါပဲ။ ရှုံးရင်လည်းနိုင်ရမယ်လို့ ဗမာစစ်ဗိုလ်တွေ ပြောလေ့ရှိတဲ့ နည်းဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်းပပေမယ့် ဒီမိုကရေစီအသွင်းကူးပြောင်းတဲ့လမ်းကြောင်းကို ရောက်မသွားဘဲ ‘ရွေးကောက်ပွဲအာဏာရှင်’ စနစ်ဆိုတဲ့ ကြားကာလမှာ ရာသက်ပန် သောင်တင်နေပုံကို ဆန်းစစ်ထားတာပါပဲ။

အာဏာရှင်စနစ် သက်ဆိုးရှည်နေတာဟာ ရွေးကောက်ပွဲနဲ့မဆိုင်ဘဲ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ အုပ်ချုပ်ပုံဓလေ့အပေါ်မှာ မူတည်တယ်လို့ ဆိုတယ်။ အာဏာရပါတီက ရွေးကောက်ပွဲကို ချုပ်ကိုင်ပြီး အမြဲတမ်းအာဏာရအောင် လုပ်ပုံကို အီဂျစ်၊ အီရန်၊ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေ ဥပမာပေးထားတယ်။ ရွေးကောက်ပွဲကျင်းပတိုင်း အာဏာလွှဲပေးစရာမလိုဘူးလို့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီရာက ရွေးကောက်ပွဲကြောက်တဲ့ ဗမာစစ်ဗိုလ်တွေကို ပြောဖူးတယ်။ ဖိနှိပ်ချုပ်ချယ်နေတုန်း အကန့်အသတ်နဲ့ ရွေးကောက်ပွဲ ကျင်းပပေးလိုက်တဲ့အတွက် အတိုက်အခံနဲ့အာဏာရအဖွဲ့ဝင် ပူးတွဲလုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်း ပေါ်လာတာကြောင့် အာဏာရှင်စနစ် သက်ဆိုးရှည်သွားတယ်လို့ ဆိုတယ်။

စစ်အေးခေတ်ကုန်ခါစ အာဏာရှင်စနစ်တွေ ကျဆုံးသွားရတဲ့ အကြောင်းရင်းတွေထဲမှာ အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုတွေလည်း ပါဝင်ခဲ့တယ်။ အခုလည်း ဒီလိုဖိအားပေးမှုတွေ ရှိနေပေမယ့် အာဏာရှင်စနစ် သက်ဆိုးရှည်နေတာ တွေ့ရတယ်။ ဟန်ပြ ရွေးကောက်ပွဲ ကျင်းပပေးတဲ့အတွက် အာဏာရအုပ်စုအတွက် နိုင်ငံခြားဆက်ဆံရေးအဆင်ပြေသွားတယ်။ အာဏာရှင်စနစ် တည်မြဲမှုဟာ ပါတီစုံ ရွေးကောက်ပွဲနဲ့မဆိုင်ဘဲ တိုင်းပြည်မှာ ကျင့်သုံးနေတဲ့ အဖွဲ့အစည်းစနစ်တွေနဲ့သာ ဆိုင်တာတွေ့ရတယ်တဲ့။ တပါတီလက်ဝါးကြီးစနစ်ဟာ အားအကောင်းဆုံးဖြစ်နေတာ တွေ့ရတယ်တဲ့။

ရွေးကောက်ပွဲကျင်းပပြီး အာဏာရှင်စနစ် သက်ဆိုးရှည်အောင်လုပ်တဲ့နည်းမှာ ရွေးကောက်ပွဲကို ချုပ်ကိုင်ပုံဟာ အဓိကကျတယ်။ သတင်းမီဒီယာ ခြယ်လှယ်မှု၊ မဲလိမ်မှု၊ မဲဝယ်မှုနဲ့ ခြိမ်းခြောက်မှုတွေ အမြဲတမ်းရှိနေတဲ့ ရွေးကောက်ပွဲတွေပါပဲ။ အစိုးရလုံခြုံရေးတပ်ဖွဲ့က အစိုးရပါတီအနိုင်ရအောင် တိုက်ရိုက်စွက်ဖက်တာမျိုး ရှိသလို စာနယ်ဇင်းရဲ့ပံ့ပိုးမှုနဲ့ အစိုးရရဲ့ ကမကထလုပ်မှုကြောင့် ဆန္ဒမဲကို လွှမ်းမိုးနိုင်တာလည်း ရှိပါတယ်။ ဒီလိုလုပ်နည်းကိုင်နည်း ကွဲပြားပေမယ့် အတိုက်အခံကို နာလန်မထူနိုင်အောင် လုပ်နိုင်ကြတယ်လို့ဆိုတယ်။ အစိုးရအာဏာစက် ထိရောက်တဲ့နေရာတွေမှာ အစိုးရကို ထောက်ခံဖို့ များတာကြောင့် မဲလိမ်စရာမလိုပေမယ့် အစိုးရအရှိန်အ၀ါ နည်းပါးတဲ့ နေရာတွေမှာတော့ အစိုးရပါတီ အနိုင်ရအောင် မဲလိမ်လေ့ရှိတယ်တဲ့။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပပေမယ့် အာဏာရှင်ဓလေ့ကို နိဂုံးမချုပ်နိုင်ဘဲ ဖြစ်နေရတယ်လို့ Jason Brownnee က သုံးသပ်တယ်။

California(LA)  တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ Barbara  Geddes ဟာ ၁၉၈၆ မှာ ပါရဂူဘွဲ့ရသူဆိုတော့ ရွေးကောက်ပွဲကျင်းပပြီး အာဏာရှင်စနစ်ထူထောင်တဲ့အကြောင်း၊ သုတေသနလုပ်လာတာ နှစ်ပေါင်းအတော်ကြာပြီ။ သူကလည်း နိုင်ငံပေါင်း (၁၇၂) နိုင်ငံကိုလေ့လာပြီး အာဏာလက်လွှတ်ရဖို့ အလားအလာမရှိဘဲ ရွေးကောက်ပွဲကျင်းပကြတဲ့ အာဏာရှင်တွေအကြောင်း စာတမ်းတွေ ရေးတယ်။ တနည်းဆိုရင် လူထုဆန့်ကျင်မှုနဲ့ ပြည်ပက ဖိအားပေးမှုဆိုတဲ့ အန္တရာယ်နှစ်ခုကို ရင်မဆိုင်ရဘဲ ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အာဏာရှင်တွေအကြောင်း သုတေသနလုပ်ထားတာမို့ မြန်မာ့အခြေအနေနဲ့ နှုန်းယှဉ်လေ့လာနိုင်တယ်။ ဒီရွေးကောက်ပွဲဟာ အစိုးရအပြာင်းအလဲလိုပ်ဖို့မဟုတ်ဘဲ အာဏာရှင်စနစ် တည်မြဲရေးနဲ့ အာဏာရှင် သက်ဆိုးရှည်ရေးအတွက်သာ ကျင်းပတာဖြစ်တယ်။

ပုံမှန်ရွေးကောက်ပွဲကျင်းပတဲ့ အာဏာရှင်တွေဟာ မကျင်းပသူတွေထက် ရေရှည်ခံနိုင်တယ်လို့ ဆိုတယ်။ ပုံမှန်ရွေးကောက်ပွဲကျင်းပတဲ့ တပါတီစနစ် (တရုတ်၊ ဗီယက်နမ်၊ လာအို) နဲ့ တပါတီလက်ဝါးကြီးအုပ်စနစ် (ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ) တွေဟာ စစ်အာဏာရှင်စနစ်ထက် သက်ဆိုးရှည်တာ တွေ့ရတယ်။ ရေရှည်အုပ်စိုးနိုင်ဖို့ ရည်ရွယ်ပြီး အာဏာရှင်တွေက ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ကျင်းပကြတယ်။ ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲကျင်းပတဲ့အတွက် အာဏာရှင်စနစ်ကို တရားဥပဒေအရ တည်ဆောက်လိုက်သလိုဖြစ်သွားတာကြောင့် စစ်အာဏာသိမ်းမယ့်အန္တရာယ်ကို ရင်မဆိုင်ရတော့ဘူးလို့ ဆိုတယ်။ စစ်အာဏာရှင်တွေ အကြောက်ဆုံးဟာ အရပ်သားအတိုက်အခံမဟုတ်ဘဲ စစ်အာဏာသိမ်းမှုဖြစ်တာမို့ စစ်အာဏာမသိမ်းနိုင်အောင် ဥပဒေပြုပြီး အတိုက်အခံပါတီတွေ ပြိုင်ဆိုင်ကြသလို၊ အာဏာရပါတီတွေထဲမှာလည်း ပြိုင်ဆိုင်ခွက်စောင်းခုတ်ကြတာတွေ ရှိတယ်။ ပြိုင်ဆိုင်ခွင့် ပေးလိုက်တာကြောင့် လက်အောက်ခံအရာထမ်းရဲ့ လုပ်ရည်ကိုင်ရည်ကို ခေါင်းဆောင်ပိုင်းက အကဲခတ်ခွင့်ရသွားတယ်။ ခေါင်းဆောင်ဖြစ်ဖို့ အလားအလာရှိမယ့် လူသစ်တွေကိုလည်း ရွေးကောက်ပွဲက မွေးထုတ်နိုင်တယ်။ ထိပ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်တယ်။ အောက်ပိုင်းအမှုထမ်းတွေ အမြဲတမ်းတက်ကြွနေအောင်လည်း ရွေးကောက်ပွဲက ဖန်တီးနိုင်တယ်လို့ ဆိုတယ်။ ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှုမရှိဘူးဆိုရင် အာဏာရပါတီကို အချောင်သမားတွေ လှိမ့်ဝင်လာကြမှာဖြစ်လို့ ပါတီအောက်ခြေပိုင်းမှာ ယိုယွင်းပျက်စီးဖို့သာ ရှိတော့တယ်တဲ့။ ဒါကြောင့် ပြိုင်ဆိုင်မှု အနည်းအကျဉ်းလောက် ခွင့်ပြုတာဖြစ်ကြောင်း Barbara Geddes က သုံးသပ်တယ်။

သူတို့ရဲ့ လေ့လာသုံးသပ်ချက်ကိုကြည့်ရင် ကြပ်ပြေးသန်းရွှေတို့အုပ်စုဟာ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုကို ဘာကြောင့် ကဏ္ဍကောစလုပ်ပြီး မဆုံးနိုင်တဲ့ကြားကာလ တည်ဆောက်နေတယ်ဆိုတာ သိသာတယ်။ ‘ငါ့လိုလူမျိုးအများကြီးဟေ့’ ဆိုတာ ကြပ်ပြေးရဲ့ ကြွေးကြော်သံပါပဲ။ ကြပ်ပြေးအုပ်စုဟာ နှစ်ပေါင်းအတော်ကြာ အချိန်ယူလေ့လာပြီးမှ လက်တွေ့လုပ်ဖို့ စီစဉ်တာ ဖြစ်ပုံရတယ်။ လူထုဆန္ဒကောက်ယူပွဲနဲ့ ပြိုင်ဆိုင်မှု အနည်းအကျဉ်းရှိတဲ့ ရွေးကောက်ပွဲဟာ ကွဲပြားတယ်။ ပြိုင်ဆိုင်မှုရှိတော့ စိုးရိမ်စရာလေးတွေလည်း ရှိတာပေါ့။ လာမယ့် ရွေးကောက်ပွဲဟာ ကြပ်ပြေးအပ်စု တွက်သလို ဖြစ်လာရင် ရွေးကောက်ပွဲကို ကြောက်တော့မှာမဟတ်ုဘူး။ အာဏာရှင်နဲ့ ရွေးကောက်ပွဲတွေအကြောင်း လေ့လာထားတဲ့ နိုင်ငံရေးစာပေ အများပြားရှိတယ်။ ဒီစာပေတွေကို မြန်မာလူငယ်တွေ လေ့လာပြီး မြန်မာလိုရေးကြမယ်ဆိုရင် မြန်မာပြည်သူပြည်သားတွေကို ကူညီရာရောက်ပါတယ်ခင်ဗျာ။ ။
http://www.khitpyaing.org/index.php?route=detail&id=5094

မြန်မာ့အပြောင်းအလဲ ရှုပ်ထွေးမှုကို အမတြာဆန် တင်ပြ

ဂျိုးဆက်ဖ် ဘော (Joseph Ball) |

တနင်္လာနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၁၂ မိနစ်
မဇ္ဈိမသတင်းဌာန။ ။ လက်ရှိမြန်မာ့လူမှုအဖွဲ့အစည်းနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံသား စီးပွားရေးနိုဘယ်ဆုရှင် အမတြာဆန် Amartya Sen က အရှေ့တောင်အာရှ နိုင်ငံများအနက် အကျပ်တည်းဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံကို မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲနိုင်မည်ကို သုံးသပ်ပြောဆိုသည်။

ကလေးဘ၀က မြန်မာပြည်တွင် နေခဲ့ဖူးသည့် အိန္ဒိယနွယ်ဖွား ဟားဗတ်တက္ကသိုလ် ပါမောက္ခက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်ရှိ "အရပ်ဘက် အုပ်ချုပ်ရေးစနစ်သို့ ပြန်သွားခြင်း၊ ရွေးကောက်ပွဲအပြီး မြန်မာပြည် ဒီမိုကရေစီနှင့် အခွင့်အရေး အလားအလာများ" ညီလာခံ၌ သုံးသပ်ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံသစ်ဟာ တကယ်တော့ မြန်မာနိုင်ငံဟောင်းရဲ့ ငရဲတွင်းပါပဲ"၊ "ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံဟာ ကျပြီးရင်း ကျနေတာပဲ ရှိတယ်" ဟု ဆန်က စကားတန်ဆာဆင်ကာ ပြောခဲ့သော်လည်း အလွယ်ချုပ်ရလျှင် သူ့မိန့်ခွန်းက လက်ရှိအစိုးရ ယုတ်မာသမျှကို လှပစွာ သုံးသပ်ပြခြင်းသာ ဖြစ်သည်။

မည်သို့ဖြစ်စေ၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်၌ ဒီမိုကရေစီ ပိုမိုထွန်းကားလာစေရေးဟု တောင်းဆိုနေသော်လည်း ဆန်၏ မိန့်ခွန်းက မြန်မာနိုင်ငံတွင် အဓိပ္ပာယ်ရှိသည့် ပြုပြင်ပြောင်းလဲရေးများ ဖြစ်လာစေရေး ဆောင်ရွက်နေသည့် လက်ရှိ ကျင့်သုံးနေသော မဟာဗျူဟာများထဲက ရှုပ်ထွေးနက်နဲလှသည့် ပြဿနာ စိန်ခေါ်ချက်များကို ထောက်ပြခဲ့သည်။

သို့သော် နိုဘယ်ဆုရှင်က ယခုရွေးကောက်ပွဲမှ မည်သည့်အပြောင်းအလဲမျှ ပေါ်လာမည်မဟုတ်ဟု မျှော်လင့်ထားသည်။ "ရွေးကောက်ပွဲ နောက်ပိုင်းမှာ အပြောင်းအလဲတွေ ပေါ်လာမယ်လို့ မျှော်လင့်နေတာဟာ ကျိုးကြောင်းဆီလျော်တဲ့ ဆင်ခြင်မှုနဲ့ လုံးဝလွဲသွေနေပါတယ်" ဟု ဆန်က ဆိုခဲ့သည်။

ဆန်က ရွေးကောက်ပွဲသည် နိုင်ငံတကာ မိသားစုအတွက် ဖန်တီးထားခြင်းသာဖြစ်ပြီး စစ်အစိုးရအနေနှင့် ၎င်းနိုင်ငံသား ပြည်သူတို့၏ အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်လိုသည့် ဆန္ဒကို မတွေ့ခဲ့ရ၊ ပြည်တွင်းမှလည်း ၎င်းကို ပြင်းထန်စွာ ခြိမ်းခြောက်ဖိအားပေးနေမှုများ မရှိဟု ပြောသည်။

ထို့အပြင် သူက သတိပေးပြောဆိုရာ၌ "မြန်မာအစိုးရဘက်က အမြင်နဲ့ မကြည့်ရင် အကြီးအကျယ် မှားလိမ့်မယ်။ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာကို သူတို့ရှုထောင့်က ကြည့်မြင်ထားတာ ရှိပါတယ်။ သူတို့ (မြန်မာစစ်အစိုးရ) က ကျိုးကြောင်းဆီလျော်အောင် စဉ်းစားသူတွေတော့ မဟုတ်ဘူး" ဟု ပြောသည်။

ဤသို့ဖြင့် နိုင်ငံတကာ မိသားစုဘက်က မြန်မာအုပ်ချုပ်သူများ၏ စိတ်နေသဘောထားကို နားလည်သဘောပေါက်မှု၌ ကွာဟချက်များ ရှိနေသည်ဟု ဆိုသည်။ သူတို့ဘက်ကလည်း မြန်မာပြည်သူများ လိုအပ်ချက်နှင့် ပတ်သက်၍ ကွဲပြားဆန့်ကျင်သည့် သုံးသပ်ချက်များ ရှိနိုင်ကြောင်း ပြောသည်။

အိန္ဒိယက မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ကျင့်ဝတ်ဆိုင်ရာ ရပ်တည်၍ ဝေဖန်ပြောဆိုမှုများ မလုပ်လိုခြင်းကိုလည်း ဆန်က ၀မ်းနည်းကြေကွဲစွာ ဝေဖန်သည်ကိုလည်း စိတ်ဝင်စားဖွယ် ကြားခဲ့ရသည်။ တခါတရံ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်တရားဆိုသည်ကလည်း ၎င်းကိုအကြောင်းပြ၍ စေ့စပ်ညှိနှိုင်းမှုများ လုပ်ရန်သော်လည်းကောင်း၊ သို့မဟုတ် အခြား ကွဲပြားသော အဓိပ္ပာယ်ဖွင့်မှုများ ပြုရန်သော်လည်းကောင်း ဖြစ်စေတတ်သည်ဟု ဆိုသည်။

သို့သော် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်က အိန္ဒိယအနေနှင့် နိုင်ငံရေးကျင့်ဝတ်ပိုင်းဆိုင်ရာကို ပြောခဲ့သော်လည်း အာဏာစက်မဲ့နေကာ၊ ယခုအခါ ဤသို့ ဆောင်ရွက်ပြောဆိုမှုများ မရှိတော့ကြောင်းနှင့် အကြောင်းမှာ အိန္ဒိယအနေနှင့် နိုင်ငံတကာတွင် သြဇာသက်ရောက်မှု စိုးစဉ်းမျှသာ ရှိတော့သည့်အတွက်ဖြစ်ကြောင်း သူက ပြောဆိုသည်။

ယခုတိုင် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်ကဲ့သို့ အစိုးရများက ရံဖန်ရံခါ မြန်မာနိုင်ငံကိစ္စနှင့် ရင်ဆိုင်လာရလျှင် အရှုံးခံ၍ ကျင့်ဝတ်ပိုင်းဆိုင်ရာ အခြေခံများမှ ရပ်တည်ပြောဆိုနေကြသေးသည်။ သို့သော် ၎င်းတို့မှာ အိန္ဒိယနှင့်စာလျှင် နိုင်ငံတကာ သြဇာသက်ရောက်မှု များစွာ တာသွားကြောင်း ဆိုသည်။ ဤကိစ္စက ပြဆိုနေသည်က ကျင့်ဝတ်ဆိုင်ရာကိစ္စများသည် အမျိုးသားအကျိုးစီးပွားကို ထိရောက်စွာ အစားမထိုးနိုင်သည့် ကိစ္စဖြစ်နေသည် ဆိုသည်။ ဤအတွက်ကြောင့် နိုင်ငံတကာအနေနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ပို၍ ရလဒ်သိသာနိုင်သည့် အမျိုးသား အကျိုးစီးပွားနှင့် မည်သို့ ပေါင်းစပ်နိုင်သနည်းဟု သူက မေးခွန်းထုတ်လိုပုံရသည်။

..အာဏာရှင်စနစ်အလွန် မြန်မာနိုင်ငံကို မည်သို့မည်ပုံ တည်ဆောက်ကြမည်ကို အနှစ်အသားပါပါ စတင်ဆွေးနွေးကြရန်ပင် ဖြစ်သည်။ လက်ရှိနိုင်ငံရေးစနစ်အတွင်း နစ်နာနေရသည့် ပြည်သူများပါ ပါဝင်ဆွေးနွေးစေရန် ဖြစ်သည်။
နယူးဒေလီ၏ မြန်မာနိုင်ငံ မူဝါဒမှာ ဆန်၏ စကားနှင့် ဆိုရလျှင် "နှလုံးကြေကွဲစေပါသည်”။ အိန္ဒိယမူဝါဒ ချမှတ်သူများ၏ တွက်ချက်မှုများတွင် ပြည်တွင်းမှ အရေးပါသည့် အသံများကို ထည့်တွက်တုံ့ပြန်ရန် လိုသည်ဟု သူကမြင်ပြီး "တရုတ်ကို တုပ၍ အိန္ဒိယကို တစိတ်တပိုင်း ပြန်ဖန်တီးခြင်း" မျိုး ရှောင်သင့်သည်ဟု ပြောသည်။

အိန္ဒိယနှင့် အခြားဒေသတွင်း နိုင်ငံများ၏ မူဝါဒအပြင် တရုတ်၏ မြန်မာပြည် မူဝါဒကို ဝေဖန်ပြောဆိုရာ၌ ဆန်က ဘေဂျင်းအစိုးရ၏ သူ့နိုင်ငံသားများ သာယာဝပြောမှုနှင့် အသက်မွေးဝမ်းလုပ်ငန်းများ တိုးတက်လာစေရေး ရည်သန်လုပ်ဆောင်နေမှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ နိဂုံးချုပ်အနေနှင့် ယခင် စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု သုံးသပ်သကဲ့သို့ မြန်မာစစ်ဗိုလ်ချုပ်များသည် သဘာဝ သယံဇာတရင်းမြစ် ကြွယ်ဝသည့် နိုင်ငံကို အုပ်ချုပ်ရန် အခြေခံ အရည်အချင်း မရှိကြောင်း ဆိုခဲ့ပြန်သည်။ သို့သော် ပေးလိုသည့် သတင်းစကားက ရှင်းပါသည်။ ရွေးကောက်ပွဲ နိုင်ငံရေးဆိုသည်မှာ အုပ်ချုပ်ရေးနှင့် တရားဝင် အုပ်စိုးခွင့် ရရှိရေး၏ တပိုင်းတကဏ္ဍသာ ဖြစ်သည်ဟု ဆိုခဲ့သည်။

နိုဘယ်ဆုရှင်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်နေကြသော နိုင်ငံတကာ မဟာဗျူဟာများကို သုံးသပ်ထားခြင်းသာ အများဆုံးပါသည်။ ဤလူသိရှင်ကြား သုံးသပ်မှု၌ ဆန်က မြန်မာနိုင်ငံတွင်း ဆိုးရွားနေသော အခြေအနေများနှင့် ပတ်သက်၍ အကောင်းမြင်မှု စိုးစဉ်းမျှသာ ဖော်ပြခဲ့သည်။ ရွေးကောက်ပွဲပြီး ဖြစ်ပေါ်လာမည့် အပြောင်းအလဲများ အပေါ်တွင်လည်း သူက နှုတ်ဆိတ်၍သာ နေခဲ့သည်။ "မြန်မာစစ်ခေါင်းဆောင်တွေက နားပူရင် ပူပါစေ၊ လုပ်ချင်တာ လုပ်ရပြီးရောသမားတွေ" ဟု သုံးသပ်ခဲ့သေးသည်။

လိုအပ်ချက်အဖြစ် ဆန်ထောက်ပြသည်က ပေါင်းစည်းချိတ်ဆက်နေသည့် လှုပ်ရှားမှုတခု ပေါ်ပေါက်လာစေရေးနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပို၍ သိမြင်လာစေရေး ဖြစ်သည်။ သို့မှသာ အင်အားစုအားလုံးအပေါ် သက်ရောက်မှု ရှိလာမည်ဟု ပြောသည်။

နိုင်ငံတကာ မိသားစုက သုံးနိုင်သည့် အရံသင့် လက်နက်များမှာ လက်နက်ပိတ်ဆို့ရေး၊ ဘဏ္ဍာငွေကြေး ပိတ်ဆို့ရေးနှင့် ခရီးသွားလာခွင့် ပိတ်ပင်ရေးဟု ထောက်ပြသည်။ သို့သော် ပေါင်းစည်းချိတ်ဆက်မှု ရှိသည့် လှုပ်ရှားမှု ဖြစ်လာစေရေးနှင့် ပတ်သက်၍ ကွဲလွဲချက် ရှိနေပြန်သည်။ ဤချိတ်ဆက်လှုပ်ရှားမှုဆိုသည်မှာ စမ်းသပ်ပြီးသား (ကျရှုံးပြီးသား) မဟာဗျူဟာတခု ဖြစ်နေပြီး၊ ကမ္ဘာနှင့်ချီပြီး သိသာစွာ ပြောင်းသွားမှသာ အကျိုးရလဒ် မြင်ရနိုင်သည့် ကိစ္စလည်း ဖြစ်နေသည်။

သို့သော် သူ့သုံးသပ်ချက်က အတိုက်အခံများ အခိုင်အမာ ကိုင်စွဲထားသည့် ရပ်တည်ချက်ကို စိန်ခေါ်ဝေဖန်ခဲ့သည်။ အမှန်တကယ် ကမ္ဘာတခုလုံး ချိတ်ဆက်ဆောင်ရွက်မည့် မူဝါဒတရပ် ဖန်တီးရေးဆိုလျှင် ဥပမာ တရုတ်နိုင်ငံကို လူဆိုးသဖွယ် သရုပ်ဖော်နေခြင်းကို နီးကပ်စွာ ဆက်ဆံရေးဖြင့် အစားထိုးရလိမ့်မည်။ စာနာနားလည်မှုနှင့် ဆက်ဆံရမည်ဟု ဆိုခဲ့သည်။

မိန့်ခွန်းတွင် အလွယ်တကူ အကောင်အထည်ဖော်နိုင်သည့်ကိစ္စအဖြစ် အကြံပေးထားသည်က အာဏာရှင်စနစ်အလွန် မြန်မာနိုင်ငံကို မည်သို့မည်ပုံ တည်ဆောက်ကြမည်ကို အနှစ်အသားပါပါ စတင်ဆွေးနွေးကြရန်ပင် ဖြစ်သည်။ လက်ရှိနိုင်ငံရေးစနစ်အတွင်း နစ်နာနေရသည့် ပြည်သူများပါ ပါဝင်ဆွေးနွေးစေရန် ဖြစ်သည်။

မြန်မာ့လူမှုအသိုင်းအ၀ိုင်းကို ချုပ်ကိုင်ထားသည့် ရောဂါဆိုးကြီးနှင့် ပတ်သက်၍ ဆန်၏ ရောဂါစစ်တမ်းက တိကျမှန်ကန်ချင်မှ မှန်ကန်ပါလိမ့်မည်။ ထို့အပြင် မြန်မာနိုင်ငံ ရောဂါ၏ ဖြေဆေးအဖြစ် နိုင်ငံတကာ မိသားစုက ဆောင်ရွက်ရန်ဆိုသည့် သူ၏ ပျောက်ဆေး ဖော်နည်းမှာလည်း လက်တွေ့ကျချင်မှ ကျပါလိမ့်မည်။ သို့သော် မေးခွန်းထုတ်စရာ မလိုသည့်ကိစ္စမှာ သူက ရေရှည်မှန်ပြောင်း (အမြင်) ဖြင့် ကြည့်၍ အကဲဖြတ်ရန် တိုက်တွန်းခဲ့ပြီး ရောဂါပေါ် အခြေခံ၍ အောင်မြင်သည့် ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ရန်လည်း နှိုးဆော်ခဲ့သည်။

သို့သော် ဤတိုက်တွန်းချက်မှာ ယနေ့ စစ်အစိုးရအပေါ် တက်ကြွစွာ ထောက်ခံပြောဆိုနေသူများ အောင်ပွဲခံပြီဟု အမြင်လွဲစရာ မရှိသလို ဘာမျှမလုပ်ဘဲ ကျေနပ်လက်ခံလိုက်ရန်ဟု ပြောနေခြင်းလည်း မဟုတ်ပေ။ ဆန်က "ဒီနေ့ စစ်အစိုးရ လူသတ်သမားတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသူတွေကို နက်ဖြန်မှာ ဒီနေ့တစ္ဆေက ပြန်ခြောက်လှန့်နေလိမ့်မယ်" ဟု အစိုးရနှင့် လူပုဂ္ဂိုလ်များကို နိမိတ်ဖတ်ထားသေးသည်။

အမတြာဆန်မှာ မြန်မာစစ်အစိုးရကို ဆန့်ကျင်နေသူများအတွက် မိတ်ဆွေကောင်းတဦး၊ မဟာမိတ်ပြုရမည့်သူ ဆိုသည်က မေးခွန်းထုတ်ဖွယ် မရှိပါ။ သို့သော် သူ့တင်ပြချက်များကို နိုင်ငံရေးအတိုက်အခံများနှင့် ၎င်းတို့၏ နိုင်ငံတကာ ထောက်ခံသူများက သူတို့ရပ်တည်ချက် မှန်ကန်ကြောင်း ပြစရာ အခွင့်ကောင်းဟု ယူဆလျှင်ဖြင့် မှားပါလိမ့်မည်။

ဆန်က အတိုက်အခံ အင်အားစုများအတွင်း၌ အညံ့ခံသည့် စကားလုံးများကို ပယ်ရှားကြရန်နှင့် အောင်ပွဲခံနိုင်မည့် ပြောဆိုချက်များ သုံးစွဲကြရန် တလုံးတလေမျှ မပြောခဲ့သော်လည်း လက်ရှိအခြေအနေကို သေချာစွာ ဆန်းစစ်ရန် လိုကြောင်းနှင့် လက်တွေ့ကျသည့် အကဲဖြတ်ချက်များကိုသာ အမှန်အကောင်အထည်ဖော်နိုင်မည်၊ မြန်မာနိုင်ငံအတွက် အပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း တိုက်တွန်းဝေဖန်ခဲ့သည်။

(Amartya Sen speaks to complexities of change in Burma ကို ဆီလျော်အောင် ပြန်ဆိုသည်။)
http://www.mizzimaburmese.com/edop/songpa/6329-2010-10-25-07-46-27.html

ရွေးကောက်ပွဲနှင့် သမိုင်းတရားခံ


ဗမာကြီး Monday, October 25, 2010 သူ့အတွေး သူ့အမြင်
အနှစ် ၂၀ အတွင်း တကြိမ်မှ မကျင်းပခဲ့ဘူးသော ရွေးကောက်ပွဲရက်မှာ နီးကပ်လာနေပါပြီ။ တာဝန်မဲ့ နေလာခဲ့သော စစ်အစိုးရ အဖို့ ရွေးကောက်ပွဲ မကျင်းပခဲ့ခြင်းကို တာဝန်ပျက်ကွက်မှုတခုဟု ယူဆဟန်မရှိပါ။

ယနေ့ ပြည်သူလူထုအများစု လက်ခံနားလည်ထားကြသည်မှာ ရပ်တည်ချက်မှန်ကန်သော ပါတီများသည် လွှတ်တော်တွင် နေရာအများစုမရနိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဝင်ပြိုင်ခဲ့လျှင်လည်း ပြည်သူအများစုက မဲပေးခဲ့လျှင်ပင် အနိုင် ပေးမည်မဟုတ်၊ အာဏာကို လွှဲပြောင်းပေးလိမ့်မည် မဟုတ်ဟူ၍ ဖြစ်ပါသည်။

လွှတ်တော်တွင် မိမိပါတီက နေရာအများစုရမှ မိမိလုပ်ချင်တာ လုပ်နိုင်မည်၊ တခြားပါတီများ အများစုရနေလျှင် မိမိဖြစ်စေချင် သည်များ ဖြစ်လာနိုင်မည်မဟုတ်ဟု ယူဆကြပါသည်။

အင်အားသာသူက အနိုင်ယူဗိုလ်ကျသည့်စနစ်မှာ “တော၏ ဥပဒေသ” (Law of The Jungle) သာ ဖြစ်ပါသည်။ လူယဉ်ကျေး တို့ မသုံးသင့်ပါ။

လက်နက်ကိုင်ထားသူက လက်နက်အားကိုးဖြင့် အနိုင်ယူတတ်ကြသလို လူထုအင်အား/ကိုယ်စားလှယ်အင်အား သာသူကမူ ကိုယ်ထင်တာ ကိုယ်လုပ်တတ်ကြပါသည်။

အမတ်အများစု အနိုင်မရလျှင် လူထုလှုပ်ရှားမှုနည်းကို သုံးလိုကြပါသည်။

လက်နက်အင်အားနှင့် လူထုအင်အား ပြိုင်ကြလျှင် အဆုံးတနေ့၌ လူထုအင်အားကသာ အနိုင်ရမည်မှာ မှန်ပါသည်။ သို့သော် ယင်းနည်းလမ်းသည် တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းနှင့် ဆန့်ကျင်နေပါသည်။

ယင်းနည်းလမ်းသည် အကောင်အထည် ဖော်ရန်ခက်ခဲပြီး တဦးတယောက်က ဖန်တီးယူ၍လည်း ဖြစ်နိုင်သည် မဟုတ်ပါ။ လက်နက်နှင့် လူထုအင်အား ပြိုင်ပွဲအဖြစ်မှ အမှန်တရား၏ အင်အားပြိုင်ပွဲအဖြစ်သို့ ပြောင်းလဲသင့်ပါသည်။ အသိဉာဏ် အတွေး အခေါ်များ (Intellectual power) ကိုသာ ရှေ့တန်းတင်သင့်ပါသည်။

ယနေ့မြန်မာနိုင်ငံ၏ အခြေအနေမှာ အမျိုးသားရင်ကြားစေ့ရေးကို တည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက် အဖြေရှာရမည့် အခြေ အနေဖြစ်ပါသည်။ ရွေးကောက်ပွဲကို အာဏာလုပွဲ သက်သက်အဖြစ် မသတ်မှတ်သင့်ပါ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မထားဘဲ အမှန်တရား၊ နည်းလမ်းကို တင်ပြနိုင်သူကို ဝိုင်းဝန်းထောက်ခံခြင်းဖြင့်သာ ပူးပေါင်းလုပ်ဆောင်နိုင်ပါသည်။ ရေဒီယို၊ အင်တာနက် စသော မီဒီယာများ၏ အစွမ်းဖြင့် အမှန်တရားကို တင်ပြနိုင်ပါသည်။

ယနေ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တဖက်သတ် တဇွတ်ထိုး ဆောင်ရွက်မှုများကို ဗိုလ်ချုပ်အများကပင် လက်မခံလိုကြပါ။
ကျောရိုးမရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ကို နိုင်ငံအာဏာ ထိုးအပ်ခြင်းသည် တိုင်းပြည်ကို ပရမ်းပတာ ဖြစ်စေနိုင်ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ယခင်ကကဲ့သို့ ဆက်ပြီးထင်တိုင်းကြဲ နေနိုင်ပါလိမ့်မည်။

ယနေ့အချိန်အထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုပ်ဆာင်မှုများမှာ မျက်ကန်းလမ်းလျှောက် တလှမ်းချင်း စမ်းတိုးသွားနေ ပါ သည်။ ရှေ့မှာ ချောက်ကမ်းပါးကြီး ရှိနေသည်ကို သိပုံမပေါ်ပါ။

ကြံ့ဖွံ့ပါတီသည် လက်ရှိရင်ဆိုင်နေရသော တိုင်းပြည်၏ စီးပွားရေးပြဿနာများ၊ တိုင်းရင်းသား လူနည်းစုပြဿနာများကို ဖြေရှင်းနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပါ။ စစ်တပ်ကို လက်ကိုင်တုတ်လုပ်၍ ဖြေရှင်းပြီး နောက်ထပ် စစ်ဗိုလ်တစု သြဇာတက်လာ စေမည်သာ ဖြစ်ပါသည်။

တိုင်းရင်းသားအုံကြွမှုနှင့် စီးပွားရေးအုံကြွမှုများကို လက်နက်အားကိုးဖြင့်သာ ဖြေရှင်းကြမည်မှာ အသေအချာဖြစ်ပါသည်။
ဗိုလ်ချုပ်များက လူဝတ်လဲ၍ အရပ်သားအုပ်ချုပ်ရေးပုံစံဖြစ်ရန် မည်မျှကြိုးစားသော်လည်း လက်နက်ကိုင်ထားသူ လူတစု ကသာ သြဇာကြီးထွားလာဦးမည် ဖြစ်ပါသည်။

နိုင်ငံရေးချွတ်ခြုံကျသောကြောင့် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းခြင်းကို ၁၉၅၈ ခုနှစ်တွင်တကြိမ်၊ ၁၉၈၈ ခုနှစ် တွင်တကြိမ် ကြုံခဲ့ရပြီးဖြစ်ပါသည်။ မကြာမီ ဤအဖြစ်မျိုး ဆိုက်ရောက် ရဦးမှာ မလွဲမသွေဖြစ်ပါသည်။ သမိုင်းသည် တပတ် လည်ြ့ပီး ပြည်သူတို့ မွဲပြာကျနေသော အဖြစ်ဆိုးမှ လွတ်မြောက်ရန် အလှမ်းဝေးလှပါသည်။ ဒီမိုကရေစီ ပါတီများအနေဖြင့် ဖြစ်နိုင်သော ဒီမိုကရေစီနည်းလမ်းများကို ဘက်မလိုက်ဘဲ စူးစမ်းရှာဖွေသင့်ကြပါသည်။

ဒီမိုကရေစီပါတီများ၏ အခန်းကဏ္ဍ ပိုမိုပါဝင်လာနိုင်ရန် ပြည်သူလူထုအနေဖြင့်လည်း ဒီမိုကရေစီပါတီများမရှိသော မဲဆန္ဒနယ် များတွင် ကြံ့ဖွံ့ပါတီကို မဲမပေးဘဲ လုံးဝ သပိတ်မှောက်၍ဖြစ်စေ ပြည်သူ့ဆန္ဒကို ထုတ်ဖော်သင့်ပါသည်။ အကြောက် တရား ကို အခြေခံ၍ဖြစ်စေ၊ မသိနားမလည်မှုကြောင့်ဖြစ်စေ ကြံ့ဖွံ့ပါတီကို မဲပေးမိပါက တိုင်းပြည်ကြီး ငါးပါးမှောက်ပျက်စီးလျှင် မိမိတို့ လည်း အတိဒုက္ခရောက်ကြမည်ကို သတိထားသင့်ပါသည်။

အနာဂတ် နိုင်ငံတော် ကံကြမ္မာကို ယနေ့ပြည်သူတို့က ဆုံးဖြတ်ကြရပါသည်။ အလိမ်အညာပွဲတွင် မဲမှားပေးမိ၍ မိမိကိုယ်တိုင် သမိုင်းတရားခံ ဖြစ်သွားစေနိုင်ပါသည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/4372-2010-10-25-07-37-24

ဘုန်းဘုန်းတို့ကနေဒါမြို့တော်အော့တာဝါတွင်ကနေဒါအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

သံဃာ့ဥသျှောင်ဆရာတော်နှင့်ရွှေဝါရောင်ဘုန်းဘုန်းတို့ကနေဒါမြို့တော်
အော့တာဝါတွင်ကနေဒါအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးတောင်းဆိုခဲ့..
 

ရွေးကောက်ပွဲအပေါ်မွန်ပြည်သစ်ပါတီသဘောထား



နအဖ၏ အလံသစ်အပေါ် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ ၏ သဘောထား ထုတ်ပြန်ချက်

နအဖ၏ အလံသစ်အပေါ် NUPA ၏ သဘောထား ထုတ်ပြန်ချက်
 
နအဖသည် မိမိတို့အကျိုးအတွက်ဆိုလျှင် လုပ်ချင်သလိုလုပ်တတ်သော မင်းမဲ့စရိုက်ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း အစဉ်အဆက် လုပ် ရပ်များက သက်သေပြခဲ့ပြီးဖြစ်သည်။ ယခုလည်း ၂၀၁၀-ရွေးကောက်ပွဲအတွက် သူတို့ချမှတ်ထားသည့် ဥပဒေစည်းကမ်းများကို သူတို့ စိတ်ကြိုက် ချိုးဖေါက်ချင်သလိုချိုးဖေါက်ပြီး မတရားသည့်လုပ်ရပ်များကို ကျူးလွန်ချင်သလိုကျူးလွန်နေသည်။ ပို၍အရုပ်ဆိုးသည်မှာ တ မန်နေ့(၂၂/၁၀/၂၀၁၀-နေ့)က နိုင်ငံတော်အလံဆိုပြီး အလံသစ်တခုကို ဆိုင်းမဆင့်ဗုံမဆင့် လွှင့်ထူလိုက်ပြန်သည်။ 
ဗမာ့အမျိုးသားရေးကိုကိုယ်စားပြုခဲ့သည့် “ဒို့ဗမာအစည်းအရုံး”၏အလံနောက်ခံဖြစ်သော “အ၀ါ၊အစိမ်း၊အနီ”သုံးရောင်ခြယ် နောက်ခံတွင် ဂျပန်တော်လှန်ရေးကာလကသုံးခဲ့သော“ကြယ်ဖြူ”ကို ဖေါ်ပြထားသည်။ လွတ်လပ်ရေးတိုက်ပွဲကာလတုန်းက “ဒို့ဗမာအစည်းအရုံး”သည် ဗမာအမျိုးသားကို ကိုယ်စားပြုခဲ့သကဲ့သို့ ယင်း၏အလံတော်သည်လည်း ဗမာအမျိုးသားကို ကိုယ်စားပြုခဲ့သည်။ သို့သော် လွတ်လပ်ရေး ရပြီးနောက် “ပြည်ထောင်စုမြန်မာနိုင်ငံ”ဟု ကြေငြာသည့်နေ့မှစ၍ ယင်းအလံသည် ပြည်ထောင်စုကို ကိုယ်စားမပြုတော့ချေ။ 
၁၉၄၇-ခုအမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ယင်းဥပဒေက အတည်ပြုပြဌာန်းလိုက်သော အလံတော်သည်သာ ပြည်ထောင်စုပြု အမျိုးသားများ၏ဆန္ဒပါဝင်သည့်၊ ပြည်ထောင်စုကိုကိုယ်စားပြုသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ ဖြစ်လာခဲ့သည်။ မဆလလက်ထက်က အလံတော်သည်ပင်လျှင် ပြည်ထောင်စုပြုအမျိုးသားများ၏ ဆန္ဒသဘောထားမပါခဲ့သော်လည်း ပြည်နယ် ၇-ပြည်နယ်၊ တိုင်း ၇-တိုင်းကို ကိုယ်စားပြုထားသော ကြယ် ၁၄-လုံးပါရှိပြီး မဆလ က ဦး ဆောင်သည့် အမျိုးသားလွှတ်တော်မှ အတည်ပြုပေးခဲ့သဖြင့် ပြည်သူက တပိုင်းတစ လက်ခံခဲ့ရသည်။
ယမန်နေ့က လွှင့်ထူလိုက်သော နအဖ၏အလံမှာမူ မည်သည့်လွှတ်တော်၊ မည်သည့်ပြည်သူ့ဆန္ဒခံယူမှုမှမရှိဘဲ၊ ပြည်သူကိုလည်းအသိ ပေး ကြေငြာခြင်းမရှိဘဲ လွှင့်ထူခဲ့သဖြင့် ဤအလံသည် ဗမာလူမျိုးကိုလည်းကိုယ်စားမပြု၊ တိုင်းရင်းသားများကိုလည်းကိုယ်စားမပြု၊ ပြည် ထောင်စုကိုလည်း ကိုယ်စားမပြုချေ။ သို့ဖြစ်၍ ဤအလံသည် ပြည်ထောင်စုအလံ(သို့မဟုတ်)နိုင်ငံတော်အလံမဟုတ်ဘဲ စစ်အုပ်စုတခု၏ အလံမျှသာဖြစ်ပေလိမ့်မည်။ ၂၀၀၈-ဖွဲ့စည်းပုံဥပဒေအရ ၂၀၁၀-ရွေးကောက်ပွဲမှ ဖွဲ့စည်းပေးမည့် အမျိုးသားလွှတ်တော်က အတည်ပြုမှ သာ ဤအလံသည် အတည်ဖြစ်လာရမည်ဖြစ်သည်။
ယခုမူယင်းသို့မဟုတ်ဘဲ နအဖကသူတို့သဘောတခုတည်းဖြင့်လုပ်ဆောင်လိုက်ခြင်းသည် ဖြစ်ပေါ်လာမည့်ပါလီမန်အပေါ် နအဖ၏ မူရင်း သဘောထားကို ထင်ဟပ်စေသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့ဖက်မှ ဤအလံ၏အဓိပ္ပါယ်ကိုဖွင့်ဆိုရလျှင် “ဒို့ဗမာအစည်းအရုံး”၏ အလံ နောက်ခံနှင့် တပြည်ထောင်စနစ်ကိုကိုယ်စားပြုသည့် ကြယ်ကြီးတလုံးကိုသုံးထားသဖြင့် ဤအလံ၏ရှေ့ပြေးနိမိတ်မှာ“မဟာဗမာလူမျိုးကြီး ၀ါဒကိုအခြေခံသော တပြည်ထောင်စနစ်”သာ ဖြစ်လာပေလိမ့်မည်။ ပြည်ထောင်စုပြုတိုင်းရင်းသားအမျိုးသားများ၏ နိုင်ငံရေးအရတန်းတူ ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့် အာမခံချက် လုံးဝမရှိသည့်လက္ခဏာဖြစ်သည်။ အခြားတဖက်တွင် “အချုပ်အချာအာဏာ (၃)ရပ်ကို ထိမ်းချုပ်ထားသော စစ်အုပ်ချုပ်ရေး”ကိုဖေါ်ညွှန်းသည့် လက္ခဏာလည်း ဖြစ်ပေလိမ့်မည်။ 
သို့ဖြစ်၍ နအဖ၏ ယခုကဲ့သို့နိုင်ငံတော်အလံဆိုပြီး  သူတို့ရေးဆွဲထားသောအလံကို ရုတ်တရက်လွှင့်ထူလိုက်ခြင်းသည် “တပြည်ထောင် ဗမာ့စစ်အင်ပါယာ”ကိုဖေါ်ဆောင်မည့် ရွေးကောက်ပွဲသာဖြစ်လာမည်ကို  ဗြောင် ကြေငြာလိုက်ခြင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်။
- တပြည်ထောင် ဗမာ့စစ်အင်ပါယာစနစ်ကို ဖြစ်ပေါ်စေမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြ။                                                                 - လူ့အခွင့်အရေးနှင့်ဒီမိုကရေစီလွတ်လပ်မှု အာမခံချက်မရှိသော၊ တရားမျှတမှု လုံးဝမရှိသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြ။                         - နိုင်ငံရေးအရတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် လုံးဝအာမခံချက်မရှိသော ရွေးကောက်ပွဲကိုဆန့်ကျင်ကြ။ - နိုင်ငံတော်ကို တရားဥပဒေစိုးမိုးမှုအောက်မှ ကင်းဝေးစေမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြ။
 
 ပြန်ကြားရေးနှင့် စည်းရုံးရေးဌာန                                                                                                     ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)                                                                                                                            ရခိုင်ပြည်။                                                                                                                                           အောက်တိုဘာလ ၂၄-ရက်၊ ၂၀၁၀-ခု။




We Stand With Daw Aung San Suu Kyi !





What we would like you to do –

1) Feel free to use the new “We Stand With Daw Aung San Suu Kyi !” poster.
2) Sign the petition to H.E. Mr. Ban Ki-moon.
3) Take a photo of yourself with the poster or your own sign “We Stand With Daw Aung San Suu Kyi !”
4) Send the above mentioned poster, signed petition, and your photo to H.E. Mr. Ban Ki-moon so that he can prove the “Friends” of Burma.
5) After sending them to H.E. Mr. Ban Ki-moon, email us a copy of your petition and photo as well. Email : westandwithdawaungsansuukyi@gmail.com
Or check out at Facebook: standwithdawaungsansuukyi

Please forward this action to others to make sure pressure is up to release Daw Aung San Suu Kyi, 1991 Noble Peace Laureate, by November 13 this year, not next year!!



ကျေးဇူးပြု၍လုပ်ဆောင်ပေးရန်

၁) ယနေ့ မှ နိုဝင်ဘာ ၁၃ အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စေကြောင်း ရည်ရွယ်၍
“We Stand With Daw Aung San Suu Kyi !” ပိုစတာပုံကို အားလုံးသုံးနိုင်ရန်ထုတ်ဝေပါသည်။

၂) တွဲလျက်ပါရှိသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သို့ ပေးစာကို လက်မှတ်ထိုးပေးပါ။

၃) “We Stand With Daw Aung San Suu Kyi !” ပိုစတာပုံကိုသုံး၍ သို့ မဟုတ် ၄င်းစာသားကိုပဲ ရေးပြီး ကိုယ်ပိုင် ဓာတ်ပုံရိုက်ပေးပါ။

၎) အထက်ပါ ဖေါ်ပြပါ က) “We Stand With Daw Aung San Suu Kyi !” ပိုစတာပုံ၊ ခ) သင့်လက်မှတ် ထိုးထားသော မစ္စတာဘန်ကီမွန်း သို့ ပေးစာ နှင့် ဂ) သင့်ရဲ့  ဓာတ်ပုံကို တွဲလျက် “မြန်မာ့မိတ်ဆွေ” ဟုဆိုသော နိုင်ငံများ၏ ခေါင်းဆောင်များ သိသာစေရန် မစ္စတာဘန်ကီမွန်းထံ ပို့  ပေးပါ။

၅) မစ္စတာဘန်ကီမွန်းထံသို့  ပို့ ပေးပြီးပါက မိမိတို့ ထံလည်း က) သင့်လက်မှတ် ထိုးထားသော မစ္စတာဘန်ကီမွန်း သို့ ပေးစာ နှင့် ခ) သင့်ရဲ့  ဓာတ်ပုံကို မိတ္တူပို့ ပေးပါ။

Email : westandwithdawaungsansuukyi@gmail.com
Facebook: standwithdawaungsansuukyi

ယခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် အားလွှတ်ပေးရန် ဆက်လက် ဖိအားပေးနိုင်ရေး ကျေးဇူးပြု၍ ဤ လှုပ်ရှားမှုကို သတ္တိရှိရှိ လက်ဆင့်ကမ်းဖြန့် ဝေပေးပါ။

.......................................................................................................................................................................

We Stand With Daw Aung San Suu Kyi !

To

H.E. Mr. Ban Ki-moon
Secretary General
United Nations

October 20, 2010

On September 27, “Friends of Myanmar” convened a ministerial level meeting at the United Nations. At the meeting, understandably, leaders who are friends of Burma attended and We Stand With Daw Aung San Suu Kyi ! campaign urged to formulate a coordinated effort in order to help the country.

Though we did not expect concrete results from the meeting, we would still like to use this opportunity to remind the world that on a daily basis, the people of Burma continue to suffer grave injustices. The SPDC murders its citizens; rape and torture women; force men, women and children do hard labor conscript under-age young men into becoming child soldiers. Ongoing civil war has a major affect on neighboring countries as well.

On Nov. 7, the junta, State Peace and Development Council, will hold an “election” that many considered as military selection. There are some nations, officials, organizations, and individuals, who are already supporting the unjust election and planning to recognize its winning parties, led by the military junta. There are 1,163 candidates from the Union Solidarity and Development Party (USDP), the party of the current military regime, and 999 candidates from the National Unity Party (NUP, the party of the former regime, in the nationwide constituencies. Yet there are less than 100 candidates from independent parties (Source: Mizzima and Irrawaddy News). The National League for Democracy, democratically elected winner of the 1990 election, which was recognized by the world, is boycotting the election because of the junta’s unjust constitution and election law that will only bring a new dictatorship in sheep skin to power.

We would like to make known that supporting and protecting the evils practiced by the SPDC today will one day haunt those who are responsible.

The recent National Council of the Union of Burma's statement stated that the junta is not capable of conducting an election in many ethnic areas of Burma and that the situation is not leading to peace and stability. While we stand with our democratic leader Daw Aung San Suu Kyi, we are also in unequivocal and accord with the NCUB’s call for the United Nations, the European Union, the United States, Burma’s neighbors, and the international community as a whole to form a coordinated effort that will bring “positive steps towards durable peace and stability in Burma”.

On behalf of the people of Burma, we appeal to you and other leaders of the "Friends of Myanmar":
1) Daw Aung San Suu Kyi must be freed unconditionally before or on her scheduled release date of
November 13
2) free all the political prisoners including students’ leader Min Ko Naing and ethnic leader Khun
Tun Oo immediately and unconditionally
3) to not recognize/legitimize the upcoming 2010 election and its results
4) to form a Commission of Inquiry to investigate crimes against humanity and war crimes committed by
the leaders of the State Peace and Development Council.

We, who stand with Daw Aung San Suu Kyi, would like to urge you again to help the people of Burma and not the military junta. Thank you.


Respectfully,
........................

(၂၄.၁၀.၂၀၁၀) ဂျပန်(နာဂိုယာ) ရဲ့ လှုပ်ရှားမှု့ သတင်း



ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေး /ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွှတ်ပေးရေးနှင့်
မြန်မာနိုင်ငံအတွင်းလူ့ အခွင့်အရေးချိုးဖောက်မှု့ များအားဖော်ထုတ်ရေး၌ဂျပန်အစိုးရမှပါဝင်ဆောင်ရွက်ပေးရန်
တောင်းဆိုသော Sign Campaign အား ၂၄.၁၀.၂၀၁၀ နေ့ တွင် ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သော
ဆရာတော် အရှင်ထာဝရ ပါ ပူးပေါင်းပါဝင်တက်ရောက်၍ အောင်မြင်စွာကျင်းပခဲ့ကြပါသည်..။

ဂီရိကထားရစ်ခဲ့တယ်..














ကကြီး ခခွေး နိုင်ငံရေး သမား

ယနေ့ နိုင်ငံရေး သမားတွေ ခံယူချက်တွေ မှားနေကြတယ် လို့ ခံစားရတယ် ။ သူတို့တွေရဲ့ ဦးတည်ချက်တွေ လွဲနေလို့ သဘောထားတွေက ဆန့်ကျင်နေကြတာပါ ။ နောက်တချက် လူငယ်တွေ အပေါ်ကို ထားရှိတဲ့သဘောထား အမြင်တွေက ပိုပြီး ကျဉ်းမြောင်းလာသလို ခံစားရပါတယ် ။

ဒီနေ့ခေတ်လူငယ်တွေထဲမှာ နိုင်ငံရေး အကြောင်းကို စိတ်ဝင်စားတဲ့ လူတွေ တဖြည်းဖြည်းများလာကြတာကို အားတက်ဖွယ်ရာ တွေ့မြင်ခံစား ကြရပါတယ် ။ လူငယ်ပီပီ ပြောချင်သည့် ကိစ္စတရပ်ကို ပွင့်လင်းစွာ တင်ပြခွင့်ရသည့် ခေတ်ဟု ဆိုလျှင်လည်း မမှားနိုင်ပါ ။ ယနေ့ နည်းပညာ၏ အစွမ်းကို အသုံးချကာ ကိုယ်ရင်ထဲ ရှိသမျှ ထုတ်ဖော် ပြောလို့ရသည့် ခေတ်တွင် လူငယ်များ သည် သူတို့ရင်ထဲက ခံစားချက်များကို စာတစ်ကြောင်း နှစ်ကြောင်းဖြင့် သရုပ်ဖော် ရေးပြကြသလို ၊ အချိုလူငယ်များသည် ဆောင်းပါးတစ်စောင် လောက်နီးပါး ဖော်ထုတ်ကာ ရေးသားပြလာကြပါသည် ။

ပြည်တွင်းတွင် သတင်းအမှောင်ချခြင်းကို ခံထားရသည့် အပြင်ပညာရှင် အမည်ခံကိုယ်ကျိုးရှာလိုသူများကလည်း သမိုင်းဖြစ်ရပ်မှန်များကို ဇောက်ထိုးရေးကာ လူငယ်များ၏ အသိညဏ်ကို အဆိပ်ခတ်နေ ကြသည်ကို ကျွန်ူပ်တို့ နိုင်ငံတွင် ထင်ရှားစွာ တွေ့ရှိရပါသည် ။ ကံအားလျော်စွာ နည်းပညာ၏ အကျိုးဆက်များကြောင့် လူငယ်များသည် သူတို့ပုံသွင်းသမျှ လက်မခံခဲ့ကြဘဲ သတင်း အမှန်များနှင့် သမိုင်းဖြစ်ရပ်မှန်များကို လေ့လာဖတ်ရှုကာ နှိုင်းယှဉ် စဉ်းစားလာတတ်ကြခြင်းပင်ဖြစ်သည် ။

ထိုအခါ သူတို့ရင်ထဲက အသိတရားက အမှန်များကို ဖော်ထုတ် ပြောကြားလိုလားကြသည် ။ ပြင်ပကမ္ဘာတွင် အမှန်တရားကို ပြောဆိုခွင့်မရသည့် အခါ ပြောဆိုခွင့်ရသည့် နေရာများတွင် သူတို့ခံစားချက်များကို ဖော်ထုတ်ရေးသားလျှက် ရှိသည်ကို အများအပြားတွေ့ရှိရလေသည် ။ သူတို့သည် နိုင်ငံရေး ပညာရှင် များမဟုတ်ကြချေ ။ နိုင်ငံအရေးကို စိတ်ဝင်စားကာ သမိုင်းအမှန်များကို သိမြင်လာရခြင်း၏ အကျိုးဆက်များနှင့် လက်ရှိအစိုးရ၏ သဘောထား များကို လက်မခံလိုသော စိတ်ကြောင့်ရေးသားတင်ပြလာခြင်းသာဖြစ်သည် ။ထိုကဲ့သို့ ရေးသားချက်များကို ပညာရှင်များဘက်မှ ကြည့်လျှင် ပညာသား မပါသည့် အရေးအသား ပြောဆိုမှုကို အမှားဟု ယူဆကာ တန်ပြန်ရေးသားချက်များကို ၀င်ရောက်ရေးသားလာကြသည် ။ အမှန်တကယ် ဖြစ်သည့်သည်က သူတို့တွေ၏ အမှားများကို ပြစ်တင်ပြောဆိုခြင်း ထက် လမ်းမှန် ကို ပြနိုင်မည့် စာသားမျာဖြင့် ဆွေးနွေးတင်ပြသင့်သည်ဟု ထင်မြင်ယူဆမိလေသည် ။

ဒီနေ့အချိန်အခါတွင် မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အသိပညာကြွယ်သည့်လူငယ်ထုများပေါ်ပေါက်လားရေးသည် လွန်စွာ အရေးကြီးလျှက် ရှိပေသည် ။ တိုင်ြး့ပည်ကို ချစ်မြတ်နိုးသည့် စိတ်များနေသော လူငယ်များကို လက်တွဲကာ ခေါ်ယူရမည့် အချိန်ဖြစ်သည် ။ သူတို့သည် နိုင်ငံရေး အသိအမြင် မကြွယ်ဝသော်လည်း နို်င်ငံကို ချစ်သည့် စိတ်ဓါတ်များ ဖုံလွှမ်းနေသော ကြောင့် အင်အားစု တရပ်အဖြစ် အသုံးချရမည့် အချိန်အခါဖြစ်သည်။

လူငယ်များပင် ဖြစ်သောငြား တိုင်းပြည်ကို ချစ်သည့် စိတ်ထားကို မြတ်နိုးတန်ဖိုးထားသင့်လှပေသည် ။

ဤနေရာတွင် ဥပမာ ပေးလိုသည်မှာ ကျောင်းနေကာစ ကလေးသည် ကကြီး ခခွေးပင် စရေးကြသော်လည်း မည်သူမှ ထိုလုပ်ရပ်ကို ပညာသား မပါသည့် အရေးအသားဟု မကန့်ကွက်ကြပါ ။ အဘယ်ကြောင့် ဆိုသော် ပညာသင့်ယူမည့် ကျောင်းသားတိုင်းသည် ကကြီးခခွေးမှ ပင် စတင် သင်ကြားရခြင်းကြောင့် ဖြစ်လေသည် ။ ထိုကကြီးခခွေးရေးနေသာ ကလေးငယ်များကို မည်သူမျှ ပညာရှင် မဖြစ်လာနိုင်ဟု ဝေဖန် ပြောဆိုသံ မကြာဖူးပါ ။ သို့သော် ယနေ့အချိန် နိုင်ငံရေး နယ်ပယ်တွင် ကကြီးခခွေး စတင် ရေးကျင့် နေသည့် လူငယ်များကို လမ်းမှန်ပြကြရမည့် အစား ချိုးနှိမ်ေ ရးသား နေကြသည် များသည် လူငယ်များ၏ တိုင်းပြည်ချစ်စိတ်ကို ဖျက်စီးပြစ်ရာ ရောက်ရှိနေသည် ။

လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်လိုလျှင် လူငယ်များ၏ အခန်းဂဏ္ဍကို သေချာစွာ ထည့်သွင်းစဉ်းစားသင့်သည် ။ ယခု အချိန်တွင် ကကြီးခခွေး လောက်ကို ရေးသားနိုင်သူများ သာ ဖြစ်ပေမယ့် နောင်အခါတွင် ထင်ပေါ်ကျော်ကြားသည့် နိုင်ငံရေး ကျမ်းများကို ပင် ရေးသားလာနို်င်ဟု ထောက်ဆလျှက် လူငယ်များကို လက်တွဲခေါ်သင့်သည်ဟု ထင်မြင်ယူဆမိလေသည် ။ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ကို ထမ်းဆောင်လို့သည် ကကြီးခခွေးကိုကြိုးစားရေးနေသည့် လူငယ်များ ရှိသလို ကကြီးခခွေးလောက်ကို ပင် စိတ်မ၀င်စားသည့် လူငယ်များကား ရိုက်သတ်၍ မကုန်နိုင်အောင် ပေါများလှပေသည် ။ ထိုလူငယ်များကို ကကြီးခခွေး ရေးချင်စိတ်ရှိအောင် ပင် သင်ကြားပေးရအုံးမည် ။ ထိုသို့ရေးချင်စိတ်ရှိအောင် ဆွဲဆောင်ရမည့် အချိန်တွင် ရေးချင်စိတ်ရှိနေကြည့် နိုင်ငံချစ်စိတ်ကို မြတ်နိုး တန်ဖိုးထားသည့် လူငယ်များကို ချိုးနှိမ်ခြင်းသည် ပညာရှင်များ၏ လုပ်ရပ်များ မဟုတ်သည်ကို တွေးကာ အမြန်ဆုံး ပြင်သင့်သည်ဟု အကြံပေးလိုပါသည် ။

ယနေ့မြန်မာနိုင်ငံရေး နယ်ပယ်၏ အားနည်းချက်တခုကား အတိတ်မှ လုပ်ရပ်များကို ဆွဲကိုင်ကာ ပစ္စုပ္ပန် အခြေအနေကို ထည့်မတွက်ဘဲ လှစ်လှူရှု ထားတတ်ကြ ခြင်းပင်ဖြစ်သည် ။ ငါတို့က ဘယ်တုန်းက ၊ ဘယ်တော်လှန်ရေးမှာ ဘယ်အဖွဲ့အစည်းနှင့် ပူးပေါင်၍ ဘယ်လို ပါဝင် ဆင်နွှဲခဲ့တာကို အကြောင်းပြုလျှက် သက်သက် မာန်ဝင့်နေကြခြင်းပင်ဖြစ်သည်ဟု ပွင့်လင်းစွာ ထောက်ပြလိုပါသည် ။ ကျွန်ူပ်သည် ၈၈၈၈ အရေးအခင်းတွင် မူလတန်းပညာကို စတင် သင်ကြားနေရသည့် အရွယ်ဖြစ်သည် ။ ထိုကြောင့် ထို အချိန်တွင် ပါဝင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ ။ သို့သော် ယခု ပါဝင်ဆောင်ရွက်နိုင်သည့် အသက်အရွယ် အပိုင်းအခြားကာလကို ရောက်ရှိနေသသည်ဟု ခံစားရကာ တတ်နိုင်သမျှလူငယ်များကို လမ်းမှန်ပြနိုင်အောင် ကြိုးစားခဲ့ပါသည် ။ ထိုအခါ သမိုင်းကြောင်း ရှိသူများက လက်တွဲခေါ်လိုသူများ ရှိသလို သမိုင်းကြောင်း မရှိသေး၍ ကျွန်ူပ်၏ ကကြီးခခွေး ရေးချင်သည့်စိတ်များကို ကန့်လန့်တိုက်နေသာ လူများလည်း အများအပြားပင် တွေ့ရှိရပါသည် ။ ယနေ့ စစ်အာဏာရှင်များက ဆိုလျှင် သာ၍ ဆိုးသေး၏ ။ နိုင်ငံရေး နှင့်ပက်သက်၍ ၀လုံး စတင်ရေးရန် ကြိုးပမ်းသူများကိုပင် ဌင်းတို့၏ အာဏာကို ထိပါး စော်ကားသူ ဟု သတ်မှတ်ကာ မတရားဖမ်းဆီးကာ အမျိုးမျိုး နှိပ်စက် ပြလျှက် ရှိနေသေးသည် ။

ကွန်ပြူတာကို စတင်သင်ကြား သင်ယူရသည့် အချိန်က စာတစ်ကြောင်း ရိုက်နိုင်ဖို့ အတွက် ကီးဘုတ်မှ ခလုတ်များကို ကြည့်၍ ရိုက်ရသည် ။ မည်သည့်နေရာ တွင် မည်သည့် အက္ခရာရှိနေသည်ကို လိုက်လံမှတ်သား ကာ အလေ့အကျင့် မပြတ် ပြုလုပ်ကြရသည် ။ မကျွမ်းကျင်ကြသေးသည့် အချိန်တွင် နှေးကွေးလေးလံနေ သော်လည်း ကျွမ်းကျင်သည့် အခါ လက်ချောင်းလေးများက စိတ်၏ ခိုင်းစေချက်အတိုင်း လျှင်မြင်စွာ လုပ်ဆောင် လာနိုင်ကြသည် ။ ယခု အချိန်တွင်လည်း နိုင်ငံရေး နှင့်ပက်သက်၍ လူငယ်များသည် မပြတ်လေ့လာ ဆည်းပူးသင့်သည် ။ လေ့လာကာစဖြစ်၍ အခက်အခဲများကြာင့် ရပ်တန့်လိုက်လျှင် နောင်ဝယ် မည့်သည့် အခါမှ နားလည်လာ မည်မဟုတ် ။ ထိုသို့လေ့လာလိုက်စားကာ ကျွမ်းကျင်လာသည့် အချိန်တွင် အလွန်အဆင် ပြေချောမွေ့လာကာ လွန်စွာ အသုံးဝင်လှသည်ကို လက်တွ့ကျကျသိမြင်နိုင်ပါတယ် ။ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်

အရေးကို အတိုကောက် ခေါ်သည့် နိုင်ငံရေး ဆိုသည့်စကားကို လူငယ်တွေ နားမှာ ခါးသီးနေကြအုံးမည် ၊ ငြင်းဆန်နေကြအုံးမည်ဆိုလျှင်တော့ ကျွန်ူပ်တို့ တိုင်းပြည် တိုးတက်ထွန်းကားရေး သည် ဝေးနေအုံးမည်ဖြစ်ပါသည် ။ နိုင်ငံရေး ဆိုသည့်စကားလုံးကို လူငယ်များ နူတ်ဖျားက ချိမြိန်စဖွယ် ကောင်းသည့်

စကားသံများဖြင့် အပြုသဘောဆောင်သည့် ဝေဖန်ချက်များ ဖြင့်ရေရွတ်သံ တွေ ကြားလာရအောင် ပထဆုံး ကြိုးစားသင့်လေသည် ။

ကိုယ်လုပ်မှ ကိုယ်စားရတာ ။ နိုင်ငံရေးကို ဝေးဝေးရှောင်ဆိုသည် အာဏာရှင် တွေ အမိန့်စကားဆန်ဆန် တွေ ကို ရင်ထဲ သိမ်းပိုက်ထားတာတဲ့ လူငယ်များ အနေဖြင့်လည်း နိုင်ငံရေးကို ကိုယ်တိုင် လက်တွေ့ကျကျ လေ့လာပြီး အကျိုးမရှိတဲ့ အယူဝါဒ တွေကို စွှန့်လွတ်ကြပါလို့ တောင်းဆို ချင်ပါတယ် ။

အစားအစာကို စား၍ ၀မ်းမီးဖြင့် အစာမချက်ဘဲ ပြန်ထုတ်သည်ကို အန်သည်ဟု ခေါ်သည် ။

ထိုသို့ အန်ထုတ်လိုက်ရသည့် အတွက် စားထားသမျှ သည် အကျိုးမရှိသလို ဘေးထွက် ဆိုးကျိုးများကို ခံစားဖူးကြမည် ထင်ပါသည် ။ အစာကို ကျေညက်စွာ ချက်၍ လိုအပ်သည့် နေရာတွင် ခွန်အား အဖြစ် အသုံးချ၍ မလိုသည်များကို စွှန်ထုတ်ပစ်နိုင်မှသာ လူခန္ခကိုယ် အတွက် အကျိုးရှိသည် ။ ထို့အတူ သူတပါး အတွေးခေါ်များကို ကိုယ်ပိုင်ညဏ်ဖြင် မဆင်ခြင် မသုံးသပ်ဘဲ လိုက်လံ ပြောဆို နေခြင်းသည် အကျိုးမရှိသလို တခါတရံ ဆိုးကျိုးများကို ပါ ခံစားကြရတတ်ပါသည် ။ ထိုကြောင့် မိမိတို့ ဖတ်မိသမျှကို ကိုယ်ပိုင်ညဏ်နှင့် ဆင်ခြင်စဉ်းစားကာ သိမ်းထားအပ်သည့် အတွေးအခေါ်များကို ကိုးကားရန် အသုံးချသင့် သလို အသုံမကြသည့် အတွေးအခေါ်များကို လွှတ်ချပစ်သင့်သည် ။ ထိုသို့ မှားယွင်းသော အတွေးအခေါ်များ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အများသိရှိစေရန် ပြန်လည် တင်ပြပေး အပ်သည် ။


အာဏာရှင် များက တိုင်းပြည်ကို စနစ်တကျ ဖျက်စီးနေသည့် အချိန်တွင် ဘုန်းတော်ဘွဲ့များ ရေးလာကြသူများ သလို ဘုန်းတော်ဘွဲ့များကို ရွတ်ဆိုပေးနေကြသည့် အနုပညာရှင်များ လည်း တဖြည်းဖြည်းများ လာကြသည် ။ နိုင်ငံရေး အလုပ်ကို လူငယ်များ အထင်သေးလာစေရန် ရေးသားနေသည့် လူများလည်း မနည်းလှပါ ။ လုပ်ရှားသူနှင့် လုပ်စားသူများကို ကိုယ်တိုင် မခွဲခြားတတ်ဘဲ ၀ါးလုံးရှည်နှင့်သိမ်းကာ ပတ်ရမ်းတတ်ကြသော ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာ လူတစ်စု၏ အကြံညဏ်ကို ကျွန်ူပ်တို့ လက်မခံသင့်ပါ ။ တိုင်းပြည်၏ လက်ရှိ အနေအထားကို ကိုယ်တိုင် သိမြင်နေရပါလျှက် တိုင်းပြည်အပေါ်ကို သစ္စာဖောက်ကာ ရေးသားနေကြသည့် ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာ လူတစ်စု စကားကို ဆက်လက် ယုံထားကြလျှင်တော့ ဆိုးကျိုးများကို ခါးသီးစွာ ခံစားကြရအုံမည်မှာ မုချပင်ဖြစ်သည် ။ စစ်အာဏာရှင်တို့အား အကြိုက် ဆောင်သည့်အရေးအသားမျိုးကို ရေးသားသူများ သည် အမည်အရင်းကို ဖော်ပြယုံသာ မက မှတ်ပုံတင်ပါ ပူးတွဲ ချိတ်ထားရင်တောင် ပြဿနာတက်မည် မဟုတ်။ သို့သော် စစ်အာဏာရှင် စနစ်မကောင်းကြောင်း ရေးသားသူများအတွက်ကား အန္တာရယ် များလှသည်ကို ယနေ့ ထောင်တွင်းမှ အသိပညာရှင် ၊ အတတ်ပညာရှင်များက သက်သေပြလျှက် ရှိနေပါသည် ။ ဒါတွေကို သိထားပါလျှက်နှင့် အမည်ဝှက်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကို လုပ်ရှားနေသူ များကို ပုဆိုးခြုံထဲက လက်သီးပြနေတယ်ဟု စွပ်စွဲပြောဆိုနေသူများ၏ လုပ်ရပ်များသည် တရားမျှတမှု ရှိပါ၏လော လက်ရှိအနေအထားကို ဆင်ခြင်ပြီး ကိုယ်တိုင် စဉ်းစားသင့်ပေသည် ။


ယနေ့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ သည် လူငယ်များပေါ်တွင် မူတည်နေသည်ဟု ကျွန်ူပ် ယုံကြည် ထားလေသည် ။ ကျွန်ူပ်သည်သာ မက သမိုင်းကလည်း သက်သေပြနေသည်ကို အထင်အရှား တွေ့မြင် နေရပါလျှက်နှင့် ယနေ့ လူငယ်များ၏ နိုင်ငံအပေါ်တွင် ထားရှိသော စေတနာများကို ကန့်လန့်တိုက်နေအုံး မည် ဆိုလျှင် ဒီမိုကရေစီ ပန်းတိုင်ကို မည်သို့မျှ မချည်းကပ်နိုင်ပါဟု ကျွန်ူပ် အသက်ကို လောင်းကြေးထပ်ကာ ပြောဆိုရဲပါသည် ။ တိုင်းပြည် အပေါ်ကို တကယ်ကောင်းစားစေလိုသည့် စိတ်ဆန္ဒရှိသည့် ခေါင်းဆောင် တိုင်းသည် လူငယ်များ၏ အခန်းဂဏ္ဍကို အထူးထည့်သွင်း စဉ်းစားလေ့ ရှိပါသည် ။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့် စကားသည် အမှားမရှိ ပကတိ ထင်ရှား လွန်းလှပေသည် ။ ဒီနေ့ကကြီးခခွေး နိုင်ငံရေးကို စတင်ရေးသား နေသည့် လူငယ်များကို လက်တွဲ ၍ မခေါ်ယူနိုင်ခဲ့လျှင် စစ်ကျွန် အဖြစ်မှ လွတ်မြောက်ရန် လမ်းစပင် မမြင်ပါ ။ လူငယ်များကို လမ်းမှန်ပြ၍ လက်တွဲခေါ်ယူခြင်းသည် အကောင်းဆုံး ဗျူဟာ ပင်ဖြစ်သည်ဟု ယုံကြည်ထားပါသည် ။ ပညာသင်ကြားခြင်း အခန်းဂဏ္ဍတွင် အဆင့်ကျော်၍ သင်ကြား၍ မရသလို မြန်မာနိုင်ငံရေး အပြောင်းအလဲသည်လည်း အဆင့်ကျော်၍ မရနိုင်ပါ ။ တော်လှန်ရေး မကျင်းပနိုင်သရွှေ့ ရေစုန်မြော နေအုံးမည့် နိုင်ငံရေး အခင်းအကျင်းဟု ထင်မြင်ယူဆမိ နေပါသည် ။ အဘယ်ကြောင့်နည်း ဆိုသော ယခု ကျင်းပမည့် ရွေးကောက်ပွဲ အထမြောက် အောင်မြင်ခဲ့လျှင်လည်း လူဝတ် လည်းကာ ဆက်လက် အုပ်ချုပ်မည့် အာဏာရှင် တစ်စုသာ နေရာရမည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု အဘက်ဘက်မှ တွက်ဆမိသောကြောင့် ဖြစ်လေသည် ။


ဤနေရာတွင် ရသလောက် နေရာလေးတော့ ၀င်တိုးပါရစေ ဟု အာမခံကာ ပြောကြားနေသည့် ပါတီဝင် များလည်း သတိထားကာ အခြေအနေမှန်ကို ပြန်လည် သုံးသပ်သင်သည် ။ လွှတ်တော်ခေါ်ပြီး ရက်ပေါင်းကိုးဆယ် ကြာမှ နိုင်ငံတော် အလံအသစ်ကို လွှင့်ထူရမည်ဟု အခြေခံ ဥပဒေတွင် ပါရှိပါသည် ။ သို့သော် ဗေဒင်စရာ အားကိုးနှင့် ယတြာ ချေခြင်းလောက်ကိုသာ သိထားသည့် စစ်အာဏာရှင်များသည် သူတို့ လုပ်ချင်သလို လုပ်ပြသွားသည် ။ မည်သူမျှ ကန့်ကွက် ပြောဆို၍ မရပါ ။ ထို့ကြောင့် ယနေ့ ရွေးကောက်ပွဲ ပြီး၍ လွှတ်တော်ထဲရောက်လျှင် လည်း ယခုကဲ့သို့ပင် ဖြစ်နေအုံးမည်ကို ပြည်သူများနှင့် ပါတီ ၀င်များ သတိထားကာ စဉ်းစားသင့်သည် ။ လက်ရှိ ပစ္စုပ္ပန် အခြေအနေတွင် ပြည်သူလူထု ဘက်မှ ရပ်တည် မပေးနိုင်ပါဘဲ နောင် အနာဂါတ်တွင် ကျွန်ူပ်တို့ ကောင်းကျိုး ဆောင်ရွှက်ပေးပါမည်ဟု ဆိုသည့်စကားကို မည့်သည့် ဦးနှောက်မျိုးဖြင့် စဉ်းစား၍ လက်ခံ၍ ရပါမည်နည်း ။ အမှန်ကို သိလျှက် အမှားကို လက်ခံထား ကာ မထူးဇတ်ခင်းလျှင် တိုင်းပြည်ကောင်းစားဖို့ ထက် ပျက်စီးစေမည့် လမ်းကြောင်းကြီးကို လူထုကို ချီတက် ခိုင်းနေသည်နှင့် တူပေသည် ။


ဒီနေ့ မြန်မာနိုင်ငံ အခြေအနေ သည် ယခု အတိုင်းဆက်သွား လျှင် မကြာခင် ဗုံးဗုံးလဲကြတော့မည် ။ တိုင်းပြည်၏ ၀င်ငွေမှန်သမျှသည် သယံဇာတကို အခြေခံထား ခြင်းကြောင့် ဖြစ်လေသည် ။ ရာသီဥတု၏ နှိပ်စက်သည့် ဒဏ်များကို ခံစားရသည့် ကြားထဲ ကိုယ်ကျိုးရှာ အာဏာရှင်များက တိုင်းပြည်ဘဏ္ဍာကို စိတ်ကြိုက် အလွဲသုံးစား လုပ်နေခြင်း၏ အကျိုးဆက်များက ပြည်သူလူထု အငတ်ဘေး ဆိုက်သွားနိုင်ပါသည် ။ သဘာဝ သယံဇတ အရင်းအမြစ်များ ပေါကြွယ်ဝသလို ၊ လူစွမ်းအား အရင်းအမြစ်များလည်း ရှိပါသည် ။ သို့သော် အကျိုးရှိစွာ အသုံးမချတတ်ကြသည့် ညဏ်အမြော်အမြင် ဘာမှ မရှိတဲ့ ခေါင်းဆောင်တွေကို တရားဝင် အုပ်ချုပ်မှု အာဏာ ဆက်လက် အပ်နှင်းကြမည့် ဒီရွေးကောက်ပွဲကြီး ဖြစ်မြောက်ရေးကို လိုက်လံ နိုးဆော်ပေးနေသူများလည်း သတိထားကာ ဆင်ခြင်စေချင်ပါတယ် ။


ကျွန်ူပ်နှင့်လူငယ်များ၏ နိုင်ငံရေး အသိအမြင်သည် ကကြီးခခွေး စတင်ရေးသည့် ကလေးငယ် ပမာ ဖြစ်ချင်ဖြစ်မည် ။ သို့သော အမှန်တရားကို လက်ကိုင်ထား၍ ပစ္စုပ္ပန် အခြေအနေကို လက်တွေ့ကျကျ စဉ်းစားကာ ရေးသားခြင်းကြောင့် အမှား မဟုတ်ပါ ဟု အာမခံပြောကြား ရဲပါသည် ။ ထိုကြောင့် ကကြီးခခွေး စတင်ရေးသား လာကြသည့် အမှန်တရားကို မြတ်နိုး တန်ဖိုးထားသည့် လူငယ်များ ကို ကျွနူ်ပ်လေးစားပါသည် ၊ ဂုဏ်ယူသည် ၊ အားထားသည် ။ ထို့အတူ တိုင်းပြည်ကို ချစ်သည့်စိတ်ဖြင့်ကိုယ်တိုင် ပါဝင် ကြိုးစားလိုသည့် နိုင်ငံရေး အသိအမြင်နှင့်ပက်သက်၍ ၀ လုံးလောက်ကို ပင် မသိသေးသည့် လူငယ်များကို လက်တွဲခေါ်ယူ လမ်းပြပေးကြပါ ။ တိုင်းပြည်ကို တကယ်ချစ်သည်ဟု ခံယူထားကြလျှင် အာဏာရှင် ဆန့်ကျင်ရေး အတွက် ကျရာ အခန်းဂဏ္ဍက ပါဝင်ဆောင်ရွက်သင့် သည့် အချိန်အခါ ဖြစ်သော ကြောင့် လူငယ်များကို ဆက်လက် ကြိုးစား လုပ်ဆောင်ကြရန် နှင့် နိုင်ငံရေး ပက်သက်၍ တိုင်းပြည် တိုးတက် ထွန်းကားစေလိုသည့် စေတနာနှင့် သတင်းမှန်များ ၊ သမိုင်းဖြစ်ရပ်မှန်များ ဖော်ထုတ်ရေးတွင် ကိုယ်တိုင် ပါဝင် ဆောင်ရွက်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အကြံပြု တင်ပြ လိုက်ရပါသည် ။



ခင်မင်လေးစားလျှက်



ဗမာ့သွေး