Tuesday, October 26, 2010

26 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/w69gmkvcn2v3w4z/26%20%20October%202010%20yeyintnge%27s%20Diary.pdf
http://ifile.it/jy6xtbc/26%20%20October%202010%20yeyintnge_s%20Diary.doc
26 October 2010 Yeyintnge's Diary

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကိုယ်ရင်ဆိုင်ရမဲ့ ရွေးကောက်ပွဲဟာ ဘယ်လို ရွေးကောက်ပွဲလဲ၊ ဘာအတွက် ဆန္ဒမဲ ထည့်မှာလဲ ဆိုတဲ့ မေးခွန်းနှစ်ခုကို ကိုယ့်ကိုကိုယ်ပြန်လည် ဆန်းစစ်မေးမြန်းဖို့ လိုအပ်တယ်လို့ ရွေးကောက်ပွဲ ၁၁ ရက်ပဲ လိုတော့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင် ပြည်သူတွေကို အထူးမှာကြားလိုက်တယ်...

နှစ် ၆၀ ပျောက်ဆုံးမှုကို အဖြေရှာခြင်း

နှစ် ၆၀ ပျောက်ဆုံးမှုကို အဖြေရှာခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

ချင်းမိုင် (မဇ္ဈိမ) ။       ။ နှစ် ၆၀ ခန့်ကြာ ပျောက်ဆုံးခဲ့သော တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြန်ရှာရန်အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံတရပ် ခေါ်ယူကျင်းပရေးကို သဘောတူကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ယနေ့ ပြောဆိုသည်။

ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရမည်ဟု nld-not-re-register3ဇိုမီးအမျိုးသားကွန်ဂရက် - ဇက်အန်စီက စစ်ကိုင်းတိုင်း ကလေးမြို့၌ ယခုလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ၂၂ နှစ်မြောက် အခမ်းအနား၌ ကြေညာစာတမ်းတစောင် ထုတ်ပြန်ခဲ့ရာ အန်အယ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများက သဘောတူလက်မှတ် ရေးထိုးခဲ့သဖြင့် မဇ္ဈိမက ဦးဝင်းတင်ကို သဘောထား မေးမြန်းကြည့်စဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား ပြည်သူများ လိုလားသည့် တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန် မဖော်ဆောင်နိုင်သဖြင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပရန် ဇက်အန်စီက ၎င်းကြေညာစာတမ်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းအယူအဆ အဘယ်ကြောင့် ပေါ်လာရသနည်း၊ ၁၉၄၇ ခု ပင်လုံစာချုပ်အပေါ် မည်သို့ သက်ရောက်မည်နည်း၊ အန်အယ်ဒီ၏ ဖက်ဒရယ် ပြည်ထောင်စု အမြင်တို့ကို သိရှိနိုင်ရန် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို မဇ္ဈိမက မေးမြန်းထားသည်။


ဒုတိယကြိမ် ပင်လုံညီလာခံခေါ်ဖို့ လိုတယ်ဆိုပြီး အန်အယ်ဒီက တိုင်းရင်းသားပါတီတွေနဲ့အတူ အကြံပြု လက်မှတ်ထိုးထားတာ တွေ့ရပါတယ်။ ဒီကိစ္စ ဘယ်လိုစဖြစ်လာတာလဲ ခင်ဗျာ။

“ဒီလိုဗျ။ အန်အယ်ဒီက လုပ်တာမဟုတ်ဘူးဗျ။ ဇိုမီးအမျိုးသားကွန်ဂရက်ကနေပြီးတော့ စပြီး လုပ်တာပဲ။ ဒါတွေအကုန်လုံး စုစည်းတာက တိုင်းရင်းသားခေါင်းဆောင်တွေကို ညှိတာလည်း သူတို့ပဲ။ ပြီးတော့မှ ကျနော်တို့ အန်အယ်ဒီရော၊ ဝါရင့်တို့ဘာတို့ဆိုတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ပါဝင်လက်မှတ်ထိုးကြတာ။ ဒီဟာရဲ့ အဓိက ဦးဆောင်ဦးရွက်ပြုတဲ့ ပုဂ္ဂိုလ်တွေ သို့မဟုတ်လည်း ဒါကို စပြီးတော့ စုစည်းတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းရင်းသား ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ် ’’

ဒုဥက္ကဋ္ဌ ဦးတင်ဦးရော၊ စီးအီးစီ ဦးဝင်းတင်ရော လက်မှတ်ထိုးတယ်ဆိုတော့ အန်အယ်ဒီ သဘောထားလို့လည်း ပြောလို့ရမလား။

“အန်အယ်ဒီကတော့ သဘောတူပါတယ်။ ကျန်တဲ့ စီအီးစီတွေလည်း အားလုံးလက်မှတ်ထိုးတယ်ခင်ဗျ။ ကျနော်တို့ ခေါင်းဆောင်တာ မဟုတ်ဘဲနဲ့ ကျနော်တို့ ခေါင်းဆောင်တယ်လို့ ဝင်ပြီးတော့ နေရာယူသလိုဖြစ်မှာ စိုးလို့။ ခေါင်းဆောင်မှုကို စုစည်းတာ၊ ညှိနှိုင်းတာတွေရော၊ ရေးသားဖော်ပြချက်တွေရော အကုန်လုံးက တိုင်းရင်းသား ခေါင်းဆောင်တွေက လုပ်ကြတာ။ ကျနော်တို့ကို လာပြီးတော့ ပါဝင်ဖို့လုပ်တယ်။ ကျနော်တို့က ပါတယ်။ ပါတာမှ အကုန်လုံး ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သိပါလိမ့်မယ်ခင်ဗျ။ သို့သော် ဒီကိစ္စအချိန်မှာ ကျနော်တို့ကတော့ အဆက်သွယ်မရဘူးဗျဲာ’’

ဒေါ်အောင်ဆန်းစုကြည်က မသိသေးဘူးဆိုတော့ သိပြီဆိုရင်ရော လက်ခံမယ်လို့ ယူဆလား။

“တူမယ်၊ တူမယ်။ ကျနော် ယူဆတယ်။ ဒီ ဒုတိယပင်လုံညီလာခံဆိုတဲ့ စကားလုံးကိုက သူပြောခဲ့တဲ့ စကားလုံးပါပဲ။ အဲဒီတော့ ဘာမှ အထစ်အငေါ့ ရှိမှာ မဟုတ်ဘူး။ နောက်တချက်က ပါတီမှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စမှာလည်း ဦးဥာဏ်ဝင်းကတဆင့် ပြောလိုက်တဲ့ အယူအဆတွေမှာလည်း တွေ့ပါလိမ့်မယ်။ သူ့ရဲ့သဘောထားကို သူပြောပြတယ်၊ သို့သော် ပါတီရဲ့ အဆုံးအဖြတ်ကို သူလိုက်နာပါ့မယ်ဆိုတာ အမြဲတမ်း ပြောလေ့ပြောထရှိတယ်’’

ကျနော်တို့ရလိုက်တဲ့ ကြေညာစာတမ်းမှာ လက်မှတ်ထိုးတဲ့ ခေါင်းဆောင်တွေထဲမှာ ပါသင့်ပါထိုက်သူ အားလုံး မပါဝင်တာကို တွေ့ရပါတယ်။ အဲဒီကိစ္စလေး ရှင်းပြပေးပါခင်ဗျာ။

“တိုင်းရင်းသားတွေကလည်း ဒီကိစ္စလုပ်ရတယ်ဆိုတာ တော်တော်လေးကို သိုသိုသိပ်သိပ် လုပ်ရတဲ့ပုံ ပေါ်တယ်ဗျ။ ကျနော်တို့ဆီကို စာချောတွေပေါ့ဗျာ၊ လက်မှတ်ထိုးဖို့အတွက် ရောက်မလာခင်မှာ သူတို့ဘာသာသူတို့ သိုသိုသိပ်သိပ် ညှိနှိုင်းပြီးတော့ လုပ်ကြတဲ့အခါကျတော့ ကျနော်တို့ ဒီဟာကို ၂၀ ရက်နေ့ကျော်လောက်ကျမှ ဒီအသံတွေ စပြီး ကြားလာသိလာတယ်ပေါ့။ ဆိုတော့ ကျနော်တို့က (ကလေးမြို့ကို) သွားဖို့လာဖို့ လေယာဉ်ပျံတို့ဘာတို့ လက်မှတ်တွေဘာတွေ မရဖြစ်ပြီးတော့ မရောက်တော့ဘူး။ ကျနော်တို့ ရန်ကုန်မှာပဲ လက်မှတ်ထိုးကြရတယ်။ အလားတူပဲ ရန်ကုန်က တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငွေသိန်းတို့၊ နိုင်ထွန်းသိန်းတို့၊  ဦးအေးသာအောင်တို့ ဘာတို့ဆိုရင် မသွားနိုင်ကြဘူးဗျ’’

လက်မှတ်ထိုးတဲ့ထဲမှာ ဦးအေးသာအောင်ကို မတွေ့ပါဘူး။ စီအာပီပီ (လွှတ်တော်ကိုယ်စားပြု ကော်မတီ) အနေအထားကရော ဘယ်လိုရှိပါလဲ။

“ပါမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါတွေလုပ်တဲ့အချိန်မှာ ဦးအေးသာအောင်ဆိုရင် အန်အယ်ဒီနဲ့ ကချင်ကို ပါသွားတာ။ စီအာပီပီ တခုလုံး ပါမှာပါ။ စီအာပီပီ ထဲမှာ ပါတဲ့ ဦးသိန်းဖေဆိုပါတော့ ကျနော်တို့ အခုထိ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ပါမယ်လို့ ယူဆပါတယ်။ သူက အဲဒီအချိန်မှာ အန်အယ်ဒီ ချင်းတောင်အဖွဲ့နဲ့ လိုက်သွားတယ်ဗျာ။ အပြန်မှာ သူက ကလေးမှာ ဝင်နားပြီးတော့ ဒီအခမ်းအနားကို တက်မှာဗျ။ အဲဒီလိုပေါ့ဗျ။ တချို့ဟာတွေက အစည်းအဝေး တက်ပြီးတော့ ဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးလေ’’

ဒုတိယပင်လုံညီလာခံ လုပ်ကြရမယ်ဆိုတော့ ၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဆောင်ရွက်ချက်အပေါ် ထိခိုက်သွားနိုင်မလားခင်ဗျာ။

“မဖြစ်ပါဘူး။ ဒီပင်လုံညီလာခံရဲ့ အနှစ်သာရက တိုင်းပြည်ထူထောင်မယ်ဆိုတော့ အင်္ဂလိပ်က တိုင်းတွေ၊ ပြည်နယ်တွေ၊ တောင်ပေါ်သားတွေဆိုပြီး ခွဲထားခဲ့ချင်တယ်။ တချို့ကလည်း ဗမာနဲ့အတူ လွတ်လပ်ရေး တွဲလိုချင်တယ်။ တချို့က ဗမာနဲ့တွဲ လွတ်လပ်ရေး မလိုချင်ဘူးပေါ့။ ဗမာဘက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စေတနာစကားအရဆိုရင် တို့တော့ လွတ်လပ်ရေးရပြီ၊ ခင်ဗျားတို့ လွတ်လပ်ရေး ကျုပ်တို့နဲ့အတူ ပါမယ်ဆိုရင် ကျုပ်တို့ တတွဲထဲ တွဲခေါ်မယ်ဆိုတဲ့ ပုံစံမျိုး ချဉ်းကပ်တာကိုး။ နောက်ဆုံးပိတ်ကျတော့ တိုင်းရင်းသားတွေကလည်း ဗမာနဲ့အတူ လက်မှတ်ထိုးခဲ့ကြတယ်။ အခြေခံက စစ်မှန်တဲ့ ပြည်ထောင်စုပေါ့ဗျာ။ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို သဘောတူတယ်’’

“အခု နှစ်ပေါင်း ၆၀ လောက် မဆလခေတ်တို့၊ စစ်အာဏာရှင်စနစ်တို့ကို ကျော်ဖြတ်လာတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ စစ်မှန်သော ပြည်ထောင်စုဆိုတဲ့ သဘောထားတွေ ပျောက်တယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာလည်း ပျောက်ဆုံးလာတယ်။ အမျိုးသားညီလာခံဆိုတာ ပေါ်လာတဲ့အခါကျတော့ တိုင်းရင်းသားတွေက တို့များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ တန်းတူမှုတို့၊ စစ်မှန်တဲ့ ပြည်ထောင်စုတို့ ရနိုင်မလားဆိုပြီး အပစ်ခတ်ရပ်စဲကြတယ်။ ၁၉၉၃ မှစတဲ့ ညောင်နှစ်ပင် ညီလာခံ တက်ခဲ့တယ်။ သို့သော် ဘာမှ ပြောခွင့်ဆိုခွင့် မရဘူး။ ပြည်ထောင်စုနဲ့ ပတ်သက်လို့၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်လို့ တင်ပြသမျှတွေဟာ ဘာတခုမှ အရာမထင်ခဲ့ဘူး’’

“အခုနောက်ပိုင်း နယ်ခြားစောင့်တပ် ဆိုတာမျိုးတွေ ပေါ်လာတဲ့အခါကျတော့ ပြည်တွင်းစစ်မီး တောက်မယ့် အနေအထားတွေကလည်း ပေါ်လာတယ်ပေါ့ဗျာ။ မြောက်ပိုင်းဆို သေနတ်သံတွေတောင် ပေါ်ခဲ့ပြီပဲ။ နယ်ခြားစောင့်တပ် မအောင်မြင်ဘူးဆိုတာ ဒီကေဘီအေက နယ်ခြားစောင့်တပ်ကို လက်ခံသူက လက်ခံ၊ လက်မခံသူက လက်မခံဘူး။ ကေအန်ယူကတော့ နဂိုကတည်းက လုံးဝ မပါဘူး။ ဆိုတော့ ဘာပဲပြောပြော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းပဲ’’

“စစ်အစိုးရကလည်း ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သွားရင် လက်နက်ကိုင် တပ်မှန်သမျှဟာ တပ်ချုပ်အောက်မှာ ရှိရမယ်ဆိုတဲ့ အယူအဆအတိုင်းဆိုရင် ရွေးကောက်ပွဲအပြီး ကာလဆိုရင် အခြေခံ ဥပဒေ အတည်မဖြစ်ခင်သော်လည်းကောင်း၊ ဖြစ်ပြီးရင်သော်လည်းကောင်း ဒါကို အကောင်အထည်ဖော်ရတော့မယ်။ မပေါ်ဘဲနဲ့ ဆိုလို့ရှိရင် နယ်စပ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိနေတယ်ဆိုရင် စစ်ပြန်တိုက်ရုံပဲ ရှိတော့မှာပေါ့’’

“အဲဒီအခြေအနေမှာ ကျနော်တို့က ဗိုလ်ချုပ်တို့လုပ်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်များဖြစ်တဲ့ ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်ကြမယ်။ တန်းတူညီမျှမှုကို အသိအမှတ်ပြုမယ်ဆိုတဲ့ ဒါက ပြန်ပြီးတော့ ကြွလာတယ်။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုလည်း မဟုတ်ဘူး။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ပေါ်လာရင် ၁၉၄၇ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့ ထားခဲ့တဲ့ သို့မဟုတ်လည်း ပင်လုံမှာ ကိန်းအောင်းနေတဲ့ နိုင်ငံရေး ဝိညာဉ်တွေဟာ အကုန်လုံး ပပျောက်သွားမယ့် အနေအထား ဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စဟာ အခု ပေါ်လာတာ။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပေါ်တာ မဟုတ်ဘူးလို့ ပြောမယ်’’

နအဖရဲ့ နယ်ခြားစောင့်တပ်အစီအစဉ်အပေါ်မှာရော အန်အယ်ဒီက ဘယ်လိုမူဝါဒရှိပါလဲ။

“ဒီတိုင်းရင်းသားတပ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀ ပေါ့ဗျာ။ သူတို့ရဲ့ တော်လှန်ရေးတွေပဲခေါ်ခေါ်၊ ရုန်းကန်မှုတွေပဲခေါ်ခေါ်၊ အကုန်လုံးဟာ နိုင်ငံရေးအခြေခံနဲ့ပဲ။ စစ်တပ်ထဲဝင်ဖို့သော်လည်းကောင်း၊ လက်နက်ချပြီးတော့ နယ်ခြားစောင့်တပ်လုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့၊ ရဲတို့ဘာတို့ လုပ်ဖို့လို့ ပြောလို့မရဘူး။ တိုင်းရင်းသားအခွင့်အရေး နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ စခဲ့တာ။ ဘိန်းစစ်သားတွေ ဖြစ်သွားတာလည်း ရှိတာပေါ့ဗျာ။ လက်နက်ချသွားတာလည်း ရှိတာပေါ့ဗျာ။ ဒါပေမဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ စတာဖြစ်တယ်။ အဲဒါကြောင့် နအဖရဲ့ နောက်ဆုံး ကမ်းလှမ်းချက်ဖြစ်တဲ့ နယ်ခြားစောင့်တပ်ဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ယူဆတယ်။ နယ်ခြားစောင့်တပ်နည်းနဲ့ တိုင်းရင်းသားပြဿနာ၊ နယ်ခြားပြဿနာတွေကို ဖြေရှင်းတာထက် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဖို့ကောင်းတယ်လို့ အန်အယ်ဒီက သဘောထားရှိပါတယ်’’

နယ်စပ်တွေက ဗမာ တိုင်းရင်းသားမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေရဲ့ ဒေသတွေဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ အန်အယ်ဒီရဲ့ မူဝါဒကရော ဘယ်လိုရှိပါသလဲ။

“အဲဒီလောက်အထိတော့ ကျနော်တို့က စောစောစီးစီး ကြိုပြောဖို့တော့ ခက်တယ်။ ကျနော်တို့က အာဏာရ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ အာဏာနဲ့လည်း အများကြီး ကင်းဝေးနေတဲ့ အဖွဲ့အစည်း ဖြစ်နေတယ်။ ဒါပေမယ်လို့ ကျနော်တို့ဟာ ဒီဖက်ဒရယ်မူဆိုတာကို ယုံကြည်လို့ အကောင်အထည် ဖော်ပြီဆိုရင် ဖက်ဒရယ်မူဟာ ခွဲထွက်ခြင်းနဲ့ လုံးဝ ဆန့်ကျင်တယ်။ စစ်မှန်သော ပြည်ထောင်စုလို့ ဆိုခြင်းအားဖြင့် ဒီပြည်ထောင်စု လုံခြုံရေးအတွက်ကို ပါဝင်ဖို့ဆိုတာ တိုင်းရင်းသားတွေကြားထဲကနေ အလိုလိုပေါ်လာမယ်လို့ ကျနော်တို့က ယုံကြည်တယ်’’

အပစ်ရပ်ထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၊ မွန်ပြည်သစ်၊ ဝ’ လို အဖွဲ့တွေလည်း ရှိသလို၊ အပစ်မရပ်ထားတဲ့ ကရင် (ကေအန်ယူ)၊ ကရင်နီ (ကေအန်ပီပီ)၊ တခြား တိုင်းရင်းသား အဖွဲ့တွေ ရှိတယ်။ သူတို့တွေအတွက်ရော ဘယ်လို အခန်းကဏ္ဍ ရှိမယ်လို့ ယူဆထားလဲ။

“ဒီဟာတွေကလည်း တနေ့သောအခါမှာ ပါလာမှာပဲလို့ ကျနော်တို့ ယူဆတယ်။ ကျန်တာလည်း ကျန်နေမှာပဲ။ တချို့သော အဖွဲ့အစည်းများဟာ နိုင်ငံရေးဆိုတာထက် သူတို့ရဲ့ အဖွဲ့အစည်း ရပ်တည်မှု၊ စီးပွားရေးဘာညာ စသည်ဖြင့် လုပ်သွားတာ။ ခေတ်အဆက်ဆက် ရှိနေတာပဲ။ နိုင်ငံရေး ဦးဆောင်မှုကလည်း ပုံမှန်ပေးနေတယ်ဆိုရင် ဒါတွေဟာ ကင်းကွာစရာ သိပ်မရှိဘူးလို့ ယုံကြည်ပါတယ်’’

ဒုတိယပင်လုံညီလာခံမှာ လက်ရှိ ဗမာ့တပ်မတော်ပဲခေါ်ခေါ်၊ နအဖတပ်ပဲခေါ်ခေါ် အဲဒါရဲ့ အခန်းကဏ္ဍကျတော့ရော။

“တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေက သူတို့နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ တောင်းဆိုနေတာ နှစ်ပေါင်း ၂၀ ကျော်။ ပါမှ မပါခဲ့တာ။ အခုလည်း မြန်မာပြည်ရဲ့ ဆွေးနွေးညှိနှိုင်းမှုမှာလည်း တပ်မတော်ပါလာဖို့ အခန်းကဏ္ဍကတော့ မရှိသေးဘူးလို့ ပြောရမှာပဲ’’

ဒုတိယပင်လုံညီလာခံ အယူအဆက အန်အယ်ဒီနဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံရေးတွေအပေါ် ရှုတ်ထွေးမှု မဖြစ်နိုင်ဘူးလား။

“မဖြစ်နိုင်ပါဘူး။ ဟိုကိစ္စတွေက သီးခြားကိစ္စပဲ။ ဆွေးနွေးချက်တွေက လုပ်နေရမှာပဲ။ ဥပမာဆိုရင် အတိုက်အခံ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားအင်အားစုများဆိုတာ နှစ်ဖွဲ့ဖြစ်ပြီ။ အဲဒီမှာ တပ်မတော် မပါဝင်တဲ့အတွက် ကုလသမဂ္ဂတို့ဘာတို့က ပြောနေတဲ့ ၃ ပွင့်ဆိုင် မဖြစ်ဘူး။ ဒါပေမဲ့ အနည်းဆုံး ၂ ပွင့်ဆိုင်တော့ ဖြစ်တယ်။ နောက်တခုကလည်း ပြည်ထောင်စု စစ်စစ်ပုံစံကို လက်ခံတယ်ဆိုကတည်းက ဒီ သူတို့ရဲ့ အခြေခံဥပဒေနဲ့တော့ မတူဘူးပေါ့။ သူတို့ကတော့ ပြည်ထောင်စု စစ်စစ်ဆိုတာနဲ့ အတော်ကင်းကွာပြီးတော့ စစ်ပြည်ထောင်စုစနစ် ပုံစံမျိုးနဲ့ ဖွဲ့စည်းထားတာဆိုတော့။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပြဿနာနည်းနည်း ရှိမှာပေါ့။ သို့သော် ဒါတွေက ညှိနှိုင်းသွားရမှာပေါ့’’

ဒုတိယ ပင်လုံညီလာခံက ရွေးကောက်ပွဲ မတိုင်ခင်ဖြစ်မှာလား။ ရွေးကောက်ပွဲပြီးမှ ဖြစ်မှာလား။

“အချိန်ကတော့ အလွန်ကို ကပ်နေပြီ။ ညီလာခံတခု ကျင်းပတယ်ဆိုတာက လာဟေ့ .. လာထိုင်ကြမယ်ဆိုပြီးတော့ လက်ဖက်ရည်ဆိုင် ထိုင်သလိုမျိုး မဟုတ်တဲ့အခါကျတော့။ အားလုံး ကြိုတင်ပြီးတော့ ညှိရမယ်။ ကျနော်ထင်တယ် ဒီလောက် မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်ဘူးပေါ့ဗျာ။ သို့သော် ကျနော်တို့ကတော့ တတ်နိုင်သမျှ မြန်မြန် ရုပ်လုံးပေါ်အောင်တော့ ကြံရွယ်ချက်ရှိတယ်’’

နအဖကတော့ ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ လုပ်မယ့်သဘော မြင်ရပါတယ်။ တချို့ ပါတီတွေကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်တာ မကြိုက်တာ ရှိနေတယ်။ နောက်ပေါ်လာမယ့် အစိုးရတရပ်နဲ့ရော ဒီအယူအဆက ထိပ်တိုက် မတွေ့နိုင်ဘူးလား။

“ဒါလည်း မဖြစ်ပါဘူးဗျာ။ အစိုးရတွေဆိုတာက တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို မိမိတို့နဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ညှိနှိုင်းဖြေရှင်းရမယ့် ဝတ္တရား ရှိပါတယ်ဗျာ။ စစ်အားဖြင့် ဖြေရှင်းမယ်ဆိုရင်တော့ ဒါက မမှန်ဘူးလို့ ကျနော်က ယူဆတာကိုး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။ သေနတ်နဲ့ပစ်မယ်၊ ထောင်ထဲဆွဲသွင်းမယ်ဆိုရင် မမှန်ဘူး။ နောက် အစိုးရတက်လာရင် နောက်အစိုးရနဲ့ ကျနော်တို့နဲ့ ညှိနှိုင်းဆွေးနွေးခြင်းဆိုတာ ရှိမှာပဲ’’
http://mizzimaburmese.com/interview/6334-2010-10-26-13-03-51.html

ဒုတိယ ပင်လုံညီလာခံ ကျင်းပရန် ရွေးကောက်ပွဲ ၀င်မည့်ပါတီတချို့ ထောက်ခံ


Panglong
ဗိုလ်ချုပ်အောင်ဆန်း (အလယ်)နှင့် တိုင်းရင်းသား ခေါင်းဆောင်များအား ၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် တွေ့ရစဉ်
ဒီမိုကရေစီနှင့် တန်းတူအခွင့်ရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသားပြည်သူ အားလုံး အတူတကွ လက်တွဲပြီး ဒုတိယပင်လုံညီလာခံကို ခေါ်ယူကျင်းပသွားမည်၊ ထိုညီလာခံကြီး အမြန်ဆုံးကျင်းပရန် ပြည်သူတရပ်လုံးက ကြိုးပမ်းသွားကြရမည်ဟူ၍ ကလေးမြို့ ကြေညာစာတမ်းတွင် ပါရှိသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး တောင်းဆို ချက်ကို ထောက်ခံကြောင်းနှင့် တိုင်းရင်းသားများလည်း ညီညွတ်သင့်နေပြီဖြစ်ကြောင်း ပြောသည်။

ဒေါက်တာ အေးမောင်က“ကျနော်တို့ပါတီ စတင်ထူထောင်စဉ်ကတည်းက တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်တဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို ဦးတည်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ အခွင့် အရေး ရရှိရေး ဆိုတာတွေက ကျနော်တို့ အလေးထားစဉ်းစားထားရတဲ့ အချက်တွေဖြစ်ပါတယ်”ဟု ဆိုသည်။

သို့သော် လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး“ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံ၊ မခံ ဆိုတာက တပိုင်းပေါ့ဗျာ၊ ဒါပေမယ့် နောက်ထပ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တရပ် ပေါ်ထွန်း လာအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်သေးဘူး၊ ကျနော်တို့တွေက ဦးတည်ချက်ကတော့ ဒီမိုကရေစီ ပန်းတိုင်ပဲ၊ ဒီပန်းတိုင် ကို ကျနော်တို့ကလည်း ကျနော်တို့လမ်းအတိုင်း လျှောက်ရမှာပဲ”ဟုလည်း ဒေါက်တာ အေးမောင်က ပြောသည်။

ပထမ ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ရှမ်း၊ ချင်း၊ ကချင် စသည့် တိုင်းရင်းသားခေါင်းဆောင်များက မြန်မာပြည် လွတ်လပ်ရေးအတွက် လက်မှတ် ရေးထိုး၍ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးအဆိုကို ဇိုမီး အမျိုးသား ကွန်ဂရက်မှ ဦးဆောင်ပြီး တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေး သမားများက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကလေးမြို့ကြေညာစာတမ်း အမည်ဖြင့် ထုတ်ပြန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

၎င်းကြေညာစာတမ်းတွင် ဒုတိယပင်လုံညီလာခံကြီးကို ခေါ်ယူကျင်းပသွားမည်၊ ပြည်သူများ လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် တန်းတူညီမျှမှုတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်၊ လာမည့် ရွေးကောက်ပွဲသည် မည့်သည့်အပြောင်းအလဲကိုမျှ ဖော်ဆောင်ပေးမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဆောင်ရွက်သွားမည် စသည့် အချက် ၃ ချက် ပါရှိသည်။

ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ သည် တိုင်းပြည်တွင် လက်ရှိဖြစ်ပျက်နေသည့် ကိစ္စများ၊ တိုင်းရင်းသားအရေးကိစ္စများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စ များကို ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောဆိုသည်။

“အဲဒါကြောင့် လူတိုင်း လူတိုင်းရဲ့ အခွင့်အရေးတွေကို အာမခံပေးမယ့် ညီလာခံတခုကျင်းပဖို့ ကျနော်တို့ တောင်းဆိုတာပါ” ဟု ဦးပူကျင့်ရှင်းထန်က ဧရာဝတီသို့ ပြောသည်။

၎င်းတို့ ကျင်းပရန်တောင်းဆိုသည့် ညီလာခံမှတဆင့် တိုင်းရင်းသားပြည်သူ တရပ်လုံးက လိုလားတောင့်တနေသည့် စစ် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးပူကျင့်ရှင်းထန်က ပြောသည်။

ယင်းတောင်းဆိုချက်ကို တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကျင်းပသည့် ဇိုမီးအမျိုးသားကွန်ဂရက်၏ ၂၂ နှစ် မြောက် အခမ်း အနားမှတဆင့် တောင်းဆိုခဲ့ကြပြီး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ကရင် အမျိုးသား ကွန်ဂရက်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စသည့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင် များက လက်မှတ် ရေးထိုး ထောက်ခံခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က“ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူခဲ့ကြတဲ့ ပင်လုံညီလာခံထဲက အချက်အလက်တွေကိုတောင်မှ အကောင်အထည် မဖော်နိုင် သေးတဲ့အပြင် ပြည်တွင်းစစ်မီးကလည်း မငြိမ်းသေးဘူး၊ အပစ်ရပ် အဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတာတွေလည်း ရှိသေး တယ်။ အဲဒါတွေကိုဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်”ဟု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦး စင်္ကာပူနိုင်ငံသို့ သွားရောက်ဆေးကုခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပျက်နေသည့် ပြဿနာများကို ကြားဝင်စေ့စပ်ပေးရန် အသင့်ရှိကြောင်း ပြောဆိုခဲ့ဖူးသည်ဟု ဦးတင်ဦးက စင်္ကာပူနိုင်ငံတွင် ပြောဆိုခဲ့သည်။

ဒီမိုကရက်တီပါတီ (မြန်မာ) မှ ဦးသုဝေကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံသည့် တွေ့ဆုံဆွေးနွေးမှု သည် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် အရေးပါသောအချက်တချက်ဖြစ်ကြောင်း၊ သို့သော် လက်တွေ့တွင် အမှန်တကယ် ဖြစ်လာနိုင်ခြင်း ရှိ မရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောသည်။

“တိုင်းရင်းသားတွေ အရေးကိစ္စအတွက်ဆိုရင် ပြည်တွင်းစစ်မီးကို အရင်ဆုံး ငြိမ်းအောင်လုပ်ရမယ်၊ အဲလို ငြိမ်းဖို့အတွက် အစိုးရကပါ ပါဝင်လုပ်ဆောင်မှ ရလိမ့်မယ်။ အဲဒါကြောင့် သူတို့တောင်းဆိုတဲ့အပေါ်ကို အစိုးရက ဘယ်လိုမြင်တယ် ဆိုတာ ကလည်း အရေးကြီးတယ်”ဟု ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တိုင်းရင်းသားအများစုက လက်မခံကြကြောင်း၊ ပင်လုံညီလာခံမှတဆင့်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကဲ့သို့ ဒီမိုကရေစီ ပြည်ထောင်စု၊ တိုင်းရင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးတို့ကို အာမခံနိုင်သည့် ဥပဒေ တရပ် ပြန်လည်ရေးဆွဲရန်လိုအပ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

အခမ်းအနားတွင် National Reconciliation Hero Award အား ဇိုမီးအမျိုးသားကွန်ဂရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဦးဝင်းတင်ကို ပေးအပ်ခဲ့သည်။ ဒု ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယခင်နှစ်များက အလားတူ ဆုမျိုး ရရှိခဲ့ဖူးသည်။

စစ်အစိုးရ၏ ဒို့တာဝန်အရေးသုံးပါးတွင် ပါဝင်သော အချက်တချက်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ကလေးမြို့ကြေညာစာတမ်းပါ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့သည် တိုင်းရင်းသားများအပေါ်တွင် မည်မျှထိရောက်မှု ရှိမည်နည်း ဆိုသည့်အချက်သည် လည်း မေးခွန်းထုတ်စရာပင် ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/news/1-news/4381-2010-10-26-10-01-40

နယူးယောက်မြို့နဲ့ ၀ါရှင်တန်ဒီစီမှာ(၂၀၁၀)ရွေးကောက်ပွဲကိုဆန့်ကျင်ရှုတ်ချပွဲလုပ်ဖို့ပြင်ဆင်

- နယူးယောက်ပြည်နယ်၊ ၀ါရှင်တန်ဒီစီ ၊ အင်ဒီယားနာပြည်နယ်နှင့် မြောက်ကာရိုလိုင်းနားပြည်နယ် စတဲ့ ပြည်နယ် / မြို့နယ် အသီးသီးက မြန်မာဒီမို/အင်အားစုတွေစုပေါင်းပြီး နယူးယောက်မြို့နဲ့ ၀ါရှင်တန်ဒီစီမှာ (၂၀၁၀)ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချပွဲတွေ လုပ်ဖို့ပြင်ဆင်နေပါတယ် ။ ရဲဘော်တို့သိရှိနိုင်စေဖို့ ဖိတ်စာနှင့် ထုတ်ပြန်ကြေညာချက်တွေကို ပေးပို့လိုက်ပါတယ် ။

လေးစားလျက်
ဇော်ကိုနိုင်

NO Vote - 29Oct2010
Call for Protests 2010
2010ResolutionUSBurmeseCommunity

Time for Canada to rein in our global mining firms, including Ivanhoe

Time for Canada to rein in our global mining firms, including Ivanhoe
Canadian Friends of Burma – Oct. 26, 2010

"[m]ining companies are registered in Canada like ships are registered in Liberia" - Ivanhoe Mines Chairman Robert Friedland

Ottawa - This Wednesday (Oct. 27, 2010) the House of Commons will take the final vote on a private members bill that if passed will establish basic guidelines for Canadian extractive companies that operate overseas. Canadian firms would have to follow these guidelines in order to receive support from Export Development Canada (EDC) and the Department of Foreign Affairs and International Trade (DFAIT).

Bill C-300 sponsored by Liberal MP John McKay includes guidelines based on Canada’s international human rights obligations that would compel the government to avoid supporting mining firms whose overseas operations do not live up to a minimum level of corporate social responsibility.

Predictably Canada's mining industry and their well funded lobbyists strongly oppose bill C-300.  The mining industry claims that the guidelines would unfairly punish Canadian firms and cost Canadians jobs.  The industry also claims such regulation is unnecessary because Canadian firms operating overseas follow the best practices.

Contrary to the mining industry's claims however numerous Canadian firms are involved in some of the developing world's most controversial mines which have been linked to massive environmental destruction and serious human rights violations.  These mines located in some of the world's most impoverished and troubled nations.  Guatemala, Papua New Guinea, Niger and the war torn Congo are all home to extremely problematic mines run by Canadian firms.

At present there is little to no oversight of Canadian firms operating overseas and many ostensibly Canadian firms are structured in such a way using offshore subsidiaries that they pay little if any tax.  It’s a massive regulator black whole.

Vancouver based Ivanhoe Mines is one of the firms set to loose out if Bill C 300 is passed.  The firm led by notorious chairman Robert Friedland is seeking crucial financial support from Export Development Canada (EDC) to assist with a massive copper and gold project in Mongolia.  If Bill C-300 is passed, EDC's proposed $500 million dollar loan to Ivanhoe would be in jeopardy due to unresolved issues involving the firm's mining operations in Burma.

In February 2007, Ivanhoe Mines announced that it had transferred its 50% stake in the Myanmar Ivanhoe Copper Company operator of Burma's largest mine to an "independent third party trust" in return for a guarantee that when the trust sold the stake Ivanhoe would then be paid.  As part of the trust deal Ivanhoe continued to receive royalties from the mine and by way of the trust remained owners of half of MICCL.  Later that year Ivanhoe, citing a lack of knowledge about what was occurring at MICCL's Monywa copper mine, claimed that it was "prudent to record a $134.3 million write-down" in the value of their 50% holding in the Burmese joint venture thus reducing its value to zero.

Ivanhoe has to date maintained that the "independent trust" has not sold its stake but the firm refuses to say who runs the "independent trust".  

EDC's apparent willingness to support Ivanhoe comes despite the fact that there is mounting evidence that the so called "trust" sold Ivanhoe's stake to junta cronies who then resold it to Chinese weapon's firm Norinco and another Chinese firm Chinalco.  Burma's state-controlled English-language business weekly the Myanmar Times reported on August 16, 2010 that Norinco would spend US$997 million to develop Monywa’s Letpadaung deposit, an area that Ivanhoe's previous annual filings show was controlled by its joint venture MICCL.

Shortly after Ivanhoe opened a massive heap leach pit at Monywa, farmers with land near the mine found that increased acidity in the soil prevented them growing anything.  The farmers have now been driven into poverty and are forced to earn a living combing through left over mining waste produced by the mine's operations.

Ivanhoe's claim that it created good jobs for people in Burma is also highly questionable.  In 2004 a Burmese court sentenced a driver employed by Ivanhoe named Ko Htet Lwin to seven years in prison because his boss Ivanhoe's Burma exploration manager Andrew Mitchell demanded to be driven to Aung San Suu Kyi's house, a restricted military zone.  Mitchell was under the impression that as a Westerner working for Ivanhoe he could do as he pleased. 

Soldiers acting as the Nobel Peace prize winner's jailers stopped Mitchell's car as it approached Aung San Suu Kyi's home.  Mitchell was eventually allowed to go free, his driver however wasn't so lucky.  The Burmese military charged that the Ko Thet Lwin had kidnapped his boss while under the influence of drugs, a claim that the driver's family said was a total fabrication.   Ko Thet Lwin's last known location was Burma's Insein prison.  CFOB has not been able to verify whether or not Ko Thet Lwin survived a May 2008 massacre that occurred when guards shot and killed dozens of prisoners.

Despite repeated requests the Canadian government has yet to investigate what happened to Ko Thet Lwin or the present status of Ivanhoe's stake in the Monywa mine which if sold to junta's cronies would violate Canadian sanctions.

CFOB supports Liberal MP John McKay's private members bill and we are pleased that the NDP and Bloc Qubecois will be voting for it on Wednesday.  We urge both Liberal and Conservative MPs to support bill C-300.  We encourage our friends in Canada to contact their MP to tell them to support bill C-300.

-30-

-----------------------------------------------------------------------
The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org

ကြံ့ဖွံ့ပါတီနှင့်တစည ပါတီတို့ရဲ့ စကားစစ်ထိုးပွဲ

(လူထုတရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့) မှ စီစဉ်တင်ဆက်ပါတယ်။

သီရိလင်္ကာရောက်ရဟန်းတော်များ သဘောထားထုတ်ပြန်

Msma Statement

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေငြာချက်အမှတ် ၁၀/၁၀/၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေငြာချက်အမှတ် ၁၁/၁၀/၁၀



National League for Democracy
No. (97/b), West Shwegondaing Street
Bahan Township, Rangoon
October 26, 2010

Statement No. 11/10/10

(Unofficial Translation)

General Elections will be held on 7th November, 2010. The elections will be held in order to legitimize the 2008 Constitution and perpetuate the military dictatorship.

The said Constitution will not guarantee ethnic rights, interests of societal layers, basic human rights and democratic rights. Hence, it will not build up a stable and peaceful democratic state.

Electoral laws are not just at all. It is also against the original objectives of the National League for Democracy which is to bring about a democratic government that guarantees basic human rights and not to bring about a dictatorial political system that suppresses people.

Therefore, the NLD boycotts the 2010 general elections taking into consideration of present and future interest of people and the country.

According to electoral laws, voters have rights not to vote in the elections. And if someone forces people to vote, he or she can make complaints at police stations.

Daw Aung San Suu Kyi, leader of the NLD has expressed her opinions as follows;
“Citizens of the country have the right to vote just as the right not to vote according to the law”
“It is against the law if someone is forced to vote”
“If you don’t like parties in the absence of NLD, you can stay at home (without voting)”



As per the decision of the meeting of the Central Executive Committee,



Central Executive Committee
National League for Democracy

Rangoon

အမြင်မှားကို လက်ခံထားကြသူများ



ကျွန်တော်တို့ ငယ်ငယ်တုန်းက စစ်အစိုးရ ၀ါဒဖြန့် ဇတ်လမ်း ရုပ်ရှင်ကားများ အလွန်များသည် ။ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတာကို နိုင်ငံရေး လုပ်ရှားသူများ ကြောင့်ဟု အဓိပ္ပာယ်ပေါ်အောင် အမျိုးမျိုး လုပ်ဆောင်ပြကြသည် ။ အချို့အတွေးအခေါ်များသည် ၀ါဒဖြန့်သည်ဟု မထင်ထားရအောင် ညက်ညောလှပေသည် ။ ကိုယ်ကျိုးရှာလိုသည့် အသိညဏ်ကို သစ္စာဖောက်သည့် ပညာရှင် အမည်ခံများ၏ လုပ်ရပ်များကြောင့် ယနေ့လူငယ်များသည် နိုင်ငံရေး ဆိုသည့်စကားကို ပြောကြားရမည်ကို ပင် ခါးသီးစွာ ငြင်းဆန်နေကြသည် ။

မည်သည့်ဇတ်လမ်းထဲ တွင်ဟု ပါဝင်သည်ဟု အသေအချာ မမှတ်မိသော်လည်း ထို ၀ါဒဖြန့်သည့် အတွေးအခေါ် တရပ်သည် လူတော်တော်များများ ယခုချိန်ထိ လက်ကိုင်ထားကြတုန်းပင်ဖြစ်သည် ။ သူတို့တင်ဆက် ပြသပုံမှာ ( ဂ ) အက္ခရာလေးကို ရေး၍ အမြင် မတူသည့် ဘက်မှကြည့်ကာ
အဓိပ္ပာယ်ကောက်ယူကြခြင်းကို တင်ပြထားသည် ။ တပည့်ဖြစ်သူဘက်မှ ကြည့်လျှင် ( ဂ ) ဖြစ်လျှက် ဆရာဖြစ်သူဘက်မှ ကြည့်လျှင် ( ပ ) ဖြစ် နေသလို ကြားနေ သမား တစ်ဦးဘက် ကကြည့်လိုက်ပြန်တော့ မြန်မာ လို ( ၁ ) ဂဏန် ဖြစ်နေသည်ကို နေသည်ကို တင်ပြ ဆွေးနွေးကြသည့် အခန်းလေးပင် ဖြစ်သည် ။ အချို့လူများ ထိုဇတ်ဝင်ခန်းလေးကို မှတ်မိကြအုံးမည် ထင်ပါသည် ။

ထိုသို့ အမြင်ကွဲလွဲမှု ကို ဥပမာပေး၍ စစ်အစိုးရဘက် မှကြည့်လျှင် သူတို့လုပ်ရပ် မှန်သည်ဟု ယူဆ၍ ဒီမိုကရေစီ လုပ်ရှားသူများ က အမြင်ကွဲလွဲမှုကြောင့် သူတို့အား အတိုက်အခံ လုပ်နေသည်ဟု တင်ပြထားကြခြင်း ဖြစ်သည် ။ ထိုအယူဝါဒ ဖြန့်မှု ကို အဟုတ်မှတ်ကာ လူတော်တော်များများ အမြင်ပြောင်းလဲမှု နှင့် ပက်သက်လာခဲ့လျှင် ယနေ့ထိ ထိုအယူဝါဒကို လက်ကိုင် ထားကြတုန်းပင် ရှိသေးသည် ။

တနေ့ကျွန်ူပ်နှင့် ကျွန်ူပ်၏ သူငယ်ချင်း တစ်ယောက် ဆုံမိသော တစ်ယောက်နှင့်တစ်ယောက် စကားလက် ဆုံကြရာက အမြင်မတူညီသည့် ရှုထောင့်များ အကြောင်းကို ရောက်ရှိသွားသည် ။ ထိုအခါ သူငယ်ချင်း ဖြစ်သူက ထိုအယူဝါဒကို ဥပမာပေး၍ ကျွန်ူပ်တို့ ဆွေးနွေးသည့် ကိစ္စ ကို သူကပြန်လည် ဖြေရှင်းပြပါသည် ။ ကျွန်ူပ်က စာရွက်တရွက်နှင့် ဘောပင် တစ်ချောင်းတောင်းကာ သူ့ကို (ဂ) အက္ခရာကို မျဉ်းနှစ်ကြောင်းစာခန့် စာရေးသားခြင်း စနစ်အတိုင်း ရေးသားခိုင်းလိုက်သည် ။ ပြီးသော အခါသူ့ကို ပြောင်းပြန်လှန်၍ ဖတ်ခိုင်းလိုက်သည် ။ ( ပ ) အက္ခရာ ရေးထားသည်ဟု ထင်မိသေးလားဟု မေးကြည့်သည် ။ သူက ( ပ ) ဟု ထင်မြင်ယူဆမိ၍ ရသော်လည်း သတ်မှတ်ထားသည် စာပေးရေးသားခြင်း စည်းမျဉ်း အတိုင်း ဆိုလျှင် မှားယွင်းနေကြောင်း သူက ပြန်ဖြေပါသည် ။ တကယ်လည်း ဟုတ်ပါသည် ။ စာရေးသားခြင်း နှင့် ပက်သက်၍ စည်းမျဉ်း စည်းကမ်းများ အတိအကျ ရှိပါသည် ။ ထိုစည်းမျဉ်းစည်းကမ်း များဖြင့် ချိန်ထိုး စဉ်းစားပါက (ဂ) အက္ခရာသည် မတူညီသည့် ရှုထောင့် ပြောင်းလဲ ကြည့်ရုံမျှဖြင့် ( ပ ) အက္ခဟု ပြောလို့မရပါ ။ စာစတင် ရေးသား သူတိုင်းသည် ဘယ်ဘယ်မှ စတင် ရေးသားရမည် ။ စတင်ရေးသားသည့် နေရာမှာ စာရွက်စွန်းနှင့် တလက်မခန့်ခွာကာ ရေးသားလေ့ ရှိကြပါသည် ။ ထို ( က ) ရေးသားထားသည့် စာရွက်ကို ပြောင်းပြန်လှန်၍ ဖတ်ကြည့်လျှင် ( ပ ) ပါလို့ ဗလာ အမြင်အား ဖြင့် ထင်မြင်ယူဆလို့ရသော်လည်း စာရေးသားသည့် စနစ်ကို အခြေခံထား၍ မျဉ်းကြောင်းများ ဆွဲကာ စဉ်းစားလျှင် မှားယွင်းနေပါသည် ။


ယနေ့ရွေးကောက်ပွဲ နှင့် ပက်သက်၍ အငြင်းပွားနေကြရ ခြင်းမှာ ထိုကဲ့သို့ အမြင်မတူမှု များကို အခြေခံထားသောကြောင့်ဖြစ်သည် ။ တကယ့် သဘာဝ အမှန်တရား ဆိုသည်ကား နေရာတိုင်းတွင် ရှိနေသည် ။ လူတို့၏ စံနူန်းသတ်မှတ်ချက် များသည်လည်း သဘာဝကို သာ အခြေခံ သတ်မှတ်လေ့ရှိသည် ။ သူတို့ဘက်က ကြည့်လျှင် သူတို့ မှန်သည်ဟု ဒီနေ့ရွေးကောက်ပွဲ ၀င်မည့်သူများကလည်း ပြောကြပါသည် ။ စစ်အာဏာရှင် များကလည်း သူတို့က လက်ရှိအာဏာကို ထိန်းသိမ်းသူများ ဖြစ်သော ကြောင့် အာဏာကို မလွှဲပြောင်းလိုသည့် အတွက် သူတို့ မှန်သည်ဟု ယူဆကြပြန်သည် ။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင်များကလည်း သူတို့ရွေးကောက်ပွဲကို လက်မခံသည်မှာ
မှန်သည်ဟု ထင်ကာ ကန့်ကွက် ဆန္ဒပြနေကြပါသည် ။

ထိုအမြင်တို့တွင် မည့်သည့် အမြင် က မှန်သနည်း ။ ဆွေးနွေးကာ အဖြေရှာသင့်လှပေသည် ။ သူ့အတွေး ကိုယ့်အတွေး ရှုထောင့် မတူယုံမျှ ဖြင့် အားလုံးရဲ့ အတွေးမှန်ကန်သည်ဟု မဆိုသာပါ ။ လက်တွေ့ကျကျ အဖြေရှာလို့ ရနိုင်မည့် နည်းလမ်းများကို သုံးကား စဉ်းစားသင့်ပေသည် ၊ ထိုသို့ စဉ်းစားရာတွင် သဘာဝ အမှန်တရားကို အခြေခံ၍ ဒီမိုကရေစီ ကျင့်သုံးကာ ထိပ်ဆုံး ရောက်နေသည့် ဒီမိုကရေစီ နိုင်ငံများ၏ အခြေခံများကို စံနှုန်း အဖြစ် သတ်မှတ်ကာ လက်တွေ့ကျကျ ဝေဖန်သုံးသပ်ရဲရမည် ။ ထိုသို့ စံချိန်စံနှုန်း မကိုက်ညီပါဘဲ နှင့် ဗလာ အမြင်ကို အခြေခံထားသည့် ၀ါဒတရပ်ကို လက်ခံလိုက်လျှင် မိုက်မဲ ရာ ရောက်သည် ။ တိုင်းပြည် အရေးဖြစ်၍ အတ္တလေးများ နည်းနည်းလျှော့ထားကာ မှန်ကန်သော အမြင်များဖြင့် ကြည့်မြင်ကြကာ စစ်မှန်သော လမ်းစဉ်နောက်ကိုသာ လိုက်စေချင်ပါသည် ။

ပထမဆုံး စစ်အုပ်ချုပ်ရေး စနစ်ကို အကောင်အထည် ဖော်နေသည့် အာဏာရှင် များ ၏ အမြင်ကို ဝေဖန်ကြည့်ကြမည် ။ဌင်းတို့ကား ထူးထူးခြားခြား စဉ်းစားစရာလို မလိုလောက် အောင်ကို သိမြင် ထင်ရှားလွန်းလှပေသည် ။ ထို့အပြင် သူတို့၏ အာဏာကို တွယ်မက်သည့် စိတ်သည် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ကြသည်သာ မက သူတို့တာဝန်ယူထားသည့် (၂၂ )နှစ် လုံလုံး လုပ်ဆောင်ချက် များကို ယနေ့မြန်မာပြည် လက်ရှိ အနေအထားကို သက်သေ ထား၍ စဉ်းစားကြည့်လျှင် သူတို့တွေ ဆက်လက် အုပ်ချုပ်နေသမျှ မည်သည့် အခါမှ တိုင်းပြည် တိုးတက်လာမည် မဟုတ်ဟု ၉၅%သော လူများ လက်ခံ ယုံကြည် ထားကြပါသည် ။ သူတို့သည် ( ဂ )ကို (၁) ဟု မြင်နေကြသူများပင် ဖြစ်သည် ။

ရွေးကောက်ပွဲ ၀င်မည့် ပါတီအားလုံးသည် ယခု ရွေးကောက်ပွဲ တရားမျှတမှု မရှိသည်ကို သိထားကြပါသည်။ သို့သော် ထိုမတရားမှု ကို အခြေခံထားသည့် ထိုရွေးကောက်ပွဲ ဖြစ်မြောက် လာအောင် မတရားမှန်း သိလျှက် နှင့် လက်ခံထား ကြပါသည် ။ မတရားမှု ကို လက်ခံသူသည် တနည်းအားဖြင့် ထိုမတရားမှု ကို အားပေးသူများသာ ဖြစ်သည် ဟု စာပေကျမ်းဂန်များ တွင် အထင်အရှားတွေ့နိုင် သလို ပညာရှင် များ၏ မိန့်ကြားချက်များတွင်လည်း ပါရှိပါသည် ။ ယခု ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့လျှင်လည်း စစ်အာဏာရှင်များသာ လူဝတ်လဲ အုပ်ချုပ်မည်ကို လူတိုင်းနီးပါး သိရှိထားကြပါသည် ။ အဆိုပါ စစ်အာဏာရှင်များ အုပ်ချုပ်နေသရွှေ့ တိုင်းပြည်အခြေအနေကား ဆိုးသထက် ဆိုးဝါးလာအုံးမည် ဖြစ်ပါသည် ။ ထိုသို့စစ်အာဏာရှင်များ ၏ အကြံအစည်ကို ကြိုတင် သိမြင်ပါလျှက် ဌင်းတို့သည် မရောက်သေးသည့် လွှတ်တော် ဆိုသည့် စကားကို တွင်တွင် ပြောကြားနေကြပါသည် ။ နိုင်ငံတော် အလံကို လွှတ်တော် ခေါ်ယူပြီး နောက်ပိုင်း (၉၀) ကြာမှ အတည်ပြုမည်ဟု အထင်အရှားပါရှိပါသည် ။

သို့သော် ရူးကြောင်ကြောင်နှင့် ကျပ်မပြည့်သည့် အတွေးအခေါ်ပိုင်ရှင် ကြီးများ သည် သူတို့ လုပ်ချင်သည့် ရက်တွင် ကျင်းပသွားပါသည် ။ ရွေးကောက်ပွဲဝင် မည့်ပါတီများ ကန့်ကွက် နိုင်ပါ၏လော ။ မကန့်ကွက်နိုင်ပါ ။ မည်သူမျှလည်း တရားဝင် ကန့်ကွက်သည်ဟု ပြောဆိုသံ မကြားရပါ ။ ဤသည်ကို ပြည်သူလူထု အနေဖြင့် သတိထား စဉ်းစားသင့်ပေသည် ။ ယခု ရွေးကောက်ပွဲ ပြီးမြောက်၍ လွှတ်တော်သို့ ရောက်ခဲ့ လျှင်လည်း ယခုကဲ့သို့ အာဏာရှင်တွေ လုပ်သမျှ ခေါင်းငုံ့ခံနေကြမည့် ပါတီများက ပြည်သူလူထု အတွက် တရားမျှတသော စနစ်ကို တောင်းဆိုမည်ဟု ထင်ထား ကြခြင်းသည် လုံးဝ မှားယွင်းနေပါသည် ဟု လက်တွေ့ကျကျ ထင်မြင် ယူဆမိလေသည် ။ ယခုလက်ရှိ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အင်အားစုများ အား အဘက်ဘက်မှ အားနည်းအောင် ကြိုတင်ကြံစည် ထားသည့် အပြင် သဘာဝ အမှန်တရား နှင့် စစ်မှန်သော ဒီမိုကရေစီ စံနှုန်းများဖြင့် လုံးဝ မကိုက်ညီသော ကြောင့် တညီတညွတ်တည်း ကန့်ကွက်သင့်ပါလျှက် မျက်လုံးစုံမိတ်ကာ ရသလောက်လေး တိုးကြည့်ပါရစေဟု အကြောင်းပြကာ လူထုကို ကျွန်အဖြစ် တရားဝင် သွတ်သွင်းသည့် အခမ်းအနားကို တက်ရောက်ခိုင်း နေသည်က မှားနေပါသည် ။

ထိုသူတို့ လက်သုံးစကား မှာ လုပ်စရာနည်းလမ်း မရှိ၍ ဤရွေးကောက်ပွဲသည် ထွက်ပေါက်ဟု ခံယူ ထားကြသည်ဟု အကြောင်း ပြလာကြသည် ။ တကယ့် အစစ်အမှန်မှာ ထိုသို့မဟုတ် လုပ်စရာ နည်းလမ်း များရှိပါသည် ။ လူထုကို အခြေခံလျှက် စေ့စပ်ညှိနှိုင်းရေး ကို အခြေခံသည့် တွေ့ဆုံဆွေးနွေးပွဲကို
လုပ်၍လည်း ရသည် ။ ဒီမိုကရေစီ စနစ်ကို ပြောင်းချင်သည် ဆိုလျှင် စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်ကို စေ့စပ် ညှိနှိုင်းရေး လမ်းစဉ် ကို လက်ခံရမည် ။ ထိုသို့စေ့စပ်ညှိနှိုင်းရေးကို လက်မခံခဲ့လျှင် လူထုက တညီတညွတ်တည်း သပိတ်မှောက်ကာ လက်ရှိအစိုးရကို အလို မရှိကြောင်း ကန့်ကွက် ဆန္ဒပြရမည် ။
ကန့်ကွက် ဆန္ဒပြမည့် တော်လှန်ရေး လမ်းစဉ်ကို ဦးတည်လိုက်ပြီ ဆိုတာနဲ့ အကြောက်တရားကို ဦးတည်ထားသည့် လူများက ထကန့်ကွက်ကြသည် ။ လူထု နစ်နာပါတယ် ၊ လူထုတွေ အသေအကြေ အပျက်အစီး ရှိပါမယ်လို့ အကြောင်းပြ လာတတ်ကြတယ် ။ အေးချမ်းစွာ ပြည်သူလူထု ဆန္ဒဖော်ထုတ်ပွဲကို လုပ်ဆောင် တာဟာ အသေအကြေ အပျက်အစီးများ ရှိ၏ မရှိ၏ ဟူသည်မှာ လက်ရှိ စစ်အစိုးရ၏ တုန့်ပြန်နှိမ်နှင်းမှုပေါ် တွင်သာ အခြေခံသည် ။ ဒီမိုကရေစီ နိုင်ငံတည်ထောင်မည်ဟု ကြံစည်လျှင် လူထု၏ သဘောထား ကို ဖော်ထုတ်သည့် အေးချမ်းစွာ ဆန္ဒပြသည့် အနေအထားလောက်ကို တော့ လက်ခံထားရမည် ဟု ထင်မြင်ယူဆမိပါသည်။

ထို့ကြောင့် လူထုဆန္ဒဖော်ထုတ်ပွဲ ကျင်းပခြင်းသည် လူအသေအပျောက်ရှိ နိုင်သည်ဟု ယူဆခြင်းမှာ လက်ရှိ စစ်အာဏာရှင်များ ၏ ဒီမိုကရေစီ ကို ချည်းကပ်ပါသည် ဆိုသည့် စိတ်နေစိတ်ထားကို မယုံကြည်ခြင်းကြောင့် ဖြစ်သူဟု ယူဆ၍ ရသည် ။ ထိုသို့ စစ်အာဏာရှင်များ၏ ဒီမိုကရေစီ လမ်းစဉ်ကို မယုံကြည်ပါ ဆိုလျှင် စစ်အာဏာရှင် ကျင်းပသည့် တရားမျှတမှု မရှိသော ရွေးကောက်ပွဲကို ဘာကြောင့် လက်ခံထားကြပါသနည်း။
တကယ်တော့ လက်ရှိ စစ်အစိုးရသည် လူမိုက်တွေထက်လည်း ပိုမိုက်သလို လူယုတ်မာတွေထက်လည်း ပိုယုတ်မာတာ အားလုံး သိပြီးသားပါ ။ ဒါကြောင့် သူတို့တွေ လုပ်သမျှ ကောင်းမွန်တဲ့ စိတ်ထားနဲ့ လုပ်တဲ့ လုပ်ရပ်ဆိုတာ မရှိဘူးဆိုတာ သမိုင်းမှာ သက်သေအမျိုးမျိုး ရှိနေပါလျှက် အစိုးရ ၏ သဘောထားကို လိုက်လံ ခေါင်းငြိမ့်နေသည့် လူများ အကြီးအကျယ် လမ်းလွှဲ လိုက်နေသည်ဟု သေချာပေါက် ပြောလို့ရပါသည် ။
စစ်မှန်၍ ပြည်သူလူထု အကျိုးကို လိုလားသည့် အနေအထားဘက်က (ဂ) ဟု ရေးသားသည် ကိုသူတို့ဘက်မှ ပြောင်းပြန်ကြည့်ကာ ( ပ) လို့ ဗလာ အမြင်ဖြင့် ထင်မြင် ယူဆနေကြသော်လည်း တကယ့်အစစ်အမှန် သဘာဝ အမှန်တရားနှင့် ဒီမိုကရေစီ စံနှုန်းများ ၊ အာဏာရှင်တို့၏ ယုတ်မာပက်စက်မှု ကို အခြေခံကာ တွက်ဆထားလျှင် (ပ) ဟု ဘယ်လိုနည်းနှင့်မျှ ပြောလို့မရပါ ။ ထို့ကြောင့် ယခုရွေးကောက်ပွဲ ၀င် မည့်ပါတီများနှင့်မဲပေးရန် လိုက်လံ နိုးဆော် နေသူများသည် (ဂ)ကို (ပ)ဟု ဗလာအမြင်ဖြင့် ထင်မြင်ယူဆနေ ကြသူများသာ ဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင်တော်တော်များများက
ယနေ့ စစ်အစိုးရ ကျင်းပသည့် တရားမျှတမှု မရှိသော ဥပဒေများကို အခြေခံသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြသည် ။ သူတို့ ပြောသော သဘောထားသည် လည်း ရှင်းလင်းသည် ။ မတရားတာကို လက်မခံလိုသောကြောင့်ပင်ဖြစ်သည် ။ ထို့အပြင် နိုင်ငံရေးလုပ်သည့် အဓိက ရည်ရွယ်ချက်မှာ လူထုကောင်းစားရေးကို ဦးတည်ထားသည့် အတွက် လူထု အကျိုးစီးပွား ပျက်စီးစေမည့် ကိစ္စကို လုံးဝ လက်မခံနိုင်ဟု တင်ပြလာကြပါသည် ။ ထို့အတူ စစ်အာဏာရှင် များ ဆက်လက် ခေါင်းဆောင်နိုင်အောင် အမျိုးမျိုး အဖုံဖုံ ကြံစည် အကွက်ချ ရေးဆွဲထားသည့် ဥပဒေများကို သူတို့ လက်မခံနိုင်ပါဟု ခံယူထားကြသည် ။ တကယ့်သဘာဝ အမှန်တရားသာ မက ကျမ်းဂန်များအဆိုအရကော ၊ လက်ရှိတိုင်းပြည် အနေအထား နှင့် ပညာရှင်များ၏ စကားကို ထောက်ဆခြင်းအားဖြင့် ယခု ရွေးကောက်ပွဲကို လက်မခံခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည် ။ သူတို အမြင်သည် ရှင်းလင်းသည် ၊တရားမျှမှုကို အခြေခံထားသည့် အတွက် လက်ခံကျင့်သုံးသင့်သည့် အယူအဆ ဖြစ်လေသည် ။ ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေသူများက ပြောသည့် စကားများဖြစ်၍ ပို၍ အလေးထားကာ စဉ်းစားမိသည် ။ ထို့ကြောင့် လက်ရှိရွေးကောက်ပွဲကို ဆန့်ကျင်သူများသည် အမှန်တရား ဆိုသည့် မျဉ်းကြောင်းများ ပေါ်မှ ကြည့်လျှင်ပင် (ဂ)ကို အမှန်အတိုင်း (ဂ) ဟု ထင်မြင်သူများဟု သေချာပေါက် ပြောလို့ရပါသည် ။

စစ်အာဏာရှင် တွေ ဆက်လက် အုပ်ချုပ်နေသမျှ တိုင်းပြည် ပြိုကျပျက်စီးမှာ ၉၅% သော ပြည်သူလူထု က သိနေပါလျှက် နှင့် ထိုသူတွေ ဆက်လက် အုပ်ချုပ်မည့် ရွေးကေက်ပွဲ ကြမှ ထင်မြင်ယူဆချက်တွေ အမျိုးမျိုး ကွဲပြားလာတာဟာ ကိုယ်သိထားတဲက အမှန်တရားကို ချစ်မြတ်နိုး တန်ဖိုးထားမှု နဲ့ သာ နှိုင်းယှဉ် စဉ်းစားကြလို့ပါ ။ သိပ္ပံနည်းကျ တိုးတက်နေတဲ့ ခေတ်ကြီးမှာ စနစ်တွေ အမျိုးမျိုးရှိနေသ်ာလည်း အခြေခံထားသည့် စံနှုန်း သတ်မှတ်ချက်များ ရှိပါသည် ။ အပူချိန်၊ အချိန်၊ အလေးချိန် ၊ အမြန်နှုန်း တိုင်းတာသည့် စနစ်များ အတိအကျ ရှိပါသည် ။ ထို့အတူ ဒီမိုကရေစီ ခေါ် လွတ်လပ်၍ တရားမျှတသော နိုင်ငံတော်ကို တည်ဆောက်လိုပါလျှင်လည်း စံထားရမည့် အချက်များကို အခြေံမခံဘဲ ကိုယ်ပိုင် အတွေးအခေါ်များနှင့် တွေးခေါ်ကာ ငါတို့ အမြင်မှန်ပါသည်ဟု ယူဆနေသမျှ စစ်မှန်သော စည်းလုံးညီညွှတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ပါ ။ ထို့ကြောင် ကိုယ်ထင်မြင် သုံးသပ်ချက်များကို ဗလာစာရွက် ပေါ်တွင် အမှန်တရားဆိုသည် မျဉ်းကြောင်းများ မဆွဲဘဲ ကြည့်နေသည့် ငါအယူဝါဒက မှန်တဲ့ ဆိုတဲ့ အတွေးအခေါ်ကို စွှန့်လွှတ်ကာ အမှန်တရား ကို အခြေခံထားသည့် မျဉ်းကြောင်းများပေါ်တွင် အခြေခံ၍ အတည့်အတိုင်း မြင်တတ်လာအောင် ကြိုးစားသင့်ပါမှ အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်လာမည် ဖြစ်ပါသည် ။ ထိုသို့အမှန်တရားကို ရင်ဝယ်သားလို သိမ်းပိုက်ကာ ဖြောင့်မတ်သည့် စိတ်ထားကို မွေးမြူကြမှာသာလျှင် မကြာမှီ ပြည်သူလူထု ကျွန်အဖြစ် သွတ်သွင်းပွဲ အခမ်းအနားကို ရှောင်ရှားနိုင်ကာ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း ပြည်သူလူထု အကျိုးကို လိုလားသည့် လူတစ်ယောက် အနေဖြင့် တင်ပြလိုပါသည် ။

ထို့အတူ ဒီမိုကရေစီ လုပ်ရှားနေသူများကြောင့် တိုင်းပြည် ဆင်းရဲ နေရပါသည် ဟု နအဖ စစ်အာဏာရှင် များ၏ အယူအဆသည် လုံးဝ မမှန်ကန်ပါ ။ ကိုယ်တိုင် ညဏ် အမြော်အမြင်နည်းကာ ပညာမတတ်သော သူများကို နေရာ ပေးကာ မြှောက်စားထားရခြင်း၏ အကျိုးဆက်များကြောင့် တိုင်းပြည် အတွက် တိုးတက်မှု မရှိ ၊ အဘက်ဘက်မှ ဆုတ်ယုတ်လျှက် ရှိနေသည်မှာ လက်ရှိ တိုင်းပြည် အခြေအနေက သက်သေပြလျှက်ရှိပါသည် ပြည်သူ လူထု မှာ ၀မ်းရေး အတွက်ပင် အမျိုးမျိုး ကြိုးစားရုန်းကန် နေရသည်မှာ ဒီမိုကရေစီ လုပ်ရှား သူများကြောင့် မဟုတ် ၊ အာဏာရှင်စနစ် ဖြစ်ပွား နေသော ကြောင့်သာ ဖြစ်ပါသည် ။ ထိုအာဏာရှင် စနစ်ဆိုး အောက်မြောက်အောင် ရုန်းထွက်ကြရမည်မှာ တိုင်းပြည်ကို တိုးတက်ထွန်းကားစေလိုသော နိုင်ငံသားတိုင်း၏ တာဝန် ပင်ဖြစ်သည်ကို ခံယူထားလျှက် ကျရာ အခန်းဂဏ္ဍမှ နိုင်ရာတာဝန်ထမ်းကာ အာဏာရှင် စနစ်ဆိုးကြီးကို ဆန့်ကျင် တိုက်ထုတ်ကြပါစို့ .....။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

သမိုင်းပေးတာဝန်ထမ်းဆောင်ကြဖို့အချိန်တန်ပြီ



စဉ်းစား
၂၀၀၉ ခုနှစ်အရ မြန်မာနိုင်ငံဟာ
နိုင်ငံတော် စာရင်းရှင်းတန်း ဒေါ်လာသန်း ၉၂၄
နိုင်ငံတော် ဝင်ငွေ ဒေါ်လာသန်း ၁၁၄၂
ပြည်ပစီးပွားရေးအကူအညီ ဒေါ်လာသန်း ၁၁၄ ရှိနေပေမယ့်
နိုင်ငံတော် အကြွေး ဒေါ်လာ သန်း ၇၃၇၃ ရှိနေတုန်းပါဘဲ။ ဒါ့အပြင်

ကမ္ဘာ့နိုင်ငံများအလယ်မှာ မြန်မာနိုင်ငံဟာ
နံပါတ် ၆ ငွေကြေးဖောင်းပွမှုအများဆုံးနိုင်ငံ
နံပါတ် ၁၃ လူကုန်ကူးမှုအများဆုံးနိုင်ငံ
နံပါတ် ၁၄ ငြိမ်းချမ်းရေးကင်းမဲ့ဆုံးနိုင်ငံ
နံပါတ် ၁၅ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ
နံပါတ် ၁၇ AIDS/HIV ရောဂါနှင့် အသေအပျောက်အများဆုံးနိုင်ငံ
နံပါတ် ၃၈ ဆင်းရဲသား (အချိုး) အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့
ကမ္ဘာ့နိုင်ငံများအလယ်မှာ မြန်မာနိုင်ငံဟာ
နံပါတ် ၂ လဒ်ပေးလဒ်ယူအများဆုံးနိုင်ငံ
နံပါတ် ၂ လွတ်လပ်စွာပြောဆိုခွင့် ထိမ်းချုပ်မှုအများဆုံးနိုင်ငံ
နံပါတ် ၃ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးနိုင်ငံ
နံပါတ် ၅ စီးပွားရေးလွတ်လပ်မှုအကင်းမဲ့ဆုံးနိုင်ငံ
နံပါတ် ၅ ပညာရေးအတွက် အသုံးစာရိတ်(အချိုး) အနည်းဆုံးနိုင်ငံ
နံပါတ် ၈ ကျန်းမာရေးအတွက် အသုံးစာရိတ်(အချိုး) အနည်းဆုံးနိုင်ငံ
စစ်ရေးအတွက် အသုံးစာရိတ်(အချိုး) ကတော့ နံပါတ် ၃၆ အများဆုံးနိုင်ငံ ဖြစ်တယ်။

အဓိကကတော့ မဦးဆောင်သင့်တဲ့လူတွေ ဦးဆောင်နေလို့ပါ။

ပြောင်းလဲဖို့အချိန်တန်ပြီ ...................... သိလား။
ပြောင်းလဲမှုက သင့်လက်ထဲမှာ ရှိတယ် ...... စဉ်းစား။
ပြောင်းလဲမှုကို သင်ဖန်တီးနိုင်တယ်.......... လှုပ်ရှား။