Sunday, October 31, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း၁ မှ ၆၉)




http://www.mediafire.com/file/koqm7ihihkydho5/DASSK%20or%20THAZINNI.pdf

http://www.mediafire.com/file/4x4bpi57x7adf57/DASSK%20or%20THAZINNI.doc

Dassk or Thazinni

Photobucket

“ - - - - ကျမ ဆွေးနွေးဖို့ ငြင်းဆန်တဲ့ အကြောင်းအရာ တခုပဲ ရှိပါတယ်။
ကျမနိုင်ငံထဲကနေ ထွက်ခွာသွားဖို့ ကိစ္စကိုပါပဲ - - - “

တောင်ဒဂုံNLDသက်ကြီးပူဇော်ပွဲမှအပြန်နှောက်ယှက်ခံရစဉ်





မဲရုံတွေကိုမသွားပါနဲ့၊မဲမပေးပါနဲ့(ဦးဝင်းတင်)


31 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/1zj59fk2ezxqdfa/31%20%20October%202010%20yeyintnge%27s%20Diary.doc

http://www.mediafire.com/file/rmg3i6ybrky0m83/31%20%20October%202010%20yeyintnge%27s%20Diary.pdf

31 October 2010 Yeyintnge's Diary

ရွေးကောက်ပွဲနှစ်ခုကို နှိုင်းယှဉ်မိခြင်း

ရဲဘော်ဖိုးသံချောင်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၆ မိနစ် 
 

နအဖက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်ကတည်းက အဲဒီရွေးကောက်ပွဲကို ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ပြောဆိုသံတွေ ထောင့်အသီးသီးမှာ မကြာခဏ ကြားရပါတယ်။ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာထဲက တူတာနဲ့ မတူတာတွေ ရှာဖွေရသလိုပဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ အခုတော့ သူတို့ရဲ့ရွေးကောက်ပွဲဆိုတာဟာ ခဲတပစ်သာ ဝေးတော့တာမို့ နှိုင်းယှဉ် စဉ်းစားစရာ အချက်တွေ ထပ်ဖြည့်လိုက်ပါတယ်။

ဦးစွာအားဖြင့် ထောက်ပြရမှာက ၁၉၉ဝ ရွေးကောက်ပွဲဟာ လူထုတိုက်ပွဲကြီးရဲ့အောင်သီးအောင်နှံ ဖြစ်တယ်၊ သူ့အလိုအလျောက် ပေါ်လာတာ မဟုတ်ဘူးဆိုတာကိုပါ။ စစ်အာဏာရှင်တွေ စိတ်ပြောင်းလာလို့၊ စိတ်ကောင်း ဝင်လာလို့ ကျင်းပပေးတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက မတတ်သာလွန်းလို့ လိုက်လျောရတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ပြောရပါမယ်။ အခု ၂ဝ၁ဝ ရွေးကောက်ပွဲ ကျတော့ နအဖ စစ်အုပ်စုက ကမ္ဘာ့အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး ဖန်တီးလိုက်တဲ့ လုပ်ဇာတ်တခု ဖြစ်ပါတယ်။

စစ်အာဏာရှင်ဆိုတာ အာဏာကို ဆုပ်ကိုင်တဲ့ လက်ကို ဘယ်တော့မှ သူ့အလိုလို ဖြေပေး မပေး ဆိုတာကို ငြင်းချင်သူရှိကောင်းရှိပေမယ့် ဗိုလ်ချုပ်နေဝင်း လက်ဆုပ်ဖြေလိုက်တော့ ဗိုလ်ချုပ်သန်းရွှေ အာဏာတက်လာပြီး တိုင်းပြည်ဟာ ပိုသာ ဆိုးလာတယ် ဆိုတာကို တော့ ငြင်းမယ့်လူ မရှိဘူးထင်ပါတယ်။
၁၉၉ဝတုန်းက ဗိုလ်ချုပ်နေဝင်းနဲ့ သူတို့ရဲ့တစညပါတီဟာ ကိုယ့်ကိုယ်ကို နိုင်မယ်လို့ တွက်ထားလို့ ကျင်းပခဲ့တာ ဖြစ်သလို ဒီတကြိမ်မှာလည်း ဗိုလ်ချုပ်သန်းရွှေတို့ဟာ မနိုင်လည်းအနိုင်၊ နိုင်လည်းအနိုင် ဖြစ်ရမယ်လို့ တွက်ပြီး ကျင်းပတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ နည်းနည်းတူတယ်လို့ ဆိုရမလားပါပဲ။ ဒါပေမဲ့ ၁၉၉ဝပြည့်နှစ်ဆီတုန်းက ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့အရှိန်က မကုန်သေးတော့ စစ်အုပ်စုနဲ့ တစညဟာ အခုကြံ့ဖွတ်လုပ်သလို ပြောင် ညစ်တာ၊ ရမ်းတာတွေမလုပ်ဝံ့ပါဘူး။

ဒါကြောင့်မို့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထု တခဲနက်ပါဝင် မဲဆန္ဒပေးခဲ့ကြပြီး ၂ဝ၁ဝ ရွေးကောက်ပွဲမှာတော့ ပြည်သူလူထုပါဝင်မှု ဘယ်လိုဖြစ်မယ်ဆိုတာ အခုကတည်းက မှန်းလို့ရနေပါပြီ။ ၁၉၉ဝ ရွေးကောက်ပွဲကို ဘယ်သူကမှ သပိတ်မှောက်တယ်ဆိုတာ မရှိတာကို အားလုံး မှတ်မိကြမယ် ထင်ပါတယ်။ အရွေးခံတဲ့သူတွေ၊ အရွေးခံသူကို ကူညီကြသူတွေ၊ မဲထည့်သူတွေ အားလုံးဟာတက်တက်ကြွကြွ။ ထက်ထက်သန်သန်ချည်း ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ဒီနေ့အခါ မြန်မာပြည်မှာ နိုင်ငံရေး သြဇာအကြီးဆုံးလို့ ဆိုရမယ့် နိုင်ငံရေး အင်အားစုကြီးက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲမပေးရေး လှုပ်ရှားမှုဆိုတာတွေလည်း နေရာတကာမှာ တွေ့နေရပါတယ်။ ဒါမျိုးတွေဟာ ၁၉၉ဝတုန်းကဆိုရင် အိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေပါ။

၁၉၉ဝ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲကြောင့်မို့ နိုင်ငံခြားသံရုံးတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆီကို ရောက်လာကြတာကို သတိရကြပါလိမ့်မယ်။ ဒါပေမဲ့ အခုတွေ့နေရတာကတော့ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကြောင့်ပဲ တချို့သော သံရုံးနဲ့ နိုင်ငံခြား အစိုးရတွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စွန့်ခွာဖို့ စဉ်းစားလာတာပါပဲ။ ဟိုတုန်းက စစ်အေးစစ်ပွဲ ပြီးကာစအချိန်ဖြစ်ပြီး အခုအခါက စစ်အေးစစ်ပွဲပြီးလို့ နှစ်ပေါင်း နှစ်ဆယ်ကျော်လာတဲ့အချိန် ဖြစ်ပါတယ်။ ဟိုတုန်းက ကမ္ဘာမှာ တရုတ်ပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး အခန်းဟာ သိပ်အရေးမပါသေးပဲ အခုတော့ဗမာပြည်ရဲ့ နိုင်ငံရေးကို စဉ်းစားကြရင် တရုတ်ပြည်နဲ့ ဆက်စဉ်းစား၊ တရုတ်ပြည်အကြောင်းစဉ်းစားကြရင် မြန်မာပြည်ကို မျက်စိရောက်လာကြ၊ အခြေအနေ အသစ်ကို ရောက်လာခဲ့တယ် မဟုတ်ပါလား။

၁၉၉ဝ ရွေးကောက်ပွဲပြီးသွားတော့ ဗိုလ်ချုပ်နေဝင်းဟာ အာဏာကိုနောက်ကနေ ဆက်လက် ချုပ်ကိုင်နေခဲ့တယ် ဆိုတာကို ဘယ်သူမှ မငြင်းပါဘူး။ ဒါဖြင့် ဒီတခါရွေးကောက်ပွဲပြီးရင် ဗိုလ်ချုပ်သန်းရွှေက နောက်ကနေ ချုပ်ကိုင်တာ လုပ်မလား၊ ပြောင်ပဲ ရာထူးယူပြီး ချုပ်ကိုင်မလားဆိုတာ စောင့်တော့ ကြည့်ရမှာပါ။ နောက်တက်တဲ့ အစိုးရကို စစ်အုပ်စုက တနည်းမဟုတ် တနည်းနဲ့ ချုပ်ကိုင်လိမ့်မယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်တဲ့လူတော့ အင်မတန်မှ နည်းပါလိမ့်မယ်။ ဒီထဲမှာ တချို့ကတော့ စစ်အာဏာရှင်တွေဟာ တဖြည်းဖြည်းချင်း လက်ဆုပ် ဖြေသွားလိမ့်မယ်လို့ ပြောတာကြားရပါတယ်။ စစ်အာဏာရှင်ဆိုတာ အာဏာကို ဆုပ်ကိုင်တဲ့ လက်ကို ဘယ်တော့မှ သူ့အလိုလို ဖြေပေး မပေး ဆိုတာကို ငြင်းချင်သူ ရှိကောင်းရှိပေမယ့် ဗိုလ်ချုပ်နေဝင်း လက်ဆုပ်ဖြေလိုက်တော့ ဗိုလ်ချုပ်သန်းရွှေ အာဏာတက်လာပြီး တိုင်းပြည်ဟာ ပိုသာ ဆိုးလာတယ် ဆိုတာကိုတော့ ငြင်းမယ့်လူ မရှိဘူးထင်ပါတယ်။ မမေ့ကြဖို့ပါ။

အတိုက်အခံမဟာမိတ်ဆိုတာလေးတွေ ဗြုံးကနဲဖွဲ့-ဗြုံးကနဲကွဲတာတွေတွေ့နေရပါတယ်။ အတိုက်အခံ ဆိုတာတွေအချင်းချင်း အတိုက်အခံ ဖြစ်နေတာတွေလဲ တွေ့ရပါတယ်။ နွားကွဲရင်ခွေးဆွဲတဲ့သင်ခန်းစာကို မယူနိုင် ကြရင် ၁၉၉ဝ ရွေးကောက်ပွဲ လွန်တဲ့အခါမှာ စစ်တပ်က အဖမ်းအဆီးတွေ အကြီးအကျယ် လုပ်ခဲ့တယ်ဆိုတဲ့ အချက်ကိုပဲ ထောက်ပြ လိုပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲပြီးတော့ နဝတ-နအဖ စစ်အုပ်စုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိ၊ ဘာမရှိနဲ့ တိုင်းပြည်ကို အနှစ် ၂ဝကျော် အုပ်စိုးနေပါတယ်။ ဒီတခါရွေးကောက်ပွဲအပြီး အာဏာယူမယ့် မြွေရေလဲ စစ်အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိရှိနဲ့ ဘယ်လောက်ကြာကြာ အုပ်စိုးမှာလဲ စဉ်းစားကြည့်ပါ။ ၁၉၉ဝတုန်းက ဗိုလ်ချုပ်စောမောင်က ရွေးကောက်ပွဲပြီးရင် ကျုပ်တို့ဟာ စစ်တန်းလျားကို ပြန်သွားမှာလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီတခါမှာတော့ စစ်တန်းလျားကို ပြန်မယ်မပြောတဲ့အပြင် အိမ်ဦးမှာ အရူးချေးပါတယ် ဆိုသလို လွှတ်တော်မှာ စစ်သားက ၂၅%တောင် တက်ယူထားပါတယ်။ နောက်ပြီး စစ်တပ်ရဲ့ ဦးဆောင်မှု အခန်းဆိုတာနဲ့ အချိန်မရွေး အာဏာသိမ်းခွင့်ကိုလည်း ဖွဲ့စည်းပုံမှာ အတိအလင်း ဆိုထားပါတယ်။ ဒါကြောင့် နအဖကို ပြာပြာသလဲ ဖားရသူတွေတောင်မှ “စပေ့စ်”လေး နည်းနည်းရမယ်လို့ပဲ ပြောရဲပါတယ်။ ဘယ်သူမှ လှုပ်ရှားခွင့် များများစားစားရမယ်လို့ မရေး-မပြောကြပါဘူး။

၁၉၉ဝ ရွေးကောက်ပွဲ ကာလကို ပြန်ကြည့်လိုက်ရင် အဲဒီတုန်းက တစညက လွဲပြီး ကျန်တဲ့ ရွေးကောက်ပွဲဝင်သူတွေဟာ ရှစ်လေးလုံးအလံကို မားမားလွှင့်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။ ဒါနဲ့ပြောင်းပြန် ဒီတခါရွေးကောက်ပွဲကို ဝင်တဲ့လူတွေကတော့ ရှစ်လေးလုံး ကိစ္စကို လေသံမှ မဟကြပါဘူး။ မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး အုံကြွမှုကြီးရဲ့ ဒီမိုကရေစီအရေးတော် ဆိုတာမျိုးလည်း မပြောကြပါဘူး။ ကိုယ့်ကိုယ်ကို အသားယူချင်တော့မှာသာ “ရှစ်လေးလုံးတုန်းက” ဆိုတာမျိုးပြောတာ တွေ့ရပါတယ်။ အထက်မှာ ပြောခဲ့သလို ဒီရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီးအပွင့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြတယ် ဆိုတော့ အရေးတော်ပုံ တခုလုံးနဲ့ဆိုင်တဲ့၊ သမိုင်းနဲ့ဆိုင်တဲ့ အရာတွေကို ကိုယ့်အကျိုးအတွက် ဆွဲသုံးတာတွေ မလုပ်ခဲ့ကြ ပါဘူး။ ဒါပေမဲ့ နအဖရဲ့၂ဝ၁ဝ ရွေးကောက်ပွဲမှာတော့ သမိုင်းနဲ့ဆိုင်တဲ့၊ ကျောင်းသားထု တရပ်လုံး ပိုင်ဆိုင်တဲ့ ခွပ်ဒေါင်းအလံကို ခိုးသုံးချင်တာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ခွဲမရတဲ့ ခမောက်တံဆိပ်ကို ခိုးယူတာတွေ တွေ့ရပါတယ်။

နောက်ပြောသင့်တဲ့ တချက်က ၁၉၉ဝ ရွေးကောက်ပွဲတုန်းက တစညပါတီနဲ့ ဒီနေ့ ကြံ့ဖွတ် မတူဘူးဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဟိုတုန်းက တစညဟာ ရွေးကောက်ပွဲမှာ သူတို့ မုချနိုင်မယ် တွက်ထားတာပါ။ ဒါကြောင့် ရွေးကောက်ပွဲမှာ ဟန်ကိုယ့်ဖို့ လုပ်နေခဲ့ပါတယ်။ ဒါဟာ ရှစ်လေးလုံး အရှိန်နဲ့ လူထုကြီးက စောင့်ကြည့်နေလို့ ထင်ရာမစိုင်းဝံ့တာလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကြံ့ဖွတ်ကတော့ တစညလို အဖြစ်မခံချင်လို့ အနိုင်ရဖို့အတွက် မဟားဒယားတွေ အကုန်လုပ်နေပါတယ်။ ၁၉၉ဝတုန်းက တစညပါတီထဲကို အာဏာလက်ရှိ ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး ဝင်တာ၊ အရွေးခံတာ မရှိပါဘူး။ အငြိမ်းစားဆိုတဲ့ လူတွေချည်းလို့ ဆိုနိုင်ပါတယ်။့ ဒီတခါကျတော့ ဗိုလ်ချုပ်သန်းရွှေတို့တတွေ အစီအစဉ်တွေနဲ့ လုပ်နေတယ်ဆိုတာ ထင်ရှားစေတဲ့ အဝတ်အစား အပြောင်းအလဲတွေ မျက်စိနောက်လောက်အောင် တွေ့နေရပါတယ်။

ဒီတခါ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမှာက ရွေးကောက်ပွဲမဝင်ပဲ အမတ် နေရာရကြမယ့် တမတ်သားစစ်တပ် ကိုယ်စားလှယ်တွေနဲ့ သမ္မတ စသူတွေပဲ ဖြစ်ပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တစညတို့ရဲ့ စီးချင်းထိုးပွဲ ဖြစ်ရေးကို ဦးတည်ပြီး တချို့ နိုင်ငံရေးအင်အားစုတွေက တချို့ မဲဆန္ဒနယ်တွေမှာ အရွေးမခံပဲ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ ဒီတခါမှာတော့ ဒါမျိုးမတွေ့ရပါဘူး။ ဒါ့အပြင် အတိုက်အခံ မဟာမိတ်ဆိုတာလေးတွေ ဖြုန်းကနဲဖွဲ့-ဖြုန်းကနဲ ကွဲတာတွေ တွေ့နေရပါတယ်။ အတိုက်အခံ ဆိုတာတွေ အချင်းချင်း အတိုက်အခံဖြစ်နေတာတွေလဲ တွေ့ရပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲတုန်းက နိုင်ငံရေး အဖွဲ့အစည်းတွေထဲက ဘဏ္ဍာရေး အရှုပ်အရှင်းတွေ မကြားသလောက်ရှိခဲ့ပြီး ဒီတခါမှာတော့ တချို့အဖွဲ့အစည်းတွေဟာ ဖွဲ့စည်းပြီးတာမှ လပိုင်းရှိသေးတယ်၊ ငွေကြေးပြဿနာတွေ စီစီညံနေအောင် ကြားရပါတယ်။ နွားကွဲရင် ခွေးဆွဲတဲ့ သင်ခန်းစာကို မယူနိုင်ကြရင် ၁၉၉ဝ ရွေးကောက်ပွဲ လွန်တဲ့အခါမှာ စစ်တပ်က အဖမ်းအဆီးတွေ အကြီးအကျယ် လုပ်ခဲ့တယ်ဆိုတဲ့ အချက်ကိုပဲ ထောက်ပြလိုပါတယ်။

နောက်ဆုံး ပြောသင့်တာကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ပြီးသွားတော့ ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာ လွှဲမပေးတဲ့အပြင် ဗမာပြည် နိုင်ငံရေးဟာ ပိုမှောင်မိုက်ခဲ့ပါတယ်။ ဒီတခါ ရွေးကောက်ပွဲပြီးရင် အလင်းရောင် ထွန်းပြောင်လာမယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။ ဒါတောင် ဟိုတုန်းက ရွေးကောက်ပွဲ ဝင်သူတွေဟာ လူတိုင်း အောင်ဆုပန် ထီလက်မှတ် ကိုယ်စီနဲ့လို့ ပြောနိုင်တဲ့ အခြေအနေပါ။ ဒီတခါမှာတော့ ဟိုတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို အပြတ်အသတ်နိုင်ဖို့ ဆိုတာဟာ ကြံ့ဖွတ်ကအစ ဘယ်သူမှ ဘိန်းပြောင်း အိပ်မက်တောင် မမက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီတခါရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမှာက ရွေးကောက်ပွဲ မဝင်ပဲ အမတ်နေရာရကြမယ့် တမတ်သား စစ်တပ် ကိုယ်စားလှယ်တွေနဲ့ သမ္မတ စသူတွေပဲ ဖြစ်ပါတယ်။
http://mizzimaburmese.com/edop/songpa/6357-2010-10-31-12-30-43.html

ရွေးကောက်ပွဲ စက်ဝန်းနဲ့ မြန်မာ့နိုင်ငံရေး ဓမ္မတာ

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၁ မိနစ်

(၁)

တတိယကမ္ဘာ နောက်မြီးဆွဲ နိုင်ငံများ ထုံးစံ နိုင်ငံရေးအာဏာ ခွဲဝေမှု အင်မတန် မမျှတတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ဆိုတာတွေကို ပြန်ကြည့်လိုက်ရင် အုပ်စိုးသူလူတစု အာဏာပိုင်မှု တရားဝင်ရေး နိုးကြားလာတဲ့ နိုင်ငံရေးအင်အားစုအသစ်တွေဆီ အာဏာလက်ဆုပ်ဖြေမပေးရရေးအတွက် ဦးတည်လေ့ရှိတဲ့ စေတနာဆိုးက အထင်းသား ပေါ်နေပါတယ်။

ဒါကြောင့် ဒီမိုကရေစီခေတ်လို့ စသတ်မှတ်တဲ့ ၁၉၂၃ ဒိုင်အာခီ (အင်္ဂလိပ်-မြန်မာ) ပူးတွဲ အုပ်ချုပ်ရေး အစကနေ ၂ဝ၁ဝထိ မြန်မာ့နိုင်ငံရေးအလေ့မှာ မည်ကဲ့သို့ ဥပဒေ စည်းမျဉ်းများ ရေးထား သတ်မှတ်စေကာမူ အာဏာပိုင်အလိုကျ ဇွတ်တရွတ် အုပ်ချုပ်တာ၊ အာဏာရများအတွက် အပိုင်စားရ အမတ်နေရာတွေကို ဥပဒေပြုပီး ချန်ထားတတ်တာ၊ ရွေးကောက်ပွဲ မသမာတာ၊ သပိတ်မှောက်ခံရတာ၊ လက်အောက်ခံတွေ ဖီဆန် ပုန်ကန်တာနဲ့ နိုင်ငံရေး ဖိနှိပ်ခွဲခြားမှုတွေဟာ အစဉ်အမြဲ ဒွန်တွဲလျက်ပါပဲ။ ခြစားတာ အုပ်ချုပ်ရေး ညံ့ဖျင်းတာ လူထုဘဝ နုံချာတာတွေကတော့ အစဉ်တွေ့ရသော မြန်မာ့ လူမှုနိုင်ငံရေး လက္ခဏာများပေါ့။

ရွေးကောက်ပွဲ ဆိုတာတွေကို ပြန်ကြည့်လိုက် ရင် အုပ်စိုးသူလူတစု အာဏာပိုင်မှု တရားဝင် ရေး နိုးကြားလာတဲ့ နိုင်ငံရေးအင်အားစု အသစ် တွေဆီ အာဏာလက်ဆုပ် ဖြေမပေးရရေး အတွက် ဦးတည်
ဒေါ်အောင်ဆန်းစုကြည် Burma and India: Some aspects of intellectual life under colonialism (1990) ယှဉ်ပြခဲ့သလို မြန်မာအထက်လွှာရဲ့ ပညာတတ်မြောက်မှုဟာ အိန္ဒိယလို ကမ္ဘာမှာ တိုးနိုင်တဲ့ အဆင့်မဟုတ်တော့ လူထုကို ခေတ်သစ်ထဲ အပါခေါ်နိုင်တဲ့ နိုင်ငံရေး ပညာရေး လှုပ်ရှားမှုတွေဟာ ထင်သလောက် မပေါက်ခဲ့ပဲ အထက်လွှာဟာလဲ တက်သမျှအစိုးရ ဒို့အစိုးရဆိုပီး အခွင့်အရေးရှာစားတဲ့ အလိုတော်ရိ အမျိုးသား သစ္စာဖောက်တွေ ဘဝတန်းလျှောကုန်ပါတယ်။ နိုင်ငံရေး အင်အားစုတွေကြား ဖိနှိပ်သူကို တွန်းလှန်မယ့် နည်းဗျူဟာမကြွယ်ဝတာ၊ အစိတ်စိတ်ကွဲပြဲပီး ခေါင်းဆောင်တွေက အရာရာ ချုပ်ကိုင်လွန်းတာ၊ နိုင်ငံရေး ပညာရေး အခြေခံ ညံ့ဖျင်းတာနဲ့ ပညာတတ် အထက်လွှာနဲ့ နိုင်ငံရေးလောက အမြဲစောင်နေတာတွေက ဖိနှိပ်မှုမှအပဖြစ်သော မြန်မာ့နိုင်ငံရေးလောက နောက်ကျကျန်နေရခြင်းရဲ့ အကြောင်းရင်းခံများပါပဲ။

(၂)

ပဒေသရာဇ်ခေတ်ကြီး ရုတ်တရက် ပြည်ဖုံးကား ချလိုက်ရတဲ့ မြန်မာပြည်မှာ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေး ဓလေ့က နယ်ချဲ့ဆိုတဲ့ သခင်သစ် အင်္ဂလိပ်ဆီကရတဲ့ အလေ့လို့ ထင်ကြပါလိမ့်မယ်။ တကယ်က ရာဇဝင်ထဲက ကမ္ဘာဦး မဟာသမ္မတပုံပြင်နဲ့ စခန်းတည်ချင်တဲ့ ဗမာရှင်ဘုရင်တွေအတွက် “အများပြည်သူ ကြည်ဖြူစွာ တင်မြှောက်သော”ဆိုတဲ့ ရာဇဝိသေသ ဓမ္မရာဇ် (တရားသောမင်း)ဖြစ်ဖို့က နိုင်ငံရေး အာဏာပိုင်မှုရဲ့ အန္တိမ ပန်းတိုင်ပါ။ ဒီအတွက် ဘိသိက်ခံပီး ပြည်သူကို ကျိန်စာအထပ်ထပ်နဲ့ ကြောက်ဖွယ် ကတိတွေ ပေးရပေမယ့် တကယ်လက်တွေ့ မင်းကျင့်တရား ၁ဝ ပါး ပြည့်အောင် ထိန်းလားဆိုတာကိုတော့ ဗမာဖာရိုဘုရင်တွေရဲ့ ပဒေသရာဇ် ဖိနှိပ်မှုတွေက ငြင်းဆန်ပါလိမ့်မယ်။ “ထီးလိုမင်းလို” ဆိုတာ တကယ်က နန်းတွင်း အုပ်စုတွေကြားက အားပြိုင်ပွဲပဲဆိုတာ ၁၈၇၈က သီပေါမင်းသားကို ရွေးခဲ့တဲ့ ဝန်ကြီးများရဲ့ နန်းလျာရွေးပွဲက ပြနေပါတယ်။

thuriya
ပထမဆုံး မြန်မာရွေးကောက်ပွဲ သပိတ်မှောက်ကာတွန်းများ (သူရိယ မဂ္ဂဇင်း၊ ၁၉၂၂-၂၃)
ပါတော်မူ အလွန်မှာ ပဒေသရာဇ် လူတန်းစားက ကမ်းလာတဲ့ အကူအညီကို လျစ်လျူရှုပီး မြန်မာ့ရိုးရာ အုပ်ချုပ်ရေးကို ဖျက်၊ အိန္ဒိယ ကိုလိုနီစံနစ် သွတ်သွင်းမှုရဲ့ ဆိုးကျိုး အုံကြွမှု သင်္ခန်းစာတွေ တထောကြီး ရလိုက်တဲ့ အင်္ဂလိပ်အရင်းရှင် နယ်ချဲ့ဟာ ဆယ်နှစ်အကြာ ၁၈၉၇ မှာ ဥပဒေပြု အဖွဲ့တရပ် ထူထောင်ပီး ပဒေသရာဇ်ဟောင်းတွေ တိုင်းရင်းသား ခေါင်းဆောင်တွေ ပေါ်ထွန်းစ မြန်မာ လူလတ်တန်းစားတွေကို အင်္ဂလိပ်နဲ့ လူမျိုးခြားအရာရှိ အရင်းရှင်တွေနဲ့ အတူ ပူးတွဲအကြံပေးခိုင်းပါတယ်။ မင်းတိုင်ပင်လို့ ခေါ်ပေမယ့် တကယ်က ဘာမှတိုင်ပင်ရတာ မဟုတ်ပါဘူး။ ဆာဘိုးသာလို တချို့ မြန်မာကြီးတွေဆို အင်္ဂလိပ်လိုတောင် မတတ်ပါဘူး။ ပီးတော့ သူတို့ကို ဘုရင်ခံစိတ်ကြိုက် ရွေးခန့်တာပါ။ ပြင်သစ် အင်ဒိုချိုင်းနား၊ မလေးယား၊ ဒတ်ခ်ျအရှေ့ အိန္ဒိယစတဲ့ တခြားအရှေ့ ဖျားကိုလိုနီတွေမှာလဲ အလားတူ လက်ဝေခံအထက်လွှာတွေကို အတိုင်ပင်ခံ ရုပ်ပြအဖြစ် ထဲ့သုံးခဲ့ပါတယ်။ နောက် ဝိုင်အမ်ဘီအေပညာတတ်တွေ လှုံ့ဆော်မှုကြောင့် ပထမကမ္ဘာစစ်ကြီးတွင်းမှာပဲ အုပ်ချုပ်ရေးတိုးမြှင့်ပေးမယ့် အရိပ်အယောင်တွေ စပေါ်လာပါတယ်။
တကယ်တမ်း ပေးလာတော့ ရွေးကောက်ပွဲပါတဲ့ လက်ဝေခံအုပ်ချုပ်ရေးတမျိုးပါ။

နိုင်ငံရေးလောကမှာ အပြင်းလိုင်း အပျော့လိုင်း အစွန်းရောက်ဂိုဏ်း အလိုတော်ရိဂိုဏ်းဆိုပီး အိမ်ကြက်ချင်းခွပ်တဲ့အလေ့က လှုပ်ရှားမှု တိုင်းမှာ ပါလာပါတယ်
မြန်မာ နိုင်ငံရေးသမားတွေမှန်းတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး မဟုတ်သေးပါဘူး။ ရှမ်းပဒေသရာဇ် နယ်တွေ၊ နယ်ခြားဒေသတွေနဲ့လဲ ဒီအုပ်ချုပ်ရေးသစ်က အကျုံးမဝင်ပါဘူး။ အရင်က မျူနီစီပါယ်နဲ့ အရပ်သူကြီး ရွာသူကြီးရွေးပွဲသာရှိခဲ့တဲ့တိုင်းပြည်က ဒီမိုကရေစီရဲ့ ကနဦးခြေလှမ်းဆိုတာတွေကို လှိုက်လှိုက်လှဲလှဲမရှိပါဘူး။
တောနယ်တွေရဲ့ ထောက်ခံမှုရတဲ့ ဝံသာနုဂျီစီဘီအေများက ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အတွက် ဂျပန်နဲ့ ဖိလစ်ပိုင်နောက် အရှေ့ အာရှရဲ့ ပထမဆုံး ရွေးကောက်ပွဲများမှာ မဲပေးသူဦးရေဟာ ပေးခွင့်ရှိသူ ၇ ရာနှုန်းတောင် မရှိပါဘူး။ ဥစ္စာဓနနဲ့ မဲပေးပိုင်ခွင့်ကို ကန့်ထားတဲ့အတွက် ပေးနိုင်သူကလဲ လူဦးရေရဲ့ ၁၅ ရာနှုန်း ရှိတာပါ။အရင်ဥပဒေပြုအဖွဲ့ဟောင်းကလို လူမျိုးကွဲတွေနဲ့ အရင်းရှင်ကြီးများအတွက် ၄ဝ ရာနှုန်းလောက်ရှိတဲ့ သီးသန့်အမတ်နေရာတွေကလဲ ခြေကုပ်ယူရအောင် ချန်ထားရသေးတာပါ။ အကျိုးဆက်က နယ်ချဲ့အလိုတော်ရိ “ရွှေတောင်ကြားပါတီ”က လွှတ်တော်ထဲမှာ လူနဲစုမဲတွေနဲ့ ဝန်ကြီးနေရာတွေ အများစုယူခဲ့တာပါပဲ။

ရွေးကောက်ပွဲဝင်တဲ့ ဂျီစီဘီအေနဲ့ တခြားနိုင်ငံရေးသမားတွေလဲ လွှတ်တော်နိုင်ငံရေးကစားကွက်ထဲမှာပဲ လည်ပီး ကွဲပြဲ နိုင်ငံရေးကျွမ်းကစားတာနဲ့ အချိန်ဖြုန်းနေကြတဲ့အတွက် လူထုထောက်ခံမှုကျဆင်းခဲ့ပါတယ်။ မောရစ်ကောလစ်ရေးသလို ရွာတွေမှာ ယောက်ျားက မိန်းမကို “ဒိုင်အာခီမ”လို့ ဆဲသလို နိုင်ငံခြား အရင်းရှင်တွေ အကျိုးပဲ စောင့်ရှောက်နေရတဲ့ ပူးတွဲအုပ်ချုပ်ရေးနဲ့ လွှတ်တော်ဟာ အများကြိုက်ဖြစ်မလာပါ။

အဲဒီကစ နိုင်ငံရေးလောကမှာ အပြင်းလိုင်း အပျော့လိုင်း အစွန်းရောက်ဂိုဏ်း အလိုတော်ရိဂိုဏ်းဆိုပီး အိမ်ကြက်ချင်းခွပ်တဲ့အလေ့က လှုပ်ရှားမှုတိုင်းမှာ ပါလာပါတယ်။ နောက် အခုခေတ် စပွန်ဆာခေါ်မယ့် နိုင်ငံရေးအလှူ့ ဒကာ အင်္ဂလိပ် အိန္ဒိယငွေရှင်တွေရဲ့ သြဇာ၊ မဲအရောင်းအဝယ်တွေက အင်မတန် ခြေရှုပ်လာပါတယ်။ အမတ်တွေ လာဘ်စား အရည်အချင်းမပြည့်တာ နာမည်ပျက်နေတာ သိတဲ့ နယ်ချဲ့ကလဲ အိန္ဒိယနဲ့ ခွဲရေးတွဲရေးလို အရေးကြီးကိစ္စမျိုးမှာ မြန်မာထိပ်သီး ကိုယ်ကျိုးသမားတွေကို ဟန်ပြ ခေါ်ဆွေးနွေးရုံကလွဲလို့ ထဲ့မတွက်ပါဘူး။ ၁၉၃၂ ရွေးကောက်ပွဲမှာ အိန္ဒိယသူဌေးတွေ ပိုက်ဆံယူတဲ့ တွဲရေးဘက်က နိုင်ပေမယ့် မြန်မာပြည်ကို ဗြိတိသျှ အင်ပါယာဝင် သီးသန့် အုပ်ချုပ်ရေးပေး၊ အစိုးရအဖွဲ့နဲ့ အထက်နဲ့ အောက်လွှတ်တော်တွေ တိုးချဲ့၊ အတွင်းဝန်လို ရာထူးကြီးတွေမှာ မြန်မာတွေပိုခန့် စတဲ့ အထက်လွှာက လုပ်စား နိုင်ငံရေး ဈေးကွက်ကို တမျိုးချဲ့ပြန်ပါတယ်။ ဒီချိန်ထိ တို့ဗမာသခင်တွေ ကျောင်းသား ခေါင်းဆောင်တွေ တန်ခိုးမထွက်သေးပါဘူး။ ၁၃ဝဝပြည့် အရေးတော်ပုံ ခေတ်ကမှစပီး အပြင်းစား မျိုးချစ်လက်ဝဲ နိုင်ငံရေးဟာ နိုင်ငံခြား စီးပွားရှင်တွေဈေးကွက် လယ်သမား သူပုန်ထဘူးတဲ့ မြန်မာပြည်မှာ သြဇာတက်လာပါတယ်။ ဒီနောက် ဂျပန်အကူအညီနဲ့ လက်နက်ကိုင် တော်လှန်ရေး လုပ်ရာက အနှစ် ၆ဝ တွင်း ပထမဆုံး မြန်မာပိုင်စစ်တပ်ဟာ လက်ဝဲသခင်တွေအစွမ်းနဲ့ နိုင်ငံရေး အင်အားစုကြီး ဖြစ်လာပါတယ်။

လွှတ်တော် အစိုးရ ပြည်သူ့တရားသူကြီး အဖွဲ့ စတဲ့ အစိုးရ နိုင်ငံရေး ယန္တရားသစ်တွေကို တရားဝင်အောင် လုပ်ပေးပေမယ့် ဒီ အဖွဲ့အစည်း တွေပေါ် မဆလဗဟိုကော်မတီနဲ့ ခေါင်းကိုင်ကြီး ဦးနေဝင်းအရိပ်က လုံးဝ အုပ်ထားတာပါ။
ဂျပန်ခေတ် လွတ်လပ်ရေးမှာ အစိုးရရော အတိုင်ပင်ခံ လွှတ်တော်ပါ အဓိပတိဗမော်က ဂျပန်ခွင့်ပြုချက်နဲ့ ရွေးကောက်တာပါ။ ရွှေရည်စိမ်ဆိုတဲ့အတိုင်း ၁၉၃၇ ဗြိတိသျှမြန်မာနိုင်ငံလိုပဲ ဂျပန်သွေးစုပ်ခံ ရုပ်သေး တိုင်းပြည်သက်သက်ပါ။ ဒီနောက် ဂျပန်တိုက်ရာမှာလဲ ဦးမဆောင်နိုင်၊ အင်္ဂလိပ်ပြန်အဝင်မှာလဲ နိုးကြားတဲ့ စစ်ထွက် လူထုနဲ့ ဖီလာပြုပီး ဘုရင်ခံခန့် ဥပဒေပြုကောင်စီမှာ အလျှိုအလျှို ဝင်ရာထူးယူတဲ့ လကျာ်ကျားအိုတွေအားလုံး ဖဆပလ ခြင်္သေ့ကြီးရဲ့ နိုင်ငံရေးစန်းကို မယှဉ်နိုင်ပဲ ခေတ်ကုန်သွားကြပါတယ်။ ဒါပေမဲ့ စစ်တွင်း ဒီလက်ျာလူကြီးတွေဆီက အုပ်ချုပ်ရေး ပညာသင်လိုက်ရတဲ့ သခင်လူငယ်တွေဟာ စစ်ပီး အနှစ် ၄ဝ ကျော် တိုင်းပြည်ကို ပြုလဲပြု ဖျက်လဲဖျက်ခဲ့ကြပါတယ်။

(၃)

၁၉၄၆ အထွေထွေသပိတ်နဲ့ အာဏာရလာတဲ့ အောင်ဆန်းအစိုးရဟာ ကွန်မြူနစ်နဲ့ ခွာပြဲပီး နယ်ချဲ့နဲ့ စေ့စပ် လွတ်လပ်ရေး ယူတဲ့လမ်းကို လိုက်ပါတယ်။ သူ့လမ်းနဲ့ လွတ်လပ်ရေး အမြန်ရပေမယ့် နိုင်ငံရေးကွဲလွဲမှုဒဏ်က တိုင်းပြည်ကို ခုထိဖျက်စီးလျက်ပါ။ ၁၉၄၇ ရွေးကောက်ပွဲက အခြေခံဥပဒေကို ပထမဆုံးဆွဲခွင့်ရတဲ့ လွှတ်တော်ကို ရွေးကောက်ပါတယ် (အရင် ဖွဲ့စည်းပုံ ၂ခုကို ကိုလိုနီသခင်တွေ မာစတာတွေက ချမှတ်ပေးတာပါ) ။ ဒီတခါတော့ မြန်မာလက်ဝဲသမားတွေ ဦးဆောင်ပြဋ္ဌာန်းတဲ့အလှည့်ဆိုတော့ မြန်မာနဲ့ပူးပေါင်းမယ့် တောင်တန်းသားတွေအတွက် ရပိုင်ခွင့်တွေအာမခံတယ်ဆိုပီး ဥပဒေဗိသုကာ ဦးချန်ထွန်းစကားနဲ့ဆို “ ပြည်ထောင်စုအမည်ခံပေမယ့် အုပ်ချုပ်ပုံက တပြည်ထောင်စံနစ်” ၊ ပြည်မကနေ ရင်းမြစ်တွေအားလုံးချုပ်ကိုင်ထားတဲ့ မြန်မာကိုလိုနီအုပ်ချုပ်ရေးတမျိုး ဖန်တီးပါတယ်။ လွှတ်တော် ၂ ရပ် တန်းတူဆိုပေမယ့် လူဦးရေအများဆုံး မြန်မာတွေ လွှမ်းမိုးတဲ့ ပြည်သူ့လွှတ်တော်က ကြီးစိုးတာပါ။
အင်္ဂလိပ်လက်ဝေခံ အရင်းရှင်တွေရဲ့ အမတ်နေရာတွေဖယ်ရှားခံရသလို ကပြားအမတ်နယ်မြေတွေပါ ဖျက်သိမ်းလိုက်ရတယ်။ အင်္ဂလိပ်ခေတ်မှာ ပစားပေးခံရတဲ့ ကရင်လူမျိုးရဲ့ နိုင်ငံရေးကဏ္ဍ သတ်မှတ်မှုကတော့ အင်မတန့် ပြဿနာကြီး ဖြစ်သွားပါတယ်။

thuriya1
ပထမဆုံး မြန်မာရွေးကောက်ပွဲ သပိတ်မှောက်ကာတွန်းများ (သူရိယ မဂ္ဂဇင်း၊ ၁၉၂၂-၂၃)
ထုံးစံအတိုင်း နိုင်ငံရေးလမ်းကြောင်းသဘောကွဲလို့ သပိတ်မှောက်မယ့် လကျာ်လူဟောင်းတွေ၊ ကရင်ထိပ်သီးများနဲ့ ကွန်မြူနစ်အများစုကို အာဏာစည်းထဲက ကန့်ပစ်လိုက်ပါတယ်။ လွတ်လပ်ရေးမယူခင်မှာ အရင်လူအဆက်ဆက်ထက် အာဏာတွေ အများကြီးပိုင်လာတယ်ဆိုပေမယ့် စစ်တပ်ကို အကုန်မပိုင်တဲ့ အောင်ဆန်းအစိုးရတဝက်ကျော် နယ်ချဲ့လက်နက်နဲ့ပဲ အရှင်းခံရပါတယ်။ ကျန်တဲ့ ကိုသက်ပြင်းများက နယ်ချဲ့စီးပွားရေးနဲ့ စစ်အကျိုးစီးပွားတွေကို အများကြီးကာကွယ်ပေးရတဲ့ နု-အက်တလီစာချုပ်နဲ့ လွတ်လပ်ရေးတမျိုးယူကြပါတယ်။ ဒီနောက် အာဏာရအာဏာမဲ့ လက်နက်ကိုင်တပ်နောက်ခံတွေရှိတဲ့ နိုင်ငံရေးအင်အားစုတွေချည်းမို့ လွတ်လပ်ရေးရပီး မကြာခင်ပဲ ပြည်တွင်းစစ်စပါတယ်။

ဆိုရှယ်လစ်စံနစ်ကိုသွားမယ့် ဒီမိုကရေစီလွှတ်တော်ထက် ဝင်ဒါမီယာအစိုးရနဲ့ စစ်ရုံးကပဲ တိုင်းပြည်ကို တောက်လျှောက်ကြီးစိုးပါတယ်။ ဖဆပလနဲ့ လက်ကိုင်စစ်တပ်ဟာ အင်္ဂလိပ်ကိုလိုနီသမားနေရာကိုယူပီး နိုင်ငံရေး လူမျိုးရေးအရ ကွဲပြားတဲ့ အတိုက်အခံမှန်သမျှကို တောထဲပို့ပါတယ်။ နယ်ချဲ့လက်ပါးစေ အထက်လွှာ ပညာတတ်များကိုလဲ မယုံတာမို့ ကိုယ်ပိုင် လူယုံပညာတတ်တွေ မွေးပါတယ်။ အုပ်ချုပ်ရေး တရားရေး မဏ္ဍိုင်တွေ ယိုင်နဲ့ပီး ပါတီဗျူရိုကရက်တွေ ကြီးစိုးတာပဲ အဖတ်တင်ပါတယ်။

ဒေါက်တာ မောင်မောင်ရေးသလို စစ်ပြီးရွေးကောက်ပွဲတွေဟာ ပိုပီးလေးနက် ကြမ်းတမ်းလာပါတယ်။ စစ်တပ်က ဖဆပလကို နည်းမျိုးစုံနဲ့ ကူတဲ့အပြင် ခါးပိုက်ဆောင်တပ် ကိုယ်စီနဲ့ နယ်က နိုင်ငံရေး လူမိုက်အမတ်ကြီးတွေရဲ့ ခြိမ်းခြောက်သတ်ဖြတ်မှုတွေက အမည်းစက် ထင်ကျန်ခဲ့သလို တောထဲက ကွန်မြူနစ် ခြိမ်းခြောက်မှုနဲ့ မြေပေါ်ကွန်မြူနစ်တွေ မဲရနေတယ်လို့လဲ စစ်တပ်နဲ့ ဖဆပလက စွပ်စွဲပြန်ပါတယ်။ မပီပြင်တဲ့ လွှတ်တော်နိုင်ငံရေးနဲ့ ဆရာမွေး တပည့်မွေး အခွင့်ထူးခံတဲ့ အကျင့်တွေကြောင့် ဖဆပလ ၂ ခြမ်းကွဲချိန်မှာ ပြန်စေ့စပ်ဖို့ ရွေးကောက်ပွဲလမ်းက သွားဘို့ထက် အပြုတ်တိုက်ဖို့လမ်းကိုသာ ဦးတည်နေကြပါတယ်။ နောက်ဆုံး ပမညတမဲနဲ့ ပေါင်းတဲ့ဦးနုကို ကွန်မြူနစ်နဲ့ပါ ပေါင်းတော့မယ်ဆိုပီး တပ်က အာဏာတောင်းတဲ့ ကိန်းကြုံပါတော့တယ်။

တပ်က အိမ်စောင့်တက်ထိန်းတဲ့ ၂ နှစ်မှာ နိုင်ငံရေးသမားတွေကို ဖိနှိပ်မှုက အရပ်သားခေတ်ထက် အဆမတန်ဆိုးရွားပါတယ်။ လာတော့မယ့်ကာလကြီးတခုအတွက် နိဒါန်းလဲဖြစ်ပါတယ်။ ဂျပန်ခေတ်မှာ သခင်တွေ အုပ်ချုပ်ရေးပညာတတ်သွားပီ ထင်ကြသလိုပဲ ဒီအကွဲအပြဲမှာ အာဏာအနီးကပ် ကိုင်လိုက်ဖူးတဲ့ စစ်ဗိုလ်မှူးများလဲ ပိုမြောက်သွားပါတယ်။ ပြည်တွင်းစစ်မှာ အသာစီးရနေတဲ့အတွက် တိုင်းပြည် ကယ်တင်ရှင်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ထင်လာတဲ့ စစ်ဗိုလ်များဟာ ကိုယ်ပိုင် ဆိုရှယ်လစ်ဝါဒကို ဖော်စပ်နေသလို စီးပွားရေးအားဖြင့်လဲ တိုင်းပြည်ဘဏ္ဍာတွေနဲ့ ထူထောင်ထားတဲ့ လုပ်ငန်းကြီးတွေနဲ့ အကြီးဆုံး ပြည်တွင်း အရင်းရှင် ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် သူတို့ယုံတဲ့ တည်မြဲအုပ်စုနိုင်ရင် အာဏာကို နောက်ကွယ်က အရင်လိုပဲ ထိန်းနိုင်မယ်ဆိုပီး ၁၉၆ဝ ရွေးကောက်ပွဲကို ကျင်းပပေးပေမယ့် နှမ်းထွက်လွဲပီး ဂျပန်ဝင်ထဲက အနှစ် ၂ဝ နီးပါး နိုင်ငံရေးစကောထဲမှာ လိမ့်နေရတဲ့ ဇီးဖြူသီးလူထုရဲ့ အန်တုမှုကို ခံသွားရပါတယ်။

သို့သော် ဦးနုပါတီရဲ့ နိုင်ငံရေးအခြေမခိုင်မှုနဲ့ အိမ်စောင့်ခေတ် နိုင်ငံရေး ခါးပိုက်ဆောင်တပ်တွေ ဖျက်ပီးကထဲက တိုင်းပြည်ရဲ့ လက်နက်အာဏာကို လုံးဝပိုင်သွားတဲ့ တပ်ကို ပထစနဲ့ တိုင်းရင်းသားများက နိုင်ငံရေး စီးပွားရေးအရ ဖြိုခွဲမှာစိုးတဲ့ သံသယတွေကြောင့် ၂ နှစ်အတွင်း နောက်ထပ် အာဏာသိမ်းပွဲ ဖြစ်ပြန်ပါတယ်။ “ပဒေသရာဇ်စွဲများနှင့် စီးပွားရေးမညီမျှမှုကို တိုက်ဖျက်ရန် အခြေခံဥပဒေနှင့် ပါလီမန် အဆောင်အယောင်များ ခေတ္တ ဖြုတ်ချထားရပါအုံးမည်”ဆိုတဲ့ စစ်အုပ်စုဟာ အရင်နိုင်ငံရေး လူတန်းစားကို ပထမ သိမ်းသွင်းကြည့်ပါသေးတယ်။

တပ်အင်အားအများဆုံးနိုင်ငံတော်ပါတီကပဲ နိုင်မယ့်အလားအလာကြီးနေပီး ဦးနု၊ ဒေါ်စုလို သြဇာသတ္တိကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်မျိုးလဲ မပါတဲ့အတွက် နောက်လွှတ်တော်ဟာလဲ ကြံ့ဖွံ့နဲ့ စစ်တပ်နှီးနှောပွဲပဲ ဖြစ်ဖို့များနေပါပီ။
နောက်ဆုံး ၁၉၆၉ ပြည်တွင်း ညီညွတ်ရေး အကြံပေးအဖွဲ့ကို ဖျက်လိုက်ပီးနောက်မှ စစ်တပ်သြဇာခံ လက်ဝဲသမား တချို့ကို သုံးပီး လမ်းစဉ်ပါတီ ဦးဆောင်တဲ့ အခြေခံဥပဒေသစ်ကိုဆွဲကာ အရပ်သား အသွင်ပြောင်းဘို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကြားထဲမှာ အရင်အစိုးရ လက်ဝေခံ အရင်းရှင်တွေကို ပြည်သူပိုင် စံနစ်နဲ့ အရင်ရှင်းပစ်၊ အုပ်ချုပ်ရေးကို ပြည်သူ့အုပ်ချုပ်ရေး ပြောင်းတယ်ဆိုပီး စစ်ဗိုလ်တွေက နေရာတကာ ဝင်ပါသလို မဆလကလွဲပီး ကျန်တဲ့ ပါတီရှိသမျှဖျက်၊ လူတွေထောင်ချ တောထဲမောင်းပို့တဲ့ ဖိနှိပ်မှုတွေ လုပ်လာပြန်လို့ ဗိုလ်ချုပ်နေဝင်းတို့ လူဝတ်လဲပီး အခြေခံဥပဒေ ဆန္ဒခံယူမယ်လုပ်ချိန်မှာပဲ နိုင်ငံရေးက လုံးဝမီးသေနေပါပီ။

အစိုးရ အရာရှိဟောင်းများ နာမည်ခံပီး စစ်ဗိုလ်များ ကြီးစိုးတဲ့ ဆန္ဒခံယူပွဲနဲ့ ရွေးချယ် တင်မြှောက်ပွဲ ကော်မရှင်တွေကနေ ဆိုရှယ်လစ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ လွှတ်တော် အစိုးရ ပြည်သူ့တရားသူကြီး အဖွဲ့စတဲ့ အစိုးရ နိုင်ငံရေး ယန္တရားသစ်တွေကို တရားဝင်အောင် လုပ်ပေးပေမယ့် ဒီအဖွဲ့အစည်းတွေပေါ် မဆလ ဗဟိုကော်မတီနဲ့ ခေါင်းကိုင်ကြီး ဦးနေဝင်းအရိပ်က လုံးဝအုပ်ထားတာပါ။ ဖဆပလလွှတ်တော်ထက် အများကြီး ပိုဆိုးတဲ့ ဒီလွှတ်တော်နဲ့ ရွေးကောက်ပွဲတွေဟာ ၈၈ အရေးအခင်းထိ ဘုရင်ခေတ် ညီလာခံ သဘင် အဆင့်ထက် ဘာမှမပိုတဲ့ အဆင့်နဲ့တင် ပီးသွားပါတယ်။ မဆလ အခြေခံဥပဒေက ခွင့်ပြုတဲ့ ဆန္ဒပြခွင့်စတဲ့ ဆိုရှယ်လစ် ဒီမိုကရေစီ အခွင့်အရေးတွေကလဲ တကယ်ပေးတာမဟုတ်လို့ နိုင်ငံရေး စီးပွားရေး အကျပ်အတည်းတွေဟာ ဘယ်တော့မှ ပြေလျော့မသွားပဲ ဖိနှိပ်လေ ကြွလေမို့ နောက်ဆုံးမှာတော့ လူထောင်ချီ သတ်ခံရတဲ့ ဖိနှိပ်မှုကြီးနဲ့ စစ်နိုင်ငံရေး တခေတ် ရပ်သွားပြန်ပါတယ်။

(၄)

အရေးအခင်းမှာ ပြန်နလံထူလာတဲ့ အရပ်သား နိုင်ငံရေး အင်အားစုများနဲ့ စစ်အာဏာပိုင် အဟောင်းအသစ်တွေ ပြေလည်အောင် မညှိနှိုင်းနိုင်ပဲ ရွေးကောက်ပွဲ နည်းဟောင်းကြီးပဲ ထပ်လိုက်တဲ့အတွက် ၁၉၉ဝမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအနိုင်ရပီး မဆလပါတီသစ် မရှုမလှဖြစ်သွားပါတယ်။ ဒီတခါတော့ လုံးဝ အာဏာမလွှဲပေးရဲတော့တဲ့ တပ်က လက်တလုံးခြား ညစ်ပတ်ပီး အမျိုးသားညီလာခံ၊ အခြေခံ ဥပဒေသစ် ရေးဆွဲရေး စတာတွေနဲ့ အနှစ် ၂ဝ အချိန် ဆက်ဆွဲပါတယ်။ နိုင်ငံရေး အင်အားစုတွေ လှုပ်မဖြစ်အောင် ထွက်ပြေးရအောင် ဖိနှိပ်ထားသလို စီးပွားရေးအရ တနိုင်ငံလုံးအသုံးချအမြတ်ထုတ်ပီး စစ်တပ်ကို အစွမ်းကုန်ချဲ့ထွင်ပါတယ်။ အုပ်ချုပ်ရေးမှာလဲ တပ်ကပဲ အစစ ဝင်ခြယ်လှယ်နေတာပါ။

၂ဝဝ၇ သံဃာ့အုံကြွမှု အပြီးမှာတော့ စစ်တပ်ရဲ့ နိုင်ငံရေး အာဏာပိုင်မှုကို တရားဝင်အောင်လုပ်ရင် အပြည်ပြည်ဆိုင်ရာ ဖိအားတွေ လျော့တန်ရဲ့ဆိုပီး အစဉ်အဆက် အာဏာရ လူတန်းစားများ ထုံးစံ သေချာပြင်ဆင် ဖိနှိပ်ပီးမှ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲဆိုတာတွေ ပြန်ဖော်ပါတယ်။ ဒီတခါ ဖွဲ့စည်းပုံမှာ လွှတ်တော် အဆင့်ဆင့်နဲ့ အစိုးရထဲက စစ်တပ်အပိုင်နေရာတွေ သတ်မှတ်တာ၊ ပီးတော့ ကာကွယ်ရေး ကောင်စီကနေ တိုင်းပြည်အာဏာကို အချိန်မရွေး ပြန်ယူနိုင်တာ၊ လွှတ်တော် ဖျက်ပစ်ခွင့် ဆိုတာတွေက ဒိုင်အာခီ လွှတ်တော်ကဲ့သို့ ပြည်သူ့ကိုယ်စားပြုခွင့် ပြန်ဆုတ်ယုတ်သွားတာ တွေ့ရတယ်။ လူမျိုးစုနေရာတွေ ကလဖန်ထိုးပီး တိုင်းရင်းသားတွေကို သိမ်းသွင်းသလို တိုင်းနဲ့ပြည်နယ်၊ အထူးဒေသ လွှတ်တော်ဆိုတဲ့ သီးသန့် ရွေးကောက်ရတဲ့ အမတ်နေရာပိုတွေကလဲ “လူများပွဲမစည်” အမတ်တွေ ဗွက်ပေါက်ပီး “ပေါ”ကုန်အောင် လုပ်ရုံသက်သက်ရှိပါတယ်။

ဒီနိုင်ငံတော်ချီတက်ပွဲမှာ မပါချင်တဲ့ အရင်အရွေးခံအနိုင်ရ အာဏာမရသေးတဲ့ ပါတီတွေကို ဖျက်ပစ်ပီး နိုင်ငံရေး သြဇာနိမ့်တဲ့ သူတွေကို ဝင်ပြိုင်ခိုင်း၊ လွှတ်တော်ပေါ်လာရင် လွတ်လပ်မှုတွေ တစတစ တိုးတောင်းနိုင်မယ်ဆိုတဲ့ နိုင်ငံရေး ဒဏ္ဍာရီတွေ ဖန်တီးပီး ရွေးကောက်ပွဲ လှုံ့ဆော်စတဲ့ နည်းမျိုးစုံနဲ့ နိုင်ငံရေးဘူးသွင်းဘို့ အားထုတ်လေရဲ့။ ပိုအရုပ်ဆိုးတာက စစ်ဆိုရှယ်လစ်ခေတ်က မဆလလိုပဲ ကြံ့ခိုင်ရေးကနေ စစ်အစိုးရအာဏာလွှမ်းဘို့ မတရားသဖြင့် ဝင်ပြိုင်တာပါပဲ။ ဝင်ပြိုင်မိတဲ့ နိုင်ငံရေး အုပ်စုတွေကို ဘဏ္ဍာရေး စည်းရုံးရေးအရ မျိုးစုံနှောင့်ယှက်နေတဲ့အတွက် ဖဆပလ မဆလခေတ်တွေလို တပ်အင်အား အများဆုံး နိုင်ငံတော်ပါတီကပဲ နိုင်မယ့်အလားအလာကြီးနေပီး ဦးနု၊ ဒေါ်စုလို သြဇာသတ္တိကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်မျိုးလဲ မပါတဲ့အတွက် နောက်လွှတ်တော်ဟာလဲ ကြံ့ဖွံ့နဲ့ စစ်တပ်နှီးနှောပွဲပဲ ဖြစ်ဖို့များနေပါပီ။ နေပြည်တော်စစ်ရုံးကပဲ အာဏာဆက်ထိန်းမယ့် အသွင်မှန်းလို့ ရနေပီပဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေကို အပစ်ခတ် ရပ်စဲရေးနဲ့ ကြိုးလှန်ထားပီး ခုမှ လက်နက်ဖြုတ်ခိုင်း ရွေးကောက်ပွဲဝင်ခိုင်း၊ သြဇာ မညောင်းမယ့်နယ်တွေမှာ ရွေးကောက်ပွဲဖျက်စတဲ့ ဖိနှိပ်မှုများကလဲ တဘာသာပါပဲ။

တမူထူးတာက ဒီတခါ ပြည်ပအထောက်အပံ့ခံ တတိယအုပ်စုဆိုတဲ့ အထက်လွှာနိုင်ငံရေးပွဲစားများက စစ်အုပ်စုရွေးကောက်ပွဲအသစ်ကို ကြော်ငြာဝင်ပီး အရွေးခံမယ့်သူတွေအတွက် နိုင်ငံခြားက ရန်ပုံငွေ ရှာပေးနေကြတာပါ။ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ပင်မ အတိုက်အခံတွေကိုတော့ ရက်ဒီကယ် စိတ်ကူးယဉ်တွေလို့ တံဆိပ်နှိပ်ပီး ဒီမိုကရက်တစ်လမ်းကြောင်းကို မလိုက်နိုင်တဲ့ အတ္တသမားတွေလို့ ရှုံ့ချနေပါတယ်။ ရွေးကောက်ပွဲမဝင်ပဲ ပါတီအဖျက်ခံရသော်လဲ ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ခြိမ်းခြောက်မှုများကြားက ရှေ့ တိုးပြောနေဆဲ NLD နဲ့ ယခင်အရွေးခံ ပါတီများကတော့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းမရနိုင်ဘူး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကသာ ပြေလည်အောင် လုပ်နိုင်မယ်လို့ သတိပေးနေကြတုန်းပါ။

ဒီအယူအဆကို ၁၉၈၈ အရေးအခင်းတွင်း ကြားဖြတ်အစိုးရတောင်းနေချိန်ကနေ ရွေးကောက်ပွဲအောင်ပွဲခံပီး ဂန္ဓီခန်းမကနေ NLD ကို အာဏာလွှဲဘို့ တောင်းဆိုတဲ့ အချိန်တွေတုန်းကသာ အဓိကကိုင်စွဲခဲ့ရင် ခုလို ရွေးကောက်ပွဲပီး အာဏာသိမ်း နောက်တခါ ရွေးကောက်ပွဲစတဲ့ နိုင်ငံရေး မတည်ငြိမ် ဆုတ်ယုတ် တဖက်သတ် ဗိုလ်ကျမှုသံသရာက စောစော လွတ်ခဲ့ကောင်းရဲ့လို့ပဲ အောက်မေ့ မိပါတယ်။
ဒီအယူအဆကို ၁၉၈၈ အရေးအခင်းတွင်း ကြားဖြတ်အစိုးရ တောင်းနေချိန်ကနေ ရွေးကောက်ပွဲ အောင်ပွဲခံပီး ဂန္ဓီခန်းမကနေ NLD ကို အာဏာလွှဲဘို့ တောင်းဆိုတဲ့အချိန်တွေ တုန်းကသာ အဓိက ကိုင်စွဲခဲ့ရင် ခုလို ရွေးကောက်ပွဲပီး အာဏာသိမ်း နောက်တခါ ရွေးကောက်ပွဲစတဲ့ နိုင်ငံရေး မတည်ငြိမ်ဆုတ်ယုတ် တဖက်သတ် ဗိုလ်ကျမှု သံသရာက စောစောလွတ်ခဲ့ကောင်းရဲ့လို့ပဲ အောက်မေ့မိပါတယ်။စီးပွားရေး အရင်းအမြစ်တွေကို ပုဂ္ဂလိကပိုင် ပြုတယ်ဆိုပီး တပ်နဲ့နီးစပ်ရာ ဗိုလ်ချုပ်မိသားစုများလက်ထဲ ထိုးထည့်နေချိန်မှာ လုပ်မယ့် ရွေးကောက်ပွဲကတော့ တပ်ကိုယ်စားပြု နိုင်ငံရေးတခေတ်အတွက် လမ်းခင်းပေးရုံရှိပါတယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့ ဇောကပ်နေတဲ့ အနောက်အရင်းရှင်များကလဲ တရုတ်-အိန္ဒိယလက်ထဲ ပေါချောင်ကောင်း ရောက်ကုန်တဲ့ မြန်မာ့စွမ်းအင် ရင်းမြစ်တွေကို ရဘို့ဆိုရင် ဒီ တပ်လွှတ်တော်ကို အသိအမှတ်ပြုဘို့ ဦးမလေးပါဘူး။

ဒါကြောင့် အရေးအခင်းနောက်ပိုင်း အတိုက်အခံတွေကို ထောက်ခံလာတဲ့ အနောက်နိုင်ငံ အစိုးရနဲ့ အဖွဲ့အစည်းတွေရဲ့ မူဝါဒတွေဟာလဲ ရွေးကောက်ပွဲနီးတာနဲ့ ပြောစရာတွေ အတော်များလာပါတယ်။ ဂလိုဘယ်ခေတ်ရဲ့ ကောင်းကျိုးကြောင့် စစ်အုပ်စု ဖိနှိပ်မှုတွေ အရင်လောက် လက်သံ မပြောင်ရဲဘူး ပြောနိုင်ပေမယ့် နိုင်ငံတကာ ဈေးကွက်ကြီးက မြန်မာစစ်အစိုးရနဲ့ “ကုလားအောင်ပ ဆွေသားမိတ်တူ” လုပ်ချင်နေတာပါ။ ဖိနှိပ်လက်စတွေ မဖျောက်ရသေးလို့သာ ဝင်မလုံးဝံ့သေးတာပါ။ ပြည်တွင်းက ကျပ်တည်း ဖိနှိပ်မှု အမျိုးစုံအောက်မှာ ရုန်းနေရတဲ့ လူထုကတော့ ဖောက်မထွက်နိုင်တဲ့ နိုင်ငံရေးဇာတ်မျောကို ပေယျာလကန် ပြုထားပါတယ်။ နိုင်ငံရေးအုပ်စုတွေလဲ အတော်လက်ပန်းကျပီး ဆက်ခံမယ့် မျိုးဆက် ကောင်းကောင်းကို ထွက်မလာသလောက် ဖြစ်နေပါတယ်။ ဒီတခေါက်လဲ မဆလစံနစ်ကို အသက်သွင်းတုန်းကလို နိုင်ငံရေး အသံတိတ်နေတဲ့ တိုင်းပြည်၊ တချက်တချက် ထအုံကြွတဲ့ တိုင်းပြည်မျိုးပဲ ပြန်ဖြစ်ဖို့များပါတယ်။

လူတစု လူတန်းစားတခု ကိုယ်ကျိုးတွက် တိုင်းပြည်ကို ဖိနှိပ်သွေးစုပ်တဲ့ ဒီမိုကရေစီနာမည်ခံ လွှတ်တော်ခေတ်ဆိုးကြီးတွေကို မြန်မာတွေ အရည်လည်ပီး အမြန်တောထုတ်နိုင်ပါစေ။ အားလုံးတန်းတူ ညီညွတ်လွတ်လပ်တဲ့ နိုင်ငံရေးတိုင်းပြည်ကို ထူထောင်ရဲကြပါစေ။
http://mizzimaburmese.com/edop/songpa/6358-2010-10-31-13-04-53.html

တခုတည်းသော လမ်းမဟုတ်

ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦး စနေ, 30 အောက်တိုဘာ 2010

ဒီကနေ့ ပါတီတွေရဲ့အနေအထားက အများစုက လူထုနဲ့ထိတွေ့နိုင်ဖို့အတွက် မီဒီယာတွေပေါ်မှာ အားပြုနေရတယ်။ အထူးသဖြင့် မီဒီယာတွေထဲမှာ ဂျာနယ်တွေကို အားပြုနေရတယ်ဆိုတော့ လူထုနဲ့ထိတွေ့နိုင်တဲ့အခွင့်အလမ်း အင်မတန်နည်းတယ်။ နောက် နယ်တွေဆင်းကြတဲ့အခါမှာလည်း တိုတောင်းတဲ့အချိန်ကာလအတွင်းမှာ လူထုက ကောင်းကောင်း မသိသေးဘူး။ ဒီအနေအထားမျိုးနဲ့ မကြာခင်ရက်ပိုင်းအတွင်းမှာ ရွေးကောက်ပွဲကို ဖြတ်သန်းရတော့မယ်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီမိုကရေစီ မျက်နှာဖုံးစွပ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဖြတ်ကို ဖြတ်သန်း ရတော့မှာ ဖြစ်တယ်။ နောက် လက်ရှိကလည်းပဲ မ.ဆ.လ ခေတ်တုံးကလည်း ဆိုရှယ်လစ်ဝါဒ ခေတ်စားတဲ့အချိန်မှာ ဆိုရှယ်လစ် မျက်နှာဖုံး စွပ်ပြီးတော့ စစ်တပ်က ဗိုလ်ကျစိုးမိုးရေးကို ချုပ်ကိုင်ခဲ့တာပဲ။ လက်ရှိလည်း ဒီမိုကရေစီ မျက်နှာဖုံးစွပ် ထားတာ အထင်အရှားပဲ။

အဲသလို လက်အောက်မှာလုပ်ရတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် ရွေးကောက်ပွဲရဲ့ ဟိုမှာဘက်တွေကိုပါ ထည့်သွင်း စဉ်းစားထားဖို့ လိုတယ်။ ၂၀၀၈ အခြေခံဥပဒေမှာလည်း နိုင်ငံသားအခွင့်အရေးကဏ္ဍဆိုတာ ရေးဆွဲထားတာပါတဲ့အတွက် အဲဒီ အခွင့်အရေးတွေကို အစွဲပြုပြီးတော့မှ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်တို့၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တို့၊ လွတ်လပ်စွာ စီတန်းလှည့်လည်ဆန္ဒပြခွင့်တို့ စတဲ့ ဒီအချက်အလက်တွေကို ရွေးကောက်ပွဲအလွန် ဟိုဘက်မှာတော့ ဒီဟာတွေကို အရအမိ ဆုပ်ကိုင်နိုင်ဖို့လိုတယ်။

အဲဒီတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ပန်းတိုင်မဟုတ်ဘူး၊ လက်ရှိ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ အကြပ်အတည်း အားလုံးကို ဖြေရှင်း ပေးနိုင်တဲ့ တခုတည်းသောလမ်းကြောင်းမဟုတ်ဘူးဆိုတာတော့ အားလုံးသဘောပေါက်ဖို့လိုတယ်လို့ ကျနော်တို့မြင်တယ်။

အဲဒီတော့ အခုလက်ရှိတွေ့နေရတဲ့အနေအထားက ခြင်္သေ့နဲ့ စပါးနှံမဟုတ်ရင်ပြီးရော ဆိုပြီးတော့မှ ကျနော်တို့ ဒီမိုကရက်တစ်အင်အားစု လို့ ယူဆရတဲ့ ဒီဘက်က ပါတီအများစုကို ပြည်သူတွေက မဲပေးချင်တယ်။

ပေးချင်သော်လည်းပဲ ပါတီတွေက အချိန်တိုတောင်းတဲ့အတွင်းမှာ ပါတီတွေဖွဲ့၊ မဲဆန္ဒနယ်မြေတွေရွေးချယ်၊ ကိုယ်စား လှယ်လောင်းတွေ အမြန်ရှာဆိုတော့ ကိုယ်စားလှယ်လောင်းတွေထဲကလည်း တကယ့် နိုင်ငံရေးသမားကောင်းတွေ၊ တင်းပြည့် ကျပ်ပြည့် နိုင်ငံရေး သမားကောင်းတွေ တော်တော်များများက မပါလာဘူး။ အလျဉ်းသင့်ရာကို ရွေးကောက်ပွဲ ၀င်နိုင်မယ့်ကိုယ်စားလှယ်တွေကို အမြန် ရှာဖွေရတဲ့အတွက် သူတို့ကိုယ်နှိုက်က နိုင်ငံရေးအရည်အချင်းအားဖြင့် အားနည်း နေတဲ့အတွက် ဒီမိုကရက်တစ်အင်အားစုလို့ ယူဆရတဲ့ ဘက်မှာလည်း ဒီလို ရှိနေတယ်။

လူထုကို တကယ့်ကို Leadership လုပ်နိုင်မယ့် အနေအထားမျိုးတွေ အားနည်းနေတာ တွေ့ရတယ်။

နောက်တချက်က ရွေးကောက်ပွဲရဲ့ ဟိုဘက်၊ ရွေးကောက်ပွဲအလွန်မှာ ကြုံတွေ့ရမယ့် ရင်ဆိုင်ရမယ့်အနေအထားတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင်၊ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ဒီကနေ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီ အဖွဲ့အစည်းတွေက အသံတွေကို လူထုကို ချပြထားတာမျိုးတွေ အင်မတန်နည်းနေတာကို တွေ့ရတယ်။

နောက်သူတို့မှာလည်း တိကျမှန်ကန်တဲ့ အစီအစဉ်မျိုးတွေ ကိုင်စွဲထားမယ်လို့လည်းထင်ရတာ အင်မတန် အားနည်း တယ်။ ဆိုတော့- ဟိုဘက်ကိုပါ တခါတည်းပြင်ဆင်ထားဖို့လိုတယ်။ နောက်ပြီးတော့ အပြောင်းအလဲဆိုတာက မျှော်လင့် သလို မဖြစ်လာတောင်မှ ဖြစ်လာတဲ့အချက်အလက်တွေပေါ်မှာ ကိုယ့်ဘက်က ခိုင်မာတဲ့သဘောထားတဲ့၊ ခိုင်မာတဲ့ ဖြတ်သန်းမှု အစီအစဉ်မရှိဘူးဆိုရင်တော့ နောက်ထပ်ဥပဒေတွေ၊ နောက်ထပ်အမိန့်တွေအောက်မှာပဲ ဒီလိုပဲ ခေါင်းရှုပ် သွားကြရလိမ့်မယ်။

ဒီရွေးကောက်ပွဲမှာတော့ သေချာပေါက်ကတော့ အလိုအလျှောက်ကို တချို့မြို့နယ်တွေမှာဆိုလို့ရှိရင် ယှဉ်ပြိုင်ဘက်မရှိ သူတို့က နေရာတွေ ရထားပြီးသားဖြစ်တယ်ဆိုတော့ အများစုကတော့ သူတို့ပဲ ရဖို့ရှိတယ်။

သို့သော် ကိုယ့်အင်အားစုတွေကလည်း မမျှော်လင့်ဘဲနဲ့ လူထုက ကရုဏာမဲနဲ့ လူထုက သူ့ရဲ့ဆန္ဒတခုကိုတော့ ဖော်ထုတ် ချင်လိမ့်မယ်။ အစိတ် အပိုင်းတခုကိုတော့ လူထုအသံကိုတော့ တွေ့ရလိမ့်မယ်လို့ ယူဆတယ်။ ဒီအပေါ်မှာ ပွဲပြီး ပြီးရော ဆိုတာမျိုး သဘောမထားဘဲနဲ့ တကယ့်ရင့်ကျက်တဲ့ နိုင်ငံရေးပါတီများအဖြစ် လူထုကို ဦးဆောင်နိုင်တဲ့ နိုင်ငံရေးပါတီကြီး တွေအဖြစ် အသွင်သဏ္ဍန်ပြောင်းပြီးတော့မှ ဆက်လက်ရပ်တည်နိုင်ဘို့ လိုပါတယ်။

လက်ရှိဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက ပြတ်ပြတ်သားသား စဉ်းစားထားဖို့လိုတယ်။ သာမန် တပွဲတိုး လောက်နဲ့ဆိုရင်တော့ လူထုကို မက်လုံးတွေပေးပြီး ရွေးကောက်ပွဲ တခုတည်းတင် ပန်းတိုင်လမ်းဆုံးလို့ သဘောထား မယ်ဆိုရင်တော့ ဒါ တကယ့် ခါတော်မီ နိုင်ငံရေးဖြစ်သလို လူထုကလည်း စိတ်ပျက်သွားမှာ အမှန်ပါပဲ။

လွတ်မြောက်ဖို့အတွက် ဆိုလို့ရှိရင် နည်းလမ်းပေါင်းစုံနဲ့ ဒီမိုကရေစီအင်အားစုတွေက ၀ိုင်းဝန်းကြမယ်ဆိုရင် ဒီနေ့ ပါတီတွေရဲ့ အခန်း ကဏ္ဍကလည်း အစိတ်အပိုင်းတခုအနေနဲ့ အရေးပါပါတယ်။ အရေးပါတဲ့အပေါ်မှာ မိမိရရ ဆုပ်ကိုင်ပြီး တော့မှ လူထုကို တကယ် မျက်စိဖွင့် နားဖွင့် ပေးနိုင်တဲ့ ဦးဆောင်နိုင်ငံရေးပါတီတွေဖြစ်ဖို့အတွက် အခုကတည်းက ပြင်ဆင်ထားကြဖို့လိုတယ်လို့ သုံးသပ်ပါတယ်။
http://www.voanews.com/burmese/

မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမူ နောက်ဆုံးနေ့ များနှင့် စစ်အာဏာရှင်စနစ် ကျဆုံးခန်းများ တွေ့ ရှိခြင်း


မန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမူ နောက်ဆုံးနေ့ များနှင့် စစ်အာဏာရှင်စနစ် ကျဆုံးခန်းများ တွေ့ ရှိခြင်း
            နိဒါန်း။          ။
                             မြန်မာနိုင်ငံ၏ နိုင်ငံရေးကံကြမ္မာနောက်ဆုံးနေ့ များနှင့် စစ်အာဏာရှင်စနစ်ကျဆုံးခြင်း ပြသနာများကို လေ့လာကြည့်သောအခါ အချက်(၃ ) ချက်ကို ဆန်းစစ်ကြည့်ရသည်။ ယင်းမှာကာယကံရှင်ဖြစ်သော ဒီမိုကရေစီအင်အားစုများ၏ မှန်ကန်သောဘ၀အနေအထားများနှင့် စစ်အုပ်စုတို့ ၏ရပ်တည်သောအနေအထားများ ကွာဟနေမူဖြစ်ကြောင်း လေ့လာတွေ့ ရှိရသကဲ့သို့  ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် အာဆီယံအဖွဲ့အစည်းများ၏ ချဉ်းကပ်ပုံချဉ်းကပ်နည်းများ လွှဲချော်နေမူကြောင့် ဤပြသနာများကို မဖြေရှင်းနိုင်ကြောင်း သိသာနိုင်သည်။ ဆိုလိုသည်မှာ ဤသုံးဦးသုံးဖလှယ်မှာ နောက်တပါတ်ဆိုလျှင် မြန်မာနိုင်ငံ၏ကံဆိုးမိုးမှောင်နေ့ ဖြစ်သောနိုဝင်ဘာလ - ၇- နေ့ တွင် အဆုံးသတ်ကြတော့မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၈၈ ခုနှစ်ကမှ ယခုအချိန်ထိ စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်၍ ဒီမိုကရေစီအင်အားစုများက တောင်းဆိုတိုက်ပွဲဝင်မှုသည် မြန်မာနိုင်ငံကို ဒီမိုကရေစီအခွင့်အရေးပြည့်ဝစွာရရှိစေရေးကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းမှာပကတိအနေအထားအရ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်ခြင်းပင်ဖြစ်သည်။ ခုအချိန်ထိ နအဖစစ်အစိုးရမှ ပါတီစုံဒီမိုကရေစီဖေါ်ဆောင်ရေးအတွက် ရွေးကောက်ပွဲကို ကျင်းပရသည်ဆိုခြင်းမှာ သမိုင်းအဖြစ်ကျန်ရစ်နေသော ၈၈ ဒီမိုကရေစီအရေးအခင်းနှင့် ၉၀ ခုနှစ် ပါတီိစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြောင့်ဖြစ်သည်။ စစ်အစိုးရ၏ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဖြစ်သော်လည်း လူကိုရွေးချယ်ခြင်းဖြစ်ကာ မူကိုပြောင်းလဲခြင်းမဟုတ်။
အဓိပ္ပါယ်မှာ စစ်အာဏာရှင်စနစ်ကို ဆက်လက်အကောင်အထည်ဖေါ်ဆောင်သွားမည့် အငြိမ်းစားစစ်ဗိုလ်လူထွက်များ၏ အုပ်ချုပ်မူယန္တယားစနစ် အသက်သွင်းခြင်းဖြစ်သော ရွေးကောက်ပွဲဖြစ်သည်။ ၉၀ ခုနှစ် ရွေးကောက်ပွဲ၏ရလဒ်သည် ဒီမိုကရေစနစ်ကို ရှင်သန်စေရန်ဦးတည်ခြင်းဖြစ်ရာ ယင်းရလဒ်ကိုအကောင်အထည်မဖေါ်နိုင်သမျ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ ဒုတိယဆန်သောရွေးကောက်ပွဲကို လက်ခံနိုင်စရာအကြောင်းမရှိ။ ပထမအကြိမ်ရွေးကောက်ပွဲကို အသိအမှတ်မပြုခြင်းသည် နောက်လာမည့် မည်သည့်ရွေးကောက်ပွဲမျိုးဖြင့် အစားထိုး၍မရနိုင်ကြောင်း ဒိဌလက်ငင်း ဖြေရှင်းပြထားသောအရာသာဖြစ်သည်။  ဤပြသနာမှာ မြန်မာနိုင်ငံ၏ပကတိလက်တွေ့ ကျသော နိုင်ငံရေးပဋိပက္ခဖြစ်သည်။
        ဒီမိုကရေစီအင်အားစုများ၏ အဖြေထွက်နိုင်ခဲ့ သော လှုပ်ရှားမူများ။
                       စစ်အာဏာရှင်စနစ် ကျဆုံးစေရေးအတွက် နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ထိရောက်သောနည်းလမ်းများကို အသုံးပြုခဲ့ ကြသည့် ငြင်းမရသောအချက်များရှိခဲ့ သည်။။ ယင်းမှာဝန်ကြီးချုပ်ဟောင်းဦးနု၏စင်ပြိုင်အစိုးရဖွဲ့ စည်းခြင်း။ ဒေါက်တာစိန်ဝင်းတို့ ပါဝင်သော စင်ပြိုင်အစိုးရဖွဲ့ စည်းရေး စသည်များသည် အဓိကအားဖြင့် စစ်အစိုးရကို ဖြုတ်ချလို၍ ကြိုးစားမူဖြစ်သည်။ ဒီယင်းအရေးအခင်းသာ မဖြစ်ပေါ်ခဲ့ လျှင် တနိုင်ငံလုံးအံကြွမူကြီးဖြင့် စစ်အာဏာရှင်စနစ်ကို ပြောင်းလဲသွားစေနိုင်မည့် အလားအလာရှိနေခဲ့ သည်။ ၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၌ လက်နက်အားကိုးဖြင့် မနှိမ်နှင်းခဲ့လျှင် စစ်အုပ်စုတို့ ၏ယန္တယားမှာ ၈၈ ခုနှစ်အရေးအခင်းလို ဖြစ်မြောက်သွားနိုင်သည်။ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ ဦးမောင်မောင် ဦးစီးသောအဖွဲ့ မှ  ကုလသမဂ္ဂ၏ နအဖစစ်အစိုးရအား နေရာဖယ်ရှားပေးရေးတောင်းဆိုမူတို့ မှာ ပြည်ပ၌အပြင်းထန်ဆုံးလှုပ်ရှားမူဖြစ်ခဲ့သည်။ ဤလှုပ်ရှားမူတို့ မှာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားလိုသော အဓိကအရင်းခံပြသနာကို ကောက်ချက်ချထားမူပင်ဖြစ်သည်။ စင်စစ်လည်းဒီမိုကရေစီအင်အားစုတို့ မှာ နအဖစစ်အစိုးရကိုဖြုတ်ချရေးထက် အခြားနည်းလမ်းများမရှိ။ စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမူကော်မီတီကလည်း ဟန်ချက်ညီညီဖြင့် ပြည်တွင်းပြည်ပအင်အားစုများနှင့် ပူးပေါင်းလှုပ်ရှားနေရာ ယင်းမှာအန္တိမရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဆောင်နေကြခြင်းဖြစ်သည်။ အထူးသဖြင့် စစ်အာဏာရှင်လူထုလှုပ်ရှားမူကော်မီတီမှ အထွေထွေသပိတ်ဖြစ်ပေါ်ရေးကို ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်နေပြီး ပြည်တွင်းအင်အားစုများနှင့် ကြးဖြတ်အစိုးရဖြစ်ပေါ်ရေးအတွက် လက်တွဲတိုက်ပွဲဝင်နေခြင်းမှာ အားရစရာကောင်းနေသည့်အဖွဲ့ အစည်းကြီးတခုဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ အမျိုးသမီးများအပေါ်အကြမ်းဖက်ညှင်းပမ်းနှိပ်စက်သည့် ရာဇ၀တ်ပြစ်မူနှင့် ပါတ်သက်၍ ကြားနာစစ်ဆေးခြင်းဆိုင်ရာ လှုပ်ရှားမူများ၌ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်များနှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးအဆောက်အဦးတွင် ကြားနာခဲ့မူသည် ထိရောက်မူရှိခဲ့သည်။ ညူကလီးယားလက်နက်စက်ရုံတည်ဆောက်မူများနှင့် ဗိုလ်မှူးကြီးစိုင်းသိန်းဝင်း၏ ထုတ်ဖေါ်ချက်မှာ နအဖစစ်အုပ်စု၏ အဓိကအထိုးနှက်ဆုံးခံရသောအချက်ဖြစ်သည်။ ဤအချက်များသည် ယေဘူယျအားဖြင့် အဆုံးစွန်သောအဖြေကို မရရှိခဲ့ သော်လည်း တနည်းနည်းဖြင့် စစ်အစိုးရအပေါ် ပြင်းထန်ရိုက်ခတ်ထားနေဆဲဖြစ်သည်။ သို့ သော်ကံတရားမှာ ပြည်သူများဖက်သို့  ဦးညွတ်တိမ်းစောင်းလာမူများက မရှိသေးသောကြောင့် နှောင့်နှေးကြန့် ကြာနေမူများသာရှိနေခြင်းဖြစ်သည်။ တိတိကျကျ သတ်မှတ်သိရှိထားကြသော အကြောင်းအရာတခုမှာ စစ်အာဏာရှင်စနစ်ဖယ်ရှားရေးဖြစ်ပြီး ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာမည်ကို တထစ်ချယုံကြည်ရင်း ရှိနေကြဆဲဖြစ်သည်။ ယင်းယုံကြည်ချက်များကို စစ်အုပ်စုမှ အသေအချာအသိအမှတ်ပြုထားသောကြောင့် ကြောက်ကန်ကန်နေခြင်းဖြစ်၍ မြန်မာနိုင်ငံ၏နိုင်ငံရေးဇတ်ခုံမှာ ယခုလောက်ဇတ်မျှောရှည်ဖြစ်နေရသည်။
       ပကတိမျက်မှောက်ကာလ ပြည်တွင်းနိုင်ငံရေး ရည်မှန်းချက်များကို စောင်းငဲ့ကြည့်ခြင်း။
      ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှာ အာဏာလွှဲပြောင်းမရရှိခဲ့ရ၍ ပြည်သူ့ လွှတ်တော်ခေါ်ယူလိုကြသည်။ တာဝန်ရှိသောစစ်အစိုးရမှာ ရွှေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုသောကြောင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ခေါ်ယူနိုင်ရန် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို ဖွဲ့ စည်းခဲ့ ကြသည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို ဖွဲ့စည်းပြီးသည်နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ ဒေါက်တာစောမြအောင်ကို ဖမ်းဆီးခြင်းဖြင့် စစ်အစိုးရသည် သူတို့ ၏ အာဏာဖယ်ရှားရေးလုပ်ငန်းစဉ်ဟူသမျကို ထိပါးတိုက်ခိုက်စေမည့် အဖွဲ့အစည်းများအား ပြတ်သားစွာချေမူန်းတော့သည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီမှာ နှစ်ပေါင်းနှစ်ဆယ်အတောအတွင်း မည်သည့်အခါမျှ လွှတ်တော်ပေါ်ပေါက်ရေးအတွက် မခေါ်ယူနိုင်ခဲ့ ။ မင်းကိုနိုင်ဦးဆောင်သော ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ကိုထင်ကျော် ။ မစုစုနွေးတို့  အကျဉ်းထောင်ထဲ ရောက်သွားရပြီးနောက် ပြည်တွင်းလှုပ်ရှားမူများမှာ အင်အားချိနဲ့ သွားခဲ့ ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီအတွင်းတိုက်ပွဲ၌ နှစ်ခြမ်းကွဲကာ နောက်ဆုံးတွင် ပါတီမှတ်ပုံမတင်သည့် အုပ်စုနှင့် ရွေးကောက်ပွဲဝင်မည့်သူများကတဖက်ဖြစ်သွားကြသည်။ နအဖစစ်အစိုးရ၏ ရွေးကောပ်ပွဲကော်မရှင်မှ ထုန်ပြန်သော အသက်၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ရှိသည်ဆိုသောအချက်နှင့် မဲမပေးလိုပါက မဲမပေးပိုင်ခွင့် ရှိသည်ဆိုသောအချက်ကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ရှင်းလင်းပြသည်။ မဲမပေးရေးဆိုသော ပြည်တွင်းလှုပ်ရှားမူမှာ နအဖစစ်အုပ်စု၏ ဥပဒေကိုချိုးဖေါက်ခြင်းမဟုတ်သောကြောင့် မည်သူမဆိုလွပ်လွပ်စွာ လှုပ်ရှားနိုင်သည်။ အောက်တိုဘာလ ၂၄ ရက်နေ့ တွင် ဇိုမီးအမျိုးသားကွန်ကရက်အဖွဲ့အစည်းမှ ဒုတိယပင်လုံညီလာခံကို ခေါ်ယူရန်အတွက် လက်မှတ်ထိုးကြေညာချက်ကို ထုတ်ပြန်လာသည်။ ဤကြေညာချက်မှာ တိုင်းရင်းသားလူမျိုးများက ရေရည်ဖြစ်နေသော ပြည်တွင်းစစ်မီးကို အဆုံးသတ်စေပြီး အနာဂါတ်မြန်မာနိုင်ငံကို ငြိမ်းချမ်းသောဒီမိုကရေစီနိုင်ငံတခုဖြစ်စေလိုသည့်သောသဘောဖြင့်သူတို့ ၏ရင်တွင်းဆန္ဒကို ထုတ်ပြန်ခြင်းဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးမှာ အရေးကြီးသည်။ ပထမပင်လုံညီလာခံသည် နယ်ချဲ့ အင်္ဂလိပ်အစိုးရလက်မှ လွပ်လွပ်ရေးတောင်းဆိုသောအခါ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့  သွေးစည်းညီညွတ်ကြောင်း သဘောတူလက်မှတ်ထိုး စာချုပ်ချုပ်ဆိုခဲ့ ခြင်းဖြစ်သည်။ ယခုဒုတိယပင်လုံညီလာခ့မှာ နယ်ချဲံ တို့ ထံမှ လွပ်လွပ်ရေးတောင်းဆိုခြင်းမဟုတ်။ ဘာသာတူလူမျိုးတူ စစ်အစိုးရတို့ ထံမှ စစ်မှန်သောလွပ်လွပ်ရေးအရသာကို တောင်းဆိုသည့် သဘောတူစာချုပ်ဖြစ်သည်။ ဤဒုတိယပင်လုံညီလာခံကို ခေါ်ယူရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဝင်းတင်က သဘောတူလက်မှတ်ထိုးပြီး ထုတ်ဖေါ်ပြောဆိုရှင်းလင်းသောအခါ နအဖစစ်အစိုးရ၏ အာဘော်ဖြစ်သော သတင်းစာမှ ခြိမ်းခြောက်သတိပေးစာ ရေးသားလာသည်။ ရွေးကောက်ပွဲကို မဲမပေးရေး ဆိုခြင်းမျိုး ၊ သပိတ်မှောက်သည်ဆိုခြင်းမျိုးကို စစ်အစိုးရမှ မည်သို့ မျှ ဂရုမစိုက် ၊ ဒုတိယပင်လုံညီလာခံ ခေါ်ယူမည့်အရေးကိုမူ သူတို့ သည် ဆတ်ဆတ်ခါနာကျဉ်းသွားကြသည်။ အကြောင်းမှာ ဒုတိယပင်လုံညီလာခံခေါ်ယူရေးကြေညာချက်သည် သူတို့ ၏ရွှေးကောက်ပွဲ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံက ရွှေးကောက်ပွဲတွင် ပါဝင်နေပါသည်ဆိုသော အကြောင်းပြချက်ကို အလှပဆုံးထိုးနှက်လိုက်ခြင်းကြောင့်ဖြစ်သည်။
      နိုင်ငံတကာအစိုးရများမှ လျှာနှစ်ခွအတွေးအခေါ်များ
      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မှတ်ပုံမတင်သည့်နေ့ ကစပြီး ယခုအချိန်ထိ နိုင်ငံတကာသံအရာရှိများက လာရောက်ဆွေးနွေးနေခြင်းမှာ အားတက်စရာဖြစ်သည်။ သို့ သော်ယေဘူယျပြသနာများကိုသာ တင်ပြနိုင်ခြင်းကြောင့် နိုင်ငံတကာအစိုးရများမှာ ရွေးကောက်ပွဲမတိုင်မှီကာလနှင့် ရွေးကောက်ပွဲအလွန်ကာလ ကို နှစ်ပိုင်းခွဲ၍ ပြောဆိုဆက်ဆံနေကြရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားများကိုသာ မေးမြန်းပြီး သူတို့ ၏ ထိရောက်သောနည်းဗျူဟာများကို ချမပြပေးခြင်းဖြင့် သံတမန်များသည် အလုပ်မဖြစ်သည့် သံခင်တမံခင်းစကားကိုသာ ပြောဆိုနေကြသည်။ ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ဆောင်၍ ယခုရွှေးကောက်ပွဲကို လက်မခံပါဟု ပြောဆိုထားခြင်းသည် ရှင်းလင်းနေပါသည်။ သည်လိုဆိုလျင် မည်သည့်အတွက်ကြောင့် မနေ့ ကအထိ ကုလသမဂ္ဂအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက ရွေးကောက်ပွဲတွင် အားလုံးပါဝင်ရေးကို ပြောဆိုတိုက်တွန်းနေရပါသနည်း။
ဒေါ်အောင်ဆန်းစုကြည်အား လွပ်မြောက်ရေးကို တောင်းဆိုနေပြီး ရွှေးကောက်ပွဲ၌ ပါဝင်ခွင့်တောင်းဆိုပေးနေသည်။ ရွှေးကောက်ပွဲ မတိုင်မှီကာလနှင့်ပါတ်သက်၍ မည်သို့ မျှ ပြောဆိုမရသောအခါ ရွေးကောက်ပွဲကာလအလွန်မှာ သူတို့ နှင့် ဆက်ဆံသွားစရာရှိသည်ဟု ဆိုလိုက်ပါသေးသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ကပင် စစ်အစိုးရ၏ မူဝါဒများကို အတိတ်မှာထားခဲ့ ပြီး မူုအသစ်နှင့် သွားရမည်ဟု ပြောဆိုသည်။ လူလည်းမပြောင်း မူလည်းမပြောင်းသော  နအဖစစ်အစိုးရ၏ ပေါ်လီစီများကို ထိရောက်စွာမသုံးသပ်ကြသော နိုင်ငံတကာ၏ အားပေးမူကြောင့် ယခုအချိန်ထိ မြန်မာနိုင်ငံသည် ဝေလေလေအဆင့်မှ မကျော်နိုင်ခဲ့ ကြပေ။ အမေရိကန်အစိုးနှင့် ဥရောပသမဂ္ဂအဖွဲ့ ၀င်နိုင်ငံများမှာ စစ်အစိုးရ၏ ရွှေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးပေါင်းများစွာက ၀င်ရောက်ရန် သဘောတူလှုပ်ရှားကြသည်။ထောက်ခံကြသည်ဟု ယုံကြည်သွားရသည်မှာ ရှမ်းလူမျိုး ဟန်ညောင်ဝေကြောင့် ပိုမိုဖြစ်သွားသည်ဟု စာတမ်းများ ၊ အစီရင်ခံစာများအရ သိရှိရသည်။
ဟန်ညောင်ဝေနှင့် အပေါင်းပါတစုကြောင့် ပြည်ပတွင် သုံးပွင့်ဆိုင်ဆွေးနွေးရေးဆိုသော ပြသနာက ထိပ်တိုက်ပြသနာဖြစ်သွားသည်။ တွေ့ ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ နှစ်ဦးချင်းတောင် တွေ့ ခွင့်မရသေး။ ပြည်ပမှ သုံးပွင့်ဆိုင်ဆွေးနွေးရေးကို အော်လိုက်သောကြောင့် ကုလသမဂ္ဂကပါ ထအော်ဖြစ်ကြသည်။ နောက်ဆံးတွင် ပြည်တွင်းမှတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဇိုမီးကွန်ဂရက်အဖွဲ့မှ ပူးကျင်ရှင်းထန်တို့ က ENC ဆိုသောတိုင်းရင်းသားလူမျိုးပေါင်းစုံအဖွဲ့ုအား ပြည်တွင်းမှ လူမျိုးပေါင်းစုံကို ကိုယ်စားမပြုသောအဖွဲ့ အဖြစ်ကြေညာပေးလာရသည်။ ယခုလည်း ဒုတိယပင်လုံညီလာခံခေါ်ယူသည့်အခါ ပြည်ပမှ တိုင်းရင်းသားလူမျိုးပေါင်းစုံအဖွဲ့ က ပူးပေါင်းပါဝင်လာပါက ပြသနာရှိလာမည်ကို သတိနှင့် စောင့်ကြည့် ရန်လိုပါသည်။ ဤပုဂ္ဂိုလ်များကြောင့် နိုင်ငံရေးအရှုပ်တော်ပုံများ ပြည်ပမှာ ဖြစ်ပေါ်နေရသည်။ သူတို့ ကြောင့် ရွှေးကောက်ပွဲတွင် လူပေါင်းစုံ ပါဝင်ရေး။ ပါတီပေါင်းစုံပါဝင်ရေးနှင့် ရွှေးကောက်ပွဲကိ အသိအမှတ်ပြုရေး ဆိုသောအပိုင်းကို ရောက်ရှိသွားခြင်းဖြစ်သည်။ ယင်းကြောင့်လည်း စစ်အစိုးရ၏ရွှေးကောက်ပွဲမှာ ဒီမိုကရေစီအတိုက်အခံကြားမှာပင် နှစ်ခြမ်းကွဲသွားရခြင်းဖြစ်သည်။ နိုင်ငံတကာတွင် တဖက်မှ မဲမပေးရေးနှင့် သပိတ်မှောက်နေချိန် အခြားတဖက်မှာ ရွေးကောက်ပွဲကို ကျားကန်ပေးရေးသူများအဖြစ် ဟန်ညောင်ဝေတို့ အုပ်စုက နိုင်ငံတကာတွင် ရုံးခမ်းတွေဖွင့်ပြီး လှုပ်ရှားပေးနေကြသည်။ ထို့ ကြောင့်လည်း နိုင်ငံတကာမှ ရွှေးကောက်ပွဲအလွန်ကာလမှာပင် စစ်အစိုးရ၏အရပ်သားအစိုးရနှင့် ဆက်ဆံရအုံးမည်ဟု ပြောဆိုလာကြသည်။ နိုင်ငံတကာအစိုးရများမှ ယင်းသို့ ဖြစ်အောင် ပြောဆိုလာကြခြင်းမှာ မီဒီယာအပိုင်းနှင့်လည်း များစွာပါတ်သက်မူရှိသည်။ ဒီမိုကရေစီအတိုက်အခံသမားတို့ ၏ အသံများမှာ ရွှေကောက်ပွဲကို ၀င်လိုကြသောသူများ၏အသံထက် မီဒီယာတွင် နေရာမရရှိ။ အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှာလည်း သီးခြားစီအမြင်အမျိုးမျိုးဖြင့် မြန်မာနိုငငံရေးကို ဦးတည်ရှိနေကြသော်လည်း နောက်ဆုံးတွင် ဒုံရင်းအခြေအနေသို့ သာရောက်ရှိသွားကြသည်။ ယင်းမှာဒေါ်အောင်ဆန်းစုကြည်လွပ်မြောက်ရေးကို မြင်လိုတွေ့ လိုပါကြောင်း ကြေညာချက်ကလေးတစောင်ဖြင့် ပြီးစီးသွားခြင်းသာဖြစ်သည်။ တောင်အာရှနိုင်ငံအဖွဲ့ဝင်ဖြစ်သော အိန္ဒိယနိုင်ငံကမူမြန်မာနိုင်ငံ၏လူ့ အခွင့်အရေးချိုးဖေါက်မူများနှင့်ပါတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စည်းရန်တောင်းဆိုနေမူကို လက်မခံကြောင်း ပြောဆိုလိုက်သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပါတ်သက်လျှင် စီးပွါးရေးဆိုင်ရာရင်းနှီးမြုပ်နှံမူ၌ တရုပ်နိုင်ငံကို ပြိုင်ဆိုင်နေသောနိုင်ငံဖြစ်ရာ နအဖစစ်အစိုးရ၏ မျက်နာလိုမျက်နာရ လိုချင်နေပုံရသည်။ အထူးသဖြင့် နိုင်ငံတကာအစိုးရများ၏ လျှာနှစ်ခွဖြစ်သွားရသော အတွေးအခေါ်များ ဖြစ်ပေါ်ရအောင် အဓိကဖန်တီးသူများမှာ ဟန်ညောင်ဝေလို လူစားးမျိုးဖြစ်ရာ ယင်းလျာနှစ်ခွဖြစ်နေသော နိုင်ငံတကာအစိုးရများ၏ ဖိအားများကိုမူ ရနိုင်လိမ့်မည်ဟု လုံးဝစိတ်ချ မယုံကြည်နိုင်သေးပေ။ ဖန်တီးသူဟန်ညောင်ဝေလိုလူစားမျိုးကို ဒီမိုကရေစီနိုင်ငံရေးလောကတွင် မရှင်းလင်းနိုင်သရွှေ့  သူတို့ က ပြသနာရှာကာ နှောင့်ယှက်နေအုံးမည်မှာသေချာနေသည်။
    လက်တွေ့ ကျသော ဗျူဟာများနှင့် အတွေးအခေါ်မြင့်မားရေး
         ပကတိမျက်မှောက်ကာလ၏ မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းနိုင်ငံရေးအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများနှင့် ပြည်ပမှနိုင်ငံရေးနားလည်မူ လွှဲမှားနေမူသောကြောင့်ဖြစ်နေရသည်။ ၈၈ ခုနှစ်ကာလကပင် စစ်အစိုးရသည် လက်နက်ကိုင်အကြမ်းဖက်နှိမ်နှင်းခြင်းဖြင့် အရာခပ်သိမ်းကို ထိမ်းချုပ်ထားနိုင်သည်ဟု ဆုံးဖြတ်ချက်ချထားသူများဖြစ်သည်။ နောက်ပိုင်းတွင် ညူကလီးယားလက်နက် ထုတ်လုပ်နိုင်ရေးအထိကို စီမံကွက်ကွဲလှုပ်ရှားလာပြီးဖြစ်သည်။ နိုဗယ်ငြိမ်းချမ်းရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားပြီး စစ်အစိုးရသည် သူတို့ လုပ်ချင်သမျ လုပ်လို့ ရသည်ဟု ထင်မှတ်ထားပုံရသည်။ သို့ သော် ညူကလီးယားလက်နက်စက်ရုံထုတ်လုပ်ရေးနှင့်မူ ဒေါ်အောင်ဆန်းစုကြည်မှ  မည်သည့်စကားကိုမျှ ထုတ်ဖေါ်မပြောသေး။ ယခုလည်းေ၇ွှးကောက်ပွဲကို သပိတ်မှောက်လိုက်ပြီဟု ကြေညာလိုက်သည်ဆိုခြင်းမှာ နအဖစစ်အစိုးရအား နိုင်ငံတကာအစိုးရများက အသိအမှတ်မပြုရန် မီးစိမ်းပြလိုက်ခြင်းဖြစ်သည်။ ရွှေးကောက်ပွဲတွင် မဲမပေးရေး ကြွေးကြော်သံဖြင့် လှုပ်ရှားခဲ့သော်လည်း မဲရေတွက်ရာတွင် ကြံ့ဖွံ့နိုင်သွားသည်ဆိုလျှင်တောင် ယင်းနိုင်သွားခြင်းမှာ သပိတ်မှောက်ထားသောကြောင့် ဆိုသောပြသနာက လာနေပြီဖြစ်သည်။
ကြံ့ဖွံ့ပါတီဝင်ပေါင်း ၁၈ သန်းရှိသည်ဟု ကြေညာထားသောကြောင့် မဲပေးသူလူဦးရေစာရင်းမှာ ၁၈ သန်းထက်နည်းပါးစွာ ရရှိသွားလျှင် ကြ့ဖွံ့ပါတီသည် သပိတ်မှောက်ခြင်းကို လက်ခံသွားရမည်ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ရွှေးကောက်ပွဲကို သပိတ်မှောက်ထားသောကြောင့် ဤရွှေးကောက်ပွဲသည် တရားမ၀င်တော့။ ပြိုင်ဖက်မရှိ၍ နိုင်သည်ဟု ဆိုဆို ၊ ပြိုင်ဖက်ရှိ၍နိုင်သည်ဟုဆိုဆို သပိတ်မှောက်ထားသော နိုင်ငံရေးပါတီနှင့် ပြည်သူတို့ က ရှိနေသမျှ ကာလပတ်လုံး ယင်းရွှေးကောက်ပွဲမှာ တရားလည်းမ၀င်။ အစိုးရလည်း မည်သူကမျှ အသိအမှတ်မပြုနိုင်။ နိုင်ငံတကာအစိုးရများမှလည်း အသိအမှတ်မပြုဟု ပြောဆိုနေကြသည်။ ရွှေးကောက်ပွဲမှ အရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့ စည်းလာမည့် အစိုးရကိုလည်း အသိအမှတ်မပြုသောနိုင်ငံများရှိရာ ဤပြသနာကို တိကျစွာရှင်းရှင်းလင်းလင်း နားလည်ရန်လိုပါသည်။
         အကယ်၍ရွှေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရကို အသိအမှတ်မပြု လက်မခံလျင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရဖွဲ့ စည်းရေးကို လက်ခံပါမည်လား ဟု လက်တွေ့ ကျသောမေးခွန်းကို မေးမြန်းရန် အချိန် နည်းနည်းရှိပါတော့သည်။ ဤမေးခွန်းကို ကုလသမဂ္ဂအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက မေးနေပါသည်။ မြန်မာနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဖို့ အရေးကြီးနေပါသည်။ စစ်အစိုးရအနေဖြင့် ရွှေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်ပါသည်ဟု ပြောဆိုနေပါသည်။ အချိန်နည်းနည်း ရှိနေပါသေးသည်ဟု ပြောဆိုတိုက်တွန်းနေသည်။ သည်လိုဆိုလျင် လက်တွေ့ ကျသော ဗျူဟာများကို အတွေးအခေါ်မြင့်မားစွာနှင့် ချိန်ထိုးကြည့်ရန်လိုပါပြီ။
        မစ္စတာဘန်ကီမွန်း၏ ပြောဆိုထောက်ပြသော အချိန်နည်းနည်းလိုနေပါဆိုသော စကားကို စစ်အစိုးရက မလိုက်နာဟု ယေဘူယျသုံးသပ်ကြည့်ဖို့ လိုပါသည်။ စစ်အစိုးရမှ မလိုက်နာလျင် ဒီမိုကရေစီအတိုက်အခံများဖြစ်သော မိမိကိုယ်တိုင်ကော လိုက်နာသင့်ပါသလားဟု စောကြောမိရမည်ထင်သည်။ နအဖစစ်အစိုးရက မလိုက်နာခြင်းမှာ အာဏာလက်လွှဲပြောင်းပေးရမည်မို့  မလိုကနာခြင်းဖြစ်သည်။ ဒီမိုကရေစီအတိုက်အခံများမှာမူ မြန်မာနိုင်ငံကို အသွင်ကူးပြောင်းရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားမရှိပြီဟု မြင်တတ်ရန်လိုပါသည်။ ယင်းအမြင်ရှိလျင် မစ္စတာဘန်ကီမွန်း၏ အချိန်နည်းနည်းသာ လိုတော့သည်ဟု စကားကို တဖက်လှည့်ပြီး တွေးတောကြည့်ရပေတော့မည်။ ယင်းမှာ မြန်မာ့နိုင်ငံရေးလာကေ၌ ဒေါ်အောင်ဆန်းစုကြည်ကို ရှိနေသင့်သည်ဟု ထင်လျှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆာင်သော လူထုအစိုးရ တနည်းအားဖြင့် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ကုလသမဂ္ဂမှ မစ္စတာဘန်ကီမွန်းအပါအ၀င် ထောက်ခံပါမည်လား ဟု မေးမြန်းခွင့် ရှိနိုင်ရမည်ဖြစ်သည်။ သို့ အတူ အခြားသောအာဆီယံနိုင်ငံများပါမက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံချစ်မြတ်နိုးကြသော နိုင်ငံများ ၊အစိုးရများကို လက်တွေ့ ကျသောဗျူဟာများနှင့် အတွေးအခေါ်မြင့်မားစွာဖြင့် လှုပ်ရှားဆောင်၇ွက်ရမည့်အချိန်လည်း ဖြစ်စ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောဆိုနေသောစကားမှာ စစ်အစိုးရကို ပြောဆိုနေသလို ဒီမိုကရေစီအင်အားစုတွေကိုပါ ပြောဆိုနေပါသလားဟု စဉ်းစားရမည့် အချိန်ဖြစ်သောကြောင့် အတွေးအခေါ်မြင့်င့်မားစွာ သုံးသပ်ရမည်ဖြစ်သည်။ သို့ မှသာ ကံဆိုးမိုးမှောင်နေ့ ဖြစ်သည့် နိုဝင်ဘာလ ရ ရက်နေ့ မတိုင်မှီ ပွဲကသိမ်းသွားမည်ဖြစ်သည်။ အကယ်၍ယင်းသို့သာ ဗျူဟာကောင်းကောင်းနှင့် လက်တွေ့ မဆန်သော နိုင်ငံရေးလှုပ်ရှားမူဖြစ်နေလို့ ကတော့ ရေစီးကြောင်းကမူ မျောနေအုံးမည်ဖြစ်သည်။
                  ယုံကြည်ချက်ပြင်းပြထားသူများ၏ စိန်ခေါ်မူများ
          ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းပြီး ဒီမိုကရေစီအရပ်သားအစိုးရကို ဖြစ်ပေါ်လိုသည့် ဒိမိုကရေစီအင်အားစုများအနေဖြင့် ယခုအချိန်မှာ အရေးကြီးဆုံးအချိန်ဖြစ်သည်။ တပါတ်မျှသာလိုတော့သည့်အချိန်မှာ မည်သို့ ဆောင်ရွှက်ကြပြီး စစ်အစိုးရကို ဖြုတ်ချရန် လုပ်နိုင်ကြပါမည်နည်း ဆိုသောအတွေးကို တွေးတောအဖြေ ရှာကြရတော့မည်ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ ကြွေတလက်ကြက်တခုန်သာဖြစ်သည်။ ယခုအချိန်တွင် ၂၀၁၀ ရွှေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ သပိတ်မှောက်လိုက်ပြီဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဤရွေးကောက်ပွဲ၏ ရလဒ်မှာ မည်သို့ မျှ ဖြစ်ပေါ်လာမည်မဟုတ်ပေ။ ရွှေးကောက်ပွဲတွင် မဲပေးမည့်သူများရှိသလို အနိုင်အရှုံးများလည်း ရှိနေကြမည်ဖြစ်သည် ။ ကြံ့ဖွံ့ဘဲနိုင်နိုင် တစညဘဲနိုင်နိုင် ယင်းရွှေးကောက်ပွဲသည် တရားမ၀င်ပေ၊ အဘယ့်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် မြန်မာနိုင်ငံသူနိုင်ငံသားတို့ အား ကိုယ်စားပြုသော ပါတီဖြစ်သောကြောင့် ယင်းပါတီမှ မဲမပေး။ သပိတ်မှောက်ထားသောကြောင့် ရွှေးကောက်ပွဲမှာ မည်သို့ မျ တရားမ၀င်။ တချိန်တည်းမှာပင် နိုင်ငံတကာအစိုးရများမှလည်း ယင်းရွှေးကောက်ပွဲကို အသိအမှတ်ပြုစရာ အကြောင်းမရှိ။ ထို့ ကြောင့် စစ်အစိုးရ၏ ရွှေးကောက်ပွဲမှ အရပ်သားအစိုးရကိုလည်း အသိအမှတ်ပြုစရာမလိုအပ်။ ယုံကြည်ချက်ပြင်းထန်သူများ၏ တခုတည်းသောစိန်ခေါ်မူမှာ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို တပါတ်အတွင်းဆောင်ရွှက်သွားရေးပင်ဖြစ်သည်။ ကြားဖြတ်အစိုးရကို နိုင်ငံတကာအစိုးရမှ အသိအမှတ်ပြုရေးသည် ဒီမိုကရေစီအတိုက်အခံများ၏ အသက်သွေးကြောဖြစ်သည်။ သေရေးရှင်ရေးဖြစ်သည်။ ပြည်တွင်းမှ နိုင်ငံရေးဗျူဟာအခင်းအကျင်းသည် ပြည်ပနိုင်ငံရေးအင်အားစုအတွက် အကြီးမားဆုံး ကျားကန်ပေးမူဖြစ်နေရမည်ဖြစ်သည်။ နိုင်ငံတကာမှ ကျားကန်ထောက်ခံနေမူကို စွမ်းဆောင်နိုင်ပါလျက်နှင့် ဒီမိုကရေစီအတိုက်အခံတို့  ထုတ်မသုံးကြခြင်းမှာ မိမိတို့ အရည်အချင်းကို မိမိတို့ မယုံကြည်ကြ၍ဖြစ်သည်။ နိုင်ငံတကာအစိုးရမှ အာမခံချက်တခုကို ရရှိပြီဆိုပါစို့ ။ ကြားဖြတ်အစိုးရဖွဲ့ စည်းကြောင်းကို ကြေညာချက်ထုတ်ပြန်လိုက်ဖို့ ဘဲ ရှိသည်။ ယင်းမှာ မဟာဗျူဟာနိုင်ငံရေးဖြစ်သည်။
သို့ မှသာ နအဖစစ်အစိုးရသည် ကြားဖြတ်အစိုးရ၏ တရားဝင်ရပ်တည်မူကို လုံးဝဥသုံသိရှိနားလည်သွာမည်ဖြစ်သည်။
             နိဂုံး-----
                      ဤစာတမ်းမှာ ၂၀၁၁ ခုနှစ်တွင် ရုံးပိတ်ရက်ဖြစ်လာနိုင်ကောင်းသော ကံဆိုးမိုးမှောင်နေ့  နိုဝင်ဘာလ  ရ ရက်နေ့ မတိုင်မှီ ဆောင်၇ွက်နိုင်သည့် ပေါ်လီရေးရာအပိုင်းသက်သက်ဖြစ်သည်။ ပေါ်လီစီပိုင်းကို ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖေါ်ဆောင်ကြသောအခါ  အဖွဲ့  အစည်းအလိုက်သော်၎င်း ။ တဦးချင်းစီသော်၎င်း တွေ့ ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ထိရောက်စွာဆောင်ရွက်ရန်သာ လိုသည်။ တက်မညီလက်မညီ တဦးကောင်းတယောက်ကောင်းမဖြစ်စေရဘဲ တိုင်ပင်ညှိနှိုင်းခြင်းဖြင့် အဖြေကောင်းများကို ရရှိနိုင်ကြမည်ဖြစ်သည်။ အဖြေဆိုသည်မှာ ပြသနာတရပ်ရပ်တွင် ရှိနေပြီးဖြစ်ရာ ယင်းအဖြေကို ရရှိစေရေးအတွက် တခါတခါ နှစ်ရှည်ကြာညောင်းတတ်သလို တခါတခါ အချိန်မိနစ်ပိုင်းမှာပင် ပြီးစီးသွားနိုင်ကြပါသည်။ သို့ သော် ဤစာတမ်းမှာ မည်သည့်အဖွဲ့ အစည်းမည်သည့်လူပုဂ္ဂိုလ်များကို ပြည်တွင်းမှဖြစ်စေ ပြည်ပမှဖြစ်စေ ဆရာကြီးလုပ်၍ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါဆိုပြီး ညွှန်ကြားချက်ပေးနေခြင်းမဟုတ်။ အဖြေရှာညှိနိုင်းကြရန်သာ တိုက်တွန်းခြင်းဖြစ်သည်။ နှစ်ပေါင်းနှစ်ဆယ်ကျော် လိပ်ခဲတင်းလဲဖြစ်နေသော နိုင်ငံရေးပဋိပက္ခများကို တိကျသောအဖြေများအတွက် ဆောင်ရွက်ကြရန်သာရှိသည်။ သို့ မှသာ မြန်မာနိုင်ငံဒိမီုကရေစီလှုပ်ရှားမူ နောက်ဆုံးနေ့ များနှင့် စစ်အာဏာရှင်စနစ်ကျဆုံးခန်းကို တွေ့ ရှိခြင်းဖြစ်ပေမည် ဟုသာ တိုက်တွန်းယင်း နိဂုံးချုပ်အပ်ပါသည်။။
ခိုင်အောင်ကျော် ( နယူးယောက် )


  





မဲရုံသို့ မသွားခြင်းဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြ


မဲရုံသို့ မသွားခြင်းဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြ

(၁)     ၂၀၁၀ ခု၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများဆိုသည့် အတုအယောင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ပါသည်။
(၂)     ယင်းရွေးကောက်ပွဲများတွင် အောက်ပါ ပါတီအဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပါတီများသည် ပြည်သူတို့၏ တန်ဖိုးမဖြတ်နိုင်သော မဲလက်မှတ်များကို ပေးသင့်သည့် ပါတီများ မဟုတ်ကြောင်း အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
(က)    “ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ”
ယင်းပါတီသည် စစ်အာဏာရှင်တစုတို့က နိုင်ငံတော်အာဏာကို အလွဲသုံးစားပြုကာ ကြီးမှူးတည်ထောင်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို ဖျက်သိမ်း၍ ယင်းအသင်း၏ ရန်ပုံငွေများ၊ ပိုင်ဆိုင်ပစ္စည်းများ၊ လုပ်ပိုင်ခွင့်များကို တရားဥပဒေမဲ့ သိမ်းယူကာ တည်ထောင်ထားသည့် ပါတီဖြစ်ပါသည်။ ယင်းပါတီသည် စစ်အာဏာရှင်များက “စွမ်းအားရှင်” အမည်ခံ လူဆိုးလူမိုက်များကို လက်သပ်မွေးပြီး ရဟန်းသံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်စေခဲ့သော ပါတီဖြစ်ကြောင်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြုမှု၊ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြုမှု၊ ၂၀၀၇ခု၊ သံဃာတော်များ၏ ပြည်သူများခံစားနေရသည့် ဒုက္ခအပေါင်းမှ လွတ်မြောက်စေရန် မေတ္တာပို့သ လှည့်လည်ဆန္ဒဖော်ထုတ်မှု စသော အရေးတော်ပုံများတွင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် လက်ပါးစေ “စွမ်းအားရှင်” များ၏ ရက်စက်စွာ ဒီမိုကရေစီဘက်တော်သားများကို သတ်ဖြတ်ရိုက်နှက်မှုများက သက်သေခံလျက်ရှိပါသည်။
(ခ)     “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)”
စစ်အာဏာရှင် ဗိုလ်နေ၀င်းဦးဆောင်၍ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလျက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)ကို တည်ထောင်ခဲ့ပါသည်။ ယင်း မ.ဆ.လ ပါတီလမ်းစဉ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခတွင်းနစ်၍ ကမ္ဘာတွင် အဆင်းရဲဆုံး (ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး) နိုင်ငံဖြစ်ပြီး ယနေ့တိုင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ပြည်သူများသည် ကျွန်ခံနေရခြင်း၊ ပြည့်တန်ဆာဘ၀ရောက်ရခြင်း စသော အဖြစ်ဆိုးများကို ဖြစ်ပေါ်စေခဲ့ပါသည်။ မ.ဆ.လ ပါတီသည် ကျောင်းသား၊ အလုပ်သမားများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ပါတီဖြစ်ပါသည်။ ယင်း တ.စ.ည ပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပိုင် တနည်းအားဖြင့် နိုင်ငံတော်ပိုင် ငွေကြေးများ။ ပစ္စည်းများနှင့် တစ်ကွ အဆိုပါ မ.ဆ.လ ပါတီ၏ မူဝါဒများကို ဆက်ခံထားသော ပါတီဖြစ်ပါသည်။
          (ဂ)     “ဒီမိုကရေစီ ဘက်တော်သားအမည်ခံ ခါတော်မှီ နိုင်ငံရေးပါတီများ”
ယင်းပါတီများသည် ပြည်သူများ၏ ဒုက္ခအဖုံဖုံနှင့် ငိုကြွေးမြည်တမ်းနေရသော သောက၊ ပရိဒေ၀များကို မျက်ကွယ်ပြုလျက် တိုင်းပြည်အား ထာဝရ စစ်ကျွန်ပြုမည့် ၂၀၀၈ခု၊ အခြေခံဥပဒေကို “ လေးစားလိုက်နာပါမည်” ဟူသော ကတိကို စစ်အာဏာရှင်များထံ ရိုကျိုးစွာ ပေးအပ်ပြီး တည်ထောင်ခဲ့ကြသော အချောင်သမား၊ ကိုယ်ကျိုးရှာ ပြည်သူ့သစ္စာဖောက်များ၊ “အရိုးကလေးပဲ ကိုက်ရကိုက်ရ” စစ်အာဏာရှင်၏ လက်ဝေခံပြုလုပ်လိုသူများဖြင့် ဖွဲ့စည်းထားသော ပါတီများဖြစ်ပါသည်။ မိုးသံကြား၍ ထအော်ကြသော ဖားများဖြစ်၍ သီလကြောင်၊ အကျင့်ပျက် အခွင့်အရေးသမားများဖြင့် ပြည့်နှက်နေသော ပါတီများဖြစ်ပါသည်။ လွှတ်တော်တွင် တစုံတရာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိမှန်းသိလျက် ပြည်သူ့မဲကို လိမ်ညာယူရန် ကြံဆောင်နေကြသော လူလိမ်လူညာများပိုင် ပါတီများဖြစ်ပါသည်။
          (ဃ)    “တသီးပုဂ္ဂလများ”
ယင်းပုဂ္ဂိုလ်များတွင် အများစုသည် တိုင်းပြည်ဒုက္ခရောက်ချိန်တွင် စစ်အာဏာရှင်နှင့် ပူးပေါင်းပြီး ကိုယ်ကျိုးရှာ၊ ချမ်းသာလာခဲ့ကြသောသူများ၊ စစ်အာဏာရှင်ကို မျက်လုံးစုံမှိတ် ထောက်ခံကာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စကားနှင့်အညီ စစ်အာဏာရှင်၏ ဒေါက်တိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။
 (၃)    မည်သူ့ကိုမျှ မဲမပေးဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သောကြောင့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ခဲ့သော နိုင်ငံများ အများအပြားရှိခဲ့ပါသည်။
(၄)     ရွေးကောက်ပွဲသပိတ်မှောက်ခြင်းကြောင့် အောက်ပါ နိုင်ငံများသည် စစ်မှန်သော ဒီမိုကရေစီကို ရရှိခဲ့ကြပါသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်ပေးခဲ့ကြရပါသည်။
(က)    ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်အပြီးတွင် ရွေးကောက်ပွဲဥပဒေနှင့် သမ္မတ အာဏာဆိုင်ရာ   ပြောင်းလဲမှုများ ထွက်ပေါ်ခဲ့ပါသည်။
(ခ)     ၂၀၀၀ ပြည့်နှစ်၊ ဟေတီရွေးကောက်ပွဲသပိတ်အပြီးတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့အစည်းတခု ပေါ်ထွက်လာခဲ့ပါသည်။
(ဂ)     ၁၉၉၆ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ်အပြီးတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲမျာွးမတိုင်မီ ကြားနေအိမ်စောင့်အစိုးရ ကြိုတင်ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထွက်ပေါ်လာပါသည်။
(ဃ)    ၁၉၉၇ ခုနှစ်၊ မောရစ်တေးနီးယား ရွေးကောက်ပွဲသပိတ်အပြီးတွင် နိုင်ငံရေးပါတီများက ပြည်သူ့ဘဏ္ဌာငွေသုံးစွဲခွင့်ဘတ်ဂျက် ချမှတ်ခြင်း ပြုလုပ်နိုင်ခဲ့သည့် ဥပဒေ ပေါ်ထွက်ခဲ့ပါသည်။
(၅)     စစ်အာဏာရှင်၏ “၂၀၀၈ ခု၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စစ်ကျွန်ခံကတိကိုပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းမှတပါး အခြားမရှိဟူသော လိမ်ညာလှည့်စားမှုများကို ပြုခဲ့ကြသော ကိုယ်ကျိုးရှာသမားများသည် အထက်ပါနိုင်ငံများ၏ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်မှုကို မျက်ကွယ်ပြု၍ လူထုကို လိမ်ညာ “မဲ” တောင်းနေကြကြောင်း ထင်ရှားသိသာပါသည်။
(၆)     အထက်တွင် ဖော်ပြခဲ့သော ပါတီများ၊ ပုဂ္ဂလိကများနှင့် ပတ်သက်သည့် သမိုင်းရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ယင်းပါတီများနှင့် ပုဂ္ဂလိကများကို မဲပေးရန် မဲရုံသို့ မသွားသင့်ပါ။ လူယုတ်မာ၊ လူရမ်းကားများနှင့် အချောင်သမားများအား အားပေးအားမြှောက်မလုပ်သင့်။ မိမိပေးသော မဲဖြင့် မိမိကိုယ်ကို စစ်ကျွန်ပြုရန်၊ စစ်အာဏာရှင်လက် “၀ကွက်အပ်သည့် အလုပ်” ကို မလုပ်ကြပါနှင့်။

(၇)     အထက်တွင် ဖော်ပြခဲ့သော အကြောင်းပြချက်များ၊ ဖြစ်ရပ်များကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြတ်နိုးကြသော လူထုကြီးသည် ၂၀၁၀ ခု၊ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်ကြပါ။ ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြပါ။
(၈)     မဲဆန္ဒရှင် ပြည်သူများ မည်သူ့ကိုမျှ ကြောက်စရာမလိုပါ။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၂(ဍ္ဎ) အရ မဲပေးခြင်းမပြုဘဲ နေနိုင်ပါသည်။ ပုဒ်မ - ၆၁ (ခ) (ဂ) တို့အရ အတင်းအကျပ်မဲပေးစေလျှင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ကျပ်တသိန်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။

                         ရဟန်းရှင်လူ ကျောင်းသားပြည်သူများ တပ်ပေါင်းစု





         

အရေးကြီးပြီ၊ ပြတ်သားကြပါစို့

အရေးကြီးပြီ၊ ပြတ်သားကြပါစို့
(၁) ၈၈ အရေးတော်ပုံကြီးရဲ့ မဟာသူရဲကောင်း ရဟန်းပြည်သူ၊ ကျောင်းသားအပေါင်းတို့ နိုးထကြလော့။

(၂) စစ်အာဏာရှင်အလိုကျ ပြင်ဆင်ထားသော ရွေးကောက်ပွဲကို မပါဝင် မပူးပေါင်း၊ မဲမပေးဘဲနေခြင်းဖြင့် သပိတ်မှောက်ကြလော့။ အကယ်၍ မဲမပေးမဖြစ် မဲပေးရပါက ပယ်မဲများဖြစ်အောင် လုပ်ကြကုန်လော့။


(၃) သင်တို့ အသီးသီးက တဦးချင်းစီဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို သစ္စာရှိစွာဖြင့် နီးစပ်ရာ ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား၊ တပ်မတော်သားတို့ကို စည်းရုံးပြီး ရှင်းပြကြကုန်လော့။ သပိတ်တိုက်ပွဲမှာ ပါဝင်နိုင်အောင် အားထုတ်ကြကုန်လော့။


(၄) ကိုယ်ကိုးကွယ်သည့် ဘုန်းကြီးကိုပင် ကိုယ်ပြန်သတ်ခဲ့တဲ့ စစ်အစိုးရ၊ ကိုယ့်တိုင်းရင်းသားများ၊ ကိုယ့်လူမျိုး၊ ကျောင်းသားများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော စစ်အာဏာရှင် သက်ဆိုးရှည်ရေးကို အတည်ပြုပေးရာ ရောက်သည့် မဲပေးခြင်းအလုပ်ကို ကန့်ကွက်ရှုတ်ချကြလော့။


(၅) လူထုက ဘယ်ပါတီကို မဲပေးပေး အဓိက အာဏာရသွားမှာနဲ့ ဆက်အုပ်ချုပ်မှာကတော့ စစ်တပ်ကိုယ်တိုင်နဲ့ စစ်တပ်ကထောင်ထားတဲ့ (ကြံ့ဖွံ့)ပါတီပါပဲ။ 


(၆) ကျန်တဲ့ အရပ်သားအမည်ခံ အချောင်သမားတွေ၊ သစ္စာဖောက်တွေကတော့ အရိုးအရင်း ကိုက်ကြပေါ့။ လွှတ်တော်ရဲ့ ခုံကြိုခုံကြားကနေ ‘ဝေလေလေ’ အော်ရသူ အဆင့်လောက်ပါ။ သင်္ကြန်အမြောက် ဖောက်ကြပေါ့။


(၇) ဘာကြောင့် ဒီလိုပြောရတာလည်း ဆိုရင် လွှတ်တော်ကိုယ်စားလှယ် (၁၁၇၁) နေရာမှာ စစ်တပ်က ၂၅% ယူထားပြီး စစ်တပ်ပါတီ(ကြံ့ဖွံ့)က ပြိုင်ဘက်မရှိ နေရာ (၅၄) နေရာ ယူထားကြပြီ။ (၂၈၃ + ၅၄ = ၃၃၇ နေရာ)


(၈) ဒါကြောင့် န.အ.ဖရဲ့ မျက်လှည့်ဝိုင်းမှာ (စစ်ဘီလူးရဲ့ လူယောင်ဆောင်ပွဲကြီးမှာ) နိုင်ငံရေးနားမယောင်ကြပါနဲ့။ မဲပေးသင့်မသင့် သေချာစဉ်းစားကြပါ။


(၉) ဒီမိုကရေစီ ဘက်တော်သားတို့ ကြားထိုင်နေရမယ့်အချိန်၊ တွေဝေနေရမယ့် အချိန်မဟုတ်တော့ဘူး။
ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီ။


(၁၀) န.အ.ဖ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သားတို့ အားပြိုင်ပွဲ၊ မကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲကြီးစလေပြီ။


(၁၁) ကြိုက်တဲ့နည်းနဲ့ သူတို့အနိုင်ယူပါစေ၊ မဲမပေးတဲ့သူများရင် တို့နိုင်ပြီး စစ်အာဏာရှင်ရှုံးပြီ။


(၁၂) ပြည်တွင်း ပြည်ပမှာ အရှက်ကွဲပြီ။ သူတို့ကို တရားဝင်အုပ်စိုးမှု (Legitimacy) ကို ပြည်သူတွေများစုက မကျေနပ်ကြတာပေါ်သွားပြီ။


(၁၃) နောင်တိုက်ရမယ့် ဒီမိုကရေစီရေးတိုက်ပွဲတွေအတွက် စစ်အာဏာရှင်တို့ ပွဲဦးထွက် အကြီးအကျယ်ရှုံးပြီ။


(၁၄) ပြည်သူတို့ တွေဝေမနေကြနဲ့။ န.အ.ဖ စစ်အာဏာရှင်ကို အကြမ်းမဖက်၊ အနုနည်းနဲ့ ရွေးကောက်ပွဲ သပိတ်မှောက်သောနည်းဖြင့် တိုက်ပွဲဝင်ကြလော့။


(၁၅) သင့်မဲများဖြင့် စစ်အာဏာရှင်တို့ကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ အသိအမှတ်ပြုစေမည့် အလုပ်မျိုး မလုပ်မိကြပါစေနဲ့။


(၁၆) ဤသို့ သပိတ်မှောက် ဆန္ဒပြနည်းနဲ့ ဒီမိုကရေစီဘက်တော်သားများ၊ တိုင်းရင်းသားများနှင့် စစ်အာဏာရှင်တို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်အောင် တိုက်ပွဲဝင်ကြပါစို့။


(၁၇) လူထုခေါင်းဆောင် ‘ဒေါ်အောင်ဆန်းစုကြည်’ ရဲ့ အောက်ပါ အမှာစကားလေးကို တင်ပြရင်း တပ်လှန့်နှိုးဆောက်လိုက်ပါတယ်။
နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးဘဲ နေပိုင်ခွင့်လည်းရှိသည်။ 

အတင်းအဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။
(သပိတ်တိုက်ပွဲများ ကော်မီတီ)

ကျွန်တော်ဆွဲဖွင့်မိသောတံခါးများ