Tuesday, November 9, 2010

9 Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/0v1ihgbq7ozsu2q/Nov%209%202010%20Yeyintnge%27s%20Diary.pdf

http://www.mediafire.com/file/23nod74vfi2mpt9/Nov%209%202010%20Yeyintnge%27s%20Diary.doc

Nov 9 2010 Yeyintnge's Diary

ဓါးစာခံ


ကျောင်းသားတပ်မတော် အမှတ် (၄) တပ်ရင်း လွိုင်ကော်-ရှားတောကားလမ်းပေါ်က နအဖ စခန်းတခုကို သိမ်းပိုက်


ပွန်ချောင်းတံတား
ABSDF အမှတ် (၄) ရင်းနဲ့ ကရင်နီတပ်မတော် အမှတ် (၃) တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းကာ ကရင်နီပြည် လွိုင်ကော် ရှားတော ကားလမ်းပေါ်ရှိ ပွန်းချောင်းတံတား စ ခန်းကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက် မနက်ပိုင်းမှာ သိမ်းပိုက်လိုက် ပါတယ်။
တိုက်ပွဲတွင် ရန်သူ့ နအဖ ဘက်မှာ သုံ့ပန်း (၄) ဦး၊ ရန်သူ့အလောင်း (၄) လောင်း၊ လက် နက်ကြီး ငယ်မျိုး စုံ (၉) လက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းစီးနိုင်ခဲ့ကြပါတယ်။
မနက် ၁၁း၀၀ လောက်မှာ သုံ့ပန်းတွေကို ပြန်လွတ်ပေးပြီး၊ သိမ်းပိုက်စခန်းကို မီးတင်ရှို့ ကာ တံတားကိုလည်း ဖေါက်ဖွဲခွဲပစ်ပြီ ပြန်လည်ဆုတ်ခွာခဲ့လို့ သတင်းရရှိပါတယ်။
http://www.naytthit.net/?p=3606

မိခင်ဖြစ်သူ နှင့် တွေ့ ဆုံရန် ဘန်ကောက်ရှိ မြန်မာ သံရုံးတွင် ဗီဇာ လျှောက်ထား နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ သား

Brock University: Burma Awareness Night

Tuesday November 9, 7-9 pm, Thistle 259, Brock University

Brock Amnesty International and OPIRG Brock will be welcoming a number of prestigious speakers including Dr. Naing Aung, a prominent democracy activist from Thai-Burma border to this event.

For more information please contact amnestyatbrock@gmail.com or call OPIRG at (905)-688-5550 ext. 3499

DAB Statement on Current Attack 9-11-10

DAB Statement on Current Attack 9-11-10

Burma's Betrayal

ဗိုလ်မှုးချူပ်ကျော်ကျော်ထွန်းကိုထိန်းချူပ်ပြီးနေပြည်တော်ပို့ပါ....

41677999 ThanShwe Orders MajGen Kyaw Kyaw Tun Arrested and Sent Back to NPT Artillary Ready on Phayagone

မလေးရှားမှ မြန်မာမလေးအကြောင်း

Microsoft Word - Document1

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(၀တီ-သုံးဆူ)သဘောထားထုတ်ပြန်

NDF St on Current Battle at TBB

Voice of Burma Information Group Issue No.787, September 7, 2010

http://xa.yimg.com/kq/groups/20354587/865597053/name/VOB787KK.pdf
VOB787KK

ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် တောင်းဆို

ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆို


        ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

        "ကျွန်တော်တို့ ခမောက်ပါတီကို ပြည်သူတွေက အနိုင်မဲတွေ တစ်ခဲနက် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒပေါ် အခြေမခံဘဲ ကြိုတင်မဲဆိုတဲ့ လက်နက်ပုံးတွေနဲ့ ပြည်သူ့ဆန္ဒကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုက်ကြပါပြီ။ ဒါဟာ ပြည်သူ့ဆန္ဒကို မထေမဲ့မြင်ပြုတာ၊ ပြည်သူတွေအပေါ် အာဏာနောက်ခံနဲ့ ငါတကောကောတာ။ ကမ္ဘာ့အလယ်မှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အရှက်ရစေတဲ့ ဂုဏ်သိက္ခာမဲ့မှုကြီးကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခမောက်ပါတီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ဥပဒေဘောင်အတွင်းက အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုပဲဖြစ်နေပါစေ ခမောက်ပါ တီဟာ နိုင်ငံရေးမှာ မရှုံးဘူးဆိုတာ  အားလုံးသိပါတယ်။ ဒါကြောင့် ပြည်သူ့အတွက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့အတူ ကျွန်တော်တို့ နိုင်ငံရေးနောက်ကျော မလုံစရာ မရှိပါဘူး။ ခမောက်ပါတီဟာ မဲခိုးပြီး အနိုင်ရဖို့ ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့အတွက်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အတူ ပြည်သူကို ကျောမခိုင်းဘဲ နိုင်ငံရေးခရီးကို ဆက်လျှောက်မယ်ဆိုတာ မိဘပြည်သူများကို အသိပေး ကတိပြုပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

        ကြိုတင်မဲများကို ပယ်ဖျက်ပေးရန် တောင်းဆိုသွားရန် ရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက"ကြိုတင်မဲတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားပါမယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

        "တချို့မဲရုံတွေကိုတော့ ကန့်ကွက်သွားဖို့ရှိပါတယ်။ ဒါပေမယ့် အပြောင်းအလဲက သိပ်အလားအလာမမြင်ဘူး"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းထွန်းအေးက ပြောကြားခဲ့သည်။

        "ကြိုတင်မဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြုစုနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြိုတင်မဲကောက်ခံမှုနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့ပါတယ်။ ကြိုတင်မဲတွေကို ပယ်ဖျက်ပေးသွားဖို့အတွက် တောင်းဆိုသွားဖို့ အစီ အစဉ်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ Press ခေါ်ပြီး ပြည်သူလူထုကို အသိပေး ပြောကြားသွားဖို့ရှိပါတယ်"ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောကြားခဲ့ပါသည်။

        "အခုလတ်တလောမှာတော့ ဌာနချုပ် အစည်းအဝေးလုပ်နေပါတယ်။ ဌာနချုပ်အစည်းအဝေးမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြိုတင်မဲအခြေအနေ၊ မဲရုံတွေမှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဆွေးနွေးနေပါတယ်။ ကြိုတင်မဲတွေအတွက် ကန့်ကွက်စာ တင်ထားပါတယ်။ ကြိုတင်မဲတွေကို ပြန်စစ်ခွင့်ပေးရင်တော့ Fair ဖြစ်တယ်လို့ ယူဆပါမယ်။ ပြန်စစ်ခွင့်မရဘူးဆို ရင်တော့ Unfair ပေါ့ဗျာ။ ကျွန်တော်တို့ဘက်က ခိုင်လုံတဲ့အကြောင်းပြချက်၊ ခိုင်လုံတဲ့အချက်အလက်တွေရအောင် ကြိုးစားနေပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လွင်ဦးက ပြောပြပါသည်။

        "ကြိုတင်မဲဆိုတာက လိမ်ဆင်ကြီးပဲ။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲဆိုတာလည်း စကတည်းက တရားမျှတမှုမှ မရှိတာ။ မတရားတာကို မတရားဘူးလို့လဲ ပြောထားပြီးပါပြီ။ ဒီလိုမတရားမယ်မှန်းသိလျက်ရဲ့ ၀င်ပြိုင်တဲ့သူတွေ၊ အပေါက်ကျဉ်းကျဉ်းလေးကနေ ၀င်တိုးခဲ့တဲ့သူတွေ အခုကျတော့ ကျောချမှဓါးပြမှန်းသိတာ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် သူတို့တွေ ဒီလိုခံရလို့ ၀မ်းသာနေမှာတော့ မဟုတ်ပါဘူး။ သူတို့ဘက်က နာပါတယ်။ စကတည်းက မတရားတာကို လက်မခံတာဖြစ်တဲ့အတွက်ကြောင့်လည်း ကြိုတင်မဲဆိုတာနဲ့ မတရားလုပ်တာကိုလည်း လက်ခံစရာ အကြောင်းမရှိပါဘူး။ ရွေးကောက်ပွဲဝင်တဲ့သူတွေက မတရား သဖြင့်လုပ်တဲ့ ကြိုတင်မဲကိစ္စကို ကန့်ကွက်တယ်ဆိုရင်လည်း လုပ်သင့်တယ်လို့ပဲ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး ဦးသာဘန်းက ပြောပြသည်။

        "ကြိုတင်မဲကိစ္စတွေက ကြားနေရတဲ့အတိုင်းဆိုရင် တော်တော်ကို ဗြောင်ကျကျနဲ့ ညစ်ပတ်စွာ လုပ်ဆောင်နေတာပဲလို့ မြင်တယ်။ ဒီလို ညစ်ပတ်လိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပေမယ့် ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လိမ့်မယ်လို့ ထင်မထားဘူး။ ဒီကိစ္စကို ပါတီတွေကသာမက မဲဆန္ဒရှင်တွေကလည်း ကန့်ကွက်သင့်တယ်။ ကော်မရှင်က အရေးမယူဘူးဆိုရင် တရားဥပဒေအရ တရားစွဲဆိုနိုင်မယ့် လုပ်ဆောင်မှုတွေ လုပ်သွားကြရလိမ့် မယ်လို့ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ပြောပြပါသည်။

        "ကျွန်တော့်အိမ်ပတ်ဝန်းကျင်က မဲရုံတွေမှာလည်း ကြိုတင်မဲတွေ ထပ်ရောက်လာပြီး စောစောက နိုင်ထားတဲ့သူတွေ ရှုံးသွားတယ်လို့ ကြားရတယ်။  ကြိုတင်မဲဆိုတာ အဲလို ထပ်ရောက်လာပြီး ဘယ်က ရောက်လာမှန်းမသိ။ ဘာမှန်းမသိ။ ဘယ်သူပေးမှန်းလည်း မသိဘူး။  ပြီးတော့ အဲဒါတွေနဲ့ပဲ နိုင်သွားတယ်။ ဒါ့ကြောင့် ကြိုတင်မဲတွေ အကုန်လုံးကို သေချာပြန် စိစစ်ပြီးတော့ လုပ်သင့်တယ်။ ကြိုတင်မဲဆိုတာ အသင့်ဆောင်ထားပြီး လိုကာမှထပ်ဖြည့်တဲ့ ပုံစံဖြစ်နေတယ်" ဟု ကာတွန်းအော်ပီကျယ်က ပြောကြားခဲ့သည်။

        "ကျွန်တော်တို့က ဒီရွေးကောက်ပွဲကနေ လက်တွေ့ကျတဲ့ ပြောင်းလဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ တကယ် ယုံကြည်ထားတာ။ ဒါကြောင့်လည်း ပြည်သူတွေ မဲပေးဖို့တိုက်တွန်းခဲ့တာ။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ကြုံတွေ့ခဲ့ရတာတွေကတော့ ကျွန်တော်တို့ ယုံကြည်သလို မဟုတ်ခဲ့ပါဘူး။ အများယုံကြည်လက်ခံနိုင်တဲ့ ရလဒ်ဖြစ်ဖို့ သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဥပဒေနဲ့ မလျှော်ညီတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး  ဖြေရှင်းပေးသင့်ပါတယ်" ဟု Weekly Eleven News ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။

        "ဗဟန်းမှာ ခမောက်ရှုံးစရာ မရှိပါဘူး။ ဒါပေမယ့် ရှုံးတယ်ဆိုလို့ အံ့သြရပါတယ်။ မဲရုံအမှတ် ၂ မှာ မဲ ၂၅၀ နဲ့နိုင်နေတယ်။ ကြိုတင်မဲ ၁၀၀ ကျော်ထပ်ရောက်လာတဲ့အထိလည်း နိုင်နေသေးတယ်။ မြို့နယ်ကော်မရှင် ရုံးရောက်မှ မနိုင်တော့ဘူးဆိုတော့ ကိုယ်တိုင်မဲပေးခဲ့သူ တစ်ယောက်အနေနဲ့ လက်မခံနိုင်ပါဘူး" ဟု ဗဟန်းမြို့ နယ်တွင် နေထိုင်သူမဲဆန္ဒရှင်တစ်ဦးက ပြောပါသည်။ ကြိုတင်မဲနှင့်ပတ်သက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ
၅၁။(က)    ရွေးကောက်ပွဲကျင်းပသော နေ့ရက်၌ မိမိနှင့်သက်ဆိုင်သည့် မဲဆန္ဒနယ်၏ ပြင်ပသို့ ခရီးဝေးသွားရန်၇ှိသူတစ်ဦးသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ကြိုတင်၍ ဆန္ဒမဲပေးနိုင်သည်။

(ခ)        (၁)    ရွေးကောက်ပွဲကျင်းပသောနေ့ရက်၌ မဲဆန္ဒနယ်အတွင်းတွင် ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်စွမ်းမရှိသော အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများရှိပါက သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မိမိအဖွဲ့ဝင်နှစ်ဦးကို စေလွှတ်၍ သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ကြောင်းနှင့် ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲ နေနိုင်ကြောင်းကို ရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်က ဆန္ဒမဲပေးလိုကြောင်း ပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ယင်းသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုယ်တိုင် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ရေးသွင်းရန် အခက်အခဲရှိလျှင် မဲစာရင်းတွင်ပါရှိသော ယင်းပုဂ္ဂိုလ်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊သားသမီးညီအစ်ကိုတစ်ဦးဦးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ဆန္ဒအတိုင်း ယင်း၏ရှေ့မှောက်တွင် ရေးသွင်းရမည်။ ထိုသို့ကူညီမယ့်သူမရှိလျှင် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးဦးက ယင်းပုဂ္ဂိုလ်၏ရှေ့မှောက်တွင် ယင်းပုဂ္ဂိုလ်က ညွှန်ကြားသည့်အတိုင်း ရေးသွင်းရမည်။
        (၂)အချုပ်ခံနေရသူနှင့် ပတ်သက်လျှင် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူးကို သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအဖွဲ့ခွဲက ဆက်သွယ်၍ အချုပ်ခံနေရသူများ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ရဲအချုပ်စခန်း (သို့မဟုတ်) အကျဉ်းစခန်းအကြီးအမှူးသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ယင်းအချုပ်ခံနေရသူများ ဆန္ဒပြုပြီးသော လက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။
        (၃)ဆေးရုံသို့တက်ရောက်နေသော အတွင်းလူနာနှင့်ပတ်သက်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ဆေးရုံတာဝန်ခံနှင့် ဆက်သွယ်ရမည်။ ဆေးရုံတာဝန်ခံသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ဆေးရုံရှိ သက်ဆိုင်ရာ အတွင်းလူနာ၏ ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ပါ စာအိတ်ကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။
        (၄)နည်းဥပဒေခွဲ ငယ်(၂)နှင့်(၃)ပါ ကိစ္စရပ်များအတွက် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူး သို့မဟုတ် ဆေးရုံတာဝန်ခံတို့သည် ဤနည်းဥပဒေခွဲပါ မဲဆန္ဒရှင်များအား ယင်းတို့၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ပြီး ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲနေနိုင်ကြောင်း ဦးစွာရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒမဲပေးလိုကြောင်းပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရမည်။
(ဂ)        ရွေးကောက်ပွဲကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာဝန်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်။
(ဃ)        သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်။ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၃)နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီပေးပို့ရမည်။ ယင်းပုံစံ ၁၃များ တွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကိုသိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်။

၅၂။        သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ(၁၃)ပါ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည်။

၅၃။   (က)    ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကိုကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ မဲရုံမှူးကသင့်လျော်သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့် ကွက်မဲစာရင်းပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲ လက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည်။ ကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်။ စာမရေးတတ်လျှင် လက်ဝဲလက်မ လက်ဗွေနှိပ်စေရမည်။ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင်ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့်မပြုရ။

        (ခ)        မဲရုံမှူးသည် ဆန္ဒမဲပေးခွင့်ပြုသည်ဖြစ်စေ ဆန္ဒမဲပေးခွင့်မပြုသည်ဖြစ်စေ ထိုအကြောင်းအရာများနှင့် မိမိ၏ဆုံးဖြတ်ချက်တို့ကို ကန့်ကွက် မဲစာရင်းပုံစံ(၁၄)တွင်ရေးမှတ်ထားရမည်။
အခန်း(၁၁)
မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း
၅၄။    ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင့်ခွင့်ရှိသည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။-
         (က)    တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ
         (ခ)    မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ
         (ဂ)    မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ
         (ဃ)    မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
         (င)    အချုပ်ခံနေရသူများ၊
         (စ)    ဆေးရုံသို့တက်ရောက်နေရသော အတွင်းလူနာများ၊
         (ဆ)    အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ၊


http://www.news-eleven.com/index.php?option=com_content&view=article&id=5774%3A2010-11-09-11-31-19&catid=42%3A2009-11-10-07-36-59&Itemid=112

The ABSDF's statement on current DKBA's offensive

Statement on Attack Between DKBA and SPDC

ရုန်းထကြဖို့ အချိန်ရောက်ပါပြီ



လူရယ်လို့ ဖြစ်လာလျှင် တစ်ဦးတယောက်တည်း နေထိုင်၍ မရ ၊ အစုအဖွဲ့လေးတွေ နဲ့ ပေါင်းစပ်ရာ နေထိုင်ရာက စလို့ အုပ်စု နဲ့ ခေါင်းဆောင်ဆိုတာ ဖြစ်ပေါ်လာတယ် ။ သူတို့အုပ်စုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သင့်တော်တဲ့လူကို ခေါင်းဆောင်မြှောက်တဲ့ စနစ်ဟာ ကမ္ဘာဦး အစကတည်းက တည်ရှိနေခဲ့တာပါ ။ အဲဒီလို အစုအဖွဲ့လေးတွေ ပေါင်းစုံရာက ရွာ ၊ မြို့နယ် ၊ ခရိုင် ၊ တိုင်း ၊ နိုင်ငံ ဟူ၍ တဆင့်ပြီး တဆင့်မြင့်တက်လာတာပါ ။ ဒါဆိုရင် လူတစ်ဦးချင်းစီ ပေါင်းစုရာက ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ကြီးဟာ အဲဒီ လူတစ်ဦးချင်းစီရဲ့ ကိုယ်စွမ်းကိုယ်စ ပေါ်မှာဘဲ မူတည်နေတယ်ဆိုတာကို လက်ခံသင့်တယ် ။ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ စိတ်ဓါတ် ၊ ကိုယ်ကျင့်တရား ၊ အမျိုးကို ချစ်တဲ့စိတ် ၊ နိုင်ငံကို ချစ်တဲ့စိတ် ၊ ပညာအရည်ချင်း ကိုးကွယ်တဲ့ဘာသာကို မြတ်နိုးတန်ဖိုးထားမှု ဆိုတာတွေဟာ မြန်မာနိုင်ငံကြီး တခုလုံးနဲ့ သက်ဆိုင်ပါတယ် ။ ကိုယ့်တိုင်းပြည်မှာ ပညာတတ်ပေါများလာရင် တိုင်းပြည် တိုးတက်မယ် ၊ ကိုယ်ကျင့်တရား ကောင်းသူတွေ ပေါများလာရင် တိုင်းပြည် အေးချမ်းသာမယ် ။ သူခိုး ဓါးမြ ရန်က ကင်းမယ် ။ တစ်ဦးနဲ့တစ်ဦး ကူညီ ရိုင်းပင်းချင်တဲ့ စိတ်ဓါတ် ပိုင်ရှင်တွေ များလာရင် အနိုင်ကျင့်ဗိုလ်ကျ လွှမ်းမိုးမှုတွေ နည်းပါးသွားမယ် ၊ ဘာသာရေးကို မြတ်နိုးတန်ဖိုးထားတဲ့ လူတွေများလာရင် တရားမျှတမှုတွေ လွှမ်းခြုံလာပါလိမ့်မယ် ။

နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှု ကို အဲဒီ နိုင်ငံသားတွေရဲ့ ပညာ ၊ ကိုယ်ကျင့်တရား ၊ ဘာသာတရား ကိုတန်ဖိုးထား မြတ်နိုးမှုတွေ နဲ့ တိုင်းတာလေ့ရှိကြတယ် ဆိုတာ အားလုံး အသိပါ ။ လက်ရှိ ကျွန်တော်တို့ တိုင်းပြည်က လူတွေရဲ့ ပညာရေး အဆင့်အတန်းဟာ နိုင်ငံတကာ နဲ့ နှိုင်းယှဉ်ရင် အောက်ဆုံးနားမှာပါ ၊ မြန်မာနိုင်ငံသား အများစုရဲ့ ကိုယ်ကျင့်တရားကို ပြန်ကြည့်လိုက်အုံး ၊ တနိုင်ငံလုံး လူလိမ် ၊ သူခိုး ၊ ဓါးမြတွေ က များနေပြီ ။ အဲဒီတော့ တိုင်းပြည် မအေးချမ်းဘူးပေါ့ ။ ဘာသာရေး ဘက်ကို ကြည့်လိုက်ပါအုံး ၊ ရတနာ မြတ်သုံးပါး တပါး အပါအ၀င်ပါ ဆိုပြီး အမြဲ ရှစ်ခိုးနေကြတဲ့ ဗုဒ္ဓဘာသာ ၀င်တွေ များတဲ့ နိုင်ငံကြီးမှာ ရတနာ တပါးဖြစ်တဲ့ သံဃာတွေကို ၀ိုင်းပြီး စော်ကားလိုက်ကြတာ ။ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ ကို သာသနာပြု ဖြန့်ဝေ နေတဲ့လူတွေကို ဒုက္ခအမျိုးမျိုးပေး ၊ တရားပွဲတွေ ပိတ်ပင် ဒါဟာ တရားတော်ကို စော်ကားတာ ။ ဒီလိုတွေ ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းတရားက အုပ်ချုပ်ရေး အာဏာကို ရယူထားတဲ့ လူတွေ ညဏ်အမြော်အမြင် မရှိဘဲ အာဏာကို တပ်မက်တဲ့ စိတ်ဓါတ်နဲ့ မိုက်လုံးကြီးရာ က အခုလို ဖြစ်လာရတာပါ ။

ဒီလိုအချက်အလက်တွေကို မြန်မာနိုင်ငံသားတွေ တော်တော်များများ သိပါတယ် ။ ဒါပေမယ့် ရင်ထဲက လက်မခံဘူး ၊ ဦးနှောက် ငြင်းဆန်တယ် ။ အုပ်ချုပ်ရေး အာဏာကို လူထုက ပေးအပ်မှသာ တရားဝင် ဖြစ်တယ်ဆိုတာလည်း အားလုံးအသိ ၊ ဒီလူတွေ အုပ်ချုပ်ရေး အာဏာကို သိမ်းပိုက်ထားတာ ၊ ဒို့တွေ ပြန်လည် ကြိုးစားပြီး အုပ်ချုပ်ရေး အာဏာကို လူထု လက်ထဲ ရောက်အောင် လုပ်ကြမယ်လို့ ပြောလိုက်တိုင်း တော်တော်များများက ကန့်ကွက်လေ့ ရှိကြတယ် ။ မြန်မာနိုင်ငံသားတွေက စည်းလုံးမှု မရှိကြတော့ဘူးတဲ့ ၊ အောင်မြင်မှာ မဟုတ်ဘူးတဲ့ ။ အဲဒီလူတွေကို ပြန်မေးကြည့်လိုက်စမ်းပါ ကိုယ်တိုင် ကြိုးစားကြည့်ပြီး ကြပြီလားလို့ ။ တစ်ဦးချင်းစီ ပေါင်းစုရာက ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုမှာ ကိုယ်တိုင်ပါဝင် နေပါလျှက် နှင့် ငါတို့တစ်ယောက်တည်းနဲ့ ထူးမလာပါဘူး လို့ ပြောနေတဲ့လူတွေ အနေနဲ့ လက်တွေ့စမ်းသပ် ပြီးကြပြီလား ကိုယ်တိုင်ဘဲ ပြန်စဉ်းစား သုံးသပ်ကြည့်ကြပါ ။
လူတစ်ဦးချင်းစီ ပေါင်းစုရာက ဖြစ်လာတဲ့ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုကြီးမှာ ငါတစ်ယောက်တည်းနဲ့တော့ ထူးခြားမလာပါဘူးလို့ တွေးနေတဲ့လူတွေ များနေသမျှ တိုင်းပြည်တိုးတက်ရေး ဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး ဆိုတာ စွဲစွဲမြဲမြဲ မှတ်သားထား ကြပါ ။

ဘာသာတရား အားလုံးရဲ့ အစဟာ သူတို့ကို ကောင်းကျိုးချမ်းသာ မင်္ဂလာ ပေးနိုင်မယ်လို့ ယူဆတဲ့ အတွေးအခေါ် အယူဝါဒကို ကိုးကွယ် လူသားအစုအဖွဲ့ အလိုက် ကိုးကွယ် ဆည်းကပ်ကြရာက လူအင်အားများစွာ ပါဝင်တဲ့ဘာသာရေး အစုအဖွဲ့ ကြီးတွေ ဖြစ်ပေါ်လာတာပါ ။ သူ့တို့ဘာသာက မကောင်းဘူး ၊ငါ့တို့ဘာသာက ကောင်းတယ်လို့ အငြင်းပွားနေကြတာ မှားနေပါတယ် ။ ဘယ်ဘာသာက ကောင်းတယ် မကောင်းဘူးဆိုတာ အဲဒီ ဘာသာဝင်တွေရဲ့ စိတ်ဓါတ် နဲ့ လုပ်ရပ်များက အလိုလို ဖော်ပြပေးသွားမှာပါ ။ လက်ရှိ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ကြတဲ့ မြန်မာပြည်ကြီးကို ဥပမာထားပြီး ကြည့်လိုက်ကြရင် တော့ သူတို့တွေ စိတ်ထဲ တမျိုးထင်သွားကြမှာ ။ ကျွန်တော်တို့ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရား ပျက်ပြားလိုက်တာဟာ သူတပါးကိုပါ အတွေးအခေါ် မှားတွေ သိမ်းပိုက်အောင် လုပ်ဆောင်နေသလို ၊ ကိုယ်တိုင်ကလည်း ကိုယ်တိုင် ကိုယ်းကွယ်တဲ့ဘာသာတရားကို ပြန်လည် စော်ကားနေသလို ဖြစ်နေပြီ နော် ။ ဗုဒ္ဓရဲ့ သာသနာတော်ဟာ ဗုဒ္ဓရဲ့ အဆုံးအမ ကို လိုက်နာ ကျင့်ကြံနေတဲ့လူတွေ အပေါ်မှာဘဲ မူတည်နေသလို အခြားဘာသာဝင်များရဲ့ သာသနာတော်ဟာလည်း အဲဒီဘာသာတရားရဲ့ အဆုံးအမကို လိုက်နာကျင့်ကြံနေတဲ့ လူတွေ ပေါ်မှာ မူတည်နေတာပါ ။

ဘုရား ၊ ကျောင်းကန် ၊ ဇရပ် ၊ တွေသာ ရှိပြီး အဲဒီ ဓမ္မအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်မယ့် လူတွေ မရှိရင် အိုမင်းဟောင်း နွမ်း ပြီး ရေညှိအလိမ်းလိမ်းနဲ့ ကြည့်ရတာ မတင့်တယ်သလို ၊ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှု ကြောင့် ဒီနေ့မြန်မာနိုင်ငံကြီးဟာ အင်မတန်မှ အရုပ်ဆိုး အကြည်းတန်နေပါပြီ ။ ဘာသားတရား တစ်ခုကို အခြားဘာသာတစ်ခုက ပျက်စီးအောင် လုပ်လို့မရပါဘူး ။ ဒါပေမယ့် ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ပျက်စီးအောင် ဖျက်စီးနိုင်တာ ကိုယ်ဖြစ်သလို ၊ သန့်ရှင်း ပြန့်ပွားတာဟာလည်း ကိုယ်တိုင်ပါဘဲ ။
ဒီလိုပါဘဲ ကိုယ်နေထိုင်တဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက် ရေး ဟာ ကျွန်တော်တို့တွေပေါ်မှာ ဘဲ မူတည်နေပါတယ် ။
ဒါကြောင့်မြန်မာနိုင်ငံသားတိုင်း ကိုယ်ကျင့်တရားကို ပြန်လည် ထိန်းမတ်ပေးမှသာလျှင် တိုင်းပြည် တိုးတက်လာမှာ အမှန်ပါဘဲ ။ အခြားဘာသာတွေရဲ့ ဆိုးကွက်ကို လိုက်ရှာပြီး ဝေဖန်နေကြမယ့် အစား ကိုယ့်ဘာသာတရားရဲ့ ကောင်းကွက်ကို ကိုယ်တိုင်လိုက်နာ ကျင့်ကြံ ဖော်ထုတ်နိုင်တာ ပိုအကျိုးရှိပါတယ် တင်ပြချင်ပါတယ် ။

အကြောင်းနဲ့ အကျိုးကို သေချာစွာ လက်ခံထားပြီး ၊ ကံကံ၏ အကျိုးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြတဲ့ တိုင်းပြည်ကြီးမှာ တခဏတာ ကောင်းစားရေး အတွက် ၊ လူမျိုးကိုလည်းစော်ကားဖို့ ၀န်မလေးသလို ၊ သာသနာတော်ကိုလည်း စော်ကားဖို့ဝန်မလေးတဲ့ အပြင် ပြည်သူ့ဘဏ္ဍာကို ကိုယ့်ဥစ္စာအမှတ်နဲက မတရား သဖြင့် သိမ်းပိုက်နေတဲ့ လူတွေက အုပ်ချုပ်နေတယ်ဆိုတာ တကယ်တမ်း စဉ်းစားကြည့်၇င် အင်မတန်မှ ရှက်စရာ ကောင်းပါတယ် ။ သူတို့တွေကို တရားဝင် နှစ်ပေါင်းများစွာ လက်ခံထားကြတဲ့ ကျွန်တော်တို့ ကိုယ်တိုင် လည်း ညံ့ဖျင်းပါတယ် လိုက်ခံလိုက်ကြပါ ။ သူတို့က လက်နက်ရှိလို့ ၊ ယုတ်မာပက်စက်လို့ ၊ အင်အားကြီးလွန်းလို့ ဖြိုခွင်းဖို့ မလွယ်လို့ပါ ဆိုတာ တတယ်တော့ ဆင်ခြင်ပေးတဲ့ စကားတွေပါ ။ သူတို့တွေလည်း တစ်ဦးချင်း တစ်ယောက်ချင်းစီ ပေါင်းစုထားတာပါဘဲ ။ သူတို့အင်အားထက် ကိုယ့်အင်အားကသာအောင် လုပ်လို့ရပါတယ် ။ အဲဒီလို အင်အားစုတဲ့ နေရာမှာလည်း တစ်ဦးချင်းစီ ပေါင်းစုရမှာ ဖြစ်လို့ မိမိကိုယ်တိုင်က စတင်ဆောင်ရွှက်ရမှာပါ ။

သူတို့ဟာ ကိုယ်ကျင့်တရား မကောင်းကြဘူး ၊ အဲဒီအတွက် စိတ်ဓါတ်ခွန်အား နည်းပါးကြပါတယ် ။
သူတို့အတွင်းမှာလည်း အမိန့်စကားကို မလွန်ဆန်နိုင်လို့သာ လိုက်လံဆောင်ရွက် နေကြတဲ့ လူတွေ အများကြီးပါ ။ ဒီတော့ သူတို့မှာ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေး မရှိကြပါဘူး ။ ဒါဆို ကျွန်တော်တို့က သူတို့ကို အနိုင်ယူချင်တယ် ဆိုရင် သူတို့ထက်ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်ကြရမယ် ။ ဒါမှ သူတို့ထက် စိတ်ဓါတ်ခွန်အား တွေ မြင့်မားလာမှာပါ ။ အမျိုးသမီးတစ်ယောက် ရဲ့ စိတ်ဓါတ်ခွန်အားက ဒီနေ့ထက်ထိ သေနတ်တွေ ကိုင်ထားပြီး စုစည်းပါတယ်ဆိုတဲ့ လူတွေ ကြောက်နေကြတာကို ကြည့်ရင် သိသာထင်ရှားလွန်းပါတယ် ။ လူငယ် အချို့က လာမေးကြတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘာဖြစ်လို့ ဖမ်းထားတာ လည်း ဆိုတော့ ကြောက်လို့ ဖမ်းထားတာလို့ ဖြေလိုက်တယ် ။ ဟုတ်မဟုတ် ကိုယ်တိုင်ဘဲ စဉ်းစား ကြည့်ကြပါ ။ ဘာဖြစ်လို့ကြောက်တာလည်း ဆိုတော့ သူတို့ မဟုတ်တာ လုပ်ထားလို့ပါ ။ မဟုတ်တာ လုပ်ထားတဲ့ လူတွေရဲ့စိတ်က တခုခုကို အမြဲ စိုးရိမ် ထိတ်လန့်ပြီး ကြောက်ရွှံ့နေတယ် ။ ဒီတော့ သူတို့ ဘယ်သူကိုမှ မယုံကြည်တော့ဘူး ။ သူတို့ စိတ်ရိုင်းနဲ့ လူတိုင်းကို လိုက်တိုင်းလေ့ ရှိကြတယ် ။ သူတို့ရဲ့ အားနည်းချက်က ကြောက်တတ်တာပါ ။ ဒါဆိုရင် ကျွန်တော်တို့က သတ္တိရှိခြင်း နဲ့ အနိုင်ယူလို့ ရပါတယ် ။ ငါတို့ဟာ တိုင်းပြည် ကောင်းစားရေး အတွက် ဆောင်ရွက်တာ ဖြစ်လို့ မွတ်မြတ်သော အလုပ်လုပ်ကို လုပ်ကိုင်နေတာပါလို့ စိတ်ထဲမှာ စွဲမြဲစွာ ယုံကြည်ထားရင် သတ္တိခွန်အား ဆိုတာ သူ့အလိုလို မွေးဖွား လာပါလိမ့်မယ် ။

တပ်မတော်သား ဆိုတာ ပြည်သူလူထု ထဲက ပေါက်ဖွားလာတယ် ဆိုတာကို ဘယ်တော့မှ မမေ့ကြပါနဲ့ ။ သူတို့ကို လက်တွဲခေါ်ယူလို့ရပါတယ် ။ လူမိစ္ဆာတွေ ရဲ့ ယုတ်မာတဲ့ အသိညဏ်မှိုင်းတိုက်မှု ကို ခံနေရလို့သာ ပြည်သူလူထုကို ရန်သူလို သဘောထားနေကြတာပါ ။ သူတို့ကို လမ်းမှန်ပြပြီး ပြည်သူလူထုနဲ့ လက်တွဲပူးပေါင်းပြီး အာဏာရှင်တွေကို ဆန့်ကျင်ဖို့ ကြိုးစားပေးကြပါ ။ သန်းပေါင်းများစွာသော ပြည်သူလူထု ဒုက္ခရောက် အောင် လုပ်ကြမလား ၊ အဲဒီလို့ ဒုက္ခရောက် အောင် ဖန်တီးထားတဲ့ အာဏာရှင်တွေကို တွန်းလှန်ကြမလား ။ ကိုယ်ချင်းစာစိတ်လေးတွေ မွေးမြူပေးကြအောင် ပြည်သူလူထုကဘဲ တပ်မတော်သားတွေကို ပြန်လည်လက်တွဲ ခေါ်ယူဖို့ ကြိုးစားပေးကြပါ ။
တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ပါ ၊ ပြည်သူလူထုကို သတ်ပြီး အာဏာရှင်တွေ ပေးတဲ့ သူရဲကောင်း တံဆိပ်ကို ရင်ဘတ်မှာ ချိတ်ချင်တာ တပ်မတော်သား ကောင်း မဟုတ်ပါဘူး လို့ နီးစပ်ရာ တပ်မတော်သားတွေကို အသိပေး ပြောကြားလိုက်ကြပါ ။ တပ်မတော်သားတွေ အနေနဲ့ အမိန့်ဆိုတဲ့ စကားလေးကို ခဏလေးမေ့ထားပြီး ကျွန်တ်ာတို့ တိုင်းပြည်အနေအထားကို ငဲ့ကွက်ပေးကြပါ ။ အာဏာရှင်တွေ ပေးတဲ့ အမိန့်စကားကို တပ်မတော်သားတွေ လိုက်နာနေကြတာဟာ တိုင်းပြည် ညှင်းပန်းနှိပ်စက်နေတယ် ဆိုတာ လက်ရှိ မြန်မာနိုင်ငံ ပကတိ အနေအထားက သက်သေပြနေပါတယ် တပ်မတော်သား အပေါင်းတို့ ။

အခုဆို၇င် အာဏာရှင်တွေက သူတို့ အာဏာ တည်မြဲရေး အတွက် နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်ကြီး တစ်ခုကို ပြန်လည် ဖန်တီးလိုက်ကြပါပြီ ။ နယ်စပ်မှာ စစ်ဖြစ်တာ ငါတို့ နဲ့ အဝေးကြီးပါလို့ သဘောမထားကြပါနဲ့ ။ ပြည်တွင်းစစ်ပွဲ ဆိုတာ နိုင်ငံသား အချင်းချင်း သတ်ကြတာပါ ။ အဲဒီ စစ်ပွဲ ရဲ့ ကုန်ကြစရိတ်ကို ပြည်သူလူထုဘဏ္ဍာက ကျခံကြရတာပါ ။ ပြည်သူ့ဘဏ္ဍာ ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ် ။ ဒါကြောင့် ပထမဆုံး အနေနဲ့ ပြည်တွင်းစစ်ဆိုတာ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ဖျက်စီးလိုက်တာပါ ။ ဒီနေ့ မြန်မာနိုင်ငံ ကပ်သုံးပါး ဆိုက်ရောက်နေတဲ့ အဓိက အကြောင်းက အာဏာရှင် စနစ်ဆိုးကြီးကြောင့်ပါ ။ ဘယ်လို ပြဿနာ အခက်အခဲ တွေဘဲ ကြုံတွေ့ရပါစေ ၊ အဲဒီ ပြဿနာအားလုံးမှာ အခြေခံ အကြောင်းတရား ရှိပါတယ် ။ အဲဒီ အခြေခံ အကြောင်းတရားကို မပြုပြင်နိုင်ဘဲ ဘယ်ပြဿနာကို မှ ဖြေရှင်းလို့ မရပါဘူး ။ အခုလည်း တိုင်းပြည်ပျက်စီးရတဲ့ အကြောင်းတရားတွေကို ဖန်တီးထားတာ အာဏာရှင်တွေ ဆိုတာ သိရင် သူတို့ကို ပြန်လည် တွန်းလှန်ရမှာပါ ။ အချင်းချင်း ပြန်သတ်နေကြရင် သူတို့တွေကို ဆက်လက် အထောက်အပံ့ ပေးထားသလို ဖြစ်နေမှာပေါ့ ။

မေတ္တာ ၊ ဂရုဏာ ၊ မုဒိတာ ၊ ဥပက္ခာ ဗြမ္မစိုရ် တရားလေးပါးကို ပွားများကြလို့ ဗြမ္ဗာ ဘုံကို ရောက်ရှိကြတဲ့ ဗြမ္ဗာကြီးတွေမှာ ၊ လောဘ ၊ ဒေါသ မရှိကြဘဲ နေထိုင်ကြပေမယ့် ၊ အပယ်လေးဘုံကို ပြန်ဆင်းရတဲ့ အဓိက အကြောင်းတရားက မာန ပါလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့တယ် ။ အခုလည်း မြန်မာပြည်ကြီး အာဏာရှင် စနစ်ဆိုးအောက် မလွှတ်မြောက်နိုင် ကြသေးတာ အဲဒီ ငါဆိုတဲ့ မာန ကြောင့်ပါ ။ ငါတို့နည်းလမ်းက အမှန် ၊ ငါတို့ကမှ ကြိုးစားတာ ၊ ငါတို့က မှ ပညာရှိတာ ၊ ငါတို့ကမှ တိုင်းပြည် အတွက် တကယ်လုပ်တာ ဆိုတဲ့ ငါဆိုတဲ့ စကားလုံးတွေကို လှိုင်လှိုင်ကြီး အသုံးချနေကြတော့ တကယ့်ရန်သူကို မမြင်ကြဘူး ။ အချင်းချင်း တိုက်နေရတာကို ပျော်နေကြတယ် ။ သတိထားပြီး ပြင်ဆင်သင့်တဲ့ အချိန်အခါကို ရောက်နေကြပါပြီ ။ အားလုံးပြန်လည် ပေါင်စည်းနိုင်ဖို့ ငါဆိုတဲ့ မာနလေးကို ခဏလောက် မေ့ထားကြစမ်းပါ ။ တိုင်းပြည်အရေး ဆောင်ရွှ့က်ကြတာဆိုရင် တိုင်းပြည် တိုးတက်ကြီးပွားရာ လမ်းကြောင်းကို လျှေက်ကြစမ်းပါ ။ တကယ့်ရန်သူ အစစ်ကို မတိုက်ကြဘဲ အချင်းချင်း သတ်နေကြရင် ရန်သူက ဟားတိုက် အောင်ပွဲခံနေကြမှာပေါ့ ။ လူဆိုတာ ကိုယ်မှားမှန်း သိရင် အမှားကို စွှန့်လွှတ်ရဲရတယ် ၊ အဲဒါ မှ သတ္တိအစစ် ။ အမှားကြီးမှန်း သိပါလျှက် နဲ့ မျက်လုံးမှိတ်ပြီး ဇွတ်တိုးကြရမယ့် အချိန်မဟုတ်တော့ဘူး လို့ လေးစားစွာ သတိပေးပါတယ်ဗျာ ။

ကိုယ့်ဘ၀ ရဲ့ အရှင်သခင်ဟာ ကိုယ်ပါဘဲ ။ ဒါဆိုရင် ကိုယ့်ဘ၀ကို တိုးတက်အောင်လုပ်ပေးတာ ကိုယ်တိုင် ဖန်တီးရမှာ ဖြစ်သလို ၊ အဲဒီတော့ မြန်မာနိုင်ငံကြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်တောင် ကျွန်တ်ာတို့ ကိုယ်တိုင် ဖန်တီးကြရမှာပါ ။ ကိုယ့်တိုင်းပြည် တကယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် ကိုယ်တိုင် ကြိုးစားပြီး ရုန်းထကြပါ ။ မြန်မာနိုင်ငံသား အဖြစ် ခံယူထားတဲ့ လူမှန်သမျှ မြန်မာနိုင်ငံ အရေးဟာ မိမိတို့ အကျိုးစီးပွား ခံယူထားပြီး နိုင်ရာ တာဝန် ယူပေးကြပါ ။
နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာရင် အဲဒီနိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံသား အားလုံး ကောင်းကျိုးခံစားကြရတာပါ ။
နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အပေါင်းကလည်း ပြည်တွင်းက လူတွေရဲ့ ဒုက္ခများကို ကိုယ်ချင်းစာစိတ် ထားပြီး နိုင်၇ာ တာဝန်ယူပေးကြပါ ။ တိုင်းပြည်ကောင်းစားရေး လုပ်ဆောင်တာ ဖြစ်လို့ မြန်မာနိုင်ငံသား အချင်းချင်း လက်တွဲဆောင်ရွက်ကြပါ ။ အခုချိန်မှာ စစ်အာဏာရှင်တွေဟာ နယ်စပ်ဒေသမှာ တိုက်စစ်ဆင်နေပါတယ် ။ ရွေးကောက်ပွဲ ပြဿနာကလည်း မပြီးသေးပါဘူး ။အခုချိန်မှာ ပြည်သူလူထုကသာ ညီညာစွာ ရုန်းထကြမယ်ဆိုရင် မကြာခင် ကျွန်တော်တို့ တိုင်းပြည် အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး လွတ်လပ်၍ တရားမျှတကာ ၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မှာအသေအချာပါ ။ မြန်မာ နိုင်ငံ အာဏာရှင် စနစ်ဆိုး အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်အောင် နိုင်ငံသားအားလုံး ရုန်းထကြပါစို့ ..........။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

“လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြရမဲ့အချိန်”

“လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြရမဲ့အချိန်”

မောင်ချင့်ချိန်

နအဖစစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲကတော့ အားလုံးတွက်ဆထားကြတဲ့အတိုင်း တရားမဲ့မှုများစွာနဲ့ပြီးဆုံးသွားခဲ့ပြီ ၊ ပြည်သူကို လက်နက်နဲ့ဖိနှိပ်ထားနိုင်နေပြီလို့ သွေးနထင်ရောက်ထင်ရာစိုင်းနေတဲ့စစ်အုပ်စုက သူတို့ရဲ့တဘက်သတ်ရလာဒ်တွေကိုမကြေငြာခင်မှာပဲ လက်နက်ကိုလက်နက်ချင်းခုခံစစ်ကို ဗိုလ်နှုပ်ခမ်းမွှေးနဲ့ DKBA တပ်ဖွဲ့ဝင်တွေက ပြန်လည်စတင်လိုက်ပြီဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအပါအ၀င် ဗမာပြည်သူတွေ ၊ စစ်အာဏာရှင်ကိုရင်ဆိုင်ခဲ့ကြတဲ့နည်းလမ်းမျိုးစုံမှာ အများစုက အကြမ်းမဖက်ရေးလမ်းစဉ်ဆိုပြီး ရွေးချယ်ခဲ့ကြပါတယ် ၊ ငြိမ်းချမ်းစွာလူထုတိုက်ပွဲနည်း ဆိုပြီး ရွေးကောက်ပွဲ(၁၉၉၀)၀င်တာ ၊   ပါတီတွေ ထောင်တာ ၊ ဖမ်းဆီးခံပစ်သတ်ခံပြီး ဆန္ဒပြလှုံ့စော်တာ ၊ စတဲ့နည်းလမ်းတွေနဲ့ လက်နက်မဲ့တိုက်ပွဲဝင်ရေးကိုကြိုးစားခဲ့ကြသလို တချို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကလဲ ယာယီအပစ်ရပ် ၊ နားလည်မှုတည်ဆောက်တဲ့နည်းကို ငြိမ်းချမ်းရေးနည်းလမ်းအဖြစ်  ဖြတ်သန်းရပ်တည်ခဲ့ကြပါတယ် ။

အဲ့ဒီအတွက် ၁၉၄၈ ကာလထဲက လက်နက်ကိုင်တော်လှန်ရေးနည်းကိုကျင့်သုံးခဲ့တဲ့အဖွဲ့အစည်းတွေ ၊ ရှစ်လေးလုံးအရေးတော်ပုံနောက် ပိုင်းပေါ်ပေါက်ခဲ့ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အခက်ခဲမျိုးစုံ ၊ အချိုးကွေ့မျိုးစုံကြုံတွေ့ခဲ့ရပါတော့တယ် ၊ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲမှာကိုက လက်နက်ကိုင်ရင်ဆိုင်ဖြေရှင်းတဲ့နည်းထက် ညှိနှိုင်းအဖြေရှာတဲ့နည်းကိုအသုံးပြုရေးဖြစ်လာတဲ့အခါ ဗမာပြည် အတွက် လက်နက်ကိုင်တော်လှန်ရေးနည်းမှာ အားလျော့စရာတွေဖြစ်လာခဲ့ပါတယ် ။

လူတွေက နိုင်ငံရေးအပြောင်းအလဲတွေဖန်တီးဘို့ စဉ်းစားကြတဲ့အခါ ကမ္ဘာနိုင်ငံတွေရဲ့ဖြစ်ခဲ့ဘူးတဲ့အခြေအနေတွေ ၊ ရလာဒ်တွေ ၊ လူ ပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်စဉ်းစားတတ်ကြပါတယ် ၊ ဒီလိုနှိုင်းယှဉ်စဉ်းစားပြီးအဖြေထုတ်နည်းလမ်းရှာတဲ့နည်းဟာ တခြားနိုင်ငံတွေအတွက် မှန်ကောင်းမှန်မှာဖြစ်ပေမဲ့ ဗမာပြည်အတွက်ကတော့ မမှန်ခဲ့ဘူးဆိုတာ ဖြတ်သန်းခဲ့ပြီးတဲ့နှစ်တွေ ၊ ခုထိအတိဒုက္ခရောက်နေတဲ့ပြည်သူ တွေက သက်သေပြပြီးဖြစ်ပါလိမ့်မယ် ၊ ဘာကြောင့်လဲဆိုတော့ ဗမာပြည်ကစစ်အာဏာရှင်တွေက ဘယ်နိုင်ငံက ဘယ်သူနဲ့မှမတူတဲ့ အင်မတန်ရက်စက်ယုတ်မာ ကောက်ကျစ်လူမဆန်သူတွေဖြစ်နေလို့ပါပဲ ။

ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးသမားဆိုသူတိုင်းက စာတွေဖတ်ကြတယ် ၊ ကမ္ဘာ့နိုင်ငံရေးတွေ ၊ သမိုင်းတွေ ၊ ကမ္ဘာပေါ်ကထင်ရှားကျော် ကြားတဲ့ပုဂ္ဂိုလ်တွေကို လေ့လာကြတယ် ၊ အဲဒီအတွက်  (အများစု) စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲနည်းလမ်းရွေးချယ်မှုမှာ အမှား တွေဖြစ်လာရပါတော့တယ် ၊ ရန်သူ/အတိုက်အခံ မကွဲပြားတဲ့ အမြင်တွေဖြစ်လာပါတော့တယ် ၊ လက်နက်အားကိုးတန်ခိုးပြပြီး လူသတ် ပွဲနဲ့အာဏာခိုင်မြဲအောင်လုပ်နေတဲ့သူတွေကို ရန်သူလို့ ပြတ်ပြတ်သားသားသတ်မှတ်ရမဲ့အစား တခြားနိုင်ငံကပုဂ္ဂိုလ်တွေနဲ့နှိုင်းယှဉ်ပြီး အတိုက်အခံလိုသဘောထားဆက်ဆံခဲ့ကြတယ် ၊ စစ်အုပ်စုကတော့ သူတို့ကိုဆန့်ကျင်ဖီဆန်သူတိုင်းကို ရန်သူလို့ပြတ်ပြတ်သားသား သတ်မှတ်ပြီး နည်းလမ်းစုံနဲ့ ရက်ရက်စက်စက်ချေမှုန်းခဲ့တာချည်းဖြစ်ပါတယ် ။

ခံခဲ့ရပြီးတဲ့ဖြစ်စဉ်များစွာနဲ့ ဖြတ်သန်းခဲ့ကြပြီးတဲ့ကာလတွေအတွက် မေးခွန်းနှစ်ခုရှိပါတယ် ၊ ကိုယ့်ဘာသာ ဖြေကြည့်တွေးကြည့်ကြစေချင် ပါတယ် ၊ (၁)ဗမာပြည်သူတစ်ရပ်လုံးနဲ့ ကျွန်တော်တို့ဒီမိုကရေစီလိုလားသူအားလုံး ရင်ဆိုင်ခဲ့ရတဲ့ ရင်ဆိုင်နေကြဆဲစစ်အာဏာရှင်တွေက ကျွန်တော်တို့ရဲ့ ရန်သူလား အတိုက်အခံလား ၊(၂)ရန်သူဆိုရင်ဘယ်လိုသဘောထားမလဲ အတိုက်အခံဆိုရင်ဘယ်လိုသဘောထားမလဲ၊ ကျွန်တော်ကတော့ ရန်သူလို့သတ်မှတ်ပါတယ် ၊ ပြည်သူတွေရဲ့ဆန္ဒကို သာမန်နည်းလမ်းတွေနဲ့ဆန့်ကျင်ယုံမဟုတ်ပဲ ရဟန်းသံဃာမချန် ကလေးမိန်းမမချန် ကျောင်းသားမချန် ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ပစ်တဲ့အထိ ကျူးလွန်ခဲ့သူတွေမို့ ရန်သူလို့ပဲသတ်မှတ်ပါတယ်၊ သူက ကိုယ့်ကို ရန်သူလိုသဘောထား ရက်ရက်စက်စက်နည်းတွေသုံးနေတာကို (သာမန်အားကစားပြိုင်ပွဲတခုလိုမဟုတ်တဲ့အတွက်)ငြိမ်ခံမနေ နိုင်ပါဘူး ၊ အတိုက်အခံအဆင့်ဆိုရင်သာ ယှဉ်ပြိုင်ရမှာပါ ၊ ရန်သူလို့သဘောထားရင်တော့ ဘယ်လိုနည်းနဲ့နိုင်နိုင် အနိုင်ရအောင်ရင်ဆိုင် ရမှာပါ ၊ မျှမျှတတယှဉ်ပြိုင်နေဘို့ မလိုပါဘူး ၊ အဲဒီ ရန်သူ/အတိုက်အခံ အဖြေမကွဲပြားမှုကြောင့် စစ်အာဏာရှင်ကိုရင်ဆိုင်ဘို့ နည်းနာ လွဲချော်ခဲ့ကြတာလို့ ကျွန်တော် ရဲရဲပြောဝံ့ပါတယ်။

စစ်အာဏာရှင်တွေအပေါ်အမြင်မရှင်းမှု သို့မဟုတ် အမြင်မခိုင်မာမှုတွေကြောင့်ပဲ ငြိမ်းချမ်းစွာအကြမ်းမဖက်တိုက်ပွဲဝင်ရေးနည်းကို တရား သေဆုတ်ကိုင်ထားကြသူတွေ၊ နာကျည်းစရာကြုံတုန်းခန လက်နက်ကိုင်ပြန်ချမယ်ဆိုသူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ပင်ပန်း ဆင်းရဲမှုတွေကို ခါးသီးကြောက်လန့်လာသူတွေဟာ လက်နက်ကိုင်တော်လှန်ရေးကနေ တဖြည်းဖြည်းသွေဖီလာကြပါတယ် ၊ တချို့က နိုင်ငံတကာအကူညီရရှိရေး ၊ တချို့ကတတိယနိုင်ငံတွေထွက်ခွာရေး၊ တချို့ကရန်သူနဲ့ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊တချို့က စား ပွဲဝိုင်းထိုင်ဆွေးနွေးနိုင်ရေးဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကိုရှောင်ခွာခဲ့ကြရာမှာ ရန်သူနဲ့ရန်ငါစည်းယတိပြတ်သူတွေ ၊ လက်နက်ကိုင်လမ်း စဉ်ကိုသာသက်ဝင်ယုံကြည်သူတွေကျန်ရစ်ပြီး ရန်သူရဲ့အညှိုးတကြီးချေမှုန်းမှုကို အလူးအလဲကာကွယ်နေခဲ့ရပါတယ် ။ အဲဒီလိုနဲ့ ရန်သူ့ ဘေး ကာကွယ်ရေးသာလုပ်နိုင်ပြီး ထိုးစစ်မဆင်နိုင်တဲ့အခြေအနေပေါ်မှာ ကြာလေလက်နက်ကိုင်လမ်းစဉ်ကနေဖယ်ခွာလေဖြစ်လာကြပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် မှေးမှိန်သလို ဖြစ်နေခဲ့ရပါတယ် ။

အနိုင်ကျင့်ဖိနှိပ်မှုကိုကျူးလွန်လိုစိတ်ရှိသူတွေဟာ လက်နက်ကိုပဲတန်ဘိုးထားတာဖြစ်ပါတယ် ၊ လက်နက်နဲ့အင်အားကိုအားကိုးပြီး  ဗိုလ်ကျစိုးမိုးနေသူတွေက သူတို့ထက်သာတဲ့အင်အားနဲ့ လက်နက်ရှိသူတွေကိုပဲကြောက်တာပါ ၊ လက်နက်ကိုင်လမ်းစဉ်မှာလျှောက်လှမ်း နေသူတွေလျော့နည်းလာတဲ့အပေါ် တဖြည်းဖြည်းထင်ရာစိုင်းလာတာပါ ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအင်အားတောင့်ခဲ့တဲ့ကာ လတွေကနိုင်ငံရေးအခြေအနေ ၊ ရန်သူစစ်အုပ်စုရဲ့အခြေအနေနဲ့ ၊ လက်နက်ကိုင်အင်အားစုတွေချည့်နဲ့လာတဲ့အချိန်ဖြစ်လာတဲ့ နိုင်ငံရေး အခြေအနေ ၊ ရန်သူ့သဘောထားတင်းမာမှု နှိုင်းယှဉ်ကြည့်ပါ ။

ဒီပဲယင်းလိုဥပဒေမဲ့မှုမျိုး ပြောင်ကျူးလွန်ခဲ့တယ် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင်နဲ့ လူထုတိုက်ပွဲဦးဆောင်သူတွေကို မတရား ထောင်နှစ်ရှည်တွေချခဲ့တယ် ၊ ၂၀၀၇ စက်တင်ဘာလို ရဟန်းသံဃာတွေသတ်တာ ၊ ဘုန်းကြီးကျောင်းတွေချိတ်ပိတ်တာစတဲ့ အနိုင်ကျင့် မှုမျိုးတွေ ရဲရဲဝံ့ဝံ့လုပ်လာခဲ့တယ် ၊ ၁၉၉၀ ရွေးကောက်ပွဲကိုဥပေက္ခာပြုခဲ့တယ် ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒ ၊ ဘာသာ ၊ ဓလေ့ထုံးတမ်းတွေ ကိုတန်ဘိုးမထားခဲ့ဘူး ၊ ၂၀၀၈ ဖွဲ့စည်းပုံဆန္ဒခံယူပွဲံကို နာဂစ်လိုလူသိန်းချီသေရတဲ့မုန်တိုင်းဘေးသင့်ချိန်မှာတောင် အဓမ္မလုပ်ခဲ့တယ်၊ ခုနောက်ဆုံး ဘယ်သူဘာပြောနေနေ တိုင်းရင်းသားအပစ်ရပ်တွေ နယ်ခြားစောင့်တပ်ဖွဲ့ကိုဖွဲ့ရမယ်ဆိုတဲ့အမိန့်ပေးမှုမျိုး ၊ ၂၀၁၀ ရွေး ကောက်ပွဲဆိုတာကို အာဏာတန်းလန်းစစ်ယူနီဖေါင်းချွတ်တွေနဲ့ကြံ့ဖွတ်ပါတီဖွဲ့ ၊ အနိုင်ရရေးထင်သလိုလုပ်နေတာတွေဟာ လက်နက် ကိုင်အင်အားစုတွေ အားလျော့နေခဲ့လို့ပဲဖြစ်ပါတယ် ။ ဗမာပြည်စစ်အာဏာရှင်စနစ်ရဲ့ဖခင်ကြီး နေ၀င်းလက်ထက်မှာတုံးကတောင် KNU ၊ ဗကပနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအားကောင်းခဲ့တော့ ဒီလောက်မရမ်းကားနိုင်ခဲ့ပါဘူး ။

စစ်အုပ်စုရဲ့ စစ်အာဏာရှင်စနစ်တည်မြဲရေးလုပ်ဆောင်ချက်အဆင့်ဆင့်ကို ဘယ်နိုင်ငံရေးခေါင်းဆောင် ၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်း၊ ဘယ်နိုင်ငံရေးနည်းလမ်းကမှ မတားနိုင်ခဲ့ဘူး ၊ ဆိုးရွားစုတ်ပြတ်အောက်တန်းကျမှုမျိုးစုံနဲ့ အစိုးရနာမည်ခံထားတဲ့ရာဇ၀တ်ကောင်တွေကို ကုလသမဂ္ဂကအသိမှတ်ပြုထားဆဲ ၊ အာဆီယံနိုင်ငံအဖွဲ့ဝင်ဖြစ်နေဆဲပဲ ၊ စိုးရိမ်မကင်းစောင့်ကြည့်နေကြပါတယ်ဆိုတာထက်ပိုလာအောင် ဘယ်သူမှမလုပ်နိုင်ခဲ့ကြဘူး ၊ ဒီလိုနဲ့ ၂၂ နှစ်ကျော်ကြာခဲ့ပြီ ၊ ပြောင်ထင်သလိုသတ်လို့  သေတဲ့သူတွေများပြီ ၊ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့ပြီးဖြစ်ဖြစ် ၊ အသိချို့တဲ့မှုကြောင့် ရောဂါဘယပိုးမွှားကူးစက်ခံရတာတွေဖြစ်ဖြစ် မသေသင့်သေးပဲသေခဲ့ရသူတွေများပြီ ၊ မပြည့်စုံမလောက်ငှတဲ့ဘ၀တွေကြောင့် မပျက်ဆီးသင့်ပဲဆုံးရှုံးပျက်ဆီးခဲ့ရတဲ့ဘ၀တွေ များပြီ ၊ အဲဒီပြည်သူတွေအတွက် ဘယ်သူတွေက တာဝန်ခံမလဲ ၊ နောက်ရော ဘယ်လောက်ဘယ်ကာလထိ ဒီလိုဆက်ကြုံတွေ့ခံစားနေကြရဦးမလဲ ။ ဘယ်လိုတိုက်ပွဲပဲစဉ်းစားစဉ်းစား ပြည်သူတွေလက်တွေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဆိုးနဲ့ပဲ နှိုင်းယှဉ်စဉ်းစားကြသင့်ပါပြီ ။

အခုတော့ရှင်းတယ် ၊ အပစ်ရပ်ထားတယ်ဆိုတာ တကယ်တိုင်းရင်းသားတွေအပေါ်စေတနာမှန်လို့မဟုတ်ဘူး ၊ စစ်မျက်နှာလျော့အောင် လို့ဆိုတာသိလာတဲ့ ၊ အိမ်ကြက်ချင်းအိုးမည်းသုတ်ခွပ်ခိုင်းတာကိုခံနေရတဲ့ဘ၀ကို နာကျည်းလာတဲ့ ၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေး ကိုဥပေက္ခာပြုပြီး အနိုင်အထက်ပြုနယ်ခြားစောင့်တပ်ဖွဲ့ခိုင်းတာကိုလက်မခံတဲ့ ၊ ရွေးကောက်ပွဲကိုမတရားသဖြင့်နည်းတွေနဲ့လုပ်ပြီး စစ်အာဏာခိုင်မြဲလာတာနဲ့အမျှ အပစ်ရပ်တိုင်းရင်းသားတွေကို နိုင်သထက်နိုင်လာမှာဆိုတာသိလာတဲ့ ၊ ဘယ်အချိန်မှာ ဘယ်လိုပြန်ခံချရ မလဲဆိုတာလဲ နားလည်သဘောပေါက်တဲ့ ဗိုလ်နှုပ်ခမ်းမွှေးနဲ့ DKBA တပ်ဖွဲ့ဝင်တွေက မြ၀တီမြို့သိမ်းတိုက်ပွဲနဲ့အတူ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထိထိရောက်ရောက်ဆန့်ကျင်တိုက်ခိုက်ပြလိုက်ပြီ ။


ဒီတိုက်ပွဲဟာ ပြည်သူတွေရင်ထဲမှာရှိနေတဲ့လိုလားမှုကို ဖေါ်ထုတ်ပြလိုက်တာဖြစ်တယ် ၊ ဘယ်ပြည်သူကမှ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ ရလာဒ်ကိုစိတ်မ၀င်စားဘူး ၊ DKBA ရဲ့တိုက်ပွဲအခြေအနေကိုပဲ စိတ်ဝင်စားကြတယ် ၊ DKBA ရဲ့အောင်ပွဲကိုပဲမျှော်လင့်နေကြတယ် ၊ KNU အပါအ၀င် ၊ ကျောင်းသားတပ်မတော်နဲ့ တခြားလက်နက်ကိုင်အင်အားစုအားလုံးကပါ နေရာတိုင်းက၀ိုင်းတိုက်ကြဘို့ နှိုးစော်နေကြတယ် ၊
ဒါဟာလက်နက်ကိုင်တော်လှန်ရေးရဲ့ အလင်းရောင်ပါပဲ ၊ ရန်သူကိုရန်သူလိုသဘောထား တိုက်ကြရမယ်ဆိုတာ အသိတွေကိုနှိုးဆွလိုက် တာပါပဲ ။

ဒီ၂၂နှစ်တာကာလမှာ လက်နက်ကိုင်အင်အားစုတွေရော ၊ ငြိမ်းချမ်းရေးနည်းဆိုသူတွေရောအားလုံးက NLDကိုဝိုင်းရံကြဆိုတာနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုဆုတ်ကိုင်တိုက်ပွဲဝင်ကြလို့ကြွေးကြော်ခဲ့ကြတယ် ၊ ခုတော့ ခေတ်သမိုင်းရဲ့တောင်းဆိုမှုက ဘယ်သူ့ဘယ်သူကို မှ အပြစ်ပြောဝေဘန်နေစရာမလိုပဲ ငြင်းခုန်နေကြဘို့မလိုတော့ပဲ ကြေံးကြော်သံပြောင်းချိန်ရောက်ပြီလို့ထင်ပါတယ် ၊ ကျွန်တော်တို့ အားလုံး တူညီပြောင်းသင့်တဲ့ကြွေးကြော်သံက  “ရရာလက်နက်ဆွဲကိုင်တိုက်ပွဲံဝင်ကြ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြ ”လို့ ။

မြို့တွေပေါ်သပိတ်တိုက်ပွဲတွေဆင်နွှဲတဲ့နည်း ၊ ပြည်သူလူထုကြားမှာ ရရာလက်နက်ဆွဲကိုင်ပြန်ခံချကြတော့ဘို့ လှုံ့စော်တဲ့နည်း ၊ တိုက်ပွဲ ၀င်နေတဲ့ရဲဘော်တွေဆီကို ကျည်/ရိက္ခာသယ်ပို့ပေးတဲ့နည်း ၊ ထောက်ပို့ပစ္စည်း ကျည်/ရိက္ခာတွေ ရှာဖွေစုဆောင်းပေးတဲ့နည်း ၊ ကိုယ်တိုင် လက်နက်ကိုင်ပါဝင်တဲ့နည်း တနည်းနည်းနဲ့ စစ်အာဏာရှင်ဖြုတ်ချနိုင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ၀န်းရံကြရမဲ့အချိန် ရောက်ပါပြီ ။

“ရရာလက်နက်ဆွဲကိုင်တိုက်ပွဲံဝင်ကြ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြ ”

မြ၀တီမြို့တိုက်ပွဲဆင်နွှဲနေသော ဗိုလ်နှုပ်ခမ်းမွှေးနှင့် DKBA ရဲဘော်များ
ဘုရားသုံးဆူမြို့အားတပြိုင်နက်ထိုးစစ်ဆင်နွှဲခဲ့သော KNU ရဲဘော်များ
တိုက်ပွဲဝင်ရဲဘော်အားလုံးအား အလေးပြုပါသည် ။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။
တော်လှန်ရေးသစ္စာ ခိုင်မာမှုဖြင့်

မောင်ချင့်ချိန်



OTTAWA ... နအဖ၏ရွေးကောက်ပွဲဆန့်ကျင်ရေးအခမ်းအနားမှဒေါက်တာနိုင်အောင်