Wednesday, November 10, 2010

တိုင်းရင်းသားနဲ့နအဖစစ်ရေးအခြေအနေတင်ပြချက်...

41827610 Fighting in Karen State to Be Negotiated ThanShwe Reminds GHQ of Problem if Fighting Starts in Oth...

20,000 refugees heading home as fighting abate(in Burmese)

မြန်မာစစ်အစိုးရနှင့် ၎င်းတို့၏အပေါင်းပါတို့အား မုချ အာဏာဆက်လက်တည်ရှိစေမည့် ရွေးကောက်ပွဲပြီးသည်နှင့်တပြိုင်နက် ဖြစ်ပွါးခဲ့သော တိုက်ပွဲကြောင့် ထိုင်းနိုင်ငံထဲသို့ ခိုလှုံရောက်ရှိနေသော မြန်မာ စစ်ပြေးဒုက္ခသည် (၂၀၀၀၀)နှစ်သောင်းခန့် အဂါင်္နေ့တွင် နေရပ်သို့ပြန်ကြပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါတိုက်ပွဲသည် အနှစ်၂၀ အတွင်း ပထမအကြိမ်ကျင်းပသည့် မြန်မာ့ရွေးကောက်ပွဲပြီးနောက် အချိန်မရွေး ပေါ်ပေါက်လာနိုင်သော မတည်ငြိမ်မှုကို အထင်အရှားပြသလိုက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ သည် လည်းစစ်အစိုးရကိုယ်တိုင် စီမံခဲ့သော ဒီမိုကရေစီသို့ သွားရာလမ်း၏ သော့ချက်ကျအဆင့်ဖြစ်သည်ဟုဆို၏။
ပုဂ္ဂိုလ်ရေးအားဖြင့် စစ်အစိုးရ၏ ကိုယ်ပွါးပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တရားဝင်ရလာဒ်အတော်များများ ကြေညာပြီးရုံရှိစဉ် မဲအရေအတွက် ၈၀%၏ ၇၅% ကို အနိုင်ရလိုက်ြ့ပီဟု ၀ါကြွားနေသည်။ နိုင်ငံရေးအတိုက်အခံများကမူ ၎င်းတို့အနိုင်ရလိုက်သော မဲများသည်လိမ်လည်မှုဖြင့် ရရှိခြင်းသာဖြစ်ပြီး အနောက်နိုင်ငံများနည့်းတူ မဲမသမာမှုနှင့် ရွေးကောက်ပွဲမတရားမှုများ ရှိကြောင်း ငြင်းဆိုထားသည်။
တနင်္ဂနွေနေ့က ကရင်တိုင်းရင်းသားသူပုန်များ က ၀င်ရောက်တိုက်ခိုက်ခဲ့သော မြ၀တီနယ်စပ်မြို့တွင် အခြေအနေ ငြိမ်သက်သွားပြီဖြစ်ကြောင်း မြန်မာဖက်က အရာရှိတွေ အာမခံပြောကြားချက်ကို အင်္ဂါနေ့တွင် ထိုင်းအရာရှိတွေ ကကိုးကားပြောဆိုခဲ့သည်။ထိုင်းနိုင်ငံ တက်ခ် ခရိုင် မဲဆောက်မြို့အတွင်းသို့ ထွက်ပြေးရောက်ရှိနေသော မြန်မာစစ်ြေ့ပးဒုက္ခသည်များကို အင်္ဂါနေ့နောက်ပိုင်းတွင် နေရပ်ပြန်ပို့မည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး စမာတ်လွိုင်ဖှါ ကပြောသည်။
သို့သော် မြ၀တီမြို့တောင်ဖက် မိုင်၁၀၀ ဝေးသော ဘုရားသုံးဆူ ဖြတ်ကူးစခန်းတွင် တိုက်ပွဲများဆက်လက်၍ဖြစ်ပွါးနေကြောင်း ထိုင်းအရာရှိများက ပြောသည်။
အင်္ဂါနေညတွင် အင်အား၄၀ မှ၅၀ ခန့်ရှိသော ဒီမိုကရက်တစ်ကရင်ဗုဒ္ဒဘာသာ တပ်နှင့် အင်အား ၁၈၀ ခန့်ရှိ မြန်မာအစိုးရတပ်တို့အကြား တိုက်ပွဲဖြစ်နေကြောင်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးမှူးနတာဖွန် ၀ိချိယင်ဖရတ် ကပြောသည်။
အသေအပျောက်အားဖြင့် မြန်မာစစ်သားကပစ်ခတ်သဖြင့် ၉ နှစ်အရွယ် မြန်မာမိန်းကလေးတဦး ထိမှန်ပြီး ထိုင်းဆေးရုံတွင်သေဆုံးသွားပြီး ကရင်သူပုန်ကပစ်ခတ်သဖြင့် ၁၃ နှစ်အရွယ်မြန်မာမိန်းကလေးတဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သူက ပြောသည်။
အင်္ဂါနေ့ညတွင် ဒုက္ခသည်ဦးရေ ၃၅၀၀ ခန့် ထိုင်းနယ်မြေတွင် ခိုလှုံလျှက်ရှိပြီး ၎င်းတို့အား ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံးအပါအ၀င် ထိုင်းနှင့် နိုင်ငံတကာအဖွဲ့များမှ အကူအညီများပေးနေကြောင်း နတာဖွန်က ပြောသည်။
ပထမအကြိမ် မြန်မာ့ရုပ်သံလွင့်အစီအစဉ်မှ တရားဝင်ထုတ်ပြန်ချက်အရ ယခုအဖြစ်အပျက်တွင် မြန်မာစစ်အစိုးရအား ၁၀ စုနှစ်ကြာပုန်ကန်နေခဲ့သော ကရင်အမျိုးသား ညီညွတ်ရေးအဖွဲ့(KNU)နှင့် အတူပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
.မြ၀တီမြို့တွင် လူသုံးဦး သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရသွားပြီးး စစ်သားသုံးယောက်နှင့်ရဲးသားတဦး ဘုရားသုံးဆူဖြတ်ကူးစခန်းတွင်သေဆုံးကြောင်း။ထိုင်းဖက်တွင် လူ ၅ ဦးလွင့်စင်လာသော ကျည်ဆံကြောင့် ဒဏ်ရာရသွားကြောင်း သတင်းကဖေါ်ပြသည်။
မြန်မာနိုင်ငံကို စစ်အစိုးရက ၁၉၆၂ ခုကတဲက ဆက်တိုက်နီးပါး အုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိသျှထံမှ ၁၉၄၈ခုနှစ်က လွတ်လပ်ရေးရခဲ့ပြီးသကာလ တိုင်းရင်းသားများက လက်နက်ကိုင် ပုန်ကန်ခဲ့ကြသည်။
"ရွေးကောက်ပွဲတွင် မတရား အနိုင်ကျင့်မှုပြဿနာများ ရှိကြောင်း အစိုးရအတိုက်ခံပါတီက ကန့်ကွက်တောင်းဆိုထားသည်။အစိုးရအတိုက်ခံပါတီဖြစ်သော အမျိုးသားဒီမိုကရက်တစ် အင်အားစုအဖွဲ့ဥက္ကဌ ဦးခင်မောင်ဆွေ က စစ်အစိုးရ၏ ကိုယ်စားပြုပါတီ USDP အားနည်းမျိုးစုံဖြင့် မဲခိုးမှုဖြင့် စွပ်စွဲထားပြီး ဤအတိုင်းဆိုရင် ၎င်းတို့အနေဖြင့် ၉၀%မုချနိုင်မည်ဟု ပြောသည်။
နိုင်ငံအတွင်း ဒုတိယ အကြီးဆုံးပါတီဖြစ်သော တိုင်းရင်းသာစည်းလုံးညီညွတ်ရေးပါတီသည် စစ်အစိုးရနှင့်နီးစပ်သယောင်ထင်ရသော်လည်း ယခုအခါဝေဖန်သူများဖက်က အမှုလိုက်နေကြောင်း သိရှိရသည်။
.“ရွေးကောက်ပွဲဖြစ်စဉ်ကတော့ လုံးဝ ကို မတရားဘူး“ဟု အသက် ၈၂ ရှိသော အငြိမ်းစား ဗိုလ်မှူးချုပ် အေးစံ ကပြောသည်။သူသည် ပါတီ ထိပ်တန်းအရာရှိဖြစ်ပြီး ရွေးကောက်ပွဲ မသမာမှုများနှင့် မမှန်မကန်ပြုကျင့်မှုများ ဖြစ်ပွါးနေသည်ဟု ကန့်ကွက်နေသူတဦးဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အမတ်နေရာ ၉၉၅ဦးဖြင့် ကြံ့ဖွံ့ပါတီမှအမတ်နေရာ ၁၁၁၂ ဦးနှင့်ယှဉ်ပြိုင်လျှက် မိမိတို့သည် စစ်အစိုးရနောက်ခံပြုပါတီအခြားတခု အနေဖြင့် မဲဆန္ဒနယ်မြေများမှ ထောက်ခံသူများ ရရှိလိမ္မည်ဟု မျှော်လင့်ခဲ့သည်။
ရွေးကောက်ပွဲရလာဒ်အများစုကို မထုတ်ပြန်သေးသော်လည်း စစ်အစိုးရမှ ကျားကန်ပေးခံရသော ကြံ့ဖွံ့ပါတီက နေရာတိုင်းအကွက်စေ့ ၀င်ပြိုင်ခဲ့သဖြင့် ၄၈နှစ်ကြာစစ်အစိုးရကို လူထုက ဆန့်ကျင်နေလင့်ကစား အမတ်ဝေစုနေရာ အမြောက်အများကို သိမ်းကြုံးရယူ ရန်ရှိနေသည်

မြန်မာစစ်အစိုးရမှ“ ရွေးကောက်ပွဲကို အလစ်သုတ်လိုက်တာ“ ကို လက်မခံ နိုင်ပါကြောင်း သမတ အိုဘားမားက ပြောကြားပြီး မဲပွဲသည် ပွင့်လင်းမှုမရှိ၊အလုံးစုံပါဝင်ခြင်းလည်းမရှိ ဟုကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသည်။
.အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂသည် မြန်မာစစ်အစိုးရအား အထူးသဖြင့် ညံ့ဖျင်းသော လူ့အခွင့်ရေးမှတ်တမ်းကြောင့် ရှည်ကြာလေးမြင့် အဖြစ်တင်ဝေဖန်နေခဲ့ကြ သည်။ သို့သော်ယခုရွေးကောက်ပွဲကိုမူကား လူတိုင်း ဝေဖန်ခြင်းမရှိပါ။


“ဒါ ကတော့ မြန်မာနိုင်ငံအတွက် ရွေးကောက်တင်မြှောက်ခံအစိုးရဆီသို့ အသွင်ကူးပြောင်းရေး လမ်းပြမြေပုံ ခုနစ်ဆင့်ကို ဖေါ်ဆောင်ရာမှာ အရေးကြီးတဲ့ခြေလှမ်းဖြစ်လို့ အဆိုပြုရင်းကြိုဆိုပါတယ်“ဟု တရုတ်နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဟွန် လေ့ က အင်္ဂါနေ့တွင် ပြောသည်။ ပီကင်းသည် မြန်မာစစ်အစိုးရ၏ အဓိက မဟာမိတ်နိုင်ငံဖြစ်၏။

မြန်မာနိုင်ငံအဖွဲ့ဝင်သော အရှေ့တောင်အာရှ နိုင်ငံများအဖွဲံက “ထူးခြားသော ရှေ့သို့ခြေလှမ်း”အဖြစ် မဲရွေးပွဲအား ကြိုဆိုပါကြောင်း ဗိယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖန်ဂျိယာ ခီယာမ် က နိုင်ငံအုပ်စု သဘာပတိအနေနှင့် သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားသည်။
.တနင်္ဂနွေနေ့ရွေးကောက်ပွဲသည် ၁၉၉၀ခု နှစ် က ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ပါတီ (ယခုသပိတ်မှောက်ထား)အနိုင်ရပြီးစဉ်ကတဲက ပထမအကြိမ်ကျင်းပခြင်းဖြစ်သည်။
ဒေါ်စုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းသည် လာမည့်စနေနေ့တွင် ကုန်ဆုံးတော့မည်ဖြစ်ပေမဲ့လည်း သူမလွတ်မြောက်ရေးကိစ္စကို စစ်ခေါင်းဆောင်ကြီးတွေက နှုတ်ုဆိတ်နေသည်။စစ်အစိုးရက တိုင်းရင်းသားတို့အား ကိုယ်ပိုင်ပြဌန်းခွင့် အနဲအကျဉ်းသာ ပေးထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို လက်ခံရန် ဖိအားပေးနေပါသဖြင့် ပြည်တွင်းစစ် ဖြစ်လာနိုင်ကြောင်း လူ့အခွင့်အရေးအစုအဖွဲ့များက သတိပေးထားသည်။ လူအင်အားတောင့်တင်းသော လက်နက်ကိုင်သူပုန်အုပ်စုများက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ငြင်းဆိုခဲ့သည်။
အကယ်၍ စစ်အာဏာရှင်တွေက လက်နက်မချသည့် တိုင်းရင်းသားသူပုန်များအား စစ်ဆင်ရေးအတိုင်း ထိုးစစ်ဆင်ပါက ယခုတိုက်ပွဲဟာ အစပျိုး တိုက်ပွဲငယ်ဘဲ ဖြစ်မယ်”ဟု .ယူကေ နိုင်ငံခြေစိုက် မြန်မာနိုင်ငံ စည်းရုံးလှုပ်ဆော်ရေးတိုက်ပွဲဝင်အဖွဲ့က တနင်္ဂလာနေ့သဘောထားထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြ သည်။
ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအုပ်စုများက မြန်မာနိုင်ငံ စစ်အစိုးရ၏လုပ်ရပ်ဖြစ်သော မတရားသတ်ဖြတ်မှုမုဒိန်းကျင့်မှုညှင်းပန်းနှိပ်စက်မှုအဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့်ကျေးရွာများမီးရှို့ဖျက်ဆီးမှုအစရှိသည်တို့ကို အသေးစိတ်စာရင်းဖေါ်ပြသည်။
မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာသော လုပ်ရပ်ကြောင့်ထိုင်းနိုင်ငံမှ မြန်မာ့တိုင်းရင်းသားဒုက္ခသည် ၂၅၀၀၀ ခန့် နေရာချခဲ့ပြီးဖြစ်သည်။

N Thaung
အေပီသတင်း မြန်မာပြန်
နိုဝင်ဘာလ ၉ရက်၊ ၂၀၁၀ခုနှစ်

Online:
http://www.burmaelectiontracker.org

ကြိုတင်မဲမနှိပ်စက်ခင်မနက်စောစောပိုင်းကဒီလိုပါ...

Early Results

ရှမ်းပြည်တပ်မတော်(၀တီ+သုံးဆူ)ကြေငြာချက်

Statement on Battle Between DKBA and SPDC

Protesters demand human rights, end of military regime in Burma

10 Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/we98dae0kkwocuo/Nov%2010%202010%20yeyintnge%27sdiary.pdf

http://www.mediafire.com/file/225r8q6b64ro4ab/Nov%2010%202010%20yeyintnge%27sdiary.doc

Nov 10 2010 Yeyintnge'Sdiary

၄၁၄ နဲ့ ၄၁၃ ကြံဖွတ်ကိုရိုက်....

Pyinmana_based_LIB_414_and_LIB_415_soldiers_and_officers_beat_up_USDP__USDP_hiding

မဲမသမာမှုက အရုပ်ဆိုး(ဦးဝင်းတင်)


ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံနဲ့ ခွပ်ဒေါင်း အစစ်အမှန်တို့ရဲ့ အောင်ပွဲ ဖြစ်တယ်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
နိုဝင်ဘာ ၁၀၊ ၂၀၁၀
၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကို မတ်လကတည်းက သပိတ်မှောက်ထားတဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကို မိုးမခက ဆက်သွယ်ပြီးတော့ လက်ရှိ ရွေးကောက်ပွဲ အရှုပ်အထွေး၊ ပဋိပက္ခများအပေါ် ထင်မြင်ချက်ကို တောင်းခံခဲ့ပါတယ်။


         ဆရာက တိုတိုတုတ်တုတ်ပဲ
“အခုအရေးအခင်းမှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေ ရှုံးသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတဲ့ ပွဲဖြစ်တယ်။ အင်န်အယ်ဒီပါတီ အနိုင်ရသွားတယ်။ ၈၈ အရေးတော်ပုံကြီးနဲ့ ခွပ်ဒေါင်း အစစ်အမှန်တွေ နိုင်တဲ့ ပွဲ ဖြစ်တယ် …”
လို့ ပြောလိုက်ပါတယ်။
“လျပ်တပြက်သုံးသပ်ချက်ပဲ ဆိုဆို၊ အကြမ်းသုံးသပ်ချက်ပဲ ဆိုဆို တိုတိုပြောရရင်၊ ရွေးကောက်ပွဲဟာ ပြီးသွားပြီ။ ပြီးသွားတဲ့ အခါကျတော့ ပြဿနာတွေ မီးမွှေးပြီး ကျန်ရစ်ခဲ့တယ်ပေါ့။ တန်းလန်းတွေပေါ့။ ဟုတ်လား။ ဟိုပါတီ ဒီပါတီက မဲခိုးလို့တို့၊ Free & Fair Election မဖြစ်ဘူးတို့။ တကယ်တမ်းကျတော့ ရွေးကောက်ပွဲကို ဓမြတိုက်တာပဲ။ ဒီကိစ္စတွေကတော့ သီးခြားကိစ္စပါပဲ။
ဒါ့အပြင် နောက်ပိုင်းမှာလဲ အနယ်နယ် အရပ်ရပ်က အမှုပေါင်းများစွာက ဘယ်အချိန်မှာ ဘာတွေ ဘယ်လို ပေါ်လာကြဦးမယ် မသိဘူး။ ဟုတ်လား။ အခုကျတော့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ကြုံးဝါးတဲ့သူက ကြုံးဝါး။ တချို့ကတော့ အစိုးရကို တရားစွဲမယ်လို့ ကြုံးဝါးတဲ့သူကလည်း ကြုံးဝါး။ ထားလိုက်ပေါ့ ပြီးပါပြီး။ သူတို့ဖာသာသူတို့ လုပ်ချင်တာ လုပ်မှာပဲလို့ ပြောတဲ့သူကလည်း ပြော။ မျိုးစုံ ဖြစ်ကျန်ခဲ့တာပေါ့ကွာ။
အခုဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကြားထဲမှာ မကျေနပ်တာတွေအပြင် ပြည်တွင်းစစ်လိုမျိုး တိုက်ပွဲတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီတော့ ရွေးကောက်ပွဲအပြီးမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြီး သုံးသပ်ဖို့ လိုလိမ့်မယ်။
ကျနော်တို့အနေနဲ့ တိုတိုတုတ်တုတ်သုံးသပ်ရရင် စစ်အစိုးရဟာ ဒီရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးသွားပြီ။ ဒီလိုမျိုး မြင်ကြရမယ်။
ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲဟာ အောင်မြင်မှုကြီးတခုအဖြစ် ကမ္ဘာကို ပြချင်တယ်။ သူတို့ကလည်း ကောင်းကောင်း ကျင်းပတယ်။ လူတွေကလည်း ပျော်ပျော်ကြီး ဆင်နွှဲကြတယ်။ သူတို့ရဲ့ ဘ၀သစ်အတွက် ရွေးချယ်ကြတယ်လို့ ကမ္ဘာာကို ပြချင်တယ်။ ဒါပေမယ့် ဘာဖြစ်သွားသလဲ ဆိုတော့ သူတို့ပြစေချင်သလို မြင်စေချင်သလို ဖြစ်မလာခဲ့ဘူး။
ရွေးကောက်ပွဲမှာ မဲပေးသူနှုန်းဟာ အလွန်နဲတယ်။ မဲပေးသူတွေက တတိုင်းပြည်လုံးမှာ ပျမ်းမျှခြင်း ၃၀ % ကနေ ၂၀ %လောက်အထိပဲ ရှိတယ်။ လူတွေက မဲတွေ မပေးကြဘူး။ လူတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀ိုင်းပြီး ထောက်ခံပြီး ဆင်နွှဲခြင်း မရှိဘူး။ ဒါကို စစ်အစိုးရက မပြနိုင်တော့ဘူး။ မအောင်မြင်ဘူး။ ရှုံးသွားတယ်။ အဓိကရှုံးတဲ့သူဟာ စစ်အစိုးရပဲလို့ ကျနော်တို့က ပြောကြတယ်။
ဒါဆိုရင် နိုင်တဲ့သူက ဘယ်သူလဲလို့ မေးကြရင် နိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ လို့ ပြောချင်တယ်။ ဘာလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သည်ရွေးကောက်ပွဲမှာ မဲမပေးချင် မပေးကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲမှာ မပါဝင်ဘူး။ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ လှုံဆော်တယ်။ မဲမပေးလဲ နေနိုင်ခွင့် ရှိတယ်လို့ ပြောတယ်။ သည်လှုပ်ရှားမှုဟာ မြန်မာပြည် ကျေးလက်တောရွာတွေအထိ ပြန့်နှံ့ပြီးတော့ တောင်တန်းဒေသ၊ နယ်စွန်နယ်ဖြားတွေအထိ ဒီသဘောထားဟာ ပြန့်နှံ့သွားတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ အဓိက နိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီဖြစ်တယ်လို့ သုံးသပ်တယ်။
နောက်တမျိုး သုံးသပ်တာက ဘာလဲဆိုတော့ - တိုင်းရင်းသားပါတီတွေကနေပြီးတော့ သူတို့ရဲ့ ပြည်နယ်ဒေသကို အခြေခံပြီး အမျိုးသားလွှတ်တော်မှာ ၀င်ရောက်ပြီးတော့ ကြံ့ဖွံ့ပါတီအပေါ်မှာ အောင်ပွဲခံမှုတွေကတော့ တပိုင်းပေါ့။ ဒါတွေကို အသာထားပြီးတော့ ပြည်မမှာ ကြည့်ကြမယ် ဆိုရင် အင်န်ဒီအက်ဖ်လို ပါတီမျိုးက သူတို့တွေက အစကတော့ နိုင်နေတာ၊ ကြိုတင်မဲတွေကြောင့် ရှုံးသွားတာလို့ ပြောကြတယ်။
ဒါပေမယ့် လူတွေက ဘယ်လို သုံးသပ်သလဲဆိုတော့ အင်န်ဒီအက်ဖ်နိုင်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပဲ နိုင်တာ၊ ဘာကြောင့်လဲဆိုတော့ အဲသည်ပါတီက ဒေါ်အောင်ဆန်းစုကြည်ပုံတွေသုံးတယ်၊ အင်န်အယ်ဒီရဲ့ ခမောက်ပုံတွေကို သုံးတယ်။ ဒါတွေကို သုံးစွဲပြီး လုပ်တာကြောင့် သူတို့တတွေဟာလည်း ကိုယ်ပိုင်အရည်အချင်းနဲ့ နိုင်တာမဟုတ်ဘူး။
နောက်တချက်ပြောရရင်လည်း ၈ လေးလုံး အရေးတော်ပုံကြီးက နိုင်တယ်လို့ ပြောချင်တယ်။ အခုရွေးကောက်ပွဲဝင်တဲ့သူတွေက သူတို့ကိုယ်သူတို့ ၈၈ မျိုးဆက်တို့၊ ဘာတို့၊ ခွပ်ဒေါင်းတို့ ဘာတို့ စသည်ဖြင့် ပြောဆိုပြီး သုံးစွဲပေမယ့် သူတို့တတွေဟာ အနိုင်မရကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေက အတုအယောင်တွေသာ ဖြစ်တယ်။ အနိုင်မရကြဘူး။ တကယ်တမ်းကျတော့ မြန်မာပြည်ကြီးရဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ် အစစ်အမှန်တွေကသာ ဒီရွေးကောက်ပွဲကို အနိုင်ယူလိုက်တယ်လို့ သုံးသပ်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ဒီမိုကရေစီအင်အား အစစ်အမှန်တွေက သည်ရွေးကောက်ပွဲကြီးမှာ အနိုင်ရလိုက်တယ်ဆိုတာက ဘာနဲ့ အလားသဏ္ဍန်တူသလဲ ဆိုတော့ - ဖဲဝိုင်းတွေမှာဆိုရင် ဒီမိုကရေစီအင်အားအစစ်အမှန်တွေက ၀ိုင်းထဲမှာ အိမ်အပြည့် နေရာယူပြီး ထိုင်ကစားနေတာပါ။ အင်န်ဒီအက်ဖ်လိုမျိုးတွေ၊ ၈၈ အတုအယောင်တွေ၊ ခွပ်ဒေါင်းအတုအယောင်တွေက ၀ိုင်းထဲမှာ အပြည့်ဝင်မကစားနိုင်လို့ ဘေးကနေ ၀င်ထိုးတဲ့ သဘောသာသာလောက်ပါ။ ဘေးကနေ တဆယ်ထိုး၊ ငါးကျပ် ထိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့က ရာနဲ့ ထောင်နဲ့ ချီပြီး ထိုးနေတာကို ဘေးကနေ ၀င်ထိုးနေတာမျိုးပေါ့။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်တွေ၊ ခွပ်ဒေါင်းတွေ အနိုင်ရကြရင် သူတို့လည်း သည်ဟာကို မှီခိုပြီးတော့ စားရမလားလို့ ဘေးထိုးကြတဲ့သူတွေပါ။
အဲသည်မှာ သည်ရွေးကောက်ပွဲကြီးမှာ ဘယ်လိုပဲဆိုဆို ဘေးထိုးသားတွေအနေနဲ့ သူများ နံမယ်တွေ ပုံတွသုံးပြီး နိုင်ကြတယ်ပဲ ထား။ သူတို့က အစစ်အမှန်မဟုတ်တဲ့အခါကျတော့ ဘေးထိုးသားတွေ နိုင်တာကို ဖဲဝိုင်းမှာ လူမိုက်က ၀င်လုသွားတာကို ခံလိုက်ရတဲ့ သဘောပါပဲ။ ဒီလောက်ပဲ ကျနော်တို့က မြင်တယ် လို့ ဆိုချင်ပါတယ်။
ကျနော်တို့တတွေကတော့ အစကတည်းက ပြောထားတဲ့ လမ်းစဉ်အတိုင်းပဲ ပြည်သူတွေနဲ့၊ မြန်မာပြည်တွင်းက တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ဒုတိယပင်လုံညီလာခံကြီး ကျင်းပပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းအောင် ဆက်လက် ဆောင်ရွက်သွားကြရမှာပဲ လို့ ပြောချင်ပါတယ်။
        
(ဆရာဦးဝင်းတင်နဲ့ မိုးမခတို့ နိုဝင်ဘာ ၁၀၊ နံနက်ခင်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရုံး တည်ရှိရာမှာ ပြောဆိုခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။)

တပါတီစနစ် ပြန်ဖြစ်ဦးမည်လော

တပါတီစနစ် ပြန်ဖြစ်ဦးမည်လော

E-mail Print
Share/Save/Bookmark ယနေ့အထိ ဧရာဝတီက ရရှိထားသော မဲအနိုင်အရှုံး စာရင်းများအရ အနိုင်ရ အရပ်သား ပါတီများ၏ ပါလီမန်အတွင်း ၀င်ရောက် နိုင်ခွင့်မှာ ၁၀ ရာခိုင်နှုန်းမျှပင် မရှိသေးသဖြင့် ၁၉၆၂ ခုနှစ်အလွန် တပါတီစနစ် တရပ်ဆီ ပြန်သွားနေပြီလောဟု မေးခွန်းထုတ် စရာဖြစ်နေသည်။

ကြံ့ဖွံ့ပါတီကမူ တနိုင်ငံလုံး အတိုင်းအတာဖြင့် ၈၀ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရရှိကြောင်း ကြံ့ဖွံ့ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတဦးကို ကိုးကားကာ အေအက်ဖ်ပီ သတင်းဌာနတွင် ယမန်နေ့က ဖော်ပြထားသည်။

ဥပဒေပြုနိုင်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း - ၆၆၄  
စစ်တပ်ကိုယ်စားလှယ် ၁၆၆
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၂၁
အမျိုးသားဒီမိုကရေစီအင်အားစု ၁၂
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၁၆
အခြားပါတီများ ၂၀
ယခုစာရင်းအရ ကြံ့ဖွံ့ပါတီက ရယူထားသည့် အရေအတွက် ၄၂၉


Pai-Chart-02ဥပဒေပြုခွင့်ရှိသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်းတွင် အရပ်သားပါတီများက ၆၉ နေရာသာ နေရာ ယူထားနိုင်သေးသည်။ အဆိုပါ လွှတ်တော် ၂ ရပ်၌ နေရာ စုစုပေါင်း ၆၆၄ နေရာ ရှိကာ စစ်တပ်က အလိုအလျောက် ၁၆၆ နေရာ ရယူထားပြီး ဖြစ်သည်။

သို့ဖြစ်ရာ ဥပဒေပြုနိုင်ခွင့်ရှိသည့် လက်ကျန် ၄၉၈ နေရာသည် စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီ၏ နေရာဖြစ်သွားပြီ လောဟု တွေးဆ စရာဖြစ်နေသည်။ ရွေးကောက်ပွဲအပြီး နောက်တရက်တွင် ကော်မရှင်က ထုတ်ပြန်လိုက်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင်လည်း ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများက မင်းမူထားသည်။

နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲသည် ကြိုတင်မဲမသမာမှုအပါအ၀င် မတရားမှုများစွာ ရှိနေသည်ဟု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အရပ်သားပါတီများက ထုတ်ဖော်ပြောဆိုလာကြပြီး ကန့်ကွက်မှုများ ၊ မဲရလဒ်ကို လက်မှတ်ထိုးမပေးမှုများ ဖြစ်ပေါ်နေသဖြင့် ယခု အချိန်ထိ အနိုင်အရှုံးစာရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ကြံ့ဖွံ့ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဦးကမူ ကြိုတင်မဲကိစ္စသည် ရွေးကောက်ပွဲကော်မရှင် ကိစ္စသာဖြစ်၍ ၄င်းတို့နှင့်မဆိုင်ဟု ယမန်နေ့က VOA သတင်းဌာနနှင့် အင်တာဗျူးတွင် ငြင်းဆိုထားသည်။

သို့သော် အရပ်သားပါတီတခုဖြစ်သည့် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးက“မသမာတဲ့ ကြိုတင်မဲတင် မကဘူးဗျ။ မဲရုံထဲမှာ ခြိမ်းခြောက်ပြီး ကြံ့ဖွံ့ပါတီကို မဲပေးခိုင်းတာ ၊ ကော်မရှင်အဖွဲ့ဝင်တွေက ကြံ့ဖွံ့ပါတီရဲ့ မဲရုံစောင့်တွေကို မလွန်ဆန်နိုင် တာတွေ အပါအ၀င် သက်မပြည့်တဲ့သူတွေကို မဲပေးခိုင်းတာ ၊ လူတဦးတည်းက အကြိမ်ကြိမ် မဲလာပေးနေတာ ၊ ကျနော်တို့ ဒီမိုကရက်တစ်တွေကို မဲပေးနိုင်မယ့်သူတွေကို မဲပေးခွင့်စာရင်းကနေ ချန်ထားခဲ့တာတွေ အများကြီးဖြစ်ခဲ့တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် ပဲခူးတိုင်းမှ ၀င်ရောက်အရွေးချယ်ခံသော အရပ်သား လွှတ်တော် ကိုယ်စားလှယ်လောင်းများ စုပေါင်း၍ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပြီဖြစ်သည်။

ကျန်အရပ်သားပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)နှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) တို့ကလည်း တရား မျှတမှုမရှိသည့် ရွေးကောက်ပွဲကို တုံ့ပြန်သွားရန် စီစဉ်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကို စောင့်ကြည့်ပြီး အစီရင်ခံစာတစောင် ထုတ်ပြန်ရန် ပြင်ဆင်နေသည့် Myanmar Network for free Election အဖွဲ့မှ ကိုမျိုးရန်နောင်သိမ်းက အခြေအနေများသည် လွန်စွာရှုပ်ထွေးနေပြီး မတရားမှုများလည်း များစွာရှိနေသည်ဟု ဆိုသည်။

“ကျနော်တို့ရှိနေတဲ့ ကမာရွက်မြို့နယ်မှာဆို မဲရုံ ၃၇ ရုံရှိတယ်။ အဲဒီအထဲက မဲရုံ ၃၂ ရုံက ရေတွက်ရမယ့်မဲတွေ အရင် ရောက် လာတယ်။ ကျန်တဲ့ ၅ ရုံလောက်က ကော်မရှင်ရုံးကို ရောက်မလာသေးဘူး။ ရောက်လာတဲ့ဟာကို အရင် ရေတွက်နှင့်တော့ NDF ပါတီက နိုင်နေတယ်။ အဲဒီမှာ ကြိုတင်မဲဆိုပြီး ၀င်လာတဲ့ဟာတွေကို ရေတွက်တော့လည်း NDF ကနိုင်နေတုန်းပဲ။ ကြိုတင်မဲနဲ့ လည်း မနိုင်တော့ဘူးဆိုတော့ သူတို့ စလိမ်ပြီ။ ကျန်တဲ့မဲရုံ ၅ ရုံက မဲရုံစောင့် ဆရာ ၊ ဆရာမတွေ ပြန်သွားတဲ့အချိန်ကို စောင့်ပြီး ပုံစံ ၁၆ က ဖြည့်ထားတဲ့ ဂဏန်းတွေကိုပါ လိမ်ပြီး မြို့နယ်ကော်မရှင်ကို ပို့တော့တာ”ဟု ကိုမျိုးရန်နောင်သိမ်းက ရှင်းပြသည်။

နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို လက်မခံဘဲ ကျင်းပခဲ့သော နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသည် ရှုပ်ထွေးမှုများဖြင့် လုံးထွေးနေပြီး ယနေ့အချိန်ထိ မဲအနိုင်အရှုံးစာရင်းကို ရှင်းလင်း ပြတ်သားစွာမကြေညာနိုင်သေးသော်လည်း ကွန်မြူနစ် နိုင်ငံများဖြစ်သည့် တရုတ်နှင့် ဗီယက်နမ် နိုင်ငံတို့ကမူ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း ထုတ်ဖော် ပြောဆိုနေသည်မှာ ရှက်ဖွယ်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် အရပ်သား ပါတီ ခေါင်းဆောင်များက ပြောဆိုသည်။http://www.irrawaddy.org/bur/index.php/news/4792-2010-11-10-11-33-02