Thursday, November 11, 2010

11 Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/euiqv3bzl1liccm/11%20Nov%202010%20Yeyintnge%27s%20Diary.pdf

http://www.mediafire.com/file/k624jm9kbycr8k9/11%20Nov%202010%20Yeyintnge%27s%20Diary.doc

11 Nov 2010 Yeyintnge's Diary

"သွေးချင်းတို့ရေ စည်းလုံးညီညွတ်ကြဖို့ အချိန်တန်ပြီ"

Turn On Ideas
Thursday, November 11, 2010 at 12:35pm

အခုဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကြားထဲမှာ မကျေနပ်တာတွေအပြင် ပြည်တွင်းစစ်လိုမျိုး တိုက်ပွဲတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီတော့ ရွေးကောက်ပွဲအပြီးမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြီး သုံးသပ်ဖို့ လိုလိမ့်မယ်။

အခုကျတော့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ကြုံးဝါးတဲ့သူက ကြုံးဝါး။ တချို့ကတော့ အစိုးရကို တရားစွဲမယ်လို့ ကြုံးဝါးတဲ့သူကလည်း ကြုံးဝါး။ ထားလိုက်ပေါ့ ပြီးပါပြီး။ သူတို့ဖာသာသူတို့ လုပ်ချင်တာ လုပ်မှာပဲလို့ ပြောတဲ့သူကလည်း ပြော။ မျိုးစုံ ဖြစ်ကျန်ခဲ့ပါတယ်။

ကျနော်တို့အနေနဲ့ တိုတိုတုတ်တုတ်သုံးသပ်ရရင် စစ်အစိုးရဟာ ဒီရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးသွားပြီ။ ဒီလိုမျိုး မြင်ကြရမယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ အောင်မြင်မှုကြီးတခုအဖြစ် ကမ္ဘာကို ပြချင်တယ်။ သူတို့ကလည်း ကောင်းကောင်း ကျင်းပတယ်။ လူတွေကလည်း ပျော်ပျော်ကြီး ဆင်နွှဲကြတယ်။ သူတို့ရဲ့ ဘ၀သစ်အတွက် ရွေးချယ်ကြတယ်လို့ ကမ္ဘာကို ပြချင်တယ်။
ဒါပေမယ့် ဘာဖြစ်သွားသလဲ ဆိုတော့ သူတို့ပြစေချင်သလို မြင်စေချင်သလို ဖြစ်မလာခဲ့ဘူး။

ရွေးကောက်ပွဲမှာ မဲပေးသူနှုန်းဟာ အလွန်နဲတယ်။ မဲပေးသူတွေက တတိုင်းပြည်လုံးမှာ ပျမ်းမျှခြင်း ၃၀ % ကနေ ၂၀ %လောက်အထိပဲ ရှိတယ်။ လူတွေက မဲတွေ မပေးကြဘူး။ လူတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀ိုင်းပြီး ထောက်ခံပြီး ဆင်နွှဲခြင်း မရှိဘူး။ ဒါကို စစ်အစိုးရက မပြနိုင်တော့ဘူး။ မအောင်မြင်ဘူး။ ရှုံးသွားတယ်။ အဓိကရှုံးတဲ့သူဟာ စစ်အစိုးရပဲ...

(ကောက်နုတ်ချက် from ဦးဝင်းတင်နဲ့ မေးခွန်းများ
http://www.facebook.com/notes/yeyint-nge/-/453606904314)

No vote  ပဲဖြစ်ဖြစ် I vote ပဲဖြစ်ဖြစ် သေသေချာချာစဉ်းစားကြည့်ရအောင်ပါ။
ရွှေးကောက်ပွဲကို နအဖက ဘာလို့လုပ်တာလည်း?
ရွှေးကောက်ပွဲမလုပ်ပဲ ဒီအတိုင်းဆက်နေသွားရင်ရော မဖြစ်ဘူးလား?

ကျနော့်အမြင်ကိုတင်ပြကြည့်မယ်နော်-----
သူတို့ ဒီအတိုင်းဆက်နေသွားရင်..
တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲ နက်သထက်ပိုနက်လာမယ်ဆိုတာကို သိတယ်၊ သိကိုသိတယ်။
အဲသလို ဆင်းရဲတွင်းနက်လာလို့ တိုင်းပြည်မှာရှိတဲ့ လူထုက အုံကြွပြီဆို သူတို့ရဲ့နိဂုံးကိုလည်း သဘောပေါက်တယ်။

ဘာလို့ဆင်းရဲတွင်းနက်လာမှာလည်း ----
ဒီနေ့ ကမ္ဘာကြီးမှာ ဘယ်နိုင်ငံမှ အထီးကျန်နေလို့မရတော့ဘူး၊ နေချင်သပဆိုနေကြည့်လေ--

ဘာတွေဖြစ်လာလိမ့်မလည်း…
အထီးကျန်ဖြစ်နေတဲ့ ကျူးဘားလို့ နိုင်ငံပဲကြည့်လိုက်ပါ..
နောက်ဆုံးမခံနိုင်လို့ ပြုပြင်ပြောင်းလည်းရေးတွေလုပ်လာရပြီ၊ ဘယ်ပြည်သူက ကြာရှည်အငတ်ခံနိုင်မှာလည်း၊ ဒုက္ခခံနိုင်မလည်း ပေါက်ကွဲထွက်လာမှာပဲ အဲဒီလို ပေါက်ကွဲမှု့ တွေကြောင့် ဇာတ်သိမ်းမလှတဲ့ အာဏာရှင် သမိုင်းကြောင်းတွေကိုလည်း နအဖ စစ်ခေါင်းဆောင်များမသိဘူးမထင်ပါနဲ့ သိပါတယ်။

အဲဒါကို ကုစားဘို့ နအဖဟာ မှန်မှန်ကန်ကန်မစဉ်းစားပဲ ဆေးမြီးတို နဲ့ကုဘို့ မမှန်ကန်တဲ့ အခြေခံဥပဒေကို မရိုးမသားပြဌာန်းတယ် ၊ ရွှေးကောက်ပွဲလမ်းကိုရွှေးချယ်တယ်။

အဲဒီရွှေးကောက်ပွဲကိုရော မှန်မှန်ကန်ကန်အကောင်ထည်ဖော်ရဲ့လား ၊ မဖော်တာအားလုံးသိနေပါပြီ။

တကယ်တော့ ဒါဟာ ရွှေးကောက်ပွဲ ( Election ) မှမဟုတ်တာ ( Selection ) ရွှေးထုတ်ပွဲပဲ၊  ဒါကိုရွှေးကောက်ပွဲထင်ပြီး လျှောက်မိကြတဲ့သူတွေအတွက်လည်းအပြစ်မဆိုသာပါဘူး၊
အဲသလိုရက်စက်လိမ့်မယ်လိုမှမထင်မိတာ၊

တကယ်တော့ ကမ္ဘာမှာရှိတဲ့ ဘယ်အာဏာရှင်မှ ရက်စက်ဘို့ဝန်မလေးတတ်ဘူးဆိုတာ အစဉ်လာပါ၊ အဲဒီတော့ လက်ရှိ နအဖ ဟာရွှေးကောက်ပွဲကျင်းပပေးရခြင်းဟာလည်း.. နိုင်ငံတကာကိုဝင်ဆန့်ဘို့ကြိုးစားခြင်းသာဖြစ်ပါတယ်။

ဒါမှတိုင်းပြည် ကျဆင်းနေတဲ့ စီးပွားရေးကို လုပ်ဆောင်နိုင်မယ်လို့လွယ်လွယ်တွေးခဲ့တာကိုး၊ တနည်းအားဖြင့် ကမ္ဘာကြီးကို အချဉ်လို့ထင်မိတာကို၊ သူတို့ ထင်သလို ကမ္ဘာကြီးကရောချဉ်ပါသလား၊ အခုရွှေးကောက်ပွဲရလာဒ်ကို ထောက်ခံလိမ့်မယ်လို့ထင်ပါသလား၊ တကယ်တော့ နအဖ အကြံက နိုင်ငံတကာစီးပွားရေးတွေမြန်မာမှာဝင်ရောက်လာဘို့ ၊ အဲဒါမှတိုင်းပြည်စီးပွားရေးတိုးတက်မယ်၊ အဲဒါမှ လူထုအုံကြွမှု့မဖြစ်မယ်။

သူတို့အေးအေးလူလူတသက်စာအုပ်ချုပ်သွားနိုင်မယ် ဒီလိုတွေးတာကိုး၊ သူတို့တွေးသလို ထင်သလိုဖြစ်လာလိမ့်မယ်လို့ ခင်ဗျားတို့ယုံကြည်ပါသလား၊ အခုရွှေးကောက်ပွဲမှာ ကြံ့ဖွတ် ၈၀%မကလို့ ၁၀၀%အပြည့်နဲ့ပဲနိုင်နိုင် သိပ်ပူစရာမရှိပါဘူး၊ ဒီရွှေးကောက်ပွဲရလာဒ်ကို အဓိက စီးပွားမြှုတ်နှံနိုင်တဲ့ ဘယ်နိုင်ငံကမှထောက်ခံမှာမဟုတ်ဘူးဆိုတာစောင့်ကြည့်ကြည့်ပါ၊

မထောက်ခံတော့ရော ဂရုစိုက်စရာလားလို့မေးခဲ့ရင် ကျနော်ကလည်းပြန်မေးမယ် ဒါလိုခြင်လို့ ဒါလုပ်တာ ဒါမရတော့ ခင်ဗျားတို့လုပ်တဲ့ဟာဘာဖြစ်သွားသလည်း အလကားပဲပေါ့ဆိုရင် ဘာပြောမလည်း

အဲဒီတော့ အချင်းချင် အထင်တွေမမှားကြပါနဲ့နော်၊ တကယ်တော့ နအဖ လုပ်သင့်တာက ရွှေးကောက်ပွဲမဟုတ်ဘူး ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ( ဒီမိုကရက်တစ်အင်အားစုတွေရယ်၊ နအဖရယ်၊ တိုင်းရင်းသားတွေရယ် ) အဲဒီကနေ အမျိုးသားပြန်လည်သင့်မြတ်ရေး အဲဒါတွေပြီးမှ၊ အခြေခံဥပဒေပြဌာန်း၊ပြီးမှရွှေးကောက်ပွဲလုပ်၊ အဲသလိုမလုပ်သမျှ နောက်ထပ် ရွှေးကောက်ပွဲ အကြိမ် ၁၀၀ လုပ် တိုင်းပြည်ဘယ်တော့မှတိုးတက်လာမှမဟုတ်ဘူးဆိုတာယုံပါ၊

ဘယ်နိင်ငံတကာကမှလည်း စီးပွားလာမမြှုတ်နှံဘူး၊ မွဲပြီးရင်းမွဲဖြစ်နေဦးမှာပါပဲ။ အချုပ်ပြောရရင် အဲဒီလမ်းရောက်ဘို့ ဘက်ပေါင်းစုံကကြိုးစားကြပါ၊ တရုတ်လို အာဆီယံလို စီးပွားလာမြှုတ်နှံတာလောက်လေးနဲ့ လူလုံးမလှဘူးဆိုတာကိုလည်းမမေ့ကြပါနဲ့၊     

၈၀% နိုင်တာနည်းပါသေးတယ်၊ ၁၀၀ % နိုင်လည်း ဘာမှမဖြစ်ပါဘူး၊ နအဖ ထင်သလိုဖြစ်မလာပါဘူး၊

(ကောက်နုတ်ချက် from နအဖ ထင်သလို မချဉ်တဲ့ ကမ္ဘာ ( ရေးသားသူ- စစ်မုန်းသူ )
http://www.facebook.com/notes/380194af/-/152431221468644)

ရွေးကောက်ပွဲကြောင့် ကျနော်တို့တွေ အမြတ်များစွာ ရလိုက်ပါတယ်...
နိုင်ငံရေးကို စိတ်ဝင်တစားနဲ့ ကိုယ်ရော စိတ်ပါပေးပြီး လုပ်နေကြတဲ့ ပြည်တွင်းပြည်ပက သွေးချင်းတွေ စုစည်းမိသွားတယ်...
စစ်အာဏာရှင်တွေကို မလိုလားတဲ့ မြန်မာပြည်ကောင်းစားရေးကို လိုလားကြတဲ့သူတွေ အဆက်အသွယ်တွေ ပိုရှိလာကြတယ်...

အမြင်မတူကြတာတွေရှိနေကြပေမယ့်လို့ စေတနာတော့ တူညီကြတာ တွေ့ရတယ်...
အချက်အလက်တွေနဲ့ ကောင်းမွန်စွာ ပြောဆိုဆွေးနွေးခြင်းဖြင့် အမှန်တရားကို ပိုပြီး သိသာထင်ရှားစေကြမယ်...
ဒါကြောင့် အခုလို ရွေးကောက်ပွဲဆိုတာ ဖြစ်လာတဲ့အတွက် ကျနော်တို့ ရလိုက်တဲ့ အကျိုးကျေးဇူးတွေက အဲဒါတွေပဲ။ဒါတွေကို ကျနော်တို့ အကျိုးရှိရှိ အသုံးချတတ်ကြဖို့တော့ လိုလိမ့်မယ်...

ကိုယ့်အယူအဆနဲ့ ယုံကြည်ချက်ကို လေးနက်စေချင်တာကြောင့် သိပ်အစွန်းရောက်တဲ့ စကားတွေကိုတော့ ချင့်ချိန်ပြီးမှ ပြောကြစေချင်တယ်...မပြောခင် မှားယွင်းနေနိုင်မယ်ထင်ရင် သေချာပြန်စဉ်းစားပြီးမှ ပြောဆိုစေချင်တယ်...
ကိုယ့်စကားတစ်ခွန်းကြောင့် မသိနားမလည်တဲ့သူတွေ အမှတ်မမှားကြစေဖို့ သိပ်ကို အရေးကြီးပါတယ်...
အတ္တတွေကို တတ်နိုင်သလောက် လျော့ချပြီး ရိုးသားကြဖို့ လိုပါတယ်...

အကြိမ်ကြိမ် ပြောဖြစ်နေတဲ့ စကား၁ခုကို အလေးအနက်ထားပြီး ထပ်ခါပြောပါမယ်...

အခု ကျနော်တို့အားလုံး စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ကြိုးပမ်းနေကြရာမှာ အရေးအကြီးဆုံးနဲ့ အမြန်ဆုံး လိုအပ်နေတာ အမျိုးသားစည်းလုံးညီညွတ်ရေးပါ...
ဒါကို လုပ်ဆောင်ကြတဲ့ အခါမှာလည်း မသိပဲ ယောင်ဝါးဝါးလုပ်ကြမှာထက် သေချာရှင်းလင်းတိကျစွာသိပြီး လုပ်မှ ပိုကောင်းမှာ ဖြစ်သလို၊ ပိုပြီးလည်း အကျိုးကျေးဇူးများနိုင်ကြမှာ ဖြစ်ပါတယ်...

ဦးတည်ချက်တွေ ပြတ်သားလာမယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာမယ်...
ဒါဟာ သိပ်ကို အရေးကြီးပါတယ်...

ဒါကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် အထူးသဖြင့် ပြည်တွင်းက သွေးချင်းတွေကို နိုင်ငံရေး အသိအမြင်တွေ ကြွယ်ဝအောင် လုပ်ပေးကြပါ...တစ်ဦးတစ်ယောက်စီက ကိုယ်နဲ့နီးစပ်ရာတွေကို တာဝန်ယူပြီး လုပ်ပေးကြပါ...
သတင်းအချက်အလက်တွေ ဖြန့်ဝေပေးရင်း နိုင်ငံရေးကို မျက်ခြေမပြတ်အောင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ...

တရားဥပဒေစိုးမိုးပြီး အေးချမ်းသာယာသော ခေတ်မီတဲ့ မြန်မာနိုင်ငံတော်ကြီးဖြစ်အောင် ကျနော်တို့ သွေးချင်းညီအစ်ကို မောင်နှမတွေ ကြိုးစားကြရအောင်လား...

ကြည့်ကြစမ်းပါအုံး သွေးချင်တို့ရေ... ဘယ်လောက်လှပြီး ချစ်စရာကောင်းတဲ့ နိုင်ငံကြီးလည်း ဆိုတာ...
စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ပြန်လည်ထူထောင်ရေးလုပ်ကြရအောင် စည်းလုံးညီညွတ်ကြမယ်လေ...
http://www.facebook.com/reqs.php?fcode=952c080de&f=1290972622#!/notes/turn-on-ideas/-/131925906860689

အမေရိကန် ရေတပ် အုပ်စု မြန်မာ့ ရေပိုင်နက် နားတွင် အသင့်ရှိနေတော့မည်

မြန်မာ နိုင်ငံ၏ ပကတိအခြေအနေသည် ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေး အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်နေ၍ အမေရိကန် ရေတပ် အုပ်စု မြန်မာ့ ရေပိုင်နက် နားတွင် အသင့်ရှိနေတော့မည်
November 11, 2010

မြန်မာ နိုင်ငံ ၏ ရွေးကောက်ပွဲလွန် ကာလ အခြေအနေများသည် ဒေသတွင်း နိုင်ငံများ ၏ လုံခြုံရေး အတွက် ပါ စိုးရိမ် ဖွယ်ရာ ဖြစ်နေ သဖြင့် ထိုင်း ရေပိုင် နက် အတွင်း နှင့်တောင်တရုတ် ပင်လယ်တွင် ရှိနေသော အမေရိကန် စစ်သင်္ဘော အချို့ သည် မြန်မာ ရေပိုင် နက် အနီးတွင် မကြာခဏကင်းလှည့်ပြီး အသင့်အနေအထား ရှိနေတော့ မည် ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော် မှအကြီး
တန်း အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား လက်နက် ကိုင်များ အရေးသည် နိုင်ငံ၏ ပြည်တွင်းစစ်အသွင် ဆောင်သွား နိုင်ကာ ဆက်စပ်လျှက် ရှိသော နိုင်ငံများ ၏ လုံခြုံရေး ကိုပါ ထိပါးနိုင်သည့် အခြေအနေရှိ သောကြောင့် အမေရိကန် ရေတပ်က နိုင်ငံရေပိုင် နက်တွင် ပုံမှန်ကင်းလှည့်မှု ပြုပြီး အသင့် အနေအထား ဖြင့် အနီးကပ် စောင့်ကြည့် မည်ဟု သိရသည်။

မြန်မာ နိုင်ငံ အရှေ့ တောင်ဘက်ခြမ်း တွင် ဖြစ်ပွားလျှက် ရှိသည့် လူမျိုးစု ဒေသန္တရ စစ်ပွဲတွင် လက်နက် ကြီးများ ပစ်ခတ်မှု သည် အိမ်နီးချင်း ထိုင်းနိုင်ငံ ထဲ ထိပါကျရောက်လျှက်ရှိကာ ဒုက္ခသည် များ အစုလိုက် အပြုံလိုက် ထွက်ပြေး ရမှု သည် ဆယ်စုနှစ် နှစ်စု အတွင်း
အိန္ဒိယ အရှေ့ ဘက်ခြမ်း အာရှ တွင် ပထမ ဦးဆုံး အကြိမ် ဖြစ်သည် ဟု ဥတပေါ လေဆိပ်တွင် တာဝန် ထမ်းဆောင် သည့် အမေရိကန် စစ်ဘက်ဆိုင်ရာ ၀န်ထမ်း တစ်ဦးကFreedom News Group သို့ ပြောသည်။

တာဝေးပစ် ဒုံးကျဉ်များ ဖြင့် ပါ စစ်ရေးလေ့ကျင့်မည့် ရွှေမြွေဟောက် အမည်ရှိပူးတွဲစစ်ရေး လေ့ကျင့် မှု တစ်ခုကို ထိုင်းနှင့် အမေရိကန် ပူးတွဲ၍ ထိုင်းပင်လယ်ပြင်တွင် စတင်တော့မည် ဟု သတင်းရရှိသည်။

ထိုင်း- ကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုဥထိုင်းတော်ဝင်အမှတ် ၃ တပ်မတော်နဲ့ အမေရိကန်ကမ်းတက်တပ်ဖွဲ့၈၄ တို့ ပါဝင်မည် ဖြစ်သည်။
http://freedomnewsgroup.com/

ရွေးကောက်ပွဲ နဲ့ မျှော်လင့်ချက်များ



ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 10 နိုဝင်ဘာ 2010

နှစ်ပေါင်း (၂၀) အတွင်း မြန်မာစစ်အစိုးရ ပြုလုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ ရွေးကောက်ပွဲ မတိုင်ခင်က လူတချို့  မျှော်မှန်းခဲ့သလို ရွေးကောက်ပွဲကနေ ဒီမိုကရေစီအတွက် နေရာလေးတကွက် ရလာပြီး အဲဒီကမှတဆင့် တိုးချဲ့  သွားလာနိုင်တဲ့အခြေအနေ ဘယ်လောက်တွေ့ရပါပြီလဲ။ ဒီ ရွေးကောက်ပွဲကို မပြစ်ပယ်သင့်ဘူးလို့ ပြောဆိုခဲ့သူ ဥရောပ-မြန်မာရုံး ညွှန်းကြားရေးမှုး ဦးဟန်ယောင်ဝေ ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ဆက်သွယ်မေးမြန်းပြီး ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီ ရွေးကောက်ပွဲမတိုင်ခင်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အမြင် (၂) မျိုး ရှိမယ်ဆိုရင် မှားမယ် မဟုတ်ပါဘူး။ တချို့ ကတော့ ဒီရွေးကောက်ပွဲက ဖြတ်သန်းရမှာပဲ။ ဒီ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ လုံးဝ မဟုတ်တောင်မှ ဒီမိုကရေစီ လမ်းစလေး ပေါ်လာလိမ့်မယ်။ ဒီမိုကရေစီအရေးအတွက် နေရာတနေရာလေးရမယ်။ တဖြည်းဖြည်း ချဲ့ ထွင်သွားရမယ်ဆိုတဲ့ အကောင်းမြင်ချင်တဲ့ လူတချို့  ရှိခဲ့သလို။ တချို့ ကလည်း ဒီ ရွေးကောက်ပွဲက လုံးဝသုံးလို့ ရမှာမဟုတ်ဘူး။ စစ်တပ်ကသာ ဆက်လက်ကြီးစိုးနေမယ်။ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ ဒုက္ခသည်ပြဿနာတွေ၊ နိုင်ငံခြားကို ထွက်ပြေးလာမယ့် ပြဿနာတွေ ပိုများလာမယ်။ တိုင်းရင်းသားတွေနဲ့ ပိုပြီး ပဋိပက္ခတွေ ရှိလာမယ်ဆိုတာတွေလည်း သုံးသပ်ပြောဆိုကြပါတယ်။ အခု ရွေးကောက်ပွဲပြီးလို့ မကြာခင်မှာပဲ အဆိုးမြင်မယ့် လူတွေရဲ့  အမြင်က ပိုမှန်မယ်လို့ တွေ့ရပါတယ်။ ဦးဟန်အနေနဲ့ အကောင်းမြင်ဘက်က ပါခဲ့တဲ့လူ။ ရွေးကောက်ပွဲပြီးရင် ကောင်းတဲ့အလားအလာ ရှိကောင်းရှိမယ်လို့ မြင်တဲ့လူပါ။ အခုအခါမှာ အဲဒီလို အကောင်းမြင်တဲ့ ဆက်လက်ပြီး ရှိနေပါသေးရဲ့  လား။

ဦးဟန်ယောင်ဝေ ။ ။ ရှိပါတယ်။ ဘာကြောင့်လည်းဆိုရင် အခုဖြစ်နေတဲ့ ကိစ္စက ဖြစ်မယ်ဆိုတာကို အကုန်သိပါတယ်။ နအဖ အနေနဲ့လည်း လိမ်ညာမယ်၊ နိုင်အောင် အရယူမယ်ဆိုတာလည်း သိကြတယ်။ တိုင်းရင်းသားတွေကိုလည်း တိုက်မယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် အနည်းဆုံးကတော့ ဒီအချိန်မှာ လူတိုင်းက နအဖ ကို မထောက်ခံဘူးဆိုတာကို ကမ္ဘာကသိပြီ။ ဘာကြောင့်လည်းဆိုရင် နအဖ ကို ဆန့်ကျင်တဲ့ပါတီတွေ ပေါ်လာတယ်။ လူထုကလည်း တခြားပါတီတွေကို အားပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း နအဖ က ကြိုတင်မဲကို သုံးပြီး သူတို့ နိုင်တယ်ဆိုတာကို လုပ်နေတာ၊ သူတို့ လိမ်တယ်ဆိုတာကို အထင်အရှား မြင်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလောက် လိမ်နေတာ၊ မဟုတ်တာတွေလုပ်နေတာ ပေါ်လွှင်နေရဲ့ နဲ့ ဘာဖြစ်လို့ ဒီကနေ ဒီမိုကရေစီအတွက် အလားအလာကောင်းတွေ ပေါ်နိုင်မယ်လို့ ထင်နေရတာလဲ။

ဦးဟန်ယောင်ဝေ ။ ။ အနည်းဆုံးကတော့ လူထုရဲ့  ဆန္ဒကို သူတို့က ဟန်ဆောင်ပြီး နားထောင်တဲ့ အဆင့်ကိုရောက်နေတယ်။ ကျနော်တို့ လုပ်ချင်တာက တကယ်ပဲ လူထုရဲ့ ဆန္ဒကို လိုက်နာနိုင်အောင် လုပ်ချင်တယ်။ အဲဒါကြောင့်မို့ သူ ဟန်ဆောင်ပေမယ့် ကျနော်တို့အတွက် အ နိုင်အကွက်တကွက်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အကောင်းမြင်လွန်ရာ မကျပေဘူးလား။

ဦးဟန်ယောင်ဝေ ။ ။ ကျနော်တို့ အကောင်းမြင်လွန်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ဒီမိုကရေစီ လိုလားရင် ကျနော်တို့က လူထုပါဝင်မှုရှိမှ ရပါမယ်။ လူထုလက်ခံမှုရှိမှ ရမယ်။ နအဖကလည်း သူတို့ လိမ်ညာပေမယ့် အရင်ကဆိုရင် မဲလိုက်ဆွယ်တယ်။ လူထုတွေကို အကောင်းလုပ်ပြတယ်။ ဒီဟာကလည်း သူတို့အနေနဲ့ ဒီမိုကရေစီသဘော နည်းနည်းပေါက်လာပြီလို့ မြင်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မကြာခင် အစိုးရသစ်ဖွဲ့လာမယ်။ လွှတ်တော်ကိုလည်း သူတို့ ကြီးစိုးမယ်။ ၈၀ ရာခိုင်နှုန်း အနည်းဆုံး နိုင်တယ်လို့ဆိုတယ်။ ကျန်တဲ့နေရာတွေမှာလည်း စစ်တပ်က ပါအုန်းမယ်။ ၂၅ ရာခိုင်နှုန်း ယူထားတယ်ဆိုတော့။ ဒီအထဲမှာ လူထု သဘောဆန္ဒကို ကိုယ်စားပြုပြီး လွှတ်တော်မှာ ပြောနိုင်မယ့်လူ ဘယ်သူတွေများ ရှိလို့လဲ။

ဦးဟန်ယောင်ဝေ ။ ။ နည်းပေမယ့် ကျနော့်အနေနဲ့ကတော့ အခုနပြောသလို ဒီဟာက လမ်းစဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ကျနော်တို့က နှစ်ပေါင်း (၂၀) ကျော်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည် တို့ အန်အယ်လ်ဒီ ပါတီက ၁၉၉၀ မှာ နိုင်ခဲ့လို့ သူတို့က လူထုဘက်က အော်ပေးလို့ ရခဲ့တယ်။ ဒါပေမဲ့ ပါလီမန်ထဲမှာ မဟုတ်ဘူး။ တရားဝင် မဟုတ်ဘူး။ အပြင်ကနေ အော်နေရတယ်။ အခုကတော့ ပါလီမန်ထဲမှာ လူထုဘက်နေနိုင်တဲ့ ပုဂ္ဂိုလ်တွေ ရောက်လာပြီဆိုတာ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသား ပြဿနာကို ကြည့်ရအောင်ပါ။ တိုင်းရင်းသားတွေဆိုရင် တော်တော်များများ ဘယ်သူကမှ လက်မခံကြဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သူတို့လက်အောက် အတင်းအဓမ္မ သွတ်သွင်းတာ။ နိုင်ငံရေးပြဿနာ မဖြေရှင်း မပြေလည်ဘဲနဲ့။ ဆိုတော့ တိုင်းရင်းသားတွေဟာ ဦးဟန်ယောင်ဝေ မြင်သလိုပဲ အခု လွှတ်တော်ဖွဲ့စည်းဖြစ်မယ့် ကိစ္စကလေးကိုပဲ အကောင်းမြင်ပြီးတော့ လက်နက်စွန့်ပြီးတော့ စစ်အစိုးရလက်အောက်ကို ထိုးအပ်သင့်ပါသလား။ ဒါမှ တိုင်းရင်းသားပြဿနာ သူတို့သဘောအရ ပြေလည်တော့မှပေါ့။

ဦးဟန်ယောင်ဝေ ။ ။ တိုင်းရင်းသား ပြဿနာက နှစ်မျိုးရှိပါတယ်။ တဖက်က လက်နက်ကိုင်တဲ့ဖက်နဲ့ တဖက်ကတော့ နိုင်ငံရေးပါတီကနေ ဝင်ပြီးတော့ တိုက်ပွဲဝင်တဲ့ဖက်။ နှစ်ဖက်စလုံး တိုက်ပွဲဝင်ရပါမယ်။ လက်နက်စွန့်သွားမယ်ဆိုရင် လူထုကို ကာကွယ်မယ့်လူ မရှိတော့ပါဘူး။ ဆိုတော့ တိုင်းရင်းသားအနေနဲ့ကတော့ ဘယ်လို့နဲ့မှ နိုင်ငံရေးအဖြေ မရမချင်းကတော့ ဘယ်လိုမှ လက်နက်စွန့်မှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေကြားမှာ divided ဖြစ်နေမှာပေါ့။ ကချင် ဆိုကြပါစို့။ ကေအိုင်အို က ကချင်လူမျိုး အများစုကို ကိုယ်စားပြုမှု ရယူထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ငါတို့ဟာ ဒီလက်နက်စွန့်ရေးကို လက်မခံဘူးဆိုပြီး အကုန်လုံး တသွေးတသံ သူတို့ ဆုံးဖြတ်ချက်အတိုင်း မလိုက်နာဘဲနဲ့ - တချို့ ကတော့ ရွေးကောက်ပွဲဝင်မယ့်ကိစ္စကို ဆန့်ကျင်ပြီးတော့ သူတို့အထဲမှာ နှစ်ခြမ်း မကွဲကုန်ဘူးလား။

ဦးဟန်ယောင်ဝေ ။ ။ မကွဲပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နှစ်ဖွဲ့စလုံးက သူတို့ လူမျိုးအတွက် လုပ်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ တဖက်နဲ့ တဖက် အကန့်အသတ် မလုပ်ဘဲနဲ့ ရှေ့ တိုးနိုင်တဲ့လူ တိုးသွားဖို့လို့ပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကချင်ကိုပဲ နမူနာကြည့်မယ်ဆိုရင် ကချင်ဘက်ကလူတွေ ပြောတယ်။ သူတို့ ကေအိုင်အို နဲ့ affiliation ရှိခဲ့တယ်။ အဆက်အသွယ် ရှိခဲ့တယ်ဆိုတဲ့ လူတွေကို ပါတီမှတ်ပုံတင်ခွင့် မပေးခဲ့ဘူး။ ရွေးကောက်ပွဲလည်း မဝင်ရဘူး။ ဝင်သွားတဲ့ ပါတီတွေက ကြံ့ဖွံ့ပါတီ နဲ့ ကြံ့ဖွံ့လိုပဲ အလားတူ စစ်အစိုးရ proxy ခပ်ဆန်ဆန် ပါတီပဲ သူတို့ဆီမှာ ပြိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ နှစ်ဖက်စလုံးက စစ်အစိုးရ လိုလားတဲ့အဖွဲ့ ဖြစ်မနေဘူးလား။

ဦးဟန်ယောင်ဝေ ။ ။ ဟုတ်ပါတယ်။ ဒီနေရာမှာက မတူတာ ဘာလဲဆိုရင် ကြံ့ဖွံ့ဘက် ပါသွားတဲ့ သူကလည်း ကချင် ပါပဲ။ သူက သူ့လူမျိုးအတွက် ပြန်စဉ်းစားပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင် သူ့က နအဖပါတီထဲမှာ ပါသွားပေမယ့် ကချင်လူမျိုးရဲ့  ရန်သူမဟုတ်ပါဘူး။ အဲဒါကြောင့်မို့ တိုင်းရင်းသားအနေနဲ့က ဘယ်နည်းလမ်းနဲ့ဖြစ်ဖြစ် သူ့လူမျိုးအတွက် ကြိုးစားနိုင်ရင် ကြိုးစားသွားမယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ကြမလဲ။ တိုင်းရင်းသားတွေက လက်နက်ကိုင်တဲ့လူက ကိုင်နေအုန်းမယ်ဆိုတော့ အခု စစ်အစိုးရ တဖက်သတ် လုပ်ထားတဲ့ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် လွှတ်တော် အစိုးရကရော ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဒီမိုကရေစီအရေးကို လုပ်ပိုင်ခွင့်ရှိတဲ့အတိုင်း လုပ်နိုင်ပါမလား။ သို့တည်းမဟုတ် စစ်တပ်က နိုင်ငံတော် လုံခြုံရေး၊ ပြည်တွင်း ဆူပူသောင်းကျန်းမှုကို အကြောင်းပြပြီး တချိန်လုံး ဖိဖိစီးစီး လုပ်ထားမယ့်သဘော ဖြစ်မနေဘူးလား။

ဦးဟန်ယောင်ဝေ ။ ။ အဲဒါတော့ ဟုတ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် အခု ဖြစ်လာမယ့် အစိုးရက စစ်ဘက်နဲ့ ဘာမှမဆိုင်ဘူးဆိုတော့ သူက တိုင်းရင်းသား ပြဿနာကို ဖြေရှင်းလို့ မရဘူးဖြစ်မယ်။ တပ်မတော်ကပဲ ဖြေရှင်းမယ့် အလားအလာ ရှိပါတယ်။ ဒါပေမဲ့ တပ်မတော်က အရင်ကလိုပဲ စစ်အင်အားနဲ့ တိုက်မယ်ဆိုရင်တော့ ဘယ်လိုမှ အဖြေရှာနိုင်မယ် မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အစိုးရက တပ်မတော်က တိုင်းရင်းသားပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်တယ်။ တက်လာတဲ့ အစိုးရကို အသုံးပြုပြီးတော့ လူထုရွေးလာတဲ့ အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင်တော့ အဖြေထွက်လာနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီ ရွေးကောက်ပွဲကို အပြတ် သပိတ်မှောက်ခဲ့တဲ့ CRPP (Committee Representing the People's Parliament) အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့လို ပြည်သူလူထု ထောက်ခံမှု၊ တိုင်းရင်းသားတွေ ထောက်ခံမှု အများစုကို ရတဲ့ အဖွဲ့တွေရဲ့  အခန်းကဏ္ဍ ဘယ်လိုနေမလဲ။

ဦးဟန်ယောင်ဝေ ။ ။ အဲဒီ အဖွဲ့အစည်းတွေကတော့ တရားဝင် ဆက်ပြီးတော့ သွားလို့မရတော့ဘူး။ ဒါက နအဖ ဥပဒေ အရဆိုရင်။ ဒါပေမဲ့ ပြောတဲ့အတိုင်းပါပဲ အဲဒီ ခေါင်းဆောင်တွေကပဲ သူတို့က လူထုအတွက် လုပ်လာတော့ သူတို့ ပါတီ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ကတော့ လူထုအတွက် ဆက်ပြီးလုပ်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်နည်းလမ်းနဲ့ လုပ်မလဲ။ ဘယ်အဖွဲ့အစည်းနဲ့ လုပ်မလဲဆိုတာကတော့ စောင့်ကြည့်ရလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာကတော့ ပြည်ပအခြေစိုက်ပြီး လှုပ်ရှားနေတဲ့ ဒီမိုကရေစီ အင်အားစုတွေ အကြောင်း ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲကိစ္စ၊ ရွေးကောက်ပွဲမှာ နိုင်ထက်စီးနှင်း လုပ်တဲ့ကိစ္စကိုလူတွေ ကြားနေရတဲ့အချိန်မှာ ဒီမိုကရေစီအရေး အခြေပြ အဖွဲ့အစည်းတွေကလည်း ယှဉ်ပြိုင် အမျိုးသားလွှတ်တော် ခေါ်တာတို့ တချို့ က လက်မခံတာတို့ အဲဒါတွေ ကြားရပြန်ပါတယ်။ အဲဒီ အဖွဲ့တွေရဲ့  အနာဂတ် ဘယ်လို သွားလိမ့်မယ်လို့ ထင်ပါသလဲ။

ဦးဟန်ယောင်ဝေ ။ ။ နအဖ လုပ်တဲ့ဟာကို လက်မခံချင်တာကတော့ ဘယ်သူမှ လက်မခံချင်ပါဘူး။ အပြင်က အဖွဲ့ရော အတွင်းက အဖွဲ့ရော။ ဒါပေမဲ့ ပြည်တွင်းက အဖွဲ့တွေကတော့ လက်မခံလို့ မရဘူး။ သူတို့ကတော့ နအဖ ဘောင်ထဲကနေ ဆက်ပြီးလုပ်သွားရမယ့် အနေအထား ရှိပါတယ်။ အပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေကတော့ ကျနော် နားလည်းသလောက်ကတော့ ဒီ တရားမျှတခြင်း မရှိသေးတဲ့ ကာလလုံး၊ ဒီမိုကရေစီ မရသေးတဲ့ကာလလုံး ဆက်ပြီးတော့ အပြင်ကနေ နိုင်ငံတကာကို စည်းရုံးပြီးတော့ နအဖ မကောင်းကြောင်း။ တက်လာတဲ့ အစိုးရက သူတို့လုပ်တဲ့ အလုပ် မှန်သလား၊ မမှန်ဘူးလားဆိုတာကို လိုက်စောင့်ကြည့်မယ်လို့ ကျနော်ယုံပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့က နအဖ မကောင်းကြောင်းဆိုတော့ သူတို့က ဦးဟန် မြင်တဲ့အမြင်မျိုး။ ဒီဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီအတွက် ကောင်းတဲ့ အလားအလာဆိုတဲ့ သဘောထားမျိုး သူတို့မှာ မရှိဘူး။

ဦးဟန်ယောင်ဝေ ။ ။ သူတို့က အဲဒီလိုမျိုး မြင်ပေမယ့် သူတို့လုပ်တဲ့ လုပ်ငန်းက ကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နအဖ မဟုတ်ပေမယ့် တက်လာတဲ့ အစိုးရက ဘယ်လိုအပြစ်ရှိတယ်။ ဘယ်လို လုပ်နေတာ မှားတယ်၊ မှန်တယ် စောင့်ကြည့်ပြီး ထောက်ပြနေမယ်ဆိုရင် အကျိုးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ဘယ်သူမှ စောင့်မကြည့်ဘူးဆိုရင် သူတို့က ကြိုက်သလို နအဖ၊ တပ်မတော် က ကြိုက်သလို လုပ်သွားရင် ကျနော် ဒီမိုကရေစီ ရလာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်ကနေ စောင့်ကြည့်ပြီး ထောက်ပြနေမယ်ဆိုရင် သူတို့ကလည်း နိုင်ငံတကာ လက်ခံလာအောင် ကြိုးစားကြမယ်လို့ မြင်ပါတယ်။
http://www.voanews.com/burmese/

လက်တွေ့နိုင်ငံရေးကိုမျက်နှာမူကြပါစို့


ရဲဘော်ဖိုးသံချောင်း | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၃၅ မိနစ်

ရွေးကောက်ပွဲဆိုတာကြီးတော့ ပြီးသွားပါပြီ။ ကြက်ဥအရောင် တိမ်တောင်သဖွယ်ထင်ယောင်မှားတွေ၊ စိတ်ကူးယဉ် မျှော်လင့်ချက်တွေ၊ အကောင်းမြင်စိတ်လေးတွေ- သွားပြီ၊ ဆောင်းလေနဲ့အတူလွင့်ပြယ်သွားပါပြီ။ မြန်မာ့ခေတ်သစ်သမိုင်း မှာ အရုပ်ဆိုးဆုံး၊ အညစ်ပတ်ဆုံး၊ အကျင့်သိက္ခာအမဲ့ဆုံး၊ အရှက်အမဲ့ဆုံးရွေးကောက်ပွဲကြီးပြီးသွားပါပြီ။

နအဖစစ်အုပ်စုဟာ ဒါလောက်ကြီးတော့ ပြောင်မညစ်လောက်ပါဘူးလို့ တွက်ခဲ့တဲ့လူတွေအဖို့ ဘာပြောရမှန်းမသိ အောင်ဖြစ်သွားပြီ။ နအဖနဲ့ဒီရွေးကောက်ပွဲအတွက် တာဝန်သိသိရှေ့နေလိုက်နေသူများလဲ ပါးစပ်ပိတ်ကုန်ကြပါတယ်။

ရွေးကောက်ပွဲမှာ လှုပ်သာရှားသာမယ့် စပေ့စ်လေးတွေပေါ်လာမယ်ဆိုတာ လက်စသတ်တော့ “ကြိုတင်မဲ”တွေ ဆာလာအိတ်တွေနဲ့သယ်လာနိုင်တဲ့စပေ့စ်ပဲဖြစ်နေပါတယ်။ အမတ်လောင်းကိုယ်တိုင်က မဲပေးခွင့်မရတဲ့စပေ့စ်၊ ၀င်အရွေးခံသူတွေတောင်မှ မဲရေတွက်တဲ့နေရာကို ၀င်ကြည့်ခွင့်မရတဲ့စပေ့စ်မျိုးဖြစ်တယ်ဆိုတာ တွေ့ခဲ့ရပါပြီ။ အဲဒီ စပေ့စ်ဟာ မဲရုံဂိတ်ဝလောက်အထိသာကျယ်ဝန်းပြီး လွှတ်တော်ထဲအထိမရောက်တာလဲ ရှင်းသွားပါပြီ။ နအဖ စစ်အုပ်စုဟာ မုန့်သာဆိုရင် တဖဲ့စီဝေစားမယ်၊ အာဏာကိုတော့ ဝေမစားဘူးဆိုတဲ့လူစားမျိုးဖြစ်ပါတယ်။ ရွေးကောက်ပွဲ အဆင့်မှာတင် ဒါလောက်ညစ်နေရင် လွှတ်တော်ထဲရောက်မှ စစ်အုပ်စုရဲ့လက်ခုပ်ထဲကနေ ဒီမိုကရေစီကို တဖြည်းဖြည်းချင်း တိုးချဲ့သွားမယ်ဆိုတာ လုံးဝမဖြစ်နိုင်ကြောင်း ပိုထင်ရှား သွားတယ်လို့လဲ အတိအကျ ဆိုနိုင်ပါတယ်။

ဘယ်ဝန်ကြီးဟောင်း၊ ၀န်ကြီးလောင်းမှမရှုံးစေရလို့ အာမခံထားတဲ့အလား ရှုံးရာကနိုင်၊ နိုင်ပြီးမှရှုံး၊ သမိုင်းဝင် မျက်လှည့်ပွဲကြီးပြီးသွားတော့ တရားသံဝေဂသံတွေ၊ မချိတင်ကဲသံတွေ၊ ဒေါသသံတွေ အသံမျိုးစုံကြားရပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဒီချုပ်ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး ပုတ်ခတ်အပြစ်တင်ခဲ့တဲ့ ၀င်အရွေးခံခဲ့သူတဦးကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောတာမှန်ပါတယ်၊ သူတို့ဒီလောက် ဆိုးမယ်မှန်း မသိလို့ ၀င်ပြိုင်မိတာပါ”လို့ ရေဒီယိုအင်တာဗျူးမှာ ပြောသွားတာဟာ မှတ်သားစရာကောင်းလှပါတယ်။

ဒိထက်ပိုပြီးထူးထူးခြားခြား မှတ်သားသင့်တာကတော့ နအဖဗိုလ်ချုပ်တွေဟာ သူတို့ရဲ့အထက်မျိုးဆက် တစညပါတီအပေါ်ကိုလဲ အပြတ်အသတ်ညစ်ပြလိုက်တာပါပဲ။ ဒါဟာ စစ်အုပ်စုတွေမှာ မျိုးဆက်တခုနဲ့တခုလက်မတွဲ နိုင်ကြောင်း၊ အကျိုးစီးပွားတွေ မတူညီကြောင်း၊ ချက်ကြိုးပြတ်ကြောင်း ကမ္ဘာသိ ကြေညာလိုက်သလိုရှိပါတယ်။ ကြံ့ဖွတ်ကလွဲရင် ကိုယ်စားလှယ်လောင်းဦးရေအများဆုံး ၀င်ပြိုင်ခဲ့တဲ့ တစညပါတီဟာ ကိုယ်စားလှယ်စာရင်းတင်ခချည်း သက်သက်က သိန်း၅,၀၀၀၊ တခြားကုန်ကျစရိတ်တွေပါ ပေါင်းထည့်လိုက်ရင် သိန်းသောင်းနဲ့ချီ ဆုံးရှုံးသွားမဲ့သဘော ရှိပါတယ်။ ဓားမပါ ဆုံးတာပါပဲ။

တကယ်ကျတော့ ဒီရွေးကောက်ပွဲဟာ နအဖစစ်အစိုးရအနေနဲ့သူတို့နိုင်စေချင်သူကို အနိုင်ပေး၊ ရှုံးစေချင်သူကို ရှုံးအောင်လုပ်လို့ရတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေထဲမှာကိုပဲ နအဖဟာ သူတို့သဘောကျတဲ့၊ သူတို့ ကြိုးဆွဲတိုင်းကမယ့် တိုင်းရင်းသားတချို့ကိုတော့ အလွယ်တကူဝင်အရွေးခံခွင့်ပေးတဲ့အပြင် သူတို့ရဲ့ကြံ့ဖွံ့ကိုတောင်မှ အဲဒီတိုင်းရင်းသားတွေနဲ့ ယှဉ်ပြိုင်အရွေးခံတာမလုပ်စေခဲ့ပါဘူး။ တိုင်းရင်းသားပါတီတိုင်း နအဖလက်ကိုင်ဒုတ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်သန်းရွှေတို့ဟာ သူတို့စစ်အုပ်စုအနေနဲ့ အခုအခါမှာ မဟာမိတ်မလိုကြောင်း၊ အထူးသဖြင့် တချိန်က အတိုက်အခံလုပ်ခဲ့တဲ့လူတွေကို ဘယ်လိုမှလက်တွဲမခေါ်နိုင်ကြောင်း ပြသလိုက်တာဖြစ်တယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲရဲ့ကောင်းတဲ့အကျိုးတခုကိုပြောပါဆိုရင် အားလုံးကို နအဖအပေါ်စိတ်ကူးယဉ်မှုတွေ စွန့်လွှတ်အောင် မီးမောင်းထိုးပြလိုက်တဲ့အချက်ပါပဲ။ ဒါကနေတဆက်ထဲ ရွေးကောက်ပွဲလွန်ဗမာပြည်နိုင်ငံရေးဇာတ်ခုံမှာ အင်အားစုစည်းမှုအပြောင်းအလဲတွေ ထပ်တွေ့လာရနိုင်ပါတယ်။

နအဖအဖို့တော့ ပြည်ပမှာပိုအရှက်ကွဲရုံမက နဂိုက ဒီရွေးကောက်ပွဲပြီးရင် ဘာကြီးဖြစ်နေနေ စစ်အစိုးရနဲ့ဝင်ပူးလိုက်ဖို့ စဉ်းစားထားတဲ့ နိုင်ငံတွေတောင်မှ လက်တွန့်သွားတာနဲ့ကြုံရပါတယ်။ ပြည်တွင်းမှာတော့ ကြံ့ဖွတ်အဖို့ ဒီရွေး ကောက်ပွဲမှာ မဟာမိတ်မရလိုက်ပဲ သူတို့ကိုမုန်းတီးသူတွေသာရလိုက်ပါတယ်၊ နဂိုက နိုင်ငံရေးနယ်ပယ်နဲ့ ကင်းကွာ နေရာကနေ ဒီရွေးကောက်ပွဲကျမှ နိုင်ငံရေးထဲဝင်ပါလာကြသူတွေဟာ ဘယ်လိုနိုင်ငံရေးမျိုးကိုဆက်လုပ်မလဲဆိုတာ စဉ်းစားရပါတော့မယ်။ ဒီရွေးကောက်ပွဲအဖြေထွက်တော့မှ တောင်ပို့မှန်းသိလာတဲ့ တခြားနိုင်ငံရေးအင်အားစုတွေလဲ ပိုမိုလက်တွေ့ကျတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် တက်လာကြလိမ့်မယ်လို့ယူဆရပါတယ်။ နအဖရဲ့ “စည်းကမ်းရှိပြီး စစ်မှန်တဲ့ဒီမိုကရေစီ”ဟာ မဲခိုး၊ မဲပိုး(တင်ကြိုမဲ၊ ပြည်ပရောက်မဲဆိုတာတွေနဲ့ ထပ်ပိုးတာ)၊ ထင်တိုင်း လုပ်နိုင်ခွင့်ရပြီး ပြည်သူတွေကျတော့ သူတို့လုပ်သမျှ လက်ပိုက်ကြည့်နေရတဲ့အနေအထားဖြစ်နေစေပါတယ်။ ဒီလိုဖြစ်နေတာတွေကို တရုတ်ရှေးဟောင်းစကားပုံတခုနဲ့ပဲ ခိုင်းနှိုင်းလိုက်ချင်ပါတယ်။ အဲဒါက “ရွာသူကြီးကျတော့ ရွာကိုမီးတိုက်ခွင့်ရှိပြီး ရွာသားတွေကျတော့ မီးခွက်လေးတောင် ထွန်းခွင့်မရှိဘူး” ဆိုတာပါပဲ။
http://www.mizzimaburmese.com/edop/songpa/6427-2010-11-11-16-08-05.html

ဦးဇေ၇ာကောင်းဆိုသူသည်အသစ်ဖြစ်ပါ သည်


တိုင်းမူးဦးဇေ၇ာကောင်းတွင်သမီး၂ယောက်ရှိပါသည်တိုင်းမူးသည်မြစ်ကြီးနားတွင်လာနေပါသည်ထိုတိုင်းမူးဦးဇေ၇ာကောင်းဆိုသူသည်အသစ်ဖြစ်ပါ
သည်..သူသမီးအကြီးမမှာတပ်မတော်မှအ၇ာ၇ှိ၁ယောက်နင့်တွဲနေပါသည်။်။အငယ်မတယောက်မှာsingaporeတွင်ကျောင်းတက်နေပါ
သည်။မူးယစ်ဆေးဝါးသုံးစွဲနေပါသည်။မြန်မာနိင်ငံလာ၇င်လည်းသုံးစွဲပါသည်။၇ဲတပ်ဖွဲမှမဖမ်းသည့်အပြင်လိုအပ်သည်များကိုဆောင်၇ွက်ပေးပါ
သည်။(မူးယစ်အထူးအဖွဲ့)အိမ်ထောင်၇ှိယောက်ကျားတစ်ယောက်ကိုကြိုက်နေပြီး၇အောင်ယူမည်ဟုသူငယ်ချင်းများအားပြောနေပါသည်။
ထိုသူမှာmandalayသားဖြစ်ပြီးကလေးအဖေဖြစ်ပါသည်။ထိုသူမှာလည်းဝန်ထမ်းများအားဆဲချင်တိုင်းဆဲထင်သလိုလုပ်နေပါသည်။
ဘယ်သူကိုမှစောက်ေ၇းမလုပ်ဂရုမစိုက်လုပ်နေပါသည်ကောင်မလေးရဲ့အမည်မှာpontpontဖြစ်ပါသည်။
သူမကျေနပ်လျင်အ၇ပ်သားသာမက၀န်ထမ်းများကိုပါပါး၇ိုက်ပါသည်။လူကြီးသမီးဆိုပြီးလုပ်ချင်တိုင်းလုပ်နေပါသည်။
အဖေလုပ်သူဗိုလ်ချုပ်ကလည်းသမီးဘာလုပ်လုပ်အမှန်သာဖြစ်ပြီးသူသမီးနင့်ပြသနာဖြစ်တဲ့သူအား အခွင့်အာဏာသုံးပြီးသူ့ သမီနှင့်၇န်ဖြစ်သူကိုအချုပ်ထဲထည်ပါသည်။ကောင်မလေးအပြင်သွားတာကအစလုံခြုံေ၇းအတွက်ဆိုပြီးပွိုင့်ကား၁စီး။အ၇ာ၇ှိ၁ယောက်လိုက်၇
ပါသည်။မူးလာလျင်လည်းပြသနာ၇ှာပါသေးသည်.။တခါတလေကောင်မလေးကိုတိုင်လက်နက်ကိုင်ဆောင်ပါသည်။
၉mmအမျိုးအစားဖြစ်ပါသည်။ဘယ်ကနေဘယ်လို၇လဲတော့မသိပါ။ကောင်မလေးကားမှာsurf ခဲေ၇ာင်ဖြစ်
ပါသည်။လူကြီးသားသမီးဆိုပြီး။ဆေးသုံး။အ၇က်သောက်ပြီး၇မ်းချင်တိုင်း၇မ်းနေပါတယ်။သူချစ်သူကိုအိမ်ပေါ်ခေါ်တင်ထားပါသေးသည်။
မိဘတွေကဘာမမပြောဘဲဒီတိုင်းကြည့်နေပါသည်။ပြသနာ၇ှာသောတိုင်းမူး၁ယောက်သမီးအားmandalayနေပြည်သူများနင့်တပ်အသိုင်း
အ၀ိုင်းဝန်ထမ်းကသူမလာ၇င်ဝေးဝေမှာဝေးေ၇ှာင်ကြ၇န်တပ်အသိုင်းအ၀ိုင်းမှသိ၇ှိ၇ပါသည်။မြေးတော်ကြီးဖိုးလပြည့်နင့်လည်း
ငယ်သူငယ်ချင်းဖြစ်ပြီးညီမလေးဟုဖိုးလပြည့်မှခေါ်သည်ဟုသတင်း၇၇ှိပါသည်။

မေးလ်မှရရှိပါသည်။

Calgary firm accused of illegal Burma exports

Wednesday, November 10, 2010 | 4:15 PM CST Comments8Recommend17
The Canadian Press

The Canada Border Services Agency has charged Kenn Borek Air Ltd. of Calgary, and former general manager, Stephen Penikett, with unlawfully exporting goods to Burma.

It's alleged the company and Penikett exported one de Havilland DHC-6 Twin Otter airplane as well as 149 aircraft parts to Burma, also known as Myanmar, without valid export permits in November 2007.

They are charged with two counts each under the Customs Act and the Export and Import Permits Act.

Goods may only be exported to Burma with an export permit issued by Foreign Affairs and International Trade Canada.

The maximum fine under the Customs Act is $500,000 or five years in prison or both, while the maximum under the other act is no fine and 10 years imprisonment.

The first court appearance is set for Dec. 14 in Calgary.


Read more: http://www.cbc.ca/canada/north/story/2010/11/10/edmonton-kenn-borek-export-charges.html#ixzz151IYj7mM

သွေးမျိုးဆက်မှဖိတ်ခေါ်ချက်

ကျွန်ူပ်တို့ နိုင်ငံ၏ ယနေ့ နိုင်ငံရေး ချိန်ခါသည် ခေါင်းဆောင်ကောင်း လိုအပ်နေသလို နောက်လိုက် ကောင်းများလည်း လိုအပ်နေသည် မှာ အသေအချာပင်ဖြစ်သည် ။ ခေါင်းဆောင်မည့်သူများကား အထင်အရှားရှိနေပါသည် ။ ကျွန်တော်တို့ နောက်လိုက်ကောင်း ဖြစ်နိုင်ဖို့သာ အရေးကြီးသည် ။ ခေါင်းဆောင်ဆိုသည် မှာ တိုးတက်သော ညဏ်အမြော်အမြင် ရှိရမည့် အပြင် ပြည်သူလူထု အား ကိုယ်ချင်းစာနာ စိတ်ထား နိုင်ရမည့် အပြင် ကိုယ်ကျိုးအတ္တထက် အများကောင်းစားရေးကို ဦးစားပေးရမည့် လူမျိုးဖြစ်သည် ။ မြန်မာနိုင်ငံရေး အခြေအနေ တိုးတက်ကောင်းမွန်မှု တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းစဉ်းစားမှ ရမည် ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံကို ခေါင်းဆောင်မည့်သူသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်တွင် ၀င်ဆန့်နိုင်ဖို့ သူတို့လေးစားလောက်သည့် အရည်အချင်းရှိရမည် ဖြစ်သလို ပြည်သူလူထု၏ လေးစားချစ်ခင် ယုံကြည်အားထားသည့် လူမျိုးဖြစ်သင့်သည် ။ ယနေ့ စစ်အာဏာရှင်များ၏ ယုတ်မာကောက်ကျစ်သော လုပ်ရပ်များကြောင့် ကျွန်ူပ်တို့ တိုင်းပြည်မှ ဂုတ်သွေးစုပ်မည့် နိုင်ငံများမှ အပ အခြားသော နိုင်ငံတော်တော်များများသည် စစ်အာဏာရှင်များ နှင့် မဆက်ဆံလိုကြ ။ မလွဲသာ မရှောင်သာ ဆက်ဆံနေကြရသည့် နိုင်ငံများမှာလည်း သိပ်မကြည်ဖြူချင်ကြ ။ ထို့အကျိုးဆက်ကား
မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ တဖြည်းဖြည်းလုံးပါး ပါးလျှက် ရှိနေပြီ ။


မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်း မှန်ကို ပုံသွင်းဖော်ဆောင် မည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများက ကြွေးကြော်ကြသည် ။ သူတို့သည် စစ်အာဏာရှင်တို့၏ ယုတ်မာပက်စက်သော အကြံနှင့် ဥပဒေမှန်သမျှ အစဉ်အမြဲ ချိုးဖောက်နေသည့် အလေ့အထကို မေ့ထားကြကာ ပျော်ပျော်ကြီး ရွေးကောက်ပွဲဝင် ကြသည် ။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ကျော်ပြီး တွေးပြသည်။ လက်မခံလိုကြ ။
ရသလောက်လေး တိုးကြည့်ပါရစေ ဟု အကြောင်းပြကာ လွှတ်တော်ထဲ ရောက်လျှင် ဆိုသော စကားကို
သူတို့ တွင်တွင်သုံးကြသည် ။ ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည်ကာ စစ်အာဏာရှင်တို့ သတ်ကွင်းကို
ရင်ကော့ပြီး ၀င်သွားကြသည် ။ သတ်ကွင်းထဲကို ရောက်မှတော့ အပစ်ခံရတာပေါ့ဗျာ။ အကယ်၍များ သူတို့ယုတ်မာ ကြလျှင် ငါတို့ဘယ်လို လမ်းကြောင်းကို လျှေက်ကြမလည်း ကြိုတင် မစဉ်းစားထားကြ ။ ဖြစ်လာတော့မှ ကမန်းကတန်း ထပြီး ကန့်ကွက်ကြသည် ။ လုပ်သမျှက အစီအစဉ်မကျ နိုင်ငံခေါင်းဆာင် ဘ၀ကို ဒီလူတွေ ရောက်ရင်လည်း သိပ်တော့ ထူးမှာ မဟုတ်ဟု တကယ်ပင် ထင်မြင်ယူဆမိပါသည် ။ တကယ်ဆို အာဏာရှင်တွေ ဆိုတာ သမိုင်းမှာလည်း ယုတ်မာကောက်ကျစ်တယ် ၊ ပစ္စပ္ပုန်မှာလည်း လိမ်ညာနေမှန်း သူတို့ သိသိကြီးနှင့် ပြင်ဆင်ထားဖို့ ကောင်းသည် ။


အချို့က နောင်တရကြသည် ၊ NLD မှန်ပါတယ် သူတို့ အမှားပါ လို့ သတ္တိရှိရှိ ဖွင့်ဟ ဝေဖန်လာကြသည် ။ အချို့က လက်မခံလိုကြသေး ။ ကော်မရှင်ကို စာတင်ထားပါတယ်လို့ ပြောကြသည် ။ အချို့က သူတို့ အနိုင်ရပါတယ်တဲ့ ၊ လိမ်လို့ ရှုံးတာပါတဲ့ ။ အချို့က မဲမပေးသူတွေကြောင့်လို့ ပြစ်တင် ပြောဆိုလာကြသည် ။ အခြေခံ ဥပဒေကိုက မြန်မာနိုင်ငံသားတွေ အတွက် အခြေပြုရေးဆွဲထားတာ မဟုတ်ဘူးလေ ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်သောအခါမှ ခေါင်းဆောင် မဖြစ်အောင် ၊ စစ်တပ်ကသာ အုပ်ချုပ်ရေး အာဏာကို ဆက်ခံနိုင်အောင် ရေးဆွဲထားတဲ့ ဥပဒေဆိုတာ အားလုံး သိပြီးသားပါ ။ ဒါကို အတည်ပြု ကျင်းပမယ့် ဒီရွေးကောက်ပွဲ ကြီးမှာ လိမ်လို့ ရှုံးတာပါ ဆိုတဲ့ စကားကို ပြောနေတဲ့ လူတွေရဲ့ ညဏ်အမြော်အမြင် ဆိုတာ ဘာကို ခေါ်တာလည်း ဆိုတာ ဖော်ပြထား သလိုပါဘဲ ။ အခုချိန်ထိလည်း မပြတ်သားကြသေးဘူး ။ နောက်ကျောကို ဓါးနဲ့ဝင်ထိုးလိမ့်မယ်လို့ သတိပေးတဲ့ လူရဲ့ စကားကို ဥပက္ခာ ပြုထားလိုက်ကြတယ် ။ ရင်ဝကို ဓါးစူးနေတာတောင် ဓါးနဲ့ထိုးသူက သူကို ဆေးရုံပို့လိမ့်မယ်လို့ ယူဆနေကြတဲ့ လူတွေရဲ့စိတ်ဓါတ် ပုံမှန် မဟုတ်တာတော့ သေချာနေပြီနော် ။ လက်တွေ့ကျကျ သုံးသပ်ကြစမ်းပါ ။ အဖြောင့်တွေးကြစမ်းပါ ။ အမှားမှန်းသိရက် နဲ့ ဆက်လျှေက် နေရင် လမ်းမှန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး ။ ရှေဆက် ဘယ်လို လုပ်ဆောင် ကြမှာလည်း ၊ လမ်းကြောင်း တစ်ခုပေါ်ကို စုစုစည်းစည်း လျှေက်ကြစမ်းပါ ။ တကယ် နိုင်ငံကောင်းစားရေး အတွက် ဦးတည်ဆောင်ရွက် တာ အမှန်ပါဆိုရင် ခေါင်းဆောင်ကောင်း ရှိတုန်း နောက်လိုက်ကောင်းတွေ ဖြစ်အောင် ကြိုးစားကြစမ်းပါ ။ ကိုယ်တိုင်ကလည်း ခေါင်း မဆောင်နိုင် ၊ နောက်လိုက်လည်း မလုပ်ချင် ၊ နေရာ တကာ ကန့်လန့်လိုက်တိုက်နေကြရင် ပြည်သူလူထုဘဲ နစ်နာမှာ ။ ပြည်သူလူထု ဘဲ ဒုက္ခဆိုးတွေ ခါးသီးစွာ ခံစားကြရမှာ ။ အနိုင်ရချင်လို့ လိမ်ပါတယ်ဆိုတဲ့ ကော်မရှင် ဆီက တုန့်ပြန်ချက်ကို အားထား စောင့်စား နေတာဟာ ဒုတိယ အမှားကြီးကို ဆက်လက် ကျူးလွန်ဖို့ အချိန်ကုန်ခံပြီး စောင့်စားနေတာနဲ့ တူတူပါဘဲ ။

ဒီနေ့ ချိန်ခါမှာ လူကြီးတွေ က ဦးဆောင် ပြီး နိုင်ငံအရေးကို တောင်းဆိုနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ လူငယ်တွေလည်း ပါဝင် ပတ်သက်သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ် ။ လူကြီးနဲ့ လူငယ်တွေ ကြားမှာ အမြင် ကွာဟချက် တွေရှိတယ် ၊ ခံယူချက်တွေ ၊ အတွေးအခေါ်တွေလည်း သိပ်ပြီး တူညီကျမှာတော့ မဟုတ်ပါဘူး ။ လူကြီးတွေက အတွေ့အကြုံရင့်ကျက်မှု အပိုင်းမှာ အားသားပေမယ့် ၀ါဒရေးရာမှာ ဆက်စပ် တွေးခေါ်ရင်း မသိမ်းပိုက်ထားသင့်တဲ့ အတွေးအခေါ် အချို့ကို သိမ်းပိုက်ထားကြတယ် ။ လူငယ်တွေက အတွေ့အကြုံ နုနယ်ပေမယ့် တက်ကြွတယ် ၊ ဘာအတွေးအခေါ်မှ မသိမ်းပိုက်ထားသေးတဲက အတွက် မှန်ကန်တဲ့ အတွေးအခေါ်နဲ့ စစ်မှန်တဲ့ ခေါင်းဆောင်သာရှိ ရင် နောက်လိုက်ကောင်းလုပ်ကြဖို့ ၀န်မလေး ကြဘူးလို့ ကျွန်တော်က ခံယူထားတယ် ။ ဒီနေ့ခတ် လူငယ် တော်တော်များများဟာ စစ်အာဏာရှင်တွေရဲ့ အသိညဏ် အဆိပ်ခတ်မှု ကြောင့် နိုင်ငံရေး ပညာတွေ မကြွယ်ဝကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့ စိတ် ၊ မဟုတ် မခံလိုတဲ့ စိတ် တော့ သူတို့ရင်ထဲမှာ ရှင်သန်နေကြတုန်းပါဘဲ ။ ဒါတွေကို လူကြီးတွေက လမ်းပြနိုင်ရင် တိုင်းပြည် အတွက် အကြီးမားဆုံး ခွန်အားတွေကို လူငယ်တွေဆီက ရရှိနိုင်တယ် ကျွန်တော် ထင်မြင်ယူဆမိပါတယ် ။


နည်းပညာ အကူအညီကြောင့် ၀ါသနာတူရာ ၊ ရည်ရွယ်ချက်တူတဲ့ လူငယ်တွေကို အလွယ်တကူ စုစည်းလို့ရတယ် ။ သူတို့ကို လမ်းမှန်ပြပြီး လက်တွေ့ကျတဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကို သာ တင်ပေးလိုက်နိုင်ရင် ကျွန်တော်တို့ တိုင်းပြည် အနာဂတ် မကြာခင် လှပလာမှာ မုချမသွေပါဘဲ ။လူငယ်တော်တော် များများကလည်း တောင်းဆိုလာကြပါတယ် ၊ သူတို့ နိုင်ရာ တာဝန် ယူချင်တယ် ၊ သူတို့ရင်ထဲက တိုင်းပြည်ချစ်စိတ်ကို ပြချင်ကြတယ် ။ သူတို့ရဲ့ အစွမ်းအစနဲ့ သတ္တိကို တိုင်းပြည် အတွက် အကျိုးရှိစွာ အသုံးချလာကြတယ် ။ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားလာတာဟာ ကျွန်တော့်တိုင်းပြည် အတွက် အင်မတန်မှ အကျိုး ကျေးဇူး များပါတယ် ။ကျွန်တော်တို့ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင် စားတာက ရာထူးကို လိုချင်လို မဟုတ်ပါဘူး အာဏာကို ခုံမင်လို့မဟုတ်ပါဘူး ၊ တိုင်းပြည်ကြီး ပြိုကျပျက်စီးနေတာကို မကြည့်ရက် ကြလို့ နိုင်ငံအရေးကို ကျရာ အခန်းဂဏ္ဍကနေ တာဝန် ယူပေးချင်တာပါ ။ အချို့လူငယ်တွေ ဆို အ၇မ်းကို ထက်မြက်ကြတယ် ၊ အသက်ငယ်ငယ်လေးတွေနဲ့ သူတို့ အတွေးတွေကတော့ ကြောက်စရာ ကောင်းလောက် အောင် ထက်မြက်ကြတယ် ။ ကျွန်တော် တို့ သူတို့ အရွယ်ကဆို နိုင်ငံရေး ဆိုတာ ဘာမှ မသိသေးပါဘူး ။ ကျွန်တော်ကတော့ သူတို့ကို အရမ်းလေးစားတယ် ၊ သူတို့သတ္တိလေးတွေ ထုတ်ဖော် ပြောဆိုလာတာကို အရမ်းအားရတယ် ။ ဒါကြောင့် သူတို့ကို အားပေးတယ် ။

လူကြီးအချို့ကို လူငယ်တွေ အားမရတဲ့ အဓိက အချက်က သူတို့ဟာ သိပ်ပြီး စဉ်းစားလွန်းတယ် ၊အချိန် ဆွဲလွန်း အားကြီးတယ် ၊ ၀ါဒ တွေကို အစွဲပြုလွန်းအားကြီးတယ် ၊ ပစ္စပ္ပုန် အခြေအနေ လှစ်လျူရှုပြီး အတိတ်က လုပ်ရပ်တွေကို အ၇မ်းအားထားကြတယ် ။ ဒေါ်အောင်ဆန်းစုကြည် ကို လူငယ်တွေ ချစ်ခင်လေးစားပြီး အားထားတဲ့ အဓိက အချက်က သူ့အတွေးအခေါ်တွေက ဆန်းသစ်တယ် ၊ ၀ါဒစွဲ သိပ်မရှိဘူး ၊ ခေတ်နဲ့ အညီ လိုက်တွေးနိုင်တယ် ။ ပစ္စပ္ပုန်အခြေအနေကို သုံးသပ်ပြီးမှာ အနာဂတ်ကို ကြိုတွေးပြနိုင်တယ် ။ ဒါကြောင့် သူမကို နိုင်ငံခေါင်းဆောင် အဖြစ် လူထုက အာဏာ အပ်နှင်းချင်ကြတာပါ ။

ကျွန်တော်တို့ လူငယ်တွေ ရင်ထဲမှာ ၀ါဒစွဲ မရှိတဲ့ အတွက် တိုင်းပြည်ကို တကယ်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ့် သူတွေရဲ့ လမ်းစဉ်ကိုဘဲ လိုက်ချင်တယ် ။ လူငယ်တွေ အားလုံးလည်း ကျွန်တော့်လိုဘဲ လို့ထင်မြင် ယူဆမိပါတယ် ။ ဒါဆို ကျွန်တော်တို့ ခေါင်းဆောင်ကို ပြည်သူလူထုက အုပ်ချုပ်ရေး အာဏာ ပေးအပ်နိုင်အောင် စတင်ကြိုးစားကြရအောင် ။ ဒီလို ကြိုးစားတဲ့ နေရာမှာ လူငယ်တွေ ပိုမိုစုစည်းမိအောင် ကျွန်တော်တို့ အဖွဲ့လေး တစ်ဖွဲ့ ဖွဲ့စည်းပြီး စည်းလုံးညီညွှတ်စွာ ဆောင်ရွက် နိုင်ရင် ပိုမိုထိရောက်မယ်လို့ ကျွန်တော် ယူဆပါတယ် ။ အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ တိုင်းပြည် တရားမျှတပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံကို ရောက်အောင် ကိုယ်နိုင်ရာ တာဝန်ထမ်းပြီး တွန်းပေးဖို့ပါဘဲ ။

အသင်းအဖွဲ့လေး ဆောင်ရွက်မယ်ဆို ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အေင်ဆန်း ဗမာ့ကာကွယ်ရေး တပ်မတော် ကို ဖွဲ့စည်းထားတဲ့ လမ်းစဉ်ကို အခြေခံပြီး ဖွဲ့စည်းဖို့ အကြံရမိတယ် ။ ကျွန်တော်တို့ အဖွဲ့မှာ ပါမောက္ခကနေ ကျောင်းသား ၊ အရပ်သား ၊ ချမ်းသာတဲ့ လူ ၊ ဆင်းရဲ့တဲ့လူ ၊ဘာသာလူမျိုး အားလုံးပါဝင် ကြမှာ ။ ဒီတော့ အခြေခံ စည်းကမ်း လေးတွေကို အရင် ဆုံးသတ်မှတ်ချင်ပါတယ် ။ နောက်တစ်ချက်က ကျွန်တော်တို့ ဟာ တိုင်းပြည်ကောင်းစားရေးကို စုစည်းစွာ ဆောင်ရွက်ကြမှာ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားချစ်ခင်ကြပါ ။ အဖွဲ့ ၀င် တိုင်း ညီအစ်ကို မောင်နှမ ရင်းချာလို့ စိတ်ထားမျိုး ထားရှိကြရမယ် ။ ပညာအားကြီးသူက ပညာနည်းသူကို မနှိမ်ကြပါနဲ့။ ငွေကြေးဥစ္စာ ချမ်းသာသူက ချို့တဲ့သူကို မနှိမ်ကြပါနဲ့ ။ ဘာသာရေး အငြင်းအခုံမလုပ်မိကြပါစေနဲ့ ။ အဖွဲ့ဝင်တိုင်း ဒီအဖွဲ့ရဲ့ စည်းကမ်းကို တပြေးညီ လိုက်နာ ဆောင်ရွက်ကြရပါမယ် ။ လျှို့ဝှက်စွာ ဖွဲ့စည်းရမယ့် အဖွဲ့ဖြစ်တဲ့ အတွက်ကြောင့် လျှို့ဝှက်နိုင်သမျှ လျှို့ဝှက် ကြပါ ။ ကိုယ်တတ်နိုင်တဲ့ဘက်ကတိုင်းပြည် အကျိုး ဆောင်ရွက်ကြတာ ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ဆောင်ရွက်နိုင်တဲ့ စွမ်းအားချင်းတော့တူညီကျမှာ မဟုတ်ပါဘူး ။ အချို့က ငွေအားနဲ့ကူညီကြမယ် ၊ အချို့က လုပ်အားနဲ့ကူညီကြမယ် ၊ အချို့က ပညာအားနဲ့ ကူညီကြမယ် ။

အဖွဲ့အစည်းအတွက် လမ်းစဉ်ကို ချမှတ်တဲ့ အခါ အားလုံးရဲ့ သဘောထား အမြင်ကို စုစည်းပြီး ဆောင်ရွက်ချင်ပါတယ် ။ လူငယ်တွေကို အားထားတယ် ဆိုပေမယ့် လူကြီးတွေကို စော်ကားတာတော့ မဟုတ်ပါဘူး ။ အပြုသဘောနဲ့ ကူညီ လမ်းပြပေးမယ့် လူတိုင်းကို လေးစားပါတယ် ။ ကျွန်တော်တို့ကို ၀ိုင်းဝန်း အကြံပေးကြပါ ၊ အကြံကောင်း ညဏ်ကောင်းများဖြင့် ကူညီပေးကြပါ ။ တိုင်းပြည် အတွက် လက်တွေ့ကျကျ ချစ်ပြချင် ကြတဲ့ လူတွေ အားလုံးကို နိုင်ရာ တာဝန် ထမ်းဆောင် နိုင်အောင် ကျွန်တော်တို့ အဖွဲ့က လက်တွဲ ခေါ်ဆောင်သွားမှာပါ ။ အဓိက ရည်ရွယ်ချက်က တိုင်းပြည်အတွက် ကျရာအခန်းဂဏ္ဍ ကနေ ထိရောက်စွာ ပြည်သူလူထု တာဝန် ထမ်းဆောင် နေတဲ့ လူတွေကို ကူညီ အားဖြည့်ပေးဖို့ပါဘဲ ။

တက္ကသိုလ်ကျောင်းသား တွေ ပေါင်းစုံရာက တို့ဗမာ အစည်းအရုံး ကို စတင်ဖွဲ့စည်းနိုင်ခဲ့တယ် ။ သခင်မျိုးဟေ့ ဒို့ဗမာ ဆိုတဲ့စကား ပေါက်ဖွားလာရာက စလို့ နိုင်ငံတ၀ှမ်းလုံး သခင်စိတ်တွေ မွေးမြူကြလို့ လွတ်လပ်ရေး ကို ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့တာပါ ။ သူတို့တွေ အသက်ချွေးပေါင်းများစွာ ပေးဆပ်မှ ရရှိခဲ့တဲ့ လွတ်လပ်သော မြန်မာနိုင်ငံ အဖြစ်ကို ရောက်ရှိခဲ့တာပါ ။ ဒါကို ကျွန်တော်တို့က ဆက်လက် မထိန်းသိမ်းနိုင်ရင် တိုင်းတပါးလက်အောက်ကို ပြန်လည် ကျရောက် သွားနိုင်ပါတယ် ။ ခုချိန်မှာတော့ အုပ်ချုပ်ရေး ပိုင်းမှာ တိုင်းတပါး လက်အောက် မကျရောက် သေးပေမယ့် မြန်မာပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ တရုတ်နိုင်ငံ လက်အောက်ကို ရောက်မှန်းမသိ ရောက်နေပါပြီ လို့ဘဲ သတိပေးစကား ပြောကြားချင်ပါတယ် ။ ကျွန်တော်တို့ဘိုးဘွား တွေ ပေးဆပ်မှု ပေါင်းများစွာ ရင်းနှီးလာတဲ့ လွတ်လပ်ရေးကို ကျွန်တော်တို့ လက်ထက်ကျမှ သိသိကြီးနဲ့ တိုင်းတပါးလက်ထဲ ထိုးအပ်လိုက်ပြီး ရာဇ၀င် တွေ အရိုင်းမခံရအောင် တူညီညာ ရုန်းထကြရမည့် ချိန်ခါမှာ တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည် အတွက် ပါဝင်ပေးဆပ် ကြဖို့ လိုအပ်နေပါတယ် ။

အာဏာရှင်တို့၏ အသိညဏ် အဆိပ်ခတ်မှု ကြောင့် ကျွန်တော်တို့တတွေ သတင်းမှန်တွေနဲ့ဝေးကွာ ၊ မှန်ကန်မှု မရှိတဲ့ သမိုင်းတွေ သင်ကြား ၊ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေ အယူအဆ တွေ ကြားမှာ ကြီးပြင်းလာကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့စိတ် ကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ရှင်သန် စီးဆင်းနေဆဲပါဘဲ ။ ပြင်ပကမ္ဘာတွင် ဖိနှိပ်ချုပ်ချယ်မှု များကို လုပ်ဆောင် နိုင်သော်လည်း ကျွန်ူပ်တို ၏ ရင်တွင်းမှ မျိုးချစ်စိတ်ကို ဖိနှိပ်လို့မရ ၊ သေအောင် သတ်လို့မရ ၊ အမျိုးကို ချစ်သည့် ကျွန်ူပ်တို့၏ မျိုးဆက် သွေးများသည် အဆက်မပြတ် ရှင်သန်စီးဆင်း နေကြောင်းကို ပြဆိုသည့် အနေဖြင့် သွေးမျိုးဆက် ဟု အမည်ပေးထားသည့် ကျွန်ူပ်တို့ မျိုးဆက်သစ် လူငယ်အင်အားစုများ စုစည်းစွာ ဖြင့် စတင်လုပ်ရှားပါတော့မည် ။ တိုင်းပြည် အတွက် ပါဝင်ပေးဆပ် ချင်သူများ လက်တွဲလုပ်ဆောင်ကြရန် မြန်မာနိုင်ငံသား အားလုံးကို လေးစားစွာ ဖိတ်ခေါ်ပါသည် ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး