Friday, November 12, 2010

ကြံ့ခိုင်စိတ်ဓါတ်

ကြံ့ခိုင်စိတ်ဓါတ်

သင်ထောက်ခံသလား၊ရင်ဘတ်ကြီးနဲ့ကြိုဆိုလိုက်မယ်၊
သင်မထောက်ခံဘူးလား၊လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်။
မဖိနှိပ်မချူပ်ချယ်ပါနဲ့၊ချိန်ခွင်ထဲထည့်ချိန်ပြလိုက်မယ်၊
ယုံကြည်ချက်နှင့်ငါ့အသက်၊ဘယ်ဖက်ကလေးသလဲဆိုတာ။

ရဲရင့်ငယ်(၁၂၊၁၁၊၁၀)

ငါတို့အားလုံးရဲ့အမေ

 * art/graphic design : ko myoe *

ငါတို့အားလုံးရဲ့အမေ

ယမ်းမုန်တိုင်းတွေ
ဝေနေချိန်တုန်းကလေ
အမေဟာနောက်မတွန့်ပါ … ရင်ဆိုင်နေ....
မျှားတစင်းရဲ့ အားမာန်တွေ….
ငါတို့အားလုံးရဲ့အမေ…။

သွေးမုန်တိုင်းတွေ
ထန်နေချိန်တုန်းကလေ
အမေဟာ ရဲဝံ့စွာ...ရင်ဆိုင်နေ ……
သိန်းစွန်ငှက် ၀ိဥာဉ်တွေ….
ငါတို့အားလုံးရဲ့ အမေ… ။

ဗမာပြည်သစ်ရဲ့
ခယောင်းတောလမ်းထက်မှာ
ရဲရင့်စွာ ကျော်ဖြတ်ဆဲ....
ကမ္ဘာမြေတ၀ှမ်းရဲ့ ငြိမ်းချမ်းရေး ပြယုဂ်လေ
ငါတို့အားလုံးရဲ့အမေ…..။

အမေ့ရင်သွေးတွေ ညီညာပေါင်းစုနေ
ရန်သူအားလုံးကို အနိုင်ယူမလေ ….
ကျောင်းသားထု သွေးညီဟေ
မျှော်ရည်အားသစ်စေ....။
(ဒေါ်အောင်ဆန်းစုကြည် အသက် ၄၅ နှစ်မြောက် မွေးနေ့အခမ်းအနား ပုသိမ်ဒီချုပ်ရုံးမှာ ရွတ်ဆိုခဲ့ကြတဲ့ သီချင်းပါ။ သူငယ်ချင်း ဗကသ ကျောင်းသားတယောက်ရေးဖွဲ့ခဲ့ပါတယ်။)
ခင်မင်းဇော်

ကဗျာကို http://khinminzaw.blogspot.com မှရယူဖေါ်ပြပါသည်။


နောင်ဘ၀ရောက်ရင် ပစ်မှတ်ကိုထိအောင်ပစ်

by Kyaw Thu on Wednesday, November 10, 2010 at 7:23am
 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ခံယူချက်မှာဆင်းရဲချမ်းသာ လူမျိုးဘာသာ မိတ်ဆွေရန်သူ မရွေး တို့၏ နာရေးကိစ္စများကို အခမဲ့ကူညီ ဖေးမပံ့ပိုးဆောင်ရွက်ပေးရခြင်း ဖြစ်သည်။ ကျွန်တော်တို့ သည် ဘ၀တစ်ပါးသို့ ပြောင်းသွားကြကုန်သော ရာထူးဂုဏ်သရိန် အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ လူသားတစ်ဦးအနေဖြင့် သတ်မှတ်ကာဈာပနကိစ္စ အ၀၀ကို အဆင်ပြေချောမွတ်စွာ အောင်အောင်မြင် မြင်ဖြစ်ရန် ကူညီဖေးမပေးကြသော ဗြဟ္မစိုရ်တရားလေးပါးကိုလက်ကိုင်ပြုထားကြသော လူမှုရေးသမားများဖြစ်ကြသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ဆေးရုံတတ်၍ ခွဲစိတ်မှု ပြုလုပ်စဉ်ကသွေး (၂) ကြိမ်၊ မကွယ်လွန်ခင် ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ဆေးရုံပြန်လည် တက်ရောက်စဉ် လိုအပ်သောသွေးအတွက် (၂) ကြိမ်တိုင်တိုင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူထံ အကူအညီတောင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများက သွားရောက်၍ သွေးလှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့ပါသည်။

၅.၁၁.၂၀၁၀ (သောကြာ)နေ့တွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသောစာရေးဆရာ၊ ဒါရိုက်တာတင်သန်းဦး၏ ဈာပနအခမ်းအနားအား ၉.၁၁.၂၀၁၀ (အင်္ဂါ) နေ့ နံနက် (၁၁း၀၀) နာရီတွင် ရေဝေးသုဿန်၌ ဈာပနအခမ်းအနားကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀တ်ရွတ်အဖွဲ့၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများဖြင့် ၀ိုင်းဝန်းကူညီ ဖေးမကာသင်္ဂြိုလ်ပေးခဲ့ ပါသည်။

ကွယ်လွန်သူစာရေးဆရာ၊ ဒါရိုက်တာတင်သန်းဦးသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူရုပ်ရှင်လောကတွင် ကျင်လည်ခဲ့စဉ် အချိန်ကာလ၌ တိန်ကော့နော်ဂျာ၊ လှလေးစိန် မိုမိုချစ်တဲ့ ကွန်မန်ဒို၊ လေသူရဲချစ်သူစသည့် ရုပ်မြင်သံကြား ဇာတ်လမ်းများ၊ ရုပ်ရှင်ဇာတ်ကားကြီးများတွင် တွေ့ဆုံရင်းနှီးခဲ့သူ ဖြစ်သည့်အပြင် ခံယူချက် (နိုင်ငံရေး၊ အနုပညာရေး) များကိုရင်းနှီးစွာ ငြင်းခုံခဲ့သော ညီရင်းအစ်ကိုသဖွယ် ပေါင်းသင်းလာသောသူတစ်ဦးလည်း ဖြစ်ပါသည်။

ယင်းဈာပနအခမ်းအနားတွင် “အဖူးရေ … နောင်ဘ၀ကျရင် ပစ်မှတ်ကိုထိအောင်ပစ် (လှလေးစိန်)” ဟူသော လွမ်းသူပန်းခြင်း၏ အဓိပ္ပါယ်ကိုကွယ်လွန်သူ ဦးတင်သန်းဦးနှင့် လူမှုရေးကိစ္စ အ၀၀များကို ပေးဆပ်နေသူဦးကျော်သူမှ လွဲ၍ မည်သူမှ သိနိုင်တော့မည် မဟုတ်။







http://www.facebook.com/#!/note.php?note_id=450355157913&id=174427511697

12 Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/slixkqcz28y8mu1/12%20Nov%202010%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/623o23uby4e53su/12%20Nov%202010%20Yeyintnge%27s%20Diary.doc

12 Nov 2010 Yeyintnge's Diary

မြောက်ကိုးရီးယား ထံမှ နအဖ စစ်အစိုးရ ညူဝယ်ယူ

မြောက်ကိုးရီးယား ထံမှ နအဖ စစ်အစိုးရ ညူလက်နက် နည်းပညာ နှင့် ဆက်စပ် ပစ္စည်း ၀ယ်ယူကြောင်း ကုလ ၄၅ မျက်နှာ အစီရင်ခံစာထုတ်ပြန်

November 12, 2010 freedom news group

Quantcast
မြောက်ကိုရီးယား အစိုးရ ထံမှမြန်မာ စစ်အစိုးရ ညူနည်းပညာ နှင့် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူသည့် သတင်းမှာ ကမ္ဘာ့ ထိပ်တန်း သတင်းကြီး အဖြစ် CNN သတင်းဌာန ၏ အဖွင့်စာမျက်နှာ တွင် ဤသို့ တွေ့ ရသည်။
အောင်မြင်၊            ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစီအရင်ခံစာတစောင်မှာ မြောက်ကိုရီးယားဟာ
နျူကလီးယားနည်းပညာနဲ့ စွမ်းအားပြင်းဒုံးကျည်တွေကိုအာဏရှင်နိုင်ငံတွေဆီကို ရောင်းချနေကြောင်း
စွပ်စွဲ လိုက်ကြောင်း စီအင်အင်သတင်းဌာနမှဖေါ်ပြထားပါတယ်။
အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့စုံစမ်းရေးအဖွဲ့ ဟာ ၇၅မျက်နှာပါတဲ့ အစီရင်ခံစာတစောင်ကို တင်ခဲ့ပါတယ်။ အဆိုပါအစီရင်ခံစာမှာ
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနည်းပညာနဲ့ စွမ်းအားပြင်းဒုံးကျည်တွေကို အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ခံထား
ရတဲ့ အီရန်၊ဆီရီးယားနဲ့ မြန်မာနိုင်ငံတို့ကိုတင်ပို့ရောင်းချခဲ့ကြောင်း ကိုအလေးပေးဖေါ်ပြပြီး အရေးယူဆောင်ရွက်ရန်
တင်ပြထားပါတယ်။
ဒီအစီရင်ခံစာကို ဒီအပါတ်ထဲမှာထုတ်ပြန်နိုင်ခဲ့ရတာဟာ တရုပ်အစိုးရဲ့ ပူးပေါင်းသတင်းပေးဆောင်ရွက်မှု ၆ လလောက်
နောက်ကျခဲမှု့ကြောင့် လို့တင်ပြထားပါတယ်။ တရုပ်နိုင်ငံ ဟာ မြောက်ကိုရီးယားနဲ့ချစ်ခင်ရင်းနှီးလှပြီး သံတမန်ရေးနီးနီးကပ်ရှိလွန်းလှတာကြောင့်မြောက်ကိုရီးယားပြသနာကိုနှေင့်နှေးအောင်ပြုလုပ်ထားကြောင်းသိရပါတယ်။
သံတမန်ရဲ့ပြောပြချက်ကတော့ ဖြစ်စဉ်အကျဉ်းတွေကိုတောင် ပြောပြလိုခြင်းမရှိဘူးလို့ ပါရှိပါတယ်။
ကျွမ်းကျင်သူရဲ့ တင်ပြချက်ထဲမှာတော့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်ပနဲ့ ကုန်သွယ်မှုမရှိပါဘူး။ ရှဲကုမ္မဏီကနေ မြောက်ကိုရီးယားနိုင်ငံအတွက် အခြေခံလိုအပ်တဲ့ စက်ပစ္စည်းတွေတင်သွင်းပြီး မြောက်ကိုရီးယား ထွက်ကုန်နဲ့ဖလှယ်တဲ့စနစ်မို့ နိုင်ငံခြားငွေကြေးမရရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံခြားငွေရရှိဖို့အတွက် စစ်လက်နက်ပစ္စည်းများ၊ နျူကလီးယားနည်းပညာတွေကို ပြည်ပနိုင်ငံတွေဆီရောင်းချရှာဖွေတာလို့ ရေးသားထားပါတယ်။
ကုလသမဂ္ဂကအရေးယူပိတ်ဆို့ထားတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်ပို့ဆောင်ပုံ တွေကို အသေးစိတ်တင်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ဟာ သူ့နိုင်ငံနဲ့ အလွန်အလှမ်းကွာဝေးလွန်းတဲ့နိုင်ငံ ( ဥပမာ-အီရန် ) စစ်လက်နက်ပစ္စည်းတွေပို့ဆောင်ရာမှာအလွန်ကိုအဆင်မြင့်တဲ့ကုန်တင်လေယာဉ်တွေနဲ့ပိုဆောင် ကြောင်းသိရပါတယ်။ အလှမ်းဝေးတဲ့နိုင်ငံတွေဆီကို တိုက်ရိုက်ပျံသန်းပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုဖြတ်သန်း အသုံးပြုခဲ့ပါတယ်။
မြောက်ကိုရီးယားသည် လက်နက်များကို တစစီ ထုပ်ပိုးပြီးလျို့ဝှက်စွာတင်ပို့သော နည်းများကို အသုံးပြုပြီး သဘောင်္ဖြင့်ရေလမ်းကြောင်းမှတဆင့် တင်ပို့နေကြောင်းသိရပါတယ်။ တချို့တင်ပို့မှု ကိစ္စများနှင့် သက်ဆိုင်ရာနိုင်ငံများတွင်ပြန်လည်တပ်ဆင်ခြင်းများကို မြောက်ကိုရီးယားမှ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ၊ အထူးကျွမ်းကျင်သော ပုဂ္ဂိုဟ်များ၏ ပါဝင်ပူးပေါင်းမှုများကြောင့် အဆင်သင့် လွယ်လင့်တကူ တပ်ဆင် အသုံးပြုနိုင်ခြင်းဖြစ်တယ်လို့ အစီရင်ခံစာမှာဖေါ်ပြပါရှိပါတယ်။
မြောက်ကိုရီးယားအစိုးရကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတင်တဲ့အစီရင်ခံစာပါတ်သက်လို့ တစုံတရာတုန့်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုကြောင့်ကုလသမဂ္ဂက စီးပွားရေးကိတ်ဆို့အရေးမှုကို ၂၀၀၉ခုနှစ်ကတည်းက အရေးယူအပြစ်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ဆက်မှုတွေတိုးမြင့်ပြီး နျူကလီယားနဲ့ တာဝေး၊တာလတ်ပစ်ဒုံးကျည်တွေ ဝယ်ယူနေတဲ့ မြန်မာစစ်အဏာရှင်တို့ဟာ ရွေးကောက်ပွဲမသမာမှု၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေအပြင် နိုင်ငံတကာရဲ့ ဖိအားတွေကို ရင်ဆိုင်နေရပြီး ဘေးကျပ်နံကျပ် အခြေအနေကိုရောက်ရှိနေကြောင်း သတင်းဌာနတွေကသုံးသပ်နေကြပါတယ်။ ကုလလုံခြုံရေးကောင်စီကိုတင်သွင်းတဲ့ ဒီအစီရင်ခံစာကြောင့်မြောက်ကိုရီးယားရဲ့ နျူကလီးယားဆက်စပ်ထုတ်လုပ်နေတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေဟာ အရေးပေါ်အစည်းအဝေးတွေလုပ် နေကြကြောင်း နီးစပ်တဲ့ အသိုင်းအ၀န်းကနေသတင်းရရှိပါတယ်။

DKBA မှဖမ်းဆီးထားသည့် နအဖ အရာရှိ နှင့် တွေ့ ဆုံမေးမြန်းမှု

ဒေါ်အောင်ဆန်းစုကြည် ဘဝခရီးလမ်း



မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ နိုဝင်ဘာလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၀ မိနစ်

* ၁၉၄၅ : ဇွန်လ ၁၉ ရက်နေ့ ရန်ကုန်တွင်မွေးဖွား၊
* ၁၉၆၄ : အိန္ဒိယနိုင်ငံ ဒေလီတွင် ကောလိပ်ကျောင်းပြီး၊
* ၁၉၆၇ : ဗြိတိန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်မှ ဘီအေ ဘွဲ့ရ၊
* ၁၉၇၂ : မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့၊
* ၁၉၇၃ : သားကြီး အလက်ဇန်းဒါး မွေးဖွား၊
* ၁၉၇၇ : သားငယ် မောင်ထိန်လင်း (ကင်) မွေးဖွား၊
* ၁၉၈၈ : အင်္ဂလန်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ၊
* ၁၉၈၈ : စက်တင်ဘာလ ၂၇ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်၊
* ၁၉၈၉ : ဇူလိုင် ၂၀ တွင် နေအိမ် အကျယ်ချုပ်ချခံရ၊
* ၁၉၉၀ : NLD ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရ၊
* ၁၉၉၁ : နိုဗယ်ငြိမ်းချမ်းရေးဆုရရှိ၊
* ၁၉၉၅ : ဇူလိုင်လတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာ၊
* ၁၉၉၉ : ခင်ပွန်းသည် ကွယ်လွန်၊
* ၂၀၀၀ : ဒုတိယအကြိမ် နေအိမ် အကျယ်ချုပ်ချခံရ၊
* ၂၀၀၂ : နေအိမ် အကျယ်ချုပ် ပြန်လည်လွတ်မြောက်၊
* ၂၀၀၃ : မေလ ပါတီစည်းရုံးရေး ခရီးစဉ်အတွင်း တိုက်ခိုက်ခံရ၊
* ၂၀၀၃ : မေလမှ စက်တင်ဘာလအထိ ထိန်းသိမ်းခြင်း ခံရ
* ၂၀၀၃ : စက်တင်ဘာလတွင် နေအိမ်အကျယ်ချုပ်ချခံရ၊
* ၂၀၀၄ : ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီအစ္စမေး နှင့် တွေ့ဆုံ၊
* ၂၀၀၅ : နိုဝင်ဘာ ၂၈ နေအိမ် အကျယ်ချုပ် တနှစ် ထပ်တိုးခံရ၊
* ၂၀၀၆ : မေလတွင် ကုလသမဂ္ဂမှ အထွေထွေအတွင်းရေးမှူးချုပ် အီဘရာဟင် ဂမ်ဘာရီနဲ့ တွေဆုံ၊
* ၂၀၀၆ : မေလ ၂၇တွင်နေအိမ် အကျယ်ချုပ် သက်တမ်းထပ်တိုးခံရ၊
* ၂၀၀၆ : နိုဝင်ဘာ ၁၁ တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အီဘရာဟင် ဂမ်ဘာရီနှင့် တွေ့ဆုံ၊
* ၂၀၀၈ : မေလတွင် နေအိမ် အကျယ်ချုပ် ထပ်တိုးခံရ၊
* ၂၀၀၉ : မေလတွင် အမေရိကန်နိုင်ငံသား ဝီလျံယက်ထော နေအိမ်တွင်းသို့ ဝင်ရောက်၊
* ၂၀၀၉ : မေ ၁၈ တွင် ယက်ထော နေအိမ်ခိုးဝင်မှုနဲ့ ပတ်သက်ပြီး နေအိမ် အကျယ်ချုပ် ၁၈ လ ချမှတ်ခံရ၊

လက်ရှိအခြေအနေအပေါ်ABSDFအမြင်သဘောထားထုတ်ပြန်ချက်...

Absdf Statement

NLD ရုံးအခြေ အနေ ( ၁၂ . ၁၁ . ၂၀၁၀ | ည ၇ နာရီ )