Tuesday, November 16, 2010

16 Nov 2010 ဒိုင်ယာရီ

http://www.mediafire.com/file/dxgf8d84f7vpdam/16%20Nov%202010%20Yeyintnge%27s%20Diary.pdf

http://www.mediafire.com/file/rzxa1dd9y7q242d/16%20Nov%202010%20Yeyintnge%27s%20Diary.doc

16 Nov 2010 Yeyintnge's Diary

ဦးဝင်းတင်နဲ့ မေးခွန်းများ

Network for Democracy of the people, by the people, for the people
ဦးဝင်းတင်နဲ့ မေးခွန်းများ
နိုဝင်ဘာ ၁၆၊ ၂၀၁၀
 
(12th Nov, 2010 - Rangoon, NLD Headquarter, U Win Tin, one of Party Leaders with public)   
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့ နောက်၊ ရက်ပိုင်းအတွင်းမှာ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ လူထုတရပ်လုံးက ဘယ်လိုမျိုး ၀ိုင်းဝန်းဆောင်ရွက်ကြမလဲ ဆိုတဲ့ မေးခွန်းက အားလုံး ရင်ထဲမှာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ အချက်တခုဖြစ်တဲ့ - ဒီမိုကရေစီကွန်ယက် ဆိုတာကို အများက အထူးစိတ်ဝင်စားကြပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်ကိုပဲ မေးခွန်းထုတ်ဖြစ်ခဲ့ပြန်ပါတယ်။

ယခင် ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးများမှာ ဆရာပြောခဲ့ဖူးတဲ့အတိုင်း ပြန်ကောက်နုတ်ရမယ် ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့ အင်န်အယ်ဒီပါတီဟာ အထက်အောက် (ဒေါင်လိုက်) စီးဆင်းတဲ့ ဆက်ဆံရေးနဲ့ အလုပ်လုပ်တာထက်စာရင် အလျားလိုက် ကွန်ယက်များသဖွယ် လူထုနဲ့ ပါတီဝင် လူငယ်တွေ၊ အောက်ခြေက မြို့၊ ရွာ၊ ကျေးလက်အထိ ထိစပ် ဖြန့်ကျက်ပြီး လုပ်ကိုင်ကြရမယ် ဆိုတဲ့အတိုင်း ၂၀၁၀ မတ်လက စလို့ ယခု နိုဝင်ဘာလအထိ ရွေးကောက်ပွဲသပိတ်မှောက်ကာလ ၇ ကျော် ၈ လ နီးပါးကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်ရဲ့ အကျိုးရလဒ် ထိရောက်မှုကတော့ မြန်မာပြည်က နိုင်ငံရေးပရိသတ် အသိဆုံး ဖြစ်မယ် လို့ ထင်ပါတယ်။
အခုတဖန်မှာလည်း နိုင်ငံတကာက အင်တာနက်နက်ဝပ်ရဲ့ အစိတ်အပိုင်း ဥပမာတခုဖြစ်တဲ့ Facebook နဲ့ Tweeter ရဲ့ ဖြန့်ကျက်မှုမျိုး၊ ထိတွေ့ ဆက်စပ်မှုမျိုးကို စိတ်ဝင်စားတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တဖန် မြန်မာပြည်တွင်းရဲ့ နည်းပညာ၊ ဆက်သွယ်ရေး နဲ့ ပညာရေး စိန်ခေါ်မှုတွေကို ဖြတ်ကျော် ရင်ဆိုင်ရမယ်လို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ မြန်မာပြည်ကနေ နိုင်ငံတကာအထိ ကျော်ဖြတ်ဆက်စပ်တဲ့ ဒီမိုကရေစီကွန်ယက်နဲ့ ကျမတို့ လက်တွဲထူထောင်သွားကြမယ်လို့ ပြောလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေနဲ့ ပတ်သက်ပြီး ဦးဝင်းတင်ကိုပဲ မေးခွန်းထုတ်ခဲ့ရပြန်တာ ဖြစ်ပါတယ်။

ဆရာက မိုးမခကို ဖြေကြားရာမှာ …
“ဒီရက်ပိုင်းအတွင်းကတော့ အားလုံးမှာ အလုပ်တွေ များနေကြတော့ အေးအေးဆေးဆေး မရှိကြပါဘူးကွာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအသေးစိတ်တွေ၊ သတင်းစာရှင်းလင်း အဖြေတွေကိုတောင်မှာ ရေဒီယိုသတင်းတွေထဲကနေ သေချာ ပြန်နားမထောင်ရသေးဘူး။ နောက်ပြီး မီဒီယာက အခုလိုမျိုး ဖုံးဆက်နေရင် ဖြေနေရသေးတော့ သတင်းတွေတောင် နားမထောင်လိုက်ရဘဲ လွတ်သွားတာတောင် ရှိနေတယ်။ သို့သော် ဒီကြားထဲကနေပြီးတော့ ကျနော် သိရှိသလောက်၊ နားလည်သလောက် ပြောရမယ် ဆိုရင်တော့ …
နက်ဝပ်ပုံသဏ္ဍန်ကတော့ ကျနော်တို့အတွက် အလုပ်ဖြစ်တဲ့ ပုံသဏ္ဍန်ပဲ ဆိုတာကို ကျနော်တို့ ပြောဖြစ်ကြတယ်။ ပါတီကြီး တခု ပုံမှန်တရားဝင် အခြေတကျလုပ်ကိုင်နေသလိုမျိုး ကျနော်တို့ အထက်အောက်၊ စီအီးစီတွေ ဘာတွေနဲ့ ညွှန်ကြားနေမယ် ဆိုတာမျိုးကတော့ အင်န်အယ်ဒီရဲ့ ခုလို အနေအထားမျိုးနဲ့က လုပ်လို့ မရသေးဘူး။ ကိုယ့် အစုအဖွဲ့ကလေးတွေနဲ့ နက်ဝဒ်လေးတွေ ရှိကြမယ်။ ထိတွေ့နေကြမယ်။ အဲသည် နက်ဝဒ်တွေ တခုလုံးကနေပြီးတော့ ခေါင်းဆောင်မှုကို ခံယူလာတာ ဒါမျိုးတွေ ရှိမယ်။ သည်လိုပဲ တွေးလို့ရမယ်။
အဲဒါကြောင့် Network for Democracy ဆိုတာမျိုးကို လုပ်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ကျနော်ကတော့ ထင်တယ်။ ဒီလိုမျိုးနဲ့ Network for Democracy of the people, by the people, for the people လို့ လင်ကွန်းရဲ့ စကားမျိုးလို ကိုးကားပြီး ပြောတာပေါ့ကွာ။ ဒါကိုလည်း တဖြေးဖြေးချင်း စဉ်းစား၊ ဆွေးနွေး၊ အချိန်ယူ ပုံကြမ်းထုတ်ပြီး လုပ်ပြီး ထုတ်ပြောရမှာပဲ လို့ ထင်ပါတယ်။ ကျနော်က သည်လိုမျိုး ပြောပါတယ်။
မြို့နယ်တွေကလည်း သူတို့အချင်းချင်း နက်ဝဒ်လေးတွေ ဖွဲ့ပြီးလုပ်ကြ၊ အဲသည်ကနေပြီး ဗဟိုကိုယ်တိုင်ကလည်း one of the unit ပေါ့ဟုတ်လား။ ကျနော်ကိုယ်တိုင်လည်း အဲသလိုမျိုး အခု ၇ လ ၈ လအတွင်းမှာ အထက်က အမိန့်ပေးပြီး လုပ်ခိုင်းတယ် ဆိုတာမျိုးထက် ကိုယ့်အစုအဖွဲ့တွေက သဘောပေါက် နားလည်ပြီး လုပ်ကိုင်ကြရတာမျိုး ဖြစ်တယ် ဆိုတာကို ကျနော့်အတွေ့အကြုံအတိုင်း ပြောပြပါတယ်။
ကျနော်တို့မှာ နိုင်ငံရေးအရက League for Democracy ဆိုတာ ဟုတ်လား၊ National League for Democracy ဆိုတာရှိတယ်။ အခုနောက်ပိုင်းမှာတော့ ပိုမို ကျယ်ပြန့်တဲ့ Network for Democracy ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည်က စဉ်းစားလာတယ်လို့ ကျနော်က ထင်မြင်ပါတယ်။ အပြင်က ဘလော့ဂ်ဂါတွေ၊ ဖေ့ဘွတ်တွေ၊ တွစ်တာတွေ ဟုတ်လား၊ မင်းတို့အပြင်က ဟာတွေကို သူ့အနေနဲ့ စိတ်ဝင်တစား စောင့်ကြည့် သုံးသပ်ပြီး ပြောတဲ့ သဘောလို့ ထင်တယ်။ အသေးစိတ်တော့ ကျနော်တို့တွေက ဘယ်သိသေးမလဲ။ အားလုံးက ၀ိုင်းပြီး ပါဝင်ပတ်သက်ကြရမယ် လို့ ထင်ပါတယ်။
နောက်ထပ်မေးခွန်းတွေ၊ ဖြေရှင်းရမယ့်ဟာတွေကလည်း အများကြီး ရှိသေးတယ်လေ။ နိုင်ငံရေးမှာ လူငယ်တွေ၊ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခမ်းကဏ္ဍတွေ တိုးတက် မြင့်မားလာအောင် ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့ဆီမှာ ရှိတဲ့ လူငယ်တွေက ညံ့နေတာလား၊ ဒါမှမဟုတ် တခြားလူငယ်တွေနဲ့ ယှဉ်လိုက်လို့ရှိရင် ဘယ်နေရာတွေမှာ အားနည်းနေတာလဲ၊ ဒါတွေကို သုံးသပ်ကြဖို့ လိုတယ်။ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေလည်း ဘယ်လို ဆက်သွားကြမှာလဲ။ ဒါတွေ ရှိသေးတယ်။

ဟုတ်ကဲ့ပါဆရာ … နိုင်ငံရေး အခမ်းကဏ္ဍတွေတင်မကဘဲ Network for Democracy ဆိုတဲ့အတွက် ကျယ်ပြန့်တဲ့ မြန်မာကွန်မြူနီတီတွေရဲ့ Social Network တွေဆီကိုပါ သက်ရောက်မှု ရှိလာမယ်လို့ ထင်ပါတယ် ဆရာ။
          ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီ ဖြစ်တယ်လေ။ မင်းတို့လည်း ကြားမှာပေါ့။ ကျမတို့ဟာ အင်န်အယ်ဒီဟာ နိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်းအနေနဲ့ပဲ ဆက်လက် ရပ်တည်သွားမယ်။ အင်န်ဂျီအိုလည်း မဟုတ်ဘူး။ ဆိုရှယ်ဝဲဖဲတွေကိုပဲ လုပ်သွားမှာ မဟုတ်ဘူးဆိုတာကို ရှင်းပြသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ ပါတီစခါစကတည်းက လူမှုအထောက်အကူလုပ်ငန်းအဖွဲ့တွေ ဆိုတာ ရှိပြီး ဖြစ်တယ်။ သူတို့တွေက အစိတ်အပိုင်းတွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိပြီးဖြစ်တယ်။ နိုင်ငံရေးပါတီတခုအနေနဲ့က ဆိုရှယ်ဝဲဖဲတွေဆိုတာ သက်ဆိုင်နေတာပဲ၊ ပတ်သက်နေရတာပဲ။ ဒါက ပြည်သူတွေနဲ့ သက်ဆိုင်တယ်၊ ပတ်သက်တယ်ဆိုတာပဲ။  ဒါကို ငြင်းပယ်တာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောပါတယ်။

ဆရာပြောချင်တာက ဆိုရှယ်ဝဲဖဲဆိုတာတွေ၊ လူမှုအထောက်အကူပြုလုပ်ငန်းတွေဆိုတာကို ပါတီအနေနဲ့ ဆက်စပ်ပတ်သက်မှုတွေ ရှိနေတယ်။ ရှိခဲ့ပြီး ဖြစ်တယ်။ သို့သော် ဒါတွေကိုပဲ ဇောက်ချပြီး လုပ်နေတဲ့ အဖွဲ့လို့ မမြင်စေချင်တဲ့သဘော၊ မဖြစ်စေချင်တဲ့ သဘောလို့ ပြောရင်ရမယ်နဲ့ တူတယ်နော် ဆရာ။
          ဟုတ်ပါတယ်။ ကျနော်တို့တတွေက လူမှုထောက်ကူလုပ်ငန်းတွေကိုလည်း ကျယ်ပြန့်နိုင်သမျှလုပ်နေတာတွေ ရှိနေပါတယ်။ မဖြူဖြူသင်းတို့ အေအိုင်ဒီအက်စ် အိပ်ခ်ျအိုင်ဗီ လူနာတွေကို ထောက်ကူတဲ့ လုပ်ငန်းတွေ။ နယ်တွေမှာ ကိုယ်ရေပြားရောဂါသည်တွေ စောင့်ရှောက်ဖို့ လုပ်နေတဲ့ အစီအစဉ်ရှိတယ်။ ဆေးခန်းရှိတယ်။ ဘုန်းကြီးကျောင်း ပညာသင်ကြားရေးကို ထောက်ကူတာတွေ ရှိတယ်။ နောက်ပြီး လေဘေးကယ်ဆယ်ရေး၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးတွေ လုပ်ခဲ့တာတွေ လုပ်နေတာတွေ ရှိတယ်။ သည်နေရာမှာ ဘာကို တခု သဘောပေါက်ရမှာလဲ ဆိုတော့ လူမှုထောက်ကူလုပ်ငန်းတွေ လုပ်တိုင်းမှာလည်းပဲ ကျနော်တို့ နက်ဝပ်တွေမှာ အတားအဆီး အနှောက်အယှက်တွေ ကြုံနေရတာတွေ အများကြီး ရှိတယ်။ ဥပမာ - အင်န်အယ်ဒီဆိုပြီးတော့ ၀င်ပြီး ကူညီခွင့်မရတာမျိုး၊ အခု နိုင်ငံရေးပါတီဖြစ်သွားတဲ့ ကြံ့ဖွံ့အသင်းကြီးကိုယ်တိုင်က ကျနော်တို့တတွေရဲ့ လူမှုထောက်ကူလုပ်ငန်းတွေကို ကျယ်ပြန့်မလာအောင် လုပ်ခဲ့တာတွေ ရှိတယ်။ ဆိုတဲ့အချက်တွေကြောင့် ကျနော်တို့မှာ စဉ်းစားစရာတွေ၊ ဆင်ခြင်သုံးသပ် ပြင်ဆင်စရာတွေ အများကြီး ရှိတယ်လို့ ပြောချင်တယ်။
          ဒေါ်အောင်ဆန်းစုကြည်ကနေပြီး ခုမှ အပြင်ကို ထွက်လာပြီး ပြောရ ဆိုရ ဖြစ်တဲ့အတွက် ကျနော်တို့တတွေ အားလုံးက အချိန်ယူပြီးတော့ စဉ်းစားတာတွေ၊ တိုင်ပင်တာတွေ၊ ဆွေးနွေး ပြင်ဆင်တာတွေ လိုအပ်ပါတယ်။ အသေးစိတ်ကို နားလည် သဘောပေါက်နိုင်ကြဖို့ပေါ့။ တော်ကြာ အဓိပ္ပါယ် အကောက်လွဲတာတွေ ဖြစ်သွားတာမျိုးတွေကို ကျနော့်အနေနဲ့ မလိုလားပါဘူး။
http://www.moemaka.com/

တိုင်းရင်းသားတွေမြင်တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဧရာဝတီ Tuesday, 16 November 2010 18:45 

နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ပြီး ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ပြည်သူလူထုအား မိန့်ခွန်းပြောခဲ့ရာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်ကို ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ယနေ့ နေ့လယ်ကလည်း တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့် တွေ့ဆုံ၍ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဧရာဝတီ မဂ္ဂဇင်းက ရွေးကောက်ပွဲ ဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်တချို့၊ အပစ်အခတ် ရပ်စဲထားသော်လည်း ရွေးကောက်ပွဲ မဝင်သည့် တိုင်းရင်းသား ခေါင်းဆောင်တချို့နှင့် အပစ်အခတ် မရပ်စဲသေးသည့် တိုင်းရင်းသား ခေါင်းဆောင် တချို့ကို မေးမြန်းခဲ့ရာ အားလုံးက ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး ကိစ္စကို ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြည်သူလူထုက ထောက်ခံအားပေးသည့် ခေါင်းဆောင်တဦးအဖြစ် ကြိုဆိုကြောင်း ပြောဆိုကြသည်။

ထို့ကြောင့် ဧရာဝတီ မဂ္ဂဇင်းက မေးမြန်းထားသည့် တိုင်းရင်းသား ခေါင်းဆောင်တချို့၏ သဘောထားများကို ဖော်ပြလိုက်ပါသည်။

ရှမ်း
ဦးစစ်ဆောင်ဆီ
ဒုဥက္ကဋ္ဌ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (သို့မဟုတ်) ကျားဖြူပါတီ (SNDP)

ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်လာရေး လုပ်ဆောင်မှုကို အပြည့်အ၀ ထောက်ခံပါတယ်။ ဖြစ်အောင်လုပ်ဖို့လည်း လိုအပ်တယ်။ ဒါ့အပြင် ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်မှသာ တိုင်းရင်းသား အားလုံးအတွက် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ မျှတတဲ့ အာဏာခွဲဝေမှုနဲ့ မြန်မာနိုင်ငံ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အတွက် လုပ်ဆောင်နိုင်မှာပါ။

ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်မှာသာ အနာဂတ် မျိုးဆက်သစ်တွေ အတွက်ပါ အာမခံချက် ရရှိမှာ ဖြစ်ပြီး လူမျိုးတမျိုးနဲ့ တမျိုးအကြားမှာလည်း ယုံကြည်မှု တည်ဆောက်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်စုကြည် ပြန်လည် လွတ်မြောက် လာတာကို ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ အတွက် ပူးပေါင်း လုပ်ဆောင်သွားပါမယ်။

ချင်း
ဦးလုံစီ
ဥက္ကဋ္ဌ - ချင်း တိုးတက်ရေးပါတီ

ပင်လုံညီလာခံကြီး ပေါ်ပေါက်လာမှ တိုင်းရင်းသားတွေ အားလုံးနဲ့ မြန်မာနိုင်ငံသားတွေ အားလုံးဟာ တန်းတူညီမျှ အခွင့်အရေး ရမှာမို့လို့ အမြန်ဆုံး ခေါ်ယူသင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အတွက် ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံကိစ္စကို ပြောတဲ့ အတွက် အပြည့်အ၀ ထောက်ခံ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကိုလည်း ထောက်ခံပါတယ်။


Naing-Ngwe-Thein-Credit-IMNA
နိုင်ငွေသိန်း (ဓာတ်ပုံ - IMNA)
မွန်
နိုင်ငွေသိန်း
ဥက္ကဋ္ဌ - မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ

ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက် လာရေးကို ကြိုဆိုပါတယ်။ ညီလာခံ ပေါ်ပေါက်ရေးအတွက် အားလုံးက ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ လိုပါတယ်။ အမှန်တကယ် ဖြစ်မြောက်လာဖို့လည်း ကြိုးစား စေချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစုတွေ အားလုံးနဲ့ ပူးပေါင်းသွားမှာပါ။

Dr.Aye-Maung-RNDP-narinjara
ဒေါက်တာအေးမောင် (ဓာတ်ပုံ - Narinjara)
ရခိုင်
ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အားလုံးက ပူးပေါင်း ပါဝင်စေလိုပါတယ်။ ဒါပေမယ့် ညီလာခံ ကနေ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ရရှိမှသာ တိုင်းရင်းသား တွေအတွက် တန်းတူ အခွင့်အရေး၊ လွတ်လပ်စွာ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိမှာပါ။

အားလုံးပါဝင်တဲ့ ညီလာခံတခု မရှိမဖြစ် လိုအပ်ပါတယ်။ အားလုံး ဆိုတဲ့ နေရာမှာ တိုင်းရင်းသား အားလုံး၊ လက်ရှိ အာဏာရ သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက အစ ပါရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ပြည်သူ အားလုံးရဲ့ ချစ်ခင် ထောက်ခံမှု ရထားတဲ့သူ ဖြစ်တဲ့အတွက် ကြားခံ ပုဂ္ဂိုလ် တဦးအနေနဲ့ ပါဝင်မှ ရပါမယ်။ အဲဒီလို အားလုံးပါဝင် ဆွေးနွေးမှ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Dr.-Lahkyen-La-Ja-Credit-KNG
ဒေါက်တာ လဂျန်း လှဂျာ (ဓာတ်ပုံ - KNG)
ကချင်
ဒေါက်တာ လဂျန်း လှဂျာ
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစစ်စစ် တခု ပေါ်ပေါက်ရေးနဲ့ အမျိုး
သား ရင်ကြားစေ့ရေး တည်ဆောက်ဖို့က အရေးကြီးပါတယ်။ ဒါမှပဲ တိုင်းရင်းသား အားလုံး အချင်းချင်း ယုံကြည်မှု တည်ဆောက် နိုင်မှာဖြစ်ပြီး ရေရှည် တည်တံ့မှာပါ။

naing-han-tha-Irawaddy
နိုင်ဟံသာ (ဓာတ်ပုံ - ဧရာဝတီ)
မွန်
နိုင်ဟံသာ
အတွင်းရေးမှူး - မွန်ပြည်သစ်ပါတီ

ဒုတိယပင်လုံ ညီလာခံတခု ပေါ်ပေါက်လာရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ထောက်ခံ အားပေးပါတယ်။ အမျိုး
သား ရင်ကြားစေ့ရေးဟာ ပြည်သူတွေ လိုလားတောင့်တ နေတဲ့ အရာတခုပါ။ ဒါပေမယ့် လူတိုင်း မလုပ်နိုင်ခဲ့ပါဘူး။

အမျိုးသားရင်ကြားစေ့ရေးကို ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ ပြည်သူတရပ်လုံး သာမက နိုင်ငံတကာကပါ ထောက်ခံမှု ရရှိထားသူ ဖြစ်တဲ့အတွက် အသင့်လျော်ဆုံး ပုဂ္ဂိုလ် တဦး ဖြစ်လို့ပါပဲ။

ရှမ်း
စိုင်းလာဆိုင်း
ရှမ်းပြည်တပ်မတော် (SSA)

ဗမာလူမျိုးတွေနဲ့ တိုင်းရင်းသားတွေ အကြား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြား စေ့ရေး၊ စည်းလုံးညီညွတ်ရေး တွေကို
ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်ပေးနိုင် ပါလိမ့်မယ်။

Zipporah-Sein-Irrawaddy
နော်ဇီပိုးရာစိန် (ဓာတ်ပုံ - ဧရာဝတီ)
ကရင်
နော်ဇီပိုးရာစိန်
အတွင်းရေးမှူး - ကရင်အမျိုးသား အစည်းအရုံး (KNU)

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအရေးနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် ကြိုးပမ်း ဆောင်ရွက်နေတာကြောင့် သူ့ကို ထောက်ခံပါတယ်။ ပန်းတိုင်က တူညီနေတဲ့ အတွက် လုပ်ရပ်တွေကို ထောက်ခံအားပေး ကြိုဆိုပါတယ်။
http://www.irrawaddy.org/bur/

အမေစုအတွက်တိုင်းရင်းသားများဝမ်းမြောက်ကြောင်းဂုဏ်ပြုလွှာ

Welcome

The ABSDF's Oct News Chronology, 2010

http://xa.yimg.com/kq/groups/20354587/1537407659/name/October%2C%202010%20Chronology.pdf

October, 2010 Chronology

လူ့ဘောင်သစ်ဝေဖန်သုံးသပ်ချက်(၁၇-၂၁၁၀)

http://xa.yimg.com/kq/groups/20354587/2099064326/name/17_2010_dpns%20commentary.pdf

17 2010 Dpns Commentary

ပြည်ပထွက်မယ့် သူများသတိထားရန်

မင်္ဂလာပါ မောင်နှမများအားလုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေနော်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က လေဆိပ်မှာဖြစ်ခဲ့တဲ့ အဖြစ်လေးကို မျှဝေသင့်တယ် ထင်လို့တင်လိုက်တာပါ။

အဲဒိနေ့က ညီမလေးတစ်ယောက်လေဆိပ်သွားကြိုပေးပါတယ်။အဲဒီညီမလေးကလောလောဆယ်မှာStudentpassနဲ့နေနေတာပါ။အရင်ကသူလေးလဲအိမ်တစ်အိမ်မှာ18လကြာနေခဲ့ဘူးပါတယ်။သူ့မွေးနေ့လေးမို့ကုသိုလ်လုပ်ချင်လို့အဲဒီနေ့မှာပထမဆုံးအကြိမ်လေဆိပ်ကိုတစ်ယောက်ထဲသွားကြိုပေးတဲ့နေ့ပေါ့။သူရောက်ပြီးသိပ်မကြာဘူးမေလေးဆီဖုန်းဆက်လာပါတယ်။လေဆိပ်မှာပြသနာတက်လို့လိုက်ခဲ့ပေးပါဆိုလို့မေလေးချက်ချင်းလိုက်သွားတော့ဟိုမှာပြသနာကတော်တော်ကြီးနေပြီ။အစ်မတစ်ယောက်ရန်ကုန်ကအေးဂျင့်ကSpassဆိုပြီးစာရွက်စာတမ်းအတုနဲ့ လွတ်လိုက်တယ်။ဒီရောက်တော့ အေးဂျင့်က Meeting Serviceကတဆင့်ကြိုခိုင်းထားတော့ Maid permit ဖြစ်နေတယ်။ အဲဒီအစ်မက ရန်ကုန်ကနာမည်ကြီးကုမ္ပဏ်ီတစ်ခုမှာ တစ်လကို ၂ သိန်းနဲ့လုပ်နေရာက သူများအဆွယ်ကောင်းလို့ စင်ကာပူ လာခါမှအလိမ်မိတာလေ။အီးလဲတော်တော်ကောင်းသလို ထက်လဲထက်မြက်တဲ့မိန်းမတစ်ယောက်ဆိုတော့ အေးဂျင့်ကို တစ်ခွန်းမကျန်ပြန်ပြောတော့ အေးဂျင့်ကပါးရိုက်လို့။ အမှန်က အေးဂျင့် မဟုတ်သေးပါဘူး။လာကြိုတဲ့သူအများစုက အေးဂျင့်ဆီမှာ အလုပ်လုပ်နေတဲ့ ဒါရိုက်ဘာအဆင့်လောက်ဘဲရှိတဲ့သူတွေပါ။လေဆိပ်တစ်ရက်လောက်သွားကြိုကြည့်ကြပါ။ ဒီကောင်တွေဘယ်လောက်မိုက်ရိုင်းလဲသိရအောင်။ ခုမှလာခါစ ဆိုပြီး မြန်မာမိန်းကလေးတွေဆို ဘာမှတ်နေလဲမသိဘူးနှိမ်မှနှိမ်။ရောက်ခါစ အစ်မတွေ ညီမလေးတွေ တကယ်ကိုသနားဖို့ကောင်းတယ်။အမြဲဘဲမျက်ရည်လေး စမ်းစမ်းနဲ့ တကယ်ကို သနားစရာကောင်းပါတယ်။ မေလေးလဲအဲဒီအစ်မကို သေချာရှင်းပြပါတယ်။ အစ်မအခုချိန်မှာ အစ်မလုပ်နိုင်တာသုံးလမ်းရှိတယ်။ တစ်က အစ်မလှည့်ပြန်သွားပါ။ဒါဆိုရင်တော့ အစ်မ အေးဂျင့်ကို ၁၅၀၀လျှော်ရပါလိမ့်မယ်။စာချုပ်ရှိလို့ပါ။

လေယာဉ်ခလဲကိုယ်ဘာသာကိုပေးရမှာပါ။ဒီနည်းလဲသူမကြိုက်ပါဘူး။ရန်ကုန်မှာပေးခဲ့တဲ့ အေးဂျင့်ခက လေယာဉ်လက်မှတ်ဖိုးမပါ ၄၃သိန်းအကျေပေးခဲ့ရတယ်။အဲတော့သူခမျာ ဘယ်လိုလုပ်ထပ်ပေးချင်မလဲ။ နှစ်က အခုလောလေဆယ် အေးဂျင့်နဲ့လိုက်သွားပြီး အိမ်တစ်အိမ်မှာခဏလုပ်ပါ။နောက်မှကြိုးစားရုန်းထွက်ပေါ့။ ဒီလိုလဲသူလက်မခံနိုင်ပါဘူး.။တစ်သက်လုံးအိမ်ဖော်နဲ့နေလာတာတဲ့။အိမ်အလုပ်မလုပ်ဖူးဘူးတဲ့။ဒီတော့ဒါလဲသူပယ်တယ်။ နောက်ဆုံးအချက်က ရဲစခန်းကိုခုချက်ချင်းသွားပြီးအမှုဖွင့် ပြီးရင် MOMမှာသွားနေပေါ့။

ဒါဘဲသူရွေးချယ်တော့အေးဂျင့်ကိုပြန်လွှတ်လိုက်ပြီးသူကိုရဲစခန်းခေါ်သွားပေးရတယ်။ လမ်းမှာလဲသေချာပြောပြရသေးတယ်။ လောလောဆယ် MOM မှာမေလေးတိုင်ထားပေးတာ ၅ ယောက်ရှိပါတယ်။အခုထိအမှုက မပြီးသေးဘူး။ တစ်ယောက်ဆို ကလေးတောင် ၃ လရှိပြီ။အိမ်ရှင်စော်ကားလို့တိုင်ထားတာပါ။တကယ်သနားစရာကောင်းပါတယ်။အသက်က၂၁ဘဲရှိပါသေးတယ်။သူလေးဘဝကိုစဉ်းစားကြည့်ကြပါအုန်း။ အဲဒီညီမလေးနဲ့ မေလေးသိတဲ့အချိန်မှာ ကိုယ်ဝန်က ၄ လကျော်နေပါပြီ။ ကိုယ်ဝန်ရှိနေတာကို အဲဒီညီမလေးကိုယ်တိုင်မသိလိုက်တာလေ။အခုတော့ကလေးတစ်ယောက်နဲ့ အမှုကမပြီးသေးဘူးလေ။ခုနအစ်မအကြောင်းဆက်ရအောင်။ သူကိုရဲစခန်းမှာ အမှုဖွင့်ပေးတော့ထုံးစံအတိုင်းမေလေးကသက်သေပေါ့။

သက်သေဆိုတာ နောက်ရုံးချိန်းရှိတိုင်း ခေါ်ရင်သွားရပါတယ်။ ဒီမှာလဲမြန်မာပြည်မှာလိုပါဘဲ။ ရုံးချိန်းကခဏခဏ။ ရဲစခန်းကနေမှ တဆင့် punggol မှာရှိတဲ့ MOM ကိုလိုက်ပို့ခဲ့ပါတယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ မသိသေးပါဘူး။သူကိုလိမ်လိုက်တဲ့ S-passappproval letter ကမေလေးစစ်ကြည့်တော့ တကယ်ရှိပါတယ်။သူနာမည်တော့မဟုတ်ဘူး။ နာမည်နဲ့ မွေးသက္ကရာဇ် ကို အစားထိုးပြီးလွှတ်လိုက်တာလေ။ မေလေးသတိပေးချင်တာ နောက်ဆို ဘယ်အေးဂျင့် မှမယုံပါနဲ့။ကိုယ်တိုင်သေချာစစ်ခဲ့ပါ။ S-pass တကယ်ကျမကျစစ်လို့ရပါတယ်။အေးဂျင့်နဲ့မလုပ်နဲ့မဟုတ်ပါဘူး။ လုပ်ပါ။အေးဂျင့်တွေကလည်းထိုက်တန်သလောက် ယူပြီးရင် မလိမ်ပါနဲ့ရှင်။ ဘဝတစ်ခုပျက်မှထမင်းစားမဲ့အစား အငတ်ခံလို်က်တာပိုကောင်းတယ်လို့ မေလေးတော့ယူဆတယ်။ တကယ်ကိုဘဝပျက်သွားတဲ့မိသားစုတွေအများကြီးရှိပါတယ်။ အေးဂျင့်နဲ့ ရန်ကုန်ကနေဘဲအပ်အပ် ဒီကိုအလည်နဲ့လာပြီးမှဘဲအပ်အပ်ပိုက်ဆံအကုန်မချေပါနဲ့။ သူတို့ဘယ်လိုပြောပြော စရန်ကလွဲရင် မပေးထားပါနဲ့။တကယ် approve ဖြစ်မှပေးပါ။ အပ်ထားပြီးသိပ်မကြာဘူးသူတို့ကသူဌေးနဲ့လဲတွေ့ပေးပြီးပြီ။ အလုပ်လဲအိုကေလို့တင်မယ်ဆိုတခါထဲမေးထားပါ။ကိုယ်အရည်အချင်းကိုသူဌေးကတကယ်ကြိုက်လို့တင်တာလား။သိပ်မကြိုက်ဘူးဆိုရင်နောက်အလုပ်ရှာခိုင်းပါ။အားနာစရာလုံးဝမလိုပါဘူးး။ အားနာနေရင်ကိုယ်ခံသွားရမယ်လေ။ အေးဂျင့်နဲ့ သူဌေးနဲ့ပေါင်းပြီးလုပ်တာတွေများနေလို့ပါ။ ဥပမာ..အေးဂျင့်ခ ၃၀၀၀ ယူတယ်ထား၊သူဌေးကို ၁၅၀၀ပေးမယ်။S-pass လျှောက်ပေးမယ်။ကျလဲကျတယ်။ တစ်ပတ်လောက်၊တစ်လလောက်ဆို သူဌေးကမကြိုက်ဘူးဆိုပြီး ဖြုတ်လိုက်မယ်။ အေးဂျင့်ကသူနောက်အလုပ်ရှာပေးမယ်ဆိုပြီး နောက်ထပ် ၁၀၀၀သို့မဟုတ်၂၀၀၀ထပ်တောင်း။အလုပ်ရ၊သူဌေးကထပ်ဖြုတ်၊ အဲလိုတွေအပြင်မှာတကယ်ဖြစ်နေလို့ပါ။ အဲဒီတော့ တစ်ခါထဲအေးဂျင့်ကိုမေးပါ။ အစမ်းခန့်က ဘယ်နှစ်လလဲ။တကယ်လို့ကိုယ်အရည်အချင်းကြောင့် မဟုတ်ဘဲ သူဌေးကသက်သက်အလုပ်ဖြုတ်ရင် ဘယ်လိုလုပ်ပေးမှာလဲ၊တခါထဲမေးထားပါ။ အေးဂျင့်ကတင်လိုက်ပြီ ဆိုရင် အွန်လိုင်းကတင်ရင်ဒီနေ့တင်မနက်ဖြန်သိ၇ပါတယ်။ စာတိုက်ကတင်ရင်တော့ ၁ ပတ်လောက်ဆို Finနံပါတ်ထွက်လာပါတယ်။ ဘာနဲ့ဘဲတင်တင် အေးဂျင့်ဆီက Finနံပါတ်တောင်းပါ။ ပြီးရင် www.mom.gov.sg ကိုသွားပါ ။ညာဘက်အောက်နားလေးမှာ အနီရောင်အကွက်လေးရှိပါတယ်။ ——I want to ———-ဆိုပြီးရေးထားတယ်။ကလစ်နှိပ်လိုက်ရင်စာတန်းလေးတွေထွက်လာပါလိမ့်မယ်။ အဲဒီထဲကမှ ၇ ကြောင်းမြောက်မှာ Check my Employment pass/S passapplication Status ဆိုတာကိုနှိပ်လိုက်ပါ။ နောက်ထပ် window ပေါ်လာလိမ့်မယ်။ အဲကျရင် ကိုယ်နာမည်ရယ်၊မွေးသက္ကရာဇ်၊ခုနပွဲစားဆီကမေးထားတဲ့ Fin နံပါတ်ရယ်ရိုက်လိုက်ရင် ဘယ်နေ့မှာတင်ထားတယ်။ တင်ထားတဲ့နံပါတ်ကဘယ်လောက်၊ကျပြီလား မကျသေးဘူးလား၊အကုန်ပေါ်လာပါလိမ့်မယ်။ သိပြီးသားလူတွေအတွက်တော့ ဆောရီးပါ။မသိသေးတဲ့သူတွေအတွက် အသေးစိတ်လေးရေးလိုက်မိတာပါ။ မောင်နှမများအားလုံးအလိမ်ခံခြင်းမှကင်းဝေးကြပါစေ။

-- ထင်ချင်သလို ထင်ကြပါ.. ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါ

soemoekyaw.mdy@gmail.com

http://neronnight.multiply.com/

http://poemfriend.multiply.com/



အမေစုဆီပြောချင်တာရှိရင်အရောက်ပို့ပေးမယ်တဲ့...

Radio Interview with Aung San Suu Kyi with CBC The Current (Canada)


This morning Burmese democracy leader Aung San Suu Kyi talked to CBC The Current with Anna Maria Tremonti. Please listen to the interview at http://www.cbc.ca/video/news/audioplayer.html?clipid=1646673274
CBC The Current also broadcast a series of  interviews on her release with Dr. Win Naing, NLD-UK Branch, U Win Tin, a co-founder of NLD and former US ambassador to Burma yesterday morning. Please see the link at http://www.cbc.ca/video/news/audioplayer.html?clipid=1645577934

အရှိန်လွန်ပုံကဒီလို(အော်ပီကျယ်၏လက်ရာ)

DVB interview with Daw Aung San Suu Kyi

“ပြောစရာတွေတော့ ဖြစ်ကုန်ပြီ” ပို့စ်ရဲ့ နောက်ဆက်တွဲ


Turn On Ideas on Tuesday, November 16, 2010 at 5:32am
မနေ့က ဧရာဝတီဘလော့ဂ်မှာ တင်ခဲ့တဲ့ “ပြောစရာတွေတော့ ဖြစ်ကုန်ပြီ”
http://www.irrawaddyblog.com/2010/11/blog-post_8340.html
ပို့စ်ကို ပြည်တွင်းက ညီအစ်ကို မောင်နှမတွေ ဖတ်ရအောင်ရယ်၊ တွေ့ကြုံခဲ့ဖူးတာလေးတွေကို ထည့်သွင်းပြောရင်း ကူးယူဖော်ပြခဲ့ပါတယ်...

နောက်ပြီး ဧရာဝတီအနေနဲ့ ဒီသတင်းကို မှန်မမှန် သေချာစုံစမ်ဖို့ ကော်မန့်သွားရေးခဲ့ပါသေးတယ်...

သတင်းအမှန်ဆိုရင် ဘယ်လောက်အတိုင်းအတာအထိ မှန်လဲ သေချာ ပြန်ရေးဖို့
သတင်းမှားဖြစ်ခဲ့ရင်လဲ ဧရာဝတီကတဆင့် ဒီသတင်းက မမှန်ကြောင်းနဲ့ သတင်းမှန်ကို ပြန်လည်ဖော်ပြဖို့ ဆိုပြီး ကော်မန့်ရေးခဲ့တယ်...

နေ့လယ်က အသိတစ်ယောက်က အောက်ပါ သတင်းကို ပေးပို့လာတယ်...
အဲဒိ “ပြောစရာတွေတော့ ဖြစ်ကုန်ပြီ” ပို့စ်နဲ့ ပတ်သတ်ပြီး၊ အသိတစ်ယောက်ပေးပို့ခဲ့တာလေးကို ပြည်တွင်းက ညီအစ်ကို မောင်နှမတွေရော၊ ပြည်ပက ဘော်ဒါတွေရောဖတ်ဖို့ ပြန်လည်ဖော်ပြပါတယ်...

.........................................................................................................................

ပြည်တွင်းအဖွဲ့ဝင်တွေကြားမှာ သတင်းထောက်ကို ဆဲတယ်ဆိုတဲ့ အကြောင်းတီးတိုး ပြန့်နေလို့ တီးခေါက်မိတော့ ဧရာဝတီက စတဲ့ဇာတ်လမ်းဖြစ်နေတာကိုး။

အဖြစ်မှန်ကို သေချာမသိပဲ ပြည်တွင်း သတင်းထောက် တဦး ပေးပို့ပါသည်ဆိုတာကို ဘယ်လိုများ လေ့လာပြီး တင်လိုက်ပါလိမ့်။ ပေးပို့သူကို အပြစ်မတင်ပါ။ ပြည်တွင်းသတင်းစာများမှာ ဒေါ်စုနဲ့ မဖွဲ့ချုပ် မကောင်းကြောင်းပင်တိုင် ဆောင်းပါးရှင်များ ရှိနေလို့ သူတို့ခမြာ တိုးလို့တောင် မပေါက်ပါဘူး။

ဒါပေမယ် ဧရာဝတီက ဘာမှန်းမသိတဲ့ စာတစောင်ကို တင်တယ်။
တကယ်ဆိုရင် ပို့တဲ့သူနဲ့ လက်ခံသူကြားမှာ တစုံတခုသော ဆက်သွယ်ရေး ရှိလို့ တင်တာကော မဖြစ်နိုင်ဘူးလား။
တခုတော့ မှတ်ထားပါ။ ဧရာဝတီဘလော့ကို ဧရာဝတီ သတင်းဌာနနဲ့ တွဲမှတ်ထားကြ ပါတယ်။

ဘလော့ဆိုပြီး တင်ချင်းတိုင်း တင်ရင်တော့ မြောင်းထဲရောက်သွားပါမယ်။
အမှန်ပြောရရင် စစ်အစိုးရနဲ့ ပတ်သက်တဲ့ သတင်းအချို့ဟာလည်း တိကျမှုမရှိပါဘူး။
သတင်းလွတ်လပ်ခွင့်ကို လေးစားပါတယ်ဆိုတဲ့ ဧရာဝတီ အဲ့ဒါကို ပြင်ပေးတဲ့ ကွန်မန့်တွေ တခုမှာ တက်မလာပါဘူး။

ဟိုနေ့က အဖြစ်အပျက်ဟာလည်း အရှင်းကြီးပါ။ ရုံးခန်းဝမှာ စာရေးထားပါတယ်။
တာဝန်မှ အပ မ၀င်ရလို့။ အားလုံးအမေးအဖြေတွေ ပြီးလို့ နားချိန်မှာ ခေါင်းဆောင်တွေနဲ့ အတွင်းစည်းတွေသာ အဲ့ဒီအခန်းမှာ ၀င်ဆွေးနွေးကြတာပါ။

မေးတာတွေလည်း စိတ်ကြိုက် ဖြေပြီးပြီ။ ဓာတ်ပုံလည်း တနေရာထဲကို ကြိုက်သလို ရိုက်ပြီးပြီ။ ဒါတောင် မကျေနပ်ပဲ ထပ်ရိုက်ချင်ပြန်တယ်။ အမျိုးသမီးလေးအပါအ၀င် သုံးလေးဦးပါ။
ဟိုက ကလေးကလည်း ပင်ကလည်း ပင်ပန်း စိတ်ကလည်း ပူနဲ့ ပြောမရတာနဲ့ သောက်ကျိုးနဲ လို့ ထွက်မိတာကို ဆဲတယ်တဲ့။

အင်းလေ သောက် ဆိုတဲ့ စကားပါတော့ ဆဲတာပဲပေါ့။
ကျနော်တို့မှာ အကန့်အသတ်များစွာထဲက အလုပ်လုပ်ကြရပါတယ်။ သူများတွေ စာတွေရေး လွတ်လပ်စွာ ပေးပို့နိုင်ချိန်မှာ ကျနော်တို့ လုပ်နေတုန်းပဲ။

ဖြေရှင်းဖို့ ကြိုးစားတော့လည်း အခက်အခဲအမျိုးမျိုးကြောင့် ဘာမှ လုပ်လို့မရပါဘူး။ စာလေးရေးရင် ပိုက်ဆံရတဲ့သူတွေကို ပိုက်ဆံမရပဲ အလကားလိုက်ဖြေရှင်းနေရရင်လည်း တရားပါ့မလား။

အခြေအနေအရပ်ရပ်ကြောင့် တာဝန်ကြောင့် အခန်းထဲပေးမ၀င်တာကို အထင်မှားနေရင် ခင်ဗျားတို့ ပြည်သူ့သားကောင်း သတင်းသမားတွေပါဆို လိုက်ကြွေးကြော်မနေနဲ့။

အဲ့ဒီအောက်က ကွန့်မန့်မှာ ရေးထားသလိုပဲ ကျုပ်တို့ ပါးစပ်ပဲ ရှိလို့ ပါးစပ်နဲ့ တားရတာ။ ဗိုလ်ချုပ်မှူးကြီးကို သွားလုပ်လို့ကတော့ ဂျပန်ကြီးလိုမကပဲ လည်ပင်းမှာပါ ဗုံးချိတ်ပေးလိုက်လိမ့်မယ်။ ဒီလို စနစ်တကျမဖြစ်သေးတဲ့ အချိန်မှာ အစစအရာရာ ပြည့်စုံနေတဲ့ ခင်ဗျားတို့ နည်းနည်းလောက်တော့ နားလည်ပေးကြပါဦး။

စာတွေလည်းပို့ကြပါတယ်။ ဒေါ်စုကို အသံကောင်းကောင်းဖမ်းပါတို့။ ဖုန်းကောင်းကောင်းလေး ပေးကိုင်ပါတို့။ အင်တာနက်မြန်မြန်လုပ်ပါတို့။ ခင်ဗျားတို့ စဉ်းစားကြပါဦး။ မြန်မာနိုင်ငံမှာ အဲ့ဒါတွေ လုပ်လို့ ထောင်ချလို့ရတယ်ဆိုတာလေး တွေးကြပါဦး။ ဒေါ်စုနာမည်နဲ့ တိုက်ရိုက်လုပ်ရင် စစ်အုပ်စု အကွက်ထဲကို တခါ ထပ်ရောက်ဦးမယ်။

ဒါတွေအားလုံးကို အဆင်ပြေအောင် ဟိုလှည့်ဒီလှည့်နဲ့ လုပ်နေရတဲ့ ဘ၀တွေကိုလည်း သနားကြပါဦး။ ကျုပ်တို့က အသက်စွန့်ထားတဲ့သူတွေပါ။ ခင်ဗျားတို့ စကားမာမာပြောတာလေးကိုတော့ သည်းခံကြပါ။ မလိုအပ်ပဲနဲ့ ကလေးတွေနဲ့ ဒေါ်စုကို ကဲ့ရဲ့စေမယ့် စကားတွေ လိုက်မဖြန့်ပါနဲ့ဗျာ။

(ပြည်တွင်းအဖွဲ့ဝင်တဦး)

http://www.irrawaddyblog.com/2010/11/blog-post_8340.html
ပြောစရာတွေတော့ ဖြစ်ကုန်ပြီ
ပြည်တွင်းက သတင်းထောက် တဦး ပေးပို့တဲ့ စာကို ဧရာဝတီ ဘလော့ဂ် ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။

ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး။ အဲဒါ သတင်းထောက်တွေ ပွစိပွစိ ဖြစ်ကုန်ရော။ သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။

သတင်းထောက်ကို ပါးစပ်နဲ့ ကောင်းကောင်းပြောလို့ ရပါတယ်။ ဆဲစရာ မလိုဘူး။ ပြီးတော့ မောင်းထုတ်တာ တော်တော် ကြမ်းတယ်။ အေပီတို့၊ အေအက်ဖ်ပီတို့ကလည်း တော်တော် မကျေမနပ် ဖြစ်သွားကြတယ်။ အားလုံးက စိတ်ပျက်သွားကြတယ်။ ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ပြည်တွင်း သတင်းထောက် တယောက်က ဆိုရင် ကျနော်တို့က အန်တီ့ဆီကို လာပြီး သတင်းယူတာ စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့် သတင်းသမားတာဝန် ကျေချင်တဲ့အတွက် လာယူတယ်လို့ ပြောတယ်။ ဒါကို မရိုက်ရဘူး ဆိုတော့ ပြည်တွင်း သတင်းထောက်တချို့ စိတ်တိုပြီး ပြန်ကုန်ကြတယ်။

သတင်းထောက်ဆိုတာ အန်တီ့ကို တွေ့ရင် ဓာတ်ပုံရိုက်မှာပဲလို့ပြောတော့ ခင်ဗျားတို့က လွန်လွန်းတယ်။ အန်တီ့ လုံခြုံရေးကို ကျနော်တို့က တာဝန် ယူထားရတာ ခင်ဗျားတို့ သတင်းထောက်တွေက သတင်းရဖို့ပဲ သိတယ်။ အဲဒီလိုတွေ ပြောတယ်။

အန်အယ်လ်ဒီ ရုံးမှာ သတင်းထောက်တွေ သတင်းဓာတ်ပုံတွေ ရိုက်ကြ သတင်းတွေရေးကြလို့ပဲ အားလုံးမြင်ကြရတာ။ မီဒီယာက လူပေါင်း သန်း ၆၀ ကျော် အတွက် ဆိုတာကို နားမလည်ဘူး။ အန်တီ့နားမှာ နေရတယ်ဆိုပြီး မာန်တွေတက်ကုန်တာ။ အံ့သြစရာပဲ။

ကျနော်တော့ ဒီနေ့ တရား တော်တော်ရသွားတယ်။ လုံခြုံရေးသဘောကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သတင်းထောက်တွေက သူတို့နဲ့ မျက်နှာ ကျက်မိနေတဲ့ သူတွေပါပဲ။ အဲဒါကို ခွေးမောင်းသလို မောင်းထုတ်တာတော့ ကျနော်တို့လည်း မခံနိုင်ဘူး။ ကျနော်တို့ ဆိုတာ သူတို့က သတင်းပြောချင်လို့ပါ ဆိုရင် အချိန်မရွေး၊ နေရာမရွေး ထလုပ်ပေးခဲ့တဲ့ အမာခံလူတွေပါ။ အဲလို သတင်းသမားတွေပါ။

ဒါကို ဇွတ်ပြော၊ ဇွတ်ဟောက်လုပ်တာ။ သတင်းသမားတွေရဲ့ မျက်နှာတွေကို သူတို့ အားလုံးကျက်မိတယ်။ ထောက်လှမ်းရေးတွေရဲ့ မျက်နှာတွေကိုလည်း သူတို့ ကျက်မိတာပဲ။ ကျနော်က မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ အဲဒီရုံးမှာရှိပြီး အားလုံးကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ သူပါ။ ဒီနေ့ ရုံးကိုလာတာ မီဒီယာသမားတွေချည်း ပါပဲ။

အန်တီ့လူတွေ လုပ်ပုံနဲ့ အန်တီ့ကိုတော့ ထိခိုက်တော့မှာပဲ။

အန်တီ့ လုံခြုံရေးကို သူတို့ စိုးရိမ်သလို ကျနော် တို့လည်း စိုးရိမ်ကြတာပဲ။ သူတို့ ချစ်ခင်သလို ကျနော်တို့လည်း ချစ်ခင်ကြတာပါပဲ။ ဒီမိုကရေစီလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေ ပါးစပ်က တကယ့် ဒီမိုကရေစီကို မတွေ့ရသလိုပဲ ခံစားလိုက်ရတယ်။ သူတို့ တကယ်ကော ဒီမိုကရေစီကို နားလည်ရဲ့လားလို့လည်း သံသယ၀င်မိပါတယ်။

ဒီစာတွေကိုတော့ အန်တီဖတ်မိ စေချင်ပါသေးတယ်။ ကျနော်လည်း စိတ်ထဲရှိတာတွေ အကုန်ပြောလိုက်ရလို့လား မသိဘူး နည်းနည်းတော့ ပေါ့သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ BBC အင်တာဗျူး

ဟုတ်ခဲ့သည်ရှိသော်အမေ့ကိုကာကွယ်ဖို့ဘယ်လိုပြင်ဆင်ကြမလဲ...

ThanShwe Order KhinYee and TheinSein to Combine to Take Out Daw Aung San Suu Kyi